You are mine❤ (Chaesoo)

By IngyinZaw1212

25.4K 2K 203

chaesoo❤ Jenliaa Eunyeon More

You are mine 2❤
You are mine 3❤
You are mine 4 ❤
You are mine 5❤
You are mine 6❤
You are mine 7❤
You are mine 8 ❤
You are mine 9 ❤
You are mine 10❤
You are mine 11❤️

You are mine 1❤

8.2K 285 21
By IngyinZaw1212

unicode version

" Kim jisoo lucky seven 7 ကွ"

"Seoul အထက်တန်းကျောင်းကွ လုပ်ထားကွ'

ပရိသတ်များ၏ ဆူညံအားပေးသံများ..

အခုက seoul နဲ့ busun အထက်တန်းကျောင်း၂ခုတို့ baketballကစားနေကြတာပါ။

အမှတ်က Seoulက 95
Busun က 97

ပွဲကပြီးဖို့ ၃မိနစ်လောက်သာ လိုတော့သည်

"Jisoo ya လုပ်ထား"

Seoul အထက်တန်းကျောင်းရဲ့ ပဲ့ကိုင်ရှင် jisooက ဘက်စကတ် ဘောလုံးကို ကိုင်ကာ ပြေးလာပြီး တဖက်ဂိုးဖက်ကို ပစ်လိုက်ပါသည်

"Wayy jisooကွ"

အခုဆို seoul က 97မှတ်ဖြစ်သွားလေသည် ပွဲပီးဖို့က တမိနစ်။

တဖက်က ဘောလုံးစယူလိုက်သည်နှင့် jisooတို့ ကိုယ့်ဘက်က ဂိုးမဝင်အောင် ကာကွယ်ရလေသည် တဖက်လူဆီက ဘောလုံးကို jisoo ဖျက်ယူလိုက်ပီး ဘောလုံးကို ပုတ်ပြီး ယူလာပါသည်

ကွင်းအလယ်ကနေ ခြင်းတောင်းထဲကို ဘောလုံးလှမ်းပစ်လိုက်ပါသည်

ပရိသတ်တွေက မှင်တက်ကြည့်နေတဲ့အချိန် ခဏလေးမှာတင် ဘောလုံးက ခြင်းတောင်းထဲကို ဝင်သွားလေသည်

သို့နှင့်တပြိုင်နက် ပွဲလည်းပြီးဆုံးသွားလေသည်

"Seoul အထက်တန်းကျောင်းကွ"

"ဒါပဲလေ ငါတို့ကငယ်နိုင်ပဲကွ"

Seoul အထက်တန်းကျောင်းဘက်က ကျောင်းသားများက အော်လိုက်ကြပါသည်

ပွဲပြီးသွားတော့ ကွင်းဘေးမှာ ရပ်ကာ ရေသောက်နေရင်း

"မင်းတို့ ဒီတခါတော့ နိုင်ထားပေါ့ကွာ"

Busunဘက်က Captain Sanaက သူ့ကို ပခုံးတိုက်ကာ ထွက်သွားသည်

သူကတော့ အေးဆေးပင်။

"Jisoo unnie ပင်ပန်းနေတော့မှာပဲ "

"အို ချွေးတွေ သုတ်ပေးရမလားဟင်"

"Jisoo unnie အအေးလေး ယူသွားပါလားဟင်"

ဘေးနားက ကောင်မလေးကို လက်ပြလိုက်တော့

"Kim jisooက ငါ့ကို လက်ပြသွားတယ် ကြည့်စမ်း"

"အမယ်လေး ငါ့ကို ပြုံးပြသွားတယ်"

စသဖြင့် မိန်းကလေးတွေရဲ့အသံများ။

သူကတော့ ပြုံးပြကာ ပွဲကြည့်စင်အလယ်မှာ ထိုင်နေတဲ့ သူ့သူငယ်ချင်းဆီ လမ်းလျှောက်လာပါသည်

"နောက်ဆုံးတော့လည်း ငါတို့ကျောင်းပဲနိုင်တာကိူး သူတို့က အဆန်းလုပ်ပီး လာစိန်ခေါ်လိူ့"

Nayeonပြောလိုက်တဲ့စကားကို သူနားထောင်ပီး သဘောကျနေပါသည်

Busunဘက်က လူတွေနဲ့ ချိန်းဆော့တာပါ သူတို့seoul ကျောင်းကပဲ နိုင်လို့ သူတို့ကျောင်းက လူတွေက ပျော်နေတာပါ

သူ nayeonဘေးဝင်ထိုင်လိုက်သည်

"ဟဲ့ ဘယ်အချိန်ရောက်ပြီလဲ"

"5နာရီ"

သူက နာရီလည်းကြည့်ပြောရော ယုန်မက ဘေးက ပစ္စည်းတွေ အကုန်စုပုံသိမ်းကာ

"ဟမ်း ၅နာရီတောင် ထိုးနေပီဟုတ်လား ဘောလုံးပွဲက စနေလောက်ပီ"

"စနေရုံလောက်တင် ဘယ်ဟုတ်မလဲ ဒုတိယပိုင်းတောင် ရောက်နေလောက်ပီ"

"Yarr ကြက်ကြော်အစုတ်ပလုတ်မ နင့်ကြောင့် ငါ့unnieကို ကြည့်ဖို့ နောက်ကျနေပီ မြန်မြန်ပြေးမှပဲ"

Nayeonရှေ့ကအမြန်ပြေးတော့ jisooမှာ အနောက်ကနေပြေးလိုက်ရပါသည် jisooတို့၂ယောက် ဘက်စကတ်ဘောကွင်းကနေ အမြန်ဘောလုံးကွင်းဆီ ပြေးလာပါသည် ဘက်စကတ်ဘောကွင်းနဲ့ ဘောလုံးကွင်းက နီးနီးလေးပါ

Jisooတ်ု့ိ ဘောလုံးကွင်းရောက်တော့ ပွဲကစကန်နေပါပြီ ဒုတိယပိုင်း မိနစ်၆၀ဖြစ်နေပါပြီ

"နင့်ပွဲကြည့်လို့ ငါနောက်ကျသွားတာ"

"အေးပါ ဟုတ်ပါတယ် ငါ့ကြောင့် နင်နောက်ကျသွားတာပါ ယုန်မရယ် ဘာဖြစ်ဖြစ် နင့်unnieကို နင်အခုမြင်ရတာပဲ"

"ငါက အကြာကြီးမြင်ချင်တာလေ နင်လုပ်တာနဲ့ အခု မိနစ်၃၀လောက်ပဲ မြင်ရတော့မှာ"

"အော်..နင်ကလည်း ငါ့ပွဲက ဖျက်လို့မှမရတာ သူတို့ကလာစိန်ခေါ်တာကို ငါကဘယ်လိုလုပ် မဆော့ဘူးလို့ပြောလိုက်ရမှာလဲ"

"ရှူး တိုးတိူးနေ ငါ့မမကို ငါကြည့်နေတယ်"

"ဟုတ်ပါပြီ ယုန်မရယ် နင့်မမကို ကြည့် ကြည့်"

Jisooလည်းပြောကာ ချစ်ကြည်ရေး ဘောလုံးပွဲကြည့်နေပါသည်

Seoul နဲ့ inchon အထက်တန်းကျောင်း ၂ကျောင်းတို့ ချစ်ကြည်ရေးဘောလုံးပွဲ ကန်နေတာပါ

"Hahm eunjunh! Hahm eunjung"

ဘောလုံးကွင်းထဲမှ ဆူညံသံများ...

"ငါ့unnieကချောလိုက်တာ ကြည့်ပါဦး sooရယ်"

ယုန်မက ကြည့်နေရင်းကို သူ့မမ Eunjungကို လက်ညှိုးထိုးပြပါသည်

သူ့မမeunjungက မမောတမ်း ဘောလုံးကို ဆွဲယူလာရင်း ဧရိယာထိပ်လယ်ကနေ ကန်လိုက်တာ ဂိုးသမားပုတ်ထုတ်သွားရော

"တောက် ငါ့မမဂိုးသွင်းမလို့ကို အဲ့ဂိုးသမား လက်ဖြတ်ထားရမှာ"

ဘောလုံးပွဲကြည့်ပီး ပွားနေပါသော ယုန်မ။

အရပ်က ပုသလောက် ပွားနိုင်သော သူငယ်ချင်းကို ကြည့်ကာ သူခေါင်းခါလိုက်ကာ ဘောလုံးပွဲကြည့်နေပါသည်

ဘောလုံးပွဲကို သူကအေးဆေးသာ ကြည့်နေပေမယ့် ဘေးက ငပွားမကတော့ ဘောပွဲကြည့်ပီး ထိုင်ပွားနေပါသည်

"အစုတ်ပလုပ်ကောင် ငါ့မမနာသွားရင် ဘယ်လိုလုပ်မလဲ အမယ်လေး အားကြီးနဲ့ ချလိုက်တာ ကြည့်ပါဦး"

"ဟယ် ငါ့မမနာသွားပီ"

စုံလင်နေတာပဲ ဘေးကနေ ပွစိပွစိပြောနေတာ

ဒီယုန်မက အရပ်ကတော့ပုတာ ပွစိပွစိကတော့ တော်တော်ပြောနိုင်ပါတယ်

သူ့မှာသည်းခံပီး ဘောလဲုးပွဲကြည့်ပေးရဦးမယ်

ကိုယ့်basketballပွဲကို သူလိုက်ကြည့်ထားလို့ သူ့ဘောလုံးပွဲကို ကိုယ်လိုက်ကြည့်ပေးရတာ မဆန်း။

ဒီသူငယ်ချင်း၂ယောက်တည်းရှိတာ တယောက်လုပ်ချင်တာ တစ်ယောက် လိုက်လုပ်ပေးရမှာပေါ့လေ

"ပီ.."

ဒိုင်လူကြီးရဲ့ခရာသံကြောင့် ဘောလုံးပွဲ ပြီးဆုံးသွားလေသည်

"ဒီနေ့ lucky dayပဲ သိလား Jiji နင်လည်းbasketball နိုင်တယ် ငါ့မမလည်း ဘောလုံးပွဲ နိုင်တယ်:

Nayeonက ပြုံးရယ်ကာ ပြောလိုက်သည်

"ငါ့မမကို ငါရေဗူးသွားပေးလိုက်ဦးမယ် နင်လည်းလိုက်ခဲ့"

Nayeonကတော့ ကွင်းထဲ ဆင်းသွားလေပြီ သူလည်းအနောက်ကနေ လိုက်လာပါသည်

ကွင်းရောက်တော့ ကွင်းဘေးမှာ ပစ္စည်းလေးတွေချကာ

"Nayeonနဲ့ jisooတိူ့ unnieပွဲကို လာကြည့်တာလား"

"ဟုတ်တယ် unnie unnie ကန်သွားတာ အရမ်းကောင်းတယ်"

"ကျေးဇူးပဲ nayeon"

"Unnie မောနေပီလား ရော့ ရေသောက်တိုက်"

Nayeonက သူ့မမနဲ့ စကားတွေပြောပြီး ရေပါတိုက်နေပါသည် သူ့မမကလည်း သူပြောတာကို ခေါင်းတွေညိတ်နေပါသည်

"Jiji ငါနဲ့unnieကို photo ရိုက်ပေး"

"အေးအေး"

သူ nayeonနဲ့ eunjung unnieကို ဓာတ်ပုံရိုက်ပေးလိုက်ပါသည်...

သူမသိလိုက်တာက အရပ်ရှည်ရှည် အသားဖြူဖြူ ပါးဖောင်းဖောင်း ကောင်မလေးတယောက်က သူဘောလုံးကွင်းဘေးနားမှာ ထားထားတဲ့ သူ့ပစ္စည်းတွေရဲ့ ဘေးမှာ ကော်ဖီတစ်ခွက် လာချသွားပါသည်

ထိုကောင်မလေးက သူတို့၂ယောက်ကို ကြည့်ကာ ပြုံးပြီး မြက်ခင်းပေါ်မှာ ကော်ဖီတစ်ခွက် ချကာ ထွက်သွားပါသည်

Jisoo ဓာတ်ပုံရိုက်ပြီးတော့ ဒီဘက်လှည့်ကြည့်လိုက်တော့

ကော်ဖီတခွက်။

ဘောလုံးကွင်းဘေးက ပစ္စည်းတွေနားမှာ ထားထားတဲ့ ကော်ဖီတစ်ခွက်။

သူ ဒီကော်ဖီခွက်ကို ယူလိုက်ပီး သူတွေ့လိုက်ရတာက

ကော်ဖီခွက်ပေါ်မှာက စာရွက်တစ်ရွက်။

"ဒီနေ့basketballဆော့သွားတာ တော်တော်ကောင်းတယ် သိလား အခု soo တော်တော်မောနေမှာပဲ soo
တို့ရဲ့ ကော်ဖီလေးကို သောက်ပြီး အနားယူလိုက်ပါ"

ထိုစာရွက်ပေါ်မှ စာကလေးကို ဖတ်ကာ jisooပြုံးလိုက်မိကာ ပါးစပ်က ခပ်တိုးတိုးလေး ရွတ်ဆိုမိပါသည်

"ကိုယ့်ကို ဒီလို ကော်ဖီလာလာပို့ပေးနေတဲ့မင်းက ဘယ်သူလဲ"

.
.
.
.
.

.....You are mine......

ဒီficလေးက chaesoo jenlisa eunyeon ficပါ

ဒီficလေးတွင် eunyeon momentလေးတွေ ထည့်ပါရစေ🙏🙏❤❤

အရေးအသား ကောင်းမကောင်း ဝေဖန်ကြပါဦး

အရေးအသားသိပ်မကောင်းလည်း chaesoo ficလေးကို အားပေးကြပါဦးလို့❤

#GyinGyin

_________________

Zaw g version

" Kim jisoo lucky seven 7 ကြ"




အမှတ်က Seoulက 95
Busun က 97


"Jisoo ya လုပ်ထား"


"Wayy jisooကွ"












သူကတော့ အေးဆေးပင်။









"နောက်ဆုံးတော့လည်း ငါတို့ကျောင်းပဲနိုင်တာကိုး သူတို့က အဆန်းလုပ်ပီး လာစိန်ခေါ်လို့"





"5နာရီ"






Jisooတ်ို့ ဘောလုံးကွင်းရောက်တော့ ပွဲကစကန်နေပါပြီ ဒုတိယပိုင်း မိနစ်၆၀ဖြစ်နေပါပြီ





"ရှူး တိုးတိုးနေ ငါ့မမကို ငါကြည့်နေတယ်"














"ဟယ် ငါ့မမနာသွားပီ"






"ပီ.."







"Nayeonနဲ့ jisooတို့ unnieပွဲကို လာကြည့်တာလား"


"ကျေးဇူးပဲ nayeon"




"အေးအေး"





ကော်ဖီတခွက်။







.
.
.
.
.

.....You are mine......





#GyinGyin

Continue Reading

You'll Also Like

308K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
225K 34.1K 86
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest