မ်က္၀န္းမ်ားကို မွိတ္ခ်လိဳက္ေသာ္လည္း အၾကည့္ရဲရဲ တစ္ခုက ကြၽန္မ အျမင္အာ႐ုံထဲတြင္ ထင္က်န္ေနဆဲ။
"မိသားစုတဲ့လား"
ကြၽန္မ လက္သူႂကြယ္တြင္ အခန႔္သား ေနရာယူထားေသာ လက္စြပ္ငယ္ကို ၾကည့္ရင္း ေရ႐ြတ္လိုက္မိသည္။
ထို႔ေနာက္ ကြၽန္မ ဟာသဇာတ္လမ္း တစ္ခုကို ၾကည့္ေနရသည့္သဖြယ္ အားရပါးရ ရယ္ေမာလိုက္သည္။
ဤလက္စြပ္ငယ္သည္ အခုေတာ့ သူစိမ္းျဖစ္သူ ကြၽန္မအတြက္ ဘာမွအသုံးမ၀င္ေတာ့ပါလား။
(ေစာဂြၽန္ကို တျခားေကာင္မေလး တစ္ေယာက္နဲ႕ ေတြ႕ခဲ့တယ္)
လြန္ခဲ့ေသာ ေျခာက္လေက်ာ္ေလာက္က လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ၿပီး တစ္ေယာက္ ကြၽန္မ ကို လာေျပာေသာ စကားျဖစ္သည္။
ခပ္ၿပဳံးၿပဳံးေလးျဖင့္သာ ျပန္လည္တုံ႕ျပန္တတ္ေသာ ကြၽန္မကို အားမလိုမရျဖစ္ကာ သက္ေသအေထာက္အထား မ်ားစြာ လာျပၾကျပန္သည္။
တခ်ိန္က ကံအေကာင္းဆုံး မိန္းကေလးအျဖစ္ သတ္မွတ္ထားသည့္ ကြၽန္မသည္ တခ်ိဳ႕အျမင္တြင္ေတာ့ ကြၽန္မသည္ လႊတ္ရမည့္ ငါးႀကီးသျဖင့္ မရမက ဖမ္းထားေသာ မိန္းမလည္ တစ္ေယာက္ ၊ တခ်ိဳ႕ အျမင္တြင္ေတာ့ လွည့္စားသမွ် ယုံေနသည့္ မိန္းမႏုံတစ္ေယာက္ ျဖစ္လာသည္။
သူတို႔ အမ်ိဳးမ်ိဳး သတ္မွတ္ၾကေသာ ဇာတ္ေကာင္ေနရာတြင္ အသုံးေတာ္ခံရသည္ကို ၿငီးေငြ႕လာသျဖင့္ ကြၽန္မ ထိုသူတို႔ႏွင့္ ေဝးရာကို ထြက္ခဲ့သည္။
ဟုတ္သည္ ကြၽန္မ ယုံၾကည္ခဲ့သည္၊
သို႔ေသာ္လည္း ကြၽန္မ ယုံၾကည္ခဲ့သည္မွာ ေစာဂြၽန္ခန႔္ထူး ဟူေသာ လူသားကို မဟုတ္၊
ထို ေစာဂြၽန္ခန႔္ထူးႏွင့္ ပတ္သက္သမွ် အကုန္သိသည္ဟု ခံယူထားေသာ ကိုယ့္ကိုကိုယ္ အဆုံးမရွိ ယုံၾကည္ခဲ့ျခင္း ျဖစ္သည္။
လႈပ္ပါမ်ားလွ်င္ နဲ႕တတ္သည္မွာ သဘာ၀ပင္ မဟုတ္ပါလား၊
ေဘးစကားကို တင္းခံနိုင္ေသာ္လည္း ကိုယ္ ကိုယ္တိုင္ နဖူးေတြ႕ ဒူးေတြ႕ ႀကဳံေတြ႕လာရေသာ ေအးစက္လာမႈက ထိုယုံၾကည္ခ်က္ ကမ္းပါးကိုတျဖည္းျဖည္း လုံးပါး ပါးလာေစသည္။
လူတိုင္း ေျပာင္းလဲတတ္သည္ ဟူေသာ အဆိုတြင္ သူသည္ ခြၽင္းခ်က္ျဖစ္ေၾကာင္း ကိုယ့္ကိုကိုယ္ အယုံသြင္းခဲ့ေသာ အခ်ိန္မ်ားကို ျပန္လည္စဥ္းစားရင္း ကြၽန္မ အားရပါးရ ရယ္ေမာမိသည္။
"မမ"
႐ုတ္တရက္ ထြက္ေပၚလာေသာ အသံေၾကာင့္ ကြၽန္မ အေတြးစတို႔ ျပတ္ေတာက္သြားသည္။
လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ မ်က္ႏွာထားတင္းတင္း ျဖင့္ ၾကည့္ေနေသာ သားသားကို ကြၽန္မ ၿပဳံးျပလိုက္သည္။
႐ုတ္တရက္ သားသားသည္ ကြၽန္မနားသို႔ အေသာ့လာကာ စပါးႀကီးေႁမြကဲ့သို႔ တင္းၾကပ္စြာ ဖက္လိုက္သည္။
"အ႐ူးမႀကီး"
ထိုတစ္ခြန္းထဲသာ ဆို၍ သားသားက ကြၽန္မ ေက်ာျပင္မ်ားကို ခပ္ဖြဖြ ပုတ္ေပးေနသည္။
အသံထြက္ေအာင္ ရယ္လိုက္သည့္ ကြၽန္မေၾကာင့္ သားသားက လူခ်င္းကြာလိုက္ၿပီး ကြၽန္မကို အလိုမက်သည့္ မ်က္ႏွာျဖင့္ ၾကည့္သည္။
"ငါနဲ႕ စက္ဘီးၿပိဳင္လုခဲ့တဲ့ ငါ့ေမာင္ေလးက ငါ့ကို ျပန္ႏွစ္သိမ့္နိုင္တဲ့အထိ ရင့္က်က္သြားၿပီးကိုး"
တခုခုကို အတင္း ထိန္းခ်ဳပ္ထားဟန္ရေသာ သားသားက အံကို တင္းတင္းႀကိတ္ထားသျဖင့္ ေမးေၾကာမ်ားပင္ ေထာင္ေနသည္။
"အပိုေတြ မေျပာေနနဲ႕၊ ေမေမတို႔ ထမင္းစားဖို႔ ေစာင့္ေနတယ္၊ ေအာက္ဆင္းခဲ့ေတာ့"
"သမီးႀကီး ဆင္းလာၿပီလား"
စားပြဲတြင္ ပန္းကန္မ်ားကို ေနရာခ်ေနရင္းမွ အၿပဳံးတစ္ခုျဖင့္ လွမ္းေမးေသာ ေမေမ။
"သမီး လာထိုင္ေဝ့၊ ဒီေန႕ အေဖ့ရဲ႕ ထူးရွယ္လက္ရာ ေခါက္ဆြဲျပဳတ္ပါတယ္"
ေဖေဖက ေျပာေျပာဆိုဆိုႏွင့္ပင္ ကြၽန္မလက္ကို ဆြဲကာ ေနရာခ်သည္။
စားပြဲဝိုင္းထက္တြင္ေတာ့ လက္ဖက္ထမင္း အျပည့္ထားေသာ ဇလုံႀကီးတစ္ခုႏွင့္ ေခါက္ဆြဲျပဳတ္ တစ္ပန္းကန္သာ ေနရာယူထားသည္။
"ေမေမတို႔ ဒီလိုမစားရတာ ၾကာၿပီမဟုတ္လား"
ေမေမက ကြၽန္မအေတြးကို သိေလဟန္ျဖင့္ ရွင္းျပခ်က္ေပးၿပီး နံေဘး၌ ေနရာ၀င္ယူသည္။
"နင္ေျပာသလို ဦးရာလူစား စတမ္းပဲေနာ္၊ ေနာက္မွ နည္းနည္းပဲ စားလိုက္ရတယ္ လာမလုပ္နဲ႕"
ညစ္က်ယ္က်ယ္ၿပဳံးႏွင့္ ေျပာေသာ သားသားကို ၾကည့္ကာ ကြၽန္မ မ်က္ခုံးတစ္ဖက္ ျမင့္တက္သြားသည္။
မၾကာမီတြင္ ကြၽန္မတို႔ ႏွစ္ေယာက္ အႀကိတ္အနယ္ က်င္းပေနေသာ ဇြန္းတိုက္ပြဲကို ေမေမႏွင့္ ေဖေဖ ပါ၀င္လာေသာအခါ ပြဲသည္ ပို၍ ၿမိဳင္လာသည္။
"ကဲ အခုေတာ့ မင္း ဘယ္ေျပးမလဲ မ အမာ။ "
ေမေမက ေဖေဖ့ကို မ်က္ေစာင္း႐ြယ္ကာ ၾကည့္ရင္း ဇြန္းကို မရမက လိုက္၍ ပုတ္ခ်ေနသည္။
တဖက္တြင္လဲ သားသားႏွင့္ ကြၽန္မ၏ အသံတိတ္ စစ္ပြဲမွာလဲ မေသးလွ။
ထမင္းတဇလုံမွာ စားရသည္က နည္းနည္း၊ ဖိတ္တာက မ်ားမ်ားျဖင့္ တ၀က္က်ိဳးသြားေလၿပီ။
ဇြန္းသံ တခြၽင္ခြၽင္၊ ရယ္သံ တဝါးဝါးၾကားတြင္ ဟင့္ခနဲ ျမည္ေသာ ရွိုက္သံေလး တစ္ခု။
မီးကို ေရႏွင့္ျဖန္းလိုက္သကဲ့သို႔ အသံအားလုံးတိတ္က်သြားၿပီး အားလုံး၏ အၾကည့္သည္ ကြၽန္မ ထံသို႔ ဦးတည္လာသည္။
ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ကာ ရွိုက္သံကို ထိန္းလိုက္ေသာ္လည္း မ်က္ရည္မ်ားက စီးက်လာျပန္သည္။
"ဟို သမီး.."
ရွိုက္သံမ်ားေၾကာင့္ စကားသံသည္ မပီျပင္ေတာ့။ ထိန္းခ်ဳပ္ခဲ့သမွ် ခံစားခ်က္တို႔သည္ ေနေရာင္ထိေသာ ႏွင္းစက္ကဲ့သို႔ပင္ တအိအိ ေပ်ာ္က်လာသည္။
အံကို တင္းတင္းႀကိတ္ကာ ထိန္းပါေသာ္လည္း မ်က္ရည္မ်ားက ေဝဆဲ၊ ရွိုက္သံမ်ားက ၿမိဳင္ဆဲ။
"ငိုခ်င္ရင္ ငိုပစ္လိုက္လို႔ ရပါတယ္ သမီးရယ္၊ ေမေမတို႔ ေရွ႕မွာ ထိန္းခ်ဳပ္ၿပီး ေနျပစရာ မလိုပါဘူး"
ေမေမ ပခုံးတြင္ မ်က္ႏွာအပ္ကာ ရွိုက္ႀကီးတငင္ ငိုလိုက္မိသည္။
တသိမ့္သိမ့္ တုန္ခါေနေသာ ကြၽန္မေက်ာျပင္သည္ ခပ္ဖြဖြ ပုတ္ေပးေနေသာ အေမ့၏ လက္ေခ်ာင္းမ်ားေၾကာင့္ အနည္းငယ္ တည္ၿငိမ္လာသည္။
ရင္ဘတ္ထဲမွ ပူေလာင္မြန္းၾကပ္ေသာ ေဝဒနာက မ်ိဳသပ္ထားသမွ်ကို အိတ္သြန္ဖာေမွာက္ ထြက္အံေစေတာ့ ကြၽန္မ၏ ငိုသံမွာ ပို၍ က်ယ္ေလာင္လာသည္။
လစ္ဟာေနေသာ ေက်ာဘက္ဆီမွ ႐ုတ္တရက္ ေႏြးေထြးသြားၿပီး သားသား၏ ခပ္တိုးတိုး ေခ်ာ့ျမႇူသံကို ၾကားရသည္။
"အယ္ ဒီသားအမိေတြ ကိုယ့္ကိုေတာ့ တစ္ေယာက္ထဲ ခ်န္ထားတယ္"
အဆုံးသတ္ တုန္ရီေနေသာ အေဖ့၏ ႐ြတ္ေနာက္ေနာက္စကားေၾကာင့္ ကြၽန္မ မ်က္ရည္ၾကားမွ ၿပဳံးလိုက္မိသည္။
"အ႐ူးမေလး"
ေဖေဖက သားသားႏွင့္ ထပ္တူညီစြာ သမုတ္ရင္း ကြၽန္မတို႔ အားလုံးအေပၚမွ အုပ္မိုးကာ ဖက္လိုက္သည္။
"တေယာက္ထဲ ႀကိတ္မခံေနဘဲ ဒီလိုမ်ိဳး ေစာေစာ ငိုခဲ့ေရာေပါ့ သမီးငယ္ရယ္။"
.......................................
အေခ်အတင္ စကားေျပာသံ အဆုံးမွာ ေတာက္ေခါက္သံ တစ္ခ်က္ကို သူမ ၾကားလိုက္ရသည္။
တဖန္ ျပန္လည္ က်ယ္ေလာင္လာေသာ စကားသံမ်ားကို လ်စ္လ်ဴရႈရင္း သူမ မ်က္လုံးမ်ားကို မွိတ္ကာ အိပ္စက္ရန္ ႀကိဳးပမ္းလိုက္သည္။
အိပ္လုအိပ္ခင္မွာပင္ ထြက္ေပၚလာေသာ တံခါးဖြင့္သံေၾကာင့္ အခန္း၀ဆီသို႔ အၾကည့္ပို႔လိုက္သည္။
သူမကို ခပ္ႏြမ္းႏြမ္း ၿပဳံးျပေနေသာ အကို႔ မ်က္ႏွာတြင္ သူမ ေမွ်ာ္မွန္းထားသလို ဒဏ္ရာဒဏ္ခ်က္ တစ္ခုမွ မရွိေန။
"သူတို႔က အကို ေျပာသလို တကယ္သေဘာေကာင္းတာပဲ။ ငါက အကို အနည္းဆုံး ၃ခ်က္ေလာက္ ရိုက္ခံရမယ္လို႔ ထင္ထားတာ။"
လက္ဟန္ေျခဟန္ႏွင့္ အားပါးတရ ေျပာေနေသာ သူမကို ၾကည့္ကာ ေစာဂြၽန္ ခပ္တိုးတိုး ရယ္လိုက္မိသည္။
"အမိုးတို႔ စိတ္ေျပတဲ့ အခ်ိန္မွ မဂၤလာပြဲ ကိစၥ ေျပာရမယ္၊ ခဏေလာက္ေတာ့ ေစာင့္ေပးေနာ္"
"လူသိရွင္ၾကားႀကီး လုပ္ဖို႔မလိုပါဘူးေလ"
သူက သူမ လက္ေခ်ာင္းေလးမ်ားကို အသာေလး ျဖစ္ညွစ္လိုက္သည္။
"အကိုကေတာ့ မိန္းကေလး တစ္ေယာက္ရဲ႕ လက္ထပ္ပြဲကို ပုန္းလွ်ိုးကြယ္လွ်ိုးနဲ႕ အဆုံးမသတ္ေစခ်င္ဘူး။
ေနာက္ၿပီး ကေလးေလး ႀကီးလာရင္ အကိုက အကိုတို႔ လက္ထပ္ပြဲအေၾကာင္း အားရပါးရေျပာၿပီး ကေလးေလးကို ႂကြားခ်င္တာ"
သူက သူမ ဗိုက္ပူပူေလးကို လက္ျဖင့္ အသာထိရင္း ေျပာသည္။
"အကို သူ႕ကို ကာကြယ္ေပးခ်င္ေနတာ မဟုတ္လား"
သူ႕မ်က္ႏွာေပၚက အၿပဳံးႏုႏုသည္ ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားသည္။
"အေတြးမ်ားလိုက္တာကြာ"
သူက သူမ လက္ေခ်ာင္းကေလးမ်ားကို တင္းတင္းဆုပ္ကိုင္ကာ ခပ္သာသာရယ္ရင္း ညည္းတြားဟန္ျပဳသည္။
သူမ အေမးသည္ ၀န္တိုျခင္းေၾကာင့္ မဟုတ္မွန္း သူ သိသလို သူ႕အေျဖသည္လည္း တမင္ လမ္းေၾကာင္းလႊဲလိုက္မွန္း သူမ နားလည္ပါသည္။
"ပါးပါးတို႔ မၾကာခင္ အဆင္ေျပသြားမွာပါ၊ ပါးပါးကို ယုံတယ္ မဟုတ္လား။"
သူက သူမ ဗိုက္ပူပူေလးထက္ အနမ္းတပြင့္ ေႁခြရင္း ေျပာသည္။ ထို႔ေနာက္ နဖူးထက္သို႔ က်ဆင္းလာေသာ အနမ္းေႏြးေႏြးကို သူမ မ်က္လုံးမွိတ္ကာ ခံယူလိုက္သည္။
"ညီမလဲ ဒီေန႕ ပင္ပန္းထားတယ္ မဟုတ္လား။ ေစာေစာ အိပ္လိုက္ေတာ့ေနာ္"
"အကို
ငါတို႔ႏွစ္ေယာက္လုံး အတူတူ က်ဴးလြန္ခဲ့တာမို႔ အတူတူပဲ ေျဖရွင္းၾကမယ္ေနာ္"
"အင္းပါ"
သူမ ဆံႏြယ္မ်ားကို ခပ္ဖြဖြ ေလး ထိေတြ႕ေနေသာ သူ႕ လက္ေခ်ာင္းမ်ားကိုသာ အာ႐ုံထားရင္း မ်က္၀န္းမ်ားကို မွိတ္လိုက္သည္။
သူမ မ်က္ႏွာအပ္ထားရာ ရင္ခြင္ဆီမွ ၾကားရေသာ စည္းခ်က္မွန္မွန္ ႏွလုံးခုန္သံကို ေသာတဆင္ရင္း တေန႕တာ ကို အဆုံးသတ္ရန္ ႀကိဳးပမ္းလိုက္ပါေတာ့သည္။၊...
အကိုက ကမ္းလက္တစ္ဖက္ကို
လွမ္းလင့္ခဲ့ၿပီမို႔
တြဲလက္ၿမဲေအာင္
ညီမပဲ ႀကိဳးစားပါရေစ .....
Unicode
မျက်၀န်းများကို မှိတ်ချလိုက်သော်လည်း အကြည့်ရဲရဲ တစ်ခုက ကျွန်မ အမြင်အာရုံထဲတွင် ထင်ကျန်နေဆဲ။
"မိသားစုတဲ့လား"
ကျွန်မ လက်သူကြွယ်တွင် အခန့်သား နေရာယူထားသော လက်စွပ်ငယ်ကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။
ထို့နောက် ကျွန်မ ဟာသဇာတ်လမ်း တစ်ခုကို ကြည့်နေရသည့်သဖွယ် အားရပါးရ ရယ်မောလိုက်သည်။
ဤလက်စွပ်ငယ်သည် အခုတော့ သူစိမ်းဖြစ်သူ ကျွန်မအတွက် ဘာမှအသုံးမ၀င်တော့ပါလား။
(စောဂျွန်ကို တခြားကောင်မလေး တစ်ယောက်နဲ့ တွေ့ခဲ့တယ်)
လွန်ခဲ့သော ခြောက်လကျော်လောက်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်ပြီး တစ်ယောက် ကျွန်မ ကို လာပြောသော စကားဖြစ်သည်။
ခပ်ပြုံးပြုံးလေးဖြင့်သာ ပြန်လည်တုံ့ပြန်တတ်သော ကျွန်မကို အားမလိုမရဖြစ်ကာ သက်သေအထောက်အထား များစွာ လာပြကြပြန်သည်။
တချိန်က ကံအကောင်းဆုံး မိန်းကလေးအဖြစ် သတ်မှတ်ထားသည့် ကျွန်မသည် တချို့အမြင်တွင်တော့ ကျွန်မသည် လွှတ်ရမည့် ငါးကြီးသဖြင့် မရမက ဖမ်းထားသော မိန်းမလည် တစ်ယောက် ၊ တချို့ အမြင်တွင်တော့ လှည့်စားသမျှ ယုံနေသည့် မိန်းမနုံတစ်ယောက် ဖြစ်လာသည်။
သူတို့ အမျိုးမျိုး သတ်မှတ်ကြသော ဇာတ်ကောင်နေရာတွင် အသုံးတော်ခံရသည်ကို ငြီးငွေ့လာသဖြင့် ကျွန်မ ထိုသူတို့နှင့် ဝေးရာကို ထွက်ခဲ့သည်။
ဟုတ်သည် ကျွန်မ ယုံကြည်ခဲ့သည်၊
သို့သော်လည်း ကျွန်မ ယုံကြည်ခဲ့သည်မှာ စောဂျွန်ခန့်ထူး ဟူသော လူသားကို မဟုတ်၊
ထို စောဂျွန်ခန့်ထူးနှင့် ပတ်သက်သမျှ အကုန်သိသည်ဟု ခံယူထားသော ကိုယ့်ကိုကိုယ် အဆုံးမရှိ ယုံကြည်ခဲ့ခြင်း ဖြစ်သည်။
လှုပ်ပါများလျှင် နဲ့တတ်သည်မှာ သဘာ၀ပင် မဟုတ်ပါလား၊
ဘေးစကားကို တင်းခံနိုင်သော်လည်း ကိုယ် ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့လာရသော အေးစက်လာမှုက ထိုယုံကြည်ချက် ကမ်းပါးကိုတဖြည်းဖြည်း လုံးပါး ပါးလာစေသည်။
လူတိုင်း ပြောင်းလဲတတ်သည် ဟူသော အဆိုတွင် သူသည် ချွင်းချက်ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် အယုံသွင်းခဲ့သော အချိန်များကို ပြန်လည်စဉ်းစားရင်း ကျွန်မ အားရပါးရ ရယ်မောမိသည်။
"မမ"
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ကျွန်မ အတွေးစတို့ ပြတ်တောက်သွားသည်။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်နှာထားတင်းတင်း ဖြင့် ကြည့်နေသော သားသားကို ကျွန်မ ပြုံးပြလိုက်သည်။
ရုတ်တရက် သားသားသည် ကျွန်မနားသို့ အသော့လာကာ စပါးကြီးမြွေကဲ့သို့ တင်းကြပ်စွာ ဖက်လိုက်သည်။
"အရူးမကြီး"
ထိုတစ်ခွန်းထဲသာ ဆို၍ သားသားက ကျွန်မ ကျောပြင်များကို ခပ်ဖွဖွ ပုတ်ပေးနေသည်။
အသံထွက်အောင် ရယ်လိုက်သည့် ကျွန်မကြောင့် သားသားက လူချင်းကွာလိုက်ပြီး ကျွန်မကို အလိုမကျသည့် မျက်နှာဖြင့် ကြည့်သည်။
"ငါနဲ့ စက်ဘီးပြိုင်လုခဲ့တဲ့ ငါ့မောင်လေးက ငါ့ကို ပြန်နှစ်သိမ့်နိုင်တဲ့အထိ ရင့်ကျက်သွားပြီးကိုး"
တခုခုကို အတင်း ထိန်းချုပ်ထားဟန်ရသော သားသားက အံကို တင်းတင်းကြိတ်ထားသဖြင့် မေးကြောများပင် ထောင်နေသည်။
"အပိုတွေ မပြောနေနဲ့၊ မေမေတို့ ထမင်းစားဖို့ စောင့်နေတယ်၊ အောက်ဆင်းခဲ့တော့"
"သမီးကြီး ဆင်းလာပြီလား"
စားပွဲတွင် ပန်းကန်များကို နေရာချနေရင်းမှ အပြုံးတစ်ခုဖြင့် လှမ်းမေးသော မေမေ။
"သမီး လာထိုင်ဝေ့၊ ဒီနေ့ အဖေ့ရဲ့ ထူးရှယ်လက်ရာ ခေါက်ဆွဲပြုတ်ပါတယ်"
ဖေဖေက ပြောပြောဆိုဆိုနှင့်ပင် ကျွန်မလက်ကို ဆွဲကာ နေရာချသည်။
စားပွဲဝိုင်းထက်တွင်တော့ လက်ဖက်ထမင်း အပြည့်ထားသော ဇလုံကြီးတစ်ခုနှင့် ခေါက်ဆွဲပြုတ် တစ်ပန်းကန်သာ နေရာယူထားသည်။
"မေမေတို့ ဒီလိုမစားရတာ ကြာပြီမဟုတ်လား"
မေမေက ကျွန်မအတွေးကို သိလေဟန်ဖြင့် ရှင်းပြချက်ပေးပြီး နံဘေး၌ နေရာ၀င်ယူသည်။
"နင်ပြောသလို ဦးရာလူစား စတမ်းပဲနော်၊ နောက်မှ နည်းနည်းပဲ စားလိုက်ရတယ် လာမလုပ်နဲ့"
ညစ်ကျယ်ကျယ်ပြုံးနှင့် ပြောသော သားသားကို ကြည့်ကာ ကျွန်မ မျက်ခုံးတစ်ဖက် မြင့်တက်သွားသည်။
မကြာမီတွင် ကျွန်မတို့ နှစ်ယောက် အကြိတ်အနယ် ကျင်းပနေသော ဇွန်းတိုက်ပွဲကို မေမေနှင့် ဖေဖေ ပါ၀င်လာသောအခါ ပွဲသည် ပို၍ မြိုင်လာသည်။
"ကဲ အခုတော့ မင်း ဘယ်ပြေးမလဲ မ အမာ။ "
မေမေက ဖေဖေ့ကို မျက်စောင်းရွယ်ကာ ကြည့်ရင်း ဇွန်းကို မရမက လိုက်၍ ပုတ်ချနေသည်။
တဖက်တွင်လဲ သားသားနှင့် ကျွန်မ၏ အသံတိတ် စစ်ပွဲမှာလဲ မသေးလှ။
ထမင်းတဇလုံမှာ စားရသည်က နည်းနည်း၊ ဖိတ်တာက များများဖြင့် တ၀က်ကျိုးသွားလေပြီ။
ဇွန်းသံ တချွင်ချွင်၊ ရယ်သံ တဝါးဝါးကြားတွင် ဟင့်ခနဲ မြည်သော ရှိုက်သံလေး တစ်ခု။
မီးကို ရေနှင့်ဖြန်းလိုက်သကဲ့သို့ အသံအားလုံးတိတ်ကျသွားပြီး အားလုံး၏ အကြည့်သည် ကျွန်မ ထံသို့ ဦးတည်လာသည်။
အောက်နှုတ်ခမ်းကို ဖိကိုက်ကာ ရှိုက်သံကို ထိန်းလိုက်သော်လည်း မျက်ရည်များက စီးကျလာပြန်သည်။
"ဟို သမီး.."
ရှိုက်သံများကြောင့် စကားသံသည် မပီပြင်တော့။ ထိန်းချုပ်ခဲ့သမျှ ခံစားချက်တို့သည် နေရောင်ထိသော နှင်းစက်ကဲ့သို့ပင် တအိအိ ပျော်ကျလာသည်။
အံကို တင်းတင်းကြိတ်ကာ ထိန်းပါသော်လည်း မျက်ရည်များက ဝေဆဲ၊ ရှိုက်သံများက မြိုင်ဆဲ။
"ငိုချင်ရင် ငိုပစ်လိုက်လို့ ရပါတယ် သမီးရယ်၊ မေမေတို့ ရှေ့မှာ ထိန်းချုပ်ပြီး နေပြစရာ မလိုပါဘူး"
မေမေ ပခုံးတွင် မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုလိုက်မိသည်။
တသိမ့်သိမ့် တုန်ခါနေသော ကျွန်မကျောပြင်သည် ခပ်ဖွဖွ ပုတ်ပေးနေသော အမေ့၏ လက်ချောင်းများကြောင့် အနည်းငယ် တည်ငြိမ်လာသည်။
ရင်ဘတ်ထဲမှ ပူလောင်မွန်းကြပ်သော ဝေဒနာက မျိုသပ်ထားသမျှကို အိတ်သွန်ဖာမှောက် ထွက်အံစေတော့ ကျွန်မ၏ ငိုသံမှာ ပို၍ ကျယ်လောင်လာသည်။
လစ်ဟာနေသော ကျောဘက်ဆီမှ ရုတ်တရက် နွေးထွေးသွားပြီး သားသား၏ ခပ်တိုးတိုး ချော့မြှူသံကို ကြားရသည်။
"အယ် ဒီသားအမိတွေ ကိုယ့်ကိုတော့ တစ်ယောက်ထဲ ချန်ထားတယ်"
အဆုံးသတ် တုန်ရီနေသော အဖေ့၏ ရွတ်နောက်နောက်စကားကြောင့် ကျွန်မ မျက်ရည်ကြားမှ ပြုံးလိုက်မိသည်။
"အရူးမလေး"
ဖေဖေက သားသားနှင့် ထပ်တူညီစွာ သမုတ်ရင်း ကျွန်မတို့ အားလုံးအပေါ်မှ အုပ်မိုးကာ ဖက်လိုက်သည်။
"တယောက်ထဲ ကြိတ်မခံနေဘဲ ဒီလိုမျိုး စောစော ငိုခဲ့ရောပေါ့ သမီးငယ်ရယ်။"
.......................................
အချေအတင် စကားပြောသံ အဆုံးမှာ တောက်ခေါက်သံ တစ်ချက်ကို သူမ ကြားလိုက်ရသည်။
တဖန် ပြန်လည် ကျယ်လောင်လာသော စကားသံများကို လျစ်လျူရှုရင်း သူမ မျက်လုံးများကို မှိတ်ကာ အိပ်စက်ရန် ကြိုးပမ်းလိုက်သည်။
အိပ်လုအိပ်ခင်မှာပင် ထွက်ပေါ်လာသော တံခါးဖွင့်သံကြောင့် အခန်း၀ဆီသို့ အကြည့်ပို့လိုက်သည်။
သူမကို ခပ်နွမ်းနွမ်း ပြုံးပြနေသော အကို့ မျက်နှာတွင် သူမ မျှော်မှန်းထားသလို ဒဏ်ရာဒဏ်ချက် တစ်ခုမှ မရှိနေ။
"သူတို့က အကို ပြောသလို တကယ်သဘောကောင်းတာပဲ။ ငါက အကို အနည်းဆုံး ၃ချက်လောက် ရိုက်ခံရမယ်လို့ ထင်ထားတာ။"
လက်ဟန်ခြေဟန်နှင့် အားပါးတရ ပြောနေသော သူမကို ကြည့်ကာ စောဂျွန် ခပ်တိုးတိုး ရယ်လိုက်မိသည်။
"အမိုးတို့ စိတ်ပြေတဲ့ အချိန်မှ မင်္ဂလာပွဲ ကိစ္စ ပြောရမယ်၊ ခဏလောက်တော့ စောင့်ပေးနော်"
"လူသိရှင်ကြားကြီး လုပ်ဖို့မလိုပါဘူးလေ"
သူက သူမ လက်ချောင်းလေးများကို အသာလေး ဖြစ်ညှစ်လိုက်သည်။
"အကိုကတော့ မိန်းကလေး တစ်ယောက်ရဲ့ လက်ထပ်ပွဲကို ပုန်းလျှိုးကွယ်လျှိုးနဲ့ အဆုံးမသတ်စေချင်ဘူး။
နောက်ပြီး ကလေးလေး ကြီးလာရင် အကိုက အကိုတို့ လက်ထပ်ပွဲအကြောင်း အားရပါးရပြောပြီး ကလေးလေးကို ကြွားချင်တာ"
သူက သူမ ဗိုက်ပူပူလေးကို လက်ဖြင့် အသာထိရင်း ပြောသည်။
"အကို သူ့ကို ကာကွယ်ပေးချင်နေတာ မဟုတ်လား"
သူ့မျက်နှာပေါ်က အပြုံးနုနုသည် ရုတ်ချည်း ပျောက်ကွယ်သွားသည်။
"အတွေးများလိုက်တာကွာ"
သူက သူမ လက်ချောင်းကလေးများကို တင်းတင်းဆုပ်ကိုင်ကာ ခပ်သာသာရယ်ရင်း ညည်းတွားဟန်ပြုသည်။
သူမ အမေးသည် ၀န်တိုခြင်းကြောင့် မဟုတ်မှန်း သူ သိသလို သူ့အဖြေသည်လည်း တမင် လမ်းကြောင်းလွှဲလိုက်မှန်း သူမ နားလည်ပါသည်။
"ပါးပါးတို့ မကြာခင် အဆင်ပြေသွားမှာပါ၊ ပါးပါးကို ယုံတယ် မဟုတ်လား။"
သူက သူမ ဗိုက်ပူပူလေးထက် အနမ်းတပွင့် ခြွေရင်း ပြောသည်။ ထို့နောက် နဖူးထက်သို့ ကျဆင်းလာသော အနမ်းနွေးနွေးကို သူမ မျက်လုံးမှိတ်ကာ ခံယူလိုက်သည်။
"ညီမလဲ ဒီနေ့ ပင်ပန်းထားတယ် မဟုတ်လား။ စောစော အိပ်လိုက်တော့နော်"
"အကို
ငါတို့နှစ်ယောက်လုံး အတူတူ ကျူးလွန်ခဲ့တာမို့ အတူတူပဲ ဖြေရှင်းကြမယ်နော်"
"အင်းပါ"
သူမ ဆံနွယ်များကို ခပ်ဖွဖွ လေး ထိတွေ့နေသော သူ့ လက်ချောင်းများကိုသာ အာရုံထားရင်း မျက်၀န်းများကို မှိတ်လိုက်သည်။
သူမ မျက်နှာအပ်ထားရာ ရင်ခွင်ဆီမှ ကြားရသော စည်းချက်မှန်မှန် နှလုံးခုန်သံကို သောတဆင်ရင်း တနေ့တာ ကို အဆုံးသတ်ရန် ကြိုးပမ်းလိုက်ပါတော့သည်။၊...
အကိုက ကမ်းလက်တစ်ဖက်ကို
လှမ်းလင့်ခဲ့ပြီမို့
တွဲလက်မြဲအောင်
ညီမပဲ ကြိုးစားပါရစေ .....