ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၆ ( ၂၁ + ၂၂ )

10.1K 1.2K 38
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 16
Chapter. : 21 + 22
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၆၊ အခန္း ၂၁။ သခင္ေလးကို ဖ်က္ဆီးလိုက္ၿပီ

သူတုိ့အားလံုး ထင္ၿမင္လက္ခံထားခဲ့မိၾကသည္ကား၊
သူမသည္ သူမရဲ့အသက္ကုိ ကယ္တင္ဖုိ့ရာသာ စိတ္၀င္စားသည့္ သတၱိေၾကာင္သူတစ္ေယာက္သာဟု - သူတုိ့အား ေသလမး္ကေန ဆြဲထုတ္ေပးလာနုိင္ဟု ဘယ္သူ စဥ္းစားမိေပလိမ့္မည္နညး္.....။

ကိုယ္ရံေတာ္ေတြအားလံုး၏ အံ့အားသင့္ေနၾကသည့္ အၾကည့္တုိ့ ေအာက္တြင္၊ အေမွာင္ထဲရွိေနၾကတုနး္ၿဖစ္သည့္ လ်ိဳယင္နွင့့္ တၿခားေသာသူတု့ိ၏ေအးခဲလွသည့္အၾကည့္တုိ့ေအာက္တြင္ ၊ အနက္ေရာင္၀တ္စံုနွင့္မိန္းမသည္ မ်က္နွာခ်င္းဆိုုင္အဖြဲ့ဆီသုိ့ ေၿခတစ္လွမ္း ေၿဖးေၿဖးခ်င္း စတင္ေလ်ွာက္လွမ္းလာၿပီ။ ေရႊပုိးသားမ်ွင္သည္ ေအးစက္သည့္အေရာင္အ၀ါတုိ့ကို ထုတ္လႊတ္ လုိ့ေနကာ၊ သူမ စိတ္မတိစိတ္မပါစြာ ၿဖင့္ ေၿပာဆုိလာသည္။
"ငါတုိ့လမ္းမွာရွိေနၾကတဲ့လူေတြေတာ့ သြားၾကၿပီ။
အခုေတာ့၊ ငါတုိ့ရဲ့အဓိကဟာကို စလုိက္ၾကတာေပါ့...."

အီလဲဗင္းနွင့္တၿခားေသာကိုယ္ရံေတာ္တုိ့သည္
ရီ၀မ္၀မ္၏စကားအား လံုး၀အတိ ေမးခြန္းထုတ္ၿခင္းမရွိၾကေပ။ သူမ၏အရိပ္နွယ္ပင္ သူမ ေနာက္က လိုက္ပါလာၾကပါ၏။

လ်ိဳယင္၊ ထုတ္ေၿပာလာသည္။
"စုန္းမ ။ မင္း သတ္ခ်င္ရင္ သတ္ပစ္လုိက္စမ္း။
ေပါက္တတ္ကရေတြ ေလွ်ာက္ေၿပာမေနနဲ့"

ရီ၀မ္၀မ္၊ ဒါကို ၾကားလုိက္သည့္အခုိက္၊ သူမ၏နႈတ္ခမ္းေထာင့္စြန္းတု့ိ ေကြးတက္သြားရေတာ့သည္ - သူမ ဘာလုိ့မ်ား "စုန္းမ" ဆိုတဲ့ နာမည္ကေန မလြတ္ေၿမာက္နုိင္ရတာလဲဟူ၍။

ရီ၀မ္၀မ္၊ သူမ၏အမူအရာကို ဖုန္းကြယ္လုိ့ထားပါ၏။
သူမသည္ ေအးစက္သည့္အၾကည့္တုိ့ ရွိေနေခ်ၿပီး
သူမရဲ့လက္ကို ေၿမွာက္လုိက္ရာ။

အနက္ေရာင္အဖြဲ့ ၁၊ အခ်က္ေပးၿခငး္ကို သေဘာေပါက္သြားၾကၿပီး ခ်က္ခ်င္းဆုိသလုိပင္ အားလံုးကို ၀ုိ္င္းလုိက္ၾကေတာ့သည္။

သူတု့ိေတြသည္ကား စီရီဟန္၏အေတာ္ဆံုးေသာတပ္ဖြဲ့ ၿဖစ္ၾက၏။ ထို့ေၾကာင့္၊ ဤက်န္ရွိေနၾကသည့္လူအားလံုးတုိ့သည္ သူတုိ့အတြက္ လံုး၀ပင္ ၿပိဳင္ဘက္မဟုတ္ၾကပါေခ်။ ဒါ့အၿပင္၊ လ်ိဳယင္နွင့္စုန့္က်င္း တုိ့သည္ သခ်ိဳၤင္းတစ္ဖက္လွမ္းေအာင္ကုိ ဒဏ္ရာရထားၾကၿပီးသား ၿဖစ္သည္တည္း။

လ်ိဳယင္နွင့္တၿခားသူတုိ့အေနၿဖင့္ က်ားဂူထဲကေန လြတ္ေၿမာက္လာ ၾကၿပီးသည့္ေနာက္ တစ္ေယာက္ၿပီးလ်ွင္တစ္ေယာက္ ၀ံပုေလြဂူထဲ ၀င္သြားၾကသည္တုိ့ကို ေစာင့္ၾကည့္ရံုသာတတ္နုိင္ေတာ့ေလသည္။

သူတုိ့ေတြအတြက္ ထုိေနရာတြင္ အၾကာၾကီးဆက္ေနေနဖုိ့ရာ မေကာင္းေခ်ရကား၊ ရီ၀မ္၀မ္၊ တုန့္ဆုိင္းေလးဖင့္ေနၿခင္းမၿပဳေတာ့။ ရီ၀မ္၀မ္၏အမိန့္အတုိင္း၊ လ်ိဳယင္နွင့္တၿခားသူတုိ့အား ဖမ္းခ်ဳပ္လုိက္ ျကၿပီး လံုၿခံဳေဘးကင္းသည့္ေနရာတစ္ခုဆီသို့ ၿမန္ၿမန္ဆန္ဆန္ ေမာင္းသြားၾကေတာ့သည္။

ရီ၀မ္၀မ္၊ အႏၱရာယ္ကေနလြတ္လာၿပီဆုိတာ ေသခ်ာသြားေတာ့မွ ကားထဲကေန ထြက္လိုက္ၿပီး အလယ္မွာရွိေနသည့္ကားဆီသုိ့ ေလွ်ာက္လာသည္။

အီလဲဗင္းသည္ကား တေလးတစားၿဖင့္ပင္ သူမအတြက္ ကားေနာက္ခန္းတံခါးအား ဖြင့္ေပးလုိက္၏။ ရီ၀မ္၀မ္၊ ၿမင္လိုက္ ရသည္ကား၊ ကားထဲတြင္ လဲေလ်ာင္းေနသည့္ ၿဖဴေဖ်ာ့ေနၿပီး ေအးစက္ေနသည့္ေယာက်ား္တစ္ေယာက္ပါတည္း။

သူမ ၊ စီရီဟန္အား ေနာက္ထပ္တစ္ဖန္ ၿမင္လုိက္ရသည့္အခ်ိန္၊ သူမ၏နွလံုးသားအတြင္း၀ယ္ ေဖာ္ၿပမစြမ္းနုိင္ေသာခံစားခ်က္တစ္ခု ရွိလာသည္။

ၿဖစ္ရပ္ၾကီးသည္ အလြန္အမငး္ကိုပင္ အႏၱရာယ္မ်ားလြန္းလွပါ ေသာ္လည္း၊ သူမသည္ ေနာက္ဆံုးတြင္ေတာ့ သူမအတိတ္ဘ၀က ၿဖစ္စဥ္ၾကီးကို ေၿပာင္းလဲပစ္နုိင္ခဲ့၏။

သူမ၏အတိတ္ဘ၀တြင္ ၿဖစ္ခဲ့တာေတြသည္ ထပ္မံ ၿဖစ္လာေတာ့မည္ မဟုတ္ေတာ့ - စီရီဟန္သည္ အၿပင္းအထန္ၾကီး ဒဏ္ရာရေနၿခငး္မရွိ ။ သူ့ရဲ့အေၿခအေနမွာ ထိုအဆင့္ထိ ေရာက္ေအာင္ ပုိမိုဆုိးရြားလာေတာ့ မည္ မဟုတ္။ သူသည္ ၿပန္လည္က်န္းမာလာဖုိ့ အခြင့္အေရးရခ်င္ရ ေပလိမ့္ဦးမည္....

၁ ပတ္အၾကာတုန္းက စီရီဟန္ တုိင္းၿပည္ B ကို သြားလိမ့္မည္ဟု သိရွိခဲ့တဲ့ အခ်ိန္ကစၿပီးေတာ့ သူမ စတင္အစီအစဥ္တုိ့ ဆြဲေနခဲ့ၿခင္း ပါတည္း။

သူမ၏ရွိသမ်ွခြန္အား၊ အင္အားတုိ့နွင့္ သူမေလး ဒီၿဖစ္ရပ္ၿဖစ္လာမည္ ကို အစမွာတင္ တားဆီးနုိင္ခဲ့ၿခင္းမရွိခဲ့ေပ။ ထုိ့ေၾကာင့္၊ သူမထံတြင္ ဒီနညး္လမး္သာလ်ွင္ က်န္ရွိေတာ့သည္ - သူမ ၊ သူမ၏အတိတ္ဘ၀ တုန္းက ရွာေဖြေတြ့ရွိထားခဲ့သည့္လ်ိဳ့၀ွက္ခ်က္တုိ့ကို အသံုးခ်ကာ ေသြးဆာေသာ လူသတ္သမားဂိုဏ္း၏ ေၾကာက္ရပါသည့္ ရန္သူေတာ္အၿဖစ္ သူမကိုယ္သူမ ရုပ္ဖ်က္လိုက္ရေတာ့၏ - ေသၿခငး္တရား၏နွင္းဆီ။

အမွန္တကယ္တြင္ေတာ့၊ သူမထံတြင္္ ေၾကာက္စရာေကာင္း၊
ေသြးဆာၿပီး ဒီမြန္းဆန္သည့္ မိန္းမတစ္ေယာက္ပံုစံမ်ိဳး လုပ္ဖူးသည့္ အေတြ့အၾကံဳတုိ့ ရွိမေနခဲ့ေခ်။ သုိ့ေသာ္၊ ေက်းဇူးတင္စရာေကာငး္လွစြာ၊ သူမေလး ထိုမိန္းမေနရာကို ေ၇ာက္သြားသည့္အခ်ိန္ ေမွ်ာ္လင့္ထားမိ သည္ထက္ ပုိုလိ့ု လြယ္ကူေနေခ်၏။ ဒါ့အၿပင္၊ စီရီဟန္၏အနက္ေရာင္ အဖြဲ့ ၁ သည္ အမွန္တကယ္ပင္ ေကာငး္ေကာငး္ၾကီး ထရိန္နင္အဆင္း ခံထားရသူမ်ား ၿဖစ္ၾကေလသည္မို့၊ ထုိလူတုိ့အား ေအာင္ေအာင္ၿမင္ၿမင္ ျကီး လွည့္စားနုိင္ခဲ့ၿခင္းၿဖစ္ပါ၏။ သူတုိ့ေတြသည္ ခ်ိဳ့ဟုန္ဟုိင္အား အမ်ားၾကီးကို ေၾကာက္သြားေစကာ ယူဂ်င္းကုိ ကုိယ္တိုင္ပင္ ေသနတ္နဲ့ ပစ္သတ္ပစ္လုိက္သည္ထိပင္။

"သခင္ေလးေပၚကို လက္တစ္ေခ်ာင္းထိရဲထိၾကည့္စမ္း"
ရီ၀မ္၀မ္၊ သူမ၏လက္ေမာင္းအား ဆန့္ထုတ္လုိက္ရံုရွိေသး၊ လ်ိဳယင္၊ ရူးသြပ္ေနသည့္လူတစ္ေယာက္နွယ္ စတင္ေအာ္ဟစ္လာေခ်သည္။

"ငါ သူ့ကုိ ထိေတာ့ေရာ ဘာၿဖစ္လဲ၊ အဟတ္"
ရီ၀မ္၀မ္၊ ေၿပာရင္းဆုိရင္း သူမလက္ေခ်ာင္းတုိ့သည္ စီရီဟန္၏မ်က္နွာေပၚ ပြတ္သပ္ေပးလုိ့ေနသည္။

ဒီေနာက္၊ လူတုိင္း၏အၾကည့္ေအာက္မွာပင္ ရီ၀မ္၀မ္ ခါးကိုင္းညြတ္ လုိက္ကာ သူမ၏နီေထြးသည့္နႈတ္ခမ္းတုိ့သည္ အနွီေယာက္်ား၏ ေအးစက္ၿပီး ပါးလႊာသည့္နႈတ္ခမ္းတုိ့ေပၚ ထပ္တူက်သြားေတာ့သည္။

"မငး္ ! ငါ မင္းကို သတ္မယ္"

သူ့ရဲ့သခင္ေလး အဖ်က္ဆီးခံလုိက္ရသည္ကုိ ၿမင္လုိက္ရသည့္ခ်ိန္၊ လ်ိဳယင္၊ ခ်က္ခ်ငး္ပင္ ေဒါသအၾကီးၾကီး ေပါက္ကြဲသြားေတာ့ေလၿပီ။

ရီ၀မ္၀မ္၊ လ်ိဳယင္သည္ သူမထံ ခုန္အုပ္လာသည္ကုိ ေစာင့္ၾကည့္လုိ့ သာေနရငး္။ သူမသည္ အမူအရာတစ္ခ်က္ ပ်က္ယြငး္ၿခင္းမရွိဘဲ စီရီဟန္ရဲ့နံေဘးတြင္ တိတ္ဆိတ္စြာ ေနေနသည္။
ေမွ်ာ္လင့္ထားသည့္အတိုင္းပင္၊ လ်ိဳယင္ သူမနား နီးလာသည္နွင့္ ရီ၀မ္၀မ္ရဲ့နံေဘးတြင္ ရွိေနသည့္ အီလဲဗင္းသည္ ခ်က္ခ်ငး္ပင္ တားဆီးလုိက္ေတာ့၏ - သူသည္ကား သူမေလး၏အ၀တ္အစား အစြန္းတုိ့ကိုပင္ ထိလုိက္နုိင္ၿခင္းမရွိေခ်။

သူမသည္ လ်ိဳယင္သည္ ေဒါသတုိ့အမ်ားၾကီးထြက္ဖုိ့ လုိအပ္
ေသးသည္ဟု ခံစားမိသြားၿပီး သူ့အား ေစာင္းငဲ့ၾကည့္လုိက္ကာ ေၿပာလုိ္က္ေတာ့၏။
"က်ြတ္စ္၊ ငါကေလ သူ့ကို ထိရံုတင္ထိမွာ မဟုတ္ဘူး၊
သူနဲ့ အတူကို အိပ္ဦးမွာ"

ေဘးမွာရွိေနၾကသည့္ကိုယ္ရံေတာ္အားလံုး။ "..."

*အဟြတ္ အဟြတ္* ၀မ္၀မ္ သခင္မေလးရယ္၊ ေက်းဇူးၿပဳၿပီးေတာ့ ကစားေနတာကို ရပ္လုိက္ပါေတာ့လား....

လ်ိဳယင္ကို ေသြးဆာေသာလူသတ္သမားဂိုဏ္းက ရုိက္လုိ့ မေသဘဲ သခင္မေလးရဲ့ေက်းဇူးနဲ့ ေဒါသအထြက္လြန္ၿပီး ေသသြားပါဦးမယ္ ဗ်ာ.....

💖💖💖💖💖💖💖

စာစဥ္ ၁၆၊ အခန္း ၂၂။ မယံုနုိင္စရာေကာငး္လုိက္တာ

တကယ္တြင္လညး္၊ လ်ိဳယင္၊ ေပါက္ကြဲလုနီးနီးပင္ ေဒါသတုိ့ အ၇မ္း ထြက္လုိ့ ေနေခ်ၿပီ။ ပုိလုိ့ပင္ အသိလက္လြတ္တုိ့ၿဖစ္ကာ ၇ီ၀မ္၀မ္အား သူနွင့္အတူ တစ္ပါတည္း ဆြဲခ်ဖို့ရာ ခုန္အုပ္လာေတာ့သည္တည့္။

အီလဲဗင္းသည္ ဘယ္လုိမွ ထိန္းေပးနုိင္ၿခင္း မရွိေတာ့ဘဲ၊ ေအာ္ဟစ္လုိက္၏။ "လ်ိဳယင္ ! ရပ္လုိက္ေတာ့ !"

အလြန္တရာရင္းနွီးလွသည့္ ဒီအသံကုိ ၾကားလုိက္ရသည့္ခ်ိ္န္၊ လ်ိဳယင္ တိုက္ခုိက္ေတာ့မည့္အေနအထားကေန တန့္သြားရေတာ့ၿပီး ထိုလူထံသုိ့ အံ့ၿသစြာ လွည့္ၾကည့္လာသည္။. "မင္းက..."

အီလဲဗင္း၊ သူ့မ်က္နွာေပၚက မ်က္နွာဖံုးစြပ္အား ခ်ြတ္လုိက္
ေတာ့ၿပီး လ်ိဳယင္ဘက္သုိ့ လွည့္ကာ ေၿပာလုိက္သည္။
"လ်ိဳယင္၊ အလ်င္စလုိ မလုပ္စမ္းနဲ့။ ငါပါ"

"မင္း...အီလဲဗင္း ?"
သူ့ရဲ့မ်က္နွာဖံုးေအာက္က မ်က္နွာကို ၿမင္လုိက္ရသည့္ေနာက္၊ ေၾကာင္အမ္းသြားရေတာ့ၿပီ။ ရႊီရီသည္ပင္လွ်င္ အံ့အားသင့္လုိ့ ေနေလသည္။

သူတုိ့ေတြသည္ ေသၿခင္းမေသၿခင္းဘ၀တုိက္ပြဲအတြက္ အသင့္ၿပင္ထားၾကသည့္သူမ်ားပင္။

သူတုိ့အား ပုိလုိ့ပင္ ေရွ့ာရတုန္လႈပ္သြားေစမိသည္ကား၊ အနက္ေရာင္မုဆိုးမနွင့္ သူမ၏က်န္ရွိေနေသာလက္ေအာက္ငယ္သား တုိ့ပါ သူတုိ့မ်က္နွာထက္က မ်က္နွာဖံုးတုိ့အား ခ်ြတ္လိုက္ၾကသည့္ အခ်ိန္ပင္....

လူတုိ္ငး္သည္ သူတုိ့၏မ်က္နွာအစစ္ကုိ ထုတ္ေဖာ္ၿပလာသည္ကို ၿမင္လုိက္ရသည့္အခါ၊ ရင္းနွီးေနသည့္မ်က္နွာေတြ တစ္ခုၿပီးတစ္ခုအား ၿမင္လုိက္ရသည့္အခါ၊ လ်ိဳယင္၊ ရႊီရီ၊ စုန့္က်င္းနွင့္ လူတုိငး္ပင္ အိမ္မက္မက္ေနမိသလုိ ေအာက္ေမ့သြားၾကရေတာ့သည္။

ဒီလူေတြ...ေသၿခငး္တရား၏နွငး္ဆီရဲ့ဒီအဖြဲ့သားေတြ....တကယ္ၾကီး ရီ၀မ္၀မ္ကုိ ေစာင့္ေရွာက္ရင္း လုိက္ပုိ့ေပးသြားၾကတဲ့ အနက္ေရာင္အဖြဲ့ ၁ လား။

သူတုိ့ေတြ ထြက္မသြားၾကဘူးလား။

တကယ္ပဲ ဒီမွာ ဘာေတြၿဖစ္ေနတာလဲ။

ေသၿခငး္တရား၏နွင္းဆီအဖြဲ့သားေတြက ဘယ္လုိလုပ္ၿပီး အနက္ေရာင္အဖြဲ့ ၁ ၿဖစ္လာရတာလဲ။

ဒါ ၿဖစ္နုိင္မလား....အစကတည္းက ဟန္ေဆာင္ထားခဲ့တာမ်ား ၿဖစ္နုိင္မလား။

အနက္ေရာင္အဖြဲ့ ၁ က ေသၿခင္းတရား၏နွင္းဆီအၿဖစ္နဲ့ ရုပ္ဖ်က္ထားခဲ့တာလား။

ဘယ္လုိမွကို မယံုုနိုင္စရာေကာင္းလုိက္တာ...
.

ေသၿခင္းတရား၏နွင္းဆီက အနက္ေရာင္အဖြဲ့ ၁ ဆုိရင္ ၊ ဒါဆို...အဲဒီအနက္ေရာင္မုဆုိးမက....

လ်ိဳယင္၏ေရွာ့ရေနသည့္အၾကည့္ကို သတိၿပဳမိသြားရာ၊ ရီ၀မ္၀မ္၊ ေၿဖးညင္းစြာၿဖင့္ပင္ သူမ၏ဦးထုပ္အား ခ်ြတ္လုိက္ေတာ့ေလသည္။ အနက္ေရာင္ဇာပ၀ါၿဖင့္ အုပ္ကာထားပါသည့္ ရႈမၿငီးဖြယ္ေကာငး္သည့္ မ်က္နွာအား ထုတ္ေဖာ္ၿပသလုိက္ေတာ့ၿပီ။

အနက္ေရာင္ပ၀ါအေနာက္ေန ထုိမိန္းမ၏မ်က္နွာ တၿဖည္းၿဖည္းခ်င္း ေပၚထြက္လာသည္ကုို ကိုယ္တုိင္ၿမင္ေတြ့လုိက္ရသည့္အခုိက္၊ လ်ိဳယင္၏မ်က္လံုးတုိ့ တၿဖည္းၿဖည္းခ်င္း က်ံဳ့လာေတာ့ၿပီး အလြန္အမင္း ေရွ့ာရမႈၾကီးနွင့္ စိတ္ရႈပ္ေထြးမႈၾကီးတုိ့ကို ထုတ္ေဖာ္ၿပသလာေတာ့ၿပီ။ သူ့ရဲ့တစ္ကုိယ္လံုးသည္ပင္ မာေတာင့္ေနသည့္ရုပ္တုၾကီးတစ္ခုအလားနွယ္ ၿဖစ္လာေတာ့ၿပီ။

ရီ၀မ္၀မ္၊ ၿပံဳးၿပလာသည္။
"ကပၸတိန္ လ်ိဳယင္၊ က်ြန္မတုိ့ေတြ ေနာက္ဆံုးေတြ့ၿဖစ္ၿပီးကတည္းက ရွင္ အဆင္ေၿပေနမယ္လုိ့ ယံုၾကည္ပါတယ္"

ဆယ္စကၠန့္တိတိ ကုန္လြန္လာခဲ့ၿပီးသည့္ေနာက္၊ လ်ိဳယင္၊ ေနာက္ဆံုးတြင္ေတာ့ အသိစိတ္၀င္သြားေတာ့ေခ်ၿပီ။
"ရီ...ရီ၀မ္၀မ္ !!!"

ဘယ္လုိ...ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ။

အနက္ေရာင္မုဆုိးမက တကယ္ပဲ ရီ၀မ္၀မ္လား။

အဲဒီအင္အားၾကီးတဲ့အေရာင္အ၀ါေတြနဲ့ မိန္းမက၊ ေသြးဆာေသာ လူသတ္သမားဂို္ဏ္းကို အမ်ားၾကီးကုိ ေၾကာက္လန့္သြားေစခဲ့ၿပီးေတာ့ ေခြးေတြလုိ ထြက္ေၿပးသြားေစခဲ့တဲ့ အဲဒီမိန္းမက...ရီ၀မ္၀မ္ လား။

လ်ိဳယင္နွင့္လူတုိင္း ေၾကာင္အမင္သက္လုိ့ေနမိၾကလ်က္၊
သူတိ့ုေတြ သရဲတစ္ကားအား ၿမင္ေတြ့ေနၾကရသည့္အလားနွယ္ ေနရာတြင္ပင္ ရပ္ေနမိၾကေတာ့ေလၿပီ။

"ဘယ္လုိ...ဘယ္လုိလုပ္ၿပီး မငး္ၿဖစ္ေနရတာလဲ....မငး္ ထြက္မသြား ဘူးလား...ၿပီးေတာ့လဲ အနက္ေရာင္အဖြဲ့ ၁... မင္းတုိ့ေတြ...မင္းတုိ့ေတြ ဘယ္လုိလုပ္ၿပီးေတာ့..."
လ်ိဳယင္ကား၊ အလြန္တရာမွပင္ ေရွာ့အၾကီးၾကီး ရလို့ေနလ်က္၊ စကားပင္ ေၿဖာင့္တန္းေအာင္ မေၿပာနုိင္ေတာ့။

ရႊီရီ၏မ်က္နွာသည္လညး္ ထုိနည္းတူ အံ့အားသင့္လုိ့ေန၏ - ဒီမိန္းမ၏ပံုစံနွင့္ ေလသံသည္ တေနရာရာ ၇င္းနွီးေနသလုိပဲဟု
သူ ေတြးခဲ့မိသည္မွာ အံ့ၿသစရာမရွိေတာ့။ အထူးသၿဖင့္ သူမသည္ သခင္ေလးနား ကပ္သြားသည့္အခ်ိန္တြင္ တမင္သက္သက္ပင္ လ်ိဳယင္ကို ေဒါသထြက္ေအာင္ ဆြေပးေနခဲ့ၿခငး္ပင္ - ထုိရင္းနွီးေနၿခငး္သည္ကား အံ့ၿသစရာေကာင္းလွေခ်သည္တကား။

သို့ေသာ္၊ သူ ဘယ္တုန္းကမွ မေမ်ွာ္လင့္ထားခဲ့မိသည္ကား သူမသည္ အမွန္တကယ္ၾကီး....အမွန္တကယ္ၾကီး ရီ၀မ္၀မ္ ၿဖစ္ေနသည္ဟု။

လ်ိဳယင္နံေဘးတြင္ ရပ္ေနပါသည့္ စုန့္က်င္းသည္လည္း လံုး၀အတိ အေမွာင္က်လို့ေနေခ်ၿပီ။ ဘယ္လုိတံု့ၿပန္ရမလဲကိုပင္ သူ မသိမိေတာ့။

အခုနေလးက သူ့ရဲ့အသက္ကို ကယ္တင္လုိက္သည့္သူသည္ကား.... သူတုိ့အား ဘယ္လုိဆြဲခ်ရမလဲဆုိတာကိုသာ သိသည့္ အဲဒီအသံုးမက် လွသည့္ ၿပသနာမ အမွန္တကယ္ ၿဖစ္ေနသည္တဲ့လား။

လူတုိင္း၊ စိတ္ရႈပ္ေထြးစြာၿဖင့္ တစ္ေယာက္ကို တစ္ေယာက္အား ၾကည့္လုိက္ၾကေတာ့ၿပီ။ အခ်ိန္အၾကာၾကီးၾကာေတ့ာမွပင္၊
သူတုိ့ေတြ လႈပ္လႈပ္ရွားရွား ၿဖစ္လာၾကေတာ့သည္။

"အီလဲဗင္း၊ ဒါ...ဒါေတြအားလံုးက ဘယ္လုိၿဖစ္ရတာလဲ"
လ်ိဳယင္၊ အံ့အားတၾကီး ေမးလာၿခငး္ပါတည္း။

ၿပံဳးကာ ေၿပာဆုိလာသည့္ အီလဲဗင္း။
"ဇာတ္လမး္က အရွည္ၾကီးပဲ။ ဘာပဲၿဖစ္ၿဖစ္ ဒီတစ္ၾကိမ္မွာေတာ့ သခင္မေလး ၀မ္၀မ္ကိုပဲ ေက်းဇူးတင္ရမယ္။ က်ြန္ေတာ္တုိ့ေတြ အိမ္ၿပန္ေရာက္ၾကေတာ့မွပဲ ဒီအေၾကာင္း ေၿပာၾကေတာ့တာေပါ့။ မငး္တုိ့ရဲ့ဒဏ္ရာေတြကို ခ်က္ခ်င္း ကုမွၿဖစ္မယ္"

လ်ိဳယင္။ "..."

ငါ့ဖင္က ဒဏ္ရာေတြကိုပဲ ကု ! အခု ငါတုိ့ရဲ့ဒဏ္ရာေတြအေၾကာင္း ဘယ္သူက ဂရုစုိက္ေနလုိ့လဲ။ ငါ့မွာ သိခ်င္လြန္းလုိ့ ရူးေတာ့မယ့့္ကြ ။

💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

စာစဥ္ ၁၆ ၿပီး၏ ။

......

Unicode :

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 16
Chapter. : 21 + 22
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၆၊ အခန်း ၂၁။ သခင်လေးကို ဖျက်ဆီးလိုက်ပြီ

သူတို့အားလုံး ထင်မြင်လက်ခံထားခဲ့မိကြသည်ကား၊
သူမသည် သူမရဲ့အသက်ကို ကယ်တင်ဖို့ရာသာ စိတ်ဝင်စားသည့် သတ္တိကြောင်သူတစ်ယောက်သာဟု - သူတို့အား သေလမ်းကနေ ဆွဲထုတ်ပေးလာနိုင်ဟု ဘယ်သူ စဉ်းစားမိပေလိမ့်မည်နည်း.....။

ကိုယ်ရံတော်တွေအားလုံး၏ အံ့အားသင့်နေကြသည့် အကြည့်တို့ အောက်တွင်၊ အမှောင်ထဲရှိနေကြတုန်းဖြစ်သည့် လျိုယင်နှင့် တခြားသောသူတု့ိ၏အေးခဲလှသည့်အကြည့်တို့အောက်တွင် ၊ အနက်ရောင်ဝတ်စုံနှင့်မိန်းမသည် မျက်နှာချင်းဆိုင်အဖွဲ့ဆီသို့ ခြေတစ်လှမ်း ဖြေးဖြေးချင်း စတင်လျှောက်လှမ်းလာပြီ။ ရွှေပိုးသားမျှင်သည် အေးစက်သည့်အရောင်အဝါတို့ကို ထုတ်လွှတ် လို့နေကာ၊ သူမ စိတ်မတိစိတ်မပါစွာ ဖြင့် ပြောဆိုလာသည်။
"ငါတို့လမ်းမှာရှိနေကြတဲ့လူတွေတော့ သွားကြပြီ။
အခုတော့၊ ငါတို့ရဲ့အဓိကဟာကို စလိုက်ကြတာပေါ့...."

အီလဲဗင်းနှင့်တခြားသောကိုယ်ရံတော်တို့သည်
ရီဝမ်ဝမ်၏စကားအား လုံးဝအတိ မေးခွန်းထုတ်ခြင်းမရှိကြပေ။ သူမ၏အရိပ်နှယ်ပင် သူမ နောက်က လိုက်ပါလာကြပါ၏။

လျိုယင်၊ ထုတ်ပြောလာသည်။
"စုန်းမ ။ မင်း သတ်ချင်ရင် သတ်ပစ်လိုက်စမ်း။
ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့"

ရီဝမ်ဝမ်၊ ဒါကို ကြားလိုက်သည့်အခိုက်၊ သူမ၏နှုတ်ခမ်းထောင့်စွန်းတု့ိ ကွေးတက်သွားရတော့သည် - သူမ ဘာလို့များ "စုန်းမ" ဆိုတဲ့ နာမည်ကနေ မလွတ်မြောက်နိုင်ရတာလဲဟူ၍။

ရီဝမ်ဝမ်၊ သူမ၏အမူအရာကို ဖုန်းကွယ်လို့ထားပါ၏။
သူမသည် အေးစက်သည့်အကြည့်တို့ ရှိနေချေပြီး
သူမရဲ့လက်ကို မြှောက်လိုက်ရာ။

အနက်ရောင်အဖွဲ့ ၁၊ အချက်ပေးခြင်းကို သဘောပေါက်သွားကြပြီး ချက်ချင်းဆိုသလိုပင် အားလုံးကို ဝိုင်းလိုက်ကြတော့သည်။

သူတု့ိတွေသည်ကား စီရီဟန်၏အတော်ဆုံးသောတပ်ဖွဲ့ ဖြစ်ကြ၏။ ထို့ကြောင့်၊ ဤကျန်ရှိနေကြသည့်လူအားလုံးတို့သည် သူတို့အတွက် လုံးဝပင် ပြိုင်ဘက်မဟုတ်ကြပါချေ။ ဒါ့အပြင်၊ လျိုယင်နှင့်စုန့်ကျင်း တို့သည် သချိုၤင်းတစ်ဖက်လှမ်းအောင်ကို ဒဏ်ရာရထားကြပြီးသား ဖြစ်သည်တည်း။

လျိုယင်နှင့်တခြားသူတို့အနေဖြင့် ကျားဂူထဲကနေ လွတ်မြောက်လာ ကြပြီးသည့်နောက် တစ်ယောက်ပြီးလျှင်တစ်ယောက် ဝံပုလွေဂူထဲ ဝင်သွားကြသည်တို့ကို စောင့်ကြည့်ရုံသာတတ်နိုင်တော့လေသည်။

သူတို့တွေအတွက် ထိုနေရာတွင် အကြာကြီးဆက်နေနေဖို့ရာ မကောင်းချေရကား၊ ရီဝမ်ဝမ်၊ တုန့်ဆိုင်းလေးဖင့်နေခြင်းမပြုတော့။ ရီဝမ်ဝမ်၏အမိန့်အတိုင်း၊ လျိုယင်နှင့်တခြားသူတို့အား ဖမ်းချုပ်လိုက် ကြပြီး လုံခြုံဘေးကင်းသည့်နေရာတစ်ခုဆီသို့ မြန်မြန်ဆန်ဆန် မောင်းသွားကြတော့သည်။

ရီဝမ်ဝမ်၊ အန္တရာယ်ကနေလွတ်လာပြီဆိုတာ သေချာသွားတော့မှ ကားထဲကနေ ထွက်လိုက်ပြီး အလယ်မှာရှိနေသည့်ကားဆီသို့ လျှောက်လာသည်။

အီလဲဗင်းသည်ကား တလေးတစားဖြင့်ပင် သူမအတွက် ကားနောက်ခန်းတံခါးအား ဖွင့်ပေးလိုက်၏။ ရီဝမ်ဝမ်၊ မြင်လိုက် ရသည်ကား၊ ကားထဲတွင် လဲလျောင်းနေသည့် ဖြူဖျော့နေပြီး အေးစက်နေသည့်ယောကျာ်းတစ်ယောက်ပါတည်း။

သူမ ၊ စီရီဟန်အား နောက်ထပ်တစ်ဖန် မြင်လိုက်ရသည့်အချိန်၊ သူမ၏နှလုံးသားအတွင်းဝယ် ဖော်ပြမစွမ်းနိုင်သောခံစားချက်တစ်ခု ရှိလာသည်။

ဖြစ်ရပ်ကြီးသည် အလွန်အမင်းကိုပင် အန္တရာယ်များလွန်းလှပါ သော်လည်း၊ သူမသည် နောက်ဆုံးတွင်တော့ သူမအတိတ်ဘဝက ဖြစ်စဉ်ကြီးကို ပြောင်းလဲပစ်နိုင်ခဲ့၏။

သူမ၏အတိတ်ဘဝတွင် ဖြစ်ခဲ့တာတွေသည် ထပ်မံ ဖြစ်လာတော့မည် မဟုတ်တော့ - စီရီဟန်သည် အပြင်းအထန်ကြီး ဒဏ်ရာရနေခြင်းမရှိ ။ သူ့ရဲ့အခြေအနေမှာ ထိုအဆင့်ထိ ရောက်အောင် ပိုမိုဆိုးရွားလာတော့ မည် မဟုတ်။ သူသည် ပြန်လည်ကျန်းမာလာဖို့ အခွင့်အရေးရချင်ရ ပေလိမ့်ဦးမည်....

၁ ပတ်အကြာတုန်းက စီရီဟန် တိုင်းပြည် B ကို သွားလိမ့်မည်ဟု သိရှိခဲ့တဲ့ အချိန်ကစပြီးတော့ သူမ စတင်အစီအစဉ်တို့ ဆွဲနေခဲ့ခြင်း ပါတည်း။

သူမ၏ရှိသမျှခွန်အား၊ အင်အားတို့နှင့် သူမလေး ဒီဖြစ်ရပ်ဖြစ်လာမည် ကို အစမှာတင် တားဆီးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်၊ သူမထံတွင် ဒီနည်းလမ်းသာလျှင် ကျန်ရှိတော့သည် - သူမ ၊ သူမ၏အတိတ်ဘ၀ တုန်းက ရှာဖွေတွေ့ရှိထားခဲ့သည့်လျို့ဝှက်ချက်တို့ကို အသုံးချကာ သွေးဆာသော လူသတ်သမားဂိုဏ်း၏ ကြောက်ရပါသည့် ရန်သူတော်အဖြစ် သူမကိုယ်သူမ ရုပ်ဖျက်လိုက်ရတော့၏ - သေခြင်းတရား၏နှင်းဆီ။

အမှန်တကယ်တွင်တော့၊ သူမထံတွင် ကြောက်စရာကောင်း၊
သွေးဆာပြီး ဒီမွန်းဆန်သည့် မိန်းမတစ်ယောက်ပုံစံမျိုး လုပ်ဖူးသည့် အတွေ့အကြုံတို့ ရှိမနေခဲ့ချေ။ သို့သော်၊ ကျေးဇူးတင်စရာကောင်းလှစွာ၊ သူမလေး ထိုမိန်းမနေရာကို ရောက်သွားသည့်အချိန် မျှော်လင့်ထားမိ သည်ထက် ပိုလိ့ု လွယ်ကူနေချေ၏။ ဒါ့အပြင်၊ စီရီဟန်၏အနက်ရောင် အဖွဲ့ ၁ သည် အမှန်တကယ်ပင် ကောင်းကောင်းကြီး ထရိန်နင်အဆင်း ခံထားရသူများ ဖြစ်ကြလေသည်မို့၊ ထိုလူတို့အား အောင်အောင်မြင်မြင် ကြီး လှည့်စားနိုင်ခဲ့ခြင်းဖြစ်ပါ၏။ သူတို့တွေသည် ချို့ဟုန်ဟိုင်အား အများကြီးကို ကြောက်သွားစေကာ ယူဂျင်းကို ကိုယ်တိုင်ပင် သေနတ်နဲ့ ပစ်သတ်ပစ်လိုက်သည်ထိပင်။

"သခင်လေးပေါ်ကို လက်တစ်ချောင်းထိရဲထိကြည့်စမ်း"
ရီဝမ်ဝမ်၊ သူမ၏လက်မောင်းအား ဆန့်ထုတ်လိုက်ရုံရှိသေး၊ လျိုယင်၊ ရူးသွပ်နေသည့်လူတစ်ယောက်နှယ် စတင်အော်ဟစ်လာချေသည်။

"ငါ သူ့ကို ထိတော့ရော ဘာဖြစ်လဲ၊ အဟတ်"
ရီဝမ်ဝမ်၊ ပြောရင်းဆိုရင်း သူမလက်ချောင်းတို့သည် စီရီဟန်၏မျက်နှာပေါ် ပွတ်သပ်ပေးလို့နေသည်။

ဒီနောက်၊ လူတိုင်း၏အကြည့်အောက်မှာပင် ရီဝမ်ဝမ် ခါးကိုင်းညွတ် လိုက်ကာ သူမ၏နီထွေးသည့်နှုတ်ခမ်းတို့သည် အနှီယောက်ျား၏ အေးစက်ပြီး ပါးလွှာသည့်နှုတ်ခမ်းတို့ပေါ် ထပ်တူကျသွားတော့သည်။

"မင်း ! ငါ မင်းကို သတ်မယ်"

သူ့ရဲ့သခင်လေး အဖျက်ဆီးခံလိုက်ရသည်ကို မြင်လိုက်ရသည့်ချိန်၊ လျိုယင်၊ ချက်ချင်းပင် ဒေါသအကြီးကြီး ပေါက်ကွဲသွားတော့လေပြီ။

ရီဝမ်ဝမ်၊ လျိုယင်သည် သူမထံ ခုန်အုပ်လာသည်ကို စောင့်ကြည့်လို့ သာနေရင်း။ သူမသည် အမူအရာတစ်ချက် ပျက်ယွင်းခြင်းမရှိဘဲ စီရီဟန်ရဲ့နံဘေးတွင် တိတ်ဆိတ်စွာ နေနေသည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ လျိုယင် သူမနား နီးလာသည်နှင့် ရီဝမ်ဝမ်ရဲ့နံဘေးတွင် ရှိနေသည့် အီလဲဗင်းသည် ချက်ချင်းပင် တားဆီးလိုက်တော့၏ - သူသည်ကား သူမလေး၏အဝတ်အစား အစွန်းတို့ကိုပင် ထိလိုက်နိုင်ခြင်းမရှိချေ။

သူမသည် လျိုယင်သည် ဒေါသတို့အများကြီးထွက်ဖို့ လိုအပ်
သေးသည်ဟု ခံစားမိသွားပြီး သူ့အား စောင်းငဲ့ကြည့်လိုက်ကာ ပြောလိုက်တော့၏။
"ကျွတ်စ်၊ ငါကလေ သူ့ကို ထိရုံတင်ထိမှာ မဟုတ်ဘူး၊
သူနဲ့ အတူကို အိပ်ဦးမှာ"

ဘေးမှာရှိနေကြသည့်ကိုယ်ရံတော်အားလုံး။ "..."

*အဟွတ် အဟွတ်* ဝမ်ဝမ် သခင်မလေးရယ်၊ ကျေးဇူးပြုပြီးတော့ ကစားနေတာကို ရပ်လိုက်ပါတော့လား....

လျိုယင်ကို သွေးဆာသောလူသတ်သမားဂိုဏ်းက ရိုက်လို့ မသေဘဲ သခင်မလေးရဲ့ကျေးဇူးနဲ့ ဒေါသအထွက်လွန်ပြီး သေသွားပါဦးမယ် ဗျာ.....

💖💖💖💖💖💖💖

စာစဉ် ၁၆၊ အခန်း ၂၂။ မယုံနိုင်စရာကောင်းလိုက်တာ

တကယ်တွင်လည်း၊ လျိုယင်၊ ပေါက်ကွဲလုနီးနီးပင် ဒေါသတို့ အရမ်း ထွက်လို့ နေချေပြီ။ ပိုလို့ပင် အသိလက်လွတ်တို့ဖြစ်ကာ ရီဝမ်ဝမ်အား သူနှင့်အတူ တစ်ပါတည်း ဆွဲချဖို့ရာ ခုန်အုပ်လာတော့သည်တည့်။

အီလဲဗင်းသည် ဘယ်လိုမှ ထိန်းပေးနိုင်ခြင်း မရှိတော့ဘဲ၊ အော်ဟစ်လိုက်၏။ "လျိုယင် ! ရပ်လိုက်တော့ !"

အလွန်တရာရင်းနှီးလှသည့် ဒီအသံကို ကြားလိုက်ရသည့်ချိန်၊ လျိုယင် တိုက်ခိုက်တော့မည့်အနေအထားကနေ တန့်သွားရတော့ပြီး ထိုလူထံသို့ အံ့သြစွာ လှည့်ကြည့်လာသည်။. "မင်းက..."

အီလဲဗင်း၊ သူ့မျက်နှာပေါ်က မျက်နှာဖုံးစွပ်အား ချွတ်လိုက်
တော့ပြီး လျိုယင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"လျိုယင်၊ အလျင်စလို မလုပ်စမ်းနဲ့။ ငါပါ"

"မင်း...အီလဲဗင်း ?"
သူ့ရဲ့မျက်နှာဖုံးအောက်က မျက်နှာကို မြင်လိုက်ရသည့်နောက်၊ ကြောင်အမ်းသွားရတော့ပြီ။ ရွှီရီသည်ပင်လျှင် အံ့အားသင့်လို့ နေလေသည်။

သူတို့တွေသည် သေခြင်းမသေခြင်းဘဝတိုက်ပွဲအတွက် အသင့်ပြင်ထားကြသည့်သူများပင်။

သူတို့အား ပိုလို့ပင် ရှေ့ာရတုန်လှုပ်သွားစေမိသည်ကား၊ အနက်ရောင်မုဆိုးမနှင့် သူမ၏ကျန်ရှိနေသောလက်အောက်ငယ်သား တို့ပါ သူတို့မျက်နှာထက်က မျက်နှာဖုံးတို့အား ချွတ်လိုက်ကြသည့် အချိန်ပင်....

လူတိုင်းသည် သူတို့၏မျက်နှာအစစ်ကို ထုတ်ဖော်ပြလာသည်ကို မြင်လိုက်ရသည့်အခါ၊ ရင်းနှီးနေသည့်မျက်နှာတွေ တစ်ခုပြီးတစ်ခုအား မြင်လိုက်ရသည့်အခါ၊ လျိုယင်၊ ရွှီရီ၊ စုန့်ကျင်းနှင့် လူတိုင်းပင် အိမ်မက်မက်နေမိသလို အောက်မေ့သွားကြရတော့သည်။

ဒီလူတွေ...သေခြင်းတရား၏နှင်းဆီရဲ့ဒီအဖွဲ့သားတွေ....တကယ်ကြီး ရီဝမ်ဝမ်ကို စောင့်ရှောက်ရင်း လိုက်ပို့ပေးသွားကြတဲ့ အနက်ရောင်အဖွဲ့ ၁ လား။

သူတို့တွေ ထွက်မသွားကြဘူးလား။

တကယ်ပဲ ဒီမှာ ဘာတွေဖြစ်နေတာလဲ။

သေခြင်းတရား၏နှင်းဆီအဖွဲ့သားတွေက ဘယ်လိုလုပ်ပြီး အနက်ရောင်အဖွဲ့ ၁ ဖြစ်လာရတာလဲ။

ဒါ ဖြစ်နိုင်မလား....အစကတည်းက ဟန်ဆောင်ထားခဲ့တာများ ဖြစ်နိုင်မလား။

အနက်ရောင်အဖွဲ့ ၁ က သေခြင်းတရား၏နှင်းဆီအဖြစ်နဲ့ ရုပ်ဖျက်ထားခဲ့တာလား။

ဘယ်လိုမှကို မယုံနိုင်စရာကောင်းလိုက်တာ...
.

သေခြင်းတရား၏နှင်းဆီက အနက်ရောင်အဖွဲ့ ၁ ဆိုရင် ၊ ဒါဆို...အဲဒီအနက်ရောင်မုဆိုးမက....

လျိုယင်၏ရှော့ရနေသည့်အကြည့်ကို သတိပြုမိသွားရာ၊ ရီဝမ်ဝမ်၊ ဖြေးညင်းစွာဖြင့်ပင် သူမ၏ဦးထုပ်အား ချွတ်လိုက်တော့လေသည်။ အနက်ရောင်ဇာပဝါဖြင့် အုပ်ကာထားပါသည့် ရှုမငြီးဖွယ်ကောင်းသည့် မျက်နှာအား ထုတ်ဖော်ပြသလိုက်တော့ပြီ။

အနက်ရောင်ပဝါအနောက်နေ ထိုမိန်းမ၏မျက်နှာ တဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အခိုက်၊ လျိုယင်၏မျက်လုံးတို့ တဖြည်းဖြည်းချင်း ကျုံ့လာတော့ပြီး အလွန်အမင်း ရှေ့ာရမှုကြီးနှင့် စိတ်ရှုပ်ထွေးမှုကြီးတို့ကို ထုတ်ဖော်ပြသလာတော့ပြီ။ သူ့ရဲ့တစ်ကိုယ်လုံးသည်ပင် မာတောင့်နေသည့်ရုပ်တုကြီးတစ်ခုအလားနှယ် ဖြစ်လာတော့ပြီ။

ရီဝမ်ဝမ်၊ ပြုံးပြလာသည်။
"ကပ္ပတိန် လျိုယင်၊ ကျွန်မတို့တွေ နောက်ဆုံးတွေ့ဖြစ်ပြီးကတည်းက ရှင် အဆင်ပြေနေမယ်လို့ ယုံကြည်ပါတယ်"

ဆယ်စက္ကန့်တိတိ ကုန်လွန်လာခဲ့ပြီးသည့်နောက်၊ လျိုယင်၊ နောက်ဆုံးတွင်တော့ အသိစိတ်ဝင်သွားတော့ချေပြီ။
"ရီ...ရီဝမ်ဝမ် !!!"

ဘယ်လို...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

အနက်ရောင်မုဆိုးမက တကယ်ပဲ ရီဝမ်ဝမ်လား။

အဲဒီအင်အားကြီးတဲ့အရောင်အဝါတွေနဲ့ မိန်းမက၊ သွေးဆာသော လူသတ်သမားဂိုဏ်းကို အများကြီးကို ကြောက်လန့်သွားစေခဲ့ပြီးတော့ ခွေးတွေလို ထွက်ပြေးသွားစေခဲ့တဲ့ အဲဒီမိန်းမက...ရီဝမ်ဝမ် လား။

လျိုယင်နှင့်လူတိုင်း ကြောင်အမင်သက်လို့နေမိကြလျက်၊
သူတိ့ုတွေ သရဲတစ်ကားအား မြင်တွေ့နေကြရသည့်အလားနှယ် နေရာတွင်ပင် ရပ်နေမိကြတော့လေပြီ။

"ဘယ်လို...ဘယ်လိုလုပ်ပြီး မင်းဖြစ်နေရတာလဲ....မင်း ထွက်မသွား ဘူးလား...ပြီးတော့လဲ အနက်ရောင်အဖွဲ့ ၁... မင်းတို့တွေ...မင်းတို့တွေ ဘယ်လိုလုပ်ပြီးတော့..."
လျိုယင်ကား၊ အလွန်တရာမှပင် ရှော့အကြီးကြီး ရလို့နေလျက်၊ စကားပင် ဖြောင့်တန်းအောင် မပြောနိုင်တော့။

ရွှီရီ၏မျက်နှာသည်လည်း ထိုနည်းတူ အံ့အားသင့်လို့နေ၏ - ဒီမိန်းမ၏ပုံစံနှင့် လေသံသည် တနေရာရာ ရင်းနှီးနေသလိုပဲဟု
သူ တွေးခဲ့မိသည်မှာ အံ့သြစရာမရှိတော့။ အထူးသဖြင့် သူမသည် သခင်လေးနား ကပ်သွားသည့်အချိန်တွင် တမင်သက်သက်ပင် လျိုယင်ကို ဒေါသထွက်အောင် ဆွပေးနေခဲ့ခြင်းပင် - ထိုရင်းနှီးနေခြင်းသည်ကား အံ့သြစရာကောင်းလှချေသည်တကား။

သို့သော်၊ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိသည်ကား သူမသည် အမှန်တကယ်ကြီး....အမှန်တကယ်ကြီး ရီဝမ်ဝမ် ဖြစ်နေသည်ဟု။

လျိုယင်နံဘေးတွင် ရပ်နေပါသည့် စုန့်ကျင်းသည်လည်း လုံးဝအတိ အမှောင်ကျလို့နေချေပြီ။ ဘယ်လိုတုံ့ပြန်ရမလဲကိုပင် သူ မသိမိတော့။

အခုနလေးက သူ့ရဲ့အသက်ကို ကယ်တင်လိုက်သည့်သူသည်ကား.... သူတို့အား ဘယ်လိုဆွဲချရမလဲဆိုတာကိုသာ သိသည့် အဲဒီအသုံးမကျ လှသည့် ပြသနာမ အမှန်တကယ် ဖြစ်နေသည်တဲ့လား။

လူတိုင်း၊ စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကို တစ်ယောက်အား ကြည့်လိုက်ကြတော့ပြီ။ အချိန်အကြာကြီးကြာတေ့ာမှပင်၊
သူတို့တွေ လှုပ်လှုပ်ရှားရှား ဖြစ်လာကြတော့သည်။

"အီလဲဗင်း၊ ဒါ...ဒါတွေအားလုံးက ဘယ်လိုဖြစ်ရတာလဲ"
လျိုယင်၊ အံ့အားတကြီး မေးလာခြင်းပါတည်း။

ပြုံးကာ ပြောဆိုလာသည့် အီလဲဗင်း။
"ဇာတ်လမ်းက အရှည်ကြီးပဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်မှာတော့ သခင်မလေး ဝမ်ဝမ်ကိုပဲ ကျေးဇူးတင်ရမယ်။ ကျွန်တော်တို့တွေ အိမ်ပြန်ရောက်ကြတော့မှပဲ ဒီအကြောင်း ပြောကြတော့တာပေါ့။ မင်းတို့ရဲ့ဒဏ်ရာတွေကို ချက်ချင်း ကုမှဖြစ်မယ်"

လျိုယင်။ "..."

ငါ့ဖင်က ဒဏ်ရာတွေကိုပဲ ကု ! အခု ငါတို့ရဲ့ဒဏ်ရာတွေအကြောင်း ဘယ်သူက ဂရုစိုက်နေလို့လဲ။ ငါ့မှာ သိချင်လွန်းလို့ ရူးတော့မယ့်ကွ ။

💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

စာစဉ် ၁၆ ပြီး၏ ။

Continue Reading

You'll Also Like

1.3M 53.8K 65
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3.6K 233 51
❗Not Translation❗ Own Creation - @A_Hlyan_Satt Cover by @ahlyansatt 『လျို့ဝှက်ဆန်းကျယ်မှုများနှင့်ဟိုဂျူးတောအုပ်ကမ္ဘာ』 အလင်းလောကနဲ့ အမှောင်လောကဟာ အခ...
1.2M 40.5K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
334K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *