ကောင်မလေးတွေဖတ်ဖို့
Oleh Ren_Viha
289K 25.7K 1.6K
ကောင်မလေးတွေဖတ်ဖို့ဆိုပေမယ့် ကောင်လေးတွေလဲ ဖတ်ချင်ဖတ်လို့ရပါတယ်။ Wattpad မှာက ကောင်မလေးတွေများတော့ ကောင်မလေး... Lebih Banyak
မျက်နှာပြောင်တတ်ပါစေ
Prove Them U r Strong
စစ်မှန်သော
Confidence
(အားနညျးခကျြ)အားနည်းချက်
အားနာခြင်း
Social Skill
Game
Exercise and Depression
Love yourself
မျှော်လင့်ချက်
True Education
Choice
The hand with flower
အမှန်တူအမှား
ကောင်မလေးတွေသိရမယ့်အချက်
Copyကိစ္စ
အသည်းကွဲတာလား
လူငယ်များသို့
All's Thoughts
မင်းနဲ့အိပ်မက်
စိတ်ဓာတ်ကြံ့ခိုင်အောင်
အဆက်အသွယ်ဖြတ်ကြည့်ခြင်း
Choosing A Mountain
ဆေးရုံစောင့်ခြင်းတစ်ညတာ
(ဒါလဲပဲ ပွီးသှားမှာပါ)ဒါလဲပဲ ပြီးသွားမှာပါ
Fake Depression
For Exam Motivation
ကိုယ့်ကို အနိုင်ကျင့်ရင်
Exam motivation 2
ရုပ်ရည်နဲ့ပတ်သတ်ပြီး
စာအုပ်အညွှန်း
စာဘယ်လိုဖတ်မလဲ
မှန်နှင့်မှန်မဟုတ်သောာ
ဘဝမှာနေပျော်ဖို့
Merry Christmas လက်ဆောင်
နှစ်ကုန်လက်ဆောင်( Bye bye 2018)
မောနင်း ညီမလေး
Challenge With Ren
Be the first
Say 'Thanks' to them
ခင်ဗျားလေးတို့အတွက် ကိုယ့်အချစ်
မနက်ဖြန်မှစိတ်ညစ်ပါ
ချစ်ကြည့်ပါ
လူတောမတိုးရဲလို့
motivation or not
ဘဝဆိုတာ စာအုပ်လား
အကြိုက်ချင်းမတူနိုင်ပါဘူး။ (အၾကိဳက္ခ်င္းမတူနိုင္ပါဘူး။)
ထားခဲ့ခံရရင် (ထားခဲ့ခံရရင္)
စိတ်ပြသာနာများ(စိတ္ျပသာနာမ်ား)
If We're Honest
အသိအမှတ်ပြုခြင်းကို လိုလားခြင်းနှင့် စိတ်ဝေဒနာတစ်မျိုး
အပြစ်မတင်နဲ့တဲ့။အျပစ္မတင္ပါနဲ႕
2.1K 250 15
Oleh Ren_Viha
#unicode
အပြစ်မတင်နဲ့တဲ့။
ကိုယ့်ကိုကိုယ်လဲအပြစ်မတင်နဲ့၊ တစ်ပါးသူကိုလဲ အပြစ်မတင်နဲ့တဲ့။ဒီနေရာမှာ ကိုယ့်ကိုကိုယ် အပြစ်တင်တတ်တဲ့သူကတော့ရှားပါတယ်။ အများအားဖြင့် လူတွေရဲ့သဘာဝက သူများရဲ့အပြစ်ကိုပဲမြင်တတ်ကြတယ်။ကိုယ့်အပြစ်ကိုကျ အပြစ်လို့မမြင်တတ်ဘူး ။ ကာထားကြတတ်တယ်။ လောကမှာ အလွယ်ကူဆုံးအလုပ်က သူများကိုအပြစ်တင်တဲ့အလုပ်ပဲတဲ့။လွယ်ကူလွန်းတဲ့အတွက်ကြောင့် ဘာမှကို သိပ်မစဉ်းစားတော့ပဲ သူ့ကိုအပြစ်တင်လိုက်.. ငါ့ကိုအပြစ်တင်လိုက်နဲ့ လုံးလည်ချာလည် လိုက်နေတတ်တယ်။
အပြစ်တင်လိုက်ခြင်းကြောင့် ရရှိလာတဲ့ဆိုးကျိုးတွေကို မကြည့်တော့ဘူး။တကယ်တော့ အပြစ်တင်လိုက်ပြီဆိုတာနဲ့ ပထမအရေးအကြီးဆုံးက ဆက်ဆံရေး အဖုအထစ်ဖြစ်သွားနိုင်ပါတယ်။ဘယ်လောက်ပဲခင်မင်ရင်းနှီးနေတဲ့သူဖြစ်ပါစေ..ကိုယ့်ကို အပြစ်လာတင်တဲ့အခါ... အဲ့လူကို မကျေမနပ်ဖြစ်မိမှာပါပဲ။ သူကျ ဘယ်လောက်တော်နေလို့လဲ။ အလကားပါ.. သူများကိုပဲ လိုက်အပြစ်ရှာနေတဲ့သူဆိုပြီး တစ်ဖက်ကလဲ..စိတ်ထဲကနေ ပြန်ပြီး အပြစ်တင်နေမှာပဲ။
အဲ့အခါမှာ သူတို့၂ယောက်ကြားမှာ အဆင်ပြေတဲ့ဆက်ဆံမှုဟာ ပြိုကွဲသွားမှာပဲ.. နောက်တစ်ခုက...အပြစ်တင်ခံလိုက်ရတဲ့အခါ...ခံလိုက်ရသူဟာ နဂိုထက်ပိုပြီး ညံ့သွားတတ်တယ်။ ငါအသုံးမကျလို့ ဒီလို အပြစ်တင်ခံရတာ...ငါ မတော်လို့ ဒီလို အပြစ်တင်ခံရတာဆိုပြီ...နှစ်ခါ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်တယ်။အဲ့လို ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့ အရေအတွက်တွေ... ကိုယ့်ကိုကိုယ် အသုံးမကျပါဘူးလို့ ပြောမိတဲ့အရေအတွက်တွေများလာတဲ့အခါ..သေချာပေါက် ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေဟာ ကျဆင်းလာတာကိုတွေ့ရတယ်။
စကားရဲ့ စွမ်းအားလို့ပဲပြောရမလား။ တစ်ခါ နပန်းပွဲတစ်ခု ယှဉ်ပြိုင်တော့...တစ်ဖက်လူက သူ့ရဲ့ ပြိုင်ဘက်သမားကို ပွဲမစခင်.. စကားတစ်ခွန်းပြောလိုက်တယ်။မင်းရဲ့အားနည်းချက်ကို ငါသိတယ်။သေချာပေါက် ဒီပွဲမှာ မင်းရှုံးလိမ့်မယ် ဆိုပြီးတော့ပေါ့။တစ်ဖက် ကစားသမားက ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ အဲ့စကားကိုပဲ သူ အထပ်ထပ် ကြားနေမိတယ်။ သူ့စိတ်ထဲမှာ...တကယ်ပဲ..ငါ့အားနညးချက်ကို သူသိနေတာလား။ငါတကယ်ပဲ ရှုံးတော့မှာလား။ ငါတော်တော်အသုံးမကျတာပဲ..စသဖြင့်...အပြစ်တင်ခြင်းစကားတွေက သူ့ရဲ့ တိုက်ခိုက်ခြင်း စွမ်းရည်တွေကို ကျဆင်းစေခဲ့တယ်။တကယ်လဲပဲ အဲ့ပွဲမှာ သူရှုံးနိမ့်ခဲ့ပါတယ်။
အဲ့ဒါကြောင့် အပြစ်တင်ခြင်းဟာ..ရှုံးနိမ့်မှုရဲ့ လမ်းစလိုဖြစ်နေတဲ့အတွက်... ကိုယ့်ကိုယ် အပြစ်မတင်ပါနဲ့။ကိုယ့်သူငယ်ချင်း ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေကိုအပြစ်မတင်ပါနဲ့။ ဘယ်သူ့ကိုမှ အပြစ်မတင်မိအောင်နေပါ။ တကယ်လို့ အပြစ်တင်ချင်စိတ်ဖြစ်နေပြီဆိုရင်... အပြစ်တင်ချင်တဲ့စကား.....စာ စသဖြင့် ပြောချင် ရေးချင်နေပြီဆိုရင်.. တစ်ရက်လောက် စောင့်စားလိုက်ပါ။နောက်ရက်ရောက်မှပြောလိုက်ပါ။ စောင့်စားနေတဲ့အတောအတွင်းမှာ.. ကိုယ်အပြစ်တင်မယ့်စကား စာနဲ့ ကိုယ့်ကိုကိုယ် ပြန်အပြစ်တင်ကြည့်ပါ။
ငါ့ကိုရော..တစ်ယောက်ယောက်က ဒီလိုစာ ..ဒီလိုစကားမျိုးနဲ့ အပြစ်တင်လာရင်.. ငါဘယ်လိုလုပ်မလဲ..ငါကြိုက်မှာလား...ငါဒေါသထွက်သွားမှာလား... ပြန်ပြီးတော့ချေပမှာလား..စသဖြင့်အရင်စဉ်းစားပါ။အတတ်နိုင်ဆုံးတော့... ကိုယ့်ကိုကိုယ်ရော...တခြားသူကိုပါ..အပြစ်တင်တာမျိုးတွေမလုပ်မိအောင်ကြိုးစားကြည့်ပါ။ renကတော့ ကြိုးစားနေဆဲပါ။
အရင်ကတည်းက ကိုယ်မှန်တယ်ထင်ရင်..မှားနေတဲ့သူကို အပြစ်တင်တတ်လို့.. ဆက်ဆံရေးတွေ သွေးအေးသွားခဲ့တာအများကြီးပါ။အခုတော့ အတတ်နိုင်ဆုံး ဘယ်သူ့ကိုမှ..အပြစ်မတင်မိအောင် ကြိုးစားနေပါတယ်။renမိတ်ဆွေတွေလဲ..ဘယ်သူ့ကိုမှအပြစ်မတင်မိအောင်နေကြည့်ပါ။ အနည်းဆုံးတော့ မိတ်ဆွေ တိုးပွားလာနိုင်ပါတယ်။ ရှိနေကြ မိတ်ဆွေတွေနဲ့လဲ ပိုပြီး ရင်းနှီးတဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို ရနိုင်ပါတယ်။ ချစ်ခြင်းဖြင့်#Ren#Sharing_is_caring
#zawgyi
အပြစ်မတင်နဲ့တဲ့။
#Ren
#Sharing_is_caring
Lanjutkan Membaca
Kamu Akan Menyukai Ini
13.9K 1.5K 86
Histori Personale
215K 7.7K 50
1.4M 28K 63
They don't play to win. They play to hurt. Sterling Academy's irresistible reputation all came crashing down last year when a list of the 'top thirty...