ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

Autorstwa god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ Więcej

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၇ ( ၃ + ၄ )

10K 1.1K 27
Autorstwa god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   17
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၇၊ အခန္း ၃။ ငါ ဘယ္တုန္းကစၿပီးေတာ့ နိမိတ္ဖတ္စားတဲ့သူ ၿဖစ္သြားရတာလဲ

ရႊီရီ ေၿပာလုိက္သည္ကုိ လိ်ဳယင္ ၊ မၿငင္းဆန္နုိ္င္ပါေခ်။

ေခါင္းေဆာင္တစ္ေယာက္ ၿဖစ္ေနပါရဲ့နဲ့
သူသည္ သခင္ေလးအား မကာကြယ္ေပးနုိင္ခဲ့ပါေခ်။
သူ့ရဲ့လူေတြကို ကာကြယ္မေပးနုိင္ခဲ့ပါေခ်။

သူမသာ အဲဒီအခ်ိန္တုန္းက ေပၚမလာခဲ့ဘူးဆုိပါလ်ွင္
စုန့္က်င္းသည္ ေသသြားခဲ့ရေလာက္ၿပီ ။ သူသည္လည္း
ထိုအတြက္ သူ့ကိုယ္သူ ခြင့္လႊတ္နုိင္ေတာ့မည္မဟုတ္ပါေခ်။

ရီ၀မ္၀မ္သည္ သူတုိ့တစ္ေယာက္တုိင္းဆီကို ကယ္တင္ေပးခဲ့သည္ - သူ့အေနၿဖင့္ ဘာမွေၿပာစရာစကား မရွိေတ့ာ။

အိပ္ခန္းထဲတြင္။

ရီ၀မ္၀မ္သည္ စီရီဟန္အား ေဆးတုိက္ေပးၿပီးသြားၿပီမို့ အ၀တ္အစားကူလဲေတာ့ေပးေတာ့ေပမည္။

အနွီလူသားၾကီးသည္ကား သူ၏ခါတိုငး္ေၾကာက္စရာေကာင္းၿပီး ေအးစက္လွသည့္ကုိယ္ေရာင္ကိုယ္၀ါတုိ့ ရွိမေနေတာ့။ သူသည္ကား အိပ္ေပ်ာ္လုိ့ေနေပသည္။ ဤစြမ္းအားၾကီးလွသည့္လူသား၏ အားနညး္ေနသည့္ပံုသ႑ာန္ေလးသည္ အႏၱရာယ္အေငြ့အသက္ ကင္းကာ ႏူးညံ့ညင္သာသည့္ခံစားခ်က္တုိ့ကို ေပးစြမ္းလုိ့ေနေလသည္။

တစ္ေန့လံုး ရွိခဲ့ၿပီ။ သုိ့တုိင္၊ စီရီဟန္သည္ ၿပန္နုိ္းထလာမည့္ အရိပ္အေယာင္ လံုး၀ ရွိမေနေသးပါေခ်။

သူမ မွတ္မိလိုက္ပါ၏။ သူမ၏အတိတ္ဘ၀တုန္းက စီရီဟန္သည္ ကိုမာ၀င္သြားကာ သံုးနွစ္ေက်ာ္ၾကာသြားခဲ့သည့္တုိင္ သတိၿပန္လည္ လာနုိ္င္ၿခင္း မရွိခဲ့ပါေခ်။ ေက်းဇူးတင္စရာေကာငး္စြာၿဖင့္ ဒီတစ္ၾကိမ္ တြင္ သူသည္ ဒဏ္ရာအနာတရရၿခင္း မရွိခဲ့ၿခငး္ပင္။ သို့ေသာ္ၿငား၊ သူ့ရဲ့ကုိယ္ခႏၶာကိုယ္တြင္ေတာ့ သိသာထင္ရွားသည့္ယိုယြင္းမႈတုိ့ ရွိေနၿပီး ပုန္းလ်ိဳးေနခဲ့ၾကသည့္လကၡဏာတုိ့ပါ ေပၚထြက္လာၾကေပၿပီ။

ၿပန္လည္မနိုးထမလာခင္ ဘယ္ေလာက္ၾကာၾကာထိ သတိေမ့ေမ်ာေနမည္လဲ ဆိုသည္ကား သူမ မေသခ်ာပါေခ်….

ရီ၀မ္၀မ္၊ အေတြးတုိ့ထဲ နစ္၀င္ေနမိစဥ္ တံခါးေခါက္သံ ေပၚလာသည္။
*ေဒါက္ ေဒါက္ ေဒါက္*
ကုိယ္ရံေတာ္တစ္ေယာက္သည္ အစားအစာတုိ့ကို ကိုင္ေဆာင္ကာ အထဲ၀င္လာပါ၏….

“၀မ္၀မ္ သခင္မေလး၊ နည္းနညး္ေလာက္ စားလိုက္ပါဦး” ကိုယ္ရံေတာ္ေလးသည္ သူမအေပၚတြင္ အၿမင္တုိ့ေၿပာင္းလဲလာ သည္ကား သိသိသာသာ။

ယခင္တုန္းက လ်ိဳယင္၏လက္ေအာက္က လူေတြအားလံုးသည္ အေပၚယံတြင္ေတာ့ မၾကိဳက္နွစ္သက္မႈတုိ့ကို မၿပပါေသာ္လည္း သူတို့၏မ်က္လံုးထဲက ေအးစက္မႈ သေရာ္ေထ့ေငါ့မႈုတိ့ုကိုကား ဖံုးကြယ္ထားၿခင္းမရွိၾကသည္ပင္။

“ေက်းဇူးပဲ။ အဲ့ဒီမွာပဲ ထားခဲ့လုိက္ပါ”

ကိုယ္ရံေတာ္ေလးသည္ အစားအေသာက္အား ေအာက္သို့ခ်ထား လုိက္ေခ်ၿပီ။ သို့ေသာ္၊ သူသည္ ခ်က္ခ်ငး္ ထြက္သြားၿခင္းကားမၿပဳ။ ထိုအစား၊ ေနရာတြင္ပင္ ရပ္တန့္ေနကာ စကားေၿပာဖုိ့ရာ တံု့ဆိုင္းေန ဟန္တူ၏။

“ဘာမ်ားလဲ။ တစ္ခုခု ရွိလုိ့လား”
သူ ထြက္သြားၿခင္း မၿပဳေသးသည္ကို သတိၿပဳမိသြားသည္မုိ့
ရီ၀မ္၀မ္ ေမးလုိက္၏။

ကိုယ္ရံေတာ္ေလးသည္ ရွက္ရြံံ့ဟန္ၿဖင့္ ရွက္ေသြးတုိ့ၿဖာကာ သူ့ရဲ့ေခါင္းကို ကုတ္လိ့ု ခ်ီတံုခ်တံုုလုပ္ေနၿပီး ေနာက္ဆံုးတြင္မွ ဆုိလာသည္။
“မရွိ၊ မရွိပါဘူး။ ဒီအတိုငး္…ဒါက…သခင္မေလး ၀မ္၀မ္…ေက်းဇူးၿပဳၿပီးေတာ့ က်ြန္ေတာ့္ရဲ့ကံၾကမၼာေလး ဖတ္ေပးလုိ့ရမလား”

ရီ၀မ္၀မ္၊ ေၾကာင္အသြားေတာ့သည္။
“ဟမ္”

သူ့ကုိ ဘာလုပ္ေပးရမယ္ ?

ကိုယ္ရံေတာ္ေလးသည္ လ်င္ၿမင္စြာပင္ ေၿပာလာေခ်သည္။
“သခင္မေလး က်ြန္ေတာ့္ကို ၂၀ ရာခုိင္နႈန္း ဒစ္စေကာင့္ေပးစရာ မလုိပါဘူး။ အၿပည့္ ။ က်ြန္ေတ္ာ အၿပည့္ေပးပါမယ္”

၀မ္၀မ္။ “…”

ငါ ဘယ္တုနး္ကစၿပီးေတာ့ နိမိတ္ဖတ္စားတဲ့သူၿဖစ္သြားတာလဲ။

“ရ…ရလား” ကိုယ္ရံေတာ္ေလးသည္ စိတ္လႈပ္ရွားစြာၿဖင့္ ေမးလာသည္။

ရီ၀မ္၀မ္၊ ဆြံ့အသြားရေတာ့ေပၿပီ။ ၾကည့္ရသည္မွာ ဒီတစ္ေလ်ွာက္ လံုးလံုး သူမ ေလွ်ာက္ေျပာထားခဲ့တာတို့ေတြသည္ အလြန္တရာၾကီး ယံုၾကည္စရာေကာင္းလြန္းေနေခ်ကာ ဒီလူေတြအားလံုးသည္
သူမ တကယ္နိမိတ္ဖတ္တတ္ေၾကာင္း ယံုၾကည္သြားခဲ့ၾကၿခင္းပင္။

သူမအေနၿဖင့္မူကား သူမသည္ နိမိတ္ဖတ္တတ္ၾကသူေတြထက္ပင္ ပိုလုိ့တိက်ေအာင္ လူေတြရဲ့ကံၾကမၼာကုိ ဖတ္ေပးနုိင္ေပသည္။ သို့ေသာ္၊ ၿပသနာသည္ကား ၾကံဳရာလူရဲ့အနာဂတ္အား သူမ သိမေနပါေခ်။

ဥပမာအားၿဖင့္ဆုိရေသာ္၊ သူမအေရွ့မွာရွိေနသည့္ ဤလူ။

ဒီမရငး္နွီးလွပါသည့္မ်က္နွာအား ၾကည့္ေနမိသည့္ခ်ိန္၊
သူမရဲ့စိတ္ထဲတြင္ ဘာမွေပၚလာၿခင္းကား မရွိ။ ထုိ့ေၾကာင့္၊
ရီ၀မ္၀မ္၊ ဟုိမတင္ဒီမက်သာ စကားကိုေၿပာလိုက္ေတ့ာသည္။

*အဟြတ္*  “က်ြန္မမွာ စညး္မ်ဥ္း၇ွိတယ္။ က်ြန္မဆီကို ကံတရားက ပို့ေပးလုိက္တဲ့လူေတြရဲ့ကံၾကမၼာကုိပဲ ဖတ္ေပးတယ္”

ကံတရားက ဆုိေတာ့ကာ၊ ကံတရားကပို့ေပးသည္ဟုတ္ဟုတ္မဟုတ္ဟုတ္၊
သူမနဲ့ပတ္သက္စရာ ဘာမွမရွိေတာ့ၿပီ မဟုတ္ပါေလာ။

သူမ ေၿပာသည္ကို ၾကားလုိက္သည့္ေနာက္၊ ကုိယ္ရံေတာ္ေလးသည္ စိတ္ဓာတ္က်သည့္မ်က္နွာၿဖင့္ ထြက္သြားေတာ့ၿပီ။

ထုိအခို္က္၊ တံခါးကေန က်ိတ္ရယ္သံ ေပၚထြက္လာသည္။
“သခင္မေလး ၀မ္၀မ္။ က်ြန္ေတ္ာ့ရဲ့ကံၾကမၼာကုိေရာ ဖတ္ေပးလုိ့ရမလား”

ရႊီရီ ဘယ္အခ်ိန္က ေရာက္လာခ့ဲသည္ကို သူမ မေသခ်ာပါေခ်။ သို့ေသာ္၊ သူသည္ကား တံခါးကေန ေလ်ွာက္လာေနေခ်ၿပီ။

ေရာက္လာသူအား ၿမင္လုိက္ရသည့္အခုိက္၊ ရီ၀မ္၀မ္၊
သူမမ်က္ခံုးတုိ့ ၿမင့္တက္သြားရေတာ့ေပၿပီ - ရႊီရီ ?

ရီ၀မ္၀မ္၊ ရယ္ေမာမိလုိက္ေတာ့ၿပီ။
“အိမ္ေတာ္ထိန္း ရႊီ၊ က်ြန္မကို စမေနပါနဲ့ရွင္။ က်ြန္မက သူတုိ့ကို သက္သက္ေနာက္ေနတာပါ။ ဘယ္လုိလုပ္ၿပီးေတာ့ က်ြန္မက နိမိတ္ဖတ္တတ္ပါ့မလဲ။ ရူးေလာက္စရာၾကီးကို။ က်ြန္မသာ ကံၾကမၼာ ဖတ္တတ္မယ္ဆိုရင္ ဘယ္လုိၿဖစ္လုိ့ ဒီအေၿခအေနထိ ေရာက္လာခဲ့ပါ့ မလဲ၊ ဟမ္”

သို့ေပမယ့္ ၊ အမွန္တရားသည္ကား စီရီဟန္၏ညာလက္ရံုးတစ္ေယာက္ အေနၿဖင့္ စီရီဟန္နွင့္ အနီးကပ္ဆံုးသူေတြထဲက တစ္ေယာက္အေနၿဖင့္၊ သူမသည္ သူ့ရဲ့ကံၾကမၼာနွင့္ပတ္သက္ၿပီး အားလံုးကို သိလုိ့ေနပါ၏…..

ဒီအခုိက္အတန့္၊ ရီ၀မ္၀မ္၏အမူအရာသည္ ရုတ္တရက္ၾကီး ေမွာင္မုိက္လာရေတာ့သည္။

အခုတေလာတြင္၊ သူမသည္ စီရီဟန္နွင့္ပတ္သက္ၿပီးေတာ့သာ စိုးရိမ္ပူပန္ေနခဲ့ရသည္တည္းမုိ့ ရႊီရီအေပၚ အာရံုစိုက္နုိင္ၿခင္း မရွိခဲ့ေခ်။ အခုတြင္ေတာ့၊ ရႊီရီသည္ ဒီအေၾကာင္းကို စလာေခ်ၿပီ။
သူမ မွတ္မိလိုက္ မိေတာ့သည္ကား ရႊီရီတြင္ ဘာၿဖစ္ပ်က္ခဲ့သလဲ ဆုိသည္ပင္….အလြန္ပင္ ၀မ္နည္းစရာဒုကၡအတိ ခံစားခဲ့ရသည္ပင္....

                    💖💖💖💖💖💖💖💖

စာစဥ္ ၁၇၊ အခန္း ၄။ ရႊီရီ၏ကံၾကမၼာ

ၿပီးေတာ့….

သူမ မွတ္မိတုိ့သည္သာ မွန္ကန္မည္ဆိုလွ်င္
ရႊီရီ၏ကိစၥသည္ စီရီဟန္ အတုိက္ခုိက္ခံရသည္နွင့္ ပတ္သက္လုိ့ေနေခ်သည္။
စီ မိသားစုသည္ အဓိကလက္သည္တရားခံအား
နွံ့နွ့့ံစပ္စပ္ ရွာေဖြစူးစမး္မႈ ၿပဳခ်င္ခဲ့သည္ပင္။

ဒီစံုစမ္းစစ္ေဆးမႈသည္ကား သူုတိ့ု၏လူအရင္းအခ်ာတုိ့ပင္ ၿဖစ္ေၾကာင္း မီးေမာင္းထိုးၿပလာ၏ - ကုမၸဏီအတြင္းတြင္ သစၥာေဖာက္သူ ရွိေနပါ သည္ဟူ၍။

ၿပီးေတာ့ ထိုသစၥာေဖာက္သည္…စီရီဟန္၏အားအကုိးရဆံုး ၊ အယံုၾကည္ရဆံုး လက္ေထာက္၊ ရႊီရီ ၿဖစ္ေနၿခင္းပါတည္း…..

ရႊီရီ၏ရာထူးနွင့္ ၿသဇာလႊမ္းမိုးမႈတုိ့ေၾကာင့္၊
စီ မိသားစုထဲက လူတုိင္း ေရွ့ာရသြားခဲ့ၾကရသည္။

ထိုအခ်ိန္အတြင္းတြင္၊ စီရီဟန္သည္ကား သတိေမ့ေမ်ာလုိ့ေနဆဲ ၿဖစ္၏။ ထုိ့ေၾကာင့္၊ သခင္မၾကီး၊ ကုမၸဏီ၏စီနီယာမန္ေနဂ်ာတို့နွင့္ မိသားစုထဲက လူၾကီးပိုင္းတုိ့သည္ ဤသည္နွင့္ပတ္သက္ၿပီး ေၿဖရွင္းၾကရသည့္သူမ်ား ၿဖစ္ၾက၏။

စီနီယာအုပ္ခ်ဳပ္ေရးပိုင္းက အၾကီးအကဲတုိ့သည္ စံုစမ္းစစ္ေဆးမႈ ၿပဳလာၾကၿပီး ေနာက္ဆံုးတြင္ အဆံုးအၿဖတ္ေပးလုိက္ၾကသည္ကား သက္ေသအေထာက္အထားသည္ ၿငငး္လုိ့မရနုိင္ၿပီဟု။

သူတုိ့ရဲ့ပစၥည္းေတြ ဓားၿပတုိက္ခံရသည္။ ကိုယ္ရံေတာ္တစ္ဖြဲ့လံုးနွင့္ လ်ိဳ့၀ွက္ေထာက္လွမ္းေရးေတြ ထိခုိက္ဒဏ္ရာတုိ့ ရခဲ့ၾကသည္။ ၿပီးေတာ့၊ ေရတြက္လုိ့မရသည့္ေနာက္ဆက္တြဲအက်ိဳးဆက္တု့ိ ရခဲ့ၾကသည္ ။ ဒါ့အၿပင္၊ ထုိအခ်ိန္တြင္ စီရီဟန္သည္ကား သတိၿပန္ ၀င္လာၿခင္း မရွိေသးဆဲျဖစ္ရာ ။ ရႊီရီအေပၚ ၿပင္းၿပင္းထန္ထန္ က်ိန္ဆဲလာၾကၿခင္းတုိ့နွင့္အတူ၊ ေမ်ွာ္လင့္ထားသည့္အတိုင္းပင္
စီ မိသားစုသည္ အၿပစ္ဒဏ္ၾကီးၾကီးမားမားၾကီး ေပးပစ္ခဲ့သည္။

ထုိအခ်ိန္တြင္၊ ရႊီရီသည္ ရွင္းၿပဖုိ့အေကာင္းဆံုး ၾကိဳးစားခဲ့ၿပီး အားလံုး အား ၿငင္းဆိုရင္း ေနာက္ထပ္တစ္ၾကိမ္အခြင့္အေရးေပးပါရန္ ေတာင္းပန္ ခ့ဲသည္။ ၿငင္းလုိ့မရနုိင္သည့္သက္ေသတုိ့ေၾကာင့္ သူ့အား မည္သူကမွ ယံုၾကည္ေပးၿခငး္ မရွိၾကသလုိ သူ့ဘက္ကေန မည္သူမွ ရပ္တည္ေပး ၾကၿခင္း မရွိခဲ့ၾကေခ်။

အဆံုးတြင္ေတာ့၊ ရႊီရီသည္ တသီးတၿခားတည္း ၿဖစ္သြားခဲ့ၿပီး အကူအညီတို့ လံုး၀ပင္ မရရွိခဲ့။ သူ့ရဲ့တစ္မိသားစုလံုး အသတ္ခံ
လုိက္ျကရၿပီး သူသည္သာ ကံေကာင္းေထာက္မစြာၿဖင့္ အသက္ရွင္ လြတ္ေၿမာက္သြားခဲ့ေခ်၏။

သို့ေသာ္လည္း၊ ရႊီရီအတြက္သည္ကား အသက္ရွင္သန္ေနရၿခင္းသည္ ေသၿခင္းထက္ပင္ ပုိလုိ့နာက်င္ဖြယ္ရာေကာင္းေနသည္ပင္။

သူသည္ တစ္သက္တာလံုး သစၥာေဖာက္ဟူသည့္နာမည္ကုိ ရသြားခဲ့သည္။ သူ့ရဲ့မိသားစုကုိ ဆံုးရံႈးရၿခင္း၏နာက်င္မႈနွင့္ ၾကံဳေတြ့ခဲ့ရသည္။ သူ့ရဲ့က်န္ရွိေနသည့္ ဘ၀တစ္ေလ်ွာက္လံုးကို နာက်င္အနွိပ္စက္ခံရၿခင္းတုိ့နွင့္ ေနသြားခဲ့ရသည္…..

ရီ၀မ္၀မ္ မွတ္မိေနပါ၏။ စီရီဟန္သည္ ရႊီရီအား ရွာေတြ့သည့္အခ်ိန္တြင္ ရႊီရီ၏ညာဘက္ေၿခေထာက္သည္ ၿပတ္ေနခဲ့ၿပီဆိုသည္ကုိ။ သူသည္ ေၿခတုတုိ့ စြပ္ထားရၿပီး လမ္းၾကိဳလမး္ၾကားတြင္ စိတ္ဓာတ္က်စြာ ၊ ၀မ္းနည္းေၾကကြဲစြာၿဖင့္ လဲေလ်ာင္းေနေလ၏။

စီရီဟန္၊ သူ သတိၿပန္လည္လာၿပီးသည့္ေနာက္မွာ အဓိကလက္သည္တရားခံအား ရွာေတြ့ခဲ့ပါေသာ္လည္း
ဤသည္က ရႊီရီအတြက္သည္ေတာ့ အဓိပၸာယ္မရွိေတာ့ေခ်ၿပီ။

တစ္ဆက္တညး္ပင္၊ စီရီဟန္၊ ရႊီရီအား အိမ္ၿပန္ေခၚသြားခဲ့ၿပီး သူ့ကို ေစာင့္ေရွာက္ဂရုစုိက္ၿပီး အစားအေသာက္ ေကြ်ေမြးဖို့ရာအတြက္ တစ္စံုတစ္ေယာက္ကို လႊတ္ေပးခဲ့ပါ၏။ သို့ေသာ္၊ သိပ္မၾကာလုိက္ေပ။ မုန္တုိင္းထန္သည့္ညတစ္ညတြင္ ရႊီရီသည္ ေပ်ာက္ကြယ္သြားခဲ့ၿပီး ၿပန္ေပၚမလာခဲ့ေတာ့။ သူ ေသသြားသေလာ ရွင္ေနေသးသေလာ ဆုိသည္ကုိလညး္ မသိခဲ့ၾကေတာ့…..

ထုိၿဖစ္ရပ္ၿဖစ္ၿပီးကတည္းက စီရီဟန္သည္ လူတုိင္းနွင့္
အကြာအေ၀းတစ္ခုထားၿပီး ေနေတာ့သည္တည့္။
ရႊီရီ၏နာမည္ကို ထုတ္ေဖာ္ေၿပာဆုိၿခင္းကို ခြင့္မၿပဳေတာ့ -
ဘယ္သူကမွ သူ့အေၾကာင္း အစမေဖာ္ရဲၾကေတာ့ ။

ထုိ့ေၾကာင့္၊ သူမ၏အတိတ္ဘ၀တုနး္က ရႊီရီ၏ကံၾကမၼာသည္ အေတာ္ေလးပင္ သနားရင္နာစရာေကာင္းလွပါ၏…ရိုးရိုးသာမန္ ဆင္းရဲဒုကၡနွင့္ လားလားမ်ွမဆုိင္ေပ....

သူမ၏အတိတ္ဘ၀တြင္၊ ရႊီရီသည္ကား သူမနွင့္ ပတ္သက္သည့္ ကိစၥတုိင္းကို တာ၀န္ယူေပးခဲ့ရပါ၏။ အရင္တုန္းက သူမေလးသည္ ေန့စဥ္ေန့တိုင္း ၿပသနာေတြခ်ညး္ လွိမ့္ရွာခဲ့သည္။ တစ္ခုခ်င္းစီတုိင္းကို လိုက္လံအၿပစ္ရွာေနခဲ့သည္။ သူမရဲ့အရႈပ္ထုပ္တုိ့ကို ရႊီရီသည္သာ အၿမဲတေစ လုိက္လံရွငး္လငး္ေပးခဲ့ရၿခငး္ပါတည္း။

ရႊီရီသည္ သူမနွင့္ပတ္သက္ၿပီး သတိၾကီးၾကီးထားပါေသာ္လည္း၊ သူသည္ အၿမဲတေစပင္ တာ၀န္ယူစိတ္ရွိၿပီး တာ၀န္ေက်သည္ခ်ည္း။ သူသည္ သူမ၏ မေရတြက္နုိင္သည့္အရႈပ္ထုပ္တုိ့ကို လုိက္ပင္ ဖံုးဖိေပးခဲ့ၿပီး စီရီဟန္နွင့္သူမ ၾကားက ကေတာက္ကဆအခ်ငး္မ်ားမႈ တုိ့ကိုပါ ေၿဖရွငး္ေပးဖုိ့ အေကာင္းဆံုး ၾကိဳးစားေပးခဲ့သည္ခ်ည္း။
ရႊီရီ ထြက္သြားသည့္ေနာက္၊ စီ မိသားစုထဲတြင္ သူမ၏ဘ၀သည္ ပုိလုိ့ပင္ ခက္ခဲလာခဲ့ရေတာ့သည္။

ၿပီးေတာ့၊ ဤဘ၀တြင္လညး္ ရႊီရီသည္ သူမအား အမ်ားၾကီး ကူညီေပးခဲ့သည္ပင္….

ၿဖစ္နုိင္မည္ဆုိပါလ်ွင္ သူသည္ ရႊီရီအား ထုိကဲ့သုိ့ နာက်င္ေၾကကြဲစရာ အဆံုးသတ္နွင့္ မေတြ့ဆံုသြားေစခ်င္ပါ…..

“သခင္မေလး ၀မ္၀မ္…သခင္မေလး ၀မ္၀မ္…”
ရႊီရီ၏အသံ ရုတ္တရက္ သူမနားထဲ ၀င္လာ၏။ သူမ၏မွတ္ဥာဏ္တုိ့ထဲ ေရာက္ေနမိသည့္ ရီ၀မ္၀မ္အား အသိတုိ့ၿပန္၀င္သြားေစသည္။

“ဘာလဲ”

“လ်ိဳယင္နွင့္စုန့္က်င္းရဲ့ဒဏ္ရာေတြလည္း ကုသၿပီးသြားၿပီ။
က်ြန္ေတာ္တု့ိ ၿပန္လုိ့ရပါၿပီ”
ရႊီရီ ေၿပာလာ၏။

“ေကာင္းၿပီ” ရီ၀မ္၀မ္ ေခါငး္ညိတ္ၿပလုိက္၏။ ၿပီးသည့္ေနာက္၊ တစ္ဆက္တည္းပင္ သူမ၏မ်က္ခံုးတုိ့ တြန့္ေကြးသြားမိေတာ့ေပၿပီ။

သူမ၏အတိတ္ဘ၀တုန္းက ရႊီရီသည္ နာက်င္ေၾကကြဲဖြယ္ အဆံုးသတ္နွင့္ ေတြ့ဆံုခဲ့ရပါေသာ္လည္း ယခုဘ၀တြင္ေတာ့ သူမေလးသည္ ၿဖစ္ရပ္၏ေက်ာရိုးၾကီးအား ေၿပာင္းလဲလုိက္ခဲ့ေခ်ၿပီ။ ဒီေတာ့ကာ၊ ရႊီရီ၏ကံတရားကုိ ေၿပာင္းလဲဖုိ့ရာ အခြင့္အေရးၿမင့္ၿမင့္ၾကီး မ်ား ရနုိင္ေလမလား။

ဒီဘ၀တြင္ အရာရာသည္ ထုိလမ္းအတိုင္း မသြားေတာ့သည္လည္း ၿဖစ္နုိင္သည္ပင္။

ေမ်ွာ္လင့္မိသည္ကေတာ့ သူမ အတုိင္းအဆမဲ့ စုိးရိမ္လြန္ေနမိၿခင္းသာ ၿဖစ္ပါေစဟု…

အဲဒီလိုမွမဟုတ္လွ်င္ စီရီဟန္ သတိေမ့ေမ်ာေနသည့္ ဒီလုိအေၿခအေန မ်ိဳးေအာက္တြင္ ရႊီရီ၏အေၿခအေနသည္ အမွန္စစ္ပင္ ဆုိးရြားလြန္းေပ လိမ့္မည္တည္း…..

                      💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

..........

Unicode :

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   17
Chapter.          :  3 + 4
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၇၊ အခန်း ၃။ ငါ ဘယ်တုန်းကစပြီးတော့ နိမိတ်ဖတ်စားတဲ့သူ ဖြစ်သွားရတာလဲ

ရွှီရီ ပြောလိုက်သည်ကို လျိုယင် ၊ မငြင်းဆန်နိုင်ပါချေ။

ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါရဲ့နဲ့
သူသည် သခင်လေးအား မကာကွယ်ပေးနိုင်ခဲ့ပါချေ။
သူ့ရဲ့လူတွေကို ကာကွယ်မပေးနိုင်ခဲ့ပါချေ။

သူမသာ အဲဒီအချိန်တုန်းက ပေါ်မလာခဲ့ဘူးဆိုပါလျှင်
စုန့်ကျင်းသည် သေသွားခဲ့ရလောက်ပြီ ။ သူသည်လည်း
ထိုအတွက် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်တော့မည်မဟုတ်ပါချေ။

ရီဝမ်ဝမ်သည် သူတို့တစ်ယောက်တိုင်းဆီကို ကယ်တင်ပေးခဲ့သည် - သူ့အနေဖြင့် ဘာမှပြောစရာစကား မရှိတေ့ာ။

အိပ်ခန်းထဲတွင်။

ရီဝမ်ဝမ်သည် စီရီဟန်အား ဆေးတိုက်ပေးပြီးသွားပြီမို့ အဝတ်အစားကူလဲတော့ပေးတော့ပေမည်။

အနှီလူသားကြီးသည်ကား သူ၏ခါတိုင်းကြောက်စရာကောင်းပြီး အေးစက်လှသည့်ကိုယ်ရောင်ကိုယ်ဝါတို့ ရှိမနေတော့။ သူသည်ကား အိပ်ပျော်လို့နေပေသည်။ ဤစွမ်းအားကြီးလှသည့်လူသား၏ အားနည်းနေသည့်ပုံသဏ္ဍာန်လေးသည် အန္တရာယ်အငွေ့အသက် ကင်းကာ နူးညံ့ညင်သာသည့်ခံစားချက်တို့ကို ပေးစွမ်းလို့နေလေသည်။

တစ်နေ့လုံး ရှိခဲ့ပြီ။ သို့တိုင်၊ စီရီဟန်သည် ပြန်နိုးထလာမည့် အရိပ်အယောင် လုံး၀ ရှိမနေသေးပါချေ။

သူမ မှတ်မိလိုက်ပါ၏။ သူမ၏အတိတ်ဘဝတုန်းက စီရီဟန်သည် ကိုမာဝင်သွားကာ သုံးနှစ်ကျော်ကြာသွားခဲ့သည့်တိုင် သတိပြန်လည် လာနိုင်ခြင်း မရှိခဲ့ပါချေ။ ကျေးဇူးတင်စရာကောင်းစွာဖြင့် ဒီတစ်ကြိမ် တွင် သူသည် ဒဏ်ရာအနာတရရခြင်း မရှိခဲ့ခြင်းပင်။ သို့သော်ငြား၊ သူ့ရဲ့ကိုယ်ခန္ဓာကိုယ်တွင်တော့ သိသာထင်ရှားသည့်ယိုယွင်းမှုတို့ ရှိနေပြီး ပုန်းလျိုးနေခဲ့ကြသည့်လက္ခဏာတို့ပါ ပေါ်ထွက်လာကြပေပြီ။

ပြန်လည်မနိုးထမလာခင် ဘယ်လောက်ကြာကြာထိ သတိမေ့မျောနေမည်လဲ ဆိုသည်ကား သူမ မသေချာပါချေ….

ရီဝမ်ဝမ်၊ အတွေးတို့ထဲ နစ်ဝင်နေမိစဉ် တံခါးခေါက်သံ ပေါ်လာသည်။
*ဒေါက် ဒေါက် ဒေါက်*
ကိုယ်ရံတော်တစ်ယောက်သည် အစားအစာတို့ကို ကိုင်ဆောင်ကာ အထဲဝင်လာပါ၏….

“ဝမ်ဝမ် သခင်မလေး၊ နည်းနည်းလောက် စားလိုက်ပါဦး” ကိုယ်ရံတော်လေးသည် သူမအပေါ်တွင် အမြင်တို့ပြောင်းလဲလာ သည်ကား သိသိသာသာ။

ယခင်တုန်းက လျိုယင်၏လက်အောက်က လူတွေအားလုံးသည် အပေါ်ယံတွင်တော့ မကြိုက်နှစ်သက်မှုတို့ကို မပြပါသော်လည်း သူတို့၏မျက်လုံးထဲက အေးစက်မှု သရော်ထေ့ငေါ့မှုုတိ့ုကိုကား ဖုံးကွယ်ထားခြင်းမရှိကြသည်ပင်။

“ကျေးဇူးပဲ။ အဲ့ဒီမှာပဲ ထားခဲ့လိုက်ပါ”

ကိုယ်ရံတော်လေးသည် အစားအသောက်အား အောက်သို့ချထား လိုက်ချေပြီ။ သို့သော်၊ သူသည် ချက်ချင်း ထွက်သွားခြင်းကားမပြု။ ထိုအစား၊ နေရာတွင်ပင် ရပ်တန့်နေကာ စကားပြောဖို့ရာ တုံ့ဆိုင်းနေ ဟန်တူ၏။

“ဘာများလဲ။ တစ်ခုခု ရှိလို့လား”
သူ ထွက်သွားခြင်း မပြုသေးသည်ကို သတိပြုမိသွားသည်မို့
ရီဝမ်ဝမ် မေးလိုက်၏။

ကိုယ်ရံတော်လေးသည် ရှက်ရွံံ့ဟန်ဖြင့် ရှက်သွေးတို့ဖြာကာ သူ့ရဲ့ခေါင်းကို ကုတ်လိ့ု ချီတုံချတုံလုပ်နေပြီး နောက်ဆုံးတွင်မှ ဆိုလာသည်။
“မရှိ၊ မရှိပါဘူး။ ဒီအတိုင်း…ဒါက…သခင်မလေး ဝမ်ဝမ်…ကျေးဇူးပြုပြီးတော့ ကျွန်တော့်ရဲ့ကံကြမ္မာလေး ဖတ်ပေးလို့ရမလား”

ရီဝမ်ဝမ်၊ ကြောင်အသွားတော့သည်။
“ဟမ်”

သူ့ကို ဘာလုပ်ပေးရမယ် ?

ကိုယ်ရံတော်လေးသည် လျင်မြင်စွာပင် ပြောလာချေသည်။
“သခင်မလေး ကျွန်တော့်ကို ၂၀ ရာခိုင်နှုန်း ဒစ်စကောင့်ပေးစရာ မလိုပါဘူး။ အပြည့် ။ ကျွန်တေ်ာ အပြည့်ပေးပါမယ်”

ဝမ်ဝမ်။ “…”

ငါ ဘယ်တုန်းကစပြီးတော့ နိမိတ်ဖတ်စားတဲ့သူဖြစ်သွားတာလဲ။

“ရ…ရလား” ကိုယ်ရံတော်လေးသည် စိတ်လှုပ်ရှားစွာဖြင့် မေးလာသည်။

ရီဝမ်ဝမ်၊ ဆွံ့အသွားရတော့ပေပြီ။ ကြည့်ရသည်မှာ ဒီတစ်လျှောက် လုံးလုံး သူမ လျှောက်ပြောထားခဲ့တာတို့တွေသည် အလွန်တရာကြီး ယုံကြည်စရာကောင်းလွန်းနေချေကာ ဒီလူတွေအားလုံးသည်
သူမ တကယ်နိမိတ်ဖတ်တတ်ကြောင်း ယုံကြည်သွားခဲ့ကြခြင်းပင်။

သူမအနေဖြင့်မူကား သူမသည် နိမိတ်ဖတ်တတ်ကြသူတွေထက်ပင် ပိုလို့တိကျအောင် လူတွေရဲ့ကံကြမ္မာကို ဖတ်ပေးနိုင်ပေသည်။ သို့သော်၊ ပြသနာသည်ကား ကြုံရာလူရဲ့အနာဂတ်အား သူမ သိမနေပါချေ။

ဥပမာအားဖြင့်ဆိုရသော်၊ သူမအရှေ့မှာရှိနေသည့် ဤလူ။

ဒီမရင်းနှီးလှပါသည့်မျက်နှာအား ကြည့်နေမိသည့်ချိန်၊
သူမရဲ့စိတ်ထဲတွင် ဘာမှပေါ်လာခြင်းကား မရှိ။ ထို့ကြောင့်၊
ရီဝမ်ဝမ်၊ ဟိုမတင်ဒီမကျသာ စကားကိုပြောလိုက်တေ့ာသည်။

*အဟွတ်*  “ကျွန်မမှာ စည်းမျဉ်းရှိတယ်။ ကျွန်မဆီကို ကံတရားက ပို့ပေးလိုက်တဲ့လူတွေရဲ့ကံကြမ္မာကိုပဲ ဖတ်ပေးတယ်”

ကံတရားက ဆိုတော့ကာ၊ ကံတရားကပို့ပေးသည်ဟုတ်ဟုတ်မဟုတ်ဟုတ်၊
သူမနဲ့ပတ်သက်စရာ ဘာမှမရှိတော့ပြီ မဟုတ်ပါလော။

သူမ ပြောသည်ကို ကြားလိုက်သည့်နောက်၊ ကိုယ်ရံတော်လေးသည် စိတ်ဓာတ်ကျသည့်မျက်နှာဖြင့် ထွက်သွားတော့ပြီ။

ထိုအခိုက်၊ တံခါးကနေ ကျိတ်ရယ်သံ ပေါ်ထွက်လာသည်။
“သခင်မလေး ဝမ်ဝမ်။ ကျွန်တေ်ာ့ရဲ့ကံကြမ္မာကိုရော ဖတ်ပေးလို့ရမလား”

ရွှီရီ ဘယ်အချိန်က ရောက်လာခဲ့သည်ကို သူမ မသေချာပါချေ။ သို့သော်၊ သူသည်ကား တံခါးကနေ လျှောက်လာနေချေပြီ။

ရောက်လာသူအား မြင်လိုက်ရသည့်အခိုက်၊ ရီဝမ်ဝမ်၊
သူမမျက်ခုံးတို့ မြင့်တက်သွားရတော့ပေပြီ - ရွှီရီ ?

ရီဝမ်ဝမ်၊ ရယ်မောမိလိုက်တော့ပြီ။
“အိမ်တော်ထိန်း ရွှီ၊ ကျွန်မကို စမနေပါနဲ့ရှင်။ ကျွန်မက သူတို့ကို သက်သက်နောက်နေတာပါ။ ဘယ်လိုလုပ်ပြီးတော့ ကျွန်မက နိမိတ်ဖတ်တတ်ပါ့မလဲ။ ရူးလောက်စရာကြီးကို။ ကျွန်မသာ ကံကြမ္မာ ဖတ်တတ်မယ်ဆိုရင် ဘယ်လိုဖြစ်လို့ ဒီအခြေအနေထိ ရောက်လာခဲ့ပါ့ မလဲ၊ ဟမ်”

သို့ပေမယ့် ၊ အမှန်တရားသည်ကား စီရီဟန်၏ညာလက်ရုံးတစ်ယောက် အနေဖြင့် စီရီဟန်နှင့် အနီးကပ်ဆုံးသူတွေထဲက တစ်ယောက်အနေဖြင့်၊ သူမသည် သူ့ရဲ့ကံကြမ္မာနှင့်ပတ်သက်ပြီး အားလုံးကို သိလို့နေပါ၏…..

ဒီအခိုက်အတန့်၊ ရီဝမ်ဝမ်၏အမူအရာသည် ရုတ်တရက်ကြီး မှောင်မိုက်လာရတော့သည်။

အခုတလောတွင်၊ သူမသည် စီရီဟန်နှင့်ပတ်သက်ပြီးတော့သာ စိုးရိမ်ပူပန်နေခဲ့ရသည်တည်းမို့ ရွှီရီအပေါ် အာရုံစိုက်နိုင်ခြင်း မရှိခဲ့ချေ။ အခုတွင်တော့၊ ရွှီရီသည် ဒီအကြောင်းကို စလာချေပြီ။
သူမ မှတ်မိလိုက် မိတော့သည်ကား ရွှီရီတွင် ဘာဖြစ်ပျက်ခဲ့သလဲ ဆိုသည်ပင်….အလွန်ပင် ဝမ်နည်းစရာဒုက္ခအတိ ခံစားခဲ့ရသည်ပင်....

                    💖💖💖💖💖💖💖💖

စာစဉ် ၁၇၊ အခန်း ၄။ ရွှီရီ၏ကံကြမ္မာ

ပြီးတော့….

သူမ မှတ်မိတို့သည်သာ မှန်ကန်မည်ဆိုလျှင်
ရွှီရီ၏ကိစ္စသည် စီရီဟန် အတိုက်ခိုက်ခံရသည်နှင့် ပတ်သက်လို့နေချေသည်။
စီ မိသားစုသည် အဓိကလက်သည်တရားခံအား
နှံ့နှံ့စပ်စပ် ရှာဖွေစူးစမ်းမှု ပြုချင်ခဲ့သည်ပင်။

ဒီစုံစမ်းစစ်ဆေးမှုသည်ကား သူုတိ့ု၏လူအရင်းအချာတို့ပင် ဖြစ်ကြောင်း မီးမောင်းထိုးပြလာ၏ - ကုမ္ပဏီအတွင်းတွင် သစ္စာဖောက်သူ ရှိနေပါ သည်ဟူ၍။

ပြီးတော့ ထိုသစ္စာဖောက်သည်…စီရီဟန်၏အားအကိုးရဆုံး ၊ အယုံကြည်ရဆုံး လက်ထောက်၊ ရွှီရီ ဖြစ်နေခြင်းပါတည်း…..

ရွှီရီ၏ရာထူးနှင့် သြဇာလွှမ်းမိုးမှုတို့ကြောင့်၊
စီ မိသားစုထဲက လူတိုင်း ရှေ့ာရသွားခဲ့ကြရသည်။

ထိုအချိန်အတွင်းတွင်၊ စီရီဟန်သည်ကား သတိမေ့မျောလို့နေဆဲ ဖြစ်၏။ ထို့ကြောင့်၊ သခင်မကြီး၊ ကုမ္ပဏီ၏စီနီယာမန်နေဂျာတို့နှင့် မိသားစုထဲက လူကြီးပိုင်းတို့သည် ဤသည်နှင့်ပတ်သက်ပြီး ဖြေရှင်းကြရသည့်သူများ ဖြစ်ကြ၏။

စီနီယာအုပ်ချုပ်ရေးပိုင်းက အကြီးအကဲတို့သည် စုံစမ်းစစ်ဆေးမှု ပြုလာကြပြီး နောက်ဆုံးတွင် အဆုံးအဖြတ်ပေးလိုက်ကြသည်ကား သက်သေအထောက်အထားသည် ငြင်းလို့မရနိုင်ပြီဟု။

သူတို့ရဲ့ပစ္စည်းတွေ ဓားပြတိုက်ခံရသည်။ ကိုယ်ရံတော်တစ်ဖွဲ့လုံးနှင့် လျို့ဝှက်ထောက်လှမ်းရေးတွေ ထိခိုက်ဒဏ်ရာတို့ ရခဲ့ကြသည်။ ပြီးတော့၊ ရေတွက်လို့မရသည့်နောက်ဆက်တွဲအကျိုးဆက်တု့ိ ရခဲ့ကြသည် ။ ဒါ့အပြင်၊ ထိုအချိန်တွင် စီရီဟန်သည်ကား သတိပြန် ဝင်လာခြင်း မရှိသေးဆဲဖြစ်ရာ ။ ရွှီရီအပေါ် ပြင်းပြင်းထန်ထန် ကျိန်ဆဲလာကြခြင်းတို့နှင့်အတူ၊ မျှော်လင့်ထားသည့်အတိုင်းပင်
စီ မိသားစုသည် အပြစ်ဒဏ်ကြီးကြီးမားမားကြီး ပေးပစ်ခဲ့သည်။

ထိုအချိန်တွင်၊ ရွှီရီသည် ရှင်းပြဖို့အကောင်းဆုံး ကြိုးစားခဲ့ပြီး အားလုံး အား ငြင်းဆိုရင်း နောက်ထပ်တစ်ကြိမ်အခွင့်အရေးပေးပါရန် တောင်းပန် ခဲ့သည်။ ငြင်းလို့မရနိုင်သည့်သက်သေတို့ကြောင့် သူ့အား မည်သူကမှ ယုံကြည်ပေးခြင်း မရှိကြသလို သူ့ဘက်ကနေ မည်သူမှ ရပ်တည်ပေး ကြခြင်း မရှိခဲ့ကြချေ။

အဆုံးတွင်တော့၊ ရွှီရီသည် တသီးတခြားတည်း ဖြစ်သွားခဲ့ပြီး အကူအညီတို့ လုံးဝပင် မရရှိခဲ့။ သူ့ရဲ့တစ်မိသားစုလုံး အသတ်ခံ
လိုက်ကြရပြီး သူသည်သာ ကံကောင်းထောက်မစွာဖြင့် အသက်ရှင် လွတ်မြောက်သွားခဲ့ချေ၏။

သို့သော်လည်း၊ ရွှီရီအတွက်သည်ကား အသက်ရှင်သန်နေရခြင်းသည် သေခြင်းထက်ပင် ပိုလို့နာကျင်ဖွယ်ရာကောင်းနေသည်ပင်။

သူသည် တစ်သက်တာလုံး သစ္စာဖောက်ဟူသည့်နာမည်ကို ရသွားခဲ့သည်။ သူ့ရဲ့မိသားစုကို ဆုံးရှုံးရခြင်း၏နာကျင်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ သူ့ရဲ့ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံးကို နာကျင်အနှိပ်စက်ခံရခြင်းတို့နှင့် နေသွားခဲ့ရသည်…..

ရီဝမ်ဝမ် မှတ်မိနေပါ၏။ စီရီဟန်သည် ရွှီရီအား ရှာတွေ့သည့်အချိန်တွင် ရွှီရီ၏ညာဘက်ခြေထောက်သည် ပြတ်နေခဲ့ပြီဆိုသည်ကို။ သူသည် ခြေတုတို့ စွပ်ထားရပြီး လမ်းကြိုလမ်းကြားတွင် စိတ်ဓာတ်ကျစွာ ၊ ဝမ်းနည်းကြေကွဲစွာဖြင့် လဲလျောင်းနေလေ၏။

စီရီဟန်၊ သူ သတိပြန်လည်လာပြီးသည့်နောက်မှာ အဓိကလက်သည်တရားခံအား ရှာတွေ့ခဲ့ပါသော်လည်း
ဤသည်က ရွှီရီအတွက်သည်တော့ အဓိပ္ပာယ်မရှိတော့ချေပြီ။

တစ်ဆက်တည်းပင်၊ စီရီဟန်၊ ရွှီရီအား အိမ်ပြန်ခေါ်သွားခဲ့ပြီး သူ့ကို စောင့်ရှောက်ဂရုစိုက်ပြီး အစားအသောက် ကျွေမွေးဖို့ရာအတွက် တစ်စုံတစ်ယောက်ကို လွှတ်ပေးခဲ့ပါ၏။ သို့သော်၊ သိပ်မကြာလိုက်ပေ။ မုန်တိုင်းထန်သည့်ညတစ်ညတွင် ရွှီရီသည် ပျောက်ကွယ်သွားခဲ့ပြီး ပြန်ပေါ်မလာခဲ့တော့။ သူ သေသွားသလော ရှင်နေသေးသလော ဆိုသည်ကိုလည်း မသိခဲ့ကြတော့…..

ထိုဖြစ်ရပ်ဖြစ်ပြီးကတည်းက စီရီဟန်သည် လူတိုင်းနှင့်
အကွာအဝေးတစ်ခုထားပြီး နေတော့သည်တည့်။
ရွှီရီ၏နာမည်ကို ထုတ်ဖော်ပြောဆိုခြင်းကို ခွင့်မပြုတော့ -
ဘယ်သူကမှ သူ့အကြောင်း အစမဖော်ရဲကြတော့ ။

ထို့ကြောင့်၊ သူမ၏အတိတ်ဘဝတုန်းက ရွှီရီ၏ကံကြမ္မာသည် အတော်လေးပင် သနားရင်နာစရာကောင်းလှပါ၏…ရိုးရိုးသာမန် ဆင်းရဲဒုက္ခနှင့် လားလားမျှမဆိုင်ပေ....

သူမ၏အတိတ်ဘဝတွင်၊ ရွှီရီသည်ကား သူမနှင့် ပတ်သက်သည့် ကိစ္စတိုင်းကို တာဝန်ယူပေးခဲ့ရပါ၏။ အရင်တုန်းက သူမလေးသည် နေ့စဉ်နေ့တိုင်း ပြသနာတွေချည်း လှိမ့်ရှာခဲ့သည်။ တစ်ခုချင်းစီတိုင်းကို လိုက်လံအပြစ်ရှာနေခဲ့သည်။ သူမရဲ့အရှုပ်ထုပ်တို့ကို ရွှီရီသည်သာ အမြဲတစေ လိုက်လံရှင်းလင်းပေးခဲ့ရခြင်းပါတည်း။

ရွှီရီသည် သူမနှင့်ပတ်သက်ပြီး သတိကြီးကြီးထားပါသော်လည်း၊ သူသည် အမြဲတစေပင် တာဝန်ယူစိတ်ရှိပြီး တာဝန်ကျေသည်ချည်း။ သူသည် သူမ၏ မရေတွက်နိုင်သည့်အရှုပ်ထုပ်တို့ကို လိုက်ပင် ဖုံးဖိပေးခဲ့ပြီး စီရီဟန်နှင့်သူမ ကြားက ကတောက်ကဆအချင်းများမှု တို့ကိုပါ ဖြေရှင်းပေးဖို့ အကောင်းဆုံး ကြိုးစားပေးခဲ့သည်ချည်း။
ရွှီရီ ထွက်သွားသည့်နောက်၊ စီ မိသားစုထဲတွင် သူမ၏ဘဝသည် ပိုလို့ပင် ခက်ခဲလာခဲ့ရတော့သည်။

ပြီးတော့၊ ဤဘဝတွင်လည်း ရွှီရီသည် သူမအား အများကြီး ကူညီပေးခဲ့သည်ပင်….

ဖြစ်နိုင်မည်ဆိုပါလျှင် သူသည် ရွှီရီအား ထိုကဲ့သို့ နာကျင်ကြေကွဲစရာ အဆုံးသတ်နှင့် မတွေ့ဆုံသွားစေချင်ပါ…..

“သခင်မလေး ဝမ်ဝမ်…သခင်မလေး ဝမ်ဝမ်…”
ရွှီရီ၏အသံ ရုတ်တရက် သူမနားထဲ ဝင်လာ၏။ သူမ၏မှတ်ဉာဏ်တို့ထဲ ရောက်နေမိသည့် ရီဝမ်ဝမ်အား အသိတို့ပြန်ဝင်သွားစေသည်။

“ဘာလဲ”

“လျိုယင်နှင့်စုန့်ကျင်းရဲ့ဒဏ်ရာတွေလည်း ကုသပြီးသွားပြီ။
ကျွန်တော်တု့ိ ပြန်လို့ရပါပြီ”
ရွှီရီ ပြောလာ၏။

“ကောင်းပြီ” ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်၏။ ပြီးသည့်နောက်၊ တစ်ဆက်တည်းပင် သူမ၏မျက်ခုံးတို့ တွန့်ကွေးသွားမိတော့ပေပြီ။

သူမ၏အတိတ်ဘဝတုန်းက ရွှီရီသည် နာကျင်ကြေကွဲဖွယ် အဆုံးသတ်နှင့် တွေ့ဆုံခဲ့ရပါသော်လည်း ယခုဘဝတွင်တော့ သူမလေးသည် ဖြစ်ရပ်၏ကျောရိုးကြီးအား ပြောင်းလဲလိုက်ခဲ့ချေပြီ။ ဒီတော့ကာ၊ ရွှီရီ၏ကံတရားကို ပြောင်းလဲဖို့ရာ အခွင့်အရေးမြင့်မြင့်ကြီး များ ရနိုင်လေမလား။

ဒီဘဝတွင် အရာရာသည် ထိုလမ်းအတိုင်း မသွားတော့သည်လည်း ဖြစ်နိုင်သည်ပင်။

မျှော်လင့်မိသည်ကတော့ သူမ အတိုင်းအဆမဲ့ စိုးရိမ်လွန်နေမိခြင်းသာ ဖြစ်ပါစေဟု…

အဲဒီလိုမှမဟုတ်လျှင် စီရီဟန် သတိမေ့မျောနေသည့် ဒီလိုအခြေအနေ မျိုးအောက်တွင် ရွှီရီ၏အခြေအနေသည် အမှန်စစ်ပင် ဆိုးရွားလွန်းပေ လိမ့်မည်တည်း…..

                      💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖.

Czytaj Dalej

To Też Polubisz

2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...
83K 8.2K 16
စာေရးသူ - Mo Ling System: Host, ေကာင္းကင္ေပၚက အဲ့ဒါႀကီးက ဘာႀကီးလဲ... Shi Sheng: စၾကဝဠာကူး အာကာသယာဥ္ System: ဒါက ထြက္ရပ္ေပါက္ေအာင္ က်င့္တဲ့ ေခတ္ႀကီး...
565K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
92.3K 7.9K 22
Villain Girl Arc-1နဲ့ Arc-2ကိုwallထဲမှာရှာဖတ်လို့ရပါတယ်။ ဒါကArc-3ပါနော်။ အဆက်​လေးကိုအားပေးကြပြဦး။ Own Creation Unicode only