ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၅ ( ၁၁ + ၁၂ )

10.1K 1.3K 79
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   15
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၅၊ အခန္း ၁၁။ ခြံ့ေက်ြးၿခင္း

သံုးမိနစ္အၾကာ ။

ရီ၀မ္၀မ္၊ ၿပန္ေႏြွးထားသည့္ထမင္းခ်ိဳင့္နွင့္ ၿပန္ထြက္လာၿပီး စီရီဟန္ဆီ တန္းတန္းမတ္မတ္ၾကီး ေလွ်ာက္သြားလိုက္ေတာ့ကာ၊ သူ့နံေဘးက ထိုင္ခံုတစ္လံုးကို ဆြဲထုတ္လုိက္ေတာ့ၿပီး ထိုင္ခ်လုိက္ေတာ့သည္။

ရီ၀မ္၀မ္၊ ရုတ္တရက္ၾကီး ေရာက္ခ်လာေလရာ၊
လူတုိင္း၏မ်က္လံုးတို့မွာ ခ်က္ခ်င္းပင္ သူမေပၚ စုၿပံဳေရာက္ရွိသြားၾကေတာ့သည္။

အစီရင္ခံစာတင္ၿပေနသည့္ ၀န္ထမ္းတစ္ေယာက္၏အသံသည္လညး္ တန့္ခနဲ ရပ္သြားရေတာ့ေခ်ၿပီး ရြွီရီအား မတတ္နုိင္စြာ ၾကည့္လာေတာ့ ေခ်၏….

ရြွီရီကား ဆြံအမင္သက္လုိ့ ေနမိလ်က္။
ရီ၀မ္၀မ္သည္ ဘာလုပ္ဖုိ့ စီစဥ္ေနသည္လဲဆုိသည္ကို
သူ မသိၿဖစ္လုိ့ေနရငး္။

ဒီမိန္းမ မနက္က ဖုန္းေခၚလာကတည္းက တစ္ခုခုမ်ား မွားေနတာလား။

ရီ၀မ္၀မ္၊ သူမအား စိုက္ၾကည့္ေနၾကသည့္လူအားလံုးအား ၾကည့္လိုက္ၿပီး။ “လုပ္စရာရွိတာ ဆက္လုပ္ၾကပါ”

သူမ ေၿပာေၿပာဆုိဆုိပင္၊ ဇြန္းအား ယူလုိက္ေတာ့ၿပီး ထမင္းတစ္ဇြန္းအၿပည့္ ခပ္ယူလုိက္ေတာ့ကာ၊ ဒီေနာက္ စီရီဟန္၏ပါးစပ္ထဲ ဦးတည္လာေတာ့ေလရာ။

စီရီဟန္၊ အ့ံၿသသြား၇ေတာ့၏။ သူ၏ေမွာင္မည္းေနသည့္ မ်က္၀န္း တုိ့သည္ မေသခ်ာမႈအေငြ့အသက္တစ္ရပ္နွင့္အတူ သူ့နံေဘးမွာ ရွိေနပါသည့္ မိန္းကေလးအား စုိ္က္ၾကည့္လာေလၿပီ။

ခြံ့ေက်ြးဟန္ကိုယ္ေနဟန္ထားအတုိင္း ရွိလုိ့ေနပါသည့္ ရီ၀မ္၀မ္။ ရႈပ္ေထြးသည့္အမူအရာၿဖင့္ သူမအား စိုက္ၾကည့္လုိ့ေနပါသည့္ စီရီဟန္အား အမူအရာမရွိစြာ ၾကည့္လုိက္ေတ့ာၿပီး၊
သူမ ေၿပာလာသည္ကား။
“ဘာပဲၿဖစ္ၿဖစ္ ဒီတစ္နာရီလံုးလံုးမွာ ရွင္ ၈ ၾကိမ္ေလာက္ပဲ စကားေၿပာရ ေသးတယ္ - စုစုေပါင္း စကား ၄၇ လံုးထဲရယ္ - ထမင္းစားတာေလာက္ နဲ႔ ရွင့္ရဲ့ေဆြးေႏြးတာကို မထိခုိက္နုိင္ဘူး ၊ ဟုတ္တယ္မလား”

စီရီဟန္၊ လႈပ္ရွားလာၿခင္းမရွိသည္ကုိ ၿမင္လုိက္ေတာ့သည္နွင့္၊
ရီ၀မ္၀မ္ ၊ သူမရဲ့ဇြန္းကို နည္းနည္းကပ္သြားေတာ့ၿပီး၊
သူ့အား ဖတ္လုိ့ရသည့္အၾကည့္တစ္ခ်က္ ေပးလိုက္သည္ကား ။
“ရွင္ မစားရင္ ေသမယ္” ဟူ၍။

စီရီဟန္၊ ထုိမိန္းကေလး၏မရြွင္မပ်ၿဖစ္သြားသည့္ မ်က္နွာေလးအား စုိက္ၾကည့္လုိ့ေနမိရင္း၊ အခ်ိန္အၾကာၾကီးၾကာေအာင္ ၾကာၿပီးသည့္ ေနာက္တြင္မွ ေနာက္ဆံုးတြင္ နာနာခံခံၿဖင့္ သူရဲ့ပါးစပ္အား ဖြင့္ေပးလာေခ်သည္။

အစဦးက ညိႈးငယ္ဟန္ၿဖစ္သြားသည့္ ရီ၀မ္၀မ္၏မ်က္နွာေလးမွာ ယခုတြင္ အနည္းငယ္ ေႏြးေထြးလာေတာ့ၿပီ ။

အလွေလးတစ္ပါးက သူတုိ့၏သူေဌးအား ထမင္းခြံ့ေက်ြးေနသည္ကို ၾကည့္ေနၾကရသည့္ တၿခားေသာသူတုိ့သည္လည္း ဆြံ့အကုန္ၾက ေတာ့ေလၿပီ….

အမ္…ငါတုိ့ရဲ့ေဆြးေႏြးတာကို မထိခိုက္ဘူးတ့ဲလား…?

တည္တည္ၿငိမ္ၿငိမ္ေဆာင္ထားေနခဲ့ပါသည့္ ခ်င္းရူရွီသည္ပင္၊ ဒီအခုိက္တြင္ေတာ့၊ စီရီဟန္အား ခြံ့ေက်ြးေနပါသည့္ ရီ၀မ္၀မ္အား ၾကည့္ေနရင္း၊ ေနာက္ဆံုးတြင္ သူမရဲ့အမူအရာမွာ အနညး္ငယ္ ပ်က္ယြငး္လာေတာ့ေခ်ၿပီ။ သူမ ေၿပာလုိက္ပါ၏။
“က်ြန္မ ေပါ့ေလ်ာ့သြားမိတာပါ ။ ကြၽန္မ ေမ့သြားမိလို႔
ဥကၠဌ စီ က အခုထိ ညစာမစားရေသးပါဘူး”

လ်ိဳယင္၊ နႈတ္ခြန္းတုိ့ တီမထင္တြန့္ကံုးေနေခ်ၿပီ။ သူ့ရဲ့မ်က္လံုးတုိ့သည္ကား မနွစ္ၿမိဳ့ၿခင္းတုိ့အၿပည့္သားၿဖင့္။

ဒါအတြက္ ဒီကို ေရာက္လာတာလား- ဘယ္သူ့အတြက္နဲ့ ရိႈးလာ လုပ္ေနတာလဲ။ မင္းအပို္င္ၿဖစ္ေၾကာင္း ေၾကညာေနတာလား။

ခ်င္းရူရွီ ေၿပာလုိက္သည္ကို ၾကားလုိက္သည္တြင္ေတာ့
ရြွီရီရဲ့မ်က္လံုးတုိ့ ေၿပာင္းလဲသြားရေတာ့ၿပီ။

ဘာလို့မ်ား သခင္မေလး ရူရွီရဲ့အသံက….သူမ တစ္ခ်က္ေလး သတိလြတ္သြားမိလု့ိ သခင္ေလး ၉ ညစာ မစားရေသးသလိုလုိ …..ေပၚေနရတာလဲ….

အမွန္တရားသည္ကား သူ့သခင္ေလးသည္ လံုး၀ကို အလုပ္ပိေနသူ တည္း ၿဖစ္ေခ်၏ - သူ အလုပ္စလုပ္ၿပီဆုိသည္နွင့္ သူ့အား ဘယ္သူ ကိုမွ ေနွာက္ယွက္ခြင့္မၿပဳေတာ့ၿခင္းပင္၊ သခင္မေလး ရူရွီ ေတာင္မွေပါ့။

သခင္မေလး ရူရွီ သည္ သူ့သခင္ေလး၏ေဘာင္ကို အလြန္တရာ ရွင္းရွင္းလင္းလငး္ သိထားသူပင္ ။ ထုိ့ေၾကာင့္၊ သူမ ၀င္မဟန့္တား မေနွာင့္ယွက္မိေစဖုိ့ရာကို အလြန္ေကာင္းေကာင္းၾကီး သိထားသည္ တည္းပင္။

သို့ေသာ္၊ အခုတြင္ေတာ့၊ ရီ၀မ္၀မ္သည္ သူ့သခင္ေလး၏ အေရးၾကီး လွပါသည့္ေဆြးေႏြးၿခင္းအား အမွန္တကယ္ပင္ ၀င္ေနွာင့္ယွက္ရဲေန ေခ်ၿပီး သူ့အား စတင္ပင္ ထမင္းခြံ့ေက်ြးေနေလၿပီ။

ၿပီးေတာ့ သခင္ေလးက….စိတ္တုိသြားတဲ့ပံုေလးေတာင္ ေပၚမလာပါလား။

*အဟမ္း* “အားလံုးပဲ၊ ဆက္ျကပါ”

ရြွီရီ၊ လူတုိင္းအား ဆက္ၾကပါရန္ အခ်က္ၿပလုိ္က္ၿပီးသည့္ေနာက္၊ ေနာက္ဆံုးတြင္ေတာ့ သူတု့ိတေတြ အသိၿပန္၀င္သြားၾကေတာ့ၿပီး အလ်င္အၿမန္ၿဖင့္ပင္ အလုပ္ဘက္ဆီ ၿပန္လွည့္သြားၾကေတာ့ကာ အစီရင္ခံစာတုိ့ကို ဆက္ၿပဳၾကပါေတ့ာ၏။သုိ့ေသာ္ၿငား၊ ယခုတြင္၊ သူတုိ့ေတြသည္ အခ်စ္ေမာင္နွံငွက္နွစ္ေကာင္အား တစ္ခ်ိန္ၿပီးရင္း တစ္ခ်ိန္ ခုိးခုိးကာ မၾကည့္ဘဲမေနနုိင္ၾကေတာ့ေခ်ၿပီ။

ၾကည့္ရတာ သခင္ေလး ၉ က အဲဒီမိန္းမကို ေၿမွာက္စား
ေပးထားတယ္လုိ့ ေၿပာေနၾကတာ အမွန္ေတြပဲနဲ့တူတယ္။

ငါတုိ့ရင္း အင္အားၾကီးတဲ့သူေဌးမွာ ဒီလုိမ်ိဳး လူသားဆန္တဲ့ဘက္ၿခမ္းကို ငါတုိ့ေတြ ဘယ္တုနး္ကမ်ား ၿမင္ဖူးၾကလုိ့လဲ။

အစဦးတြင္ေတာ့၊ သူေဌးနွင့္သခင္မေလးခ်င္းတုိ့သည္ လိုက္ဖက္ညီ သည့္ စံုတြဲတစ္တြဲဟု သူတုိ့ေတြ ခံစားမိခဲ့ၾကပါ၏။ သုိ့ေသာ္၊ ယခုတြင္ ေတာ့၊ သူတုိ့ႏွစ္ဦးနွင့္ယွဥ္လုိက္ပါေသာ္၊ ဒီအခ်စ္ငွက္ေမာင္နွံသည္ကား ခ်စ္ခင္ၾကည္နာမႈၿပည့္ေနၾကသည့္ စံုတြဲတစ္တြဲနွင့္ ပိုလို့တူေခ်သည္ ပင္။

သူေဌးနဲ့ မိန္းကေလး ခ်င္းတု့ိက ၾကည့္ရတာ လုပ္ေဖာ္ကိုင္ဖက္သာသာေလာက္ပါပဲ…..

“ေနာက္ဆံုးေလးပံုပံုတစ္ပံုရဲ့ အက်ိဳးအၿမတ္ကေတာ့….”
ခ်င္းရူရွီ၊ သူမ၏အစီရင္ခံစာအား တင္ၿပေနၿခင္းပင္။ သိ့ုေသာ္၊ လမ္းတစ္၀က္မွာပင္၊ ရီ၀မ္၀မ္သည္ စီရီဟန္အား နံနံပင္တုိ့ ခြံ့ေက်ြးေတာ့မည္ကို ၿမင္လုိက္ေတာ့ရာ။
သူမ သတိတရနဲ့ လႊတ္ခနဲ ထုတ္ေျပာလိုက္ေတာ့၏ ။
“ဥကၠဌ စီ က နံနံပင္ မစားဘူး”

                   💖💖💖💖💖💖💖💖💖

စာစဥ္ ၁၅၊ အခန္း ၁၂။ ဒီေန့ ဓမၶတာလာေနတာလား။

ရီ၀မ္၀မ္၊ ဒါကို ၾကားလုိက္မိသည့္အခ်ိန္၊ အ့ံၿသသင့္စြာၿဖင့္ သူမရဲ့ေခါငး ္အား ေမာ့ၾကည့္လုိက္မိ၇င္း။ စီရီဟန္က နံနံပင္ မစားဘူးလား ?

ေထာင့္နားဆီက လ်ိဳယင္၊ တြန့္ခနဲ သေရာ္လာေတာ့သည္။
“သူမက သခင္ေလးရ့ဲ အစားအေသာက္ပံုစံကိုေတာင္မွ မသိထားပါလား….”

“ရွင္ နံနံပင္ မစားဘူးလား”
ရီ၀မ္၀မ္၊ စီရီဟန္အား ၾကည့္ကာ ေမးလုိက္ၿခင္းပင္။

စီရီဟန္၊ သူမအား ၾကည့္ကာ ပံုမွန္ေပါ့ေပါ့ပါးပါးေလး ၿပန္ေၿဖလာသည္ကား။  “အငး္”

“အိုး…”

တကယ္တြင္ေတာ့၊ ခ်င္းရူရွီသည္ သူ့အား ေကာင္းေကာငး္သိလုိ့ေနပါ၏။ သို့ေသာ္၊ ဤသည္ကား အံ့ၿသစရာမဟုတ္ေခ် - ရီ၀မ္၀မ္အေနၿဖင့္ စီရီဟန္အား သိလာခဲ့ရသည့္သူမရဲ့နွစ္ဘ၀လံုးစာကို ထည့္ေပါင္းရလ်ွင္ ေတာင္ ဒါသည္ ခ်င္းရူရွီ သူ့အား သိက်ြမ္းလာသည္ထက္ ပုိလို႔တုိေတာင္းေနေသးဆဲပင္ မဟုတ္ေပေလာ။

ရီ၀မ္၀မ္၊ တူတစ္စံုအား ၿပန္ရုတ္သိမ္းလို္က္ေတာ့ၿပီး ေနာက္ထပ္ေသာတစ္ခုခုအား သူ့ကို ခြံ့ဖုိ့ရာ ၿပင္လုိက္ပါ၏။

အဆံုးသတ္တြင္ေတာ့၊ သူမ တူတစ္စံုကို မရုတ္ရေသးခင္မွာပင္၊ ေၿပာင္သလငး္သြားေတာ့ေလၿပီ -- စီရီဟန္၊ အမူအရာတစ္ခ်က္ မေၿပာင္းဘဲ တူေပၚက နံနံပင္အား စားပစ္လုိက္ၿခငး္ပင္တည္း။

ရီ၀မ္၀မ္၊ အံ့အားသင့္သြားေတာ့ၿပီး စီရီဟန္အား
ထူးဆန္းစြာ ၾကည့္လုိက္မိေတာ့ေခ်သည္။ “…”

သူ အဲဒါကို မၾကိဳက္ဘူးလို့….ေၿပာလုိက္တာမဟုတ္ဘူးလား။

လ်ိဳယင္၏တီမထင္အၿပံဳးသည္လညး္ သူ့မ်က္နွာထက္ေပၚတြင္ ေတာင့္တင္းသြားရေတာ့ေခ်ၿပီ။ “…”

ရြွီရီကား တိတ္တိ္တ္ဆိတ္ဆိတ္ေလးၿဖင့္သာ
သူ့မ်က္နွာကို အုပ္ထားလုိက္မိေတာ့ရင္း။

ဒီလုိၿဖစ္လာလိမ့္မယ္ဆုိတာ ငါ သိေနတယ္….

အဓိကက ဟငး္ပြဲမဟုတ္ဘူး၊ ဘယ္သူခြံ့ေက်ြးတာလဲဆုိတာပဲ။

ရီ၀မ္၀မ္ မလႈပ္ေသးသည္ကို သူ ၿမင္လုိက္ေတာ့ရာ၊
စီရီဟန္၊ သူ့ေခါငး္ကို ေစာင္းငဲ့ၾကည့္လာေခ်ၿပီး ေတာင္းခံသည့္အၾကည့္တစ္ခု ေပးလာေတ့ာသည္။ ဆုိလုိသည္ကား….ဆက္ခြံ့ေက်ြးဟု။

ရီ၀မ္၀မ္၊ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္လုိက္မိေတာ့ရင္း။ တုံ့ဆုိင္းစြာၿဖင့္ သူ့အား ေနာက္ထပ္ေသာနံနံရြက္တုိ့ကို ခြံ့ေက်ြးလုိက္ ပါ၏။

ထပ္ဖန္ပင္၊ အမူအရာေၿပာင္းလဲၿခင္းမရွိဘဲ စီရီဟန္ စားလုိက္ၿပန္သည္။

သူတုိ့ရဲ့သူေဌးသည္ တမင္တကာသက္သက္ပင္
တစ္စံုတစ္ေယာက္ေသာသူအားေက်ာေထာက္ေနာက္ခံၿပဳေပးေနၿခငး္ၿဖစ္ၿပီး ခ်င္းရူရွီအား မ်က္နွာသာနဲနဲေလးမွ မေပးဘဲ ရုိက္ခ်ပစ္ေနၿခင္း ျဖစ္ေၾကာင္း လူတုိင္း ေၿပာနုိင္ၾကပါ၏။ ဒါသည္ကား ပမြွားအေသးအဖြဲ ကိစၥသာလွ်င္ ရွိေခ်၏။ သိ့ုေသာ္၊ သူသည္ ခ်က္ခ်င္းလက္ငင္းပင္ ဘယ္သူသည္က သူ မိသားစုလုိဆက္ဆံသည့္သူ ဆုိသည္ကို ေဖာ္ထုတ္ၿပသပစ္သည္တည္းပင္.....

အခန္းထဲကလူတုိင္း ၊ ခ်င္းရူရွီအား လွည့္ၾကည့္လုိက္ၾကပါ၏။
သိ့ုေသာ္၊ သူမ၏မ်က္ႏွာသည္လညး္ အေၿပာင္းအလဲရွိမေန။ ၿပီးေတာ့လညး္၊ ဒီေန့ သူမ၏ဒီအဆင့္အတန္းတစ္ခုကို ေရာက္ရွိလာ နုိင္ခဲ့ၿပီဆုိၿခင္းမွာ သူမအေနၿဖင့္ အမ်ားၾကီးကို ရင္ဆုိင္ၾကံဳေတြ့ထား ခဲ့ရၿပီးၿပီဟု ဆုိလိုသည္ပင္။

ရီ၀မ္၀မ္၊ သူ့အား ခြံ့ေက်ြးၿခင္းအမႈ ၿပဳၿပီးသြားသည္နွင့္ ၊
ဆက္ေနၿခင္း မရွိေတာ့။
ခ်က္ခ်င္းပင္ ဆုိဖာဆီသုိ့ ၿပန္သြားေတာ့ေလၿပီ။

ေနာက္ထပ္နာရီ၀က္ ကုန္လြန္သြားၿပီ။
ဒီေတာ့မွ ေနာက္ဆံုးတြင္ စီရီဟန္ ၿပီးသြားေတာ့ျခင္းပင္ ။

“ၿပီးသြားၿပီလား”
ခ်က္ခ်င္းပင္ ေခါငး္ေလးေမာ့ကာ ရီ၀မ္၀မ္ ေမးလာ၏။

ရြွီရီ ၿပန္ေၿဖလာသည္ကား။
“သခင္ေလး ၉ က ေနာက္ထပ္အစညး္အေ၀းတစ္ခုအတြက္
ရံုးခ်ဳပ္ကို သြားရဦးမွာပါ”

ခ်က္ခ်င္းပင္ ရီ၀မ္၀မ္၏မ်က္နွာ မႈန္မိႈင္းလာရၿပီ။
“ဘယ္အခ်ိန္ရွိေနၿပီလဲ။ ဒီအခ်ိန္ၾကီး အစည္းအေ၀းတက္ဖုိ့ ရွိေနတုန္း”

ရြွီရီ၊ အနည္းငယ္ ေခ်ာင္းဟန့္လုိက္မိေတာ့၏။
“အဲဒီအစည္းအေ၀းက…ပိုၿပီးေတာ့ အေရးၾကီးပါတယ္”

အေရးၾကီးတယ္…အေရးၾကီးတယ္ခ်ည္း….

ရီ၀မ္၀မ္ ၊ စီရီဟန္အား ၾကည့္လုိက္ေတာ့ကာ ေမးလုိက္ေတာ့၏။
“ရွင္ အခ်ိန္ဇယားေၿပာင္းလုိက္လုိ့ မရဘူးလား”

ခ်င္းရူရွီ၊ ၀င္ရွင္းၿပလာပါ၏။
“ဒီတစ္ေခါက္အစည္းအေ၀းက တကယ္ၾကီး အရမး္အေရးၾကီးတာပါ။ ေနွာင့္ေနွးလုိ့မၿဖစ္လို႔ပါ ။ သခင္မေလး ရီ နားလည္ေပးဖုိ့ ေမွ်ာ္လင့္ပါ တယ္”

ရီ၀မ္၀မ္၊ ခ်င္းရူရွီအား အဖက္လုပ္ၿပန္ေၿပာေနၿခင္းမရွိ။
စီရီဟန္အားသာ ဆက္စုိက္ၾကည့္ေနေလရာ ။

စီရီဟန္၊ သူ့ရဲ့လက္ကို ဆန့္တန္းထုတ္လာေတာ့ၿပီး ရီ၀မ္၀မ္ရဲ့ေခါင္းေလးအား အသာအယာဖြဖြပုတ္လာ၏ ။ “အရင္ၿပန္နွင့္လုိက္”

ဒါကို ၾကားလုိက္သည့္အခိုက္၊ ရုတ္ၿခည္းပင္၊ ရီ၀မ္၀မ္ ၊ ၿမိဳသိပ္ထားသည့္ေဒါသတုိ့ ၿမင့္တက္လာေတာ့ေလၿပီ။

သူက အလုပ္ အလုပ္ အလုပ္ အလုပ္ရမယ္ဆုိတာကိုပဲ သိတယ္။ သူ့ရဲ့ဘ၀ထက္ အလုပ္လုပ္တာက ပိုအေရးပါေနတာလား။

သူ့ခႏၶာကိုယ္အေၿခအေနအေၾကာင္းကိုေရာ မသိေတာ့ဘူးလား။

ရီ၀မ္၀မ္၊ ေဒါသတရားတုိ့ကို ရင္ဘတ္ထဲ ၿမိဳသိပ္ထားလုိက္ေတာ့ၿပီး ရြွီရီဘက္သို့ လွည့္ကာ ေမးလုိက္ေတာ့သည္။
“ ဒီနဲ့ ရံုးခ်ဳပ္က ဘယ္ေလာက္ထိ ေ၀းလဲ”

သူတို့နွစ္ဦးၾကားက ေလထုအေၿခအေနသည္ အ၇မ္းၾကီးေကာငး္ ေနဟန္မရသည္ကုိ ၿမင္ေနရသည္မုိ့၊ ရြွီရီ၊ ဂရုတစုိက္ ေၿဖလာပါ၏။ “တစ္နာရီေလာက္၊ ဒါမွမဟုတ္..”

ခ်က္ခ်င္းပင္ ၿပန္ေၿပာလာသည့္ ရီ၀မ္၀မ္။
“ဒါၿဖင့္ က်ြန္မလညး္ လုိက္မယ္”

စီရီဟန္၊ ဒါကို ၾကားလုိက္သည့္အခုိက္၊ စိတ္ရႈပ္ေထြးသြားမိေတာ့ကာ သူမအား လွည့္ၾကည့္လာေခ်ရာ။

ရီ၀မ္၀မ္ကား၊ ေဒါသထြက္စြာၿဖင့္ သူ့အား ၾကည့္လုိ့ေန၏။
“ရွင္ ဘာၾကည့္ေနတာလဲ။ က်ြန္မက လုိက္လုိ့မရဘူးလား”

စီရီဟန္။ “မငး္သေဘာပါ”

သူတို့ေတြ ကားထဲသုိ့ ၀င္လုိက္ၾကေတာ့ၿပီ။

ရီ၀မ္၀မ္နွင့္စီရီဟန္သည္ကား ကားေနာက္ခန္းထဲတြင္ အတူတကြ ထုိင္လုိ့ေနၾက၏။ ရီ၀မ္၀မ္၊ ေဒါသတုိ့ထြက္လုိ့ေနဆဲ။ ထုိ့ေၾကာင့္၊ သူမေခါင္းအား တၿခားတစ္ဖက္သိ့ု လွည့္ထားၿပီး မ်က္ေမွာင္ၾကဳတ္စြာ ထုိင္ခံုရဲ့အစြန္းတစ္ဖက္တြင္ ထုိင္လုိ့ေနလုိက္၏။

လက္ေတ့ာနဲ့သာ အာရံုမ်ားအလုပ္ရႈပ္ေနပါသည့္ စီရီဟန္။ ေနာက္ဆံုးတြင္မွ သူ့ရဲ့ခ်စ္သူေကာင္မေလးသည္ စိတ္ဆုိးေနေလသည္ မွန္း သတိၿပဳမိသြားေတာ့ၿပီး ။ သူ၊ လက္ေတာ့ပ္အား အေ၀းပို့ပစ္လုိက္ ေတာ့ကာ ရီ၀မ္၀မ္အား ၾကည့္လာေလၿပီ။

သူ ၊ ယေန့တြင္ သူမေလး၏စိတ္အေၿခအေန၊ အထူးသၿဖင့္ စိတ္တိုလြယ္ေနၿခင္းကို ေတြ့ရွိသြားမိၿခင္း ၿဖစ္ၿခိမ့္မည္။
ထုိ့ေၾကာင့္၊ သူ ေမးလုိက္ေတာ့သည္ကား ။
“မငး္ ဒီေန့ ဓမၼတာလာေနတာလား”

ရုတ္ၿခည္းပင္ နဖူးၿပင္ေပၚက ေသြးေၾကာတုိ့ ေထာင္တက္သြားရေတာ့ေလသည့္ ရီ၀မ္၀မ္။
“…”

                    💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   15
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၅၊ အခန်း ၁၁။ ခွံ့ကျွေးခြင်း

သုံးမိနစ်အကြာ ။

ရီဝမ်ဝမ်၊ ပြန်နွှေးထားသည့်ထမင်းချိုင့်နှင့် ပြန်ထွက်လာပြီး စီရီဟန်ဆီ တန်းတန်းမတ်မတ်ကြီး လျှောက်သွားလိုက်တော့ကာ၊ သူ့နံဘေးက ထိုင်ခုံတစ်လုံးကို ဆွဲထုတ်လိုက်တော့ပြီး ထိုင်ချလိုက်တော့သည်။

ရီဝမ်ဝမ်၊ ရုတ်တရက်ကြီး ရောက်ချလာလေရာ၊
လူတိုင်း၏မျက်လုံးတို့မှာ ချက်ချင်းပင် သူမပေါ် စုပြုံရောက်ရှိသွားကြတော့သည်။

အစီရင်ခံစာတင်ပြနေသည့် ဝန်ထမ်းတစ်ယောက်၏အသံသည်လည်း တန့်ခနဲ ရပ်သွားရတော့ချေပြီး ရွှီရီအား မတတ်နိုင်စွာ ကြည့်လာတော့ ချေ၏….

ရွှီရီကား ဆွံအမင်သက်လို့ နေမိလျက်။
ရီဝမ်ဝမ်သည် ဘာလုပ်ဖို့ စီစဉ်နေသည်လဲဆိုသည်ကို
သူ မသိဖြစ်လို့နေရင်း။

ဒီမိန်းမ မနက်က ဖုန်းခေါ်လာကတည်းက တစ်ခုခုများ မှားနေတာလား။

ရီဝမ်ဝမ်၊ သူမအား စိုက်ကြည့်နေကြသည့်လူအားလုံးအား ကြည့်လိုက်ပြီး။ “လုပ်စရာရှိတာ ဆက်လုပ်ကြပါ”

သူမ ပြောပြောဆိုဆိုပင်၊ ဇွန်းအား ယူလိုက်တော့ပြီး ထမင်းတစ်ဇွန်းအပြည့် ခပ်ယူလိုက်တော့ကာ၊ ဒီနောက် စီရီဟန်၏ပါးစပ်ထဲ ဦးတည်လာတော့လေရာ။

စီရီဟန်၊ အံ့သြသွား၇တော့၏။ သူ၏မှောင်မည်းနေသည့် မျက်ဝန်း တို့သည် မသေချာမှုအငွေ့အသက်တစ်ရပ်နှင့်အတူ သူ့နံဘေးမှာ ရှိနေပါသည့် မိန်းကလေးအား စိုက်ကြည့်လာလေပြီ။

ခွံ့ကျွေးဟန်ကိုယ်နေဟန်ထားအတိုင်း ရှိလို့နေပါသည့် ရီဝမ်ဝမ်။ ရှုပ်ထွေးသည့်အမူအရာဖြင့် သူမအား စိုက်ကြည့်လို့နေပါသည့် စီရီဟန်အား အမူအရာမရှိစွာ ကြည့်လိုက်တေ့ာပြီး၊
သူမ ပြောလာသည်ကား။
“ဘာပဲဖြစ်ဖြစ် ဒီတစ်နာရီလုံးလုံးမှာ ရှင် ၈ ကြိမ်လောက်ပဲ စကားပြောရ သေးတယ် - စုစုပေါင်း စကား ၄၇ လုံးထဲရယ် - ထမင်းစားတာလောက် နဲ့ ရှင့်ရဲ့ဆွေးနွေးတာကို မထိခိုက်နိုင်ဘူး ၊ ဟုတ်တယ်မလား”

စီရီဟန်၊ လှုပ်ရှားလာခြင်းမရှိသည်ကို မြင်လိုက်တော့သည်နှင့်၊
ရီဝမ်ဝမ် ၊ သူမရဲ့ဇွန်းကို နည်းနည်းကပ်သွားတော့ပြီး၊
သူ့အား ဖတ်လို့ရသည့်အကြည့်တစ်ချက် ပေးလိုက်သည်ကား ။
“ရှင် မစားရင် သေမယ်” ဟူ၍။

စီရီဟန်၊ ထိုမိန်းကလေး၏မရွှင်မပျဖြစ်သွားသည့် မျက်နှာလေးအား စိုက်ကြည့်လို့နေမိရင်း၊ အချိန်အကြာကြီးကြာအောင် ကြာပြီးသည့် နောက်တွင်မှ နောက်ဆုံးတွင် နာနာခံခံဖြင့် သူရဲ့ပါးစပ်အား ဖွင့်ပေးလာချေသည်။

အစဦးက ညှိုးငယ်ဟန်ဖြစ်သွားသည့် ရီဝမ်ဝမ်၏မျက်နှာလေးမှာ ယခုတွင် အနည်းငယ် နွေးထွေးလာတော့ပြီ ။

အလှလေးတစ်ပါးက သူတို့၏သူဌေးအား ထမင်းခွံ့ကျွေးနေသည်ကို ကြည့်နေကြရသည့် တခြားသောသူတို့သည်လည်း ဆွံ့အကုန်ကြ တော့လေပြီ….

အမ်…ငါတို့ရဲ့ဆွေးနွေးတာကို မထိခိုက်ဘူးတဲ့လား…?

တည်တည်ငြိမ်ငြိမ်ဆောင်ထားနေခဲ့ပါသည့် ချင်းရူရှီသည်ပင်၊ ဒီအခိုက်တွင်တော့၊ စီရီဟန်အား ခွံ့ကျွေးနေပါသည့် ရီဝမ်ဝမ်အား ကြည့်နေရင်း၊ နောက်ဆုံးတွင် သူမရဲ့အမူအရာမှာ အနည်းငယ် ပျက်ယွင်းလာတော့ချေပြီ။ သူမ ပြောလိုက်ပါ၏။
“ကျွန်မ ပေါ့လျော့သွားမိတာပါ ။ ကျွန်မ မေ့သွားမိလို့
ဥက္ကဌ စီ က အခုထိ ညစာမစားရသေးပါဘူး”

လျိုယင်၊ နှုတ်ခွန်းတို့ တီမထင်တွန့်ကုံးနေချေပြီ။ သူ့ရဲ့မျက်လုံးတို့သည်ကား မနှစ်မြို့ခြင်းတို့အပြည့်သားဖြင့်။

ဒါအတွက် ဒီကို ရောက်လာတာလား- ဘယ်သူ့အတွက်နဲ့ ရှိုးလာ လုပ်နေတာလဲ။ မင်းအပိုင်ဖြစ်ကြောင်း ကြေညာနေတာလား။

ချင်းရူရှီ ပြောလိုက်သည်ကို ကြားလိုက်သည်တွင်တော့
ရွှီရီရဲ့မျက်လုံးတို့ ပြောင်းလဲသွားရတော့ပြီ။

ဘာလို့များ သခင်မလေး ရူရှီရဲ့အသံက….သူမ တစ်ချက်လေး သတိလွတ်သွားမိလု့ိ သခင်လေး ၉ ညစာ မစားရသေးသလိုလို …..ပေါ်နေရတာလဲ….

အမှန်တရားသည်ကား သူ့သခင်လေးသည် လုံးဝကို အလုပ်ပိနေသူ တည်း ဖြစ်ချေ၏ - သူ အလုပ်စလုပ်ပြီဆိုသည်နှင့် သူ့အား ဘယ်သူ ကိုမှ နှောက်ယှက်ခွင့်မပြုတော့ခြင်းပင်၊ သခင်မလေး ရူရှီ တောင်မှပေါ့။

သခင်မလေး ရူရှီ သည် သူ့သခင်လေး၏ဘောင်ကို အလွန်တရာ ရှင်းရှင်းလင်းလင်း သိထားသူပင် ။ ထို့ကြောင့်၊ သူမ ဝင်မဟန့်တား မနှောင့်ယှက်မိစေဖို့ရာကို အလွန်ကောင်းကောင်းကြီး သိထားသည် တည်းပင်။

သို့သော်၊ အခုတွင်တော့၊ ရီဝမ်ဝမ်သည် သူ့သခင်လေး၏ အရေးကြီး လှပါသည့်ဆွေးနွေးခြင်းအား အမှန်တကယ်ပင် ဝင်နှောင့်ယှက်ရဲနေ ချေပြီး သူ့အား စတင်ပင် ထမင်းခွံ့ကျွေးနေလေပြီ။

ပြီးတော့ သခင်လေးက….စိတ်တိုသွားတဲ့ပုံလေးတောင် ပေါ်မလာပါလား။

*အဟမ်း* “အားလုံးပဲ၊ ဆက်ကြပါ”

ရွှီရီ၊ လူတိုင်းအား ဆက်ကြပါရန် အချက်ပြလိုက်ပြီးသည့်နောက်၊ နောက်ဆုံးတွင်တော့ သူတု့ိတတွေ အသိပြန်ဝင်သွားကြတော့ပြီး အလျင်အမြန်ဖြင့်ပင် အလုပ်ဘက်ဆီ ပြန်လှည့်သွားကြတော့ကာ အစီရင်ခံစာတို့ကို ဆက်ပြုကြပါတေ့ာ၏။သို့သော်ငြား၊ ယခုတွင်၊ သူတို့တွေသည် အချစ်မောင်နှံငှက်နှစ်ကောင်အား တစ်ချိန်ပြီးရင်း တစ်ချိန် ခိုးခိုးကာ မကြည့်ဘဲမနေနိုင်ကြတော့ချေပြီ။

ကြည့်ရတာ သခင်လေး ၉ က အဲဒီမိန်းမကို မြှောက်စား
ပေးထားတယ်လို့ ပြောနေကြတာ အမှန်တွေပဲနဲ့တူတယ်။

ငါတို့ရင်း အင်အားကြီးတဲ့သူဌေးမှာ ဒီလိုမျိုး လူသားဆန်တဲ့ဘက်ခြမ်းကို ငါတို့တွေ ဘယ်တုန်းကများ မြင်ဖူးကြလို့လဲ။

အစဦးတွင်တော့၊ သူဌေးနှင့်သခင်မလေးချင်းတို့သည် လိုက်ဖက်ညီ သည့် စုံတွဲတစ်တွဲဟု သူတို့တွေ ခံစားမိခဲ့ကြပါ၏။ သို့သော်၊ ယခုတွင် တော့၊ သူတို့နှစ်ဦးနှင့်ယှဉ်လိုက်ပါသော်၊ ဒီအချစ်ငှက်မောင်နှံသည်ကား ချစ်ခင်ကြည်နာမှုပြည့်နေကြသည့် စုံတွဲတစ်တွဲနှင့် ပိုလို့တူချေသည် ပင်။

သူဌေးနဲ့ မိန်းကလေး ချင်းတု့ိက ကြည့်ရတာ လုပ်ဖော်ကိုင်ဖက်သာသာလောက်ပါပဲ…..

“နောက်ဆုံးလေးပုံပုံတစ်ပုံရဲ့ အကျိုးအမြတ်ကတော့….”
ချင်းရူရှီ၊ သူမ၏အစီရင်ခံစာအား တင်ပြနေခြင်းပင်။ သိ့ုသော်၊ လမ်းတစ်ဝက်မှာပင်၊ ရီဝမ်ဝမ်သည် စီရီဟန်အား နံနံပင်တို့ ခွံ့ကျွေးတော့မည်ကို မြင်လိုက်တော့ရာ။
သူမ သတိတရနဲ့ လွှတ်ခနဲ ထုတ်ပြောလိုက်တော့၏ ။
“ဥက္ကဌ စီ က နံနံပင် မစားဘူး”

                   💖💖💖💖💖💖💖💖💖

စာစဉ် ၁၅၊ အခန်း ၁၂။ ဒီနေ့ ဓမ္ဓတာလာနေတာလား။

ရီဝမ်ဝမ်၊ ဒါကို ကြားလိုက်မိသည့်အချိန်၊ အံ့သြသင့်စွာဖြင့် သူမရဲ့ခေါငး ်အား မော့ကြည့်လိုက်မိရင်း။ စီရီဟန်က နံနံပင် မစားဘူးလား ?

ထောင့်နားဆီက လျိုယင်၊ တွန့်ခနဲ သရော်လာတော့သည်။
“သူမက သခင်လေးရဲ့ အစားအသောက်ပုံစံကိုတောင်မှ မသိထားပါလား….”

“ရှင် နံနံပင် မစားဘူးလား”
ရီဝမ်ဝမ်၊ စီရီဟန်အား ကြည့်ကာ မေးလိုက်ခြင်းပင်။

စီရီဟန်၊ သူမအား ကြည့်ကာ ပုံမှန်ပေါ့ပေါ့ပါးပါးလေး ပြန်ဖြေလာသည်ကား။  “အင်း”

“အိုး…”

တကယ်တွင်တော့၊ ချင်းရူရှီသည် သူ့အား ကောင်းကောင်းသိလို့နေပါ၏။ သို့သော်၊ ဤသည်ကား အံ့သြစရာမဟုတ်ချေ - ရီဝမ်ဝမ်အနေဖြင့် စီရီဟန်အား သိလာခဲ့ရသည့်သူမရဲ့နှစ်ဘဝလုံးစာကို ထည့်ပေါင်းရလျှင် တောင် ဒါသည် ချင်းရူရှီ သူ့အား သိကျွမ်းလာသည်ထက် ပိုလို့တိုတောင်းနေသေးဆဲပင် မဟုတ်ပေလော။

ရီဝမ်ဝမ်၊ တူတစ်စုံအား ပြန်ရုတ်သိမ်းလိုက်တော့ပြီး နောက်ထပ်သောတစ်ခုခုအား သူ့ကို ခွံ့ဖို့ရာ ပြင်လိုက်ပါ၏။

အဆုံးသတ်တွင်တော့၊ သူမ တူတစ်စုံကို မရုတ်ရသေးခင်မှာပင်၊ ပြောင်သလင်းသွားတော့လေပြီ -- စီရီဟန်၊ အမူအရာတစ်ချက် မပြောင်းဘဲ တူပေါ်က နံနံပင်အား စားပစ်လိုက်ခြင်းပင်တည်း။

ရီဝမ်ဝမ်၊ အံ့အားသင့်သွားတော့ပြီး စီရီဟန်အား
ထူးဆန်းစွာ ကြည့်လိုက်မိတော့ချေသည်။ “…”

သူ အဲဒါကို မကြိုက်ဘူးလို့….ပြောလိုက်တာမဟုတ်ဘူးလား။

လျိုယင်၏တီမထင်အပြုံးသည်လည်း သူ့မျက်နှာထက်ပေါ်တွင် တောင့်တင်းသွားရတော့ချေပြီ။ “…”

ရွှီရီကား တိတ်တိတ်ဆိတ်ဆိတ်လေးဖြင့်သာ
သူ့မျက်နှာကို အုပ်ထားလိုက်မိတော့ရင်း။

ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ ငါ သိနေတယ်….

အဓိကက ဟင်းပွဲမဟုတ်ဘူး၊ ဘယ်သူခွံ့ကျွေးတာလဲဆိုတာပဲ။

ရီဝမ်ဝမ် မလှုပ်သေးသည်ကို သူ မြင်လိုက်တော့ရာ၊
စီရီဟန်၊ သူ့ခေါင်းကို စောင်းငဲ့ကြည့်လာချေပြီး တောင်းခံသည့်အကြည့်တစ်ခု ပေးလာတေ့ာသည်။ ဆိုလိုသည်ကား….ဆက်ခွံ့ကျွေးဟု။

ရီဝမ်ဝမ်၊ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိတော့ရင်း။ တုံ့ဆိုင်းစွာဖြင့် သူ့အား နောက်ထပ်သောနံနံရွက်တို့ကို ခွံ့ကျွေးလိုက် ပါ၏။

ထပ်ဖန်ပင်၊ အမူအရာပြောင်းလဲခြင်းမရှိဘဲ စီရီဟန် စားလိုက်ပြန်သည်။

သူတို့ရဲ့သူဌေးသည် တမင်တကာသက်သက်ပင်
တစ်စုံတစ်ယောက်သောသူအားကျောထောက်နောက်ခံပြုပေးနေခြင်းဖြစ်ပြီး ချင်းရူရှီအား မျက်နှာသာနဲနဲလေးမှ မပေးဘဲ ရိုက်ချပစ်နေခြင်း ဖြစ်ကြောင်း လူတိုင်း ပြောနိုင်ကြပါ၏။ ဒါသည်ကား ပမွှားအသေးအဖွဲ ကိစ္စသာလျှင် ရှိချေ၏။ သိ့ုသော်၊ သူသည် ချက်ချင်းလက်ငင်းပင် ဘယ်သူသည်က သူ မိသားစုလိုဆက်ဆံသည့်သူ ဆိုသည်ကို ဖော်ထုတ်ပြသပစ်သည်တည်းပင်.....

အခန်းထဲကလူတိုင်း ၊ ချင်းရူရှီအား လှည့်ကြည့်လိုက်ကြပါ၏။
သိ့ုသော်၊ သူမ၏မျက်နှာသည်လည်း အပြောင်းအလဲရှိမနေ။ ပြီးတော့လည်း၊ ဒီနေ့ သူမ၏ဒီအဆင့်အတန်းတစ်ခုကို ရောက်ရှိလာ နိုင်ခဲ့ပြီဆိုခြင်းမှာ သူမအနေဖြင့် အများကြီးကို ရင်ဆိုင်ကြုံတွေ့ထား ခဲ့ရပြီးပြီဟု ဆိုလိုသည်ပင်။

ရီဝမ်ဝမ်၊ သူ့အား ခွံ့ကျွေးခြင်းအမှု ပြုပြီးသွားသည်နှင့် ၊
ဆက်နေခြင်း မရှိတော့။
ချက်ချင်းပင် ဆိုဖာဆီသို့ ပြန်သွားတော့လေပြီ။

နောက်ထပ်နာရီဝက် ကုန်လွန်သွားပြီ။
ဒီတော့မှ နောက်ဆုံးတွင် စီရီဟန် ပြီးသွားတော့ခြင်းပင် ။

“ပြီးသွားပြီလား”
ချက်ချင်းပင် ခေါင်းလေးမော့ကာ ရီဝမ်ဝမ် မေးလာ၏။

ရွှီရီ ပြန်ဖြေလာသည်ကား။
“သခင်လေး ၉ က နောက်ထပ်အစည်းအဝေးတစ်ခုအတွက်
ရုံးချုပ်ကို သွားရဦးမှာပါ”

ချက်ချင်းပင် ရီဝမ်ဝမ်၏မျက်နှာ မှုန်မှိုင်းလာရပြီ။
“ဘယ်အချိန်ရှိနေပြီလဲ။ ဒီအချိန်ကြီး အစည်းအဝေးတက်ဖို့ ရှိနေတုန်း”

ရွှီရီ၊ အနည်းငယ် ချောင်းဟန့်လိုက်မိတော့၏။
“အဲဒီအစည်းအဝေးက…ပိုပြီးတော့ အရေးကြီးပါတယ်”

အရေးကြီးတယ်…အရေးကြီးတယ်ချည်း….

ရီဝမ်ဝမ် ၊ စီရီဟန်အား ကြည့်လိုက်တော့ကာ မေးလိုက်တော့၏။
“ရှင် အချိန်ဇယားပြောင်းလိုက်လို့ မရဘူးလား”

ချင်းရူရှီ၊ ဝင်ရှင်းပြလာပါ၏။
“ဒီတစ်ခေါက်အစည်းအဝေးက တကယ်ကြီး အရမ်းအရေးကြီးတာပါ။ နှောင့်နှေးလို့မဖြစ်လို့ပါ ။ သခင်မလေး ရီ နားလည်ပေးဖို့ မျှော်လင့်ပါ တယ်”

ရီဝမ်ဝမ်၊ ချင်းရူရှီအား အဖက်လုပ်ပြန်ပြောနေခြင်းမရှိ။
စီရီဟန်အားသာ ဆက်စိုက်ကြည့်နေလေရာ ။

စီရီဟန်၊ သူ့ရဲ့လက်ကို ဆန့်တန်းထုတ်လာတော့ပြီး ရီဝမ်ဝမ်ရဲ့ခေါင်းလေးအား အသာအယာဖွဖွပုတ်လာ၏ ။ “အရင်ပြန်နှင့်လိုက်”

ဒါကို ကြားလိုက်သည့်အခိုက်၊ ရုတ်ခြည်းပင်၊ ရီဝမ်ဝမ် ၊ မြိုသိပ်ထားသည့်ဒေါသတို့ မြင့်တက်လာတော့လေပြီ။

သူက အလုပ် အလုပ် အလုပ် အလုပ်ရမယ်ဆိုတာကိုပဲ သိတယ်။ သူ့ရဲ့ဘဝထက် အလုပ်လုပ်တာက ပိုအရေးပါနေတာလား။

သူ့ခန္ဓာကိုယ်အခြေအနေအကြောင်းကိုရော မသိတော့ဘူးလား။

ရီဝမ်ဝမ်၊ ဒေါသတရားတို့ကို ရင်ဘတ်ထဲ မြိုသိပ်ထားလိုက်တော့ပြီး ရွှီရီဘက်သို့ လှည့်ကာ မေးလိုက်တော့သည်။
“ ဒီနဲ့ ရုံးချုပ်က ဘယ်လောက်ထိ ဝေးလဲ”

သူတို့နှစ်ဦးကြားက လေထုအခြေအနေသည် အရမ်းကြီးကောင်း နေဟန်မရသည်ကို မြင်နေရသည်မို့၊ ရွှီရီ၊ ဂရုတစိုက် ဖြေလာပါ၏။ “တစ်နာရီလောက်၊ ဒါမှမဟုတ်..”

ချက်ချင်းပင် ပြန်ပြောလာသည့် ရီဝမ်ဝမ်။
“ဒါဖြင့် ကျွန်မလည်း လိုက်မယ်”

စီရီဟန်၊ ဒါကို ကြားလိုက်သည့်အခိုက်၊ စိတ်ရှုပ်ထွေးသွားမိတော့ကာ သူမအား လှည့်ကြည့်လာချေရာ။

ရီဝမ်ဝမ်ကား၊ ဒေါသထွက်စွာဖြင့် သူ့အား ကြည့်လို့နေ၏။
“ရှင် ဘာကြည့်နေတာလဲ။ ကျွန်မက လိုက်လို့မရဘူးလား”

စီရီဟန်။ “မင်းသဘောပါ”

သူတို့တွေ ကားထဲသို့ ဝင်လိုက်ကြတော့ပြီ။

ရီဝမ်ဝမ်နှင့်စီရီဟန်သည်ကား ကားနောက်ခန်းထဲတွင် အတူတကွ ထိုင်လို့နေကြ၏။ ရီဝမ်ဝမ်၊ ဒေါသတို့ထွက်လို့နေဆဲ။ ထို့ကြောင့်၊ သူမခေါင်းအား တခြားတစ်ဖက်သိ့ု လှည့်ထားပြီး မျက်မှောင်ကြုတ်စွာ ထိုင်ခုံရဲ့အစွန်းတစ်ဖက်တွင် ထိုင်လို့နေလိုက်၏။

လက်တေ့ာနဲ့သာ အာရုံများအလုပ်ရှုပ်နေပါသည့် စီရီဟန်။ နောက်ဆုံးတွင်မှ သူ့ရဲ့ချစ်သူကောင်မလေးသည် စိတ်ဆိုးနေလေသည် မှန်း သတိပြုမိသွားတော့ပြီး ။ သူ၊ လက်တော့ပ်အား အဝေးပို့ပစ်လိုက် တော့ကာ ရီဝမ်ဝမ်အား ကြည့်လာလေပြီ။

သူ ၊ ယနေ့တွင် သူမလေး၏စိတ်အခြေအနေ၊ အထူးသဖြင့် စိတ်တိုလွယ်နေခြင်းကို တွေ့ရှိသွားမိခြင်း ဖြစ်ခြိမ့်မည်။
ထို့ကြောင့်၊ သူ မေးလိုက်တော့သည်ကား ။
“မင်း ဒီနေ့ ဓမ္မတာလာနေတာလား”

ရုတ်ခြည်းပင် နဖူးပြင်ပေါ်က သွေးကြောတို့ ထောင်တက်သွားရတော့လေသည့် ရီဝမ်ဝမ်။
“…”

                    💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Continue Reading

You'll Also Like

2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...
1.1M 40.3K 60
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
106K 13.7K 54
႐ိုး႐ိုးေလးနဲ႔ေအးခ်မ္းစြာေနတတ္ေသာ အိုးရန္ေျမာင္ေျမာင္တစ္ေယာက္ အသစ္ေျပာင္းလာေသာ ေက်ာင္းသားသစ္ေလးတစ္ေယာက္ေၾကာင့္ ဘယ္လိုအဆီအေငၚမတည့္ျဖစ္ၿပီး ျပသနာေတြ ျ...
199K 10.7K 18
*I DO NOT OWN THIS BOOK.* A friend of mine requested me to translate this into Burmese and I'm very new to this type of translation. မူရင္းဝတၳဳက Chi...