ချစ်တက်လွန်သူ၏ နှလုံးသားမှသည်
အပိုင်း ၈
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
မြတ်သိင်္ခ စံအိမ်တော်တွင်းရှိ သိင်္ခ၏ အခန်းထဲ၌ဖြစ်သည်။
ဘုန်း.....ခနဲအသံအဆုံး အတွင်းရှိလူများအားလူံး ကြမ်းပြင်ပေါ်ဒူးထောက်ချကာ
"ခွင့်လွှတ်ပေးပါBoss" ဟုပြောလေသည်။
"ဟား ဟား ဟား ဟား ဟား ဟား ဟား.....မင်းတို့ကိုပြောရင်ခွင့်လွှတ်ပေးပါ....နောက်တစ်ကြိမ်အခွင့်အရေးပေးပါနဲ့....အခုပဲကြည့်....မင်းတို့ကိုအခွင့်ရေးပေးလိုက်တာ...ဟိုကလေးကသူ့မိဘအိမ်ကိုတောင်ပြန်ရောက်သွားပြီ.....မင်းတို့ဘာအသုံးကျလဲ....ဟာကွာ..."
"စိတ်လျှော့ပါ Boss ရယ်ကျွန်တော်အကောင်းဆုံးစီစဉ်ပေးပါ့မယ်"
သိင်္ခလဲ ဘုန်းစည်သူအားငဲ့စောင်းကြည့်ကာ...
"ဘုန်းစည်သူနေခဲ့....ကျန်တဲ့သူတွေအကုန်သွားလို့ရပြီ....."
သိင်္ခစီမှအမိန့်သံအဆုံး စည်သူမှလွဲ၍ အကုန်လုံးအလျှိုလျှိုထွက်သွားလေတော့သည်။
"စည်သူ.....ငါအခုပြောမယ့်စကားတွေကို မင်းသေချနားထောင်ပါ"
"ဟုတ်ကဲ့ Boss"
သိင်္ခလဲစည်သူ့မျက်နှာအားတစ်ချက်ကြည့်ခါဆက်ပြောလေသည်။
"ငါ...ငါက ညလွန်းယံကိုချစ်နေတာ မင်းသိတယ်မလား"
"ဟုတ်သိပါတယ်Boss"
"အေး....ငါသူ့ကိုပြန်လိုချင်တယ်စည်သူ....ငါပြန်လိုချင်တယ်...မင်းဘာလုပ်ပေးနိုင်မလဲ"
"အကိုလေးက အခု သိင်္ဂရတနာအိမ်တော်ကိုပြန်ရောက်နေပြီလေBoss....ဒေါ်မြင့်မြတ်ရတနာကလဲသူ့သားဘေးနားမှာ အစောင့်တွေချထားတာအများကြီးပဲ....အရင်တစ်ခါကလိုမလွယ်ဘူးဗျ....အကုန်လုံးက ကျွန်တော်တို့ထက်လက်ရည်မသာရင်တောင်နိမ့်တဲ့ထဲကမပါဘူးBoss....ရန်ကုန်လိုနေရာမျိုးမှာ နှစ်ဖက်လုံးအားပြိုင်ခဲ့သည်ရှိသော်....ကျွန်တော်ဘက်ကနောက်ခံလုပ်ငန်းတွေပါယိုင်နဲ့ကုန်လိမ့်မယ်....ရဲတွေသတင်းခံပြီး လိုက်လာလိမ့်မယ်"
"ဘယ်လိုပဲဖြစ်ဖြစ်....ငါ ယံလေးကိုတာဝန်ယူရမယ်စည်သူ....ငါသူ့ကိုပြန်ခေါ်ရလိမ့်မယ်"
"ဒါ....ဒါဆို..Bossက သူ့ကို..."
"ဟုတ်တယ်ငါ့ဘက်ကစည်းကျော်မိလိုက်ပြီ"
"ဟာ Boss..... congratulation....ဒါဆို အကိုလေးက bossအပိုင်သတ်မှတ်ပြီးသားလူပဲ Boss ရမှာပါ.....သူ့ဘက်ကလက်ခံဖို့ပဲလိုတယ်"
"ငါတို့လုပ်ငန်းတွေကိုလက်လွှဲလက်ပြောင်းလုပ်ပြီးရောင်းဖို့်လုပ်တော့စည်သူ.....ဒီစံအိမ်ကအစ အကုန်ရောင်းပါ....ပြီးရင်ရန်ကုန်ကိုပြောင်းကြမယ်....တရားဝင်စီးပွားရေးတစ်ခုထူထောင်ပြီးသူ့စီပြန်ချဉ်းကပ်ရမယ်" ဟုပြောခါ သိင်္ခတစ်ယောက်အသက်ဝင်တဲ့အပြုံးတစ်ခုကိုဖန်တီးရင်း ခုံပေါ်၌ထိုင်ခါနောက်သို့မီလျောချလိုက်လေသည်။
ဘုန်းစည်သူလဲ စီစဉ်စရာကိစ္စများ စီစဉ်ရန်ခန့်သိင်္ခမောင်အခန်းတွင်းမှ ညင်သာစွာထွက်လာလေတော့သည်။.
.
.
.
.
.
.
.
.
.
အထက်ပါဖြစ်စဉ်များဖြစ်ပြီး တစ်လခန့်ကြာသောအခါ.....
မယ်မဒီ ဒီရေနှင့်ခေတ်သစ်တို့သုံးယောက်သား သိင်္ဂရတနာစံအိမ်၏ ပင်မဧည့်ဆောင်သို့ဖြတ်လျှောက်ခါ...ပွဲရုံစာရင်းများလုပ်နေသောဒေါ်မြင့်မြတ်ရတနာအနီးသို့်လျှောက်လာလေသည်။
"အန်တီမြတ်ညလွန်းယံရှိလားရှင့်"ဟုမေးလိုက်လေသည်။
ဒေါ်မြင့်မြတ်ရတနာလဲ စာရင်းများလုပ်နေရာမှအသံကြားသဖြင့်မော့ကြည့်လိုက်ရာ....
"ဟယ်သမီး....မဒီ....သားခေတ်သစ်နဲ့ဒီဒီတို့လဲပါလာတာကိုး....လာကွယ်...ထိုင်ကြပါဦး"
"ဟုတ်ကဲ့အန်တီမြတ်...သမီးတို့လဲ ယံယံရောက်ရောက်ချင်းလာမလို့ပါပဲ မျက်နှာချင်းမဆိုင်ရဲတာနဲ့ပဲ.. မလာဖြစ်တာ"
"မဟုတ်တာကွယ်သားတို့သမီးတို့လဲအကောင်းဆုံးလုပ်ခဲ့တာပဲ....သမီးတို့တခုခူဖြစ်သွားရင်သာ အန်တီက မမလွန်းတို့ မမဆွေတို့ကိုမျက်နှာမပြရဲဖြစ်ရမှာပါကွယ်..."
ထိုစဉ်ညလွန်းယံရော ရှိလားအန်တီဟုခေတ်သစ်မှကြားဖြတ်ခါမေးလိုက်လေသည်။
"ရှိတယ်သား...အပေါ်ထပ်မှာ....ပြန်ရောက်ထဲက ထမင်းစားချိန်မှအောက်ဆင်းတယ်အပြင်လဲမထွက်ပါဘူးသမီးတို့ရယ်အန်တီလဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ
သူပြောမှပဲနားထောင်မယ်ဆိုပြီးမမေးဖြစ်ခဲ့ဘူး...."
"ပြင်ပဒဏ်ရာမရှိပေမယ့်စိတ်ဒဏ်ရာကျန်ခဲ့လို့နေမှာ...ဒါဆိုသမီးတို့အပေါ်တက်ပြီး သွားတွေ့လိုက်ဦးမယ်နော်"
"အေးအေး...ကောင်းပါပြီကွယ်မေးလို့အဆင်ပြေရင်မေးကြည့်လိုက်ကြပါကွယ်...ပြီးရင်စိတ်ပြေလက်ပျောက်အပြင်လေးခေါ်သွားကြ"
"ဟုတ်ကဲ့ အန်တီမြတ"်........ဟုပြောခါ သုံးယောက်သား ယံယံရှိရာအပေါ်ထပ်သို့တက်လာလေသည်။
မယ်မဒီလှေကားပေါ်သို့တက်ရင်း ဗလတောင့်တောင့်နှင့်ရပ်စောင့်နေသောသူများအားထပ်တွေ့သဖြင့်ခေတ်သစ်နှင့်ဒီရေအားလက်တ်ု့၍မေးငေါ့ပြလိုက်လေသည်။
ယံယံအခန်းထိပ်၌လဲထိုသို့သောလူများကိုတွေ့ရပြန်သည်။မဒီအခန်းတံခါးအားလက်လှမ်း၍ ဖွင့်ရန်ပြင်လိုက်စဉ်......
"မင်းတို့ကဘယ်သူတွေလဲ....သခင်မကြီး ခွင့်ပြုချက်မရှိပဲ ဝင်လို့မရဘူး"ဟု ထိုသူတွေထဲမှတစ်ယောက်ကပြောလေသည်။
ထိုအခါ မဒီမှ
"ကျွန်မတိူ့ညလွန်းယံရဲ့သူငယ်ချင်းတွေ အန်တီမြတ်နဲ့တွေ့ပြီးမှ အပေါ်ကိုလာတာ...ဖယ်အရှေ့က "
မဒီနှင့်မယ်မယ့်လူများအချင်းများနေသံကြားသဖြင့်ယံယံလဲ ပြတင်းပေါက်မှတစ်ဆင့်အပြင်သို့ငေးနေရာမှအခန်းတံခါးဝသို့လျှောက်လာတော့သည်။
ချောက်...
တံခါးပွင့်သံကြားသဖြင့်မဒီရောအစောင့်နှစ်ယောက်ပါလှည့်ကြည့်လိုက်လေသည်။
"ကိုမင်းစိုး....အဲ့ဒါကျွန်တော့်သူငယ်ချင်းတွေပေးဝင်လိုက်"
"အာ....ဟုတ်ကဲ့သခင်လေး"
မယ်မဒီလဲ ထိုလူများကိုမျက်စောင်းထိုးခါ ယံယံ့အခန်းထဲသို့ဝင်ခဲ့လေတော့သည်။ခေတ်သစ်နှင့်ဒီရေမှာ မဒီနောက်မှကပ်ခါ ကုပ်ချောင်းကုပ်ချောင်းနှင့်လိုက်လာလေသည်။
ယံယံ့အိပ်ခန်းထဲသို့ သုံးယောက်သားရောက်သည်နှင့်ခေတ်သစ်နှင့်ဒီရေမှာ ယံယံ့အားပြေးဖတ်ပြီး မဒီက ကုတင်စွန်းတွင်တင်ပလွဲခြေချိတ်ခါ ဝင်ထိုင်လေသည်။
"ယံယံ မင်းမျက်နှာလဲမကောင်းပါလားကွာ...အရင်လိုငါတို့သူငယ်ချင်းတွေပျော်ပျော်နေရအောင်" ဟုခေတ်သစ်မှပြောလေသည်။
"အေး...ဟုတ်တယ်...အရင်လိုငါတို့ကားပြိုင်မောင်းရအောင်ကွာ...ဖြစ်ပြီးတာတွေမေ့လိုက်ပါကွာ...နော်.."ဟုဒီရေမှပြောလေသည်။ထိုအခါယံယံမှ ဒီရေနှင့်ခေတ်သစ်အားငဲ့စောင်းကြည့်ခါ ပြတင်းပေါက်ဖက်သို့ပြန်၍ မျက်နှာမူလိုက်လေသည်။ပြီးနောက်....
"တစ်ချို့ကိစ္စတွေကမေ့လို့ရပေမယ်....တစ်ချို့....တစ်ချို့သော အရာတွေကမေ့လို့မရဘူးကွ"
ထိုအခါမယ်မဒီထိုင်နေရာမှထခါ ယံယံနောက်သို့ခြေစုံရပ်ပြီး....
"ဘာလို့မေ့မရတာလဲ ညလွန်းယံ....မေ့မရတဲ့အကြောင်းကို...ငါတို့ကိုပြောပြ....နင်ဒီလိုလုပ်နေလို့ဖြေရှင်းလို့ပြီးသွားမယ့်ကိစ္စမဟုတ်ဖူးဟ...နင်အခန်းအောင်းနေလို့လဲ နင်ခံစားနေရတာတွေပြေလျော့သွားမှာတဲ့လား...နင့်ကြောင့်အန်တီမြတ်လဲ စိတ်ပူပန်နေရတယ်နင်မသနားဘူးလား...ရင်ဆိူင်လိုက်စမ်းပါယံယံရာ...ငါတို့ကိုရင်ဖွင့်လိုက်စမ်းပါ"
မယ်မဒီ့စကားအဆုံး ညလွန်းယံစီမှရှိုက်သံသဲ့သဲ့ထွက်လာလေသည်။ထို့နောက်ဒီရေတို့ဘက်ကိုဖြည်းဖြညးချင်းပြန်လှည့်လာလေသည်။
ငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်း မျက်ရည်ကျဖို့်မပြောနှင့်ဝမ်းနည်းတာပင်မမြင်ခဲ့ဖူးချေ။သူငယ်ချင်းလေးယောက်ထဲတွင်ညလွန်းယံကိုစိတ်ဓာတ်အမာဆုံးဟုသာသက်မှတ်ထားလေသည်။အခု မိမိတို့ဘက်လှည့်ကြည့်နေသောညလွန်းယံ၏ မျက်ဝန်းများ၌ မျက်ရည်စများတွဲခိုနေလေပြီ....ညလွန်းယံမျက်ရည်ကျလောက်တဲ့ထိဘယ်လောက်တောင်ခံစားနေရလဲမသိပါချေ...သူငယ်ချင်းသူံးယောက်၏ရင်ထဲတွင်ယံယံတွက်စိတ်ပူပန်မှုစိတ်မကောင်းမှုကတစ်ဝက်မျက်ရည်ကျတဲ့အထိယံယံအားစိတ်ညစ်အောင်လုပ်တဲ့သူကိုစိတ်တိုတာတစ်ဝက်ဖြစ်နေလေသည်။
မယ်မဒီလဲ ယံယံလက်ကိုကိုင်ခါ မျက်လုံးချင်းစုံကြည့်ခါခေါင်းငြိမ့်ပြလိုက်လေသည်။ခေတ်သစ်နှငိ့ဒီရေလဲ ယံယုံပုခုံးအားကိုင်ခါအားပေးကြလေသည်။
ညလွန်းယံ သူငယ်ချင်းများအားပေးမှုကြောင့်မူဆယ်တွင်ကြုံတွေ့ခဲ့ရသမျှ ခန့်သိင်္ခမောင်၏ကိစ္စများအားလူံးကိုပြောပြလိုက်လေသည်။
Time Skip
တောက်ခ်.....ဒုန်း...
မယ်မဒီတောက်ခ်ခေါက်သံအဆုံး ဒီရေ၏လက်သီးနံရံပေါ်ကျရောက်သံကပါ ညလွန်းယံ၏ အခန်းထဲ၌ရှေ့နောက်ဆိူသလိူထွက်ပေါ်လာလေသည်။
"နင်ရူးနေလား ညလွန်းယံ...နင်ဘာလို့အဲ့လောက်ထိစဉ်းစားဥာဏ်မဲ့ရတာလဲ"ဟု မဒီမှပြောလေသည်။
ထို့နောက်ဒီရေမှ
"မင်းကွာ....အခြေအမြစ်မရှိဇစ်မြစ်မသိတဲ့ယောက်ျားတစ်ယောက်ကို မင်းမို့လို့...မင်းအခြောက်လား...မင်းမှာဦးနှောက်မရှိဘူးလား...ဟမ်"
"ငါမရူးဘူး....ငါအခြောက်လဲမဟုတ်ဘုး...ငါ...ငါ သူ့ကိုချစ်ခဲ့မိရုံပဲ...မင်းတို့...ငါ့ကိုနားလည်ပေးနိုင်မယ်ထင်လို့်ငါပြောပြတာ နားမလည်ပေးနိုင်ရင်ထွက်သွားကြ" ဟုပြောခါ ကုတင်ပေါ်မှောက်ခါငိုလေတော့သည်။
ထိုအခါ ကြားမှ ရပ်ကြည့်နေသောခေတ်သစ်မှ...ယံယံကျောအားအသာပွတ်ခါ
"ငါတို့မင်းကိုနားလည်ပေးနိုင်ပါတယ်......သူတို့အခုလိုပြောတာကလဲ ဂရုဏာဒေါသောနဲ့ပြောတာပါကွာ...
မဒီနဲ့ဒီရေ မင်းတို့လဲစိတ်လျှော့ကြပါ....ငါတို့ဒေါသထွက်တိုင်း အဲ့လူကလဲဘာမှဖြစ်သွားမှာမဟုတ်ဘူး"
"အေးပါကွာ...ငါက ယံယံ့ဘက်ကနာလို့ပါ"
"ငါလဲတောင်းပန်ပါတယ်ဟာ"
"ကဲထားပါတော့.... ဒီရေရောမဒီရော...အခု ငါတို့ယံလေးကိုခေါ်ပြီး အပြင်သွားရအောင်'
"အေး....ယံယံ ထဟာ..အပြင်သွားကြမယ်"
ဟုဆိုခါ ယံယံအားဆွဲထူပြီးရေချိုး အဝတ်လဲစေခါ အပြင်သွားရန်ဆွဲထုတ်လာကြလေသည်။
.
.
.
.
.
.
..
.
.
ဒေါ်မြင့်မြတ်ရတနာ စာရင်းစာအုပ်ကြည့်နေရင်းမှ အတွင်းရေးမှူးမလေးဘေးနားလာရပ်ခါ....
"နောက်ဆယ်မိနစ်နေရင်ရှယ်ယာစပ်တူလုပ်မယ်သူဠေးရောက်ပါတော့မယ်သခင်မကြီး"
ဟုပြောလေသည်။
ထိုအခါမှပဲဒေါ်မြင့်မြတ်ရတနာလဲ အနည်းငယ်ပြင်ဆင်ခါ ပြင်ပဧည့်ဆောင်သို့ထွက်ခဲ့လိုက်လေသည်။ဆိူဖာပေါ်၌ ထိုင်နေသော လူလတ်ပိုင်းရွယ်လူတယောက်အားတွေ့သဖြင့်အပြုံးတစ်ခုဖန်ဆင်းရင်းရှေ့ခုံ၍ ဝင်ထိုင်ခါ အလုပ်စကားပြောကြလေသည်။
အချိန်အတန်ကြာ ညှိနှိုင်းပြီးနောက်အဆင်ပြေသွားသည့်အခါ ထမင်းစားဖိတ်သဖြင့်Dinning Roomအတွင်းသို့သွားရန်ဧည့်ခန်းမှထလာလေသည်။
ခန့်သိင်္ခမောင်ဒေါ်မြင့်မြတ်ရတနာ ၏ဖိတ်ခေါ်ချက်အရ ထမင်းစားရန်လက်ခံလိုက်လေသည်။ပြင်ပဧည့်ခန်းမှထမင်းစားခန်းသို့ဖြတ်လျှောက်ရာလမ်းတစ်လျှောက်တင်ယံလေးမေမေ၏ကြွယ်ဝချမ်းသာမှု မျိုးရိုးဂုဏ်ရှိန်ကြီးမှုတို့က အိမ်၏ပြင်ဆင်မွမ်းမံမှုတွင်ထင်ဟပ်နေလေသည်၊.
ထိုစဉ်အပြင်သွားရန်အောက်ထပ်သို့ဆင်းလာကြသော ယံယံတို့အုပ်စုနှင့်တွေ့လေသည်။
သိင်္ခနှုတ်မှ ယံလေးဟုခေါ်လိုက်မိလေသည်။
ညလွန်းယံလဲ သိင်္ခကိုမြင်သဖြင့်ခြေလှမ်းများတုန့်ဆိူင်းသွားလေသည်။ထိုအချင်းရာကိုမြင်သောဒေါ်မြင့်မြတ်ရတနာက ခန့်သိင်္ခမောင်အား ညလွန်းယံနှင့်အလျင်အမြန်ပင်မိတ်ဆက်ပေးလိုက်လေသည်။
"သား...ယံလေး...ဒါမယ်မယ်နဲ့အလုပ်တစ်ခုကိုစပ်တူရှယ်ယာနဲ့အကျိုးတူပူးပေါင်းမယ့်ဦးခန့်သိင်္ခမောင်တဲ့...."
"ကိုခန့်သိင်္ခမောင်ဒါက ကျွန်မရဲ့တစ်ဦးတည်းသောသား...ညလွန်းယံတဲ့"
"ဟုတ်ကဲ့...ကျွန်တော်နဲ့ယံလေးနဲ့ကသိပြီးသားပါ"ဟုပြောလိုက်လေသည်
ယံယံသိင်္ခအပြောအားအလျင်အမြန်ပင်ချေပကာ....
"သားကတော့သူနဲ့မသိဘူးမယ်မယ်....မဒီတို့နဲ့အပြင်သွားမလို့ အာဘွား"ဟုဆိုပြီး မယ်မယ့်အားအာဘွားပေးခါ သိင်္ခရှေ့မှအမြန်ပြေးထွက်လာလေသည်။
ခန့်သိင်္ခမောင်ရင်ထဲ ဝမ်းသာမှုနှင့်အတူဝမ်းနည်းမှုပါဖြတ်သန်းသွားလေသည်။
T.B.C
Written by Author K
Admin 4 of fic ရပ်ဝန်းနယ်မြေ
Sunday, September 22,2019
1990 words