Zawgyi
" ........ "
" ......... "
" မရယ်နဲ့ "
" ㅋㅋㅋ "
" အား နာတယ် ကောရဲ့ "
" မရယ်နဲ့ဆို "
" ဟင် ?? ဘယ်တုန်း....."
" ဘာ ခုမှ မသိချင်ယောင်ဆောင်နေတာလဲ ! မင်းဟာလေ ခုတမျိုး တော်ကြာတမျိုးကောင်ပဲကွ ! ဘာ ??? အတည်ပြတ်ရအောင် ဟုတ်လား !!!! ဖုန်း !! ဖြန်း ! ဘယ်တုန်းကတည်းက ပြတ်ချင်နေတာလဲဟမ် ! ပြော ပြောလေ ! ဖြန်း ဖြန်း ဖြန်း ဖုန်း ဖုန်း "
ကော ဘာတွေပြောနေတာပါလိမ့် !
" ကော ! ဒါကျွန်တော် မဟုတ် .... "
" ကော ကော ခဏ ခဏ "
မရှက်ဘူးလားကွ !
" အာ ! ဝမ်ရီပေါ် "
" ....... "
" အား နာတယ် နာတယ် ကော "
ဘာတဲ့ ! ပြောသေးတယ် !
အမယ် လာလာချည်သေး !
" ကော "
" ကော "
" ဘာ ဘာတုန်း "
" ကောက်ဦး ကောက်ချင်ဦး "
" တအားနာသွားလားဟင် "
" အေးပါကွာ "
သူ့မှာတောင် ပြတ်ပြီဆိုတဲ့ msg လေးမြင်ပြီး ကမ္ဘာပျက်သလိုဖြစ်သွားရတာ !
ကလေး ဝမ်းနည်းရှာမယ် !
" အင်း "
" ...... "
" ရီပေါ် "
" ဟင် "
______________________________________________
" ........ "
" ဝမ်ရီပေါ် "
" .......... "
" ဒီဒီးရေ "
" အားးးးး !!!! ကျန့်ကောဗျာ "
ဒါပေမဲ့ မိတာပါပဲ !
ရီပေါ် စူပုပ်သွားတယ် !
ဒီကျန့်ကောဟာ သူ့ဆီက တခုခုလိုချင်ရင် မဟုတ်တာ တခုခုခိုးလုပ်ထားရင် ဒီဒီးရေ ဆိုပြီး ချွဲတော့တာပဲ !
" ကိုယ့်ထက်အငယ်မို့ ဒီဒီးလို့ခေါ်တာလေ "
" ဝမ်ရီပေါ် !!!! "
" ဝမ်ရီပေါ် !!!!! "
____________________________________________
" ဆင်း "
ကောကတော့ မသိပါဘူး !
" ဝင် "
" ကော ! ဘယ်ခေါ်လာတာလဲဟင် "
" ထိုင် "
" ကော "
" ........ "
" ......... "
တဆိတ် ဒီချစ်မဝလေးဟာ သိပ်ချစ်စရာမကောင်းဘူးလားဗျာ !
ရှောင်ကျန့် အင်္ကျီရှေ့တခြမ်းလုံးက မျက်ရည်တွေနဲ့ရော သားရည်တွေနဲ့ရော ပေလပွဖြစ်နေပြီ !
ဒီအင်္ကျီ ရီပေါ့်ကို ပြန်လျှော်ခိုင်းမယ် !
" တကယ်ကြိုက်တာလားဟင် "
" တခါတေလပါ "
" မငိုပါနဲ့ဆို ကောဗျာ "
" ...... "
" မင်း ကပ်သတ်မပြောနဲ့ "
ရီပေါ် သက်ပြင်းချတယ် !
" ရီပေါ် "
" ဟင် "
" ကော "
" ....... "
" ....... "
" ........ "
____________________________________________________
[ ကောမန့်တခုတွေ့ပါတယ်
Hope u enjoy💓🍀
___________________________________________
Unicode
" ........ "
" ......... "
" မရယ်နဲ့ "
" ㅋㅋㅋ "
" မရယ်နဲ့တော့ဆို ဖြန်း ဖြန်း ဖြန်း "
" အား နာတယ် ကောရဲ့ "
" မရယ်နဲ့ဆို "
အရိုက်ခံရတာတောင် မျက်နှာပိုးမသေသေးတဲ့ ဝမ်ရီပေါ်ကြောင့် ရှောင်ကျန့် ခေါင်းမဖော်ရဲအောင်ရှက်နေရတယ် !
" ကျွန်တော့်ကောင်လေးဟာလေ ! ကြောင်ကြောင်ကြားကြားဝတ်လာတာတောင် ချောနေတုန်းပဲ ! ဘယ်လိုလုပ်ရမလဲ ! အဲ့လောက်ချောနေရင် "
ရှောင်ကျန့် မျက်စောင်းနာနာကြီးဖိထိုးလိုက်သည် !
ကွင်းထဲကနေ ခုထိ လက်ကိုတောက်လျှောက်လွှတ်မပေးသေးတာမို့ လစ်ထွက်လို့လဲမရ !
" ကော ! ကောကိုကျွန်တော် လွှတ်ပေးခဲ့တယ်နော် ! ကော ကျွန်တော့်ဆီပြန်လာတာနော် ! ဒီတခါတော့ ပြန်လမ်းမရှိနော် ! အခွင့်အရေး ထပ်မပေးတော့ဘူး ! ကျွန်တော့်အနားမှာပဲ တသက်လုံးရှိရမယ် ! "
" အော် ! အော် ! အဲ့ဒါနဲ့ပဲ ငါ့ကို အတည်ပြတ်ပြီ ပြောတယ်ပေါ့ "
ရှက်နေတဲ့ ယုန်လေးနေရာမှာ နှုတ်ခမ်းတထော်ထော်နဲ့ ကတ်ကတ်လန် ရန်တွေ့တဲ့ ယုန်လေးရောက်လာတယ် !
မကျေနပ်ဘူး ! ငါ့ကို ပြတ်ပြီပြောသတဲ့ !
" ဟင် ?? ဘယ်တုန်း....."
" ဘာ ခုမှ မသ်ိချင်ယောင်ဆောင်နေတာလဲ ! မင်းဟာလေ ခုတမျိုး တော်ကြာတမျိုးကောင်ပဲကွ ! ဘာ ??? အတည်ပြတ်ရအောင် ဟုတ်လား !!!! ဖုန်း !! ဖြန်း ! ဘယ်တုန်းကတည်းက ပြတ်ချင်နေတာလဲဟမ် ! ပြော ပြောလေ ! ဖြန်း ဖြန်း ဖြန်း ဖုန်း ဖုန်း "
ရီပေါ့်တကိုယ်လုံး လက်လှမ်းမှီသမျှ တဖုန်းဖုန်းတဖြန်းဖြန်းနဲ့ ထုရိုက်ကုတ်ဆွဲပလိုက်သည် !
" ဟမ် မကောင်းတဲ့အကောင်ရဲ့ ! သိပ်ပြတ်ချင်နေတယ် ဟုတ်လား ! ပျော်လား ငါမရှိတော့ တော်တော်မှ လွတ်လပ်နေရဲ့လား ! သိပ်ပျော်နေတယ်လား ! အယုတ်တမာရဲ့ ! သူများသားသမီးကို မျက်ရည်နဲ့ မျက်ခွက်ဖြစ်အောင်လုပ်ရလား ! "
ရီပေါ် အူကြောင်ကြောင်ဖြစ်သွားတယ် !
ကော ဘာတွေပြောနေတာပါလ်ိမ့် !
သူပဲ ပြတ်ပြီပြောလို့ ရီပေါ့်မှာ အလူးအလဲ ပြဲကွဲခဲ့တာလေ !
ကျန့်ကော စိတ်ပြေတဲ့ထိ စောင့်ရင်း သူ surprise လုပ်ဖို့ရည်ရွယ်ထားတဲ့နေ့မှာ ပြန်ချော့ဖို့ စိတ်ကူးထားတာလေ !
ခုတော့ ကျန့်ကောကို သူကပြတ်ပြီပြောခဲ့တယ် ???
အနောက်အရပ်က နေဆယ်စင်းထွက်တယ်ဆိုတာတောင်ယုံရသေးတယ် !
ဝမ်ရီပေါ် ရှောင်ကျန့်ကို စိတ်ပြတ်နိုင်တယ်ဆိုတာ မဖြစ်နိုင်တာကြီး !
ချစ်ရလွန်းလို့ ဒီယုန်ပေါက်ကို မျိုတောင်ချထားချင်တာကို !
ချစ်လို့ကိုမဝတဲ့ ချစ်မဝလေး ကျန့်ကော !
သူ့ကို စိတ်တိုင်းကျထုနှက်နေတဲ့ ကျန့်ကောကို အူယားလွန်းလာတော့ ရင်ခွင်ထဲဆွဲပွေ့လိုက်တယ် !
အရပ်ရှည်ပေမဲ့ ခန္ဓာကိုယ်သေးသေးလေးမို့ ရှောင်ကျန့်က ရီပေါ့်ရင်ခွင်ထဲမြုပ်သွားရော !
" အင့် ...! ဝမ်ရီပေါ် လွှတ်စမ်း ! မင်းနဲ့ငါ စာရင်းရှင်းရဦးမယ်ကွ !လွှတ်စမ်း "
" ခဏ ခဏနေပါဦး ကျန့်ကောရ ! ဘယ်က ပြတ်တာတုန်း ! ကျွန်တော်က ကောကို ပြတ်နိုင်မယ်များထင်နေလား ! ကောကပဲ ကျွန်တော့်ကို ချစ်မိတာမှားပြီဆိုပြီ ပြောချသွားတာလေ ! ကျွန်တော့်မှာ ဘယ်လောက်တောင်အသည်းကွဲရတယ် မှတ်လဲ "
" အောင်မာ ! ခုမှ ဗြောင်လိမ်ဗြောင်စားလုပ်မနေစမ်းနဲ့ ! ဘာ !!! ကျွန်တော်တို့အတည်ပြတ်ကြရအောင် ဟုတ်လား ?? ဘာလို့အဲ့လောက် ပြတ်ချင်နေတာတုန်း မကောင်းတဲ့အကောင်ရဲ့ "
" ကော ! မဟုတ်သေးဘူးနော် ! ကျွန်တော်က ဘာလို့ ပြတ်တယ်ပြောရမှာလဲ ! ကောကသာ ကျွန်တော့်ကို ဖြတ်သွားခဲ့တာလဲ "
ကျန့်ကောက မျက်စောင်းနာနာထိုးရင်း ဆောင့်အောင့်နေတယ် !
ပြီး ဖုန်းကို ထုတ်ပြီး ရီပေါ့်ကိုပြတယ် !
ရီပေါ် မျက်လုံးတွေ ဆယ်ဆလောက် ပြူးကျယ်သွားတယ် !
ကြက်သီးတွေတောင် တဖျန်းဖျန်းထလာတယ် !
" ရှောင်ကျန့် ! ကျွန်တော်တို့အတည်ပြတ်ကြတာပေါ့ "
ခွေးသူတောင်းစား ယွီပင် ! ငါ့ကိုထည့်သွားပြန်ပြီ !
အဲ့ဒါကြောင့် ကော်ဖီဆိုင်က ထပြန်ခါနီးဆဲဆဲမှာ စပ်ဖြဲဖြဲနဲ့ ငါ့ကိုတဝိုင်းတော့ပြုစုလိုက်လို့ ပြောတာကိုး !
သူတောင်းစား ! Order လေးသွားမှာတုန်းမှာတောင် ရအောင် msg ပို့ပြီး မွှေသွားတယ် !
အဲ့ msg ကြောင့်ပဲ ကောက သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာတာဆိုတော့ ဒင်းကိုကျေးဇူးပဲတင်ရမလား ဖင်ပဲပိတ်ကန်ရမလား !
ဒါကတော့ ဘယ်လောက်အရစ်ခံရမလဲဆိုတဲ့ပေါ် မူတည်သွားပြီ !
တရက်တညလောက် ချော့နေရင်တော့ တဝိုင်းတော့မရဘူး ! လက်သီးပဲရမယ် !
" ကော ! ဒါကျွန်တော် မဟုတ် .... "
" ဪ ! လက်ဆုပ်လက်ကိုင် မိတာတောင် ငြင်းချင်သေးတာလား ! ငြင်းချင်ဦး ! လိမ်ချင်ဦး ! ပြတ်ချင်အုံး ! "
ဒေါသထွက်နေတဲ့ ယုန်ပေါက်လေးဟာ ရီပေါ့်ကို တဖုန်းဖုန်း ထုရိုက်တော့တာပဲ !
မနာပါဘူး ! ကျန့်ကောလက်လေးတွေက နူးနူးညံ့ညံ့လေး !
ဝါဂွမ်းလေး မိုးပေါ်ကကျလာသလို အိစက်နေတာ ! ထုရိုက်တာလေးကအစ ရီပေါ့်မျက်လုံးထဲ ချစ်စရာကောင်းနေရောပဲ !
ဒီအထုအရိုက် အကုတ်အဖဲ့လေးတွေကို သူသေမတတ်လွမ်းနေခဲ့တာ !
ဒီလောက်ချစ်စရာကောင်းတဲ့ သူ့ချစ်သူလေးကိုများ ဟိုဗိုင်းတာမတွေက အိုတယ်ပြောသတဲ့ !
ရုပ်တွေကဖြင့် သင်္ချိုင်းကုန်း ခြေတဖက်လှမ်းနေတဲ့ အခွက်တွေနဲ့ !
လူအများရှေ့ အကျယ်အကျယ်မဖြစ်ချင်တာမို့ ရီပေါ်စိတ်ထိန်းလိုက်တာပေမဲ့ ဒေါသကတော့ထွက်နေဆဲ !
ကျန့်ကောက အဲ့လိုလက်လွတ်စပယ် ပြောခံရမဲ့အထဲကမှ မဟုတ်ဘဲ !
သူနဲ့ ပတ်သက်ပြီး ကျန့်ကောအပြောခံရတာမို့ ဘယ်လိုတောင် ဖြေသိမ့်ရမယ်မသိ !
သူအမြတ်နိုးရဆုံး တန်ဖိုးအထားရဆုံး လူသားလေးကို နည်းနည်းမှတောင်အထိမခံနိုင် !
နောက်ဆုံးအချိန်ထိ သူကာကွယ်ပေးမှာ !
" ကော ကော ခဏ ခဏ "
ရှူးရှူးရှဲရှဲနဲ့ ဒေါသတွေမတရားထွက်နေတဲ့ကောကို ရီပေါ်ဖမ်းချုပ်ထားရတယ် !
အရိုက်ခံရမှာစိုးလို့တော့မဟုတ်ဘူး !
ကောလက်နုနုလေး နာသွားမှာစိုးလို့ !
ကိုယ်စောင့်နတ်လေးတွေကတော့ စိတ်ကုန်လွန်းလို့ လက်သာမြှောက်ထားလိုက်တယ် !
တော်တော်ကိုဖြစ်နေတာပဲ မင်း !
မရှက်ဘူးလားကွ !
" အဲ့ဒါကျွန်တော်ပို့တာမဟုတ်ဘူး ! ဟိုကောင် ယွီပင် လုပ်ချသွားတာ ! အဲ့ငါးမြွေထိုး ဘယ်လောက်မွှေလဲ ကောသိပါတယ် ! ကျိန်ဆိုကျိန်တယ် ! ကျွန်တော်ဖြင့်သိတောင်မသိလိုက်ဘူး ! ဖုန်း password တောင်ပြန်ပြောင်းမှဖြစ်တော့မယ် ! အဲ့ကောင် ဗရုတ်ကျတာများသွားပြီ ! "
ရှောင်ကျန့် မယုံမရဲ ဖြစ်နေတုန်းပဲ !
အမှန်က ယုံပလိုက်ချင်နေပြီ !
သူ အဲ့လောက်ထိ အလျှော့မပေးချင်လို့ မူနေတာရယ် !
ဟုတ်တယ်လေ ! သူ့ကိုတပတ်တောင် အဆက်အသွယ်မလုပ်တဲ့ မောင်မင်းကြီးသားလေးကို လွယ်လွယ်စိတ်ကောက်ပြေစရာလား !
ရှောင်ကျန့်ပါတဲ့ ! ရစ်တဲ့နေရာမှာ တဖက်ကမ်းခပ်ကို ကျွမ်းပြီးသား !
ဆုပ်ကိုင်ထားတဲ့လက်တွေက မရုန်းတော့ပေမဲ့ ကောက သူ့ကိုမျက်စောင်းထိုးနေတုန်းပဲ !
နှုတ်ခမ်းလေးထော်ထော် ထော်ထော်နဲ့ စိတ်ဆိုးနေတဲ့ ယုန်လေးကိုကြည့်ပြီး ရီပေါ်အရည်တွေပျော်ကျနေရတယ် !
မတွေ့ရတဲ့အတောအတွင်းမှာ မျက်ကွင်းတွေညိုနေတာကလွဲပြီး ဘာမှပြောင်းလဲမသွားဘဲ ချောမြဲချောနေဆဲ ဖြူအုနေတဲ့ ကျန့်ကောလေး !
ဒီကျန့်ကောဟာလေ ! စိတ်ဆိုးစရာရှိလဲဆိုးပေါ့ !
ဘာလို့ ကိုယ့်ဘာကိုယ်ထိခိုက်အောင် မအိပ်ဘဲနေရတာလဲ !
" ကောရာ ! မျက်ကွင်းတွေညိုနေလိုက်တာ ကြည့်ဦး ! ညမအိပ်ဘဲ အလုပ်တွေထိုင်လုပ်နေပြန်ပြီမလား ! ကျစ် ကောဗျာ ! ကျွန်တော်စိတ်မချရအောင် ဘာလို့နေရတာလဲ ! အစားလဲမစားဘူးမလား ! အလုပ်ပဲကုန်းလုပ်နေတာမလား ! အဲ့ဒါတွေပဲ ! ဖြစ်ချင်လိုက်တဲ့ လူကြီး ! ကိုယ်လုပ်နေတာတွေလဲကြည့်ဦး ! ဆယ်ကျော်သက်တွေတောင် အဲ့လောက်လိုက်မပြောရဘူး သိလား "
" အဲ့တော့ ဘာဖြစ်တုန်း ! မကျေနပ်ဘူးလား ! မျက်ကွင်းညိုတော့ ငါရုပ်ဆိုးသွားတယ်လား ! မချစ်တော့ဘူးပေါ့ ! အဲ့လိုလား ! ရတယ် ! ရတယ် ! အဲ့ဒီချောလှနေတဲ့ မင်းရဲ့ ကွင်းမမ ဆီပဲသွား ! သွား ! ငါ့ဆီမလာနဲ့ "
သူ့ကို အတင်းတွန်းလွှတ်နေတဲ့ ကောကြောင့် ရီပေါ် အားရပါးရရယ်လိုက်မိတယ် !
ကော သဝန်တိုနေတာလေးကချစ်စရာလေးဗျာ !
ကောတကိုယ်လုံးကို ရီပေါ်သိမ်းကြုံးဖက်ပလိုက်တော့တာပဲ !
ရင်ခွင်ထဲကယုန်ကလေးဟာ သူ့ရင်ဘတ်ကိုမကျေမနပ်နဲ့ ထုရိုက်နေလေရဲ့ !
" ကျွန်တော့်ကို ဘယ်လောက်ချစ်လဲပြော "
" ချစ်စရာလား ! မင်းကို မုန်းတယ် အမြင်ကပ်တယ် ! သတ်ပစ်မယ် ! ဖုန်း ဖုန်း ဖုန်း သေစမ်း "
" အဟက် ! ကောက သဝန်တအားတိုတာပဲကွာ "
" ဟမ် ! ဘယ်မှာသဝန်တိုလို့လဲ ! တိုစရာလား "
သူ့ရင်ခွင်ထဲမြုပ်နေတဲ့ ကောကို ပိုတင်းကြပ်နေအောင်ဖက်ထားလိုက်ရင်း ကောနဖူးပြေပြေလေးကို မြတ်မြတ်နိုးနိုးနမ်းရှိုက်မိတယ် !
" အာ ! ဝမ်ရီပေါ် "
သောင်းကျန်းနေတဲ့ ယုန်ပေါက်လေးဟာ တမဟုတ်ချင်း ငြိမ်ကျသွားပြီး မျက်နှာလေးနီရဲနေအောင်ရှက်နေပြန်တယ် !
သူ့ရင်ခွင်ထဲတိုးဝင်ရင်း မျက်နှာလေးကို မမြင်ရအောင်ကွယ်ထားတယ် !
" ကော ရှက်သလိုလိုနဲ့ ကျွန်တော့်ရင်ခွင်ထဲဝင်ပြီး အသားယူနေတာမလား ဟမ် "
" ....... "
" အား နာတယ် နာတယ် ကော "
ရီပေါ့်ရင်ဘတ်ကြီးကို ရှောင်ကျန့်ဆွဲကိုက်ပလိုက်တယ် !
ငါကပဲအသားယူရတယ်ရှိသေး !
သူကဖြင့် လစ်ရင်လစ်သလို အသားယူတာမှ ရှောင်ကျန့်တကိုယ်လုံးအရိုးပဲကျန်တော့တယ် !
" မရှက်ပါနဲ့ ကောရဲ့ ! အသားရော အရည်ရော ယူလို့ရပါတယ် ! လင်နဲ့မယား လျှာနဲ့သွားဆိုတော့ ကောက သွားပေါ့ ! အမြဲတမ်းကိုက်နေတာပဲနော် ! တအားသဘောကျတယ် ဟုတ်! ကျွန်တော့်ကိုသင်ပေးပါဦး ! နောက် လိုလာတဲ့အခါ .... အား ကော ကော မကိုက်နဲ့လေ "
" ပြောဦး ! နားရှက်စရာတွေပြောဦး ! ကြားမကောင်းတာတွေပြောဦး "
ရီပေါ့်လက်မောင်းက ကြက်ဥတွေကို ရှောင်ကျန့် အားရပါးရကိုက်ပလိုက်တယ် !
ကောင်စုတ်လေး ! ဒီဗလတွေအားကိုးနဲ့ ရှောင်ကျန့်ကိုအနိုင်ကျင့်နေတာ !
ဘာတဲ့ ! ပြောသေးတယ် !
ကျွန်တော်က အိမ်ထောင်ဦးစီးဆိုတော့ အားကိုးရလောက်တဲ့ဘော်ဒီတော့ ရှိရမှာပေါ့ ဆိုပဲ !
သူ့ဘာသူ နေရာတွေကောက်ယူချသွားတယ် !
ရှောင်ကျန့်က အလိုလိုနေရင်း မီးဖိုချောင်ထဲရောက်သွားရတယ် !
အမယ် လာလာချည်သေး !
ဒီဒီးက ပိုက်ဆံရှာမယ် ! ကောကောက ထိုင်ဖြုန်း ကပြောသေးတာ !
အဲ့ဝမ်ရီပေါ်က တကယ့်မလွယ်ကြော !
" ကော "
ရီပေါ်က စူးစူးစိုက်စိုက်ကြီး ကြည့်လာတာကြောင့် ရှောင်ကျန့်နှလုံးလေး ဒိတ်ခနဲအခုန်ရပ်သွားရတယ် !
" ကော "
" ဘာ ဘာတုန်း "
" ကျန့်ကော ! တခုခုမေ့နေတာမဟုတ်ဘူးလား ? ဒါမှမဟုတ်မေ့ချင်ယောင်ဆောင်နေတာလား "
" ဘာမေ့ရမှာလဲ ! ဘာပေါက်တတ်ကရပြောဦးမှာလဲ "
" သေချာစဉ်းစားစမ်းပါ ! ကော တခုခုကို မသိချင်ယောင်ဆောင်နေတယ်လေ "
" ဟေ့ကောင် ! ငါဘာမှ မသိချင်ယောင်ဆောင်ဘူး ! မင်းလိုများမှတ်နေလား ! မင်းသာ စားပြီးနားမလည်တဲ့ကောင် "
သူများသားသမီးကို ချစ်တယ်ကြိုက်တယ်ပြောပြီး မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင် သူ့ကိုပဲ တသသလွမ်းနေရအောင်လုပ်တဲ့အကောင် !
ရှောင်ကျန့် ထုံးစံအတိုင်း မျက်စောင်းထိုးမလို့ပဲ !
ဒါပေမဲ့ ဆောင့်ကြီးအောင့်ကြီး အော်လာတဲ့ ဝမ်ရီပေါ်ကြောင့် မျက်လုံးလေး ပြူးကလယ် ပြူးကလယ်ဖြစ်သွားတယ် !
" ကျန့်ကော ! အူလည်လည်လုပ်မနေနဲ့ ! ခင်ဗျားနော် ! သိရက်သားနဲ့ ! လုပ်လေ ! အကြွေးကျန်တာဆပ်လေ "
ရှောင်ကျန့် ခုမှ ခေါင်းကုတ်ရတော့တယ် !
ဘယ်ကအကြွေးလဲ ! ပိုက်ဆံချေးချင်မှတော့ ဆယ့်နှစ်ရာသီ ဘကြိုင်နေတဲ့ မင်းဆီက ငါချေးပါ့မလား !
သူ့ဟာသူတောင် ငတ်တလှည့်ပြတ်တလှည့်ကို !
ရှောင်ကျန့်ကပဲ သူ့ဆီက အကြွေးယူရတယ်ရှိသေး !
" ဘာအကြွေးတုန်း ! ကြီးတော်ကြီးကို အကြွေးပါလား ! မင်းကိုတောင် ငါကျွေးမွေးခဲ့တာတွေ မင်းအစာအိမ်ထဲက ထွက်ဦးမှာမဟုတ်ဘူး "
" ကျန့်ကော ! ခင်ဗျား ဘူးတလုံးဆောင်ပြီး ရှောင်ထွက်မယ်မကြံနဲ့နော် ! "
" ဟေ့ကောင် ! မင်းကမှ ရစ်နေတာ ! ဘာလဲ ပြတ်ချင်လို့ ဂွင်ဆင်နေပြန်တာလား ! မင်း ..... "
" ချော့လေ ! ချော့လေ ! ကျွန်တော့်ကို ပစ်ထားတာ ပြတ်ပြီပြောသွားတာ ! ကျွန်တော် စိတ်ကောက်နေတယ်လေ ! ချော့ပါလား အလိုက်တသိနဲ့ ! အကုန်လိုက်ပြောနေရမှာလား ! သိပ်တုံးတာပဲ "
ရှောင်ကျန့်မှာ ပါးစပ်အဟောင်းသား !
အံ့သြလိုက်တာ ! နှစ်ဘဝပြန် အံ့သြတယ် !
အချော့ခံရမဲ့လူက ငါဖြစ်သင့်တာ မဟုတ်ဘူးလား !
ငပြူးက ပြဲပြနေပြန်ပြီ !
" ဘာစကားပြောတာတုန်း ! မင်းက ငါ့ချော့ရမှာလေ ဟမ် ! မင်းကိုပဲ ငါကချော့ရမယ် ?? ရူးနေလား ! ကျပ်ရောပြည့်သေးရဲ့လား "
" အော် ပြတ်မယ်စပြောတာ ခင်ဗျားလေ ! ဘာ. !!!! ကျွန်တော့်ကို ချစ်မိတာနောင်တရတယ် ?? WTFFF !!! ကျန့်ကော ပြောလိုက်တဲ့စကားကြောင့် ကျွန်တော် ဘယ်လောက် ခံစားရတယ်မှတ်လဲ ! ချော့တာနဲ့တင် ကျေအေးပေးတာ ကျေးဇူးတင် ! ခင်ဗျား ဘယ်လောက်ဆိုးတယ်မှတ်လဲ ကျန့်ကော "
" လဲသေလိုက်လေ ! မင်းအချိုးမပြေလို့ အဲ့စကားတွေထွက်လာရတာပေါ့ ! မင်းလိမ်ထားတာတွေကျ ?? ဟေ့ကောင် မင်းချော့ရမှာကွ "
" ဒါပြန်ချော့ပြီးသွားတာပဲလေ ! ခု ခင်ဗျားအလှည့်ပဲ ကျန့်ကော ! နှစ်ပတ်ရိုက်ဖို့မစဉ်းစားနဲ့ ! ခုချက်ချင်း ကျွန်တော့်ကိုပြန်ချော့ ! ကျွန်တော်ခင်ဗျားကို စိတ်ကောက်နေတယ် "
" ဖင်ဘူးထောင် ဆုတောင်းနေလိုက် ! ဘယ်မှာမင်းက ချော့လို့လဲဟမ် ! ငါကလဲ လုံးဝပဲ ! မချော့နိုင်ဘူး ! မင်းစလိမ်တာ ! ပြီးတော့ ဘာ ?? ငါ့ကို ခင်ဗျား တပ်ခေါ်တယ် ?? ငါမင်းထက် အသက်အများကြီး ကြီးတယ် နားလည်လား ! ဘာခင်ဗျားလဲ "
" ခေါ်မှာပဲ ! ကိုယ့်ယောက်ျားကိုယ် ခင်ဗျားခေါ်တာဘာဖြစ်လဲ ! ပိုင်စိုးပိုင်နင်း ခေါ်ရမှ အရသာရှိတာ ! ခင်ဗျားက ကျွန်တော့်အပိုင်လေ ကျန့်ကော ! ဘာဖြစ်ချင်နေတာလဲ "
" ဘာ ! မင်းယောကျာ်း ?? ဘယ်သူက မင်းယောက်ျားလဲ "
ရှောင်ကျန့် ပြောလဲပြော လက်တွေကလဲ တဖုန်းဖုန်းနဲ့ ဝမ်ရီပေါ်ကို ထုနေပြီ !
" ခင်ဗျားပဲ ကျွန်တော့်လက်ထပ်ခွင့်တောင်းတော့ ခေါင်းညိမ့်ခဲ့တာလေ ! စားပြီးနားမလည်လုပ်ပြန်ပြီလား ! သူများသားသမီးကို တာဝန်ယူရမယ်ဆိုတာ နားမလည်ဘူးလား ရှောင်ရှောင်ကျန့် "
" ဘာ ရှောင်ရှောင်ကျန့် ??? ခေါ်ချင်ဦး မရိုမသေလုပ်ဦး ဖြန်း ဖြန်း ဖြန်း "
" ဟေ့ အိမ်ထောင်ဦးစီးကို ဒီလိုပဲ အနိုင်ကျင့်ရလား ! ကျွန်တော် ထပ်စိတ်ကောက်မှာနော် ကျန့်ကော "
" ကောက်ဦး ကောက်ချင်ဦး "
နောက်ဆုံးတော့ စိတ်ကောက်နေတဲ့ ဝမ်ရီပေါ်လေးရဲ့ ဘယ်ဘက်လက်မောင်းမှာ သွားရာကြီးအကွင်းလိုက် !
" ကျန့်ကော ! ခင်ဗျားတော်တော်ဆိုး "
" တအားနာသွားလားဟင် "
ခုမှ မျက်နှာငယ်လေးနဲ့ ရှောင်ကျန့်ဟာ သွားရာကြီးပေါ် အုံဖွလုပ်ပေးနေရှာတယ် !
" ဟင် ! စိတ်ကောက်နေတဲ့သူကို အဲ့လိုပဲလုပ်ပစ်ရလား ! ကျန့်ကော ! တအားချစ်လို့သာနော် ! ကျွန်တော် အရမ်းစိတ်ဆိုးတယ်သိလား ! နောက်တခါပြတ်မယ်ပြောကြည့် ! ကျွန်တော့်အဆိုးမဆိုနဲ့ "
" အေးပါကွာ "
ရှောင်ကျန့် အသံတိုးတိုးလေးပဲထွက်နိုင်တော့တယ် !
သူ့မှာတောင် ပြတ်ပြီဆိုတဲ့ msg လေးမြင်ပြီး ကမ႓ာပျက်သလိုဖြစ်သွားရတာ !
ရီပေါ့်ကို သူပြောပစ်ခဲ့တာ ဆိုးဆိုးဝါးဝါး !
ကလေး ဝမ်းနည်းရှာမယ် !
ကျန့်ကော မျက်နှာလေး ညှိုးငယ်နေတာမြင်တော့လဲ ရီပေါ်မနေနိုင် !
" မနာတော့ဘူးနော် ကျန့်ကော ! ကျွန်တော် စိတ်ကောက်လဲပြေပေးမယ် ! တကယ်က ကောကို ဘယ်လိုမှစိတ်ဆိုးလို့မရပါဘူး ! ဒါပေမဲ့ နောက်အဲ့လိုမလုပ်နဲ့တော့နော် ! ကျွန်တော်တကယ်သေသွားလိမ့်မယ် ! ကျွန်တော့်ကို သနားနော် ! ချစ်နော် "
" အင်း "
ဒီတခါတော့ ရှောင်ကျန့် ရှက်ရှက်နဲ့ပဲ ခေါင်းဇွတ်ညိမ့်ပလိုက်တယ် !
ခံစားချက်တွေကို သိုဝှက်လွန်းတော့ ရီပေါ် တမျိုးထင်သွားတယ်မလား !
အသည်းနင့်အောင် မင်းကိုချစ်ပေမဲ့လည်း ရှက်တတ်တဲ့ ဒီကောကောကို နားလည်ပေးကွာ !
" ကျွန်တော့်ကောလေး က အရမ်းလိမ်မာတာပဲကွာ ! တအားချစ်တာပဲ ! သိလား ! ဟင် ! ကော ! ကျွန်တော် ကောကို တအားချစ်တာပဲ "
" တော်ပါတော့ ! ငါရှက်လာပြီ "
" ...... "
" အား ! ဝမ်ရီပေါ် ! လွှတ် လွှတ်ဦး ငါအသက်ရှူကြပ်လာပြီ "
တင်းကြပ်နေအောင် ဆွဲဖက်ပစ်တဲ့ ရီပေါ်ကြောင့် ရှောင်ကျန့်မှာ အသက်ရှူမမှန်တော့ဘူး !
ရင်ဘတ်ထဲက နှလုံးဆိုတဲ့အကောင်ကလဲ ခုန်ချင်သလိုကို ခုန်နေတော့တယ် !
ယုံတယ် ! ရှောင်ကျန့် ဒီကလေးကို သူ့ဘဝကြီးတခုလုံး အပိုင်ပေးပစ်လိုက်ဖို့ ရာခိုင်နှုန်းပြည့် ယုံတယ် !
" ရီပေါ် "
" ဟင် "
" ကောတို့ တူတူနေကြမလား ! အရိပ်တခုတည်းမှာပေါ့ "
ရီပေါ် ခေါင်းတဆတ်ဆတ် ငြိမ့်မိသွားတယ်ထင်တာပဲ !
ကောက ပြုံးတုံ ့တုံ ့နဲ့ သူ့မျက်ရည်တွေကို စိတ်ရှည်လက်ရှည် သုတ်ပေးနေခဲ့တယ် !
______________________________________________
" ခဏခဏ လှည့်ကြည့်မနေနဲ့ "
" ........ "
" ဝမ်ရီပေါ် "
" .......... "
" ဒီဒီးရေ "
" အားးးးး !!!! ကျန့်ကောဗျာ "
ရှောင်ကျန့် ခိုးရယ်လိုက်တယ် !
ဒါပေမဲ့ မိတာပါပဲ !
ခိုးရယ်နေတဲ့ ယုန်လေးရဲ့ ပါးဖောင်းဖောင်းကို လူဆိုးကြီးက ရွှတ်ခနဲ နမ်းပလိုက်တယ် !
ရှောင်ကျန့် စတီယာရင်ကို မနည်းပြန်ထိန်းလိုက်ရတယ် !
ကံကောင်းလို့ ဘေးက ဗွက်အိုင်ထဲ ကားရော လူရော ရွှံ ့ဆင်းလူးရတော့မလို့ !
" ရီပေါ် ! ဘယ်လိုဖြစ်နေလဲ ! ငါကားမောင်းနေတယ်လေ "
" ကျွန်တော့်အားနည်းချက်ကို ကိုင်ပြီး အနိုင်မပိုင်းစမ်းနဲ့ ကျန့်ကော "
" ဘယ်မှာ အနိုင်ပိုင်းလဲ ! ငါ့ကို လှမ်းမကြည့်နဲ့ဆို မကြည့်နဲ့ပေါ့ "
" ဒီဒီးလို့ခေါ်ရင် ကျွန်တော် အသည်းယားတာ သိရက်နဲ့ 😣 "
ရီပေါ် စူပုပ်သွားတယ် !
ဒီကျန့်ကောဟာ သူ့ဆီက တခုခုလိုချင်ရင် မဟုတ်တာ တခုခုခိုးလုပ်ထားရင် ဒီီဒီးရေ ဆိုပြီး ချွဲတော့တာပဲ !
ဒီကောကောနဲ့တော့ ခက်တယ် !
မြောက်ဝင်ရိုးစွန်းကနေ ဒီဒီးရေလို့ ခေါ်လိုက်တာနဲ့ တောင်ဝင်ရိုးစွန်းမှာ ဝမ်ရီပေါ်က ခုန်ဆွခုန်ဆွနဲ့ သည်းခြေပျက်နေပြီ !
" ကိုယ့်ထက်အငယ်မို့ ဒီဒိီးလို့ခေါ်တာလေ "
" သိပ် ဆက်စပ်ပြီး ခေါ်တတ်နေတယ်လား ! ခေါ်လေ အာ့ဆို ယောက်ျားလို့ "
" ဝမ်ရီပေါ် !!!! "
" မှားတယ် အဲ့လိုမဟုတ်ဘူး ! ယောက်ျားရေလို့ ခေါ် "
ရှောင်ကျန့် ဒီတခါ စတီယာရင်တိုင်ကို မလွှတ်ရဲတော့ မျက်စောင်းတွေချည့် လှိမ့်ပိန့်ထိုးတော့တာပဲ !
" ချီးကို ယောက်ျားပါလား "
" ယောက်ျားကို ယောကျာ်း မခေါ်လို့ ဘယ်လိုခေါ်ချင်တာလဲ ကျန့်ကောက ! ကျွန်တော့် Gender က ယောကျာ်းလေ ! ကျန့်ကောက ဘယ်လိုတွေးပြီး ဘယ်ယောကျာ်းကိုစဉ်းစားနေတာလဲ "
မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ မသိနားမလည် ဖြူဖြူစင်စင်လေးပါပေါ့ !
ရှောင်ကျန့် ထိုးအန်ချင်စိတ်ပေါက်သွားတယ် !
မသိရင် ငါကပဲ ကွက်မှောင်နေသလိုနဲ့ !
" ရီပေါ် ! မင်း စကားအကောင်းပြော "
" ပြောနေတာပဲ ! ကောဘာသာ လျှောက်တွေးနေပြီး "
" မင်းဟာလေ ! တော်ပြီ ဆက်ပြောရရင် ငါသွေးဆောင့်တက်တော့မယ် ! အေးဆေး ဖုန်းဆော့နေစမ်း ! နောက် ဆယ်မိနစ်ဆိုရောက်ပြီ "
" ဖုန်းမကြည့်ချင်ဘူး ! ကောပဲ ထိုင်ကြည့်ချင်တယ် "
" အေး ! ကားတိုက်မလို့ကတော့ မင်းကိုနှုတ်နှုတ်စင်းပစ်မယ် "
" အင်း ! ကျွန်တော်ကလဲ အစင်းခံချင်နေတာ "
" ဝမ်ရီပေါ် !!!!! "
ဘယ်လို ရိုလိုက်မယ်ဆိုပြီး အရှက်သည်းသည်းနဲ့ စဉ်းစားခဲ့တဲ့ plan တွေက ဒီကောင်စုတ်ကြောင့် အကုန် ရေမြောင်းထဲရောက်ကုန်တော့မှာပဲ !
အထူအပါး နားမလည်တဲ့အကောင် !
____________________________________________
" ဆင်း "
ရီပေါ် ကိုယ့်အပြစ်နဲ့ကိုယ်မို့ ငြိမ်ကုပ်နေရတယ် !
ကော စိတ်ပြန်ကောက်သွားပြီ !
ဝမ်ရီပေါ်က အချေတော့ အချေကောင်ကြီးပဲ !
ဒါပေမဲ့ ကျန့်ကောနားမှာဆို ပေါရဲလိုက်တာမှ !
ရှောင်ကျန့်ဘေးနားရှိရင်ကို အလိုလိုနေရင်း အူတခွေလုံး ထကနေတာ သူဘယ်လိုလုပ်ရမတဲ့တုန်း !
ကျန့်ကော စိတ်မဆိုးဆိုးအောင်ကို စရတာ သဘောကျတာ !
ကော စိတ်ကောက်ပြီဆို ပါးမို့မို့လေးတွေဖောင်းအစ်နေအောင် စူပုပ်လို့ !
တရှူးရှူး နှာမှုတ်နေတဲ့ နှာသီးဖျားလေးတွေရဲအောင်ကို ဒေါသထွက်တာ !
အဲ့ဘူတူနေတဲ့ ရုပ်ကလေးကို ရီပေါ်သဘောတကျပဲ !
ဒါမို့လဲ အမြဲ ကောကို စနေတာ !
ကောကတော့ မသိပါဘူး !
ရီပေါ့်ကို ပေါတောတော ကလေးလို့ပဲ သဘောထားတာ !
ဒီကောင်လေးမှာ ဘယ်လို ရှေ့ရေးအတွက်စဉ်းစားနေလဲ ကြိုးစားနေလဲဆိုတာ ကောမသိဘူး !
" ဘာလုပ်နေတာလဲ ! လိုက်ခဲ့လေ "
ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းငိုက်စိုက်ကျနေတုန်း ကောအသံကြားမှ လန့်ဖျပ်ပြီး မော့ကြည့်မိတယ် !
ယုန်ပေါက်လေးက အိမ်ပေါက်ဝမှာ နှုတ်ခမ်းစူနေတယ် !
ရီပေါ် ဟီးခနဲ ရယ်ပြလိုက်ရင်း ကောအနား အပြေးသွားတယ် !
ခုရောက်နေတာ ခြံဝင်းလေးပဲ !
တအားမကျယ်ပေမဲ့ သစ်ပင်မြက်ပင်တွေနဲ့ စိမ်းစိမ်းစိုစိုရှိတယ် !
အလယ်မှာ တထပ်တိုက်ပုလေး !
အကိုင်းအခက်တွေဖြာထွက်နေတဲ့ သစ်ပင်ကြီးအောက်က အပြာရောင်ဒန်းလေးကိုတော့ ရီပေါ် ချက်ချင်းသဘောကျမိသွားတယ် !
ငယ်ငယ်တုန်းက ကောတို့ခြံထဲက ဒန်းကို တူတူစီးဖို့ ကောလာခေါ်လေ့ရှိတာကို အမှတ်ရသွားတော့ ရင်ထဲမှာ နွေးခနဲပဲ !
" ဝင် "
ယုန်ပေါက်က တံခါးဖွင့်ပြီး ရှေ့ကနေ ကော့ဆတ်ကော့ဆတ်နဲ့ ဝင်သွားတယ် !
တကယ်ပဲ ကလေးလို့ပြောရင်လဲ မကြိုက်ဘူး !
လုပ်ကိုင်နေတာတွေကလဲ သွားမပေါက်သေးတဲ့ကလေးတောင် မလုပ်မဲ့ဟာမျိုးတွေ !
ကျစ် ! သိပ်ချစ်စရာမကောင်းစမ်းနဲ့ ကောရာ !
ဒီကောင် တချိန်ချိန် နှလုံးရပ်သွားလိမ့်မယ် !
" ကော ! ဘယ်ခေါ်လာတာလဲဟင် "
ကျန့်ကောက ခုထိနှာကစ်နေသေးပုံမို့ ရီပေါ်ပြောင်စပ်စပ်မလုပ်ရဲတော့ချေ !
မတတ်နိုင်ဘူးလေ ! စထားမိတာကိုး ! ပြန်ချော့ရတာပေါ့ !
" ထိုင် "
အော် ! ရောက်ကတည်းက "ဆင်း" "ဝင်" "ထိုင်" ဒီသုံးလုံးပဲပြောသေးတယ် !
တခွန်းဆိုင်ထက်ဆိုးတယ် ဒီကျန့်ကောက !
ထိုင်ဆိုတော့လဲ ထိုင်တာပေါ့ !
တထပ်တိုက်ဆိုပေမဲ့ အထဲမှာတော်တော်ကျယ်တယ် !
ဧည့်ခန်းကိုက အတော်လေးကျယ်တယ် !
ရီပေါ် ဆိုဖာပေါ်ထိုင်ရင်း မျက်စိကစားကြည့်တော့ ဧည့်ခန်းက အပြာနုလေး ဆေးသုတ်ထားတယ် !
ဟိုထောင့်ချိုးလေးဘက်မှာရှိတာ မီးဖိုချောင်ဖြစ်မယ် !
တံခါး သုံးချပ်တွေ့ရတော့ ဧည့်ခန်း မီးဖိုခန်းအပါအဝင်ဆို ဒီအိမ်လေးမှာ အခန်းငါးခန်းရှိတာပဲ !
ရီပေါ် သဘောတကျဖြစ်သွားတယ် !
တထပ်တိုက်ပုလေးပေမဲ့ စိတ်မကျဉ်းကြပ်တဲ့အပြင် ချစ်စရာကောင်းတဲ့ vibe လေး !
" ကော "
ရှောင်ကျန့် စိတ်ကောက်ပြေချင်တာတော့ မဟုတ်ဘူး !
ဒါပေမဲ့ ရှေ့က ပိစိက မျက်နှာလေးငယ်ပြနေတော့လဲ သူဆက်တင်းမခံနိုင်ဘူးလေ !
" ကော ! မဟုတ်မှလွဲရော ! တူတူနေကြမယ်ဆိုတာ ...."
" ဒီအိမ်မှာ ကောတို့ တူတူနေကြမယ် "
" ........ "
" ဒီဒီး ဘွဲ့ယူတော့မှာမို့ လက်ဆောင်ပေးတာ "
" ......... "
" ကော နဲ့ တူတူလိုက်နေပေးမယ်မလား "
အင့်ခနဲ ရင်ခွင်ထဲပစ်ဝင်လာတဲ့ ရီပေါ် !
ကလေးဆိုးလေးဟာ ရှောင်ကျန့်ကို အတင်းအကြပ် သိုင်းဖက်ရင်း တအီအီ ငိုနေတယ် !
" နေမှာပေါ့ !! မေးစရာလား ! ကော မနေခိုင်းတောင် ကျွန်တော်က ဇွတ်ပေကပ်နေမှာ သိလား "
ရှောင်ကျန့်မပြုံးဘဲ မနေနိုင်အောင်ပဲ !
တဆိ်တ် ဒီချစ်မဝလေးဟာ သိပ်ချစ်စရာမကောင်းဘူးလားဗျာ !
" တိတ်တော့ ! ငိုစရာလဲ မဟုတ်ဘဲ "
ရှောင်ကျန့် အကျႌရှေ့တခြမ်းလုံးက မျက်ရည်တွေနဲ့ရော သားရည်တွေနဲ့ရော ပေလပွဖြစ်နေပြီ !
ချစ်တာကချစ်တာပဲ ! ဒါပေမဲ့ ဝမ်ရီပေါ် ညစ်ပတ်တာကညစ်ပတ်တာပဲ !
ဒီအကျႌ ရီပေါ့်ကို ပြန်လျှော်ခိိုင်းမယ် !
" ငိုမှာပဲ ! ကျွန်တော့်ကို တပတ်လုံးပစ်ထားပြီး ခုကျ ငိုအောင်လုပ်တယ် ! ကျန့်ကော မကောင်းဘူးသိလား ! မကောင်းဘူး ဟင့် "
မိမိုက်နေတဲ့ Racer ဝမ်ရီပေါ်မရှိတော့ဘူး !
မျက်ရည်ပေတလူး ကြောင်ချီးရုပ်နဲ့ ရီပေါ်ပဲရှိတော့တယ် !
နီရဲဖောင်းအစ်နေတဲ့ ကြောင်ချီးအိုးမျက်နှာနဲ့ ရီပေါ်ကို ကြည့်ရင်း ရှောင်ကျန့် ရယ်မိတယ် !
ရင့်ကျက်နေပါပြီတဲ့ ! ရှောင်ကျန့်အတွက်တော့ ရီပေါ်က အမြဲတမ်းကလေးပဲ !
သူရင်အုပ်မကွာ စောင့်ရှောက်ရမဲ့ ကလေးဆိုးလေးပဲ !
ဒါကို ဒင်းက သူ့ကို ကလေးလို ဆက်ဆံပါတယ်ဆိုပြီး မကြိုက်ချင်ဘူး !
ရှောင်ကျန့်ဖြင့် ဒီကလေးရုပ်လေးကို ချစ်လွန်းလို့ သေတော့မှာကို !
" ညစ်ပတ်အိုးရုပ်လေးနဲ့တောင် ကောဒီဒီးလေးက ချောနေတော့တာပဲ "
ရီပေါ်မျက်စောင်းထိုးတော့ ကောက အော်ရယ်ပါလေရော !
" ကြိုက်တယ်မလား ! ကော စုထားတာနဲ့ဆို ဒီလောက်ပဲဝယ်ပေးနိုင်သေးတယ် ! နောက်ကျ ဒီဒီး စိတ်တိုင်းကျ အိမ်အကြီးကြီးဝယ်ပေးမယ် "
ရင်ခွင်ထဲက မထွက်သေးတဲ့ ကလေးလေးက ခေါင်းတွေ ဇွတ်ခါတယ် !
" ကျန့်ကော ရူးနေလား ! ကောဝယ်ပေးတာဆို စာကလေးအိမ်လဲ ကျွန်တော် ချစ်တယ် ! ကောဗျာ "
" တကယ်ကြိုက်တာလားဟင် "
မဝံ့မရဲအသံလေးနဲ့ မေးလာတဲ့ ကျန့်ကောကြောင့် ရီပေါ် ပိုတိုးဖက်ပလိုက်တယ် !
ဒီကျန့်ကောဟာလေ ! ဒူလိုက်တာ !
ဒီကကောင် မချင့်မရဲဖြစ်ရလိုက်တာ !
" မေးနေစရာလား ! ကောဗျာ ! ကျွန်တော့်ဖို့ ဒီလောက်ဝယ်ပေးစရာလား ဟမ် ! ဒါကြောင့် အအားမနေဘဲ ကုန်းရုန်းအလုပ်လုပ်နေခဲ့တာလား ! ညသုံးနာရီထိတောင်လေ "
" တခါတေလပါ "
" ဘာတခါတလေလဲ ! ကောဗျာ ! ကောဗျာ "
ရီပေါ့်မှာ ကောဗျာ ဆိုတဲ့ စကားကလွဲရင် ပြောစရာရှိတော့ဟန်မတူဘူး !
ရီပေါ်ကပဲ ပိုချစ်တာလို့ အထင်ရှိခဲ့ပေမဲ့ ယုန်ပေါက်လေးကတော့ သူ့အချစ်တွေကို သိုသိုဝှက်ဝှက်ထိန်းထားရာကနေ ဖွင့်ချပြလိုက်ရင် ထုထည်က အကြီးကြီးပဲ !
ရီပေါ်မျက်ရည်တွေကို သုတ်တယ် !
ပုံမှန်ဆို အချောကြီးက ဆံပင်ပြန်သပ်ဘာညာလုပ်မှာပေမဲ့ ကျန့်ကောက ဒီပေတလူးရုပ်လေးကို ချစ်တယ်ဆိုမှတော့ ဒီတိုင်းပဲထားမယ် !
ရုပ်ဆိုးနေရင်တောင် ချစ်ပေးမဲ့ကျန့်ကောရှိတယ် !
ကွန်ဖီးဒန့်က မိုးပေါ်ထောင်တက်နေတယ် !
ဖုန်းထဲက Banking app ကို ဖွင့်တယ် !
လေးငါးချက် နှိပ်ပြီးသွားတဲ့နောက်မှာ ကျန့်ကောကို ဖုန်းထိုးပေးလိုက်တယ် !
ရှောင်ကျန့် ယူကြည့်လိုက်တော့ ရီပေါ့်ဘဏ်စာရင်း !
ဂဏန်းတွေက ရှောင်ကျန့်ကို မျက်လုံးပြူးသွားစေတယ် !
ပြီး ရီပေါ့်ကို တဖြန်းဖြန်းရိုက်တော့တာပဲ !
" အား ! ကော ဘာလို့ရိုက်တာတုန်း "
" ဘယ်က ပိုက်ဆံတွေလဲဟမ် ! ဘယ်ကရတာလဲ ! "
" အား ! ကောကလဲ ကျွန်တော်က ရိုးရိုးသားသားစု ... "
" ကျောင်းသားပဲရှိသေးတာ ! ဒီလောက်ပိုက်ဆံ ဘယ်ကရမလဲ အရူးရဲ့ ! ဟမ် ပြောစမ်း ငွေတိုးချေးစားနေတာလား "
ကျန့်ကောရဲ့ ခပ်တုံးတုံးအတွေးကြောင့် ရီပေါ် မျက်ရည်ထွက်အောင်ရယ်မိတယ် !
" ဆိုင်ကယ်မောင်းပြိုင်တာလေ ကျန့်ကောရဲ့ ! အမလေးဗျာ ! ကျွန်တော့်ကို ထောင်ထဲပို့နေရလား ! မသိရင် မဟုတ်တာလုပ် ပိုက်ဆံရှာနေတဲ့အတိုင်းပဲ ပြောနေတာက ! ကျွန်တော်ကဖြင့် ကောနဲ့ တူတူနေရအောင် ကွန်ဒိုတခန်းလောက်ဝယ်ဖို့ ကြိုးကြိုးစားစားစုနေတာကို "
ရီပေါ် ဆောင့်ကြီးအောင့်ကြီး ပြောလိုက်ပေမဲ့ မျက်ရည်တွေအိခနဲ ဝိုင်းလာတဲ့ ကျန့်ကောကြောင့် ပျာပျာသလဲဖြစ်သွားတယ် !
" ဟင် ကော ! ဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ ဟင် ! မငိုပါနဲ့ ! မငိုပါနဲ့ ကောကလည်း "
ခုနလေးကတင် ရှောင်ကျန့်ရင်ခွင်ထဲ ငိုရှိုက်ခဲ့တဲ့ကလေးက ခုတော့ ရှောင်ကျန့်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး မချော့တတ်ချော့တတ် ချော့ရှာတယ် !
" မငိုပါနဲ့ဆို ကောရယ် ! မငိုနဲ့နော် ! "
" မင်း အဲ့လောက်ဆိုးရလားဟင် ! ဘယ်သူက ဝယ်ခိုင်းနေလို့လဲ ! အဲ့ဒီ အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့ ဆိုင်ကယ်ပြိုင်ပြီးများ ကွန်ဒိုဝယ်ဦးမယ် ! ရူးနေလား ! ဘယ်သူက လုပ်ခိုင်းလို့လဲ ! ဘယ်သူက ပြိုင်ခိုင်းလို့လဲ ! ကိုယ့်အသက်ကိုယ်မနှမြောဘဲ ! ပြဲကွဲနေအောင်ပြိုင်လာရလား အရူးရဲ့ "
ယုန်ပေါက်လေးဟာ ဘယ်လိုမှ ချော့မရအောင် ငိုနေလေရဲ့ !
ရီပေါ့်ခမျာ ခြေမကိုင်မိ လက်မကိုင်မိ !
သူပါ တရှုံ ့ရှုံ ့ ဖြစ်လာတယ် !
" မငိုပါနဲ့ဆို ကောဗျာ "
" ငိုမှာပဲ ! မင်းကဆိုးတာကိုး အင့် ! နောက်အဲ့လိုဆိုးရင် မင်းကို ဖြတ်ပစ်မှာ ဟင့် ! မခေါ်ဘူး သိလား ဟင့် "
" ...... "
" ဟင် !! မင်းကပါ ဘာလို့ငိုတာတုန်း ဟင့် "
" မသိဘူး ! ကောငိုရင် ကျွန်တော်လဲငိုမှာပဲ "
နှစ်ယောက်သား ငိုပွဲကြီးကို တော်တော်ကြာတဲ့ထိဆင်နွဲနေလေရဲ့ !
" နောက်တခါ အဲ့လိုပြိုင်ရင် ငါတကယ်ဖြတ်မှာနော် ဝမ်ရီပေါ် "
" မျက်နှာရမလားလို့ လုပ်မိပါတယ် ! အဆူခံနေရတော့တာပဲ "
" အောင်မာ ! အဲ့ဒါဘာမျက်နှာပေးတုန်း ! စူပုပ်နေတာပဲ ! မင်းမဟုတ်တာလုပ်လို့ ဆူနေရတာလေ "
" ဘာမဟုတ်တာလဲ ! ကျွန်တော့်ဘာသာ ကောနဲ့ တူတူနေချင်လို့ ပိုက်ဆံစုတာလေ ! အဲ့ဒါဘာဖြစ်လဲ "
" ဘယ်သူကစုခိုင်းလို့လဲ ! ဘယ်သူက မင်းကို ခိုင်းလဲ ! ဟမ် ! အဲ့လို အသက်နဲ့ရင်း ပိုက်ဆံစုတော့ရော ငါက ပျော်နေမယ်ထင်လား ငတုံးရဲ့ "
" ကျွန်တော်လုပ်တတ်တာလဲ ဆိုင်ကယ်မောင်းတာပဲရှိတယ် ! ပိုက်ဆံလုံးခနဲ ခဲခနဲ ဝင်ဖို့လဲ ဒီတနည်းပဲရှိတယ် "
" အဲ့ဒါ ကောင်းတဲ့ ဖြတ်လမ်းဟုတ်မဟုတ် စဉ်းစားပါလား ငတုံးလေးရဲ့ "
သူ့ကို ငတုံးလို့ပြောတော့ ဝမ်ရီပေါ်တို့ ဆတ်ဆတ်ကြဲတော့တာပဲ !
" ကောကျတော့ရော ! ဟင် ?? အလုပ်ကို ညည့်နက်တဲ့ထိလုပ်တယ် ! ရှိသမျှ project အကုန် ခေါင်းခံလုပ်ပြီး အသည်းအသန် ပိုက်ဆံစုနေတာမလား ! တနေကုန် ခေါက်ဆွဲတထုပ် ရေနွေးစိမ်နဲ့ နှစ်ပါးသွားပြီး "
" မင်း ကပ်သတ်မပြောနဲ့ "
" ပြောမှာပဲ ! ကျွန်တော်လဲ ကောကို ချစ်တာပဲ ! ဝယ်ပေးချင်တာပဲ "
" မင်းက ကျောင်းသားပဲရှိသေးတာ "
" အဲ့တော့ ဘာဖြစ်လဲ ! ကျွန်တော့်ဘဲကို ကျွန်တော်ဝယ်ပေးချင်တာ ဘာဖြစ်လဲ "
ရှောင်ကျန့် မျက်နှာ စူပုပ်ပြီး ဟိုဘက်လှည့်နေလိုက်တယ် !
နိုင်အောင်မပြောနိုင်ရင် စိတ်ကောက်ပစ်မယ် !
ရှောင်ကျန့် လောဂျစ်ပဲ !
ရီပေါ် သက်ပြင်းချတယ် !
" ကော စိတ်ပူတာ ကျွန်တော်နားလည်ပါတယ် ! ကျွန်တော်လဲ ကောကို ကျွန်တော်ရှာထားတဲ့ ပိုက်ဆံနဲ့ တင့်တောင်းတင့်တယ် ထားချင်လို့ပါ "
" ငါပြောပြီးသားမလား ဟမ် ! ဘာမှမလိုဘူးလို့ "
" အဲ့ဒါတော့သိတာပေါ့ ! ဒါပေမဲ့ ကော အသိုင်းအဝိုင်းမှာ ကောကောင်လေးရယ်လို့ ရင်ကော့ပြနိုင်တဲ့အနေအထားတခုကိုရောက်ချင်တာ ! ကော ကျွန်တော့်ကြောင့် မျက်နှာ မငယ်စေချင်တာ "
" သိတယ် ! အဲ့ဒါတွေက အချိန်တန်ဖြစ်လာမှာလေ ရီပေါ်ရာ ! မင်းအခုမှ ဘွဲ့တောင်မရသေးဘူး ! အချိန်ကိုစောင့်ပါ ရီပေါ်ရယ် ! ငါ့ကို စိတ်ပူရအောင်မလုပ်ပါနဲ့ "
" omm ! နောက်ဆို ကျွန်တော် ကောကို အစစအရာရာ အသိပေးမယ် "
ရင်ခွင်ထဲက ငြိမ်နေတဲ့ယုန်ပေါက်လေး နဖူးကို ရီပေါ်ငုံ ့နမ်းလိုက်တယ် !
" ရီပေါ် "
" ဟင် "
ရှောင်ကျန့် အသံလေးက တွန့်တွန့်ဆုတ်ဆုတ်ဖြစ်နေတာကို ရီပေါ်သတိထားမိတော့ သိုင်းဖက်ထားတဲ့ လက်တွေကို ပိုတင်းကြပ်လိုက်တယ် !
" ကော ! ပြော ! ကျွန်တော်အားလုံးနားထောင်ပေးမယ် ! လိုက်လျောပေးမယ် "
" နောက်ထပ် ဆိုင်ကယ် မပြိုင်ပါနဲ့တော့လားဟင် ! "
ရီပေါ် အသံတိတ်သွားတယ် !
ရှောင်ကျန့် ချက်ချင်းဖြေရှင်းချက်ထုတ်မိတယ် !
" ဟိုလေ ! အပျော်သဘောတော့ တမျိုးပေါ့ ! ကော က ဒီလိုထပ်အဖြစ်မခံနိုင်တာ ! မင်း ထပ်ထိခိုက်မှာကိုစိုးတာပါ ! "
" ကော "
" ....... "
" ကျွန်တော် racing ကို အသက်လောက် တန်ဖိုးထားတာ ချစ်တာ "
နှစ်ဦးကြား လေထုကအေးခဲသွားတယ်
" ဒါပေမဲ့ ကောကို ကျွန်တော့်အသက်ထက်ချစ်တယ် မြတ်နိုးတယ် ! ရှောင်ကျန့်ဆိုတာ ကျွန်တော့်အသက်ဘူးလေးပဲ ! အရာရာတိုင်းထက်တန်ဖိုးထားရတယ် ! ကျွန်တော့်မှာ ကောထက် အရေးကြီးတာ ဘာမှမရှိဘူး ! ကောက ကျွန်တော့်ဘဝကြီးတခုလုံးပဲ ! ကျန်တာဘာမှမလိုဘူး "
အိမ်ထောင်ဦးစီးလေးက သိပ်ချုပ်တတ်တာပဲ !
မျက်နှာရှစ်ခေါက်ချိုးနဲ့ ဝမ်ရီပေါ်တို့ ရိုပြီဆို ရှောင်ကျန့်လေး မျက်နှာမဖော်နိုင်အောင်ရှက်ရပါတယ် !
" ကျွန်တော် မပြိုင်တော့ဘူး ! ကောပြောသလို စိတ်ပြေလက်ပျောက်ပဲ မောင်းမယ် ! ကော ယုံနော် ! စိတ်ချတော့နော် ! ကျွန်တော် အတည် ကတိ .... "
ရီပေါ့် နှုတ်ခမ်းတွေကို မရဲတရဲလာထိတဲ့ နှုတ်ခမ်းပါးလေးတွေ !
ရီပေါ်ကတော့ မလှုပ်မယှက် ငူငူကြီး !
" ဒီဒီးကို ကောသိပ်ချစ်တယ် သိလား "
" ....... "
" ကော ဘဝတခုလုံး ဒီဒီးဆီအပ်တယ် သိလား ! "
" ........ "
" ဟင် ပြန်ဖြေဦးလေ ! ကောကို ချစ်လားလို့ "
" ကောဗျာ ကောဗျာ ! ချစ်တယ် ! ချစ်တယ် ! တအားချစ်တယ် "
အခွင့်အရေးရတုန်းတော့ ဝမ်ရီပေါ်တို့ဟာ ယုန်ပေါက်လေးကို သိမ်းကြုံးပြီး ဖက်နမ်းတော့တာပဲ !
ယုန်ပေါက်လေးကတော့ ရှက်ပြုံးလေးတဝဲဝဲနဲ့ အသက်လုရှူနေရလေရဲ့ !
ဒီတထပ်တိုက်ပုလေးရဲ့ အိမ်စောင့်နတ်လေးကို ကိုယ်စောင့်နတ်နှစ်ပါးက နှစ်သိမ့်ရှာပါတယ် !
မင်းနေသားကျသွားမှာပါတဲ့ ! မသကာ သွေးအန်ပြီး နတ်သတ်ကြွေရုံပေါ့ !
____________________________________________________
ရိုနေအောင် ရေးချင်ပေမဲ့ အမရဲ့ ဦးနှောက်က ဒါမိုင်ကုန်ပဲထင်ပါရဲ့😂😂
ဒီတခါ over 8000 တောင်ရေးပေးထားတယ်နော်😬
Update မမှန်တော့ အပိုင်းအရှည်ကြီးရေးပြီးပဲ ချော့ပါတယ်😬
ပျင်းစရာများကောင်းနေလားဟင်😿
[ ကောမန့်တခုတွေ့ပါတယ်
ကျန့်ကော ကို အဲ့လောက်ပေါအောင်မရေးပါနဲ့ တဲ့
အမမှာ အဲ့လို GeGe ကို ထိခိုက်လိုစိတ် စိုးစဉ်းမှမရှိပါဘူး !
အမရေးတာ ပေါ့ပေါ့ပါးပါးပဲ ရည်ရွယ်တာပါ !
အဲ့လိုသဘောသက်ရောက်သွားရင် ဆောရီးပါ !
အမ မရည်ရွယ်ပါဘူး ! အမ အတွေးထဲမှာ ချစ်ဖို့ကောင်းတဲ့ GeGe ကိုပဲပြေးပြေးမြင်တာမို့ပါ !
ပြီး ဒီ Fic က ယိုင်တိယိုင်တိုင်ရယ်ပါ !
အာ့ကြောင့် အရမ်းကြီး ပျံလန်နေအောင်ကောင်းဖို့ မမျှော်လင့်ပါနဲ့နော်😬 ]
အရေးအသားစုတ်ချာချာကိုရော ပျင်းတိပျင်းရွဲ plot ကိုပါ သည်းခံပြီး ချစ်ပေးကြတဲ့သူတွေအကုန်လုံးကို အမတကယ်ကျေးဇူးတင်ပါတယ်😘😘
Hope u enjoy💓🍀