လူဆိုးလေးရဲ့ သက်တော်စောင့် (C...
By rabbit-05
265K 16.8K 532
Xiao Zhan မင်းနဲ့ ငါက အစကတည်းက မဆုံခဲ့သင့်ဘူး yibo... ခုတော့... Yibo ကျွန်တော် ခင်ဗျားကို ချစ်တာပဲသိတယ် xz... More
Part 1
Part 2
Part 3
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26(end)
Extra
Part 4
10.1K 690 4
By rabbit-05
Xiao Zhan....
---------------------------------------------------------
"ဦးလေး ကားကဘာဖြစ်တာလဲ "
"မေမေ သားကြောက်တယ် "
"သား ရိပေါ် သား..."
"မေမေ "
"မေမေကရော "
"ဒုန်း ဒုန်း ဟေ့ ဝမ်ါရိပေါ် အိပ်ချင်ယောင်ဆောင်မနေနဲ့ မင်းကြားတယ်မလား.."
"ရိပေါ်...မင်း... "
"ဘာကိစ္စလဲ... ?"
"ကောင်းတယ် "
"အင်း "
"...."
--------------------------------------------------------
" ဟုတ်ကဲ့ ဆရာ "
"အိပ်မက် ဟုတ်လား..."
-----------------------------------------------------------
......
ငါ မင်းဆီ ရောက်တဲ့အချိန်ကစပြီး ကိုယ့်စိတ်ကို မပိုင်တော့သလို ခံစားရတယ်.......
Xiao Zhan....
---------------------------------------------------------
တောင်ဆင်းလမ်း လေးတစ်လျှောက်တွင် ကားလေးတစ်စီး တစ်ရိပ်ရိပ်နဲ့ ပြေးနေသည် ။ အချိန်က ညနေစောင်းလေး ။ ကားထဲတွင် 7 နှစ်အရွယ် ကလေးလေးတစ်ယောက် ။ 35 နှစ်အရွယ် အမျိုးသမီးတစ်ယောက် ။ကားဒါရိုက်ဘာ အပါအဝင် သုံးယောက်တိတ်ဆိတ်စွာလိုက်ပါလာသည် ။ 7 နှစ်အရွယ် ကလေးလေးက တိတ်ဆိတ်မှုကို  စတင်ဖြိုခွင်းလိုက်သည်။
"မား ပါပါးက ဘာလို့ လိုက်မလာတာလဲ "
အမျိုးသမီးက ကလေးခေါင်းကို ခပ်ဖွဖွလေးကိုင်လိုက်ပြီး....
"အလုပ်ကိစ္စတစ်ခုပေါ်လာလို့ သားရဲ့.... ဟိုရောက်ရင် ဓာတ်ပုံတွေရိုက်ပြီး မင်းအဖေကို လှမ်းကြွားကြတာပေါ့ ok.. "
အမေဖြစ်သူအပြောကို ကလေးက သဘောကျစွာ ပြန်ပြုံးပြပြီးခေါင်းငြိမ့်လိုက်သည်။
အမှန်တော့ ဒီနေ့က yibo လေး 7 နှစ်ပြည့်မွေးနေ့လေးပါ ။
မိသားစု စုံစုံညီညီနဲ့ ကမ်းခြေပျော်ပွဲစားထွက်ရန် စီစဉ်ထားသော်လည်း ရိပေါ်အဖေ ကအလုပ်ကိစ္စတစ်ခုပေါ်လာတာကြောင့် ကျန်ခဲ့ခြင်းဖြစ်သည်။
ရုတ်တရက် မောင်းလာရင်း ကားကမူမမှန်တာကြောင့် ရိပေါ်အမေ စိုးရိမ်တကြီး မေးလိုက်သည်။
"ဦးလေး ကားကဘာဖြစ်တာလဲ "
"ဘရိတ်မမိတော့ဘူးထင်တယ် ဆရာကတော် "
"ဘာ အဲတာဆို ဘယ်လိုလုပ်မလဲ ဦးလေး "
ဘယ်ညာရိမ်းထိုးနေသော ကားကို ကြည့်ပြီး ရိပေါ်ကြောက်နေမိသည်။
"မေမေ သားကြောက်တယ် "
"မကြောက်နဲ့ သား မေမေရှိတယ် "  ပြောပြောဆိုဆို ရိပေါ်ကိုရင်ခွင်ထဲထည့်ထားလိုက်သည် ။
ပြောသာပြောရတာ သူမလည်း ထိတ်လန့်မှုက အဆုံးမရှိ ။
လမ်းက တောင်ဆင်းလမ်းဖြစ်သည့်အပြင် အကွေ့အကောက်များသောကြောင့် ကားလေးမှာ ဘယ်လိုမှ ထိန်းမရဖြစ်နေသည်။ထိုအချိန် ရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသော ကားလေးတစ်စီး ။ မျက်နှာချင်းဆိုင်သလိုဖြစ်သွားပြီး ဝုန်း ဆိုသောအသံနဲ့အတူ ဘာမှမမြင်တော့ပဲ အကုန်လေထဲမြှောက်သလို ခံစားလိုက်ရသည်။
သူမနာကျင်မှုများနဲ့အတူ မျက်လုံးကိုအားယူဖွင့်ကြည့်တော့ ကားက တစ်ဖက်ချောက်ထဲသို့ ဘေးစောင်းနေတာကို သတိထာူမိသွားသည် ။ ရှေ့ခန်းမှ တံခါးပွင့်နေတာကြောင့် ယဉ်မောင်းဦးလေးကြီး ကျသွားပီထင်။ ရုတ်တရက်ရိပေါ်ကို သတိရလိုက်ပြီး....
"သား ရိပေါ် သား..."
"မေမေ "
ရိပေါ်မှာ ရှေ့ခန်း သို့ရောက်နေသောကြောင့် သူမ လန့်သွားပြီး
"သား မလှုပ်နဲ့ မေမေ့ကို လက်လှမ်းပေးလိုက် ဖြေးဖြေး "
ကားလေးက လူလှုပ်လိုက်တာနဲ့ ယိမ်းနေသောကြောင့် သူမ သတိထားနေရသည်။
"သား မင်းဘာမှမဖြစ်စေရဘူး သွား အပေါ်ကိုမေမေတင်ပေးမယ် တစ်ခုခုကိုလှမ်းဆွဲလိုက်နော် ..."
"မေမေကရော "
"သားအပေါ်ရောက်ရင် မေမေလိုက်ခဲ့မယ်နော် "
ရိပေါ်ခေါင်းငြိမ့်ပြလိုက်ပြီး ပွင့်နေသော တံခါးဘေးမှ အပေါ်သို့ ဖြေးဖြေးချင်း တက်သွားသည် ။ အပေါ်ရောက်၍ သူ့အမေကို လက်လှမ်းဆွဲမည်အပြု ကားလေးမှာ သူမ လှုပ်ရှားလိုက်သောကြောင့် မထင်မှတ်ထားသော အဖြစ်အပျက် တစ်ခု ။ ရိပေါ် သူ့အမေလက်ကို မမိလိုက်ပဲ လက်ထဲတွင် ပစ္စည်းတစ်ခုကို ကိုင်မိလိုက်သည်။ ချောက်ထဲကျသွားသောကားကို ကြည့်ပြီး ရိပေါ် သူ့အမေကို အော်ခေါ်ကာ နာကျင်မှုနဲ့အတူ သတ်လစ်သွားခဲ့သည်။ သူတို့နဲ့တိုက်မိတဲ့ကားလေးကတော့ အရှိန်ပြင်းသောကြောင့် ရစရာမရှိ ။ကားထဲတွင် အမျိုးသမီး နှစ်ဦး နဲ့ အမျိုးသားနှစ်ဦး......
Yibo အမှောင်ထဲရောက်နေသလိုခံစားနေရသည်။ နှလုံးခုန်နုန်းတွေလည်း မြန်နေကာ မောဟိုက်နေသည်။ အသံတွေကြားနေရပြီး မျက်လုံးဖွင့်မရ ။ ခေါ်သံတွေ ကြားရသော်လည်း ပြန်ထူး၍မရ ။ ဇောချွေးများလည်းပြန်နေသည်။
"ဒေါက်.. ဒေါက် ဟေး ဝမ်ရိပေါ်.. "
xz တစ်ယောက် yibo ကိုနှိုးနေတာကြာပီဖြစ်သော်လည်း ဘာသံမှမကြားရ ။ တံခါးလည်းလာမဖွင့်ပေးသောကြောင့် စိတ်မရှည်စွာ တံခါးကို ထုရိုက်နေမိသည်။
"ဒုန်း ဒုန်း ဟေ့ ဝမါ်ရိပေါ် အိပ်ချင်ယောင်ဆောင်မနေနဲ့ မင်းကြားတယ်မလား.."
"WangYiBo " သူစိတ်မရှည်စွာ အကျယ်ကြီးအော်ခေါ်ပစ်လိုက်သည်။
ရုတ်တရက်ခေါ်သံတစ်ခုကြောင့် ရိပေါ် လန့်နိုးလာပြီး ထ ထိုင်လိုက်မိသည်။ တစ်ကိုယ်လုံးချွေးများရွှဲနစ်နေကာ အသက်ရှူနုန်းတွေလည်းမြန်နေတာကို သတိထားမိသည်။သူ ဒီအိပ်မက်ကို မမက်တာကြာပီဖြစ်သည် ။ဒီနေ့မှ ထူးထူးဆန်းဆန်း ပြန်မက်နေပါရောလား ။ သူ အိပ်ယာဘေးရှိ စားပွဲခုံလေးပေါ်မှ ပစ္စည်းလေးတစ်ခုကို လှမ်းကြည့်လိုက်သည် ။ အစိမ်းရောင်ဆိုင်ကယ်သေးသေးလေးတစ်စီး ။ သေးပေမဲ့ လက်ရာမြောက်အောင် ပြုလုပ်ထားပုံက အသေးစိတ်သည်။ တစ်ကယ်တော့ ဒီပစ္စည်းလေးက သူ့အမေ လက်ထဲမှ ရလိုက်တဲ့ပစ္စည်းလေး ဖြစ်သည်။ နားထဲတွင်လည်း.....
"မွေးနေ့မှာ ပျော်ရွှင်ပါစေ သားလေး..... "
ဒါကိုပဲထပ်ကာထပ်ကာကြားနေသောကြောင့် မျက်လုံးကို စုံမှိတ်ပစိလိုက်ပြီး အိပ်မက်ကိုမေ့ရန်ကြိုးစားနေမိသည်။ ရုတ်တရက်ရင်ဘက်မှ အောင့်လာသောကြောင့် လက်ဖြင့်ဖိရင်း တံခါးသွားဖွင့်ပေးရန် ကြိုးစားလိုက်သည်။
"ရိပေါ်...မင်း... "
xz စကားမဆုံးခင်လေးမှာ တံခါးဖွင့်သံနဲ့အတူ ရိပေါ်ထွက်လာသောကြောင့် xz ပါးစပ်ပိတ်သွားသည်။ရိပေါ် ရင်ဘက်ကိုဖိရင်း ဟန်မပျက်ရပ်ကာ
"ဘာကိစ္စလဲ... ?"
xz ရိပေါ်မေးတာကို တန်းမဖြေပဲ
" မင်း နေမကောင်းဘူးလား မျက်နှာက ဖြူဖျော့နေတာပဲ "
"ကောင်းတယ် "
" ဒီနေ့ မင်းဆိုင်ကယ်ပြိုင်ပွဲနေ့မလား ငါ့နားရက်လည်းဖြစ်တာကြောင့် မလိုက်တော့ဘူး တစ်ယောက်ထြဲဖစ်တယ်မလား ..."
"အင်း "
"အဲတာဆို ငါသွားပီ နောက်မှတွေ့မယ် "
"...."
ရိပေါ်ဘာမှပြန်မပြောပဲ အခန်းထဲပန်ဝင်ပြီး တံခါးကို မှီနေလိုက်သည်။ ဒီနေ့မှ ဘာလို့အိပ်မက်မက်ရတာလဲ ။ သူ့အမေကို လှမ်းဆွဲလိုက်သောသူလက်ကိုပြန်ကြည့်လိုက်ပြီး  (ငါသေသေချာချာမဆုပ်ကိုင်လိုက်လို့ဖြစ်တာ) ရင်ဘက်က နာကျင်မှုနဲ့အတူ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး နုန်းနေသောခန္ဓာကိုယ်ကိုသယ်၍ ရေချိုးခန်းဝင်သွားခဲ့သည် ။
--------------------------------------------------------
xz ဒီနေ့ သူ့မိဘတွေကိစ္စနဲ့ပတ်သက်ပြီး ကျန်းချန်နဲ့ ချိန်းထားသောကြောင့် စောစောထွက်ခဲ့လိုက်သည်။ လူကသာ လမ်းမှာ စိတ်က ရိပေါ် ဆီရောက်နေမိသည်။ ဟုတ်တယ်လေ မနက်ခင်းက တွေ့လိုက်တဲ့ ရိပေါ်မျက်နှာကို သူစိုးရိမ်နေမိသည်။ထွက်လာခါနီး အိမ်တော်ထိန်းချန် ပြောလိုက်သောစကားကြောင့်လည်းပါသည်။
"အိမ်တော်ထိန်းချန် ကျွန်တော် သွားပီနော် "
" ဟုတ်ကဲ့ ဆရာ "
"ဒါနဲ့ ရိပေါ် နေမကောင်းဖူးလား မသိဘူး မျက်နှာဖြူဖျော့နေတာတော့ သတိထားမိတယ် "
အိမ်တော်ထိန်းချန် မျက်နှာပျက်သွားပြီး..
"ဟုတ်လား သခင်လေးနေမကာင်းဘူးလား ဟို သူအိပ်မက်မက်ပြန်ပီထင်တယ် "
"အိပ်မက် ဟုတ်လား..."
"အဲတာဆို ကျွန်မ ကိုခွင့်ပြုအုံးနော်... "
သူမ စကားမဆက်ပဲထွက်သွားတာကြောင့် သူ မမေးတော့ပဲ ထွက်ခဲ့ခြင်းဖြစ်သည်။ဘာ့ကြောင့်မှန်းမသိ ခံစားချက်ကလည်း တစ်မျိုးဖြစ်နေတာ သတိထားမိသည်။ ခါတိုင်း ဝမ်ချင်း နေမကောင်းရင်တောင် အဲ့လောက်မစိုးရိမ်မိ ခုတော့ ။
သူ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပြီး ကားကို ရိပေါ်အိမ်ကို ပြန်ကွေ့ခဲ့သည်။
-----------------------------------------------------------
ဒီနေတော့ နှစ်ပိုင်းတင်ပေးလိုက်တယ်နော်
တောင်ခြစ်မြောက်ခြစ်လေးကို အားပေးကြတာ ကျေးဇူးပါ 😘
ဒီအပိုင်းမှာ xzနဲ့ ကျန်းချန်မိဘတွေ ဆုံးတာက ရိပေါ်နဲ့ ဘယ်လိုပက်သက်လဲ နည်းနည်းပြောပြထားတယ်နော်  
နောက်နှစ်ရက်လောက်နေမှ update ပေးမယ်နော် ဇာတ်ကောင်အသစ်လေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရေးပေးပါ့မယ်နော်...... 😊
ဆိုင်ကယ်ပြိုင်ပွဲဘယ်လိုဖြစ်သွားလဲဆိုတာလည်း နောက်နေ့မှ 😁
Continue Reading
You'll Also Like
3.9K 375 19
ညတစ်ညမှာHarryကကျောင်းဝန်းထဲကိုခိုးထွက်ရင်းစကတ်ဝတ်ထားတဲ့သူ့ရန်သူတော်Draco Malfoyကိုတွေ့လိုက်ရသောအခါ ဘာတွေဆက်ဖြစ်ကြမလဲ? HarryကရောDracoကိုဘယ်လိုတွေအကျပ်...
23K 1K 20
YiZhan ပါ ပထမဆုံး Ficမို့အမှားပါရင် သည်းခံပေးပါ Started 11.11.2022 Ended 29.11.2022
15.4K 1.7K 18
[ Unicode / Zawgyi Code ] စီးကရက်တွေကို စွဲလန်းရင်းနဲ့ပဲ အသားတကျဖြစ်ခဲ့တဲ့ သူကလေ စတော်ဘယ်ရီသီးတွေကိုလည်း သိပ်ကြိုက်ပါသည်တဲ့....ကျွန်တော့်ရဲ့နှုတ်ခမ်...
24K 1.3K 72
တစိမ့်စိမ့်ကြည့်ရင်း တလှပ်လှပ်ဖြစ်ပေါ်လာတဲ့ ကြည်နူးခြင်းခံစားချက်များဟာလဲ သဲငယ်နဲ့မှသက်ဝင်လှုတ်ရှားလျှက်💗📝 ...