နတ်ဆိုးသခင်နှင့် သူတော်စင်(QW...

By MayKingMK119

535K 52.5K 1.3K

The Monk and Master of Demonic mm translation Eng translation link https://chrysanthemumgarden.com/novel-t... More

Chapter _( 1-1)(Zawgyi+Unicode)
Chapter _( 1-2) (Zawgyi+Unicode)
Chapter - 2 (Zawgyi+unicode)
Chapter 3 (Zawgyi+unicode)
Chapter 4 (Zawgyi+unicode)
Chapter _ 5 (Zawgyi+unicode)
Chapter 6 (Zawgyi+unicode)
Chapter (7) (Z+U)
Chapter - 8 ( Zawgyi+Uni) ⚠🔞🔞⚠
Chapter ( 9 ) (Zawgyi+Unicode)
Chapter - 10 ( zawgyi+unicode)
Chapter 11 (Zawgyi+Unicode)
Chapter (12) ( zawgyi +unicode) ⚠⚠⚠
Chapter 13 ( Zawgyi+Unicode) 🚫🚫
Chapter _ 14 (Zawgyi+Unicode) 🔞⚠⚠🔞
Chapter (15)
Chapter _ 16 ( zawgyi+unicode)
Chapter (17) (zawgyi+unicode)
Chapter (18_ 1) ( zawgyi+unicode)
Chapter (18-2) ( zawgyi+unicode)
Chapter (19.1) (zawgyi+unicode)
Chapter ( 19_2) (zawgyi+unicode)
Chapter (19-3) ((zawgyi+unicode)
Chapter (20-1)
Chapter ( 20_2) (zawgyi+unicode)
Note
Chapter (21-1) (zawgyi+unicode)
Chapter (21-2) (zawgyi+unicode)
Chapter (22-1) ( Zawgyi + Unicode)
Chapter (22-2) (zawgyi+unicode)
Chapter (23-1) (zawgyi+unicode)
Chapter (23-2) 🚫🚫🚫(zawgyi+unicode)
Chapter (24-1) (zawgyi+unicode)
Chapter (24-2) ⚠🔞🔞⚠ ( Zawgyi+unicode)
Chapter (24-3) 🔞🔞 (zawgyi+ unicode)
Chapter (25-1) (zawgyi+unicode)
HAPPY NEW YEAR
Chapter (25-2) ( zawgyi+unicode)
Chapter ( 26_1) (zawgyi+unicode)
Chapter (26-2) _ End (zawgyi+unicode)
FOD Extra _ 4
Face of Devil Arc_15
Lord of End of World
Another FOD translations

-Chapter 1.3 (Zawgyi+unicode)

11.7K 1.3K 14
By MayKingMK119

သူေတာ္စင္ႏွင့္ နတ္ဆိုးဂိုဏ္း၏ အရွင္သခင္ - Chapter 1.3

မုက်င့္ေကာႏွင့္ က်န္းခ်န္ရန္တို႔ႏွစ္ေယာက္က မုေလြ႕လင္ကို ေဘးဒုကၡေရာက္ခ်င္ေယာင္ ေဆာင္ၿပီး သူေတာ္စင္ဂိုဏ္းရဲ့ ဂိုဏ္းခ်ဳပ္ျဖစ္တဲ့ က်ိဳးယြင္ရွန္႔ဆီကို သူမကိုလာကယ္ဖို႔ စာတစ္ေစာင္ေရးသားေစခဲ့တယ္။ မုေလြ႕လင္ဟာ သူမဖခင္ဆီက ေကာက္က်စ္ယုတ္မာျခင္းနဲ႔ ကိုယ္က်င့္တရားပ်က္ျပားျခင္းဆိုတဲ့ အရည္အခ်င္းကို ဆက္ခံရရွိခဲ့ၿပီး ဒီကမၻာေပၚမွာ ေဘးဒုကၡမ်ားစြာကို ဖန္တီးႏိုင္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္တယ္။ သူမဖန္တီးခဲ့တဲ့ ျပႆနာေတြကို မူလခႏၶာကိုယ္ျဖစ္တဲ့ အရင္လူကေတာ့ ဒါေတြကို သိျမင္ႏိုင္ျခင္းမရွိသလို ေရွာင္တိမ္းႏိုင္ျခင္းလည္း မရွိခဲ့ဘူး။ က်ိဳးယြင္ရွန္႔က system က ေပးတဲ့အလုပ္တာ၀န္ေတြကို လက္ခံရရွိခဲ့ၿပီး သူမဖန္တီးတဲ့ ျပႆနာေတြၾကားကေန ထပ္ခါထပ္ခါ သူမကို ကယ္တင္ေပးခဲ့တယ္။ သူမက မေကာင္းတဲ့စိတ္ႏွလံုးရွိတဲ့ မိန္းကေလးဆိုတာ သိခဲ့တာေတာင္မွ သူမကို သူက အ႐ူးအမူး စြဲလမ္းေနခဲ့တုန္းပဲ။ က်ိဳးယြင္ရွန္႔က သူရဲ့ပါ၀ါေတြကိုသံုးၿပီး မုေလြ႕လင္ေပးခဲ့တဲ့၊ သူ႔စိတ္ထဲမွာထင္က်န္ေနတဲ့ အမ်ိဳးမ်ိဳးေသာ စိတ္ညစ္စိတ္ဆိုးေတြကို ဖယ္ရွားသန္႔စင္ပစ္လိုက္တယ္။ ၿပီးေတာ့ သူက သူေတာ္စင္ဂိုဏ္းရဲ့ ဂိုဏ္းခ်ဳပ္ေနရာမွာ ဆက္လက္လုပ္ေဆာင္ေနၿပီး ဒီအေၾကာင္းေတြကိုပိုသိေအာင္ ေစာင့္ၾကည့္ေနခဲ့တယ္။

က်န္းခ်န္ရန္နဲ႔ မုက်င့္ေကာတို႔က မုလင္းရြာမွာရွိတဲ့ မိသားစု၀င္ ေတာ္ေတာ္မ်ားမ်ားကို တိုက္ခိုက္ဖ်က္ဆီးခဲ့တယ္။ သူတို႔ပိုင္ဆိုင္တဲ့ ဓနဥစၥာေတြကို ခိုးယူခဲ့တယ္။ ၿပီးေတာ့ သူတို႔လုပ္သမွ် အျပစ္အားလံုးကို သူေတာ္စင္ဂိုဏ္းဆီကို ပံုခ်ခဲ့တယ္။ ဒါေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ ရာဇ၀တ္ေဘးေတြဟာ သူေတာ္စင္ဂိုဏ္းကလုပ္တယ္လို႔ ထင္ျမင္ယူဆခဲ့ၾကတယ္။ ဒါေၾကာင့္ သူတို႔ ယံုၾကည္ေလးစားခဲ့တဲ့ သူေတာ္စင္ဂိုဏ္းဟာ မေကာင္းဆိုး၀ါးဂိုဏ္းတစ္ခု ျဖစ္သြားခဲ့ၿပီလားလို႔ အံ့အားသင့္ေနခဲ့ၾကတယ္။

မိသားစုႀကီးခုနစ္စု တိုက္ခိုက္ခံရတဲ့ျပႆနာ ျဖစ္ၿပီးသြားတဲ့အခါမွာေတာ့ သူေတာ္စင္ဂိုဏ္းကို လူေတာ္ေတာ္မ်ားမ်ားက မေကာင္းဆိုး၀ါးေတြနဲ႔ ဖြဲ႕စည္းထားတဲ့ဂိုဏ္းအျဖစ္ လူသိမ်ားလာၿပီး အမ်ားစုက မုန္းတီးရြံရွာလာၾကတယ္။

က်ိဳးယြင္ရွန္႔က အခုခ်ိန္မွာ သူေတာ္စင္ဂိုဏ္းရဲ့ အေျခအေနက သိပ္မေကာင္းဘူးဆိုတာကို သိရွိခဲ့ေပမယ့္ ဒီဂိုဏ္းကိုကယ္တင္ဖို႔ေတာ့ သူဘာမွ မလုပ္ေပးႏိုင္ခဲ့ဘူး။ System ရဲ့ ထိန္းခ်ဳပ္မႈေအာက္မွာ သူက မုေလြ႕လင္ကို ဒီအက်ပ္အတည္းနဲ႔ ေ၀းရာကိုပဲ ေခၚေဆာင္သြားခဲ့တယ္။ မုေလြ႕လင္ ဒီေနရာကေန ထြက္သြားၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ မုက်င့္ေကာနဲ႔ က်န္းခ်န္ရန္တို႔က သူတို႔သမီးကို မေကာင္းဆိုး၀ါးဂိုဏ္းခ်ဳပ္ႀကီးက ျပန္ေပးဆြဲပါတယ္ဆိုၿပီး သတင္းေတြထုတ္လႊင္႔ခဲ့တယ္။ ၿပီးေတာ့ သူ႔သမီးကို ကယ္တင္ဖို႔အတြက္ အျခားမိတ္ေဆြေတြကို ၀ိုင္း၀န္းကူညီေပးဖို႔ ထုတ္ျပန္ေၾကျငာခဲ့တယ္။

မိသားစုႀကီးခုနစ္စုရဲ့ ဥစၥာရတနာေတြနဲ႔ လွ်ိဳ႕၀ွက္သိမ္းဆည္းထားတဲ့ တန္ဖိုးရွိတဲ့အရာမ်ားစြာ ေပ်ာက္ဆံုးသြားၿပီးေနာက္ပိုင္းမွာေတာ့ အဲ့ပစၥည္းေတြက မေကာင္းဆိုး၀ါးဂိုဏ္းရဲ့ လက္ထဲမွာရွိတယ္လို႔ လူေတြက ယံုၾကည္ခဲ့ၾကတယ္။ ႐ိုးသားတဲ့လူေတြကေတာ့ ဂိုဏ္းသားေတြကို အခ်င္းခ်င္း ေဖးမကူညီခ်င္ၾကေပမယ့္ တခ်ိဳ႕ေတြကေတာ့ တိုက္ခိုက္လုယက္ျခင္းခံရတဲ့ ဒီဒဏ္ကို ကလဲ့စားေခ်ခ်င္ၾကတယ္။ ေလာဘႀကီးတဲ့ လူေတြကေတာ့ ဒီအခေၾကးေငြေတြကို ရရွိခ်င္တဲ့ရည္ရြယ္ခ်က္နဲ႔ ပိယြင္ရြာကို တဖြဲဖြဲနဲ႔ ၀င္ေရာက္လာခဲ့တယ္။ ရက္အနည္းငယ္အတြင္းမွာပဲ က်န္းခ်န္ရန္ဆီမွာ သိုင္းပညာရွင္ ေထာင္ေပါင္းမ်ားစြာ စုစည္းေရာက္ရွိလာခဲ့ၾကတယ္။

သူေတာ္စင္ဂိုဏ္းရဲ့ ဂိုဏ္းခ်ဳပ္ကို သိုင္းသမားေပါင္းမ်ားစြာက လာေရာက္၀န္းရံၾကတဲ့အခါမွာေတာ့ က်ိဳးယြင္ရွန္႔က ဒါဟာ သူ႔ရဲ့ဗီလိန္ system က လုပ္ေဆာင္ခိုင္းတဲ့ ဂိုဏ္းခ်ဳပ္ေနရာကေန လုပ္ေဆာင္ရမယ့္ တာ၀န္ေတြကေန မၾကာခင္ ၿပီးဆံုးေတာ့မယ္ဆိုတာကို သိေနခဲ့တယ္။ မုေလြ႕လင္ယူေဆာင္လာေပးတဲ့ အဆိပ္ခတ္ထားတဲ့၀ိုင္ကို ေသာက္ၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ သူဟာ လက္ရွိ(...........)မွာ ဘာေတြျဖစ္ပ်က္ေနတယ္ဆိုတာကို ေသခ်ာမသိရခင္မွာပဲ သူ႔ရဲ့၀ိညာဥ္က သူ႔ခႏၶာကိုယ္ကေန တျဖည္းျဖည္းနဲ႔ ထြက္ခြာသြားခဲ့ၿပီျဖစ္တယ္။ ဒါေပမယ့္လည္း သူက ဗီလိန္ system က သူ႔ကိုေပးတဲ့ အလုပ္ေတြကို ဆက္ၿပီးလုပ္ေဆာင္ေနရတုန္းျဖစ္တယ္။ သူက မုေလြ႕လင္ကို ဒီဂိုဏ္းကေန လံုၿခံဳစြာနဲ႔ ကယ္ထုတ္သြားႏိုင္ဖို႔အတြက္ပဲ လုပ္ေဆာင္ေနခဲ့တယ္။ မုေလြ႕လင္က သူ႔ကို သစၥာေဖာက္ေနတာ၊ လွည့္စားေနတာကို မသိဘဲနဲ႔ မုေလြ႕လင္လြတ္ေျမာက္ဖို႔ကိုပဲ သူေသအံမူးမူးအခ်ိန္အထိ မုေလြ႕လင္ရဲ့အက်ိဳးကို ေဆာင္ရြက္ေပးခဲ့တယ္။

အသက္ရွင္က်န္ရစ္ခဲ့တဲ့ သူေတာ္စင္ဂိုဏ္းရဲ့ ဂိုဏ္းသား ၁၂ ေယာက္ေက်ာ္တို႔က ေသအံဆဲဆဲျဖစ္ေနတဲ့ သူတို႔ရဲ့ဂိုဏ္းခ်ဳပ္ကို လွ်ိဳ႕၀ွက္ေခၚေဆာင္ၿပီး ခ်န္လုေတာင္တန္းႀကီးထဲမွာ လွ်ိဳ႕၀ွက္စြာနဲ႔ သူ႔ကို တိတ္တဆိတ္နဲ႔ ၀ွက္ထားခဲ့ၾကတယ္။ က်န္းခ်န္ရန္နဲ႔ မုက်င့္ေကာတို႔က လွ်ိဳ႕၀ွက္က်င့္ႀကံတဲ့သိုင္းက်မ္းကို တျခားသူေတြက သူတို႔ထက္အရင္ ရွာေတြ႕သြားမွာကို စိုးရိမ္ေနၾကတယ္။ ဒါေၾကာင့္ သူတို႔က ဂိုဏ္းခ်ဳပ္လြတ္ေျမာက္သြားတဲ့ေနာက္ကို မလိုက္ဘဲ မုေလြ႕လင္ရဲ့ လမ္းညႊန္မႈေအာက္မွာပဲ အနက္ေရာင္အခန္းႀကီးကိုဖြင့္လိုက္ၿပီး အသည္းအသန္ အ႐ူးအမူး ရွာေဖြခဲ့ၾကတယ္။ သူတို႔ဟာ အဲ့ဒီအခန္းႀကီးကို ထပ္တလဲလဲရွာၿပီး ေနာက္ဆံုး အဲ့ဒီေတာင္ေပၚကို အျခားသူေတြ ေရာက္လာတဲ့အခ်ိန္ထိကို ဒီအခန္းထဲမွာပဲ လွ်ိဳ႕၀ွက္သိုင္းက်မ္းကို ရွာေဖြခဲ့ၾကတယ္။

က်န္တဲ့သူေတြကေတာ့ ဒီလွ်ိဳ႕၀ွက္သိုင္းက်မ္းထက္ သူေတာ္စင္ဂိုဏ္းက ႏွစ္ေပါင္းမ်ားစြာ လွ်ိဳ႕၀ွက္စုေဆာင္းထားခဲ့တဲ့ နန္းစဥ္ရတနာေတြကို ခြဲေ၀ယူေဆာင္ခဲ့ၾကတယ္။ ဒီရတနာေတြေၾကာင့္ သိုင္းသမားေတြက ဆုလာဘ္မ်ားစြာရသြားတဲ့အလား ေက်နပ္သြားၾကတယ္။ အဲ့ဒီေနာက္မွာေတာ့ သိုင္းသမားေတြက တစ္ေယာက္ၿပီးတစ္ေယာက္ ဒီဂိုဏ္းကေန ထြက္ခြာသြားၾကတယ္။ ဒါေပမယ့္ ကလဲ့စားေခ်ခ်င္တဲ့၊ ေဒါသႀကီးေနတဲ့ မိသားစု၀င္တခ်ိဳ႕ကေတာ့ က်ိဳးယြင္ရွန္႔ရဲ့အသက္ကို ရယူခ်င္တဲ့အတြက္ ဒီေတာင္တန္းေပၚမွာ ဆက္ၿပီး ရွာေဖြေနၾကတုန္းျဖစ္တယ္။

က်ိဳးယြင္ရွန္႔က တျဖည္းျဖည္းနဲ႔ သူေသဆံုးသြားမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနတဲ့အခ်ိန္မွာ system ကေပးတဲ့ ေနာက္ဆံုးတာ၀န္က ေရာက္ရွိလာခဲ့တယ္။ အဲ့ဒါကေတာ့ က်င့္ႀကံေရးလွ်ိဳ႕၀ွက္သိုင္းက်မ္းကို မုေလြ႕လင္လက္ထဲကို ေရာက္ေအာင္ေပးရမွာျဖစ္တယ္။

အခုခ်ိန္မွာေတာ့ သူတို႔ဂိုဏ္းမွာျဖစ္ေနတဲ့ ဒီကပ္ဆိုးႀကီးက မုမိသားစုနဲ႔ ပိယြင္ရြာေပါင္းၿပီး လုပ္ႀကံဖန္တီးခဲ့တယ္ဆိုတာကို သိရွိသြားခဲ့ၿပီ။ သူတို႔လိုခ်င္တဲ့အရာကို သူတို႔ဟာ ရွာမေတြ႕ၾကဘူး။ ဒါေၾကာင့္ သူတို႔က မုေလြ႕လင္ကို က်ိဳးယြင္ရွန္႔ဆီကို စကားေျပာဖို႔ သြားေစခဲ့တယ္။ မုေလြ႕လင္က က်ိဳးယြင္ရွန္႔နားကေန မခြာႏိုင္ျဖစ္ေနတယ္။ ဒါေၾကာင့္ သူမက က်ိဳးယြင္ရွန္႔နားကို အေဆာတလ်င္ ကပ္လာခဲ့တယ္။

မုေလြ႕လင္ရဲ့ဆံပင္ေတြဟာ ႐ႈပ္ပြေနၿပီး သူမရဲ့အ၀တ္အစားေတြဟာလည္း ေဟာင္းႏြမ္းစုတ္ျပတ္ေနတယ္။ သူမရဲ့ခႏၶာကိုယ္မွာလဲ ဒဏ္ရာဒဏ္ခ်က္ေတြအမ်ားႀကီး ရရွိေနခဲ့တယ္။ သူမရဲ့ပံုစံကိုၾကည့္ရတာ သနားစရာေကာင္းေနခဲ့ၿပီး သူမက က်ိဳးယြင္ရွန္႔ကို ေျပာခဲ့တယ္။ သူမဆီမွာ ကိုယ္၀န္ရွိေနၿပီ။ ဒါေၾကာင့္ လွ်ိဳ႕၀ွက္ဂိုဏ္းရဲ့ အသက္ရွင္က်န္ေနတဲ့သူေတြရဲ့ ေနာက္ဆံုးေမွ်ာ္လင့္ခ်က္က သူမရဲ့ မေမြးဖြားရေသးတဲ့ ကေလးပဲျဖစ္တယ္။ ဒါေၾကာင့္ ဒီဂိုဏ္းထဲကလူေတြက သူမကို မသတ္ဘဲနဲ႔ သတ္မယ့္အစား သူမကို လႊတ္ေပးခဲ့တာျဖစ္တယ္။ သူတို႔ေတြက သူေတာ္စင္ဂိုဏ္းခ်ဳပ္ရဲ့ လက္ထဲကေန လွ်ိဳ႕ဝွက္က်င့္ႀကံျခင္းက်မ္း မုေလြ႕လင္လက္ထဲ ေရာက္ရွိသြားတာကို ေတြ႕တဲ့အခါမွာလဲ ဘာမွ ၀င္ေႏွာင့္ယွက္ဖို႔ မလုပ္ၾကဘူး။ သူတို႔ေတြဟာ သူတို႔ဆရာသခင္ရဲ့ ရင္ေသြးျဖစ္တဲ့ မေမြးဖြားရေသးတဲ့ ကေလးေလး ႀကီးျပင္းလာတာကိုပဲ ေစာင့္ဆိုင္းၾကမွာျဖစ္တယ္။ ဒီကေလးေလး ႀကီးျပင္းလာတဲ့အခ်ိန္မွာေတာ့ ဒီကေလးက သူတို႔ဂိုဏ္းအတြက္ ကလဲ့စားေခ်ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကတာျဖစ္တယ္။

ဒါေပမယ့္ မုေလြ႕လင္ရဲ႕လက္ထဲ က်င့္ၾကံမႈက်မ္းေရာက္သြားတာနဲ႔ မုေလြ႕လင္က ေခါင္းကို ငဲ့ေစာင္းၿပီး အခ်က္ျပလိုက္တယ္၊ မုအိမ္ေတာ္နဲ႔ ပိယြင္ရြာက လူသတ္သမားေတြကို က်ဴပင္ခုတ္ က်ဴငုတ္မက်န္ သူေတာ္စင္ဂိုဏ္းတခုလံုး သုတ္သင္ ရွင္းလင္းခိုင္းလိုက္တယ္။

မုေလြ႕လင္က က်င့္ၾကံမႈက်မ္းကို သူမရဲ႕ သူတို႔သားေလာင္း က်န္းခ်န္ရန္ လက္ထဲကို ေပးလိုက္ၿပီး ျမန္ႏိုင္သမၽွ ျမန္ျမန္က်င့္ၾကံခိုင္းလိုက္တယ္။

ဒီကမၻာရဲ႕ သားေတာ္ပီပီ က်န္းခ်န္ရန္က မယံုႏိုင္ေလာက္စရာ အျမန္ႏႈန္းနဲ႔ အဆင့္ေလးအထိ က်င့္ၾကံႏိုင္ၿပီး ထိပ္တန္း ဆရာသခင္ျဖစ္လာခဲ့တယ္။

ဒါ့အျပင္ သူက က်မ္းရဲ႕အဖံုးေနာက္က လ်ိ ဳ႕ဝွက္ရတနာေျမပံုကို ရလိုက္ၿပီး သူ႔စစ္တပ္အတြက္လိုအပ္တဲ့ ရိကၡာေတြ စစ္လက္နက္ စစ္ျမင္းနဲ႔ ကရိယာအားလံုး ေရွးေဟာင္းရတနာသိုက္ထဲက ရတနာေတြသံုးၿပီး ဝယ္ႏိုင္ခဲ့တယ္။

သံုးႏွစ္ၾကာၿပီးေနာက္ က်န္းခ်န္ရန္က မင္းဆက္အသစ္တခုကို ထူေထာင္ႏိုင္တဲ့ အင္ပါယာအရွင္သစ္ျဖစ္လာခဲ့တယ္။

ေတာင္တန္း ျမစ္ေခ်ာင္း၊ အင္းအိုင္အကုန္ က်န္ခ်န္ရန္ရဲ႕ ဩဇာအာဏာစက္ေအာက္ကို ေရာက္ရွိလာေတာ့တယ္။

ဒီဇာတ္လမ္းက သူရဲေကာင္းနဲ႔ သူရုန္းကန္တဲ့ ဘဝဇာတ္ေၾကာင္းကို အသားေပးေဖာ္ျပတဲ့ အမ်ိဳးစားျဖစ္ၿပီး က်ိ ဳးယြင္ရွန္႔ ဝင္စားလာေတာ့ ဇာတ္လမ္းက အဆံုးသတ္နားေတာင္ ေရာက္ခါနီးၿပီျဖစ္တယ္။ သူဘာလုပ္လုပ္ ဒီဇာတ္လမ္းရဲ႕ ဇာတ္ေၾကာင္းကို မေျပာင္းလဲေစေတာ့ဘူး။

======================

သူတော်စင်နှင့် နတ်ဆိုးဂိုဏ်း၏ အရှင်သခင် - Chapter 1.3

မုကျင့်ကောနှင့် ကျန်းချန်ရန်တို့နှစ်ယောက်က မုလွေ့လင်ကို ဘေးဒုက္ခရောက်ချင်ယောင် ဆောင်ပြီး သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ကျိုးယွင်ရှန့်ဆီကို သူမကိုလာကယ်ဖို့ စာတစ်စောင်ရေးသားစေခဲ့တယ်။ မုလွေ့လင်ဟာ သူမဖခင်ဆီက ကောက်ကျစ်ယုတ်မာခြင်းနဲ့ ကိုယ်ကျင့်တရားပျက်ပြားခြင်းဆိုတဲ့ အရည်အချင်းကို ဆက်ခံရရှိခဲ့ပြီး ဒီကမ္ဘာပေါ်မှာ ဘေးဒုက္ခများစွာကို ဖန်တီးနိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ သူမဖန်တီးခဲ့တဲ့ ပြဿနာတွေကို မူလခန္ဓာကိုယ်ဖြစ်တဲ့ အရင်လူကတော့ ဒါတွေကို သိမြင်နိုင်ခြင်းမရှိသလို ရှောင်တိမ်းနိုင်ခြင်းလည်း မရှိခဲ့ဘူး။ ကျိုးယွင်ရှန့်က system က ပေးတဲ့အလုပ်တာဝန်တွေကို လက်ခံရရှိခဲ့ပြီး သူမဖန်တီးတဲ့ ပြဿနာတွေကြားကနေ ထပ်ခါထပ်ခါ သူမကို ကယ်တင်ပေးခဲ့တယ်။ သူမက မကောင်းတဲ့စိတ်နှလုံးရှိတဲ့ မိန်းကလေးဆိုတာ သိခဲ့တာတောင်မှ သူမကို သူက အရူးအမူး စွဲလမ်းနေခဲ့တုန်းပဲ။ ကျိုးယွင်ရှန့်က သူရဲ့ပါဝါတွေကိုသုံးပြီး မုလွေ့လင်ပေးခဲ့တဲ့၊ သူ့စိတ်ထဲမှာထင်ကျန်နေတဲ့ အမျိုးမျိုးသော စိတ်ညစ်စိတ်ဆိုးတွေကို ဖယ်ရှားသန့်စင်ပစ်လိုက်တယ်။ ပြီးတော့ သူက သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာမှာ ဆက်လက်လုပ်ဆောင်နေပြီး ဒီအကြောင်းတွေကိုပိုသိအောင် စောင့်ကြည့်နေခဲ့တယ်။

ကျန်းချန်ရန်နဲ့ မုကျင့်ကောတို့က မုလင်းရွာမှာရှိတဲ့ မိသားစုဝင် တော်တော်များများကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ သူတို့ပိုင်ဆိုင်တဲ့ ဓနဥစ္စာတွေကို ခိုးယူခဲ့တယ်။ ပြီးတော့ သူတို့လုပ်သမျှ အပြစ်အားလုံးကို သူတော်စင်ဂိုဏ်းဆီကို ပုံချခဲ့တယ်။ ဒါကြောင့် လူတော်တော်များများက ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရာဇဝတ်ဘေးတွေဟာ သူတော်စင်ဂိုဏ်းကလုပ်တယ်လို့ ထင်မြင်ယူဆခဲ့ကြတယ်။ ဒါကြောင့် သူတို့ ယုံကြည်လေးစားခဲ့တဲ့ သူတော်စင်ဂိုဏ်းဟာ မကောင်းဆိုးဝါးဂိုဏ်းတစ်ခု ဖြစ်သွားခဲ့ပြီလားလို့ အံ့အားသင့်နေခဲ့ကြတယ်။

မိသားစုကြီးခုနစ်စု တိုက်ခိုက်ခံရတဲ့ပြဿနာ ဖြစ်ပြီးသွားတဲ့အခါမှာတော့ သူတော်စင်ဂိုဏ်းကို လူတော်တော်များများက မကောင်းဆိုးဝါးတွေနဲ့ ဖွဲ့စည်းထားတဲ့ဂိုဏ်းအဖြစ် လူသိများလာပြီး အများစုက မုန်းတီးရွံရှာလာကြတယ်။

ကျိုးယွင်ရှန့်က အခုချိန်မှာ သူတော်စင်ဂိုဏ်းရဲ့ အခြေအနေက သိပ်မကောင်းဘူးဆိုတာကို သိရှိခဲ့ပေမယ့် ဒီဂိုဏ်းကိုကယ်တင်ဖို့တော့ သူဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ System ရဲ့ ထိန်းချုပ်မှုအောက်မှာ သူက မုလွေ့လင်ကို ဒီအကျပ်အတည်းနဲ့ ဝေးရာကိုပဲ ခေါ်ဆောင်သွားခဲ့တယ်။ မုလွေ့လင် ဒီနေရာကနေ ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ မုကျင့်ကောနဲ့ ကျန်းချန်ရန်တို့က သူတို့သမီးကို မကောင်းဆိုးဝါးဂိုဏ်းချုပ်ကြီးက ပြန်ပေးဆွဲပါတယ်ဆိုပြီး သတင်းတွေထုတ်လွှင့်ခဲ့တယ်။ ပြီးတော့ သူ့သမီးကို ကယ်တင်ဖို့အတွက် အခြားမိတ်ဆွေတွေကို ဝိုင်းဝန်းကူညီပေးဖို့ ထုတ်ပြန်ကြေငြာခဲ့တယ်။

မိသားစုကြီးခုနစ်စုရဲ့ ဥစ္စာရတနာတွေနဲ့ လျှို့ဝှက်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့အရာများစွာ ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာတော့ အဲ့ပစ္စည်းတွေက မကောင်းဆိုးဝါးဂိုဏ်းရဲ့ လက်ထဲမှာရှိတယ်လို့ လူတွေက ယုံကြည်ခဲ့ကြတယ်။ ရိုးသားတဲ့လူတွေကတော့ ဂိုဏ်းသားတွေကို အချင်းချင်း ဖေးမကူညီချင်ကြပေမယ့် တချို့တွေကတော့ တိုက်ခိုက်လုယက်ခြင်းခံရတဲ့ ဒီဒဏ်ကို ကလဲ့စားချေချင်ကြတယ်။ လောဘကြီးတဲ့ လူတွေကတော့ ဒီအခကြေးငွေတွေကို ရရှိချင်တဲ့ရည်ရွယ်ချက်နဲ့ ပိယွင်ရွာကို တဖွဲဖွဲနဲ့ ဝင်ရောက်လာခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ကျန်းချန်ရန်ဆီမှာ သိုင်းပညာရှင် ထောင်ပေါင်းများစွာ စုစည်းရောက်ရှိလာခဲ့ကြတယ်။

သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သိုင်းသမားပေါင်းများစွာက လာရောက်ဝန်းရံကြတဲ့အခါမှာတော့ ကျိုးယွင်ရှန့်က ဒါဟာ သူ့ရဲ့ဗီလိန် system က လုပ်ဆောင်ခိုင်းတဲ့ ဂိုဏ်းချုပ်နေရာကနေ လုပ်ဆောင်ရမယ့် တာဝန်တွေကနေ မကြာခင် ပြီးဆုံးတော့မယ်ဆိုတာကို သိနေခဲ့တယ်။ မုလွေ့လင်ယူဆောင်လာပေးတဲ့ အဆိပ်ခတ်ထားတဲ့ဝိုင်ကို သောက်ပြီးတဲ့နောက်ပိုင်းမှာတော့ သူဟာ လက်ရှိ(...........)မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သေချာမသိရခင်မှာပဲ သူ့ရဲ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ တဖြည်းဖြည်းနဲ့ ထွက်ခွာသွားခဲ့ပြီဖြစ်တယ်။ ဒါပေမယ့်လည်း သူက ဗီလိန် system က သူ့ကိုပေးတဲ့ အလုပ်တွေကို ဆက်ပြီးလုပ်ဆောင်နေရတုန်းဖြစ်တယ်။ သူက မုလွေ့လင်ကို ဒီဂိုဏ်းကနေ လုံခြုံစွာနဲ့ ကယ်ထုတ်သွားနိုင်ဖို့အတွက်ပဲ လုပ်ဆောင်နေခဲ့တယ်။ မုလွေ့လင်က သူ့ကို သစ္စာဖောက်နေတာ၊ လှည့်စားနေတာကို မသိဘဲနဲ့ မုလွေ့လင်လွတ်မြောက်ဖို့ကိုပဲ သူသေအံမူးမူးအချိန်အထိ မုလွေ့လင်ရဲ့အကျိုးကို ဆောင်ရွက်ပေးခဲ့တယ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းသား ၁၂ ယောက်ကျော်တို့က သေအံဆဲဆဲဖြစ်နေတဲ့ သူတို့ရဲ့ဂိုဏ်းချုပ်ကို လျှို့ဝှက်ခေါ်ဆောင်ပြီး ချန်လုတောင်တန်းကြီးထဲမှာ လျှို့ဝှက်စွာနဲ့ သူ့ကို တိတ်တဆိတ်နဲ့ ဝှက်ထားခဲ့ကြတယ်။ ကျန်းချန်ရန်နဲ့ မုကျင့်ကောတို့က လျှို့ဝှက်ကျင့်ကြံတဲ့သိုင်းကျမ်းကို တခြားသူတွေက သူတို့ထက်အရင် ရှာတွေ့သွားမှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့် သူတို့က ဂိုဏ်းချုပ်လွတ်မြောက်သွားတဲ့နောက်ကို မလိုက်ဘဲ မုလွေ့လင်ရဲ့ လမ်းညွှန်မှုအောက်မှာပဲ အနက်ရောင်အခန်းကြီးကိုဖွင့်လိုက်ပြီး အသည်းအသန် အရူးအမူး ရှာဖွေခဲ့ကြတယ်။ သူတို့ဟာ အဲ့ဒီအခန်းကြီးကို ထပ်တလဲလဲရှာပြီး နောက်ဆုံး အဲ့ဒီတောင်ပေါ်ကို အခြားသူတွေ ရောက်လာတဲ့အချိန်ထိကို ဒီအခန်းထဲမှာပဲ လျှို့ဝှက်သိုင်းကျမ်းကို ရှာဖွေခဲ့ကြတယ်။

ကျန်တဲ့သူတွေကတော့ ဒီလျှို့ဝှက်သိုင်းကျမ်းထက် သူတော်စင်ဂိုဏ်းက နှစ်ပေါင်းများစွာ လျှို့ဝှက်စုဆောင်းထားခဲ့တဲ့ နန်းစဉ်ရတနာတွေကို ခွဲဝေယူဆောင်ခဲ့ကြတယ်။ ဒီရတနာတွေကြောင့် သိုင်းသမားတွေက ဆုလာဘ်များစွာရသွားတဲ့အလား ကျေနပ်သွားကြတယ်။ အဲ့ဒီနောက်မှာတော့ သိုင်းသမားတွေက တစ်ယောက်ပြီးတစ်ယောက် ဒီဂိုဏ်းကနေ ထွက်ခွာသွားကြတယ်။ ဒါပေမယ့် ကလဲ့စားချေချင်တဲ့၊ ဒေါသကြီးနေတဲ့ မိသားစုဝင်တချို့ကတော့ ကျိုးယွင်ရှန့်ရဲ့အသက်ကို ရယူချင်တဲ့အတွက် ဒီတောင်တန်းပေါ်မှာ ဆက်ပြီး ရှာဖွေနေကြတုန်းဖြစ်တယ်။

ကျိုးယွင်ရှန့်က တဖြည်းဖြည်းနဲ့ သူသေဆုံးသွားမယ့်အချိန်ကို စောင့်ဆိုင်းနေတဲ့အချိန်မှာ system ကပေးတဲ့ နောက်ဆုံးတာဝန်က ရောက်ရှိလာခဲ့တယ်။ အဲ့ဒါကတော့ ကျင့်ကြံရေးလျှို့ဝှက်သိုင်းကျမ်းကို မုလွေ့လင်လက်ထဲကို ရောက်အောင်ပေးရမှာဖြစ်တယ်။

အခုချိန်မှာတော့ သူတို့ဂိုဏ်းမှာဖြစ်နေတဲ့ ဒီကပ်ဆိုးကြီးက မုမိသားစုနဲ့ ပိယွင်ရွာပေါင်းပြီး လုပ်ကြံဖန်တီးခဲ့တယ်ဆိုတာကို သိရှိသွားခဲ့ပြီ။ သူတို့လိုချင်တဲ့အရာကို သူတို့ဟာ ရှာမတွေ့ကြဘူး။ ဒါကြောင့် သူတို့က မုလွေ့လင်ကို ကျိုးယွင်ရှန့်ဆီကို စကားပြောဖို့ သွားစေခဲ့တယ်။ မုလွေ့လင်က ကျိုးယွင်ရှန့်နားကနေ မခွာနိုင်ဖြစ်နေတယ်။ ဒါကြောင့် သူမက ကျိုးယွင်ရှန့်နားကို အဆောတလျင် ကပ်လာခဲ့တယ်။

မုလွေ့လင်ရဲ့ဆံပင်တွေဟာ ရှုပ်ပွနေပြီး သူမရဲ့အဝတ်အစားတွေဟာလည်း ဟောင်းနွမ်းစုတ်ပြတ်နေတယ်။ သူမရဲ့ခန္ဓာကိုယ်မှာလဲ ဒဏ်ရာဒဏ်ချက်တွေအများကြီး ရရှိနေခဲ့တယ်။ သူမရဲ့ပုံစံကိုကြည့်ရတာ သနားစရာကောင်းနေခဲ့ပြီး သူမက ကျိုးယွင်ရှန့်ကို ပြောခဲ့တယ်။ သူမဆီမှာ ကိုယ်ဝန်ရှိနေပြီ။ ဒါကြောင့် လျှို့ဝှက်ဂိုဏ်းရဲ့ အသက်ရှင်ကျန်နေတဲ့သူတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်က သူမရဲ့ မမွေးဖွားရသေးတဲ့ ကလေးပဲဖြစ်တယ်။ ဒါကြောင့် ဒီဂိုဏ်းထဲကလူတွေက သူမကို မသတ်ဘဲနဲ့ သတ်မယ့်အစား သူမကို လွှတ်ပေးခဲ့တာဖြစ်တယ်။ သူတို့တွေက သူတော်စင်ဂိုဏ်းချုပ်ရဲ့ လက်ထဲကနေ လျှို့ဝှက်ကျင့်ကြံခြင်းကျမ်း မုလွေ့လင်လက်ထဲ ရောက်ရှိသွားတာကို တွေ့တဲ့အခါမှာလဲ ဘာမှ ဝင်နှောင့်ယှက်ဖို့ မလုပ်ကြဘူး။ သူတို့တွေဟာ သူတို့ဆရာသခင်ရဲ့ ရင်သွေးဖြစ်တဲ့ မမွေးဖွားရသေးတဲ့ ကလေးလေး ကြီးပြင်းလာတာကိုပဲ စောင့်ဆိုင်းကြမှာဖြစ်တယ်။ ဒီကလေးလေး ကြီးပြင်းလာတဲ့အချိန်မှာတော့ ဒီကလေးက သူတို့ဂိုဏ်းအတွက် ကလဲ့စားချေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတာဖြစ်တယ်။

ဒါပေမယ့် မုလွေ့လင်ရဲ့လက်ထဲ ကျင့်ကြံမှုကျမ်းရောက်သွားတာနဲ့ မုလွေ့လင်က ခေါင်းကို ငဲ့စောင်းပြီး အချက်ပြလိုက်တယ်၊ မုအိမ်တော်နဲ့ ပိယွင်ရွာက လူသတ်သမားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန် သူတော်စင်ဂိုဏ်းတခုလုံး သုတ်သင် ရှင်းလင်းခိုင်းလိုက်တယ်။

မုလွေ့လင်က ကျင့်ကြံမှုကျမ်းကို သူမရဲ့ သူတို့သားလောင်း ကျန်းချန်ရန် လက်ထဲကို ပေးလိုက်ပြီး မြန်နိုင်သမျှ မြန်မြန်ကျင့်ကြံခိုင်းလိုက်တယ်။

ဒီကမ္ဘာရဲ့ သားတော်ပီပီ ကျန်းချန်ရန်က မယုံနိုင်လောက်စရာ အမြန်နှုန်းနဲ့ အဆင့်လေးအထိ ကျင့်ကြံနိုင်ပြီး ထိပ်တန်း ဆရာသခင်ဖြစ်လာခဲ့တယ်။

ဒါ့အပြင် သူက ကျမ်းရဲ့အဖုံးနောက်က လျိ ု့ဝှက်ရတနာမြေပုံကို ရလိုက်ပြီး သူ့စစ်တပ်အတွက်လိုအပ်တဲ့ ရိက္ခာတွေ စစ်လက်နက် စစ်မြင်းနဲ့ ကရိယာအားလုံး ရှေးဟောင်းရတနာသိုက်ထဲက ရတနာတွေသုံးပြီး ဝယ်နိုင်ခဲ့တယ်။

သုံးနှစ်ကြာပြီးနောက် ကျန်းချန်ရန်က မင်းဆက်အသစ်တခုကို ထူထောင်နိုင်တဲ့ အင်ပါယာအရှင်သစ်ဖြစ်လာခဲ့တယ်။

တောင်တန်း မြစ်ချောင်း၊ အင်းအိုင်အကုန် ကျန်ချန်ရန်ရဲ့ ဩဇာအာဏာစက်အောက်ကို ရောက်ရှိလာတော့တယ်။

ဒီဇာတ်လမ်းက သူရဲကောင်းနဲ့ သူရုန်းကန်တဲ့ ဘဝဇာတ်ကြောင်းကို အသားပေးဖော်ပြတဲ့ အမျိုးစားဖြစ်ပြီး ကျိ ုးယွင်ရှန့် ဝင်စားလာတော့ ဇာတ်လမ်းက အဆုံးသတ်နားတောင် ရောက်ခါနီးပြီဖြစ်တယ်။ သူဘာလုပ်လုပ် ဒီဇာတ်လမ်းရဲ့ ဇာတ်ကြောင်းကို မပြောင်းလဲစေတော့ဘူး။



Continue Reading

You'll Also Like

105K 17.1K 15
Neighbors အိမ္နီးခ်င္းခ်စ္သူ Title - 邻居 Author - 青端 Raws - http://www.jjwxc.net/onebook.php?novelid=4059518 Translated from English with the permissi...
34.1K 4K 21
အမည်မဲ့သန့်စင်တဲ့အေးတိအေးစက်ဝိဥာဥ်လေးတစ်ခုဟာsystemတစ်ခုရဲ့ချိတ်ဆက်ကယ်တင်ခြင်းခံခဲ့ရတယ်။ပြိုင်ဘက်ကင်းအလှပိုင်ရှင် အေးတိအေးစက်hostတွင်လှပသည့် အစိမ်းရော...
135K 17.9K 113
(UniCode) 'ချစ်ခြင်းမေတ္တာလို့ ပြောရင်၊ ငါချစ်မိတဲ့သူက မင်းဆိုတဲ့ လူတစ်ယောက်တည်း အတွက်ပဲ' (Zawgyi Code) 'ခ်စ္ျခင္းေမတၱာလို႔ ေျပာရင္၊ ငါခ်စ္မိတဲ့သူက မ...