Is That Love!

By bubble7clover

28.2K 2.4K 163

ထြက္သြားေသာ သူ၏ ေက်ာျပင္အားၾကည့္ရင္း ခ်စ္ျခင္း အဲေလာက္နာက်င္ေစတာလား? More

Notice!
1
2
3
4
5
6
7
ေတာင္းပန္လႊာ
update.... ဟုတ္ဘူး ....request ပါလို႔
9
10
11
.............
!!!

8

1.6K 194 6
By bubble7clover

ေရမ်ားတသြင္သြင္ျဖင့္စီးကာ ျမဴေငြ႔မ်ားစိုင္းေနေသာ ေရတံခြန္ေဘးတြင္ စိမ္းစုိေနေသာ အပင္မ်ားသာမက ျဖဴေဖြးေသာ ယုန္ေလးမ်ားျဖင့္ စည္ကားကာ သာယာေနသေလာက္ တိမ္လႊာနန္းျမိဳင္ ၏တစ္ခုေသာေနရာတြင္ေတာ့ ထိုအခ်က္မ်ားႏွင့္ ဆန္႔က်င္ဘက္ ျဖစ္ေနသည္။ 

အခန္းထဲတြင္ မ်က္ႏွာခ်င္းဆိုင္ကာ အၾကည့္မလႊဲဘဲရွိေနေသာ သူနွစ္ေယာက္ကေတာ့ ထူးဆန္းေသာေလထုထဲတြင္ ဘာမွမျဖစ္သလိုပင္။

" ေဝ့သခင္ေလး ဆိုလိုခ်င္တာက"

"တျခားမဟုတ္ဘူး ဇယ္ဝူကၽြင္း ကၽြန္ေတာ္ေျပာတာက ေလာေလာဆယ္ ကူးစူးရဲ ႔ တာဝန္မွန္သမွ်ကို လန္က်န္ ႔ ကတာဝန္ယူေပးေနတာမို႔ ဇယ္ဝူကၽြင္း......ယြင္မုန္႔က်န္းကို....မလာ ....."

ေဝ့ဝူရွန္း မ်က္ႏွာေျပာင္ေျပာင္ျဖင့္ ပင္ ဇယ္ဝူကၽြင္း ကိုေတာင္းဆိုရန္ျပင္လိုက္သည္ အစကတုန္းကလည္း မသြားခ်င္ဘူးဆိုတာကို အတင္းေခၚ တာလည္း သူ႔စနက္ပဲဆိုေတာ့။

 " က်န္းဂိုဏ္းခ်ဳပ္ ကေျပာခိုင္းလိုက္တာလား"

စကားပင္မဆံုးေသးျဖတ္ေမးလိုက္ေသာ ဇယ္ဝူကၽြင္းရဲ ႔အၾကည့္ စူးစူးေၾကာင့္ေဝ့ဝူရွန္း ေယာင္ေယာင္ရမ္းရမ္းျဖင့္ ေခါင္းညိတ္လိုက္မိသည္။ ရုတ္တရက္ အခန္းအပူခ်ိန္သည္ ေရခဲဂူထဲထက္ ဆယ္ဆမက ေအးစက္သြားကာ ေဝဝူရွန္း ၾကက္သည္းမ်ားထလာသည္။

"အဲ....မဟုတ္....."

ေဝ့ဝူရွန္း!!!! ငါးေျမြထိုးေကာင္ မင္းဘာေတြ ေျပာလိုက္ျပန္ျပီလည္း စိတ္ေတြလည္း ေလပါတယ္ မင္း တစ္ရက္ တစ္ေလေလာက္  ျပႆနာကို မီးထိုးမရွာရရင္ ငါအသက္ပိုရွည္သြားမွာ စိုးလို႔လား ဟင္!!!!!

လန္ခ်ီရန္ ေဒါသထြက္ထြက္ႏွင့္ ေျပာလိုက္သည္ ဟုတ္တယ္ေလ ဟိုကိုယ္ေတာ္ေခ်ာ ကဒီေန႔ ည ဘယ္လိုပံု ဘယ္လိုနည္းျဖင့္သူ႔ဆီ ေရာက္လာအုန္းမလဲ မသိေလ။စဥ္းစားရင္းႏွင့္ပင္ေခါင္းမ်ားက်ိန္းလာေသာေၾကာင့္ ထပ္ဆူရန္ ေဝ့ဝူရွန္းကိုၾကည့္လိုက္ေတာ့ ေၾကာင္ေတာင္ေတာင္ျဖင့္ လက္ညိဳးေလးေထာင္ကာ ေခါင္းတညိတ္ညိတ္လုပ္ေနေသာေၾကာင့္ လန္ခ်ီရန္ တစ္ေယာက္  ေသြးမ်ားပင္ အန္ခ်င္ လာသည္။ ဆက္ေနရင္ ေသခ်ာေပါက္ ေဒါသေတြကိုထိန္းေနရေသာေၾကာင့္ အတြင္းဒဏ္မ်ားပင္ျဖစ္လာမွာ ေျမၾကီးလက္ခက္မလြဲေသာ ေၾကာင့္ ထိုေနရာမွထြက္လာခဲ့သည္။

သူ႔အား ေနရထိုင္ရက်ပ္မည္စိုးေသာေၾကာင့္ အစ္ကိုေတာ္ ကိုတစ္ေယာက္တည္းေျပာမည္ဟုဆိုကာ ထြက္သြားေသာ ေဝ့ရင္းကို စိတ္မခ်ေသာေၾကာင့္ ေနာက္မွလိုက္သြားမိသည္။ အစ္ကိုေတာ္၏ အေဆာင္အရာက္ စိတ္ပူစြာ ေခါက္တံုေခါက္ျပန္ေလွ်ာက္ေနေသာ ဦးေလးကိုပါေတြ႔လိုက္ရသည္။ ဦးေလးကိုႏႈတ္ေတာင္မဆက္ရေသး ထြက္လာေသာ အစ္ကိုေတာ္၏မ်က္နွာထက္တြင္ ရွိေသာ ေအးခဲေနေသာ အျပံဳးႏွင့္ ေသြးဆာေနေသာ မ်က္လံုးေၾကာင့္ သူေရာ ဦးေလးေရာပါ ေနရာတြင္တန္႔သြားသည္။ ထို႔ေနာက္ ရပ္ေနေသာ သူတို႔အားၾကည့္ပင္မၾကည့္ကာ ထြက္သြားေသာေၾကာင့္ ခပ္ျမန္ျမန္ အခန္းထဲဝင္လိုက္သည္တြင္ ေက်ာက္ရုပ္ကေလးလိုျဖစ္ေနေသာ ေဝ့ရင္းကိုေတြ႔လိုက္ရသည္။ 

လန္ဝမ္က်ီ တစ္ေယာက္ ေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနေသာ ေဝ့ဝူရွန္းကိုသာ စိတ္ပူစြာၾကည့္ကာ ေနာက္ေက်ာေလးကို ျဖည္းျဖည္းေလးပုတ္ကာ ႏွစ္သိမ့္ေပးေနမိသည္။

ေတာ္ေတာ္ၾကာေသာအခါမွ မိမိခ်စ္ေသာလူသား ဆီမွ စကားတစ္ခြန္းထြက္လာသည္ "လန္က်န္႔ မင္းအစ္ကိုကလူေရာဟုတ္ရဲ ႔လား ခုနအၾကည့္ကေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတာ ပဲ။ငါ့ကို အမဲျဖတ္မယ့္အတိုင္းပဲၾကည့္ေနတာ။"

လန္ဝမ္က်ီးတစ္ေယာက္ ဘာမွမေျပာဘဲ ေခါင္းသာညိတ္လုိက္သည္။" ေဝ့ရင္း မင္းေရာ၊ က်န္းဂိုဏ္းခ်ဳပ္ေရာက ငါနဲ႔ အစ္ကိုေတာ္အတြက္ အားနည္းခ်က္တစ္ခုလို႔ေျပာရမလား ဆုလာဒ္တစ္ခုလို႔ေျပာရမလားေတာင္မသိေတာ့ဘူး"သူ႔အားၾကည့္ကာေျပာေနေသာ လန္က်န္႔ေၾကာင့္ ေဝ့ဝူရွန္းတစ္ေယာက္အသက္ရႈမ်ားပင္ရပ္သြားသည္။

"လန္က်န္႔ မင္းကမတရားဘူး ငါကဒီမွာ အတည္ေျပာေနတာကို မင္းကငါ့ကိုအဲ့လိုျမဴစြယ္လို႔ရမလား မသိဘူးမင္းတာဝန္ယူရမည္"ဟုဆိုကာ ဆြဲေခၚသြားေတာ့သည္။ 

က်န္းခ်န္ တစ္ေယာက္ စိတ္ရႈပ္ရႈပ္ျဖင့္ ဘာမွ မလုပ္ခ်င္ေသာေၾကာင့္ စားပြဲေပၚ လက္ေထာက္ကာ အျပင္ဘက္ကို သာ ၾကည့္စရာမရွိၾကည့္ေနမိသည္။ 

စြာစြာႏွင့္ၾကားလိုက္ရေသာ တူေတာ္ေမာင္အားလင္ ၏ အသက္ပါလွေသာ ျငင္းခံုသံမ်ားေၾကာင့္ က်န္းခ်န္ တစ္ခ်က္ျပံဳးလိုက္မိသည္။ လန္ဂိုဏ္းတြင္ေနရတာ အသက္ရႈၾကပ္သည္ဟုဆိုကာ သူ႔ရဲ ႔အေပါင္းအပါ မ်ားႏွင့္ ယြင္မုန္႔ေရာက္လာကာ ေသာင္းက်န္းေနသည္ မွာ မနက္ကတည္းကပင္ျဖစ္သည္။ အရင္ကဆိုရင္ေတာ့ သူ႔ ကေလာ္တုပ္ျပီးျပီျဖစ္သည္။ အခုေတာ့........

"ဝမ့္ရင္း~~~~"

ငါေနာ္ ေမ့ပါမယ္ဆိုမွ မူးရူးေနတဲ့ညကလည္း သူ႔အားၾကင္နာစြာ ၾကည့္ေနသည္ဟု အိမ္မက္မက္ေသးသည္ ခုလည္း ဇယ္ဝူကၽြင္းအသံကို ထပ္ၾကားေနရျပန္ျပီ။ က်န္းခ်န္ နားပိတ္ ေခါင္းရမ္းကာ ရြတ္လိုက္သည္။

" မၾကားခ်င္ပါဘူး ဆိုကာမွ ငါကလည္း မမွတ္ သူ႔အသံကိုၾကားေနရေသးတယ္။"

"ဘယ္သူ႔အသံလဲ ဝမ့္ရင္း"

"ဘယ္သူရွိရမလဲ လန္ဂိုဏ္းခ်ဳပ္ေလ တခ်ိန္လံုးလည္း လူတကာကို ျပံဳးျပေသးတယ္ ျပီးရင္သူမ်ား ကိုဟိုဟာ မလုပ္ ဒီဟာမလုပ္နဲ႔လို႔လိုက္တားေသးတယ္ မုန္းဖို႔ေကာင္းတယ္ ဟြန္း"

"အဲေလာက္ေတာင္ ကၽြန္ေတာ့္ကိုမုန္းျပီး မၾကားခ်င္ မျမင္ခ်င္ျဖစ္ေနတာလား ဟင္! ဝမ့္ရင္း"

ေခါင္းသာတြင္တြင္ရမ္းေနေသာ ခရမ္းေရာင္လူသားေလး၏အေျပာေၾကာင့္ လန္ရွီးခ်န္ သူ႔၏ႏွလံုးသားတစ္ခုလံုး ေၾကမြသြားသလို နာက်င္စြာခံစားလိုက္ရသည္။ အမွန္တိုင္းေျပာရရင္ သူကိုယ္တိုင္လည္း ဘာေၾကာင့္ ယြင္မုန္႔က်န္းက မ်က္ႏွာရွစ္ေခါက္ခ်ိဳးသခင္ေလး၏ အရာရာျဖစ္ခ်င္ေနရတာလဲမသိ။ 

က်န္းခ်န္ စိတ္ရႈပ္ရႈပ္ျဖင့္ စားပြဲေပၚေခါင္းစိုက္ထားရင္ႏွင့္ ပင္ သူ ႔ဆံပင္မ်ားကို ညင္သာစြာသပ္ေပးေနေသာလက္တစ္စံုေၾကာင့္ ေမာ့ၾကည့္လိုက္မိသည္။ 

 မိမိေရွ႕ တြင္ ထိုင္ကာသူ႔အား စူးစိုက္ၾကည့္ေနေသာ လန္ရွီးခ်န္၊ ျဖဴေဖြးေနေသာ ဝတ္စံုေလးျဖင့္ တည္ၾကည္ေနေသာ မ်က္ႏွာျပင္ေပၚတြင္ ရွိေနေသာ နူးညံေသာ အျပံဳးေလးကို က်န္းခ်န္ဘယ္ေလာက္ၾကာေအာင္ ေငးေနမိသည္္မသိ။ 

"ဝမ္ရင္း ကိုယ္ေမးတာကိုေျဖပါအံုး"

ေနာက္တစ္ၾကိမ္ လန္ရွီးခ်န္ ၏ေမးသံ အဆံုးတြင္ က်န္းခ်န္ တျခားဘာမွ မၾကား "ဝမ့္ရင္း "ဟုေသာ အသံတစ္ခုကိုၾကားသည္။

လန္ရွီးခ်န္ တစ္ေယာက္ သူ႔အား ဘာမွမေျပာဘဲေၾကာင္ ကာ ၾကည့္ေနေသာ အႏွီလူသားေလးမွာ  ၾကည့္ရင္းၾကည့္ရင္းပင္ ကေလးငယ္ တစ္ေယာက္ကဲ့သို မ်က္လံုးေလးျပဴးကာျဖစ္ေနေသာ ပံုေလးမွာ ခ်စ္ဖို႔ေကာင္းလိုက္တာ ဟုသာေတြးေနမိသည္။သူ လာရင္းအၾကာင္းကိုသတိရသြားေတာ့ အေပ်ာ္ေလးေတြပင္ ေပ်ာက္ဆံုးသြားသည္။ 

ဝမ့္ရင္း ဝမ့္ရင္း ငါကို႔ ဝမ့္ရင္းလို႔ေခၚလိုက္တာလား နားေထာင္လို႔ေကာင္းလိုက္တာ ေဝ့ဝူရွန္းလိုငွက္ဆိုးထိုးသံမဟုတ္၊ အမယန္းလီ လိုလည္း ႏူးႏူညံညံေလးမဟုတ္...........ေနပါအံုး ဘာလို႔ငါ့ကို ဒီလိုေခၚတာလဲ.....သူ႔ေယာက္ဖမို႔လိုေခၚတာဆိုရင္ ......သူ႔ညီ က်င္းကြမ္ေယာင္ဆို ....ရင္..ေတြးေနရင္းႏွင့္ပင္ေဒါသထြက္ကာ "မေခၚနဲ႔"

"ကၽြန္ေတာ့မိသားစုေတြပဲေခၚခြင့္ရွိတာ"

ေၾကာင္ေတာင္ေတာင္ေလးမွ ခ်က္ခ်င္းပင္ ေဒါသကုမၼာရေလးျဖစ္သြားေသာက်န္းဝမ့္ရင္း ေၾကာင့္ လန္ရွီးခ်န္ အားရပါးရျပံဳးမိသည္။ လန္ရွီးခ်န္စဥ္းစားမိသည္ အခုသူေရွ ႔တြင္ ေဒါသထြက္ကာ စူပုတ္ေနေသာ လူသားေလး က သူ႔အား စိတ္ဝင္စားေအာင္ျပဳလုပ္ႏိုင္စြမ္းရွိေသာ တေယာက္တည္းေသာသူျဖစ္သည္။

တိမ္လႊာနန္းျမိဳင္ တြင္ စာသင္ရန္ေရာက္လာကတည္းက ယြင္မုန္႔က်န္းမွ သခင္ေလးႏွစ္ေယာက္ကို အစ္ကိုၾကီး၏ညီျဖစ္သူ ႏြဲ႔ဟိုက္ဆန္းထက္ပင္ပိုအေရးေပးကာဂရုစိုက္မိသည္မွာအမွန္ပင္ျဖစ္သည္။ေဝ့သခင္ေလးကို ဂရုစိုက္မိသည္မွာ အျခားေၾကာင့္မဟုတ္ ေရခဲလိုပင္ေအးစက္ကာ ခံစားခ်က္မရွိေသာ ညီငယ္ကို အမ်ိဳးမ်ိဳးေသာခံစားခ်က္ျဖစ္ေပၚေစေသာ တစ္ေယာက္ေသာသူျဖစ္ေနေသာေၾကာင့္ပင္ သို႔ေသာ္ ေဒါသထြက္လြယ္ မာနၾကီးကာ  ေဝ့သခင္ေလးေဘးတြင္ အျမဲနီးပါးရွိေနေသာ သူကိုေတာ့ ဘာမွထူးထူးျခားျခားမဟုတ္ပါပဲ ထိုသူ၏ေဒါသထြက္ပံု၊ ေအာ္ဟစ္ပံုေလးမ်ားေၾကာင့္ အျမဲၾကည့္ခ်င္ေနတာသူသိသည္။

"ဝမ့္ရင္းက ယြင္မုန္႔က်န္းကို ကိုယ္လာလို႔မရဘူးလား"

ရုတ္တရက္ အရင္းမရိွအဖ်ားမရွိ ထေမးလိုက္ေသာေၾကာင့္ ထြက္ေနေသာ ေဒါသေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိ။

"ရတယ္ေလ အျမဲ လာေနက်ကို ပဲ အထူးအဆန္းလုပ္ျပီးေမးေနေသးတယ္"

"အဲဒါဆို ကိုယ္ကိုယြင္မုန္႔က်န္းမလာရဘူး အမိန္႔ထုတ္တာ ဝမ့္ရင္းမဟုတ္ဘူးေပါ့"

က်န္းခ်န္ ေခါင္းညိတ္လိုက္မ္ိသည္။

ဝမ့္ရင္း အေျဖေၾကာင့္ လန္ရွီးခ်န္ ျပံဳးလိုက္မိသည္။ တကယ္လို႔သူသာ က်န္းဂိုဏ္းခ်ဳပ္က္ို ညီေလးတစ္ေယာက္လိုသာ သေဘာထားရင္ ဘာလို႔ဝမ့္ရင္း တျခားတစ္ေယာက္ ကို စိတ္ဝင္စား ထာသိေတာ့ မေနနိုင္မထိုင္နိုင္ျဖစ္ေနရတာလဲ၊ ဝမ့္ရင္းရဲ့ အရာအားလံုးကို သူတစ္ေယာက္တည္းအတြက္ပဲဘာလို႔ျဖစ္ေစခ်င္ရတာလဲ။ တကယ္လို႔..........   

"ဝမ့္ရင္း ကိုယ္အမွားပါ ဝမ့္ရင္းကို ဘာလုပ္ညာလုပ္လို႔ေျပာခြင့္မရွိဘူး ဒါေပမဲ့ ဝမ့္ရင္း အခုခ်ိန္ကစလို႔ ဝမ့္ရင္းမေမ့ႏိုင္တဲ့သူကို ေမ့ႏိုင္ေအာင္ ကူညီေပးမယ္"

ဇယ္ဝူကၽြင္း ခင္ဗ်ားကေျပာေလဆိုးေလပါလား... ကၽြန္ေတာ္ဘယ္ႏွခါေျပာရမလဲ မလိုဘူးလို႔ .......အဲ့အေၾကာင္းဆို......

သူ႔ေလာက္ေပးဆပ္မႈေတြကို ခုခ်ိန္ထိကိုယ္ဝမ့္ရင္းကိုမလုပ္ေပးဘူးေပမဲ့ ကိုယ္သူ႔ထက္ဝမ့္ရင္း ရဲ ႔ ဘဝမွာ အေရးပါတဲ့သူျဖစ္ခြင့္ရွိမလား

ဘာ.....ဇယ္ဝူကၽြင္း ..... ဘာေျပာ...

လန္ရွီးခ်န္ စကားမ်ားေၾကာင့္ အံၾသေနေသာ ဝမ့္ရင္းလက္မ်ားကို တယုတယကိုင္ကာ မ်က္လံုးေလးမ်ားကိုစူးစိုက္ၾကည့္ရင္း မၾကာခင္ကမွ ေသခ်ာသြားေသာ သူ႔ခံစားခ်က္မ်ားကိုဖြင့္ဟဝန္ခံမိသည္။

က်န္းဝမ္ရင္း ကိုယ္မင္းကိုျမတ္ႏိုးတယ္။

က်န္းခ်န္ ၾကားလိုက္ရေသာစကားမ်ားေၾကာင့္ သူအိမ္မက္မ်ားမက္ေနသလားဟုပင္ထင္မိသည္။

လန္ရွီးခ်န္ ထိုင္ရာမွထကာ ကိုယ္ကိုကိုင္းကာ ဝမ့္ရင္းရဲ ႔နဖူးေလးအား ညင္သာစြာနမ္းလိုက္မိသည္။ 

ကိုယ္ျပန္ျပီး စီစဥ္စရာရွိတာ စီစဥ္လိုက္အံုးမယ္ ဟုဆိုကာ ျပန္သြားေသာလူသားအား က်န္းခ်န္ ေၾကာင္ကာ ဘယ္ေလာက္ၾကာေအာင္ၾကည့္ေနမိသည္ မသိ။ 

ျမတ္ႏိုးတယ္.......ျမတ္နိုးတယ္.....လို႔ေျပာသြားတာလား ......ငါ့ကိုေလ...... ဇယ္ဝူကၽြင္းက......ဘယ္လိ္ုလုပ္ျဖစ္ႏိုင္မွာလဲ.......မဟုတ္ႏိုင္တာ..... 

က်င္းလင္ေဆာ့တာ ဝသြားေသာ ေၾကာင့္ ထမင္းစားရန္ သူ႔ဦးေလး ေဒါသအိုးအားေခၚရန္အလာ အခန္းထဲထိုင္ကာ နီးျမန္းေနေသာ မ်က္ႏွာႏွင့္ ပြစိပြစိရြတ္ေနကာ ေခါင္းတခါခါတရမ္းရမ္းျဖစ္ေနေသာ ေၾကာင့္ က်င္းလင္ စိတ္မေကာင္းျဖစ္သြားသည္။ ထို႔ေနာက္ ဝင္ရန္မဝင္ရန္ ေတာ္ေတာ္စဥ္းစားသြားျပီးေနာက္ ျပန္လွည့္ထြက္လာခဲ့သည္။ 

"က်င္းလင္း ဘာလို႔မင္းတစ္ေယာက္တည္းလည္း မင္းဦးေလးေကာ" စူပုတ္ေနေသာ က်င္းသခင္မေလးကို လန္က်င္းရီ ေမးခြန္းထုတ္လိုက္သည္။

"စစ္ကၽြင္း ငါ့ကိုေလ လန္ဂိုဏ္းက ေဆးဆရာဆီမွာ ယားတဲ့အမႈန္႔ေလးေတာင္းေပးပါလား"

"အင္း ေတာင္းေပးမယ္ေလ ဘာလုပ္မို႔လဲ"

စစ္ကၽြင္းရဲ ႔အေမးကို မေျဖဘဲ မ်က္ေမွာင္ၾကဳတ္ေနေသာ က်င္းသခင္မေလးကို လန္က်င္းရီပီသစြာပင္ အားေပးအားေျမာက္လုပ္ေနသည္ ...ပိုေသခ်ာေအာင္ေျပာရရင္ေတာ့ ပိုေဒါသထြက္ေအာင္ပါ။ 

"ဘာလဲ မင္းကိုဘယ္သူရန္စျပန္ျပီလဲ မင္းကလဲ အျမဲေတြ႔တဲ့သူတိုင္းကို မတူသလိုမတန္သလိုလုပ္ေနတာကို... စိတ္မပူနဲ႔ငါတို႔ေဆးဆရာကိုေျပာေပးမယ္ ဒီတစ္ခါေဆးကိုႏွစ္ဆျပင္းေအာင္လုပ္ေပးပါလို႔"

ဟိုတစ္ခါသူတို႔ အဖြဲ႔အား အားရပါးရေစာင္းေျမာင္းေျပာေနေသာ တျခားဂိုဏ္းမွ ဂိုဏ္းသားကိုလည္း ညဘက္တေစ လိုက္ရင္းႏွင့္ပင္ ယားေဆးမႈန္႔မ်ားျဖဴးကာ ဒဏ္ေပးဖူးေသာေၾကာင့္ျဖစ္သည္။ အခုလည္း အဲအတိုင္းထင္ကာ အိုးရန္ဇီက်န္းက ထပ္ေလာင္းေျပာလိုက္သည္။

"က်င္းရီ ႏွစ္ဆကနည္းတယ္ေလးဆ ငါးဆေလာက္လုပ္ပါ ဒါမွ ၾကည့္ရႈမလွျဖစ္ေနမွာ"

"ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္."

"မင္းတို႔ေသခ်ာတယ္ေနာ္ ျပီးမွ မကူညီဘူးမလုပ္နဲ႔"

"စိတ္ခ် ငါတို႔ေသခ်ာကူညီမယ္ "

"ငါမယံုဘူး ခုခ်က္ခ်င္း ေသြးစာခ်ဳပ္ေရး"

"မင္းကလည္း ဒါေလးကို ေသြးစာခ်ဳပ္ေတာင္ ဆိုေတာ့ မင္းအဲ့တစ္ေယာက္ကိုေတာ္ေတာ္ၾကည့္မရတာျဖစ္မယ္ "

"ေသြးထြက္မွာေၾကာက္ရင္လည္း မလုပ္နဲ ႔ေလ ေယာက်ာ္းမဟုတ္တာၾကေနတာပဲ"

"အားလင္ က်င္းရီတို႔မကူညီရင္လည္း ငါမင္းကိုကူညီမယ္"

လန္စစ္ကၽြင္း က်င္းလင္ကိုၾကည့္ကာ ျပံဳးျပီးေျပာလိုက္သည္၊ အားလင္ကမေျပာေတာင္ အားလင္ကို စိတ္မေကာင္းျဖစ္ေအာင္ လုပ္တဲ့သူကို အနည္းနဲ႔အမ်ားေတာ့သူပညာေပးမိမွာအမွန္ပင္။

"မင္းက ကူညီမယ္မွန္းသိတယ္ ဟုိႏွစ္ေကာင္သာလုပ္ခါနီးမွ သူရဲေဘာေၾကာင္ျပီး တျခားသူလက္ထဲထိုးတည့္ျပီးထြက္ေျပးသြားမွာေၾကာက္လို႔ "

"က်င္းလင္ မင္း!!!"

"မဟုတ္လို႔လား ဟိုတစ္ခါ ေဆးမႈန္႔ ျဖဴးခါနီးမွ ဗိုက္နာတယ္ဆိုျပီးေပ်ာက္သြားတာ ဘယ္သူေတြလဲ... ေျပာေလ....."

"ေရးဆိုေရးမယ္ကြာ အပိုေတြ လာဇီက်န္း "ဟုဆိုကာ လန္က်င္းရီႏွင့္ အိုးရန္ဇီးက်န္းတို႔ႏွစ္ေယာက္ ေရးလိုက္ျပီး  ေနာက္မွ စစ္ကၽြင္း ကေရးလိုက္သည္။ လန္က်င္းရီႏွင့္ အိုးရန္ဇီက်န္း ကေတာ့စိတ္ထဲကေန က်င္းလင္ အားပ်စ္ပ်စ္ႏွစ္ႏွစ္ေျပာလိုက္သည္ ........... အဲတာမင္းဦးေလး .......အခ်စ္တံုးၾကီးေၾကာင့္ ေလ ငါတို႔ကိုဟန္ကြမ္ကၽြင္း ခ်က္ထားတာဆိုျပီး ဖက္ထုတ္ကို လိမ္သာမေကၽြးခဲ့ရင္ ....ေနနွင့္အံုး ...ျပီးမွေတြ႔မယ္။

က်င္းလင္ကေတာ့ ထိုစာခ်ဳပ္ေလးကိုေသခ်ာသိမ္းကာ ညစ္က်ယ္က်ယ္ ျပံဳးလုိက္သည္။ တကယ္လို႔မ်ား ေရးေနေသာ ေကာင္ေလးသံုးေယာက္ သာထိုေဆးမႈန္႔က ဘယ္သူ႔အတြက္လဲဆိုတာသာသိခဲ့ရင္ သူ႔ အား အေသအခ်ာပင္ ေကာင္းခ်ီေပးမွာေသခ်ာေနသည္။ ဘယ္လိုမ်ိဳး ဦးေလး ရဲ ႔တူပီသလည္းဆိုတာပင္ျဖစ္သည္။


Unicode

ရေများတသွင်သွင်ဖြင့်စီးကာ မြူငွေ့များစိုင်းနေသော ရေတံခွန်ဘေးတွင် စိမ်းစိုနေသော အပင်များသာမက ဖြူဖွေးသော ယုန်လေးများဖြင့် စည်ကားကာ သာယာနေသလောက် တိမ်လွှာနန်းမြိုင် ၏တစ်ခုသောနေရာတွင်တော့ ထိုအချက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။


အခန်းထဲတွင် မျက်နှာချင်းဆိုင်ကာ အကြည့်မလွှဲဘဲရှိနေသော သူနှစ်ယောက်ကတော့ ထူးဆန်းသောလေထုထဲတွင် ဘာမှမဖြစ်သလိုပင်။


" ဝေ့သခင်လေး ဆိုလိုချင်တာက""တခြားမဟုတ်ဘူး ဇယ်ဝူကျွင်း ကျွန်တော်ပြောတာက လောလောဆယ် ကူးစူးရဲ့ တာဝန်မှန်သမျှကို လန်ကျန့် ကတာဝန်ယူပေးနေတာမို့ ဇယ်ဝူကျွင်း......ယွင်မုန့်ကျန်းကို....မလာ ....."


ဝေ့ဝူရှန်း မျက်နှာပြောင်ပြောင်ဖြင့် ပင် ဇယ်ဝူကျွင်း ကိုတောင်းဆိုရန်ပြင်လိုက်သည် အစကတုန်းကလည်း မသွားချင်ဘူးဆိုတာကို အတင်းခေါ် တာလည်း သူ့စနက်ပဲဆိုတော့။


" ကျန်းဂိုဏ်းချုပ် ကပြောခိုင်းလိုက်တာလား"စကားပင်မဆုံးသေးဖြတ်မေးလိုက်သော ဇယ်ဝူကျွင်းရဲ့အကြည့် စူးစူးကြောင့်ဝေ့ဝူရှန်း ယောင်ယောင်ရမ်းရမ်းဖြင့် ခေါင်းညိတ်လိုက်မိသည်။ ရုတ်တရက် အခန်းအပူချိန်သည် ရေခဲဂူထဲထက် ဆယ်ဆမက အေးစက်သွားကာ ဝေဝူရှန်း ကြက်သည်းများထလာသည်။


"အဲ....မဟုတ်....."


ဝေ့ဝူရှန်း!!!! ငါးမြွေထိုးကောင် မင်းဘာတွေ ပြောလိုက်ပြန်ပြီလည်း စိတ်တွေလည်း လေပါတယ် မင်း တစ်ရက် တစ်လေလောက် ပြဿနာကို မီးထိုးမရှာရရင် ငါအသက်ပိုရှည်သွားမှာ စိုးလို့လား ဟင်!!!!!လန်ချီရန် ဒေါသထွက်ထွက်နှင့် ပြောလိုက်သည် ဟုတ်တယ်လေ ဟိုကိုယ်တော်ချော ကဒီနေ့ ည ဘယ်လိုပုံ ဘယ်လိုနည်းဖြင့်သူ့ဆီ ရောက်လာအုန်းမလဲ မသိလေ။

စဉ်းစားရင်းနှင့်ပင်ခေါင်းများကျိန်းလာသောကြောင့် ထပ်ဆူရန် ဝေ့ဝူရှန်းကိုကြည့်လိုက်တော့ ကြောင်တောင်တောင်ဖြင့် လက်ညိုးလေးထောင်ကာ ခေါင်းတညိတ်ညိတ်လုပ်နေသောကြောင့် လန်ချီရန် တစ်ယောက် သွေးများပင် အန်ချင် လာသည်။ ဆက်နေရင် သေချာပေါက် ဒေါသတွေကိုထိန်းနေရသောကြောင့် အတွင်းဒဏ်များပင်ဖြစ်လာမှာ မြေကြီးလက်ခက်မလွဲသော ကြောင့် ထိုနေရာမှထွက်လာခဲ့သည်။

သူ့အား နေရထိုင်ရကျပ်မည်စိုးသောကြောင့် အစ်ကိုတော် ကိုတစ်ယောက်တည်းပြောမည်ဟုဆိုကာ ထွက်သွားသော ဝေ့ရင်းကို စိတ်မချသောကြောင့် နောက်မှလိုက်သွားမိသည်။ အစ်ကိုတော်၏ အဆောင်အရာက် စိတ်ပူစွာ ခေါက်တုံခေါက်ပြန်လျှောက်နေသော ဦးလေးကိုပါတွေ့လိုက်ရသည်။ 


ဦးလေးကိုနှုတ်တောင်မဆက်ရသေး ထွက်လာသော အစ်ကိုတော်၏မျက်နှာထက်တွင် ရှိသော အေးခဲနေသော အပြုံးနှင့် သွေးဆာနေသော မျက်လုံးကြောင့် သူရော ဦးလေးရောပါ နေရာတွင်တန့်သွားသည်။ ထို့နောက် ရပ်နေသော သူတို့အားကြည့်ပင်မကြည့်ကာ ထွက်သွားသောကြောင့် ခပ်မြန်မြန် အခန်းထဲဝင်လိုက်သည်တွင် ကျောက်ရုပ်ကလေးလိုဖြစ်နေသော ဝေ့ရင်းကိုတွေ့လိုက်ရသည်။

လန်ဝမ်ကျီ တစ်ယောက် ကြောင်တောင်တောင်လေးဖြစ်နေသော ဝေ့ဝူရှန်းကိုသာ စိတ်ပူစွာကြည့်ကာ နောက်ကျောလေးကို ဖြည်းဖြည်းလေးပုတ်ကာ နှစ်သိမ့်ပေးနေမိသည်။


တော်တော်ကြာသောအခါမှ မိမိချစ်သောလူသား ဆီမှ စကားတစ်ခွန်းထွက်လာသည် "လန်ကျန့် မင်းအစ်ကိုကလူရောဟုတ်ရဲ့လား ခုနအကြည့်ကတော်တော်ကြောက်ဖို့ကောင်းတာ ပဲ။ငါ့ကို အမဲဖြတ်မယ့်အတိုင်းပဲကြည့်နေတာ။"


လန်ဝမ်ကျီးတစ်ယောက် ဘာမှမပြောဘဲ ခေါင်းသာညိတ်လိုက်သည်။" ဝေ့ရင်း မင်းရော၊ ကျန်းဂိုဏ်းချုပ်ရောက ငါနဲ့ အစ်ကိုတော်အတွက် အားနည်းချက်တစ်ခုလို့ပြောရမလား ဆုလာဒ်တစ်ခုလို့ပြောရမလားတောင်မသိတော့ဘူး"သူ့အားကြည့်ကာပြောနေသော လန်ကျန့်ကြောင့် ဝေ့ဝူရှန်းတစ်ယောက်အသက်ရှုများပင်ရပ်သွားသည်။


"လန်ကျန့် မင်းကမတရားဘူး ငါကဒီမှာ အတည်ပြောနေတာကို မင်းကငါ့ကိုအဲ့လိုမြူစွယ်လို့ရမလား မသိဘူးမင်းတာဝန်ယူရမည်"ဟုဆိုကာ ဆွဲခေါ်သွားတော့သည်။


ကျန်းချန် တစ်ယောက် စိတ်ရှုပ်ရှုပ်ဖြင့် ဘာမှ မလုပ်ချင်သောကြောင့် စားပွဲပေါ် လက်ထောက်ကာ အပြင်ဘက်ကို သာ ကြည့်စရာမရှိကြည့်နေမိသည်။


စွာစွာနှင့်ကြားလိုက်ရသော တူတော်မောင်အားလင် ၏ အသက်ပါလှသော ငြင်းခုံသံများကြောင့် ကျန်းချန် တစ်ချက်ပြုံးလိုက်မိသည်။ 

လန်ဂိုဏ်းတွင်နေရတာ အသက်ရှုကြပ်သည်ဟုဆိုကာ သူ့ရဲ့အပေါင်းအပါ များနှင့် ယွင်မုန့်ရောက်လာကာ သောင်းကျန်းနေသည် မှာ မနက်ကတည်းကပင်ဖြစ်သည်။ အရင်ကဆိုရင်တော့ သူ့ ကလော်တုပ်ပြီးပြီဖြစ်သည်။ အခုတော့........

"ဝမ့်ရင်း~~~~"ငါနော် မေ့ပါမယ်ဆိုမှ မူးရူးနေတဲ့ညကလည်း သူ့အားကြင်နာစွာ ကြည့်နေသည်ဟု အိမ်မက်မက်သေးသည် ခုလည်း ဇယ်ဝူကျွင်းအသံကို ထပ်ကြားနေရပြန်ပြီ။ ကျန်းချန် နားပိတ် ခေါင်းရမ်းကာ ရွတ်လိုက်သည်။


" မကြားချင်ပါဘူး ဆိုကာမှ ငါကလည်း မမှတ် သူ့အသံကိုကြားနေရသေးတယ်။"


"ဘယ်သူ့အသံလဲ ဝမ့်ရင်း"


"ဘယ်သူရှိရမလဲ လန်ဂိုဏ်းချုပ်လေ တချိန်လုံးလည်း လူတကာကို ပြုံးပြသေးတယ် ပြီးရင်သူများ ကိုဟိုဟာ မလုပ် ဒီဟာမလုပ်နဲ့လို့လိုက်တားသေးတယ် မုန်းဖို့ကောင်းတယ် ဟွန်း"


"အဲလောက်တောင် ကျွန်တော့်ကိုမုန်းပြီး မကြားချင် မမြင်ချင်ဖြစ်နေတာလား ဟင်! ဝမ့်ရင်း"


ခေါင်းသာတွင်တွင်ရမ်းနေသော ခရမ်းရောင်လူသားလေး၏အပြောကြောင့် လန်ရှီးချန် သူ့၏နှလုံးသားတစ်ခုလုံး ကြေမွသွားသလို နာကျင်စွာခံစားလိုက်ရသည်။ 

အမှန်တိုင်းပြောရရင် သူကိုယ်တိုင်လည်း ဘာကြောင့် ယွင်မုန့်ကျန်းက မျက်နှာရှစ်ခေါက်ချိုးသခင်လေး၏ အရာရာဖြစ်ချင်နေရတာလဲမသိ။

ကျန်းချန် စိတ်ရှုပ်ရှုပ်ဖြင့် စားပွဲပေါ်ခေါင်းစိုက်ထားရင်နှင့် ပင် သူ့ဆံပင်များကို ညင်သာစွာသပ်ပေးနေသောလက်တစ်စုံကြောင့် မော့ကြည့်လိုက်မိသည်။


မိမိရှေ့ တွင် ထိုင်ကာသူ့အား စူးစိုက်ကြည့်နေသော လန်ရှီးချန်၊ ဖြူဖွေးနေသော ဝတ်စုံလေးဖြင့် တည်ကြည်နေသော မျက်နှာပြင်ပေါ်တွင် ရှိနေသော နူးညံသော အပြုံးလေးကို ကျန်းချန်ဘယ်လောက်ကြာအောင် ငေးနေမိသည်မသိ။


"ဝမ်ရင်း ကိုယ်မေးတာကိုဖြေပါအုံး"နောက်တစ်ကြိမ် လန်ရှီးချန် ၏မေးသံ အဆုံးတွင် ကျန်းချန် တခြားဘာမှ မကြား "ဝမ့်ရင်း "ဟုသော အသံတစ်ခုကိုကြားသည်။


လန်ရှီးချန် တစ်ယောက် သူ့အား ဘာမှမပြောဘဲကြောင် ကာ ကြည့်နေသော အနှီလူသားလေးမှာ ကြည့်ရင်းကြည့်ရင်းပင် ကလေးငယ် တစ်ယောက်ကဲ့သို မျက်လုံးလေးပြူးကာဖြစ်နေသော ပုံလေးမှာ ချစ်ဖို့ကောင်းလိုက်တာ ဟုသာတွေးနေမိသည်။သူ လာရင်းအကြာင်းကိုသတိရသွားတော့ အပျော်လေးတွေပင် ပျောက်ဆုံးသွားသည်။


ဝမ့်ရင်း ဝမ့်ရင်း ငါကို့ ဝမ့်ရင်းလို့ခေါ်လိုက်တာလား နားထောင်လို့ကောင်းလိုက်တာ ဝေ့ဝူရှန်းလိုငှက်ဆိုးထိုးသံမဟုတ်၊ အမယန်းလီ လိုလည်း နူးနူညံညံလေးမဟုတ်...........နေပါအုံး ဘာလို့ငါ့ကို ဒီလိုခေါ်တာလဲ.....သူ့ယောက်ဖမို့လိုခေါ်တာဆိုရင် ......သူ့ညီ ကျင်းကွမ်ယောင်ဆို ....ရင်..တွေးနေရင်းနှင့်ပင်ဒေါသထွက်ကာ "မခေါ်နဲ့"


"ကျွန်တော့မိသားစုတွေပဲခေါ်ခွင့်ရှိတာ"


ကြောင်တောင်တောင်လေးမှ ချက်ချင်းပင် ဒေါသကုမ္မာရလေးဖြစ်သွားသောကျန်းဝမ့်ရင်း ကြောင့် လန်ရှီးချန် အားရပါးရပြုံးမိသည်။ 

လန်ရှီးချန်စဉ်းစားမိသည် အခုသူရှေ့တွင် ဒေါသထွက်ကာ စူပုတ်နေသော လူသားလေး က သူ့အား စိတ်ဝင်စားအောင်ပြုလုပ်နိုင်စွမ်းရှိသော တယောက်တည်းသောသူဖြစ်သည်။

တိမ်လွှာနန်းမြိုင် တွင် စာသင်ရန်ရောက်လာကတည်းက ယွင်မုန့်ကျန်းမှ သခင်လေးနှစ်ယောက်ကို အစ်ကိုကြီး၏ညီဖြစ်သူ နွဲ့ဟိုက်ဆန်းထက်ပင်ပိုအရေးပေးကာဂရုစိုက်မိသည်မှာအမှန်ပင်ဖြစ်သည်။


ဝေ့သခင်လေးကို ဂရုစိုက်မိသည်မှာ အခြားကြောင့်မဟုတ် ရေခဲလိုပင်အေးစက်ကာ ခံစားချက်မရှိသော ညီငယ်ကို အမျိုးမျိုးသောခံစားချက်ဖြစ်ပေါ်စေသော တစ်ယောက်သောသူဖြစ်နေသောကြောင့်ပင် သို့သော် ဒေါသထွက်လွယ် မာနကြီးကာ ဝေ့သခင်လေးဘေးတွင် အမြဲနီးပါးရှိနေသော သူကိုတော့ ဘာမှထူးထူးခြားခြားမဟုတ်ပါပဲ ထိုသူ၏ဒေါသထွက်ပုံ၊ အော်ဟစ်ပုံလေးများကြောင့် အမြဲကြည့်ချင်နေတာသူသိသည်။

"ဝမ့်ရင်းက ယွင်မုန့်ကျန်းကို ကိုယ်လာလို့မရဘူးလား"ရုတ်တရက် အရင်းမရှိအဖျားမရှိ ထမေးလိုက်သောကြောင့် ထွက်နေသော ဒေါသတွေတောင် ဘယ်ရောက်သွားမှန်းမသိ။


"ရတယ်လေ အမြဲ လာနေကျကို ပဲ အထူးအဆန်းလုပ်ပြီးမေးနေသေးတယ်""အဲဒါဆို ကိုယ်ကိုယွင်မုန့်ကျန်းမလာရဘူး အမိန့်ထုတ်တာ ဝမ့်ရင်းမဟုတ်ဘူးပေါ့"ကျန်းချန် ခေါင်းညိတ်လိုက်မ်ိသည်။


ဝမ့်ရင်း အဖြေကြောင့် လန်ရှီးချန် ပြုံးလိုက်မိသည်။ တကယ်လို့သူသာ ကျန်းဂိုဏ်းချုပ်က်ို ညီလေးတစ်ယောက်လိုသာ သဘောထားရင် ဘာလို့ဝမ့်ရင်း တခြားတစ်ယောက် ကို စိတ်ဝင်စား ထာသိတော့ မနေနိုင်မထိုင်နိုင်ဖြစ်နေရတာလဲ၊ ဝမ့်ရင်းရဲ့ အရာအားလုံးကို သူတစ်ယောက်တည်းအတွက်ပဲဘာလို့ဖြစ်စေချင်ရတာလဲ။ 

တကယ်လို့..........

"ဝမ့်ရင်း ကိုယ်အမှားပါ ဝမ့်ရင်းကို ဘာလုပ်ညာလုပ်လို့ပြောခွင့်မရှိဘူး ဒါပေမဲ့ ဝမ့်ရင်း အခုချိန်ကစလို့ ဝမ့်ရင်းမမေ့နိုင်တဲ့သူကို မေ့နိုင်အောင် ကူညီပေးမယ်"


ဇယ်ဝူကျွင်း ခင်ဗျားကပြောလေဆိုးလေပါလား... ကျွန်တော်ဘယ်နှခါပြောရမလဲ မလိုဘူးလို့ .......အဲ့အကြောင်းဆို......


သူ့လောက်ပေးဆပ်မှုတွေကို ခုချိန်ထိကိုယ်ဝမ့်ရင်းကိုမလုပ်ပေးဘူးပေမဲ့ ကိုယ်သူ့ထက်ဝမ့်ရင်း ရဲ့ ဘဝမှာ အရေးပါတဲ့သူဖြစ်ခွင့်ရှိမလား


ဘာ.....ဇယ်ဝူကျွင်း ..... ဘာပြော...


လန်ရှီးချန် စကားများကြောင့် အံဩနေသော ဝမ့်ရင်းလက်များကို တယုတယကိုင်ကာ မျက်လုံးလေးများကိုစူးစိုက်ကြည့်ရင်း မကြာခင်ကမှ သေချာသွားသော သူ့ခံစားချက်များကိုဖွင့်ဟဝန်ခံမိသည်။ကျန်းဝမ်ရင်း ကိုယ်မင်းကိုမြတ်နိုးတယ်။


ကျန်းချန် ကြားလိုက်ရသောစကားများကြောင့် သူအိမ်မက်များမက်နေသလားဟုပင်ထင်မိသည်။လန်ရှီးချန် ထိုင်ရာမှထကာ ကိုယ်ကိုကိုင်းကာ ဝမ့်ရင်းရဲ့နဖူးလေးအား ညင်သာစွာနမ်းလိုက်မိသည်။


ကိုယ်ပြန်ပြီး စီစဉ်စရာရှိတာ စီစဉ်လိုက်အုံးမယ် ဟုဆိုကာ ပြန်သွားသောလူသားအား ကျန်းချန် ကြောင်ကာ ဘယ်လောက်ကြာအောင်ကြည့်နေမိသည် မသိ။


မြတ်နိုးတယ်.......မြတ်နိုးတယ်.....လို့ပြောသွားတာလား ......ငါ့ကိုလေ...... ဇယ်ဝူကျွင်းက......ဘယ်လိ်ုလုပ်ဖြစ်နိုင်မှာလဲ.......မဟုတ်နိုင်တာ.....


ကျင်းလင်ဆော့တာ ဝသွားသော ကြောင့် ထမင်းစားရန် သူ့ဦးလေး ဒေါသအိုးအားခေါ်ရန်အလာ အခန်းထဲထိုင်ကာ နီးမြန်းနေသော မျက်နှာနှင့် ပွစိပွစိရွတ်နေကာ ခေါင်းတခါခါတရမ်းရမ်းဖြစ်နေသော ကြောင့် ကျင်းလင် စိတ်မကောင်းဖြစ်သွားသည်။ 

ထို့နောက် ဝင်ရန်မဝင်ရန် တော်တော်စဉ်းစားသွားပြီးနောက် ပြန်လှည့်ထွက်လာခဲ့သည်။

"ကျင်းလင်း ဘာလို့မင်းတစ်ယောက်တည်းလည်း မင်းဦးလေးကော" စူပုတ်နေသော ကျင်းသခင်မလေးကို လန်ကျင်းရီ မေးခွန်းထုတ်လိုက်သည်။


"စစ်ကျွင်း ငါ့ကိုလေ လန်ဂိုဏ်းက ဆေးဆရာဆီမှာ ယားတဲ့အမှုန့်လေးတောင်းပေးပါလား""အင်း တောင်းပေးမယ်လေ ဘာလုပ်မို့လဲ"


စစ်ကျွင်းရဲ့အမေးကို မဖြေဘဲ မျက်မှောင်ကြုတ်နေသော ကျင်းသခင်မလေးကို လန်ကျင်းရီပီသစွာပင် အားပေးအားမြောက်လုပ်နေသည် ...ပိုသေချာအောင်ပြောရရင်တော့ ပိုဒေါသထွက်အောင်ပါ။


"ဘာလဲ မင်းကိုဘယ်သူရန်စပြန်ပြီလဲ မင်းကလဲ အမြဲတွေ့တဲ့သူတိုင်းကို မတူသလိုမတန်သလိုလုပ်နေတာကို... စိတ်မပူနဲ့ငါတို့ဆေးဆရာကိုပြောပေးမယ် ဒီတစ်ခါဆေးကိုနှစ်ဆပြင်းအောင်လုပ်ပေးပါလို့"ဟိုတစ်ခါသူတို့ အဖွဲ့အား အားရပါးရစောင်းမြောင်းပြောနေသော တခြားဂိုဏ်းမှ ဂိုဏ်းသားကိုလည်း ညဘက်တစေ လိုက်ရင်းနှင့်ပင် ယားဆေးမှုန့်များဖြူးကာ ဒဏ်ပေးဖူးသောကြောင့်ဖြစ်သည်။ 

အခုလည်း အဲအတိုင်းထင်ကာ အိုးရန်ဇီကျန်းက ထပ်လောင်းပြောလိုက်သည်။

"ကျင်းရီ နှစ်ဆကနည်းတယ်လေးဆ ငါးဆလောက်လုပ်ပါ ဒါမှ ကြည့်ရှုမလှဖြစ်နေမှာ""ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်."


"မင်းတို့သေချာတယ်နော် ပြီးမှ မကူညီဘူးမလုပ်နဲ့""စိတ်ချ ငါတို့သေချာကူညီမယ် "


"ငါမယုံဘူး ခုချက်ချင်း သွေးစာချုပ်ရေး""မင်းကလည်း ဒါလေးကို သွေးစာချုပ်တောင် ဆိုတော့ မင်းအဲ့တစ်ယောက်ကိုတော်တော်ကြည့်မရတာဖြစ်မယ် "


"သွေးထွက်မှာကြောက်ရင်လည်း မလုပ်နဲ့လေ ယောကျာ်းမဟုတ်တာကြနေတာပဲ""အားလင် ကျင်းရီတို့မကူညီရင်လည်း ငါမင်းကိုကူညီမယ်"


လန်စစ်ကျွင်း ကျင်းလင်ကိုကြည့်ကာ ပြုံးပြီးပြောလိုက်သည်၊ အားလင်ကမပြောတောင် အားလင်ကို စိတ်မကောင်းဖြစ်အောင် လုပ်တဲ့သူကို အနည်းနဲ့အများတော့သူပညာပေးမိမှာအမှန်ပင်။


"မင်းက ကူညီမယ်မှန်းသိတယ် ဟိုနှစ်ကောင်သာလုပ်ခါနီးမှ သူရဲဘောကြောင်ပြီး တခြားသူလက်ထဲထိုးတည့်ပြီးထွက်ပြေးသွားမှာကြောက်လို့ ""ကျင်းလင် မင်း!!!"


"မဟုတ်လို့လား ဟိုတစ်ခါ ဆေးမှုန့် ဖြူးခါနီးမှ ဗိုက်နာတယ်ဆိုပြီးပျောက်သွားတာ ဘယ်သူတွေလဲ... ပြောလေ.....""ရေးဆိုရေးမယ်ကွာ အပိုတွေ လာဇီကျန်း "ဟုဆိုကာ လန်ကျင်းရီနှင့် အိုးရန်ဇီးကျန်းတို့နှစ်ယောက် ရေးလိုက်ပြီး နောက်မှ စစ်ကျွင်း ကရေးလိုက်သည်။

 လန်ကျင်းရီနှင့် အိုးရန်ဇီကျန်း ကတော့စိတ်ထဲကနေ ကျင်းလင် အားပျစ်ပျစ်နှစ်နှစ်ပြောလိုက်သည် ........... အဲတာမင်းဦးလေး .......အချစ်တုံးကြီးကြောင့် လေ ငါတို့ကိုဟန်ကွမ်ကျွင်း ချက်ထားတာဆိုပြီး ဖက်ထုတ်ကို လိမ်သာမကျွေးခဲ့ရင် ....နေနှင့်အုံး ...ပြီးမှတွေ့မယ်။

ကျင်းလင်ကတော့ ထိုစာချုပ်လေးကိုသေချာသိမ်းကာ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။ တကယ်လို့များ ရေးနေသော ကောင်လေးသုံးယောက် သာထိုဆေးမှုန့်က ဘယ်သူ့အတွက်လဲဆိုတာသာသိခဲ့ရင် သူ့ အား အသေအချာပင် ကောင်းချီပေးမှာသေချာနေသည်။ ဘယ်လိုမျိုး ဦးလေး ရဲ့တူပီသလည်းဆိုတာပင်ဖြစ်သည်။

Continue Reading

You'll Also Like

499K 67.4K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
95.5K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
115K 10.9K 29
သူကငါ့အပိုင်ဆိုတာ မင်းတို့လက်မခံချင်လည်းလက်ခံရမှာပဲ !
33.7K 3.2K 25
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...