Is That Love!
By bubble7clover
28.2K 2.4K 163
ထွက်သွားသော သူ၏ ကျောပြင်အားကြည့်ရင်း ချစ်ခြင်း အဲလောက်နာကျင်စေတာလား? More
Notice!
1
2
3
4
5
6
8
တောင်းပန်လွှာ
update.... ဟုတ်ဘူး ....request ပါလို့
9
10
11
.............
!!!
7
1.7K 225 32
By bubble7clover
"မဟုတ်ဘူး..."
"ရှီးချန်..."
"မင်း"
"ဘာ!"လန်ချီရန် အသက်ရှုရပ်ကာ တောင့်သွားသည်မှာ ဘယ်လောက် ကြာသွားသည် မသိ၊ အသိစိတ် ကို မနည်း စုစည်းပြီးသည့် အချိန်တွင်တော့ ကိုယ်တော်ချောက အိမ်မက်ကမာကိုတောင် အလည်တစ်ခေါက်ရောက်နေပြီဖြစ်သည်။
အခုလည်း လက်ကနေဆွဲနေတာတောင်မှ ကိုယ့်ကို မျက်စောင်းထိုးကာကြည့်နေသာ ကြောင့် အမြင်တွေအားရပါရကပ်ကာ ဇက်ပိုးအုပ်ပြီး မေ့အောင်လုပ်ကာ သူခိုးသူဝှက်လို တူတော်မောင် ကိုသယ်ကာ ကူးစူးကို အမြန်ပြန်နေရသော ကိုယ့်အဖြစ်ကိုယ့်ကြည့်ကာ ငိုချင်းတောင်ချချင်နေပြီဖြစ်သည်။ 
Unicode
ထိန်ထိန်သာနေသော လမင်း၏အလင်း ရောင်ဖြာကျနေသော သည့် အပြင် ညင်သာစွာတိုက်ခတ်နေသော လေပြေလေးကြောင့် သာယာလှသော နေရာ လေးတစ်ခုဟုပြောမှာ မလွဲမသွေဖြစ်သော ကူးစူးတွင် ထိုသဘာဝများကို ခံစားနိုင်ဘဲ သန်းခေါင်ချိန်ရောက်မှာကို တွေးရင်း မျက်နှာတွင် မနှစ်မြို့ခြင်းများ ပြည့်နှက်နေသော လန်ချီရန်တစ်ယောက် တခါးပေါက်ကို စိတ်ရှုပ်ရှုပ်ဖြင့်ကြည့်နေသည်။
သိပ်မကြာပါ သူမလာပါစေနဲ့ဟုဆုတောင်းနေသော ကိုယ်တော်လေးက အပြုံးရေးရေးလေးဖြင့် သူ့အား ကြည့်နေသည်။ သူ့တစ်သက်တာတွင် နောင်တအရဆုံး အလုပ်ကဘာလဲဟု လန်ချီရန် အား တခြားသူများက မေးခွန်းထုတ်ခဲ့လျှင် သူ၏အဖြေက အသေအချာပင် တူတော်မောင် လန်ရှီးချန်အား ယွင်မုန့်ကို သွားကာ အတင်း မွေးနေ့အတွက် ဖိတ်ခိုင်းခဲ့ခြင်းပင်ဖြစ်သည်။
နဂိုက နူးညံသော အပြုံးဖြင့် နာမည်ကြီးသော တူတော်မောင် အခုတော့ လန်ရှီးချန်ရဲ့ အပြုံးကိုမြင်တာနှင့်ပင် လန်ဂိုဏ်းသားများ တုန်တောင်တက်နေသည်။ အမျက်တရားကြီးသော ဝိညာဉ်ထက် တူတော်မောင်ရဲ့အေးစက်သော အပြုံးက ဆယ် ဆပိုကြောက်ဖို့ကောင်းသောကြောင့် လို့ ဂိုဏ်းသားတွေကွယ်ရာ မှာပြောတာက်ို လန်ချီရန် အားရပါးရထောက်ခံမိသည်။
အခုလည်း မိမိ ရှေ့တွင် ပြုံးကာ ရပ်နေသော ကိုယ်တော်ချော လေး ကို ကြည့် ရင်းလန်ချီရန် ကြက်သီးများ ပင် တဖြန်းဖြန်းထလာသည်။
ကိုယ်တော်ချောလေး အရူးလို ကြည့်နေပြီဆို သေချာပြီလေ သေရည်သောက်လာခြင်းဖြစ်သည်။ လန်ချီရန် ကိုယ်တိုင် ချထားသော စည်းကမ်းကိုပဲ အပြစ်တင် ရမည်လားဘာလား မသေချာတော့ ဘာလို့ သူ့တူ နှစ်ယောက် စလုံး အရက်သောက်လိုက်ရင် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်နေမှန်းမသိ။
လန်ရှီးချန် ကလည်း သောက်ပြီးရင် ဘယ်သူ့ဆီမှ မသွား ဘဲ ကိုယ့်ဦးလေး ဆီပဲလာ ကာခေါင်းခဲ အောင်၊ ပြီးရင် စည်းကမ်းတွေ တသီတတန်းဖောက် ပြီး ကိုယ့်ဦလေးကို အလိုတူအလိုပါ ဖြစ်အောင် ကြံသည်။ ဒါတောင်မှ လန်ဂိုဏ်းချုပ်ဖြစ်နေလို့ မဟုတ်ရင် ကူးစူးကပြောင်းပြန်ဖြစ်နေလောက်ပြီမှတ်မိသေးသည် ယွင်မုန် ကို သွား ခိုင် လိုက်သောကြောင့် ဘယ်အချိန် ပြန်လာမလဲဟု မျှော်နေကာ ရောက်ချလာသော အချိန်က အိပ်ကောင်းသော မနက် ဒါတွင် မကသေး အမူးသမား လေးက "ဦးလေး ဝေ့ဝူရှန်းကို မုန်းနေတာမလား ကျွန်တော်လည်းမကျေနပ်ဘူး အဲဒါကြောင့် သူရဲ့ ရတနာလေးတွေ သွားဖျက်ဆီးမယ်" ဟုဆိုကာ ဆွဲကာခေါ်သွား သည်။
ပြီးတော့ ထိန်းမရ သိမ်းမရ ရှိသမျှ အရက်တွေ အကုန် သောက်ရုံ မက သူ့ကိုလိုက်ထိန်းနေလို့"ဦးလေးကပျော်ဖို့မကောင်းဘူး " ဟုပြောကာ သကောင့်သားက အကြောပိတ်လိုက် သောကြောင့် သောင်းကျန်း သမျှကို သာ ဒေါသထွက်ထွက် ကြည့်နေရသည်။
မလှုပ်နိင် ဒေါသထွက်ရုံသာတတ်နိုင်ပြီး ပြောသော တောင်စဉ်ရေမရ စကား တွေလည်းနားထောင်ပေးခဲ့ရသေးသည်။
"ဦးလေး ဘာလို့ ကျန်းဂိုဏ်းချုပ်က ဝေ့ဝူရှန်းကို သဘောကျနေတာလဲ"
လန်ချီရန် တစ်ယောက် ခပ်ချဉ်ချဉ်ဖြစ်လာသော ကြောင့် ဘုပြောဘောက်ပြော ဖြေလိုက်သည်။"မင်းမသိဘူးလား မင်းပြောသလို ဝေ့ဝူရှန်းက တော်တယ် ဥာဏ်ကောင်းတယ် အကျင့်လည်းမဆိုးဘူး ရုပ်ရည်လည်းရှိ...."
"မဟုတ်ဘူး..."စကားတောင် မဆုံးသေ နင်းကန် ဖြတ်အော်လိုက်သော လန်ရှီးချန်ကြောင့် လန်ချီရန် ရှိသမျှ သွေးများ ပြောင်းပြန် စီးသွားသလိုတောင်ခံစားလိုက်ရသည်။
"ရှီးချန်..."
ခု သူရှေ့တွင် ရပ်နေသော သူမှာ လန်ရှီးချန် မှ ဟုတ်ပါလေစဟုပင် တွေးသွား ရသည်။ လန်ရှီးချန် စကား ကျယ်ကျယ် တောင် သိပ်မပြော သူဒေါသထွက်မှ သာပြောခြင်းဖြစ်သည်။ လန်ရှီးချန် ဒေါသထွက် တာကို လန်ချီရန် တသက်တွင် တစ်ခါမှ မမြင်ဘူးပါ။
"ရှီးချန် ကျန်းဂိုဏ်းချုပ် ဘယ်သူ့ကိုကြိုက်ကြိုက် မင်းနဲ့ဘာဆိုင်လို့လဲ မင်းနှစ်သက်တဲ့သူက ကျင်းကွမ်ယောင် မှတ်လား"
လန်ချီရန် ဒေါသထွက်ပြီး ပြောသာပြောလိုက် ရသည် တူတော်မောင် ပါးစပ်ကထွက်လာမည့် အဖြေကို တော့သူထင်သလို မဟုတ်ပါစေနဲ့ဟုသာ ဆုတောင်းနေရသည်။
" ကျန်းဂိုဏ်းချုပ်က ........ဆိုင်တယ် ........ ပြီးတော့ ဘယ်သူကဦးလေးကို ပြောလည်း ကျွန်တော် ကွမ်ယောင် ကို ကြိုက်တယ်လို့ ၊ ကျွန်တော် က ကွမ်ယောင် ကိုဝမ်ကျီလို ပဲ ညီလေးလိုပဲ သဘောထားတာ။ အဲဒါဦးလေးကြောင့် "
"ဟမ် ငါနဲ့ဘာဆိုင်လို့လဲ""ဆိုင်တယ် ဦးလေးသာ ရှောက်ပြီး ကျွန်တော် ကွမ်ယောင်ကိုတွေ့မှာကို မသိရင် သမီးရည်းစား ခိုးတွေ့သလို လိုက်ထိန်းနေလို့အဲလို သတင်းတွေထွက်တာ "
"မင်း"လန်ချီရန် ပြောမည်ဟုပြင်ထားသော စကားများတောင် လည်ပင်းတွင် တစ်သွားသည်။
"ပြီးတော့ ကျွန်တော် ကွမ်ယောင် ကို သဘောကျရင် သူကျွန်တော့ရဲ့နဖူးစည်းကိုတောင်း တုန်းက ပေးပြီးပြီပေါ့ ကျွန်တော်က ငြင်းလိုက်တယ် ဘာလို့ဆို ကျန်းဂိုဏ်းချုပ်ကိုပေးချင်လို့" ။
"ဘာ!"လန်ချီရန် အသက်ရှုရပ်ကာ တောင့်သွားသည်မှာ ဘယ်လောက် ကြာသွားသည် မသိ၊ အသိစိတ် ကို မနည်း စုစည်းပြီးသည့် အချိန်တွင်တော့ ကိုယ်တော်ချောက အိမ်မက်ကမ္ဘာကိုတောင် အလည်တစ်ခေါက်ရောက်နေပြီဖြစ်သည်။
မနက်ရောက်တော့လည်း အမွေကောင် ဝေ့ဝူရှန်းရဲ့ စွပ်စွဲချက်တွေ ကို မတရားခံရသေးတယ် တူတော်မောင် အကောင်းစားလေး ကတော့ မေ့ယုံမရုံ သူသောင်းကျန်တာကို သတိမရတဲ့အပြင် ကိုယ့်ဦးလေး ကို လည်း သံသယ မျက်လုံးတွေနဲ့ပါကြည့်သေး။
မွေးနေ့ ရောက်တော့ လည်းကိုယ့် မှာကောင်းကောင်း မနေရ ယွင်မုန့်လို့အသံကြားတာနဲ့ မျက်လုံး ဂနာမငြိမ် ဖြစ်နေတဲ့ တူတော်မောင် အကောင်းစားလေး ကို ကြည့်ရသေးတယ် မဟုတ်တရုတ်တွေပြောလို့ ကျန်းဂိုဏ်းချုပ် က ဒေါသမထိန်းနိုင်ရင် ဂိုဏ်းနှစ်ဂိုဏ်းမျက်နှာပျက်ရမှာစိုးသောကြောင့် ရင်တမမနှင့်ကြည့်ရသေးသည်။
ကျင့်ကြံခြင်းလောကတွင် ဥာဏ်ကောင်းပါသည် ဆိုသော တူတော်မောင်း ၏ ပိန်းတကာ့ပိန်း သရဖူဆောင်းနေမှုကိုလည်း ထိုနေ့မှပင် မျက်ဝါးထင်ထင်မြင်ရခြင်းဖြစ်သည်။
ညဘက်ရောက်တော့ လည်း လန်ချီရှန် တစ်ယောက်ကောင်းကောင်းမနားရပေ။ ညသန်းခေါင် အရောက် ကိုယ်တော်ချောကတ ပြုံးပြုံးနှင့် သရဲ စစ်သူကြီး ဝမ်နင် ကို သရဲနှင်မယ် လုပ်နေလို့ မနည်းတားလိုက်ရသေး။
အခုကော ဘာထူးလည်း ဝေ့ဝူရှန်း ယွင်မုန့်ကို သွားတာ သူမသိအောင် လုပ်ထားတာကို သိသွားပြီ ကိုယ့်ဦးလေးကို မျက်တောင့်နီဖြင့် ကြည့်ကာဝှစ်ခနဲထွက်သွားတာကြောင့် ကိုယ့်မှာ အမြန်နောက်က လိုက်ထိန်းရတယ်။
 ဝေ့ဝူရှန်း အခန်းထဲ ဝင်သွားတာ ကြာလို့ အခန်းထဲဝင် မယ်ဟု သောင်းကျန်းနေလို့ မနည်းတားယူရသေးတယ်။ အမွေစိန်ကအခန်းထဲကလည်း ထွက်ရော လန်ရှီးချန် ကျန်းဂိုဏ်းချုပ် နား ဘယ်အချိန်ရောက်မှန်းမသိရောက်ကာ အငေးကောင်းနေတယ်လေ။
လန်ချီရန် ဝေ့ဝူရှန်း ကို အမြင်ကပ်တာထက် အခု တူတော်မောင်ကို အဆနှစ်ရာ၊ထောင်၊သောင်းမက အမြင်ကပ်နေပြီ။ မသိရင် တကမ္ဘာလုံးက ခွဲလို့ကွဲနေတဲ့ အတွဲ ကျနေတာပဲဖြစ်နေတာ။ တကယ်က သူတို့ဘာသာသူတို့ကြိုက် တာကို ဖွင့်မပြောပဲ ဖြစ်နေကြတာ။ ပြီးတော့ ဘယ်ကနေ ကျန်းဂိုဏ်းချုပ်မှာ သဘောကျတဲ့သူ ရှိတယ် လို့ ကြားသွားလည်း မသိ အခန်းပိတ် နေရာကနေ ထွက် လာပြီကတည်း ကပင် ယွင်မုန့် မှာ တချိန်လုံး နီးပါးပဲ။ 
သူ့ဘာသာသူ အေးအေးဆေးဆေး နေနေတဲ့သူကို သွားချုပ်ချယ်နှောင့်ယှက် ပြီး မကြိုက်နဲ့ဘာနဲ့ သွားပြော။ ပြီးရင် သနားစရာကောင်းအာင် ခံစား ပြ ဖြစ်နေတာ ကြည့်လို့ကိုမရ ပြီးတော့လည်း ခံစားတာလည်း ကျန်းဂိုဏ်းချုပ် လို ကိုယ့်ဘာသာကိုယ် ခံစားတာမဟုတ် ဦးလေးဖြစ်သူ ကိုပါ မရမက သေဖော်သေဖက် ကညှိသေး။
ကျင့်ကြံခြင်းလောက မှာသမာသမတ်ကျပြီး ဖြောင့်မတ်သည်ဆိုသော လန်ချီရန် တစ်ယောက် အခုတော့ လိမ္မာသည် သိတတ်သည်ဆိုသော တူတော်မောင်အနှစ်ကလေးကြောင့် အရက်ခိုးသောက်တာကိုလည်း ဘာမှမလုပ်နိုင် ထိုင်ကြည့်ဖူးပြီး၊အလိမ်ပေါ်မှာ စိုးလို့လည်း ဖုံးဖိပေးရသေး၊ တူတော်မောင်၏ အသဲကွဲဇာတ်လမ်း လား ဘာဇာတ်လမ်း လား မသိတာ ကိုလည်း း နားထောင် ပေးဖူးပြီး၊ ယွင်မုန့်ကိုလည်း သူခိုးလိုခိုးဝင်ဖူးသွားပြီဖြစ်သည်။
အခုလည်း လက်ကနေဆွဲနေတာတောင်မှ ကိုယ့်ကို မျက်စောင်းထိုးကာကြည့်နေသာ ကြောင့် အမြင်တွေအားရပါရကပ်ကာ ဇက်ပိုးအုပ်ပြီး မေ့အောင်လုပ်ကာ သူခိုးသူဝှက်လို တူတော်မောင် ကိုသယ်ကာ ကူးစူးကို အမြန်ပြန်နေရသော ကိုယ့်အဖြစ်ကို်ယ့်ကြည့်ကာ ငိုချင်းတောင်ချချင်နေပြီဖြစ်သည်။ ခုနေ တခြားဂိုဏ်းကသာ သိသွားကြည့် လန်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ဆိုကာ မြောင်းထဲမဟုတ် အဝိစိထဲ ရောက်ပြီး ပြန် အဖက်ဆယ်လို့မရမှာ အသေအချာပင်။
လန်ချီရန် တူတော်မောင် ကို မဟားတရားကွဲပြဲခံစားနေရအောင် လုပ်ချင်သော်လည်း လုပ်လိုက်ရင် တကယ်ခံစားရမည့်သူမှာ မိမိသာဖြစ်သောကြောင့် အောင့်အည်းသည်းခံလိုက်ရသည်။
ကျန်းဖုန်းမြင့် မင်းကလေ ငါ့ရဲ့သူငယ်ချင်းမို့လို့သာပဲ မင်းမွေးထားတဲ့သားတွေ က ဘာမှ မလုပ်ပဲနဲတောင် ငါ့တူတွေမှာ ခံနေရတာဆိုတာ .....ရန်သူများသာဆိုရင်တော့....... မတွေးရဲစရာပဲ။
Continue Reading
You'll Also Like
10.8K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
498K 67.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
304K 52K 64
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
169K 12.1K 49
ត្រូវចាំទុកថាគីមថេហ្យុងគឺជារបស់ខ្ញុំតែម្នាក់គត់បើអ្នកហ៊ានប៉ះគេប្រៀបដូចអ្នកហ៊ានប្រឡែងនិងភ្លើងអញ្ចឹងហើយភ្លើងដូចជាខ្ញុំក៏និងដុតកម្លោចអ្នកតែម្ដង បើជឿប៉ះព...