Zawgyi
'' ရန်လေး အမေရော နေကောင်းလား အယ် အဒေါ်အနေနဲ့ ရန်လေးလို့ ခေါ်လွို မဖြစ်ဘူး ထင်လို့ အိမ်ရှေ့စံ လို ပြောင်းခေါ်ရမှာပေါ့..''
နေ ဂိုဏ်းခေါင်းဆောင် ပြောသလိုသာ ဒီအခြေအနေ ရဲ့သက်ရောက်မူတို်င်းကို အရပ်သားတွေက အပြင်းထန် ခံရမည်။
'' ရန်လေး အဒေါ်ကြားတာကတော့ ဒါက တစ်ဦးတစ်ယောက်တည်း လုပ်ဖို့မဖြစ်နို်င်ဘူးဆို ခေါင်းဆောင်ရဲ့ ပြောကြားချက်တွေကလည်း တဖြည်းဖြည်း တင်းကြပ်လာပြီ ရန်လေး ညမထွက်ရ အမိန့်တွေထက် ညနေခင်းဆိုတဲံ အချိန်မှာ တောင် လူတွေက လူတိုင်းကို ခင်မင်တဲ့ မျက်လုံးတွေအစား သံသယ စိတ်တွေနဲ့ ဘဲ ကြည့်နေရတဲ့ အခါ အရင်လို နန်းဟန်လို တော့ ဘယ်ဟုတ်တော့မလဲ''
'' သူလား...''
ချ ထိုင်ရမည့် သူအလား။
'' ရှောင်ချန်.!''
ဆံပင်ကို သပ်လိုက်ကာ။
တိတ်ဆိတ်နေသည့်ပတ်ဝန်ကျင်းထက်တွင် လေပြေအေးအေးလေးကလည်း ဖြေးညင်းစွာ တိုက်ခိုက်လာသည်။
'' တကယ့် မင်းကိုး''
ပျက်တောင်း ပျက်တောင်း ဖြစ်နေသည့် မှတ်ဥာဏ်တစ်ချို့က သူမဟုတ်ဘူးလို့ဘဲ ပြောနေသည်။
'' အင်း..''
''ငါမှာပါတယ်..''
🐾🐾🐾
အဆက်လာမယ်နော်...❤
Unicode
နန်းဟန် ဆိုသည့် ဆိုင်းဘုတ်ကြီးက ဝမ်ရှင်းအတွက်တော့ သိမ့်မစိမ်းလှ။ သို့သော်လည်း ဖုံးကွယ် ထားရသည့် မျက်လုံးတစ်စုံနဲ့ ဆို့ နန်းဟန်ဆိုသည့် ဆိုင်းဘုတ်ကို ည အချိန်လောက်မှ ကောင်းကောင်းခံစားရသည်။
သာမန်အရပ်သား ပုံစံနဲ့တောင် သူစိမ်းကဲ့သို့သော ကြည့်နေသည့် အကြည့်တစ်စုံက အစိမ်းသက်သက်။
ဈေးထိပ်နားရောက်တော့ မတွေ့တာ ကြာသည့် အဒေါ်နေများ ကောင်းရဲ့လညးဆို့သည့် အသိက ဝင်ရောက်လာသည်။
ဆိုင်ရှေ့ရောက်တော့ ဆိုင်ကလည်း ပိတ်ထားသည်။ တံခါးခေါက်ကြည့်တော့ တော်တော်လေး ခေါက်ယူရသည်။
သူစိမ်းဆန်တဲ့ အကြည့်တစ်ခုနဲ့ အဒေါ်သည့်လည်း တခြားသူတွေလိုသာ။
သေချာ စိုက်ကြည့်ပေးမဲ့ သိသလိုလို နဲ့ ခေါင်းကုတ်ရတာကလည်းမနည်း။
ဝမ်ရှင်းမှာ ပြုံးပြလျှက်။ အဒေါ်မှာ သိသွားဟန်တူသည်။
''. ရန်လေး... အဒေါ် ကလေးလေးဘဲ..''
အဒေါ်က သေချာစိုက်ကြည့်နေသည့် ဝမ်ရှင်း၏ ရုတ်တရက် အလင်းဝင်လာသော မျက်လုံးတစ်စုံသာ။
အထဲ ဝင်ဖို့ ဖိတ်ရင် အိမ်ထဲက တစ်စုံတစ်ရာသာမက တခြားသော အသုံးအဆောင်တွေပါ မပြောင်းလဲ ပေ။
'' ရန်လေး အမေရော နေကောင်းလား အယ် အဒေါ်အနေနဲ့ ရန်လေးလို့ ခေါ်လိုွ မဖြစ်ဘူး ထင်လို့ အိမ်ရှေ့စံ လို ပြောင်းခေါ်ရမှာပေါ့..''
အဆန်းတကြယ် နီးပါ ဖြစ်နေသည်။ ကြားဟန် မတူသည့် အသံနူန်းနဲံက နားထဲကို တမျိုးတွေသာ ။
'' ဟာ မဟုတ်တာ အဒေါ်ရယ်.. ဒါနဲ့.. ဒီမှာ ဘာတွေ ထူးဆန်းသေးလဲ..''
အဒေါ်ခများ စဉ်းစားလေဟန်နဲ့ ချည်တွေကို လည်း သိမ်းနေရသည်။ ချည် ထည့်ထားသည့် ခြင်း တွေကို တစ်ခြင်းပြီး တစ်ခြင်း ယူလိုက် တစ်နေရာ ထားလိုက်နဲ့ ဝမ်ရှင်းလဲ ဆက်မမေးရဲ။
''... အထူးအဆန်းရယ်လို့. အယ်နေပါအုံး ဘာဖြစ်တယ် ဆိုလား အနက်လေ အခု သာယာနေတဲ့နန်းဟန်ရဲ့ အရိပ်အယောင်က လုံး၀ ပျောက်ကွယ် သွားပြီ ရန်လေးရယ်..''
ဟုတ်မည်။ ဝင်လာသည့် ခဏတာ အတွင်း သူစိမ်းဆန်သည့်အကြည့်တို့ကို ထား။ စည်းကားနေကျ ဈေးကလည်း အရင်လို့ လူတွေသွားလာမူ မရှိသလို ဈေးသည်တွေကလည်း လက်ချိုးပင် ရေနိုင်သည်။
နေ ဂိုဏ်းခေါင်းဆောင် ပြောသလိုသာ ဒီအခြေအနေ ရဲ့သက်ရောက်မူတိုင်းကို အရပ်သားတွေက အပြင်းထန် ခံရမည်။
ကာကွယ်ရေး စရိတ်တွေက တစ်ဆ တစ်ဆ တတ်လာသလို ရှားပါသည့် စွမ်းအားတွေကလည်း အသစ်တစ်ခုပေါ်တိုင်း တဖြည်းဖြည်း မှေးသက်သွားသည်။
သို့သော် ခေါင်းဆောင် တို့အနေနဲ့ ပြည့်သူပြည့်သား တွေရဲ့ အသက်ဘေးကို ကြည့်၍ ရှေ့ဆက်ရသည့် အချိန်သည့် ထိုကဲ့သို့သော ပြသာနာတွေက အစမရှိ အဆုံးရော ရှိပါ့မလားဆိုသည့် အတွေးနဲ့ ကာကွယ်လာခဲ့သည်။
'' အဒေါ် စိတ်ချနော် ကျွန်တော် အဒေါ်လိုချင်းတဲ့ နန်းဟန် ရဲ့ အရင်ပုံစံကို ရအောင်...
'' ရန်လေး အဒေါ်ကြားတာကတော့ ဒါက တစ်ဦးတစ်ယောက်တည်း လုပ်ဖို့မဖြစ်နိုင်ဘူးဆို ခေါင်းဆောင်ရဲ့ ပြောကြားချက်တွေကလည်း တဖြည်းဖြည်း တင်းကြပ်လာပြီ ရန်လေး ညမထွက်ရ အမိန့်တွေထက် ညနေခင်းဆိုတဲံ အချိန်မှာ တောင် လူတွေက လူတိုင်းကို ခင်မင်တဲ့ မျက်လုံးတွေအစား သံသယ စိတ်တွေနဲ့ ဘဲ ကြည့်နေရတဲ့ အခါ အရင်လို နန်းဟန်လို တော့ ဘယ်ဟုတ်တော့မလဲ''
တွေးစရာတွေသည်က ပေါ်ပြီးရင် ပေါ်လာပြီ။
တိတ်ဆိတ်နေသည့် နန်းဟန် က အရင်ကမြို့ငယ်လေးနဲ့ မတူတော့။ ဆူညံလွန်းလွန်လို့ ကလေးတွေကလည်း ဟိုဝင် ဒီထွက်ဆော့လွန်းလို့ ရိုက်ထုတ်နေရတဲ့ အချိန် ခဏက အခုတော့ ဆိတ်သုတ်သွားပြီ။
'' ရန်လေး.. ဒါနဲ့ ဟိုတစ်ယောက်ရော ခပ်ချောချော လေး လေ.''
ခပ်ချောချောလေး။ ဒီလို နာမည်မျိုးနဲ့ တစ်ဦးတည်းသာရှိသည်။ သူချောကြောင်း လှကြောင်းကို အမြဲ သူများသိအောင် ပေါက်ပေါက်ဖောက်တတ်သည့် ရှောင်ချန်။
သူရော ဘယ်လိုနေမလဲထက် အခုဘယ်မှာလဲ နန်းဟန်က ဖြစ်နေတဲ့ ပြသာနာတွေနဲ့များပတ် သက်နေလား။
အဒေါ် စကားအဆုံးမှာ အဒေါ်ကလည်း သူအလုပ်တွေနဲ့ အတူ ဝမ်ရှသ်းကို လှည့်၍ စကား ပြောလိုက်။ မိူင်းသွားသည့် မျက်နှာလေးကို အဒေါ်က မြင်တော့ သူလည်း အတော်အတန် ဝမ်းနည်းနေသည်။
ဘာရယ်မဟုတ်ပေမဲ့ ခံစားတတ်သည့် စိတ်တို့ ကူးပြောင်းသွားသည်။ အဆင်ပြေရဲ့လား ဆိုတာ မိမိကိုယ်ကိုယ့်ပြန် မေးသင့်သည်။
အခြေအနေ တစ်ခုရဲ့ နောက်ကွယ်က အကြောင်းအရာက နက်နဲမူတွေ အပြည့်နဲ့ ပေါ်ထွက်လာသည့် ခဏသည် ဆုံးရူံးမူ တစ်စုံတစ်ရာကိုပါ ယူဆောင်သွားသည်။
'' သူလား...''
အေးစက်သွားသည့် အသံကို အဒေါ်က ရိပ်မိတော့ ချက်ချင်း စကားလမ်းကြောင်းလွဲလိုက်သည်။
'' ကဲထားပါတော့ ရောက်တုန်းလေး ထမင်းစားသွားအုံးလေ..''
'' ရပါတယ် အဒေါ် ကျွန်တော် ခဏဝင်လာတာ အလုပ်ရှိသေးလို့.''
အဒေါ်ကဝမ်ရှင်း စကားကို နားမလည်။ အဒေါ်ကြည့်နေသည့် အကြည့်တွေကို ဝမ်ရှင်းနားလည်သည်။
အိမ်ရှေ့စံတစ်ယောက်အနေနဲ့ တိုင်းပြည်မှာနေ အစည်းအဝေးတိုင်း မျက်နှာလေး ပြ ရုံသာ ထင်နေသည့် အဒေါ်မျက်ဝန်းတွေက ဒီအလုပ်တွေက အိမ်ရှေစံတစ်ယောက် လုပ်ရမဲ့ အလုပ် မဟုတ်သလို သက်ဆိုင်ရာ နေရာမှာ ကျောက်
ချ ထိုင်ရမည့် သူအလား။
'' .. အဒေါ် ကျွန်တော်သွားတော့မယ် ရောင်းကောင်းပါစေနော် ဆိုင်လည်း ဖွင်အုံးနော်''
ကလေးတစ်ယောက်အလား နူတ်ဆက်သွားပြီ လျင်မြန်စွာ ထိုမိမ်အတွင်းမှ ထွက်သွားသည်။
တိမ်တွေသည်လည်း ကောင်းကင်ယံမှာ ဖြူစင်နေဆဲသာ။ လျှောက်လမ်းပေါ်က မြေနုတွေကလည်း ရေတွေပတ်ထားတော့ မြေနံလေးသင်းသင်းလေးနဲ့ အရသာကလည်း ခံစားရကောင်းသည်။
ဆူညံသံတွေ လျော့နေသည့် တစ်ခဏထက်က အစိမ်းသက်သက် ခံစားမူတွေက ခေါင်းဆောင်တွေပြောနာထက် ဆိုးသည့်ဟုသော အတွေးတွေက ခေါင်းထဲတန်းစီလို့ဝင်လာသည်။
ဆောင်းတွင်းတောင် ဝင်နေပြီး အေးစက်သည့် ဆောင်းအရသာကို မခံစားရသေးဘူး။ နေရောင်၏ ဖျဖျ အလင်းလေးက သစ်ရွက်လေးတွေနဲံ အကွယ်လေးမှာတင် လင်းလက်နေသည်။
စိုပြေလွန်းသည့် အပင်တွေက မွဲခြောက်ခြောက် အရောင်တွေနဲ့ သူစိမ်းဆန်စွာ လူပ်ယမ်းနေသည်။
သစ်ရွက်ခြောက်တို့ကလည်း မြေပြင်ထက်မှာ အမြောက်အများနဲ့ ။
ဝမ်ရှင်းသည် ခါးလေးကုန်းကာ သစ်ရွက်ခြောက်တစ်ရွက်ကို လှမ်းကောက်လိုက်သည်။ သစ်ရွက်ခြောက်၏ သဏ္ဍာန်သည် တခြားသော ပုံစံအမျိုးအစားတွေနဲ့ ကွဲပြာသွားသည်။
အငွေ့အသက် သဲ့သဲ့ ကလည်း မကောင်းသော အနံ။ ဘေးဘက် ကလည်း လူသူကင်းမဲ့သည့် တောတွေတာ။ စီးတန်းထားသည့် သစ်ပင်တွေကြားမှာ ပျက်တောက်ပျက်တောက် နေအလင်းကလည်းဝင်ရောက်နေသည်။
လေနဲ့ အတူ ပြလာသည့် မွှေးရနံ တစ်စုံကလည်း ရင်းနှီးဖူးသည်။ ဝမ်ရှင်း မတ်တပ်ထရပ်လိုက်တော့ ဘေးနားမှ အရိပ်တစ်ခုအလား ဖြတ်သွားသည့် အရာသည်လည်း လျင်မြန်လွန်းသည်။
အရိပ်နောက် လိုက်သွားသည့် နတ်ဓား၏ အစွမ်းအစသည်က ဝမ်ရှင်း၏ ထိန်းချူပ်မူအောက်မှာသာ။ ခပ်ဝေးဝေးရောက်တော့ ထို အရိပ်တစ်ခုနဲ့ နတ်ဓား၏ တိုက်ခိုက်နေမူတို့သည် အိရူန် အဟုန်ပြင်းထန်းလာသည်။
စွမ်းအား မတူသလို တိုက်ခိုက်ရည်ကလည်း နည်းတူနေသည်။ ပြန်ချေပ လိုက် ကိုယိ့ရဲ့ တိုက်ရည်ကိုသိ၍ အမြန်အကာအကွယ်ယူလိုက်နဲံ လူရယ်လိူ့ မတွေ့ရသည့် အရာသည်လည်း ထူးဆန်းလွန်သည်။
နတ်ဓား၏ ဓား အသရေသည်လည်း ဆန့်ကျင်ဘက်ကဲ့သို့သောဦးတည်မူ နဲ့ ရွေလျားလာသည်။ ထိုအရိပ်၏ ထိန်းချူပ်မူအောက်ရောက်သွားသည့် နတ်ဓား၏ အသရေ တို့သည့် ထိန်းချူပ်သူ ဝမ်ရှင်းရှေ့တ ည့်တည့် ရောက်လာသည်။
တစ်ခါမှ မဖြစ်ဖူးသည့် အရာက မျက်စိရှေ့မှာ တည့်တည့်နီးပါးနေသည့် ဝမ်ရှင်းက ရှောင်လွဲခြင်းမရှိသော်။ နတ်ဓား၏ အသွားသည် ဝမ်ရှင်း၏နဖူး တည့်တည့်ရောက်တော့ ထိလုနီးပါးအခြေအနေတစ်ရပ်တွင် ထို အခက်မှာတင် ရပ်တန့်သွားသည်။
အံ့ဩမူထက် ဒီလိုသော စွမ်းအားပိုင်ရှင်မျိုးက တိုင်းပြည်ကိုတောငိ ဝါးမျိုချနိုင်သည် စွမ်းအားအမြင့်ဆုံးသော လူသားသာ ဖြစ်လိမ့်မည်။
တခြားသူ၏ လက်စွဲတော် ဓား နဲ့ ပိုင်ရှင်ရှိ တိုက်ခိုက်ရေး ပစ္စည်းတို့ကိုတောင် ထိန်းချူပ်နိုင်သည့် ထိုသူသည် ဂိုဏ်းအချင်းချင်းကိုတောင် ခိုက်ရန်ဖြစ်ပွားသည့်အထိ မဟာမိတ်စစ်ပွဲတွေ ပြန်ထ လာအောင် လုပ်နိုင်သူ ဖြစ်သည်။
ထိုခဏ နတ်ဓား၏ ကြည်လင် အေးမြ ပြောင်လက်နေသည့် အသွားမှာ တငိ ပုံရိပ်တစ်ခု ပေါ်လာသည်။ ကြည်လင်နေသည့် အသွားသည်လည်း ထိုပုံရိပ်ကို ပို၍ ထင်ပေါ်လာစေသည်။
ဆောင်းလေ ၏ အေးသက်မူက အခုမှ ခံစားရသည်။ မျက်ထောင့်နီနေသည့် ထိုသူ၏ မျက်နှာ တစ်ဝိုက်မှာ ခပ်ရှည်ရှည် ရှေ့ ဆံပင် တို့ကလည်း ဘေးသပ် ထားသည်။ ရှည်လျားသည့် ဆံပင်တို့ကိုလည်း ချည်နှောင်ထားသေးသည်။
ထိုသူ၏ ညာလက် တစ်ဖက်နဲ့ စေခိုင်းလိုက်သည့်အခါ နတ်ဓားသည်လည်း သူ၏ သခင်အလား ခိုင်းစေမူအောက်တွင် မြေပြင်ပေါ် ပြုတ်ချသွားသည်။
ဝမ်ရှင်းသည်ကလည်း အေးဆေးသည့် အကြည့်တစ်ချက်နဲ့ ပြောင်မြောက်သည့် နေရာတစ်ခုရဲ့ ရှေ့တွင် ထိုသူ က မည်သူနည်းဆိုသည့် ထက် ဒီစွမ်းအားတွေအကြောင်း သိခြင်းနေမိသည်။
ထိုသူက ဝမ်ရှင်း နဲ့ ပို၍ နီးကပ်လာအောင် လမ်းလျှောက်လာသည်။ ထိုသူ ဝမ်ရှင်းနံ့ နီးလေ သူ၏ ပုံရိပ်က ပို၍ ထင်ရှားလာသည်။
တုန်ရီနေသည့် ဝမ်ရှင်း နူတ်ခမ်းသားတွေထက်က အပြောတစ်ခု သည်
'' ရှောင်ချန်.!''
တိတ်ဆိတ်နေသည့် ဒီတော ဝန်းထဲမှာ ပြောစကားတစ်ခွန်းဆိုလို့ ဝမ်ရှင်းစကားတစ်ခွန်းသာ ရှိသေးသည်။
ထိုသူက ထိုနာနမည် ခေါ်သည့် အထိ တိတ်ဆိတ်လွန်းသည်။ နီးကပ်လာမှ စိမ်းသက်သက် အပြုံးတစ်ချက်ကို လှောင်ရယ်မူနဲ့ အတူ ပေါ်ထွန်းလာသည်။
ဆံပင်ကို သပ်လိုက်ကာ။
''.. အကိုရန် မတွေ့ရတာ ကြာပြီးနော်..မိတ်ဆွေဟောင်းကြီး''
စိမ်းသက်သက်အပြုံးနဲ့ လှောင်ရယ် မူတွေနဲ့ အေးစက်မူတွေနဲ့ ခဏတာ ပြည့်နှက်သွားသည်။
တိတ်ဆိတ်နေသည့့်ပတ်ဝန်ကျင်းထက်တွင် လေပြေအေးအေးလေးကလည်း ဖြေးညင်းစွာ တိုက်ခိုက်လာသည်။
လေပြေသည် ထိုသူ နှစ်ယောက်၏ ဆံပင်ကြားတွေထက်မှာတင် လူးလိမ့်ကစားနေသည်။ လေလွှင့်နေသည့် ဆံပင်တွေနဲ့ ဆက်သွယ်နေသည့် မျက်ဝန်းတစ်စုံသည်လည်း အကြည့်တစ်ခု က မပျက်သေး။
လေပြေ၏ ကစားမူသက်သက် သည် ထိုချိန်မှာ တဖြေးဖြေး ပြင်းထန်လာသည်။
ဝမ်ရှင်း၏ သွယ်လျ လွန်းသည့် လက်တို့က ရှေ့ကို ဆတ့်ထွက်လာသည်။ ဦးတည့်ရာ ရှောင်ချန်၏ မျက်နှာ ပြင်ထက်စီ ။
'' တကယ့် မင်းကိုး''
ကောက်ချက်ချလိုက်သည့် တစ်ခဏမှာ ရှောင်ချန်ကလည်း ရယ်နေမိသည်။
လေးနက်သည့် ဝမ်ရှင်း၏ မျက်ဝန်းတစ်စုံတို့ထက်မှာ အဖြေကလည်း ရှာမတွေ့တာထက် မရှာခြင်းပေ။
'' ကျွန်တော်ပါ.. အကိုရန်ဘေးနားက ကပ်ပါးကောင်လေ.''
'' မင်းအဆင်ပြေလား ဒါ အနက်စွမ်းအား တွေ..''
ဝမ်ရှင်း ၏ ပါးစပ်နားကို ရှောင်ချန်၏ လက်ဖြင့် အသံမထွက်အောင် အုပ်မိလိုက်သည်။
'' ဒါက အနက်စွမ်းအာမဟုတ်ဘူးအကိုရဲ့..''
'' အမှောင်.. မဟုတ်ဘူး...အဲဒါ မင်း မဟုတ်ဘူး..''
ထိုချိန် အနာဂတ် တစ်ခဏာ အကြောင်းကို ပြန်တွေးမိသည့် အတွေးတွေက ဆက်တိုက်ဖြစ်နေသည်။
ပျက်တောင်း ပျက်တောင်း ဖြစ်နေသည့် မှတ်ဉာဏ်တစ်ချို့က သူမဟုတ်ဘူးလို့ဘဲ ပြောနေသည်။
အမှောင်စွမ်းအား နဲ့ အနက်စွမ်းအားရဲ့ အားပြိုင်မူ ကြားမှာ လူသားတွေ သေကြေစမည့် ဖြစ်ရပ်ကို မတွေးနိုင်
''.. အကိုရန်က သိမ့်တော်တာဘဲ..''
သူထောက်ခံနေသည်လား။ အမှန်ပင်ဝန်ခံနေသည်လား ။ တကယ့်သာဆို ဂိုဏ်းတွေကလည်း စွမ်းအားရှင်နှစ်ဦးကို အလွှတ်ပေးမည့်မဟုတ်။ အစည်းအဝေးပွဲမှာ မိမိ ၏ အခြေအနေ တစ်ခုထက်က အပြောအဆိုးတစ်ခုကို ရိပ်မိပြီ သံသယ ကလည်း မိမိကို နောင်တစ်ချိန် ပို၍ တိုက်စားလာတော့မည်။
ကြိမ်သေဖောက် အနက်စွမိးအားနဲ့ အမှောင်စွမ်းအား ကမ္ဘာ့ပေါ်က မပျောက်ရင် လူသားတွေ ပျောက်ကွယ်သွားနိုင်သည်။
ပျောက်ကွယ်သွားသည့် ကမ္ဘာ့တစ်ခုမှာ အဆအန မကျန်သော သွေးရာတို့နဲ့ အငြိုးအတေး တွေက မြုမူန့်တွေကဲ့သို့သော လေထဲမှာ ပျံလွှင့်နေမည်။
.'' . ဟေ. အကိုရန် ခုနက တောင်းပန်တယ်နော် ကျွန်တော် နည်းနည်းလေး ပညာစမ်းကြည့်တာ..''
ရှောင်ချန့်သည် မြေပြင်ပေါ်အထီးကျန်စွာ ပြုတ်ကျသွားသည့် နတ်ဓားကို လှမ်းကောက်ကာ ဝမ်ရှင်းထံ အပ်နှံလိုက်သည်။
ဝမ်ရှင်းသည်လည်းနတ်ဓားကို ဓားအိမ်အတွင်း ထည့်လိုက်သည်။
'' .. အကိုရန် ပြန်တွေ့တဲ့ အထိမ်းအမှတ်နဲ့ တစ်ခုခု သွားစားရအောင်.. ''
'' အင်း..''
ရှောင်ချန်သည့်ရီလျှက်။
''ဒါပေမဲ့ ကျွန်တော့်မှာ ပိုက်ဆံမပါဘူး.''..
မေးငေါ့ကာ ဝမ်ရှင်းကြည့်နေမိသည်။
''ငါမှာပါတယ်..''
'' သိနေတယ်လေ အော် ဒါနဲ့ ဒီနားက ဆိုင်က ကောင်းတယ် ဒီတောအထွက်မှာ ဒီချိန်ဆို ပိတ်တော့မလားမသိဘူး အကိုရန် မြန်မြနိသွားရအောင်..''
အကိုရန်၏ လက်ကို လျင်မြန်စွာ ဆွဲယူကာ တဖြောင့်သော လမ်းကို ကွေးကောက်ပေါင်းများစွာနဲ့ ထိုဆိုင်စှိရာသို့အပြေးနှင်သည်။
နေရောင်၏ဖျောင်းဖျဖျ လေးနဲ့ လေပြေ၏တိုက်ခက်နေမူတွေထက်မှာ လက်နှစ်ဖက်၏ ကတိတရားက ဘယ်ချိန်ထိ ကောင်းမွန် နေမလဲ မပြောတတ်။
ဝမ်ရှင်းကို ဆွဲကိုင်ထားသည့် လက်တစ်ဖက်က လူကိုလည်း အလွယွတကူ သတ်နိုင်လာသည့် လက်လား။ လူတွေကို မညှာမတာ သတ်လာသည့် လက်လား။
အေးမြမူတစ်စုံနဲ့ မောငိုက်မူတွေထက်တွင် ပြေးလွှာနေရသည်။ ကလေးဘ၀ ပြန်ရောက်သွားသလို။
လက်ဆွဲပြေးဖူးသည့် ဒီလက်ကို ဝမ်ရှင်းတစ်စုံတစ်ရာ ခံစားလာမိသည်။
ငယ်စဉ်က အကြောင်းလေး တစ်စုံက ပေါ်လိုက် ပျောက်လိုက်။
သို့ပေမဲ့ ရှေ့ဆက်၍ ပြုံးနေမိသည့်က မိမိ မျက်နှာသာ။
သစ်ရွက်ခြောက်တွေထက်မှာ လျင်မြန်သည့် ခြေထောက်တွေကြား မှာ လေ၏ အေးမြသည့် တစ်ခဏလေးနဲ့တင် မျက်တောင်တစ်ခါ ခပ် မျှသာ ခံစားမိသည်။
နူးညံသည့် လက်တွေထက်မှာ ခပ်တင်းတင်းလက်လေးနဲ့ အပြေးနှင်းနေသည်။
တောစွန်းရောက်တော့ ရွာငယ်လေး တစ်ရွာတွေသည် ရွာရဲ့ အစွန်း က စားသောင်ဆိုင်တစ်ဆိုင်ကို ရှောင်ချန်ခေါ်သွားသည်။
ဆိုင်လေးကလည်း အပြင်အဆင်သပ်ရပ်လှသည်။ ဆိုင်ရှင်၏ ပျူငှာမူကြောင့် လူတွေကလည်းစည်းနေသည်။ လူတွေ ပြည့်နှက်နေတာတောင် နေရာ ရဖို့ တန်းစီးနေသူတွေကလည်းများသည် ။ သို့သော် ရှောင်ချန့်ဆိုင်ရှင်ကို ဘာများ သွားပြောလိုက်လဲ မသိ နေရာတစ်ခုကို ချက်ချင်းရလိုက်သည်။
တခြားသူတွေကလည်း ငေးကာ ကြည့်နေသည်။ နောက်မှ လာသူက နေရာ အရင်ရတယ် ဆိုသည့် မကျေနက်သည့်အကြည့်တို့နဲ့။
🐾🐾🐾
အဆက်လာမယ်နော်...❤