Zawgyi
အိုင္နဲ...စစ္သည္ေတြေခၚရာေနာက္ တစ္ေကာက္ေကာက္လိုက္ပါသြားတယ္။ 'အကိုလိုင္ခ်ယ္...ခုနကေတာ္ေတာ္ေဒါသထြက္ပံုရတယ္၊ ငါျမင္းခိုးတဲ့အမႈက အဲေလာက္ေတာင္ႀကီးလို႔လား...အကိုလိုင္ခ်ယ္ကိုေတာင္မခိုင္းဘဲ ဘုရင္ကိုယ္တိုင္ ငါ့ကိုသတ္မလို႔လားမသိ'
အိုင္နဲ အသက္ပင္ေျဖာင့္ေျဖာင့္မ႐ူရဲ။ စစ္သည္ေတြကလဲ ဘာမွမေျပာဘူး။နန္းေတာ္ထဲက စၾကၤန္လမ္းေပၚတေလွ်ာက္ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ မသိရင္ သရဲကားထဲကလိုလို...။
ဘုရင္အခန္းေ႐ွ႕လဲေရာက္ေရာ အိုင္နဲကိုတစ္ေယာက္ထဲထားခဲ့ၾကတယ္။ သူတခါမွ ဘုရင္ခန္းထဲမဝင္ဖူးဘူး။ အရမ္းေၾကာက္ေနတယ္။ ဒါေပမယ့္လဲ မတတ္ႏိုင္ဘူးေလ...အားျပဳၿပီးတံခါးေခါက္လိုက္တယ္။
"ဝင္လာခဲ့"
ဘုရင္အသံဟာဘုန္းကံပါေတာ့ အသံနဲ႔တင္လူကတုန္လႈပ္ေနၿပီ။ ေၾကာက္ေၾကာက္နဲ႔ သူအခန္းထဲဝင္လိုက္တယ္။
ဘုရင္ကိုျမင္ျမင္ခ်င္း အိုင္နဲဒူးေထာက္ၿပီး အ႐ိုအေသေပးလိုက္တယ္။
"ခမည္းေတာ္...မေတြ႔ရတဲ့အေတာ္အတြင္း က်န္းမာပာရဲ႕လား? သားေတာ္ေလ...."
"သား အိုင္နဲ...ထ..မင္းမ်က္ႏွာတခ်က္ေလာက္ၾကည့္ပရေစ"
အိုင္နဲလဲ ဘုရင္ေျပာတဲ့အတိုင္းေခါင္းေမာ့ၾကည့္လိုက္တယ္။ 'နွစ္ကာလအၾကာႀကီးမေတြ႔ရတဲ့အေဖရဲ႕ပံုရိပ္....မ်က္ႏွာကပိုညိဳးလာသလိုပဲ... ငာ့ကိုလ်စ္လ်ုရူခဲ့တဲ့အေဖ....အေဖ့ကမခ်စ္ေပ့မယ့္..ကြၽန္ေတာ္.....အေဖကိုဘယ္ေတာ့မွမမုန္းဘူး' အိုင္နဲေတြးရင္း မ်က္ရည္မထိန္းႏိုင္...ကေလးတစ္ေယာက္ငိုသလိုငိုခ်လိုက္တယ္။
ဘုရင္ထလာၿပီး အိုင္နဲပါးကမ်က္ရည္ကိုသုတ္ေပးၿပီး ပခံုးေလးကိုအသာေလးပုတ္ေပးလိုက္တယ္။
"လီလီအာနာ"
"လီလီအာနာ!?"
"ေအာ္ေအး....မင္းမသိေသးဘူးပဲ၊ ဒီပန္းခ်ီကားကိုၾကည့္ၾကည့္"
ဘုရင္လက္ညိဳးၫႊန္ရာကို ၾကည့္လိုက္ေတာ့ ေယာက်ာ္းတစ္ေယာက္ရပ္ေနၿပီး မိန္းခေလးတစ္ေယာက္ထိုင္ေနတဲ့ပန္းခ်ီကား။ အနီးကပ္သြားၾကည့္လိုက္တယ္ေတာ့.....
"!!"
"ဟုတ္တယ္...ဒါ မင္းသမီး လီလီအာနာပဲ၊ မင္းနဲ႔တစ္ပံုစံတည္းတူတာ"
အိုင္နဲ အံျသသြားတယ္၊ သူ႔ပံုကို ဆံပင္႐ွည္ေကာက္စြပ္ထားသလို တစ္ပံုစံတည္းပဲ။
"မင္းသမီး လီလီအာနာ!"
အိုင္နဲေၾကာင္ကန္းကန္းေလးျဖစ္ေနတာကို ၾကည့္ၿပီး ဘုရင္ႀကီး ရယ္လိုက္မိတယ္။ ဘုရင့္ရယ္သံကို သူ ဒါပထမဆံုးအႀကိမ္ၾကားဖူးတာပဲ။
"သူက ငါ့အကိုရဲ႕မိဖုရားပဲ"
"အရင္ဘုရင္လား?"
ဘုရင္ ေခါင္းၿငိမ့္ျပလိုက္တယ္။
"မင္း နန္းေတာ္ကထြက္သြားရတာ ငါေျပာတဲ့ဘုရင္အေၾကာင္းေၾကာင့္မလား၊ အရင္ဘုရင္က ငါ့အကိုအရင္းပဲ။ သူဘာလို႔ လယ္ယာလုပ္ရတာႀကိဳက္သြားရသလဲဆိုတာ မင္းသမီး လီလီအာနာေၾကာင့္ပဲ။ လီလီအာနာက သာမန္မိန္းခေလး၊ တစ္ေန႔သူ နန္းေတာ္ကိုပန္းလာပို႔ရင္း ငါ့အကိုက ျမင္ျမင္ခ်င္းခ်စ္မိသြားျပီး ခ်စ္ခြင့္ပန္လိုက္တယ္။
အကိုကနဂိုကတည္းက အပင္စိုက္တာဝါသနာပါတယ္။ လီလီအာနာက ႐ိုးသားတယ္၊ သာမန္ဘဝကိုပဲခံုမင္တယ္၊ သဘာဝကိုလဲခ်စ္ျမတ္ႏိုးတယ္။ အကိုေတာ္နဲ႔လက္ဆက္ျပီးေတာ့ လီလီအာနာက နန္းေတာ္ထဲမွာမေနခ်င္ေတာ့ အျပင္မွာပဲေနတယ္... အကိုေတာ္ သူ႔ဘုရင္တာဝန္ပစ္ၿပီး သူ႔ဆီကိုလဲခဏခဏမလာေစခ်င္ဘူး။ ေနာက္ဆံုး အကိုေတာ္က သူ႔အတြက္ နန္းေတာ္ထဲမွာ သာမန္ဥယ်ာဥ္ေလးနဲ႔အိမ္ေလးကို သူကိုယ္တိုင္ေဆာက္ေပးလိုက္တယ္။ သူတို႔ႏွစ္ဦး အဲဥယ်ာဥ္လးထဲမွာ သာမန္လင္မယားလိုပဲ ယာလုပ္လိုက္၊ တိရိစၧာန္ေတြအစာေကြၽးလိုက္နဲ႔...ေပ်ာ္ရႊင္ေနၾကတယ္...
အစကေတာ့ ငါ အကိုိေတာ္ကိုေျပာင္းလဲေစတဲ့ လီလီအာနာကိုမႀကိဳက္ဘူး။ ဒါေပမယ့္ သူဟာ႐ိုးသားျဖဴစင္ၿပီး ငါ့အေပၚမွာလဲ ေမာင္တစ္ေယာက္လို သာမန္လူလိုပဲဆက္ဆံတယ္။ ေနာက္ဆံုး ငါ...ငါ့အကိုရဲ႕မိဖုရားကိုမွခ်စ္မိသြားတယ္။ သူတို႔ႏွစ္ဦးကသစၥာ႐ွိၾကတယ္။ တစ္ေယာက္ေသရင္၊ ေနာက္တစ္ေယာက္လဲသစၥာမပ်က္ဘူး။ လီလီအာနာဆံုးေတာ့ ငါ....မခံစားႏိုင္ဘူး"
ပန္းခ်ီကားကိုုျကည္႔ရင္း...ဘုရင္မ်က္ႏွာပိုပိုညိဳးလာတယ္။ ဝမ္းနည္းမႈေတြ သူ႔မ်က္လံုးမွာေပၚေနတယ္။
"မင္းေမြးေတာ့ ငါအရမ္းအံျသသြားတယ္၊ လီလီအာနာ ဝင္စားတယ္လို့ ထင္ခဲ့တယ္။ ငါသူ႔ကို ဆံုးရံူးလိုက္ရေပမယ့္ မင္းကိုအစားျပန္သလိုခံစားရၿပီး အရမ္းေပ်ာ္ခဲ့တယ္။ မင္း...ႀကီးလာေလေလ...သူနဲ႔ပိုတူလာေလေလပဲ။ ငါ့စိတ္ထဲမွာ...ငါ... ငါ့အကိုေတာ္ကို သစၥာေဖာက္သလိုခံစားရလို႔ မင္းကိုငါ...ေ႐ွာင္ေနမိတယ္၊ ေတာင္းပန္ပါတယ္ ငါ့သား.....အေဖေတာင္းပန္ပါတယ္....မင္းကိုပစ္ထားမိလို႔"
ဘုရင္ အိုင္နဲကိုဖက္ၿပီး မ်က္ရည္ဝဲလာတယ္။ 'ေအာ္ အေဖကငါ့ကိုမခ်စ္လို႔ေ႐ွာင္ေနတာမဟုတ္ဘူးပဲ' အိုင္နဲျပန္ဖက္ျပီး ႏွစ္ေသာက္သားတူတူဖက္ငိုေနၾကတယ္။
>>>>>>
"မင္းထြက္သြားတုန္းက ငါေတာ္ေတာ္လန္႔သြားတယ္။ မင္း လယ္ယာလုပ္စားၿပီး သာမန္ဘဝနဲ႔ေနမယ္ဆိုလို႔... ေအာ္...လီလီအာနာလိုပဲ မင္းလဲ သဘာဝခ်စ္ျမတ္ႏိုးတယ္ဆိုၿပီး ငါမတားေတာ့တာ။ ဒါေပမယ့္ မင္းငယ္ေသးတယ္ေလ၊ ဘာမွမလုပ္တတ္ပဲ ဒုကၡေရာက္မွာအရမ္းစိုးရိမ္မိတယ္။ အဲဒါနဲ႔ ငါရဲ႕သက္ေတာ္ေစာင့္ ခရမ္ခ္ကိုလႊတ္ၿပီး တိတ္တဆိတ္ မင္းကိုေစာင့္ေ႐ွာက္ခိုင္းထားတာ"
"ဦးေလး ခရမ္ခ္လား!"
"ဟုတ္တယ္ သူပဲ"
'အေဖက ငါ့အတြက္ သူ႔ရဲ႕သက္ေတာ္ေစာင့္ကိုေတာင္လႊတ္ၿပီး ငါ့ကိုေစာင့္ေ႐ွာက္ေပးခဲ့တာပဲ' အိုင္နဲရင္ထဲေတြးရင္းေတြးရင္း ပိုပိုစို႔တက္လာတယ္။ သူ ဘုရင္ကိုၾကည့္ၿပီး မ်က္ရည္ျပန္ဝဲလာတယ္။
"ဘာျဖစ္တာလဲ သား၊ ဘာအလိုမက်လို႔လဲ"
"ဘာမွမျဖစ္ပါဘူး"
သက္ေတာ္ေစာင့္ဆိုတာ ဘုရင္အပါးနားကခြာလို႔မရဘူး။ သက္ေတာ္ေစာင့္မ႐ွိရင္ ဘုရင္အတြက္ အႏာၱရာယ္မ်ားတယ္။ 'ဦးေလးခရမ္ခ္က ငါ့နားမွာ႐ွိေနတာဆိုေတာ့...အရင္ၾကားထဲ အေဖသာတခုခုျဖစ္ခဲ့ရင္.....' အိုင္နဲဆက္မေတြးရဲ။
"သား အိုင္နဲ....အေဖလဲေနရဖို႔အခ်ိန္ သိပ္မက်န္ေတာ့ဘူး။ သားနန္းေတာ္ကေနမသြားပါနဲ႔ေတာ့။ အေဖမင္းကို လီလီအာနာရဲ႕ဥယ်ာဥ္ေလးေပးမယ္၊ အဲမွာပဲေနပါ။ ငါ့သားေတြ တစုတစည္းထဲျဖစ္ေနတာမ်ိဳး မေသခင္ျမင္ခ်င္တယ္"
ဘုရင္ အိုင္နဲလက္ကိုကိုင္ၿပီးေျပာလိုက္တယ္။ အိုင္နဲလဲ သူဘာဆက္လုပ္ရမလဲမသိ။
"သား....သားက အသံုးမက်တဲ့လူပာ၊ နန္းေတာ္မွာေနဖို႔အဆင္ေျပပါ့မလား"
"ဘာအသံုးမက်တာလဲ! မင္းဟင္းခ်က္တာအရမ္းေတာ္တယ္၊ အပင္လဲစိုက္တာကြၽမ္းတယ္၊ အိမ္လဲေဆာက္တတ္တယ္၊ အိမ္မူ႔ကိစၥအကုန္ကြၽမ္းတယ္ဆို ငါ့ကို ခရမ္ခ္အကုန္ေျပာျပတယ္၊ မင္းလက္ရာေကာင္းတယ္တဲ့...အေဖကိုလဲခ်က္ေကြၽးပါဦး"
"အေဖ~"
"ကဲ..အဲဥယ်ာဥ္မွာေနမယ္မလား"
ေနာက္ဆံုးအိုင္နဲလဲေခါင္းၿငိမ့္လိုက္ေတာ့တယ္။
ဘုရင္ႀကီးျပံဳးလိုက္ၿပီး အိုင္နဲလက္ကေလးကိုပုတ္လိုက္တယ္။ ၿပီးေတာ့ အိုင္နဲလိုအပ္တာမွန္သမွ် ေပါက္တူး၊ ပုဆိန္..စတာေတြေပးလိုက္တယ္။ အိုင္နဲတစ္ေယာက္ ေပါက္တူးေလးကိုင္ၿပီး ငိုင္ငိုင္ေလးရပ္ေနတယ္။
"က်န္တဲ့ မင္းသားႏွစ္ေယာက္ကိုေခၚလိုက္"
ခဏၾကာမင္းသားႏွစ္ပါးေရာက္လာၿပီး အိုင္နဲကိုေတြ့ေတာ့ အံျသသြားၾကတယ္။
"အကို~ အဆင္ေျပလား၊ ဘယ္နားနာလဲ...အကိုကိုထိခိုက္ေအာင္လုပ္တဲ့သူ အ႐ွင္မထားဘူး"
"အိုင္နဲ မင္းေၾကာင့္ ယူအမ္အခ်ိဳးေျပာင္းသြားတာ။ မင္းကိုဒီတိုင္းမထားဘူး"
"အကို လိုင္ခ်ယ္! အကိုအိုင္နဲကို မေကာင္းမေျပာနဲ႔"
"မင္း ႐ူးသြားၿပီ ယူအမ္"
"ဘာ!"
"တိတ္စမ္း"
ဘုရင္အသံေၾကာင့္ အကုန္ၿငိမ္သြားတယ္။
"အိုင္နဲအမႈကိစၥ မ႐ွိခဲ့ဘူးလို႔သတ္မွတ္တယ္။ သူ႔ကိုမင္းသားရာထူးျပန္အပ္တယ္။ ဒီေန႔ကစၿပီး နန္းေတာ္ထဲျပန္ဝင္ေစ။ ဒါပဲ"
ဘုရင္သည္သာ နတ္ဘုရား၊ ဘုရင္အမိန္႔ ဘယ္သူမွမဖီဆန္ရဲ။ ဒာ..ဒီႏိုင္ငံရဲ႕ ဓေလ့။ လိုင္ခ်ယ္တစ္ေယာက္အံႀကိတ္ေနၿပီး ယူအမ္ကေတာ့ ျပံုးျပံဳးႀကီးေပ်ာ္လို႔။
"ခမည္းေတာ္!?.. ဒါဘာသေဘာလဲ"
"ဝိုး...တကယ္လား ခမည္းေတာ္ ေပ်ာ္လိုက္တာ။ အကိုအိုင္နဲနဲ႔ တူတူေနရၿပီ"
ယူအမ္ မေနႏိုင္အဆံုး အိုင္နဲကိုေျပးဖက္လိုက္တယ္။ 'ငါ ဖက္လံုးမဟုတ္ဘူးဟ' အိုင္လဲစိတ္ပ်က္လက္ပ်က္နဲ႔(poker face)ဘာမွျပန္မေျပာေတာ့ပါ။
Unicode
အခန်း(၁၁)လီလီအာနာနှင့်ကျွန်တော်
အိုင်နဲ...စစ်သည်တွေခေါ်ရာနောက် တစ်ကောက်ကောက်လိုက်ပါသွားတယ်။ 'အကိုလိုင်ချယ်...ခုနကတော်တော်ဒေါသထွက်ပုံရတယ်၊ ငါမြင်းခိုးတဲ့အမှုက အဲလောက်တောင်ကြီးလို့လား...အကိုလိုင်ချယ်ကိုတောင်မခိုင်းဘဲ ဘုရင်ကိုယ်တိုင် ငါ့ကိုသတ်မလို့လားမသိ'
အိုင်နဲ အသက်ပင်ဖြောင့်ဖြောင့်မရူရဲ။ စစ်သည်တွေကလဲ ဘာမှမပြောဘူး။နန်းတော်ထဲက စင်္ကြန်လမ်းပေါ်တလျှောက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ မသိရင် သရဲကားထဲကလိုလို...။
ဘုရင်အခန်းရှေ့လဲရောက်ရော အိုင်နဲကိုတစ်ယောက်ထဲထားခဲ့ကြတယ်။ သူတခါမှ ဘုရင်ခန်းထဲမဝင်ဖူးဘူး။ အရမ်းကြောက်နေတယ်။ ဒါပေမယ့်လဲ မတတ်နိုင်ဘူးလေ...အားပြုပြီးတံခါးခေါက်လိုက်တယ်။
"ဝင်လာခဲ့"
ဘုရင်အသံဟာဘုန်းကံပါတော့ အသံနဲ့တင်လူကတုန်လှုပ်နေပြီ။ ကြောက်ကြောက်နဲ့ သူအခန်းထဲဝင်လိုက်တယ်။
ဘုရင်ကိုမြင်မြင်ချင်း အိုင်နဲဒူးထောက်ပြီး အရိုအသေပေးလိုက်တယ်။
"ခမည်းတော်...မတွေ့ရတဲ့အတော်အတွင်း ကျန်းမာပာရဲ့လား? သားတော်လေ...."
"သား အိုင်နဲ...ထ..မင်းမျက်နှာတချက်လောက်ကြည့်ပရစေ"
အိုင်နဲလဲ ဘုရင်ပြောတဲ့အတိုင်းခေါင်းမော့ကြည့်လိုက်တယ်။ 'နှစ်ကာလအကြာကြီးမတွေ့ရတဲ့အဖေရဲ့ပုံရိပ်....မျက်နှာကပိုညိုးလာသလိုပဲ... ငာ့ကိုလျစ်လျုရူခဲ့တဲ့အဖေ....အဖေ့ကမချစ်ပေမယ့်..ကျွန်တော်.....အဖေကိုဘယ်တော့မှမမုန်းဘူး' အိုင်နဲတွေးရင်း မျက်ရည်မထိန်းနိုင်...ကလေးတစ်ယောက်ငိုသလိုငိုချလိုက်တယ်။
ဘုရင်ထလာပြီး အိုင်နဲပါးကမျက်ရည်ကိုသုတ်ပေးပြီး ပခုံးလေးကိုအသာလေးပုတ်ပေးလိုက်တယ်။
"လီလီအာနာ"
"လီလီအာနာ!?"
"အော်အေး....မင်းမသိသေးဘူးပဲ၊ ဒီပန်းချီကားကိုကြည့်ကြည့်"
ဘုရင်လက်ညိုးညွှန်ရာကို ကြည့်လိုက်တော့ ယောကျာ်းတစ်ယောက်ရပ်နေပြီး မိန်းခလေးတစ်ယောက်ထိုင်နေတဲ့ပန်းချီကား။ အနီးကပ်သွားကြည့်လိုက်တယ်တော့.....
"!!"
"ဟုတ်တယ်...ဒါ မင်းသမီး လီလီအာနာပဲ၊ မင်းနဲ့တစ်ပုံစံတည်းတူတာ"
အိုင်နဲ အံသြသွားတယ်၊ သူ့ပုံကို ဆံပင်ရှည်ကောက်စွပ်ထားသလို တစ်ပုံစံတည်းပဲ။
"မင်းသမီး လီလီအာနာ!"
အိုင်နဲကြောင်ကန်းကန်းလေးဖြစ်နေတာကို ကြည့်ပြီး ဘုရင်ကြီး ရယ်လိုက်မိတယ်။ ဘုရင့်ရယ်သံကို သူ ဒါပထမဆုံးအကြိမ်ကြားဖူးတာပဲ။
"သူက ငါ့အကိုရဲ့မိဖုရားပဲ"
"အရင်ဘုရင်လား?"
ဘုရင် ခေါင်းငြိမ့်ပြလိုက်တယ်။
"မင်း နန်းတော်ကထွက်သွားရတာ ငါပြောတဲ့ဘုရင်အကြောင်းကြောင့်မလား၊ အရင်ဘုရင်က ငါ့အကိုအရင်းပဲ။ သူဘာလို့ လယ်ယာလုပ်ရတာကြိုက်သွားရသလဲဆိုတာ မင်းသမီး လီလီအာနာကြောင့်ပဲ။ လီလီအာနာက သာမန်မိန်းခလေး၊ တစ်နေ့သူ နန်းတော်ကိုပန်းလာပို့ရင်း ငါ့အကိုက မြင်မြင်ချင်းချစ်မိသွားပြီး ချစ်ခွင့်ပန်လိုက်တယ်။
အကိုကနဂိုကတည်းက အပင်စိုက်တာဝါသနာပါတယ်။ လီလီအာနာက ရိုးသားတယ်၊ သာမန်ဘဝကိုပဲခုံမင်တယ်၊ သဘာဝကိုလဲချစ်မြတ်နိုးတယ်။ အကိုတော်နဲ့လက်ဆက်ပြီးတော့ လီလီအာနာက နန်းတော်ထဲမှာမနေချင်တော့ အပြင်မှာပဲနေတယ်... အကိုတော် သူ့ဘုရင်တာဝန်ပစ်ပြီး သူ့ဆီကိုလဲခဏခဏမလာစေချင်ဘူး။ နောက်ဆုံး အကိုတော်က သူ့အတွက် နန်းတော်ထဲမှာ သာမန်ဥယျာဉ်လေးနဲ့အိမ်လေးကို သူကိုယ်တိုင်ဆောက်ပေးလိုက်တယ်။ သူတို့နှစ်ဦး အဲဥယျာဉ်လးထဲမှာ သာမန်လင်မယားလိုပဲ ယာလုပ်လိုက်၊ တိရိစ္ဆာန်တွေအစာကျွေးလိုက်နဲ့...ပျော်ရွှင်နေကြတယ်...
အစကတော့ ငါ အကိုတော်ကိုပြောင်းလဲစေတဲ့ လီလီအာနာကိုမကြိုက်ဘူး။ ဒါပေမယ့် သူဟာရိုးသားဖြူစင်ပြီး ငါ့အပေါ်မှာလဲ မောင်တစ်ယောက်လို သာမန်လူလိုပဲဆက်ဆံတယ်။ နောက်ဆုံး ငါ...ငါ့အကိုရဲ့မိဖုရားကိုမှချစ်မိသွားတယ်။ သူတို့နှစ်ဦးကသစ္စာရှိကြတယ်။ တစ်ယောက်သေရင်၊ နောက်တစ်ယောက်လဲသစ္စာမပျက်ဘူး။ လီလီအာနာဆုံးတော့ ငါ....မခံစားနိုင်ဘူး"
ပန်းချီကားကိုကြည့်ရင်း...ဘုရင်မျက်နှာပိုပိုညိုးလာတယ်။ ဝမ်းနည်းမှုတွေ သူ့မျက်လုံးမှာပေါ်နေတယ်။
"မင်းမွေးတော့ ငါအရမ်းအံသြသွားတယ်၊ လီလီအာနာ ဝင်စားတယ်လို့ ထင်ခဲ့တယ်။ ငါသူ့ကို ဆုံးရူံးလိုက်ရပေမယ့် မင်းကိုအစားပြန်သလိုခံစားရပြီး အရမ်းပျော်ခဲ့တယ်။ မင်း...ကြီးလာလေလေ...သူနဲ့ပိုတူလာလေလေပဲ။ ငါ့စိတ်ထဲမှာ...ငါ... ငါ့အကိုတော်ကို သစ္စာဖောက်သလိုခံစားရလို့ မင်းကိုငါ...ရှောင်နေမိတယ်၊ တောင်းပန်ပါတယ် ငါ့သား.....အဖေတောင်းပန်ပါတယ်....မင်းကိုပစ်ထားမိလို့"
ဘုရင် အိုင်နဲကိုဖက်ပြီး မျက်ရည်ဝဲလာတယ်။ 'အော် အဖေကငါ့ကိုမချစ်လို့ရှောင်နေတာမဟုတ်ဘူးပဲ' အိုင်နဲပြန်ဖက်ပြီး နှစ်သောက်သားတူတူဖက်ငိုနေကြတယ်။
>>>>>>
"မင်းထွက်သွားတုန်းက ငါတော်တော်လန့်သွားတယ်။ မင်း လယ်ယာလုပ်စားပြီး သာမန်ဘဝနဲ့နေမယ်ဆိုလို့... အော်...လီလီအာနာလိုပဲ မင်းလဲ သဘာဝချစ်မြတ်နိုးတယ်ဆိုပြီး ငါမတားတော့တာ။ ဒါပေမယ့် မင်းငယ်သေးတယ်လေ၊ ဘာမှမလုပ်တတ်ပဲ ဒုက္ခရောက်မှာအရမ်းစိုးရိမ်မိတယ်။ အဲဒါနဲ့ ငါရဲ့သက်တော်စောင့် ခရမ်ခ်ကိုလွှတ်ပြီး တိတ်တဆိတ် မင်းကိုစောင့်ရှောက်ခိုင်းထားတာ"
"ဦးလေး ခရမ်ခ်လား!"
"ဟုတ်တယ် သူပဲ"
'အဖေက ငါ့အတွက် သူ့ရဲ့သက်တော်စောင့်ကိုတောင်လွှတ်ပြီး ငါ့ကိုစောင့်ရှောက်ပေးခဲ့တာပဲ' အိုင်နဲရင်ထဲတွေးရင်းတွေးရင်း ပိုပိုစို့တက်လာတယ်။ သူ ဘုရင်ကိုကြည့်ပြီး မျက်ရည်ပြန်ဝဲလာတယ်။
"ဘာဖြစ်တာလဲ သား၊ ဘာအလိုမကျလို့လဲ"
"ဘာမှမဖြစ်ပါဘူး"
သက်တော်စောင့်ဆိုတာ ဘုရင်အပါးနားကခွာလို့မရဘူး။ သက်တော်စောင့်မရှိရင် ဘုရင်အတွက် အန္တာရာယ်များတယ်။ 'ဦးလေးခရမ်ခ်က ငါ့နားမှာရှိနေတာဆိုတော့...အရင်ကြားထဲ အဖေသာတခုခုဖြစ်ခဲ့ရင်.....' အိုင်နဲဆက်မတွေးရဲ။
"သား အိုင်နဲ....အဖေလဲနေရဖို့အချိန် သိပ်မကျန်တော့ဘူး။ သားနန်းတော်ကနေမသွားပါနဲ့တော့။ အဖေမင်းကို လီလီအာနာရဲ့ဥယျာဉ်လေးပေးမယ်၊ အဲမှာပဲနေပါ။ ငါ့သားတွေ တစုတစည်းထဲဖြစ်နေတာမျိုး မသေခင်မြင်ချင်တယ်"
ဘုရင် အိုင်နဲလက်ကိုကိုင်ပြီးပြောလိုက်တယ်။ အိုင်နဲလဲ သူဘာဆက်လုပ်ရမလဲမသိ။
"သား....သားက အသုံးမကျတဲ့လူပာ၊ နန်းတော်မှာနေဖို့အဆင်ပြေပါ့မလား"
"ဘာအသုံးမကျတာလဲ! မင်းဟင်းချက်တာအရမ်းတော်တယ်၊ အပင်လဲစိုက်တာကျွမ်းတယ်၊ အိမ်လဲဆောက်တတ်တယ်၊ အိမ်မူ့ကိစ္စအကုန်ကျွမ်းတယ်ဆို ငါ့ကို ခရမ်ခ်အကုန်ပြောပြတယ်၊ မင်းလက်ရာကောင်းတယ်တဲ့...အဖေကိုလဲချက်ကျွေးပါဦး"
"အဖေ~"
"ကဲ..အဲဥယျာဉ်မှာနေမယ်မလား"
နောက်ဆုံးအိုင်နဲလဲခေါင်းငြိမ့်လိုက်တော့တယ်။
ဘုရင်ကြီးပြုံးလိုက်ပြီး အိုင်နဲလက်ကလေးကိုပုတ်လိုက်တယ်။ ပြီးတော့ အိုင်နဲလိုအပ်တာမှန်သမျှ ပေါက်တူး၊ ပုဆိန်..စတာတွေပေးလိုက်တယ်။ အိုင်နဲတစ်ယောက် ပေါက်တူးလေးကိုင်ပြီး ငိုင်ငိုင်လေးရပ်နေတယ်။
"ကျန်တဲ့ မင်းသားနှစ်ယောက်ကိုခေါ်လိုက်"
ခဏကြာမင်းသားနှစ်ပါးရောက်လာပြီး အိုင်နဲကိုတွေ့တော့ အံသြသွားကြတယ်။
"အကို~ အဆင်ပြေလား၊ ဘယ်နားနာလဲ...အကိုကိုထိခိုက်အောင်လုပ်တဲ့သူ အရှင်မထားဘူး"
"အိုင်နဲ မင်းကြောင့် ယူအမ်အချိုးပြောင်းသွားတာ။ မင်းကိုဒီတိုင်းမထားဘူး"
"အကို လိုင်ချယ်! အကိုအိုင်နဲကို မကောင်းမပြောနဲ့"
"မင်း ရူးသွားပြီ ယူအမ်"
"ဘာ!"
"တိတ်စမ်း"
ဘုရင်အသံကြောင့် အကုန်ငြိမ်သွားတယ်။
"အိုင်နဲအမှုကိစ္စ မရှိခဲ့ဘူးလို့သတ်မှတ်တယ်။ သူ့ကိုမင်းသားရာထူးပြန်အပ်တယ်။ ဒီနေ့ကစပြီး နန်းတော်ထဲပြန်ဝင်စေ။ ဒါပဲ"
ဘုရင်သည်သာ နတ်ဘုရား၊ ဘုရင်အမိန့် ဘယ်သူမှမဖီဆန်ရဲ။ ဒာ..ဒီနိုင်ငံရဲ့ ဓလေ့။ လိုင်ချယ်တစ်ယောက်အံကြိတ်နေပြီး ယူအမ်ကတော့ ပြုံးပြုံးကြီးပျော်လို့။
"ခမည်းတော်!?.. ဒါဘာသဘောလဲ"
"ဝိုး...တကယ်လား ခမည်းတော် ပျော်လိုက်တာ။ အကိုအိုင်နဲနဲ့ တူတူနေရပြီ"
ယူအမ် မနေနိုင်အဆုံး အိုင်နဲကိုပြေးဖက်လိုက်တယ်။ 'ငါ ဖက်လုံးမဟုတ်ဘူးဟ' အိုင်လဲစိတ်ပျက်လက်ပျက်နဲ့(poker face)ဘာမှပြန်မပြောတော့ပါ။
#########
အေဖနဲ႔သား ျပန္ေပါင္းစည္း 😿
အမွား႐ွိရင္ ခြင့္လႊတ္ေနာ္ 🙏