သာမန္ဘဝမွာေပ်ာ္ေမြ႔ခ်င္ပါတယ္...

By kathykuro24

331K 28K 233

အိုင္စင္ဘဲလ္ႏိုင္ငံရဲ႕ ဒုတိယမင္းသား အိုင္နဲဟာ တေန့မွာသူ႔အရင္အတိတ္ဘဝကိုမွတ္မိလာတဲ့အတြက္ ညီအကိုေတြျကားထီးနန္းလု... More

အခန္း(၁) အတိတ္ကိုမွတ္မိလာျခင္း
အခန္း(၂)အပယ္ခံမင္းသားေလး
အခန္း(၃)ႏႈတ္ဆက္ခဲ့ပါတယ္
အခန္း(၄)သာမန္ဘဝနဲ႔ေပ်ာ္ေမြ႔ေနပါၿပီ
အခန္း(၅)ဟဲ့လူဟလူ...ဒိုင္ကို႐ုရဲ႕
အခန္း(၆)ငာကေလးမဟုတ္ေတာ့ဘူး
အခန္း(၇)ညီေတာ္...ဘာျဖစ္တာလဲ
အခန္း(၈)ေစာေစာစီးစီးဒါမလုပ္သင့္ပါ
အခန္း(၉)႐ူးသြပ္ျခင္း
အခန္း(၁၀)တရားမွ်တမႈ
အခန္း(၁၁)လီလီအာနာႏွင့္ကြၽန္ေတာ္
အခန္း(၁၂)အိမ္သို႔တစ္ေခါက္
အခန္း(၁၃)အကိုလိုင္ခ်ယ္နဲ႔ေကာ္ဖီ
အခန္း(၁၄)ေတာ္ဝင္ပါတီ
အခန္း(၁၅)ကြၽန္ေတာ္ေယာက်ာ္းပါ
အခန္း(၁၆)သၾကားလံုး
အခန္း(၁၈.၁)ေၾကာင္သူေတာ္
အခန္း(၁၈.၂)
အခန္း(၁၉.၁)မင္းေပ်ာ္ေစရမယ္
အခန္း(၁၉.၂)
အခန္း(၂၀)အိုင္နဲအတြက္
အခန္း(၂၁ ဇတ္သိမ္းပိုင္း)မင္းကိုခ်စ္တယ္

အခန္း(၁၇)ခ်စ္ျခင္းအစ

12.3K 1K 5
By kathykuro24

Zawgyi

မင္းသားလိုင္ခ်ယ္ ပါတီပြဲကိုဖ်က္ရန္လုပ္ေသာ္လဲ မဟာမိတ္ေတြလဲရွိေနေတာ့ ပါတီပြဲကို ဆက္လက္က်င္းပလိုက္တယ္။ နန္းေတာ္မွာ ဆူညံေတြေျကာင့္ အိုင္နဲအိပ္လို႔မရပါ။ ဒိုင္ကိုရုနားသူထိုင္ျပီး ႏြားႏို႕ပူပူေလးေသာက္ရင္း မီးထိန္ထိန္လင္းေနတဲ့ နန္းေတာ္ကိုျကည့္ေနလိုက္တယ္။

>>>>>>

(ယူအမ္ အျမင္)

"ေဟ့ ျကည့္ျကည့္ ဟိုေကာင္မေလးမလွဘူးလား"

သူငယ္ခ်င္းေျပာသံေျကာင့္လွည့္ျကည့္လိုက္တယ္။

"......."

ကၽြန္ေတာ္မ်က္လံုးထဲ အကိုအိုင္နဲကလြဲရင္ ဘယ္သူ႔ကိုမွျကည့္လို႕မရဘူး၊ ရင္လဲမခုန္ဘူး။ ပါတီပြဲ...မီးလံုးမီးဆိုင္းေတြနဲ႔ဆင္ျမန္းျပီး တံခါးနဲ႔ျပတင္းေပါက္တိုင္းမွာ နွင္းဆီအိုးျကီးေတြ စီစီရီရီခ်ထားတယ္။ မ်က္နွာျကက္မွာ ပိုးစရွည္ကိုစုျပီး ပန္းလို ျဖာထြက္ေနတာအရမ္းလွပတယ္။ သာမာန္လူေတြမျမင္ႏိုင္တဲ့ ေတာ္၀င္ပါတီမ်ိဳး။ သို႔ေသာ္ ကၽြန္ေတာ္စိတ္ထဲမွာ ဒီလိုအလွမ်ိဳး စိတ္မ၀င္စားဘူး၊ ခံစားလို႕လဲမရဘူး။ အကိုလိုင္ခ်ယ္တက္ခိုင္းလို႕သာတက္ရတာ...။

အကိုအိုင္နဲကိုပဲ ေနရာတုိင္းမွာျမင္ေယာင္ေနတယ္။

အကိုအိုင္နဲ ကၽြန္ေတာ့ကိုေတာင္းပန္ခ်င္တယ္လုိ႔ေျပာတုန္းက ကၽြန္ေတာ့ကိုယ္ကၽြန္ေတာ္ အရမ္းရွက္မိသြားတယ္။ အကိုမွားတာလဲမဟုတ္ဘဲနဲ႕ သူကကၽြန္ေတာ္အစား နားလည္ေပးတယ္၊ ခံစားေပးတယ္။ အကိုအိုင္နဲဟာ အရမ္းရိုးသားလြန္းတယ္။ ကၽြန္ေတာ္ စစ္သူျကီးတစ္ေယာက္ျဖစ္ေနျပီးေတာ့ အကိုအို္င္နဲနဲ႔မ်က္နွာခ်င္း မရင္ဆိုင္ရဲဘူး။

အကိုလိုင္ခ်ယ္လဲ ေျပာင္းလဲသြားျပီ။ အရင္ကအေကာင္းမျမင္ဘူး ခုေတာ့..သူ အကိုအိုင္နဲအေပၚမွာလဲ ခံစားခ်က္ေတြက မရိုးသားေတာ့ဘူး။

>>>>>

အကိုလိုင္ခ်ယ္မနက္တိုင္း မနက္စာလာစားေနျကဆိုေတာ့...သူလာမစားျဖစ္ေတာ့ အိုင္နဲလဲပ်င္းတယ္။ ဟိုရက္ကအကိုစိတ္ဆုိးျပီးကတည္း မလာေတာ့တာပါ။

"အကိုငါေျပာတဲ့စကားေျကာင့္ အရမ္းစိတ္ဆိုးသြားတာလားမသိဘူး၊ ငါအရမ္း တကိုယ္ေကာင္းဆန္သြားလားမသိဘူး"

ကာလီခိုေလး ေခါင္းေလးနဲ႔အိုင္နဲကိုလာလာခၽြဲေနေတာ့ အိုင္နဲျပံဳးေနလိုက္တယ္။ သူ၀မ္းနည္းတိုင္း သူ႔ကိုလာလာေခ်ာ့ေပးတယ္။

"ေက်းဇူးပဲ ကာလီခို"

အိုင္နဲယာထဲဆင္းျပီးအသီးခူးလိုက္တယ္။ သူ စိတ္ေတြရူပ္ေနလို႕ ဒီေန႕ခ်က္ခ္ေက်ာင္းသြားဖို႕ စဥ္းစားလိုက္တယ္။ ခ်က္ခ္ေက်ာင္းတက္ခ်ိန္လူမ်ားလို႕ လူရွင္းတဲ့အခ်ိန္မွသြားလိုက္တယ္။ သူခ်က္ခ္ေက်ာင္းမတက္တာ ၂ႏွစ္ေက်ာ္ျပီ။  ခ်က္ခ္ေက်ာင္းတံခါးကိုဖြင့္လိုက္ျပီး ေရွ႔ဆံုးခုံတန္းေရွ႕ မွာသြားထိုင္လုိက္ပါတယ္။

"ေအာ္...မင္းသားေလးအိုင္နဲပါလား၊ မေတြ႕တာျကာျပီပဲ"

အသံျကားလို႔လွည့္ျကည့္လိုက္ေတာ့ ဖာသာ။

"ဟုတ္ကဲ့.....မေတြ႕တာျကာပါျပီ"

"အင္း.....မင္း လီလီအာနာနဲ႔ပိုပိုဆင္လာတယ္"

"ဟုတ္ အေဖလဲေျပာတယ္"

"လီလီအာနာ မိဖုရားမျဖစ္ခင္ ဒီကိုသူပန္းလာပို႔ေနက်၊ ပန္းလာပို႔ျပီးရင္ မင္းထိုင္ေနတဲ့ အဲ့ခံုေရွ႔တန္းမွာပဲ ထုိင္ျပီး ဆုေတာင္းေနျက"

"ဟုတ္လား!"

အိုင္နဲအံျသတာေလးကို ဖာသာသေဘာက်ရင္း

"လီလီအာနာက အရမ္းလွတဲ့နတ္သမီးေလးလိုပဲ၊ သူဒီမွာပဲ ဂီလီအန္ (အရင္ဘုရင္) နဲ႔ဆံုရင္း ခ်စ္ခဲ့ျကတာ"

လီလီအာနာ အေျကာင္းေျပာရင္း ဖာသာ ျပံဳးလိုက္တယ္။ လီလီအာနာ သာမန္မိန္းခေလးျဖစ္ျပီး လူတိုင္းသူ႕ကိုခ်စ္ခင္ျကတယ္၊ 'ငါကိုေတာ့ လူတိုင္းမျကိဳက္ျကဘူး'........ အိုင္နဲမ်က္ႏွာညိဳးတာကိုျမင္ေတာ့ ဖာသာ အိုင္နဲပခံုးေပၚလက္တင္လိုက္ျပီး

"မင္းသား ဘာျဖစ္လို႔လဲ၊ ဘာေတြရင္ဖြင့္ခ်င္လဲ၊ ေျပာပါ"

"ကၽြန္ေတာ္....ယူအမ္ကိုေတာင္းပန္ခ်င္တယ္"

"ယူအမ္ကို? ဘာလို႔လဲ"

"အဲ...အင္း..."

ေနာက္ဆံုး အိုင္နဲ အကုန္ဖြင့္ေျပာလိုက္ေတာ့တယ္။ သူနန္းေတာ္ကထြက္ရတဲ့အေျကာင္း၊ ျပန္လာျဖစ္တဲ့အေျကာင္း၊ သူ႔နဲ႔ယူအမ္ျဖစ္ခဲ့တဲ့တာေတြ၊ အကိုလိုင္ခ်ယ္နဲ႔စကားမ်ားခဲ့တာေတြ ေျပာျပလိုက္တယ္။ ဖာသာ ျငိမ္ျပီးနားေထာင္ရင္း....

"အင္း.....မင္းသားေလးအိုင္နဲက ရိုးေအးတာပဲ"

"ကၽြန္ေတာ္...တကိုယ္ေကာင္းဆန္ခဲ့တယ္"

"တခါတေလေတာ့လဲ ဘဝမွာ တကိုယ္ေကာင္းဆန္္တာလဲ လိုအပ္ပာတယ္"

အိုင္နဲ၀မ္းနည္းလာျပီး မ်က္ရည္ဝဲလာတယ္။

>>>>>>

(ယူအမ္ အျမင္)

အကိုလိုင္ခ်ယ္ပါတီပြဲမွာ မ်က္ႏွာမေကာင္းဘူး။ သူ ကၽြန္ေတာ့ေၾကာင့္ အကိုအိုင္နဲနဲ႔ စကားမ်ားထားတယ္ထင္တယ္။ ကၽြန္ေတာ္လဲမွားမွန္းသိပါတယ္၊ ဒါေျကာင့္ အကိုလိုင္ခ်ယ္အလုပ္ေတြကူေပးရင္ ျပန္ေတာင္းပန္လိုက္မယ္ စဥ္းစားထားတယ္။

ကၽြန္ေတာ္စိတ္ေတြ ရွင္းေအာင္လို႔ ခ်က္ခ္ေက်ာင္းသြားျပီး အျပစ္၀န္ခံဖို႔ထြက္လာလိုက္တယ္။

တကယ္တမ္း ခ်က္ခ္ေက်ာင္းသြားမယ့္အစား အကိုအိုင္နဲဆီသြားခ်င္တာပါ။ သူေရွ႕ဒူးေထာက္ျပီး အျပစ္၀န္ခံလိုက္ခ်င္တယ္။ သို႔ေသာ္ ကြၽန္ေတာ္မရဲဝံ။

>>>>>>

အိုင္နဲ သူခ်က္ခ္ေက်ာင္းကထြက္လာျပီး အေတြးမ်ားနဲ႔ျပန္လာခဲ့တယ္။ သူ စိတ္ထဲမွာ အကိုလိုင္ခ်ယ္နဲ႔ ယူအမ္တို႔ႏွင့္ေနခဲ့တဲ့အခ်ိန္ေတြျပန္စဥ္းစားမိတယ္။ သူ႔အကိုနဲ႔ညီ ေပ်ာ္ေနတဲ့အခ်ိန္ေတြ၊ အျပံဳးမ်က္နွာေတြ ျပန္ျမင္ေယာင္ေနတယ္။ ဖာသာေျပာတဲ့စကား နားထဲျကားေယာင္ေနတယ္ 'မင္းတို႔တူတူမ်က္နွာခ်င္းဆိုင္ ေျဖရွင္းသင့္ေနျပီ၊ မင္းတို႔ညီအကိုေတြအဆင္ေျပရင္ ဘုရင္လဲစိတ္ခ်မ္းသာမယ္၊ သူကမေသခင္ မင္းတို႕စည္းစည္းလံုးလံုးနဲ႕တူတူေနတာကို ျမင္ခ်င္ေနတာ'...

အေဖ့ဆႏၵမျပည့္ေတာ့ပာ...ခု...ညီအကိုေတြတကြဲတျပားျဖစ္တာ သူေျကာင့္...သူဟာ ျဂဳိလ္ဆိုးတစ္ေကာင္...အေရးမပာတဲ့...လူတစ္ေယာက္။သူတခုခုလုပ္မွ ျဖစ္ေတာ့မယ္။

အိုင္နဲ စိတ္ဆံုးျဖတ္ျပီး နန္းေတာ္ဖက္ကိုေျခဦးတည့္လိုက္တယ္။ အဲအခ်ိန္ နန္းေတာ္ဂိတ္နားက လူတစ္ေယာက္က

"ေဟ့ ဒီထဲသာမန္လူမလာရဘူး၊ မင္းဘယ္သူ-....ေအာ္....သံုးစားမရတဲ့မင္းသားအိုင္နဲပါလား"

အမတ္ခ်ဳပ္ရဲ႕သားကေျပာလိုက္ေတာ့ အို္င္နဲကို တျခား ေတာ္၀င္အမ်ိဳးေတြ လွည့္ျကည့္လိုက္တယ္။ သာမန္လယ္သမားလို၀တ္စားထားေတာ့ ေလွာင္ေျပာင္ရယ္ျကတယ္။

"ေလာဘျကီးျပီး ထီးနန္းမက္တဲ့မင္းသားအိုင္နဲဆိုတာသူလား၊ေအာ္....သူ႔အကိုနဲ႕ညီေလာက္မေတာ္ပဲ သူမ်ားအေပၚအခြင့္ေကာင္းယူတတ္တဲ့ အိုင္နဲဆိုတာ သူေပါ့"

စိတ္ပ်က္ျပီး မတူသလိုမတန္သလိုရုပ္နဲ႔၀ိုင္းျကည့္ျကေတာ့ အိုင္နဲလန္႔ျပီးေျကာက္သလုိလိုျဖစ္လာတယ္။

အေစာင့္ေတြကျမင္ေတာ့

"အေျပာအဆိုဆင္ျခင္ပါ၊ ဒီစကား မင္းသားလိုင္ခ်ယ္နဲ႕ယူအမ္သိရင္ ျပသာနာတက္မွာ"

စကားကိုအေလးမထား ေလွာင္ေျပာင္ရယ္ျကတယ္။

"ေအာ္...အသံုးမက်တဲ့မင္းသားေနာက္လိုက္တဲ့လူဆိုေတာ့ အသံုးမက်တဲ့လူေတြပဲေလ၊ သူေျကာင့္ မင္းသားယူအမ္အျပစ္ေပးခံရျပီး မင္းသားလိုင္ခ်ယ္နဲ့စကားမ်ားျကတယ္လို့ သတင္းၾကားတယ္။ မင္းသားလိုင္ခ်ယ္နဲ႔ယူအမ္ဆိုတာ သူတို့အခ်င္းခ်င္း ရိုေသေလးစားျကတာ လူတိုင္းသိတယ္။ ဒီေကာင္ ၿဂိုလ္ဆိုးေျကာင့္ မင္းသားတို႔ညီအကို တကြဲတျပားျဖစ္သြားျပီ။ သြား... ဟိုနားက ခရမ္းခ်ဥ္သီးေတာင္းယူလာျပီး ဒီအသံုးမက်တဲ့ေကာင္ကို ေပါက္ျကစမ္း"

ခရမ္းခ်ဥ္သီးေတြနဲ႔ အိုင္နဲကို အားျပင္းျပင္းနဲ့ ေပါက္ျကတယ္။ အိုင္နဲေမွာက္ထိုင္က်သြားျပီး အရည္နီနီရဲေတြ ကိုယ္ေပၚမွာေပကုန္တယ္။

"မင္းသားေလးအိုင္နဲ!"

အေစာင့္ေတြက အဆင့္နိမ့္ေတာ့ ဝင္မတားႏိုင္။ အိုင္နဲကိုသာ ဝင္ထူေပးၾကတယ္။

"ဟား...ဟား...ဟား မင္းကဒါနဲ႔ပဲတန္တယ္"

"....!!!"

အေစာင့္ေတြမ်က္လံုးျပဴးၿပီးလန္႔သြားတယ္။ သူတို႔ျမင္လိုက္တဲ့သူ အရမ္းေဒါသထြက္ၿပီး လူသတ္ေတာ့မယ့္႐ုပ္နဲ႔...ေနာက္ကေနစူးၿပီးၾကည့္ေနတာ။

"ေနာက္....မွာ...."

"ဘာလဲ...မင္းကိုဘယ္သူကလာကယ္မွာမို႔လို႔လဲ ဟား ဟား"

ေတာ္ဝင္အမ်ိဳးတေယာက္ ခရမ္းခ်ဥ္သီးျဖင့္ေပါက္ရန္ၾကံစဥ္ သူ႔လက္တင္းတင္းျကပ္ ခ်ဳပ္ကိုင္ခံလိုက္တယ္။

"အားးးး နာတယ္? ဟန္!!! မင္း...မင္းသားေလး လိုင္ခ်ယ္!!"

အိုင္နဲေမာ့ၾကည့္လိုက္ေတာ့ သူ႔အကိုလိုင္ခ်ယ္ သူကိုလာကာကြယ္ေပးတာကိုေတြ႔လိုက္တယ္။

"မင္း..မင္းသားလိုင္ခ်ယ္...မင္းသားအိုင္နဲက ဆိုးတဲ့လူမို႔လို႔ မင္းသားတို႔အစားဆံုးမေပးတာပါ။ ဒီလိုလူမ်ိဳး ေတာ္ဝင္မ်ိဳးထဲမွာ႐ွိေနတာ သိကၡာက်ပါတယ္။ ဆံုးမခြင့္ေပးပါ"

လိုင္ခ်ယ္ ဘာမွမျပန္ေျပာ။ လက္ျပန္လႊတ္လိုက္ၿပီး အိုင္နဲတြဲထူရင္း အက်ီ ၤခါခပ္ေပးလိုက္တယ္။ မ်က္နွာမွာေပက်ံေနတာကို လက္ကိုင္ပုဝါနဲ့ သူသုတ္ေပးလိုက္တယ္။ အဲျမင္ကြင္းကိုၾကည့္ေနတဲ့ ေတာ္ဝင္မ်ိဳးေတြအကုန္ မ်က္လံုးျပဴးကုန္ၾကတယ္။ လိုင္ခ်ယ္ သူတို႔ကိုစူးစိုက္ျပန္ၾကည့္လိုက္ေတာ့ အကုန္လန္႔ၿပီး ေခါင္းငံုအ႐ိုအေသေပးျပီး ထြက္သြားတယ္။

"အကိုလိုင္ခ်ယ္.."

"ခုနေကာင္ေတြေျပာတာ ေခါင္းထဲမထည့္နဲ႔။ မင္းေၾကာင့္ျဖစ္တာမဟုတ္ပါဘူး"

"ဟုတ္...ရပါတယ္...အကိုလိုင္ခ်ယ္ "

အိုင္နဲ သူ႔ဥယ်ာဥ္ျခံကိုပဲ ျပန္လိုက္ေတာ့တယ္။ အကိုလိုင္ခ်ယ္တီးတိုးေျပာသံ သူမၾကားေတာ့ပါ။

>>>>>>

(ယူအမ္ အျမင္)

ကြၽန္ေတာ္ခ်က္ခ္ေက်ာင္းထဲဝင္လာလိုက္တယ္။

"ဖာသာ! ဘာျဖစ္တာလဲမ်က္ႏွာမေကာင္းဘူး"

"ခုနက ျပသာနာေလးတခုျဖစ္ခဲ့လို႔"

"ဘာမ်ားလဲ"

ဖာသာ သူျပန္ၾကားခဲ့တဲ့ ျပသာနာနဲ့အိုင္နဲအေျကာင္းကိုေျပာျပလိုက္တယ္။

>>>>>>

(လိုင္ခ်ယ္ အျမင္)

ယူအမ္ သတင္းၾကားၾကားခ်င္း ကြၽန္ေတာ္ဆီ ေဒါတႀကီးလာေရာက္လာတယ္။ သူဘာကိုေဒါသထြက္ေနလဲနားလည္တယ္။ ကြၽန္ေတာ္တို႔ ဘာလုပ္မလဲတိုင္ပင္ၿပီး ခုနကျဖစ္တဲ့ကိစၥမွာပါတဲ့လူ အကုန္အခန္းထဲေခၚလိုက္တယ္။

အမတ္ခ်ဳပ္ကားခ္ရဲ့သားနဲ ႔ေတာ္ဝင္မ်ိဳးေတြဝင္လာၾကတယ္။

"မင္းသားလိုင္ခ်ယ္....ကြၽန္ေတာ္တို႔ မင္းသားအတြက္၊ ဒီလိုေကာင္မ်ိဳးေၾကာင့္ မင္းသားတို႔စကားမ်ားထားတယ္ျကားလို႔လို႔ မင္းသားအစားဆံုးမလိုက္ပါတယ္"

လိုင္ခ်ယ္ မ်က္ေမွာင္က်ံဳ႕ၿပီးၾကည့္လိုက္တယ္။

"ဘာကိုမ်ားထားတာလဲ"

"ကြၽန္ေတာ္တို႔ အမတ္ခ်ဳပ္ကားခ္ဆီက ၾကားခဲ့တာပါ။ မင္းသားလိုင္ခ်ယ္နဲ႔ ယူအမ္တို႔ စကားမ်ားၿပီး အေခ်အတင္ျဖစ္ေနၾကတယ္တဲ့"

ကြၽန္ေတာ္ အမတ္ခ်ဳပ္ကားခ္ကိုေခၚၿပီးေမးလိုက္တယ္။

"ကားခ္ မင္းဒီေကာင္ေတြကိုအဲလိုေျပာလိုက္တာလား"

ကားခ္ျပံဳးျပံဳးႀကီးနဲ႔ေျဖလိုက္တယ္။

"ဟုတ္ပါတယ္၊ မင္္းသားလိုေနာင္တစ္ခ်ိန္မွာ ဘုရင္ျဖစ္မယ့္လူက ကိုယ့္လမ္းမွာ႐ူပ္ေနတဲ့ ဒီလိုအသံုးမက်တဲ့လူကို ႐ွင္းထုတ္တာအေကာင္းဆံုးပါ။ ျဖစ္ႏိုင္ရင္ မင္းသားအိုင္နဲကို နယ္ႏွင္ဒဏ္ေပးသင့္ပါတယ္။ မင္းသားအစားဆံုးမေပးတဲ့ ကြၽန္ေတာ္မ်ိဳးရဲ႕သားနဲ႔ ေဟာ္ဒီေတာ္ဝင္အမ်ိဳးေတြကိုလဲ ဆုခ်သင့္ပါတယ္"

ယူအမ္ကြၽန္ေတာ္ကိုၾကည့္ၿပီး ေခါင္းညိမ့္ျပလိုက္တယ္။

"ေပးရမယ္ ဆုေပးကိုေပးရမယ္။ ကားခ္ မင္းလဲၾကံရာပါဆိုေတာ့ မင္းကိုလဲေပးမယ္။ ငါလိုဘုရင္ေလာင္းအတြက္ မင္းကစဥ္းစားၿပီး လုပ္ေပးခဲ့တာဆိုေတာ့"

"အကိုလိုင္ခ်ယ္...ဒီကိစၥကိုအကိုအိုင္နဲကိုမေျပာနဲ႔ေနာ္။ သူသိရင္တားမွာ"

"မာရီရက္စ္"

ကြၽန္ေတာ္ေခၚလိုက္တာနဲ႔ ခ်က္ခ်င္း မာရီရက္စ္နဲ႔စစ္သည္ေတြဝင္လာၿပီး ကားခ္နဲ႔သူ႔သား ေတာ္ဝင္အမ်ိဳးေတြအကုန္ဖမ္းခ်ဳပ္လိုက္တယ္။

"မင္းသား ဒါဘာလုပ္တာလဲ ကြၽန္ေတာ္မ်ိဳးက မင္းသားနဲ႔တိုင္းျပည္အတြက္-.."

"တိုင္းျပည္အတြက္?"

"ဟုတ္တယ္၊ မင္းသားလိုင္ခ်ယ္နဲ႔ မင္းသားယူအမ္၊ အိုင္နဲပန္ေရာက္ၿပီးကတည္းက အရင္လိုမဟုတ္ေတာ့ဘူး။ သူေၾကာင့္နဲ႔ မင္းသားတို႔ရန္ျဖစ္တာ မတန္ဘူး။ သူ႔လိုတံုးအၿပီး သာမန္လယ္သမားပံုစံနဲ႔ တိုင္းျပည္အတြက္သံုးစားမရတဲ့ မင္းသားကို-..."

"ငါမင္းကိုခိုင္းလား"

"ဟန္?"

"ငါ မင္းကို အိုင္နဲမေကာင္းေၾကာင္းဖြၿပီး ငါ့အစားေစာ္ကားခိုင္းလား"

".....!"

"ကားခ္၊ မင္းမေမ့ပါနဲ႔။ အိုင္နဲက ငါ့ရဲ႕ေတာ္ဝင္ညီရင္း၊ ဒီႏိုင္ငံဘုရင္ရဲ႕ ဒုတိယမင္းသားေလးဆိုတာမေမ့နဲ႔။ ေတာ္ဝင္မင္းသားကိုေစာ္ကားရင္ ဘာျဖစ္မလဲ မင္းမေတြးမိဘူးလား"

ကားခ္ဆက္မေျပာႏိုင္ေတာ့ပါ။ မာရီရက္စ္ကို ကြၽန္ေတာ္ လက္ျပလိုက္ေတာ့ သူ အကုန္လံုးကို အခ်ဳပ္ခန္းထဲဆြဲေခၚသြားေတာ့တယ္။

"ကြၽန္ေတာ္ ဖာသာဆီကၾကားတာ၊ အကိုအိုင္နဲနန္းေတာ္ကိုလာရတဲ့အေၾကာင္းရင္းက ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုးကို ေျပာစရာစကား႐ွိလို႔တဲ့"

ယူအမ္စကားေၾကာင့္ ကြၽန္ေတာ္သူကိုၾကည့္လိုက္တယ္။

"သူ အကိုအတြက္ မနက္တိုင္းေကာ္ဖီနဲ႔မုန္႔အျမဲအဆင့္ျပင္ၿပီး ေစာင့္ေနတယ္တဲ့။ အကိုစိတ္ဆိုးၿပီး သူဆီမလာေတာ့လို႔ သူစိတ္မေကာင္းဘူးျဖစ္ေနတယ္တဲ့"

ေအာ္ အိုင္နဲ....။ သူ ကြၽန္ေတာ္ကို ေမွ်ာ္ေနတာ ကြၽန္ေတာ္သိရက္နဲ႔မသြားႏိုင္ဘူး။ စိတ္ဆိုးၿပီးသူဆီမသြားႏိုင္ေပမယ့္ သူကိုအရမ္းသတိရပါတယ္။ သူအေပၚကြၽန္ေတာ့စိတ္က မ႐ိုးသားဘူး။ ညီအကိုလိုအခ်စ္မ်ိဳးမဟုတ္ဘူး။ အိုင္နဲကေကာ ကြၽန္ေတာ္တို႔အေပၚမွာ ဘယ္လိုျမင္လဲသိခ်င္တယ္။

"ယူအမ္ လာ ငါတို႔သြားမယ္။ ငါတို႔သံုးေယာက္ မ်က္ႏွာခ်င္းဆိုင္ၿပီးေျဖ႐ွင္းသင့္ေနၿပီ"

သူ ဝမ္းနည္းၿပီးမငိုပါေစနဲ႔ ဆုေတာင္းရင္း ကြၽန္ေတာ္ေျခလွမ္းကို အျမန္ဆံုးနဲ့ သူ႐ွိရာသို့ လွမ္းလိုက္ပါေတာ့တယ္။

Unicode

အခန်း(၁၇)ချစ်ခြင်းအစ

မင်းသားလိုင်ချယ် ပါတီပွဲကိုဖျက်ရန်လုပ်သော်လဲ မဟာမိတ်တွေလဲရှိနေတော့ ပါတီပွဲကို ဆက်လက်ကျင်းပလိုက်တယ်။ နန်းတော်မှာ ဆူညံတွေကြောင့် အိုင်နဲအိပ်လို့မရပါ။ ဒိုင်ကိုရုနားသူထိုင်ပြီး နွားနို့ပူပူလေးသောက်ရင်း မီးထိန်ထိန်လင်းနေတဲ့ နန်းတော်ကိုကြည့်နေလိုက်တယ်။

>>>>>>

(ယူအမ် အမြင်)

"ဟေ့ ကြည့်ကြည့် ဟိုကောင်မလေးမလှဘူးလား"

သူငယ်ချင်းပြောသံကြောင့်လှည့်ကြည့်လိုက်တယ်။

"......."

ကျွန်တော်မျက်လုံးထဲ အကိုအိုင်နဲကလွဲရင် ဘယ်သူ့ကိုမှကြည့်လို့မရဘူး၊ ရင်လဲမခုန်ဘူး။ ပါတီပွဲ...မီးလုံးမီးဆိုင်းတွေနဲ့ဆင်မြန်းပြီး တံခါးနဲ့ပြတင်းပေါက်တိုင်းမှာ နှင်းဆီအိုးကြီးတွေ စီစီရီရီချထားတယ်။ မျက်နှာကြက်မှာ ပိုးစရှည်ကိုစုပြီး ပန်းလို ဖြာထွက်နေတာအရမ်းလှပတယ်။ သာမာန်လူတွေမမြင်နိုင်တဲ့ တော်ဝင်ပါတီမျိုး။ သို့သော် ကျွန်တော်စိတ်ထဲမှာ ဒီလိုအလှမျိုး စိတ်မဝင်စားဘူး၊ ခံစားလို့လဲမရဘူး။ အကိုလိုင်ချယ်တက်ခိုင်းလို့သာတက်ရတာ...။

အကိုအိုင်နဲကိုပဲ နေရာတိုင်းမှာမြင်ယောင်နေတယ်။

အကိုအိုင်နဲ ကျွန်တော့ကိုတောင်းပန်ချင်တယ်လို့ပြောတုန်းက ကျွန်တော့ကိုယ်ကျွန်တော် အရမ်းရှက်မိသွားတယ်။ အကိုမှားတာလဲမဟုတ်ဘဲနဲ့ သူကကျွန်တော်အစား နားလည်ပေးတယ်၊ ခံစားပေးတယ်။ အကိုအိုင်နဲဟာ အရမ်းရိုးသားလွန်းတယ်။ ကျွန်တော် စစ်သူကြီးတစ်ယောက်ဖြစ်နေပြီးတော့ အကိုအိုင်နဲနဲ့မျက်နှာချင်း မရင်ဆိုင်ရဲဘူး။

အကိုလိုင်ချယ်လဲ ပြောင်းလဲသွားပြီ။ အရင်ကအကောင်းမမြင်ဘူး ခုတော့..သူ အကိုအိုင်နဲအပေါ်မှာလဲ ခံစားချက်တွေက မရိုးသားတော့ဘူး။

>>>>>

အကိုလိုင်ချယ်မနက်တိုင်း မနက်စာလာစားနေကြဆိုတော့...သူလာမစားဖြစ်တော့ အိုင်နဲလဲပျင်းတယ်။ ဟိုရက်ကအကိုစိတ်ဆိုးပြီးကတည်း မလာတော့တာပါ။

"အကိုငါပြောတဲ့စကားကြောင့် အရမ်းစိတ်ဆိုးသွားတာလားမသိဘူး၊ ငါအရမ်း တကိုယ်ကောင်းဆန်သွားလားမသိဘူး"

ကာလီခိုလေး ခေါင်းလေးနဲ့အိုင်နဲကိုလာလာချွဲနေတော့ အိုင်နဲပြုံးနေလိုက်တယ်။ သူဝမ်းနည်းတိုင်း သူ့ကိုလာလာချော့ပေးတယ်။

"ကျေးဇူးပဲ ကာလီခို"

အိုင်နဲယာထဲဆင်းပြီးအသီးခူးလိုက်တယ်။ သူ စိတ်တွေရူပ်နေလို့ ဒီနေ့ချက်ခ်ကျောင်းသွားဖို့ စဉ်းစားလိုက်တယ်။ ချက်ခ်ကျောင်းတက်ချိန်လူများလို့ လူရှင်းတဲ့အချိန်မှသွားလိုက်တယ်။ သူချက်ခ်ကျောင်းမတက်တာ ၂နှစ်ကျော်ပြီ။ ချက်ခ်ကျောင်းတံခါးကိုဖွင့်လိုက်ပြီး ရှေ့ဆုံးခုံတန်းရှေ့ မှာသွားထိုင်လိုက်ပါတယ်။

"အော်...မင်းသားလေးအိုင်နဲပါလား၊ မတွေ့တာကြာပြီပဲ"

အသံကြားလို့လှည့်ကြည့်လိုက်တော့ ဖာသာ။

"ဟုတ်ကဲ့.....မတွေ့တာကြာပါပြီ"

"အင်း.....မင်း လီလီအာနာနဲ့ပိုပိုဆင်လာတယ်"

"ဟုတ် အဖေလဲပြောတယ်"

"လီလီအာနာ မိဖုရားမဖြစ်ခင် ဒီကိုသူပန်းလာပို့နေကျ၊ ပန်းလာပို့ပြီးရင် မင်းထိုင်နေတဲ့ အဲ့ခုံရှေ့တန်းမှာပဲ ထိုင်ပြီး ဆုတောင်းနေကြ"

"ဟုတ်လား!"

အိုင်နဲအံသြတာလေးကို ဖာသာသဘောကျရင်း

"လီလီအာနာက အရမ်းလှတဲ့နတ်သမီးလေးလိုပဲ၊ သူဒီမှာပဲ ဂီလီအန် (အရင်ဘုရင်) နဲ့ဆုံရင်း ချစ်ခဲ့ကြတာ"လီလီအာနာ အကြောင်းပြောရင်း ဖာသာ ပြုံးလိုက်တယ်။ လီလီအာနာ သာမန်မိန်းခလေးဖြစ်ပြီး လူတိုင်းသူ့ကိုချစ်ခင်ကြတယ်၊ 'ငါကိုတော့ လူတိုင်းမကြိုက်ကြဘူး'........ အိုင်နဲမျက်နှာညိုးတာကိုမြင်တော့ ဖာသာ အိုင်နဲပခုံးပေါ်လက်တင်လိုက်ပြီး

"မင်းသား ဘာဖြစ်လို့လဲ၊ ဘာတွေရင်ဖွင့်ချင်လဲ၊ ပြောပါ"

"ကျွန်တော်....ယူအမ်ကိုတောင်းပန်ချင်တယ်"

"ယူအမ်ကို? ဘာလို့လဲ"

"အဲ...အင်း..."

နောက်ဆုံး အိုင်နဲ အကုန်ဖွင့်ပြောလိုက်တော့တယ်။ သူနန်းတော်ကထွက်ရတဲ့အကြောင်း၊ ပြန်လာဖြစ်တဲ့အကြောင်း၊ သူ့နဲ့ယူအမ်ဖြစ်ခဲ့တဲ့တာတွေ၊ အကိုလိုင်ချယ်နဲ့စကားများခဲ့တာတွေ ပြောပြလိုက်တယ်။ ဖာသာ ငြိမ်ပြီးနားထောင်ရင်း....

"အင်း.....မင်းသားလေးအိုင်နဲက ရိုးအေးတာပဲ"

"ကျွန်တော်...တကိုယ်ကောင်းဆန်ခဲ့တယ်"

"တခါတလေတော့လဲ ဘဝမှာ တကိုယ်ကောင်းဆန်တာလဲ လိုအပ်ပာတယ်"အိုင်နဲဝမ်းနည်းလာပြီး မျက်ရည်ဝဲလာတယ်။

>>>>>>

(ယူအမ် အမြင်)

အကိုလိုင်ချယ်ပါတီပွဲမှာ မျက်နှာမကောင်းဘူး။ သူ ကျွန်တော့ကြောင့် အကိုအိုင်နဲနဲ့ စကားများထားတယ်ထင်တယ်။ ကျွန်တော်လဲမှားမှန်းသိပါတယ်၊ ဒါကြောင့် အကိုလိုင်ချယ်အလုပ်တွေကူပေးရင် ပြန်တောင်းပန်လိုက်မယ် စဉ်းစားထားတယ်။

ကျွန်တော်စိတ်တွေ ရှင်းအောင်လို့ ချက်ခ်ကျောင်းသွားပြီး အပြစ်ဝန်ခံဖို့ထွက်လာလိုက်တယ်။တကယ်တမ်း ချက်ခ်ကျောင်းသွားမယ့်အစား အကိုအိုင်နဲဆီသွားချင်တာပါ။ သူရှေ့ဒူးထောက်ပြီး အပြစ်ဝန်ခံလိုက်ချင်တယ်။ သို့သော် ကျွန်တော်မရဲဝံ။

>>>>>>

အိုင်နဲ သူချက်ခ်ကျောင်းကထွက်လာပြီး အတွေးများနဲ့ပြန်လာခဲ့တယ်။ သူ စိတ်ထဲမှာ အကိုလိုင်ချယ်နဲ့ ယူအမ်တို့နှင့်နေခဲ့တဲ့အချိန်တွေပြန်စဉ်းစားမိတယ်။ သူ့အကိုနဲ့ညီ ပျော်နေတဲ့အချိန်တွေ၊ အပြုံးမျက်နှာတွေ ပြန်မြင်ယောင်နေတယ်။ ဖာသာပြောတဲ့စကား နားထဲကြားယောင်နေတယ် 'မင်းတို့တူတူမျက်နှာချင်းဆိုင် ဖြေရှင်းသင့်နေပြီ၊ မင်းတို့ညီအကိုတွေအဆင်ပြေရင် ဘုရင်လဲစိတ်ချမ်းသာမယ်၊ သူကမသေခင် မင်းတို့စည်းစည်းလုံးလုံးနဲ့တူတူနေတာကို မြင်ချင်နေတာ'...

အဖေ့ဆန္ဒမပြည့်တော့ပာ...ခု...ညီအကိုတွေတကွဲတပြားဖြစ်တာ သူကြောင့်...သူဟာ ဂြိုလ်ဆိုးတစ်ကောင်...အရေးမပာတဲ့...လူတစ်ယောက်။သူတခုခုလုပ်မှ ဖြစ်တော့မယ်။

အိုင်နဲ စိတ်ဆုံးဖြတ်ပြီး နန်းတော်ဖက်ကိုခြေဦးတည့်လိုက်တယ်။ အဲအချိန် နန်းတော်ဂိတ်နားက လူတစ်ယောက်က

"ဟေ့ ဒီထဲသာမန်လူမလာရဘူး၊ မင်းဘယ်သူ-....အော်....သုံးစားမရတဲ့မင်းသားအိုင်နဲပါလား"

အမတ်ချုပ်ရဲ့သားကပြောလိုက်တော့ အိုင်နဲကို တခြား တော်ဝင်အမျိုးတွေ လှည့်ကြည့်လိုက်တယ်။ သာမန်လယ်သမားလိုဝတ်စားထားတော့ လှောင်ပြောင်ရယ်ကြတယ်။

"လောဘကြီးပြီး ထီးနန်းမက်တဲ့မင်းသားအိုင်နဲဆိုတာသူလား၊အော်....သူ့အကိုနဲ့ညီလောက်မတော်ပဲ သူများအပေါ်အခွင့်ကောင်းယူတတ်တဲ့ အိုင်နဲဆိုတာ သူပေါ့"

စိတ်ပျက်ပြီး မတူသလိုမတန်သလိုရုပ်နဲ့ဝိုင်းကြည့်ကြတော့ အိုင်နဲလန့်ပြီးကြောက်သလိုလိုဖြစ်လာတယ်။အစောင့်တွေကမြင်တော့

"အပြောအဆိုဆင်ခြင်ပါ၊ ဒီစကား မင်းသားလိုင်ချယ်နဲ့ယူအမ်သိရင် ပြသာနာတက်မှာ"

စကားကိုအလေးမထား လှောင်ပြောင်ရယ်ကြတယ်။

"အော်...အသုံးမကျတဲ့မင်းသားနောက်လိုက်တဲ့လူဆိုတော့ အသုံးမကျတဲ့လူတွေပဲလေ၊ သူကြောင့် မင်းသားယူအမ်အပြစ်ပေးခံရပြီး မင်းသားလိုင်ချယ်နဲ့စကားများကြတယ်လို့ သတင်းကြားတယ်။ မင်းသားလိုင်ချယ်နဲ့ယူအမ်ဆိုတာ သူတို့အချင်းချင်း ရိုသေလေးစားကြတာ လူတိုင်းသိတယ်။ ဒီကောင် ဂြိုလ်ဆိုးကြောင့် မင်းသားတို့ညီအကို တကွဲတပြားဖြစ်သွားပြီ။ သွား... ဟိုနားက ခရမ်းချဉ်သီးတောင်းယူလာပြီး ဒီအသုံးမကျတဲ့ကောင်ကို ပေါက်ကြစမ်း"

ခရမ်းချဉ်သီးတွေနဲ့ အိုင်နဲကို အားပြင်းပြင်းနဲ့ ပေါက်ကြတယ်။ အိုင်နဲမှောက်ထိုင်ကျသွားပြီး အရည်နီနီရဲတွေ ကိုယ်ပေါ်မှာပေကုန်တယ်။

"မင်းသားလေးအိုင်နဲ!"

အစောင့်တွေက အဆင့်နိမ့်တော့ ဝင်မတားနိုင်။ အိုင်နဲကိုသာ ဝင်ထူပေးကြတယ်။

"ဟား...ဟား...ဟား မင်းကဒါနဲ့ပဲတန်တယ်"

"....!!!"

အစောင့်တွေမျက်လုံးပြူးပြီးလန့်သွားတယ်။ သူတို့မြင်လိုက်တဲ့သူ အရမ်းဒေါသထွက်ပြီး လူသတ်တော့မယ့်ရုပ်နဲ့...နောက်ကနေစူးပြီးကြည့်နေတာ။

"နောက်....မှာ...."

"ဘာလဲ...မင်းကိုဘယ်သူကလာကယ်မှာမို့လို့လဲ ဟား ဟား"

တော်ဝင်အမျိုးတယောက် ခရမ်းချဉ်သီးဖြင့်ပေါက်ရန်ကြံစဉ် သူ့လက်တင်းတင်းကြပ် ချုပ်ကိုင်ခံလိုက်တယ်။

"အားးးး နာတယ်? ဟန်!!! မင်း...မင်းသားလေး လိုင်ချယ်!!"

အိုင်နဲမော့ကြည့်လိုက်တော့ သူ့အကိုလိုင်ချယ် သူကိုလာကာကွယ်ပေးတာကိုတွေ့လိုက်တယ်။

"မင်း..မင်းသားလိုင်ချယ်...မင်းသားအိုင်နဲက ဆိုးတဲ့လူမို့လို့ မင်းသားတို့အစားဆုံးမပေးတာပါ။ ဒီလိုလူမျိုး တော်ဝင်မျိုးထဲမှာရှိနေတာ သိက္ခာကျပါတယ်။ ဆုံးမခွင့်ပေးပါ"

လိုင်ချယ် ဘာမှမပြန်ပြော။ လက်ပြန်လွှတ်လိုက်ပြီး အိုင်နဲတွဲထူရင်း အကျီ ၤခါခပ်ပေးလိုက်တယ်။ မျက်နှာမှာပေကျံနေတာကို လက်ကိုင်ပုဝါနဲ့ သူသုတ်ပေးလိုက်တယ်။ အဲမြင်ကွင်းကိုကြည့်နေတဲ့ တော်ဝင်မျိုးတွေအကုန် မျက်လုံးပြူးကုန်ကြတယ်။ လိုင်ချယ် သူတို့ကိုစူးစိုက်ပြန်ကြည့်လိုက်တော့ အကုန်လန့်ပြီး ခေါင်းငုံအရိုအသေပေးပြီး ထွက်သွားတယ်။

"အကိုလိုင်ချယ်.."

"ခုနကောင်တွေပြောတာ ခေါင်းထဲမထည့်နဲ့။ မင်းကြောင့်ဖြစ်တာမဟုတ်ပါဘူး"

"ဟုတ်...ရပါတယ်...အကိုလိုင်ချယ် "

အိုင်နဲ သူ့ဥယျာဉ်ခြံကိုပဲ ပြန်လိုက်တော့တယ်။ အကိုလိုင်ချယ်တီးတိုးပြောသံ သူမကြားတော့ပါ။

>>>>>>

(ယူအမ် အမြင်)

ကျွန်တော်ချက်ခ်ကျောင်းထဲဝင်လာလိုက်တယ်။

"ဖာသာ! ဘာဖြစ်တာလဲမျက်နှာမကောင်းဘူး"

"ခုနက ပြသာနာလေးတခုဖြစ်ခဲ့လို့"

"ဘာများလဲ"

ဖာသာ သူပြန်ကြားခဲ့တဲ့ ပြသာနာနဲ့အိုင်နဲအကြောင်းကိုပြောပြလိုက်တယ်။


>>>>>>

(လိုင်ချယ် အမြင်)

ယူအမ် သတင်းကြားကြားချင်း ကျွန်တော်ဆီ ဒေါတကြီးလာရောက်လာတယ်။ သူဘာကိုဒေါသထွက်နေလဲနားလည်တယ်။ ကျွန်တော်တို့ ဘာလုပ်မလဲတိုင်ပင်ပြီး ခုနကဖြစ်တဲ့ကိစ္စမှာပါတဲ့လူ အကုန်အခန်းထဲခေါ်လိုက်တယ်။

အမတ်ချုပ်ကားခ်ရဲ့သားနဲ့တော်ဝင်မျိုးတွေဝင်လာကြတယ်။

"မင်းသားလိုင်ချယ်....ကျွန်တော်တို့ မင်းသားအတွက်၊ ဒီလိုကောင်မျိုးကြောင့် မင်းသားတို့စကားများထားတယ်ကြားလို့လို့ မင်းသားအစားဆုံးမလိုက်ပါတယ်"

လိုင်ချယ် မျက်မှောင်ကျုံ့ပြီးကြည့်လိုက်တယ်။

"ဘာကိုများထားတာလဲ"

"ကျွန်တော်တို့ အမတ်ချုပ်ကားခ်ဆီက ကြားခဲ့တာပါ။ မင်းသားလိုင်ချယ်နဲ့ ယူအမ်တို့ စကားများပြီး အချေအတင်ဖြစ်နေကြတယ်တဲ့"

ကျွန်တော် အမတ်ချုပ်ကားခ်ကိုခေါ်ပြီးမေးလိုက်တယ်။

"ကားခ် မင်းဒီကောင်တွေကိုအဲလိုပြောလိုက်တာလား"

ကားခ်ပြုံးပြုံးကြီးနဲ့ဖြေလိုက်တယ်။

"ဟုတ်ပါတယ်၊ မင်းသားလိုနောင်တစ်ချိန်မှာ ဘုရင်ဖြစ်မယ့်လူက ကိုယ့်လမ်းမှာရူပ်နေတဲ့ ဒီလိုအသုံးမကျတဲ့လူကို ရှင်းထုတ်တာအကောင်းဆုံးပါ။ ဖြစ်နိုင်ရင် မင်းသားအိုင်နဲကို နယ်နှင်ဒဏ်ပေးသင့်ပါတယ်။ မင်းသားအစားဆုံးမပေးတဲ့ ကျွန်တော်မျိုးရဲ့သားနဲ့ ဟော်ဒီတော်ဝင်အမျိုးတွေကိုလဲ ဆုချသင့်ပါတယ်"

ယူအမ်ကျွန်တော်ကိုကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။

"ပေးရမယ် ဆုပေးကိုပေးရမယ်။ ကားခ် မင်းလဲကြံရာပါဆိုတော့ မင်းကိုလဲပေးမယ်။ ငါလိုဘုရင်လောင်းအတွက် မင်းကစဉ်းစားပြီး လုပ်ပေးခဲ့တာဆိုတော့"

"အကိုလိုင်ချယ်...ဒီကိစ္စကိုအကိုအိုင်နဲကိုမပြောနဲ့နော်။ သူသိရင်တားမှာ"

"မာရီရက်စ်"

ကျွန်တော်ခေါ်လိုက်တာနဲ့ ချက်ချင်း မာရီရက်စ်နဲ့စစ်သည်တွေဝင်လာပြီး ကားခ်နဲ့သူ့သား တော်ဝင်အမျိုးတွေအကုန်ဖမ်းချုပ်လိုက်တယ်။

"မင်းသား ဒါဘာလုပ်တာလဲ ကျွန်တော်မျိုးက မင်းသားနဲ့တိုင်းပြည်အတွက်-.."

"တိုင်းပြည်အတွက်?"

"ဟုတ်တယ်၊ မင်းသားလိုင်ချယ်နဲ့ မင်းသားယူအမ်၊ အိုင်နဲပန်ရောက်ပြီးကတည်းက အရင်လိုမဟုတ်တော့ဘူး။ သူကြောင့်နဲ့ မင်းသားတို့ရန်ဖြစ်တာ မတန်ဘူး။ သူ့လိုတုံးအပြီး သာမန်လယ်သမားပုံစံနဲ့ တိုင်းပြည်အတွက်သုံးစားမရတဲ့ မင်းသားကို-..."

"ငါမင်းကိုခိုင်းလား"

"ဟန်?"

"ငါ မင်းကို အိုင်နဲမကောင်းကြောင်းဖွပြီး ငါ့အစားစော်ကားခိုင်းလား"

".....!"

"ကားခ်၊ မင်းမမေ့ပါနဲ့။ အိုင်နဲက ငါ့ရဲ့တော်ဝင်ညီရင်း၊ ဒီနိုင်ငံဘုရင်ရဲ့ ဒုတိယမင်းသားလေးဆိုတာမမေ့နဲ့။ တော်ဝင်မင်းသားကိုစော်ကားရင် ဘာဖြစ်မလဲ မင်းမတွေးမိဘူးလား"

ကားခ်ဆက်မပြောနိုင်တော့ပါ။ မာရီရက်စ်ကို ကျွန်တော် လက်ပြလိုက်တော့ သူ အကုန်လုံးကို အချုပ်ခန်းထဲဆွဲခေါ်သွားတော့တယ်။

"ကျွန်တော် ဖာသာဆီကကြားတာ၊ အကိုအိုင်နဲနန်းတော်ကိုလာရတဲ့အကြောင်းရင်းက ကျွန်တော်တို့နှစ်ယောက်လုံးကို ပြောစရာစကားရှိလို့တဲ့"

ယူအမ်စကားကြောင့် ကျွန်တော်သူကိုကြည့်လိုက်တယ်။

"သူ အကိုအတွက် မနက်တိုင်းကော်ဖီနဲ့မုန့်အမြဲအဆင့်ပြင်ပြီး စောင့်နေတယ်တဲ့။ အကိုစိတ်ဆိုးပြီး သူဆီမလာတော့လို့ သူစိတ်မကောင်းဘူးဖြစ်နေတယ်တဲ့"

အော် အိုင်နဲ....။ သူ ကျွန်တော်ကို မျှော်နေတာ ကျွန်တော်သိရက်နဲ့မသွားနိုင်ဘူး။ စိတ်ဆိုးပြီးသူဆီမသွားနိုင်ပေမယ့် သူကိုအရမ်းသတိရပါတယ်။ သူအပေါ်ကျွန်တော့စိတ်က မရိုးသားဘူး။ ညီအကိုလိုအချစ်မျိုးမဟုတ်ဘူး။ အိုင်နဲကကော ကျွန်တော်တို့အပေါ်မှာ ဘယ်လိုမြင်လဲသိချင်တယ်။

"ယူအမ် လာ ငါတို့သွားမယ်။ ငါတို့သုံးယောက် မျက်နှာချင်းဆိုင်ပြီးဖြေရှင်းသင့်နေပြီ"

သူ ဝမ်းနည်းပြီးမငိုပါစေနဲ့ ဆုတောင်းရင်း ကျွန်တော်ခြေလှမ်းကို အမြန်ဆုံးနဲ့ သူရှိရာသို့ လှမ်းလိုက်ပါတော့တယ်။


######

New chapter (>w<)

Continue Reading

You'll Also Like

259K 24.8K 74
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
622K 69.9K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
439K 53.6K 143
He's Super Sticky Chapter 223 "မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖြည့်ဆည်း​ပေးမယ် ဆိုရင် မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်!" ဝိညာဉ်ရဲ့ မတည်မငြိမ် ဖြစ်မ...
20.9K 1.3K 42
လီချန်အိုက်ရဲ့ဒုတိယ Arc