{ Infinitely Loved } (Complet...
De ParkHyunDar
1.4M 41K 2.8K
CHANBAEK Plus ဦးစား​ပေး၍​ရေးသားထားသည်​မို့ ရိုင်းသည့်​စကားလုံးများပါနိုင်​ပါသည်​plus မဖတ်​ချင်​သည့်​သူများ​က... Mai multe
Ep #1#
Ep #2#
Ep #3#
Ep #4#
Ep #5#
Ep #6#
Ep #7#
Ep #8#
Ep #9#
Ep #10#
Ep #11#
Ep #12#
Ep #13#
Ep #14#
Ep #15#
Ep #16#
Ep #17#
Ep #18#
Ep #19#
Ep #20#
Ep #21#
Ep #22#
Ep #23#
Miyanhae
Ep #24#
Ep #25#
Ep #26#
Ep #27#
Ep #28#
Ep #29#
Ep #30#
Ep #31#
Ep #32#
Ep #33#
Ep #34#
Ep #35#{Final}
EXTRA #1#
EXTRA #2#
EXTRA=END
ParkByun&XiaoHun
💘what if love💘
♡ it this is love💘
ep 1 (Unicode)
ep2 (Unicode)
ep3 (unicode)
ep4(Unicode)
ep5 (Unicode)
ep6 (Unicode)
ep7 (Unicode)
ep8 (Unicode)
ep9 (Unicode)
ep10 (unicode)
ep 11 (Unicode)
ep 12 (Unicode)
ep 13 (Unicode)
ep 14 (Unicode)
ep 15 (Unicode)
ep 16 (Unicode)
ep 17 (Unicode)
ep 18 (Unicode)
ep 19 (Unicode)
ep 20 (Unicode)
ep 21 (Unicode)
ep 22 (Unicode)
ep 23 (Unicode)
ep 24 (Unicode)
ep 25 (Unicode)
ep 26 (Unicode)
ep 27 (Unicode)
ep 29 (Unicode)
ep 30 (Unicode)
ep 31Unicode)
ep 32 (Unicode)
ep 33 (Unicode)
ep 34 (Unicode)
ep 35 Final (Unicode)
EXTRA#1#(Unicode)
EXTRA#2#(Unicode)
EXTRA#END#(Unicode)
ep 28 (Unicode)
4.5K 121 0
De ParkHyunDar
........."
ချစ်​သူရှိရာအရပ်​ဆီသို့ ပျံသန်းလာသည့်​လေယာဉ်​ကြီးအားစီးနှင်​လာရာလမ်းတစ်​လျှောက်​။ ရင်​ခုန်​သံ​တွေက စည်းချက်​မညီမညာ ၀ုန်းဒိုင်းကြဲ​နေခဲ့သည်​။
ဆရာဝန်​က မ​သေချာမ​ရေလှ​သေးသည့်​မျက်​၀န်းတစ်​စုံအတွက်​ပူပန်​စွာ​ဆေးရုံကဆင်းခွင့်​မပြု​သော်​လဲ ။ တားဆီးမရနိုင်​သည့်​ကျွန်​တော့၏အရှိန်​အ၀ါတို့​ကြောင့်​နှုတ်​ဆိတ်​၍လက်​ပိုက်​၍သာ ငြိမ်​နေခဲ့ရ​လေ​တော့သည်​။
​နေကာမျက်​မှန်​တစ်​လတ်​ကိုသာ အားကိုး၍ ။​ခရမ်းလွန်​ရောင်​ခြည်​တို့ကို အံတု၍ ။ ရှိန်​ဟိုင်းသို့ အားချင်းထွက်​လာခဲ့သည်​။
ချစ်​ရသူကိုအသိမ​ပေးပဲ ထွက်​လာခြင်းကလဲ ။ သူ​လေးကို အံသြသွား​စေချင်​ယုံသပ်​သပ်သာ။
သူ​လေး ဖြစ်​သွားမည့်​မျက်​နှာထားအားအ​တွေးထဲတွင်​ပုံ​ဖော်​ရင်း ။ တစ်​ယောက်​ထဲအရူးတစ်​ယောက်​လို ပြုံးမိသည်​မှာလဲ အကြိမ်​ကြိမ်​သာ။
Oh SeHun ဆီကလိပ်​စာအား အစကထဲကသိထားသည်​မို့ ။ ကျွန်​တော့အတွက်​ကအခက်​အခဲမရှိပင်​ရှိန်​ဟိုင်းသို့​ရောက်​ရှိ​ခဲ့​လေသည်​။
ရှိန်​ဟိုင်း​လေဆိပ်​တွင်​လေယာဉ်​ဆိုက်​ဆိုက်​ခြင်း ။ TAXI ငှါး၍ ကားအ​ရောင်းပြခန်းသို့ဦးတည်​လိုက်​သည်​။
ကျွန်​တော်​သူများ​မောင်းသည့်​ကားကိုအငြိမ့်​သားထိုင်​စီးရသည်​ထပ်​။ ကိုယ်​တိုင်​မောင်းနှင်​ရသည်​ကိုသာသ​ဘောကျသူတသ်​ယောက်​ဖြစ်​သည့်​အတွက်​ကားတစ်​စီးဝယ်​ယူရန်​ဦးစွာလုပ်​ဆောင်​မိသည်​။
ကားအ​ရောင်းပြခန်းတွင်​၁၅ မိနစ်​ခန့်​အချိန်​ပေး၍ သ​ဘော​ကျ​ရွေးချယ်​ကာ ။ စာချုပ်​စာတမ်းဖြင့်​ဝယ်​ယူလိုက်​လေသည်​။
အစက​တော့​တောင်​က်ိုရီးယားနိုင်​ငံသားတစ်​ယောက်​မို့ ။ ကားအားအမည်​ပေါက်​ဖြင့်​မ​ရောင်းချချင်​ကြပါ။ Firelight Company ပိုင်​ရှင်​Mr.Park ဆိုတာသက်​သေပြမှ လက်​ခံကြသည်​လေ။
လူ​တွေလဲခက်​ပါတယ်​နော်​အဆင့်​အတန်းတယ်​လဲခွဲကြတက်​သကိုး။ ချမ်းသာတာခြင်းအတူတူ​တောင်​မှ Top 10 စရင်းဝင်​တာနဲ့ ရိုးရိုးချမ်းသာတာခြင်း​တောင်​ခွဲခြား​နေကြတာပဲ ။
Luggage အားကား​နောက်​ဖုံးထဲသို့ ဆွဲသွင်းလိုက်​ပြီး ။ ကားအသစ်​စက်​စက်​က​လေးနဲ့ဦးတည်​ချက်​က​တော့ ။ Xiao အိမ်​တော်​ဆီသို့......။
ပိတ်​သိပ်​နေတဲ့ မြို့ထဲ၌မဟုတ်​သော်​လဲ VIP ရပ်​ကွက်​မို့ထင်​ပါရဲ့ လူချမ်းသာ​တွေ​နေထိုင်​သည့်​နေရာတွင်​လဲ စား​ရေး​သောက်​ရေးကအခက်​အခဲမရှိရနိုင်​သေးသည်​24 Hr ဆိုင်​တွေပင်​မနည်း​ဆောက်​လုပ်​ထားပြီး စား​သောက်​ဆိုင်​အ​တော်​များများလဲရှိ​သေး၏။
အိမ်​အမှတ်​(947) ဆို​သော အိမ်​ကြီး​ရှေ့၌ကား​လေးအားကပ်​၍ရပ်​လိုက်​ကာ။
ခြံဝန်းတံတ်ိုင်းရှိ Bell​လေးနှိပ်​လိုက်​လေသည်​၊
'ဘယ်​သူနဲ့​တွေ့ချင်​လို့ပါလဲရှင့်​?'
(တရုတ်​လို​ပြောလိုက်​တာပါ​နော်​😁 တရုတ်​လိုအ​ခေါ်အ​ဝေါ်​တွေသိပ်​မသိ​တော့ နည်းနည်း​တော့ဂွမ်းသည်​အဆင်​ပြေသလိုသာဆွဲဖတ်​ပြစ်​😂)
အိမ်​အတွင်းနှင့်​ချိတ်​ဆက်​ထား​သော Voice Box​လေးမှထွက်​ပေါ်လာသည့်​အိမ်​တော်​ထိန်းအမျိုးသမီးအသံအား ။
'Park Chan Yeol လို့​ပြောလိုက်​ပါ Oh Sehun ကို'
အပိုအလိုစကားဆိုမ​နေ​တော့ပဲ ဒဲ့တိုးသာ​ပြောလိုက်​မိသည်​။
'ဟုတ်​ကဲ့ရှင့်​'
ပြန်​လည်​ဖြေကြားပြီးသည့်​နောက်​တွင်​ခြံတံခါးပွင့်​လာခဲ့​လေသည်​။ ခြံဝန်းကျယ်​ကြီးထဲသို့ ကား​လေး​မောင်း၍ခပ်​အေး​အေးသာဝင်​လာခဲ့လိုက်​လေသည်​။
ကျွန်​တော်​ဘယ်​သိနိုင်​ပါ့မလဲ ဒီအချိန်​ထိအပူအပင်​မရှိပါပဲ ချစ်​ရသူနှင့်​အလွမ်းသယ်​ဖို့ကိုသာ ရင်​ခုန်​နေသည်​ကို။
မကြာခင်​မိနစ်​ပိုင်းအတွင်းမှာ ရင်​ကွဲမတက်​နာကျင်​လာရ​တော့မယ်​လို့ ကျွန်​တော်​ကြိုမ​တွေးခဲ့မိဘူး​လေ။
'မင်္ဂလာပါ Park Chan Yeol ဦးက Xiao Lu Han ရဲ့ PaPa ပါ ဒါက​တော့ဦးရဲ့ဇနီး Xiao MaMa​ပေါ့'
'မင်္ဂလာပါ Xiao လူကြီးမင်းနဲ့ဇနီးခင်​ဗျာ့​တွေ့ရတာဝမ်းသာပါတယ်​'
'လာကွယ်​အိမ်​ထဲဝင်​ကြရ​အောင်​ရှောင်​ယွိ့ ဧည့်​သည်​အိတ်​တွေသယ်​ပြီး Baekhyun​လေးအခန်းထဲသွားထား​ချေ'
'ဟုတ်​ကဲ့ သခင်​ကြီး'
'လာကွယ်​ထိုင်​ဦး ခရီး​က​ဝေး​တော့ပင်​ပန်း​နေရှာ​ရော​ပေါ့ အ​အေး​သောက်​မလားအပူ​သောက်​မလား'
'ရတယ်​Uncle ကျွန်​တော်​အရမ်းမပင်​ပန်းပါဘူးခင်​ဗျာ့ အခုလိုဂရုတစိုက်​ပေးတာကိုပဲ ကျွန်​တော်​တော်​တော်​လေးအားနာ​နေပါပြီ ဟို Baby အာ Baekhyun​လေး​ရောဟင်​'
လူကြီး​တွေဂရုစိုက်​မှု့ကိုပင်​သိပ်​ပြီးအ​လေးမထားမိ​တော့ ကျွန်​တော်​ရိုင်းမိချင်​လဲရိုင်းမိပါ​စေ​တော့ ။ အရမ်းကို​လွမ်းနေပြီဖြစ်​တဲ့ Baby ရဲ့မျက်​နှာ​လေးကို ကျွန်​တော်​အရမ်း​တွေ့ချင်​နေပါပြီ မ​တွေ့ရတဲ့ ၁လခွဲအ​တောအတွင်း​မှာ Baby ဘယ်​လောက်​အထိပိန်​သွားပြီလဲ ဘယ်​လို​တွေ​ပြောင်း​လည်း​နေပြီလဲ က​လေး​လေးက​ရော​မွေးပြီး​နေပြီလား ကျွန်​တော်​သိချင်​တာ​တွေအရမ်းများ​နေပါပြီ။
ဒီကြားထဲ​မေ့​မျော​နေခဲ့သည့်​ကျွန်​တော့ကို Oh Sehun ဆီကဆက်​သွယ်​သည်​ကိုလဲမကြားခဲ့ရ​တော့ပိုလို့ပင်​ဆိုး​နေပါ​သေးသည်​။
ကျွန်​တော်​Baby နဲ့အဆက်​အသွယ်​လုံးဝမရဖြစ်​ခဲ့ရသည်​လေ။
'ဟင့်​Baekhyun​လေးအ​ကြောင်းက​တော့ သားရယ်​ဟင့်​'
'ရှင်​မ မင်းထိန်းစမ်းပါ အခုမှခရီးကလာတဲ့ က​လေးကိုမင်းကမျက်​ရည်​ကျပြီး ၀မ်းနည်းစရာ​တွေ​ပြောဦးမလို့လား သွားမင်းလုပ်​စရာရှိတာသွားလုပ်​ချေ​တော့'
ဘာကိုဆိုလိုချင်​တာလဲ ။ Baby ကဘာဖြစ်​နေလို့လဲ ။ Xiao Arjuma က​ရောဘာလို့ငိူ​နေရတာလဲ။
ကျွန်​တော့ခံစားချက်​တွေသိပ်​မူမမှန်​တော့ပါ ရင်​ခုန်​သံ​တွေကတစ်​ဆင့်​ရင်​တုန်​နေ​သောဘက်​သို့ကူး​ပြောင်းလို့လာခဲ့ပြီ။
Baby အ​ကြောင်းအရင်းဘာရယ်​မသိရ​သေး​ခင်​မှာပဲ ကျွန်​တော့ရဲ့ဆိုးရိမ်​စိတ်​တွေကအဆိုးမရ​တော့ပါ ။ ဒီ​ရေတိုးသလိုတရိပ်​ရိပ်​နဲ့တိုးတက်​လာခဲ့သည်​။
လူသည်​လဲ ဂနာမငြိမ်​နိုင်​တော့။ မျက်​လုံးနှစ်​လုံးပင်​မျက်​၀န်းအိမ်​ထဲတွင်​ဟို​ပြေးဒီလွှားနှင့်​ကြံရာမရဖြစ်​လို့​နေရှာသည်​။
'Xiao Uncle Baby ဘာ..ဘာဖြစ်​လို့လဲ​Baby အခုဘယ်​မှာလဲ ဟင်​ကျွန်​တော့ကို​ပြောပါ ကျွန်​တော်​ထင်​နေသလိုမဟုတ်​ဘူးမလား ဟင်​Baby ဘာမှမဖြစ်​ဘူး မလား Uncle​ပြောပါဦး'
စိတ်​မသက်​သာ​သော ပုံဖြင့်​သက်​ပြင်းရှည်​ကြီးဆွဲချကာ ။စကားစလို့လာခဲ့သည်​။
'​ပြောရမှာ​တော့ စိတ်​မ​ကောင်းစရာပါပဲ သားရယ်​Baekhyun​လေးက​လေး​မွေးဖို့တစ်​ရက်​အလို သား​သတိပြန်​မရနိုင်​တော့ဘူးဆိုတဲ့သတင်းကို ကြားပြီး စိတ်​ထိခိုက်​ပြီးလဲကျသွားခဲ့တယ်​က​လေး​လေး​မွေးဖို့ကိုခက်​ခဲခဲ့​ပေမယ့်​က​လေး​လေးလဲအခုအပြင်​မှာကျန်းကျန်းမာမာရှိ​နေပါတယ်​ရက်​မ​စေ့ပဲ​မွေးခဲ့ရလို့ မီးပြထားရတယ်​ဖန်​ပေါင်း​ချောင်​ထဲမှာ Baekhyun​လေးက​တော့အခုချိန်​ထိသတိပြန်လည်​မလာ​သေးဘူး'
'​ဗျာ.!!!!!'
Baby အဲ့လိုမဖြစ်​ရဘူး​လေကွာ ။ Baby အဲ့လိုကိုယ့်​က်ိုထားခဲ့လို့မရဘူး​လေ။
Baby ဒီ​လောက်​အထိကိုယ့်​ကိုစိတ်​မဆိုးသင့်​ဘူး​လေကွာ။ ကိုယ်​Baby ကိုလျှို့ဝှက်​ချက်​ထားခဲ့တဲ့အတွက်​စိတ်​ဆိုးပြီး အပြစ်​ပေးတယ်​ဆိုရင်​တောင်​ဒီ​လောက်​အထိမလုပ်​သင့်​ပါဘူးကွာ။
Baby မရှိပဲကို မ​နေနိုင်​ဘူး Baby ရဲ့ ။ Baby မရှိရင်​ကိုယ်​ရူးသွားရလိမ့်​မယ်​။ Baby မရှိရင်​ကိုယ်​အသက်​မရှင်​နိုင်​တော့လို့ပါ Baby ရယ်​။
ကျွန်​တော့ရင်​တွေနာလိုက်​တာ​ဗျာ ။ Baby ကိုယ့်​နှလုံးသား​တွေ တစ်​စစီ​ကြေမွ​နေပါပြီ Baby ရယ်​။
.'Un...Uncle Ba...Baby အခု...အခုဘယ်​မှာလဲ ဟင်​Baby ရှိတဲ့​နေရာကျွန်​တော့ကို​ပြောပြပါ Baby အခုဘယ်​မှာလဲဟင်​'
ထိုင်​နေရာမှ ထ၍ Xiao Arjushi အားမျက်​ရည်​များကြားမှ။ Baby ရှိရာအရပ်​သို့သွားဖို့ရာ​ပြင်​ဆင်​လိုက်​သည်​။
'​ဆေးရုံမှာပဲ သား Oh သားမတ်​နဲ့ သား Lu တို့​စောင့်​ကြည့်​နေပါတယ်​သားအခုလိုက်​သွားဖို့အဆင်​ပြေနိုင်​မယ်​မထင်​ဘူး စိတ်​ကိုငြိမ်​အောင်​အရင်​လုပ်​သား စိတ်​ထိခိုက်​နေတဲ့အချိန်​ကား​မောင်းရင်​သားပဲ အန္တရာယ်​ဖြစ်​မှာ'
'ကျွန်​တော်​ကျွန်​တော်​ကအ​ရေးမကြီးပါဘူး Baby ရှိတဲ့​ဆေးရုံလိပ်​စာကိုသာ​ပြောပါ​တော့​ဗျာ ကျွန်​တော်​တောင်းပန်​ပါတယ်​Baby ရှိ​နေတဲ့​နေရာကိုသာ​ပြောပါ​တော့'
Baby​ရှေ့​မှောက်​ကလွဲ၍ ။ အ​မေဖြစ်​သူ​ရှေ့တွင်​တောင်​မျက်​ရည်​မကျခဲ့ဖူးသည့်​ကျွန်​တော်​။ အခု​တော့​တွေတာနာရီပိုင်းပင်​မရှိ​သေးသည့်​လူတစ်​ယောက်​ရှေ့တွင်​။ မရှက်​မရွံမျက်​ရည်​အလိမ့်​လိမ့်​ကျ၍ငိုယို​တောင်းပန်​နေမိ​တော့၏။
Xiao Arjushi သည်​လဲစိတ်​မသက်​မသာဖြင့်​လိမ်​စာ​ပေးသည်​နှင့်​။​ကျေးဇူးတင်​စကားပင်​ပြန်​မ​ပြောမိ ။ ကားရှိရာဆီသို့တစ်​ရှိန်​ထိုး​ပြေးထွက်​လာပြီး ။
GPS တွင်​Baby ရှိရာ​ဆေးရုံလိပ်​စာအားရိုက်​ထည့်​လိုက်​ကာ ။ အကြမ်းပတမ်း​မောင်းထွက်​လာခဲ့လိုက်​လေ​တော့သည်​။
Ph call တွင်​လဲ Oh Sehun ဆို​သော Contacts​လေးအား​ခေါ်ဆို၍​ပေါ့။
Phone အမြန်​ကိုင်​ပါ​တော့ Oh Sehun ရယ်​။ ငါ ရင်​တွေကွဲထွက်​မတက်​ကိုနာကျင်​နေရလို့ပါ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°
​ဆေးရုံ​ရှေ့တွင်​ကားထိုးရပ်​ကာ Baby ရှိရာအထပ်​ဆီသို့​ပြေးလွှားတက်​လာခဲ့​လေသည်​။
ဓာတ်​လှေကားလဲ​စောင့်​မ​နေ​တော့ပါ ၅လွှာသို့ ရိုးရိုး​လှေကားမှနှစ်​ထစ်​သုံးထစ်​တွေ​ကျော်​ခွ၍​ပြေးတက်​ခဲ့၏။
တစ်​လမ်းလုံး​ခေါ်လာသည့်​Ph သည်​လဲခုချိန်​ထိကိုမရပ်​နား​သေးပါ ။ ကိုင်​သူက​တော့မဲ့​နေဆဲပါ။
Baby ရယ်​ကိုယ်​အခု ၀ဋ်​တွေများလည်​နေတာလားကွာ ။ Baby Ph အကြိမ်​ကြိမ်​ခေါ်ခဲ့စဉ်​က မကိုင်​ပဲ ပြစ်​ထားခဲ့မိလို့အခု ကိုယ်​ခေါ်​နေတဲ့ Ph​လေးကကိုင်​သူမဲ့​နေခဲ့တာလား။
'ဒုန်း!!!'
'အ့.....'
​ကျော်​တက်​နေသည့်​လှေကားထစ်​ပင်​ကျွန်​တော့အားအမြင်​မကြည်​တော့ဘူးထင်​ပါရဲ့ ။​လှေကားထစ်​ပေါ်မှ​ခြေ​ချော်​၍ ၆ထစ်​လောက်​ပြန်​လှိမ့်​ကျသွား​လေသည်​။​ပေါက်​သွားသည့်​နှာဖူး ကွဲသွားသည့်​အောက်​နှုတ်​ခမ်း ပြဲသွားသည့်​တံ​ဒေါင်​ဆစ်​။ ရှပ်​အင်္ကျီအဖြူကိုပင်​ဖောက်​၍​သွေးနီနီတို့ကစို့တက်လာခဲ့၏။
ကျွန်​တော်​ဂရုမစိုက်​အားပါ ။ ဖုန်ပင်​မခါ ၅လွှာသို့သာပြန်​ပြေးတက်​ခဲ့လာခဲ့သည်​။
၅လွှာတံခါး​ပေါက်​အား ဖွင့်​၍လမ်းကျယ်​ကြီးထဲတွင်​Room Number​တွေကိုသာရှာ​ဖွေ​နေမိသည့်​။
Room Number (614) ဆို​သော Number​လေး၏​အောက်​ဘက်​ရှိ လူနာ Name​လေးတွင်​Byun BaekHyun ဆို​သောစာတန်း​လေးက​နေရာယူ​နေခဲ့​တော့။
အခန်းတံခါးအားတွန်း၍၀င်​ခဲ့လိုက်​တော့သည်​။
'Chanyeol ssi ဘယ်​တုန်းက?'
အံသြ​နေ​သော Luhan, ကို​ကျော်​ဖြတ်​ကာ ကုတင်​ပေါ်တွင်​အောက်​စီဂျင်​ပိုက်​များတပ်​ဆင်​ကာ ။ ငြိမ်​သက်​၍အိပ်​စက်​နေသည့်​ပိန်​သွား​သောကျွန်​တော့ချစ်​ရသူ Baby ။
'အာ့.....!!!!!'
နာကျင်​သွားရသည့်​၀ဲဘက်​ရင်​အုံအားဆုပ်​ကိုင်​ရင်း ။
'ဘယ်​လို​တွေ ဖြစ်​ကုန်​ကြတာလဲ​ပြောကြပါဦး Baby Baby ဘာဖြစ်​သွားတာလဲကွာ Baby ကိုယ်​လာပြီ​လေ ထကြည့်​ပါဦး Baby '
'Chanyeol Ssi စိတ်​ထိန်းပါ Baekhyun​လေးမကြာခင်​သတ်ိရလာ​တော့မှာပါ ဒါ​ကြောင့်​သတိထားပါ စိတ်​ထိန်းပါ ဟုတ်​ပြီလား'
Sehun ကပခုံးနှစ်​ဖက်​မှကိုင်​လှုပ်​ကာ သတိ​ပေးလာ​ပေမယ့်​ကျွန်​တော်​သတိမထားနိုင်​ပါ ။
အိပ်​စက်​ခြင်းမှာ​ပျော်​မွေ့​နေသည့်​Baby အား ကျွန်​တော်​နှိုးရမည်​။ ထာဝရအိပ်​စက်​ခြင်းမှာ​ပျော်​မွေ့ခွင့်​မပြုနိုင်​။
Sehun လက်အားပုတ်​ချလိုက်​ပြီး Baby ကုတင်​ဘေးတွင်​ဒူး​ထောက်​ထိုင်​ချလိုက်​ကာ ။ Baby ဘယ်​ဘက်​လက်​သွယ်​သွယ်က​လေးအားဆုပ်​ကိုင်​ရင်း ။
'Baby ကိုယ်​ရောက်​လာပြီ​လေကွာ Baby ကိုယ့်​ကိုအရမ်းလွမ်း​နေခဲ့ရတာမဟုတ်​လား ကိုယ်​လဲ Baby ကိုအရမ်းလွမ်း​နေခဲ့ရတာပါကွာ ကိုယ့်​ကိုထကြည့်​ပါဦး Baby ကိုယ်​လေ ကိုယ့်​မျက်​စ်ိ​တွေ ပြန်​မြင်​ရပြီ Baby ရဲ့ Baby မျက်​နှာကို ကိုယ်​ရှင်းလင်း​နေ​အောင်​မြင်​နေရပြီ Baby ရနိုးထလာခဲ့ပါ​တော့ကွာ'
​နေကာမျက်​မှန်​ကိုလဲ ဘယ်​အချိန်​ကဘယ်​နေရာမှာချွတ်​၍လွင့်​ပြစ်​ခဲ့မိလဲမသိ​တော့ ။ မျက်​နှာထပ်​တွင်​မျက်​မှန်​ကမရှိ​တော့ဘူး​လေ ။
Baby​ရေကိုယ့်​ကို အရူးတစ်​ပိုင်းဖြစ်​အောင်​အထိ​တော့အပြစ်​မ​ပေးပါနဲ့ကွာ ။ Baby​ပေးတဲ့အပြစ်​က ကိုယ့်​အသက်​ကိုရန်​ရှာ​နေပြီ Baby ရဲ့ ။
Baby နိုးထလာခဲ့ပါ Baby နိုးလာ​တော့မှစိတ်​ကြိုက်​အပြစ်​ပေးကွာ ကိုယ်​အပြုံးမပျက်​ခံပါ့မယ်​။ ထာဝရအိပ်​စက်​ခြင်းကြီးကိူခုံမင်​ပြီး​တော့ ကိုယ့်​ကိုအပြစ်​မ​ပေးပါနဲ့ကွာ။
ချစ်​ရသူအတွက်​ပူပင်​သောက​ရောက်​နေ​သောကျွန်​တော်​သည်​။ ဖခင်​တစ်​ယောက်​ပင်​မဖြစ်​ထိုက်​တော့ပါ ။ ရက်​မ​စေ့ပဲ​မွေးဖွားခဲ့ရသည့်​သား​လေးအနားပင်​မကပ်​ခဲ့ ။ Oh Sehun နှင့်​Luhan ကသာ သား​လေးအတွက်​အစစအရာရာအကုန်​လုံးလိုက်​လုပ်​ပေး​နေရှာသည်​။
ကျွန်​တော်​က​တော့ မစားမ​သောက်​Baby လက်​က​လေးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ရင်း ။ Baby အနားကတစ်​ဖ၀ါးမှမခွာခဲ့ပါ။
Baby ရယ်​ကိုယ့်​ကိုချစ်​ရင်​အိပ်​စက်​ခြင်းမှာမ​ပျော်​မွေ့လိုက်​ပါနဲ့​နော်​။
ကျွန်​တော့နှလုံးသားထဲက စကားသံ​တွေကို Baby နှလုံးသားထဲက​နေတစ်​ဆင့်​Baby ကြားနိုင်​ရင်​ကောင်းမယ်​Baby ။
>>>>>>CHANBAEK<<<<<<
2018.11.14
ဘာမှ​ပြော​တော့ဘူး😷
​ပေပီတို့လက်​ချက်​နဲ့ မကြာခင်​EXO Logo နဲ့အ​ခေါင်းထဲ​ရောက်​တော့မယ့်​ကိုယ်​ပါ😅
Fic အတွက်​Cover​လေးလုပ်​ပေးတဲ့ Noona​ရေအရမ်း​တွေသ​ဘောကျပါတယ်​လို့​ဗျာ။ ကဲကဲ ယူတို့လဲလာ​ပေးလို့ရတယ်​သလား စိတ်​မဆိုးဘူး 😒😒😒
Continuă lectura
O să-ți placă și
228K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
7.7K 1K 22
Jungkook Atlas Francis - Taehyung Rowan Elliot
99.6K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
63.6K 4.9K 29