💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 16
Chapter. : 5 + 6
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဥ္ ၁၆၊ အခန္း ၅။ စီရီဟန္ လဲၿပီ
အတူတူ စုရုံုးထုိင္ေနၾကသည့္ ကို္ယ္ရံေတာ္တစ္ခ်ိဳ့ ၊ တီးတိုးစကား ဆိုလာၾကေတာ့ၿပီ။ “*အေမေရ*…. သခင္မေလး ၀မ္၀မ္က
အ၇င္တုန္းက စုန့္က်င္းရဲ့နိမိတ္ကို ဖတ္ေပးထားခဲ့တာကို က်ြန္ေတ္ာ အမွတ္ရသြားၿပီ။ သူ့မွာ အခ်စ္ကံၾကမၼာဆိုးနဲ့ ၾကံဳရဖုိ့ ရွိတယ္လုိ့
သူမ ဖတ္ထားခဲ့တယ္မလား။ အဲဒါက ဒီဟာမ်ား ၿဖစ္ေနမလား၊ ဟင္”
“ေသာက္က်ိဳးနဲ။ ဟုတ္တယ္နဲ့တူတယ္။ သူမ အဲဒါကို ေၿပာတဲ့အခ်ိန္ တုန္းက အမူအရာက တကယ္ၾကီးကို ထူးဆန္းေနတယ္။ ၿပီးေတာ့ အရမး္ၾကီးကို အႏၱရာယ္ရွိၿပီးေတာ့ စုန့္က်င္းအေပၚကို အၾကီးၾကီးပဲ နာက်င္ရလိမ့္မယ္လုိ့ေတာင္ ေၿပာထားခဲ့ေသးတယ္”
*အဟမ္း အဟမ္း…* “တကယ္ကိုပဲ ဒါက အ၇မး္ၾကီးကို အႏၱရာယ္မ်ား တဲ့ကိစၥ….တကယ္ကိုပဲ အမ်ားၾကီး နာက်င္ေစမွာကြ….သူမ ေၿပာသြား တာ လံုး၀ကို မမွားဘူး…”
“သူမ ထပ္မွန္သြားၿပန္ၿပီလား။ ဒါ နည္းနညး္ေတာ့
ေၾကာက္စရာမေကာငး္လြန္းေနဘူးလား”
“ဒါက တကယ္….မယံုနုိင္စရာၾကီး။ စုန့္က်င္းသာ သခင္မေလး ရီ ရဲ့ အၾကံေပးတာကို နားေထာင္ခဲ့မယ္ဆုိရင္ ဒီကံၾကမၼာကို သူ ေရွာင္လြဲ သြားနုိင္ေလာက္ၿပီ၊ ဟုတ္တယ္မလား”
…………
“က်ြန္မကို သၾကားသီးပန္းပြင့္ပံုဂ်ယ္လီ တစ္ပန္းကန္၊ ပန္းပြင့္ရယ္၊ ဇီးသီး နဲ့ နွင္းသစ္ေတာ္သီး ခ်ေပးပါ။ ၿပီးေတာ့ ပန္းပြင့္ပံုေလးေတြ လြွားထားတဲ့ ၾကက္ကင္ရယ္….”
ရီ၀မ္၀မ္၊ စားစရာအမယ္တစ္ခု ဖတ္ၿပလုိက္ေလတုိင္း၊ စုန့္က်င္းရဲ့မ်က္နွာ မွာ ဖတ္ရေလာက္ေအာင္ကုိ မညး္ပုတ္သြားရေတာ့ေခ်သည္တည္း။ သူ့ရဲ့ရင္ထဲတြင္ကား ေ၀ခြဲမရမႈတုိ့ုသည္ တုိုးၿမင့္လာေနေခ်လ်က္ ။
ဒီမိန္းမ...တကယ္ၾကီး နိမိတ္ဖတ္တတ္တာမ်ား ၿဖစ္နုိင္မလား။
မဟုတ္ရင္၊ ဒီေလာက္ၾကီးထိ တုိက္ဆုိင္မေနနုိင္ေလာက္ဘူးမလား။
“စကားမ်ားေနတာ ရပ္ၿပီး ၿမန္ၿမန္္ေလး အဆင္သင့္သြားၿပင္ၾကေတာ့ - ငါတု့ိေတြ ခနေနရင္ ထြက္ၾကမယ္။ ဒီေန့က ေနာက္ဆံုးေန့ပဲ။ ဒီေတာ့ အားလံုးပဲ ပုိၿပီးေတာ့သတိရွိရွိေနၾကစမ္း”
ဒီအခ်ိန္၊ လ်ိဳယင္၊ ရီ၀မ္၀မ္၏လားရာဘက္ဆီၾကည့္ကာ၊ လမး္ေလွ်ာက္လာေနေလသည္ ။
စုန့္က်င္းတြင္ ဘာေတြၿဖစ္ပ်က္သြားခဲ့သည္နွင့္ နည္းနညး္ေၾကာက္စရာ ေကာင္းလြန္းခဲ့ေၾကာင္းကို သူသည္လညး္ ၾကားခဲ့မိသည္တည္း။ သို့ေသာ္လညး္၊ ထုိမိန္းမသည္က ဘယ္လုိလုပ္ၿပီးေတာ့
ဒီလုိအရာမ်ိဳးကို ခန့္မွန္းနုိင္ပါလိမ့္မည္နည္း။
ေခါငး္ေဆာင္ ေရာက္လာသည္အား ၿမင္လုိက္ၾကသည္နွင့္၊ လူတုိင္း ငွက္ေတြအလားနွယ္ အသီးသီးအုပ္စုခြဲလုိက္ၾကေတာ့ေခ်သည္။
သူတုိ့တေတြသည္ မၾကာခင္ ခရီးထြက္လိမ့္မည္ကုိ သိနားလည္သြား ရေတာ့သည့္ ရီ၀မ္၀မ္။ သူမတြငကား ေရြးခ်ယ္စရာ မရွိေခ်ေတာ့။ ထပ္တူညီေသာ နညး္ဗ်ဴဟာကုိ ခင္းက်ငး္ဖုိ့ရာသာ ဆံုးၿဖတ္လုိက္ရ ေတာ့ေလသည္ -- အဖြဲ့အား ၾကန့္ၾကာေစဖုိ့ရာ သူမေလး
ကုိယ့္ကိုယ္ကုိ ဒဏ္ရာရေအာင္ပဲ ဆက္လုပ္ေခ်မည္လား၊ သို့ုတည္းမဟုတ္ သူမေလး၏အလွေထာင္ေခ်ာက္ကိုပဲ အသံုးခ်ေခ်မည္ဦးလား ဆုိသည္ကား။
သူမေလး ၊ ရွိသမွ် စိတ္ခြန္အားတို့ကုိ သံုးကာ အၾကံဥာဏ္တစ္ခု စဥ္းစားလုိ့ေနရငး္၊ အခ်ိန္တစ္ခ်ိဳ့ၾကာမွ နားလည္သြားမိသည္ကား၊ ရြွီရီသည္ သူမအား ထြက္ခြာေတာ့မည့္အေၾကာင္း လာေရာက္အေၾကာငး္ၾကားၿခငး္ မရွိေသးဘူးဆုိသည္။
“ဘာေတြၿဖစ္ေနတာလဲ”
သံသယတစ္ခ်က္၊ ရီ၀မ္၀မ္၏မ်က္နွာထက္ ေပၚထြက္လာသည္။
စီရီဟန္ရဲ့အခ်ိန္တိက်တာမ်ိဳးနဲ့ဆို ဒီလုိၿဖစ္စရာ ဘာအေၾကာင္းမွ မရွိဘူး….
သူမ၏အတိတ္ဘ၀မွာ ဆိုးဆိုး၀ါး၀ါးတစ္ခုခု ၿဖစ္ပ်က္လာလိမ့္မည္ ဆုိသည္ကုိသာလ်ွင္ သူမ သိေနခဲ့ၿခင္း ၿဖစ္၏။ သို့ေသာ္၊ ဘယ္အခ်ိန္ တြင္ ၿဖစ္ပ်က္လိမ့္မည္နညး္ဆုိသည္ကိုကား အတိအက် သိေနၿခင္း မရွိခဲ့ပါေခ်။ သူမတြင္ တၿခားေသာအေသးအမြွားကိစၥေလးတုိ့၏ အေသးစိတ္အထိ သိထားၿခင္း မရွိေနသည္တည္း ၿဖစ္ရကား၊ ထုိ့ေၾကာင့္၊ ဒီခရီးဖင့္ၿခင္းေၾကာင့္ ဘာေတြၿဖစ္ခဲ့ၿပီလဲဆုိသည္ကို မသိေနေခ်ၿပီ ။
အခ်ိန္တခ်ိဳ့ ၾကာၿပီးသည့္ေနာက္၊ ဘာမွထူးၿခားမလာဆဲ။
စီရီဟန္သည္ သူမ၏ဖုန္းေကာလ္တုိ့အား မကိုင္ဆဲ။
တစ္ခုခုေတာ့ မူမမွန္ၿဖစ္ေနသည္ကုိ ရီ၀မ္၀မ္ ၊
တၿဖည္းၿဖည္းခ်င္း အာရံုခံမိလာေတာ့သည္။
ငါ ခန့္မွန္းထားတာနဲ့ ကြဲထြက္ေနတာမ်ား ၿဖစ္နုိင္မလား -- သူတုိ့ေတြ လမ္းမွာ အတုိက္ခုိက္ခံရၾကမဟုတ္ဘူးလား ။ ဟုိတယ္မွာ အတုိက္ခုိက္ ခံခဲ့ရတာမ်ားလား။
ထုိအေတြးတုိ့ႏွင့္၊ ရီ၀မ္္၀မ္၊ ခ်က္ခ်ငး္ပင္ ထမတ္တပ္ရပ္လုိက္ေတာ့ၿပီး၊ အေပၚထပ္သို့ ဒုန္းစုိင္းေၿပးတက္သြားေတာ့သည္ ။
မေန့ညက အစည္းအေ၀းက်င္းပခဲ့သည့္ အခန္းထဲတြင္ကား
မည္သူမွ် ရွိမေန။ ရြွီရီသည္လညး္ပဲ ရွိမေနပါေခ်။
ထုိ့ေၾကာင့္၊ သူမ၊ သူမနွင့္စီရီဟန္တုိ့ရဲ႕အခန္းအား ေၿပးသြားေတာ့ေခ်ၿပီ။ သူမ အထဲလွမ္း၀င္လုိက္သည္နွင့္၊ ၿမင္လုိက္ရသည္ကား၊ တံခါးနားတြင္ စုရံုးေနပါသည့္ လူတစ္အုပ္။ သူတုိ့တစ္ေယာက္ခ်င္းစီတြင္ မႈန္သုန္သည့္ အမူအရာတစ္ခု ရွိလိ့ုေနၾကလ်က္။
“ဘာၿဖစ္လို့လဲ”
ဤအားလံုးေသာလူတုိ့၏အမူအရာတုိ့အား ၿမင္လုိက္ရသည့္အခါ၊ ရီ၀မ္၀မ္၏နွလံုးသားေလး စတင္အသက္ရွဴရၾကပ္လာေတာ့ေခ်သည္။
အၾကီးအကဲထဲကတစ္ဦး ေၿပာလာသည္။
“အခုနကတင္ က်ြန္ေတာ္တုိ့ေတြ စီးပြားေရးကိစၥ ေဆြးေႏြးေနၾကတုန္း…သူေဌး ရုတ္တရက္ၾကီး ေနမေကာငး္ၿဖစ္ၿပီးေတာ့….မူးလဲက်သြားတာ ပဲ….”
“ရွင္ ဘာေၿပာလုိက္တယ္”
ရီ၀မ္၀မ္၏မ်က္နွာ၊ ၿဖဴေရာ္လုိ့သြားေခ်ၿပီ။
တစ္ခ်ိန္တည္းမွာပင္၊ အိပ္ခန္းၾကီးထဲတြင္။
ဒီခရီးစဥ္အား လုိက္ပါလာပါသည့္ က်င္းဥယ်ာဥ္မွ ဆရာ၀န္တစ္ေယာက္ သည္ မႈန္ကုတ္သည့္အမူအရာၿဖင့္ စီရီဟန္၏ခႏၶာကုိယ္အား စစ္ေဆး ၾကည့္ရႈၿခင္း ၿပဳလို့ေန၏။
“အေၿခအေနက သိပ္မေကာငး္ဘူး။ သခင္ေလး ၉ ရဲ့ အဖ်ားက အရမး္ကုိ ရုတ္တရက္ၾကီးၿဖစ္ၿပီးေတာ့ အေရးေပၚအေၿခအေနမွာ ရွိေနတယ္ခင္ဗ်”
“သူက တစ္ေလ်ွာက္လံုး ေကာင္းေနခဲ့တာပါ။
ဘယ္လုိလုပ္ၿပီးေတာ့ ရုတ္တရက္ၾကီး ထၿဖစ္လာရတာလဲ”
ရြွီရီ၊ အလြန္အမင္းပင္ စိုးရိမ္လုိ့ေနၿခင္းတည္း။
“အာ၊ ဘယ္လုိလုပ္ၿပီးေတာ့ တစ္ေလ်ွာက္လံုး ေကာင္းေနရမွာလဲ။ သခင္ေလး ၉ မွာက အၿပင္ဘက္ကေန ၾကည့္ရံုနဲ့ မၿမင္ရတဲ့ က်န္းမာေရးၿပသနာရွိေနတာ။ ငါ မင္းကို အၾကိမ္ေပါင္း မေရတြက္နုိင္ ေအာင္ သတိေပးထားခဲ့သားပဲ ။ ဒါေပမယ့္၊ သခင္ေလး ၉ နဲ့ မငး္တုိ့ ေတြက အၾကံေပးတာကို ေလးေလးနက္နက္မွ သေဘာမထားၾကပဲ”
“သခင္ေလး ၉ က သာမန္လူတစ္ေယာက္လုိ ၿပဳမူေနခဲ့ၿပီးေတာ့ ဘယ္ေတာ့မွ အၿပင္ကို ထုတ္ၿပခဲ့တာမဟုတ္ဘူး။ ဒါေပမယ့္၊ ဒီတစ္ၾကိမ္ကေတာ့၊ သူ့ရဲ့ခႏၶာကို္ယ္က လစ္မစ္ကုိ ေရာက္သြားခဲ့ၿပီ။ ဒါက ရလဒ္ပဲ”
💖💖💖💖💖💖💖💖💖
စာစဥ္ ၁၆၊ အခန္း ၆။ ေဆးတုိုက္ၿခင္း
“ဒါဆုိ….ဒါဆို က်ြန္ေတာ္တုိ့ အခု ဘာလုပ္ၾကမလဲ။
သူက အေရးၾကီးတဲ့အေၿခအေနထဲ ေရာက္ေနတာလား”
လ်ိဳယင္ ထိတ္လန့္တုန္လႈပ္လုိ့ေနေခ်သည္ ။
“က်ြန္ေတာ္တုိ့ အရင္ဆံုး ေဆးနဲနဲနဲ့ပဲ သူ့အေၿခအေနကို တည္ၿငိမ္ ေအာင္ လုပ္ၾကတာေပါ့။ ဒါေပမယ့္၊ ဒါက ယာယီအတြက္ပဲ ရမယ္။ တစ္ကိုယ္လံုး စစ္ေဆးၾကည့္ဖုိ့အတြက္ ေဆးရံုပုိ့မွ ၿဖစ္မယ္” ဆရာ၀န္သည္ ေဆးထိုးေပးၿပီးသည့္ေနာက္၊ လ်င္လ်င္ၿမန္ၿမန္ပင္ ေဆးေသတၱာရွိရာဆီ သြားၿပီး ေဆးၿပားတစ္ခ်ိဳ့အား ထုတ္ယူလိုက္ကာ စီရီဟန္အား တုိက္ဖို့ရာ ၿပင္လုိက္ေတာ့သည္တည့္။
ပုိၿပီးတုန္လႈပ္္ေခ်ာက္ခ်ားမိေလေလ၊ ပိုၿပီးေတာ့ ရႈပ္ေထြးေလေလ ဆုိသလိုပင္ -- ဘယ္လုိပင္ လုပ္ေဆာင္ပါေစ၊ စီရီဟန္အား ေဆးၿမိဳခ် ေအာင္ လုပ္လုိ့မရ ၿဖစ္လို့ေနေခ်သည္။
အခန္းထဲက လူတို္င္းသည္ ထိတ္လန့္ေခ်ာက္ခ်ားလို့ ေနၾက၏….
ဒီအခုိက္၊ ဒုန္းခနဲ အသံတစ္ခု ၊ ဒီေနာက္၊
တံခါးသည္ ရုိက္ဖြင့္ခံလုိက္ရေတာ့ၿပီ ။
လူတစ္ေယာက္ အေလာတၾကီးၿဖင့္ ၀င္ေရာက္လာေခ်၏။
ရီ၀မ္၀မ္ အခန္းထဲသုိ့ ၀င္လုိက္သည္နွင့္၊ သူမ ၿမင္ေတြ့လုိက္ရ သည္ကား၊ အိပ္ရာေပၚတြင္ လဲေလ်ာင္းလုိ့ေနသည့္ ၿဖဴေရာ္ေနသည့္ စီရီဟန္ပါတည္း။ ရြွီရီ၊ လ်ိဳယင္နွင့္ အၾကီးအကဲအနညး္ငယ္တုိ့သည္ ထိုေနရာတြင္ ရွိေနေလၿပီး သူတို့အနားတြင္ ဆရာ၀န္တခ်ိဳ့သည္လညး္ ရွိလို့ေနၾကေလသည္။
ထုိဆရာ၀န္ေတြအားလံုးသည္ကား စီရီဟန္အား ေဆးတုိက္နုိင္ဖို့ရာ ၾကိဳးစားေနၾက၏။ သိ့ုေသာ္၊ သူူတုို့ လံုး၀အတိပင္ ေဆးတိုက္လုိ့မရ ၿဖစ္ေနလ်က္။ ထိုၾကိဳးစားမႈတုိ့ေၾကာင့္ စီရီဟန္၏ရွပ္အက်ၤီသည္ပင္ စုိရြဲလာရေတာ့ေခ်သည္။
ဆရာ၀န္သည္ ခုတင္စြန္းတြင္ ရွိေနၿပီး၊ သူ ေၿပာလာသည္။
“က်ြန္ေတာ္တုိ့ အခု ဘာလုပ္ၾကမလဲ….”
စုိးရိမ္ပူပန္တၿကီးၿဖင့္ ကုတင္ေဘးအစြန္းတြင္ ရွိလို့ေနပါသည့္ လ်ိဳယင္၊ တံခါး ဒုန္းခနဲ ရုိ္က္ပြင့္လာသည့္အသံကို ၾကားလိုက္ရသည္နွင့္။
သူ ခ်က္ခ်င္းပင္ ေဒါသတၾကီး ေအာ္ဟစ္လာေတာ့ေခ်သည္ ။
“ဘယ္သူလဲကြ။ ငါလခြမ္း၊ အထဲ၀င္လာၿပီး ၿပသနာမရွာစမ္းနဲ့”
အိပ္ရာေပၚတြင္ လဲေလ်ာင္းေနသည့္ သတိေမ့ေမ်ာေနေသာ ထုိုလူသား အား စုိက္ၾကည့္ေနမိသည့္ ရီ၀မ္၀မ္။ သူမေလး၏မ်က္နွာထက္ နာက်င္မႈ တုိ့ ဖိတ္ေနေခ်ၿပီး သူမေလး အိပ္ရာဆီ ေလ်ွာက္လုိ့လာေခ်ၿပီ။
ရီ၀မ္၀မ္ ၿဖစ္သည္မွန္း သတိၿပဳမိသြားသည့္အခ်ိန္၊
လ်ိဳယင္၏မ်က္နွာမွာ မႈန္မိႈ္င္းလာရေတာ့ေခ်သည္တည္း။ ၿပီး၊
သူ ေအးစက္စက္အၾကည့္တစ္ခ်က္ၿဖင့္ ေၿပာဆိုလာေခ်သည္ကား။
“ထြက္သြားစမ္း။ ၀င္မလာနဲ့။ မဟုတ္ရင္၊ ငါ…..”
ရီ၀မ္၀မ္၊ သူနွင့္ ၿငင္းၿပိဳင္ေၿပာဆုိေနၿခင္း မၿပဳေတာ့။ သူမ၏အၾကည့္တုိ့သည္ သူမလမ္းအား ပိတ္ဆီးထားသည့္ လ်ိဳယင္အား စဥ္းေကာပစ္ေတာ့မည့္ ဓားထက္ထက္တစ္ေခ်ာင္း အလားနွယ္ ၾကည့္လုိက္ေတာ့ၿပီး ။
“လမ္းဖယ္စမ္း”
ေၿပာၿပီးသည့္ေနာက္၊ လ်ိဳယင္အား ေက်ာ္ၿဖတ္သြားလုိက္ေတာ့ၿပီး ကုတင္နားက ဆရာ၀န္အား တြန္းထုတ္ပစ္လုိက္ေတာ့ကာ၊ သူ့လက္ထဲက ေ၇ခြက္နွင့္ ေဆးၿပားတုိ့အား လ်င္လ်င္ၿမန္ၿမန္ၿဖင့္ ယူပစ္လုိက္ေတာ့ေခ်၏။ ေဆးၿပားတု့ိအား သူမေလး၏အာခံတြင္း
ထဲသို့ ထည့္လုိက္ေတာ့ေခ်ၿပီး ေရတစ္ငံုေကာက္ငံုလိုက္ကာ၊ ေနာက္၊ လူတိုင္း၏မ်က္လံုးေတြေရွ့တည့္တည့္မွာပင္၊ သူမေလး စီရီဟန္၏ နႈတ္ခမ္းတုိ့အား သူမ၏နႈတ္ခမ္းတုိ့နွင့္ အုပ္မုိးခ်လိုက္ေတာ့သည္….
စီရီဟန္၏လည္တုိင္ နွစ္ၾကိမ္ လႈပ္လႈပ္ခတ္ခတ္ ၿဖစ္လာရေတာ့ၿပီ။ သူမေလး၏နူးညံ့သည့္လ်ွာသည္ ေဆးၿပားမ်ားအား သူ့အာခံတြင္းဆီ ေရာက္ေအာင္ ဖိခ်ေပးေနၿပီး အထဲသို့ ေခ်ာေခ်ာေမြ့ေမြ့ ပို့ေဆာင္ေပး လုိ့ေနေခ်၏….
သံုးစကၠန့္မ်ွသာလ်ွင္ ၾကာခဲ့သည္။
လူတုိင္း။ “…”
ရြွီရီ၊ အၾကီးအကဲမ်ားနွင့္ ဆရာ၀န္ေတြအားလံုး၊ ေနရာမွာတြင္ ရပ္ေနရင္း ကပင္ ဆြံ့အသြားမိၾကေတာ့ေခ်သည္။ လ်ိဳယင္ရဲ့မ်က္နွာထက္က ေဒါသတို့သည္ပင္ ေတာင့္တင္းသြားရေတာ့သည္တည့္။
ဘာၿဖစ္ေနသည္လဲဆုိသည္ကို လူတုိ္င္း အသိမ၀င္သြားမိၾကေသးခင္မွာ ပင္၊ ရီ၀မ္၀မ္၊ ဗီရိုထဲက သန့္ရွင္းသည့္အက်ီၤအား ယူလုိက္ကာ၊ စီရီဟန္၏အေပၚအက်ီၤအား ၿမန္ၿမန္ဆန္ဆန္ ၾကယ္သီးၿဖဳတ္လုိက္ၿပီး၊ သူ၏စိုစြတ္ေနသည့္ အက်ီၤအား လဲေပးၿပီးနွင့္ေခ်ေလၿပီ။
ဒီဒုကၡမ်ားေနရပါသည့္ အလုပ္တုိ့အား ရီ၀မ္၀မ္သည္ အလ်င္အၿမန္ပင္ လုပ္ေဆာင္သြားခဲ့ၿပီးၿပီ ၿဖစ္ေၾကာင္း ၿမင္လုိက္ၾကသည့္အခုိက္၊
လူတုိင္း သက္ၿပင္းခ်မိသြားၾကေတာ့ေခ်ၿပီ။
“ေက်းဇူးအမ်ားၾကီးတင္ပါတယ္၊ သခင္မေလး ၀မ္၀မ္”
ရြွီရီ၊ ေက်းဇူးတင္စြာၿဖင့္ ေၿပာဆုိလာ၏။
ဆရာ၀န္တုိ့သည္လည္း သူမအား ေက်းဇူးတင္စကား ဆုိလာသည္။
“အားလံုးက သခင္မေလး ၀မ္၀မ္ရဲ့ ေက်းဇူးေၾကာင့္ပါခင္ဗ်ာ”
လ်ိဳယင္သည္ကား တိတ္ဆိတ္လုိ့ေန၏။
သူ၏အမူအရာမွာကား အနည္းငယ္ စိတ္မၾကည္မသာၿဖစ္လို့ေနဆဲ၊ သို့ေသာ္၊ အနည္းငယ္ေတာ့ ေႏြးေထြးလာေခ်၏။
“စီရီဟန္ အေၿခအေန ဘယ္လုိလဲ”
ရီ၀မ္၀မ္၊ ေမးလိုက္၏။
သူမရဲ့အတိတ္ဘ၀တုန္းက စီရီဟန္နွင့္တၿခားသူတုိ့ အဘယ္ေၾကာင့္ ဒီေလာက္အမ်ားၾကီး ဆံုးရႈံးမႈကို ခံစားခ့ဲ၇သည္လဲ ဆုိသည္ကို ေနာက္ဆံုးတြင္ေတာ့ ရီ၀မ္၀မ္ သိရွိသြားေတာ့ေလျပီ-- အေၾကာင္းကား၊ တစ္ဖက္တြင္ ထုိလူေတြသည္ ရက္စက္ၾကမ္းၾကဳတ္ ၾကၿခင္းေၾကာင့္ ။ တၿခားတစ္ဖက္တြင္ကား၊ အေရးအၾကီးဆံုးအေၾကာင္းရင္းေတြထဲက တစ္ခ်က္သည္ စီရီဟန္ ရုတ္တရက္ ၿပင္းၿပင္းထန္ထန္ၾကီး ေနမေကာင္း ရုတ္တရက္ ၿဖစ္သြားခဲ့ၿခင္းေၾကာင့္တည္း….
သူမသည္ စီရီဟန္၏က်န္းမာေရးနွင့္ ပတ္သက္ၿပီး အၿပင္းအထန္စိုးရိမ္ ေနခဲ့သည္ပင္။ သို့ေသာ္၊ အဆံုးသတ္တြင္ေတာ့ သူမ စိုးရိမ္ေနခဲ့ရဆံုး ကိစၥရပ္သည္ အမွန္တကယ္ၾကီး ၿဖစ္လာခဲ့ေခ်ၿပီ။
ဒီလုိဖိအားမ်ားသည့္ အလုပ္ပင္ပန္းဒဏ္ ၊ ခရီးရွည္ၾကီးတို႔ကို ၿဖတ္လာ ခဲ့ရၿခင္းတုိ့ေၾကာင့္၊ စီရီဟန္၏ကိုယ္တြင္းထဲတြင္ ပုန္းလ်ိဳးေနသည့္ နာမက်န္းမႈသည္ အသံေပးၿခင္းဘာၿခင္း မရွိဘဲ ရုတ္တရက္ ေပၚထြက္လာၿခင္းပါတည္း။
အရင္က၊ စီရီဟန္၏က်န္းမာေရးသည္ အေရးေပၚအေၿခအေနတြင္ ရွိမေနေသးပါေခ် -- သူသည္ အားနည္းမႈတစ္စံုတစ္ရာေလးမ်ွပင္ အၿပင္ဘက္တြင္ ထုတ္ၿပလာၿခင္း မရွိသည္တည္း ။
ဆရာ၀န္မ်ားစြာတုိ့ုသည္ သူ ဒီတိုင္း ဆက္သြားေနပါက သူ့ခႏၶာကိုယ္
က လုိက္နုိင္ေတာ့မည္မဟုတ္ဘူးဟု အတြင္တြင္ သတိေပးေနၾကပါ ေသာ္လည္း၊ စီရီဟန္အေပၚ လူတိုင္း၏အၿမင္တုိ့မွာ သူသည္ ဘယ္အရာကမွ ထိခုိက္နုိင္စြမး္မရိွသည့္ နတ္ဘုရားတစ္ပါးနွယ္ ၿပီးၿပည့္စံုလြန္းလွသည္ျဖစ္ေလရာ ။
ဆရာ၀န္တုိ့၏သတိေပးၿခင္းတုိ့သည္ သူတုိ့ကို သက္သက္ေၾကာက္ ေအာင္ ျဖဲေၿခာက္သည့္စကားတုိ့တည္း မဟုတ္ေခ်ဘဲ၊ သူတုိ့၏သူေဌး၊ သူတု့ိ၏သခင္ေလးသည္ အမွန္တကယ္ပင္ သူ့ရဲ့လစ္မစ္ကို ေရာက္သြားခဲ့ရၿပီၿဖစ္ေၾကာင္း အခုေတာ့မွသာလ်ွင္ လူတုိင္း နားလည္သေဘာေပါက္သြားၾကေတာ့ေလသည္…..
💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖
..........
Unicode
💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 16
Chapter. : 5 + 6
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၆၊ အခန်း ၅။ စီရီဟန် လဲပြီ
အတူတူ စုရုံးထိုင်နေကြသည့် ကိုယ်ရံတော်တစ်ချို့ ၊ တီးတိုးစကား ဆိုလာကြတော့ပြီ။ “*အမေရေ*…. သခင်မလေး ဝမ်ဝမ်က
အရင်တုန်းက စုန့်ကျင်းရဲ့နိမိတ်ကို ဖတ်ပေးထားခဲ့တာကို ကျွန်တေ်ာ အမှတ်ရသွားပြီ။ သူ့မှာ အချစ်ကံကြမ္မာဆိုးနဲ့ ကြုံရဖို့ ရှိတယ်လို့
သူမ ဖတ်ထားခဲ့တယ်မလား။ အဲဒါက ဒီဟာများ ဖြစ်နေမလား၊ ဟင်”
“သောက်ကျိုးနဲ။ ဟုတ်တယ်နဲ့တူတယ်။ သူမ အဲဒါကို ပြောတဲ့အချိန် တုန်းက အမူအရာက တကယ်ကြီးကို ထူးဆန်းနေတယ်။ ပြီးတော့ အရမ်းကြီးကို အန္တရာယ်ရှိပြီးတော့ စုန့်ကျင်းအပေါ်ကို အကြီးကြီးပဲ နာကျင်ရလိမ့်မယ်လို့တောင် ပြောထားခဲ့သေးတယ်”
*အဟမ်း အဟမ်း…* “တကယ်ကိုပဲ ဒါက အရမ်းကြီးကို အန္တရာယ်များ တဲ့ကိစ္စ….တကယ်ကိုပဲ အများကြီး နာကျင်စေမှာကွ….သူမ ပြောသွား တာ လုံးဝကို မမှားဘူး…”
“သူမ ထပ်မှန်သွားပြန်ပြီလား။ ဒါ နည်းနည်းတော့
ကြောက်စရာမကောင်းလွန်းနေဘူးလား”
“ဒါက တကယ်….မယုံနိုင်စရာကြီး။ စုန့်ကျင်းသာ သခင်မလေး ရီ ရဲ့ အကြံပေးတာကို နားထောင်ခဲ့မယ်ဆိုရင် ဒီကံကြမ္မာကို သူ ရှောင်လွဲ သွားနိုင်လောက်ပြီ၊ ဟုတ်တယ်မလား”
…………
“ကျွန်မကို သကြားသီးပန်းပွင့်ပုံဂျယ်လီ တစ်ပန်းကန်၊ ပန်းပွင့်ရယ်၊ ဇီးသီး နဲ့ နှင်းသစ်တော်သီး ချပေးပါ။ ပြီးတော့ ပန်းပွင့်ပုံလေးတွေ လွှားထားတဲ့ ကြက်ကင်ရယ်….”
ရီဝမ်ဝမ်၊ စားစရာအမယ်တစ်ခု ဖတ်ပြလိုက်လေတိုင်း၊ စုန့်ကျင်းရဲ့မျက်နှာ မှာ ဖတ်ရလောက်အောင်ကို မည်းပုတ်သွားရတော့ချေသည်တည်း။ သူ့ရဲ့ရင်ထဲတွင်ကား ဝေခွဲမရမှုတို့ုသည် တိုးမြင့်လာနေချေလျက် ။
ဒီမိန်းမ...တကယ်ကြီး နိမိတ်ဖတ်တတ်တာများ ဖြစ်နိုင်မလား။
မဟုတ်ရင်၊ ဒီလောက်ကြီးထိ တိုက်ဆိုင်မနေနိုင်လောက်ဘူးမလား။
“စကားများနေတာ ရပ်ပြီး မြန်မြန်လေး အဆင်သင့်သွားပြင်ကြတော့ - ငါတု့ိတွေ ခနနေရင် ထွက်ကြမယ်။ ဒီနေ့က နောက်ဆုံးနေ့ပဲ။ ဒီတော့ အားလုံးပဲ ပိုပြီးတော့သတိရှိရှိနေကြစမ်း”
ဒီအချိန်၊ လျိုယင်၊ ရီဝမ်ဝမ်၏လားရာဘက်ဆီကြည့်ကာ၊ လမ်းလျှောက်လာနေလေသည် ။
စုန့်ကျင်းတွင် ဘာတွေဖြစ်ပျက်သွားခဲ့သည်နှင့် နည်းနည်းကြောက်စရာ ကောင်းလွန်းခဲ့ကြောင်းကို သူသည်လည်း ကြားခဲ့မိသည်တည်း။ သို့သော်လည်း၊ ထိုမိန်းမသည်က ဘယ်လိုလုပ်ပြီးတော့
ဒီလိုအရာမျိုးကို ခန့်မှန်းနိုင်ပါလိမ့်မည်နည်း။
ခေါင်းဆောင် ရောက်လာသည်အား မြင်လိုက်ကြသည်နှင့်၊ လူတိုင်း ငှက်တွေအလားနှယ် အသီးသီးအုပ်စုခွဲလိုက်ကြတော့ချေသည်။
သူတို့တတွေသည် မကြာခင် ခရီးထွက်လိမ့်မည်ကို သိနားလည်သွား ရတော့သည့် ရီဝမ်ဝမ်။ သူမတွငကား ရွေးချယ်စရာ မရှိချေတော့။ ထပ်တူညီသော နည်းဗျူဟာကို ခင်းကျင်းဖို့ရာသာ ဆုံးဖြတ်လိုက်ရ တော့လေသည် -- အဖွဲ့အား ကြန့်ကြာစေဖို့ရာ သူမလေး
ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင်ပဲ ဆက်လုပ်ချေမည်လား၊ သို့တည်းမဟုတ် သူမလေး၏အလှထောင်ချောက်ကိုပဲ အသုံးချချေမည်ဦးလား ဆိုသည်ကား။
သူမလေး ၊ ရှိသမျှ စိတ်ခွန်အားတို့ကို သုံးကာ အကြံဉာဏ်တစ်ခု စဉ်းစားလို့နေရင်း၊ အချိန်တစ်ချို့ကြာမှ နားလည်သွားမိသည်ကား၊ ရွှီရီသည် သူမအား ထွက်ခွာတော့မည့်အကြောင်း လာရောက်အကြောင်းကြားခြင်း မရှိသေးဘူးဆိုသည်။
“ဘာတွေဖြစ်နေတာလဲ”
သံသယတစ်ချက်၊ ရီဝမ်ဝမ်၏မျက်နှာထက် ပေါ်ထွက်လာသည်။
စီရီဟန်ရဲ့အချိန်တိကျတာမျိုးနဲ့ဆို ဒီလိုဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး….
သူမ၏အတိတ်ဘဝမှာ ဆိုးဆိုးဝါးဝါးတစ်ခုခု ဖြစ်ပျက်လာလိမ့်မည် ဆိုသည်ကိုသာလျှင် သူမ သိနေခဲ့ခြင်း ဖြစ်၏။ သို့သော်၊ ဘယ်အချိန် တွင် ဖြစ်ပျက်လိမ့်မည်နည်းဆိုသည်ကိုကား အတိအကျ သိနေခြင်း မရှိခဲ့ပါချေ။ သူမတွင် တခြားသောအသေးအမွှားကိစ္စလေးတို့၏ အသေးစိတ်အထိ သိထားခြင်း မရှိနေသည်တည်း ဖြစ်ရကား၊ ထို့ကြောင့်၊ ဒီခရီးဖင့်ခြင်းကြောင့် ဘာတွေဖြစ်ခဲ့ပြီလဲဆိုသည်ကို မသိနေချေပြီ ။
အချိန်တချို့ ကြာပြီးသည့်နောက်၊ ဘာမှထူးခြားမလာဆဲ။
စီရီဟန်သည် သူမ၏ဖုန်းကောလ်တို့အား မကိုင်ဆဲ။
တစ်ခုခုတော့ မူမမှန်ဖြစ်နေသည်ကို ရီဝမ်ဝမ် ၊
တဖြည်းဖြည်းချင်း အာရုံခံမိလာတော့သည်။
ငါ ခန့်မှန်းထားတာနဲ့ ကွဲထွက်နေတာများ ဖြစ်နိုင်မလား -- သူတို့တွေ လမ်းမှာ အတိုက်ခိုက်ခံရကြမဟုတ်ဘူးလား ။ ဟိုတယ်မှာ အတိုက်ခိုက် ခံခဲ့ရတာများလား။
ထိုအတွေးတို့နှင့်၊ ရီဝမ်ဝမ်၊ ချက်ချင်းပင် ထမတ်တပ်ရပ်လိုက်တော့ပြီး၊ အပေါ်ထပ်သို့ ဒုန်းစိုင်းပြေးတက်သွားတော့သည် ။
မနေ့ညက အစည်းအဝေးကျင်းပခဲ့သည့် အခန်းထဲတွင်ကား
မည်သူမျှ ရှိမနေ။ ရွှီရီသည်လည်းပဲ ရှိမနေပါချေ။
ထို့ကြောင့်၊ သူမ၊ သူမနှင့်စီရီဟန်တို့ရဲ့အခန်းအား ပြေးသွားတော့ချေပြီ။ သူမ အထဲလှမ်းဝင်လိုက်သည်နှင့်၊ မြင်လိုက်ရသည်ကား၊ တံခါးနားတွင် စုရုံးနေပါသည့် လူတစ်အုပ်။ သူတို့တစ်ယောက်ချင်းစီတွင် မှုန်သုန်သည့် အမူအရာတစ်ခု ရှိလိ့ုနေကြလျက်။
“ဘာဖြစ်လို့လဲ”
ဤအားလုံးသောလူတို့၏အမူအရာတို့အား မြင်လိုက်ရသည့်အခါ၊ ရီဝမ်ဝမ်၏နှလုံးသားလေး စတင်အသက်ရှူရကြပ်လာတော့ချေသည်။
အကြီးအကဲထဲကတစ်ဦး ပြောလာသည်။
“အခုနကတင် ကျွန်တော်တို့တွေ စီးပွားရေးကိစ္စ ဆွေးနွေးနေကြတုန်း…သူဌေး ရုတ်တရက်ကြီး နေမကောင်းဖြစ်ပြီးတော့….မူးလဲကျသွားတာ ပဲ….”
“ရှင် ဘာပြောလိုက်တယ်”
ရီဝမ်ဝမ်၏မျက်နှာ၊ ဖြူရော်လို့သွားချေပြီ။
တစ်ချိန်တည်းမှာပင်၊ အိပ်ခန်းကြီးထဲတွင်။
ဒီခရီးစဉ်အား လိုက်ပါလာပါသည့် ကျင်းဥယျာဉ်မှ ဆရာဝန်တစ်ယောက် သည် မှုန်ကုတ်သည့်အမူအရာဖြင့် စီရီဟန်၏ခန္ဓာကိုယ်အား စစ်ဆေး ကြည့်ရှုခြင်း ပြုလို့နေ၏။
“အခြေအနေက သိပ်မကောင်းဘူး။ သခင်လေး ၉ ရဲ့ အဖျားက အရမ်းကို ရုတ်တရက်ကြီးဖြစ်ပြီးတော့ အရေးပေါ်အခြေအနေမှာ ရှိနေတယ်ခင်ဗျ”
“သူက တစ်လျှောက်လုံး ကောင်းနေခဲ့တာပါ။
ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက်ကြီး ထဖြစ်လာရတာလဲ”
ရွှီရီ၊ အလွန်အမင်းပင် စိုးရိမ်လို့နေခြင်းတည်း။
“အာ၊ ဘယ်လိုလုပ်ပြီးတော့ တစ်လျှောက်လုံး ကောင်းနေရမှာလဲ။ သခင်လေး ၉ မှာက အပြင်ဘက်ကနေ ကြည့်ရုံနဲ့ မမြင်ရတဲ့ ကျန်းမာရေးပြသနာရှိနေတာ။ ငါ မင်းကို အကြိမ်ပေါင်း မရေတွက်နိုင် အောင် သတိပေးထားခဲ့သားပဲ ။ ဒါပေမယ့်၊ သခင်လေး ၉ နဲ့ မင်းတို့ တွေက အကြံပေးတာကို လေးလေးနက်နက်မှ သဘောမထားကြပဲ”
“သခင်လေး ၉ က သာမန်လူတစ်ယောက်လို ပြုမူနေခဲ့ပြီးတော့ ဘယ်တော့မှ အပြင်ကို ထုတ်ပြခဲ့တာမဟုတ်ဘူး။ ဒါပေမယ့်၊ ဒီတစ်ကြိမ်ကတော့၊ သူ့ရဲ့ခန္ဓာကိုယ်က လစ်မစ်ကို ရောက်သွားခဲ့ပြီ။ ဒါက ရလဒ်ပဲ”
💖💖💖💖💖💖💖💖💖
စာစဉ် ၁၆၊ အခန်း ၆။ ဆေးတိုက်ခြင်း
“ဒါဆို….ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။
သူက အရေးကြီးတဲ့အခြေအနေထဲ ရောက်နေတာလား”
လျိုယင် ထိတ်လန့်တုန်လှုပ်လို့နေချေသည် ။
“ကျွန်တော်တို့ အရင်ဆုံး ဆေးနဲနဲနဲ့ပဲ သူ့အခြေအနေကို တည်ငြိမ် အောင် လုပ်ကြတာပေါ့။ ဒါပေမယ့်၊ ဒါက ယာယီအတွက်ပဲ ရမယ်။ တစ်ကိုယ်လုံး စစ်ဆေးကြည့်ဖို့အတွက် ဆေးရုံပို့မှ ဖြစ်မယ်” ဆရာဝန်သည် ဆေးထိုးပေးပြီးသည့်နောက်၊ လျင်လျင်မြန်မြန်ပင် ဆေးသေတ္တာရှိရာဆီ သွားပြီး ဆေးပြားတစ်ချို့အား ထုတ်ယူလိုက်ကာ စီရီဟန်အား တိုက်ဖို့ရာ ပြင်လိုက်တော့သည်တည့်။
ပိုပြီးတုန်လှုပ်ချောက်ချားမိလေလေ၊ ပိုပြီးတော့ ရှုပ်ထွေးလေလေ ဆိုသလိုပင် -- ဘယ်လိုပင် လုပ်ဆောင်ပါစေ၊ စီရီဟန်အား ဆေးမြိုချ အောင် လုပ်လို့မရ ဖြစ်လို့နေချေသည်။
အခန်းထဲက လူတိုင်းသည် ထိတ်လန့်ချောက်ချားလို့ နေကြ၏….
ဒီအခိုက်၊ ဒုန်းခနဲ အသံတစ်ခု ၊ ဒီနောက်၊
တံခါးသည် ရိုက်ဖွင့်ခံလိုက်ရတော့ပြီ ။
လူတစ်ယောက် အလောတကြီးဖြင့် ဝင်ရောက်လာချေ၏။
ရီဝမ်ဝမ် အခန်းထဲသို့ ဝင်လိုက်သည်နှင့်၊ သူမ မြင်တွေ့လိုက်ရ သည်ကား၊ အိပ်ရာပေါ်တွင် လဲလျောင်းလို့နေသည့် ဖြူရော်နေသည့် စီရီဟန်ပါတည်း။ ရွှီရီ၊ လျိုယင်နှင့် အကြီးအကဲအနည်းငယ်တို့သည် ထိုနေရာတွင် ရှိနေလေပြီး သူတို့အနားတွင် ဆရာဝန်တချို့သည်လည်း ရှိလို့နေကြလေသည်။
ထိုဆရာဝန်တွေအားလုံးသည်ကား စီရီဟန်အား ဆေးတိုက်နိုင်ဖို့ရာ ကြိုးစားနေကြ၏။ သိ့ုသော်၊ သူူတို့ လုံးဝအတိပင် ဆေးတိုက်လို့မရ ဖြစ်နေလျက်။ ထိုကြိုးစားမှုတို့ကြောင့် စီရီဟန်၏ရှပ်အင်္ကျီသည်ပင် စိုရွဲလာရတော့ချေသည်။
ဆရာဝန်သည် ခုတင်စွန်းတွင် ရှိနေပြီး၊ သူ ပြောလာသည်။
“ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ….”
စိုးရိမ်ပူပန်တကြီးဖြင့် ကုတင်ဘေးအစွန်းတွင် ရှိလို့နေပါသည့် လျိုယင်၊ တံခါး ဒုန်းခနဲ ရိုက်ပွင့်လာသည့်အသံကို ကြားလိုက်ရသည်နှင့်။
သူ ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လာတော့ချေသည် ။
“ဘယ်သူလဲကွ။ ငါလခွမ်း၊ အထဲဝင်လာပြီး ပြသနာမရှာစမ်းနဲ့”
အိပ်ရာပေါ်တွင် လဲလျောင်းနေသည့် သတိမေ့မျောနေသော ထိုလူသား အား စိုက်ကြည့်နေမိသည့် ရီဝမ်ဝမ်။ သူမလေး၏မျက်နှာထက် နာကျင်မှု တို့ ဖိတ်နေချေပြီး သူမလေး အိပ်ရာဆီ လျှောက်လို့လာချေပြီ။
ရီဝမ်ဝမ် ဖြစ်သည်မှန်း သတိပြုမိသွားသည့်အချိန်၊
လျိုယင်၏မျက်နှာမှာ မှုန်မှိုင်းလာရတော့ချေသည်တည်း။ ပြီး၊
သူ အေးစက်စက်အကြည့်တစ်ချက်ဖြင့် ပြောဆိုလာချေသည်ကား။
“ထွက်သွားစမ်း။ ဝင်မလာနဲ့။ မဟုတ်ရင်၊ ငါ…..”
ရီဝမ်ဝမ်၊ သူနှင့် ငြင်းပြိုင်ပြောဆိုနေခြင်း မပြုတော့။ သူမ၏အကြည့်တို့သည် သူမလမ်းအား ပိတ်ဆီးထားသည့် လျိုယင်အား စဉ်းကောပစ်တော့မည့် ဓားထက်ထက်တစ်ချောင်း အလားနှယ် ကြည့်လိုက်တော့ပြီး ။
“လမ်းဖယ်စမ်း”
ပြောပြီးသည့်နောက်၊ လျိုယင်အား ကျော်ဖြတ်သွားလိုက်တော့ပြီး ကုတင်နားက ဆရာဝန်အား တွန်းထုတ်ပစ်လိုက်တော့ကာ၊ သူ့လက်ထဲက ရေခွက်နှင့် ဆေးပြားတို့အား လျင်လျင်မြန်မြန်ဖြင့် ယူပစ်လိုက်တော့ချေ၏။ ဆေးပြားတု့ိအား သူမလေး၏အာခံတွင်း
ထဲသို့ ထည့်လိုက်တော့ချေပြီး ရေတစ်ငုံကောက်ငုံလိုက်ကာ၊ နောက်၊ လူတိုင်း၏မျက်လုံးတွေရှေ့တည့်တည့်မှာပင်၊ သူမလေး စီရီဟန်၏ နှုတ်ခမ်းတို့အား သူမ၏နှုတ်ခမ်းတို့နှင့် အုပ်မိုးချလိုက်တော့သည်….
စီရီဟန်၏လည်တိုင် နှစ်ကြိမ် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာရတော့ပြီ။ သူမလေး၏နူးညံ့သည့်လျှာသည် ဆေးပြားများအား သူ့အာခံတွင်းဆီ ရောက်အောင် ဖိချပေးနေပြီး အထဲသို့ ချောချောမွေ့မွေ့ ပို့ဆောင်ပေး လို့နေချေ၏….
သုံးစက္ကန့်မျှသာလျှင် ကြာခဲ့သည်။
လူတိုင်း။ “…”
ရွှီရီ၊ အကြီးအကဲများနှင့် ဆရာဝန်တွေအားလုံး၊ နေရာမှာတွင် ရပ်နေရင်း ကပင် ဆွံ့အသွားမိကြတော့ချေသည်။ လျိုယင်ရဲ့မျက်နှာထက်က ဒေါသတို့သည်ပင် တောင့်တင်းသွားရတော့သည်တည့်။
ဘာဖြစ်နေသည်လဲဆိုသည်ကို လူတိုင်း အသိမဝင်သွားမိကြသေးခင်မှာ ပင်၊ ရီဝမ်ဝမ်၊ ဗီရိုထဲက သန့်ရှင်းသည့်အကျီၤအား ယူလိုက်ကာ၊ စီရီဟန်၏အပေါ်အကျီၤအား မြန်မြန်ဆန်ဆန် ကြယ်သီးဖြုတ်လိုက်ပြီး၊ သူ၏စိုစွတ်နေသည့် အကျီၤအား လဲပေးပြီးနှင့်ချေလေပြီ။
ဒီဒုက္ခများနေရပါသည့် အလုပ်တို့အား ရီဝမ်ဝမ်သည် အလျင်အမြန်ပင် လုပ်ဆောင်သွားခဲ့ပြီးပြီ ဖြစ်ကြောင်း မြင်လိုက်ကြသည့်အခိုက်၊
လူတိုင်း သက်ပြင်းချမိသွားကြတော့ချေပြီ။
“ကျေးဇူးအများကြီးတင်ပါတယ်၊ သခင်မလေး ဝမ်ဝမ်”
ရွှီရီ၊ ကျေးဇူးတင်စွာဖြင့် ပြောဆိုလာ၏။
ဆရာဝန်တို့သည်လည်း သူမအား ကျေးဇူးတင်စကား ဆိုလာသည်။
“အားလုံးက သခင်မလေး ဝမ်ဝမ်ရဲ့ ကျေးဇူးကြောင့်ပါခင်ဗျာ”
လျိုယင်သည်ကား တိတ်ဆိတ်လို့နေ၏။
သူ၏အမူအရာမှာကား အနည်းငယ် စိတ်မကြည်မသာဖြစ်လို့နေဆဲ၊ သို့သော်၊ အနည်းငယ်တော့ နွေးထွေးလာချေ၏။
“စီရီဟန် အခြေအနေ ဘယ်လိုလဲ”
ရီဝမ်ဝမ်၊ မေးလိုက်၏။
သူမရဲ့အတိတ်ဘဝတုန်းက စီရီဟန်နှင့်တခြားသူတို့ အဘယ်ကြောင့် ဒီလောက်အများကြီး ဆုံးရှုံးမှုကို ခံစားခဲ့၇သည်လဲ ဆိုသည်ကို နောက်ဆုံးတွင်တော့ ရီဝမ်ဝမ် သိရှိသွားတော့လေပြီ-- အကြောင်းကား၊ တစ်ဖက်တွင် ထိုလူတွေသည် ရက်စက်ကြမ်းကြုတ် ကြခြင်းကြောင့် ။ တခြားတစ်ဖက်တွင်ကား၊ အရေးအကြီးဆုံးအကြောင်းရင်းတွေထဲက တစ်ချက်သည် စီရီဟန် ရုတ်တရက် ပြင်းပြင်းထန်ထန်ကြီး နေမကောင်း ရုတ်တရက် ဖြစ်သွားခဲ့ခြင်းကြောင့်တည်း….
သူမသည် စီရီဟန်၏ကျန်းမာရေးနှင့် ပတ်သက်ပြီး အပြင်းအထန်စိုးရိမ် နေခဲ့သည်ပင်။ သို့သော်၊ အဆုံးသတ်တွင်တော့ သူမ စိုးရိမ်နေခဲ့ရဆုံး ကိစ္စရပ်သည် အမှန်တကယ်ကြီး ဖြစ်လာခဲ့ချေပြီ။
ဒီလိုဖိအားများသည့် အလုပ်ပင်ပန်းဒဏ် ၊ ခရီးရှည်ကြီးတို့ကို ဖြတ်လာ ခဲ့ရခြင်းတို့ကြောင့်၊ စီရီဟန်၏ကိုယ်တွင်းထဲတွင် ပုန်းလျိုးနေသည့် နာမကျန်းမှုသည် အသံပေးခြင်းဘာခြင်း မရှိဘဲ ရုတ်တရက် ပေါ်ထွက်လာခြင်းပါတည်း။
အရင်က၊ စီရီဟန်၏ကျန်းမာရေးသည် အရေးပေါ်အခြေအနေတွင် ရှိမနေသေးပါချေ -- သူသည် အားနည်းမှုတစ်စုံတစ်ရာလေးမျှပင် အပြင်ဘက်တွင် ထုတ်ပြလာခြင်း မရှိသည်တည်း ။
ဆရာဝန်များစွာတို့ုသည် သူ ဒီတိုင်း ဆက်သွားနေပါက သူ့ခန္ဓာကိုယ်
က လိုက်နိုင်တော့မည်မဟုတ်ဘူးဟု အတွင်တွင် သတိပေးနေကြပါ သော်လည်း၊ စီရီဟန်အပေါ် လူတိုင်း၏အမြင်တို့မှာ သူသည် ဘယ်အရာကမှ ထိခိုက်နိုင်စွမ်းမရှိသည့် နတ်ဘုရားတစ်ပါးနှယ် ပြီးပြည့်စုံလွန်းလှသည်ဖြစ်လေရာ ။
ဆရာဝန်တို့၏သတိပေးခြင်းတို့သည် သူတို့ကို သက်သက်ကြောက် အောင် ဖြဲခြောက်သည့်စကားတို့တည်း မဟုတ်ချေဘဲ၊ သူတို့၏သူဌေး၊ သူတု့ိ၏သခင်လေးသည် အမှန်တကယ်ပင် သူ့ရဲ့လစ်မစ်ကို ရောက်သွားခဲ့ရပြီဖြစ်ကြောင်း အခုတော့မှသာလျှင် လူတိုင်း နားလည်သဘောပေါက်သွားကြတော့လေသည်…..
💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖