ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၃ ( ၁၁ + ၁၂ )

9.5K 1.2K 18
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   13
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၃၊ အခန္း ၁၁။ ရုပ္ဆုိးမ ရီ၀မ္၀မ္လား

ထိုမိန္းကေလး၏ေပၚထြက္လာၿခင္းေၾကာင့္ လ်န္ရွီဟန္သည္လညး္ ေရွာ့ရသြားသည္တညး္။ သူမအေနၿဖင့္ ရီယီယီထက္ ပိုလွပေခ်ာေမာ သည့္ သူ ထြက္မလာနုိင္ေတာ့ဘူးဟု ထင္ၿမင္ထားခဲ့မိသည္ပင္။ သို့ေသာ္ၿငား၊ သူမရဲ့မ်က္နွာထက္တြင္မူ သူမ၏အံ့အားသင့္ေနမႈကိုေတာ့ ထုတ္မၿပရဲပါေခ်။

အနွီမိန္းကေလးသည္ လူအုပ္ၾကီးကို ၿဖတ္ေက်ာ္ကာ ေၿဖးညင္းစြာ ေလွ်ာက္လာေနပါ၏။ သူမရဲ့ပံုသ႑ာန္ေလး ေက်ာ္လြန္လာေလတုိင္း၊ အံ့အားသင့္ပင့္သက္တုိ့သာ ရွိလာၾကေလရင္း ။

သိ့ုေသာ္၊ ထုိမိန္းကေလး ဘယ္ကေန ေရာက္လာသလဲဆုိသည္ကို လူတုိင္း အေၿဖထုတ္ေနၾကစဥ္မွာပင္၊ သူတု့ိ ၿမင္လုိက္ၾကေတာ့သည္ ကား၊ သူမသည္ ရီေရွာင္ထင္းတုိ့စားပြဲ၀ိုင္းဆီ တည့္တည့္ၾကီး
ေလွွ်ာက္သြားေနၿခငး္ကို။ သူမေလး ထိုေနရာ၌ တန္႔ရပ္လုိက္ပါ၏။ သူမေလး၏ရင္သပ္ရႈေမာဖြယ္မ်က္၀န္းတုိ့သည္ စားပြဲဆီကလူတုိင္း
အား ေ၀့၀ဲၾကည့္ေနေခ်ၿပီး၊ ေနာက္ဆံုး၊ ဖန္ရႈမင္ေပၚတြင္ အၾကည့္တို့ သက္ဆင္းသြားေလသည္။

သူမေလး၏နီေထြးေထြးနႈတ္ခမ္းေလးသည္ စတင္ပြင့္အာလာကာ အလြန္တရာခ်ိဳသာေသာ အသံေလးၿဖင့္ သူမေလး ေၿပာလာသည္ တည့္။
“အန္တီေၿပာသြားတာ မွန္ပါတယ္”

အန္တီ ? !

ဖန္ရႈမင္ ၊ ထိတ္လန့္သံသယမ်က္လံုးတုိ့ၿဖင့္ ထိုမိန္းကေလးအား စိုက္ၾကည့္လုိက္ရင္း -- ဒီမိန္းကေလးက ဘယ္သူလဲ။
င့ါမ်ား အေၾကာက္အလန့္မရွိ အန္တီိလုိ့ ဘာလုိ့ေခၚေနတာလဲ။

ဖန္ရႈမင္နွင့္ လ်န္က်ားေဟာင္သာလ်ွင္တညး္မဟုတ္။ အခန္းထဲရွိေနၾကသည့္ ဧည့္သည္တုိင္းသည္ပင္ အံ့ၿသဘနန္းၿဖစ္ကုန္ၾကၿခင္းတည္း။

“မင္းက…”

ဖန္ရႈမင္၊ ထိုမိန္းကေလးအား သံသယတုိ့ ၊ တံု့ဆုိင္းမႈတုိ့ၿဖင့္ ၾကည့္လုိ့ေန၏ ။

မိန္းကေလးသည္ ၿပံဳးၿပလာေလသည္။ သူမေလး၏နီေထြးေထြးႏႈတ္ခမ္းလြွာမွာ ဆြဲေဆာင္မႈရွိသည့္အၿပံဳးေလး တစ္ခုအၿဖစ္ ေကြးတက္သြားေခ်ၿပီး သူမေလး ေၿပာလာပါ၏။
“က်ြန္မ၊ အန္တီတုိ့နဲ့ မေတြ့ၿဖစ္တာ အခ်ိန္တုိေလးပဲ ရွိပါေသးတယ္။ အန္တီက က်ြန္မကို ေမ့ေတာင္ေမ့ေနၿပီလား။ က်ြန္မက ရီ၀မ္၀မ္”

ရီ၀မ္၀မ္ !!!

တစ္စကၠန့္အတြင္း၀ယ္၊ သူမ ေၿပာစကားတုိ့ေၾကာင့္
လူတုိင္း လံုး၀အတိ အံ့ၿသဆြံ့အသြားၾကကုန္သည္ ။

ဘယ္လုိဟာသၾကီးလဲ။

ဒီၿပိဳင္ဘက္ကင္းအလွေလးက တကယ္ၾကီး ရီ မိသားစုက နာမည္ၾကီးေနတဲ့ ရုပ္ဆုိးမ …. ရီ၀မ္၀မ္ တဲ့လား ? !

ရီ၀မ္၀မ္အား ေတြ့ၿမင္ဖူးထားၾကသည့္ ဧည့္သည္တုိ့သည္ကား အသိတို့လြတ္ကုန္ၾကေတာ့ေလရင္း။

အတိတ္တုန္းက၊ ရီ၀မ္၀မ္သည္ အၿမဲတေစပင္ သူမ၏မ်က္နွာအား မိတ္ကပ္ထူၾကီးတုိ့နွင့္ ဖ်က္ဆီးထားေလရာ သူမသည္ ေယာက္ကလ်ာ တစ္ေယာက္နွယ္ လံုး၀အတိေၾကာက္စရာေကာင္းလွေခ်သည္တညး္။
သူမ မိတ္ကပ္ကို ခြာလုိက္သည္နွင့္ ရီ၀မ္၀မ္၏အမွန္စင္စစ္မ်က္နွာမွာ က်္ကဲ့သုိ့ မင္သက္စရာေကာင္းေနလိမ့္မည္ဟု မည္သူကမွ် ေမွ်ာ္လင့္မထားမိခဲ့ၾကေပ ။

ဤေရွာ့ရစရာရလဒ္သည္ ေနရာရွိလူတုိင္းအား ဆြ့့ံအသြားေစေလၿပီ။

“စီနီယာ…မင္း ေၿပာတုန္းက…ရီ၀မ္၀မ္က ရုပ္ဆုိုးမၾကီးဆို….”

ေရွာ့ရသြားၿပီးေနာက္ စိတ္နဲ့ကိုယ္ၿပန္ကပ္သြားသည့္ အင္ပါယာစကိုင္းမွ သရုပ္ေဆာင္သစ္ေလးသည္ ခ်က္ခ်ငး္ပင္ စိ္တ္ရႈပ္ေထြးစြာၿဖင့္ သူ့နံေဘး ဆီက ေယာက္်ားေလးအား လွည့္ကာ ေမးလုိက္ၿခင္းပါတညး္။

“ဒါက…”

ထုိေယာက်ား္ေလး၏မ်က္လံုးတို့သည္ကား ရီ၀မ္၀မ္ဆီမွ ခြာၿခင္းမရွိ။ ေၿမၾကီးေပၚတြင္သာ ၿမဲၿမဲၿမံ ရပ္လုိ့ေနလ်က္ နႈတ္ခမ္းေထာင့္စြန္းတုိ့ တြန့္ခ်ိတ္လို႔ေန၏ ။

ရီ၀မ္၀မ္က မိတ္ကပ္မရွိေတာ့ရင္ ဒီေလာက္ၾကီးထိ ဆြဲေဆာင္မႈရွိေနလိမ့္မယ္လုိ့ေတာ့ ဘယ္သူ ထင္မိမွာလဲကြ။

“မငး္….မင္း ညာေနတာလား ဟမ္….အဲဒါက ရီ၀မ္၀မ္လား”

“ဒီေတာ့ သူေလးက ရီ မိသားစုရဲ့ ေၿပာေၿပာေနတဲ့ရုပ္ဆိုးမဆုိတာေပါ့၊ ဂူရြဲ့က်ီကို အရူးအမူးေၾကြေနၿပီးေတာ့ သူ့ရဲ့အပစ္ကိုေတာင္ ခံထားရတယ္ ဆုိတာေပါ့ေလ”
ဧည့္သည္တစ္ေယာက္သည္ အားပါးတရရယ္ပြဲ ဆင္နြွဲလာၿခင္းပင္။ အမွန္ဆိုေသာ္ ။
အၾကားစကားသည္က အၾကားစကားသည္ပင္ အၿမဲမဟုတ္ေပေလာ။ မ်က္စိနဲ့ၿမင္ရမွသာလွ်င္ ယံုၾကည္ဖြယ္ေကာငး္သည္ မဟုတ္ေပေလာ။

ရီမိသားစုက ရုပ္ဆုိးမ လား။

မငး္ ဘယ္သူ့ကို လာေနာက္ေနတာလဲ။

ရီ၀မ္၀မ္ရဲ့ရုပ္ရည္ကို္မ်ား ရုပ္ဆုိးတယ္တဲ့။ ဒါဆုိ သူမနဲ့ ယွဥ္လုိက္ရင္ ရီယီယီက လုံး၀ကို ဟုိးေအာက္မွာပဲ ရွိမယ့္ဟာ။ ဒါကိုမ်ား ရုပ္ဆိုးတယ္ ဆုိုေသးတာက..သရုပ္ေဆာင္ေလာကက ရုပ္ရည္ေတြ ၿပိဳင္ဆုိင္ေနၾက တဲ့ သရုပ္ေဆာင္မင္းသမီးေတြ အကုန္လံုးကေရာ -- သူတု့ိေတြ အကုန္လံုးပါ ရုပ္ဆုိးမေတြခ်ည္း ၿဖစ္မသြားဘူးလား။

ဒီအခိုက္၊ ဂူရြဲ့က်ီ၊ အနညး္ငယ္ ဆြ့ံအမင္သက္ေနမိရင္း။
သူ၊ ရီ၀မ္၀မ္အား မယံုၾကည္နုိင္ဟန္၊ အံ့ၿသဟန္ၿဖင့္ ၾကည့္လို့ေနေခ်၏။ သူ့အေရွ့မွ ဒီမိန္းမလွေလးသည္ အတိတ္တုန္းက ေၾကာက္စဖြယ္ ္မိတ္ကပ္ၾကီးနွင့္ အ၀တ္အစားတုိ့၀တ္ဆင္တတ္သည့္ ရီ၀မ္၀မ္ ၿဖစ္လိမ့္မည္ဟု မေမွ်ာ္လင့္ထားမိရင္း။

သို့ေသာ္…သူ့မ်က္လံုးေထာင့္တစ္ေနရာကေန ရီယီယီအား တစ္ခ်က္ၾကည့္လိုက္မိရာ၊ သူမ၏မ်က္ခံုးတုိ့ ၾကဳတ္ေနသည္ကို သတိၿပဳမိသြားေပၿပီ။ ခ်က္ခ်င္းပင္၊ သူ၏အံ့အားသင့္ေနမႈတုိ့ကို ပိ္တ္သိမ္းလုိက္ေတာ့ၿပီး ေနရာမွာတြင္ ထုိင္လ်က္မွ တည္ၿငိမ္ခ်င္
ဟန္ေဆာင္လုိက္ပါ၏။

“၀မ္၀မ္…”

ရီ၀မ္၀မ္ ရုတ္တရက္ ေပၚခ်လာသည္ကို ၿမင္လုိက္ရသည့္အခ်ိန္၊ လ်န္၀မ္က်ြင္းသည္ပင္ အသိစိတ္တုိ့ ၿပန္မ၀င္မိေခ်ေတာ့။ သူမ၏မ်က္လံုးတုိ့ကိုပင္ မယံုၾကည္နုိင္ၿဖစ္လုိ့ေနရင္း -- သူမရဲ့အေရွ့မွာရွိေနသည့္ မိန္းကေလးသည္ သူမ၏သမီးရင္း ၿဖစ္သည္လားဟု။

“ေမေမ”
ရီ၀မ္၀မ္၊ သူမ၏စိတ္ခံစားခ်က္တုိ့ိကုိ တည္ၿငိမ္ေအာင္ၿပဳထားလ်က္။ သူမ၏ေရွာ့ရေနသည့္မိခင္ၿဖစ္သူထံ လွည့္လိုက္ကာ သူမအား စိတ္ေပါ့ပါးေစသည့္ အၾကည့္တစ္ခ်က္ေပးလုိက္ရင္း ၿပံဳးၿပလိုက္ပါ၏ ။

ေရွာ့ရေၾကာင္တက္သြားခဲ့ပါသည့္ လ်န္၀မ္က်ြင္း။
သူမသည္ပင္ မွားမ်ားၾကားမ္ိသလားဟု ေတြးယူေနမိသည္ပင္။
သို့ေသာ္၊ ရီ၀မ္၀မ္သည္ သူမအား အမွန္တကယ္ပင္
ေမေမဟု ေခၚလာေခ်ေလၿပီ…

ခ်က္ခ်င္းဆုိုသလုိပင္ ဖန္ရႈမင္၏မ်က္နွာ ၿဖဴေဖ်ာ့သြားရပါေတာ့၏။ သူမသည္ ေသေအာင္အရိုက္ခံရပါမည္ဆုိလ်ွင္ေတာင္မွ
သူမေရွ့မွ အလြန္တရာလွေသြးၾကြယ္ မင္သက္ရႈမၿငီးလွသည့္ မိန္းကေလးမွာ သူမ ထပ္ထပ္ခါခါေခၚဆုိခဲ့ဖူးသည့္ ရုပ္ဆုိးမ
ရီ၀မ္၀မ္ ၿဖစ္ေနလိမ့္မည္ဟု မထင္ထားမိလ်က္။

                💖💖💖💖💖💖💖💖💖💖

စာစဥ္ ၁၃၊ အခန္း ၁၂။ ရုပ္ေခ်ာေတာ့ေရာ ဘာၿဖစ္လဲ

ထိုအလြန္တရာနုညက္ေခ်ာမြတ္ေနသည့္ ရီ၀မ္၀မ္၏မ်က္နွာေလး
သည္ သူမ၏သမီးၿဖစ္သူ လ်န္ရွီဟန္အား ၾကည့္ေနသည္ကို ၿမင္လုိက္ရသည့္ခ်ိန္၊ ဖန္ရႈမင္၏အမူအရာ ခ်က္ခ်င္းပင္ မညး္ပုတ္သြားရေတာ့ေလၿပီ။

ရီ၀မ္၀မ္က ရုပ္ဆုိးမဆုိရင္ ဒါဆို ငါ့ရဲ့သမီးကေရာ။

ဖန္ရႈမင္၏နႈတ္ခမ္းေထာင့္စြန္းတုိ့သည္ကား တြန့္ခ်ိတ္လုိ့ေနဆဲ။
ဒီအခ်ိန္၊ ရီ၀မ္၀မ္ မ်က္လံုးတုိ့ က်ံဳ့လ်က္ သူမအား ၾကည့္လာကာ။ ဟန္္ေဆာင္အၿပံဳးတစ္ပြင့္ၿဖင့္ ေၿပာလာပါ၏။

“အန္တီ၊ အန္တီ ခုနက ေၿပာသြားတာေတြက တကယ္အဓိပၸာယ္ရွိတယ္လုိ့ က်ြန္မ ထင္တယ္”

ဖန္ရႈမင္၊ ေၾကာင္အသြားမိေတာ့ၿပီး သူမ ဘာေၿပာခဲ့မိသည္လဲ ဆုိသည္ကို အမွတ္မရမိေတာ့။

သို့ေသာ္၊ အသိၿပန္၀င္သြားသည့္ လ်န္ရွီဟန္သည္ကား ၊ ရီ၀မ္၀မ္၏ မင္သက္ဖြယ္ေကာင္းသည့္ရုပ္ရည္သြင္ၿပင္ကို ၿမင္လုိက္ရသည့္အခ်ိန္ သူမ၏မ်က္လံုးထဲတြင္ သ၀န္တုိမႈတုိ့ ထုတ္ဟၿပလာေခ်သည္။

ဒါ ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ။

ရီ၀မ္၀မ္က ဘယ္လုိလုပ္ၿပီးေတာ့ ဒီေလာက္ထိ လွနုိင္မွာလဲ။

ဒါ မတရားဘူး။

ဖန္ရႈမင္ ေၿပာသြားသည္တုိ့ကို ၿပန္အမွတ္ရမိသြားသည့္ လ်န္ရွီေဟာင္။ သူမ ၊ ခ်က္ခ်င္းပင္ နွာေခါငး္ရႈံ့ကာ ေၿပာဆုိလာ၏။ “ရီ၀မ္၀မ္၊ ကိစၥက ဒီလုိဆုိမွေတာ့ နင္ ဘာလုိ့ နင့္မိဘေတြကို ေခၚမသြားေသးတာလဲ”

ဖန္ရႈမင္သည္ ခုနကပင္ ရီ၀မ္၀မ္မွာ သူမမိဘေတြကို ဂရုပင္မစိုုက္၊ သူတစ္ပါးအိမ္ရာတြင္ အတင္းေနခုိင္းေစသည္ဟု ထပ္တလဲလဲ ေၿပာဆုိေနခဲ့ၿခင္းပင္။

ရီ၀မ္၀မ္ကိုယ္၌က သူမအေမေၿပာသည္မွာ မွန္သည္ဟု ခံစားမိသည္ ဆုိလာရာ ၊ သူမအေနျဖင့္ သူမရဲ့မိဘေတြကို ၿပန္ေခၚသြားသင့္ေပၿပီ။

လ်န္ရွီဟန္၊ ပီတိၿဖာလ်က္ ရီ၀မ္၀မ္အား စိုက္ၾကည့္ေနရင္း
ရီ၀မ္၀မ္ထံက စကားတံု့ၿပန္လာသည္ကို ေစာင့္လုိ့ေနပါ၏။

ရုပ္အရမ္းေခ်ာေနေတာ့ေကာ ဘာလုပ္ရမွာလဲ။

သူမက အသံုးမက်တဲ့ပန္းအိုးၿဖစ္ေနတုန္းပဲဟာ။

ရီ၀မ္၀မ္၊ လ်န္ရွီဟန္၏ ရန္စေနသည့္၊ ၾကည္ႏူးရြွင္ပ်ေနသည့္အၾကည့္ အား ေဖ်ာ့ေဖ်ာ့ေလး ၿပံဳးၿပလုိက္ၿပီး၊ ေနာက္၊ သူမ၏အၿပံဳးမွာ ပိုၾကီး လာေတာ့သည္။ သူမ၊ ေခါငး္ေလးကို လႈပ္လီလႈပ္လဲ့ ယမ္းကာၿဖင့္ ရယ္တေသာေသာ ရယ္ေမာေၿပာလာေလသည္ကား။
“ဒါက ၀မ္းကြဲညီမေလးကသာ မိဘေတြကို ေခၚသြားသင့္တဲ့သူ မၿဖစ္သင့္ဘူးလား”

ရီ၀မ္၀မ္၏စကားတုိ့ေၾကာင့္ ဖန္ရႈမင္နွင့္ လ်န္ရွီဟန္တုိ့ ေရွာ့ရတုန္လႈပ္သြားၾကေတာ့သည္။

“ရီ၀မ္၀မ္၊ မင္း ဘာစကားေၿပာလုိက္တာလဲ”
ဒီအခုိက္၊ ဖန္ရႈမင္၊ ရုတ္တရက္ ထရပ္လုိက္ကာ
ရီ၀မ္၀မ္အား လက္ညိႈးေတာက္ေတာက္ထိုးလုိ့
စိတ္ဆိုးတၾကီး ေၿပာဆုိလာၿခင္းပင္တညး္။

ရီ၀မ္၀မ္၊ သူတုိ့အား အၿပံဳးတစ္ပြင့္ ပစ္လြွတ္လိုက္ပါ၏ ။ သူမ၏မ်က္၀န္းထဲတြင္ေတာ့ ေအးစက္မႈအေငြ့အသက္တစ္ခု ၿဖတ္ေၿပးလာလ်က္။ “အန္တီ၊ အန္တီနဲ့အန္ကယ္တုိ့ လက္ထပ္ၿပီး ကတည္းက အန္တီတုိ့ေတြ က်ြန္မတို့ရဲ့အိမ္မွာ ေနလာခဲ့ၾကတာ။
နွစ္ ၂၀ ေတာင္ ေက်ာ္လာခဲ့ၿပီ”

ဖန္ရႈမင္ထံမွ စကားတံုု့ၿပန္လာသည္ကို ေစာင့္မေနဘဲ၊
ရီ၀မ္၀မ္ ခ်က္ခ်င္း ေၿပာဆုိလာၿပန္သည္ ။
“က်ြန္မတုိ့မိသားစုက ခ်မ္းသာေတာ့တာမဟုတ္ဘူး။ အိမ္အၾကီးၾကီးလည္း မရွိေနခဲ့ဘူး။ အန္တီနဲ့အန္ကယ္တုိ့မွာ
ရွီဟန္ ရလာၿပီဆိုေတာ့ အိမ္မွာ ပုိၿပီးေတာ့ လူၿကပ္လာတယ္။
ဒါနဲ့ က်ြန္မနဲ့က်ြန္မရဲ့အစ္ကိုက အိမ္ကို ၿပန္မလာေတာ့ဘဲနဲ့ အိမ္အေ၀း မွာပဲ သြားေနေပးခဲ့ၾကရတာ။ အခုနက၊ ၀မ္းကြဲညီမေလး ရွီဟန္က ေၿပာသြားၿပီ။ တၿခားသူေတြကို အေနွာင့္အယွက္မေပးမိရေအာင္ အန္တီတုိ့ကို ေခၚသြားေတာ့မယ္တဲ့။ ဒါ ေကာင္းသားပဲ။
ဒါဆို က်ြန္မနဲ့က်ြန္မအစ္ကိုလညး္ အိမ္ကို ၿပန္လာၿပီးေတာ့ က်ြန္မတုိ့မိဘေတြနဲ့ ေနလုိ့ရၿပီေပါ့”

“ရီ၀မ္၀မ္၊ မင္း ဘာေတြေပါက္တတ္ကရ ေလွ်ာက္ေၿပာေနတာလဲ” ဖန္ရႈမင္၊ ရီ၀မ္၀မ္အား ၾကည့္ကာ ေၿပာလာသည္။
“မင္းရဲ့မိဘေတြက ငါ တု့ိ ရဲ့ အိမ္မွာ ကပ္ေနေနတာ အသိသာၾကီး”

ေဒါသထြက္ေနသည့္ ဖန္ရႈမင္နွင့္ ရင္ဆုိင္လုိက္ရသည့္အခ်ိန္၊ ရီ၀မ္၀မ္၏နႈတ္ခမ္းေထာင့္စြန္းတုိ့ ေကြးတက္သြားေတာ့ၿပီး လူယုတ္မာဆန္ဆန္အၿပံဳးကို လွစ္ဟၿပလာကာ။
“အန္တီက အသက္ၾကီးေနေတာ့ ဒီကိစၥကို ေမ့ေနတာပဲ ၿဖစ္ရမယ္။ အရင္တုန္းက၊ အန္တီ အန္ကယ့္ကို လက္ထပ္ခဲ့တုန္းက အန္တီတုိ့ နွစ္ေယာက္စလံုး ဆင္းရဲႏြမ္းပါးခဲ့လြန္းလုိ့။ အန္တီတုိ့ရဲ့မဂၤလာပြဲကို က်ြန္မ မိိဘေတြကပဲ စီစဥ္ေပးခဲ့ၿပီးေတာ့ အန္တီတုိ့ အခုေနေနတဲ့ အိမ္ကိုေတာင္ က်ြန္မေဖေဖကိုယ္တုိင္ ၀ယ္ေပးထားခဲ့တယ္ ။အန္တီနဲ့အန္ကယ္တုိ့ကို ယာယီေနပါေစဆုိၿပီးေတာ့ အဲ့မွာ ေနခြင့္ၿပဳေပးထားခဲ့တယ္။

ဒါေပမယ့္၊ အဲဒါလညး္ ၿပီးလည္း၊ အန္တီနဲ့အန္ကယ္က အိမ္ထဲကေန ေၿပာင္းေပးခ်င္တဲ့အရိပ္အေယာင္ေလး တစ္စက္ေလးေတာင္ ရွိမေန တာမုိ့ က်ြန္မမိဘေတြက ဘာမွမေၿပာခဲ့ဘူး။ က်ြန္မတုိ့က ေဆြမ်ိဳးေတြ ပဲေလ -- က်ြန္မမိဘေတြက ကိုယ့္အေဆြအမ်ိဳးေတြကို ေမာင္းထုတ္ပစ္ ရေလာက္ေအာင္ ေသခ်ာေပါက္ အသည္းမာတဲ့သူေတြမွ မဟုတ္ၾကတာ ပဲ။ ၿပီးေတာ့လည္း နွစ္ ၂၀ ေက်ာ္ အိမ္ငွားရမ္းခအတြက္ ေငြတစ္က်ပ္တစ္ေလေလးမွကို မေတာင္းခဲ့ဖူးဘူး။

ဒါေပမယ့္၊ အခုနက ၀မ္းကြဲညီမေလးရွီဟန္ရဲ့ ဥာဏ္ထက္တဲ့ စကားခြန္းကေန အန္တီနဲ့ အန္ကယ္ဆီမွာ အိမ္ေၿပာင္းေပးဖုိ့ စိတ္ကူးရွိေနၿပီဆိုတာကို က်ြန္မ ၾကားလုိက္မိ္လုိ့ ခုလုိမ်ိဳး ထုတ္ေၿပာဖုိ့ ဆံုးၿဖတ္လုိက္တာပါ။ ၀မ္းကြဲညီမေလး ရွီဟန္က တကယ္ျကီး အားကိုးစရာေကာင္းလွတယ္ဆုိရင္ သူမရဲ့အစ္မၾကီးၿဖစ္တဲ့ က်ြန္မအေနနဲ့ အေတာ္ေလးကို စိတ္ေအးမိပါၿပီ”

ဒီစကားနွင့္အတူ၊ ရီ၀မ္၀မ္၊ လ်န္ရွီဟန္အား အဓိပၸာယ္ပါပါ ၾကည့္လုိက္ေခ်ၿပီး စိတ္မခ်သည့္ဟန္ ၿပဳလုိုက္ကာ။
“ဒါေပမယ့္လညး္၊ က်ြန္မ ၿမင္ေနမိတဲ့အတုိင္းဆုိ၊ ၀မ္းကြဲညီမေလးမွာ အခုေတာ့ ဒီလုိလုပ္နုိင္တဲ့ အရည္အခ်င္းမရွိေသးဘူး…ၿပီးေတာ့ ၊ ဒီတစ္ေလွ်ာက္လံုးလံုး သူမက က်ြန္မအိမ္မွာပဲ ေနလာခဲ့ၿပီး ဘယ္တုန္း ကမွ အိမ္ကေန ခြာဖူးတာမဟုတ္ဘူး။ ဒါနဲ့မ်ား သူမ ဘယ္လုိလုပ္ၿပီး ေတာ့ သူမမိဘေတြကို ေခၚသြားမယ္လုိ့ ေၿပာေတာင္ေၿပာေနရတာလဲ”

                    💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

.........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   13
Chapter.          :  11 + 12
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၃၊ အခန်း ၁၁။ ရုပ်ဆိုးမ ရီဝမ်ဝမ်လား

ထိုမိန်းကလေး၏ပေါ်ထွက်လာခြင်းကြောင့် လျန်ရှီဟန်သည်လည်း ရှော့ရသွားသည်တည်း။ သူမအနေဖြင့် ရီယီယီထက် ပိုလှပချောမော သည့် သူ ထွက်မလာနိုင်တော့ဘူးဟု ထင်မြင်ထားခဲ့မိသည်ပင်။ သို့သော်ငြား၊ သူမရဲ့မျက်နှာထက်တွင်မူ သူမ၏အံ့အားသင့်နေမှုကိုတော့ ထုတ်မပြရဲပါချေ။

အနှီမိန်းကလေးသည် လူအုပ်ကြီးကို ဖြတ်ကျော်ကာ ဖြေးညင်းစွာ လျှောက်လာနေပါ၏။ သူမရဲ့ပုံသဏ္ဍာန်လေး ကျော်လွန်လာလေတိုင်း၊ အံ့အားသင့်ပင့်သက်တို့သာ ရှိလာကြလေရင်း ။

သိ့ုသော်၊ ထိုမိန်းကလေး ဘယ်ကနေ ရောက်လာသလဲဆိုသည်ကို လူတိုင်း အဖြေထုတ်နေကြစဉ်မှာပင်၊ သူတု့ိ မြင်လိုက်ကြတော့သည် ကား၊ သူမသည် ရီရှောင်ထင်းတို့စားပွဲဝိုင်းဆီ တည့်တည့်ကြီး
လျှောက်သွားနေခြင်းကို။ သူမလေး ထိုနေရာ၌ တန့်ရပ်လိုက်ပါ၏။ သူမလေး၏ရင်သပ်ရှုမောဖွယ်မျက်ဝန်းတို့သည် စားပွဲဆီကလူတိုင်း
အား ဝေ့၀ဲကြည့်နေချေပြီး၊ နောက်ဆုံး၊ ဖန်ရှုမင်ပေါ်တွင် အကြည့်တို့ သက်ဆင်းသွားလေသည်။

သူမလေး၏နီထွေးထွေးနှုတ်ခမ်းလေးသည် စတင်ပွင့်အာလာကာ အလွန်တရာချိုသာသော အသံလေးဖြင့် သူမလေး ပြောလာသည် တည့်။
“အန်တီပြောသွားတာ မှန်ပါတယ်”

အန်တီ ? !

ဖန်ရှုမင် ၊ ထိတ်လန့်သံသယမျက်လုံးတို့ဖြင့် ထိုမိန်းကလေးအား စိုက်ကြည့်လိုက်ရင်း -- ဒီမိန်းကလေးက ဘယ်သူလဲ။
င့ါများ အကြောက်အလန့်မရှိ အန်တီလို့ ဘာလို့ခေါ်နေတာလဲ။

ဖန်ရှုမင်နှင့် လျန်ကျားဟောင်သာလျှင်တည်းမဟုတ်။ အခန်းထဲရှိနေကြသည့် ဧည့်သည်တိုင်းသည်ပင် အံ့သြဘနန်းဖြစ်ကုန်ကြခြင်းတည်း။

“မင်းက…”

ဖန်ရှုမင်၊ ထိုမိန်းကလေးအား သံသယတို့ ၊ တုံ့ဆိုင်းမှုတို့ဖြင့် ကြည့်လို့နေ၏ ။

မိန်းကလေးသည် ပြုံးပြလာလေသည်။ သူမလေး၏နီထွေးထွေးနှုတ်ခမ်းလွှာမှာ ဆွဲဆောင်မှုရှိသည့်အပြုံးလေး တစ်ခုအဖြစ် ကွေးတက်သွားချေပြီး သူမလေး ပြောလာပါ၏။
“ကျွန်မ၊ အန်တီတို့နဲ့ မတွေ့ဖြစ်တာ အချိန်တိုလေးပဲ ရှိပါသေးတယ်။ အန်တီက ကျွန်မကို မေ့တောင်မေ့နေပြီလား။ ကျွန်မက ရီဝမ်ဝမ်”

ရီဝမ်ဝမ် !!!

တစ်စက္ကန့်အတွင်းဝယ်၊ သူမ ပြောစကားတို့ကြောင့်
လူတိုင်း လုံးဝအတိ အံ့သြဆွံ့အသွားကြကုန်သည် ။

ဘယ်လိုဟာသကြီးလဲ။

ဒီပြိုင်ဘက်ကင်းအလှလေးက တကယ်ကြီး ရီ မိသားစုက နာမည်ကြီးနေတဲ့ ရုပ်ဆိုးမ …. ရီဝမ်ဝမ် တဲ့လား ? !

ရီဝမ်ဝမ်အား တွေ့မြင်ဖူးထားကြသည့် ဧည့်သည်တို့သည်ကား အသိတို့လွတ်ကုန်ကြတော့လေရင်း။

အတိတ်တုန်းက၊ ရီဝမ်ဝမ်သည် အမြဲတစေပင် သူမ၏မျက်နှာအား မိတ်ကပ်ထူကြီးတို့နှင့် ဖျက်ဆီးထားလေရာ သူမသည် ယောက်ကလျာ တစ်ယောက်နှယ် လုံးဝအတိကြောက်စရာကောင်းလှချေသည်တည်း။
သူမ မိတ်ကပ်ကို ခွာလိုက်သည်နှင့် ရီဝမ်ဝမ်၏အမှန်စင်စစ်မျက်နှာမှာ ကျ်ကဲ့သို့ မင်သက်စရာကောင်းနေလိမ့်မည်ဟု မည်သူကမျှ မျှော်လင့်မထားမိခဲ့ကြပေ ။

ဤရှော့ရစရာရလဒ်သည် နေရာရှိလူတိုင်းအား ဆွံ့အသွားစေလေပြီ။

“စီနီယာ…မင်း ပြောတုန်းက…ရီဝမ်ဝမ်က ရုပ်ဆိုးမကြီးဆို….”

ရှော့ရသွားပြီးနောက် စိတ်နဲ့ကိုယ်ပြန်ကပ်သွားသည့် အင်ပါယာစကိုင်းမှ သရုပ်ဆောင်သစ်လေးသည် ချက်ချင်းပင် စိတ်ရှုပ်ထွေးစွာဖြင့် သူ့နံဘေး ဆီက ယောက်ျားလေးအား လှည့်ကာ မေးလိုက်ခြင်းပါတည်း။

“ဒါက…”

ထိုယောကျာ်းလေး၏မျက်လုံးတို့သည်ကား ရီဝမ်ဝမ်ဆီမှ ခွာခြင်းမရှိ။ မြေကြီးပေါ်တွင်သာ မြဲမြဲမြံ ရပ်လို့နေလျက် နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ချိတ်လို့နေ၏ ။

ရီဝမ်ဝမ်က မိတ်ကပ်မရှိတော့ရင် ဒီလောက်ကြီးထိ ဆွဲဆောင်မှုရှိနေလိမ့်မယ်လို့တော့ ဘယ်သူ ထင်မိမှာလဲကွ။

“မင်း….မင်း ညာနေတာလား ဟမ်….အဲဒါက ရီဝမ်ဝမ်လား”

“ဒီတော့ သူလေးက ရီ မိသားစုရဲ့ ပြောပြောနေတဲ့ရုပ်ဆိုးမဆိုတာပေါ့၊ ဂူရွဲ့ကျီကို အရူးအမူးကြွေနေပြီးတော့ သူ့ရဲ့အပစ်ကိုတောင် ခံထားရတယ် ဆိုတာပေါ့လေ”
ဧည့်သည်တစ်ယောက်သည် အားပါးတရရယ်ပွဲ ဆင်နွှဲလာခြင်းပင်။ အမှန်ဆိုသော် ။
အကြားစကားသည်က အကြားစကားသည်ပင် အမြဲမဟုတ်ပေလော။ မျက်စိနဲ့မြင်ရမှသာလျှင် ယုံကြည်ဖွယ်ကောင်းသည် မဟုတ်ပေလော။

ရီမိသားစုက ရုပ်ဆိုးမ လား။

မင်း ဘယ်သူ့ကို လာနောက်နေတာလဲ။

ရီဝမ်ဝမ်ရဲ့ရုပ်ရည်ကိုများ ရုပ်ဆိုးတယ်တဲ့။ ဒါဆို သူမနဲ့ ယှဉ်လိုက်ရင် ရီယီယီက လုံးဝကို ဟိုးအောက်မှာပဲ ရှိမယ့်ဟာ။ ဒါကိုများ ရုပ်ဆိုးတယ် ဆိုသေးတာက..သရုပ်ဆောင်လောကက ရုပ်ရည်တွေ ပြိုင်ဆိုင်နေကြ တဲ့ သရုပ်ဆောင်မင်းသမီးတွေ အကုန်လုံးကရော -- သူတု့ိတွေ အကုန်လုံးပါ ရုပ်ဆိုးမတွေချည်း ဖြစ်မသွားဘူးလား။

ဒီအခိုက်၊ ဂူရွဲ့ကျီ၊ အနည်းငယ် ဆွံ့အမင်သက်နေမိရင်း။
သူ၊ ရီဝမ်ဝမ်အား မယုံကြည်နိုင်ဟန်၊ အံ့သြဟန်ဖြင့် ကြည့်လို့နေချေ၏။ သူ့အရှေ့မှ ဒီမိန်းမလှလေးသည် အတိတ်တုန်းက ကြောက်စဖွယ် ်မိတ်ကပ်ကြီးနှင့် အဝတ်အစားတို့ဝတ်ဆင်တတ်သည့် ရီဝမ်ဝမ် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိရင်း။

သို့သော်…သူ့မျက်လုံးထောင့်တစ်နေရာကနေ ရီယီယီအား တစ်ချက်ကြည့်လိုက်မိရာ၊ သူမ၏မျက်ခုံးတို့ ကြုတ်နေသည်ကို သတိပြုမိသွားပေပြီ။ ချက်ချင်းပင်၊ သူ၏အံ့အားသင့်နေမှုတို့ကို ပိတ်သိမ်းလိုက်တော့ပြီး နေရာမှာတွင် ထိုင်လျက်မှ တည်ငြိမ်ချင်
ဟန်ဆောင်လိုက်ပါ၏။

“ဝမ်ဝမ်…”

ရီဝမ်ဝမ် ရုတ်တရက် ပေါ်ချလာသည်ကို မြင်လိုက်ရသည့်အချိန်၊ လျန်ဝမ်ကျွင်းသည်ပင် အသိစိတ်တို့ ပြန်မဝင်မိချေတော့။ သူမ၏မျက်လုံးတို့ကိုပင် မယုံကြည်နိုင်ဖြစ်လို့နေရင်း -- သူမရဲ့အရှေ့မှာရှိနေသည့် မိန်းကလေးသည် သူမ၏သမီးရင်း ဖြစ်သည်လားဟု။

“မေမေ”
ရီဝမ်ဝမ်၊ သူမ၏စိတ်ခံစားချက်တို့ိကို တည်ငြိမ်အောင်ပြုထားလျက်။ သူမ၏ရှော့ရနေသည့်မိခင်ဖြစ်သူထံ လှည့်လိုက်ကာ သူမအား စိတ်ပေါ့ပါးစေသည့် အကြည့်တစ်ချက်ပေးလိုက်ရင်း ပြုံးပြလိုက်ပါ၏ ။

ရှော့ရကြောင်တက်သွားခဲ့ပါသည့် လျန်ဝမ်ကျွင်း။
သူမသည်ပင် မှားများကြားမိသလားဟု တွေးယူနေမိသည်ပင်။
သို့သော်၊ ရီဝမ်ဝမ်သည် သူမအား အမှန်တကယ်ပင်
မေမေဟု ခေါ်လာချေလေပြီ…

ချက်ချင်းဆိုသလိုပင် ဖန်ရှုမင်၏မျက်နှာ ဖြူဖျော့သွားရပါတော့၏။ သူမသည် သေအောင်အရိုက်ခံရပါမည်ဆိုလျှင်တောင်မှ
သူမရှေ့မှ အလွန်တရာလှသွေးကြွယ် မင်သက်ရှုမငြီးလှသည့် မိန်းကလေးမှာ သူမ ထပ်ထပ်ခါခါခေါ်ဆိုခဲ့ဖူးသည့် ရုပ်ဆိုးမ
ရီဝမ်ဝမ် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိလျက်။

                💖💖💖💖💖💖💖💖💖💖

စာစဉ် ၁၃၊ အခန်း ၁၂။ ရုပ်ချောတော့ရော ဘာဖြစ်လဲ

ထိုအလွန်တရာနုညက်ချောမွတ်နေသည့် ရီဝမ်ဝမ်၏မျက်နှာလေး
သည် သူမ၏သမီးဖြစ်သူ လျန်ရှီဟန်အား ကြည့်နေသည်ကို မြင်လိုက်ရသည့်ချိန်၊ ဖန်ရှုမင်၏အမူအရာ ချက်ချင်းပင် မည်းပုတ်သွားရတော့လေပြီ။

ရီဝမ်ဝမ်က ရုပ်ဆိုးမဆိုရင် ဒါဆို ငါ့ရဲ့သမီးကရော။

ဖန်ရှုမင်၏နှုတ်ခမ်းထောင့်စွန်းတို့သည်ကား တွန့်ချိတ်လို့နေဆဲ။
ဒီအချိန်၊ ရီဝမ်ဝမ် မျက်လုံးတို့ ကျုံ့လျက် သူမအား ကြည့်လာကာ။ ဟန်ဆောင်အပြုံးတစ်ပွင့်ဖြင့် ပြောလာပါ၏။

“အန်တီ၊ အန်တီ ခုနက ပြောသွားတာတွေက တကယ်အဓိပ္ပာယ်ရှိတယ်လို့ ကျွန်မ ထင်တယ်”

ဖန်ရှုမင်၊ ကြောင်အသွားမိတော့ပြီး သူမ ဘာပြောခဲ့မိသည်လဲ ဆိုသည်ကို အမှတ်မရမိတော့။

သို့သော်၊ အသိပြန်ဝင်သွားသည့် လျန်ရှီဟန်သည်ကား ၊ ရီဝမ်ဝမ်၏ မင်သက်ဖွယ်ကောင်းသည့်ရုပ်ရည်သွင်ပြင်ကို မြင်လိုက်ရသည့်အချိန် သူမ၏မျက်လုံးထဲတွင် သဝန်တိုမှုတို့ ထုတ်ဟပြလာချေသည်။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ရီဝမ်ဝမ်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ လှနိုင်မှာလဲ။

ဒါ မတရားဘူး။

ဖန်ရှုမင် ပြောသွားသည်တို့ကို ပြန်အမှတ်ရမိသွားသည့် လျန်ရှီဟောင်။ သူမ ၊ ချက်ချင်းပင် နှာခေါင်းရှုံ့ကာ ပြောဆိုလာ၏။ “ရီဝမ်ဝမ်၊ ကိစ္စက ဒီလိုဆိုမှတော့ နင် ဘာလို့ နင့်မိဘတွေကို ခေါ်မသွားသေးတာလဲ”

ဖန်ရှုမင်သည် ခုနကပင် ရီဝမ်ဝမ်မှာ သူမမိဘတွေကို ဂရုပင်မစိုက်၊ သူတစ်ပါးအိမ်ရာတွင် အတင်းနေခိုင်းစေသည်ဟု ထပ်တလဲလဲ ပြောဆိုနေခဲ့ခြင်းပင်။

ရီဝမ်ဝမ်ကိုယ်၌က သူမအမေပြောသည်မှာ မှန်သည်ဟု ခံစားမိသည် ဆိုလာရာ ၊ သူမအနေဖြင့် သူမရဲ့မိဘတွေကို ပြန်ခေါ်သွားသင့်ပေပြီ။

လျန်ရှီဟန်၊ ပီတိဖြာလျက် ရီဝမ်ဝမ်အား စိုက်ကြည့်နေရင်း
ရီဝမ်ဝမ်ထံက စကားတုံ့ပြန်လာသည်ကို စောင့်လို့နေပါ၏။

ရုပ်အရမ်းချောနေတော့ကော ဘာလုပ်ရမှာလဲ။

သူမက အသုံးမကျတဲ့ပန်းအိုးဖြစ်နေတုန်းပဲဟာ။

ရီဝမ်ဝမ်၊ လျန်ရှီဟန်၏ ရန်စနေသည့်၊ ကြည်နူးရွှင်ပျနေသည့်အကြည့် အား ဖျော့ဖျော့လေး ပြုံးပြလိုက်ပြီး၊ နောက်၊ သူမ၏အပြုံးမှာ ပိုကြီး လာတော့သည်။ သူမ၊ ခေါင်းလေးကို လှုပ်လီလှုပ်လဲ့ ယမ်းကာဖြင့် ရယ်တသောသော ရယ်မောပြောလာလေသည်ကား။
“ဒါက ဝမ်းကွဲညီမလေးကသာ မိဘတွေကို ခေါ်သွားသင့်တဲ့သူ မဖြစ်သင့်ဘူးလား”

ရီဝမ်ဝမ်၏စကားတို့ကြောင့် ဖန်ရှုမင်နှင့် လျန်ရှီဟန်တို့ ရှော့ရတုန်လှုပ်သွားကြတော့သည်။

“ရီဝမ်ဝမ်၊ မင်း ဘာစကားပြောလိုက်တာလဲ”
ဒီအခိုက်၊ ဖန်ရှုမင်၊ ရုတ်တရက် ထရပ်လိုက်ကာ
ရီဝမ်ဝမ်အား လက်ညှိုးတောက်တောက်ထိုးလို့
စိတ်ဆိုးတကြီး ပြောဆိုလာခြင်းပင်တည်း။

ရီဝမ်ဝမ်၊ သူတို့အား အပြုံးတစ်ပွင့် ပစ်လွှတ်လိုက်ပါ၏ ။ သူမ၏မျက်ဝန်းထဲတွင်တော့ အေးစက်မှုအငွေ့အသက်တစ်ခု ဖြတ်ပြေးလာလျက်။ “အန်တီ၊ အန်တီနဲ့အန်ကယ်တို့ လက်ထပ်ပြီး ကတည်းက အန်တီတို့တွေ ကျွန်မတို့ရဲ့အိမ်မှာ နေလာခဲ့ကြတာ။
နှစ် ၂၀ တောင် ကျော်လာခဲ့ပြီ”

ဖန်ရှုမင်ထံမှ စကားတုံ့ပြန်လာသည်ကို စောင့်မနေဘဲ၊
ရီဝမ်ဝမ် ချက်ချင်း ပြောဆိုလာပြန်သည် ။
“ကျွန်မတို့မိသားစုက ချမ်းသာတော့တာမဟုတ်ဘူး။ အိမ်အကြီးကြီးလည်း မရှိနေခဲ့ဘူး။ အန်တီနဲ့အန်ကယ်တို့မှာ
ရှီဟန် ရလာပြီဆိုတော့ အိမ်မှာ ပိုပြီးတော့ လူကြပ်လာတယ်။
ဒါနဲ့ ကျွန်မနဲ့ကျွန်မရဲ့အစ်ကိုက အိမ်ကို ပြန်မလာတော့ဘဲနဲ့ အိမ်အဝေး မှာပဲ သွားနေပေးခဲ့ကြရတာ။ အခုနက၊ ဝမ်းကွဲညီမလေး ရှီဟန်က ပြောသွားပြီ။ တခြားသူတွေကို အနှောင့်အယှက်မပေးမိရအောင် အန်တီတို့ကို ခေါ်သွားတော့မယ်တဲ့။ ဒါ ကောင်းသားပဲ။
ဒါဆို ကျွန်မနဲ့ကျွန်မအစ်ကိုလည်း အိမ်ကို ပြန်လာပြီးတော့ ကျွန်မတို့မိဘတွေနဲ့ နေလို့ရပြီပေါ့”

“ရီဝမ်ဝမ်၊ မင်း ဘာတွေပေါက်တတ်ကရ လျှောက်ပြောနေတာလဲ” ဖန်ရှုမင်၊ ရီဝမ်ဝမ်အား ကြည့်ကာ ပြောလာသည်။
“မင်းရဲ့မိဘတွေက ငါ တု့ိ ရဲ့ အိမ်မှာ ကပ်နေနေတာ အသိသာကြီး”

ဒေါသထွက်နေသည့် ဖန်ရှုမင်နှင့် ရင်ဆိုင်လိုက်ရသည့်အချိန်၊ ရီဝမ်ဝမ်၏နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားတော့ပြီး လူယုတ်မာဆန်ဆန်အပြုံးကို လှစ်ဟပြလာကာ။
“အန်တီက အသက်ကြီးနေတော့ ဒီကိစ္စကို မေ့နေတာပဲ ဖြစ်ရမယ်။ အရင်တုန်းက၊ အန်တီ အန်ကယ့်ကို လက်ထပ်ခဲ့တုန်းက အန်တီတို့ နှစ်ယောက်စလုံး ဆင်းရဲနွမ်းပါးခဲ့လွန်းလို့။ အန်တီတို့ရဲ့မင်္ဂလာပွဲကို ကျွန်မ မိဘတွေကပဲ စီစဉ်ပေးခဲ့ပြီးတော့ အန်တီတို့ အခုနေနေတဲ့ အိမ်ကိုတောင် ကျွန်မဖေဖေကိုယ်တိုင် ဝယ်ပေးထားခဲ့တယ် ။အန်တီနဲ့အန်ကယ်တို့ကို ယာယီနေပါစေဆိုပြီးတော့ အဲ့မှာ နေခွင့်ပြုပေးထားခဲ့တယ်။

ဒါပေမယ့်၊ အဲဒါလည်း ပြီးလည်း၊ အန်တီနဲ့အန်ကယ်က အိမ်ထဲကနေ ပြောင်းပေးချင်တဲ့အရိပ်အယောင်လေး တစ်စက်လေးတောင် ရှိမနေ တာမို့ ကျွန်မမိဘတွေက ဘာမှမပြောခဲ့ဘူး။ ကျွန်မတို့က ဆွေမျိုးတွေ ပဲလေ -- ကျွန်မမိဘတွေက ကိုယ့်အဆွေအမျိုးတွေကို မောင်းထုတ်ပစ် ရလောက်အောင် သေချာပေါက် အသည်းမာတဲ့သူတွေမှ မဟုတ်ကြတာ ပဲ။ ပြီးတော့လည်း နှစ် ၂၀ ကျော် အိမ်ငှားရမ်းခအတွက် ငွေတစ်ကျပ်တစ်လေလေးမှကို မတောင်းခဲ့ဖူးဘူး။

ဒါပေမယ့်၊ အခုနက ဝမ်းကွဲညီမလေးရှီဟန်ရဲ့ ဉာဏ်ထက်တဲ့ စကားခွန်းကနေ အန်တီနဲ့ အန်ကယ်ဆီမှာ အိမ်ပြောင်းပေးဖို့ စိတ်ကူးရှိနေပြီဆိုတာကို ကျွန်မ ကြားလိုက်မိလို့ ခုလိုမျိုး ထုတ်ပြောဖို့ ဆုံးဖြတ်လိုက်တာပါ။ ဝမ်းကွဲညီမလေး ရှီဟန်က တကယ်ကြီး အားကိုးစရာကောင်းလှတယ်ဆိုရင် သူမရဲ့အစ်မကြီးဖြစ်တဲ့ ကျွန်မအနေနဲ့ အတော်လေးကို စိတ်အေးမိပါပြီ”

ဒီစကားနှင့်အတူ၊ ရီဝမ်ဝမ်၊ လျန်ရှီဟန်အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်ချေပြီး စိတ်မချသည့်ဟန် ပြုလိုက်ကာ။
“ဒါပေမယ့်လည်း၊ ကျွန်မ မြင်နေမိတဲ့အတိုင်းဆို၊ ဝမ်းကွဲညီမလေးမှာ အခုတော့ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းမရှိသေးဘူး…ပြီးတော့ ၊ ဒီတစ်လျှောက်လုံးလုံး သူမက ကျွန်မအိမ်မှာပဲ နေလာခဲ့ပြီး ဘယ်တုန်း ကမှ အိမ်ကနေ ခွာဖူးတာမဟုတ်ဘူး။ ဒါနဲ့များ သူမ ဘယ်လိုလုပ်ပြီး တော့ သူမမိဘတွေကို ခေါ်သွားမယ်လို့ ပြောတောင်ပြောနေရတာလဲ”

                    💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Continue Reading

You'll Also Like

333K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
805K 70.2K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...
3.5K 230 50
❗Not Translation❗ Own Creation - @A_Hlyan_Satt Cover by @ahlyansatt 『လျို့ဝှက်ဆန်းကျယ်မှုများနှင့်ဟိုဂျူးတောအုပ်ကမ္ဘာ』 အလင်းလောကနဲ့ အမှောင်လောကဟာ အခ...