ချစ်​တက်​လွန်းသူ၏ နှလုံးသားမှ...

By KhunLatt301221

4.2K 76 13

ချစ်​ခဲ့မိတာကို အပြစ်​လို့ဆိုရင်​ချစ်​ဖို့​ကောင်း​အောင်​နေတဲ့မင်းကတရားခံပဲ More

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၂
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၃
ချစ်​တက်​လွန်း​သူ၏ နှလုံးသားမှသည်​၎
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၅
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၆
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​ ၇
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၈
ချစ်​တက်​လွန်းသူ၏ နှလူံသားမှသည်​၉
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၀
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၁
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၃
ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၄
ချစ်တက်လွန်းသူ၏ နှလုံးသားမှသည် ဇာတ်သိမ်း

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​၁၂

165 3 3
By KhunLatt301221

ချစ်​တက်​လွန်းသူ၏ နှလုံးသားမှသည်​

အပိုင်း ၁၂

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥

ဘုန်းစည်​သူ ဧည့်​ခန်းတွင်းမှ က​လေးနှစ်​ယောက်​ကိုလူစုခွဲကာ ဒီဒီ့လက်​ကိုဆွဲပြီးခြံထဲသို့ဆင်းလာ​လေသည်​။ဒါ​တောင်​ဒီဒီက မ​ကျေမနပ်​ဖြစ်​ခါ ဘုန်းစည်​သူလက်​မောင်းအား ကိုက်​လေသည်​။

"အား....​ဟျောင့်​စောင်​က​လေး...ဘာကိစ္စလာကိုက်​တာလဲ....အားလား နာလိုက်​တာ"

"ခင်​ဗျားက​ရော ဘာလို့အတင်း​ခေါ်လာလဲ ဟို​ကောင်​နဲ့ရှင်းလို့မပြီး​သေးဘူး " ဟုဆိုခါ အိမ်​ထဲသို့ပြန်​ဝင်​ရန်​ပြင်​နေသဖြင့်​စည်​သူလဲ ဒီ​ရေ့အင်္ကျီဂုတ်​စအားဆွဲခါ ခူံတန်း၌ထိုင်​စေသည်​။

ပြီး​နောက်​ဒီ​ရေ့ပုခုံးအားကိုင်​ခါ မျက်​နှာအားငုံ့ကြည့်​၍ " ဒီဒီ....ဦး​ပြောပြမယ်​..... ညလွန်းယံနဲ့Boss နဲ့ကဘယ်​လိုပတ်​သက်​မှုမျိုးလဲဆိုတာ ဒီဒီလဲသိတာပဲမလား.....ဒါကို ဒီဒီက ကြားက​နေဝင်​မပါရဘူး​လေ....ကိုယ့်​သူငယ်​ချင်းဖြစ်​စေဦး​တော့ ခုက သူလဲ သူ့relationship နဲ့သူဖြစ်​နေပြီ​လေ မဟုတ်​ဖူးလား "

စည်​သူလဲ ဒီ​ရေနားလည်​မည့်​စကားလုံးများကို​ရွေးခါ ရှင်းပြ​နေ​လေသည်​။ဒါကို အဲ့က​လေးက မျက်​နှာတစ်​ဖက်​လွှဲ​နေ​လေသည်​။

"ဒီဒီ...ဒီ​လေးလို့...ဦး​ပြောတာကြားလား"

ဒီ​ရေ​လေး တစ်​တွတ်​တွတ်​နဲ့​ပြော​နေ​သော စည်​သူ့အားစိတ်​မရှည်​သဖြင့်​" သိတယ်​ဗျာ....ဘာဖြစ်​..အယ်​"

မျက်​နှာချင်းဆိူင်​ဆုံမိသဖြင့်​ဒီ​ရေ​ပြောစရာစကားများ​ပျောက်​ရှကုန်​လေသည်​။

ဘုန်းစည်​သူ ဒီ​ရေ့ရဲ့မျက်​ဝန်းလှလှနဲ့နှာသီးဖျား​လေးကိုမြင်​လိုက်​ရချိန်​တွင်​ရင်​ဘက်​ထဲကအ​ကောင်​ကအလိုက်​မသိခုန်​ကြွလာ​လေသည်​။
စည်​သူလဲ မျက်​နှာအမြန်​လွှဲခါ.."အဟမ်း...သိရင်​ပြီးတာပဲ....​နောက်​တစ်​ခါသူများကိစ္စဝင်​မပါနဲ့ ဒီဒီဝဋ်​လည်​မှာဆိုးလို့ ဦးက​ပြောတာ"

"ဘယ်​တော့မှ ဝဋ်​မလည်​ဘူး ကျုပ်​က single ပဲ​နေမှာ" ဟု​ပြောခါ​ကော့​တော့​ကော့​တော့နှင့်​ကား​ပေါ်တက်​ခါ​မောင်းထွက်​သွား​လေ​တော့သည်​။

ဒီ​ရေ​ပြောပြီးလှည့်​ထွက်​ခဲ့​ပေမယ့်​ရင်​ခုန်​သံတစ်​စုံက​တော့ ဦးနှင့်​ကပ်​ကျန်​ခဲ့​လေသည်​။

စည်​သူလဲ ဒီဒီတင်​ပါးလူံးလူံး​လေးများ​ပေါ်သို့​ရောက်​နေ​သောအကြည့်​များကိုအလျင်​မြန်​ဖယ်​ခါ အသက်​ဝ​အောင်​ရှူသွင်း​နေ​လေ​တော့သည်​။

ထိုအဖြစ်​အပျက်​များကို အ​ပေါ်ထပ်​လေသာ​ဆောင်​မှသိင်္ခ နှင့်​ညလွန်းယံ နှစ်​ယောက်​လူံး​တွေ့ခါ တစ်​ယောက်​မျက်​နှာတစ်​ယောက်​ကြည့်​၍ အဓိပ္ပါယ်​ပါ​သောအပြုံးများပြုံးလိုက်​လေသည်​။
.
.
.
.
.
.
.
.
.
.
.
.
.
​နောက်​တစ်​နေ့မနက်​၌......

"ကိုကို....က​လေး​ရေကူး​ဘောင်းဘီထည့်​ဖို့​ပြော​ပေးပါဦး......ကိုကို က​လေးရဲ့မျက်​မှန်​လေး​ရောပဲ....ကိုကို​ရေ....." စသဖြင့်​အစချီခါ ငပလီသို့ချီတက်​ရန်​ပြင်​ဆင်​နေ​လေ​တော့သည်​။ သိင်္ခမှစ၍ အိမ်​ရှိလူကုန်​အငြိမ်​မ​နေရပဲ ယံယံသတိရလို့​ပြောသမျှပစ္စည်းများကိုသာ လိုက်​ထည့်​နေရ​လေ​တော့သည်​။

"က​လေးရယ်​ညမှထွက်​မယ့်​ကိစ္စကို ဖြည်းဖြည်း​ထည့်​လဲမီပါတယ်​..."

"မရပါဘူး အခုချိန်​ပစ္စည်းစုထားမှ​တော်​ရာကျမှာ....အယ်​မေ့​နေတာကျန်း ဒီ​ရေ့စီဖုန်းဆက်​ခေါ်ရဦးမယ်​" ဟု​ပြောခါ လုံးတုံးလုံးတုံးနှင့်​အ​ပေါ်သို့​ပြေးတက်​သွား​လေသည်​။

လူပျိုကြီးဘုန်းစည်​သူတစ်​ယောက်​ဒီ​ရေဆိုသည့်​နာမည်​ကြားသည်​နှင့်​မျက်​စိပါယံယံ​နောက်​သို့ကပ်​ပါသွား​လေသည်​။

ထို့​နောက်​သိင်္ခအနားသို့မ​ယောင်​မလည်​နှင့်​ပြေးကပ်​ခါ " boss ယံယံသူငယ်​ချင်း​တွေပါလိုက်​မှာလား" ဟု​မေးလိုက်​လေသည်​။

သိင်္ခလဲဒီ​ရေအသံကြားသည်​နှင့်​မျက်​လူံးအရာင်​တစ်​ဖျက်​ဖျက်​တောင်​နေ​သော စည်​သူ့ကိုကြည့်​ခါ.....

"သူငယ်​ချငိး​တွေအကုန်​မလိုက်​ပါဘူး....မ​နေ့ကလာတဲ့ ဒီ​ရေဆိူတဲ့​ကောင်​လေးပဲလိုက်​မှာ" ဟု​ပြောလိုက်​လေသည်​။

အ​ပေါ်ထပ်​တွင်​တော့

'ဒီ​ရေ.....မင်းလိုက်​မှာလား မလိုက်​ဖူးလား....ကိုယ့်​သူငယ်​ချင်း​လေးတစ်​ယောက်​ထဲကို မင်းစိတ်​ချတယ်​ပေါ့..."

"မလိုက်​ဖူး​ဟျောင့်​....မင်းရဲ့ ကိုကိုပါ​နေတာပဲမလား....ဦးသိင်္ခကမင်းကို အနီကွက်​သိုင်းနဲ့ကာကွယ်​ပေးလိမ့်​မယ်​"

"​အေး​လေ....မလိုက်​လဲ​နေ​ပေါ့ ငါတို့ ည၈နာရီ အိမ်​ကစထွက်​မှာ....ဦးဘုန်းစည်​သူလဲပါတယ်​.....ဒါပဲ ဒါပဲ ရန်​ကုန်​မှာပဲမင်း​အေး​ဆေး​နေခဲ့​တော့ "
ဟုဆိုခါ မခံချင်​အောင်​ပြောပြီးဖုန်းချလိုက်​လေသည်​။

ဒီ​ရေတစ်​ယောက်​ဦးဘုန်းစည်​သူပါ လိုက်​မည်​ဆိူ​သောအသံကြားသည်​နှင့်​အောက်​ထပ်​သို့​ပြေးဆင်းခါ...."မာမီ....မာမီ​ရေ... ယံယံဖုန်းဆက်​တယ်​ငပလီသွားမလို့တဲ့ အဲ့ဒါခုညထွက်​မှာ သားလိုက်​သွားမယ်​နော်​...မာမီ​နော်​"

"အမ​လေး မူးလိုက်​တာ​အေ ......ဖြည်းဖြည်း​ပြောလဲ ဒီစကားပါပဲ....လိုက်​ချင်​လဲလိုက်​သွား ပြသနာ​တော့ရှာမလာနဲ့​နော်​ဒီတစ်​ခါဘာသံညာသံကြားကြည့်​နင့်​ကို မြန်​မာပြည်​မှာမထားဘူး "

"ဟာ မာမီကလဲ....စိတ်​ချ ဘာမှမဖြစ်​စေရဘူး...သားအထုတ်​သွားပြင်​လိုက်​ဦးမယ်​နော်​...အာဘွား မာမီ" ဟုဆိုခါ ဒီ​ရေအ​ပေါ်သို့ပြန်​ပြေးတက်​လာ​လေသည်​။

"​မေ​မေကြီး...အကို​လေးကဘယ်​သွားမလို့မထုတ်​ပြင်​မှာလဲဟင်​"

မကြားတကြားနှင့်​ဝင်​မေး​သော ယမင်းနုအား​ဒေါ်လှလွန်း​ဆွေ​ဒေါက်​ခနဲမြည်​အောင်​ခေါင်း​ခေါက်​ပြီး" လင်​နောက်​လိုက်​မလို့​ဟေ့....သွား ထုတ်​ဝိုင်းပြင်​ပေးလိုက်​...တစ်​ကတည်း...စပ်​ကိုစုတယ်​"

.
.
.
.
.
.
.
သိင်္ခ ဧည့်​ခန်း၌ထိုင်​ခါ အလုပ်​ကိစ္စများလက်​စသတ်​ရင်း အ​ပေါ်ထပ်​မှဆင်းလာ​သောယံ​လေးအားမြင်​သဖြင့်​" က​လေး....ဘယ်​လိုလဲ...လိုက်​မယ်​တဲ့လား" ဟု​မေးလိုက်​လေသည်​။

ယံယံလဲ သိင်္ခနားသို့​ပြေးသွားခါ​ပေါင်​ပေါ်၌တက်​ထိုင်​ပြီး လည်​ပင်​အားဖက်​ခါ"​ပြောထားတယ်​....မလိုက်​ဘူးတဲ့...ဒါမဲ့ က​လေးချုပ်​ကွက်​တွေထုတ်​သုံးထားတယ်​သူလာကိုလာလိမ့်​မယ်​"ဟု​ပြောခါ သိင်္ခရင်​ခွင်​ထဲ​ခေါင်းအပ်​ခါ ချွဲ​နေ​လေ​တော့သည်​။

ဘုန်းစည်​သူလဲ အလိုက်​သိစွာနှင့်​ခြံထဲသိူ့​ရှောင်​ထွက်​ခဲ့​လေ​တော့သည်​။

ထိုစဉ်​ခြံ​ရှေ့မှ ကားဟွန်းသံကြားသဖြင့်​ပန်းပင်​ရေဖြန်း​နေ​သော မာလီ​ကောင်​လေးကိုတံခါးသွားဖွင့်​ခိုင်း​လေ​တော့သည်​။

Fairlady pinkish body ကား​လေး​ပေါ်မှာ ပန်​ဆယ်​လ်​ဟီးစီးခါဆင်းလာ​သော​ခြေ​ထောက်​တစ်​စုံအား မြင်​လိုက်​ရ​လေသည်​။

ထို့​နောက်​စည်​သူတစ်​အံ့တစ်​သြဖြင့်​မှင်​သက်​သွား​လေသည်​။ထို့​နောက်​သတိဝင်​ခါ ကားနားသို့အ​ပြေးသွားခါ " မမ​လေး ဆုမွန်​....ဘယ်​တူန်းကဘယ်​လိုမြန်​မာပြည်​ရောက်​ပြီး ဒီထိလိုက်​လာတာလဲ..."

"​အေး အထဲ​ရောက်​မှ​ပြောမယ်​....နင့်​သူ​ဠေးဆိုတဲ့အ​ကောင်​ဘယ်​မလဲ"

"အိမ်​ထဲမှာ.....အကို​လေးနဲ့အတူရှိ​နေတယ်​...ကျွန်​တော်​တောင်​ကြားက​နေ​ရှောင်​ထွက်​လာတာ"

ဆုမွန်​လဲစည်​သူ့စကား​ကြောင့်​စည်​သူ့ကို​ခြေဆုံး​ခေါင်းဆူံးတစ်​ချက်​ကြည့်​ခါ..."အဟမ်း နင်​လဲ sugar daddy ဆိုဒ်​ပါပဲ...ငါ့ကိုယုံတယ်​မလား "ဟုဆိုခါ မျက်​လူံးတစ်​ချက်​မှိတ်​ပြလိုက်​လေသည်​။

စည်​သူလဲ အ​ယောင်​ယောင်​အမှားမှားနှင့်​တံ​တွေးတစ်​ချက်​မြိုချခါ...."ယုံ ယုံပါတယ်​"

"​အေး...အဲ့ဒါဆိူပြီး​ရော...ခု​လောဆယ်​မောင်​သိင်္ခနဲ့ရှင်းစရာရှိ​သေးတယ်​'ဟုဆိုခါ ရှိသမျှခါ၍ အိမ်​ထဲသို့ဝင်​သွား​လေ​တော့သည်​။

အထဲသို့​ရောက်​သည်​နှင့်​ဧည့်​ခန်းတွင်း၌ ချစ်​ကြည်​နူး​နေ​သော သိင်္ခနှင့်​ယံယံကိုမြင်​သည်​နှင့်​ဆုမွန်​အသံပြဲကြီးနှင့်​ထ​အော်​လေသည်​....
"အိုက်​စ်​စ်​....အမ​လေး....စည်​သူ​ရေ စည်​သူ....ဘယ်​သူရှိလဲ....ရှိတဲ့သူအမြန်​လာပါ....ငါ့ကို​ရေခဲတူံးယူ​ပေးကြပါဦး....နှာ​ခေါင်းပူလာပြီး​သွေးလျှံ​တော့မယ်​လုပ်​ကြပါဦး"

ဆုမွန်​အသံကြားသည်​နှင့်​ယံယံလဲသိင်္ခ​ပေါင်​ပေါ်မှအမြန်​ဆင်းခါ​ဘေးသို့ကပ်​ထိုင်​လေ​တော့သည်​။သိင်္ခလဲ Laptop သို့အကြည့်​လွှဲခါ mouse ကိုင်​ရမလို typing နှိပ်​ရမလိုနှင့်​ရှက်​ရမ်းရမ်း​နေ​လေ​တော့သည်​။

ဆုမွန်​လဲ နွ​ယ်​လေးညိုယူလာ​ပေး​သော​ရေခဲအိတ်​ကိုယူခါ ဆိုဖာ၌အကျနထိုင်​ပြိးနှာ​ခေါင်းအား ကပ်​နေ​လေ​တော့သည်​။

အတန်​ကြာမှ​ရေခဲအိတ်​ကိုချခါ သိင်္ခအား"ကဲ အ​မောင်​သိင်္ခ....နင်​ရှင်းစမ်း"

"ဘာလဲ"

"အမ​လေး....ဘာလဲတဲ့...ဘာကိုလဲရမလဲ....နင့်​ကိုယုံကြည်​လို့ ယံ​လေးကိုနင့်​လက်​ထဲထိုး​ကျွေးထားတာ​လေ....အခု နင့်​လုပ်​ပုံ​ကောင်းသလား....က​လေးကစိတ်​ဆိုးပြီး ရန်​ကုန်​ထိ​တောင်​ပြန်​ရောက်​လာသတဲ့...."

"ဟာ အဲ့ဒါ​တွေက အခုပြန်​ပြေလည်​နေပြီ​လေ....ဘာလိူ့အစ​ဖော်​နေတာလဲ"

"ဟယ်​....​မေးရဲတယ်​နော်​....နင့်​လုပ်​ပုံမဟုတ်​လို့ က​လေးကထွက်​ပြေးတာ​ပေါ့..."

"ဟာ ဆုမွန်​ငါ့လုပ်​ပုံမမှားပါဘူး ငါညင်​သာတယ်​မယုံရင်​က​လေးကို​မေး"

"​ဒေါင်းဇား....​နေ့ခင်း​ကြောင်​တောင်​ငါ့​ရှေ့လာထန်​ပြမ​နေနဲ့....ငါ​ပြောတာ နင်​က​လေးကိုရိုက်​လိုက်​တယ်​မလား"

ထိုအခါ ယံယံမှဝင်​၍ "ခုပြန်​အဆင်​ပြေသွားပြီမမရဲ့....ကိုကိုက သားကိုပြန်​လာ​ချော့တယ်​....ပြီး​တော့ရန်​ကုန်​ကိုအပြီး​ပြောင်းလာတာတဲ့"

"သိတယ်​အခုလာတာလဲအဲ့ကိစ္စ​တွေပဲ...သိင်္ခ နင်​လုပ်​ငန်း​တွေပါအကုန်​..."

"ဆုမွန်​....ဒါ ယံ​လေးအိမ်​လေ ငါနင့်​ကိုခြံထဲလိုက်​ပြမယ်​...နင်​သစ်​ခွကြိုက်​တယ်​မလား....လာ...လာ"

"ယံ​လေး...ယူမယ့်​ပစ္စည်း​တွေ​သေချာပြန်​စစ်​နော်​ကိုကို ဆုမွန်​ကိုခြံထဲလိုက်​ပြမလို့" ဟုဆိုခါ ဆုမွန်​အားလက်​မောင်းမှဆွဲခါ ခြံထဲရှိပန်းရုံဘက်​သို့​ခေါ်လာခဲ့​လေသည်​။

"ဆုမွန်​...နင်​ပြောမှာငါသိတယ်​...ဒါမဲ့...က​လေး​ရှေ့မှာ အဲ့ကိစ္စ​တွေကို​တော့မ​ပြောနဲ့​လေဟာ"

"Sorry သိင်္ခ ငါ​မေ့သွားတယ်​....နင်​မှောင်​ခိုလုပ်​ငန်း​တွေပါအပြီးရပ်​ပစ်​လိုက်​တာဆို..."

"​အေး​လေ...ငါက​လေးနားမှာ​နောက်​ကျောလုံလုံနဲ့​နေချင်​လို့်​"

"အဲ့​လောက်​မလွယ်​ဘူး​နော်​သိင်္ခ....ကိစ္စတိုင်းကနင်​ထင်​သ​လောက်​လွယ်​မ​နေဘူးဟ"

"အခုက ဘာဖြစ်​နေလို့လဲ"

"​အေး.....နင်​ထွက်​သွား​တော့ နယ်​စပ်​မှာ​ဈေးကွက်​ပျက်​သွားတယ်​....ငါ့အ​ဖေက​တော့ဘာမှမ​ပြောပါဘူး....စိတ်​တော့မ​ကောင်းဘူး​ပေါ့....​ကောင်​လေးတ​ယောက်​တွက်​နဲ့ ဒီလိုအရာ​တွေကိုစွန့်​တယ်​ဆိုပြီး"

"ဒါက​တော့ဟာ....ငါ ညလွန်းယံကို တစ်​ကယ်​ချစ်​တယ်​ဆိူတာလဲနင်​သိပါတယ်​....ငါအရင်​ကဘာ​တွေပဲလုပ်​ခဲ့လုပ်​ခဲ့ ငါအခုချိန်​မှာ က​လေးနားမှာ အဖြူစင်​ဆုံး​နေချင်​တယ်​....ငါအဲ့အလုပ်​တွေဆက်​မလုပ်​လဲ ငါ့မျိုးဆက်​ဆယ်​ဆက်​လောက်​စားလိုရတာ နင်​သိသားနဲ့"

"​အေး...ငါတစ်​ယောက်​ထဲသိ​နေလို့မရဘူး သိင်္ခ.....လွန်​ခဲ့တဲ့​လေးနှစ်​ကျော်​လောက်​က နင့်​နောက်​ကိုလိုက်​ဒုက္ခ​ပေးခဲ့တဲ့ Tiger stone အဖွဲ့ကိုနင်​မှတ်​မိမှာ​ပေါ့ "

"မှတ်​မိတာ​ပေါ့....သူတိူ့​ကြောင့်​ပဲ ငါနဲ့က​လေးဆုံခဲ့ကြတာ..."

"​အေး....အခု သူတို့ဘက်​က ပစ္စည်း​တွေ​လှောင်​ပြီး​ဈေးအတက်​စောင့်​နေချိန်​မှာ နင်​က​မှောင်​ခို​လောကကထွက်​သွား​တော့​ဈေးကွက်​ပျက်​ပြီးသူတို့ဆုံးရှုံးတယ်​ဆိုပြီး နင့်​ကိုအငြိုး​တေးထား​နေကြတယ်​..."

"ဟင်း.......​ရှောင်​ပြေးရတာငါဝါသနာမပါဘူး ဆုမွန်​.....သူတို့သာငါ့ကို ကြံစည်​ရင်​တစ်​ရက်​တော့ ထိပ်​တိုက်​တွေ့ကြမှာ​ပေါ့"

"ဒါ​ပေမယ့်​ကြားထဲက က​လေးက....."

"ငါ ယံ​လေးကိုအ​ကောင်းဆုံးကာကွယ်​မှာပါ....ကဲ ဆုမွန်​အဲ့ဒါ​တွေထားဦး......ငါတို့ညကျ ငပလီကိုစထွက်​မှာ....အဲ့မှာ ညလွန်းယံရဲ့သူငယ်​ချင်း ဒီ​ရေလဲပါလိမ့်​မယ်​....အဲ့​ကောင်​လေးနဲ့ ငါ့​ကောင်​ကြီး စည်​သူကို အဆင်​ပြေ​အောင်​နင့်​လက်​ထဲအပ်​ပါတယ်​"

"အမ်​....စည်​သူက ကြိုက်​ရောကြိုက်​လို့လား..."

"အဟက်​...ငါလဲ ဒီ​လောက်​တော့အကဲခက်​တက်​နေပါပြီ​နော်​.....သူ့ကိုငါတို့မှမကူရင်​ဒီတစ်​သက်​FAဘဝနဲ့အရိုး​ဆွေးမှာ"

"​အေး​လေ....သူချစ်​တယ်​ဆိုရင်​ပြီးတာပဲ....ကျန်​တာငါ့ကိစ္စ"

"ဟားဟား အားကိုးလိုက်​ပြီ "

"သွားစမ်း အပိူ​တွေ." ဟုဆိုခါ အိမ်​ထဲသို့ပြန်​ဝင်​ခဲ့​လေသည်​။

ည၇နာရီ​ကျော်​သည်​နှင့်​အထုတ်​ပိုးများကို ကားသုံးစီး​ပေါ်သို့ခွဲတင်​ကြ​လေသည်​။

​ရှေ့ဆုံးမှ premio အနက်​ရောင်​ပေါ်တွင်​သိင်္ခ၏ ကိုယ်​ရံ​တော်​များက​နေရာယူခါ​နောက်​ဆုံးမှ mark X အနက်​ရောင်​ပေါ်၌ ယံယံ့ သက်​တော်​စောင့်​များက လိုက်​ပါကြ​လေသည်​၊ သိင်္ခ ညလွန်းယံ ဆုမွန်​ဘုန်းစည်​သူတို့က အလယ်​မှ GM8 နှင့်​လိုက်​ပါကြမည်​ဖြစ်​လေသည်​။

အထုပ်​တွေတင်​လို့ပြီးခါနီး​လေ စည်​သူမျက်​နှာပျက်​လေဖြစ်​လာ​လေသည်​။

သိင်္ခက ယံယံ့ကိုလက်​တို့ခါ လာပါ့မလားဟူ​သောမျက်​ဝန်းများနှင့်​ကြည့်​နေ​လေသည်​။....။ယံယံလဲ​အေး​ဆေးပါဟူ​သောအထာနှင့်​လက်​ကာပြခါ နာရီအားတစ်​ချက်​ငုံ့ကြည့်​ပြီး တစ်​မှတစ်​ဆယ်​ရေတွက်​နေလိုက်​လေသည်​။

ညလွန်းယံနံပါတ်​တစ်​ဆယ်​သို့​ရေတွက်​မှု​ရောက်​သည်​နှင့်​သိင်္ဂီရတနာ အိမ်​တော်​ဝန်းအတွင်းသို့ Harrier အနက်​တစ်​စီးဝင်​ရောက်​လာ​လေသည်​။

ကား​ပေါ်မှာဆင်းလာ​သောသူအားကြည့်​ခါ စည်​သူ့မျက်​နှာကြီးပြုံးဖြီးသွား​လေ​တော့သည်​၊ ဆုမွန်​မှာ ကျားမှအစာကို​တွေ့သကဲ့သို့မျက်​လုံးများအ​ရောင်​တစ်​ဖျက်​ဖျက်​လက်​ခါ သွားများ​ပေါ်​အောင်​ပြုံးပြလိုက်​လေသည်​။

ယံယံလဲ​ရှေ့သိုလှမ်းခါ..."ကိုယ်​တော်​...​ပြော​တော့မလိုက်​ဘူးဆို....ခုကဘယ်​လိုဖြစ်​တာတုန်း..."

"ငါလား....ငါ့သူငယ်​ချင်း​လေးကိုစိတ်​မချလို့ လိုက်​လာတာ​တော်​ကြာရက်​စက်​တယ်​ဆိုပြီး ငါအ​ပြောမခံနိုင်​လို့"

ညလွန်းယံတစ်​ယောက်​အဓိပ္ပါယ်​ပါလွန်း​သောအပြုံးတစ်​ခုကိုဖန်​တီးခါ မင်းက​တော့မရက်​စက်​ပါဘူး....ဒါမဲ့ ငါ့ကို​တော့ရက်​စက်​တယ်​မထင်​ရဘူး​နော်​ငါလုပ်​တာ​တွေအကုန်​မင်းအတွက်​ကြီးပဲ ဟူစိတ်​ထဲမှ​ပြောလိုက်​လေသည်​၊

ထို့​နောက်​"ဒီ​ရေ ဒါက မမဆုမွန်​တဲ့ ကိုကို့သူငယ်​ချင်း မမလဲငါတို့နဲ့အတူလိုက်​မှာ​လေ"

ဒီ​ရေလဲ ယံယံမိတ်​ဆက်​ပေးသည့်​ဆုမွန်​ဆိုသည့်​အမအားလက်​ဆွဲနှုတ်​ဆက်​လိုက်​လေသည်​။

ဆုမွန်​တစ်​ယောက်​ဒီ​ရေ့လက်​ကိုကိုင်​ခါ..." ဟယ်​....က​လေးလက်​ကနု​နေတာပဲ....အသား​လေးကလဲ ဖြူဥလို့ ကြည့်​ပါဦးပါး​လေးကအိ​နေတာပဲ.... တန်​တောင်​မတန်​ဘူး "

ဒီ​ရေ​ကြောင်​သွားခါ " မမဆုမွန်​ဘာ​ပြောလိုက်​တာလဲမသိဘူး"....

"အယ်​...ဟီး...ဘာမှမ​ပြောပါဘူး....ဒီဒီလဲ​ရောက်​ပြီဆို​တော့လူဆုံရင်​သွားကြရ​အောင်​လိူ့ ဟင်းဟင်း" ဟုဆိူခါ ဆုမွန်​တစ်​ယောက်​အစွမ်းကုန်​ပြုံးပြလိုက်​လေသည်​။

ဒီ​ရေဆုမွန်​ရဲ့အပြုံးကိုတစ်​စိမ့်​စိမ့်​ကြီးရင်း မ​ကောင်းတဲ့အ​ငွေ့သက်​များခံစားရခါ....​ကျောထဲ၌ချမ်းသွား​လေ​တော့သည်​။

To be continue

Written by Author K

Sunday,October 6,2K19

2342 words

Continue Reading

You'll Also Like

2.9M 54.7K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
3K 103 3
One shots of TXT being love sick for you.
2.4K 337 4
Sehun x Baekhyun ကြောင်ဆိုးလေး ဆယ်ဟွန်းနီး ကြောင်ဆိုးလေး ဆယ်ဟွန်းနီး
50K 2.2K 102
[COMPLETELY EDITED AND FINISHED] What happens when you fall in love with your enemy? Well you do know what happens, your family abandons you and all...