ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၇ ( ၁၃ + ၁၄ )

9.4K 968 8
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   17
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၇ ၊ အခန္း ၁၃။ စံုစမ္းေနစရာ မလုိေတာ့ဘူး

သူ့စကားအား ေၿပာၿပီးသြားသည္နွင့္ စီမင္းလီ ေကာက္ေပါက္ပစ္လုိက္ ေတာ့သည္။ သူ့နံေဘးတြင္ ရွိေနပါသည့္ လက္ဖက္ရည္ခြက္အား ေၿမွာက္လုိက္ကာ ရႊီရီထံ ပစ္ေပါက္ပစ္ လုိက္ၿခင္းပါတည္း။

နားထဲ ၀ွစ္ခ်္ ခနဲ အသံၾကားလိုက္ရၿပီ။ ေနာက္၊ လက္ဖက္ရည္ခြက္ သည္ ေၿမၾကီးေပၚသို့ က်ကာ အစိတ္စိတ္အမႊာမႊာ ကြဲေက်သြားရ ေတာ့ၿပီိ။ ရႊီရီ၏နဖူးၿပင္သည္ကေတာ့ မရပ္မနားတမ္း ေသြးတစိမ့္စိမ့္ ထြက္လုိ့ေနေလၿပီ။

သက္ေသအေထာက္အထားအား အေၾကာင္အသား ၾကည့္လုိ့ေနမိၾကပါသည့္ လ်ိဳယင္နွင့္အီလဲဗင္းတုိ့သည္ပင္
လံုး၀အတိ ေၾကာင္အမင္သက္သြားၾကရေတာ့သည္တည့္။

ၿပီးခဲ့သည့္ ၿဖစ္ရပ္နွစ္ခုတုိ့သည္ အမွန္တကယ္ပင္ ေမးခြန္းထုတ္စရာ ၿဖစ္ေနပါေသာ္လညး္ ၊ ရႊီရီ ၊ ေသြးဆာေသာလူသတ္သမားဂိုဏ္းႏွင့္ လ်ိဳ့လ်ိဳ့၀ွက္၀ွက္ေတြ့ဆံုခဲ့သည္ကား ၿငင္းလုိ့မရသည့္အခ်က္ ၿဖစ္ေနေခ်ရာ။

ရႊီရီ….ဒါက ဘယ္လုိလုပ္ၿပီးေတာ့ ၿဖစ္နုိင္….

ဒီအခုိက္အတန့္၊ အၾကီးအကဲအားလံုးတုိ့သည္
ရႊီရီ အား ေအးစက္စက္နွင့္စက္ဆုပ္သည့္အၾကည့္တုိ့ ေပးလာၾကေတာ့သည္။

“ရႊီရီ၊ ဒီမွာရွိေနတဲ့ ၿငင္းမရတဲ့သက္ေသေတြနဲ့ဆုိရင္ မငး္ ဒါကုိ ဘယ္လုိ ၾကည့္ေကာင္းေအာင္မ်ား ကလိမ္ဆင္ၿပီး ေၿပာဖုိ့ ၾကိဳးစားဦးမလဲ။
အဲဒီ သူလ်ိဳ ေသသြားရတာကလညး္ မငး္ သူ့ကုိ နႈတ္ပိတ္ဖုိ့ သတ္ပစ္လုိက္တာဆုိတာ အသိသာၾကီးပဲ”

“မင္း ဘာေၾကာင့္မ်ား စီ မိသားစုကို သစၥာေဖာက္ခဲ့ရတာလဲ။ မင္းရဲ့ေနာက္ကြယ္က သခင္က ဘယ္သူလဲ။
မငး္ရဲ့အကြက္ေတြက ဘာေတြလဲ”

“မငး္က တကယ့္ကုိ ေက်းဇူးမသိတတ္တဲ့သူပါလား။ အရင္ကြယ္လြန္သြားၿပီၿဖစ္တဲ့ သခင္ၾကီးေၾကာင့္သာမဟုတ္လုိ့ရွိရင္ မငး္တုိ့တစ္မိသားစုုလံုး မငး္တုိ့ရဲ့ရန္သူေတြ သတ္တာကို ခံရၿပီးေန ေလာက္ၿပီ။ မငး္တုိ့လည္း ပင္လယ္ၿပာထဲ အၿမွဳပ္ခံရၿပီးေနရေလာက္ ျပီကြ။ မငး္က တကယ္ပဲ အစာေက်ြးခဲ့တဲ့လက္ကုိ ၿပန္ကိုက္ရဲတယ္ ေပါ့ေလ။ ေခြးေလာက္မွ ေက်းဇူးမသိတတ္တဲ့ေကာင္။ ဇေကာေလာက္မွေဇာက္မနက္တဲ့ေကာင္”

“ရႊီ တစ္မိသားစုလံုး ဒဏ္ခတ္ခံရဖုိ့ ေမ်ွာ္လင့္တယ္”

………

ရႊီရီ၏ေခါင္းဆီက ေသြးတုိ့သည္ သူ့ရဲ့မ်က္ခံုးတစ္ေလွ်ာက္ စီးက်လို့ လာကာ သူ့ရဲ့မ်က္လံုးအိမ္ထဲသို့ တစ္စက္စက္စီးက်လာေနသည္မွာ ေသြးမ်က္ရည္မ်ားပင္ ၿဖစ္လုိ့ေနေခ်ၿပီ….

သူတုိ့တစ္ေယာက္ခ်ငး္စီ၏ ေအးစက္စက္မ်က္နွာေတြနွင့္ ဓားမ်ားၿဖင့္ နုတ္နုတ္စဥ္းၾကေတ့ာမည့္အလား ၾကည့္လုိ့ေနၾကသည့္ အၾကည့္စူးစူး တုိ့ကို ရင္ဆုိင္ေနရရငး္၊ သူ၏ေသြးရဲရဲနီေနသည့္ မ်က္လုံုးတုိ့အား ေမာ္ၾကည့္လုိက္ၿပီး စကားတစ္ခြန္းခ်င္းစီအား ၿပတ္ၿပတ္သားသား ေၿပာလာသည္။
“က်ြန္ေတာ္၊ က်ြန္ေတာ္ရဲ့သခင္ေလးကုိ သစၥာမေဖာက္ခဲ့ပါဘူး။ က်ြန္ေတာ္ ခုနက ေၿပာသြားတဲ့ စကားတုိငး္က အမွန္ေတြပါ။ က်ြန္ေတာ့္ရဲ့အေဖက သူ့ဘ၀တစ္ေလွ်ာက္လံုး လြန္ခဲ့ၿပီၿဖစ္တဲ့သခင္ၾကီး နဲ့ ရွိခဲ့သလုိ က်ြန္ေတာ္ကလည္း ငယ္ငယ္ေလးကတည္းက သခင္ေလး ေဘးနားမွာပဲ ရွိလာခဲ့တာပါ။ ရႊီ တစ္မိသားစုလံုးက သခင္အေပၚမွာ လံုး၀ သစၥာရွိၾကတာခ်ညး္ပါပဲ။ ဒီေန့၊ က်ြန္ေတာ္၊ ရႊီရီ၊ အလိမ္အညာ စကားတစ္ခြန္း ဆိုခဲ့မယ္ဆိုရင္ ငရဲေရာက္ရၿပီး တိရစၧာန္အၿဖစ္ ေမြးဖြားလာရပါေစ။ ဘယ္ေတာ့မွ လူၿပန္မၿဖစ္လာပါေစနဲ့”

စီမင္းလီ၊ ေလွာင္ေၿပာင္ေထ့ေငါ့ ေၿပာဆုိလာသည္။
“က်ိန္ရံုနဲ့သာ အၿပစ္ကင္းေၾကာင္းကို သက္ေသၿပနုိင္မယ္ဆုိလုိ့ကေတာ့ ဒီကမာၻေပၚမွာ ရာဇ၀တ္ေကာင္ရယ္လုိ့ကို ရွိလာမွာမဟုတ္ေတာ့ဘူး”

စီမင္းရုန္၏မ်က္နွာသည္ကား ေအးခဲလုိ့ေနလ်က္။
သူသည္ အခ်ိန္အၾကာၾကီးၾကာေအာင္ ေလးေလးနက္နက္ စဥ္းစားေတြးေတာလုိ့ ေနေလသည္။ “တၿခားကိစၥေတြအေၾကာငး္ မေၿပာၾကရေအာင္။ ဒီသက္ေသေတြက ၿငင္းလုိ့ မရနုိင္ဘူး။
မင္း ေၿပာသြားခဲ့သလုိပဲ မင္း တိတ္တိတ္ေလး သြားေတြ့ခဲ့တဲ့သူက သူလ်ဳိပါဆိုတာကို သက္ေသၿပနုိင္မယ့္ဟာ ရွိသလား”

သူလ်ိဳကပဲ ငါ့ရဲ့ၿဖဴစင္ေၾကာင္းကို သက္ေသလုပ္ေပးနုိင္မွာ။
အခုေတာ့ အဲဒီသူလ်ိဳလည္း ေသၿပီ။
ငါ လုပ္နုိင္တာ ဘာမွ မရွိေတာ့ဘူး….

“ၾကည့္ရတာ က်ြန္ေတ္ာတိ့ုရဲ့စံုစမ္းမႈ ဒီမွာတင္ ၿပီးၿပီထင္ပါတယ္”
စီမင္းလီ၊ အဘြားအိုဘက္သုိ့ လွည့္လုိက္ေတာ့ကာ။
“မရီး၊ အခု အားလံုးက အရမး္ကုိ ရွငး္ရွင္းလငး္လငး္ ၿဖစ္သြားၿပီ။
ဒီေတာ့ ဒီသစၥာေဖာက္အတြက္ အၿပစ္ဒဏ္ စီရင္ေပးပါေတာ့”

ဒီတစ္ခ်ိန္လံုး တိတ္တိတ္ဆိတ္ဆိတ္ေနေနခဲ့သည့္ အဘြားအိုသည္ကား ထူးထူးၿခားၿခား ၀မ္းနညး္ေၾကကြဲေနဟန္ ေပၚေနေခ်ၿပီး ရႊီရီအား စုန္ခ်ီဆန္ခ်ီကာ အၾကိမ္ၾကိမ္အခါခါ ၾကည့္လုိ့ေနေခ်သည္။

စီမင္းလီ၏နႈတ္ခမ္းေထာင့္စြန္းတုိ့ ေကြးတက္သြားရေတာ့ၿပီး အရိုးထိတုိင္ ေအးစိမ့္သြားေစနုိင္သည့္အၿပံဳးပန္းၾကီးတစ္ပြင့္ ဖြင့္ဟလာသည္ - ဒီတစ္ေခါက္ေတာ့၊ ရႊီရီ ေသခ်ာေပါက္ ေသၿပီပဲ။

ရႊီရီ တစ္ေယာက္တည္းတင္ မဟုတ္ဘူး။
ရႊီ တစ္မ်ိဳးလံုးတစ္ေဆြလံုးပါ ဒီထဲ ဆြဲထည့္ခံရေတာ့မွာ။

“သခင္မၾကီး”

ဒီအခုိက္၊ အနက္ေရာင္၀တ္စံု၀တ္ဆင္ထားသည့္ အသက္ ၆၀ အရြယ္ အဘုိးၾကီးတစ္ဦးသည္ တံခါးကုိ တြန္းဖြင့္ကာ ၀င္လာေလသည္။ သူသည္ကား တိတ္ဆိတ္ေနပါသည့္ သခင္မၾကီးအား စုိးရိမ္စြာၿဖင့္ ၾကည့္ရႈလုိ့ေန၏ ။

ဒါကို ၾကားလိုက္သည့္အခ်ိန္၊
လူတုိင္း၏မ်က္လံုးတုိ့သည္ ထုိလူထံ က်ေရာက္သြားၾကရေတာ့ၿပီ။
ဤအသက္ၾကီးၾကီးေယာက်ား္၏အမည္သည္ကား ရႊီခ်န္းကံု ။
သူသည္ ရႊီရီ၏ ဖခင္ၿဖစ္ၿပီး နွစ္ ၃၀ တိတိ စီ မိသားစုအတြက္ ထမ္းေဆာင္ခဲ့သူ ၿဖစ္ေခ်၏။ ယေန့တြင္၊ သူသည္လညး္ စီ မိသားစု ထဲက အသက္အၾကီးဆံုးသူေတြထဲက တစ္ဦး ၿဖစ္ေခ်ၿပီ။

“က်ြန္ေတာ့္ရဲ့သား ၊ ရႊီရီ က ရန္သူေတြနဲ့ ပူးေပါငး္တာလိုမ်ိဳး အသိတရားမဲ့တဲ့ကိစၥမ်ိဳးကို ဘယ္ေတာ့မွ လုပ္မွာမဟုတ္ပါဘူး။ သခင္မၾကီးအေနနဲ့ မွန္မွန္ကန္ကန္ စီရင္ေပးဖုိ့ ေမွ်ာ္လင့္ပါတယ္”

ရႊီခ်န္းကုံ၏ခႏၶာကုိယ္သည္ အနညး္ငယ္ တုန္ရီလုိ့ေနသည္။
စီ မိသားစုထဲက အသက္အၾကီးဆံုး ၿဖစ္ေနသည့္အားေလ်ာ္စြာ ၊
ရႊီရီတြင္ အၿပစ္ရွိသည္ဆုိလွ်င္ ေသခ်ာေပါက္ ေသရလိမ့္မည္ ျဖစ္ေၾကာင္းကို သူ သိလုိ့ေန၏။

စီ မိသားစု၏သခင္ၾကီးၿဖစ္သူ စီရီဟန္၊ အခုခ်က္ခ်င္း သတိၿပန္ရလာ မည္ ဆိုလ်ွင္ေတာင္ ရႊီရီ အၿပစ္ကင္းပါေၾကာင္း သက္ေသၿပနုိင္ၿခင္း မရွိပါက ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေပလိမ့္မည္တညး္ပင္။

အဘြားအုိသည္ သူမ၏မ်က္လံုးတုိ့အား အနည္းငယ္ ပိတ္ခ်လုိက္ ေတာ့သည္။ သူမ၏မ်က္နွာသည္ကား ေရခဲအလား ေအးခဲလို့ေနလ်က္၊ ရႊီခ်န္းကုံအား ၿပန္အဖတ္လုပ္ စကားဆုိလာၿခင္း မၿပဳေတာ့ေပ - ေၿပာရပါက၊ သူသည္ ရႊီရီ၏အေဖတည္း မဟုတ္ေပေလာ။ သုိ့ဆုိရာ၊
သူ ေသခ်ာေပါက္ ရႊီရီ အတြက္ ၀င္ကူေၿပာေပးေပလိမ့္မည္ပင္။

                     💖💖💖💖💖💖💖

စာစဥ္ ၁၇၊ အခန္း ၁၄။ အတြငး္သူခုိးကို ပိုခက္တယ္

“အဟတ္ !” စီမင္းရုန္၊ ေအးစက္စြာ ဆုိလာေခ်သည္။
“ရႊီခ်န္းကုံ၊ မင္းက ဒီအခ်ိန္မွာ ရႊီရီအတြက္ ၀င္ေၿပာေပးရဲေသးတယ္ေပါ့။ ဒီတစ္ေခါက္ကိစၥမွာ ရႊီ တစ္မိသားစုလံုးပါ အၿပစ္ကို ေရွာင္လႊဲလုိ့ မရေတာ့ဘူး”

ရႊီခ်န္းကုံ၏မ်က္နွာ နီရဲသြားရေတာ့ၿပီး၊ ခ်က္ခ်ငး္ဆုိသလုိပင္ ၿပန္စကားတံုု့ဆုိလာသည္။
“က်ြန္ေတ္ာ့အေနနဲ့ ကိုယ့္သားအေၾကာင္းကို ကုိယ္ ဘယ္လုိလုပ္ မသိဘဲေနမွာလဲ”

“မငး္ သိတယ္လား”
စီမင္းရုန္၊ အညိဳေရာင္ ဖုိင္အား ရႊီခ်န္းကုံ၏ေၿခေထာက္ဆီ ပစ္ခ်လုိက္ေတာ့ေပသည္။

ရႊီခ်န္းကံု၊ လ်င္လ်င္ၿမန္ၿမန္ပင္ ခါးကုိကိုင္းကာ ဖုိင္အား ေကာက္ယူလုိက္ေတာ့ၿပီး ဂရုတစုိက္ လွန္ေလွာၾကည့္
လုိက္ေတာ့ရာ။

စာမ်က္နွာတစ္ရြက္ လွန္လိုက္တုိင္း လွန္လုိက္တုိင္း၊
ရႊီခ်န္းကံု၏မ်က္ႏွာမွာ မည္းသထက္ မည္းနက္လာရေတာ့ၿပီ။ ဖိုင္ပါအေၾကာင္းအရာအားလံုးတုိ့အား သူ ဖတ္ရႈလုိ့ၿပီးသြားသည္ တြင္ေတာ့ သူ့ရဲ့မ်က္နွာသည္ လံုး၀အတိ စုတ္စုတ္ၿဖဴလုိ့ေနေခ်ၿပီ။ အေနာက္သို့ပင္ ေၿခလွမ္းအနည္းငယ္ ေယာင္ယမ္းဆုတ္မိသြားကာ ရႊီရီအား မယံုၾကည္စြာၿဖင့္ ၾကည့္လုိုက္မိရင္း။

“ရႊီရီ….မငး္….မင္း…”
ရႊီခ်န္းကံု၏ ေသခ်ာေနခဲ့ပါသည့္နွလံုးသားေလးသည္ စတင္ယုိယြင္းတုန္လႈပ္လာေတာ့ေခ်ၿပီ။

ရႊီရီ မွားသလားဆိုသည္ကား အေၾကာင္းမဟုတ္ေတာ့။ ဒီဖိုင္ထဲက အခ်က္အလက္တုိ့ုသည္ကေတာ့ မွားစရာအေၾကာင္း မရွိနုိင္ပါေခ်။ စီရီဟန္ကိုယ္တုိင္ ရႊီရီအတြက္ ၀င္ကူေၿပာေပးမည္ဆုိလွ်င္ေတာင္မွ လံုး၀အသံုး၀င္ေတာ့မည္ မဟုတ္ေတာ့ေပ…..

“အေဖ၊ က်ြန္ေတာ့္ကို အထင္လြဲေနၾကတာပါ။
က်ြန္ေတာ္ တကယ္ မလုပ္…. မလုပ္ခဲ့ဘူး”

သူ့ဖခင္အရင္း၏ သံသယ၀င္ေနေသာ၊ နွလံုးကြဲေၾကေနေသာ အမူအရာအား ၾကည့္ေနမိရရင္း၊ ရႊီရီ၊ နာက်င္ေၾကကြဲလုိ့ေနမိေခ်သည္။

ငါ့ရဲ့အေဖအရင္းကေတာင္ ငါ့ကို….

ေခါင္းကို လႈပ္ယမ္းလာပါသည့္ ရႊီခ်န္းကံု။
သူ့ရဲ့မ်က္နွာထက္တြင္ကား ခါးသီးသည့္အၿပံဳးတုိ့ ၿဖန့္က်က္လုိ့ေနလ်က္၊ သခင္မၾကီးဘက္သို့ လွည့္လိုက္ၿပီး သူ့ကုိယ္သူ ထစ္ေင့ါဆုိလာေခ် သည္။
“က်ြန္ေတာ့္ရဲ့အၿပစ္ေတြပါ။ က်ြန္ေတ္ာ၊ ရႊီခ်န္းကံု၊ က်ြန္ေတာ့္ရဲ့သားကို ေကာင္းေကာင္း မသြန္သင္ မဆံုးမနုိင္ခဲ့ဘူး.... က်ြန္ေတာ့္ရဲ့ဇနီးကုိ စိတ္ပ်က္ေစခဲ့မိတယ္၊ သခင္ၾကီးကို စိတ္ပ်က္ေစခဲ့မိတယ္၊ ၿပီးေတာ့
စီ မိသားစုအေပၚမွာ စိတ္ပ်က္ေစခဲ့မိပါတယ္…. သခင္မၾကီး၊
ရႊီရီနဲ့ ရႊီ မိသားစုအေပၚမွာ ဘယ္လုိမ်ိဳး အၿပစ္ေပးခ်င္ပါသလဲ။ က်ြန္ေတာ္….ကန့္ကြက္ဖုိ့…. မရွိေတာ့ပါဘူး….”

ရႊီခ်န္းကံု၊ ဒီစကားအား ေၿပာလုိက္သည့္အခုိက္၊ သ့ူနဂိုရွိရင္းစြဲအသက္ ထက္ ဆယ္နွစ္ေလာက္ ပိုအုိစာသြားသလားပင္ ထင္မွတ္ရေပသည္။
သူ ေနာက္သုိ့ ၿပန္ဆုတ္လုိက္ေတာ့ၿပီး စကားတစ္ခြန္းထပ္ဆုိလာၿခင္း မၿပဳေတာ့။

“ရႊီရီ၊ မငး္မွာ အၿပစ္ရွိေၾကာငး္ ၀န္ခံသလား” အၿဖဴေရာင္မုတ္ဆိတ္နွင့္အၾကီးအကဲ၊ စီမင္းရုန္၊
ရႊီရီအား ေအးစက္စြာ လက္ညိႈးထိုးလုိ့ ေျပာဆိုလာၿခငး္ပါတည္း။

“က်ြန္ေတာ္….က်ြန္ေတ္ာ မလုပ္ခဲ့ဘူး။
က်ြန္ေတာ္ တကယ္ကို မလုပ္ခဲ့ဘူး”
ေခါငး္ကုိ ခါယမ္းလာပါသည့္ ရႊီရီ ။
သူသည္ကား ၊ သူ မလုပ္ခဲ့သည့္ ၿပစ္မႈအတြက္
ဘယ္ေတာ့မွ ၀န္ခံလိမ့္မည္ မဟုတ္ပါေခ်။

ဒီအခုိက္၊ သခင္မၾကီး၊ အလြန္အမင္း စိတ္ပ်က္ေနပါသည့္ အၾကည့္တုိ့ၿဖင့္ ရြီရီအား ၾကည့္လာေခ်ၿပီ ။
အေၿခအေနသည္ ဒီအထိပင္ ေရာက္လာခဲ့ေခ်ၿပီ။ သူသည္က အခုခ်ိန္ထိ အၿပစ္ရွိေၾကာင္း ၀န္မခံခ်င္ေသးပါလားဟူ၍။

ေရွးစကားတုိ့သည္ မွန္လွေပသည္….မုိင္ေထာင္ေပါင္းမ်ားစြာက သူခုိးေတြကုိ ကာကြယ္ရသည္က အိမ္အတြင္းသူခုိးကုိ ကာကြယ္ရ သည္ထက္ ပိုလြယ္ကူေပသည္။

“ရႊီရီ၊ ငါ့အေနနဲ့ ရႊီ မိသားစုအေပၚမွာ ဘယ္တုန္းကမွ ဆုိးဆုိးရြားရြား ဆက္ဆံခဲ့ၿခငး္မရွိခဲ့ဘူး။ မင္းအေပၚမွာ အၿမဲတမး္ပဲ အတုိ္င္းထက္ အလြန္ ယံုၾကည္မႈထားေပးခဲ့ၿပီးေတာ့ ၉ ေလးကိုပါ မင္းရဲ့လက္ထဲ အပ္ေပးထားခဲ့တယ္။ ငါကိုယ္တုိင္က ၉ေလးရဲ့ေဘးမွာ ေသေစနုိင္တဲ့ ဓားတစ္ေခ်ာင္းကို ထားေပးခဲ့မိမယ္လုိ့ ေမွ်ာ္လင့္မထားမိခဲ့ဖူးဘူး”

“မင္းက တကယ္ပဲ…ဒီေလာက္ေတာင္ စိတ္ပ်က္ဖုိ့ေကာင္းလွခ်ည္လား။ အဲဒီလူေတြက မင္းကို ဘယ္ေလာက္ေတာင္ ေပးခဲ့ၾကလုိ့ မငး္ရ့ဲအသိတရားေတြ ေပ်ာက္သြားရတာလဲ”

အဘြားအို၏မ်က္၀န္းတုိ့ထဲက အလငး္ေရာင္သည္ကား မွိန္ပ်ပ် ၿဖစ္လုိ့ေနေခ်ၿပီ။
ရႊီရီသည္လည္း လက္သီးတုိ့က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္မွာ သူ့ရဲ့လက္ဆစ္တုိ့သည္ပင္ ၿဖဴစုတ္လာေတာ့သည္ထိ ။

“သခင္မၾကီး၊ က်ြန္ေတာ္ ေၿပာတာေတြက အမွန္ေတြပါ။ က်ြန္ေတာ့္အေဖက အရင္သခင္ၾကီးရဲ့ေဘးမွာ နွစ္ေပါငး္ ၃၀ ရွိလာခဲ့ေပးတာပါ။ သူက သစၥာရွိၿပီး မွန္ကန္ခဲ့ပါတယ္။ ဒီေတာ့ က်ြန္ေတာ္က ဘယ္လုိလုပ္ၿပီးေတာ့ က်ြန္ေတာ့္အေဖရဲ့နာမည္နဲ့ ဂုဏ္သတင္းကုိ ဖ်က္ဆီးပစ္နုိင္ပါ့မလဲ”

စီမင္းလီ၊ ေသအံ့နီးနီး အသက္အတြက္ ရုန္းကန္ေနရသည့္ သားရဲတစ္ေကာင္အား ၾကည့္ေနရသည့္အလားပမာ၊
ရႊီရီအား ၿဖန့္က်က္ၾကည့္လာေခ်ၿပီ။
“က်ြတ္စ္၊ လူတိုင္းက ေၿပာၾကတယ္ ။ အထူးလက္ေထာက္ ရႊီ က လူေတြနဲ့ ဆက္ဆံေရးေကာင္းၿပီး စကားေၿပာေခ်ာတယ္တဲ့ - လူေတြကုိ စိတ္ေက်နပ္ေအာင္ ေၿပာဆုိုနိုင္တာကေတာ့ သခင္ၾကီးကိုေတာင္မွ မငး္အေပၚမွာ ဘာသတိမွထားၿပီးေတာ့ ဆက္ဆံမလာမိေတာ့တဲ့ အထိပါလား။ ဒီေန့ေတာ့ တကယ့္ကို အၿမင္က်ယ္ပါေပတယ္။ ဒီအထိ ေရာက္လာေနတာေတာင္မွ အခုထိ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ ေၿပာနိုင္ေသးတယ္။ ဒီၿငင္းလုိ့ မရတဲ့သက္ေသေတြသာ ရွိမေနလုိ့္က ေတာ့ ငါကိုယ္တုိင္ပါ မင္းစကားေၾကာင့္ စိတ္ယုိင္သြားမိေတာ့မွာပဲ”

စီမင္းလီ၊ အဘြားအုိအား ဆက္ကာသတိေပးလာသည္။
“ရႊီရီက သခင္ၾကီးရဲ့ေဘးနားမွာ ဒီေလာက္နွစ္ေတြအမ်ားၾကီး ရွိလာခဲ့တာ ဆုိေတာ့ အတြင္းေရးေတြဘယ္ေလာက္ေတာင္မွ သူ သိထားေနၿပီလဲ။ သခင္ၾကီးက အရင္ကလညး္ပဲ အၾကိမ္ေပါငး္အမ်ားၾကီး အလုပ္ၾကံခံ ခဲ့ဖူးတယ္။ အဲဒါေတြဘယ္ႏွခုေလာက္ကို ရီႊရီ ေနာက္ကြယ္ကေန ဦးေဆာင္ထားခဲ့ၿပီလဲ။ အဲဒါေတြအေၾကာင္း ေတြးလုိက္မိရင္ က်ြန္ေတ္ာေတာ့ ေၾကာက္လန့္မိတယ္…..”

စီမင္းလီ ေၿပာသည္ကုိ ၾကားလိုက္သည့္အခ်ိန္
အဘြားအုိ၏မ်က္နွာသည္ အထိတ္တလန့္
ေအးခဲလာေတာ့ေခ်သည္။
“ရႊီရီ၊ မင္းမွာ ေၿပာစရာရွိေနရင္ ေရွ့ေနနဲ့ေတြ့မွ ေၿပာဖုိ့ သိမး္ထားလုိက္ေတာ့”

                   💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

.......

စာစဥ္ ( ၁၉ ) Paid Group🎉🎉🎉

ဒါဒါေလးတို႔ ေမွ်ာ္လင့္ေနၾကတဲ့ စာစဥ္ ( ၁၉ ) ဂ႐ုေလး ျပန္စၿပီျဖစ္ေၾကာင္း အေၾကာင္းေၾကာင္းပါရေစေနာ္ ။

🔴Group စမည့္ရက္ = ခု စ၀င္လို႔ရပါၿပီ ။

🔴စာတင္မည့္ပံုစံ.       =  ညစဥ္ ေန႔တိုင္း တင္ေပးသြားပါမယ္ ။ 

🔴ေငြလႊဲရမည့္ ပံုစံ.    = 09 402 842 937 သို႔မဟုတ္
                            AYA = 000 420 101 335 9248 /
                            AYA = 008 320 101 007 7578  သို႔ ဖုန္းေဘ သို႔မဟုတ္ ေငြသားျဖင့္  ၅၀၀ က်ပ္ လႊဲေပးႏိုင္ပါသည္။ လႊဲၿပီးသူမ်ားအေနျဖင့္ ေပ့ခ်္ရဲ႕ မက္ေဆ့ခ်္ေဘာက္စ္ သို႔မဟုတ္ ေအာက္ပါအက္မင္အေကာင့္ဆီသို႔ သြားေရာက္ screenshot ေပးပို႔ႏိုင္ပါသည္။

https://www.facebook.com/profile.php?id=100027877043569

🔴  အထူးအစီအစဥ္ = ႀကိဳတင္ေငြလႊဲလိုသူမ်ားအတြက္ သတင္းေကာင္းပါ။ AYA ဘဏ္အေကာင့္မ်ားျဖစ္သည့္ 000 420 101 335 9248 သို႔မဟုတ္ 008 320 101 007 7578
(အေကာင့္အမည္ Daw Kyi Kyi Htay ) သို႔
စာစဥ္ ၅ ခုစာ ႀကိဳသြင္းထားလိုသူမ်ားအေနျဖင့္ စာစဥ္ ၄ ခုစာသာ ေကာက္ခံေပးသြားမည္ျဖစ္လို႔ ၂၀၀၀ က်ပ္သာလွ်င္ က်သင့္မည္ ျဖစ္ပါေၾကာင္း သတင္းေကာင္းေလး ပါးလိုက္ပါရေစေနာ့ ။
👉မွတ္ခ်က္ = ဤအစီအစဥ္မွာ ဖုန္းေဘျဖင့္လႊဲမည့္သူမ်ားအတြက္ မပါေသးပါဘူးေနာ္ ။

အားလံုးကို ခ်စ္လ်က္
Goddess

.............

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   17
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၇ ၊ အခန်း ၁၃။ စုံစမ်းနေစရာ မလိုတော့ဘူး

သူ့စကားအား ပြောပြီးသွားသည်နှင့် စီမင်းလီ ကောက်ပေါက်ပစ်လိုက် တော့သည်။ သူ့နံဘေးတွင် ရှိနေပါသည့် လက်ဖက်ရည်ခွက်အား မြှောက်လိုက်ကာ ရွှီရီထံ ပစ်ပေါက်ပစ် လိုက်ခြင်းပါတည်း။

နားထဲ ဝှစ်ချ် ခနဲ အသံကြားလိုက်ရပြီ။ နောက်၊ လက်ဖက်ရည်ခွက် သည် မြေကြီးပေါ်သို့ ကျကာ အစိတ်စိတ်အမွှာမွှာ ကွဲကျေသွားရ တော့ပြီ။ ရွှီရီ၏နဖူးပြင်သည်ကတော့ မရပ်မနားတမ်း သွေးတစိမ့်စိမ့် ထွက်လို့နေလေပြီ။

သက်သေအထောက်အထားအား အကြောင်အသား ကြည့်လို့နေမိကြပါသည့် လျိုယင်နှင့်အီလဲဗင်းတို့သည်ပင်
လုံးဝအတိ ကြောင်အမင်သက်သွားကြရတော့သည်တည့်။

ပြီးခဲ့သည့် ဖြစ်ရပ်နှစ်ခုတို့သည် အမှန်တကယ်ပင် မေးခွန်းထုတ်စရာ ဖြစ်နေပါသော်လည်း ၊ ရွှီရီ ၊ သွေးဆာသောလူသတ်သမားဂိုဏ်းနှင့် လျို့လျို့ဝှက်ဝှက်တွေ့ဆုံခဲ့သည်ကား ငြင်းလို့မရသည့်အချက် ဖြစ်နေချေရာ။

ရွှီရီ….ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်….

ဒီအခိုက်အတန့်၊ အကြီးအကဲအားလုံးတို့သည်
ရွှီရီ အား အေးစက်စက်နှင့်စက်ဆုပ်သည့်အကြည့်တို့ ပေးလာကြတော့သည်။

“ရွှီရီ၊ ဒီမှာရှိနေတဲ့ ငြင်းမရတဲ့သက်သေတွေနဲ့ဆိုရင် မင်း ဒါကို ဘယ်လို ကြည့်ကောင်းအောင်များ ကလိမ်ဆင်ပြီး ပြောဖို့ ကြိုးစားဦးမလဲ။
အဲဒီ သူလျို သေသွားရတာကလည်း မင်း သူ့ကို နှုတ်ပိတ်ဖို့ သတ်ပစ်လိုက်တာဆိုတာ အသိသာကြီးပဲ”

“မင်း ဘာကြောင့်များ စီ မိသားစုကို သစ္စာဖောက်ခဲ့ရတာလဲ။ မင်းရဲ့နောက်ကွယ်က သခင်က ဘယ်သူလဲ။
မင်းရဲ့အကွက်တွေက ဘာတွေလဲ”

“မင်းက တကယ့်ကို ကျေးဇူးမသိတတ်တဲ့သူပါလား။ အရင်ကွယ်လွန်သွားပြီဖြစ်တဲ့ သခင်ကြီးကြောင့်သာမဟုတ်လို့ရှိရင် မင်းတို့တစ်မိသားစုလုံး မင်းတို့ရဲ့ရန်သူတွေ သတ်တာကို ခံရပြီးနေ လောက်ပြီ။ မင်းတို့လည်း ပင်လယ်ပြာထဲ အမြှုပ်ခံရပြီးနေရလောက် ပြီကွ။ မင်းက တကယ်ပဲ အစာကျွေးခဲ့တဲ့လက်ကို ပြန်ကိုက်ရဲတယ် ပေါ့လေ။ ခွေးလောက်မှ ကျေးဇူးမသိတတ်တဲ့ကောင်။ ဇကောလောက်မှဇောက်မနက်တဲ့ကောင်”

“ရွှီ တစ်မိသားစုလုံး ဒဏ်ခတ်ခံရဖို့ မျှော်လင့်တယ်”

………

ရွှီရီ၏ခေါင်းဆီက သွေးတို့သည် သူ့ရဲ့မျက်ခုံးတစ်လျှောက် စီးကျလို့ လာကာ သူ့ရဲ့မျက်လုံးအိမ်ထဲသို့ တစ်စက်စက်စီးကျလာနေသည်မှာ သွေးမျက်ရည်များပင် ဖြစ်လို့နေချေပြီ….

သူတို့တစ်ယောက်ချင်းစီ၏ အေးစက်စက်မျက်နှာတွေနှင့် ဓားများဖြင့် နုတ်နုတ်စဉ်းကြတေ့ာမည့်အလား ကြည့်လို့နေကြသည့် အကြည့်စူးစူး တို့ကို ရင်ဆိုင်နေရရင်း၊ သူ၏သွေးရဲရဲနီနေသည့် မျက်လုံးတို့အား မော်ကြည့်လိုက်ပြီး စကားတစ်ခွန်းချင်းစီအား ပြတ်ပြတ်သားသား ပြောလာသည်။
“ကျွန်တော်၊ ကျွန်တော်ရဲ့သခင်လေးကို သစ္စာမဖောက်ခဲ့ပါဘူး။ ကျွန်တော် ခုနက ပြောသွားတဲ့ စကားတိုင်းက အမှန်တွေပါ။ ကျွန်တော့်ရဲ့အဖေက သူ့ဘဝတစ်လျှောက်လုံး လွန်ခဲ့ပြီဖြစ်တဲ့သခင်ကြီး နဲ့ ရှိခဲ့သလို ကျွန်တော်ကလည်း ငယ်ငယ်လေးကတည်းက သခင်လေး ဘေးနားမှာပဲ ရှိလာခဲ့တာပါ။ ရွှီ တစ်မိသားစုလုံးက သခင်အပေါ်မှာ လုံး၀ သစ္စာရှိကြတာချည်းပါပဲ။ ဒီနေ့၊ ကျွန်တော်၊ ရွှီရီ၊ အလိမ်အညာ စကားတစ်ခွန်း ဆိုခဲ့မယ်ဆိုရင် ငရဲရောက်ရပြီး တိရစ္ဆာန်အဖြစ် မွေးဖွားလာရပါစေ။ ဘယ်တော့မှ လူပြန်မဖြစ်လာပါစေနဲ့”

စီမင်းလီ၊ လှောင်ပြောင်ထေ့ငေါ့ ပြောဆိုလာသည်။
“ကျိန်ရုံနဲ့သာ အပြစ်ကင်းကြောင်းကို သက်သေပြနိုင်မယ်ဆိုလို့ကတော့ ဒီကမ္ဘာပေါ်မှာ ရာဇဝတ်ကောင်ရယ်လို့ကို ရှိလာမှာမဟုတ်တော့ဘူး”

စီမင်းရုန်၏မျက်နှာသည်ကား အေးခဲလို့နေလျက်။
သူသည် အချိန်အကြာကြီးကြာအောင် လေးလေးနက်နက် စဉ်းစားတွေးတောလို့ နေလေသည်။ “တခြားကိစ္စတွေအကြောင်း မပြောကြရအောင်။ ဒီသက်သေတွေက ငြင်းလို့ မရနိုင်ဘူး။
မင်း ပြောသွားခဲ့သလိုပဲ မင်း တိတ်တိတ်လေး သွားတွေ့ခဲ့တဲ့သူက သူလျိုပါဆိုတာကို သက်သေပြနိုင်မယ့်ဟာ ရှိသလား”

သူလျိုကပဲ ငါ့ရဲ့ဖြူစင်ကြောင်းကို သက်သေလုပ်ပေးနိုင်မှာ။
အခုတော့ အဲဒီသူလျိုလည်း သေပြီ။
ငါ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး….

“ကြည့်ရတာ ကျွန်တေ်ာတိ့ုရဲ့စုံစမ်းမှု ဒီမှာတင် ပြီးပြီထင်ပါတယ်”
စီမင်းလီ၊ အဘွားအိုဘက်သို့ လှည့်လိုက်တော့ကာ။
“မရီး၊ အခု အားလုံးက အရမ်းကို ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီ။
ဒီတော့ ဒီသစ္စာဖောက်အတွက် အပြစ်ဒဏ် စီရင်ပေးပါတော့”

ဒီတစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ်နေနေခဲ့သည့် အဘွားအိုသည်ကား ထူးထူးခြားခြား ဝမ်းနည်းကြေကွဲနေဟန် ပေါ်နေချေပြီး ရွှီရီအား စုန်ချီဆန်ချီကာ အကြိမ်ကြိမ်အခါခါ ကြည့်လို့နေချေသည်။

စီမင်းလီ၏နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားရတော့ပြီး အရိုးထိတိုင် အေးစိမ့်သွားစေနိုင်သည့်အပြုံးပန်းကြီးတစ်ပွင့် ဖွင့်ဟလာသည် - ဒီတစ်ခေါက်တော့၊ ရွှီရီ သေချာပေါက် သေပြီပဲ။

ရွှီရီ တစ်ယောက်တည်းတင် မဟုတ်ဘူး။
ရွှီ တစ်မျိုးလုံးတစ်ဆွေလုံးပါ ဒီထဲ ဆွဲထည့်ခံရတော့မှာ။

“သခင်မကြီး”

ဒီအခိုက်၊ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အသက် ၆၀ အရွယ် အဘိုးကြီးတစ်ဦးသည် တံခါးကို တွန်းဖွင့်ကာ ဝင်လာလေသည်။ သူသည်ကား တိတ်ဆိတ်နေပါသည့် သခင်မကြီးအား စိုးရိမ်စွာဖြင့် ကြည့်ရှုလို့နေ၏ ။

ဒါကို ကြားလိုက်သည့်အချိန်၊
လူတိုင်း၏မျက်လုံးတို့သည် ထိုလူထံ ကျရောက်သွားကြရတော့ပြီ။
ဤအသက်ကြီးကြီးယောကျာ်း၏အမည်သည်ကား ရွှီချန်းကုံ ။
သူသည် ရွှီရီ၏ ဖခင်ဖြစ်ပြီး နှစ် ၃၀ တိတိ စီ မိသားစုအတွက် ထမ်းဆောင်ခဲ့သူ ဖြစ်ချေ၏။ ယနေ့တွင်၊ သူသည်လည်း စီ မိသားစု ထဲက အသက်အကြီးဆုံးသူတွေထဲက တစ်ဦး ဖြစ်ချေပြီ။

“ကျွန်တော့်ရဲ့သား ၊ ရွှီရီ က ရန်သူတွေနဲ့ ပူးပေါင်းတာလိုမျိုး အသိတရားမဲ့တဲ့ကိစ္စမျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ သခင်မကြီးအနေနဲ့ မှန်မှန်ကန်ကန် စီရင်ပေးဖို့ မျှော်လင့်ပါတယ်”

ရွှီချန်းကုံ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီလို့နေသည်။
စီ မိသားစုထဲက အသက်အကြီးဆုံး ဖြစ်နေသည့်အားလျော်စွာ ၊
ရွှီရီတွင် အပြစ်ရှိသည်ဆိုလျှင် သေချာပေါက် သေရလိမ့်မည် ဖြစ်ကြောင်းကို သူ သိလို့နေ၏။

စီ မိသားစု၏သခင်ကြီးဖြစ်သူ စီရီဟန်၊ အခုချက်ချင်း သတိပြန်ရလာ မည် ဆိုလျှင်တောင် ရွှီရီ အပြစ်ကင်းပါကြောင်း သက်သေပြနိုင်ခြင်း မရှိပါက မျှော်လင့်ချက်ကင်းမဲ့ပေလိမ့်မည်တည်းပင်။

အဘွားအိုသည် သူမ၏မျက်လုံးတို့အား အနည်းငယ် ပိတ်ချလိုက် တော့သည်။ သူမ၏မျက်နှာသည်ကား ရေခဲအလား အေးခဲလို့နေလျက်၊ ရွှီချန်းကုံအား ပြန်အဖတ်လုပ် စကားဆိုလာခြင်း မပြုတော့ပေ - ပြောရပါက၊ သူသည် ရွှီရီ၏အဖေတည်း မဟုတ်ပေလော။ သို့ဆိုရာ၊
သူ သေချာပေါက် ရွှီရီ အတွက် ဝင်ကူပြောပေးပေလိမ့်မည်ပင်။

                     💖💖💖💖💖💖💖

စာစဉ် ၁၇၊ အခန်း ၁၄။ အတွင်းသူခိုးကို ပိုခက်တယ်

“အဟတ် !” စီမင်းရုန်၊ အေးစက်စွာ ဆိုလာချေသည်။
“ရွှီချန်းကုံ၊ မင်းက ဒီအချိန်မှာ ရွှီရီအတွက် ဝင်ပြောပေးရဲသေးတယ်ပေါ့။ ဒီတစ်ခေါက်ကိစ္စမှာ ရွှီ တစ်မိသားစုလုံးပါ အပြစ်ကို ရှောင်လွှဲလို့ မရတော့ဘူး”

ရွှီချန်းကုံ၏မျက်နှာ နီရဲသွားရတော့ပြီး၊ ချက်ချင်းဆိုသလိုပင် ပြန်စကားတုံ့ဆိုလာသည်။
“ကျွန်တေ်ာ့အနေနဲ့ ကိုယ့်သားအကြောင်းကို ကိုယ် ဘယ်လိုလုပ် မသိဘဲနေမှာလဲ”

“မင်း သိတယ်လား”
စီမင်းရုန်၊ အညိုရောင် ဖိုင်အား ရွှီချန်းကုံ၏ခြေထောက်ဆီ ပစ်ချလိုက်တော့ပေသည်။

ရွှီချန်းကုံ၊ လျင်လျင်မြန်မြန်ပင် ခါးကိုကိုင်းကာ ဖိုင်အား ကောက်ယူလိုက်တော့ပြီး ဂရုတစိုက် လှန်လှောကြည့်
လိုက်တော့ရာ။

စာမျက်နှာတစ်ရွက် လှန်လိုက်တိုင်း လှန်လိုက်တိုင်း၊
ရွှီချန်းကုံ၏မျက်နှာမှာ မည်းသထက် မည်းနက်လာရတော့ပြီ။ ဖိုင်ပါအကြောင်းအရာအားလုံးတို့အား သူ ဖတ်ရှုလို့ပြီးသွားသည် တွင်တော့ သူ့ရဲ့မျက်နှာသည် လုံးဝအတိ စုတ်စုတ်ဖြူလို့နေချေပြီ။ အနောက်သို့ပင် ခြေလှမ်းအနည်းငယ် ယောင်ယမ်းဆုတ်မိသွားကာ ရွှီရီအား မယုံကြည်စွာဖြင့် ကြည့်လိုက်မိရင်း။

“ရွှီရီ….မင်း….မင်း…”
ရွှီချန်းကုံ၏ သေချာနေခဲ့ပါသည့်နှလုံးသားလေးသည် စတင်ယိုယွင်းတုန်လှုပ်လာတော့ချေပြီ။

ရွှီရီ မှားသလားဆိုသည်ကား အကြောင်းမဟုတ်တော့။ ဒီဖိုင်ထဲက အချက်အလက်တို့ုသည်ကတော့ မှားစရာအကြောင်း မရှိနိုင်ပါချေ။ စီရီဟန်ကိုယ်တိုင် ရွှီရီအတွက် ဝင်ကူပြောပေးမည်ဆိုလျှင်တောင်မှ လုံးဝအသုံးဝင်တော့မည် မဟုတ်တော့ပေ…..

“အဖေ၊ ကျွန်တော့်ကို အထင်လွဲနေကြတာပါ။
ကျွန်တော် တကယ် မလုပ်…. မလုပ်ခဲ့ဘူး”

သူ့ဖခင်အရင်း၏ သံသယဝင်နေသော၊ နှလုံးကွဲကြေနေသော အမူအရာအား ကြည့်နေမိရရင်း၊ ရွှီရီ၊ နာကျင်ကြေကွဲလို့နေမိချေသည်။

ငါ့ရဲ့အဖေအရင်းကတောင် ငါ့ကို….

ခေါင်းကို လှုပ်ယမ်းလာပါသည့် ရွှီချန်းကုံ။
သူ့ရဲ့မျက်နှာထက်တွင်ကား ခါးသီးသည့်အပြုံးတို့ ဖြန့်ကျက်လို့နေလျက်၊ သခင်မကြီးဘက်သို့ လှည့်လိုက်ပြီး သူ့ကိုယ်သူ ထစ်ငေ့ါဆိုလာချေ သည်။
“ကျွန်တော့်ရဲ့အပြစ်တွေပါ။ ကျွန်တေ်ာ၊ ရွှီချန်းကုံ၊ ကျွန်တော့်ရဲ့သားကို ကောင်းကောင်း မသွန်သင် မဆုံးမနိုင်ခဲ့ဘူး.... ကျွန်တော့်ရဲ့ဇနီးကို စိတ်ပျက်စေခဲ့မိတယ်၊ သခင်ကြီးကို စိတ်ပျက်စေခဲ့မိတယ်၊ ပြီးတော့
စီ မိသားစုအပေါ်မှာ စိတ်ပျက်စေခဲ့မိပါတယ်…. သခင်မကြီး၊
ရွှီရီနဲ့ ရွှီ မိသားစုအပေါ်မှာ ဘယ်လိုမျိုး အပြစ်ပေးချင်ပါသလဲ။ ကျွန်တော်….ကန့်ကွက်ဖို့…. မရှိတော့ပါဘူး….”

ရွှီချန်းကုံ၊ ဒီစကားအား ပြောလိုက်သည့်အခိုက်၊ သ့ူနဂိုရှိရင်းစွဲအသက် ထက် ဆယ်နှစ်လောက် ပိုအိုစာသွားသလားပင် ထင်မှတ်ရပေသည်။
သူ နောက်သို့ ပြန်ဆုတ်လိုက်တော့ပြီး စကားတစ်ခွန်းထပ်ဆိုလာခြင်း မပြုတော့။

“ရွှီရီ၊ မင်းမှာ အပြစ်ရှိကြောင်း ဝန်ခံသလား” အဖြူရောင်မုတ်ဆိတ်နှင့်အကြီးအကဲ၊ စီမင်းရုန်၊
ရွှီရီအား အေးစက်စွာ လက်ညှိုးထိုးလို့ ပြောဆိုလာခြင်းပါတည်း။

“ကျွန်တော်….ကျွန်တေ်ာ မလုပ်ခဲ့ဘူး။
ကျွန်တော် တကယ်ကို မလုပ်ခဲ့ဘူး”
ခေါင်းကို ခါယမ်းလာပါသည့် ရွှီရီ ။
သူသည်ကား ၊ သူ မလုပ်ခဲ့သည့် ပြစ်မှုအတွက်
ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ပါချေ။

ဒီအခိုက်၊ သခင်မကြီး၊ အလွန်အမင်း စိတ်ပျက်နေပါသည့် အကြည့်တို့ဖြင့် ရွီရီအား ကြည့်လာချေပြီ ။
အခြေအနေသည် ဒီအထိပင် ရောက်လာခဲ့ချေပြီ။ သူသည်က အခုချိန်ထိ အပြစ်ရှိကြောင်း ဝန်မခံချင်သေးပါလားဟူ၍။

ရှေးစကားတို့သည် မှန်လှပေသည်….မိုင်ထောင်ပေါင်းများစွာက သူခိုးတွေကို ကာကွယ်ရသည်က အိမ်အတွင်းသူခိုးကို ကာကွယ်ရ သည်ထက် ပိုလွယ်ကူပေသည်။

“ရွှီရီ၊ ငါ့အနေနဲ့ ရွှီ မိသားစုအပေါ်မှာ ဘယ်တုန်းကမှ ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ခြင်းမရှိခဲ့ဘူး။ မင်းအပေါ်မှာ အမြဲတမ်းပဲ အတိုင်းထက် အလွန် ယုံကြည်မှုထားပေးခဲ့ပြီးတော့ ၉ လေးကိုပါ မင်းရဲ့လက်ထဲ အပ်ပေးထားခဲ့တယ်။ ငါကိုယ်တိုင်က ၉လေးရဲ့ဘေးမှာ သေစေနိုင်တဲ့ ဓားတစ်ချောင်းကို ထားပေးခဲ့မိမယ်လို့ မျှော်လင့်မထားမိခဲ့ဖူးဘူး”

“မင်းက တကယ်ပဲ…ဒီလောက်တောင် စိတ်ပျက်ဖို့ကောင်းလှချည်လား။ အဲဒီလူတွေက မင်းကို ဘယ်လောက်တောင် ပေးခဲ့ကြလို့ မင်းရဲ့အသိတရားတွေ ပျောက်သွားရတာလဲ”

အဘွားအို၏မျက်ဝန်းတို့ထဲက အလင်းရောင်သည်ကား မှိန်ပျပျ ဖြစ်လို့နေချေပြီ။
ရွှီရီသည်လည်း လက်သီးတို့ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်မှာ သူ့ရဲ့လက်ဆစ်တို့သည်ပင် ဖြူစုတ်လာတော့သည်ထိ ။

“သခင်မကြီး၊ ကျွန်တော် ပြောတာတွေက အမှန်တွေပါ။ ကျွန်တော့်အဖေက အရင်သခင်ကြီးရဲ့ဘေးမှာ နှစ်ပေါင်း ၃၀ ရှိလာခဲ့ပေးတာပါ။ သူက သစ္စာရှိပြီး မှန်ကန်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ ကျွန်တော့်အဖေရဲ့နာမည်နဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်နိုင်ပါ့မလဲ”

စီမင်းလီ၊ သေအံ့နီးနီး အသက်အတွက် ရုန်းကန်နေရသည့် သားရဲတစ်ကောင်အား ကြည့်နေရသည့်အလားပမာ၊
ရွှီရီအား ဖြန့်ကျက်ကြည့်လာချေပြီ။
“ကျွတ်စ်၊ လူတိုင်းက ပြောကြတယ် ။ အထူးလက်ထောက် ရွှီ က လူတွေနဲ့ ဆက်ဆံရေးကောင်းပြီး စကားပြောချောတယ်တဲ့ - လူတွေကို စိတ်ကျေနပ်အောင် ပြောဆိုနိုင်တာကတော့ သခင်ကြီးကိုတောင်မှ မင်းအပေါ်မှာ ဘာသတိမှထားပြီးတော့ ဆက်ဆံမလာမိတော့တဲ့ အထိပါလား။ ဒီနေ့တော့ တကယ့်ကို အမြင်ကျယ်ပါပေတယ်။ ဒီအထိ ရောက်လာနေတာတောင်မှ အခုထိ မျက်တောင်တစ်ချက်မခတ်ဘဲ ပြောနိုင်သေးတယ်။ ဒီငြင်းလို့ မရတဲ့သက်သေတွေသာ ရှိမနေလို့်က တော့ ငါကိုယ်တိုင်ပါ မင်းစကားကြောင့် စိတ်ယိုင်သွားမိတော့မှာပဲ”

စီမင်းလီ၊ အဘွားအိုအား ဆက်ကာသတိပေးလာသည်။
“ရွှီရီက သခင်ကြီးရဲ့ဘေးနားမှာ ဒီလောက်နှစ်တွေအများကြီး ရှိလာခဲ့တာ ဆိုတော့ အတွင်းရေးတွေဘယ်လောက်တောင်မှ သူ သိထားနေပြီလဲ။ သခင်ကြီးက အရင်ကလည်းပဲ အကြိမ်ပေါင်းအများကြီး အလုပ်ကြံခံ ခဲ့ဖူးတယ်။ အဲဒါတွေဘယ်နှခုလောက်ကို ရွီှရီ နောက်ကွယ်ကနေ ဦးဆောင်ထားခဲ့ပြီလဲ။ အဲဒါတွေအကြောင်း တွေးလိုက်မိရင် ကျွန်တေ်ာတော့ ကြောက်လန့်မိတယ်…..”

စီမင်းလီ ပြောသည်ကို ကြားလိုက်သည့်အချိန်
အဘွားအို၏မျက်နှာသည် အထိတ်တလန့်
အေးခဲလာတော့ချေသည်။
“ရွှီရီ၊ မင်းမှာ ပြောစရာရှိနေရင် ရှေ့နေနဲ့တွေ့မှ ပြောဖို့ သိမ်းထားလိုက်တော့”

                   💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

.......

စာစဉ် ( ၁၉ ) Paid Group🎉🎉🎉

ဒါဒါလေးတို့ မျှော်လင့်နေကြတဲ့ စာစဉ် ( ၁၉ ) ဂရုလေး ပြန်စပြီဖြစ်ကြောင်း အကြောင်းကြောင်းပါရစေနော် ။

🔴Group စမည့်ရက် = ခု စဝင်လို့ရပါပြီ ။

🔴စာတင်မည့်ပုံစံ.       =  ညစဉ် နေ့တိုင်း တင်ပေးသွားပါမယ် ။ 

🔴ငွေလွှဲရမည့် ပုံစံ.    = 09 402 842 937 သို့မဟုတ်
                            AYA = 000 420 101 335 9248 /
                            AYA = 008 320 101 007 7578  သို့ ဖုန်းဘေ သို့မဟုတ် ငွေသားဖြင့်  ၅၀၀ ကျပ် လွှဲပေးနိုင်ပါသည်။ လွှဲပြီးသူများအနေဖြင့် ပေ့ချ်ရဲ့ မက်ဆေ့ချ်ဘောက်စ် သို့မဟုတ် အောက်ပါအက်မင်အကောင့်ဆီသို့ သွားရောက် screenshot ပေးပို့နိုင်ပါသည်။

https://www.facebook.com/profile.php?id=100027877043569

🔴  အထူးအစီအစဉ် = ကြိုတင်ငွေလွှဲလိုသူများအတွက် သတင်းကောင်းပါ။ AYA ဘဏ်အကောင့်များဖြစ်သည့် 000 420 101 335 9248 သို့မဟုတ် 008 320 101 007 7578
(အကောင့်အမည် Daw Kyi Kyi Htay ) သို့
စာစဉ် ၅ ခုစာ ကြိုသွင်းထားလိုသူများအနေဖြင့် စာစဉ် ၄ ခုစာသာ ကောက်ခံပေးသွားမည်ဖြစ်လို့ ၂၀၀၀ ကျပ်သာလျှင် ကျသင့်မည် ဖြစ်ပါကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေနော့ ။
👉မှတ်ချက် = ဤအစီအစဉ်မှာ ဖုန်းဘေဖြင့်လွှဲမည့်သူများအတွက် မပါသေးပါဘူးနော် ။

အားလုံးကို ချစ်လျက်
Goddess

Continue Reading

You'll Also Like

Story By Noe

Short Story

22.3K 1.7K 12
Short story ​ေလး​ေတြပါ​ေနာ္​ ဘာသာျပန္မဟုတ္ပါ Tmnkhon ပိုင္ဆိုင္သည့္ story မ်ားသာျဖစ္သည္။
333K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
1.2M 132K 160
Both Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting ...
111K 9K 22
Villain Girl( Arc-1) ရဲ့အဆက် Arc-2 ပါနော်။ အားပေးကြပါဦး။ Own creation Unicode only