psycho boy(YiZhan)

By ParkSooHun0

593K 31.4K 1.3K

#wangxiao #wangyibo #xiaozhan Start-5.11.2019 End-15.12.2019 More

‌part 1
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15(ENDING)

part 2

43.3K 2.4K 95
By ParkSooHun0

[Unicode]

အလုပ်စလုပ်ရမယ့်နေ့ဆိုတော့လူကအစောကြီးနိုးနေခဲ့သည် နာရီကိုကြည့်လိုက်တော့လေးနာရီပဲရှိသေးတာမို့အိပ်ရာထဲပြန်လဲနေလိုက်သည်

"နိုးစက်ပေးထားမှမတော်လို့ပြန်အိပ်ပျော်သွားရင်ချက်ချင်းအလုပ်ထုတ်ခံထိနေမယ်"

ငါးနာရီလောက်မှာနိုးစက်ပေးထားလိုက်သည် မနက်ခင်းပိုင်းမှာအေးကအေးဆိုတော့ဒီလိုစောင်ထဲမှာနေရတာကိုကဇိမ်ခံလို့အတော်ကိုကောင်းလွန်းသည်မလား

"အား နွေးနေတာပဲ"

ငါးနာရီထိုးတော့နာရီနိုးစက်ထမြည်လာတယ်

"အယ် ငါကမှိန်းနေရုံလေးရှိသေးတာကို မြန်လိုက်တဲ့အချိန်"

ဒီလိုနဲ့ကျွန်တော်လည်းမထချင်ထချင်နဲ့အိပ်ယာပေါ်မှထလာခဲ့တယ်အခုသူများအိမ်မှာအလုပ်လာလုပ်နေရတာဆိုတော့မထလို့လည်းမရ
ဒီလိုနဲ့မျက်နှာသစ်ကာ သခင်လေးဆိုသူရဲ့အခန်းဆီသို့

ခုချိန်သူအိပ်နေဦးမယ်ထင်တယ်

တံခါးကိုဖြည်းဖြည်းချင်းဖွင့်ကာအခန်းထဲကိုတိတ်တဆိတ်ဝင်လာခဲ့သည် ထို့နောက်ကြမ်းပြင်ပေါ်မှာပုံနေတဲ့အဝတ်အချို့ကိုယူကာကျွန်တော်ယူလာတဲ့ခြင်းထဲထည့်လိုက်သည် ထို့နောက်ထိုခြင်းကိုယူပြီးအပြင်ကိုပြန်ထွက်မယ်ဆိုပြီးနောက်ကိုအလှည့်ရုတ်တရက်ပေါ်လာတဲ့သခင်လေးကြောင့်လူကအတော်လန့်ပြီးနောက်ကိုဖင်ထိုင်ရက်လဲကျသွားရသည်

"နိုး...နိုးနေပြီလား တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်နိုးသွားတာထင်တယ် ကျွန်တော်တကယ်တောင်းပန်ပါတယ်"

သေလိုက်တော့ xiao zhan ရေ မင်းအခုသေလိုက်တော့

"မဟုတ်ပါဘူး ငါအစောကြီးထဲကနိုးနေတာ မင်းလည်းရောက်လာပြီဆိုတော့ရေနွေးစပ်ပေးငါရေချိုးချင်တယ်"

"ဒါမဲ့ အစောကြီးရှိနေသေးတော့အရမ်းအေးမယ်ထင်....."

"ငါ ရေ ချိုး ချင် တယ်"

ဒီကောင်ကဘာလဲဟအကောင်းလိုက်ပြောပေးနေတာကိုသူ့စိတ်ချည်း အေချိုးချင်သပဆိုလည်းစပ်ပေးမယ် အအေးမိမိသွားရင်နတာ့ငါ့အဆိုးမဆိုနဲ့

ရေနွေးစပ်ဖို့ရေချိုးခန်းထဲဝင်သွားတဲ့xiao zhanကိုကြည့်ပြီး yibo နှုတ်ခမ်းထက်၌ဖြစ်တည်လာတဲ့အပြုံးတစ်ခု

ဘာမှမလုပ်ပဲနေနေတာတောင်မှပဲGegeအရမ်းချစ်ဖို့ကောင်းလွန်းနေတယ်

မိနစ်အနည်းငယ်ကြာတော့

"ရေချိုးလို့ရပါပြီ"

"အကျီလာချွတ်ပေး"

"ဟင်!"

"ဘာလဲ..မလုပ်ပေးနိုင်ဘူးလား"

"မဟုတ်ပါဘူး ကျွန်တော် လုပ်နိုင်ပါတယ်"

ကျွန်တော့်အကျီကိုချွတ်ပေးရင်းသူ့လက်ချောင်းလေးတွေက
ကျွန်‌တော့်ရင်ဘတ်ကိုလာတောကြောင့်ရင်ဘတ်ထဲကအကောင်ကခုန်ပေါက်လို့နေလေပြီ သူ့ဘက်ကိုမသိမသာကြည့်လိုက်တော့ သူကအေးအေးဆေးဆေးပင်ကျွန်တော်အကျီကိုချွတ်ပေးနေသည်
ဘောင်းဘီချွတ်ရမယ့်အချိန်ရောက်တော့သူကကျွန်တော့်ခါးအောက်ပိုင်းကိုသဘတ်နဲ့အရင်ဖုံးပြီးမှဘောင်းဘီကိုချွတ်ပေးသည် အားလုံးချွတ်ပြီးပြီဆိုတာနဲ့သူကတွန်းလှဲကိုရေချိုးခန်းထဲထိတွန်းလာခဲ့သည်

ပြီးတာနဲ့အပြင်ကိုမထွက်ဘဲကျွန်တော့်ဆီကိုကုန်းလာတာကြောင့်

"ဘာလုပ်တာလဲ"

"ရေချိုးမယ်ဆိုအဲ့တာကြောင့်ရေချိုးပေးမလို့လေ"

"တော်ပြီ ငါ့ကိုယ်ငါချိုးနိုင်တယ် မင်းကငါဝတ်ရမယ့်အကျီထုတ်ထားပေး"

"တကယ်ရရဲ့လား ဒါဆိုလည်းသခင်‌လေးရေချိုးကန်ထဲဝင်လို့ရအောင်ကူပေးမယ်လေ ချီပေးဆိုလည်းရပါတယ် ကျွန်တော်သခင်လေးကိုနိုင်တယ်"

"တော်! အပြင်ထွက်တော့ကျန်တာငါ့ကိုယ်ငါဆက်လုပ်မယ်"

ပြော‌ရင်းနားရွက်တွေကောပါးတွေကိုနီရဲလာတဲ့သခင်လေးကိုကြည့် Xiao zhanခမျာရယ်ချင်ပက်ကျိဖြစ်နေသည်

သူရှက်နေတာကို အမလေးယောကျာ်းအချင်းချင်းကိုပဲလာရှက်နေသေးတယ် မင်းမှာရှိတဲ့ဟာနဲ့ငါ့မှာရှိတဲ့ဟာကတူတူပါပဲ

တကယ်တော့yiboကအဲ့တာကြောင့်ရှက်တာမဟုတ်ပဲ Xiao zhanကသူ့ကိုချီဖို့လုပ်နေတာကိုမနေတတ်လို့မျက်နှာရဲသွားဖြစ်သည်

အပြင်ကိုပြုံးစိစိနဲ့ထွက်သွားတဲ့xiao zhanကိုကြည့်ပြီးyiboဟက်ခနဲရီလိုက်သည်

"သေးသေးလေးနဲ့ငါ့ကိုချီအုံးမယ်တဲ့"

အကျီထုတ်ဖို့အဝတ်ဘီဒိုဖွင့်လိုက်တော့

"ဟင်အမဲတေချည်း ဘယ်မလဲကျောင်းဝတ်စုံ"

နောက်ထပ်ဘီဒိုတစ်လုံးကိုဖွင့်လိုက်တော့လည်းထိုနည်းတူစွာအမဲရောင်အဝတ်အစားတွေ

"သူကအမဲရောင်favထင်တယ်"

ဒေါက် ....ဒေါက်

ရေစိမ်နေတုန်းတံခါးခေါက်သံကြားတော့ ဘာများဖြစ်လို့လဲဆိုပြီးစိတ်ပူသွားတာအမှန်ထို့ကြောင့်ဘေးနားကဝှီးချဲလေးကိုအမြန်ဆွဲယူကာအားယူထလိုက်ပြီးအရှက်လုံစေရန်တစ်ဘက်ဖြင့်ဖွားဖက်တော်ကိုဖုံးထားလိုက်သည်

"ဘာဖြစ်တာလဲ"

သခင်လေးအသံကြားမှအခန်းတံခါးကိုဖွင့်ပြီးကျောင်းဝတ်စုံဘယ်နားရှိလဲဆိုတာကိုမေးဖို့လုပ်တုန်း

Oh my god ရေတေရွဲနေတဲ့သူ့ကိုယ်ကလန်းတာ ပြောတော့လမ်းမလျောက်တတ်ဘူးတဲ့ အဲ့ six pack တေကဘယ်ကရ

ကိုယ့်ကိုရှေ့မှာထားပြီးကိုယ့် six pack ကိုပေါ်တင်ငမ်းနေတဲ့အဲ့ကောင်လေးကိုကြည့်ပြီး

ခုဏကအကျီချွတ်ပေးနေတုန်းအာရုံမရလို့မမြင်လိုက်ပေမယ့်သူ့six packကတော်တော်လန်းတယ်

"ကြိုက်လား"

"အင် ကြိုက်တယ် ကျွန်တော်လည်းအဲ့လို six pack လေးရချင်နေတာ"

Yibo.ဒါဆိုကိုင်ကြည့်ချင်လား

"ဗျာ! ရပါပြီ မကိုင်တော့ပါဘူး"

"ဒါဆိုတံခါးလာခေါက်တာကဘာကိစ္စ"

ဟုတ်သားပဲသူ့six packကိုကြည့်ပြီးလာရင်းကိစ္စကိုတောင်မေ့နေပြီ

"ကျွန်တော်ကျောင်းဝတ်စုံကဘယ်မှာရှိလဲလာမေးတာပါ"

"ဘီဒိုရဲ့အောက်ဆုံးထပ်မှာ"

"ဟုတ်ကဲ့ ဒါဆိုရေကောင်းကောင်းဆက်ချိုးပါ"

"ကိုယ်လည်းရေချိုးလို့ပြီးနေပါပြီ နောက်ငါးမိနစ်နေရင်လာခေါ်လှည့်"

"ဟုတ်ကဲ့ပါ"

ကျောင်းဝတ်စုံလဲနေရင်းသခင်လေးကကျွန်တော့်ကိုကြည့်ပြီး

"ငါ့ကိုအဝတ်လဲပေးပြီးရင်အဲ့ထဲကမင်းနဲ့တော်မယ့်ဝတ်စုံကိုယူပြီးသွားလဲတော့"

"သခင်လေးတကယ်တော့ ကျွန်တော်ကျောင်းမတက်လည်းရပါတယ် ကျွန်တော့်အလုပ်ကသခင်လေးပေးထားတဲ့လစာနဲ့စာရင်တော်တော်လေးတောင်များနေပါပြီ အဲ့တာကြောင့်ကျွန်တော်မတက်ပါရစေနဲ့တော့နော်"

"အဲ့တာကိုဘာလို့အခုမှပြောတာလဲ ငါမင်းကိုကျောင်းအပ်ပေးလိုက်ပြီ ကျောင်းဝင်ကြေးလည်းပေးပြီးပြီ"

"ဗျာ!"

"ကျောင်းဝင်ကြေးကယွမ်ခြောက်သောင်း ဒါပေမယ့်အဲ့တာကပေးပြီးရင်ပြန်ထုတ်လို့မရတော့ဘူး"

ယွမ်ခြောက်သောင်း!!!အဲ့ကျောင်းကဘယ်လိုကျောင်းမို့လို့အဲ့လောက်ထိပေးရတာလဲချီးပဲ အဲ့ဒီအစားငါ့ကိုအဲ့ပိုက်ဆံခြောက်သောင်းပေးရင်ပြီးနေပြီကို ကျစ် အသက်ကြီးမှစာပြန်ကျက်နေရတယ် လူကြားမကောင်းလို့

ဘယ်လိုလဲတက်မှာလား မတက်ဘူးလား"

"တက်မယ်!"

ရူးနေလို့မတက်ပဲနေရမှာလား

"ဒါဆိုရင်မြန်မြန်သွားလဲလိုက်တော့"

ကျောင်းဝတ်စုံလဲပြီးသခင်လေးအခန်းကိုပြန်သွားတော့သခင်လေးကအခန်းထဲမရှိနေတော့ထို့ကြောင့်အောက်ထပ်ကိုအမြန်ဆင်းလာခဲ့လိုက်သည်

"ကြာသွားလို့တောင်းပန်ပါတယ်"

"ဖြေးဖြေးလုပ်လဲရပါတယ် ကိုယ်မင်းကိုမထားခဲ့ပါဘူး"

ထမင်းဝိုင်း‌မှာရောက်နေတာတောင်ထမင်းထိုင်မစားဘဲသူများနည်းတူရပ်နေတဲ့GeGe

"မနက်ပိုင်းဆိုကျောင်းမှာထမင်းမရဘူးနော်"

သခင်လေးဘာပြောတာလဲဆိုတာကိုနားလည်တာမို့

"ရပါတယ် ကျွန်တော်နောက်မှဆိုင်တွေမှာပေါင်မုန့်ဝင်ဝယ်လိုက်ပါမယ်"

"အဟွန်း GeGe GeGeကျွန်တော်နဲ့တစ်ခုံထဲထမင်းမစားချင်လို့လား"

"မဟုတ်ပါဘူး"

"ဒါဆိုဒီမှာထိုင်စား"

သူ့ဘေးကခုံမှာထမင်းစားဖို့ခေါ်နေတာကြောင့်xiao zhanအလိုက်သတိထိုင်လိုက်သည်

"ဒီနေရာကgegeနေရာ ထမင်းစားရင်အမြဲဒီနေရာမှာထိုင်စားရမယ် ကျွန်တော့်စကားကိုနားထောင်မယ်မလား"

"ဟုတ်..ကဲ့"

သခင်လေးရဲ့ကားကျောင်းရှေရောက်လာတာနဲ့ကားရှေ့တွင်အုံကြွလာတဲ့မိန်းခလေးယောကျ်ားလေးများ သခင်လေး မျက်နှာမှာလည်းအေးတစ်ထက်အေးလားပြီးသူ့အကြည့်တွေတောင်ကြောက်စရာကောင်းလာသည်

ကားပေါ်ဆင်းလာတာနဲ့သက်တော်စောင့်များကတစ်ဖက်တစ်ချက်စီအကာအကွယ်ပေးကြသည် ထို့သို့သက်တော်စောင့်များကာထားသည့်ကြားမှ ကောင်မလေးတစ်ယောက်အတင်းဝင်လာပြီး သခင်လေး ရှေ့တွင်ရပ်ကာ

"gege gege အတွက်ကိတ် ကျွန်မကိုယ်တိုင်ဖုတ်လာတာ"

အမယ်သူကိုယ်တိုင်ဖုတ်လာတာဆိုပဲ လှတော့လှသား

"ခွေးကျွေးလိုက်"

ဟင် ကောင်မလေးတစ်ယောက်ကအရဲစွန့်ပြီးလာပေးတာကို ဘယ်လိုတေတောင်ပြောလိုက်တာလဲအဲ့ဒီအစားငါ့ကိုပေးလိုက်ပါလား ငါကောင်းကောင်းစားပေးမှာပေါ့

"သွားရအောင် Ge!"

သူတို့သွားတောxiao zhanအနောက်မှာကျန်ခဲ့တဲ့ကောင်မလေးကိုဘာရယ်မဟုတ်လှည့်ကြည့်လိုက်မိသည်

ငိုနေတာပဲ သနားပါတယ်

"လှလို့လား"

"ဗျာ ဘာကိုပြောချင်တာလဲမသိ"

"အဲ့ကောင်မလေးကိုပြောတာ Geကလှည့်ကြည့်နေတယ်ဆိုတော့ကောင်မလေးကGeမျက်လုံးထဲအရမ်းလှနေလို့လား"

"အာ အင်လှပါတယ်"

ကျွန်တော်ပြောတော့သခင်လေးကကောင်မလေးကိုပြန်လှည့်ကြည့်လိုက်သည်

နေဦးသူဒေါသထွက်နေတာလား ဘာလို့လက်သီးတွေဆုတ်ပြီးအံ့တွေကြိတ်နေတာလဲ အဲ့ကောင်မလေးကိုသူကြိုက်နေလို့လား ဖြစ်နိုင်တယ် ဇာတ်ကားထဲကလိုအပေါ်ယံမှာတော့ဂရုမစိုက်သလိုလုပ်နေပေမယ့် နောက်ကွယ်မှာတော့ကောင်မလေးကိုစောက်ရှောက်နေတတ်တာမျိုး

"Geဘယ်ထိဆက်သွားဖို့လုပ်နေတာလဲ"

"ဟင် "

"နောက်မှာငါတို့အခန်း ဒီထက်ဆက်သွားရင်အိမ်သာပဲကျန်တယ်"

"ဟုတ်ကဲ့ တောင်းပန်ပါတယ်"

ဝှီးချဲကိုအနောက်ပြန်လှည့်လိုက်ပြီး အခန်းထဲဝင်ဖို့တံခါးကိုတွန်းလိုက်တော့

"ဟင် ဘာလိုခုံက"

Yibo.ဒီအခန်းမှာမင်းနဲ့ကိုယ်နဲ့နှစ်ယောက်တည်း

"ဗျာ!!???"

[Zawgyi]




"အား နွေးနေတာပဲ"










"ငါ ရေ ချိုး ချင် တယ်"





"ရေချိုးလို့ရပါပြီ"

"အကျီလာချွတ်ပေး"

"ဟင်!"





"ဘာလုပ်တာလဲ"














ဒေါက် ....ဒေါက်


"ဘာဖြစ်တာလဲ"





"ကြိုက်လား"










"ဟုတ်ကဲ့ပါ"





"ဗျာ!"




"တက်မယ်!"











"မဟုတ်ပါဘူး"

"ဒါဆိုဒီမှာထိုင်စား"



"ဟုတ်..ကဲ့"

သခင်လေးရဲ့ကားကျောင်းရှေရောက်လာတာနဲ့ကားရှေ့တွင်အုံကြွလာတဲ့မိန်းခလေးယောက်ျားလေးများ သခင်လေး မျက်နှာမှာလည်းအေးတစ်ထက်အေးလားပြီးသူ့အကြည့်တွေတောင်ကြောက်စရာကောင်းလာသည်




"ခွေးကျွေးလိုက်"


"သွားရအောင် Ge!"


ငိုနေတာပဲ သနားပါတယ်

"လှလို့လား"



"အာ အင်လှပါတယ်"




"ဟင် "




"ဟင် ဘာလိုခုံက"


"ဗျာ!!???"

Continue Reading

You'll Also Like

22.1M 683K 29
"Ethan." Aiden pauses. "I want you." He softly bites my ear. "I want to kiss you more than you will ever know." Trying to avoid the daily beatings of...
151K 21.9K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
71.6K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]