Love Me Again ( Burmese Trans...

Galing kay YoongiHoH

200K 10.7K 280

*I DO NOT OWN THIS BOOK.* A friend of mine requested me to translate this into Burmese and I'm very new to th... Higit pa

LoveMeAgain (1)
LoveMeAgain (2)
LoveMeAgian (3)
LoveMeAgain (4)
LoveMeAgain (5)
LoveMeAgain (6)
LoveMeAgain (7)
LoveMeAgain (8)
LoveMeAgain (9)
LoveMeAgain (10)
LoveMeAgain (x) *ss only*
Note
LoveMeAgain (13)
LoveMeAgain (14)
LoveMeAgain (15)
Epilogue
Love Me Again ( Unicode Version )

LoveMeAgain (11)

8.9K 739 25
Galing kay YoongiHoH


သူမရဲ့နားနားက သူ့အသက်ရှုသံကြောင့် အန်ဟိုင် တုန်ရီသွားရတယ် ။ သူမက လွတ်ဖို့ ရုန်းလေလေ ဟန်ထင်းဟွာက ပိုတင်းတင်း ဖက်လေပဲ ။ သူမ လွတ်မသွားအောင် တားဆီးထားတာလေ
အန်ဟိုင် - ' ဟန်ထင်းဟွာ ၊ နင် !! '

' ရှူး! ဒီမှာ လူတွေအများကြီးရှိနေတာ နင် ဆက်ရုန်းနေပြီး ကိုယ့်ပုံကိုယ် အရူးဖြစ်ချင်နေတာလား ' လျိုအန်ဟိုင် ဘယ်လောက် ဘဝင်ကိုင်လဲ ထင်းဟွာသိတာပေါ့ အန်ဟိုင်ငြိမ်သွားတယ် ။ ခပ်တိုးတိုးရယ်ရင်း အန်ဟိုင့်ကို ဖက်ထားရင်းနဲ့ပဲ ခြေလှမ်းတွေလှမ်းသွားလိုက်တယ် ၊ အန်ဟိုင့်ကိုပါ ကတဲ့နေရာဆီ အတင်းဆွဲခေါ်သွားသလိုဖြစ်တာပေါ့ ။

သူမခါးကိုဖက်ထားတဲ့လက်က ရုန်းမရအောင်ကို သန်မာလွန်းပြီး သူမတို့နှစ်ယောက်ရဲ့ အရမ်းနီးကပ်နေမှုကြောင့် ဘေးလူတွေဆီက လန့်ဖျန့်အံ့သြတဲ့အကြည့်တွေကိုပါ အန်ဟိုင် ခံစားမိနေတယ်။  ဒင်း နောက်ဆုံးမှာ ဘာတွေကြံစည်ထားတာလဲ ?

ခုန်ပေါက်လှုပ်ရှားနေတဲ့ နှလုံးသားကိုချိုးနှိမ်ပြီး အန်ဟိုင် ဟန်ထင်းဟွာကို မော့ကာဘုကြည့်ကြည့်လိုက်တယ် ။ ပြီးတော့ ခပ်တိုးတိုးဟိန်းဟောက်တဲ့လေသံနဲ့
' နင် ဘာလုပ်ဖို့ ကြံနေတာလဲ'

' နင်ကရော ဘယ်လောက်ကြာကြာရှောင်ပြေးနေဖို့ ကြံနေတာလဲ ' ထင်းဟွာ ချက်ချင်းပြန်ပက်တယ် ။

အန်ဟိုင် - ' ဘယ်သူက ပြေးနေလို့လဲ '

ထင်းဟွာ - ' ဒါဖြင့်ရင် ခေါင်းမာပြီး အရင်ရက်တေက အိမ်ကို ပြန်မလာတာက ဘယ်သူလဲ '

အန်ဟိုင် ကိုယ်တောင့်တင်းသွားတယ် ။ ပြီးတော့ အထက်စီးဆန်ဆန်ပဲ မော့ကြည့်မေးငေါ့ပြီး
' နင် ငါ့ကို ထိန်းချုပ်လို့မရဘူး ။ ပြန်လာတာမလာတာ ငါ့ဆုံးဖြတ်ချက်ပဲ '

လေကျယ်ပြီး ဒီအရာထဲကနေ ခေါင်းမာမာနဲ့ ရှောင်ထွက်ဖို့ကြိုးစားနေတယ်ဆိုတာကို ထင်းဟွာ သိတာပေါ့ ။

' နင် ငါ့ဆီကနေ ပုန်းကွယ်နေတယ်ဆိုတာ ငါသိပြီးသား ၊ နင် ငြင်းမနေနဲ့ ' ငြင်းဆန်ဖို့ အခွင့်အရေးလုံးဝမပေးဘဲ ထင်းဟွာ သူမမျက်လုံးတွေကို စိုက်ကြည့်လိုက်တယ် ။

ထင်းဟွာ - ' လျိုအန်ဟိုင် ။ နင် ဘယ်တော့များမှ ပွင့်လင်းလာမှာပဲ ။ ဘာကိုကြောက်နေတာလဲ ။ နင် သိထားဖို့က နင် အခုလိုကြောက်နေလေလေ ၊ နင့်ရဲ့ ငါ့အပေါ်ထားတဲ့ စိတ်ကပို .. '

ဖြန်း!!
ပါးရိုက်လိုက်တာကြောင့် ထင်းဟွာ စကားစရပ်သွားတယ် ။

လူအုပ်ကတော့ နှစ်ယောက်ကို ကြည့်ပီး လုံးဝကိုအံ့အားတွေသင့် shockတေရကုန်ပြီ ။

အန်ဟိုင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်တယ် ။ သူမခန္ဓာကိုယ်ကလည်း ဒေါသကြောင့် တုန်ရီနေလေရဲ့ ။ အံ့သြတုန်လှုပ်နေတဲ့ လူအုပ်ကို လျစ်လျူရှုပြီး သူမ ဒီပွဲကနေ လှည့်ထွက်ခဲ့တယ် ။

တစ်စုံတရာဆီကနေ ထွက်ပြေးနေတဲ့အတိုင်း အန်ဟိုင့်ခြေလှမ်းတွေက သွက်သွက်လျှောက်နေတယ် ။ သူမ ဆုပ်ထားတဲ့လက်သီးက ဟန်ထင်းဟွာကို ပါးရိုက်လိုက်တာမို့ နာနေတယ် ။ မျက်လုံးတွေမှိတ်ထားပြီး

ဟန်ထင်းဟွာ ပြီးဆုံးအောင်မပြောလိုက်နိုင်တဲ့ စကားတွေက သူမရင်ရဲ့အနက်ရှိုင်းဆုံးနေရာထဲမှာ ကွယ်ဝှက်ထားတဲ့ ခံစားချက်တွေပဲ ။ သူမတောင် ထိဖို့မပြောနဲ့ တွေးဖို့ကိုတောင်အတင်းမေ့ဖျောက်ထားတဲ့ ဒီသော့ကို ခု ပွင့်ထွက်သွားမတတ်ဖြစ်စေခဲ့တာ ။

သူမ မကြားချင်ခဲ့ဘူး ။ ဟင့်အင်း ၊ မကြားရဲခဲ့ဘူး ။ သူမ ထွက်ပြေးလွတ်မြောက်ချင်ခဲ့တာ ။ ရုတ်တရက် သူမနောက်ကနေ အားပြင်းတဲ့ တစ်စုံတရာကို ခံစားမိလိုက်တာမို့ အန်ဟိုင် လှည့်ကြည့်လိုက်တယ် ။

' Ahhh!!' အန်ဟိုင် ရုတ်တရက်အော်လိုက်မိတယ်
' ဟန်ထင်းဟွာ နင် !' သူမဆုံးအောင် မပြောရသေးခင်မှာပဲ
ကားထဲကို အလောတကြီး ပစ်ထည့်ခံလိုက်ရတယ် ။ ရုန်းကန်ပီး ဆင်းဖို့ကြိုးစားတော့ ကားတံခါးတွေက လော့ခ်ချပြီးနေပြီ။

' တံခါးဖွင့်ပေး !!!! ငါ့ကို ပေးထွက် !!! ' အသားကုန်ကုန်းအော်ျနတာကို လျစ်လျူရှုပြီး ထင်းဟွာ အရှိန်နဲ့မောင်းထွက်လိုက်တယ် ။

ထင်းဟွာက သူမအိမ်ရှိရာဆီကို မောင်းလာခဲ့တာ ။ တချိန်ကုန်အော်ဟစ်နေခဲ့တဲ့ အန်ဟိုင့်အသံက ရုတ်တရက်ကြီးတိတ်ဆိတ်သွားတယ် ။ ထင်းဟွာ အန်ဟိုင့်လက်ကိုဆွဲပြီး အိမ်ထဲဆွဲခေါ်ခဲ့တယ်။

အိမ်ထဲမှာ မီးတွေပိတ်ထားပြီး အပြင်ဘက်က အလင်းပျပျလေးပဲ ဝင်ရောက်နေတယ် ။ နှစ်ယောက်သား အမှောင်ထဲမှာ တိတ်တဆိတ်ရပ်နေကြတယ် ။

ထင်းဟွာ မီးဖိုခန်းကောင်တာဆီလျှောက်သွားပြီး ရေတစ်ခွက်ထည့်လိုက်တယ် ။ ပြီးတော့ လျိုအန်ဟိုင့်ဆီပြန်လာပြီး အဲ့ရေခွက်ကို ကမ်းပေးရင်း
' သောက် ၊ နင် ရေငတ်နေမှာ '

အန်ဟိုင် ရေခွက်ကိုယူ ထင်းဟွာကို ရေနဲ့ပက်ပြီး ရေခွက်နဲ့ပါ ပစ်ပေါက်လိုက်တယ် ။

ဖန်ခွက်က ဟန်ထင်းဟွာ နဖူးကိုသွားထိလိုက်တဲ့ အသံထွက်လာတာနဲ့ သူမနှလုံးသားက တင်းတင်းစည်းစည်းကြီးဖြစ်သွားတယ် ။ နောက်ကလိုက်လာတာက ကြမ်းပေါ်ကို ဖန်ခွက်ကျပြီး ကွဲသွားတဲ့အသံ ။

နာတာကို တောင့်ခံပြီး ထင်းဟွာမေးလိုက်တယ် ။
' နင့် အမုန်းတရားတွေ ကုန်ပြီလား ။ မကုန်သေးရင် ဒီဘက်ကိုပါ ထပ်ရိုက်လိုက်ဦး '

သူ့ရဲ့ညာဘက်ပါးကို ထိုးပေးလိုက်တာကို အန်ဟိုင် ရိုက်ချလိုက်တယ်။ နည်းနည်းလေးတောင် အရှိန်မလျှော့ဘူး။ သူ့ပါးမှာ လက်ဝါးရာနောက်တစ်ခု ထင်ကျန်သွားတယ် ။ ဒါတောင် မကျေနပ်သေးတဲ့ သူမက ထင်းဟွာဆီတိုးသွားပြီး အားကုန် ရိုက်ထုကန်ကျောက်နေတယ် ။ ထင်းဟွာကလည်း တစက်မှ နောက်မတွန့်ဘဲ အကုန်ခံယူတယ် ။ အသံလည်းတစ်သံမှမထွက်ဘဲ သူမ ပြုသမျှ ငြိမ်ခံနေတာ ။

ပုံစံကြည့်ရတာ အန်ဟိုင့်ဘက်က နာကြည်းမှုတွေ အကုန်လုံးကို ထွက်ပေါက်ပေးနေသလိုပဲ ။သူမရဲ့ ဒေါသတွေ ထုတ်မပြောပြတဲ့ သူမခံစားနေရတဲ့ ပူဆွေးသောကတွေကို လက်သီးထဲ အားကုန်ထည့်ပြီးတော့လေ ။ ဘာလို့လဲ ? ဘာလို့ သူက ဖိအားပေးရတာလဲ။ ဘာလို့ အဲ့လိုစကားတွေ သူမကို ပြောရတာလဲ?

' ဟန်ထင်းဟွာ $ကောင်စုတ်! နင် ဘာလို့ ငါ့ကို ဒီလိုမျိုး ဆက်ဆံနေရတာလဲ ။ နင်ဘာမှ နားမလည်ဘူး နင်ဘာမှကို မသိဘူး ။ဘာလို့ ငါ့ကို လာတွန်းအားပေးနေရတာလဲ ?'
အန်ဟိုင် ဒေါသနဲ့ သူ့ကိုအော်နေမိတယ် ။ အသံကုန်အော်နေတာ အသံတွေပြာလာပြီး မခံနိုင်တော့တဲ့အထိပဲ၊ နောက်တော့ သူ့ကို တွန်းထုတ်ပြီး
' သွား ထွက်သွား! ငါနဲ့ ဝေးဝေးမှာနေ'

ထင်းဟွာကတော့ တချက်မရွေ့ဘူး ။ နေရာမှာပဲ တင်းတင်းရပ်င်္နေင်း သူမကို စေ့စေ့ကြည့်လိုက်တယ် ။

အဲ့အမူအရာက အန်ဟိုင့်ကို သွက်သွက်ခါသွားအောင် လုပ်နေသလိုပဲ။ အဲ့မျက်ဝန်းတွေကို ရင်းနှီးနေတယ် ။ အန်ဟိုင့် မှတ်ဉာဏ်တွေထဲက အဲ့ယောက်ျားအတိုင်းပဲ ။ သူမရဲပုံကို ထိုင်ငေးကြည့်နေခဲ့တဲ့အရူးက အမြဲတမ်းအဲ့လိုအမူအရာနဲ့ပဲ ။

အန်ဟိုင် - 'ငါ့ကို အဲ့လို မကြည့်နဲ့ !!!! တော်တော့ မကြည့်နဲ့ '
ထင်းဟွာရဲ့ ကော်လံကို အားနဲ့ဆွဲချပြီး အန်ဟိုင် သူ့လည်ပင်းကို ပြင်းပြင်းကိုက်ချလိုက်တယ် ။ အားနဲ့ကိုက်တာ သူမသွားတွေက သူ့လည်ပင်းထဲ နစ်ဝင်သွားတော့မတတ်ပဲ ။ ပါးစပ်ထဲ သွေးညှီ
့အရသာဝင်လာတာတောင် မလွှတ်ပေးသေးဘူး ။
သူမမျက်လုံးထဲ မျက်ရည်ပူတွေ ဝဲတက်လာတယ် သူမတောင့်ခံခဲ့ပါတယ် မချစ်မိသွားအောင် နည်းမျိုးစုံနဲ့ တားဆီးခဲ့တယ် ။ ဒါပေမယ့်လည်း မျက်ရည်ကျမိတာက တစ်စုံတရာကို ဝန်ခံလိုက်တာနဲ့ အတူတူပဲမို့ ။

သူမ အမြဲ ဆန့်ကျင်နေခဲ့တာ ။ အမြဲ ဝန်ခံဖို့ ငြင်းဆန်နေခဲ့တာ ။

ဒီပြောင်းလဲလာမှုတောက်လျှောက်မှာ ထင်းဟွာကတော့ တိတ်တဆိတ်ပဲနေနေခဲ့တယ် ။ တုန်ရီနေတဲ့ ခန္ဓာကိုယ် အသက်ရှုူသံပြင်းပြင်းတွေက မငိုမိအောင်မျက်ရည်တွေကို ထိန်းချုပ်နေတဲ့အလား။ သူမက တကယ်ကို ခေါင်းမာလွန်းပါတယ် ။ သူမလို ခေါင်းမာတဲ့ သူတစ်ယောက်အဖို့ သူမကို လိုလိုလားလားတန်ဖိုးထားချင်တဲ့ သူရှိတယ်ဆိုတာ ၊ သူမကို ကာကွယ်ပေးဖို့အတွက် အရာအားလုံးရင်းနှီးရဲတဲ့ သူရှိတယ်ဆိုတာ ...

' ရှူး ... မကြောက်နဲ့ ။ ငါရှိတယ် ။ ငါရှိတယ်...'
သူ့အသံက အရမ်းနူးညံ့ပြီး ညင်သာတယ် ။ သူမကို ငှက်တောင်မွှေးလေးနဲ့ လွှမ်းခြုံလိုက်သလိုပဲ ။
' ငါ ထွက်မသွားဘူး ။ နင့်ကို ထားမသွားဘူး ။
ငါ နင့်ဘေးမှာပဲ ရှိနေတယ် '

အန်ဟိုင် မျက်လုံးတွေဖွင့်ကြည့်လာတယ် ။ မျက်တောင်တွေကို တဖျတ်ဖျတ် ခတ်ရင်း နောက်ခဏကြာတော့ ...
မျက်ရည်တစ်စက်က ရုတ်တရက်ကျလာတယ် ။ ပြီးတော့ နောက်တစ်စက် နောက်တော့ အတားအဆီးမရှိ ။
သူ့ပခုံးကို တင်းတင်းဆုပ်ကိုင်ထားတာက ထင်းဟွာနှလုံးသားကို စီးတင်းသွားစေတယ် ။

ထင်းဟွာ သူ့နှလုံးသားက လုံးဝကို ပျော့ပြောင်းသွားသလို ခံစားလိုက်ရတယ် ။ သူ့အနေနဲ့ ဒီလိုအခိုက်အတန့်မျိုးကို စောင့်စားလာခဲ့တာ ဖြစ်လောက်တယ်၊ အိပ်မက်ထဲမှာတောင် ငိုကြွေးဖို့ချုပ်တည်းထားရာကနေ ခုလို ပွင့်ပွင့်လင်းလင်း ငိုချလိုက်ဖို့ကို ။

်အန်ဟိုင်ဆိုတာ နှလုံးသားအနက်ထဲမှာ လျို့ဝှက်ချက်တွေအများကြီးကို သိမ်းဆည်းထားတဲ့ မိန်းကလေး ၊ သူကတော့ အဲ့လျို့ဝှက်ချက်တွေအကုန်လုံးကို သိမြင်ချင်မိတဲ့သူ ၊ သူမရဲ့ တံတိုင်းတွေကို ဖြိုချစေချင်သူ ။ ဒါမှ သူမ နာကျင်တဲ့အခါတွေဆို စိတ်ရှိတဲ့အတိုင်း ငိုကြွေးနိုင်မှာ ။

ထင်းဟွာ - ' ငါနင့်ကို သဘောကျတယ် လျိုအန်ဟိုင် '
အမှောင်ထဲမှာ တီးတိုးဝန်ခံလိုက်တဲ့စကားက အန်ဟိုင့်နှလုံးသားကို လာထိရိုက်တယ် ။

' နင်က ငါ့ကို မချစ်နဲ့လို့ ပြောပေမယ့် အဲ့တာက အရမ်းနောက်ကျသွားပြီ '
ဟိုးးး ဟိုးးးအရင်ကတည်းက ။
သူ့အကြည့်တွေကို သူမဆီကနေ မလွှဲနိုင်တော့တဲ့ အချိန်ကတည်းက နောက်ကျသွားခဲ့တာ ။

'လျိုအန်ဟိုင် ၊ ငါ့ကို ချစ်ခွင့်ပေးပါ ။ ok?'

အန်ဟိုင် မျက်လုံးမှတ်လိုက်ပြီး သူမရဲ့ လက်ကျန်မျက်ရည်တွေကို စီးကျခွင့်ပေးလိုက်တယ် ။ သူမအတွက် ဘာလို့ ဒုတိယဘဝဆိုတဲ့အခွင့်အရေးကြီးရှိလာမှန်း သူမမသိဘူး ။သူမအဖေအပေါ်ကို ကောင်းကောင်းဆက်ဆံချင်ခဲ့တယ် ၊ သူမရဲ့အုတ်ဂူရှေ့မှာရပ်ပြီး ကြေကွဲခံစားနေရတဲ့ သူမအဖေပုံကို မေ့လို့မရနိုင်ခဲ့လို့ ။ ဒါနဲ့တောင် နောက်ထပ် အခွင့်အရေးတစ်ခုထပ်ရတာတောင်မှ သူမမှာ သူမအဖေနဲ့ ဘယ်လို ဆက်ဆံစကားပြောရမယ်ဆိုတာကို မသိခဲ့ဘူး။ သူမအဖေပေါ်ထားတဲ့ အာဃာတတွေကို ဘယ်တုန်းကမှ မစွန့်လွှတ်နိုင်ခဲ့လို့ပဲ ဖြစ်လောက်တယ် ။

ဟန်ထင်းဟွာ အပေါ်ကိုကျတော့ ? အန်ဟိုင် သူ့ကို အမြဲတမ်းမုန်းတီးနေခဲ့တာပဲ ။ သူမအဖေရဲ့အချစ်တွေ အကုန်ယူသွားတဲ့ သူ့ကိုမုန်းတယ် ၊ သူမရဲ့အိမ်ကို ခိုးယူသွားတဲ့ သူ့အမေကိုမုန်းတယ်။ မုန်းတီးလွန်းအားကြီးခဲ့လို့ သူလည်းပဲ ထပ်တူစိတ်မျိုးပဲ ဖြစ်လိမ့်မယ်လို့ ယူဆထားခဲ့တာ ။ သူတို့နှစ်ယောက်ကြားမှာ နာကြည်းမုန်းတီးမှုတွေပဲ ရှိလိမ့်မယ်လို့ ထင်ထားခဲ့တာ ။

ဒါပေမယ့် သူမသေသွားတဲ့အခါမှာ သူက သူရဲ့ညတွေကို သူမအခန်းထဲမှာ နေရင်းကုန်ဆုံးခဲ့တယ်။ ညတိုင်း သူမဓာတ်ပုံကို ပွေ့ဖက်ထားခဲ့တယ် ၊ မွေးနေ့တွေတိုင်းမှာ ကိတ်မုန့်ဝယ်ပေးပြီး မွေးနေ့သီချင်းလည်း ဆိုပေးခဲ့တယ် ။ သူမအိပ်ယာပေါ်မှာ လှဲပြီး သူမပုံကိုပဲ မိုးသောက်တဲ့အထိ ငေးကြည့်နေခဲ့တယ် ။
တစ်နေ့ပြီးတစ်နေ့ ...
တစ်ညပြီးတစ်ည ...

အန်ဟိုင် နားမလည်နိုင်ဘူး ။ ဘာလို့ သူက သူမကိုချစ်ရတာလဲ။
သူမ နှလုံးသားထဲက အမုန်းတရားတွေဟာလည်း လျစ်လျူရှုလို့ရတဲ့အဆင့်ကိုပြောင်းပြီး မသိမသာပဲ နှလုံးသားနာကျင်ရတဲ့အထိ တိုးလာခဲ့တယ် ။ သူ့ကို အဲ့လိုမျိုး မဖြစ်စေချင်ဘူး ! သူမ မကြိုက်ဘူး!

အချစ် ? ဒီလိုအရာတွေ သူမ ဘယ်တုန်းကမှ အလိုမရှိခဲ့ဖူးဘူး။

အချစ်က လူတွေကို ရူးမိုက်စေတယ် ။ အချစ်ရူးရူးနေတဲ့ သူမအမေပုံကို မြင်ယောင်မိတယ် တစ်ဘဝလုံး ရူးရူးမူးမူးချစ်သွားခဲ့တဲ့ သူမအမေ။ မသေခင်မှာ ငိုကြွေးရင်း သူမလက်ကို တင်းတင်းဆုပ်ပြီး ပြောသွားခဲ့တာက အချစ်ဆိုတာကို မယုံကြည်နဲ့တဲ့ ။ အချစ်က လူတွေကို နာကျင်စေတယ် သူ့လိုပဲတဲ့ ။

သူမအမေပြောခဲ့တာတွေကို အမှတ်ရတယ် ။ ဘယ်သူ့ကိုမှ မချစ်နဲ့တဲ့ ၊ ကြည့်ဦး သူမအမေပြောတာ မမှန်ဘူးလားဆိုတာ ဟန်ထင်းဟွာကိုသာ ကြည့် ။

အရမ်းကို ဝမ်းနည်းပြီး သနားဖို့ကောင်းနေခဲ့တာ အချစ်ကြောင့်ခံစားနေခဲ့ရတာ မဟုတ်ဘူးလား ။ သေတဲ့အထိ သူမဓာတ်ပုံကို ပိုက်သွားခဲ့ပြီးတော့ ။ ဘာသုံးစားလို့ရလို့လဲ ။ သူမဘက်က ဘာမှလည်း မတုံ့ပြန်နိုင်ဘဲနဲ့ ။ တုံ့ပြန်လိမ့်မှာမဟုတ်ဘဲနဲ့ ။

နောက်ဘဝတစ်ခု ထပ်ရလိုက်တာတောင်မှ အန်ဟိုင်ကတော့ သူ့ကိုချစ်မှာမဟုတ်ဘူး ။ သူ့ကိုလည်း သူမကို မုန်းပဲမုန်းစေချင်တယ်! ။

ဒီလိုမျိုးပဲ ဖြစ်နေရမှာ ။ သူမကို မုန်းပဲမုန်းနေသင့်တာ ။

တစ်ခုပဲ ။ သူမ တကယ်ပဲ သူ့ကို မုန်းစေချင်နေတာလား?
တကယ်ပဲ သူ့အချစ်ကို မလိုချင်တာလား ?

လျိုအန်ဟိုင် မင်းဘာလို့ အဲ့နေ့က ထွက်ပြေးသွားခဲ့တာလဲလို့ သူမေးခဲ့တယ် ။ အဲ့မျက်လုံးတွေက သူမကို ထွင်းဖောက်မြင်နိုင်နေတဲ့ အတိုင်းပဲ ။

သူမ ဘာလို့ဘယ်ကနေထွက်ပြေးနေခဲ့တာလဲ ။ အန်ဟိုင် သူမအုတ်ဂူရှေ့မှာ သူကျခဲ့တဲ့မျက်ရည်တွေကို ပြန်အမှတ်ရမိတယ်။ အဲ့ဒီ့ မလိုလားအပ်တဲ့အတွေးတွေ၊ စိတ်နှလုံးပူဆွေးစရာအရာတွေ ။

သူမက သူ့အပေါ်စာနာကရုဏာသက်သွားခဲ့တာ ။ ဒါပေမယ့် စိတ်လိုလက်ရတော့မဟုတ်ခဲ့ဘူး ။ သူမအနေနဲ့ သူ့အပေါ် လိုလိုလားလားမတုံ့ပြန်ချင်ခဲ့ဘူး ။ဒီတချိန်လုံး သူမ ဝန်မခံချင်ခဲ့တာက ဟန်ထင်းဟွာအပေါ်ထားတဲ့ သူမရဲ့စိတ်က အမုန်းတရားတွေမဟုတ်တော့တာ ၊ သူမရဲ့ နှလုံးသားထဲက အာဃာတတွေကိုလည်း သူ့ရဲ့ရူးကြောင်ကြောင်နိုင်မှုတွေက အနိုင်ယူသွားခဲ့ပြီဆိုတာပဲ ။

သူမအနေနဲ့ သူ့ကို ငတုံးငအ လို့ ခေါ်ခဲ့တာတွေက ချစ်ခင်မှုမရှိဘဲ ခေါ်ခဲ့တာတွေမဟုတ်ခဲ့ဘူး ။သူမအမေရဲ့အမွေအနှစ်က သူမကို ကြောက်ရွံ့စိတ်ဝင်စေတယ် ။ အချစ်ကို ယုံကြည်ဖို့ ကြောက်နေစေတယ် ။ အဲ့တာကြောင့် အချစ်မရှိသလိုမျိုး သူမ ဟန်ဆောင်နေခဲ့တာ ။ သူမတို့နှစ်ယောက်ရဲ့ကြားက အားပြိုင်မှုတွေကို အတင်းအကြပ် ငြင်းဆန်နေစေခဲ့တာ ။

သူ သူမကိုချစ်နေတာ သူမ မသိဘဲနေမလား။ သူမတို့နှစ်ယောက်ရဲ့ ပက်သက်မှုကြီးက ဟိုးအရင်ကတည်းက ဒွိဟတစ်ခုလို ဖြစ်တည်လာခဲ့တာ ။ သူမတစ်ယောက်တည်းကပဲ ဒါကို အတင်းလျစ်လျူရှုဖို့ ကြိုးစားနေခဲ့တာ ။

သူ့ကိုပါ လုံးလုံးလျားလျား လျစ်လျုရှုဖို့ ကြိုးစားခဲ့သလိုပဲပေါ့ ။ ဒါပေမယ့်လည်း သူမ မသိမသာ သူ့ကို ရှာဖွေနေခဲ့တယ် ။ သူမကို မြင်နိုင်အောင် ၊ သူမကို ဘယ်တော့မှ မမေ့နိုင်အောင်။

သူ့ရဲ့ မိုက်ရူးရဲဆန်မှုက သူမရဲ့နှလုံးသားထဲမှာ သူ့ကိုကဗျည်းထိုးထားသလိုကို မေ့မရအောင် လုပ်ခဲ့တာလေ ။ အဲ့တာကြောင့် သူမရဲ့အချစ်ကိုကြောက်ရွံ့တဲ့စိတ်နဲ့တောင် ၊ သူမမှာ ရှိရှိသမျှ အမုန်းတရားတွေ အကုန်လုံးရှိနေသေးတာတောင် သူ့ရဲ့ရူးကြောင်ကြောင်ဆန်မှုကို သူမ မေ့မရခဲ့ဘူး ။ သူ့ရဲ့အချစ်မှာ တဖြည်းဖြည်းတွယ်ငြိလာပြီး ဝန်ခံဖို့ကျ မရဲခဲ့ဘူး ။

သူမ ထွက်ပြေးခဲ့တယ် ။ ရှောင်ပုန်းခဲ့တယ် ။ ရှိသမျှ အင်အားသုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားခဲ့ပြီးရင်တောင် သူ့ဘက်ကနေ တကယ်လှည့်ထွက်သွားမှာကိုတော့ ကြောက်နေခဲ့တယ်။ အဲလိုဆိုလို့ သူ့ဘက်က နီးကပ်လာပြီဆိုပြန်ရင်လည်း သူမမှာ အထိတ်တလန့်တွေဖြစ်လို့ ။ ခုထိပဲလေ သူက ပုံမှန်လေးထိန်းဖက်ထားတယ် သူမ မလွတ်မြောက်နိုင်အောင်လို့ ။

သူတို့ကတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နှိပ်စက်နေခဲ့ကြတာ See-sawတစ်ခုလိုမျိုးပဲ ။ တစ်ယောက်ကရှေ့တိုးလာရင် နောက်တစ်ယောက်က ဆုတ်သွားရော ။ ဒါပေမယ့်လည်း လက်လွှတ်ကြသလားဆိုတော့လည်း နှစ်ဖက်လုံးက မြဲမြဲ ကိုင်ထားခဲ့ကြတာ ။
အမှန်တော့ သူ့ဘက်က လက်လွှတ်လိုက်မလားဆိုတာကို အန်ဟုင်အမြဲကြောက်နေခဲ့တာ ။ သူမ တွေးမိခဲ့တာက ကောင်းကင်ဘုံက ခုလို သူမကို နောက်တစ်ကြိမ်ပြန်ရှင်သန်ခွင့်ပေးခဲ့တဲ့အကြောင်းရင်းက ဟန်ထင်းဟွာကြောင့် ဖြစ်နိုင်တယ်လို့ ထင်မိတယ် ။

သူ့ကို ဒီ့ထက်ပိုပြီး စိတ်မပျက်စေချင်တော့တာကြောင့် အန်ဟိုင် သူမ မေးကိုဖြေလျှော့လိုက်တယ် ။ ထင်းဟွာပြုံးလိုက်ပြီး
' ဆက် မကိုက်တော့ဘူးလား?'

အန်ဟိုင် တိတ်တဆိတ်ပဲ အောက်ကိုငုံ့ကြည့်နေရင်း သူမရဲ့ တုန်ရီနေတဲ့လက်တွေနဲ့ သူ့ ကော်လံစကို ကိုင်လိုက်တယ် ။ သူမပါးစပ်ထဲက သွေးအရသာကြောင့် ခပ်ယဲ့ယဲ့ပြုံးမိတယ် နှလုံးသားကတော့ ခါးသက်လို့ ။ ဒီကောင်လေး  ၊ တကယ်ပဲ သူမကို ကိုက်ခွင့်ပေးခဲ့တယ် ။ တကယ့် ငတုံးကောင် ။

'ဘာ?' ထင်းဟွာ သေချာမကြားရဘူး ။

အန်ဟိုင် ပြန်မဖြေတော့ဘဲ သူ့ကို သူမဆီကို ဆွဲချပြီး ခေါင်းမော့ကာ သူ့နှုတ်ခမ်းတွေကို ကိုက်လိုက်တယ် ။ သူမ မျက်ဝန်းထောင့်ကနေ မျက်ရည်တွေ စီးကျလို့ ... ငတုံးကောင် ။
သူမ ထွက်မပြေးတော့ဘူး ...

End of Ch. 11

Eek ! 4549 wordsတဲ့ အာ့ကြောင့် လက်အံပါသေတာ ။ ကဲ ဒလောက်ဆို ၂လလောက်ပျောက်လို့ရပီလား  😎😝
အလကားစတာ ။ ဒီတိုင်းပဲ မဗုတ်ကြပါနဲ့
အရေးအသားလေးလည်း အဆင်ပြေမပြေ ၊ကောင်းမကောင်း ဝေဖန်ပေးကြပါဦး 😭 စစချင်းchapterတုန်းကထက်တော့ ဖတ်ရတာ နည်းနည်းပြေပြစ်လာတယ်မလား.? 🙈
ခုမှ စရေးဖူးတာမို့ မကောင်းတာတော့ သိပါတယ်
ပြင်သင့်တာပြင်ရအောင် ပွင့်ပွင့်လင်းလင်းပြောပြပါလို့ 🙏

အများကြီးဖတ်ပေးကြလို့ gamsa ! ♥
ရေးရတာလည်း ပျော်ပါတယ် ♥
cmtတွေလည်း ချစ်ပါတယ်လို့ ♥

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

226K 37.1K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.7M 70.4K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
166K 12.2K 29
ပိုင်ဝေ့ရှင်း ၂၁ရာစုရဲ့ခေတ်သစ်သမီးပျိုလေး တနေ့ကျောင်းသွားရင် လမ်းမှာ တဖက်ကလာတဲ့ကားကိုမမြင်မိပဲ လမ်းဖြတ်ကူးလို့ သေဆုံးသွား Systemထဲရောက် ဒီဇာတ်လမ်းသည...
292K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...