💮"Bunny and Honey"💮{{COMPLE...
Od Sanaymoeswe
372K 35.3K 1.2K
[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝ... Viac
"Love is So Sweet"
Chapter (1)
Chapter (2)
Chapter (4)
Chapter (5)
Chapter (6)
Chapter(7)
Chapter(8)
Chapter (9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter (23)
Chapter(24)
Chapter(25)
Chapter (26)
Chapter (27)
Chapter(28)
Chapter(29)
Chapter (30)
Chapter (31)
Chapter(32)
Chapter (33)Ending
Chapter (3)
12.3K 1K 26
Od Sanaymoeswe
{{{Unicode}}}
🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾
"မင်း..မနေ့ကပြောတယ့်ကိစ္စတကယ်လား"
ရီပေါ်က...ပုတ်သင်ညိုလေးတစ်ကောင်လိုခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း..
"ဟုတ်ပါတယ်..Boss
အဲ့ကောင်မလေး..က..ခုခေတ်စကားနဲ့ပြောရမယ်ဆိုရင် စကီလေးပေါ့..၊ အရမ်းကိုမိုက်ပြီး အရမ်းလဲကြည့်ကောင်းပါတယ်"
ရှောင်းကျန့်က စားပွဲပေါ်မှ Laptop ကိုပိတ်ပစ်လိုက်ပြီး..ဝမ်ရီပေါ်အားမှင်သေသေပြန်ကြည့်ကာ..
"မင်း က ညွှန်းလှချည်လားကွ၊ဟိုဘက်ကဘာတွေပေးထားလို့လဲ..ပြောစမ်းပါအုံး"
ရီပေါ်က..မျက်တောင်များကိုပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး..ပလုပ်တုတ်လေးလိုခေါင်းခါနေပြန်သည် ။
"မဟုတ်ပါဘူး..၊Boss ကလဲ..အဟီး..
အာ..Boss ခေါင်းကိုက်နေတယ်ထင်တယ်၊ကျနော် ဇတ်ကြောဆွဲပေးရမလား"
ရှောင်းကျန့်ကလက်ကာပြလိုက်ပြီး..လေသံခပ်တင်းတင်းနှင့်..
"မလိုဘူး ၊ မဖားနဲ့ ၊ပုံမှန်အတိုင်းနေ...
Ok.."
ရီပေါ် ပွစိပွစိရေရွတ်လိုက်ပြီး..စိတ်ထဲမှသာမေတ္တာပို့နေလိုက်သည် ။ စောက်အကွေးကောင်...နေနှင့်အုံးပေါ့၊ ငါ့အကြောင်းကောင်းကောင်းသိစေရမယ်..။
"အဲ့ဒီမျက်နှာက မဲ့လိုက်၊ရွဲ့လိုက်နဲ့ဘာဖြစ်နေတာလဲ ငါ့ကိုစိတ်ထဲကကျိန်နေတာလား"
"အာ...ဟား..ဟား..
မဟုတ်ပါဘူး ၊ဘာလို့ Boss ကိုကျိန်ရမှာလဲ ၊ ကျနော်ကဆုတောင်ပေးနေတာ ၊
တတ်သစ်စမော်ဒယ်လေးနဲ့အဆင်ပြေသလို
ဟို..အဆိုတော်လေးနဲ့လဲ အမြန်Hotelသွားနိုင်ပါစေလို့.."
သူ့ရဲ့ဆုတောင်းထောပနာသံလေးလဲကြားရော..Boss အကွေးကောင်ကမိန့်မိန့်ကြီးပြုံးနေကာ...တစ်ဟက်ဟက်ထရယ်ရင်း..
"မင်း..ဆုတောင်းမှ..ငါကHotelသွားနိုင်မှာလား၊ သွားပြီးတာကြာပေါ့..."
ရီပေါ်ပါးစပ်ကလေးဟကာ..ဪ..ဟုသာရေရွတ်နိုင်တော့သည် ။
ဒီ ရှောင်းကျန့်ဆိုတယ့်သူက..ပန်းကောင်းအညွှန့်ချိုးနေတာပဲ..၊ ငါ ဘာကြောင့်များဒီ Company ကိုဝင်ခ့ဲမိပါလိမ့် ၊
"ပြပါအုံး...အစစ်မ..ဓာတ်ပုံလေးဘာလေး..."
"အမ်..ဘာကြီး..အစစ်...အစစ်မ..
ဟုတ်လား..."
ရီပေါ်..နဝေတိမ်တောင်ဖြင့်ပြန်မေးလိုက်တော့..ဟက်ဟက်ပက်ပက်ကိုထရယ်တော့သည်..။ မျက်မှန်အောက်မှ ရီပေါ့်မျက်လုံးတွေက..နှစ်ဆလောက်ပြူးကုန်ကာ..နှုတ်ကလဲဘောက်ဆတ်ဆတ်ဖြင့်..
"ဘာရယ်တာလဲဗျ..၊
မိန်းကလေး..မှာတောင် အစစ်မဆိုတာရှိသေးလို့လား..ကျနော်ဖြင့် Boss ကိုနားမလည်နိုင်တော့ဘူး.."
ရှောင်းကျန့်ကမျက်ခမ်းစပ်နှစ်ဖက်ကိုလက်နှင့်အသာတို့ထိလိုက်ပြီး...
"ဝမ်ရီပေါ်ရာ...ရယ်ရတာမျက်ရည်တောင်ထွက်တယ် ၊ ပိန်းဥလို့ပြောရင်လဲမကြိုက်ဘူး ၊ ခေတ်ပညာတတ်တစ်ယောက်ဖြစ်နေပြီး ဒါလေးတောင်မသိဘူးလား.."
ရီပေါ်က...ဆံပင်ဘုတ်သိုက်ကိုတစ်ဗျင်းဗျင်းကုပ်ကာ..မျက်နှာကလဲ..ပုန်းရည်ကြီးလိုမဲပုပ်လာတော့သည် ။ခေါင်းကုပ်လို့အားရသွားမှ..
"အစစ်မလား..၊ ဘာလား..သူ့ဓာတ်ပုံက
အခုတော့မရသေးဘူး..၊ ပိုက်ဆံကဘယ်လိုပေးမှာလဲ..၊သူကအဲ့တာချည်းပဲမေးနေတာ.."
ဟုတ်တယ်လေ..၊ ကိုယ်ကပုံစံပြောင်းပြီးသူ့ Cover လုပ်ရမှာ ၊ မဖြစ်စလောက်လေးနဲ့တော့..လက်ခံစရာလား..??၊
ရှောင်းကျန့်က..ထိုင်နေရာမှထရပ်လိုက်ကာရီပေါ့်ကိုကျောခိုင်းပစ်လိုက်သည်..။အတော်ကြာမှ..ဝုန်းခနဲပြန်လှည့်လာပြီး ပြောလိုက်စကားက...
"အရာအားလုံးကို..ပီပြင်အောင်လုပ်နိုင်ရင်
တိုက်တစ်လုံးပေးမယ်..၊ ဒီအတောအတွင်းငါ့အိမ်မှာ..နေရမှာဆိုတော့..သူဘာပစ္စည်းဝယ်ဝယ် ငါ့ ကတ်နဲ့ရှင်းပေးမယ်.."
ဟန်မဆောင်နိုင်အောင်ပင်..ရီပေါ့်ပါးစပ်ကတစ်ထွာလောက်ဟ..သွားကာ လူကလဲသွေးရူးသွေးတန်းနှင့်..
"တိုက်..တိုက်..တစ်လုံးဟုတ်လား ၊
ဘာဝယ်ဝယ် ရှင်းပေးမယ်ဟုတ်လား.."
ရှောင်းကျန့်က..ခေါင်းငြိမ့်ထောက်ခံကာ.
လက်ညှိုးတစ်ချောင်းထောင်လိုက်ပြီး..
"တစ်ခုတော့ရှိတယ်..၊
သရုပ်ဆောင်တော့ပီပြင်ပလေ့စေ ၊
မဟုတ်ရင်တော့..ငါက..ကတိတည်နိုင်မှာမဟုတ်ဘူး..."
ရီပေါ့်မျက်လုံးအစုံက..ဘလင်းဘလင်းဖြစ်လာကာ..မျက်မှန်လေးကိုပင့်တင်လိုက်ပြီး..တံတွေးတစ်ချက်မြိုချလိုက်သည်။ ပြီးမှ...
"ဒီလောက်ထိ Boss က ရက်ရောမှတော့
သူ..လက်ခံမှာကျိန်းသေပါတယ် ၊ မနက်ဖြန် ကျနော်သူ့ကိုလွှတ်လိုက်မယ် ၊နောက်ပြီး..ဒီနေ့ပဲကျ​ေနာ်ထွက်စွာတင်ချင်တယ်.."
ရှောင်းကျန့် မျက်ခုံးအစုံကအလိုမကျမှုကြောင့်တွန့်ကြုတ်ကုန်ပြီး...ရီပေါ်အား..ခြေစုံခေါင်းဆုံးစေ့စေ့ကြည့်ကာ..
"မင်း..ပြောတာဘာသဘောလဲ..၊
ငါ့ကိုတစ်ပတ်ရိုက်ပြီးထွက်ပြေးမလို့လား၊
ငါ့..လူတွေက မင်းလိုပိန်းဥတစ်ယောက်ကိုမရှာနိုင်ဘူးထင်နေလား..တာဇံကောင်ရဲ့"
ဘာ....ပိန်းဥ...
တာဇံကောင်..တယ့်..။
အရမ်းကိုများနေပြီ..Boss ငကွေးရယ် ၊
ဒီနေ့တော့ပြောထားလိုက်အုံး..။
မနက်ဖြန်..ခင်ဗျားနဲ့ကျနော် တွေ့ပြီပေါ့။
ရီပေါ် စိတ်ထဲမှမိုးမွှန်အောင်ကျိန်ဆဲနေသော်လည်း အပြင်မှာတော့..နွားပွဲစားကိုမြင်သည့်အလား..တဟီးဟီးသွားဖြဲပြနေကာ..
"ဟီး..Boss အကြောင်းကျနော်သိပါတယ်၊ မနက်ဖြန် အဲ့ကောင်မလေးဒီကိုရောက်လာမှ ကျနော့် Account ထဲကိုငွေလွှဲပေးပါ ၊ အဲ့ဒါဆို Ok...လား.."
ရှောင်းကျန့်က...သိပ်တွေးတောမနေပဲ..
"ကောင်းပြီလေ..ဒါနဲ့ အဲ့အစစ်မ နာမည်ကဘာတယ့်လဲ.."
ရီပေါ်..ထိုလောက်ထိတော့မစဥ်းစားမိ ။
ထိုကြောင့်စိတ်ထဲရှိရာပြောပစ်လိုက်သည်က
"ဟို..သူ့နာမည်က..ခွမ်းဟွား တယ့်..
ဘယ်လိုလဲ လှတယ်မလား ၊ ကျနော် ထွက်စာသွားရေးလိုက်အုံးမယ်နော် ဟီး"
အခန်းထဲမှ..စပ်စလူးနတ်ပူးသလိုပြေးထွက်သွားသော ဝမ်ရီပေါ်ကြောင့်..ရှောင်းကျန့်မှာအံံသြနေရုံမှလွဲ၍...။
ထွက်စာ..ရေးဖို့တတ်ကြွလွန်းတယ့်အလုပ်သမားကို..ခုမှတွေ့ဖူးခြင်းပင်..။
"ဝမ်ရီပေါ်..က..ကြောင်ရုံကြောင်နေတာမဟုတ်ဘူး ၊ ဦးနှောက်မှာပြသာနာတစ်ခုခုရှိနေပုံပဲ ၊နောက်ပြီး..ဘာတယ့် ခွမ်းဟွားဆိုတယ့်နာမည်ကိုလှတယ်ဆိုပဲ..၊မင်းဂျီးတော်ကိုလှပါလား..."
စူပွပွရေရွတ်နေပြီး. နေရာမှာပြန်ထိုင်ကာ..Laptop မှတစ်ဆင့်မန်နေဂျာဆီစာတစ်စောင်ပို့လိုက်သည် ။ထိုစာကတော့..
"ခု ချက်ချင်း စက္ကထရီအသစ်တစ်ယောက်လိုချင်တယ်.."
.
.
. (ခွမ်းဟွား=အရိုင်းပန်း
ပေါ်ကြီးနာမည်ပေးတာတော်လိုက်တာ)
.
.
.
.
.
.
.
.
.
.
.
.
Shopping Mallထဲပတ်ကာ..ရီပေါ့်တစ်ယောက်သွေးပျက်နေပြီဖြစ်သည် ။
အဆင်းရော အချင်းပါ ပြည့်စုံသောမိန်းကလေးဖြစ်ဖို့က..အဝတ်အစားဆိုသည့်အရာက..အလွန့် အလွန်ကိုအရေးပါလွန်းသည်..။
Boss အကွေးက..မိန်းမတွေမကြိုက်ဘူးဆိုတော့..ကိုယ်ကမိန်းမဆိုတာ..သိသာစေဖို့မည်သို့နေထိုင်ရမည်နည်း..။
အမျိုးသမီး..Fashion ဆိုင်ထဲဝင်လိုက်ကာ..ဂါဝန်နဲ့စကတ်အချို့ကိုကြည့်ပြီးရီပေါ် နောက်ကျောမလုံသလိုခံစားနေရသည် ။ ယောကျာ်းလေးတစ်ယောက်ဖြစ်ရက်နဲ့ မိန်းကလေးလိုဝတ်ဖို့ဆိုတာက...
သေချာစဥ်းစားကြည့်တော့..တော်တော်လေးခက်နေတာအမှန် ။
ထိုအချိန်...ညဏ်ကောင်းလွန်းသော..ရီပေါ့်ဦးနှောက်က.အချက်ပေးသံများစွာကတတီတီနဲမြည်ဟီးလာသလို..။ လက်ဖြောက်တစ်ချက်တီးလိုက်ပြီး...
"ဟာ...ဟုတ်ပြီ ၊
ငါက..Tomboyဆိုရင်..
အို..မိုက်လိုက်တယ့်အကြံပါလား..၊
ငါက (Tomboy =မိန်းကလေးမှယောကျာ်းစိတ်ပေါက်နေသူ)ဆိုပေမယ့်..သူ့အမြင်မှာတော့..ငါက မိန်းကလေးပဲလေ ၊ အား..
အရမ်းပျော်တယ် မိန်းကလေးလိုဝတ်စရာမလိုတော့ဘူး...ဟား..ဟား..၊ဝမ်ရီပေါ်တို့က အရမ်းကိုညဏ်ကောင်းနေရောပဲ.."
Fashion ဆိုင်ထဲမှာ..အကျီတွေကိုကိုင်ပြီးးတဟားဟားအော်ရယ်နေသော..မှန်ကြောင်ကောင်လေးသည်..လူအများအာရုံစိုက်ခြင်းခံနေရတာကိုတော့..သူကိုယ်တိုင်တောင်မသိ..။
ထို့နောက် Beauty Sloon ထဲဝင်လာတယ့်..ဝမ်ရီပေါ်။
ဆံသဆရာကို ပြုံးဖြီးဖြီးကြည့်နေကာ..သူ့ဆံပင်ဂုတ်ထောက်ကျော်ကျော်ကို..နှမြောသလိုတစ်ချက်ကိုင်ကြည့်ပြီး..ဝမ်းနည်းနေသံနှင့်...
"Sir...ကျနော်ဆံပင်ညှပ်ပြီးအရောင်တင်ချင်လို့ပါ.."
ဆံသဆရာက သူ့ကိုတစ်ချက်ဝေ့ကြည့်ကာ
"ညီလေးက...ဘယ်လိုပုံညှပ်ချင်တာလဲ"
ရီပေါ့်မျက်နှာက အနည်းငယ်ရဲလာပြီး..မျက်လုံးတွေကလဲ ဂနာမငြိမ်ဖြစ်နေကာ အတော်ကြာမှ...
"ဟို..ဟိုလေ..ဘယ်သူပဲကြည့်ကြည့်..
မိန်းကလေးလို့တန်းထင်မဲ့ ဆံပင် K မျိုး"
"ဘယ်လို..."
ရီပေါ်က...ခုံလွတ်တစ်ခုမှာမှင်သေသေဝင်ထိုင်လိုက်ပြီး..Magazine တစ်အုပ်ကောက်ကိုင်လိုက်ကာ...
"ခု ပဲ ညှပ်ပေးလို့ရမလား..."
"ကောင်းပြီလေ....
ညီလေး..သဘောပဲ.."
သိပ်မကြာမီ..ခေါင်းပေါ်က..ဆံပင်ပွယောင်းယောင်းတို့သည် ကတ်ကြေးနဲ့ထိတွေ့ကာ..တကျီကျီအော်မြည်ပြီး..ကြမ်းခင်းပေါ်ခုန်ပေါက်ဆင်းသွားကြသည်..။ ရီပေါ် လက်သီးတင်းတင်းဆုပ်ပြီး..ဝဲတတ်လာသောမျက်ရည်များကိုအတော်လေးထိန်းချုပ်နေရသည်။
"အားတင်းထား..ဝမ်ရီပေါ်..၊
ဆံပင်ဆိုတာ..ပြန်ရှည်လာမှာပါ၊
လောလောဆယ်တော့..ငွေအရင်ရှာရမယ်"
🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾
_____♥_____♥_____♥_____♥__
1600 Words(31.10.2019)8:40PM
Thank you for Reading
Sanay Moe Swe
_____________________________
(((Zawgyi)))
🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾
"ဟုတ်ပါတယ်..Boss
Ok.."
"အာ...ဟား..ဟား..
ဒီ ရှောင်းကျန့်ဆိုတယ့်သူက..ပန်းကောင်းအညွှန့်ချိုးနေတာပဲ..၊ ငါ ဘာကြောင့်များဒီ Company ကိုဝင်ခဲ့မိပါလိမ့် ၊
"အမ်..ဘာကြီး..အစစ်...အစစ်မ..
ဟုတ်လား..."
"ဘာရယ်တာလဲဗျ..၊
"တစ်ခုတော့ရှိတယ်..၊
သူ..လက်ခံမှာကျိန်းသေပါတယ် ၊ မနက်ဖြန် ကျနော်သူ့ကိုလွှတ်လိုက်မယ် ၊နောက်ပြီး..ဒီနေ့ပဲကျ​နော်ထွက်စွာတင်ချင်တယ်.."
"မင်း..ပြောတာဘာသဘောလဲ..၊
ဘာ....ပိန်းဥ...
တာဇံကောင်..တယ့်..။
အခန်းထဲမှ..စပ်စလူးနတ်ပူးသလိုပြေးထွက်သွားသော ဝမ်ရီပေါ်ကြောင့်..ရှောင်းကျန့်မှာအံသြနေရုံမှလွဲ၍...။
.
.
.
.
.
.
.
.
.
.
.
.
.
.
"ဟာ...ဟုတ်ပြီ ၊
ငါက..Tomboyဆိုရင်..
"ဘယ်လို..."
"ကောင်းပြီလေ....
ညီလေး..သဘောပဲ.."
"အားတင်းထား..ဝမ်ရီပေါ်..၊
🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾
_____♥_____♥_____♥_____♥__
Thank you for Reading
Sanay Moe Swe
_____________________________
Pokračovať v čítaní
You'll Also Like
11.2K 2.5K 42
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
32.6K 7K 41
tk sinhala
109K 4.8K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
257K 19.2K 60
ដើម្បីកូន អូនព្រមទទួលយកគ្រប់យ៉ាង សូម្បីតែនាមជា«ប្រពន្ធចុង» Jeon Jungkook x Kim Taehyung (Top) (Btt)