My Brother Is Stupid Cupid ๐Ÿ˜ค...

By SnowExoL_2

113K 11.6K 1.3K

Zawgyi and Unicode. . Cover Photo crd# More

1
2
3
4
5
7
8
9
10
11
12
13
14
15
16
17
18
Finale

6

5K 491 38
By SnowExoL_2

ယြင္မုန္႔က လွပတ့ဲ ေရျပင္က်ယ္နဲ႔
ထို ေရျပင္ထက္က ႀကာပန္း
ႀကာစြယ္တို႔ရဲ႕ ေအးခ်မ္းတ့ဲ အလွကို
ရွဳစားရင္း ရွီးခ်န္ရဲ႕ စိတ္တို႔ကလဲ
အလိုလို ျငိမ္းခ်မ္းကာ စိတ္ကို
အနားေပးျပီး ထိုျမင္ကြင္းမ်ားမွ
အႀကည့္မလႊဲႏိုင္ ျဖစ္ေနရသည္။

"ဇယ္ဝူကြ်င္း. . ."

အသံမႀကားခင္ထဲက ေလအေဝွ႔နဲ႔
ပါလာတ့ဲဲ ႀကာပန္းနံ႔ေရာတ့ဲ ေမႊးရနံ႔
သင္းသင္းေႀကာင့္ က်န္းခ်န္ သူရွိရာ
လာေနမွန္း ရွီးခ်န္ သိျပီးသားရယ္ပါ…

"ဝမ္ရင္း…"

အျပံဳးတစ္ပြင့္နဲ႔ သူႀကိဳဆိုေတာ့
က်န္းခ်န္က အျမဲလိုလို တည္တင္း
စူပုတ္ခ်င္ေနတ့ဲ မ်က္ႏွာႏုႏုမွာ
လုပ္ယူထားတ့ဲ အျပံဳးတစ္ခု တပ္ဆင္ရင္း
သူထိုင္ေနတ့ဲ ေက်ာက္သားစားပြဲရဲ႕
မ်က္ႏွာခ်င္းဆိုင္ ခံုမွာ ဝင္ထိုင္လာေတာ့
ရွီးခ်န္ ႀကည့္ေနတ့ဲ ျမင္ကြင္းေတြမွာ
က်န္းခ်န္ရဲ႕ ပုံရိပ္ကသာ ေနရာယူသြားခ့ဲတယ္…

"ဝမ္ရင္း တစ္ခုခု ေျပာစရာရွိလို႔လား ?…"

"ဟုတ္က့ဲ ! ရွိတယ္……"

ေလသံ အနည္းငယ္ ေတာင့္သြားတာမို႔
ေရွ႕ကလူက သူေလးစားရမ့ဲ သူဆိုတာ
ေခါင္းထဲ ျပန္သြင္းျပီး…

"ဟို…ဒီလိုပါ…အရင္က
ကြ်န္ေတာ့္ကို ဇယ္ဝူကြ်င္း အျမဲ…
က်န္းဂိုဏ္းခ်ဳပ္တို႔ က်န္းသခင္ေလးတို႔ပဲ
ေခၚေနႀကဆိုေတာ့…အခုရက္ပိုင္း
ဝမ္ရင္ ဆိုတာက ?……"

က်န္းခ်န္ရဲ႕ အမူအယာက
စိတ္ရွဳပ္ေထြးမႈကို ဖုံးကြယ္မထားသလို
စိတ္ထဲမွာလဲ လန္ဂိုဏ္းခ်ဳပ္ရဲ႕ နာမည္
အေခၚအေဝၚ ေျပာင္းသြားမႈ အေပၚမွာ
ႀကားရတာ နားထဲ ေတာင့္ေနျပီး
ဂိုဏ္းသားေတြ ႀကားတ့ဲအခါလဲ
အထူးအဆန္းလို အမူအယာေတြနဲ႔
သူတို႔ကို ခိုးခိုိုးအကဲခတ္ေနတာကို
က်န္းခ်န္ မသိသလိို မေနႏိုင္ေတာ့တာမို႔
မေကာင္းတတ္ေပမ့ဲ အခုလို ေမးရျခင္းသာ…

"ကြ်န္ေတာ္ ဝမ္ရင္းလို႔ ေခၚတာက…
က်န္းဂိုဏ္းခ်ဳပ္ အတြက္
စိတ္မေက်နပ္စရာမ်ား ျဖစ္ေနလို႔လား…
ဒါဆိုရင္ေတာ့ အရင္လိုပဲ. . ."

အနည္းငယ္ အျပံဳးပ်က္သြားတယ္လို႔
ထင္လိုက္မိတ့ဲ ဇယ္ဝူကြ်င္းရဲ႕
အမူအယာေႀကာင့္ က်န္းခ်န္ အျမန္
စကားကို ျဖတ္ေျပာလိုက္ရတယ္…

"အာ…အ့ဲဒီလိုလဲ မဟုတ္ပါဘူး
ဇယ္ဝူကြ်င္းရဲ႕…ကြ်န္ေတာ္က
ဇယ္ဝူကြ်င္းရဲ႕ အေျပာင္းအလဲကို
လိုက္မမွီျဖစ္သြားလို႔ပါ…ျပီးေတာ့
ဒီႏွစ္ေတြအတြင္း ကြ်န္ေတာ့္အေပၚ
ေဝ့ရင္းကလြဲျပီး နာမည္ေခၚဆိုမ့ဲသူ
မရွိတာ ႀကာခ့ဲျပီျဖစ္တာလဲ ပါပါတယ္…"

"ဒီလိုဆို ကြ်န္ေတာ့္ရဲ႕ ေခၚေဝၚမႈက
မင္းအတြက္ လက္ခံႏိုင္တယ္ေပါ့…"

"အင္း. . .အ့ဲဒီလိုပါပဲ ဗ်ာ……"

သူ အင္တင္တင္နဲ႔ ေခါင္းညိွမ့္လိုက္မွ
လန္ရွီးခ်န္ရဲ႕ အရင္လို ျပည့္ဝတ့ဲ
အျပံဳးေတြက ႏႈတ္ခမ္းထက္ ျပန္ေပၚလာခ့ဲျပီး…

"ဝမ္ရင္းလို႔ ေခၚရတာ ကြ်န္ေတာ္
အဆင္ေျပလိို႔ပါ…ေဝ့သခင္ေလးကလဲ
ဝမ္ရင္းအေပၚ ပိုရင္းႏွီးသြားေအာင္
အခုလို ေျပာင္းေခၚသင့္တယ္လို႔
အႀကံေပးတယ္ေလ…ေျပာရရင္
ကြ်န္ေတာ္တို႔ သိကြ်မ္းလာခ့ဲတာလဲ
ဆယ္စုႏွစ္ေတြ ႀကာခ့ဲျပီဆိုေတာ့…
ကြ်န္ေတာ္ကလဲ ဝမ္ရင္းအေပၚ ပိုျပီး
ရင္းႏွီး နားလည္ခ်င္လာလိို႔ပါ…"

"ဇယ္ဝူကြ်င္းရဲ႕ အေလးေပးမႈကို
ခံယူရလို႔ က်န္းခ်န္ ဂုဏ္ယူမိပါတယ္…
ဒီလိုဆို အမည္နာမကိုေတာ့
ဇယ္ဝူကြ်င္း သေဘာက် ေခၚေဝၚပါဗ်ာ…
ကြ်န္ေတာ္ အဆင္ေျပပါတယ္…ဒါနဲ႔
ဇယ္ဝူကြ်င္း ယြင္မုန္႔မွာ တည္းရတာ
ဘာမ်ား လိုအပ္ပါေသးလဲ…"

"ဝမ္ရင္းရဲ႕ စီစဥ္တတ္မႈေႀကာင့္
ကြ်န္ေတာ္တို႔ အဆင္ေျပပါရဲ႕ဗ်ာ…
က်န္းဂိုဏ္းက ကေလးေတြကလဲ
ကြ်န္ေတာ့္အေပၚ အေတာ့္ကို ရိုေသစြာ
ဆက္ဆံႀကပါတယ္…ကြ်န္ေတာ္ျဖင့္
အားေတာင္ နာမိပါရဲ႕…"

"ေႀသာ္. ဟုတ္က့ဲပါ ဇယ္ဝူကြ်င္း
အဆင္ေျပရင္ပဲ ေကာင္းလွပါျပီ…"

ေျပာသာ ေျပာေနရတာ
က်န္းခ်န္ရင္ထဲ ရွဳပ္ေထြးေနတာက
ရူးခ်င္စိတ္ေတာင္ေပါက္တယ္…
က်န္းဂိုဏ္းက ေကာင္စုတ္ေလးေတြက
ဘာလို႔မ်ား ဇယ္ဝူကြ်င္းကမွ သူတုိ႔
ဂိုဏ္းခ်ဳပ္လို ဆက္ဆံေနရတာလဲ !!!……
က်န္းခ်န္လဲ အ့ဲဒါကို ႀကားသိေနရလို႔
စိတ္တိုေနရတာ……
လိုအပ္သေလာက္ ဆက္ဆံရင္
ေတာ္ေရာေပါ့…အခုက
မဟုတ္ေသးပါဘူး !!…
ဇယ္ဝူကြ်င္းရဲ႕ လန္ဂိုဏ္းကိုမ်ား
လိုက္သြားခ်င္ေနႀကသလား ထင္ရတယ္…

"ဒါဆိုလဲ ဇယ္ဝူကြ်င္းကို
မေႏွာင့္ယွက္ေတာ့ပါဘူး…ရွဳခင္းကို
ဆက္ျပီး ရွဳစားႏွင့္ပါ…ကြ်န္ေတာ္
သြားလိုက္ပါဦးမယ္…"

"ေနပါဦး ဝမ္ရင္ရဲ႕…တစ္ကိုယ္တည္း
လွပတဲ့ ရွဳခင္းေတြကို ႀကည့္ရတာ
အေဖာ္မ့ဲသလို ခံစားရလို႔…
ဝမ္ရင္း ကသာ ခဏတာေလာက္
အနားက အေဖာ္ျပဳေပးမယ္ဆိုရင္…
ရွီးခ်န္ ေက်းဇူးတင္မိမွာပါ…"

"ကြ်န္ေတာ္က အေဖာ္ျပဳရမယ္ ?…"

က်န္းခ်န္ ေတြေဝသြားေပမ့ဲလဲ
ကိုယ္က အိမ္ရွင္ သူကေတာ့
ဧည့္သည္ မဟုတ္လားေလ…

အဖက္ဖက္က ျပီးျပည့္စုံလွတ့ဲ
ေလာက နံပါတ္တစ္ လန္ရွီးခ်န္
ဆိုတာကလဲ ရုပ္ရည္ ရူပကာမွာ
နတ္ဘုရား တစ္ပါးအလား
ထင္မွတ္ရေအာင္ လင္းဝင္းျပီး
ေတာက္ပေနတတ္သူႀကီး…
မနီးမေဝးမွာ ထိုင္ေနေတာ့ သူ႔ရဲ႕
ေမႊးျမသန္႔စင္တ့ဲ ကိုယ္သင္းရနံ႔ကေတာင္
တစ္ဖက္လူကို ဆြဲငင္ညိွဳ႕ယူႏိုင္တာ…
ဒီလို လူႀကီးကို အေဖာ္ျပဳေပးရမွာကို
က်န္းခ်န္မို႔သာ စဥ္းစားေနေသးတာ…

တစ္ျခား တစ္ဦးျဖစ္ႀကည့္ပါလား…
အမ်ိဳးသမီး အသာထားဦး အမ်ိဳးသား
တစ္ဦးျဖစ္ရင္ေတာင္ ေခါင္းကို
ကဗ်ာကယာညိွမ့္လို႔ ထိုင္ေနတ့ဲ
ဇယ္ဝူကြ်င္း ရင္ခြင္ေတာ္ထဲ အေျပးေလး
ေခါင္းတိုး သြားေဝွ႔ႀကမွာ အေသအခ်ာ…

"ဝမ္ရင္း ဒီေလာက္ စဥ္းစားေနတာ
အဆင္မေျပလို႔လား…"

"ဟမ္ ?…အာ…မဟုတ္ပါဘူး…
ကြ်န္ေတာ္ လုပ္စရာ က်န္ေသးလား
ေတြးေနမိလို႔ပါ…ေျပာရရင္
ဇယ္ဝူကြ်င္းက အထူးဧည့္သည္ေတာ္ပဲ…
ကြ်န္ေတာ္က ဇယ္ဝူကြ်င္းကို ယြင္မုန္႔ရဲ႕
အပန္းေျပစရာ ေနရာေတြကို…
လိုက္ျပီး ရွဳစားဖို႔ ျပေပးသင့္တာ…
ဇယ္ဝူကြ်င္း ဆႏၵရွိရဲ႕လားဗ်ာ…"

လန္ရွီးခ်န္က မ်က္စိက်ိန္းေလာက္တ့ဲ
အျပံဳးပန္းနဲ႔ ေနရာက ထရပ္ျပီး…

"ဆႏၵရွိတာေပါ့ဗ်ာ…ကြ်န္ေတာ္က
ဝမ္ရင္းကို အားနာလို႔ မေတာင္းဆိုခ့ဲတာ…
ဒီလိုဆို အခုပဲ သြားႀကမလား…"

"အခု ? အခုလား…ဟုတ္က့ဲ ႀကြပါ…"

ခံစားခ်က္ေတြကို အျမဲလိုလို
မ်ိဳသိပ္တတ္တာကလြဲလို႔ စိတ္ထား
တည္ႀကည္တ့ဲ လူရိုးလူေျဖာင့္ ျဖစ္သလို
ဟန္ေဆာင္ လိမ္ညာမႈေတြနဲ႔လဲ
မရင္းႏွီးေလေတာ့ လက္ရွိစိတ္ထဲက
ရွဳပ္ေထြးေနတာေတြကို က်န္းခ်န္
ႀကာႀကာဆက္ေတြးရင္ ရူးႏိုင္တာမို႔
အာရံုေတြကို ဇယ္ဝူကြ်င္းအား
သာယာတ့ဲ ဘယ္ေနရာကိုမ်ား
ပို႔ေပးရမလဲဟုသာ ေတြးေနလိုက္ေတာ့သည္။

¡~~~~~~~~~~~~¡

က်န္းခ်န္ ဇယ္ဝူကြ်င္းကို ေခၚျပီး
အျပင္ထြက္သြားမွ အကြယ္တစ္ခုက
ေခ်ာင္းႀကည့္ေနတ့ဲ ေဝ့ရင္းတစ္ေယာက္
သူ႔အေရွ႕က ျဖတ္သြားဖို႔ျပင္ေနတ့ဲ
ေကာင္ငယ္ေလးကို လွမ္းဆြဲျပီး…

"အားခ်န္တို႔ ဘယ္သြားတာလဲ…"

"ေဝ့သခင္ေလးကို ျပန္ေျဖပါတယ္…
ကြ်န္ေတာ္လဲ မသိပါဘူး…"

"မသိတာက ေျဖတာလား ?…
ကဲပါ ကဲပါ…သြား သြားေတာ့…"

ေဝ့ရင္း စိတ္ရွဳပ္စြာနဲ႔ လက္ကာျပျပီး
သြားခိုင္းလိုက္တယ္…

သူ ယြင္မုန္႔မွာ က်န္းခ်န္ မသိေအာင္
ေရွ႕ကေန အရင္လာပုန္းေနတာေလ…
က်န္းခ်န္နဲ႔ ေယာက္ဖေတာ္တို႔
အေျခအေန ထူးျခားလာ မလာဆိုတာ
သူပုန္းျပီး ေစာင့္ႀကည့္ေနခ့ဲတာ…
သူရွိေနတာကို ဂိုဏ္းက ကေလးေတြ
အားလုံးကေတာ့ သိတယ္ရယ္…
အလိမၼာေလးေတြက က်န္းခ်န္ကို
ဘာတစ္ခုမွ ျပန္မေျပာႀကဘူး…
ဇယ္ဝူကြ်င္းကိုလဲ က်န္းခ်န္ရဲ႕
အနာဂတ္ အရွင္သခင္ ျဖစ္လာမွာမို႔
ေသခ်ာ ဂရုစိုက္ႀကဖို႔လဲ သူပဲ
မွာထားရတာ……

ဟင္း*……က်န္းခ်န္ အေရးပဲ
အာရံုထဲ ေရာက္ေနရတာနဲ႔
လန္က်န္႔ကိုေတာင္ ေမ့ေနမိတာ
ခုမွ သတိေတာင္ ျပန္ရလာျပီ……။

"အို…လန္က်န္႔က ကိစၥမရွိေသးဘူး…
က်န္းခ်န္နဲ႔ ဇယ္ဝူကြ်င္း ဘယ္သြားလဲ
အရင္ သိေအာင္လုပ္မွပါ…"

တစ္ကိုယ္တည္းေျပာရင္း
က်န္းခ်န္တို႔ေနာက္ လိုက္ဖို႔ ေဝ့ရင္း
ေျခလွမ္းျပင္လိုက္တယ္…

…………

"ဝမ္ရင္း အခု ဘယ္ကိုသြားေနတာလဲ…"

"အာ. . .အ့ဲဒါက…"

တစ္ကယ္ေတာ့ က်န္းခ်န္လဲ
ဒီ ႀကီးျမတ္လွတ့ဲ ကူစူးလန္အရွင္ကို
ဘယ္ေခၚသြားရမယ္မွန္း မသိဘူးေလ…
အ့ဲဒါနဲ႔ပဲ ကိုယ့္အတြက္ေတာ့ ထပ္ခါ
ထပ္ခါ ျမင္ေနႀက ျမင္ကြင္းေတြျဖစ္တ့ဲ
ညေစ်းတန္းကို ေခၚသြားမလားဆိုျပီး
အခုလို ေနမဝင္ခင္ထဲက ေစ်းရွိရာကို
လမ္းေလ်ွာက္လာေနရတာပဲ…

"ဟို. . .ကြ်န္ေတာ္ ဇယ္ဝူကြ်င္းကို
ဘယ္ေခၚသြားသင့္သလဲ မသိေသးလို႔…"

က်န္းခ်န္ အရွက္ေျပ ျပံဳးကာ
ေျပာလိုက္ေတာ့ ဇယ္ဝူကြ်င္းက
ခဏတာ အံ့ႀသသြားဟန္ကေန
တစ္ခ်က္ေလး ရယ္လိုက္တယ္…
ခဏေလးမွ လုံးဝကို ခဏေလးပါပဲ…
ဒါေပမ့ဲလဲ ဆည္းလည္းသံလို ခ်ိဳသာျပီး
မင္သက္ဖြယ္ ႀကည့္ေကာင္းလြန္းလို႔ ေယာက်ာ္းခ်င္းျဖစ္တ့ဲ က်န္းခ်န္ေတာင္
ထိုလူႀကီးကို ေငးေမာမိရတယ္…

"ဂိုဏ္းခ်ဳပ္ !! ဂိုဏ္းခ်ဳပ္…"

က်န္းခ်န္ကို အေမာတစ္ေကာ
ေခၚရင္း အနားကို ေျပးလာေနတ့ဲ
တပည့္ေလးေႀကာင့္…

"ဘယ္လိုျဖစ္လို႔ ဇယ္ဝူကြ်င္းေရွ႕
ေျပးလႊားေနရတာလဲ ?…ဂိုဏ္းျပင္ပမွာ
ဆိုျပီး စည္းကမ္းမ့ဲတာလား…"

က်န္းခ်န္ ဆူလိုက္ေတာ့…

"ေတာင္းပန္ပါတယ္ ဂိုဏ္းခ်ဳပ္…
ဟို ဂိုဏ္းခ်ဳပ္က ဇယ္ဝူကြ်င္း အရွင္ကို
ယြင္မုန္႔ရဲ႕ အလွ ရွဳစားဖို႔ ေခၚသြားတာ
သိလိုက္ေတာ့…ဂိုဏ္းခ်ဳပ္ ရုတ္တစ္ရက္
ေနရာေကာင္း မေတြးမိမွာ စိုးရိမ္ျပီး…
အႀကံေပးခိုင္းလိုက္လို႔ပါ…"

"ဘယ္သူကလဲ ?!…"

က်န္းခ်န္ မ်က္ေမွာင္ႀကံဳ႕
ေမးလိုက္ေတာ့…

"ဟို…အစ္ကိုေတာ္ ေရွာင္စစ္ကပါ…
ဂိုဏ္းခ်ဳပ္နဲ႔ ဇယ္ဝူကြ်င္းအတြက္
ေလွစီးျပီး ႀကာပန္းရွဳစားဖို႔…ျမစ္ဆိပ္မွာ
ေလွ အဆင္သင့္ ျပင္ထားတာ ရွိတာမို႔
သြားလည္ဖို႔ ဆႏၵရွိိမလားလို႔ပါတ့ဲ…"

"ႀကာပန္း ရွဳစားရမယ္ ?…"

က်န္းခ်န္ ခဏေတြေဝသြားျပီး
လန္ရွီးခ်န္ကို ႀကည့္လိုက္တယ္…

"ဇယ္ဝူကြ်င္း ႀကာရွဳစားဖို႔
ဆႏၵရွိပါရဲ႕လား…"

"ရွိပါတယ္…ကြ်န္ေတာ္လဲ
ယြင္မုန္႔က ႀကာပန္းေတြရဲ႕ အလွကိို
အနီးကပ္ ရွဳစားခ်င္ေနခ့ဲတာ…
အခုလို ယြင္မုန္႔ရဲ႕ အရွင္သခင္ေလးက
ေဘးမွာ အတူ အေဖာ္ျပဳေပးမယ္ဆိုေတာ့…
ပီတိျဖစ္စိတ္ကို မေဖာ္ျပတတ္ေအာင္ပါပဲ…"

"အ့ဲဒီေလာက္လဲ ေျမွာက္ပင့္ဖို႔
မလိုပါဘူးဗ်ာ…ဧည့္သည္ကို
ဂရုစိုက္ရမွာ အိမ္ရွင့္တာဝန္ပါ…
ဇယ္ဝူကြ်င္းလို ျမင့္ျမတ္တ့ဲ အရွင္က
အခုလို အလည္ေရာက္ရွိေနတာကမွ…
ယြင္မုန္႔အတြက္ မဂၤလာတစ္ပါးပါ…
ဇယ္ဝူကြ်င္း ျမစ္ဆိပ္ကို ႀကြပါဗ်ာ…"

အျပံဳးတစ္ခုနဲ႔ပဲ က်န္းခ်န္တစ္ေယာက္
ေျခေညာင္းတာ သည္းခံျပီး လန္ဂိိုဏ္းရဲ႕
အရွင္ျမတ္ႀကီးကို ျမစ္ဆိပ္ဘက္
လွည့္ေခၚသြားရေလရဲ႕…
က်န္းခ်န္ စိတ္ထဲ ဘာေတြပဲ ျဖစ္ေနေန
လန္ရွီးခ်န္ကေတာ့ျဖင့္ အရင္အတိုင္း
သူ႔ မူပိုင္ အျပံဳးတစ္ပြင့္နဲ႔ပါပဲ…
ေျပာရရင္ ပိုလို႔ေတာင္ လင္းလက္ေနတ့ဲ
ဆြဲမက္ဖြယ္ အျပံဳးေတြနဲ႔ေပါ့……

……………………

ေဝ့ရင္း ျပန္ေရာက္လာတ့ဲ
ေကာင္ငယ္ေလးကို လက္ဆြဲျပီး
ေမးလိုက္တယ္…

"ဘယ္လိုလဲ ? က်န္းခ်န္
ဇယ္ဝူကြ်င္းကို ေလွစီးဖို႔ ေခၚသြားလား…"

"ဟုတ္က့ဲ…အခုေလးပဲ
ထြက္သြားပါတယ္…"

"ဟုတ္လား ? ေကာင္းတယ္ !…
အဲ.  .  .ေနဦး…တစ္ေယာက္ေယာက္
ခဏလာႀကပါဦးဟ !!…"

"ဟုတ္က့ဲ ဟုတ္က့ဲ ! လာျပီ…"

အနား ေရာက္လာတ့ဲ
ဂိုဏ္းသားေလးကို…

"ျမစ္ဆိပ္ကို ျဖတ္လမ္းကေန
လိုက္သြားစမ္းပါဦး…ငါ ေလွေဖာက္ဖို႔
ခိုင္းလိုက္တ့ဲ အဖြဲ႕…က်န္းခ်န္နဲ႔
တိုးေနမွာ စိုးရတယ္…သြား သြား…
ျမန္ျမန္ေလး သတိသြားေပးေပးဦး…"

"ဟုတ္က့ဲ ဟုတ္က့ဲ…"

ေခါင္းတစ္ညိွမ့္ညိွမ့္နဲ႔ ေျပးထြက္သြားတ့ဲ
ေကာင္ငယ္ေလးကို ႀကည့္ျပီး…

"ငါ့ရဲ႕ အားခ်န္ေလး…မင္းက
ေရကြ်မ္းျပီးသားပဲေလ…မင္းေလာက္
ေရမကြ်မ္းႏိုင္တ့ဲ ဇယ္ဝူကြ်င္းနဲ႔…
ႏွစ္ေယာက္သား ေရထဲက ဖူးစာအျဖစ္နဲ႔
အဆင္ေျပႀကပါေစကြာ…"

…………………………

ေလွေလးက သာမန္
အရြယ္အစားသာမို႔ ကိုယ္တိုင္လဲ
ေလွေလွာ္တတ္ေနတာနဲ႔ ေလွသမား
သီးသန္႔ ေခၚမေနေတာ့ဘဲ ႏွစ္ဦးသာ
လြတ္လပ္စြာ လိုက္ပါႏိုင္တ့ဲ
ေလွကေလးကို က်န္းခ်န္ကပဲ
အစြန္မွာ ေနရာယူျပီး ေလွာ္ခတ္ခ့ဲသည္။

လန္ရွီးခ်န္က တစ္ဖက္ အစြန္မွာ
ထိုင္ျပီး ေရျပင္က်ယ္နဲ႔ ပနံသင့္စြာ
လွပေနတ့ဲ ပြင့္လန္းလန္း ႀကာပန္းမ်ားကို
ရွဳစားကာ အျပံဳးေတြက သာမန္ထက္ကို
ေတာက္ပေနေတာ့သည္။

"ဝမ္ရင္း…ကြ်န္ေတာ္
ႀကာတစ္ပြင့္ေလာက္ ခူးယူလို႔
ျဖစ္မလား…"

က်န္းခ်န္ ႀကားရတာ အနည္းငယ္
အံ့ႀသမိေပမ့ဲ…

"ရတာေပါ့ဗ်ာ…ဇယ္ဝူကြ်င္းက
အားနာတတ္ရန္ေကာ…တစ္ပြင့္
မဟုတ္ဘူး ငါးပြင့္ယူ…အလွဆုံးကို
ကြ်န္ေတာ္ ခူးေပးမယ္…"

ညေန ဆည္းဆာမွာ ခရမ္းေရာင္
နတ္သားငယ္ တစ္ပါးအလား
ေခ်ာေမာသလို ခ်စ္စရာလဲ ေကာင္းေနတ့ဲ
က်န္းခ်န္ရဲ႕ ကြ်မ္းက်င္စြာ
ေလွေလွာ္ခတ္ေနတ့ဲ ပုံရိပ္ကိုႀကည့္ရင္း
ရွီးခ်န္ ျပံဳးကာ ေခါင္းရမ္းလိုက္တယ္…

"ကြ်န္ေတာ့္ အတြက္ တစ္ပြင့္ဆို
လုံေလာက္ပါျပီဗ်ာ…ယြင္မုန္႔ရဲ႕
အလွအပ ႀကာေတြကို အမ်ားႀကီး
မဖ်က္စီးရဲပါဘူး…"

က်န္းခ်န္လဲ ေလွအနီးက
အလွဆုံးနဲ႔ အႀကီးဆုံးျဖစ္ေလာက္မ့ဲ
ခရမ္းေရာင္ ႀကာပြင့္ႀကီးကို အနားကပ္
ခူးယူျပီး လန္ရွီးခ်န္ကို လွမ္းေပးလိုက္တယ္…

"ဒီမွာပါဗ်…"

"ေက်းဇူးပါဗ်ာ…"

"အားမနာပါနဲ႔ ဇယ္ဝူကြ်င္းရဲ႕…"

ရွီးခ်န္က လက္ထဲေရာက္လာတ့ဲ
အရမ္းလွတ့ဲ ႀကာပြင့္ကို ေသခ်ာ
ႀကည့္လိုက္ျပီး မ်က္ႏွာခ်င္းဆိုင္က
ေလွကို အာရံုစိုက္ ေလွာ္ခတ္ေနတ့ဲ
က်န္းခ်န္ရွိရာ အႀကည့္ျပန္ပို႔လိုက္တယ္…

"ႀကာပန္းေတြက လွပါတယ္…
ဒါေပမ့ဲ အနီးကပ္ႀကည့္မိေတာ့လဲ…
ကြ်န္ေတာ့္စိတ္ထဲမွာ သူတို႔က
တစ္စုံတစ္ေယာက္ရဲ႕ မ်က္လုံးေတြနဲ႔…
အ့ဲဒီ မ်က္လုံးေတြရဲ႕ ပိုင္ရွင္…
တစ္ေယာက္ေသာ သူေလာက္ေတာင္
မလွႀကေတာ့သလိုပဲရယ္…"

" . . . "

ရုတ္တစ္ရက္ႀကီး အႏုအရြေတြ
ေျပာလာတ့ဲ လန္ရွီးခ်န္ေႀကာင့္
က်န္းခ်န္ လက္ထဲက ေလွာ္တက္ေတာင္
လႊတ္ခ်မိေတာ့ မတတ္ပဲ…

ဒီလူက ရုတ္တစ္ရက္ႀကီး
ဘာျဖစ္ရတာလဲ ???……
ဘယ္က တစ္စုံတစ္ေယာက္က
သူ႔စီမွာ ရွိေနလို႔ ? အ့ဲတစ္ေယာက္ရဲ႕
မ်က္လုံးက ဘယ္ေလာက္လွလို႔ ?
အ့ဲ တစ္ေယာက္ကေရာ ဘယ္လိုေတာင္
ျပစ္မ်ိဳးမွဲ႔မထင္တ့ဲ နတ္မ်ိဳးႏြယ္ကမို႔
ျမင့္ျမတ္လွတ့ဲ အရွင္ ဇယ္ဝူကြ်င္းရဲ႕
အျမင္အာရံုကို ဖမ္းစားႏိုင္ခ့ဲတာပါလိမ့္…

မ်က္ခုံးေတြ ႀကံဳ႕ရင္း ေခါင္းထဲမွာ
အေတြးေတြ ျပည့္ႏွက္သြားေပမ့ဲ
အျပင္ပန္းမွာေတာ့ ႏႈတ္ခမ္းသားကို
တင္းတင္းေစ့ျပီး ေရျပင္ကိုသာ
အာရံုစိုက္ ေလွေလွာ္ခတ္ေနဟန္နဲ႔
က်န္းခ်န္တစ္ေယာက္ဟာ တည္ျငိမ္ေနလိုက္တာမ်ား…

က်န္းခ်န္ မျမင္မိခင္ လန္ရွီးခ်န္က
ႀကာပန္းကို ႏွာေခါင္းအနားကပ္ျပီး
တစ္ခ်က္ ေမႊးႀကဴလိုက္တယ္…
ျပီးေတာ့ ခပ္ယ့ဲယဲ့ အျပံဳးနဲ႔
တိုးညွင္းစြာ ေျပာလာတာက…

"ထင္တ့ဲ အတိုင္း…ႀကာပန္းရဲ႕
ေမႊးရနံ႔ကလဲ…သူ႔ရဲ႕ ကိုယ္သင္းရနံ႔ေလာက္
မသင္းပ်ံ႕ဘူးပဲ…"

သူေျပာတာ တိုးေပမ့ဲ
အ့ဲဒီေလာက္ကေတာ့ က်န္းခ်န္
ႀကားႏိုင္ေသးတာမို႔ တစ္ကယ္ပဲ
ေလွာ္တက္ႀကီး လက္က လႊတ္ခ်ခ်င္သြားတယ္…

*ဘယ္လိုေတာင္ မႀကားဝံ့စရာ
စကားေတြလဲ ?…ကိုယ္သင္းရနံ႔တ့ဲလား…
ရိုးသား ေျဖာင့္မွန္လြန္းတ့ဲ လန္ဂိုဏ္းရဲ႕
အရွင္သခင္က…ဘယ္မိန္းမပ်ိဳရဲ႕
ကိုယ္သင္းရနံ႔ကို တမ္းတေနရလဲပဲ ?…
ျပီးေတာ့ ဒီစကားေတြကို လူေရွ႕
ထုတ္ေျပာစရာလားလို႔ ??… -_-
အခုလိုေတာင္ ေျပာမွေတာ့ ႀကည့္ရတာ
ဒီျမင့္ျမတ္လွတ့ဲ အရွင္က တစ္ဖက္က
သူ႔ဇနီးေလာင္းကညာနဲ႔ ေတာ္ေတာ့္ကိို
နီးကပ္ခ့ဲဖူးတယ္ ထင္တယ္…
မထင္ရဘူး…လက္သြက္ခ်က္…*

က်န္းခ်န္ အေတြးေတြ အမ်ားႀကီးနဲ႔
ဇယ္ဝူကြ်င္းကို ေဝဝါးဝါးျပန္ႀကည့္ေတာ့…

"ကြ်န္ေတာ္ အခု ေရရြတ္ခ့ဲတဲ့
တစ္စုံတစ္ေယာက္ကို ဝမ္ရင္
သိခ်င္စိတ္မ်ား ရွိမလား ?…"

"သိခ်င္ရင္ေတာင္ ေမးဖို႔အတြက္
မသင့္ေတာ္သလို…မသိခ်င္ဘူးလို႔
ဆိုမိရင္လဲ ကြ်န္ေတာ္ လိမ္တာမို႔…
ေျပာမထြက္ပါဘူး…အခုလို ႀကီးျမတ္တ့ဲ
ေလာက နံပါတ္တစ္ အရွင္ ဇယ္ဝူကြ်င္းရဲ႕
တမ္းတမိသူကို…က်န္းခ်န္လဲ စိတ္ဝင္တစ္စား ရွိမိေႀကာင္းပါဗ်ာ…
ဆႏၵရွိရင္ေတာ့ ေျပာျပႏိုင္ပါတယ္…"

ရွီးခ်န္ အလွပဆုံး ျပံဳးလိုက္တယ္…

"ရွိတာေပါ့…ဝမ္ရင္း ေမးလာဖို႔
ကြ်န္ေတာ္လဲ ေမ်ွာ္ လင့္. . . . .
ေရေတြ ?…"

"ဟင္ ? ဟာ !! ေရေတြ ဝင္လာတယ္…"

က်န္းခ်န္ ေလွာ္တက္ႀကီးကို
ဒုန္းခနဲ  ပစ္ခ်လိုက္ျပီး ေလွေပၚ
မတ္တပ္ ထရပ္လိုက္တယ္…
ေရေတြက ေလွအလယ္ကေန
မသိမသာေလး စိမ့္ဝင္လာျပီးေတာ့
တစ္ျဖည္းျဖည္းနဲ႔မွ အေပါက္က
ပိုႀကီးသြားပုံရတယ္…

ျမစ္ဆိပ္ကို လွမ္းႀကည့္လိုက္ေတာ့
မႈန္ျပျပသာ ျမင္ရေတာ့တယ္…
ဒါေပမ့ဲ ကိစၥမရွိဘူး…ဒီေလာက္ကေတာ့
ေရေပၚမွာ အိမ္တည္ျပီး ေမြးလာတ့ဲ
က်န္းခ်န္အတြက္ အသာေလး
ေရကူးျပီး ျပန္လို႔ရတယ္…

ဒါေပမ့ဲ . . .ဇယ္ဝူကြ်င္းပါ
အတူ ပါေနတယ္ေလ !!!…
ဇယ္ဝူကြ်င္းကို ဘယ္္ပါးစပ္နဲ႔
*ကြ်န္ေတာ္နဲ႔ အတူ ေရလိုက္ကူးပါ*
လို႔ ေျပာရမွာလဲလို႔ ???!!!…

"ဝမ္ရင္ ေလွက ေရပို ဝင္ေနျပီ…
ဘယ္လို လုပ္ႀကမလဲ ?…
ကြ်န္ေတာ္က ေရမကြ်မ္းက်င္ဘူး…"

"ဗ်ာ ?…ဟိုေလ . .ဇယ္ဝူကြ်င္းရဲ႕
ရိွဳးယြဲ႕. . ."

"က်န္ခ့ဲတယ္ေလ…အေဆာင္အျပင္
ခဏပဲ ထြက္မယ္ဆိုျပီး…ကိုယ္ေပၚ
ဘာမွ ပါမလာခ့ဲဘူး…"

ဇယ္ဝူကြ်င္းရဲ႕ ထုံးစံအတိုင္း
ႏူးည့ံတ့ဲ အေျပာမွာ က်န္းခ်န္
စိတ္ဆင္းရဲသြားတယ္……
ဒီေရျပင္ကို ဇယ္ဝူကြ်င္းေခၚျပီး
ငါေက်ာ္ႏိုင္ပါ့မလား !!…ဒါနဲ႔
ဇယ္ဝူကြ်င္းက ေလေပၚပ်ံတတ္တယ္
မဟုတ္ဘူးလား ???…

ထိုစဥ္……

"ဝမ္ရင္ ကြ်န္ေတာ္. . . ."

"ဟာ ! ဇယ္ဝူကြ်င္း မလာနဲ႔ !…
မ လာ.  .  ."

ဝုန္း !!……ဗြမ္း ! ဗြမ္း !……

ေလွဦး တစ္ဖက္ကေန က်န္းခ်န္ဘက္
တိုးလာခ့ဲတ့ဲ လန္ရွီးခ်န္ေႀကာင့္
အရွိန္လြန္ကာ ေလွေမွာက္ျပီး
ႏွစ္ေယာက္လုံး ယြင္မုန္႔ရဲ႕ေရျပင္က်ယ္နဲ႔
မိတ္ဆက္ႀကရေတာ့သည္။

……………………

ထိုအျဖစ္အပ်က္ကို မသိေသာ
က်င္းဂိုဏ္းခ်ဳပ္ က်င္းကြမ္ေရာင္သည္
အစ္ကိုေတာ္အား လာႀကည့္သည္
ဆိုျပီး လန္ဂိုဏ္း ေရာက္သြားခ်ိန္
တူေတာ္ေမာင္ က်င္းလင္ႏွင့္ေတြ႔ကာ…
က်င္းလင္မွ ဇယ္ဝူကြ်င္းတို႔
သူ႔ဦးေလး က်န္းခ်န္၏ ယြင္မုန္႔မွ
က်န္းဂိုဏ္းသို႔ ေရာက္ေနသည္မို႔
က်င္းဂိုဏ္းခ်ဳပ္ ေရာက္လက္စႏွင့္
အတူသြားလည္ႀကရေအာင္ဟု
ေျပာလာသည္မို႔…

က်င္းလင္ စစ္ေကြ်းႏွင့္ က်င္းရီတို႔ကို
အတူေခၚ၍ ယြင္မုန္႔သို႔ ေလွႏွင့္
ထြက္လာခ့ဲသည္မွာ ေရာက္ခါပင္
နီးလုေခ်ေတာ့သည္။………

…………………………

……

>>> Unicode <<<

ယွင်မုန့်က လှပတဲ့ ရေပြင်ကျယ်နဲ့
ထို ရေပြင်ထက်က ကြာပန်း
ကြာစွယ်တို့ရဲ့ အေးချမ်းတဲ့ အလှကို
ရှုစားရင်း ရှီးချန်ရဲ့ စိတ်တို့ကလဲ
အလိုလို ငြိမ်းချမ်းကာ စိတ်ကို
အနားပေးပြီး ထိုမြင်ကွင်းများမှ
အကြည့်မလွှဲနိုင် ဖြစ်နေရသည်။

"ဇယ်ဝူကျွင်း. . ."

အသံမကြားခင်ထဲက လေအဝှေ့နဲ့
ပါလာတဲ့ ကြာပန်းနံ့ရောတဲ့ မွှေးရနံ့
သင်းသင်းကြောင့် ကျန်းချန် သူရှိရာ
လာနေမှန်း ရှီးချန် သိပြီးသားရယ်ပါ…

"ဝမ်ရင်း…"

အပြုံးတစ်ပွင့်နဲ့ သူကြိုဆိုတော့
ကျန်းချန်က အမြဲလိုလို တည်တင်း
စူပုတ်ချင်နေတဲ့ မျက်နှာနုနုမှာ
လုပ်ယူထားတဲ့ အပြုံးတစ်ခု တပ်ဆင်ရင်း
သူထိုင်နေတဲ့ ကျောက်သားစားပွဲရဲ့
မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လာတော့
ရှီးချန် ကြည့်နေတဲ့ မြင်ကွင်းတွေမှာ
ကျန်းချန်ရဲ့ ပုံရိပ်ကသာ နေရာယူသွားခဲ့တယ်…

"ဝမ်ရင်း တစ်ခုခု ပြောစရာရှိလို့လား ?…"

"ဟုတ်ကဲ့ ! ရှိတယ်……"

လေသံ အနည်းငယ် တောင့်သွားတာမို့
ရှေ့ကလူက သူလေးစားရမဲ့ သူဆိုတာ
ခေါင်းထဲ ပြန်သွင်းပြီး…

"ဟို…ဒီလိုပါ…အရင်က
ကျွန်တော့်ကို ဇယ်ဝူကျွင်း အမြဲ…
ကျန်းဂိုဏ်းချုပ်တို့ ကျန်းသခင်လေးတို့ပဲ
ခေါ်နေကြဆိုတော့…အခုရက်ပိုင်း
ဝမ်ရင် ဆိုတာက ?……"

ကျန်းချန်ရဲ့ အမူအယာက
စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်မထားသလို
စိတ်ထဲမှာလဲ လန်ဂိုဏ်းချုပ်ရဲ့ နာမည်
အခေါ်အဝေါ် ပြောင်းသွားမှု အပေါ်မှာ
ကြားရတာ နားထဲ တောင့်နေပြီး
ဂိုဏ်းသားတွေ ကြားတဲ့အခါလဲ
အထူးအဆန်းလို အမူအယာတွေနဲ့
သူတို့ကို ခိုးခိုးအကဲခတ်နေတာကို
ကျန်းချန် မသိသလို မနေနိုင်တော့တာမို့
မကောင်းတတ်ပေမဲ့ အခုလို မေးရခြင်းသာ…

"ကျွန်တော် ဝမ်ရင်းလို့ ခေါ်တာက…
ကျန်းဂိုဏ်းချုပ် အတွက်
စိတ်မကျေနပ်စရာများ ဖြစ်နေလို့လား…
ဒါဆိုရင်တော့ အရင်လိုပဲ. . ."

အနည်းငယ် အပြုံးပျက်သွားတယ်လို့
ထင်လိုက်မိတဲ့ ဇယ်ဝူကျွင်းရဲ့
အမူအယာကြောင့် ကျန်းချန် အမြန်
စကားကို ဖြတ်ပြောလိုက်ရတယ်…

"အာ…အဲ့ဒီလိုလဲ မဟုတ်ပါဘူး
ဇယ်ဝူကျွင်းရဲ့…ကျွန်တော်က
ဇယ်ဝူကျွင်းရဲ့ အပြောင်းအလဲကို
လိုက်မမှီဖြစ်သွားလို့ပါ…ပြီးတော့
ဒီနှစ်တွေအတွင်း ကျွန်တော့်အပေါ်
ဝေ့ရင်းကလွဲပြီး နာမည်ခေါ်ဆိုမဲ့သူ
မရှိတာ ကြာခဲ့ပြီဖြစ်တာလဲ ပါပါတယ်…"

"ဒီလိုဆို ကျွန်တော့်ရဲ့ ခေါ်ဝေါ်မှုက
မင်းအတွက် လက်ခံနိုင်တယ်ပေါ့…"

"အင်း. . .အဲ့ဒီလိုပါပဲ ဗျာ……"

သူ အင်တင်တင်နဲ့ ခေါင်းညှိမ့်လိုက်မှ
လန်ရှီးချန်ရဲ့ အရင်လို ပြည့်ဝတဲ့
အပြုံးတွေက နှုတ်ခမ်းထက် ပြန်ပေါ်လာခဲ့ပြီး…

"ဝမ်ရင်းလို့ ခေါ်ရတာ ကျွန်တော်
အဆင်ပြေလို့ပါ…ဝေ့သခင်လေးကလဲ
ဝမ်ရင်းအပေါ် ပိုရင်းနှီးသွားအောင်
အခုလို ပြောင်းခေါ်သင့်တယ်လို့
အကြံပေးတယ်လေ…ပြောရရင်
ကျွန်တော်တို့ သိကျွမ်းလာခဲ့တာလဲ
ဆယ်စုနှစ်တွေ ကြာခဲ့ပြီဆိုတော့…
ကျွန်တော်ကလဲ ဝမ်ရင်းအပေါ် ပိုပြီး
ရင်းနှီး နားလည်ချင်လာလို့ပါ…"

"ဇယ်ဝူကျွင်းရဲ့ အလေးပေးမှုကို
ခံယူရလို့ ကျန်းချန် ဂုဏ်ယူမိပါတယ်…
ဒီလိုဆို အမည်နာမကိုတော့
ဇယ်ဝူကျွင်း သဘောကျ ခေါ်ဝေါ်ပါဗျာ…
ကျွန်တော် အဆင်ပြေပါတယ်…ဒါနဲ့
ဇယ်ဝူကျွင်း ယွင်မုန့်မှာ တည်းရတာ
ဘာများ လိုအပ်ပါသေးလဲ…"

"ဝမ်ရင်းရဲ့ စီစဉ်တတ်မှုကြောင့်
ကျွန်တော်တို့ အဆင်ပြေပါရဲ့ဗျာ…
ကျန်းဂိုဏ်းက ကလေးတွေကလဲ
ကျွန်တော့်အပေါ် အတော့်ကို ရိုသေစွာ
ဆက်ဆံကြပါတယ်…ကျွန်တော်ဖြင့်
အားတောင် နာမိပါရဲ့…"

"သြော်. ဟုတ်ကဲ့ပါ ဇယ်ဝူကျွင်း
အဆင်ပြေရင်ပဲ ကောင်းလှပါပြီ…"

ပြောသာ ပြောနေရတာ
ကျန်းချန်ရင်ထဲ ရှုပ်ထွေးနေတာက
ရူးချင်စိတ်တောင်ပေါက်တယ်…
ကျန်းဂိုဏ်းက ကောင်စုတ်လေးတွေက
ဘာလို့များ ဇယ်ဝူကျွင်းကမှ သူတို့
ဂိုဏ်းချုပ်လို ဆက်ဆံနေရတာလဲ !!!……
ကျန်းချန်လဲ အဲ့ဒါကို ကြားသိနေရလို့
စိတ်တိုနေရတာ……
လိုအပ်သလောက် ဆက်ဆံရင်
တော်ရောပေါ့…အခုက
မဟုတ်သေးပါဘူး !!…
ဇယ်ဝူကျွင်းရဲ့ လန်ဂိုဏ်းကိုများ
လိုက်သွားချင်နေကြသလား ထင်ရတယ်…

"ဒါဆိုလဲ ဇယ်ဝူကျွင်းကို
မနှောင့်ယှက်တော့ပါဘူး…ရှုခင်းကို
ဆက်ပြီး ရှုစားနှင့်ပါ…ကျွန်တော်
သွားလိုက်ပါဦးမယ်…"

"နေပါဦး ဝမ်ရင်ရဲ့…တစ်ကိုယ်တည်း
လှပတဲ့ ရှုခင်းတွေကို ကြည့်ရတာ
အဖော်မဲ့သလို ခံစားရလို့…
ဝမ်ရင်း ကသာ ခဏတာလောက်
အနားက အဖော်ပြုပေးမယ်ဆိုရင်…
ရှီးချန် ကျေးဇူးတင်မိမှာပါ…"

"ကျွန်တော်က အဖော်ပြုရမယ် ?…"

ကျန်းချန် တွေဝေသွားပေမဲ့လဲ
ကိုယ်က အိမ်ရှင် သူကတော့
ဧည့်သည် မဟုတ်လားလေ…

အဖက်ဖက်က ပြီးပြည့်စုံလှတဲ့
လောက နံပါတ်တစ် လန်ရှီးချန်
ဆိုတာကလဲ ရုပ်ရည် ရူပကာမှာ
နတ်ဘုရား တစ်ပါးအလား
ထင်မှတ်ရအောင် လင်းဝင်းပြီး
တောက်ပနေတတ်သူကြီး…
မနီးမဝေးမှာ ထိုင်နေတော့ သူ့ရဲ့
မွှေးမြသန့်စင်တဲ့ ကိုယ်သင်းရနံ့ကတောင်
တစ်ဖက်လူကို ဆွဲငင်ညှို့ယူနိုင်တာ…
ဒီလို လူကြီးကို အဖော်ပြုပေးရမှာကို
ကျန်းချန်မို့သာ စဉ်းစားနေသေးတာ…

တစ်ခြား တစ်ဦးဖြစ်ကြည့်ပါလား…
အမျိုးသမီး အသာထားဦး အမျိုးသား
တစ်ဦးဖြစ်ရင်တောင် ခေါင်းကို
ကဗျာကယာညှိမ့်လို့ ထိုင်နေတဲ့
ဇယ်ဝူကျွင်း ရင်ခွင်တော်ထဲ အပြေးလေး
ခေါင်းတိုး သွားဝှေ့ကြမှာ အသေအချာ…

"ဝမ်ရင်း ဒီလောက် စဉ်းစားနေတာ
အဆင်မပြေလို့လား…"

"ဟမ် ?…အာ…မဟုတ်ပါဘူး…
ကျွန်တော် လုပ်စရာ ကျန်သေးလား
တွေးနေမိလို့ပါ…ပြောရရင်
ဇယ်ဝူကျွင်းက အထူးဧည့်သည်တော်ပဲ…
ကျွန်တော်က ဇယ်ဝူကျွင်းကို ယွင်မုန့်ရဲ့
အပန်းပြေစရာ နေရာတွေကို…
လိုက်ပြီး ရှုစားဖို့ ပြပေးသင့်တာ…
ဇယ်ဝူကျွင်း ဆန္ဒရှိရဲ့လားဗျာ…"

လန်ရှီးချန်က မျက်စိကျိန်းလောက်တဲ့
အပြုံးပန်းနဲ့ နေရာက ထရပ်ပြီး…

"ဆန္ဒရှိတာပေါ့ဗျာ…ကျွန်တော်က
ဝမ်ရင်းကို အားနာလို့ မတောင်းဆိုခဲ့တာ…
ဒီလိုဆို အခုပဲ သွားကြမလား…"

"အခု ? အခုလား…ဟုတ်ကဲ့ ကြွပါ…"

ခံစားချက်တွေကို အမြဲလိုလို
မျိုသိပ်တတ်တာကလွဲလို့ စိတ်ထား
တည်ကြည်တဲ့ လူရိုးလူဖြောင့် ဖြစ်သလို
ဟန်ဆောင် လိမ်ညာမှုတွေနဲ့လဲ
မရင်းနှီးလေတော့ လက်ရှိစိတ်ထဲက
ရှုပ်ထွေးနေတာတွေကို ကျန်းချန်
ကြာကြာဆက်တွေးရင် ရူးနိုင်တာမို့
အာရုံတွေကို ဇယ်ဝူကျွင်းအား
သာယာတဲ့ ဘယ်နေရာကိုများ
ပို့ပေးရမလဲဟုသာ တွေးနေလိုက်တော့သည်။

¡~~~~~~~~~~~~¡

ကျန်းချန် ဇယ်ဝူကျွင်းကို ခေါ်ပြီး
အပြင်ထွက်သွားမှ အကွယ်တစ်ခုက
ချောင်းကြည့်နေတဲ့ ဝေ့ရင်းတစ်ယောက်
သူ့အရှေ့က ဖြတ်သွားဖို့ပြင်နေတဲ့
ကောင်ငယ်လေးကို လှမ်းဆွဲပြီး…

"အားချန်တို့ ဘယ်သွားတာလဲ…"

"ဝေ့သခင်လေးကို ပြန်ဖြေပါတယ်…
ကျွန်တော်လဲ မသိပါဘူး…"

"မသိတာက ဖြေတာလား ?…
ကဲပါ ကဲပါ…သွား သွားတော့…"

ဝေ့ရင်း စိတ်ရှုပ်စွာနဲ့ လက်ကာပြပြီး
သွားခိုင်းလိုက်တယ်…

သူ ယွင်မုန့်မှာ ကျန်းချန် မသိအောင်
ရှေ့ကနေ အရင်လာပုန်းနေတာလေ…
ကျန်းချန်နဲ့ ယောက်ဖတော်တို့
အခြေအနေ ထူးခြားလာ မလာဆိုတာ
သူပုန်းပြီး စောင့်ကြည့်နေခဲ့တာ…
သူရှိနေတာကို ဂိုဏ်းက ကလေးတွေ
အားလုံးကတော့ သိတယ်ရယ်…
အလိမ္မာလေးတွေက ကျန်းချန်ကို
ဘာတစ်ခုမှ ပြန်မပြောကြဘူး…
ဇယ်ဝူကျွင်းကိုလဲ ကျန်းချန်ရဲ့
အနာဂတ် အရှင်သခင် ဖြစ်လာမှာမို့
သေချာ ဂရုစိုက်ကြဖို့လဲ သူပဲ
မှာထားရတာ……

ဟင်း*……ကျန်းချန် အရေးပဲ
အာရုံထဲ ရောက်နေရတာနဲ့
လန်ကျန့်ကိုတောင် မေ့နေမိတာ
ခုမှ သတိတောင် ပြန်ရလာပြီ……။

"အို…လန်ကျန့်က ကိစ္စမရှိသေးဘူး…
ကျန်းချန်နဲ့ ဇယ်ဝူကျွင်း ဘယ်သွားလဲ
အရင် သိအောင်လုပ်မှပါ…"

တစ်ကိုယ်တည်းပြောရင်း
ကျန်းချန်တို့နောက် လိုက်ဖို့ ဝေ့ရင်း
ခြေလှမ်းပြင်လိုက်တယ်…

…………

"ဝမ်ရင်း အခု ဘယ်ကိုသွားနေတာလဲ…"

"အာ. . .အဲ့ဒါက…"

တစ်ကယ်တော့ ကျန်းချန်လဲ
ဒီ ကြီးမြတ်လှတဲ့ ကူစူးလန်အရှင်ကို
ဘယ်ခေါ်သွားရမယ်မှန်း မသိဘူးလေ…
အဲ့ဒါနဲ့ပဲ ကိုယ့်အတွက်တော့ ထပ်ခါ
ထပ်ခါ မြင်နေကြ မြင်ကွင်းတွေဖြစ်တဲ့
ညဈေးတန်းကို ခေါ်သွားမလားဆိုပြီး
အခုလို နေမဝင်ခင်ထဲက ဈေးရှိရာကို
လမ်းလျှောက်လာနေရတာပဲ…

"ဟို. . .ကျွန်တော် ဇယ်ဝူကျွင်းကို
ဘယ်ခေါ်သွားသင့်သလဲ မသိသေးလို့…"

ကျန်းချန် အရှက်ပြေ ပြုံးကာ
ပြောလိုက်တော့ ဇယ်ဝူကျွင်းက
ခဏတာ အံ့သြသွားဟန်ကနေ
တစ်ချက်လေး ရယ်လိုက်တယ်…
ခဏလေးမှ လုံးဝကို ခဏလေးပါပဲ…
ဒါပေမဲ့လဲ ဆည်းလည်းသံလို ချိုသာပြီး
မင်သက်ဖွယ် ကြည့်ကောင်းလွန်းလို့ ယောကျာ်းချင်းဖြစ်တဲ့ ကျန်းချန်တောင်
ထိုလူကြီးကို ငေးမောမိရတယ်…

"ဂိုဏ်းချုပ် !! ဂိုဏ်းချုပ်…"

ကျန်းချန်ကို အမောတစ်ကော
ခေါ်ရင်း အနားကို ပြေးလာနေတဲ့
တပည့်လေးကြောင့်…

"ဘယ်လိုဖြစ်လို့ ဇယ်ဝူကျွင်းရှေ့
ပြေးလွှားနေရတာလဲ ?…ဂိုဏ်းပြင်ပမှာ
ဆိုပြီး စည်းကမ်းမဲ့တာလား…"

ကျန်းချန် ဆူလိုက်တော့…

"တောင်းပန်ပါတယ် ဂိုဏ်းချုပ်…
ဟို ဂိုဏ်းချုပ်က ဇယ်ဝူကျွင်း အရှင်ကို
ယွင်မုန့်ရဲ့ အလှ ရှုစားဖို့ ခေါ်သွားတာ
သိလိုက်တော့…ဂိုဏ်းချုပ် ရုတ်တစ်ရက်
နေရာကောင်း မတွေးမိမှာ စိုးရိမ်ပြီး…
အကြံပေးခိုင်းလိုက်လို့ပါ…"

"ဘယ်သူကလဲ ?!…"

ကျန်းချန် မျက်မှောင်ကြုံ့
မေးလိုက်တော့…

"ဟို…အစ်ကိုတော် ရှောင်စစ်ကပါ…
ဂိုဏ်းချုပ်နဲ့ ဇယ်ဝူကျွင်းအတွက်
လှေစီးပြီး ကြာပန်းရှုစားဖို့…မြစ်ဆိပ်မှာ
လှေ အဆင်သင့် ပြင်ထားတာ ရှိတာမို့
သွားလည်ဖို့ ဆန္ဒရှိမလားလို့ပါတဲ့…"

"ကြာပန်း ရှုစားရမယ် ?…"

ကျန်းချန် ခဏတွေဝေသွားပြီး
လန်ရှီးချန်ကို ကြည့်လိုက်တယ်…

"ဇယ်ဝူကျွင်း ကြာရှုစားဖို့
ဆန္ဒရှိပါရဲ့လား…"

"ရှိပါတယ်…ကျွန်တော်လဲ
ယွင်မုန့်က ကြာပန်းတွေရဲ့ အလှကို
အနီးကပ် ရှုစားချင်နေခဲ့တာ…
အခုလို ယွင်မုန့်ရဲ့ အရှင်သခင်လေးက
ဘေးမှာ အတူ အဖော်ပြုပေးမယ်ဆိုတော့…
ပီတိဖြစ်စိတ်ကို မဖော်ပြတတ်အောင်ပါပဲ…"

"အဲ့ဒီလောက်လဲ မြှောက်ပင့်ဖို့
မလိုပါဘူးဗျာ…ဧည့်သည်ကို
ဂရုစိုက်ရမှာ အိမ်ရှင့်တာဝန်ပါ…
ဇယ်ဝူကျွင်းလို မြင့်မြတ်တဲ့ အရှင်က
အခုလို အလည်ရောက်ရှိနေတာကမှ…
ယွင်မုန့်အတွက် မင်္ဂလာတစ်ပါးပါ…
ဇယ်ဝူကျွင်း မြစ်ဆိပ်ကို ကြွပါဗျာ…"

အပြုံးတစ်ခုနဲ့ပဲ ကျန်းချန်တစ်ယောက်
ခြေညောင်းတာ သည်းခံပြီး လန်ဂိုဏ်းရဲ့
အရှင်မြတ်ကြီးကို မြစ်ဆိပ်ဘက်
လှည့်ခေါ်သွားရလေရဲ့…
ကျန်းချန် စိတ်ထဲ ဘာတွေပဲ ဖြစ်နေနေ
လန်ရှီးချန်ကတော့ဖြင့် အရင်အတိုင်း
သူ့ မူပိုင် အပြုံးတစ်ပွင့်နဲ့ပါပဲ…
ပြောရရင် ပိုလို့တောင် လင်းလက်နေတဲ့
ဆွဲမက်ဖွယ် အပြုံးတွေနဲ့ပေါ့……

……………………

ဝေ့ရင်း ပြန်ရောက်လာတဲ့
ကောင်ငယ်လေးကို လက်ဆွဲပြီး
မေးလိုက်တယ်…

"ဘယ်လိုလဲ ? ကျန်းချန်
ဇယ်ဝူကျွင်းကို လှေစီးဖို့ ခေါ်သွားလား…"

"ဟုတ်ကဲ့…အခုလေးပဲ
ထွက်သွားပါတယ်…"

"ဟုတ်လား ? ကောင်းတယ် !…
အဲ.  .  .နေဦး…တစ်ယောက်ယောက်
ခဏလာကြပါဦးဟ !!…"

"ဟုတ်ကဲ့ ဟုတ်ကဲ့ ! လာပြီ…"

အနား ရောက်လာတဲ့
ဂိုဏ်းသားလေးကို…

"မြစ်ဆိပ်ကို ဖြတ်လမ်းကနေ
လိုက်သွားစမ်းပါဦး…ငါ လှေဖောက်ဖို့
ခိုင်းလိုက်တဲ့ အဖွဲ့…ကျန်းချန်နဲ့
တိုးနေမှာ စိုးရတယ်…သွား သွား…
မြန်မြန်လေး သတိသွားပေးပေးဦး…"

"ဟုတ်ကဲ့ ဟုတ်ကဲ့…"

ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့ ပြေးထွက်သွားတဲ့
ကောင်ငယ်လေးကို ကြည့်ပြီး…

"ငါ့ရဲ့ အားချန်လေး…မင်းက
ရေကျွမ်းပြီးသားပဲလေ…မင်းလောက်
ရေမကျွမ်းနိုင်တဲ့ ဇယ်ဝူကျွင်းနဲ့…
နှစ်ယောက်သား ရေထဲက ဖူးစာအဖြစ်နဲ့
အဆင်ပြေကြပါစေကွာ…"

…………………………

လှေလေးက သာမန်
အရွယ်အစားသာမို့ ကိုယ်တိုင်လဲ
လှေလှော်တတ်နေတာနဲ့ လှေသမား
သီးသန့် ခေါ်မနေတော့ဘဲ နှစ်ဦးသာ
လွတ်လပ်စွာ လိုက်ပါနိုင်တဲ့
လှေကလေးကို ကျန်းချန်ကပဲ
အစွန်မှာ နေရာယူပြီး လှော်ခတ်ခဲ့သည်။

လန်ရှီးချန်က တစ်ဖက် အစွန်မှာ
ထိုင်ပြီး ရေပြင်ကျယ်နဲ့ ပနံသင့်စွာ
လှပနေတဲ့ ပွင့်လန်းလန်း ကြာပန်းများကို
ရှုစားကာ အပြုံးတွေက သာမန်ထက်ကို
တောက်ပနေတော့သည်။

"ဝမ်ရင်း…ကျွန်တော်
ကြာတစ်ပွင့်လောက် ခူးယူလို့
ဖြစ်မလား…"

ကျန်းချန် ကြားရတာ အနည်းငယ်
အံ့သြမိပေမဲ့…

"ရတာပေါ့ဗျာ…ဇယ်ဝူကျွင်းက
အားနာတတ်ရန်ကော…တစ်ပွင့်
မဟုတ်ဘူး ငါးပွင့်ယူ…အလှဆုံးကို
ကျွန်တော် ခူးပေးမယ်…"

ညနေ ဆည်းဆာမှာ ခရမ်းရောင်
နတ်သားငယ် တစ်ပါးအလား
ချောမောသလို ချစ်စရာလဲ ကောင်းနေတဲ့
ကျန်းချန်ရဲ့ ကျွမ်းကျင်စွာ
လှေလှော်ခတ်နေတဲ့ ပုံရိပ်ကိုကြည့်ရင်း
ရှီးချန် ပြုံးကာ ခေါင်းရမ်းလိုက်တယ်…

"ကျွန်တော့် အတွက် တစ်ပွင့်ဆို
လုံလောက်ပါပြီဗျာ…ယွင်မုန့်ရဲ့
အလှအပ ကြာတွေကို အများကြီး
မဖျက်စီးရဲပါဘူး…"

ကျန်းချန်လဲ လှေအနီးက
အလှဆုံးနဲ့ အကြီးဆုံးဖြစ်လောက်မဲ့
ခရမ်းရောင် ကြာပွင့်ကြီးကို အနားကပ်
ခူးယူပြီး လန်ရှီးချန်ကို လှမ်းပေးလိုက်တယ်…

"ဒီမှာပါဗျ…"

"ကျေးဇူးပါဗျာ…"

"အားမနာပါနဲ့ ဇယ်ဝူကျွင်းရဲ့…"

ရှီးချန်က လက်ထဲရောက်လာတဲ့
အရမ်းလှတဲ့ ကြာပွင့်ကို သေချာ
ကြည့်လိုက်ပြီး မျက်နှာချင်းဆိုင်က
လှေကို အာရုံစိုက် လှော်ခတ်နေတဲ့
ကျန်းချန်ရှိရာ အကြည့်ပြန်ပို့လိုက်တယ်…

"ကြာပန်းတွေက လှပါတယ်…
ဒါပေမဲ့ အနီးကပ်ကြည့်မိတော့လဲ…
ကျွန်တော့်စိတ်ထဲမှာ သူတို့က
တစ်စုံတစ်ယောက်ရဲ့ မျက်လုံးတွေနဲ့…
အဲ့ဒီ မျက်လုံးတွေရဲ့ ပိုင်ရှင်…
တစ်ယောက်သော သူလောက်တောင်
မလှကြတော့သလိုပဲရယ်…"

" . . . "

ရုတ်တစ်ရက်ကြီး အနုအရွတွေ
ပြောလာတဲ့ လန်ရှီးချန်ကြောင့်
ကျန်းချန် လက်ထဲက လှော်တက်တောင်
လွှတ်ချမိတော့ မတတ်ပဲ…

ဒီလူက ရုတ်တစ်ရက်ကြီး
ဘာဖြစ်ရတာလဲ ???……
ဘယ်က တစ်စုံတစ်ယောက်က
သူ့စီမှာ ရှိနေလို့ ? အဲ့တစ်ယောက်ရဲ့
မျက်လုံးက ဘယ်လောက်လှလို့ ?
အဲ့ တစ်ယောက်ကရော ဘယ်လိုတောင်
ပြစ်မျိုးမှဲ့မထင်တဲ့ နတ်မျိုးနွယ်ကမို့
မြင့်မြတ်လှတဲ့ အရှင် ဇယ်ဝူကျွင်းရဲ့
အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့တာပါလိမ့်…

မျက်ခုံးတွေ ကြုံ့ရင်း ခေါင်းထဲမှာ
အတွေးတွေ ပြည့်နှက်သွားပေမဲ့
အပြင်ပန်းမှာတော့ နှုတ်ခမ်းသားကို
တင်းတင်းစေ့ပြီး ရေပြင်ကိုသာ
အာရုံစိုက် လှေလှော်ခတ်နေဟန်နဲ့
ကျန်းချန်တစ်ယောက်ဟာ တည်ငြိမ်နေလိုက်တာများ…

ကျန်းချန် မမြင်မိခင် လန်ရှီးချန်က
ကြာပန်းကို နှာခေါင်းအနားကပ်ပြီး
တစ်ချက် မွှေးကြူလိုက်တယ်…
ပြီးတော့ ခပ်ယဲ့ယဲ့ အပြုံးနဲ့
တိုးညှင်းစွာ ပြောလာတာက…

"ထင်တဲ့ အတိုင်း…ကြာပန်းရဲ့
မွှေးရနံ့ကလဲ…သူ့ရဲ့ ကိုယ်သင်းရနံ့လောက်
မသင်းပျံ့ဘူးပဲ…"

သူပြောတာ တိုးပေမဲ့
အဲ့ဒီလောက်ကတော့ ကျန်းချန်
ကြားနိုင်သေးတာမို့ တစ်ကယ်ပဲ
လှော်တက်ကြီး လက်က လွှတ်ချချင်သွားတယ်…

*ဘယ်လိုတောင် မကြားဝံ့စရာ
စကားတွေလဲ ?…ကိုယ်သင်းရနံ့တဲ့လား…
ရိုးသား ဖြောင့်မှန်လွန်းတဲ့ လန်ဂိုဏ်းရဲ့
အရှင်သခင်က…ဘယ်မိန်းမပျိုရဲ့
ကိုယ်သင်းရနံ့ကို တမ်းတနေရလဲပဲ ?…
ပြီးတော့ ဒီစကားတွေကို လူရှေ့
ထုတ်ပြောစရာလားလို့ ??… -_-
အခုလိုတောင် ပြောမှတော့ ကြည့်ရတာ
ဒီမြင့်မြတ်လှတဲ့ အရှင်က တစ်ဖက်က
သူ့ဇနီးလောင်းကညာနဲ့ တော်တော့်ကို
နီးကပ်ခဲ့ဖူးတယ် ထင်တယ်…
မထင်ရဘူး…လက်သွက်ချက်…*

ကျန်းချန် အတွေးတွေ အများကြီးနဲ့
ဇယ်ဝူကျွင်းကို ဝေဝါးဝါးပြန်ကြည့်တော့…

"ကျွန်တော် အခု ရေရွတ်ခဲ့တဲ့
တစ်စုံတစ်ယောက်ကို ဝမ်ရင်
သိချင်စိတ်များ ရှိမလား ?…"

"သိချင်ရင်တောင် မေးဖို့အတွက်
မသင့်တော်သလို…မသိချင်ဘူးလို့
ဆိုမိရင်လဲ ကျွန်တော် လိမ်တာမို့…
ပြောမထွက်ပါဘူး…အခုလို ကြီးမြတ်တဲ့
လောက နံပါတ်တစ် အရှင် ဇယ်ဝူကျွင်းရဲ့
တမ်းတမိသူကို…ကျန်းချန်လဲ စိတ်ဝင်တစ်စား ရှိမိကြောင်းပါဗျာ…
ဆန္ဒရှိရင်တော့ ပြောပြနိုင်ပါတယ်…"

ရှီးချန် အလှပဆုံး ပြုံးလိုက်တယ်…

"ရှိတာပေါ့…ဝမ်ရင်း မေးလာဖို့
ကျွန်တော်လဲ မျှော် လင့်. . . . .
ရေတွေ ?…"

"ဟင် ? ဟာ !! ရေတွေ ဝင်လာတယ်…"

ကျန်းချန် လှော်တက်ကြီးကို
ဒုန်းခနဲ  ပစ်ချလိုက်ပြီး လှေပေါ်
မတ်တပ် ထရပ်လိုက်တယ်…
ရေတွေက လှေအလယ်ကနေ
မသိမသာလေး စိမ့်ဝင်လာပြီးတော့
တစ်ဖြည်းဖြည်းနဲ့မှ အပေါက်က
ပိုကြီးသွားပုံရတယ်…

မြစ်ဆိပ်ကို လှမ်းကြည့်လိုက်တော့
မှုန်ပြပြသာ မြင်ရတော့တယ်…
ဒါပေမဲ့ ကိစ္စမရှိဘူး…ဒီလောက်ကတော့
ရေပေါ်မှာ အိမ်တည်ပြီး မွေးလာတဲ့
ကျန်းချန်အတွက် အသာလေး
ရေကူးပြီး ပြန်လို့ရတယ်…

ဒါပေမဲ့ . . .ဇယ်ဝူကျွင်းပါ
အတူ ပါနေတယ်လေ !!!…
ဇယ်ဝူကျွင်းကို ဘယ်ပါးစပ်နဲ့
*ကျွန်တော်နဲ့ အတူ ရေလိုက်ကူးပါ*
လို့ ပြောရမှာလဲလို့ ???!!!…

"ဝမ်ရင် လှေက ရေပို ဝင်နေပြီ…
ဘယ်လို လုပ်ကြမလဲ ?…
ကျွန်တော်က ရေမကျွမ်းကျင်ဘူး…"

"ဗျာ ?…ဟိုလေ . .ဇယ်ဝူကျွင်းရဲ့
ရှိုးယွဲ့. . ."

"ကျန်ခဲ့တယ်လေ…အဆောင်အပြင်
ခဏပဲ ထွက်မယ်ဆိုပြီး…ကိုယ်ပေါ်
ဘာမှ ပါမလာခဲ့ဘူး…"

ဇယ်ဝူကျွင်းရဲ့ ထုံးစံအတိုင်း
နူးညံ့တဲ့ အပြောမှာ ကျန်းချန်
စိတ်ဆင်းရဲသွားတယ်……
ဒီရေပြင်ကို ဇယ်ဝူကျွင်းခေါ်ပြီး
ငါကျော်နိုင်ပါ့မလား !!…ဒါနဲ့
ဇယ်ဝူကျွင်းက လေပေါ်ပျံတတ်တယ်
မဟုတ်ဘူးလား ???…

ထိုစဉ်……

"ဝမ်ရင် ကျွန်တော်. . . ."

"ဟာ ! ဇယ်ဝူကျွင်း မလာနဲ့ !…
မ လာ.  .  ."

ဝုန်း !!……ဗွမ်း ! ဗွမ်း !……

လှေဦး တစ်ဖက်ကနေ ကျန်းချန်ဘက်
တိုးလာခဲ့တဲ့ လန်ရှီးချန်ကြောင့်
အရှိန်လွန်ကာ လှေမှောက်ပြီး
နှစ်ယောက်လုံး ယွင်မုန့်ရဲ့ရေပြင်ကျယ်နဲ့
မိတ်ဆက်ကြရတော့သည်။

……………………

ထိုအဖြစ်အပျက်ကို မသိသော
ကျင်းဂိုဏ်းချုပ် ကျင်းကွမ်ရောင်သည်
အစ်ကိုတော်အား လာကြည့်သည်
ဆိုပြီး လန်ဂိုဏ်း ရောက်သွားချိန်
တူတော်မောင် ကျင်းလင်နှင့်တွေ့ကာ…
ကျင်းလင်မှ ဇယ်ဝူကျွင်းတို့
သူ့ဦးလေး ကျန်းချန်၏ ယွင်မုန့်မှ
ကျန်းဂိုဏ်းသို့ ရောက်နေသည်မို့
ကျင်းဂိုဏ်းချုပ် ရောက်လက်စနှင့်
အတူသွားလည်ကြရအောင်ဟု
ပြောလာသည်မို့…

ကျင်းလင် စစ်ကျွေးနှင့် ကျင်းရီတို့ကို
အတူခေါ်၍ ယွင်မုန့်သို့ လှေနှင့်
ထွက်လာခဲ့သည်မှာ ရောက်ခါပင်
နီးလုချေတော့သည်။………

…………………………

……

Continue Reading

You'll Also Like

5.3K 376 19
Meguro Ren x Michieda Shunsuke Mini Fan-fiction โ€ข Written in Burmese ๐ŸšซDO NOT ALLOW SCREENSHOTS OR REUPLOADโ€ผ๏ธ
20.3K 1.4K 19
yizhan_ Yibo as a Vampire... Xiao Zhan as a Prey <3 แ€„แ€ญแ€ฏแ€›แ€แ€ฌแ€แ€ฝแ€ฑแ€™แ€•แ€ซแ€•แ€ซแ€˜แ€ฐแ€ธ แ€•แ€ฑแ€ซแ€ทแ€•แ€ฑแ€ซแ€ทแ€•แ€ซแ€ธแ€•แ€ซแ€ธ แ€กแ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธ แ€กแ€แ€ญแ€ฏแ€œแ€ฑแ€ธแ€•แ€ซแ€•แ€ฒ Hope you like .
3.8M 241K 98
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
13.2K 385 3
๐˜š๐˜ฎ๐˜ถ๐˜ต ๐˜ด๐˜ฉ๐˜ฐ๐˜ณ๐˜ต ๐˜ด๐˜ต๐˜ฐ๐˜ณ๐˜ช๐˜ฆ๐˜ด ๐˜ค๐˜ฐ๐˜ญ๐˜ญ๐˜ฆ๐˜ค๐˜ต๐˜ช๐˜ฐ๐˜ฏ ๐˜ณ๐˜ฆ๐˜ญ๐˜ข๐˜ต๐˜ฆ๐˜ฅ ๐˜ต๐˜ฐ"๐˜ด๐˜ถ๐˜ฏ๐˜ด๐˜ถ๐˜ฏ" [๐˜ช๐˜ฏ๐˜ค๐˜ญ๐˜ถ๐˜ฅ๐˜ฆ๐˜ฅ ๐˜ข ๐˜ญ๐˜ฐ๐˜ต ๐˜ฐ๐˜ง '๐˜ด๐˜ฆ๐˜ฏ๐˜ถ๐˜ข๐˜ญ๐˜ญ๐˜บ ๐˜ช๐˜ฏ๐˜ต๏ฟฝ...