<Zawgyi>
Sehunထြက္သြားတာ ၅လေက်ာ္ေလာက္ ျဖစ္ေနသလို ေၾကာင္ေလး Huniee Baekhyunအိမ္ကို မလာတာလဲ 1လေက်ာ္ေလာက္ ျဖစ္ေနၿပီ။
လက္က အနာေတြက်က္သြားၿပီး
ေရကူးရင္ အနာတရ မျဖစ္ေတာ့ေသာ္လဲ
ရင္ထဲမွာေတာ့ တသိမ့္သိမ့္ နာေနတုန္းပဲပင္။
ဒီေန႕လဲ ေက်ာင္းဆင္းေတာ့ ေယာင္လည္လည္နဲ႕ Baekhyunတစ္ေယာက္ Sehunတို႔ အိမ္နား ေရာက္လာမိျပန္သည္။
"Huniee..!"
႐ုတ္တရက္ Baekhyunေဘးနားက ျဖတ္သြားတဲ့ ေၾကာင္အႀကီးႀကီး...
Baekhyunရဲ႕ေခၚသံေၾကာင့္ ေၾကာင္က ရပ္သြားေသာ္လဲ Baekhyunနားသို႔ ေရာက္မလာပါ။
"Huniee.. လာ.. ဒီကိုလာ.. မုန႔္ပါလာတယ္"
Baekhyunဘယ္လိုပဲ ေခၚေခၚ ေပေတကာ ရပ္ေနတဲ့ Huniee။
"Baekhyuneeေရ အဖြားက ထမင္းရၿပီတဲ့"
လမ္းခ်ိဳးေလးထဲကေန ထြက္ေပၚလာတဲ့ ေအာ္သံေၾကာင့္ Baekhyunတစ္ကိုယ္လုံး ေတာင့္တင္းသြားရသည္။
ထို႔ေနာက္ မျမင္ရတာၾကာေနတဲ့ Oh Sehunရဲ႕ မ်က္ႏွာႏုႏု။
Sehunလဲ သူ႕ကို ျမင္ေတာ့ ေၾကာင္ေတာင္ေတာင္ေလး ရပ္ၾကည့္ေနေလသည္။
ေၾကာင္ေလးကေတာ့ သူ႕နာမည္ အမွန္ကို ၾကားလိုက္ရသလို.. Sehunရဲ႕ ေျခေထာက္နား သြားၿပီး ပြတ္သပ္ေနေလသည္။
ေဆာင္းဝင္ကာစမို႔ အေရာင္ေျပာင္းေနတဲ့ သစ္႐ြက္ေႂကြတခ်ိဳ႕က ေလအလြင့္မွာ ျဖတ္ေျပး သြားၾကသည္။
.......................................
ေက်ာင္းဂိတ္ေပါက္ဝ နားမွာ Sehun ရပ္ေနတာ ၾကာခဲ့ၿပီ ဒါေပမယ့္ မိုးေတြကေတာ့ တိတ္မသြားခဲ့ေပ။
ေခါင္မိုးအစြန္းေလးက က်လာတဲ့ ေရစက္ေတြကို လက္နဲ႕ခံယူကာ ေဆာ့ေနရင္း
ထီးႀကဳံေဆာင္းလို႔ရမယ့္
အသိတစ္ေယာက္ေယာက္နဲ႕ ေတြ႕ပါေစ ဆုေတာင္းေနမိတယ္။
မိုးက သဲသထက္ သဲလာသလို Sehunေရွ႕က ျဖတ္သြားတဲ့သူေတြလဲ နည္းလာသည္။
မေစာင့္နိုင္တဲ့ အဆုံး ေက်ာပိုးအိတ္ကို ေခါင္းေပၚတင္ကာ အိမ္သို႔ သုတ္ေခ်တင္ၿပီး အျမန္ေျပးဖို႔ ဟန္ျပင္လိုက္သည္။
အမိုးေအာက္ကေနၿပီး ၂လွမ္းေလာက္ပဲ လွမ္းရေသးတယ္ Sehunလက္ကို
တေယာက္ေယာက္က လွမ္းဆြဲလိုက္ေလသည္။
"ငါ့မွာထီးပါတယ္။
ငါနဲ႕ လိုက္ခဲ့"
ဟိုတစ္ပါတ္က ေက်ာင္းေျပာင္းလာတဲ့ ေကာင္ေလးပဲ။
သူ႕နာမည္က ခပ္ဆန္းဆန္း... ဘာတဲ့
Baekhyun ဆိုလား။
အဲ့ေကာင္ေလးက သူ႕ရဲ႕ထီးအႀကီးႀကီးကို
Sehunကိုယ္ေပၚ တဝက္ေလာက္ မိုးေပးလာသည္။
"ေက်းဇူးေနာ္ Baekhyun"
သူ႕နာမည္ကို Sehunမွတ္မိေနတာေၾကာင့္ ထိုေကာင္ေလး အံ့ဩသြားဟန္။
၂ေယာက္တူတူ ေလ်ာက္လာရင္း မိုးက ပိုပိုၿပီးသဲလာတာေၾကာင့္ ထီးတစ္ေခ်ာင္းထဲနဲ႕ သူတို႔၂ေယာက္ မလုံေတာ့။
ထို႔အျပင္ေလပါ တိုက္ေနေတာ့ ထိုBaekhyunဆိုတဲ့ေကာင္ေလးက ထီးမလြင့္သြားေအာင္ မနည္းထိန္းထားရဟန္။
နည္းနည္းေလာက္ ထပ္ေလ်ာက္ၿပီးေတာ့ ေလကပိုျပင္းလာတာေၾကာင့္ Baekhyunရဲ႕ ထီးက လန္သြားေတာ့တယ္။
သူတို႔၂ေယာက္လုံး ျမင္ေနရတဲ့ အိမ္တစ္အိမ္ရဲ႕
တံစပ္ၿမိတ္ေအာက္ ေျပးလိုက္ၾကၿပီး မိုးခိုရေတာ့တယ္။
"ငါ့အိမ္က ဒီလမ္းခ်ိဳးေလးတင္ဆိုရင္ ေရာက္ၿပီ၊
မင္းအိမ္က ေဝးလား?"
ထိုေကာင္ေလးက Sehunဘက္ကို လွည့္ကာေမးသည္။
"ေဝးတယ္။ ႐ြာအျပင္ဘက္နားမွာ...
မိုးမတိတ္ရင္ စာအုပ္ေတြပါ ဆိုကုန္မွ။"
Sehun စိတ္ပ်က္လက္ပ်က္နဲ႕ ညည္းျငဴေတာ့
ထိုေကာင္ေလးက မသိမသာရယ္ေလသည္။
ရယ္လိုက္ေတာ့ ေပၚလာတဲ့ သြားညီညီတန္းတန္းေလးေတြ၊ ၿပီးေတာ့ ႏႈတ္ခမ္းေပၚက မွည့္နက္ေလး။
ထိုေကာင္ေလး တကယ္ ခ်စ္စရာေကာင္းသည္။
မ်က္လုံးေလးေတြကလဲ ေမြးကင္းစ ေၾကာက္ေပါက္ေလးေတြလို.. ေမွးေမွးေလး။
အတန္းထဲမွာလဲ Sehunနဲ႕ မနီးမေဝးမွာ
ထိုင္တာေပမယ့္ Sehunဒီလို ေသခ်ာမၾကည့္မိ။
အတန္းထဲက ေကာင္မေလးေတြ တိုးတိုး တိုးတိုး ေျပာေနၾကသလို ဒီေကာင္ေလး တကယ္ပင္ ခ်စ္ဖို႔ေကာင္းသည္။
Sehunထိုေကာင္ေလး မ်က္ႏွာကို ေသခ်ာၾကည့္ေနတုန္း ေကာင္ေလးက႐ုတ္တရက္
Sehunကိုၾကည့္လာတာမို႔ ရွက္ရွက္ႏွင့္မ်က္ႏွာလႊဲလိုက္ရသည္။
"အိမ္က အရမ္းေဝးရင္ မိုးတိတ္တဲ့ အထိ ငါတို႔အိမ္မွာ ေနမလား Sehun"
မိုးက ၾကည့္လိုက္တာနဲ႕ တိတ္မယ့္ပုံ မေပၚတာေၾကာင့္ Sehunလဲ သေဘာတူလိုက္ရင္း
Baekhyun အိမ္လိုက္သြားမိသည္။
သူစိမ္းအိမ္ကို ပုံမွန္ဆို သြားေလ့မရွိေပမယ့္
ဘာေၾကာင့္မွန္းမသိ Baekhyunကိုေတာ့ ရင္းနီးေနသလို။
............................
"ဟုတ္ကဲ့ အဖြား... မိုးတိတ္ရင္ ျပန္လာခဲ့မယ္ သိလား? "
ေရေႏြးထဲကို ပ်ားရည္တစ္စြန္းထည့္ကာေမႊရင္း
Sehunေရွ႕ကို Baekhyun ယူလာေပးသည္။
Baekhyun ရဲ႕ အခန္းကို ေဝ့ၾကည့္လိုက္ေသာ္လဲ ပစၥည္းပစၥယ က မ်ားမ်ားစားစား မရွိေပ။
"အြန္း... ဟုတ္တယ္.. ေက်ာင္းက သူငယ္ခ်င္း"
"ဟုတ္ကဲ့ အဲ့တာဆို ဒါပဲေနာ္ အဖြား"
အဖြားဆီကို စိတ္ပူမွာ စိုးလို႔ ဖုန္းဆက္ကာ
Baekhyun ေစာေစာက ခ်ေပးတဲ့ ေရေႏြးခြက္ကို ေသာက္လိုက္သည္။
မိုးေရထဲ ေတာ္ေတာ္ၾကာၾကာ ေနလာလို႔ ထင္တယ္
ေရေႏြးေသာက္လိုက္ေတာ့ ေႏြးသြားတာပဲ။
"Baekhyun အိမ္က လူႀကီးေတြက ဘယ္ေတာ့ေလာက္ျပန္ေရာက္မွာလဲ Baekhyun?
အိမ္မွာ သူစိမ္းေရာက္ေနတာ လူႀကီးေတြႀကိဳက္ပါ့မလား?"
Baekhyun က Sehunရဲ႕ေရွ႕နားမွာဝင္ထိုင္လိုက္သည္။
"ငါတစ္ေယာက္ထဲေနတာ... လူႀကီးေတြ မရွိဘူး"
"........"
" အဲ့တာေၾကာင့္ ေက်ာင္းအျပန္ တူတူေဆာ့ခ်င္ရင္ အိမ္ကို ဝင္ခဲ့ေလ"
ေရေႏြးေလးခြက္ေလးကို လက္ႏွစ္ဖက္နဲ႕ ကိုင္ကာ
Sehunကို ၿပဳံးျပေနတဲ့ Baekhyun က ေရေႏြးထက္ေတာင္ Sehun ရင္ကို ေႏြးေထြးေစသည္။
အဲ့လိုနဲ႕ အထက္တန္း ဒုတိယႏွစ္ ေဆာင္းဦးက
စလို႔ အထက္တန္း ေနာက္ဆုံးႏွစ္ အထိ Baekhyunနဲ႕ Sehun တို႔ႏွစ္ေယာက္ Baekhyunရဲ႕ အိမ္ေလးမွာ အားလပ္ခ်ိန္ေတာ္ေတာ္မ်ားမ်ားကို ကုန္ဆုံးၾကသည္။
Sehunအစက ထင္သည္က Baekhyunက ခပ္ေအးေအးဟုပင္။
ၾကာလာေလ Sehunရဲ႕ အေတြးေတြက
မဟုတ္ေၾကာင္းကို Baekhyunက သက္ေသျပလာသည္။
ေက်ာင္းမွာလဲ သူတို႔က Senior တန္းမို႔
Junior ေတြနဲ႕ေရာ အတန္းေဖာ္ေတြနဲ႕ပါ ခင္ခင္မင္မင္ သြက္သြက္လက္လက္ ရွိတာမို႔
Baekhyun က Popular ျဖစ္သည္။
အဲ့အခ်က္ကို Sehun သေဘာမက်ပါ။
ၿပီးေတာ့ Chanyeol နဲ႕ Kyungsoo ဟူေသာ ေကာင္ေလး ၂ေယာက္နဲ႕ပါ Baekhyunက ေရာေရာ ေရာေရာရယ္။
အဲ့လိုမ်ိဳးေတြျမင္ရင္ ဘာလို႔လဲ မသိ Sehunမခံစားနိုင္။
Baekhyunကိုယ္တိုင္ကလဲ သူတို႔ေရွ႕ဆို ၿပဳံးၿဖီးေနတာပဲ။
Sehunနဲ႕ ဆိုရင္ေတာ့ အရယ္အေမာေတြ ရွိေပမယ့္
Baekhyun ရဲ႕ မ်က္ႏွာထားက
အရမ္းေလးနက္ ေနသလို။
တခါတေလဆို စ,ေနာက္ရာမွာေတာင္ Baekhyunက အထအန ေကာက္လြန္းေလသည္။
ဒါေပမယ့္လဲ Baekhyunအိမ္ကို လိုက္လည္လို႔ ရသည့္ အခြင့္အေရးကေတာ့ Sehunတစ္ေယာက္ထဲ အတြက္သာ ျဖစ္ေနေသးသည္။
အခုလဲ သူတို႔၂ေယာက္လုံးက ေရကူးအားကစားကို
သေဘာက်တာမို႔ ေက်ာင္းကေန အိမ္အျပန္လမ္းမွာ
Park Seon Kwan ရဲ႕ Interview ကိုၾကည့္ဖို႔ Baekhyunတို႔အိမ္ကို လာခဲ့သည္။
ဒီေန႕ Baekhyunက လိုတာထက္ ပိုတိတ္ဆိတ္ေနခဲ့သည္။
Sehunက ျပန္ခါနီး Seoulေရကူး Clubတစ္ခုမွာ
6လေလာက္ သြားေနမယ့္အေၾကာင္း ေျပာလိုက္တာေၾကာင့္ ဆိုတာ ေဗဒင္မေမးေတာင္သိသည္။
ဘယ္ေတာ့ေလာက္ ျပန္လာျဖစ္မလဲ Sehunလဲ မသိေပ။
သူကိုယ္တိုင္လဲ အဲ့မွာ ၾကာၾကာေနခ်င္ေနေသးေၾကာင္း Baekhyunကို ေျပာမထြက္ေပမယ့္ Baekhyunကေတာ့ ရိပ္မိေနသေယာင္။
Seoulကို မသြားခင္ ဒါေနာက္ဆုံး Baekhyunအိမ္ကို လာတာ ျဖစ္နိုင္သည္မို႔
အတတ္နိုင္ဆုံး Baekhyunနဲ႕ ေပ်ာ္ေအာင္ ေနရမည္။
Interview ၾကည့္ၿပီး ေခါက္ဆြဲျပဳတ္ပါ ကုန္သြားေတာ့ သိသိသာသာမွိုင္ေနတဲ့ Baekhyun။
Baekhyunနားကို နည္းနည္းတိုးလိုက္ရင္း စလိုက္မိသည္။
"Park Seon Kwanရဲ႕ ခႏၶာကိုယ္က မိုက္လိုက္တာေနာ္။ ပခုံးကလဲ အက်ယ္ႀကီးပဲ။ ငါလဲ အဲ့လိုျဖစ္ေအာင္ နည္းနည္းေလာက္ ေလ့က်င့္ရင္ ေကာင္းမလား။"
သူ႕လက္ေမာင္းက ဗလေတြကို Baekhyunျမင္သာေအာင္ ျမႇောက္ျပရင္း Sehunၿပဳံးျပလိုက္သည္။
႐ုတ္တရက္ Baekhyunတစ္ေယာက္ Sehunရဲ႕ ပခုံးေပၚကို မွီရင္း
"မဟုတ္ပါဘူး... Sehunie ရဲ႕ ပခုံးကလဲ အက်ယ္ႀကီးပဲ"
ဆက္ေျပာရင္း အနားကို တိုးလာကာ
Sehunရဲ႕ ရင္ဘက္နားကို ကိုင္လာတဲ့ Baekhyunေၾကာင့္ အသက္ရႉေတာင္ ေအာင့္ထားလိုက္မိသည္။
"Sehun က အခုငါ့ေဘးနားမွာရွိေနတာေတာင္
အရမ္းေတာက္ပေနတာ ေနာက္ဆို သူ႕ထက္ေတာင္ ပိုေတာက္ပတဲ့ သူျဖစ္လာမွာ...
ငါနဲ႕ အေဝးမွာေတာက္ပေနတဲ့ ၾကယ္လိုမ်ိဳး"
လို႔ ထပ္ေျပာကာ Baehyunက သူ႕ပခုံးေပၚမွီခ်လိဳက္သည္။
Baekhyun ေျပာလိုက္တဲ့ စကားအဆုံး
Sehunစိတ္ထဲ ဟာသြားသလို ရင္ခုန္သံေတြလဲ ျမန္လာခဲ့သည္။
Baekhyunသာ Sehunကို ဆက္မွီေနေသးရင္
သူ႕ရင္ခုန္သံေတြ Baekhyunၾကားသြားမွာ အေသအခ်ာပင္ျဖစ္ေလသည္။
ဘာေၾကာင့္မွန္းမသိ Baekhyun ကိုအသာတြန္းကာ
Sehun စကားလမ္းေၾကာင္း လႊဲမိသည္။
"Yah! Byun Baekhyun!! သူမ်ားကိုယ္ကို ခြင့္မေတာင္းဘဲ မင္းကိုင္ခ်င္တိုင္း ကိုင္မေနနဲ႕!!!"
အဲ့ဒီ့ေန႕ Baekhyunရဲ႕ အိမ္က အျပန္လမ္းဟာ သူ႕အတြက္ ေမးခြန္းေတြ အျပည့္ျဖစ္ေနခဲ့သည္။
သူBaekhyun ကို တကယ္ပဲ သူငယ္ခ်င္းထက္ ပိုေနမိၿပီလား ဆိုတဲ့ေမးခြန္းက အခက္ခဲဆုံး ျဖစ္ေနေလသည္။
.....................................
အထုတ္အပိုးေတြ ထည့္ေနရင္းနဲ႕
ေဘးနားက ေၾကာင္ေလးကို မ,ခ်ီကာ
ကလိေနလိုက္သည္။
" ငါရဲ႕ Baekhyuneeေလး ငါမရွိရင္ ဘယ္သူက အစာလာေကြၽးပါ့မလဲ? ေနာ္... ေနာ္"
ေျပာေျပာဆိုဆိုနဲ႕ ေၾကာင္ရဲ႕ လက္၂ဖက္ကို ညွစ္လိုက္တာမို႔ ေၾကာင္ေလးက သူ႕ကို ေအာ္ေလသည္။
"ငါရဲ႕ ေနာက္ထပ္ Baekhyunee ေလးလဲ ငိုေနမလား မသိဘူးေနာ္.. Hyunee"
ေၾကာင္ကို Hyunee ဆိုၿပီး တညံညံေခၚေနတာေၾကာင့္ အဖြားက မ်က္ေစာင္းတထိုးထိုးရယ္။
Sehun ကိုယ္တိုင္လဲ သူတို႔အိမ္က ေၾကာင္ေပါက္ေလးကို ဘာလို႔ Baekhyunee လို႔ ေပးလိုက္မိမွန္းမသိ။
Baekhyunလဲ Hyuneeလိုပဲ
မ်က္လုံးေမွးေမွးေလးေတြရယ္။
ေသခ်ာတာကေတာ့ သူBaekhyunee ကိုေရာ
Hyuneeကိုေရာ ခ်စ္ပါသည္။
...............................................................
Moira
<unicode>
Sehunထွက်သွားတာ ၅လကျော်လောက် ဖြစ်နေသလို ကြောင်လေး Huniee Baekhyunအိမ်ကို မလာတာလဲ 1လကျော်လောက် ဖြစ်နေပြီ။
လက်က အနာတွေကျက်သွားပြီး
ရေကူးရင် အနာတရ မဖြစ်တော့သော်လဲ
ရင်ထဲမှာတော့ တသိမ့်သိမ့် နာနေတုန်းပဲပင်။
ဒီနေ့လဲ ကျောင်းဆင်းတော့ ယောင်လည်လည်နဲ့ Baekhyunတစ်ယောက် Sehunတို့ အိမ်နား ရောက်လာမိပြန်သည်။
"Huniee..!"
ရုတ်တရက် Baekhyunဘေးနားက ဖြတ်သွားတဲ့ ကြောင်အကြီးကြီး...
Baekhyunရဲ့ခေါ်သံကြောင့် ကြောင်က ရပ်သွားသော်လဲ Baekhyunနားသို့ ရောက်မလာပါ။
"Huniee.. လာ.. ဒီကိုလာ.. မုန့်ပါလာတယ်"
Baekhyunဘယ်လိုပဲ ခေါ်ခေါ် ပေတေကာ ရပ်နေတဲ့ Huniee။
"Baekhyuneeရေ အဖွားက ထမင်းရပြီတဲ့"
လမ်းချိုးလေးထဲကနေ ထွက်ပေါ်လာတဲ့ အော်သံကြောင့် Baekhyunတစ်ကိုယ်လုံး တောင့်တင်းသွားရသည်။
ထို့နောက် မမြင်ရတာကြာနေတဲ့ Oh Sehunရဲ့ မျက်နှာနုနု။
Sehunလဲ သူ့ကို မြင်တော့ ကြောင်တောင်တောင်လေး ရပ်ကြည့်နေလေသည်။
ကြောင်လေးကတော့ သူ့နာမည် အမှန်ကို ကြားလိုက်ရသလို.. Sehunရဲ့ ခြေထောက်နား သွားပြီး ပွတ်သပ်နေလေသည်။
ဆောင်းဝင်ကာစမို့ အရောင်ပြောင်းနေတဲ့ သစ်ရွက်ကြွေတချို့က လေအလွင့်မှာ ဖြတ်ပြေး သွားကြသည်။
.......................................
ကျောင်းဂိတ်ပေါက်ဝ နားမှာ Sehun ရပ်နေတာ ကြာခဲ့ပြီ ဒါပေမယ့် မိုးတွေကတော့ တိတ်မသွားခဲ့ပေ။
ခေါင်မိုးအစွန်းလေးက ကျလာတဲ့ ရေစက်တွေကို လက်နဲ့ခံယူကာ ဆော့နေရင်း
ထီးကြုံဆောင်းလို့ရမယ့်
အသိတစ်ယောက်ယောက်နဲ့ တွေ့ပါစေ ဆုတောင်းနေမိတယ်။
မိုးက သဲသထက် သဲလာသလို Sehunရှေ့က ဖြတ်သွားတဲ့သူတွေလဲ နည်းလာသည်။
မစောင့်နိုင်တဲ့ အဆုံး ကျောပိုးအိတ်ကို ခေါင်းပေါ်တင်ကာ အိမ်သို့ သုတ်ချေတင်ပြီး အမြန်ပြေးဖို့ ဟန်ပြင်လိုက်သည်။
အမိုးအောက်ကနေပြီး ၂လှမ်းလောက်ပဲ လှမ်းရသေးတယ် Sehunလက်ကို
တယောက်ယောက်က လှမ်းဆွဲလိုက်လေသည်။
"ငါ့မှာထီးပါတယ်။
ငါနဲ့ လိုက်ခဲ့"
ဟိုတစ်ပါတ်က ကျောင်းပြောင်းလာတဲ့ ကောင်လေးပဲ။
သူ့နာမည်က ခပ်ဆန်းဆန်း... ဘာတဲ့
Baekhyun ဆိုလား။
အဲ့ကောင်လေးက သူ့ရဲ့ထီးအကြီးကြီးကို
Sehunကိုယ်ပေါ် တဝက်လောက် မိုးပေးလာသည်။
"ကျေးဇူးနော် Baekhyun"
သူ့နာမည်ကို Sehunမှတ်မိနေတာကြောင့် ထိုကောင်လေး အံ့ဩသွားဟန်။
၂ယောက်တူတူ လျောက်လာရင်း မိုးက ပိုပိုပြီးသဲလာတာကြောင့် ထီးတစ်ချောင်းထဲနဲ့ သူတို့၂ယောက် မလုံတော့။
ထို့အပြင်လေပါ တိုက်နေတော့ ထိုBaekhyunဆိုတဲ့ကောင်လေးက ထီးမလွင့်သွားအောင် မနည်းထိန်းထားရဟန်။
နည်းနည်းလောက် ထပ်လျောက်ပြီးတော့ လေကပိုပြင်းလာတာကြောင့် Baekhyunရဲ့ ထီးက လန်သွားတော့တယ်။
သူတို့၂ယောက်လုံး မြင်နေရတဲ့ အိမ်တစ်အိမ်ရဲ့
တံစပ်မြိတ်အောက် ပြေးလိုက်ကြပြီး မိုးခိုရတော့တယ်။
"ငါ့အိမ်က ဒီလမ်းချိုးလေးတင်ဆိုရင် ရောက်ပြီ၊
မင်းအိမ်က ဝေးလား?"
ထိုကောင်လေးက Sehunဘက်ကို လှည့်ကာမေးသည်။
"ဝေးတယ်။ ရွာအပြင်ဘက်နားမှာ...
မိုးမတိတ်ရင် စာအုပ်တွေပါ ဆိုကုန်မှ။"
Sehun စိတ်ပျက်လက်ပျက်နဲ့ ညည်းငြူတော့
ထိုကောင်လေးက မသိမသာရယ်လေသည်။
ရယ်လိုက်တော့ ပေါ်လာတဲ့ သွားညီညီတန်းတန်းလေးတွေ၊ ပြီးတော့ နှုတ်ခမ်းပေါ်က မှည့်နက်လေး။
ထိုကောင်လေး တကယ် ချစ်စရာကောင်းသည်။
မျက်လုံးလေးတွေကလဲ မွေးကင်းစ ကြောက်ပေါက်လေးတွေလို.. မှေးမှေးလေး။
အတန်းထဲမှာလဲ Sehunနဲ့ မနီးမဝေးမှာ
ထိုင်တာပေမယ့် Sehunဒီလို သေချာမကြည့်မိ။
အတန်းထဲက ကောင်မလေးတွေ တိုးတိုး တိုးတိုး ပြောနေကြသလို ဒီကောင်လေး တကယ်ပင် ချစ်ဖို့ကောင်းသည်။
Sehunထိုကောင်လေး မျက်နှာကို သေချာကြည့်နေတုန်း ကောင်လေးကရုတ်တရက်
Sehunကိုကြည့်လာတာမို့ ရှက်ရှက်နှင့်မျက်နှာလွှဲလိုက်ရသည်။
"အိမ်က အရမ်းဝေးရင် မိုးတိတ်တဲ့ အထိ ငါတို့အိမ်မှာ နေမလား Sehun"
မိုးက ကြည့်လိုက်တာနဲ့ တိတ်မယ့်ပုံ မပေါ်တာကြောင့် Sehunလဲ သဘောတူလိုက်ရင်း
Baekhyun အိမ်လိုက်သွားမိသည်။
သူစိမ်းအိမ်ကို ပုံမှန်ဆို သွားလေ့မရှိပေမယ့်
ဘာကြောင့်မှန်းမသိ Baekhyunကိုတော့ ရင်းနီးနေသလို။
............................
"ဟုတ်ကဲ့ အဖွား... မိုးတိတ်ရင် ပြန်လာခဲ့မယ် သိလား? "
ရေနွေးထဲကို ပျားရည်တစ်စွန်းထည့်ကာမွှေရင်း
Sehunရှေ့ကို Baekhyun ယူလာပေးသည်။
Baekhyun ရဲ့ အခန်းကို ဝေ့ကြည့်လိုက်သော်လဲ ပစ္စည်းပစ္စယ က များများစားစား မရှိပေ။
"အွန်း... ဟုတ်တယ်.. ကျောင်းက သူငယ်ချင်း"
"ဟုတ်ကဲ့ အဲ့တာဆို ဒါပဲနော် အဖွား"
အဖွားဆီကို စိတ်ပူမှာ စိုးလို့ ဖုန်းဆက်ကာ
Baekhyun စောစောက ချပေးတဲ့ ရေနွေးခွက်ကို သောက်လိုက်သည်။
မိုးရေထဲ တော်တော်ကြာကြာ နေလာလို့ ထင်တယ်
ရေနွေးသောက်လိုက်တော့ နွေးသွားတာပဲ။
"Baekhyun အိမ်က လူကြီးတွေက ဘယ်တော့လောက်ပြန်ရောက်မှာလဲ Baekhyun?
အိမ်မှာ သူစိမ်းရောက်နေတာ လူကြီးတွေကြိုက်ပါ့မလား?"
Baekhyun က Sehunရဲ့ရှေ့နားမှာဝင်ထိုင်လိုက်သည်။
"ငါတစ်ယောက်ထဲနေတာ... လူကြီးတွေ မရှိဘူး"
"........"
" အဲ့တာကြောင့် ကျောင်းအပြန် တူတူဆော့ချင်ရင် အိမ်ကို ဝင်ခဲ့လေ"
ရေနွေးလေးခွက်လေးကို လက်နှစ်ဖက်နဲ့ ကိုင်ကာ
Sehunကို ပြုံးပြနေတဲ့ Baekhyun က ရေနွေးထက်တောင် Sehun ရင်ကို နွေးထွေးစေသည်။
အဲ့လိုနဲ့ အထက်တန်း ဒုတိယနှစ် ဆောင်းဦးက
စလို့ အထက်တန်း နောက်ဆုံးနှစ် အထိ Baekhyunနဲ့ Sehun တို့နှစ်ယောက် Baekhyunရဲ့ အိမ်လေးမှာ အားလပ်ချိန်တော်တော်များများကို ကုန်ဆုံးကြသည်။
Sehunအစက ထင်သည်က Baekhyunက ခပ်အေးအေးဟုပင်။
ကြာလာလေ Sehunရဲ့ အတွေးတွေက
မဟုတ်ကြောင်းကို Baekhyunက သက်သေပြလာသည်။
ကျောင်းမှာလဲ သူတို့က Senior တန်းမို့
Junior တွေနဲ့ရော အတန်းဖော်တွေနဲ့ပါ ခင်ခင်မင်မင် သွက်သွက်လက်လက် ရှိတာမို့
Baekhyun က Popular ဖြစ်သည်။
အဲ့အချက်ကို Sehun သဘောမကျပါ။
ပြီးတော့ Chanyeol နဲ့ Kyungsoo ဟူသော ကောင်လေး ၂ယောက်နဲ့ပါ Baekhyunက ရောရော ရောရောရယ်။
အဲ့လိုမျိုးတွေမြင်ရင် ဘာလို့လဲ မသိ Sehunမခံစားနိုင်။
Baekhyunကိုယ်တိုင်ကလဲ သူတို့ရှေ့ဆို ပြုံးဖြီးနေတာပဲ။
Sehunနဲ့ ဆိုရင်တော့ အရယ်အမောတွေ ရှိပေမယ့်
Baekhyun ရဲ့ မျက်နှာထားက
အရမ်းလေးနက် နေသလို။
တခါတလေဆို စ,နောက်ရာမှာတောင် Baekhyunက အထအန ကောက်လွန်းလေသည်။
ဒါပေမယ့်လဲ Baekhyunအိမ်ကို လိုက်လည်လို့ ရသည့် အခွင့်အရေးကတော့ Sehunတစ်ယောက်ထဲ အတွက်သာ ဖြစ်နေသေးသည်။
အခုလဲ သူတို့၂ယောက်လုံးက ရေကူးအားကစားကို
သဘောကျတာမို့ ကျောင်းကနေ အိမ်အပြန်လမ်းမှာ
Park Seon Kwan ရဲ့ Interview ကိုကြည့်ဖို့ Baekhyunတို့အိမ်ကို လာခဲ့သည်။
ဒီနေ့ Baekhyunက လိုတာထက် ပိုတိတ်ဆိတ်နေခဲ့သည်။
Sehunက ပြန်ခါနီး Seoulရေကူး Clubတစ်ခုမှာ
6လလောက် သွားနေမယ့်အကြောင်း ပြောလိုက်တာကြောင့် ဆိုတာ ဗေဒင်မမေးတောင်သိသည်။
ဘယ်တော့လောက် ပြန်လာဖြစ်မလဲ Sehunလဲ မသိပေ။
သူကိုယ်တိုင်လဲ အဲ့မှာ ကြာကြာနေချင်နေသေးကြောင်း Baekhyunကို ပြောမထွက်ပေမယ့် Baekhyunကတော့ ရိပ်မိနေသယောင်။
Seoulကို မသွားခင် ဒါနောက်ဆုံး Baekhyunအိမ်ကို လာတာ ဖြစ်နိုင်သည်မို့
အတတ်နိုင်ဆုံး Baekhyunနဲ့ ပျော်အောင် နေရမည်။
Interview ကြည့်ပြီး ခေါက်ဆွဲပြုတ်ပါ ကုန်သွားတော့ သိသိသာသာမှိုင်နေတဲ့ Baekhyun။
Baekhyunနားကို နည်းနည်းတိုးလိုက်ရင်း စလိုက်မိသည်။
"Park Seon Kwanရဲ့ ခန္ဓာကိုယ်က မိုက်လိုက်တာနော်။ ပခုံးကလဲ အကျယ်ကြီးပဲ။ ငါလဲ အဲ့လိုဖြစ်အောင် နည်းနည်းလောက် လေ့ကျင့်ရင် ကောင်းမလား။"
သူ့လက်မောင်းက ဗလတွေကို Baekhyunမြင်သာအောင် မြှောက်ပြရင်း Sehunပြုံးပြလိုက်သည်။
ရုတ်တရက် Baekhyunတစ်ယောက် Sehunရဲ့ ပခုံးပေါ်ကို မှီရင်း
"မဟုတ်ပါဘူး... Sehunie ရဲ့ ပခုံးကလဲ အကျယ်ကြီးပဲ"
ဆက်ပြောရင်း အနားကို တိုးလာကာ
Sehunရဲ့ ရင်ဘက်နားကို ကိုင်လာတဲ့ Baekhyunကြောင့် အသက်ရှူတောင် အောင့်ထားလိုက်မိသည်။
"Sehun က အခုငါ့ဘေးနားမှာရှိနေတာတောင်
အရမ်းတောက်ပနေတာ နောက်ဆို သူ့ထက်တောင် ပိုတောက်ပတဲ့ သူဖြစ်လာမှာ...
ငါနဲ့ အဝေးမှာတောက်ပနေတဲ့ ကြယ်လိုမျိုး"
လို့ ထပ်ပြောကာ Baehyunက သူ့ပခုံးပေါ်မှီချလိုက်သည်။
Baekhyun ပြောလိုက်တဲ့ စကားအဆုံး
Sehunစိတ်ထဲ ဟာသွားသလို ရင်ခုန်သံတွေလဲ မြန်လာခဲ့သည်။
Baekhyunသာ Sehunကို ဆက်မှီနေသေးရင်
သူ့ရင်ခုန်သံတွေ Baekhyunကြားသွားမှာ အသေအချာပင်ဖြစ်လေသည်။
ဘာကြောင့်မှန်းမသိ Baekhyun ကိုအသာတွန်းကာ
Sehun စကားလမ်းကြောင်း လွှဲမိသည်။
"Yah! Byun Baekhyun!! သူများကိုယ်ကို ခွင့်မတောင်းဘဲ မင်းကိုင်ချင်တိုင်း ကိုင်မနေနဲ့!!!"
အဲ့ဒီ့နေ့ Baekhyunရဲ့ အိမ်က အပြန်လမ်းဟာ သူ့အတွက် မေးခွန်းတွေ အပြည့်ဖြစ်နေခဲ့သည်။
သူBaekhyun ကို တကယ်ပဲ သူငယ်ချင်းထက် ပိုနေမိပြီလား ဆိုတဲ့မေးခွန်းက အခက်ခဲဆုံး ဖြစ်နေလေသည်။
.....................................
အထုတ်အပိုးတွေ ထည့်နေရင်းနဲ့
ဘေးနားက ကြောင်လေးကို မ,ချီကာ
ကလိနေလိုက်သည်။
" ငါရဲ့ Baekhyuneeလေး ငါမရှိရင် ဘယ်သူက အစာလာကျွေးပါ့မလဲ? နော်... နော်"
ပြောပြောဆိုဆိုနဲ့ ကြောင်ရဲ့ လက်၂ဖက်ကို ညှစ်လိုက်တာမို့ ကြောင်လေးက သူ့ကို အော်လေသည်။
"ငါရဲ့ နောက်ထပ် Baekhyunee လေးလဲ ငိုနေမလား မသိဘူးနော်.. Hyunee"
ကြောင်ကို Hyunee ဆိုပြီး တညံညံခေါ်နေတာကြောင့် အဖွားက မျက်စောင်းတထိုးထိုးရယ်။
Sehun ကိုယ်တိုင်လဲ သူတို့အိမ်က ကြောင်ပေါက်လေးကို ဘာလို့ Baekhyunee လို့ ပေးလိုက်မိမှန်းမသိ။
Baekhyunလဲ Hyuneeလိုပဲ
မျက်လုံးမှေးမှေးလေးတွေရယ်။
သေချာတာကတော့ သူBaekhyunee ကိုရော
Hyuneeကိုရော ချစ်ပါသည်။
...............................................................
Moira