ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၆ ( ၁၅ + ၁၆ )

10.1K 1.1K 19
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   16
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၆၊ အခန္း ၁၅။ ရင္ဆုိင္ရခက္သည့္ရန္သူနွင့္ ဆံုေတြ့ၿခင္း

ေသြးဆာေသာလူသတ္သမားဂိုဏ္း၏ေခါငး္ေဆာင္ၿဖစ္သူ၊ K ၊ သည္ ရီ၀မ္၀မ္ထံ မေလးမစားၿပဳမူေနၾကပါသည့္ သူ့လူတုိ့အား အမွန္တကယ္ ၿပန္ဆုတ္ခုိင္းေနသည္ကုိ ၿမင္လုိက္ၾကသည့္အခုိက္၊ ေငြေရာင္မ်က္နွာဖံုး အုပ္ထားၾကသည့္ ကုိယ္ရံေတာ္တုိ့၏မ်က္လံုးထဲတြင္ အံ့အားသင့္မႈ အရိပ္အေယာင္တုိ့ ေပၚထြက္လာၾကေတာ့ၿပီ။

ဒါ တကယ္ၾကီး….အလုပ္ၿဖစ္သြားတယ္ဟ….

လြန္ခဲ့သည့္နာရီ၀က္အၾကာကပင္ သူတုိ့သည္ ရီ၀မ္၀မ္အား လံုၿခံဳေဘးကင္းသည့္ေနရာသို့ ပုိ့ၿပီးလုနီးနီး ၿဖစ္ေနေလၿပီ။

သူတုိ့ေတြ သူမအား ေလယာဥ္ေပၚတက္ဖို့ရာ ေလာေဆာ္ေနၾကစဥ္မွာ ပင္၊ ဒီမိန္းမသည္ ထြက္သြားခ်င္စိတ္ရွိမေနၿခင္းကို ဘယ္သူ ခန့္မွန္းမိ ေလလိမ့္မည္နည္း။ သူူမသည္ သူမ အတင္းအက်ပ္ မရမကယူခ်လာ ခဲ့ပါသည့္ ခရီးေဆာင္အိတ္ၾကီးအား ဖြင့္ခ်လုိက္ကာ၊ အဲဒီေနာက္ အနက္ေရာင္၀တ္စံုကုိ ေၿပာင္းလဲ၀တ္ဆင္ပစ္ခဲ့၏ ။ ကိုယ္ရံေတာ္တုိ့ အားလည္း မ်က္နွာဖံုးတုိ့၊ အေပၚထပ္အက်ီၤတုိ့အား လဲ၀တ္ေစခဲ့သည္။

ေသခ်ာေပါက္၊ သူတုိ့ေတြသည္ အစဦးက စိတ္ပါၿခင္း မရွိၾကေပ - သူမသည္ ဒီလုိအက်ပ္အတည္းေတြ့ေနရတဲ့အခ်ိန္မ်ိဳးမွာ သူတုိ့အား အ၀တ္အစားလဲ၀တ္ကာ ကၿပေနေစခ်င္သည္လားဆုိၿပီး။

မယံုနုိင္စရာေကာင္းလွေခ်သည္ ။

ထိုမိန္းကေလး၏တင္းမာသည့္ ေၿဖာင္းၿဖေၿပာဆုိမႈနွင့္ သူမမ်က္လံုးထဲက အၾကည့္တုိ့သည္ သူတုိ့၊ သူတုိ့သခင္ေလးထံတြင္ပင္ ေတြ့ၾကရသည့္ တင္းမာေသာဖိအားရပ္၀န္းနွင့္ တူညီေနေခ်ကာ၊ သူတုိ့အား မသိလိုက္ မသိမိခင္ပင္ နာခံေစခဲ့ေလသည္…..

သူတုိ့ က်ရံႈးသြားခဲ့ပါက အလြန္ဆံုး သူတုိ့ေတြရဲ့အသက္တုိ့ ဆံုးရံႈးသြားၾကရံုသာဟု ။

ဒီမိန္းမအား လိုက္ပါေစာင့္ေရွာက္ေပးရင္း လြတ္ေၿမာက္သြားၿခင္းထက္ သူတုိ့သခင္အတြက္ အသက္ေပးရသည္က ပိုေကာင္းေသးသည္ပင္။
စစခ်င္း၊ ဒီကသုတ္ကရုတ္နုိင္သည့္မ်က္နွာဖ်က္ၿခင္းသည္ ေသခ်ာေပါက္ ကို ၿမင္သာေနလိမ့္မည္ဟု လူတုိင္း ေတြးထားၾကသည္တည္း။ အနက္ေရာင္အဖြဲ့ ၁ တစ္ဖြဲ့လံုး အသက္ဆံုးရႈံးၾကဖုိ့ရာအတြက္ အဆင္သင့္ၿပင္ထားၾကၿပီးၿပီ။

သို့ေသာ္၊ ရလဒ္သည္ကား အံ့ၿသဖြယ္ေကာငး္ေလစြ….

ဒီမိန္းမသည္ သူမ ေရာက္သည္နွင့္ ယူဂ်င္း၏အားနည္းခ်က္ေနရာတုိ့ကို ေဖာ္ထုတ္လုိက္ရံုတင္မက၊ တဲတဲေလးၿဖစ္ေနသည့္ စုန့္က်င္း၏အသက္ ကုိ ကယ္တင္ေပးနုိင္ခဲ့ၿပီး ဘယ္သူမွပင္ လံုး၀ သိမထားၾကသည့္ K ၏ သရုပ္အစစ္အား ေဖာ္ထုတ္ေပးလာခဲ့ေလသည္။

ေကာက္က်စ္ဥာဏ္မ်ားလွသည့္ K မွာ အမွန္တကယ္ပင္ သူမ၏အရူးလုပ္ၿခင္း ခံလိုက္ရေတာ့ၿပီ….

ဒီအခိုက္၊ ကုိယ္ရံေတာ္တုိင္းတြင္ အမည္မသိေသာခံစားခ်က္တုိ့ ေရာၿပြမး္လာၾက၏။ သို့ေသာ္၊ သူတုိ့တစ္ဦးကမွ အမူအရာတစ္ခ်က္ ေၿပာင္းလဲမႈၿပလာၾကျခင္းမရိွ ။

သူတုိ့အဖုိ့သည္ကား၊ ဒီမ်က္နွာဖ်က္ထားၿခင္းသည္ အလြန္တရာပင္ အေၿခခံက်လွပါ၏။ သုိ့ေသာ္၊ ေရႊစံအိမ္တြင္ ၾကီးၿပင္းလာခဲ့ရသည့္ မိန္းမအေနၿဖင့္ ရီ၀မ္၀မ္သည္ကား ဒီလိုလူဆိုးၾကီးေတြရဲ့အေရွ့တြင္ မယံုနုိင္စရာေကာင္းေလာက္ေအာင္ပင္ တည္တည္ၿငိမ္ၿငိမ္ ရွိေနနုိင္ခဲ့ၿပီး K ကိုပင္ ဖိနွိပ္ထားပစ္နုိင္သည္ကား - ဒါသည္ အမွန္အစစ္ၾကီးပင္ သူတုိ့အား ဆြံ့အသြားမိေစသည္တည္း…..

ဒီမိန္းမ….ငါတို့ေတြ စိတ္ကူးထားတာနဲ့ လံုး၀ၾကီး ကြဲထြက္ေနသလိုပဲ….

ဒီအခုိက္၊ ေသြးဆာေသာလူသတ္သမားဂိုဏ္းသည္ ေရွာ့ရလုိ့ေနၾကေလ၏။

K သည္ အမွန္တကယ္ပင္ ေလာင္ၿမိဳက္ေနေသာမီးေတာက္မ်ား တုိုက္ခုုိက္ေရးတပ္ထဲက နံပတ္ ၁ ၿဖစ္ခဲ့ပါသည့္ ခ်ိဳ့ဟုန္ဟုိင္ ၿဖစ္ေနသည္လား။

ခ်ိဳ့ဟုန္ဟုိင္သည္ကား အ၇င္တုန္းက ေလာင္ၿမိဳက္ေနေသာ မီးေတာက္မ်ားတုိက္ခုိက္ေရးအဖြဲ့မွ ပယ္ထုတ္ခံထားရၿခင္းၿဖစ္ၿပီး တခ်ိန္တည္းတြင္ပင္ တုိက္ခုိက္ေရးအဖြဲ့ၾကီးတစ္ခုလံုး၏ နႈတ္ပိတ္ထားၿခင္း ခံခဲ့ရပါ၏….

K ၏ဇာစ္ၿမစ္ကို ထိုမိန္းမ ေၿပာလုိက္သည္ကို သူတုိ့ ၾကားလုိက္ၾက သည့္အခါ၊ ေဂ်ဆန္နွင့္ယူဂ်င္းတုိ့၏ မ်က္နွာတုိ့သည္ ခ်က္ခ်ငး္ပင္ ေၿပာငး္လဲသြားၾကကုန္သည္။

K ၏ ဇာစ္ၿမစ္သည္ကား ေၿပာလုိ့မရသည့္အရာတည္း - ေဒၚလာ သန္းေပါငး္ရာနွင့္ခ်ီကာ ကမ္းလွမ္းလာၾကသည့္လူအနညး္ငယ္ပင္ ရွိၾကပါ၏။ သို့တုိင္၊ သူတုိ့ကား သူ ဘယ္သူဘယ္၀ါၿဖစ္ေၾကာင္းကို အေၿဖရွာလုိ့မရၾကဆဲပင္။ K ေနာက္ကို လုိက္ေနခဲ့ၾကပါသည့္ ဂိုဏ္းထဲက လူေတြသည္ပင္ ထုိအေၾကာင္းကို မသိခဲ့ၾကရာ ။

ဒီမိန္းမ ဘယ္လုိလုပ္ၿပီးေတာ့ သိသြားခဲ့တာလဲ။

K ၏အမူအရာအား အကဲၿဖတ္ၾကည့္လုိက္သည္တြင္ေတာ့၊
သူမသည္ အမွန္တကယ္ၾကီး ထိမွန္ေၿပာဆုိသြားနုိင္ခ့ဲပံုပင္။

K သည္ပင္လ်ွင္ ေက်ာ္လႊားရခက္သည့္ရန္သူၾကီးတစ္ေယာက္နွင့္ ထိပ္တုိက္ရင္ဆုိင္ေတြ့ေနရသည့္အလား၊ သူ့ရဲ့သေဘာထားတုိ့ ရုတ္တရက္ၾကီး ေၿပာင္းလဲရၿခင္းကား အံ့ၿသစရာမရွိေခ်ေတ့ာ။

ဒီပုဂၢိဳလ္သည္ကား K ၏သရုပ္အမွန္ကို သိေနသည္ပင္ - သူမသည္ကား အထင္ေသးေလွ်ာ့တြက္လုိ့မရေခ်ၿပီ။

လူၿပက္ေလး၊ ခုေရာက္လာသူအား ေသေသခ်ာခ်ာေလး စုန္ခ်ည္ဆန္ခ်ည္ ၾကည့္လုိ့ေနေခ်၏။ သူ ၿမင္ေနရသည္ကား၊ တစ္ဖြဲ့လံုးသည္ အနက္ေရာင္ အေပၚထပ္အက်ီၤကို ၀တ္ဆင္ထားၾက လ်က္၊ သူတုိ့ရဲ့ရင္ဘတ္နားတြင္ အနီေရာင္နွင္းဆီပံုေလး သိုသို၀ွက္၀ွက္ ေရးထိုးထားၿခင္းတည္း။ ေငြေရာင္မ်က္နွာဖံုးသည္ကား ထိုလူတုိ့၏ မ်က္နွာထက္တြင္ ရွိေနၾကေခ်၏….

အေရွ့တူရူကို ၾကည့္လုိက္မိသည္တြင္၊
ထုိမိန္းမသည္ ေစ်းၾကီးလွသည့္ အနက္ေရာင္၀တ္စံုအား ၀တ္ဆင္ထား ၿပီး သူမမ်က္နွာအား အနက္ေရာင္ဇာပု၀ါက ဖံုးလႊမ္းထားလ်က္…..

ၿဖစ္ေနမလား…..

လူၿပက္ေလး တစ္ခုခုကို အမွတ္ရမိသြားဟန္တူသည္။ ခ်က္ခ်င္းဆုိသလုိပင္၊ သူ့မ်က္နွာထက္၀ယ္ ေၾကာက္လန့္ေၿခာက္ၿခား
မႈ အေငြ့အသက္တစ္ခု ေပၚထြက္လာၿပီး မသိလုိက္မိဘဲ ေနာက္သို့ ေၿခတစ္လွမ္း ဆုတ္မိသြားေတာ့ေပၿပီ။
“ေသၿခငး္တရား….ေသၿခင္းတရား၏နွင္းဆီ….”

“ေသၿခင္းတရား၏နွင္းဆီ”
ဒီစကားသံုးလံုးကို ၾကားလုိက္ရသည့္အခုိ္က္၊
ယူဂ်င္း အံ့အားသင့္ေၾကာင္အသြားရေတာ့၏။
“မင္း ဘာေၿပာလုိက္တယ္။ ေသၿခင္းတရား၏နွင္းဆီ ဟုတ္လား။ ဘယ္လုိ…. ဘယ္လုိလုပ္ၿပီးေတ့ာ ၿဖစ္နုိင္မွာလဲ”

ေသၿခင္းတရား၏နွင္းဆီသည္ကား ဒ႑ာရီသူရဲေကာင္းေတြထဲမွာသာ တည္ရွိခဲ့ၾကသည့္ အင္အားအၾကီးဆံုးအဖြဲ့အစညး္ၾကီးတစ္ခု ၿဖစ္ေခ်၏။

ေသၿခင္းတရား၏နွင္းဆီအဖြဲ့သားတုိ့၏မ်က္နွာအစစ္အား
ဘယ္သူကမ်ွ ၿမင္ဖူးၿခင္းမရွိၾကေပ။ သူတုိ့နွင့္ပတ္သက္ၿပီး ေကာလဟလအခ်ိဳ့တို့ပင္ ရွိေနၾကသည္။

                 💖💖💖💖💖💖💖💖💖

စာစဥ္ ၁၆၊ အခန္း ၁၆။ ေသကိုေသၾကရမွာပဲ

ေၿပာၾကသည္ကား၊ ထုိအဖြ့ဲအစည္းထဲကလူူတုိင္းသည္ အေပၚထပ္ ဂ်က္ကတ္အက်ီၤအား ၀တ္ဆင္ထားၾကၿပီး ထုိအေပၚတြင္ နွင္းဆီပံု ေရးထုိုးထားသည္။ သူတုိ့၏မ်က္နွာထက္တြင္ကား ေငြေရာင္မ်က္နွာဖံုး ကို ၀တ္ဆင္ထားၾကၿပီး၊ ထုိအုပ္စု၏ေခါငး္ေဆာင္သည္ အနက္ေရာင္ ၀တ္စံုအား ၀တ္ဆင္ထားပါသည့္ မိန္းမတစ္ေယာက္ၿဖစ္ေခ်၏။ သူမသည္ကား မ်က္နွာကို အနက္ေရာင္ပု၀ါၿဖင့္ အုပ္မိုးထားကာ။ လူတုိ့သည္ သူမအား အနက္ေရာင္မုဆုိးမ ဟု ေခၚၾကေလသည္။

ထုိမိန္းမ ဘယ္ေနရာကေန လာသည္၊ သူမ အသက္ဘယ္ေလာက္
ရွိၿပီ ဆိုသည္ကုိ ဘယ္သူမွ မသိၾကေခ်။ ေကာလဟလတုိ့အရကား၊ သူမသည္ အသက္ ၆၀ ေက်ာ္ၿပီးေနၿပီး၊ ငယ္ရြယ္နုပ်ိဳသည့္ရုပ္ရည္ ရွိေနၿခင္းဟု။ တခ်ိဳ့ ေၿပာၾကသည္ကား သူမသည္ ေၾကာက္စရာေကာင္း လွၿပီး စညး္ကမ္းေဘာင္အတုိင္း မသြားတတ္သည့္ မေကာင္းဆုိး၀ါးၾကီး ၿဖစ္ဟန္တူသည္ဟု…..

ၿပီးေတာ့ ထုိမိန္းမသည္ အၿမဲတေစပင္ သူမ၏ေယာက်ာ္းသားတုိ့ျဖင့္ ၀ုိင္းရံၿခံရံေနတတ္၏ - အေရအတြက္တုိ့ သိပ္မမ်ားစားလွပါေသာ္လညး္၊ သူုတိ့ု၏အေရာင္အ၀ါတုိ့နွင့္ ခုိင္ၿမဲလွသည့္ေၿခလွမ္းတုိ့ကေန ေၿပာနုိင္ သည္ကား သူတုိ့ေတြသည္ သာမန္ေယာက်ာ္းေတြ မဟုတ္ၾကဘူးဟု။ သူတုိ့ေတြသည္ ေရခဲအလား ေအးစက္ေနၾကသည့္ လူသားလက္နက္ တုိ့နွင့္ တူေခ်သည္။

လက္ရွိ သူတုိ့ု၏အသြင္အၿပင္နွင့္ ၀တ္စားဆင္ယင္ပံုတုိ့ုသည္ကား ေကာဟလဟတုိ့အတုိင္း တစ္ထပ္တည္းပါပင္။ ဒီလုိတပ္ဖြဲ့ၾကီးကို ဦးေဆာင္လာသည္ဆိုေတာ့….

“သူမ…သူမက….အနက္ေရာင္မုဆိုးမ….ၿဖစ္ေန….ၿဖစ္ေနနုိင္မလား” ယူဂ်င္း၊ စကားတုိ့ ထစ္အစြာၿဖင့္ ေဂ်ဆန္နွင့္အတူ အေနာက္သို့ ေၿခတစ္လွမ္း ဆုတ္လုိက္မိေတာ့သည္။

ယုတ္မာရက္စက္ၿပီး ေသြးဆာမႈအေၾကာင္း ေၿပာပါဆိုလွ်င္ - ဒီမိန္းမသည္ကား လံုး၀အတိဦးေဆာင္လမ္းၿပခဲ့သူတည္းပင္။ သူမ၏နညး္လမ္းတုိ့သည္ ယူဂ်ငး္၏နညး္လမ္းတုိ့ထက္ အဆေပါင္းေထာင္ေသာင္းမက ပိုလုိ့ရက္စက္ၾကမ္းၾကဳတ္သည္ခ်ည္း။

ဒီမိန္းမသည္ အထူးအားၿဖင့္ ရုပ္ရည္ေခ်ာေမာၿပီး ရာထူးအဆင့္အတန္း ၿမင့္မားသည့္ ေယာက်ာ္းသားတုို့အား ၾကိဳက္နွစ္သက္သည္ပင္။ တိုင္းၿပည္ M ထဲမွာ ရွိသည့္ စီေပၚကို ကလန္ရဲ့ေခါင္းေဆာင္ၿဖစ္သူ သည္ပင္ သူမ၏ ဖယ္ရွားၿခင္းခံခဲ့ရေလသည္။

တစ္ခ်ိန္တြင္၊ ထုိ စီေပၚကုိ ကလန္သည္္ အင္ၿပည့္အားၿပည့္ၿဖင့္ လက္စားေခ်ဖုိ့ရာအတြက္ ေပၚထြက္လာ၏။ သို့ေသာ္၊ အဆံုးသတ္ တြင္ကား၊ သူတုို့ေတြသည္သာ ညတြင္းခ်ငး္ အသတ္ခံလုိက္ၾကရ ေလသည္။

ဆယ္နွစ္အၾကာက၊ ေသၿခင္းတရား၏နွင္းဆီသည္ အတက္ၾကြဆံုး ၿဖစ္ထားခဲ့ပါ၏။ သူတုိ့ေတြသည္ ရင္ဆုိင္ရခက္သည့္အင္အားၾကီး တုိ့မ်ားစြာအား ရန္စက်ဴးေက်ာ္သမႈ ၿပဳထားခဲ့ၿပီး၊ ရလဒ္အေနၿဖင့္ ထိုအင္အားၾကီးေတြမွာ ပ်က္စီးၿခင္းသုိ့ ေရာက္ရွိသြားၾကရေလသည္။

နုိင္ငံၾကီးတစ္ခုလံုးဆုိလွ်င္ေတာင္မွ ေသၿခင္းတရား၏နွင္းဆီ လက္ဖ၀ါးေပၚတြင္ အလြယ္တကူ ေခ်မႈန္းပစ္လုို့ရနုိင္သည္ခ်ည္း။ ကလန္ေလးတစ္ခုဆုိလ်ွင္ကား ဆုိဖြယ္ရာမရွိေတ့ာ။

သူတုိ့ေတြသည္ ဒီလုိအင္အားၾကီးအုပ္စုနွင့္ တုိက္ခုိက္မည္ဆိုလွ်င္ ရလဒ္သည္ကား တစ္ခုထဲသာ ရွိေခ်သည္ - ေသၿခင္းတရား။

အံ့ၿသစရာမရွိေတာ့......

ဒီမိန္းမသည္ အမွန္တကယ္ပင္ ေမာက္မာရဲၿပီး သူတုိ့၏အားနည္းခ်က္ ေနရာမ်ားအား ရွာေဖြနုိင္ခဲ့သည္မွာ အံ့ၿသစရာမရွိေတာ့ ။ သူမသည္
K နွင့္ပတ္သက္သည့္ အတြင္းသတင္းတုိုင္းကို သိပင္သိေနေလသည္။

တစ္ခ်ိန္ထဲမွာပင္၊ လ်ိဳယင္နွင့္ တၿခားသူတုိ့ တစ္ခုခု လြဲမွားေနသလို ခံစားမိလို့ေနၾကေခ်ၿပီး၊ ေမွ်ာ္လင့္ခ်က္တုိ့ကင္းမဲ့စြာၿဖင့္ မီတာအနဲငယ္ အကြာ အေနာက္ဘက္ကို ၿပန္ဆုတ္သြားၾကသည္။

“ေသၿခင္းတရား၏နွင္းဆီ”
လ်ိဳယင္၏ကိုယ္ထဲတြင္ အခုနကမွ ၿမင့္တက္လာခဲ့သည့္ေမွ်ာ္လင့္ခ်က္ ေရာင္တန္းေလးသည္ ခ်က္ခ်င္းအတိပင္ ပိုမိုနက္ရိႈငး္သည့္ ေမွ်ာ္လင့္ၿခင္းကင္းမဲ့ၿခင္းသုိ့ ေၿပာငး္လဲသြားၾကေတာ့သည္။

“ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ”
ရႊီရီ၏မ်က္နွာသည္ကား၊ ေၾကာက္လန့္မႈတုိ့ ဖုံးလႊမ္းလိ့ုေနလ်က္ ။

အဲဒါက ဒ႑ာရီလာအဖြဲ့အစည္းၾကီး မဟုတ္လား။
ဆယ္နွစ္ေလာက္ သတင္းေပ်ာက္ေနတယ္ဆုိတာေလ။

အစတြင္ေတာ့၊ ထိုမိန္းမသည္ စုန့္က်င္းအား ကူညီေပးသည္ကုိ ၿမင္လုိက္ရသည့္အခ်ိန္၊ သူတို့ေတြသည္ တစ္ဖြဲ့တည္းသားေတြဟုပင္ ေတြးမိသြားခဲ့ပါ၏။ သူတုိ့ေတြသည္ ပုိလုိ့ပင္ ေၾကာက္စရာေကာင္း လွသည့္ရန္သူ ၿဖစ္ေနသည္မွန္း ဘယ္သူ သိပါလိမ့္မည္နည္း။ တစ္ဖက္အဖြ့ဲ၏ေလသံတုိ့ကုိ အကဲၿဖတ္ၾကည့္ရသည္တြင္ေတာ့၊ သူတုိ့ေတြသည္လညး္ သူတုိ့ေတြအတြက္ လာေရာက္ၾကၿခင္းပင္။

ဒါသည္ကား က်ားခံတြငး္ထဲကေန ထြက္ၿပီး ၀ံပုေလြတုိ့ေနရာထဲ ၀င္ေရာက္သြားၿခငး္နွင့္ တူလွေပသည္။

လူတုိ္င္း၏ရင္အစုံတုို့သည္ကား နိမ့္ခ်ည္ၿမင့္ခ်ည္ ခုန္ေနေပၿပီ…..

စုန့္က်င္း၊ အနက္ေရာင္၀တ္စံုနွင့္ မိန္းမနံေဘးက ကိုယ္ရံေတာ္အား စိုက္ၾကည့္လိုက္မိၿပီး ၊ ေနာက္ စကားထစ္အစြာ ဆုိလာသည္။
“အဲဒီေဘာ္ဒီဂတ္ရဲ့ပံုစံက ဘာလုိ့…..ဘာလုိ့မ်ား အရမး္ကို ရင္းနွီးေနရတာပါလိမ့္…..”

ဒါတင္မဟုတ္ေသး - သ့ူ၏ေတြးထင္ေနၿခင္း ၿဖစ္ေကာငး္ၿဖစ္ၿခိမ့္မည္။ သုိ့ေသာ္၊ ကုိယ္ရံေတာ္ေဘာ္ဒီဂတ္တုိ့အၿပင္ကို ထိုမိန္းမသည္ပါ ရီ၀မ္၀မ္နွင့္ တကယ္ၾကီးဆင္တူေနသည္ဟု ျမင္ေနမိေလသည္။

လ်ိဳယင္နွင့္ရႊီရီ၊ သူ ေၿပာသည္ကို ၾကားလိုက္ၾကသည့္အခုိက္၊ သူတုိ့ ေငြေရာင္မ်က္နွာဖံုးစြပ္ထားၾကသည့္ ကို္ယ္ရံေတာ္တုိ့အား လွည့္ၾကည့္ လုိက္ၾကေတာ့ရာ…သူက ေတာ္ေတာ္ေလးကို ရင္းနွီးေနသလုိပဲ….

“သူ့ရဲ့ပံုစံက အီလဲဗင္း နဲ့ ေတာ္ေတာ္ေလး ဆင္တယ္….”
ရႊီရီ၊ တစ္ကိုယ္တည္း ၿမည္းတြားေရရြတ္လာၿခင္း။

အီလဲဗင္းသည္ ရီ၀မ္၀မ္အား ေစာင့္ေရွာက္လုိက္ပါပို့ေဆာင္ၾကရသည့္ အုပ္စုေလး၏ေခါင္းေဆာင္ၿဖစ္၏။ သူ့ရဲ့ပံုစံသည္ သာမန္လူတစ္ေယာက္ ထက္ ပိုၿပီးေတာ့ပိန္ကာ ပိုၿပီးလညး္ အရပ္အေမာငး္ရွည္လွသည္မုိ့ သတိၿပဳလြယ္သည္ပင္။

သူ့ရဲ့ပံုရိပ္သည္ အီလဲဗင္းနွင့္ ဆင္တူသည္ဟု လိ်ဳယင္နွင့္တၿခားသူတုိ့ သတိၿပဳမိသြားၾကပါေသာ္ၿငားလညး္ သူတုိ့ေတြကား ထုိအေၾကာင္းကို မ်ားမ်ားစားစား ေတြးေတာေနၿခင္း မၿပဳၾကေတာ့။ စိတ္ဖိစီးစုိးရိမ္စြာၿဖင့္ ပင္ အေရွ့မွာရွိေနၾကသည့္ အင္အာၾကီးနွစ္ခုအား ၾကည့္လုိက္ၾကေတာ့ ေပသည္။

ေနာက္ဆံုးေတာ့လည္း ၊ ဒီေန့….ငါတုိ့ေတြ ေသကိုေသၾကရမွာပါလား။

ငါတို႔ေတြ ေသၿခင္းတရား၏နွင္းဆီ လက္ထဲမွာ အဆံုးသတ္ရင္သတ္၊ မသတ္ရင္ ေသြးဆာေသာလူသတ္သမားဂိုဏ္းရဲ႕လက္ထဲမွာ အဆံုးသတ္ရေတာ့မွာပါလား ။

ေကာလဟလတုိ့ ရွိပါ၏။ ဒီအနက္ေရာင္မုဆုိးမသည္ ငယ္ရြယ္ပ်ိဳမ်စ္ သည့္အသားအရည္ကို ထိန္းသိမ္းထားနုိင္ဖုိ့ရာအတြက္ ေန့စဥ္ေန့တုိင္း မိန္းမငယ္တစ္ေယာက္၏ေသြးလတ္လတ္ဆတ္ဆတ္တုိ့ၿဖင့္ သူမကိုယ္သူမ သြန္းေလာင္းေရခ်ိဳးသည္ဟု ။ ၿပီးေတာ့လညး္၊ ရုပ္ရည္ေခ်ာေမာသည့္ ေယာက်ာ္းတုိ့အား နွိပ္စက္ညွင္းပန္းၿပီး သတ္ပစ္ ရသည္ကို အမွန္တကယ္ပင္ ခ်စ္ၿမတ္နုိ္းသည္ဟု ေကာလဟလတုိ့ လညး္ ရွိခဲ့ပါ၏ - ကလန္အသီးသီးမွ ေခါင္းေဆာင္ေတာ္ေတာ္မ်ားမ်ားမွာ သူမလက္နွစ္ဖက္နွင့္ နွိပ္စက္အညွငး္ပန္းခံထားခဲ့ၾကသည္ခ်ည္းဟု ။

                  💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

Goddess : 
၀န္ဇင္းမွာ စာအုပ္လိုက္ တစ္ခါတည္းအျပတ္ဖတ္လိုသူဒါဒါေလးမ်ား အတြက္လည္း စာစဥ္ ( ၁၆ )အထိ တင္ေပးၿပီးထားလို႔ သြားေရာက္ ၀ယ္ယူအားေပးလို႔ရပါၿပီလို႔ သတင္းေကာင္းေလးပါးလိုက္ပါရေစ😘
Paid group ၀င္လိုသူဒါဒါေလးမ်ားအတြက္လည္း စာစဥ္ ( ၁၈ ) အထိ gp ၀င္လို႔ရပါၿပီေနာ္ 💖💖💖💖💖💖💖

............

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   16
Chapter.          :  15 + 16
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၆၊ အခန်း ၁၅။ ရင်ဆိုင်ရခက်သည့်ရန်သူနှင့် ဆုံတွေ့ခြင်း

သွေးဆာသောလူသတ်သမားဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ၊ K ၊ သည် ရီဝမ်ဝမ်ထံ မလေးမစားပြုမူနေကြပါသည့် သူ့လူတို့အား အမှန်တကယ် ပြန်ဆုတ်ခိုင်းနေသည်ကို မြင်လိုက်ကြသည့်အခိုက်၊ ငွေရောင်မျက်နှာဖုံး အုပ်ထားကြသည့် ကိုယ်ရံတော်တို့၏မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်ထွက်လာကြတော့ပြီ။

ဒါ တကယ်ကြီး….အလုပ်ဖြစ်သွားတယ်ဟ….

လွန်ခဲ့သည့်နာရီဝက်အကြာကပင် သူတို့သည် ရီဝမ်ဝမ်အား လုံခြုံဘေးကင်းသည့်နေရာသို့ ပို့ပြီးလုနီးနီး ဖြစ်နေလေပြီ။

သူတို့တွေ သူမအား လေယာဉ်ပေါ်တက်ဖို့ရာ လောဆော်နေကြစဉ်မှာ ပင်၊ ဒီမိန်းမသည် ထွက်သွားချင်စိတ်ရှိမနေခြင်းကို ဘယ်သူ ခန့်မှန်းမိ လေလိမ့်မည်နည်း။ သူူမသည် သူမ အတင်းအကျပ် မရမကယူချလာ ခဲ့ပါသည့် ခရီးဆောင်အိတ်ကြီးအား ဖွင့်ချလိုက်ကာ၊ အဲဒီနောက် အနက်ရောင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပစ်ခဲ့၏ ။ ကိုယ်ရံတော်တို့ အားလည်း မျက်နှာဖုံးတို့၊ အပေါ်ထပ်အကျီၤတို့အား လဲဝတ်စေခဲ့သည်။

သေချာပေါက်၊ သူတို့တွေသည် အစဦးက စိတ်ပါခြင်း မရှိကြပေ - သူမသည် ဒီလိုအကျပ်အတည်းတွေ့နေရတဲ့အချိန်မျိုးမှာ သူတို့အား အဝတ်အစားလဲဝတ်ကာ ကပြနေစေချင်သည်လားဆိုပြီး။

မယုံနိုင်စရာကောင်းလှချေသည် ။

ထိုမိန်းကလေး၏တင်းမာသည့် ဖြောင်းဖြပြောဆိုမှုနှင့် သူမမျက်လုံးထဲက အကြည့်တို့သည် သူတို့၊ သူတို့သခင်လေးထံတွင်ပင် တွေ့ကြရသည့် တင်းမာသောဖိအားရပ်ဝန်းနှင့် တူညီနေချေကာ၊ သူတို့အား မသိလိုက် မသိမိခင်ပင် နာခံစေခဲ့လေသည်…..

သူတို့ ကျရှုံးသွားခဲ့ပါက အလွန်ဆုံး သူတို့တွေရဲ့အသက်တို့ ဆုံးရှုံးသွားကြရုံသာဟု ။

ဒီမိန်းမအား လိုက်ပါစောင့်ရှောက်ပေးရင်း လွတ်မြောက်သွားခြင်းထက် သူတို့သခင်အတွက် အသက်ပေးရသည်က ပိုကောင်းသေးသည်ပင်။
စစချင်း၊ ဒီကသုတ်ကရုတ်နိုင်သည့်မျက်နှာဖျက်ခြင်းသည် သေချာပေါက် ကို မြင်သာနေလိမ့်မည်ဟု လူတိုင်း တွေးထားကြသည်တည်း။ အနက်ရောင်အဖွဲ့ ၁ တစ်ဖွဲ့လုံး အသက်ဆုံးရှုံးကြဖို့ရာအတွက် အဆင်သင့်ပြင်ထားကြပြီးပြီ။

သို့သော်၊ ရလဒ်သည်ကား အံ့သြဖွယ်ကောင်းလေစွ….

ဒီမိန်းမသည် သူမ ရောက်သည်နှင့် ယူဂျင်း၏အားနည်းချက်နေရာတို့ကို ဖော်ထုတ်လိုက်ရုံတင်မက၊ တဲတဲလေးဖြစ်နေသည့် စုန့်ကျင်း၏အသက် ကို ကယ်တင်ပေးနိုင်ခဲ့ပြီး ဘယ်သူမှပင် လုံး၀ သိမထားကြသည့် K ၏ သရုပ်အစစ်အား ဖော်ထုတ်ပေးလာခဲ့လေသည်။

ကောက်ကျစ်ဉာဏ်များလှသည့် K မှာ အမှန်တကယ်ပင် သူမ၏အရူးလုပ်ခြင်း ခံလိုက်ရတော့ပြီ….

ဒီအခိုက်၊ ကိုယ်ရံတော်တိုင်းတွင် အမည်မသိသောခံစားချက်တို့ ရောပြွမ်းလာကြ၏။ သို့သော်၊ သူတို့တစ်ဦးကမှ အမူအရာတစ်ချက် ပြောင်းလဲမှုပြလာကြခြင်းမရှိ ။

သူတို့အဖို့သည်ကား၊ ဒီမျက်နှာဖျက်ထားခြင်းသည် အလွန်တရာပင် အခြေခံကျလှပါ၏။ သို့သော်၊ ရွှေစံအိမ်တွင် ကြီးပြင်းလာခဲ့ရသည့် မိန်းမအနေဖြင့် ရီဝမ်ဝမ်သည်ကား ဒီလိုလူဆိုးကြီးတွေရဲ့အရှေ့တွင် မယုံနိုင်စရာကောင်းလောက်အောင်ပင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ခဲ့ပြီး K ကိုပင် ဖိနှိပ်ထားပစ်နိုင်သည်ကား - ဒါသည် အမှန်အစစ်ကြီးပင် သူတို့အား ဆွံ့အသွားမိစေသည်တည်း…..

ဒီမိန်းမ….ငါတို့တွေ စိတ်ကူးထားတာနဲ့ လုံးဝကြီး ကွဲထွက်နေသလိုပဲ….

ဒီအခိုက်၊ သွေးဆာသောလူသတ်သမားဂိုဏ်းသည် ရှော့ရလို့နေကြလေ၏။

K သည် အမှန်တကယ်ပင် လောင်မြိုက်နေသောမီးတောက်များ တိုက်ခိုက်ရေးတပ်ထဲက နံပတ် ၁ ဖြစ်ခဲ့ပါသည့် ချို့ဟုန်ဟိုင် ဖြစ်နေသည်လား။

ချို့ဟုန်ဟိုင်သည်ကား အရင်တုန်းက လောင်မြိုက်နေသော မီးတောက်များတိုက်ခိုက်ရေးအဖွဲ့မှ ပယ်ထုတ်ခံထားရခြင်းဖြစ်ပြီး တချိန်တည်းတွင်ပင် တိုက်ခိုက်ရေးအဖွဲ့ကြီးတစ်ခုလုံး၏ နှုတ်ပိတ်ထားခြင်း ခံခဲ့ရပါ၏….

K ၏ဇာစ်မြစ်ကို ထိုမိန်းမ ပြောလိုက်သည်ကို သူတို့ ကြားလိုက်ကြ သည့်အခါ၊ ဂျေဆန်နှင့်ယူဂျင်းတို့၏ မျက်နှာတို့သည် ချက်ချင်းပင် ပြောင်းလဲသွားကြကုန်သည်။

K ၏ ဇာစ်မြစ်သည်ကား ပြောလို့မရသည့်အရာတည်း - ဒေါ်လာ သန်းပေါင်းရာနှင့်ချီကာ ကမ်းလှမ်းလာကြသည့်လူအနည်းငယ်ပင် ရှိကြပါ၏။ သို့တိုင်၊ သူတို့ကား သူ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို အဖြေရှာလို့မရကြဆဲပင်။ K နောက်ကို လိုက်နေခဲ့ကြပါသည့် ဂိုဏ်းထဲက လူတွေသည်ပင် ထိုအကြောင်းကို မသိခဲ့ကြရာ ။

ဒီမိန်းမ ဘယ်လိုလုပ်ပြီးတော့ သိသွားခဲ့တာလဲ။

K ၏အမူအရာအား အကဲဖြတ်ကြည့်လိုက်သည်တွင်တော့၊
သူမသည် အမှန်တကယ်ကြီး ထိမှန်ပြောဆိုသွားနိုင်ခဲ့ပုံပင်။

K သည်ပင်လျှင် ကျော်လွှားရခက်သည့်ရန်သူကြီးတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့နေရသည့်အလား၊ သူ့ရဲ့သဘောထားတို့ ရုတ်တရက်ကြီး ပြောင်းလဲရခြင်းကား အံ့သြစရာမရှိချေတေ့ာ။

ဒီပုဂ္ဂိုလ်သည်ကား K ၏သရုပ်အမှန်ကို သိနေသည်ပင် - သူမသည်ကား အထင်သေးလျှော့တွက်လို့မရချေပြီ။

လူပြက်လေး၊ ခုရောက်လာသူအား သေသေချာချာလေး စုန်ချည်ဆန်ချည် ကြည့်လို့နေချေ၏။ သူ မြင်နေရသည်ကား၊ တစ်ဖွဲ့လုံးသည် အနက်ရောင် အပေါ်ထပ်အကျီၤကို ဝတ်ဆင်ထားကြ လျက်၊ သူတို့ရဲ့ရင်ဘတ်နားတွင် အနီရောင်နှင်းဆီပုံလေး သိုသိုဝှက်ဝှက် ရေးထိုးထားခြင်းတည်း။ ငွေရောင်မျက်နှာဖုံးသည်ကား ထိုလူတို့၏ မျက်နှာထက်တွင် ရှိနေကြချေ၏….

အရှေ့တူရူကို ကြည့်လိုက်မိသည်တွင်၊
ထိုမိန်းမသည် ဈေးကြီးလှသည့် အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထား ပြီး သူမမျက်နှာအား အနက်ရောင်ဇာပုဝါက ဖုံးလွှမ်းထားလျက်…..

ဖြစ်နေမလား…..

လူပြက်လေး တစ်ခုခုကို အမှတ်ရမိသွားဟန်တူသည်။ ချက်ချင်းဆိုသလိုပင်၊ သူ့မျက်နှာထက်ဝယ် ကြောက်လန့်ခြောက်ခြား
မှု အငွေ့အသက်တစ်ခု ပေါ်ထွက်လာပြီး မသိလိုက်မိဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားတော့ပေပြီ။
“သေခြင်းတရား….သေခြင်းတရား၏နှင်းဆီ….”

“သေခြင်းတရား၏နှင်းဆီ”
ဒီစကားသုံးလုံးကို ကြားလိုက်ရသည့်အခိုက်၊
ယူဂျင်း အံ့အားသင့်ကြောင်အသွားရတော့၏။
“မင်း ဘာပြောလိုက်တယ်။ သေခြင်းတရား၏နှင်းဆီ ဟုတ်လား။ ဘယ်လို…. ဘယ်လိုလုပ်ပြီးတေ့ာ ဖြစ်နိုင်မှာလဲ”

သေခြင်းတရား၏နှင်းဆီသည်ကား ဒဏ္ဍာရီသူရဲကောင်းတွေထဲမှာသာ တည်ရှိခဲ့ကြသည့် အင်အားအကြီးဆုံးအဖွဲ့အစည်းကြီးတစ်ခု ဖြစ်ချေ၏။

သေခြင်းတရား၏နှင်းဆီအဖွဲ့သားတို့၏မျက်နှာအစစ်အား
ဘယ်သူကမျှ မြင်ဖူးခြင်းမရှိကြပေ။ သူတို့နှင့်ပတ်သက်ပြီး ကောလဟလအချို့တို့ပင် ရှိနေကြသည်။

                 💖💖💖💖💖💖💖💖💖

စာစဉ် ၁၆၊ အခန်း ၁၆။ သေကိုသေကြရမှာပဲ

ပြောကြသည်ကား၊ ထိုအဖွ့ဲအစည်းထဲကလူူတိုင်းသည် အပေါ်ထပ် ဂျက်ကတ်အကျီၤအား ဝတ်ဆင်ထားကြပြီး ထိုအပေါ်တွင် နှင်းဆီပုံ ရေးထိုးထားသည်။ သူတို့၏မျက်နှာထက်တွင်ကား ငွေရောင်မျက်နှာဖုံး ကို ဝတ်ဆင်ထားကြပြီး၊ ထိုအုပ်စု၏ခေါင်းဆောင်သည် အနက်ရောင် ဝတ်စုံအား ဝတ်ဆင်ထားပါသည့် မိန်းမတစ်ယောက်ဖြစ်ချေ၏။ သူမသည်ကား မျက်နှာကို အနက်ရောင်ပုဝါဖြင့် အုပ်မိုးထားကာ။ လူတို့သည် သူမအား အနက်ရောင်မုဆိုးမ ဟု ခေါ်ကြလေသည်။

ထိုမိန်းမ ဘယ်နေရာကနေ လာသည်၊ သူမ အသက်ဘယ်လောက်
ရှိပြီ ဆိုသည်ကို ဘယ်သူမှ မသိကြချေ။ ကောလဟလတို့အရကား၊ သူမသည် အသက် ၆၀ ကျော်ပြီးနေပြီး၊ ငယ်ရွယ်နုပျိုသည့်ရုပ်ရည် ရှိနေခြင်းဟု။ တချို့ ပြောကြသည်ကား သူမသည် ကြောက်စရာကောင်း လှပြီး စည်းကမ်းဘောင်အတိုင်း မသွားတတ်သည့် မကောင်းဆိုးဝါးကြီး ဖြစ်ဟန်တူသည်ဟု…..

ပြီးတော့ ထိုမိန်းမသည် အမြဲတစေပင် သူမ၏ယောကျာ်းသားတို့ဖြင့် ဝိုင်းရံခြံရံနေတတ်၏ - အရေအတွက်တို့ သိပ်မများစားလှပါသော်လည်း၊ သူုတိ့ု၏အရောင်အဝါတို့နှင့် ခိုင်မြဲလှသည့်ခြေလှမ်းတို့ကနေ ပြောနိုင် သည်ကား သူတို့တွေသည် သာမန်ယောကျာ်းတွေ မဟုတ်ကြဘူးဟု။ သူတို့တွေသည် ရေခဲအလား အေးစက်နေကြသည့် လူသားလက်နက် တို့နှင့် တူချေသည်။

လက်ရှိ သူတို့ု၏အသွင်အပြင်နှင့် ဝတ်စားဆင်ယင်ပုံတို့ုသည်ကား ကောဟလဟတို့အတိုင်း တစ်ထပ်တည်းပါပင်။ ဒီလိုတပ်ဖွဲ့ကြီးကို ဦးဆောင်လာသည်ဆိုတော့….

“သူမ…သူမက….အနက်ရောင်မုဆိုးမ….ဖြစ်နေ….ဖြစ်နေနိုင်မလား” ယူဂျင်း၊ စကားတို့ ထစ်အစွာဖြင့် ဂျေဆန်နှင့်အတူ အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိတော့သည်။

ယုတ်မာရက်စက်ပြီး သွေးဆာမှုအကြောင်း ပြောပါဆိုလျှင် - ဒီမိန်းမသည်ကား လုံးဝအတိဦးဆောင်လမ်းပြခဲ့သူတည်းပင်။ သူမ၏နည်းလမ်းတို့သည် ယူဂျင်း၏နည်းလမ်းတို့ထက် အဆပေါင်းထောင်သောင်းမက ပိုလို့ရက်စက်ကြမ်းကြုတ်သည်ချည်း။

ဒီမိန်းမသည် အထူးအားဖြင့် ရုပ်ရည်ချောမောပြီး ရာထူးအဆင့်အတန်း မြင့်မားသည့် ယောကျာ်းသားတို့အား ကြိုက်နှစ်သက်သည်ပင်။ တိုင်းပြည် M ထဲမှာ ရှိသည့် စီပေါ်ကို ကလန်ရဲ့ခေါင်းဆောင်ဖြစ်သူ သည်ပင် သူမ၏ ဖယ်ရှားခြင်းခံခဲ့ရလေသည်။

တစ်ချိန်တွင်၊ ထို စီပေါ်ကို ကလန်သည် အင်ပြည့်အားပြည့်ဖြင့် လက်စားချေဖို့ရာအတွက် ပေါ်ထွက်လာ၏။ သို့သော်၊ အဆုံးသတ် တွင်ကား၊ သူတို့တွေသည်သာ ညတွင်းချင်း အသတ်ခံလိုက်ကြရ လေသည်။

ဆယ်နှစ်အကြာက၊ သေခြင်းတရား၏နှင်းဆီသည် အတက်ကြွဆုံး ဖြစ်ထားခဲ့ပါ၏။ သူတို့တွေသည် ရင်ဆိုင်ရခက်သည့်အင်အားကြီး တို့များစွာအား ရန်စကျူးကျော်သမှု ပြုထားခဲ့ပြီး၊ ရလဒ်အနေဖြင့် ထိုအင်အားကြီးတွေမှာ ပျက်စီးခြင်းသို့ ရောက်ရှိသွားကြရလေသည်။

နိုင်ငံကြီးတစ်ခုလုံးဆိုလျှင်တောင်မှ သေခြင်းတရား၏နှင်းဆီ လက်ဖဝါးပေါ်တွင် အလွယ်တကူ ချေမှုန်းပစ်လို့ရနိုင်သည်ချည်း။ ကလန်လေးတစ်ခုဆိုလျှင်ကား ဆိုဖွယ်ရာမရှိတေ့ာ။

သူတို့တွေသည် ဒီလိုအင်အားကြီးအုပ်စုနှင့် တိုက်ခိုက်မည်ဆိုလျှင် ရလဒ်သည်ကား တစ်ခုထဲသာ ရှိချေသည် - သေခြင်းတရား။

အံ့သြစရာမရှိတော့......

ဒီမိန်းမသည် အမှန်တကယ်ပင် မောက်မာရဲပြီး သူတို့၏အားနည်းချက် နေရာများအား ရှာဖွေနိုင်ခဲ့သည်မှာ အံ့သြစရာမရှိတော့ ။ သူမသည်
K နှင့်ပတ်သက်သည့် အတွင်းသတင်းတိုင်းကို သိပင်သိနေလေသည်။

တစ်ချိန်ထဲမှာပင်၊ လျိုယင်နှင့် တခြားသူတို့ တစ်ခုခု လွဲမှားနေသလို ခံစားမိလို့နေကြချေပြီး၊ မျှော်လင့်ချက်တို့ကင်းမဲ့စွာဖြင့် မီတာအနဲငယ် အကွာ အနောက်ဘက်ကို ပြန်ဆုတ်သွားကြသည်။

“သေခြင်းတရား၏နှင်းဆီ”
လျိုယင်၏ကိုယ်ထဲတွင် အခုနကမှ မြင့်တက်လာခဲ့သည့်မျှော်လင့်ချက် ရောင်တန်းလေးသည် ချက်ချင်းအတိပင် ပိုမိုနက်ရှိုင်းသည့် မျှော်လင့်ခြင်းကင်းမဲ့ခြင်းသို့ ပြောင်းလဲသွားကြတော့သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရွှီရီ၏မျက်နှာသည်ကား၊ ကြောက်လန့်မှုတို့ ဖုံးလွှမ်းလိ့ုနေလျက် ။

အဲဒါက ဒဏ္ဍာရီလာအဖွဲ့အစည်းကြီး မဟုတ်လား။
ဆယ်နှစ်လောက် သတင်းပျောက်နေတယ်ဆိုတာလေ။

အစတွင်တော့၊ ထိုမိန်းမသည် စုန့်ကျင်းအား ကူညီပေးသည်ကို မြင်လိုက်ရသည့်အချိန်၊ သူတို့တွေသည် တစ်ဖွဲ့တည်းသားတွေဟုပင် တွေးမိသွားခဲ့ပါ၏။ သူတို့တွေသည် ပိုလို့ပင် ကြောက်စရာကောင်း လှသည့်ရန်သူ ဖြစ်နေသည်မှန်း ဘယ်သူ သိပါလိမ့်မည်နည်း။ တစ်ဖက်အဖွ့ဲ၏လေသံတို့ကို အကဲဖြတ်ကြည့်ရသည်တွင်တော့၊ သူတို့တွေသည်လည်း သူတို့တွေအတွက် လာရောက်ကြခြင်းပင်။

ဒါသည်ကား ကျားခံတွင်းထဲကနေ ထွက်ပြီး ဝံပုလွေတို့နေရာထဲ ဝင်ရောက်သွားခြင်းနှင့် တူလှပေသည်။

လူတိုင်း၏ရင်အစုံတို့သည်ကား နိမ့်ချည်မြင့်ချည် ခုန်နေပေပြီ…..

စုန့်ကျင်း၊ အနက်ရောင်ဝတ်စုံနှင့် မိန်းမနံဘေးက ကိုယ်ရံတော်အား စိုက်ကြည့်လိုက်မိပြီး ၊ နောက် စကားထစ်အစွာ ဆိုလာသည်။
“အဲဒီဘော်ဒီဂတ်ရဲ့ပုံစံက ဘာလို့…..ဘာလို့များ အရမ်းကို ရင်းနှီးနေရတာပါလိမ့်…..”

ဒါတင်မဟုတ်သေး - သ့ူ၏တွေးထင်နေခြင်း ဖြစ်ကောင်းဖြစ်ခြိမ့်မည်။ သို့သော်၊ ကိုယ်ရံတော်ဘော်ဒီဂတ်တို့အပြင်ကို ထိုမိန်းမသည်ပါ ရီဝမ်ဝမ်နှင့် တကယ်ကြီးဆင်တူနေသည်ဟု မြင်နေမိလေသည်။

လျိုယင်နှင့်ရွှီရီ၊ သူ ပြောသည်ကို ကြားလိုက်ကြသည့်အခိုက်၊ သူတို့ ငွေရောင်မျက်နှာဖုံးစွပ်ထားကြသည့် ကိုယ်ရံတော်တို့အား လှည့်ကြည့် လိုက်ကြတော့ရာ…သူက တော်တော်လေးကို ရင်းနှီးနေသလိုပဲ….

“သူ့ရဲ့ပုံစံက အီလဲဗင်း နဲ့ တော်တော်လေး ဆင်တယ်….”
ရွှီရီ၊ တစ်ကိုယ်တည်း မြည်းတွားရေရွတ်လာခြင်း။

အီလဲဗင်းသည် ရီဝမ်ဝမ်အား စောင့်ရှောက်လိုက်ပါပို့ဆောင်ကြရသည့် အုပ်စုလေး၏ခေါင်းဆောင်ဖြစ်၏။ သူ့ရဲ့ပုံစံသည် သာမန်လူတစ်ယောက် ထက် ပိုပြီးတော့ပိန်ကာ ပိုပြီးလည်း အရပ်အမောင်းရှည်လှသည်မို့ သတိပြုလွယ်သည်ပင်။

သူ့ရဲ့ပုံရိပ်သည် အီလဲဗင်းနှင့် ဆင်တူသည်ဟု လျိုယင်နှင့်တခြားသူတို့ သတိပြုမိသွားကြပါသော်ငြားလည်း သူတို့တွေကား ထိုအကြောင်းကို များများစားစား တွေးတောနေခြင်း မပြုကြတော့။ စိတ်ဖိစီးစိုးရိမ်စွာဖြင့် ပင် အရှေ့မှာရှိနေကြသည့် အင်အာကြီးနှစ်ခုအား ကြည့်လိုက်ကြတော့ ပေသည်။

နောက်ဆုံးတော့လည်း ၊ ဒီနေ့….ငါတို့တွေ သေကိုသေကြရမှာပါလား။

ငါတို့တွေ သေခြင်းတရား၏နှင်းဆီ လက်ထဲမှာ အဆုံးသတ်ရင်သတ်၊ မသတ်ရင် သွေးဆာသောလူသတ်သမားဂိုဏ်းရဲ့လက်ထဲမှာ အဆုံးသတ်ရတော့မှာပါလား ။

ကောလဟလတို့ ရှိပါ၏။ ဒီအနက်ရောင်မုဆိုးမသည် ငယ်ရွယ်ပျိုမျစ် သည့်အသားအရည်ကို ထိန်းသိမ်းထားနိုင်ဖို့ရာအတွက် နေ့စဉ်နေ့တိုင်း မိန်းမငယ်တစ်ယောက်၏သွေးလတ်လတ်ဆတ်ဆတ်တို့ဖြင့် သူမကိုယ်သူမ သွန်းလောင်းရေချိုးသည်ဟု ။ ပြီးတော့လည်း၊ ရုပ်ရည်ချောမောသည့် ယောကျာ်းတို့အား နှိပ်စက်ညှင်းပန်းပြီး သတ်ပစ် ရသည်ကို အမှန်တကယ်ပင် ချစ်မြတ်နိုးသည်ဟု ကောလဟလတို့ လည်း ရှိခဲ့ပါ၏ - ကလန်အသီးသီးမှ ခေါင်းဆောင်တော်တော်များများမှာ သူမလက်နှစ်ဖက်နှင့် နှိပ်စက်အညှင်းပန်းခံထားခဲ့ကြသည်ချည်းဟု ။

                  💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Goddess : 
ဝန်ဇင်းမှာ စာအုပ်လိုက် တစ်ခါတည်းအပြတ်ဖတ်လိုသူဒါဒါလေးများ အတွက်လည်း စာစဉ် ( ၁၆ )အထိ တင်ပေးပြီးထားလို့ သွားရောက် ဝယ်ယူအားပေးလို့ရပါပြီလို့ သတင်းကောင်းလေးပါးလိုက်ပါရစေ😘
Paid group ဝင်လိုသူဒါဒါလေးများအတွက်လည်း စာစဉ် ( ၁၈ ) အထိ gp ဝင်လို့ရပါပြီနော် 💖💖💖💖💖💖💖

Continue Reading

You'll Also Like

40K 3.7K 109
စစ်နျန်နျန်ဆိုတဲ့ ကောင်မလေးက သူ့ရည်းစားဖောက်ပြန်တာကို ခံရပြီးနောက် သန်မာလာပြီး သူ့ရည်းစားဟောင်း ချန်ရှန့်ဟောင်ကို လက်စားပြန်ချေမှာလား??,ဒါမဟုတ် အရာရာ...
111K 9K 22
Villain Girl( Arc-1) ရဲ့အဆက် Arc-2 ပါနော်။ အားပေးကြပါဦး။ Own creation Unicode only
106K 13.7K 54
႐ိုး႐ိုးေလးနဲ႔ေအးခ်မ္းစြာေနတတ္ေသာ အိုးရန္ေျမာင္ေျမာင္တစ္ေယာက္ အသစ္ေျပာင္းလာေသာ ေက်ာင္းသားသစ္ေလးတစ္ေယာက္ေၾကာင့္ ဘယ္လိုအဆီအေငၚမတည့္ျဖစ္ၿပီး ျပသနာေတြ ျ...
1.2M 41.1K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd