ချစ်တက်လွန်းသူ၏ နှလုံးသားမှသည်
အပိုင်း ၅
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
သိင်္ခ ၄နှစ်တာမျှ ထိန်းထားသောအချစ်များအား ဆုမွန်မစမှုနှင့်ယံယံ့အားသိမ်းပိုက်ခဲ့လေသည်။
ညအလင်းရဲ့တိုးဝင်မှုက ခန့်သိင်္ခမောင်၏ အိပ်ခန်းတွင်းသို့ဝင်ရောက်၍ ညလွန်းယံ၏ ကိုယ်ပေါ်၌ ဖြန့်ကျက်နေလေသည်။
ခန့်သိင်္ခမောင်သည်ကုတင်အားမှီ၍ ညလွန်းယံ၏ကိုယ်လေးအား ရင်ခွင်ထဲသို့ထည့်ထားလေသည်။
ညလွန်းယံ၏ ဖြူ ဥနေသောအသားရေပေါ်၌ ခန့်သိင်္ခမောင်၏ အချစ်အမှတ်အသားများကပြန့်ကျဲနေလေသည်။ခန့်သိင်္ခမောင်ညလွန်းယံ၏ ဆံသားနုနုလေးများကို နဖူးပေါ်သို့သပ်တင်ပေးကာတောင်းပန်စကားဆိုလေသည်၊
"ယံလေး....ကိုကိုတောင်းပန်ပါတယ်နော်...ကိုကိုလေ စိတ်မထိန်းနိုင်ဖူးဖြစ်သွားတယ်...... ဒါကလဲလေ ကိုကိုထန်တာမဟုတ်ပါဘူး....ကလေးနဲ့မှ ကိုကိုဒီစိတ်တွေဖြစ်လာတာပါ ကလေးက ကိုကို့ရဲ့ပထမပါ....နော်ကလေးလေး စိတ်မဆိုးပါနဲ့နော်" ဟုပြောလေသည်။
ထိုစဉ်ယံယံ သိင်္ခအားတိုးဖက်ခါ
"ကလေး စိတ်မဆိုးပါဘူး ကိုကို...ရှက်လို့ပါ....ပြီးတော့နာလဲနာတယ်...ဟင့်"
သိင်္ခ ယံယံမျက်နှာလေးကိုမေးစေ့မှဆွဲကာမော့စေပြီး နဖူးလေးအားအနမ်းချွေလိုက်လေသည်။ထို့နောက်နှုတ်ခမ်းလေးအားနမ်းမည်ပြုစဉ်....တံခါးခေါက်သံ ကြားရလေသည်။
"ဒေါက်....ဒေါက်....ဒေါက်...ဒေါက်"
"ဟဲ့....သိင်္ခရေ....ညစာစားချိန်ရောက်နေပြီနော်....ဆင်းမလာကြသေးဘူးလား "
သိင်္ခလဲ ဆုမွန်ကိုစိတ်ထဲမှကျိန်ဆဲခါ ညဝတ်အင်္ကျံကောက်ဝတ်၍ တံခါးဖွင့်ပြီးခေါင်းထွက်ကြည့်ခါ..ဘာလဲဆိုသည့်သဘောနှင့်မေးဆတ်ပြလိုက်လေသည်။
"အဟမ်း ထမင်းစားဖို့လာခေါ်တာလေ "
"မဆာဘူး နင့်ပါသာစားနှင့်ပြီးရင်လဲပြန်တော့ "
"အမလေး အမလေး မဆာလို့မရပါဘူးနော်နင်ထမင်းမစားတိုင်း ငါ့ကလေးကို ထပ်ခါထပ်ခါစားမနေနဲ့ သူကနုနုလေးရယ်အဲ့ဒါတွေသိလို့ကို တမင်လာခေါ်တာ"
"နင့်အကြံဒါအကုန်ပဲလား နင်ဝဋ်လည်မယ်နော်"
"ဟဲ့ သိင်္ခ ငါကူညီလို့နင်ဒီအခန်းထဲရောက်နေတာနော်အဟင်းဟင်း....ကျေးဇူးမကန်းနဲ့အကောင်ရဲ့....နင့်ကလေးကိုခေါ်ပြီးထမင်းစားဖို့ဆင်းခဲ့ကြ...ငါဆေးဝယ်ထားတယ်ကြားလား "
"ဟား...ဒါကျ ငါ့သူငယ်ချင်းလေးကကောင်းကျိုးပေးသွားပြန်ပြီ "
"နှာဗူးကောင်အပိုတွေလုပ်မနေနဲ့ '
သိင်္ခနှင့်ဆုမွန်တံခါးပေါက်နားရပ်ခါ စကားနိုင်လုနေရင်း ယံယံမှလှမ်းခေါ်လေတော့သည်၊
"ကိုကိုရေ သား Toilet သွားချင်တယ်လိုက်ပို့ပေးဦး " ဟုလှမ်းခေါ်လေသည်။
ဆုမွန်လဲမျက်စပစ်ပြရင်းအောက်သိူ့ပြန်ဆင်းသွားလေသည်။
သိင်္ခလဲ ယံလေးအားပွေ့ခါရေချိုးသန့်စင်ပေးပြီး ထမင်းစားရန်အောက်ထပ်သို့ချီလာလေသည်။
ဆုမွန်ယံယံထမင်းစားနေသည်ကိုစိုက်ကြည့်ရင်းစကားဆိုလေသည်။
"ယံလေး....ဟိုနေရာကနာနေတယ်မလားဟင်"
"အဟွတ်ဟွတ်... "
ယံယံစားနေရင်းထမင်းပင်သီးသွားလေသည်။
"ဟဲ့ သိင်္ခ.... ကလေးသီးသွားပြီရေထည့်ပေးလိုက်လေ...ဘာကြည့်နေတာလဲ"
သိင်္ခလဲ ဆုမွန်ကိုကြောင်ကြည့်နေရာမှ အသိဝင်လေသည်။
"အော်...အေးအေး... ကလေးရေသောက်ရော့....ဆုမွန်နင်လဲပေါက်ကရတွေလျှောက်မေးမနေနဲ့ ကလေးအနေရခက်အောင်"
"ဟဲ့ ငါကဆေးတိုက်မလို့မေးတာ.... ဒီလိူတွေဖြစ်မယ်မှန်းသိလို့ အဟင်းဟင်း .....ရော့....နင့်ကလေးက်ုဆေးတိုက်လိူက်...ငါပြန်တော့မယ်" ဟုဆိူခါကော့တော့ကော့တော့နှင့်ထွက်သွားလေတော့သည်။
သိင်္ခနှင့်ယံယံထမင်းစားပြီးသောအခါ ယံယံ ရုပ်ရှင်ကြည့်မည်ဆိုသဖြင့်သိင်္ခမှာ ယံယံအားရင်ခွင်ထဲထည့်ခါ ရုပ်ရှင်အတူလိုက်ကြည့်ပေးရလေသည်။
ထိုအကောင်ပေါက်ရုပ်ရှင်ကောင်းကောင်းမကြည့်ပဲ သိင်္ခကို လည်ပင်ကိုနမ်းလိုက်အင်္ကျီထဲလက်ထည့်လိုက်နှင့်အလုပ်ရှုပ်နေလေသည်။ ခြင်္သေဂူကိုမှ မကြောက်မလန့်ခဲနှင့်သွားပေါက်နေခြင်းပင်။
သိင်္ခလဲ ရင်ခွင်ထဲမှကလေးပိစိအား ငုံ့ကြည့်ခါ....
"ကလေး...ကိုကို့ကိုမြူ ဆွယ်နေတာလား..."
ယံယံလဲမျက်လုံးလေးထောင့်ကပ်ခါ စဉ်းစားဟန်ပြ၍...
"ဘာလုပ်မိလို့လဲ.....ကလေးက ကိုကို့ကိုချစ်လို့ချွဲတာကို..."
"ကလေးနော်အသည်းယားအောင်အရမ်းလုပ်တာပဲ" ဟုဆိုကာ ယံယံနဖူးလေးအား အနမ်းခြွေလိုက်လေသည်။
ထို့နောက်သိင်္ခမှ ယံယံ့အား....
"ကလေး....ကိုကို့ကိုစိတ်မဆိူးဖူးလား....ကလေးကိုခုလိုခေါ်ထားတာကို"
"ဟွန့်အွန်း...အစကတော့စိတ်ဆိူးတယ်....ဒါပေမယ့်ကိုကိုက ကလေးကို ဂရုလဲစိုက်တယ်ချစ်လဲချစ်ပေးတယ်ငွေရှိပြီး မပျော်ရွှင်တဲ့ ကလေးရဲ့ဘဝထဲမှာ ကိုကို့အချစ်က ကလေးကိုပျော်စေတယ်..... စိတ်လှုပ်ရှားစေတယ်....ပြီးတော့ ကိုကို့ကို ကလေးချစ်တယ်....ကိုကို့အနားမှာပဲနေချင်တယ်" ဟုဆိုကာ သိင်္ခမျက်နှာချောချောအားကြည့်ခါ သိင်္ခရင်ခွင်ထဲမှနေခါပြောလိုက်လေသည်။
သိင်္ခ....
ကျွန်တော်မထင်မှတ်ထားတဲ့စကားတွေကို ယံလေးစီကကြားလိုက်ရတော့ ကျွန်တော်အရမ်းပျော်သွားတယ်....စိတ်ဆိုးနေမယ်ထင်ပေမယ့်ကျွန်တော့်အချစ်ကိုလက်ခံပေးတဲ့အပြင်ကျွန်တော်နဲ့နေရတာပျော်တယ်ဆိုလို့ ကျွန်တော်မျက်ရည်ကျလောက်အောင်ကို ဝမ်းသာမိတယ်ဗျာ.....၄နှစ်လူံးလုံးမျှော်လင့်ခဲ့ရတဲ့ မျက်ဝန်းလှလှနဲ့ကောင်လေးတစ်ယောက်က အခု ကျွန်တော့်ရင်ခွင်ထဲမှာ ဖက်ထားခွင့်ရနေပြီလေ.....
ကျွန်တော်အတွေးစတွေထဲ ပီတိတွေဖြစ်နေမိတာ ကလေးခေါ်တာတောင်မကြားမိဘူးဖြစ်သွားတယ်....
"...ကိုကိုရေ....ကိုကိုလို့ ကိုကိုဆိုမှဗျာ...."
"အော်အင်း ကလေးလေးပြော....ကိုကိုအတွေးလွန်သွားတယ်....ကလေးဘာလုပ်ချင်လို့လဲ"
"ကလေးက မူဆယ်မှာ လည်ချင်ပတ်ချင်လို့အလည်လာတာ...ခုထိ ဘယ်မှမရောက်ဖြစ်သေးဘူး အာ့ မနက်ဖြန်ကိုကိုလိုက်ပို့ပေးပါလား..."
"အယ်....ပို့ပေးမှာပေါ့ကလေးရဲ့ ကိုကို့ကလေးလေးစိတ်တိုင်းကျဖြစ်စေရမယ်ဟုတ်ပြီလား"
"ယေး....အဲ့ဒါကြောင့်ကလေးက ကိုကို့ကိုချစ်တာ ....အာဘွားပေမယ်....မွစ်" ဟုဆိုခါ...သိင်္ခရင်ခွင်တွင်းမှ အကောင်ပေါက်လေးက မမီမကမ်းနမ်းလေတော့သည်။
မြတ်သိင်္ခစံအိမ်တော်ရှိ အိမ်စေများမှာ အရယ်အပြူံးမရှိသော သူတို့သခင်အား ရယ်အောင်ပြုံးအောင်လုပ်နိုင်တဲ့ ညလွန်းယံလေးကို မြတ်သိင်္ခစံအိမ်ရဲ့ဆည်းလည်းလေး ခန့်သိင်္ခမောင်ရဲ့ Oasisလေးအဖြစ်သက်မှတ်ထားလေသည်။
♥
♥
♥
♥
♥
♥
♥
♥
မူဆယ်မြို့ရဲ့ပျားပန်းခတ်မျှလှုပ်ရှားနေသောဈေးကြီးအတွင်းဝယ်တည်ငြိမ်ရင့်ကျက်မှုအသွင်ဆောင်သော သက်လတ်ပိုင်းလူရွယ်တစ်ဦးမှာ ပစ္စည်းများတစ်ပွေ့တစ်ပိုက်သယ်၍ရှေ့မှသွားနေသော ဆယ်ကျော်သက်အရွယ်လူငယ်လေးနောက်သို့မီအောင်လိုက်နေလေသည်။
"ကလေး....ကိုကို့ခဏစောင့်ဦး..."
"ကိုကိုကလဲ ကလေးကဖြည်းဖြည်းလေးသွားနေတာပါနော်....ကိုကိုသာ အဘိုးကြီးမို့လို့မီအောင်မလိုက်နိင်တာ"
"အာ့လိုနော်... " ဟုဆိုခါသိင်္ခနေရာမှာရပ်ခါစိတ်ဆိုးပြလိုက်လေသည်။
ယံယံလဲနောက်လှည့်ကြည့်ခါကိုကိုစိတ်ဆိုးနေမှန်းသိသဖြင့်အနားသို့ပြန်လျှောက်သွား၍ လက်မောင်းကိုဖက်ခါ....
"ကိုကို.....ကိုကိုလို့....အတည်ကြီးစိတ်ဆိုးတာလားဟင်.....ကလေးဟောဒီလိုအာဘွားပေးမယ်"ဟုဆိုခါ သိင်္ခမျက်နှာချောချောအား ယံလေးခြေဖျားထောက်ခါနမ်းလိုက်လေတော့သည်။
သိင်္ခ မှိုရတဲ့မျက်နှာပမာ ရွှင်ပြပြုံးဖြီးသွားလေသည်။
"အဟဲ ကိုကိုကစိတ်မဆိုးပါဘူးနော်ကလေးကိုစတာ..."
"တော်ပြီဗျာ....ကိုကိူလူလည်ကြီး...
မခေါ်တော့ဘူး သွား "
"အယ်ဗျာ.....ဒါဆို ကိုကို ဒီအရုပ်တွေဘာလုပ်လိုက်ရမလဲ.....ကလေးတကယ်မယူတော့ဘူးပေါ့ "
"အာ မရဘူး အရုပ်တွေကလေးကိုပေး ကိုကို့ပဲမခေါ်တာ" ဟုပြောပြီး သိင်္ခလက်ထဲမှ ကားရုပ်များကိုယူခါ လုံးလုံး လုံးလုံးနှင့်ရှေ့မှသွားလေသည်။
အိမ်တော်သို့ပြန်ရောက်သောအခါ နယ်စပ်မှသွင်းသော Remote control အရုပ်ပြိုင်ကားများနှင့်ဆော့နေလေသည်။
သိင်္ခလဲဧည့်ခန်း၌ ထိူင်ခါ စာရင်းလုပ်ရင်း ယံလေးအား လှမ်းခေါ်လေသည်။
"ကလေးလေး.....ဆော့နေတာမမောသေးဘူးလား..ကိုကိုခေါင်းမူးနေပြီ...ကိုကို့နားမှာ ငြိမ်ငြိမ်လေး ခဏလောက်လာထိုင်ပေးပါလား"
ယံယံလဲ သိင်္ခစကားကြောင့်လက်ထဲမှအရုပ်အားပစ်ချခါ သိင်္ခရှိရာသို့သွား၍ပေါင်ပေါ်တက်ထိုင်ပြီးလည်ပင်အားသိုင်းဖက်ထားလိုက်လေသည်။
"ကိုကိုခေါင်းမူးလို့လား.....ကလေးနှိပ်ပေးမယ်လေ..." ဟုဆိုခါ သိင်္ခနားထင်နှစ်ဖက်ကို ညလွန်းယံလက်သေးသေးလေးတွေနဲ့နှိပ်ပေးလေသည်။
သိင်္ခလဲ လက်သေးသေးလေးနဲ့ရွစိရွစိနှိပ်ပေးတာကိုသဘောခွေ့နေလေသည်။
ယံယံလဲ သိင်္ခသောက်ရန်ထမင်းချက်အဒေါ်ကြီးအား သံပုရာရည်ယူလာခိုင်းလေသည်။
"ကိုကို သက်သာလား မူးသေးလားဟင်........ ကလေး အာဘွားပေးမယ်ကိုကို သက်သာအောင်မွစ်' ဟုဆိုကာ ညလွန်းယံ သိင်္ခနဖူးအားနမ်းလိုက်လေသည်။
ခန့်သိင်္ခမောင်တစ်ယောက်သဘောကျလွန်းသဖြင့်သွားများပင်စိမရတော့ပေ။ထိုစဉ်တံခါးဝမှအသံကြောင့်လှည့်ကြည့်လိုက်ရာ ဆုမွန်ဖြစ်နေလေသည်။
"အမလေး လူပျိုကြီး ပါးစပ်လေးဘာလေးစိပါဦးဟယ်....နင့်မျက်နှာက အပြင်ကရာသီဥတုထပ်သာယာနေပါလား"
"နင်ကဘာလာလူပ်ပြန်တာလဲ ဆုမွန်"
သိင်္ခဘုကြည့်ကြည့်ခါမေးလိုက်လေသည်။
ဆုမွန်လဲ ခါးထောက်၍ ပိုက်ဆံအိတ်ကိုလက်တစ်ဖက်မှာ ရမ်းခါ သိင်္ခတို့အနားရောက်လာလေသည်။
"အမောင်သိင်္ခ...အခုတော့ နင်က ဒီစကားပြောပြီပေါ့လေ....ငါသာဆွဲစိမပေးရင်နင်ခြံနောက်ကမြေပိုမှာ ငှက်ပျောပင်စိုက်တော့မှာမလား...."
"ကဲကျေးဇူးရှင်မရယ်ကျေးဇူးလဲတငိပါတယ်နော်....အခုလာရင်းကိစ္စကိုသာပြောပါ "
"ငါဘန်ကောက်ပြန်တော့မလို့လေ အဲ့ဒါနင့်ကလေးကိုလာခေါ်တာ ဟိူမှာ shopping ထွက်ဖို့ ငါတာဝန်ယူတယ်ထည့်ပေးလိုက်"
"အယ်.....ငါမအားဘူးဟ "
"ဟဲ့ နင့်မခေါ်ဘူး ကလေးကိုခေါ်တာ....ကလေး မမနဲ့လိုက်မယ်မလား...." ဟု ယံလေးအားမေးလေသည်။
ညလွန်းယံလဲ မမဆုမွန်မေးသည်ကို ချက်ချင်းမဖြေပဲ သိင်္ခအားမော့ကြည့်လေသည်။
ဆုမွန်လဲ ညလွန်းယံ သိင်္ခကိုကြည့်နေသည်ကိုမြင်သဖြင့်.....
"ကဲ ကဲ မလိုက်နဲ့ မလိုက်နဲ့......ငါကုလားကားမကြည့်ချင်ဘူး ပြန်တော့မယ်ကလေးလဲမလိုက်နဲ့ ကိုကိုလဲမလိုက်နဲ့ "ဟုပြောခါဘောက်ဆတ်ဘောက်ဆတ်နှင့်ထွက်သွားလေသည်။
သိင်္ခလဲ ယံယံ့ခါးလေးကိုဖက်ခါ
"ကလေးဘာလို့ လိုက်မသွားတာလဲ...."
"ကိုကိုမပါလို့ မလိုက်ချင်ပါဘူး ကလေးက ကိုကို့နားမှာပဲနေချင်တာ" ဟုပြောပြီး သိင်္ခရင်ခွင်ထဲခေါင်းတိုးဝင်လေသည်။
ခန့်သိင်္ခမောင်ရဲ့နှလုံးသားရပ်ဝန်းလေးမှာ ညလွန်းယံကြောင့်သာယာနေလေသည်။
T.B.C
Written by Author K
Admin 5 Of Fic ရပ်ဝန်းနယ်မြေ
Thursday, September 12,2K19
1904 words