သာမန္ဘဝမွာေပ်ာ္ေမြ႔ခ်င္ပါတယ္...

By kathykuro24

331K 28K 233

အိုင္စင္ဘဲလ္ႏိုင္ငံရဲ႕ ဒုတိယမင္းသား အိုင္နဲဟာ တေန့မွာသူ႔အရင္အတိတ္ဘဝကိုမွတ္မိလာတဲ့အတြက္ ညီအကိုေတြျကားထီးနန္းလု... More

အခန္း(၁) အတိတ္ကိုမွတ္မိလာျခင္း
အခန္း(၃)ႏႈတ္ဆက္ခဲ့ပါတယ္
အခန္း(၄)သာမန္ဘဝနဲ႔ေပ်ာ္ေမြ႔ေနပါၿပီ
အခန္း(၅)ဟဲ့လူဟလူ...ဒိုင္ကို႐ုရဲ႕
အခန္း(၆)ငာကေလးမဟုတ္ေတာ့ဘူး
အခန္း(၇)ညီေတာ္...ဘာျဖစ္တာလဲ
အခန္း(၈)ေစာေစာစီးစီးဒါမလုပ္သင့္ပါ
အခန္း(၉)႐ူးသြပ္ျခင္း
အခန္း(၁၀)တရားမွ်တမႈ
အခန္း(၁၁)လီလီအာနာႏွင့္ကြၽန္ေတာ္
အခန္း(၁၂)အိမ္သို႔တစ္ေခါက္
အခန္း(၁၃)အကိုလိုင္ခ်ယ္နဲ႔ေကာ္ဖီ
အခန္း(၁၄)ေတာ္ဝင္ပါတီ
အခန္း(၁၅)ကြၽန္ေတာ္ေယာက်ာ္းပါ
အခန္း(၁၆)သၾကားလံုး
အခန္း(၁၇)ခ်စ္ျခင္းအစ
အခန္း(၁၈.၁)ေၾကာင္သူေတာ္
အခန္း(၁၈.၂)
အခန္း(၁၉.၁)မင္းေပ်ာ္ေစရမယ္
အခန္း(၁၉.၂)
အခန္း(၂၀)အိုင္နဲအတြက္
အခန္း(၂၁ ဇတ္သိမ္းပိုင္း)မင္းကိုခ်စ္တယ္

အခန္း(၂)အပယ္ခံမင္းသားေလး

15.5K 1.4K 6
By kathykuro24

Zawgyi

"~~ဘန္~ပ~ဘန္ဘန္ပပ~~"

က်ယ္ေလာင္တဲ့ ဒရမ္႐ိုက္သံေၾကာင့္ အိုင္နဲ ငိုင္ရာကေန ႐ုတ္တရပ္တုန္လႈပ္္သြားတယ္။ ဒီအသံဟာ ေဟာ္နန္းခန္းမထဲမွာ နံနက္တိုင္း တီးေနၾကအသံေလး။

ကြၽန္ေတာ္အခု ေဟာ္နန္းခန္းမရဲ႕ မနက္ခင္းအစည္းအေဝးကိုေရာက္ေနတာပါ။အသံၿပီးဆံုးတာနဲ႔ ဘုရင္ႀကီးဟာ သူ႔ေဘးႏွစ္ဖက္ မႉးမတ္ ေမာင္းမေတြ ခ်ံရံလ်က္ ေလွ်ာက္လမ္းအတိုင္း ပလႅင္႐ွိရာသို႔လွမ္းလာေနတယ္။

ဒီႏိုင္ငံရဲ႕ဓေလ့အရ ဘုရင္ဟာ နတ္ဘုရားလိုပဲ။ ဘုရင္သည္သာ အျမတ္ဆံုး၊ ဘုရင္သည္သာ အရာရာကိုဆံုးျဖတ္ပိုင္ခြင့္႐ွိတယ္၊ ဘယ္သူ႔မွတားဆီးလို႔မရ။ ဒာကဟိုးေ႐ွးေခတ္ အေနာက္တိုင္းစတိုင္ ေခတ္ေဟာင္းယဥ္ေက်းမႈပံုစံမ်ိဳးပာပဲ။

မႉးမတ္ေတြ မင္းသားေတြအႀကိတ္အနယ္ေဆြးေႏြးေနတာကို ကြၽန္ေတာ္ နားေထာင္တယ္၊ ဘာေတြေျပာလဲ နားေတာ့မလည္ဘူး၊ ဝင္လဲမေျပာခ်င္ဘူး။

တျဖည္းျဖည္း ပ်င္းလာတာနဲ႔ သန္းစျပုလာတယ္။ အဲအခ်ိန္မွာ...

စကားနည္းၿပီး အေနေအးတဲ့ဘုရင္က ႐ုတ္တရပ္သူက အရင္ဘုရင္ရဲ႕သမိုင္းကိုေျပာျပတယ္။ အရင္ဘုရင္ဟာ တိုင္းျပည္ကိုေကာင္းေကာင္းအုပ္ခ်ဴပ္ခဲ့တယ္။ ဒါေပမယ့္ သူ႔ဝါသနာက လယ္သမားျဖစ္ခ်င္တယ္။ ဒာေျကာင့္သူဟာ လယ္ယာက႑ကိုပိုဦးစားေပးလုပ္ခဲ့လို႔ သမိုင္းမွာလဲထင္႐ွားသြားတယ္၊ လယ္လုပ္စားတဲ့ဘုရင္ဆိုၿပီး။ ဘယ္သူဘာေျပာေျပာ ဂရုမစိုက္၊ သူလုပ္ခ်င္တဲ့အရာကိုလုပ္လိုက္ရလို႔ သူ႔ဘဝကိုသူ အရမ္းအားရေက်နပ္ခဲ့တယ္။

"ဒါေၾကာင့္ မင္းသားတို႔၊ ဘဝမွာျဖစ္ခ်င္တဲ့အိမ္မက္ကို အိမ္မက္လို႔ပဲသေဘာမထားပါနဲ႔၊ တကယ္ျဖစ္ေစခ်င္ရင္ အေကာင္ထည္ေဖာ္ဖို႔ႀကိဳးစားၾကည့္ပါ"

ဘုရင္ႀကီးရဲ႕စကားေၾကာင့္ ကြၽန္ေတာ့ေခါင္းထဲ ဒိုင္းခနဲဝင္လာတယ္။ 'ဒါပဲ..ငါနန္းေတာ္ကေန ထြက္လို႔ရတဲ့အေၾကာင္းျပခ်က္ေတြ႔ၿပီ'

အစည္းအေဝးၿပီးသြားေတာ့ အိုင္နဲတစ္ေယာက္ ျပံုးဖီဖီနဲ့ ထြက္လာတယ္။ 'ေရး...ငါထြက္သြားဖို႔ plan ကေတာ့ ပိုၿပီးအဆင္ေျပသြားၿပီ'

>>>>>>

အကိုႀကီးက မနက္စာလာစားဖို႔ ကြၽန္ေတာ္ကိုအေခၚလႊတ္လိုက္တယ္။

စားပြဲနား ဝင္ထိုင္ၿပီးေတာ့ အကိုႀကီးကမ်က္ေမွာင္က်ံဴၿပီး အသံခပ္မာမာနဲ႔

"မင္း သက္ေကာသက္သာလို႔လား၊ မႏိုင္တာေတြေလွ်ာက္လုပ္ၿပီး ေမ့လဲသြားတာ၊ မင္း ေတာ္ေတာ္အတာပဲ"

အရင္ အိုင္နဲဆိုရင္ ဂ်စ္ကန္ကန္နဲ႔ျပန္ေျပာမွာ၊ ခုက ဘဝကိုနားလည္တဲ့၂၁ရာစုသာမန္ဂ်ပန္လူမ်ိဴးဆိုေတာ့ အၿပိဳင္ျပန္မေျပာခ်င္ေတာ့ဘူး။ ေအးေဆးသမားျဖစ္သြားၿပီ။

"ဟုတ္ အကိုေတာ္၊ ေက်းဇူးပါ ကြၽန္ေတာ္ေတာ္ေတာ္သက္သာလာပါၿပီ"

"ဟန္....အ႐ူး၊ မင္းကိုစိတ္ပူလို႔မဟုတ္ဘူး၊ တခါတည္းေသမသြားဘူးလား ေမးတာ"

အကိုႀကီးကေျပာဆိုၿပီး စားပြဲဝိုင္းကေန ထသြားေတာ့တယ္။

'ရခဲတဲ့ ဒီဒုတိယဘဝ ဘာလို႔ေသရမွာလဲ။ စိတ္ခ်ပါအကို ကြၽန္ေတာ္ကဒီမွာ တစ္သက္လံုးမေနပါဘူး၊ အကို႔မ်က္စိေ႐ွ႕ကေန ထြက္သြားမွာပါ'

"အာ..ယူအမ္ေရ"

ကြၽန္ေတာ့ညီအငယ္ဆံုးကိုလွမ္းေခၚလိုက္တယ္။ သူက စိတ္ပ်က္တဲ့အၾကည့္နဲ႔

" အကိုလတ္ ကြၽန္ေတာ့ကို ယူအမ္လို႔မေခၚပါနဲ႔"

ဟုေျပာဆိုၿပီး ထိုင္ခံုမွထသြားေတာ့တယ္။

ကြၽန္ေတာ္လဲ ေခါင္းေလးကုတ္ၿပီး ထင္တဲ့အတိုင္းပဲ၊ သူတို႔ႏွစ္ေယာက္နဲ႔အဆင္ေျပဖို႔ လမ္းစကမ႐ွိေတာ့ဘူး။ ထြက္သြားတာကအေကာင္းဆံုးပဲ။

ကြၽန္ေတာ္လဲ စားလက္စ အေနာက္တိုင္းစတိုင္ breakfast ကိုၿပီးေအာင္ဆက္စားလိုက္ေတာ့တယ္။ 'ေကာင္းလိုက္တာ ~~' ဒါေပမယ့္ ဂ်ပန္လူမ်ိဳးစိတ္ဆိုေတာ့ ဂ်ပန္မနက္ခင္းစတိုင္ အစားေသာက္ကိုေတာ့ သတိရမိတယ္။

>>>>>

အကိုနဲ႔ညီကေတာ့ ေဆြးေနြးေနျကအခန္းမွာထိုင္ၿပီး တိုင္းေရးျပည္ေရးေတြေဆြးေႏြးေနၾကတယ္။ ကြၽန္ေတာ္ကေတာ့ ကိုယ္အေတြးနဲ႔ကိုယ္မို႔ ဝင္မေျပာဘူး။ အရင္ အိုင္နဲဆိုရင္ တတ္သေယာင္ေယာင္နဲ႔ ဝင္ေျပာျပီ။ ခုေတာ့ၿငိမ္ေနပါလား ဆိုၿပီး အကိုနဲ႔ညီကေၾကာင္ၿပီး ကြၽန္ေတာ့ကို ၾကည့္ေနၾကတယ္။

ကြၽန္ေတာ္လဲမသိခ်င္ေယာင္ေဆာင္ၿပီး အခန္းထဲကေန ထြက္သြားဖို့ျပင္လိုက္တယ္။ အဲ့အခါ အကိုႀကီးက ေဒါသေလသံနဲ႔

"ေဟ့ေကာင္...မင္းကဘာမို႔လို႔ ငါထက္အရင္ထရတာလဲ၊ေဟ့.. ၾကားလား..ေတာက္...အလကားေကာင္..သံုးစားမရဘူး"

'ငါအရင္ထေတာ့ေျပာတယ္၊ ယူအမ္က ငါမထခင္ ထတာက်ေတာ့ အျပစ္မေျပာဘူး' ကြ်န္ေတာ္လဲ ေခာင္းေလးငံု ကိုယ္ကိုကိုင္းျပီး

"ဟုတ္..ေတာင္းပန္ပါတယ္"

ေျပာၿပီးျပန္ထိုင္ေနလိုက္တယ္။

ဟူး...ဟိုဟာမလုပ္နဲ႔ဒီဟာမလုပ္နဲ႔..အပယ္ခံဘဝနဲ႔ ဒီမွာဆက္ေနရင္ ဘယ္ေတာ့မွေပ်ာ္မွာမဟုတ္ဘူး၊ အျမန္ထြက္ေျပးခ်င္ၿပီ။

"အကိုလတ္"

ယူအမ္အသံေၾကာင့္ သူ႔ကိုလွည့္ျကည့္မိတယ္။

"အကိုေမ့လဲတုန္းက ေခါင္းေတြမ်ားထိခိုက္သြားတာလား"

အကိုေရာ ညီေရာ မ်က္လံုးေတြက အိုင္နဲအေပၚစိုက္ေန။ 'အင္း သူတို႔လဲမသကာၤျဖစ္ေနၾကတာေပါ့၊ အရင္အိုင္နဲက ျပန္ေျပာနားမေထာင္လူမ်ိဴး၊ ခုက ေအးေဆးၿပီးဘာေျပာေျပာသည္းခံေနေတာ့..'။

"အဟန္....."

ကြၽန္ေတာ္လဲ လည္ေခ်ာင္း႐ွင္းၿပီး သူတို႔ကိုျပန္စိုက္ၾကည့္လိုက္တယ္။ ဘာမွျပန္မေျပာပဲ ျပံဳးပဲျပံဳးျပလိုက္တယ္။

သူတို႔လဲ အိုင္နဲကိုစိတ္ထဲထားပံုမရ၊ အဲေလာက္ႀကီးအေလးမထားေတာ့ဘဲ လုပ္စရာရွိတာဆက္လုပ္ေနလိုက္ေတာ့တယ္။

အကိုႀကီးနဲ႔ညီ လုပ္စရာၿပီးလို႔ထသြားၿပီးမွ ကြၽန္ေတာ္လဲ ဘုရင္ႀကီး႐ွိတဲ့အခန္းကို တက္ႂကြစြာ ေျပးသြားလိုက္တယ္။

Unicode

အခန်း(၂)အပယ်ခံမင်းသားလေး

"~~ဘန်~ပ~ဘန်ဘန်ပပ~~"

ကျယ်လောင်တဲ့ ဒရမ်ရိုက်သံကြောင့် အိုင်နဲ ငိုင်ရာကနေ ရုတ်တရပ်တုန်လှုပ်သွားတယ်။ ဒီအသံဟာ ဟော်နန်းခန်းမထဲမှာ နံနက်တိုင်း တီးနေကြအသံလေး။

ကျွန်တော်အခု ဟော်နန်းခန်းမရဲ့ မနက်ခင်းအစည်းအဝေးကိုရောက်နေတာပါ။အသံပြီးဆုံးတာနဲ့ ဘုရင်ကြီးဟာ သူ့ဘေးနှစ်ဖက် မှူးမတ် မောင်းမတွေ ချံရံလျက် လျှောက်လမ်းအတိုင်း ပလ္လင်ရှိရာသို့လှမ်းလာနေတယ်။

ဒီနိုင်ငံရဲ့ဓလေ့အရ ဘုရင်ဟာ နတ်ဘုရားလိုပဲ။ ဘုရင်သည်သာ အမြတ်ဆုံး၊ ဘုရင်သည်သာ အရာရာကိုဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဘယ်သူ့မှတားဆီးလို့မရ။ ဒာကဟိုးရှေးခေတ် အနောက်တိုင်းစတိုင် ခေတ်ဟောင်းယဉ်ကျေးမှုပုံစံမျိုးပာပဲ။

မှူးမတ်တွေ မင်းသားတွေအကြိတ်အနယ်ဆွေးနွေးနေတာကို ကျွန်တော် နားထောင်တယ်၊ ဘာတွေပြောလဲ နားတော့မလည်ဘူး၊ ဝင်လဲမပြောချင်ဘူး။

တဖြည်းဖြည်း ပျင်းလာတာနဲ့ သန်းစပြုလာတယ်။ အဲအချိန်မှာ...

စကားနည်းပြီး အနေအေးတဲ့ဘုရင်က ရုတ်တရပ်သူက အရင်ဘုရင်ရဲ့သမိုင်းကိုပြောပြတယ်။ အရင်ဘုရင်ဟာ တိုင်းပြည်ကိုကောင်းကောင်းအုပ်ချူပ်ခဲ့တယ်။ ဒါပေမယ့် သူ့ဝါသနာက လယ်သမားဖြစ်ချင်တယ်။ ဒာကြောင့်သူဟာ လယ်ယာကဏ္ဍကိုပိုဦးစားပေးလုပ်ခဲ့လို့ သမိုင်းမှာလဲထင်ရှားသွားတယ်၊ လယ်လုပ်စားတဲ့ဘုရင်ဆိုပြီး။ ဘယ်သူဘာပြောပြော ဂရုမစိုက်၊ သူလုပ်ချင်တဲ့အရာကိုလုပ်လိုက်ရလို့ သူ့ဘဝကိုသူ အရမ်းအားရကျေနပ်ခဲ့တယ်။

"ဒါကြောင့် မင်းသားတို့၊ ဘဝမှာဖြစ်ချင်တဲ့အိမ်မက်ကို အိမ်မက်လို့ပဲသဘောမထားပါနဲ့၊ တကယ်ဖြစ်စေချင်ရင် အကောင်ထည်ဖော်ဖို့ကြိုးစားကြည့်ပါ"

ဘုရင်ကြီးရဲ့စကားကြောင့် ကျွန်တော့ခေါင်းထဲ ဒိုင်းခနဲဝင်လာတယ်။ 'ဒါပဲ..ငါနန်းတော်ကနေ ထွက်လို့ရတဲ့အကြောင်းပြချက်တွေ့ပြီ'

အစည်းအဝေးပြီးသွားတော့ အိုင်နဲတစ်ယောက် ပြုံးဖီဖီနဲ့ ထွက်လာတယ်။ 'ရေး...ငါထွက်သွားဖို့ plan ကတော့ ပိုပြီးအဆင်ပြေသွားပြီ'

>>>>>>

အကိုကြီးက မနက်စာလာစားဖို့ ကျွန်တော်ကိုအခေါ်လွှတ်လိုက်တယ်။

စားပွဲနား ဝင်ထိုင်ပြီးတော့ အကိုကြီးကမျက်မှောင်ကျူံပြီး အသံခပ်မာမာနဲ့

"မင်း သက်ကောသက်သာလို့လား၊ မနိုင်တာတွေလျှောက်လုပ်ပြီး မေ့လဲသွားတာ၊ မင်း တော်တော်အတာပဲ"

အရင် အိုင်နဲဆိုရင် ဂျစ်ကန်ကန်နဲ့ပြန်ပြောမှာ၊ ခုက ဘဝကိုနားလည်တဲ့၂၁ရာစုသာမန်ဂျပန်လူမျိူးဆိုတော့ အပြိုင်ပြန်မပြောချင်တော့ဘူး။ အေးဆေးသမားဖြစ်သွားပြီ။

"ဟုတ် အကိုတော်၊ ကျေးဇူးပါ ကျွန်တော်တော်တော်သက်သာလာပါပြီ"

"ဟန်....အရူး၊ မင်းကိုစိတ်ပူလို့မဟုတ်ဘူး၊ တခါတည်းသေမသွားဘူးလား မေးတာ"

အကိုကြီးကပြောဆိုပြီး စားပွဲဝိုင်းကနေ ထသွားတော့တယ်။

'ရခဲတဲ့ ဒီဒုတိယဘဝ ဘာလို့သေရမှာလဲ။ စိတ်ချပါအကို ကျွန်တော်ကဒီမှာ တစ်သက်လုံးမနေပါဘူး၊ အကို့မျက်စိရှေ့ကနေ ထွက်သွားမှာပါ'

"အာ..ယူအမ်ရေ"

ကျွန်တော့ညီအငယ်ဆုံးကိုလှမ်းခေါ်လိုက်တယ်။ သူက စိတ်ပျက်တဲ့အကြည့်နဲ့

" အကိုလတ် ကျွန်တော့ကို ယူအမ်လို့မခေါ်ပါနဲ့"

ပြောဆိုပြီး ထိုင်ခုံမှထသွားတော့တယ်။

ကျွန်တော်လဲ ခေါင်းလေးကုတ်ပြီး ထင်တဲ့အတိုင်းပဲ၊ သူတို့နှစ်ယောက်နဲ့အဆင်ပြေဖို့ လမ်းစကမရှိတော့ဘူး။ ထွက်သွားတာကအကောင်းဆုံးပဲ။

ကျွန်တော်လဲ စားလက်စ အနောက်တိုင်းစတိုင် breakfast ကိုပြီးအောင်ဆက်စားလိုက်တော့တယ်။ 'ကောင်းလိုက်တာ ~~' ဒါပေမယ့် ဂျပန်လူမျိုးစိတ်ဆိုတော့ ဂျပန်မနက်ခင်းစတိုင် အစားသောက်ကိုတော့ သတိရမိတယ်။

>>>>>

အကိုနဲ့ညီကတော့ ဆွေးနွေးနေကြအခန်းမှာထိုင်ပြီး တိုင်းရေးပြည်ရေးတွေဆွေးနွေးနေကြတယ်။ ကျွန်တော်ကတော့ ကိုယ်အတွေးနဲ့ကိုယ်မို့ ဝင်မပြောဘူး။ အရင် အိုင်နဲဆိုရင် တတ်သယောင်ယောင်နဲ့ ဝင်ပြောပြီ။ ခုတော့ငြိမ်နေပါလား ဆိုပြီး အကိုနဲ့ညီကကြောင်ပြီး ကျွန်တော့ကို ကြည့်နေကြတယ်။

ကျွန်တော်လဲမသိချင်ယောင်ဆောင်ပြီး အခန်းထဲကနေ ထွက်သွားဖို့ပြင်လိုက်တယ်။ အဲ့အခါ အကိုကြီးက ဒေါသလေသံနဲ့

"ဟေ့ကောင်...မင်းကဘာမို့လို့ ငါထက်အရင်ထရတာလဲ၊ဟေ့.. ကြားလား..တောက်...အလကားကောင်..သုံးစားမရဘူး"

'ငါအရင်ထတော့ပြောတယ်၊ ယူအမ်က ငါမထခင် ထတာကျတော့ အပြစ်မပြောဘူး' ကျွန်တော်လဲ ခေါင်းလေးငုံ ကိုယ်ကိုကိုင်းပြီး

"ဟုတ်..တောင်းပန်ပါတယ်"

ပြောပြီးပြန်ထိုင်နေလိုက်တယ်။

ဟူး...ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့..အပယ်ခံဘဝနဲ့ ဒီမှာဆက်နေရင် ဘယ်တော့မှပျော်မှာမဟုတ်ဘူး၊ အမြန်ထွက်ပြေးချင်ပြီ။

"အကိုလတ်"

ယူအမ်အသံကြောင့် သူ့ကိုလှည့်ကြည့်မိတယ်။

"အကိုမေ့လဲတုန်းက ခေါင်းတွေများထိခိုက်သွားတာလား"

အကိုရော ညီရော မျက်လုံးတွေက အိုင်နဲအပေါ်စိုက်နေ။ 'အင်း သူတို့လဲမသကာၤဖြစ်နေကြတာပေါ့၊ အရင်အိုင်နဲက ပြန်ပြောနားမထောင်လူမျိူး၊ ခုက အေးဆေးပြီးဘာပြောပြောသည်းခံနေတော့..'။

"အဟန်....."

ကျွန်တော်လဲ လည်ချောင်းရှင်းပြီး သူတို့ကိုပြန်စိုက်ကြည့်လိုက်တယ်။ ဘာမှပြန်မပြောပဲ ပြုံးပဲပြုံးပြလိုက်တယ်။

သူတို့လဲ အိုင်နဲကိုစိတ်ထဲထားပုံမရ၊ အဲလောက်ကြီးအလေးမထားတော့ဘဲ လုပ်စရာရှိတာဆက်လုပ်နေလိုက်တော့တယ်။

အကိုကြီးနဲ့ညီ လုပ်စရာပြီးလို့ထသွားပြီးမှ ကျွန်တော်လဲ ဘုရင်ကြီးရှိတဲ့အခန်းကို တက်ကြွစွာ ပြေးသွားလိုက်တယ်။

#########

တခ်ိဳ႕အခန္းေတြအဆင္ေျပေအာင္လို႔ ျပင္ျပန္ထားပါတယ္။ ပံုကလဲကိုက္ညီမယ့္ဟာနဲ႔ အစားထိုးထည့္ေပးထားတာပါ။ အမွားပါရင္ လင္းၾကပါ။🙏












Continue Reading

You'll Also Like

1.9M 308K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...
773K 31.1K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
21K 1.3K 42
လီချန်အိုက်ရဲ့ဒုတိယ Arc
Psycho By Night's light

Mystery / Thriller

511 37 4
Name - 疯子 (Psycho) Author - 小妖子 (Little Devil) Total Chapters - 34 Chapters WARNING 🔥 THIS STORY CONTAINS DEPICTIONS OF MURDER, STALKING, OPENING EN...