Love Is Accident (Completed)

By YuYuki94

236K 10.9K 141

Fan Fiction More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Extra
Extra-1
Extra-2
Extra-3
Jealousy
Intro (Unicode)
Part-1 (Unicode)
Part-2 (Unicode)
Part-3 (Unicode)
Part-4 (Unicode)
Part-6 (Unicode)
Part-7 (Unicode)
Part-8 (Unicode)
Part-9 (Unicode)
Part-10 (Unicode)
Part-11 (Unicode)
Part-12 (Unicode)
Part-13 (Unicode)
Extra-1 (Unicode)
Extra-2 (Unicode)
Extra-3 (Unicode)
Jealousy (Unicode)
Announcement

Part-5 (Unicode)

2.7K 162 0
By YuYuki94

Yibo POV:

ကျွန်တော် အိမ်ရောက်တော့ရေချိုးပြီးအင်္ကျီလဲပြီးတော့ Yi Aww ဆီကဖုန်းလာတယ်...

ကို ဘယ်ရောက်နေပြီလဲ Yi Aww ပြီးသွားပြီ အိမ်မှာစောင့်နေတယ်နော် မြန်မြန်လာနော်

"အေး ခဏနေထွက်လာတော့မယ် ဒါပဲ

ကျွန်တော်ပြောပြီးတာနဲ့ ဖုန်းချပစ်လိုက်တယ်.  ကျွန်တော်ပွဲနဲ့လိုက်မယ့် အင်္ကျီလေးဝတ် ပြီးထွက်လာခဲ့ လိုက်တယ်

Yi Aww အိမ်ရှေ့ရောက်တော့ သူမအဆင်သင့်စောင့်နေတာတွေ့တယ် သူမကိုခေါ်ပြီးတာနဲ့ ထွက်လာခဲ့ လိုက်တယ် သူမအမေက စကားပြောတာကိုတောင် ကျွန်တော်နားမထောင်ဘဲ ကားကိုမောင်းထွက်လာခဲ့တယ် ပွဲရောက်တော့ ကျွန်တော်တို့နည်းနည်းနောက်ကျတော့ဧည့်သည်တွေ အကုန်အထဲရောက်နေပြီနဲ့တူတယ်

ဒါပေမဲ့ ကျွန်တော်ထက်ကြီးမယ်ထင်တဲ့ အစ်ကိုအရွယ်ေ ကာင်လေးတစ်ယောက်က အနားကို ရောက်လာပြီး

မင်္ဂလာပါညီ အစ်ကိုက Lanscape က MD ပါညီ တွေ့ရတာဝမ်းသာပါတယ်

မင်္ဂလာပါအစ်ကို ကျွန်တော်က Rising Sun Group က Director Wang YiBo ပါ တွေ့ရတာ ဝမ်းသာပါတယ် သူမက.

မင်္ဂလာပါ ကျွန်မက Wang Yibo နဲ့မကြာခင်စေ့စပ်မယ့် Yi Aww ပါ

အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်

လာ ညီပွဲကစနေပြီ အစ်ကိုနေရာလေးလိုက်ပြမယ်

ကျွန်တော် သူတို့နှစ်ယောက်ကိုနေရာချပေးပြီးတော့ ညီကအနောက်မှာထိုင်နေတာတွေ့တာနဲ့ ညီ့အနား သွားလိုက်တယ်

ညီ ဘာလို့ရှေ့မှာမထိုင်တာလဲ ချောင်မှာကပ်ပြီးဘာလုပ်နေတာလဲ

အော် မဟုတ်ပါဘူး ရှေ့မှာဆို စိတ်အိုက်လို့ပါ အစ်ကို အစ်ကိုရှေ့မှာထိုင်လေတအောင့်နေ စကားပြော ရမယ့် ဟာကို

အင်း အစ်ကိုသွားလိုက်မယ်နော် တခုခုဆို အစ်ကိုကို့ဖုန်းဆက်လိုက်နော်

ဟုတ် အစ်ကို

အမှန်တော့ ကျွန်တော်အစ်ကို့ကို လိမ်ပြောလိုက်တာ ကျွန်တော့်ဘဝကိုဖျက်စီးတဲ့ကောင် ကိုမကြည့်ချင်ဘူး မမြင်ချင်ဘူး ဖြစ်နိုင်ရင် ပွဲကနေတောင်ထ ထွက်သွားချင်တာ

ကိုယ့်မှာတော့ သူပေးတဲ့ဒုက္ခတွေနဲ့တစ်နေ့မှ မေ့လို့မရတဲ့ ကျွန်တော့်အမုန်းစာရင်းထိပ်ဆုံးကသူဘဲ သူ့ကိုမုန်းတာ စိတ်နာတာအခုထိ မြင်တာနဲ့ဒေါသထွက်မိနေတုန်း

သူကတော့ အေးဆေးဘဲ ဘေးမှာ မိန်းမတစ်ယောက်နဲ့ စိတ်ချမ်းသာပြီးပျော်နေတဲ့ရုပ်နဲ့ ကိုယ့်မှာတော့ဒေါသတွေ ဒုက္ခတွေနဲ့ မုန်းတယ် မင်းကို မင်းမျက်နှာ ငါ့ရှေ့ဘာလို့ပေါ်လာတာလဲ တစ်သက်လုံးပျောက်နေပါလား အခုဘယ်ကနေထွက်လာတာလဲ

ကျွန်တော်ထိုင်နေရင် ဒေါသဖြစ်နေရအုံးမယ် အဲ့ဒါနဲ့ Toilet သွားရန်ထွက်လာခဲ့လိုက်တယ်..

Yi Aww ခဏလေး ငါ toilet သွာလိုက်အုံးမယ် နင့်ဆီထွက်လာတာ Neckties သေချာမစည်းခဲ့တော့ တမျိုး ဖြစ်နေလို့ သွားစည်းလိုက်အုံးမယ်

"အင်း ကို သွားလေ

ကျွန်တော်သူမကိုပြောပြီးတာနဲ့ Toilet ဘက်ထွက်လာလိုက်တယ်.Toilet ထဲဝင်လိုက်တာနဲ့ လက်ဆေးတဲ့နေရာမှာတွေ့လိုက်တဲ့သူက.

အစ်ကို အစ်ကိုဟုတ်တယ်မှတ်လား

မင်း ဘယ်သူလဲဘာတွေလာပြောနေတာလဲ ငါမသိဘူး

အစ်ကို မလိမ်နဲ့နော် အစ်ကိုဘယ်ရောက်နေတာလဲ ကျွန်တော်အစ်ကို့ကိုလိုက်ရှာတာ နှံ့နေပြီ အခုမှတွေ့တော့ တယ် အစ်ကိုဘယ်မှာနေတာလဲ ဘာတွေလုပ်နေတာလဲ ပြီးတော့ဒီကိုဘယ်လိုရောက်နေတာလဲ

ဒီမှာ ငါမင်းကို မသိဘူး ပြီးတော့ငါ့အကြောင်းတွေကို မင်းကိုဘာလို့ပြောပြရမှာလဲ ငါ့ဘာသာဘာလုပ်လုပ် မင်းနဲ့ဘာဆိုင်လဲ

ကျွန်တော်လဲ သူ့ကိုငြင်းပြီးတာနဲ့ထွက်လာတော့ သူက ကျွန်တော်လက်ကိုလှမ်းဆွဲလိုက်ပြီး.

အစ်ကို ကျွန်တော်လူမမှားဘူး ကျွန်တော်နဲ့မှားယွင်းမိတဲ့လူကိုမမှတ်မိလောက်အောင်မတုံးဘူး

မင်း အဲ့ဒီညကအကြောင်းကို အခုအရသာခံပြီးပြောနေတာလား ဖယ်ပေးငါသွားမယ်

အစ်ကို အခုကျွန်တော့်ကိုပြန်ပြောလိုက်တာက အဲ့နေ့ကအစ်ကိုမှန်းသိအောင် အစ်ကိုကိုယ်တိုင်ပြောလိုက်တာ ဘဲ မဟုတ်ဘူးလား ကျွန်တော်မေးတာဖြေမဖြေရင် မလွှတ်ဘူး

မင်း ဟုတ်တယ် မင်းဖယ်ပေး ငါ့ကိုဇွတ်တရွတ်လာမလုပ်နဲ့ ဖယ်ပေးငါ့မင်းကိုထိုးမှာ မလုပ်ရဲဘူး မထင်နဲ့

အစ်ကို ထိုးလည်းခံမယ် ကျွန်တော့်ကို အစ်ကိုဘယ်မှာနေပြီး ဘာလုပ်နေလဲဆိုတာပြောပေးရင် လွှတ်ပေးမယ်

မင်း ငါ့ကိုအနိုင်မကျင့်နဲ့နော် ဖယ်

ကျွန်တော်တို့ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း Toilet ဝင်လာသူအချို့ကြောင့်သူကျွန်တော့်ကို လွှတ်လိုက်တယ်

ကျွန်တော်လည်းအခွင့်အရေးရတာနဲ့ ပြေးထွက်ခဲ့တယ်. နောက်တခါသူဆီမှာ ထပ်မကျရှုံးချင်တော့ဘူး..

ကျွန်တော်ပွဲထဲပြန်ရောက်တော့အစ်ကိုကကျွန်တော်ထိုင်နေတဲ့ခုံနားမှာ မတ်တပ်ရပ်နေတယ်...

ညီ ဘယ်သွားနေတာလဲ အစ်ကိုကညီပျောက်လို့လိုက်ရှာနေတာ ညီမျက်နှာဘာဖြစ်နေတာလဲ ပင်ပန်းနေပြီလား

မဟုတ်ပါဘူး ညီ Toilet သွားနေတာ ပြီးတော့ညီအိမ်ပြန်နှင့်လို့ရလားအစ်ကို

ညီ ဘာဖြစ်လို့လဲ နေမကောင်းလို့လား ဘာနားဘာဖြစ်နေလို့လဲ

မဟုတ်ဘူးအစ်ကို ညီခေါင်းနည်းနည်းကိုက်နေလို့ ပြီးတော့ ပွဲကပြီးတော့မှာမှတ်လား အဲ့ဒါကြောင့်ညီအရင် ပြန်လို့ရမလား

ကျွန်တော်အစ်ကိုနဲ့ စကားပြောနေတုန်း သူပွဲကိုအတူလာတဲ့ကောင်မလေးနဲ့ အစ်ကိုဆီကို လျှောက်လာပြီး

အစ်ကို ကျွန်တော်တို့ပြန်တော့မလို့ အစ်ကို့ကိုလာနှုတ်ဆက်တာ အော်ဒါနဲ့သူက..

ညီ ပြန်တော့မလို့လား အော်သူက အစ်ကို့ညီလေ Xiao Zhan တဲ့ အခုပွဲကိုသူဘဲဦးဆောင်ပြီးလုပ်တာညီ

အော် ဟုတ်လား တွေ့ရတာဝမ်းသာပါတယ် အစ်ကို ကျွန်တော်က Rising Sun က Director Wang Yibo ပါ

မင်္ဂလာပါ ကျွန်မက Wang Yibo နဲ့မကြာခင်သက်ဆိုင်တော့မယ့် သူ့ကောင်မလေး Yi Aww ပါ

အင်း ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်

သူက ကျွန်တော့်ကိုလက်ဆွဲနှုတ်ဆက်ဖို့လှမ်းပေးတယ် ကျွန်တော်အမှန်တိုင်းပြောရင် မနှုတ်ဆက်ချင်ဘူး ဒါပေမဲ့ အစ်ကို့မျက်နှာကြောင့် လက်ဆွဲနှုတ်ဆက်လိုက်တယ် ဒင်းကလက်ကိုဆွဲထားတာ ပြန်မလွှတ်ပေးဘူး ကျွန်တော် အတင်းရုန်းလိုက်ရတယ် အစ်ကိုတို့က သတိမထားမိဘူးလေ ကျွန်တော်လည်း အစ်ကို့ကို

အစ်ကို ညီ Taxi ငှားပြီ ပြန်နှင့်မယ်နော် အော် Wang Yibo ကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး

ကျွန်တော်လည်း နှုတ်ဆက်ပြီးတာနဲ့ အမြန်ထွက်လာခဲ့တယ် ဒင်းနဲ့မျက်နှာချင်းမဆိုင်ချင်လို့လေ

အော် အစ်ကို Wang Yal ကျွန်တော်တို့ကိုလည်း ခွင့်ပြုပါအုံး

ဟုတ်ကဲ့ညီ ကျေးဇူးနော် အစ်ကိုတို့ Product အသစ်ကိုလည်းသုံးပေးအုံးနော်

ဟုတ် အစ်ကို ကျွန်တော် ပါးကိုတိုင်ပင်ပြီး နောက်ပိုင်းအစ်ကိုတို့နဲ့အလုပ်တွဲလုပ်ဖို့ပြောကြည့်ပါ့မယ်

ကျွန်တော်လည်း Wang Yal ကိုနှုတ်ဆက်ပြီးတာနဲ့ ထွက်လာခဲ့လိုက်ပြီး Taxi ကိုခေါ်လိုက်တယ်

Yi Aww ငါသွားစရာတခုပေါ်လာလို့ နင် Taxi နဲ့ပြန်လိုက်

ကျွန်တော်ကို သူမဘာမှပြန်မပြောခင် Taxi ပေါ်တင်ပေးလိုက်ပြီး ကားသမားမောင်းတော့ လို့ပြောလိုက်ရတယ်

ကျွန်တော်လည်း သူ့နောက်ကိုအမှီလိုက်ဖို့လိုတယ်

ကားအမြန်မောင်းထွက်လားပြီး အစ်ကိုငှားသွားတဲ့ Taxi နောက်ယောင်ခံပြီး လိုက်လာခဲ့တယ်

နောက်ဆုံးအစ်ကို Taxi ကားလေးက ဖိုးစိန်လမ်းကခြံတစ်ခြံရှေ့မှာရပ်တာတွေ့လိုက်တယ် Ok လေကျွန်တော် ဘာဆက်လုပ်ရမလဲသိသွားပြီ

#Everyday is Smiling.

Continue Reading

You'll Also Like

136K 6.3K 35
"I can never see you as my wife. This marriage is merely a formality, a sham, a marriage on paper only." . . . . . . She was 10 years younger than hi...
1.1M 37.1K 63
π’π“π€π‘π†πˆπ‘π‹ ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 π–π‡πˆπ‚π‡ jude bellingham finally manages to shoot...
197K 4.1K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
411K 24.8K 84
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...