သာမန္ဘဝမွာေပ်ာ္ေမြ႔ခ်င္ပါတယ္...

By kathykuro24

331K 28K 233

အိုင္စင္ဘဲလ္ႏိုင္ငံရဲ႕ ဒုတိယမင္းသား အိုင္နဲဟာ တေန့မွာသူ႔အရင္အတိတ္ဘဝကိုမွတ္မိလာတဲ့အတြက္ ညီအကိုေတြျကားထီးနန္းလု... More

အခန္း(၁) အတိတ္ကိုမွတ္မိလာျခင္း
အခန္း(၂)အပယ္ခံမင္းသားေလး
အခန္း(၃)ႏႈတ္ဆက္ခဲ့ပါတယ္
အခန္း(၄)သာမန္ဘဝနဲ႔ေပ်ာ္ေမြ႔ေနပါၿပီ
အခန္း(၅)ဟဲ့လူဟလူ...ဒိုင္ကို႐ုရဲ႕
အခန္း(၆)ငာကေလးမဟုတ္ေတာ့ဘူး
အခန္း(၇)ညီေတာ္...ဘာျဖစ္တာလဲ
အခန္း(၈)ေစာေစာစီးစီးဒါမလုပ္သင့္ပါ
အခန္း(၉)႐ူးသြပ္ျခင္း
အခန္း(၁၀)တရားမွ်တမႈ
အခန္း(၁၁)လီလီအာနာႏွင့္ကြၽန္ေတာ္
အခန္း(၁၂)အိမ္သို႔တစ္ေခါက္
အခန္း(၁၃)အကိုလိုင္ခ်ယ္နဲ႔ေကာ္ဖီ
အခန္း(၁၅)ကြၽန္ေတာ္ေယာက်ာ္းပါ
အခန္း(၁၆)သၾကားလံုး
အခန္း(၁၇)ခ်စ္ျခင္းအစ
အခန္း(၁၈.၁)ေၾကာင္သူေတာ္
အခန္း(၁၈.၂)
အခန္း(၁၉.၁)မင္းေပ်ာ္ေစရမယ္
အခန္း(၁၉.၂)
အခန္း(၂၀)အိုင္နဲအတြက္
အခန္း(၂၁ ဇတ္သိမ္းပိုင္း)မင္းကိုခ်စ္တယ္

အခန္း(၁၄)ေတာ္ဝင္ပါတီ

11.1K 1.1K 18
By kathykuro24

Zawgyi

(လိုင္ခ်ယ္ အျမင္)

ကြၽန္ေတာ္ မ်က္စိဖြင့္သတိျပန္ရလာတဲ့အခါ မေန႔ကမူးလဲက်ရတဲ့ေၾကာင္း ေခါင္းထဲျပန္ဝင္လာတယ္။ ကြၽန္ေတာ္ အိပ္ရာကေနထထိုင္ၿပီး ေခါင္းကိုႏိုပ္ေနလိုက္တယ္။

"မာရီရက္စ္၊ ငါအိပ္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ"

"ေန႔တစ္ပိုင္းေလာက္႐ွိပါၿပီ မင္းသား"

"ယူအမ္နဲ႔ အိုင္နဲေကာ? ေတြ႔ျဖစ္ၾကေသးလား"

"သူတို႔မေတြ႔ျဖစ္ပါ။ မေန့က မင္းသားမူးလဲေတာ့ ယူအမ္က အိပ္ရာထဲသယ္လာၿပီး သမားေတာ္ပင့္ေပးခဲ့ပါတယ္၊ သူ မင္းသားနားမွာ ႐ွိေနခဲ့တာပါ"

"ေအာ္ေအးေအး...မာရီရက္စ္ ငါခိုင္းထားတဲ့အတိုင္း သြားလုပ္ေတာ့"

"အမိ္န္႔အတိုင္းပါ မင္းသား"

မာရီရက္စ္ အခန္းထဲကထြက္သြားၿပီး မၾကာမီ ကြၽန္ေတာ္လဲထြက္ဖို႔ ျပင္ဆင္လိုက္တယ္။

မေန႔ကကိစၥက ေတာ္ေတာ္ဆိုးလာၿပီ။ အိုင္နဲ အၾကံကေတာ္ေတာ္ပက္စက္တယ္၊ ဘာတဲ့...ယူအမ္ကိုသူကသိမ္းသြင္းၿပီး ေယာက်ာ္းယူေအာင္လုပ္၊ ၿပီးရင္စစ္တပ္ကိုခ်ဳပ္ကိုင္မယ္ေပါ့။ ဒီအ႐ူး ဘာပရိယာယ္ေတြ၊ ေအာက္လမ္းေတြသံုးၿပီး ယူအမ္ကိုအပိုင္ခ်ဳပ္လိုက္တာလဲမသိ။မျဖစ္ဘူး၊ ဒီတိုင္းလက္ပိုက္ဆက္ၾကည့္ရင္ပိုဆိုးလာမယ္။

ကြၽန္ေတာ္ ႐ွည္႐ွည္ေဝေဝေတြးမေနေတာ့ပါ။ ခပ္သြက္သြက္ ခမည္းေတာ္႐ွိရာအခန္းကို ေျပးသြားလိုက္တယ္။

"ခမည္းေတာ္....ကြၽန္ေတာ္ေတာင္းဆိုစရာ႐ွိပါတယ္"

>>>>>>

အိုင္နဲ သူရဲ႔စေတာ္ပဲရီစိုက္ခင္းမွာ ေရေလာင္းေနတယ္။ စေတာ္ပဲရီအပင္ေပါက္ေတြၾကည့္ရင္း 'စေတာ္ပဲရီသီး မစားရတာၾကာၿပီ၊ သီးလို႔ကေတာ့....ကိတ္လုပ္စားမယ္၊ ေဖ်ာ္ရည္ေသာက္မယ္၊ အေဖကိုလဲတိုက္မယ္'

ေရေလာင္းၿပီးေတာ့ လိပ္ကန္နားသြားၿပီး အစားေကြၽးလိုက္တယ္။ လိပ္ကိုသူ ဥယ်ာဥ္ထဲက ေရကန္ထဲထည့္ထားေတာ့ လိပ္အတြက္ေနရာေကာင္းေကာင္းနဲ႔က်ယ္က်ယ္ရေတာ့ ေရေပၚေတာင္တက္မလာဘူး။

"ဘယ္ေရာက္ေနတာလဲ လာ ဒီမွာလာစားဦး"

ခဏၾကာတက္လာၿပီးလာစားေတာ့ အိုင္နဲလဲျပံဳးရင္း သူရဲ့ယာစိုက္ခင္းဖက္လွည့္ထြက္သြားလိုက္တယ္။ အရင္အိမ္ကစိုက္ခင္းကို သူဒီထိသယ္လာေတာ့ ေျမအေျပာင္းအလဲေျကာင့္ အပင္ေသမွာ စိုးရိမ္ေနတယ္။ ဒါေပမယ့္ ဒီဥယ်ာဥ္ကေျမေကာင္းတယ္ထင္တယ္၊ အပင္ပိုၿပီးသန္လာတယ္။ စိုက္ခင္းထဲေရာက္ေတာ့ အသီးေတြ ႁပြတ္ေနေအာင္သီးေတာ့ သူအရမ္းဝမ္းသာသြားတယ္။ အသီးခူးဖို႔လုပ္တုန္း.....ျမင္းသံၾကားလို႔ၾကည့္လိုက္ေတာ့

"ဟာ? အကိုလိုင္ခ်ယ္"

"မင္းကိုေျပာစရာ႐ွိတယ္၊ သြား ေကာ္ဖီနဲ႔မုန္႔သယ္လာခဲ့"

ေျပာရင္းဆိုရင္း အိမ္အျပင္မွာရွိတဲ့ စားပြဲနဲ႔ထိုင္ခံုေပၚထိုင္ခ်လိုက္တယ္။

"ဟုတ္...ကဲ့...၊ ခဏေလးေနာ္"

အိုင္လဲ အသီးျမန္ျမန္ခူး၊ ျခင္းေတာင္းသယ္ၿပီး မီးဖိုခန္းထဲဝင္လိုက္တယ္။ လိုင္ခ်ယ္ ေရကန္ထဲကလိပ္ ပလက္ပလက္ကူးေနတာၾကည့္ၿပီး ရယ္ေနတယ္။

"မင္းလဲ မင္းပိုင္႐ွင္အတိုင္းပဲ"

'ဘာေျပာတယ္?' အိုင္နဲမ်က္ေမွာင္က်ံဳ႕ၿပီးၾကည့္လိုက္တယ္။ ေကာ္ဖီနဲ႔မုန္႔ ခ်ေပးလိုက္တယ္။ 'ငါ့အိမ္လဲလာေသး ငါ့မေကာင္းေၾကာင္းကလဲေျပာေသး၊ ေကာ္ဖီလာလာေသာက္ေနတာ ဒီအိမ္ကို ေကာ္ဖီဆိုင္မ်ားမွတ္ေနလားမသိ'။ အရင္အတိုင္းပဲေကာ္ဖီေဖ်ာ္ေပးၿပီး ကမ္းေပးလိုက္တယ္။

"အင္း...မဆိုးဘူး ေကာင္းတယ္"

"လာရင္းကိစၥက ဘာလဲ? ေကာ္ဖီေသာက္ဖို႔လား"

"ငါရယ္ ယူအမ္ရယ္ အိမ္ေထာင္ျပဳေတာ့မယ္"

"အိမ္ေထာင္?"

ေအာ္..အဲေၾကာင့္ ဒီေန႔လူေတြအလုပ္႐ူပ္ေနတာကိုး။ ညပါတီ႐ွိေတာ့၊ မင္းသမီးေတြ၊ အမတ္သမီးေတြ၊ အထက္တန္းအမ်ိဳးသမီးေတြလာၾကမွာကိုး။

"မင္းအၾကံပ်က္လို႔ စိတ္ညစ္ေနၿပီလား"

"ဘာအၾကံလဲ?"

"ခုမွမသိခ်င္ေယာင္ေဆာင္ေနတယ္၊ မင္း ယူအမ္ကို လက္ထက္ၿပီး စစ္တပ္ကိုအပိုင္သိမ္းမလို႔မလား"

"ဟာ!?"

အကိုလိုင္ခ်ယ္စကားေၾကာင့္ အိုင္နဲမ်က္လံုးျပဴးသြားတယ္။

"အကို! ဘာေျပာလိုက္တယ္....ကြၽန္ေတာ္က? ဟာ.....အကိုကလဲ ကြၽန္ေတာ္ကေယာက်ာ္းခ်င္းခ်င္း ႀကိဳက္တဲ့ေကာင္မဟုတ္ဘူး၊ မိန္းမပဲစိတ္ဝင္စားတာပါ"

"ဟား..ဟ၊ ဟာသပဲ။ ယူအမ္ကိုသိမ္းသြင္းထားလို႔ ယူအမ္မင္းကိုလက္ထက္မယ္ဆိုတဲ့စကား သူေျပာထြက္တာေပါ့။ မင္းသာမျပဳစားထားရင္ သူဒီလိုျဖစ္မွာ မဟုတ္ဘူး"

'ဒီေကာင္ယူအမ္ ဘာေတြေလွ်ာက္ေျပာေနတာလဲ' အိုင္နဲေၾကာင္အန္အန္ျဖစ္ေနတယ္။ သူဘာေျပာလို႔ေျပာရမလဲမသိ၊ ခက္ေနတယ္။

"အကို....ဒါဆို..ကြၽန္ေတာ္လဲမိန္းမလိုခ်င္တယ္"

'ဟုတ္ၿပီ၊ ငါမန္းမယူမွ အကိုလိုင္ခ်ယ္လဲ အထင္လြဲတာေပ်ာက္မွာ' အိုင္နဲေတြးလိုက္တယ္။

"ဟာ?....မင္းလိုေကာင္ကို ယူမယ့္မိန္းမ ဒီကမၻာမွာ႐ွိပမလား၊ ဟား..ဟား..ဟား အသံုးမက်တဲ့အေကာင္ကို ဘယ္သူကယူမွာလဲ"

အကိုလိုင္ခ်ယ္ရယ္ရင္း ေကာ္ဖီကိုဇိမ္ခံေသာက္ေနလိုက္တယ္။

အိုင္နဲဝမ္းနည္းသြားတယ္။ 'ငါအရင္ဘဝကလဲ လူပ်ိဳႀကီးဘဝနဲ႔ဆံုးခဲ့တာ၊ ခုဒီဘဝလဲ လူပ်ိဳႀကီးအျဖစ္နဲ႔ တသက္လံုးေနရေတာ့မယ္၊ ဒီလိုမွန္းသိရင္ အရင္ျခံမွာကတည္းက ရည္းစားထားခဲ့ရမွာ...ခုေတာ့....' အိုင္နဲစိတ္ပ်က္ပ်က္နဲမီးဖိုခန္းထဲဝင္ၿပီး ဟင္းခ်က္ရန္ျပင္ဆင္ေနလိုက္ေတာ့တယ္။

"အ႐ူး ထြက္ခဲ့ဦး၊ ေျပာလို႔မၿပီးေသးဘူး"

"ဟုတ္...ဟုတ္"

အိုင္နဲ သုတ္သုတ္နဲ႔ျပန္ေျပးလာလိုက္တယ္။

"ပါတီပြဲကို တစ္ပတ္ေလာက္က်င္းပမွာ၊ ဒီတစ္ပတ္အတြင္း မင္းနန္းေတာ္ကိုမလာနဲ႔။ အရိပ္ေတာင္မနင္းနဲ႔။ ေအး...လာခဲ့ရင္ မင္းေျခေထာက္ေတြ႐ိုက္ခ်ိဳးၿပီး အခ်ဳပ္ခန္းထဲထည့္လိုက္မယ္"

"ဟုတ္...သေဘာေပါက္ပါၿပီ အကို"

"ေအးၿပီးေရာ၊ ဒါပဲ ငာသြားၿပီ"

ေကာ္ဖီအကုန္ေမာ့ခ်လိုက္ၿပီး ျမင္းေပၚတက္ တဟုန္ထိုးေမာင္းႏွင္သြားေတာ့တယ္။ အိုင္နဲေၾကကြဲစြာက်န္ခဲ့ရင္း 'တာတာ မိန္းမေခ်ာေလးေတြ၊ ဒီဘဝေတာ့မေတြ႔ရေတာ့ပါလား'

>>>>>>

(ယူအမ္ အျမင္)

"အကို ဒါဘာသေဘာလဲ? ကြၽန္ေတာ့ဆႏၵမပါပဲ အကိုဘာလို႔လုပ္တာလဲ"

ကြၽန္ေတာ္သတင္းၾကားၾကားခ်င္း အကိုလိုင္ခ်ယ္ဆီသြားၿပီးေသာင္းက်န္လိုက္တယ္။

"မင္းေကာင္းဖို႔ ငါစီစဥ္တာ၊ မင္းက ဟိုအ႐ူးဖက္စိတ္ေရာက္ေနတာေလ။ မင္းအတြက္ မင္းသမီးေခ်ာေခ်ာေလးေတြစီစဥ္ေပးထားတယ္။ ႀကိဳက္တဲ့လူကိုယူ"

"မယူဘူး"

"ျမန္လိုက္တာ၊ ျမင္ေတာင္မျမင္ရေသးဘဲနဲ႔"

"ကြၽန္ေတာ့ဘဝမွာ အကိုအိုင္နဲကအလွဆံုးပဲ။ သူသာ ကြၽန္ေတာ့အတြက္ နတ္သမီးေလးပဲ။ သူနဲ႔ယွဥ္ရင္ ဘယ္မိန္းခေလးမွ မ်က္လံုးထဲၾကည့္မရဘူး"

နတ္သမီးနဲ႔သာမန္လူ ယွဥ္ကိုမယွဥ္ႏိုင္တာ။

အကိုလိုင္ခ်ယ္သက္ျပင္းတစ္ခ်က္ခ်လိုက္တယ္။

"ဒီပါတီပြဲကအေရးႀကီးတယ္။ မဟာမိတ္ႏိုင္ငံက မင္းသမီးေတြ၊ သံတမန္အမတ္ေတြ အမ်ားႀကီးလာမွာ၊ မင္းသေဘာေပါက္ပါ ပ်က္လို႔မရဘူးဆိုတာ။ မင္းကိုအခ်ိန္နဲနဲပဲေပးႏိုင္မယ္။ ကိုယ့္ကိုကိုယ္ျပန္သံုးသပ္..ဒါ ငါ၊ အိမ္ေ႐ွ႕စံမင္းသားရဲ႕အမိန္႔ပဲ"

ကြၽန္ေတာ္ အကို႔အခန္းထဲကထြက္လာၿပီး အကိုအိုင္နဲ ႐ွိတဲ့ ဥယ်ာဥ္ဖက္ကို နန္းေတာ္ျပတင္းေပါက္ကေန လွမ္းၾကည့္လိုက္တယ္။

အကိုလိုင္ခ်ယ္...အကိုအိုင္နဲကိုဘာလို႔ အရမ္းမုန္းတာလဲနားမလည္ဘူး။

ဒီကမၻာမွာကြၽန္ေတာ္ အကိုအိုင္နဲကိုအခ်စ္ဆံုး။ ဘယ္အရာကဘယ္လိုပဲတားဆီးတားဆီး ကြၽန္ေတာ္ သူ႔အေပၚအျမဲခ်စ္ေနမွာ။ အလုပ္ေတြ႐ူပ္လို႔ အကိုအိုင္နဲနဲ႔မေတြ႔ျဖစ္ဘူး။ တနန္းေတာ္ထဲေနရတာေတာင္ မေတြ႔ျဖစ္ဘူး...အကိုအိုင္နဲ....

ကြၽန္ေတာ္အကိုအိုင္နဲကိုခ်စ္လြန္းလို႔ အ႐ူးတစ္ေယာက္လိုျဖစ္ေနၿပီ။ ေနာက္ဆံုး အကိုအိုင္နဲကိုမရရင္ ကြၽန္ေတာ္...ကြၽန္ေတာ္ ဘုရင္ျဖစ္ေအာင္ႀကိဳးစားၿပီး အကိုအိုင္နဲကို မိဖုရားေျမာက္မယ္။

"အကိုအိုင္နဲ"

ဘာလို႔ကြၽန္ေတာ့အခ်စ္က ခက္ခဲေနရတာလဲ...ကြၽန္ေတာ္ေကာင္းကင္ကိုေမာ့ၾကည့္ရင္း အကိုအိုင္နဲမ်က္ႏွာကိုျမင္ေယာင္ေနလိုက္ေတာ့တယ္။

Unicode

အခန်း(၁၄)တော်ဝင်ပါတီ

(လိုင်ချယ် အမြင်)

ကျွန်တော် မျက်စိဖွင့်သတိပြန်ရလာတဲ့အခါ မနေ့ကမူးလဲကျရတဲ့ကြောင်း ခေါင်းထဲပြန်ဝင်လာတယ်။ ကျွန်တော် အိပ်ရာကနေထထိုင်ပြီး ခေါင်းကိုနိုပ်နေလိုက်တယ်။

"မာရီရက်စ်၊ ငါအိပ်နေတာ ဘယ်လောက်ကြာပြီလဲ"

"နေ့တစ်ပိုင်းလောက်ရှိပါပြီ မင်းသား"

"ယူအမ်နဲ့ အိုင်နဲကော? တွေ့ဖြစ်ကြသေးလား"

"သူတို့မတွေ့ဖြစ်ပါ။ မနေ့က မင်းသားမူးလဲတော့ ယူအမ်က အိပ်ရာထဲသယ်လာပြီး သမားတော်ပင့်ပေးခဲ့ပါတယ်၊ သူ မင်းသားနားမှာ ရှိနေခဲ့တာပါ"

"အော်အေးအေး...မာရီရက်စ် ငါခိုင်းထားတဲ့အတိုင်း သွားလုပ်တော့"

"အမိန့်အတိုင်းပါ မင်းသား"

မာရီရက်စ် အခန်းထဲကထွက်သွားပြီး မကြာမီ ကျွန်တော်လဲထွက်ဖို့ ပြင်ဆင်လိုက်တယ်။

မနေ့ကကိစ္စက တော်တော်ဆိုးလာပြီ။ အိုင်နဲ အကြံကတော်တော်ပက်စက်တယ်၊ ဘာတဲ့...ယူအမ်ကိုသူကသိမ်းသွင်းပြီး ယောကျာ်းယူအောင်လုပ်၊ ပြီးရင်စစ်တပ်ကိုချုပ်ကိုင်မယ်ပေါ့။ ဒီအရူး ဘာပရိယာယ်တွေ၊ အောက်လမ်းတွေသုံးပြီး ယူအမ်ကိုအပိုင်ချုပ်လိုက်တာလဲမသိ။မဖြစ်ဘူး၊ ဒီတိုင်းလက်ပိုက်ဆက်ကြည့်ရင်ပိုဆိုးလာမယ်။

ကျွန်တော် ရှည်ရှည်ဝေဝေတွေးမနေတော့ပါ။ ခပ်သွက်သွက် ခမည်းတော်ရှိရာအခန်းကို ပြေးသွားလိုက်တယ်။

"ခမည်းတော်....ကျွန်တော်တောင်းဆိုစရာရှိပါတယ်"

>>>>>>

အိုင်နဲ သူရဲ့စတော်ပဲရီစိုက်ခင်းမှာ ရေလောင်းနေတယ်။ စတော်ပဲရီအပင်ပေါက်တွေကြည့်ရင်း 'စတော်ပဲရီသီး မစားရတာကြာပြီ၊ သီးလို့ကတော့....ကိတ်လုပ်စားမယ်၊ ဖျော်ရည်သောက်မယ်၊ အဖေကိုလဲတိုက်မယ်'

ရေလောင်းပြီးတော့ လိပ်ကန်နားသွားပြီး အစားကျွေးလိုက်တယ်။ လိပ်ကိုသူ ဥယျာဉ်ထဲက ရေကန်ထဲထည့်ထားတော့ လိပ်အတွက်နေရာကောင်းကောင်းနဲ့ကျယ်ကျယ်ရတော့ ရေပေါ်တောင်တက်မလာဘူး။

"ဘယ်ရောက်နေတာလဲ လာ ဒီမှာလာစားဦး"

ခဏကြာတက်လာပြီးလာစားတော့ အိုင်နဲလဲပြုံးရင်း သူရဲ့ယာစိုက်ခင်းဖက်လှည့်ထွက်သွားလိုက်တယ်။ အရင်အိမ်ကစိုက်ခင်းကို သူဒီထိသယ်လာတော့ မြေအပြောင်းအလဲကြောင့် အပင်သေမှာ စိုးရိမ်နေတယ်။ ဒါပေမယ့် ဒီဥယျာဉ်ကမြေကောင်းတယ်ထင်တယ်၊ အပင်ပိုပြီးသန်လာတယ်။ စိုက်ခင်းထဲရောက်တော့ အသီးတွေ ပြွတ်နေအောင်သီးတော့ သူအရမ်းဝမ်းသာသွားတယ်။ အသီးခူးဖို့လုပ်တုန်း.....မြင်းသံကြားလို့ကြည့်လိုက်တော့

"ဟာ? အကိုလိုင်ချယ်"

"မင်းကိုပြောစရာရှိတယ်၊ သွား ကော်ဖီနဲ့မုန့်သယ်လာခဲ့"

ပြောရင်းဆိုရင်း အိမ်အပြင်မှာရှိတဲ့ စားပွဲနဲ့ထိုင်ခုံပေါ်ထိုင်ချလိုက်တယ်။

"ဟုတ်...ကဲ့...၊ ခဏလေးနော်"

အိုင်လဲ အသီးမြန်မြန်ခူး၊ ခြင်းတောင်းသယ်ပြီး မီးဖိုခန်းထဲဝင်လိုက်တယ်။ လိုင်ချယ် ရေကန်ထဲကလိပ် ပလက်ပလက်ကူးနေတာကြည့်ပြီး ရယ်နေတယ်။

"မင်းလဲ မင်းပိုင်ရှင်အတိုင်းပဲ"

'ဘာပြောတယ်?' အိုင်နဲမျက်မှောင်ကျုံ့ပြီးကြည့်လိုက်တယ်။ ကော်ဖီနဲ့မုန့် ချပေးလိုက်တယ်။ 'ငါ့အိမ်လဲလာသေး ငါ့မကောင်းကြောင်းကလဲပြောသေး၊ ကော်ဖီလာလာသောက်နေတာ ဒီအိမ်ကို ကော်ဖီဆိုင်များမှတ်နေလားမသိ'။ အရင်အတိုင်းပဲကော်ဖီဖျော်ပေးပြီး ကမ်းပေးလိုက်တယ်။

"အင်း...မဆိုးဘူး ကောင်းတယ်"

"လာရင်းကိစ္စက ဘာလဲ? ကော်ဖီသောက်ဖို့လား"

"ငါရယ် ယူအမ်ရယ် အိမ်ထောင်ပြုတော့မယ်"

"အိမ်ထောင်?"

အော်..အဲကြောင့် ဒီနေ့လူတွေအလုပ်ရူပ်နေတာကိုး။ ညပါတီရှိတော့၊ မင်းသမီးတွေ၊ အမတ်သမီးတွေ၊ အထက်တန်းအမျိုးသမီးတွေလာကြမှာကိုး။

"မင်းအကြံပျက်လို့ စိတ်ညစ်နေပြီလား"

"ဘာအကြံလဲ?"

"ခုမှမသိချင်ယောင်ဆောင်နေတယ်၊ မင်း ယူအမ်ကို လက်ထက်ပြီး စစ်တပ်ကိုအပိုင်သိမ်းမလို့မလား"

"ဟာ!?"

အကိုလိုင်ချယ်စကားကြောင့် အိုင်နဲမျက်လုံးပြူးသွားတယ်။

"အကို! ဘာပြောလိုက်တယ်....ကျွန်တော်က? ဟာ.....အကိုကလဲ ကျွန်တော်ကယောကျာ်းချင်းချင်း ကြိုက်တဲ့ကောင်မဟုတ်ဘူး၊ မိန်းမပဲစိတ်ဝင်စားတာပါ"

"ဟား..ဟ၊ ဟာသပဲ။ ယူအမ်ကိုသိမ်းသွင်းထားလို့ ယူအမ်မင်းကိုလက်ထက်မယ်ဆိုတဲ့စကား သူပြောထွက်တာပေါ့။ မင်းသာမပြုစားထားရင် သူဒီလိုဖြစ်မှာ မဟုတ်ဘူး"

'ဒီကောင်ယူအမ် ဘာတွေလျှောက်ပြောနေတာလဲ' အိုင်နဲကြောင်အန်အန်ဖြစ်နေတယ်။ သူဘာပြောလို့ပြောရမလဲမသိ၊ ခက်နေတယ်။

"အကို....ဒါဆို..ကျွန်တော်လဲမိန်းမလိုချင်တယ်"

'ဟုတ်ပြီ၊ ငါမန်းမယူမှ အကိုလိုင်ချယ်လဲ အထင်လွဲတာပျောက်မှာ' အိုင်နဲတွေးလိုက်တယ်။

"ဟာ?....မင်းလိုကောင်ကို ယူမယ့်မိန်းမ ဒီကမ္ဘာမှာရှိပမလား၊ ဟား..ဟား..ဟား အသုံးမကျတဲ့အကောင်ကို ဘယ်သူကယူမှာလဲ"

အကိုလိုင်ချယ်ရယ်ရင်း ကော်ဖီကိုဇိမ်ခံသောက်နေလိုက်တယ်။

အိုင်နဲဝမ်းနည်းသွားတယ်။ 'ငါအရင်ဘဝကလဲ လူပျိုကြီးဘဝနဲ့ဆုံးခဲ့တာ၊ ခုဒီဘဝလဲ လူပျိုကြီးအဖြစ်နဲ့ တသက်လုံးနေရတော့မယ်၊ ဒီလိုမှန်းသိရင် အရင်ခြံမှာကတည်းက ရည်းစားထားခဲ့ရမှာ...ခုတော့....' အိုင်နဲစိတ်ပျက်ပျက်နဲမီးဖိုခန်းထဲဝင်ပြီး ဟင်းချက်ရန်ပြင်ဆင်နေလိုက်တော့တယ်။

"အရူး ထွက်ခဲ့ဦး၊ ပြောလို့မပြီးသေးဘူး"

"ဟုတ်...ဟုတ်"

အိုင်နဲ သုတ်သုတ်နဲ့ပြန်ပြေးလာလိုက်တယ်။

"ပါတီပွဲကို တစ်ပတ်လောက်ကျင်းပမှာ၊ ဒီတစ်ပတ်အတွင်း မင်းနန်းတော်ကိုမလာနဲ့။ အရိပ်တောင်မနင်းနဲ့။ အေး...လာခဲ့ရင် မင်းခြေထောက်တွေရိုက်ချိုးပြီး အချုပ်ခန်းထဲထည့်လိုက်မယ်"

"ဟုတ်...သဘောပေါက်ပါပြီ အကို"

"အေးပြီးရော၊ ဒါပဲ ငါသွားပြီ"

ကော်ဖီအကုန်မော့ချလိုက်ပြီး မြင်းပေါ်တက် တဟုန်ထိုးမောင်းနှင်သွားတော့တယ်။ အိုင်နဲကြေကွဲစွာကျန်ခဲ့ရင်း 'တာတာ မိန်းမချောလေးတွေ၊ ဒီဘဝတော့မတွေ့ရတော့ပါလား'

>>>>>>

(ယူအမ် အမြင်)

"အကို ဒါဘာသဘောလဲ? ကျွန်တော့ဆန္ဒမပါပဲ အကိုဘာလို့လုပ်တာလဲ"

ကျွန်တော်သတင်းကြားကြားချင်း အကိုလိုင်ချယ်ဆီသွားပြီးသောင်းကျန်လိုက်တယ်။

"မင်းကောင်းဖို့ ငါစီစဉ်တာ၊ မင်းက ဟိုအရူးဖက်စိတ်ရောက်နေတာလေ။ မင်းအတွက် မင်းသမီးချောချောလေးတွေစီစဉ်ပေးထားတယ်။ ကြိုက်တဲ့လူကိုယူ"

"မယူဘူး"

"မြန်လိုက်တာ၊ မြင်တောင်မမြင်ရသေးဘဲနဲ့"

"ကျွန်တော့ဘဝမှာ အကိုအိုင်နဲကအလှဆုံးပဲ။ သူသာ ကျွန်တော့အတွက် နတ်သမီးလေးပဲ။ သူနဲ့ယှဉ်ရင် ဘယ်မိန်းခလေးမှ မျက်လုံးထဲကြည့်မရဘူး"

နတ်သမီးနဲ့သာမန်လူ ယှဉ်ကိုမယှဉ်နိုင်တာ။

အကိုလိုင်ချယ်သက်ပြင်းတစ်ချက်ချလိုက်တယ်။

"ဒီပါတီပွဲကအရေးကြီးတယ်။ မဟာမိတ်နိုင်ငံက မင်းသမီးတွေ၊ သံတမန်အမတ်တွေ အများကြီးလာမှာ၊ မင်းသဘောပေါက်ပါ ပျက်လို့မရဘူးဆိုတာ။ မင်းကိုအချိန်နဲနဲပဲပေးနိုင်မယ်။ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်..ဒါ ငါ၊ အိမ်ရှေ့စံမင်းသားရဲ့အမိန့်ပဲ"

ကျွန်တော် အကို့အခန်းထဲကထွက်လာပြီး အကိုအိုင်နဲ ရှိတဲ့ ဥယျာဉ်ဖက်ကို နန်းတော်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တယ်။

အကိုလိုင်ချယ်...အကိုအိုင်နဲကိုဘာလို့ အရမ်းမုန်းတာလဲနားမလည်ဘူး။

ဒီကမ္ဘာမှာကျွန်တော် အကိုအိုင်နဲကိုအချစ်ဆုံး။ ဘယ်အရာကဘယ်လိုပဲတားဆီးတားဆီး ကျွန်တော် သူ့အပေါ်အမြဲချစ်နေမှာ။ အလုပ်တွေရူပ်လို့ အကိုအိုင်နဲနဲ့မတွေ့ဖြစ်ဘူး။ တနန်းတော်ထဲနေရတာတောင် မတွေ့ဖြစ်ဘူး...အကိုအိုင်နဲ....

ကျွန်တော်အကိုအိုင်နဲကိုချစ်လွန်းလို့ အရူးတစ်ယောက်လိုဖြစ်နေပြီ။ နောက်ဆုံး အကိုအိုင်နဲကိုမရရင် ကျွန်တော်...ကျွန်တော် ဘုရင်ဖြစ်အောင်ကြိုးစားပြီး အကိုအိုင်နဲကို မိဖုရားမြောက်မယ်။

"အကိုအိုင်နဲ"

ဘာလို့ကျွန်တော့အချစ်က ခက်ခဲနေရတာလဲ...ကျွန်တော်ကောင်းကင်ကိုမော့ကြည့်ရင်း အကိုအိုင်နဲမျက်နှာကိုမြင်ယောင်နေလိုက်တော့တယ်။

###########

အမွားပါရင္ ခြင့္လႊတ္ေနာ္ 🙏







Continue Reading

You'll Also Like

459K 81.1K 73
Interstellar's Unmarried First Pregnancy Credit to Original Author - Daily Floating Clouds English Translation - exiledrebelsscanlations.com N...
17.3K 1.8K 53
ငါျပန္လည္မေမြးဖြာလာခင္တုန္းက ငါအခ်စ္ကိုေတာင္းတဖူးတယ္။ငါလိုခ်င္တဲ့အခ်စ္ဆိုတဲ့အရာရဖို့ မ်ိဳးစံုျကိဳးစားခဲ့ဖူးတယ္။ ဒါေပမယ့္ ငါရခဲ့တာေတြကပိုက္ဆံ၊ တန္းဖို...
132K 16.7K 127
အ႐ွိန္ညီးညီးေလာင္ၿမိဳက္ေနတဲ့ စစ္ပြဲမီးလ်ံအတြင္းမွာ ႏူးညံ့စြာျဖစ္ေပၚလာတဲ့ ႀကီးျမတ္တဲ့ နတ္မင္းတစ္ပါးနဲ႔ သာမညနတ္ဘုရားေလး တစ္ပါးတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးတ...
1.6M 197K 160
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။