သာမန္ဘဝမွာေပ်ာ္ေမြ႔ခ်င္ပါတယ္...

By kathykuro24

331K 28K 233

အိုင္စင္ဘဲလ္ႏိုင္ငံရဲ႕ ဒုတိယမင္းသား အိုင္နဲဟာ တေန့မွာသူ႔အရင္အတိတ္ဘဝကိုမွတ္မိလာတဲ့အတြက္ ညီအကိုေတြျကားထီးနန္းလု... More

အခန္း(၁) အတိတ္ကိုမွတ္မိလာျခင္း
အခန္း(၂)အပယ္ခံမင္းသားေလး
အခန္း(၃)ႏႈတ္ဆက္ခဲ့ပါတယ္
အခန္း(၄)သာမန္ဘဝနဲ႔ေပ်ာ္ေမြ႔ေနပါၿပီ
အခန္း(၅)ဟဲ့လူဟလူ...ဒိုင္ကို႐ုရဲ႕
အခန္း(၆)ငာကေလးမဟုတ္ေတာ့ဘူး
အခန္း(၇)ညီေတာ္...ဘာျဖစ္တာလဲ
အခန္း(၈)ေစာေစာစီးစီးဒါမလုပ္သင့္ပါ
အခန္း(၉)႐ူးသြပ္ျခင္း
အခန္း(၁၀)တရားမွ်တမႈ
အခန္း(၁၁)လီလီအာနာႏွင့္ကြၽန္ေတာ္
အခန္း(၁၂)အိမ္သို႔တစ္ေခါက္
အခန္း(၁၃)အကိုလိုင္ခ်ယ္နဲ႔ေကာ္ဖီ
အခန္း(၁၄)ေတာ္ဝင္ပါတီ
အခန္း(၁၅)ကြၽန္ေတာ္ေယာက်ာ္းပါ
အခန္း(၁၆)သၾကားလံုး
အခန္း(၁၇)ခ်စ္ျခင္းအစ
အခန္း(၁၈.၂)
အခန္း(၁၉.၁)မင္းေပ်ာ္ေစရမယ္
အခန္း(၁၉.၂)
အခန္း(၂၀)အိုင္နဲအတြက္
အခန္း(၂၁ ဇတ္သိမ္းပိုင္း)မင္းကိုခ်စ္တယ္

အခန္း(၁၈.၁)ေၾကာင္သူေတာ္

12.7K 1K 6
By kathykuro24

Zawgyi

အေဝးကေန ျမင္းသံေရးေရးေလးၾကားေတာ့ အိုင္နဲလန္႔သြားတယ္။ ဒီေန႔ကိစၥေၾကာင့္ သူ႔အကိုလိုင္ခ်ယ္ စိတ္ဆိုးသြားၿပီး စစ္သည္ေတြလြွတ္လိုက္ျပီး လာဖမ္းတာလား။ သူ အကိုခြင့္ျပုခ်က္မပာပဲနဲ့နန္းေတာ္လာခဲ့မိလို့လား။ အမတ္ခ်ဳပ္သားနဲ႔ေနာ္ဝင္အမ်ိဳးေတြကို ဘာမွျပန္မလုပ္ေပမယ့္ သူကသာမန္လူတစ္ေယာက္သာသာအဆင့္႐ွိေတာ့ အျပစ္ေပးဖို့ သူကိုပဲလာဖမ္းၾကတာျဖစ္နိုင္မယ္။

အိုင္နဲလဲဘာလုပ္ရမလဲ ေၾကာက္ၿပီး သူဒီကေနထြက္ေျပးဖို႔စဥ္းစားလိုက္တယ္။ သူ ဒီမွာမ႐ွိမွသူ႔အကိုနဲ႔ညီလဲ ျပန္အဆင္ေျပၾကမွာ၊ နန္းေတာ္ကလူေတြလဲ ေပ်ာ္ေနၾကမွာ။ ဒီေတာ့ သူေပ်ာက္ကြယ္သြားတာ အေကာင္းဆံုးပဲ။

လိုင္ခ်ယ္နဲ႔ယူအမ္ ျမင္းေပၚကဆင္းၿပီး အိမ္ထဲဝင္လာလိုက္တယ္။ အိမ္ထဲမွာဘယ္သူမွမ႐ွိ။ ေနာက္ေဖးထဲဝင္ၾကည့္ေတာ့ ျခင္းေတာင္းေမွာက္က်ေနၿပီး အသီးေတြၾကမ္းျပင္မွာ ျပန္႔က်ဲေနေတာ့

"အကိုလိုင္ခ်ယ္.....ဒီမွာၾကည့္"

လိုင္ခ်ယ္ေျပးလာၾကည့္လိုက္တယ္။

"ျခင္းေတာင္းေမွာက္က်ေနတယ္....ဧကႏၱ အကိုအိုင္နဲတခုခုျဖစ္ေနၿပီလား"

"ယူအမ္ သြား....ငါတို႔ျမင္းစီးၿပီးလိုက္ၾကမယ္။ အိုင္နဲဒီကေန ထြက္ေျပးသြားၿပီလားမသိဘူး"

အိုင္နဲမ႐ွိေတာ့ဘူးသိလိုက္ရေတာ့ လိုင္ခ်ယ္နဲ႔ယူအမ္ ဗ်ာမ်ားေနၿပီး အရမ္းစိတ္ပူေနၾကတယ္။ ဘယ္ကိုဘယ္လို၊ ဘယ္နားသြား႐ွာရမလဲ လမ္းစေပ်ာက္ေနၾကတယ္။ 'သူကို ငါ့ဘဝထဲကေနထြက္သြားခြင့္မေပးႏိုင္ဘူး....အိုင္နဲကိုပိုင္ဆိုင္ခ်င္တယ္။ သူ႔အေဝးကိုထြက္မသြားေအာင္ အၿပီးပိုင္ဖမ္းခ်ဳပ္ထားခ်င္တယ္။ အိုင္နဲသာလွ်င္ ငါ့ဘဝ..ငါ့ရဲ႕အလင္း...ငါ့ရဲ႕နတ္သမီးပဲ.....'လိုင္ခ်ယ္ေတြးရင္း နံရံကိုတခ်က္ထုခ်လိုက္တယ္။

"အကိုလိုင္ခ်ယ္ ဘာျဖစ္တာလဲ"

"အိုင္နဲ လြယ္လြယ္နဲ႔ထြက္သြားခြင့္မျပဳႏိုင္ဘူး။ သူ႔ကိုငါပိုင္တယ္"

"..!!!? အကိုလိုင္ခ်ယ္...အကိုလဲ အိုင္နဲအေပၚမွာ စိတ္ေျပာင္းလဲသြားၿပီပဲ"

ထိုစဥ္လိုင္ခ်ယ္ေျခေထာက္နား ကာလီခိုလာပြတ္သပ္လိုက္တယ္။

"ေညာင္~"

"ေၾကာင္ေလး မင္းနဲ႔ကစားဖို႔ ငါ့မွာအခ်ိန္မ႐ွိဘူး"

ကာလီခို စားပြဲေပၚခုန္တက္ၿပီး တေညာင္ေညာင္နဲ႔ သူ႔ကိုတခုခုျပခ်င္ေနသလို လိုင္ခ်ယ္ခံစားေနရတယ္။ ကာလီခိုတံခါးနားခုန္ဆင္းၿပီး တေညာင္ေညာင္နဲ႔ထပ္ေအာ္လိုက္တယ္။ လိုင္ခ်ယ့္စိတ္ထဲမွာ ေသခ်ာေနၿပီ၊ ဒီေၾကာင္ အိုင္နဲဘယ္သြားလဲေခၚျပဟန္တူတယ္။

"ဒီေကာင္ ငါတို႔ကိုလမ္းျပေနသလိုပဲ"

"..?..ေသခ်ာလို႔လားအကို"

"ငါမွန္းရင္လႊဲခဲတယ္ သြားမယ္ သူ႔ေနာက္လို္က္"

လိုင္ခ်ယ္နဲ႔ယူအမ္ ကာလီခိုေခၚရာေနာက္လိုက္သြားတယ္။

ကာလီခို ဥယ်ာဥ္ရဲ႕အေနာက္ဖက္ျခမ္း ပန္းခင္းဆီေခၚသြားလိုက္တယ္။ ဒီအေနာက္ျခမ္းမွာ ပန္းခင္း႐ွိမွန္းသူတို႔မသိခဲ့။ ဒီဥယ်ာဥ္ဟာအရမ္းက်ယ္မွန္းသိလာေတာ့တယ္။ ပန္းခင္းကကြင္းျပင္လို ေရာင္စံုပန္းေပါင္းစံုေဝေဝဆာဆာ ဖူးပြင့္ေနတယ္။

တခဏၾကာ ကာလီခိုေျပးသြားေတာ့ သူတို႔အသည္းအသန္ေျပးလိုက္ၾကတယ္။ ပန္းၾကားထဲလိုက္ရင္းလိုက္ရင္း ေၾကာင္ကေပ်ာက္သြားတယ္။ ဒါေပမယ့္ သစ္ပင္တပင္နားမွာ လူရိပ္ေလးတခုျမင္လိုက္ေတာ့.....ေျပးလိုက္ၾကတယ္။

"အိုင္နဲ"

လိုင္ခ်ယ္နဲ႔ယူအမ္တို႔ အိုင္နဲရဲ႕လက္တစ္ဖက္စီသူတို႔ဆြဲကိုင္လိုက္တယ္။

"အကို..?..ယူအမ္?.."

အိုင္နဲလဲ သူတို႔ကိုျမင္ေတာ့ မ်က္ရည္ေတြပါးျပင္ေပၚစီးက်လာတယ္။

"အကို.....ကြၽန္ေတာ္ကို....လာဖမ္းတာလားဟင္....၊ အကိုရဲ႕ခြင့္ျပဳခ်က္မ႐ွိပဲ နန္းေတာ္ကိုလာခဲ့မိလို႔လား၊....ၿပီးေတာ့....သူတို႔ေၾကာင့္လာဖမ္းတာလား"

"အိုင္နဲ...."

"အကို စိတ္ခ်ပါေနာ္။ အကိုနဲ႔ယူအမ္ျပန္အဆင္ေျပဖို႔.....ကြၽန္ေတာ္ထြက္သြားေပးပါမယ္၊ ကြ်န္ေတာ္မရွိမွ အားလံုးအဆင္ေျပမွာ.....၊ ကြၽန္ေတာ္လိုအသံုးမက်တဲ့လူကို လက္ခံေပးတဲ့အေဖကိုလဲ....ေက်းဇူးတင္ေၾကာင္းေျပာေပးပါေနာ္"

အိုင္နဲ ငိုသံေလးနဲ႔ေျပာလိုက္တယ္။ အားလံုးစိတ္ခ်မ္းသာဖို႔ သူမ႐ွိမွရမယ္။ လိုင္ခ်ယ္ အိုင္နဲလက္ကိုကိုင္ၿပီး နမ္းလိုက္တယ္။

"အရင္လိုအေတြးမ်ိဳးေတြ ငါမွာမ႐ွိေတာ့ပါဘူး"

"...အကိုလိုင္ခ်ယ္?...."

"မင္းကိုထြက္သြားခြင့္ မေပးႏိုင္ဘူး။ မင္း အေဖျဖစ္ခ်င္တဲ့ဆႏၵကို လ်စ္လ်ဴ႐ႈေတာ့မွာလား"

"ကြၽန္...ကြၽန္ေတာ္အေဖကို နားဝင္ေအာင္႐ွင္းျပေပးမွာပါ..ကြၽန္ေတာ္မ႐ွိမွ အကုန္အဆင္ေျပမွာေလ၊ ကြၽန္ေတာ္ကို သြားခြင့္ျပဳပါ"

အိုင္နဲအတင္းရံုးၿပီး လွည့္ထြက္ခ်ိန္..လိုင္ခ်ယ္ ေနာက္ကေနေပြ႔ဖက္ၿပီးခ်ဳပ္လိုက္တယ္။ အိုင္နဲရံုးေပးမယ့္မရပါ။ တင္းတင္းၾကပ္ၾကပ္ဖက္ထားလိုက္တယ္။

"အကို နာတယ္...လႊတ္"

"အကိုလိုင္ခ်ယ္ အိုင္နဲကုိလႊတ္ေပး"

ယူအမ္ၾကားထဲကေနအတင္းဆြဲခြာၿပီး အိုင္နဲကိုသူ႔ရင္ခြင္ထဲတိုးဖက္ထားလိုက္တယ္။ လိုင္ခ်ယ္ အိုင္နဲလက္တဖက္ကိုမလႊတ္ပဲ ကိုင္ထားလိုက္တယ္။

"အိုင္နဲ....မင္းကိုဖမ္းဖို႔လာတာမဟုတ္ဘူး၊ ေတာင္းပန္မလို့လာတာ"

"ေတာင္းပန္မလို႔? ဘာအတြက္လဲ"

"ကိုယ္ မင္းကိုအဲညက က်ဳးလြန္မိတဲ့အမွားအတြက္ေတာင္းပန္ပါတယ္၊ ငါ မင္းကိုအရမ္းခ်စ္လို့ မခံစားႏိုင္ေတာ့လို႔ လုပ္လိုက္မိတာပာ၊ ငါ့ကိုခြင့္လႊတ္ေပးပါ"

"ယူအမ္ အမွားမဟုတ္ပါဘူး၊ ငါ မင္းအေပၚဆက္ဆံတာ တေနရာလႊဲခဲ့မိလို႔-..."

"မဟုတ္ဘူး....အိုင္နဲ မင္းအမွားမဟုတ္ဘူး၊ အိုင္နဲဖက္က႐ိုးသားေပမယ့္ အဲ႐ိုးသားမႈကို ငါအခြင့္ေကာင္းယူၿပီး လုပ္မိတာပါ၊ တကယ္ေတာင္းပန္ပါတယ္။ အရမ္းလဲခ်စ္တယ္...ထြက္မသြားပါနဲ႔"

"ငါ....ငါဒီမွာ ဆက္ေနလို႔မျဖစ္ဘူး၊ ငါ့ေၾကာင့္ မင္းနဲ႔အကိုလိုင္ခ်ယ္ အဆင္မေျပထပ္ျဖစ္မွာ"

"မရဘူး၊ ဘယ္သူဘာေျပာေျပာ ဂ႐ုမစိုက္ဘူး၊ ငါ့ဘဝထဲကထြက္မသြားပါနဲ႔၊ ငါ့ကိုမျငင္းလိုက္ပါနဲ႔၊ ေတာင္းပန္ပါတယ္"

"ငါ..ငါကမင္းသားဆိုေပမယ့္ အသံုးမက်တဲ့မင္းသားပါ။ ငါလိုလူနဲ႔မင္းတို႔ မတန္ပါဘူး၊ ငါ..ငါ..သာမန္အရပ္သားဘဝနဲ႔ပဲ ေနေပ်ာ္တယ္၊ ငါ့ကိုလႊတ္ေပးပါေနာ္"

အိုင္နဲစကားေၾကာင့္ လိုင္ခ်ယ္မေနႏိုင္ေတာ့ပါ။ ယူအမ္ရင္ခြင္ထဲကအိုင္နဲကို ေဆာင့္ဆြဲယူၿပီး ေမးေစ့ကိုေတ့ကိုင္ၿပီး ႏႈတ္ခမ္းခ်င္းတခ်က္ပူးလိုက္တယ္။ အိုင္နဲမ်က္ရည္ဝဲဝဲေလးနဲ႔ သူ႔ကိုတအံတျသျပန္ၾကည့္လိုက္တာေလးကို....လိုင္ခ်ယ္သေဘာက်ျပီး ျပံုးလိုက္တယ္။ အိုင္နဲရဲ႕ေၾကာင္ကန္းကန္းအၾကည့္က အရမ္းခ်စ္ဖို႔ေကာင္းတယ္။

"အ..အကိုလိုင္ခ်ယ္!"

အိုင္နဲပါးမို႔မို႔ေလး အနီေရာင္သမ္းလာတယ္။ လိုင္ခ်ယ္သေဘာက်လို႔ ရယ္လိုက္ၿပီး

"မင္း တံုးအတဲ့ေခါင္းနဲ႔ေတာ္ေတာ္ ေတြးႏိုင္တာပဲ"

"အကို...ကြၽန္ေတာ္တကယ္ေျပာေနတာေနာ္"

"ဘာလဲ...မင္းကိုငါတို႔က ထြက္သြားလို႔ေျပာလို႔လား။ မင္းကိုဒီလီလီအာနာဥယ်ာဥ္မွာ ေနၿပီးေစာင့္ေ႐ွာက္ဖို႔ေျပာထားတယ္ေလ၊ ခမည္းေတာ္ကိုယ္တိုင္ေပးထားတဲ့အမိန္႔ကို မင္းကဖီဆန္တာလား"

"စိတ္နဲ႔ေတာင္..မဖီဆန္ရဲပါဘူး...."

အိုင္နဲလန္႔ျဖန္႔သြားတယ္။ သူ႔အေဖကိုသူ အရမ္းခ်စ္တယ္...သူ အေဖ့ကို တကယ္လဲမခြဲႏိုင္ပါ။

အိုင္နဲ သူ့အေတြးေတြနဲအတူ ႔ေလလြင့္ေနတဲ့မ်က္ႏွာ၊ ေတြေဝေနတဲ႔အၾကည့္ေတြက ကေလးတစ္ေယာက္လိုအရမ္းျဖဴစင္တယ္။ အိုင္နဲအျပုအမွုေတြ ခ်စ္စရာေကာင္းတာ သူ႔ကိုယ္သူသိပံုမရ။ လိုင္ခ်ယ္ အိုင္နဲေခါင္းကိုပြတ္သပ္လိုက္တယ္။ အနက္ေရာင္ဆံသားေတြႏူးညံ့ေနၿပီး သူ႔ေခ်ာင္းၾကားထဲမွာ ဖြာဖြာထြက္သြားတယ္။ ခ်ယ္ရီေရာင္ႏႈတ္ခမ္းေသးေသးလဲနဲ႔ ပါးစပ္ဟတိုင္း သူ႔ရဲ႕မ်က္ႏွာေလးဝင္းဝင္းတက္သြားတယ္။

"ကြၽန္ေတာ္က ယာပဲလုပ္တတ္တယ္။ နန္းေတာ္မွာေနလဲ အကိုတို႔လိုတိုင္းျပည္ေရးမွာ မကူေပးတတ္ဘူး"

"ေကာင္းျပီ မင္းကိုရာထူးတခုေပးမယ္"

အိုင္နဲမ်က္လံုးအေရာင္လက္လာတယ္။ သူ သူ႔မိသားစုအတြက္ တေထာင့္တေနရာကေန ကူညီခ်င္တယ္၊ ဘာပဲကူရကူရ။

"ငါ့ရဲ႕မိဖုရားလုပ္"

"အဲ!!??"

"ဟာ..အကိုလိုင္ခ်ယ္၊ ဒါေတာ့မရဘူး။ အိုင္နဲက ငါရဲ႕ဇနီးပဲ"

"ဟန္!!??"

လိုင္ခ်ယ္နဲ႔ယူအမ္ မ်က္ႏွာခ်င္းဆိုင္ျကည့္ျပီး တစ္ေယာက္နဲ႔တစ္ေယာက္ဘာမွျပန္မေျပာ။ အိုင္နဲစိုးရိမ္လာျပန္တယ္၊ သူေၾကာင့္ျပန္ရန္ျဖစ္ၿပီးလား...

Unicode

အခန်း(၁၈.၁)ကြောင်သူတော်

အဝေးကနေ မြင်းသံရေးရေးလေးကြားတော့ အိုင်နဲလန့်သွားတယ်။ ဒီနေ့ကိစ္စကြောင့် သူ့အကိုလိုင်ချယ် စိတ်ဆိုးသွားပြီး စစ်သည်တွေလွှတ်လိုက်ပြီး လာဖမ်းတာလား။ သူ အကိုခွင့်ပြုချက်မပာပဲနဲ့နန်းတော်လာခဲ့မိလို့လား။ အမတ်ချုပ်သားနဲ့နော်ဝင်အမျိုးတွေကို ဘာမှပြန်မလုပ်ပေမယ့် သူကသာမန်လူတစ်ယောက်သာသာအဆင့်ရှိတော့ အပြစ်ပေးဖို့ သူကိုပဲလာဖမ်းကြတာဖြစ်နိုင်မယ်။

အိုင်နဲလဲဘာလုပ်ရမလဲ ကြောက်ပြီး သူဒီကနေထွက်ပြေးဖို့စဉ်းစားလိုက်တယ်။ သူ ဒီမှာမရှိမှသူ့အကိုနဲ့ညီလဲ ပြန်အဆင်ပြေကြမှာ၊ နန်းတော်ကလူတွေလဲ ပျော်နေကြမှာ။ ဒီတော့ သူပျောက်ကွယ်သွားတာ အကောင်းဆုံးပဲ။

လိုင်ချယ်နဲ့ယူအမ် မြင်းပေါ်ကဆင်းပြီး အိမ်ထဲဝင်လာလိုက်တယ်။ အိမ်ထဲမှာဘယ်သူမှမရှိ။ နောက်ဖေးထဲဝင်ကြည့်တော့ ခြင်းတောင်းမှောက်ကျနေပြီး အသီးတွေကြမ်းပြင်မှာ ပြန့်ကျဲနေတော့

"အကိုလိုင်ချယ်.....ဒီမှာကြည့်"

လိုင်ချယ်ပြေးလာကြည့်လိုက်တယ်။

"ခြင်းတောင်းမှောက်ကျနေတယ်....ဧကန္တ အကိုအိုင်နဲတခုခုဖြစ်နေပြီလား"

"ယူအမ် သွား....ငါတို့မြင်းစီးပြီးလိုက်ကြမယ်။ အိုင်နဲဒီကနေ ထွက်ပြေးသွားပြီလားမသိဘူး"

အိုင်နဲမရှိတော့ဘူးသိလိုက်ရတော့ လိုင်ချယ်နဲ့ယူအမ် ဗျာများနေပြီး အရမ်းစိတ်ပူနေကြတယ်။ ဘယ်ကိုဘယ်လို၊ ဘယ်နားသွားရှာရမလဲ လမ်းစပျောက်နေကြတယ်။ 'သူကို ငါ့ဘဝထဲကနေထွက်သွားခွင့်မပေးနိုင်ဘူး....အိုင်နဲကိုပိုင်ဆိုင်ချင်တယ်။ သူ့အဝေးကိုထွက်မသွားအောင် အပြီးပိုင်ဖမ်းချုပ်ထားချင်တယ်။ အိုင်နဲသာလျှင် ငါ့ဘဝ..ငါ့ရဲ့အလင်း...ငါ့ရဲ့နတ်သမီးပဲ.....'လိုင်ချယ်တွေးရင်း နံရံကိုတချက်ထုချလိုက်တယ်။

"အကိုလိုင်ချယ် ဘာဖြစ်တာလဲ"

"အိုင်နဲ လွယ်လွယ်နဲ့ထွက်သွားခွင့်မပြုနိုင်ဘူး။ သူ့ကိုငါပိုင်တယ်"

"..!!!? အကိုလိုင်ချယ်...အကိုလဲ အိုင်နဲအပေါ်မှာ စိတ်ပြောင်းလဲသွားပြီပဲ"

ထိုစဉ်လိုင်ချယ်ခြေထောက်နား ကာလီခိုလာပွတ်သပ်လိုက်တယ်။

"ညောင်~"

"ကြောင်လေး မင်းနဲ့ကစားဖို့ ငါ့မှာအချိန်မရှိဘူး"

ကာလီခို စားပွဲပေါ်ခုန်တက်ပြီး တညောင်ညောင်နဲ့ သူ့ကိုတခုခုပြချင်နေသလို လိုင်ချယ်ခံစားနေရတယ်။ ကာလီခိုတံခါးနားခုန်ဆင်းပြီး တညောင်ညောင်နဲ့ထပ်အော်လိုက်တယ်။ လိုင်ချယ့်စိတ်ထဲမှာ သေချာနေပြီ၊ ဒီကြောင် အိုင်နဲဘယ်သွားလဲခေါ်ပြဟန်တူတယ်။

"ဒီကောင် ငါတို့ကိုလမ်းပြနေသလိုပဲ"

"..?..သေချာလို့လားအကို"

"ငါမှန်းရင်လွှဲခဲတယ် သွားမယ် သူ့နောက်လိုက်"

လိုင်ချယ်နဲ့ယူအမ် ကာလီခိုခေါ်ရာနောက်လိုက်သွားတယ်။

ကာလီခို ဥယျာဉ်ရဲ့အနောက်ဖက်ခြမ်း ပန်းခင်းဆီခေါ်သွားလိုက်တယ်။ ဒီအနောက်ခြမ်းမှာ ပန်းခင်းရှိမှန်းသူတို့မသိခဲ့။ ဒီဥယျာဉ်ဟာအရမ်းကျယ်မှန်းသိလာတော့တယ်။ ပန်းခင်းကကွင်းပြင်လို ရောင်စုံပန်းပေါင်းစုံဝေဝေဆာဆာ ဖူးပွင့်နေတယ်။

တခဏကြာ ကာလီခိုပြေးသွားတော့ သူတို့အသည်းအသန်ပြေးလိုက်ကြတယ်။ ပန်းကြားထဲလိုက်ရင်းလိုက်ရင်း ကြောင်ကပျောက်သွားတယ်။ ဒါပေမယ့် သစ်ပင်တပင်နားမှာ လူရိပ်လေးတခုမြင်လိုက်တော့.....ပြေးလိုက်ကြတယ်။

"အိုင်နဲ"

လိုင်ချယ်နဲ့ယူအမ်တို့ အိုင်နဲရဲ့လက်တစ်ဖက်စီသူတို့ဆွဲကိုင်လိုက်တယ်။

"အကို..?..ယူအမ်?.."

အိုင်နဲလဲ သူတို့ကိုမြင်တော့ မျက်ရည်တွေပါးပြင်ပေါ်စီးကျလာတယ်။

"အကို.....ကျွန်တော်ကို....လာဖမ်းတာလားဟင်....၊ အကိုရဲ့ခွင့်ပြုချက်မရှိပဲ နန်းတော်ကိုလာခဲ့မိလို့လား၊....ပြီးတော့....သူတို့ကြောင့်လာဖမ်းတာလား"

"အိုင်နဲ...."

"အကို စိတ်ချပါနော်။ အကိုနဲ့ယူအမ်ပြန်အဆင်ပြေဖို့.....ကျွန်တော်ထွက်သွားပေးပါမယ်၊ ကျွန်တော်မရှိမှ အားလုံးအဆင်ပြေမှာ.....၊ ကျွန်တော်လိုအသုံးမကျတဲ့လူကို လက်ခံပေးတဲ့အဖေကိုလဲ....ကျေးဇူးတင်ကြောင်းပြောပေးပါနော်"

အိုင်နဲ ငိုသံလေးနဲ့ပြောလိုက်တယ်။ အားလုံးစိတ်ချမ်းသာဖို့ သူမရှိမှရမယ်။ လိုင်ချယ် အိုင်နဲလက်ကိုကိုင်ပြီး နမ်းလိုက်တယ်။

"အရင်လိုအတွေးမျိုးတွေ ငါမှာမရှိတော့ပါဘူး"

"...အကိုလိုင်ချယ်?...."

"မင်းကိုထွက်သွားခွင့် မပေးနိုင်ဘူး။ မင်း အဖေဖြစ်ချင်တဲ့ဆန္ဒကို လျစ်လျူရှုတော့မှာလား"

"ကျွန်...ကျွန်တော်အဖေကို နားဝင်အောင်ရှင်းပြပေးမှာပါ..ကျွန်တော်မရှိမှ အကုန်အဆင်ပြေမှာလေ၊ ကျွန်တော်ကို သွားခွင့်ပြုပါ"

အိုင်နဲအတင်းရုံးပြီး လှည့်ထွက်ချိန်..လိုင်ချယ် နောက်ကနေပွေ့ဖက်ပြီးချုပ်လိုက်တယ်။ အိုင်နဲရုံးပေးမယ့်မရပါ။ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်။

"အကို နာတယ်...လွှတ်"

"အကိုလိုင်ချယ် အိုင်နဲကိုလွှတ်ပေး"

ယူအမ်ကြားထဲကနေအတင်းဆွဲခွာပြီး အိုင်နဲကိုသူ့ရင်ခွင်ထဲတိုးဖက်ထားလိုက်တယ်။ လိုင်ချယ် အိုင်နဲလက်တဖက်ကိုမလွှတ်ပဲ ကိုင်ထားလိုက်တယ်။

"အိုင်နဲ....မင်းကိုဖမ်းဖို့လာတာမဟုတ်ဘူး၊ တောင်းပန်မလို့လာတာ"

"တောင်းပန်မလို့? ဘာအတွက်လဲ"

"ကိုယ် မင်းကိုအဲညက ကျုးလွန်မိတဲ့အမှားအတွက်တောင်းပန်ပါတယ်၊ ငါ မင်းကိုအရမ်းချစ်လို့ မခံစားနိုင်တော့လို့ လုပ်လိုက်မိတာပာ၊ ငါ့ကိုခွင့်လွှတ်ပေးပါ"

"ယူအမ် အမှားမဟုတ်ပါဘူး၊ ငါ မင်းအပေါ်ဆက်ဆံတာ တနေရာလွှဲခဲ့မိလို့-..."

"မဟုတ်ဘူး....အိုင်နဲ မင်းအမှားမဟုတ်ဘူး၊ အိုင်နဲဖက်ကရိုးသားပေမယ့် အဲရိုးသားမှုကို ငါအခွင့်ကောင်းယူပြီး လုပ်မိတာပါ၊ တကယ်တောင်းပန်ပါတယ်။ အရမ်းလဲချစ်တယ်...ထွက်မသွားပါနဲ့"

"ငါ....ငါဒီမှာ ဆက်နေလို့မဖြစ်ဘူး၊ ငါ့ကြောင့် မင်းနဲ့အကိုလိုင်ချယ် အဆင်မပြေထပ်ဖြစ်မှာ"

"မရဘူး၊ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူး၊ ငါ့ဘဝထဲကထွက်မသွားပါနဲ့၊ ငါ့ကိုမငြင်းလိုက်ပါနဲ့၊ တောင်းပန်ပါတယ်"

"ငါ..ငါကမင်းသားဆိုပေမယ့် အသုံးမကျတဲ့မင်းသားပါ။ ငါလိုလူနဲ့မင်းတို့ မတန်ပါဘူး၊ ငါ..ငါ..သာမန်အရပ်သားဘဝနဲ့ပဲ နေပျော်တယ်၊ ငါ့ကိုလွှတ်ပေးပါနော်"

အိုင်နဲစကားကြောင့် လိုင်ချယ်မနေနိုင်တော့ပါ။ ယူအမ်ရင်ခွင်ထဲကအိုင်နဲကို ဆောင့်ဆွဲယူပြီး မေးစေ့ကိုတေ့ကိုင်ပြီး နှုတ်ခမ်းချင်းတချက်ပူးလိုက်တယ်။ အိုင်နဲမျက်ရည်ဝဲဝဲလေးနဲ့ သူ့ကိုတအံတသြပြန်ကြည့်လိုက်တာလေးကို....လိုင်ချယ်သဘောကျပြီး ပြုံးလိုက်တယ်။ အိုင်နဲရဲ့ကြောင်ကန်းကန်းအကြည့်က အရမ်းချစ်ဖို့ကောင်းတယ်။

"အ..အကိုလိုင်ချယ်!"

အိုင်နဲပါးမို့မို့လေး အနီရောင်သမ်းလာတယ်။ လိုင်ချယ်သဘောကျလို့ ရယ်လိုက်ပြီး

"မင်း တုံးအတဲ့ခေါင်းနဲ့တော်တော် တွေးနိုင်တာပဲ"

"အကို...ကျွန်တော်တကယ်ပြောနေတာနော်"

"ဘာလဲ...မင်းကိုငါတို့က ထွက်သွားလို့ပြောလို့လား။ မင်းကိုဒီလီလီအာနာဥယျာဉ်မှာ နေပြီးစောင့်ရှောက်ဖို့ပြောထားတယ်လေ၊ ခမည်းတော်ကိုယ်တိုင်ပေးထားတဲ့အမိန့်ကို မင်းကဖီဆန်တာလား"

"စိတ်နဲ့တောင်..မဖီဆန်ရဲပါဘူး...."

အိုင်နဲလန့်ဖြန့်သွားတယ်။ သူ့အဖေကိုသူ အရမ်းချစ်တယ်...သူ အဖေ့ကို တကယ်လဲမခွဲနိုင်ပါ။

အိုင်နဲ သူ့အတွေးတွေနဲအတူ့လေလွင့်နေတဲ့မျက်နှာ၊ တွေဝေနေတဲ့အကြည့်တွေက ကလေးတစ်ယောက်လိုအရမ်းဖြူစင်တယ်။ အိုင်နဲအပြုအမှုတွေ ချစ်စရာကောင်းတာ သူ့ကိုယ်သူသိပုံမရ။ လိုင်ချယ် အိုင်နဲခေါင်းကိုပွတ်သပ်လိုက်တယ်။ အနက်ရောင်ဆံသားတွေနူးညံ့နေပြီး သူ့ချောင်းကြားထဲမှာ ဖွာဖွာထွက်သွားတယ်။ ချယ်ရီရောင်နှုတ်ခမ်းသေးသေးလဲနဲ့ ပါးစပ်ဟတိုင်း သူ့ရဲ့မျက်နှာလေးဝင်းဝင်းတက်သွားတယ်။

"ကျွန်တော်က ယာပဲလုပ်တတ်တယ်။ နန်းတော်မှာနေလဲ အကိုတို့လိုတိုင်းပြည်ရေးမှာ မကူပေးတတ်ဘူး"

"ကောင်းပြီ မင်းကိုရာထူးတခုပေးမယ်"အိုင်နဲမျက်လုံးအရောင်လက်လာတယ်။ သူ သူ့မိသားစုအတွက် တထောင့်တနေရာကနေ ကူညီချင်တယ်၊ ဘာပဲကူရကူရ။

"ငါ့ရဲ့မိဖုရားလုပ်"

"အဲ!!??"

"ဟာ..အကိုလိုင်ချယ်၊ ဒါတော့မရဘူး။ အိုင်နဲက ငါရဲ့ဇနီးပဲ"

"ဟန်!!??"

လိုင်ချယ်နဲ့ယူအမ် မျက်နှာချင်းဆိုင်ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက်ဘာမှပြန်မပြော။ အိုင်နဲစိုးရိမ်လာပြန်တယ်၊ သူကြောင့်ပြန်ရန်ဖြစ်ပြီးလား...

##########

Part 1နဲ႔2႐ွိပါတယ္။ ေနာက္ပိုင္း ယူအမ္အေျပာေတြေျပာင္းပာ့မယ္ေနာ္၊ အိုင္နဲနဲ့ေျပာရင္း အေျပာပံုစံက ညီတစ္ေယာက္လိုမဟုတ္ေတာ့လို့ပာ။ အမွား႐ွိရင္ခြင့္လႊတ္ေပးပါေနာ္ 😸🙏

Continue Reading

You'll Also Like

1.6M 198K 160
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
310K 7.7K 19
​ယဲ့ဟွာ (ညပန်း) ဟု အဓိပ္ပါယ်မြည်​သော ပန်း​လေးတစ်ပွင့်ဟာ မိစ္ဆာဘုရင်၏ ခူးဆွတ်နမ်းရှိုက်ခြင်းကို ခံရသည့် ဇာတ်လမ်း​လေးတစ်ပုဒ်။ ​​​​အဆုံးမဲ့ ​လောင်မြိုက...
1.9M 337K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...