ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
အပိုင်း ၆
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ယံယံ နံနက်အိပ်ယာထတိုင်း သိင်္ခရဲ့မျက်နှာချောချောကို တဝကြီးမော့ကြီးပြီးမှထလေသည်။ ယခုလဲ သိင်္ခမျက်နှာအားငေး၍နေရာအနှံ့လက်ချောင်းလေးများနှင့်တို့ထိနေလေသည်။
သိင်္ခလဲ ယံယံအား ခါးမှဆွဲ၍ ရင်ခွင်ထဲထည့်ခါဖက်လိုက်လေသည်။
"ကိုကို နိုးနေရင်လဲလွှတ်ဗျာ..အသက်ရှူ ကြပ်တယ်"
"လူကိုခိုးကြည့်ပြိး ဟိုထိဒီထိလုပ်တာ ဘယ်က ကလေးလေးလဲ....."
"ကိုကိုနော်..... ကလေးက ချစ်လို့ကို"
"ဟောဗျာ ကိုကိုကလဲချစ်လို့ပါနော်....ကိုကို့ကို morning kissပေးဦးလေ"
"ကိုကိုလူလည်ကြီး....အာဘွားပေးမယ်မွစ်"
"ကိုကို့မနက်ခင်းလေးကတော့ ကလေးလေးအနမ်းကြောင့်သာယာသွားပြီ...ချစ်လိုက်တာကလေးရယ်" ဟုဆိုခါ ယံယံ့နဖူးလေးကိုနမ်းလိုက်လေသည်။
"ကိုကို....ဒီနေ့လဲ ကလေးနားမှာပဲနေနော်..."ဟု အသနားခံတဲ့မျက်လုံးများနှုင့်သိင်္ခအားမော့ကြည့်ခါပြောလေသည်။
"အယ်ဒီနေ့ကိုကို companyသွားမှဖြစ်မယ်ကလေးရဲ့.....အလုပ်တွေကိုစည်သူနဲ့ပဲ လွှတ်ထားလို့မရဘူးလေ....ကိုကိုစောစောပြန်လာမယ်လေ....နော်ကလေးလေး စိတ်မကောက်ရဘူး"
သိင်္ခလဲ နှုတ်ခမ်းဆူပြခါဂျစ်တိုက်နေသော ယံလေးအား နားလည်အောင်ပြောပြနေရလေသည်။
ယံယံလဲ သိင်္ခကိုစိတ်ကောက်နေရာမှ ရုတ်တရက်သတိရ၍ သိင်္ခအလုပ်အကြောင်းမေးလိုက်လေသည်။
"ကိုကို ကုမ္ပဏီက ဘာလုပ်ရတာလဲ....ကလေးမေးမယ်မေးမယ်နဲ့ သတိမရလို့ "
သိင်္ခ ယံယံ၏ ရုတ်တရက်အမေးကြောင့်ကျောပင်တောင့်သွားလေသည်။တစ်နေ့နေ့တွင်မေးလာမည်ကိုသိသော်လဲ ပြန်ပြောစရာ အဖြေမရှိပေ။ထို့ကြောင့်.....
"ကလေး သိချင်တာနောက်မှမေးနော်ခုတော့ထ မျက်နှာသစ်ကြမယ်"ဟုဆိုခါ ယံယံအား ချီပိုး၍ရေချိုးခန်းတွင်းသို့ခေါ်ဆောင်သွားလေသည်။
ညလွန်းယံ မိမိမေးတာကိုမဖြေပဲ စကားလွှဲခါ မျက်နှာသစ်ပေးနေသော ကိုကို့ကိုမကျေနပ်ပေမယ့်ထပ်မမေးတော့ချေ။ သိင်္ခရဲ့ဂရုစိုက်မှုအောက်ကြည်နူးနေရလေသည်။
.
.
.
.
.
.
.
.
ယံယံရေချိုးပြီးသောအခါ သိင်္ခအတွက်အဝတ်စားများပြင်ဆင်၍စောင့်နေလေသည်။သိင်္ခရေချိူးခန်းထဲမှ ခါးအောက်ပိုင်းကို သဘတ်ဖြူလေးပတ်ခါထွက်လာလေသည်။
ညလွန်းယံ....
Arryrrr......ကြွက်သားတွေအကြီးကြီးပဲ....ရေစိုနေတဲ့မျက်နှာကလဲခန့်ညားလိုက်တာ....... ဒီလိုကြည့်တော့အရပ်က ပ်ုရှည်နေသလိုပဲ.....ဂလု..... ဒီလောက်ပြီးပြည့်စူံတဲ့သူက ငါ့ယောက်ျားတဲ့လား......
သိင်္ခဗိုက်ကကြွက်သားတွေကိုကြည့်ပြိး ယံယံသူ့ဗိုက်သူပြန်ကိုင်ခါ အားမလိုအားမရတွေဖြစ်နေလေသည်။
ခန့်သိင်္ခမောင်
ကျွန်တော်ရေချိုးပြီးထွက်လာတော့ အခန်းထဲကအကောင်ပေါက်လေးက သူ့ဗိုက်သူကိုင်ပြီး ကျွန်တော့်ကိုစိုက်ကြည့်နေလေရဲ့....ဗိုက်ဆာလို့များစိတ်ကောက်နေပြီလားမသိဘူး......arryarr ဝတ်ထားတာကလဲ ကျွန်တော့်ရှပ်အင်္ကျီကြီးကောက်စွတ်ပြီး boxerလေးနဲ့.....ဖြူ ဖြူ သွယ်သွယ်ပေါင်တံလေးတွေကအတိုင်းသားမြင်နေရတာ..... ဒီကကောင်သမာဓိကသိပ်မခိုင်ချင်တော့ဘူး.....ဒီကလေး လူကိုရုံးမသွားအောင်တမင်များမြူဆွယ်နေသလားပဲ.....
ယံယံ မိမိရှေ့သို့ သိင်္ခတိုးလာတာကိုတောင်သတိမထားမိပဲ စိတ်ထဲ၌ ဆစ်ပတ်စ်ထွက်ရန်သာတွေးနေလေသည်။
သိင်္ခ ယံလေးရဲ့ခါးအားဆွဲဖက်ခါ ရင်ခွင်ထဲသို့ထည့်ဖက်လိုက်လေသည်။သိင်္ခရဲ့ ဝင်လေထွက်လေနွေးနွေးလေးက ယံယံနဖူးပေါ်သို့ပွတ်တိုက်ကျီစယ်သွားလေသည်။
"ကလေး.....အရမ်းချစ်ဖို့ကောင်းနေတယ်ကွာ"
သိင်္ခစကားကြောင့်ယံယံ ကြက်သီးပင်ထသွားလေသည်။
"အာ....ကိုကို ဖယ်...လွှတ်ဦး...ဒီမှာ ကလေး ကိုတို့တွက်အင်္ကျီထုတ်ပေးထားတယ်" ဟုပြောခါ သိင်္ခရင်ခွင်ထဲမှ ရုန်းကန်ထွက်နေသဖြင့်သိင်္ခလဲ ယံယံအားလွှတ်ပေးလိုက်လေသည်။
ထို့နောက်သိင်္ခ ယံယံအား အင်္ကျီကိုင်ပြီးရပ်ကြည့်နေလေသည်။ယံယံလဲဘာလဲဆိုသည့်အထာနှင့်မေးဆက်ပြလိုက်လေသည်။
"ကလေး....ကြယ်သီးမတပ်ပေးဘူးလား... "
"ဟွန့်ကိုကိုကလဲ အရင်ကကိုယ့်ပါကိုတပ်တာမဟုဘူးလား"
"အရင်ကဟာကအရင်ကလေ ခုက ကလေးတပ်ပေးတာလိုချင်လို့ပေါ့"
ယံယံ လဲ သိင်္ခနားသို့သွားခါကြယ်သီးတပ်ပေးလေသည်။သိင်္ခ ယံယံခါးအားလက်နှစ်ဖက်နှင့်ကို်ခါ ယံယံ နဖူးလေးအားနမ်းလိုက်ပါးနှစ်ဖက်အားနမ်းလိုက်လုပ်နေလေသည်။ယံယံလဲနောက်ဆုံးကြယ်သီးတပ်ခါနီးတွင်....
"ကိုကို ငြိမ်ငြိမ်နေလို့မရဘူးလား ကလေး တပ်ရတာအဆင်မပြေဘူး "
"ဒါဆို ကိုကိုအဆင်ပြေအောင်လုပ်ပေးမယ်လေ"
ဟုဆိုခါ ယံယံနှုတ်ခမ်းအားစုပ်ခါနမ်းလိုက်လေသည်။
သိင်္ခနှင့်ယံလေး အနမ်းတိုက်ပွဲဆင်နွှဲနေစဉ်အခန်းတံခါးခေါက်သံကြားရသဖြင့်လူချင်းခွာလိုက်လေသည်။
သိင်္ခလဲ
"ဘယ်သူလဲ"ဟုမေးခါ တံခါးဆွဲဖွင့်လ်ုက်လေသည်။
ဘုန်းစည်သူလဲ တံခါးခေါက်မိပြီးမှ ပြန်လှည့်ထွက်ရခက်မို့ အခန်းရှေ့၌သာရပ်နေလိုက်သည်။
"ကျွန်တော်ပါ Boss ...Dinning room မှာမတွေ့လို့အပေါ်တက်လာတာပါ "ဟု စည်သူ မျက်လွှာချခါ သိင်္ခအားစကားဆိုလေသည်။
သိင်္ခ စည်သူ့အားမျက်မှောင်ကျုံ့၍
"ဘာကိစ္စလဲ " ဟုမေးလိုက်လေသည်။
စည်သူ သိင်္ခအမေးအား အထစ်ထစ်ငေါ့ငေါ့ဖြင့်...
"ဟို....ဟိုလေ....ဒီနေ့ Boss ကုမ္ပဏီလာမယ်ဆိုလို့ လုပ်ရမယ့်စာရင်းတွေလာတင်ပြတာပါ"
သိင်္ခံ ဘုန်းစည်သူအားမျက်မှောင်ကျုံ့ကြည့်ခါ....
"အဲ့ဒါတွေက ရုံးရောက်မှပြောလိူ့မရဘူးလား."
"ဟို...Boss က မနက်စာစားချိန်အမီ...လာပြောဆိုလို့..."
"တိတ်စမ်း သွား...အောက်ကစောင့်နေ...လာခဲ့မယ်
....သွား..."
ဟုဆိုခါ စည်သူ့အားအောက်မှစောင့်နေရန်ပြောလိုက်လေသည်။
ဘုန်းစည်သူ
သူ့ဟာလေးရှိနေတော့ငါ့တောင်အော်လွှတ်နေပြီ RSတွေ အမြင်ကိုကပ်တယ်...ဟွန်း....
သိင်္ခ ယံယံ့ဘက်လှည့်ခါပြုံးပြလိုက်သောအခါ ယံယံ အရှက်သည်းစွာခေါင်းငုံ့လိုက်လေသည်။
"ကလေး....ကလေးလို့....မော့ကြည့်ဦး ကိုကို့က်ု"
ယံယံလဲ ဆက်ခနဲမော့ကြည့်ခါ....
"ဘာလဲဗျာ....ရုံသွားမှာမလား....သွားတော့....ရော့ ဒီမှာ ကိုကိုအိတ်" ဟုဆိုခါ သိင်္ခလက်ဆွဲအိတ်အား လက်ထဲအတင်းထည့်ပေးခါ အခန်းပြင်သို့်အတင်းတွန်းလွှတ်လေတော့သည်။
.
.
.
.
.
.
.
သိင်္ခ ကားပေါ်တက်ခါနီးတွင်....
"ကလေး လိမ်လိမ်မာမာနေနော်...ကိုကိုစောစောပြန်လာခဲ့မယ်...အပြင်သွားချင်ရင်ဂိုဒေါင်ထဲက ကားတစ်စီးယူသွား GPSတော့ဖွင့်ထားနော်....ဒါမှကလေးလမ်းပျောက်ရင်ကိုကိုရှာရလွယ်မှာ....ဒါဆိူကိုကိုသွားမယ်" ဟုဆိုခါ ယံယံ့နဖူးလေးအားနမ်းခါ စည်သူတံခါးဖွင့်ပေးထားသည့်ကားပေါ်တက်လိုက်လေသည်။စည်သူလဲ သိင်္ခကားပေါ်သို့ရောက်သည်နှင့်ကားကိုကျင်လည်စွာမောင်းထွက်လိုက်လေသည်။
"ကဲ စည်သူ အလုပ်မှာဘာတွေထူးသေးလဲပြောတော့ "
"Boss..... Bar ကမန်နေဂျာက ကျွန်တော်တို့ရန်သူအဖွဲ့နဲ့ပေါင်းပြီး လစဉ်စာရင်းရှင်းတမ်းမအပ်ပဲငွေတွေလဲ အလွဲသုံးစားလုပ်နေပါတယ်Boss....."
"ငွေဘယ်လောက်ကွာနေလဲ စည်သူ"
"သိန်း ၁၈၀ ပါ Boss....သူ့ကိုရှင်းပေးဖို့ပြောပါသေးတယ်....ဟိုဘက်အဖွဲ့အားကိုးနဲ့ မပေးနိုင်ဘူးလို့ငြင်းပါတယ်။"
"ငါကိုယ်တိုင်သွားမယ်....Bar ကိုပဲမောင်းလိုက်...ဒီနေ့ဒီကိစ္စအပြတ်ရှင်းမယ်"
"ဟုတ်ကဲ့ပါ Boss"
.
.
.
.
.
.
.
.
.
.
ဖြောင်း....
"မင်းက ဘာမဟုတ်တဲ့အဖွဲ့ကထောက်ပံ့မှုရတာနဲ့ ငါ့ကိုအာခံတယ်ပေါ့လေ"
"မ.... မဟုတ်ပါဘူး...Boss ရယ်..ကျွန်....ကျွန်တော်က"
သိင်္ခ စကားဆုံးအောင်နားမထောင်ပဲလက်သာကာပြလိုက်သည်။
"ကျွန်တော်လာတာ ခင်ဗျားပြောတာတွေ နားထောင်ဖို့မဟုတ်ဘူး....အခုဆုံးရှုံးသွားတဲ့ငွေအတွက်တန်ရာတန်ကြေးလာယူတာ"....ဟုဆိုပြီး ဘုန်းစည်သူခါးကြားမှသေနတ်ကိုဆွဲထုတ်ခါ မန်နေဂျာအားပစ်သတ်လိုက်လေသည်။
ထို့နောက်စည်သူ့အားသေနတ်ပြန်ပေးခါ....
"ဒီဟာတွေအကုန်ရှင်းပစ်လိုက်....ငါဒီနေ့ ဒီမှာမန်နေဂျာအသစ်ပြန်ရွေးမယ်.....ပြီးရင်ရှိတဲ့ဝန်ထမ်းတွေကို ရုံးခန်းထဲစုခိုင်းထားလိုက်"
"ဟုတ်ကဲ့ Boss " ဟုပြောခါ စည်သူနှင့်အဖွဲ့သားများထွက်ခွာသွားလေသည်။
သိင်္ခလဲခုံပေါ်သို့မီခါ မျက်စိမှိတ်ထားလိုက်လေသည်။
.
.
.
.
.
.
.
.
ညလွန်းယံတစ်ယောက်ဟင်းချက်နေသောအဒေါ်ကြီးအားဘေးမှဝင်ကူရင်း ရှုပ်နေလေသည်။သိင်္ခအကြောင်းသိရန်ကြိုးစားသော်လည်း...မည်သူမျှမဖြေသဖြင့်ယံယံလဲ သိင်္ခထံနေ့လည်စာသွားပို့ရန်သာ ကြံစည်လေတော့သည်။
"ကြီးကြီး...ထမင်းဗူးပြင်ပေးပါ...ကိုကို့စီသွားပို့မလို့"
"ဟို...သားလေး ဆရာက ရုံးမှာပဲစားနေကြ ကြီးကြီးတို့ပို့ပေးစရာမလိုဘူးကွဲ့"
"ဟာ မရဘူးဗျာ သားသွားပိူ့ပေးမလိူ့...ကြီးကြီးမထည့်ပေးလဲနေ...သားပါသာလုပ်မယ်ဖယ်ပေး"
ဟုဆိုခါ ယံယံ ဟိုရှာဒီရှာနှင့်ထမင်းဗူးထည့်ရန်ပြင်ဆင်လေတော့သည်။
ဟိုမမီ ဒီမမီနှင့်လုပ်နေသောညလွန်းယံကြောင့်အဒေါ်ကြီးလဲမနေသာတော့ပဲ ညလွန်းယံကိုငြိမ်ငြိမ်ထိုင်စေကာ မိမိကိုယ်တိုင်သာပြင်ဆင်ပေးလိုက်လေသည်။
ညလွန်းယံရှေ့ထမင်းဗူးချပေးလိုက်သောအခါ လိုချင်တာရသဖြင့်ပျော်သွားသောခလေးတစ်ယောက်လို အဒေါ်ကြီးပါးကိုရွှတ်ခနဲနမ်းခါ သိင်္ခစီသို့လိုက်သွားရန်အိမ်ပြင်သို့ပြေးထွက်သွားလေသည်။
အဒေါ်ကြီးလဲပြေးထွက်သွားသောညလွန်းယံကို ပြုံး၍ကြည့်နေလေသည်။
ညလွန်းယံ
ဂိုဒေါင်ထဲမှ porte 2doorsလေးကိုထုတ်ခါ ကိုကို့companyရှိရာသို့မောင်းနှင်လာလေသည်။
လမ်းတွင်မီးပွိုင့်မိစဉ်ဘေးဝဲယာသို့ကြည့်မိသောအခါ...သိင်္ခစီးသွားသောကားကိုတွေ့သဖြင့်လမ်းဘေးသို့ကားကိုဆွဲချရပ်တန့်လိုက်လေသည်။
ညလွန်းယံ ကားရပ်၍ ဆင်းမည်ပြုစဉ်သိင်္ခကားရပ်ထားသောဆိူင်မှာ KTV and BAR ဖြစ်နေသဖြင့်မဆင်းတော့ပဲ ကားပေါ်မှာသာစောင့်ကြည့်နေလိုက်သည်။
ထိုစဉ်ဘုန်းစည်သူမှကောင်မလေးများကိုခေါ်ခါ အတွင်းသို့ဝင်သွားသည်ကိုမြင်သောအခါ ညလွန်းယံ ထိုဆိုင်ရှေ့မှ ပြန်၍မောင်းထွက်လာလေသည်။
ငါ့နားမှာနေပေးပါဆိုတော့ အလုပ်ရှိတယ်ဆိုပြီး ခုကျတော့.....အား....အရမ်းစိတ်တိုဖို့ကောင်းတယ်...ဟင့်...ကောငိမလေးတွေနဲ့သွားပြီး....ပျော်ပါးနေတယ်..... လူယုတ်မာကြီး....
ညလွန်းယံလဲငိုရင်းကားမောင်းလာရာ အိမ်ကိုရောက်မှန်းမသိပြန်ရောက်လာလေသည်။ထမင်းဗူးကို ဧည့်ခန်းရှိစားပွဲပေါ်သို့ချခါ အပေါ်ထပ်အခန်းသိူ့ပြေးတက်သွားလေသည်။
T.B.C
Written by Author K
Admin 4 of Fic ရပ်ဝန်းနယ်မြေ
Sunday,September 15,2019
1788 words