ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၇ ( ၁၉ + ၂၀ )

10.6K 1.2K 35
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   17
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၇၊ အခန္း ၁၉။ လုပ္ၾကံသတ္ၿဖတ္မႈကို ရပ္တန့္ၿခင္း

စီမင္းလီ၊ နွာေခါင္းရႈ့ံလို့ ထပ္ဖန္ ေမးလာၿပန္သည္။
“ေကာင္းၿပီ။ ဒီရွင္းၿပခ်က္ကုိ ဟုတ္ၿပီပဲထားပါေတာ့။
ဒါဆို ခရီးမထြက္ခင္ တစ္ပတ္အလုိက အဲဒီသူလ်ိဳက မင္းကို လာရွာခဲ့ ျပီးေတာ့ ေသြးဆာေသာလူသတ္သမားဂိုဏ္းက သခင္ၾကီးကို လုပ္ၾကံ သတ္ၿဖတ္ဖုိ့ စီစဥ္ထားတယ္လုိ့ပါ သူ ေၿပာထားခဲ့တယ္လုိ့ မငး္ ေၿပာ လုိက္ပါတယ္ - ဒါက ဒီေလာက္ေသေရးရွင္ေရး ကိစၥၿဖစ္ေနမွေတာ့
မငး္ ဘာေၾကာင့္မ်ား ခ်က္ခ်င္း အေၾကာင္းမၾကားခဲ့ဘဲနဲ့ အခုမွပဲ ထေၿပာရတာလဲ”

သက္ၿပင္းတြင္တြင္ ခ်လိုက္ေတာ့သည့္ ရီ၀မ္၀မ္။
သူမ ပံုေလးသည္ကား  တစ္မ်ိဳးတစ္ဘာသာစိတ္ပ်က္ေနေလဟန္ၿဖင့္။
“သူစိမ္းက ေၿပာတဲ့စကားကုိ လြယ္လြယ္ကူကူ မယံုရဘူးဆုိတာ သံုးနွစ္သားကေလးေတာင္မွ သိတယ္။ ဦးေလး ၄ က ဒါကုိ သိမထား တာကေတာ့ သနားစရာပဲ”

ေနာက္၊ စီမင္းလီ ေၿပာဆုိလာသည္ကုိ ေစာင့္မေနေတာ့ဘဲ၊
ရီ၀မ္၀မ္၊ ေၿပာလာေတာ့၏။
“ဘယ္ကေနေပၚလာမွန္းမသိရတဲ့အဲဒီလူက အဲဒီစကားေတြကို ေၿပာသြားၿပီးတဲ့ေနာက္မွာ က်ြန္မ သူနဲ့ ထပ္မေတြ့ရေတာ့ဘူး။ သူက မိတ္ေဆြလား ရန္သူလားဆုိတာကုိ က်ြန္မ ဘယ္လုိလုပ္သိပါ့မလဲ။ သူက ဒီတစ္ေခါက္ ေစ့စပ္ေဆြးေႏြးပြဲပ်က္ေအာင္လုိ့ က်ြန္မကို အသံုးခ်ၿပီးေတာ့ အားက်ိဳကို တားဖုိ့ၾကိဳးစားေနတာလားဆိုတာ
က်ြႏ္မ ဘယ္လုိလုပ္ၿပီးေတာ့ သိနုိင္ပါ့မလဲ”

“က်ြန္မ လုပ္နုိင္တာက အားက်ိဳကို သူ တုိင္းၿပည္ B ကို ခရီးထြက္ေန တုန္းမွာ အသက္အႏၱရာယ္နဲ့ ေတြ့လိမ့္မယ္လုိ့ ဆက္တုိက္သတိေပးေန ဖုိ့ပဲ။ ဒါဆုိရင္၊ သူလည္း သတိၾကပ္ၾကပ္ထားလုိ့ရသြားနုိင္တာေပါ့”

“ၿပီးေတာ့၊ အဲဒီလူ ေၿပာသြားတာက မွန္တာပဲျဖစ္ျဖစ္၊ မွားတာပဲျဖစ္ျဖစ္။ သတိဆိုတာက လိုလိုိပိုပို မရွိဘူးေလ။ ဒါေၾကာင့္မုိ့၊ က်ြန္မ လိုလုိမယ္မယ္ဆုိၿပီး ရုပ္ဖ်က္ဖုိ့ပါ ၾကဳိၿပင္ဆင္ထားခဲ့တာ။ ေနာက္ဆံုးမွာ တကယ္ၾကီး အသံုးလိုလာလိမ့္မယ္လို့ေတာ့ က်ြန္မ မေတြးထားခဲ့မိဘူး”

“က်ြန္မတုိ့ အဲဒီအသက္ေဘးကေန လြတ္ေၿမာက္လာၾကၿပီးတဲ့ေနာက္မွာ မွ အဲဒီလူက ရန္သူမဟုတ္ဘဲ မိတ္ေဆြၿဖစ္ေနတယ္ဆုိတာကုိ က်ြန္မ အတည္ၿပဳသြားနုိင္ေတာ့တယ္။ ဒါေပမယ့္၊ က်ြန္မ မသိေသးတာက က်ြန္မ ပထမဦးဆံုး ေတြ့ခဲ့ဖူးတဲ့ အဲဒီလူက ဘယ္သူလဲဆုိတာကိုပဲ”

“အစကေတာ့ အားက်ိဳ နုိ္းလာေတာ့မွပဲ အဲဒီအေၾကာင္းကို
သူနဲ့ ေဆြးေႏြးၾကည့္မယ္လုိ့ စဥ္းစားထားတာ ။ ဒါေပမယ့္၊ ဒါေတြ ေၿပာလာၾကေတာ့မွပဲ က်ြန္မကုိ သတိေပးသြားခဲ့တဲ့ အဲဒီလူက ရႊီရီရဲ့သူလ်ိဳ ၿဖစ္ေနမွန္း နားလည္သြားမိေတာ့တယ္”

ရီ၀မ္၀မ္ ေၿပာသြားသမ်ွတုိ့သည္ကား က်ိဳးေၾကာင္းဆီေလ်ာ္မႈ ရွိေန သည္။ သူမသည္ သံသယၿဖစ္ဖြယ္အခ်က္တုိင္းကုိ ဖံုးအုပ္ေၿပာဆိုသြား နုိင္ခဲ့သည္။

အၾကီးအကဲအားလံုးတုိ့ကား တုိးတုိးေရရြတ္လုိ့လာၾကလ်က္၊
သူမ ေၿပာသြားသည္တု့ိကို ေလးေလးနက္နက္ စဥ္းစားေတြးဆလို့ု ေနၾကသည္။ ၿမင္ေနၾကရသည့္ ထိုအမူအရာတုိ့အရာ၊ သူတုိ့ေတြသည္ ရီ၀မ္၀မ္၏စကားတုိ့အား အေတာ္ေလးယံုၾကည္ေနမိၾကေလသည္ကား အသိသာပင္။

ထိုသို့မွမဟုတ္ပါလ်ွင္၊ သူမလုိ ကေလးမေလးတစ္ေယာက္က အနာဂတ္ကို ၾကိဳခန့္မွန္းတတ္သည့္ ဒီလုိစြမ္းရည္မ်ိဳးၾကီး
ရွိေနနုိင္စရာ အေၾကာင္းမရွိပါေခ်။

ဒီအခုိက္တြင္ေတာ့၊ စီမင္းလီ၏မ်က္နွာ ပ်က္ယြင္းသြားရေတာ့ၿပီ။

သူသည္ကား ဒီမိန္းမစုတ္ေလးသည္ စကားလံုးနည္းနည္းေလာက္
ေလးနွင့္ သူ အၾကာၾကီးစီစဥ္ထားခဲ့ရပါသည့္ အၾကံအစည္ေတြ၊
သူ့ ေထာင္ထားခဲ့ရပါသည့္ ေထာင္ေခ်ာက္ကို ဖ်က္ဆီးပစ္နုိင္လိမ့္မည္ဟု ေမ်ွာ္လင့္မထားခဲ့မိသည္ပင္။

သူလ်ိဳသည္ကား ေသနွင့္ေခ်ၿပီ။
သူ့အေနၿဖင့္ ဘယ္လုိလုပ္ၿပီး သူမအား လႊတ္ေပးနုိင္ပါလိမ့္မည္နည္း။

ဒီမိန္းမက ပါးစပ္ထဲရွိတာ ေလ်ွာက္ေၿပာေနတာပဲ။

အဘြားအို၊ ထိုအေၾကာင္းအား စဥ္းစားေတြးဆလုိက္ေတာ့ၿပီး၊ ေတြ့ရွိသြားမိသည္ကား၊ ရီ၀မ္၀မ္ ေၿပာသြားသည္တုိ့မွာ က်ိဳးေၾကာငး္ ဆီေလ်ာ္မႈ ရွိသည္ဟူ၍။ “ဒါၿဖင့္ရင္ေတာ့….သမီးေလးအေနနဲ့
၉ ေလးကို မသြားဖုိ့ ေတာက္ေလ်ွာက္နားခ်ေနခဲ့ၿပီးေတာ့ သူနဲ့ လုိက္ပါလုိက္သြားခ်င္ခဲ့တာက မထူးဆန္းေတာ့ပါဘူးကြယ္”

ရီ၀မ္၀မ္၊ ေခါငး္ညိတ္ၿပလုိက္သည္။
“ဟုတ္ကဲ့၊ ဘြား။ ဒါေတြအားလံုးက အိမ္ေတာ္ထိန္း ရႊီ ေသြးဆာေသာ လူသတ္သမားဂိုဏ္းထဲမွာ သူလ်ိဳ ေမြးထားခဲ့တာကိုပဲ ေက်းဇူးတင္ရ မွာပါပဲ။ အဲဒါေၾကာင့္သာ က်ြန္မတုိ့ေတြ အခ်ိန္မီ ၾကိဳၿပင္ဆင္ထားနုိင္ခဲ့ ျပီးေတာ့ အားက်ိဳရဲ့အသက္ကို ကယ္တင္နုိင္ခဲ့တာပါ။ မဟုတ္လုိ့ရွိရင္၊ အက်ိဳးဆက္က မေတြး၀ံ့စရာပါဘဲ”

အဘြားအို၊ မ်က္နွာမွာ ေသြးစေသြးနတုိ့ လႊမ္းေနေခ်ၿပီး ဒူးတစ္ဖက္ ေထာက္ထားဆဲၿဖစ္ေနသည့္ ေယာက်ာ္းအား ၾကည့္လာေတာ့သည္။ ေနာက္ဆံုးတြင္ သူမ ေၿပာလာသည္ကား။
“ရႊီရီ…မတ္တပ္ရပ္ပါ….”

ရႊီရီ ၊ စကၠန့္အနည္းငယ္ေလာက္ ေၾကာင္အမ္းသြားမိေတာ့ၿပီး၊ ေနာက္မွ သူ အသိၿပန္၀င္လာေတာ့ကာ၊ မတ္တပ္ထရပ္လုိက္ေတာ့သည္။
“ဟုတ္ကဲ့….”

စီမင္းလီ၏မ်က္နွာသည္ကား လံုး၀အတိ မညး္ခ်ိတ္လုိ့ေနေခ်၏။ သူ့ရဲ့မ်က္လံုးတို့ အနည္းငယ္ ေၿပာင္းလဲသြားေတာ့ၿပီ။ သို့ေသ္ာလည္း၊ ဒီအခုိက္တြင္၊ သခင္မၾကီးသည္ ရီ၀မ္၀မ္ ေၿပာသြားသည္တုိ့အား လံုး၀ လက္ခံယံုၾကည္သြားေပၿပီ။ သို့ဆုိရာ၊ သူအေနၿဖင့္ အခ်ိန္တစ္ခုအထိိ ရႊီရီနွင့္ ရႊီ မိသားစုအား ထပ္ထိနုိင္ေတာ့မည္ မဟုတ္ေတာ့ေခ်…..

“ဟားဟား….အိမ္ေတာ္ထိန္း ရႊီ၊ ဒီေတာ့ ဒါက ဒီလုိၿဖစ္ခဲ့တာေပါ့။ တကယ့္ကို အရမး္ၾကီး တုိက္ဆုိင္လြန္းသြားတာကိုး ။ ဒီေတာ့ ေနာက္တစ္ခါ ပုိၿပီးေတာ့ သတိနဲ့ေနရမယ္ေနာ္။ ကိုယ့္ကိုယ္ကို အထင္ၾကီးလြန္းၿပီးေတာ့ ေပါ့ေပါ့ေလး မေနနဲ့ေတာ့၊ ဟုတ္ပီလား” စီမငး္လီ၏နႈတ္ခမ္းတုိ့သည္ကား တြန့္ေကြးတက္လုိ့ေနလ်က္။

ရႊီရီ၊ စီမငး္လီ အား ေစာငး္ငဲ့ၾကည့္လုိက္၏။
သို့ေသာ္ၿငား၊ စကားေတာ့ ၿပန္ဆုိလာၿခင္းမရွိေခ်။

ခ်င္းရူရွီ၏မ်က္ခံုးတုိ့သည္ တြန့္ၾကဳတ္လုိ့ေနေခ်သည္။ ရီ၀မ္၀မ္သည္ ထိုလုပ္ၾကံသတ္ၿဖတ္မႈအား ဥာဏ္ရွိစြာနဲ့ ရပ္တန့္ပစ္နုိင္လိမ့္မည္ဟု
သူမ မေမ်ွာ္လင့္ထားခဲ့မိသည္တည္းပင္….

“ေက်းဇူးတင္ပါတယ္ခင္ဗ်ာ…က်ြန္ေတာ့္သားရဲ့ၿဖဴစင္မႈ၊ ရႊီ မိသားစု
ရဲ့ ၿဖဴစင္မႈကို သက္ေသၿပေပးတဲ့အတြက္ သခင္မေလး ရီ ကို ေက်းဇူးအမ်ားၾကီးတင္ပါတယ္”
အစဦးက ေဖ်ာ့ေတာ့ေနသည့္ မ်က္နွာပုိင္ရွင္၊ ရႊီခ်နး္ကုံ၊ ေနာက္ဆံုးတြင္ ေတာ့မွ သူ့ရဲ့ပါးၿပင္တုိ့မွာ အနီေရာင္ၿပန္သမ္းလာနုိင္ေတာ့ၿခင္းပင္။ သူသည္ ေက်းဇူးတင္စိတ္တုိ့ ၿပည့္လႊမး္ေနသည့္ မ်က္နွာၿဖင့္ ရီ၀မ္၀မ္ဘက္သို့ လွည့္လုိက္ကာ သူမအား ေက်းဇူးတင္စကား ဆုိလို့ေနေခ်သည္။

                     💖💖💖💖💖💖💖💖

စာစဥ္ ၁၇ ၊ အခန္း ၂၀။ သခင္ေလး ၉ နုိးလာၿပီ

“ဦးေလး ရႊီ၊ ေၿပာစရာမလုိပါဘူး။
က်ြန္မက အမွန္တရားကုိ ေၿပာေပးခဲ့ရံုပါ”
ရီ၀မ္၀မ္၊ ေၿပာလုိက္သည္နွင့္။

“ဟားဟား…”
စီမငး္လီ၊ ရႈ့ံခ်ရယ္လာသည္။ ေနာက္၊ ရုတ္တရက္ပင္၊ ခက္ခဲသည့္ေမးခြန္းတခ်ိဳ့ ထုတ္လာေတာ့၏။
“ဟုတ္ပါတယ္ဗ်ာ။ က်ြန္ေတာ္တုိ့ေတြ ရႊီရီကို မွားစြပ္စြဲမိခဲ့ၾကတာပါ။ ဒါေပမယ့္၊ မငး္နဲ့ေတာ့ ၿပသနာတခ်ိဳ့ ရွိေနေသးတယ္”

“မင္းက ငါတုိ့ စီ မိသားစုထဲမွာ တိတ္တိတ္ေလး ေရာက္ေနတဲ့
သူလ်ိဳတစ္ေယာက္မဟုတ္ဘူးလုိ့ ဘယ္သူ ေၿပာနုိင္ပါ့မလဲ - သခင္ၾကီးနဲ့ စီ မိသားစုရဲ့ ယံုၾကည္မႈကို ရဖုိ့အတြက္ ဒီတစ္ေခါက္မွာ
မငး္ တမင္သက္သက္ ၀င္ကယ္ေပးခဲ့တာဆုိရင္ေကာ။ မငး္ရဲ့အၾကီးမားဆုံးၿဖစ္တဲ့ပန္းတုိင္ၾကီးကို ေရာက္ဖုိ့အတြက္ေလ။ ဟုတ္တာေပါ့။ ဒါေတြအားလံုးကုိ တရားစီရင္ေရးခန္းမက စီရင္ဆံုးၿဖတ္ ေပးဖုိ့ လိုေသးတာေပါ့။ အဲဒါဆိုရင္ ငါတုိ့ေတြ အမွန္တရားကုိ အတိအက်သိၾကေတာ့မွာပါ”

တရားစီရင္ေရးခန္းမ ?

တရားစီရင္ေရးခန္းမထဲကို ၀င္သြားရရင္ ၿပန္ထြက္လာတဲ့အခါက်
ငါ့မွာ အသက္ေတာင္ၿပန္ပါလာပါေတာ့မလား။

စီမငး္လီကား သခင္မၾကီးနွင့္ စီမင္းရုန္ထံသို့ ၿမန္ၿမန္ဆန္ဆန္ ေလ်ွုာက္သြားၿပီးေနေခ်ၿပီ….
“အစ္ကုိၾကီး ၂၊ မရီး၊ ဒီမိန္းမက အရမး္ကို သံသယၿဖစ္ဖုိ့ေကာင္းလြန္း တယ္။ က်ြန္ေတ္ာ ဒီေန့ ဒါကို ရွင္းရွင္းလင္္းလင္းၿဖစ္သြားေအာင္ စစ္ေဆးၾကည့္ခ်င္တယ္။ ဒီကိစၥက စီ တစ္မိသားစုလံုးနဲ့ ပတ္သက္ေန တယ္။ အိမ္ေတာ္ရဲ့သခင္မ ၿဖစ္လာမယ့္သူက ရန္သူဘက္ကသူလ်ိဳ တစ္ေယာက္ ၿဖစ္ေနမယ္ဆိုရင္…”

စီမင္းရုန္သည္ကား တစ္ေယာက္လြတ္ေၿမာက္ဖုိ့ရာအတြက္ လူတစ္ေသာင္းကုိ သတ္လ်ွင္သတ္ရ ဟူသည့္ စည္းမ်ဥ္းကို
အၿမဲတေစ ကိုင္ေဆာင္ထားသူတည္း ၿဖစ္၏။ သို့ရာ၊ သူ့ရဲ့သေဘာထားသည္ကား စီမငး္လီ၏ဘက္သို့ အလုိလုိ တစ္သားတည္း ေရာက္သြားေတာ့ေလသည္။

စီမင္းရုန္ ေၿပာလာသည္။
“သတိရွိတာက အေကာင္းဆံုးပါပဲေလ။
နွံ့နွ့ံစပ္စပ္ စံုစမ္းစစ္ေဆးမႈ ၿပဳၾကတာေပါ့။
ဒါက လုိအပ္တာပဲ"

ဒီကိစၥသည္ကား အေရးပါလွေခ်သည္ ။

အဘြားအုိသည္ကား မ်က္ေမွာင္တုိ့ၾကဳတ္သြားေတာ့ၿပီ။
သို့ေသာ္၊ ဘာမွေတာ့ ေၿပာမလာ။

စီမင္းလီ၊ အေၿခအေနကုိ သေဘာေပါက္လုိက္ေတာ့ၿပီ။
သူ ၊ အဘြားအုိ ေၿပာဆုိလာသည္အား ေစာင့္ေနၿခင္းမရွိေတာ့။ စိတ္မရွည္စြာၿဖင့္ တံခါးဘက္လွည့္လိုက္ကာ၊ ေအာ္ေၿပာလုိက္ေတာ့၏။
“အေစာင့္ေတြ! သူမကို အက်ဥ္းခ်လုိက္ၾကစမ္း”

အထူးေလ့က်င့္ေပးခံထားရသည့္ ကိုယ္ရံေတာ္အနည္းငယ္တုိ့ုသည္ ေခါင္းညိတ္ၿပလိုက္ၾကေတာ့ၿပီး၊ ရီ၀မ္၀မ္ဆီသို့ ေလ်ွာက္သြားလိုက္ ျကေတာ့ၿပီ။

“မင္းတုိ့…မငး္တုိ့အားလံုး !”
ရႊီရီ၊ ထိတ္လန့္တုန္လႈပ္လုိ့ ေနေခ်သည္။
သူသည္ကား အစတြင္ စကားနည္းနည္းေလာက္ ေၿပာဆိုခ်င္ခဲ့၏။ သို့ေသာ္၊ သူ ေရာက္ေနသည့္အေၿခအေနအား ေတြးေတာလုိက္မိသည္ တြင္ေတာ့၊ ပါးစပ္ပိတ္ရံုသာ တတ္နုိ္င္ေတာ့ေပသည္။ မဟုတ္ပါက အေၿခအေနသည္ ပိုဆိုးရံုသာဆုိးလာေပလိမ့္မည္မဟုတ္ေပေလာ။

ရႊီခ်န္းကုံသည္လည္း ထပ္တူညီပင္ ခံစားမိေနေခ်၏ -
သူ ခ်က္ခ်င္းပင္ ရႊီရီ အား ေခါင္းခါၿပလုိက္ကာ
အသံတစ္သံမွ မထြက္ပါရန္ အခ်က္ၿပလုိက္ေတာ့သည္။

ဒီမိသားစု အစည္းအေ၀းပြဲ ၿပီးလ်ွင္ေတာ့ သူတုိ့ေတြမွာ
တစ္ခုခု အေၿဖရွာနုိင္ရင္ အေၿဖရွာေပးနုိင္ေပလိမ့္မည္။

ရီ၀မ္၀မ္၊ သူမရဲ့မ်က္လံုးတုိ့ ေမွးစင္းမိလုိက္ေတာ့ေပၿပီ။
ဒါ ငါ ဒီေန့ ဒီေနရာမွာ ေသရေတာ့မွာမ်ား ၿဖစ္ေနမလား။

သူမသည္ ရႊီရီ၏ၿဖဴစင္မႈကုိ သက္ေသၿပေပးနုိင္ခဲ့ၿပီၿဖစ္ေၾကာင္း သူမအေနၿဖင့္ အလြန္ပင္ ေသခ်ာေနပါေသာ္လည္း၊
သူမ ေမ့ေနခဲ့မိသည္ကား သူမ နွင့္ စီမင္းလီ၏ အဆင့္အတန္းသည္ အလြႏ္တရာပင္ ကြာဟေနလြန္းသည္ဆုိတာ….

ခြန္အားၾကီးမားသည့္သူေရွ့တြင္၊ ဗ်ဴဟာမ်ားစြာတုိ့သည္ကား အသံုးမ၀င္ေတာ့သလိုပင္။

ငါက အခုေလာေလာဆယ္ေတာ့ အရမး္ၾကီးကို အားနည္းလြန္းေနေသးတယ္….

သနားညွာတာစိတ္အလ်ဥ္းမရွိသည့္ ေအးစက္လွေသာ ကုိယ္ရံေတာ္ တုိ့ုသည္ ရီ၀မ္၀မ္ဆီသို့ ေလ်ွာက္လွမ္းလာၾကေပၿပီ။ သူတုိ့၏တုတ္ခုိင္သည့္လက္တုိ့သည္ သူမအား အားၿပင္းၿပင္းၿဖင့္ ဆြဲကုိင္ၾကေတာ့မည္အၿပဳ…

*အဟမ္း…*

ဒီအခုိက္အတန့္၀ယ္၊ ဒုကၡအတိေရာက္ေနသည့္အလယ္တြင္၊ ရုတ္တရက္ဆိုသလုိ အလြန္တရာမွ ေပ်ာ့ေပ်ာင္းညင္သာသည့္ အသံတစ္သံ ေပၚထြက္လာေခ်သည္။

ထုိအသံသည္ကား ေၿမာက္ေလေအး တုိက္ခတ္လုိက္သည့္အလားနွယ္ အလြန္တရာမွပင္ ႏူးညံ့ေပ်ာ့ေပ်ာင္းလုိ့ေနရကား။ ခ်က္ခ်င္းပင္၊ လူတုိင္းမွာ ေအးခဲတံု့သြားၾကရေတာ့သည္တည့္။

ဆူညံပြက္ေလာရိုက္မႈတုိ့အားလုံး ရုတ္ၿခည္းပင္ ေပ်ာက္ကြယ္သြား ၾကေတာ့ၿပီ။ ခ်ြန္ထက္ထက္ဓားတစ္ေခ်ာင္း သူတို့၏လည္တုိင္ကို ထိုးစုိက္ထားၾကသည့္အလားနွယ္ လူတုိင္းကား တိတ္ဆိတ္သြားၾက ေပၿပီ။ တစ္ေယာက္မွ်ပင္ အသံထြက္ရဲၿခင္း မရွိေတာ့။

လူတုိင္း၊ အသံလားရာဆီ လွည့္ၾကည့္လုိက္ၾကရာ….

ဒီေနာက္၊ သူတုိ့ ၿမင္လုိက္ၾကေတာ့သည္ကား။
စီရီဟန္ တကယ္ၾကီး နုိးလာၿပီ !

အနွီလူသားသည္ကား ေၿပေလ်ာ့ေနသည့္ ညအိပ္၀တ္စံုအပါးကို ၀တ္ဆင္ထား၏။ သူ့ကိုယ္သူ တံခါးေဘာင္တြင္ အမီွျပဳထားလ်က္၊ ေနရာတြင္ ရပ္လုိ့ေန၏။ သူ့ရဲ့မ်က္နွာသည္ကား အေသြးအေရာင္မရွိ၊ လံုး၀အတိပင္ ေဖ်ာ့ေတာ့လုိ့ေနေခ်ၿပီး ေၿခလွမ္းတုိ့သည္ကား အလြန္တရာ တည္ၿမဲၿခင္းမရွိ။ သူ့ရဲ့နက္ရိႈင္းေအးစက္ၿပီး ဖတ္မရသည့္မ်က္၀န္းတုိ့သည္ မည္းေမွာင္မႈတုိ့ အံု့ဆုိ္င္းထားေခ်ၿပီ။

“ဦးေလး ၄၊ စီ မိသားစုထဲမွာ ဘယ္အခ်ိန္ကစၿပီးေတာ့ ဦးေလးက ဆံုးၿဖတ္ခ်က္ေတြအားလံုးကို ခ်လို့ရတဲ့သူ ၿဖစ္လာခဲ့တာလဲ။ 
က်ြန္ေတာ္ မသိလိုက္ရပါလား”

အနွီလူသား၏မာထန္ထန္ အသံသည္ လူတုိ္ငး္၏နားစည္ထဲ ပဲ့တင္ရုိက္ခတ္သြားေတာ့သည္။

သူသည္ကား အခ်ိန္မေရြး လဲက်သြားနုိင္သည့္ ေနမေကာင္းအားမရွိ ေနသည့္ လူတစ္ေယာက္သာသာပင္။ သို့တုိင္ ၊ လူတုိင္း ၾကည့္ေနမိၾက သည္ကား သူတုိ့ေတြသည္ ငရဲခန္းအား ေရာက္ေနၾကသည့္အလား နွယ္။ သူတုိ့ေတြကား အလြန္တရာမွပင္ ေၾကာက္လြန့္ ထိိတ္လန့္လုိ့ ေနၾကေပၿပီ။

အထူးသၿဖင့္၊ စီမငး္လီ ပင္။
သူ အခုနက ရွိေနခဲ့သည့္ ေထာင္လႊားမႈတို႔သည္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားရေတာ့ၿပီ။ သူ့ရဲ့မ်က္နွာတစ္ခုလံုးသည္ကား ေၾကာက္ရြ့ံမႈတုိ့ ၿပည့္လႊမ္းေနၿပီး ခ်က္ခ်င္းဆုိသလိုပင္ သူ့နဖူးၿပင္ထက္၀ယ္ ေခ်ြးပုတီးလံုးေလာက္ ျကီးေတြ ၿဖစ္တည္လာေတာ့ၿပီ။ စကားေၿပာဆိုလိုဟန္ၿဖင့္ သူ၊ သူ့ရဲ့ပါးစပ္အား ဖြင့္ဟလိုက္ပါ၏။ သို့ေသာ္၊ အလြန္တရာမွပင္ ေၾကာက္လြန့္ေနသည္ၿဖစ္ရကား၊ စကားတစ္ခြန္းတစ္ေလမ်ွပင္ ထြက္က်လာၿခင္းမရွိ….

“သ…သခင္ၾကီး…”

“သခင္ၾကီး ၉ သတိရလာၿပီ !”

…….

ေနာက္ဆံုးတြင္မွ လူတုိင္း၊ တစ္ေယာက္ၿပီးလ်ွင္ တစ္ေယာက္ အသိၿပန္ကပ္သြားနုိင္ၾကေတာ့ၿခင္းပင္တည္း ။

စီရီဟန္၏ထူးမၿခားနားသည့္အၾကည့္တုိ့ုသည္ကေတာ့ ဘယ္သူ့ထံတြင္မွ က်ေရာက္ရပ္တန့္သြားၿခင္း မရွိပါေခ်။
လူတုိ္င္အား ၿဖတ္ေက်ာ္ၾကည့္လုိက္ၿပီး ၊ ေနာက္ ၊ ရီ၀မ္၀မ္ထံတြင္ အၾကည့္တုိ့ ရပ္တန့္သက္ဆင္းသြားေတာ့ေခ်ၿပီး ။
“ဒီကို လာ”

                    💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

Goddess : 
၀န္ဇင္းမွာ စာအုပ္လိုက္ တစ္ခါတည္းအျပတ္ဖတ္လိုသူဒါဒါေလးမ်ား အတြက္လည္း စာစဥ္ ( ၁၆ )အထိ တင္ေပးၿပီးထားလို႔ သြားေရာက္ ၀ယ္ယူအားေပးလို႔ရပါၿပီလို႔ သတင္းေကာင္းေလးပါးလိုက္ပါရေစ😘
Paid group ၀င္လိုသူဒါဒါေလးမ်ားအတြက္လည္း စာစဥ္ ( ၁၉ ) အထိ gp ၀င္လို႔ရပါၿပီေနာ္ 💖💖💖💖💖💖💖

.......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   17
Chapter.          :  19 + 20
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၇၊ အခန်း ၁၉။ လုပ်ကြံသတ်ဖြတ်မှုကို ရပ်တန့်ခြင်း

စီမင်းလီ၊ နှာခေါင်းရှုံ့လို့ ထပ်ဖန် မေးလာပြန်သည်။
“ကောင်းပြီ။ ဒီရှင်းပြချက်ကို ဟုတ်ပြီပဲထားပါတော့။
ဒါဆို ခရီးမထွက်ခင် တစ်ပတ်အလိုက အဲဒီသူလျိုက မင်းကို လာရှာခဲ့ ပြီးတော့ သွေးဆာသောလူသတ်သမားဂိုဏ်းက သခင်ကြီးကို လုပ်ကြံ သတ်ဖြတ်ဖို့ စီစဉ်ထားတယ်လို့ပါ သူ ပြောထားခဲ့တယ်လို့ မင်း ပြော လိုက်ပါတယ် - ဒါက ဒီလောက်သေရေးရှင်ရေး ကိစ္စဖြစ်နေမှတော့
မင်း ဘာကြောင့်များ ချက်ချင်း အကြောင်းမကြားခဲ့ဘဲနဲ့ အခုမှပဲ ထပြောရတာလဲ”

သက်ပြင်းတွင်တွင် ချလိုက်တော့သည့် ရီဝမ်ဝမ်။
သူမ ပုံလေးသည်ကား  တစ်မျိုးတစ်ဘာသာစိတ်ပျက်နေလေဟန်ဖြင့်။
“သူစိမ်းက ပြောတဲ့စကားကို လွယ်လွယ်ကူကူ မယုံရဘူးဆိုတာ သုံးနှစ်သားကလေးတောင်မှ သိတယ်။ ဦးလေး ၄ က ဒါကို သိမထား တာကတော့ သနားစရာပဲ”

နောက်၊ စီမင်းလီ ပြောဆိုလာသည်ကို စောင့်မနေတော့ဘဲ၊
ရီဝမ်ဝမ်၊ ပြောလာတော့၏။
“ဘယ်ကနေပေါ်လာမှန်းမသိရတဲ့အဲဒီလူက အဲဒီစကားတွေကို ပြောသွားပြီးတဲ့နောက်မှာ ကျွန်မ သူနဲ့ ထပ်မတွေ့ရတော့ဘူး။ သူက မိတ်ဆွေလား ရန်သူလားဆိုတာကို ကျွန်မ ဘယ်လိုလုပ်သိပါ့မလဲ။ သူက ဒီတစ်ခေါက် စေ့စပ်ဆွေးနွေးပွဲပျက်အောင်လို့ ကျွန်မကို အသုံးချပြီးတော့ အားကျိုကို တားဖို့ကြိုးစားနေတာလားဆိုတာ
ကျွန်မ ဘယ်လိုလုပ်ပြီးတော့ သိနိုင်ပါ့မလဲ”

“ကျွန်မ လုပ်နိုင်တာက အားကျိုကို သူ တိုင်းပြည် B ကို ခရီးထွက်နေ တုန်းမှာ အသက်အန္တရာယ်နဲ့ တွေ့လိမ့်မယ်လို့ ဆက်တိုက်သတိပေးနေ ဖို့ပဲ။ ဒါဆိုရင်၊ သူလည်း သတိကြပ်ကြပ်ထားလို့ရသွားနိုင်တာပေါ့”

“ပြီးတော့၊ အဲဒီလူ ပြောသွားတာက မှန်တာပဲဖြစ်ဖြစ်၊ မှားတာပဲဖြစ်ဖြစ်။ သတိဆိုတာက လိုလိုပိုပို မရှိဘူးလေ။ ဒါကြောင့်မို့၊ ကျွန်မ လိုလိုမယ်မယ်ဆိုပြီး ရုပ်ဖျက်ဖို့ပါ ကြိုပြင်ဆင်ထားခဲ့တာ။ နောက်ဆုံးမှာ တကယ်ကြီး အသုံးလိုလာလိမ့်မယ်လို့တော့ ကျွန်မ မတွေးထားခဲ့မိဘူး”

“ကျွန်မတို့ အဲဒီအသက်ဘေးကနေ လွတ်မြောက်လာကြပြီးတဲ့နောက်မှာ မှ အဲဒီလူက ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေတယ်ဆိုတာကို ကျွန်မ အတည်ပြုသွားနိုင်တော့တယ်။ ဒါပေမယ့်၊ ကျွန်မ မသိသေးတာက ကျွန်မ ပထမဦးဆုံး တွေ့ခဲ့ဖူးတဲ့ အဲဒီလူက ဘယ်သူလဲဆိုတာကိုပဲ”

“အစကတော့ အားကျို နိုးလာတော့မှပဲ အဲဒီအကြောင်းကို
သူနဲ့ ဆွေးနွေးကြည့်မယ်လို့ စဉ်းစားထားတာ ။ ဒါပေမယ့်၊ ဒါတွေ ပြောလာကြတော့မှပဲ ကျွန်မကို သတိပေးသွားခဲ့တဲ့ အဲဒီလူက ရွှီရီရဲ့သူလျို ဖြစ်နေမှန်း နားလည်သွားမိတော့တယ်”

ရီဝမ်ဝမ် ပြောသွားသမျှတို့သည်ကား ကျိုးကြောင်းဆီလျော်မှု ရှိနေ သည်။ သူမသည် သံသယဖြစ်ဖွယ်အချက်တိုင်းကို ဖုံးအုပ်ပြောဆိုသွား နိုင်ခဲ့သည်။

အကြီးအကဲအားလုံးတို့ကား တိုးတိုးရေရွတ်လို့လာကြလျက်၊
သူမ ပြောသွားသည်တု့ိကို လေးလေးနက်နက် စဉ်းစားတွေးဆလို့ နေကြသည်။ မြင်နေကြရသည့် ထိုအမူအရာတို့အရာ၊ သူတို့တွေသည် ရီဝမ်ဝမ်၏စကားတို့အား အတော်လေးယုံကြည်နေမိကြလေသည်ကား အသိသာပင်။

ထိုသို့မှမဟုတ်ပါလျှင်၊ သူမလို ကလေးမလေးတစ်ယောက်က အနာဂတ်ကို ကြိုခန့်မှန်းတတ်သည့် ဒီလိုစွမ်းရည်မျိုးကြီး
ရှိနေနိုင်စရာ အကြောင်းမရှိပါချေ။

ဒီအခိုက်တွင်တော့၊ စီမင်းလီ၏မျက်နှာ ပျက်ယွင်းသွားရတော့ပြီ။

သူသည်ကား ဒီမိန်းမစုတ်လေးသည် စကားလုံးနည်းနည်းလောက်
လေးနှင့် သူ အကြာကြီးစီစဉ်ထားခဲ့ရပါသည့် အကြံအစည်တွေ၊
သူ့ ထောင်ထားခဲ့ရပါသည့် ထောင်ချောက်ကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့မိသည်ပင်။

သူလျိုသည်ကား သေနှင့်ချေပြီ။
သူ့အနေဖြင့် ဘယ်လိုလုပ်ပြီး သူမအား လွှတ်ပေးနိုင်ပါလိမ့်မည်နည်း။

ဒီမိန်းမက ပါးစပ်ထဲရှိတာ လျှောက်ပြောနေတာပဲ။

အဘွားအို၊ ထိုအကြောင်းအား စဉ်းစားတွေးဆလိုက်တော့ပြီး၊ တွေ့ရှိသွားမိသည်ကား၊ ရီဝမ်ဝမ် ပြောသွားသည်တို့မှာ ကျိုးကြောင်း ဆီလျော်မှု ရှိသည်ဟူ၍။ “ဒါဖြင့်ရင်တော့….သမီးလေးအနေနဲ့
၉ လေးကို မသွားဖို့ တောက်လျှောက်နားချနေခဲ့ပြီးတော့ သူနဲ့ လိုက်ပါလိုက်သွားချင်ခဲ့တာက မထူးဆန်းတော့ပါဘူးကွယ်”

ရီဝမ်ဝမ်၊ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့၊ ဘွား။ ဒါတွေအားလုံးက အိမ်တော်ထိန်း ရွှီ သွေးဆာသော လူသတ်သမားဂိုဏ်းထဲမှာ သူလျို မွေးထားခဲ့တာကိုပဲ ကျေးဇူးတင်ရ မှာပါပဲ။ အဲဒါကြောင့်သာ ကျွန်မတို့တွေ အချိန်မီ ကြိုပြင်ဆင်ထားနိုင်ခဲ့ ပြီးတော့ အားကျိုရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာပါ။ မဟုတ်လို့ရှိရင်၊ အကျိုးဆက်က မတွေးဝံ့စရာပါဘဲ”

အဘွားအို၊ မျက်နှာမှာ သွေးစသွေးနတို့ လွှမ်းနေချေပြီး ဒူးတစ်ဖက် ထောက်ထားဆဲဖြစ်နေသည့် ယောကျာ်းအား ကြည့်လာတော့သည်။ နောက်ဆုံးတွင် သူမ ပြောလာသည်ကား။
“ရွှီရီ…မတ်တပ်ရပ်ပါ….”

ရွှီရီ ၊ စက္ကန့်အနည်းငယ်လောက် ကြောင်အမ်းသွားမိတော့ပြီး၊ နောက်မှ သူ အသိပြန်ဝင်လာတော့ကာ၊ မတ်တပ်ထရပ်လိုက်တော့သည်။
“ဟုတ်ကဲ့….”

စီမင်းလီ၏မျက်နှာသည်ကား လုံးဝအတိ မည်းချိတ်လို့နေချေ၏။ သူ့ရဲ့မျက်လုံးတို့ အနည်းငယ် ပြောင်းလဲသွားတော့ပြီ။ သို့သေ်ာလည်း၊ ဒီအခိုက်တွင်၊ သခင်မကြီးသည် ရီဝမ်ဝမ် ပြောသွားသည်တို့အား လုံး၀ လက်ခံယုံကြည်သွားပေပြီ။ သို့ဆိုရာ၊ သူအနေဖြင့် အချိန်တစ်ခုအထိ ရွှီရီနှင့် ရွှီ မိသားစုအား ထပ်ထိနိုင်တော့မည် မဟုတ်တော့ချေ…..

“ဟားဟား….အိမ်တော်ထိန်း ရွှီ၊ ဒီတော့ ဒါက ဒီလိုဖြစ်ခဲ့တာပေါ့။ တကယ့်ကို အရမ်းကြီး တိုက်ဆိုင်လွန်းသွားတာကိုး ။ ဒီတော့ နောက်တစ်ခါ ပိုပြီးတော့ သတိနဲ့နေရမယ်နော်။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီးတော့ ပေါ့ပေါ့လေး မနေနဲ့တော့၊ ဟုတ်ပီလား” စီမင်းလီ၏နှုတ်ခမ်းတို့သည်ကား တွန့်ကွေးတက်လို့နေလျက်။

ရွှီရီ၊ စီမင်းလီ အား စောင်းငဲ့ကြည့်လိုက်၏။
သို့သော်ငြား၊ စကားတော့ ပြန်ဆိုလာခြင်းမရှိချေ။

ချင်းရူရှီ၏မျက်ခုံးတို့သည် တွန့်ကြုတ်လို့နေချေသည်။ ရီဝမ်ဝမ်သည် ထိုလုပ်ကြံသတ်ဖြတ်မှုအား ဉာဏ်ရှိစွာနဲ့ ရပ်တန့်ပစ်နိုင်လိမ့်မည်ဟု
သူမ မမျှော်လင့်ထားခဲ့မိသည်တည်းပင်….

“ကျေးဇူးတင်ပါတယ်ခင်ဗျာ…ကျွန်တော့်သားရဲ့ဖြူစင်မှု၊ ရွှီ မိသားစု
ရဲ့ ဖြူစင်မှုကို သက်သေပြပေးတဲ့အတွက် သခင်မလေး ရီ ကို ကျေးဇူးအများကြီးတင်ပါတယ်”
အစဦးက ဖျော့တော့နေသည့် မျက်နှာပိုင်ရှင်၊ ရွှီချန်းကုံ၊ နောက်ဆုံးတွင် တော့မှ သူ့ရဲ့ပါးပြင်တို့မှာ အနီရောင်ပြန်သမ်းလာနိုင်တော့ခြင်းပင်။ သူသည် ကျေးဇူးတင်စိတ်တို့ ပြည့်လွှမ်းနေသည့် မျက်နှာဖြင့် ရီဝမ်ဝမ်ဘက်သို့ လှည့်လိုက်ကာ သူမအား ကျေးဇူးတင်စကား ဆိုလို့နေချေသည်။

                     💖💖💖💖💖💖💖💖

စာစဉ် ၁၇ ၊ အခန်း ၂၀။ သခင်လေး ၉ နိုးလာပြီ

“ဦးလေး ရွှီ၊ ပြောစရာမလိုပါဘူး။
ကျွန်မက အမှန်တရားကို ပြောပေးခဲ့ရုံပါ”
ရီဝမ်ဝမ်၊ ပြောလိုက်သည်နှင့်။

“ဟားဟား…”
စီမင်းလီ၊ ရှုံ့ချရယ်လာသည်။ နောက်၊ ရုတ်တရက်ပင်၊ ခက်ခဲသည့်မေးခွန်းတချို့ ထုတ်လာတော့၏။
“ဟုတ်ပါတယ်ဗျာ။ ကျွန်တော်တို့တွေ ရွှီရီကို မှားစွပ်စွဲမိခဲ့ကြတာပါ။ ဒါပေမယ့်၊ မင်းနဲ့တော့ ပြသနာတချို့ ရှိနေသေးတယ်”

“မင်းက ငါတို့ စီ မိသားစုထဲမှာ တိတ်တိတ်လေး ရောက်နေတဲ့
သူလျိုတစ်ယောက်မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်ပါ့မလဲ - သခင်ကြီးနဲ့ စီ မိသားစုရဲ့ ယုံကြည်မှုကို ရဖို့အတွက် ဒီတစ်ခေါက်မှာ
မင်း တမင်သက်သက် ဝင်ကယ်ပေးခဲ့တာဆိုရင်ကော။ မင်းရဲ့အကြီးမားဆုံးဖြစ်တဲ့ပန်းတိုင်ကြီးကို ရောက်ဖို့အတွက်လေ။ ဟုတ်တာပေါ့။ ဒါတွေအားလုံးကို တရားစီရင်ရေးခန်းမက စီရင်ဆုံးဖြတ် ပေးဖို့ လိုသေးတာပေါ့။ အဲဒါဆိုရင် ငါတို့တွေ အမှန်တရားကို အတိအကျသိကြတော့မှာပါ”

တရားစီရင်ရေးခန်းမ ?

တရားစီရင်ရေးခန်းမထဲကို ဝင်သွားရရင် ပြန်ထွက်လာတဲ့အခါကျ
ငါ့မှာ အသက်တောင်ပြန်ပါလာပါတော့မလား။

စီမင်းလီကား သခင်မကြီးနှင့် စီမင်းရုန်ထံသို့ မြန်မြန်ဆန်ဆန် လျေှုာက်သွားပြီးနေချေပြီ….
“အစ်ကိုကြီး ၂၊ မရီး၊ ဒီမိန်းမက အရမ်းကို သံသယဖြစ်ဖို့ကောင်းလွန်း တယ်။ ကျွန်တေ်ာ ဒီနေ့ ဒါကို ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် စစ်ဆေးကြည့်ချင်တယ်။ ဒီကိစ္စက စီ တစ်မိသားစုလုံးနဲ့ ပတ်သက်နေ တယ်။ အိမ်တော်ရဲ့သခင်မ ဖြစ်လာမယ့်သူက ရန်သူဘက်ကသူလျို တစ်ယောက် ဖြစ်နေမယ်ဆိုရင်…”

စီမင်းရုန်သည်ကား တစ်ယောက်လွတ်မြောက်ဖို့ရာအတွက် လူတစ်သောင်းကို သတ်လျှင်သတ်ရ ဟူသည့် စည်းမျဉ်းကို
အမြဲတစေ ကိုင်ဆောင်ထားသူတည်း ဖြစ်၏။ သို့ရာ၊ သူ့ရဲ့သဘောထားသည်ကား စီမင်းလီ၏ဘက်သို့ အလိုလို တစ်သားတည်း ရောက်သွားတော့လေသည်။

စီမင်းရုန် ပြောလာသည်။
“သတိရှိတာက အကောင်းဆုံးပါပဲလေ။
နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးမှု ပြုကြတာပေါ့။
ဒါက လိုအပ်တာပဲ"

ဒီကိစ္စသည်ကား အရေးပါလှချေသည် ။

အဘွားအိုသည်ကား မျက်မှောင်တို့ကြုတ်သွားတော့ပြီ။
သို့သော်၊ ဘာမှတော့ ပြောမလာ။

စီမင်းလီ၊ အခြေအနေကို သဘောပေါက်လိုက်တော့ပြီ။
သူ ၊ အဘွားအို ပြောဆိုလာသည်အား စောင့်နေခြင်းမရှိတော့။ စိတ်မရှည်စွာဖြင့် တံခါးဘက်လှည့်လိုက်ကာ၊ အော်ပြောလိုက်တော့၏။
“အစောင့်တွေ! သူမကို အကျဉ်းချလိုက်ကြစမ်း”

အထူးလေ့ကျင့်ပေးခံထားရသည့် ကိုယ်ရံတော်အနည်းငယ်တို့ုသည် ခေါင်းညိတ်ပြလိုက်ကြတော့ပြီး၊ ရီဝမ်ဝမ်ဆီသို့ လျှောက်သွားလိုက် ကြတော့ပြီ။

“မင်းတို့…မင်းတို့အားလုံး !”
ရွှီရီ၊ ထိတ်လန့်တုန်လှုပ်လို့ နေချေသည်။
သူသည်ကား အစတွင် စကားနည်းနည်းလောက် ပြောဆိုချင်ခဲ့၏။ သို့သော်၊ သူ ရောက်နေသည့်အခြေအနေအား တွေးတောလိုက်မိသည် တွင်တော့၊ ပါးစပ်ပိတ်ရုံသာ တတ်နိုင်တော့ပေသည်။ မဟုတ်ပါက အခြေအနေသည် ပိုဆိုးရုံသာဆိုးလာပေလိမ့်မည်မဟုတ်ပေလော။

ရွှီချန်းကုံသည်လည်း ထပ်တူညီပင် ခံစားမိနေချေ၏ -
သူ ချက်ချင်းပင် ရွှီရီ အား ခေါင်းခါပြလိုက်ကာ
အသံတစ်သံမှ မထွက်ပါရန် အချက်ပြလိုက်တော့သည်။

ဒီမိသားစု အစည်းအဝေးပွဲ ပြီးလျှင်တော့ သူတို့တွေမှာ
တစ်ခုခု အဖြေရှာနိုင်ရင် အဖြေရှာပေးနိုင်ပေလိမ့်မည်။

ရီဝမ်ဝမ်၊ သူမရဲ့မျက်လုံးတို့ မှေးစင်းမိလိုက်တော့ပေပြီ။
ဒါ ငါ ဒီနေ့ ဒီနေရာမှာ သေရတော့မှာများ ဖြစ်နေမလား။

သူမသည် ရွှီရီ၏ဖြူစင်မှုကို သက်သေပြပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သူမအနေဖြင့် အလွန်ပင် သေချာနေပါသော်လည်း၊
သူမ မေ့နေခဲ့မိသည်ကား သူမ နှင့် စီမင်းလီ၏ အဆင့်အတန်းသည် အလွန်တရာပင် ကွာဟနေလွန်းသည်ဆိုတာ….

ခွန်အားကြီးမားသည့်သူရှေ့တွင်၊ ဗျူဟာများစွာတို့သည်ကား အသုံးမဝင်တော့သလိုပင်။

ငါက အခုလောလောဆယ်တော့ အရမ်းကြီးကို အားနည်းလွန်းနေသေးတယ်….

သနားညှာတာစိတ်အလျဉ်းမရှိသည့် အေးစက်လှသော ကိုယ်ရံတော် တို့ုသည် ရီဝမ်ဝမ်ဆီသို့ လျှောက်လှမ်းလာကြပေပြီ။ သူတို့၏တုတ်ခိုင်သည့်လက်တို့သည် သူမအား အားပြင်းပြင်းဖြင့် ဆွဲကိုင်ကြတော့မည်အပြု…

*အဟမ်း…*

ဒီအခိုက်အတန့်ဝယ်၊ ဒုက္ခအတိရောက်နေသည့်အလယ်တွင်၊ ရုတ်တရက်ဆိုသလို အလွန်တရာမှ ပျော့ပျောင်းညင်သာသည့် အသံတစ်သံ ပေါ်ထွက်လာချေသည်။

ထိုအသံသည်ကား မြောက်လေအေး တိုက်ခတ်လိုက်သည့်အလားနှယ် အလွန်တရာမှပင် နူးညံ့ပျော့ပျောင်းလို့နေရကား။ ချက်ချင်းပင်၊ လူတိုင်းမှာ အေးခဲတုံ့သွားကြရတော့သည်တည့်။

ဆူညံပွက်လောရိုက်မှုတို့အားလုံး ရုတ်ခြည်းပင် ပျောက်ကွယ်သွား ကြတော့ပြီ။ ချွန်ထက်ထက်ဓားတစ်ချောင်း သူတို့၏လည်တိုင်ကို ထိုးစိုက်ထားကြသည့်အလားနှယ် လူတိုင်းကား တိတ်ဆိတ်သွားကြ ပေပြီ။ တစ်ယောက်မျှပင် အသံထွက်ရဲခြင်း မရှိတော့။

လူတိုင်း၊ အသံလားရာဆီ လှည့်ကြည့်လိုက်ကြရာ….

ဒီနောက်၊ သူတို့ မြင်လိုက်ကြတော့သည်ကား။
စီရီဟန် တကယ်ကြီး နိုးလာပြီ !

အနှီလူသားသည်ကား ပြေလျော့နေသည့် ညအိပ်ဝတ်စုံအပါးကို ဝတ်ဆင်ထား၏။ သူ့ကိုယ်သူ တံခါးဘောင်တွင် အမှီပြုထားလျက်၊ နေရာတွင် ရပ်လို့နေ၏။ သူ့ရဲ့မျက်နှာသည်ကား အသွေးအရောင်မရှိ၊ လုံးဝအတိပင် ဖျော့တော့လို့နေချေပြီး ခြေလှမ်းတို့သည်ကား အလွန်တရာ တည်မြဲခြင်းမရှိ။ သူ့ရဲ့နက်ရှိုင်းအေးစက်ပြီး ဖတ်မရသည့်မျက်ဝန်းတို့သည် မည်းမှောင်မှုတို့ အုံ့ဆိုင်းထားချေပြီ။

“ဦးလေး ၄၊ စီ မိသားစုထဲမှာ ဘယ်အချိန်ကစပြီးတော့ ဦးလေးက ဆုံးဖြတ်ချက်တွေအားလုံးကို ချလို့ရတဲ့သူ ဖြစ်လာခဲ့တာလဲ။ 
ကျွန်တော် မသိလိုက်ရပါလား”

အနှီလူသား၏မာထန်ထန် အသံသည် လူတိုင်း၏နားစည်ထဲ ပဲ့တင်ရိုက်ခတ်သွားတော့သည်။

သူသည်ကား အချိန်မရွေး လဲကျသွားနိုင်သည့် နေမကောင်းအားမရှိ နေသည့် လူတစ်ယောက်သာသာပင်။ သို့တိုင် ၊ လူတိုင်း ကြည့်နေမိကြ သည်ကား သူတို့တွေသည် ငရဲခန်းအား ရောက်နေကြသည့်အလား နှယ်။ သူတို့တွေကား အလွန်တရာမှပင် ကြောက်လွန့် ထိတ်လန့်လို့ နေကြပေပြီ။

အထူးသဖြင့်၊ စီမင်းလီ ပင်။
သူ အခုနက ရှိနေခဲ့သည့် ထောင်လွှားမှုတို့သည် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရတော့ပြီ။ သူ့ရဲ့မျက်နှာတစ်ခုလုံးသည်ကား ကြောက်ရွံ့မှုတို့ ပြည့်လွှမ်းနေပြီး ချက်ချင်းဆိုသလိုပင် သူ့နဖူးပြင်ထက်ဝယ် ချွေးပုတီးလုံးလောက် ကြီးတွေ ဖြစ်တည်လာတော့ပြီ။ စကားပြောဆိုလိုဟန်ဖြင့် သူ၊ သူ့ရဲ့ပါးစပ်အား ဖွင့်ဟလိုက်ပါ၏။ သို့သော်၊ အလွန်တရာမှပင် ကြောက်လွန့်နေသည်ဖြစ်ရကား၊ စကားတစ်ခွန်းတစ်လေမျှပင် ထွက်ကျလာခြင်းမရှိ….

“သ…သခင်ကြီး…”

“သခင်ကြီး ၉ သတိရလာပြီ !”

…….

နောက်ဆုံးတွင်မှ လူတိုင်း၊ တစ်ယောက်ပြီးလျှင် တစ်ယောက် အသိပြန်ကပ်သွားနိုင်ကြတော့ခြင်းပင်တည်း ။

စီရီဟန်၏ထူးမခြားနားသည့်အကြည့်တို့ုသည်ကတော့ ဘယ်သူ့ထံတွင်မှ ကျရောက်ရပ်တန့်သွားခြင်း မရှိပါချေ။
လူတိုင်အား ဖြတ်ကျော်ကြည့်လိုက်ပြီး ၊ နောက် ၊ ရီဝမ်ဝမ်ထံတွင် အကြည့်တို့ ရပ်တန့်သက်ဆင်းသွားတော့ချေပြီး ။
“ဒီကို လာ”

                    💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Goddess : 
ဝန်ဇင်းမှာ စာအုပ်လိုက် တစ်ခါတည်းအပြတ်ဖတ်လိုသူဒါဒါလေးများ အတွက်လည်း စာစဉ် ( ၁၆ )အထိ တင်ပေးပြီးထားလို့ သွားရောက် ဝယ်ယူအားပေးလို့ရပါပြီလို့ သတင်းကောင်းလေးပါးလိုက်ပါရစေ😘
Paid group ဝင်လိုသူဒါဒါလေးများအတွက်လည်း စာစဉ် ( ၁၉ ) အထိ gp ဝင်လို့ရပါပြီနော် 💖💖💖💖💖💖💖

Continue Reading

You'll Also Like

24.6K 1.8K 23
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...
Story By Noe

Short Story

22.3K 1.7K 12
Short story ​ေလး​ေတြပါ​ေနာ္​ ဘာသာျပန္မဟုတ္ပါ Tmnkhon ပိုင္ဆိုင္သည့္ story မ်ားသာျဖစ္သည္။
92.3K 7.9K 22
Villain Girl Arc-1နဲ့ Arc-2ကိုwallထဲမှာရှာဖတ်လို့ရပါတယ်။ ဒါကArc-3ပါနော်။ အဆက်​လေးကိုအားပေးကြပြဦး။ Own Creation Unicode only