💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 13
Chapter. : 7 + 8
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဥ္ ၁၃၊ အခန္း ၇။ အေကာင္းဆံုး ကူညီေပးခဲ့ၿပီ
“ရွီဟန္၊ ဦးေလးကို နႈတ္ဆက္လုိက္ဦး”
ဖန္ရႈမင္၊ သူမ၏သမီးၿဖစ္သူ လ်န္ရွီဟန္အား
ခ်စ္စဖြယ္ၿပံဳးကာ ေၿပာဆုိလုိက္ၿခင္းပင္။
“မဂၤလာပါ။ ဦးေလး ဟြမ္”
လ်န္ရွီဟန္၊ ဟြမ္မင္းကြမ္ဘက္ လွည့္ကာ ၿပံဳးၿပေၿပာဆုိလာ၏ ။
“လိမၼာတဲ့ကေလးမေလး”
ဟြမ္မင္းကြမ္၊ ၿပံဳးၿပ ေၿပာဆုိလုိက္ရင္း။
“ရွီဟန္က ပိုပိုၿပီးေတာ့ကို လွလာပါေပါ့လား”
ဒါကို ၾကားလုိက္သည့္အခ်ိန္၊
ဖန္ရႈမင္၏ မ်က္နွာထက္၀ယ္
ေပ်ာ္ရြွင္မႈတုိ့ၿဖင့္ ၿပည့္လြွမ္းသြားရေတာ့ရင္း။
ငါ့ရဲ့သမီးေလးကို ဘယ္သူကမ်ား မလွဘူးလုိ့ ထင္ရဲလုိ့လဲ။
ဖန္ရႈမင္၊ စကားဆက္ၿခင္း မၿပဳမီ၊ သူမ တစ္ခ်က္ေစာငး္ငဲ့ၾကည့္လုိက္ မိရာ၊ အဲဒီမွာ ရပ္ေနပါသည့္ ရီေရွာင္ထငး္အား ၿမင္သြားေတာ့သည္ႏွင့္ ။ ခ်က္ခ်င္းဆုိသလုိပင္ သူမ၏မ်က္နွာထက္ကအၿပံဳးတို႔ ေပ်ာက္ကြယ္ သြားရေတာ့ေလသည္။ သူမ၊ မ်က္ေမွာင္ကို ေမွာင္ၾကဳတ္ထားလ်က္၊ ေမးလုိက္သည္ကား။
“ခဲအုိ၊ ဘာလုိ့ ဒီကို အေစာၾကီး ေရာက္ေနတာလဲ”
ရီေရွာင္ထင္း၊ ဖန္ရႈမင္အား ၾကည့္ကာ ၿပန္ေၿဖလာသည္။
“ဒီေန့က အေဖ့ရဲ့ေမြးေန့ပြဲဆိုေတာ့ ။ ကားလမ္းေတြ အ၇မး္ၾကပ္ေနမွာ စုိးတာနဲ့ ေစာေစာေလး ထြက္လာခဲ့လုိက္တာ”
ဒါကို ၾကားလုိက္သည္နွင့္၊ ဖန္ရႈမင္၏မ်က္နွာ ရံႈ့မဲ့သြားေတာ့သည္။
သူမ ၊ ရီေရွာင္ထင္းအား အစုန္စုန္အဆန္ဆန္ ၾကည့္ကာ မသာမယာေလသံၿဖင့္ ေၿပာလာ၏။
“ခဲအိုက ဒီေလာက္အေစာၾကီး ထြက္လာခဲ့ေတာ့ ရံုးကကိစၥေတြကို ဘယ္သူက ကိုင္တြယ္မလဲ။ ဒီေန့ ရံုးကို ေရာက္ထားတဲ့ပစၥည္းေတြကို ထားဦး၊ ေနာက္ပိုင္းမွာ ကုန္ေလွာင္ရံုကို ေၿပာင္းရေရြွ့ရဦးမဲ့ဟာ။ တစ္ခြန္းမွ မေၿပာမဆိုဘဲနဲ႔ ထြက္လာခဲ့တယ္လား -- တစ္ခုခု ၿဖစ္သြားခ့ဲရင္ ဘယ္နွယ့္လုပ္မလဲ”
ဖန္ရႈမင္၊ လူတုိင္း၏အေရွ့တြင္ မ်က္နွာသာတစ္စက္ေလးမွ ေပးၿခင္းမရွိဘဲ၊ ရီေရွာင္ထင္းအား စကားလံုးတုိ့နွင့္ ထိုးနွက္ေန၏။
သူမ၏အၿပစ္ဆုိစကားသည္ အနားရွိလူအုပ္ၾကီး၏ နားထဲ ပ်ံ့နွံ့သြား ေတာ့ကာ တိုးတိုးတိတ္တိတ္ ရယ္သြမ္းသြမ္းလာၾကေတာ့ေလၿပီ။
သူုတို့ ရီေရွာင္ထင္း အား ၾကည့္လာၾကသည့္နညး္မွာလညး္
ပိုတုိးလို့ ေလွာင္ေၿပာင္သေရာ္ဟန္ ၿဖစ္လာၾကေတာ့ၿပီ။
“အားလံုး အဆင္ေၿပမွာပါ။ ေသာ့ကို ေရွာင္က်န္းကို ေပးထားနွင့္ၿပီးသား -- သူ အလုပ္ျပန္ေနာက္က်တဲ့အထိ အလုပ္ကူလုပ္ေပးလိမ့္ယ္….” ရီေရွာင္ထင္း၊ စိတ္ရွည္စြာၿဖင့္ပင္ ၿပန္လည္ေၿဖၾကားလာ၏။
“ခဲအိုရဲ့အလုပ္ေတြကို ေရွာင္က်န္းကို လုပ္ခုိင္းထားတယ္လား” ဖန္ရႈမင္း၊ နွာေခါငး္ရႈံ့ ေၿပာဆုိလာၿပန္သည္။
“ခဲအုိ။ ဒီစကားေတြကို ခဲအိုမုိ့ လြယ္လြယ္ေလးနဲ့ ေၿပာထြက္လာတယ္ ရွင္။ ရံုးထဲမွာ က်ြန္မတုိ့ရဲ့ဆက္ဆံေရးကို လူတုိင္းက သိထားၾကၿပီးသား။ ခဲအို ထပ္ၿပီးေတာ့ ခဲအိုရဲ့ပုဂၢိဳလ္ေရးပတ္သက္မႈကို အသံုးခ်ၿပန္ၿပီလား။ ဒီသတင္းသာ ၿပန့္သြားလုိ့ကေတာ့ မသိတဲ့လူေတြက က်ြမတုိ့ေတြက အခ်င္းခ်ငး္မ်က္နွာသာေပးၿပီးေတာ့ ၀န္ထမ္းေတြကိုပဲ လက္ညိႈးထုိုး ခုိ္င္းေနတယ္လုိ့ ေၿပာစရာၿဖစ္ေတာ့မွာပဲ။ က်ြန္မတုိ့အေဆြအမ်ိဳးေတြ ေပါငး္ၿပီးေတာ့ ၀န္ထမ္းေတြဆီကေန အရည္ညွစ္က်ိဳေနတယ္လုိ့ ထင္ကုန္ၾကေတာ့မွာပဲရွင္။ ဒီလိုမ်ိဳးနဲ့ဆုိ က်ားေဟာင္က သူ့၀န္ထမ္း ေတြကုိ ဘယ္လုိမ်ား အမိန့္ေပးလုိ့ရေတာ့မွာလဲ။ လူေတြက က်ားေဟာင္ရဲ့ေနာက္ကြယ္မွာ ေၿပာစရာေတြ ၿဖစ္ကုန္ေတာ့မွာေပါ့” ဖန္ရႈမင္သည္ကား ၊ လူအုပ္ၾကီးဆီမွ အၾကည့္တုိ့ေၾကာင့္
ရွက္ရြံဟန္မ်ွ မရွိ။
“ဒါၿဖင့္…က်ြန္ေတ္ာ ခနေနရင္ ၿမန္ၿမန္ေလး ၿပန္သြားလိုက္ပါမယ္…” ရီေရွာင္ထင္း၊ သက္ၿပင္းခ်ကာ ေၿပာဆုိလာၿခင္း။
“အခုမွ ၿပန္သြားေတ့ာေကာ ဘာလုပ္ေတာ့မွာလဲ။ သြားလုိက္လာလိုက္နဲ့ အခ်ိန္ေတြ ဘယ္ေလာက္ေတာင္မွ အလဟသၿဖစ္လိမ့္မလဲ ။
တစ္ခုခုသာ ၿဖစ္သြားလုိ့ကေတာ့ ခဲအို ၿပန္သြားရင္ေတာင္မွ ဘာမ်ား လုပ္နုိင္ေတာ့မွာမလုိ့လဲ။ ထားလုိက္ပါေတာ့…ရွင္က က်ြန္မတုိ့ရဲ့ “ခဲအို” လာၿဖစ္ေနမွေတာ့ ဒါ က်ြန္မတုိ့ရဲ့ ကံတရားပဲေပါ့ေလ။ ခဲအို ဒီကို ေရာက္ေနၿပီဆုိမွေတာ့ ထားလုိက္ပါေတာ့”
စိတ္ညစ္ညဴးအလိုမက်ၿခင္းတုိ့ၿဖင့္ သူမရဲ့လက္တုိ့ကို ေ၀ွ့ယမ္းၿပလာပါ သည့္ ဖန္ရႈမင္။ သူမသည္ “ထားလုိက္ပါေတာ့” ဟု ေၿပာေနပါေသာ္ လညး္ သူမ ေၿပာလုိက္သည့္ စကားတစ္ခြန္းခ်င္းစီတုိင္းသည္ ရီေရွာင္ထင္း၏ နွလံုးသားအား ထိုးခြဲေနေလသည္။
သူမ မိခင္ၿဖစ္သူ ေၿပာလုိက္သည္တုိ့ေၾကာင့္
လ်န္ရွီဟန္၊ စိတ္ပ်က္စက္ဆုပ္သည့္အၾကည့္တစ္ခ်က္
ရီေရွာင္ထင္းထံ ပစ္လြွတ္လာေခ်သည္။
“ေတာ္ေလာက္ၿပီ၊ ေတာ္ေလာက္ၿပီ”
လ်န္က်ားေဟာင္၊ ဖန္ရႈမင္ဘက္သို့ လွည့္လာၿပီး။
“ဒီေန့က ဘာေန့လဲ၊ ဒီမွာ ဘယ္လိုမ်ိဳး လူေတြ ေရာက္ေန ၾကတာလဲဆုိတာ မင္း မသိဘူးလား။ ဒီေနရာမွာ ဒီလိုမ်ိဳး လာရန္ၿဖစ္ေနတာ အရမ္းကို ရွက္ဖို့ေကာင္းတယ္ကြ”
“ဘာေၿပာတယ္….က်ြန္မကေတာ့ ကုမၸဏီအတြက္ အေကာင္းဆံုး ၿဖစ္ေအာင္ စဥ္းစားၿပီးေၿပာေနတာ။ က်ြန္မတုိ့ေတြအတြက္ ကုမၸဏီတစ္ခုကို အုပ္ခ်ဳပ္ဖို့ဆုိတာက လြယ္တာမဟုတ္ဘူး ။ ရွင့္ရဲ့အစ္မနဲ့ေယာက္ဖကို ေနစရာ၊ စားစရာ ေထာက္ပံ့ေပးေနတာနဲ့တင္ က်ြန္မတုိ့ အေကာင္းဆံုးကို လုပ္ေပးခဲ့ၿပီးၿပီပဲ။ ဒါနဲ့ေတာင္ ရွင္က ရွင့္ေယာက္ဖကို အလုပ္ကပါ ေပးလိုက္ေသးတယ္….”
ဖန္ရႈမင္၊ မ်ားစြာနာက်င္ခံစားထားခဲ့ရေလဟန္
နႈတ္ခမး္တု့ိကို ကုိက္လုိ့ စိတ္မေပ်ာ္ရြွင္စြာေၿပာဆုိလာ၏ ။
“ေဖေဖ၊ ေမေမေၿပာတာ မွန္တယ္။ ေမေမကလညး္ပဲ ဒီမိသားစုအတြက္ ပဲ ေၿပာေပးေနတာပါ။ ေဖေဖက ဘာလုိ့ အၿမဲတမ္း အၿပင္လူေတြကိုပဲ ေနရာ ေပးေနရတာလဲ”
လ်န္ရွီဟန္၊ ဖန္ရႈမင္အတြက္ ၀င္ကူေၿပာလာသည္။
ေဘးနားကေန နားေထာင္ေနပါသည့္ ဟြမ္မငး္ကြမ္။
တၿဖည္းၿဖည္းခ်င္း မ်က္နွာပ်က္ ရုပ္ဆုိးလာပါသည့္
ရီေရွာင္ထင္းအား ၾကည့္လုိက္သည္တည့္။
သူ့ရဲ့မ်က္လံုးထဲတြင္ကား ေလွာင္ေၿပာင္သေရာ္ရိပ္တုိ့ ေပၚထြက္ေနလ်က္၊ သူ နွာေခါင္းရႈံ့ ၀င္ေၿပာဆုိလာသည္ကား ။
“သခင္ၾကီး လ်န္၊ ဇနီးသည္ကို အၿပစ္မတင္ပါနဲ့ဗ်ာ -- သူမက တည့္တည့္ပဲ ေၿပာတတ္လြန္းလို့ပါ။ ဘာပဲၿဖစ္ၿဖစ္၊ သူမ ေၿပာသြားတာေတြကလည္း မွားမွမေနတာပဲကိုး”
လ်န္က်ားေဟာင္၊ ခါးသက္သက္ ၿပံဳးၿပလာကာ၊ ဘာမွ ထပ္ေၿပာဆိုၿခင္း ကား မၿပဳေတာ့။ သူသည္ကား ဆန္းဒ္၀စ္ခ်္ကဲ့သုိ့နွယ္ အလယ္မွာ အညွပ္ခံေနရသည့္ႏွယ္-- တစ္ဖက္တြင္ကား သူ၏မိသားစု၊ တၿခားတစ္ဖက္တြင္မူကား သူ၏အစ္မ ၿဖစ္သူ။ သူသည္ကား အမွန္တကယ္ပင္ ေဘးက်ပ္နံက်ပ္ ၿဖစ္လုိ့ေနလ်က္။
သူ့ရဲ့ဖခင္ၿဖစ္သူကို ေလွာင္ေၿပာင္ေထ့ေငါ့ေနၾကသည့္ ဤလူေတြအား ေတြ့ၿမင္ေန၇သည္တည္း ၿဖစ္ရာ၊ ရီမူဖန္၏မ်က္နွာသည္ လံုး၀အတိ ေမွာင္နက္လာေတာ့ၿပီ။ သူ၏မိခင္ကသာ သူ့အား ဆြဲမထားဘူးဆုိပါလ်ွင္ သူ့အေနၿဖင့္ ဒီလူေတြရဲ့ အခြက္ေတြကို ေၿပးထိုးပစ္မိလိမ့္ေပမည္။
💖💖💖💖💖💖💖💖💖
စာစဥ္ ၁၃၊ အခန္း ၈။ လံုး၀အတိ ၿငင္းပယ္ၿခင္း
မ်ားမၾကာမီ။ ေမြးေန့ပြဲေတာ္ စတင္ၿပီၿဖစ္ရာ၊
အိမ္ေတာ္ထိန္း ဟြမ္မင္းကြမ္သည္ လူတုိင္းအား
ခန္းမထဲဆီသို့ ဦးေဆာင္ ေခၚသြားေလ၏။
ခန္းမထဲတြင္ကား၊ အဓိကထုိင္ခံုၾကီးေပၚ ဆံပင္ၿဖဴစြတ္ေနသည့္ အသက္ၾကီးၾကီး လူၾကီးတစ္ဦး ထုိင္လုိ့ေနလ်က္။
သူကား ရီ ဟုန္း ေ၀ ပါတညး္။
ရီ ဟုန္းေ၀သည္ အသက္ၾကီးရင့္ေနၿပီ ဆုိပါေသာ္လည္း၊
သူသည္ အလြန္တရာမွ က်န္းမာေနဆဲပင္။ သူ့ရဲ့မ်က္လံုးထဲတြင္ အလင္းေရာင္ တစ္ခု ရွိေနၿပီး သူ့ရဲ့အၿပဳအမူအလႈပ္အရွားတုိငး္သည္ ထိပ္သီးပုဂၢိဳလ္ေတြ မည္သုိ့ မည္ပံု ၿပဳမူူတတ္ၾကသည္ဆုိတာကို ၿပသလုိ့ေနလ်က္။ သူ့အား လွည့္ပတ္ေနသည့္ အာဏာအေရာင္အ၀ါ တုိ့မွာ လူတုိင္းအား အလုိလုိ ေလးစားရိုက်ိဳးသြားေစသည္ထိ။
သူ့ရဲ့အၾကည့္တုိ့ လူအုပ္ထဲက ရီေရွာင္ထင္းမိသားစုအား ၿဖန့္က်က္ၾကည့္မိသြားသည့္အခ်ိန္၊ ရီဟုန္းေ၀၊ မ်က္ခံုးတို့ ၾကဳတ္လာေတာ့သည္။ သို့ေသာ္၊ ဘာစကားမ်ွေတာ့ ဆုိၿခင္းမရွိ ။ ေအးစက္စြာၿဖင့္ အေ၀းကို မ်က္ႏွာလြွဲလုိက္ေတာ့သည္တည္း။
“ဘိုးဘုိး”
မ်ားမၾကာမီပင္၊ ရီယီယီနွင့္ ဂူရြဲ့က်ီတုိ့ လူတုိင္း၏အေရွ့မ်က္ေမွာက္သို့ ေပၚထြက္လာေခ်သည္။
သူတုိ့အားလံုး ၿမင္လုိက္ၿကသည္ကား။
ထိုမိန္းကေလးထံမွ အေရာင္အ၀ါထြက္ေနသည့္ နုညက္ေညာေသာ အလွပါတည္း။ သူမရဲ့မ်က္နွာမွာ ေဖ်ာ့ေတာ့ေနလ်က္၊ သူမသည္ ပံုမွန္ပကတိအတုိင္းပင္ ရီဟုန္းေ၀အား ေမြးေန့ဆုေတာင္းစကား ဆိုလာေလသည္။
ရီဟုန္းေ၀၊ ရီယီယီအား ၾကည့္လုိက္ၿပီး၊ ေနာက္ ခ်စ္ခင္ၿမတ္နုိ္းစြာၿဖင့္ ၿပံဳးၿပလာေခ်ကာ၊ ထိုစံုတြဲအား သူတုိ့ေနရာတြင္ ၀င္ထုိင္လုိက္ေစ၏။
သူတို့၏စားပြဲသည္ကား ရီ မိသားစု၀င္သီးသန့္ စားပြဲတည္း
ၿဖစ္၏ -- အၿပင္လူမ်ားအား ၀င္ထုိင္ခြင့္ မၿပဳထားပါေခ်။
ရီ ဟုန္းေ၀၊ အင္ပါရီယာ ၿမိဳ့ေတာ္ထဲက ရာထူးၿမင့္ၿမင့္ကို္ ပိုင္ဆုိင္ထားၾကသည့္ အထင္ကရဧည့္သည္ေတာ္တုိ့အား လုိက္လံနႈတ္ခြန္းဆက္ေနခ်ိန္ ။
“ယီယီ မမ၊ မမက ပိုုပိုၿပီး လွလွလာတယ္….”
လ်န္ရီွဟန္၊ ရီယီယီနား တိုးကပ္သြားၿပီး သူမနံေဘးတြင္ ထုိင္ခ်လုိက္ ကာ။ ရီယီယီ၏ ေတာက္ပေနသည့္ ရုပ္ရည္သြင္ၿပင္အား အားက်စြာ ၾကည့္ရင္း ေၿပာလာၿခင္းပင္။
ရီယီယီ၊ ဣေႁႏၵရရေလး ခုိးခုိးခစ္ခစ္ ရယ္ေမာကာ၊
ေႏြးေထြးၿပီး ႏူးညံ့သည့္ မ်က္၀န္းတုိ့ၿဖင့္။
“ေက်းဇူးပဲေနာ္”
သူမသမီးၿဖစ္သူသည္ ရီယီယီနွင့္ အတူတူရွိေနသည္ကို ၿမင္လုိက္ရပါသည့္ ဖန္ရႈမင္။ သူမ၏နွလံုးသားထဲ၀ယ္
ၾကည္နူးပီတိ ဂြမ္းဆီထိသြားေလၿပီး -- ဒီ ရီယီယီက ရီမိသားစုရဲ့မ်ိဳးဆက္သစ္ေတြၾကားထဲမွာဆို တက္လမ္းအရွိဆံုးပဲ။ ငါ့ရဲ့သမီးေလးသာ ရီယီယီကို အပုိင္ကပ္ထားနုိင္မယ္ဆုိရင္ ဒါဆုိ အနာဂတ္မွာ….ငါတုိ့ေတြ ရီမိသားစုသစ္ပင္ၾကီးေပၚက ေနရာတစ္ခုကေတာ့ ၿမဲသြားေတာ့မွာပဲ။
အလ်င္အၿမန္ပင္ ေလာေဆာ္ေၿပာလာပါသည့္ ဖန္ရႈမင္။
“ရွီဟန္၊ သမီးရဲ့မမ ယီယီဆီကေန သင္ယူရမယ္ေနာ္၊ နားလည္လား”
“မာမီကလညး္၊ မေၿပာလည္း ရပါတယ္ေနာ္။ မမ ယီယီက သမီးရဲ့အုိင္ေဒါပဲဟာ။ မမယီယီ ေတာ္တာေတြရဲ့ တစ္၀က္ေလာက္ ေလးပဲ လုိက္သင္နုိင္မယ္ဆုိ၇င္ သမီးဘ၀ၾကီးကို ေက်နပ္ပါၿပီ” ရီယီယီ၏ေဘးတြင္ ထုိင္ေနပါသည့္ လ်န္ရွီဟန္သည္ကား ခ်ြင္းခ်က္မရွိေအာင္ပင္ အၿပဳအမူ လိမၼာယဥ္ေက်းလုိ့ေနၿပီး၊ ထူးၿခားစြာပင္ စကားခ်ိဳအီလုိ့ ေနေလသည္။
“ရီမိသားစုရဲ့မ်ိဳးဆက္သစ္ေလးေတြထဲမွာ ယီယီက အထူးခ်ြန္ဆံုးပဲ" သူမရဲ့မ်က္လံုးတုိ့သည္ ရီမူဖန္ေပၚတြင္ သိသိသာသာ ေမးေင့ါထုိုးၿပ လာကာ ေၾကညာေၿပာဆိုလာပါသည့္ ဖန္ရႈမင္ပါတည္း။
ဖန္ရႈမင္၏အၾကည့္တုိ့အား သတိၿပဳမိပါသည့္ ရီယီယီ။
အလြန္အမင္း နွိမ့္ခ်ရိုးက်ိဳးဟန္ေဆာင္လ်က္
ညင္သာသိမ္ေမြ့စြာ ၿပံဳးၿပလာေခ်၏။
ထိုအသံတုိ့သည္ ရီမူဖန္နားထဲ တည့္တည့္ေရာက္ရွိသြားေလရာ။ သူ့ရဲ့အမူအရာမွာ ေၾကာက္စရာအဟုန္ေကာင္းလာေတာ့ေခ်သည္။
ရီ မိသားစု၏ မ်ိဳးဆက္သစ္ထဲတြင္ ရီ ယီယီ ၿပီးလ်ွင္၊
ရီ၀မ္၀မ္ႏွင့္ သူသာလွ်င္ ရွိေတာ့သည္မဟုတ္ေလာ။
ဒီေတာ့ ဖန္ရႈမင္ ဆုိလုိသည္မွာ….
“ယီယီ၊ အန္တီၾကားတာေတာ့ သမီးနဲ့ ရြဲ့က်ီတုိ့ မၾကာခင္ လူသိရွင္ၾကားေစ့စပ္ေတာ့မလုိ့ဆုိ” ဖန္ရႈမင္၊ ေမးလုိက္၏။
သူမရဲ့ေမးခြန္းကို ၾကားသည္နွင့္၊ ရီ ယီယီ၊ ေခါင္းညိတ္ၿပလုိက္ၿပီး။ သူမနံေဘးမွာ ရွိေနသည့္ ဂူရြဲ့က်ီအား တုိက္ရုိက္ ၾကည့္လုိ္က္ေတာ့၏။ သူမ၏မ်က္၀န္းတုိ့သည္ကား မေမာပန္းနုိင္ေလာက္ေအာင္ နူးညံ့သိမ္ေမြ့လွသည့္ ခ်စ္ၿခင္းတရားတို့ ၿပည့္လြွမ္းေနပံုရလ်က္။
ဂူရြဲ့က်ီ၊ ရီယီယီ၏ မ်က္နွာလွလွေလးအား ၾကည့္လုိက္ပါၿပီ။ သူ့ရဲ့မ်က္လံုးတုိ့သည္လည္း အခ်စ္တုိ့ၿဖင့္ ထံုလြွမ္းလုိ့ေနလ်က္။
သူ ရယ္ေမာလုိက္ကာ။ “တကယ္ေတာ့ သိပ္မၾကာခင္ ၿဖစ္လာေတာ့မွာ ပါ။ က်ြန္ေတာ့္က အဲ့ဒီလုိလုပ္ခ်င္တာ ဟုိးအၾကာၾကီးကတည္းကပဲ။ ဒါေပမယ့္ ယီယီက တၿခားလူေတြရဲ့အေတြးေတြကို အ၇မး္ကို ဂရုစိုက္ေနလြန္းခ့ဲ့တာဗ်ာ…”
ဥာဏ္ေကာင္းတဲ့မည္သူမဆုိ ရီယီယီ စုိးရိမ္ေနခဲ့သည္မွာ ဘယ္သူ့ကိုဆိုမွန္း ဂူရြဲ့က်ီရဲ့စကားေနာက္က အဓိပၸာယ္ကို နားလည္နုိင္သည္တည္း။
ယေန့တို္င္၊ ဂူရြဲ့်က်ီနွင့္ ရီ၀မ္၀မ္တု့ိ၏ ေစ့စပ္ထားၿခင္းသည္ကား ၇ွိေနေသးဆဲပါပင္။ လူတုိင္း၏မ်က္လံုးထဲတြင္ ရီ၀မ္၀မ္သည္
ဂူရြဲ့က်ီအား သူ ခ်စ္ၿမတ္နုိးရသည့္ လူထံမွ ခိုးယူဓားၿပတုိက္ထားၿခင္း ၿဖစ္ၿခိမ့္ၿပီး။ သူမသည္ ဒီဂုဏ္နွင့္ မထုိ္က္တန္ပါဘဲနွင့္ ဒီေန့အထိ ၿပသနာေတြ ေမြွေနွာက္ေနၿခင္းဟု။ သူမသည္ ဂူရြဲ့က်ီနွင့္ ထပ္တူညီသည့္ ကမာၻထဲတြင္ ၇ွိမေနၿခင္းပင္ မဟုတ္။
သူမသည္ သူ့အား အရွက္မဲ့စြာၿဖင့္ပင္ ကိုင္ဆြဲထားေနတုန္းဟူ၍။
ရီယီယီအတြက္သည္ကား။ သူမ၏အစ္မၿဖစ္သူမွာ ဂူရြဲ့က်ီအား နင့္နင့္သီးသီး ခ်စ္ၿမတ္နုိးေနသည္တည္းမို့ ရီ၀မ္၀မ္၏ ခံစားခ်က္တုိ့ကို ထိခိုက္နာက်င္သြားေစမိမည္ကို စုိးရိမ္ေနဆဲပင္ ဟူ၍ ။
သူုတ့ိုနွစ္ဦးသားအား နိႈင္းယွဥ္ၾကည့္ရေခ်ေသာ္ ၊
ရီယီယီနွင့္ ရီ၀မ္၀မ္ဆုိသည္မွာ လူတုိင္း၏ႏွလံုးအိမ္ထဲတြင္
ဆီနဲ့ေရပမာ လံုး၀အတိ ၿခားနားလို့ေနေခ်သည္။
ရီယီယီအား ခ်စ္ၿမတ္နုိးအားက်ေနမႈပမာဏသည္ပင္ ရီ၀မ္၀မ္အေပၚတြင္ေတာ့ မုန္းတီးမႈပမာဏနွင့္ တူညီေပၿခိမ့္မည္။
💖💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖
...........
Unicode
💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 13
Chapter. : 7 + 8
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၁၃၊ အခန်း ၇။ အကောင်းဆုံး ကူညီပေးခဲ့ပြီ
“ရှီဟန်၊ ဦးလေးကို နှုတ်ဆက်လိုက်ဦး”
ဖန်ရှုမင်၊ သူမ၏သမီးဖြစ်သူ လျန်ရှီဟန်အား
ချစ်စဖွယ်ပြုံးကာ ပြောဆိုလိုက်ခြင်းပင်။
“မင်္ဂလာပါ။ ဦးလေး ဟွမ်”
လျန်ရှီဟန်၊ ဟွမ်မင်းကွမ်ဘက် လှည့်ကာ ပြုံးပြပြောဆိုလာ၏ ။
“လိမ္မာတဲ့ကလေးမလေး”
ဟွမ်မင်းကွမ်၊ ပြုံးပြ ပြောဆိုလိုက်ရင်း။
“ရှီဟန်က ပိုပိုပြီးတော့ကို လှလာပါပေါ့လား”
ဒါကို ကြားလိုက်သည့်အချိန်၊
ဖန်ရှုမင်၏ မျက်နှာထက်ဝယ်
ပျော်ရွှင်မှုတို့ဖြင့် ပြည့်လွှမ်းသွားရတော့ရင်း။
ငါ့ရဲ့သမီးလေးကို ဘယ်သူကများ မလှဘူးလို့ ထင်ရဲလို့လဲ။
ဖန်ရှုမင်၊ စကားဆက်ခြင်း မပြုမီ၊ သူမ တစ်ချက်စောင်းငဲ့ကြည့်လိုက် မိရာ၊ အဲဒီမှာ ရပ်နေပါသည့် ရီရှောင်ထင်းအား မြင်သွားတော့သည်နှင့် ။ ချက်ချင်းဆိုသလိုပင် သူမ၏မျက်နှာထက်ကအပြုံးတို့ ပျောက်ကွယ် သွားရတော့လေသည်။ သူမ၊ မျက်မှောင်ကို မှောင်ကြုတ်ထားလျက်၊ မေးလိုက်သည်ကား။
“ခဲအို၊ ဘာလို့ ဒီကို အစောကြီး ရောက်နေတာလဲ”
ရီရှောင်ထင်း၊ ဖန်ရှုမင်အား ကြည့်ကာ ပြန်ဖြေလာသည်။
“ဒီနေ့က အဖေ့ရဲ့မွေးနေ့ပွဲဆိုတော့ ။ ကားလမ်းတွေ အရမ်းကြပ်နေမှာ စိုးတာနဲ့ စောစောလေး ထွက်လာခဲ့လိုက်တာ”
ဒါကို ကြားလိုက်သည်နှင့်၊ ဖန်ရှုမင်၏မျက်နှာ ရှုံ့မဲ့သွားတော့သည်။
သူမ ၊ ရီရှောင်ထင်းအား အစုန်စုန်အဆန်ဆန် ကြည့်ကာ မသာမယာလေသံဖြင့် ပြောလာ၏။
“ခဲအိုက ဒီလောက်အစောကြီး ထွက်လာခဲ့တော့ ရုံးကကိစ္စတွေကို ဘယ်သူက ကိုင်တွယ်မလဲ။ ဒီနေ့ ရုံးကို ရောက်ထားတဲ့ပစ္စည်းတွေကို ထားဦး၊ နောက်ပိုင်းမှာ ကုန်လှောင်ရုံကို ပြောင်းရရွှေ့ရဦးမဲ့ဟာ။ တစ်ခွန်းမှ မပြောမဆိုဘဲနဲ့ ထွက်လာခဲ့တယ်လား -- တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်နှယ့်လုပ်မလဲ”
ဖန်ရှုမင်၊ လူတိုင်း၏အရှေ့တွင် မျက်နှာသာတစ်စက်လေးမှ ပေးခြင်းမရှိဘဲ၊ ရီရှောင်ထင်းအား စကားလုံးတို့နှင့် ထိုးနှက်နေ၏။
သူမ၏အပြစ်ဆိုစကားသည် အနားရှိလူအုပ်ကြီး၏ နားထဲ ပျံ့နှံ့သွား တော့ကာ တိုးတိုးတိတ်တိတ် ရယ်သွမ်းသွမ်းလာကြတော့လေပြီ။
သူုတို့ ရီရှောင်ထင်း အား ကြည့်လာကြသည့်နည်းမှာလည်း
ပိုတိုးလို့ လှောင်ပြောင်သရော်ဟန် ဖြစ်လာကြတော့ပြီ။
“အားလုံး အဆင်ပြေမှာပါ။ သော့ကို ရှောင်ကျန်းကို ပေးထားနှင့်ပြီးသား -- သူ အလုပ်ပြန်နောက်ကျတဲ့အထိ အလုပ်ကူလုပ်ပေးလိမ့်ယ်….” ရီရှောင်ထင်း၊ စိတ်ရှည်စွာဖြင့်ပင် ပြန်လည်ဖြေကြားလာ၏။
“ခဲအိုရဲ့အလုပ်တွေကို ရှောင်ကျန်းကို လုပ်ခိုင်းထားတယ်လား” ဖန်ရှုမင်း၊ နှာခေါင်းရှုံ့ ပြောဆိုလာပြန်သည်။
“ခဲအို။ ဒီစကားတွေကို ခဲအိုမို့ လွယ်လွယ်လေးနဲ့ ပြောထွက်လာတယ် ရှင်။ ရုံးထဲမှာ ကျွန်မတို့ရဲ့ဆက်ဆံရေးကို လူတိုင်းက သိထားကြပြီးသား။ ခဲအို ထပ်ပြီးတော့ ခဲအိုရဲ့ပုဂ္ဂိုလ်ရေးပတ်သက်မှုကို အသုံးချပြန်ပြီလား။ ဒီသတင်းသာ ပြန့်သွားလို့ကတော့ မသိတဲ့လူတွေက ကျွမတို့တွေက အချင်းချင်းမျက်နှာသာပေးပြီးတော့ ဝန်ထမ်းတွေကိုပဲ လက်ညှိုးထိုး ခိုင်းနေတယ်လို့ ပြောစရာဖြစ်တော့မှာပဲ။ ကျွန်မတို့အဆွေအမျိုးတွေ ပေါင်းပြီးတော့ ဝန်ထမ်းတွေဆီကနေ အရည်ညှစ်ကျိုနေတယ်လို့ ထင်ကုန်ကြတော့မှာပဲရှင်။ ဒီလိုမျိုးနဲ့ဆို ကျားဟောင်က သူ့ဝန်ထမ်း တွေကို ဘယ်လိုများ အမိန့်ပေးလို့ရတော့မှာလဲ။ လူတွေက ကျားဟောင်ရဲ့နောက်ကွယ်မှာ ပြောစရာတွေ ဖြစ်ကုန်တော့မှာပေါ့” ဖန်ရှုမင်သည်ကား ၊ လူအုပ်ကြီးဆီမှ အကြည့်တို့ကြောင့်
ရှက်ရွံဟန်မျှ မရှိ။
“ဒါဖြင့်…ကျွန်တေ်ာ ခနနေရင် မြန်မြန်လေး ပြန်သွားလိုက်ပါမယ်…” ရီရှောင်ထင်း၊ သက်ပြင်းချကာ ပြောဆိုလာခြင်း။
“အခုမှ ပြန်သွားတေ့ာကော ဘာလုပ်တော့မှာလဲ။ သွားလိုက်လာလိုက်နဲ့ အချိန်တွေ ဘယ်လောက်တောင်မှ အလဟသဖြစ်လိမ့်မလဲ ။
တစ်ခုခုသာ ဖြစ်သွားလို့ကတော့ ခဲအို ပြန်သွားရင်တောင်မှ ဘာများ လုပ်နိုင်တော့မှာမလို့လဲ။ ထားလိုက်ပါတော့…ရှင်က ကျွန်မတို့ရဲ့ “ခဲအို” လာဖြစ်နေမှတော့ ဒါ ကျွန်မတို့ရဲ့ ကံတရားပဲပေါ့လေ။ ခဲအို ဒီကို ရောက်နေပြီဆိုမှတော့ ထားလိုက်ပါတော့”
စိတ်ညစ်ညူးအလိုမကျခြင်းတို့ဖြင့် သူမရဲ့လက်တို့ကို ဝှေ့ယမ်းပြလာပါ သည့် ဖန်ရှုမင်။ သူမသည် “ထားလိုက်ပါတော့” ဟု ပြောနေပါသော် လည်း သူမ ပြောလိုက်သည့် စကားတစ်ခွန်းချင်းစီတိုင်းသည် ရီရှောင်ထင်း၏ နှလုံးသားအား ထိုးခွဲနေလေသည်။
သူမ မိခင်ဖြစ်သူ ပြောလိုက်သည်တို့ကြောင့်
လျန်ရှီဟန်၊ စိတ်ပျက်စက်ဆုပ်သည့်အကြည့်တစ်ချက်
ရီရှောင်ထင်းထံ ပစ်လွှတ်လာချေသည်။
“တော်လောက်ပြီ၊ တော်လောက်ပြီ”
လျန်ကျားဟောင်၊ ဖန်ရှုမင်ဘက်သို့ လှည့်လာပြီး။
“ဒီနေ့က ဘာနေ့လဲ၊ ဒီမှာ ဘယ်လိုမျိုး လူတွေ ရောက်နေ ကြတာလဲဆိုတာ မင်း မသိဘူးလား။ ဒီနေရာမှာ ဒီလိုမျိုး လာရန်ဖြစ်နေတာ အရမ်းကို ရှက်ဖို့ကောင်းတယ်ကွ”
“ဘာပြောတယ်….ကျွန်မကတော့ ကုမ္ပဏီအတွက် အကောင်းဆုံး ဖြစ်အောင် စဉ်းစားပြီးပြောနေတာ။ ကျွန်မတို့တွေအတွက် ကုမ္ပဏီတစ်ခုကို အုပ်ချုပ်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး ။ ရှင့်ရဲ့အစ်မနဲ့ယောက်ဖကို နေစရာ၊ စားစရာ ထောက်ပံ့ပေးနေတာနဲ့တင် ကျွန်မတို့ အကောင်းဆုံးကို လုပ်ပေးခဲ့ပြီးပြီပဲ။ ဒါနဲ့တောင် ရှင်က ရှင့်ယောက်ဖကို အလုပ်ကပါ ပေးလိုက်သေးတယ်….”
ဖန်ရှုမင်၊ များစွာနာကျင်ခံစားထားခဲ့ရလေဟန်
နှုတ်ခမ်းတု့ိကို ကိုက်လို့ စိတ်မပျော်ရွှင်စွာပြောဆိုလာ၏ ။
“ဖေဖေ၊ မေမေပြောတာ မှန်တယ်။ မေမေကလည်းပဲ ဒီမိသားစုအတွက် ပဲ ပြောပေးနေတာပါ။ ဖေဖေက ဘာလို့ အမြဲတမ်း အပြင်လူတွေကိုပဲ နေရာ ပေးနေရတာလဲ”
လျန်ရှီဟန်၊ ဖန်ရှုမင်အတွက် ဝင်ကူပြောလာသည်။
ဘေးနားကနေ နားထောင်နေပါသည့် ဟွမ်မင်းကွမ်။
တဖြည်းဖြည်းချင်း မျက်နှာပျက် ရုပ်ဆိုးလာပါသည့်
ရီရှောင်ထင်းအား ကြည့်လိုက်သည်တည့်။
သူ့ရဲ့မျက်လုံးထဲတွင်ကား လှောင်ပြောင်သရော်ရိပ်တို့ ပေါ်ထွက်နေလျက်၊ သူ နှာခေါင်းရှုံ့ ဝင်ပြောဆိုလာသည်ကား ။
“သခင်ကြီး လျန်၊ ဇနီးသည်ကို အပြစ်မတင်ပါနဲ့ဗျာ -- သူမက တည့်တည့်ပဲ ပြောတတ်လွန်းလို့ပါ။ ဘာပဲဖြစ်ဖြစ်၊ သူမ ပြောသွားတာတွေကလည်း မှားမှမနေတာပဲကိုး”
လျန်ကျားဟောင်၊ ခါးသက်သက် ပြုံးပြလာကာ၊ ဘာမှ ထပ်ပြောဆိုခြင်း ကား မပြုတော့။ သူသည်ကား ဆန်းဒ်ဝစ်ချ်ကဲ့သို့နှယ် အလယ်မှာ အညှပ်ခံနေရသည့်နှယ်-- တစ်ဖက်တွင်ကား သူ၏မိသားစု၊ တခြားတစ်ဖက်တွင်မူကား သူ၏အစ်မ ဖြစ်သူ။ သူသည်ကား အမှန်တကယ်ပင် ဘေးကျပ်နံကျပ် ဖြစ်လို့နေလျက်။
သူ့ရဲ့ဖခင်ဖြစ်သူကို လှောင်ပြောင်ထေ့ငေါ့နေကြသည့် ဤလူတွေအား တွေ့မြင်နေ၇သည်တည်း ဖြစ်ရာ၊ ရီမူဖန်၏မျက်နှာသည် လုံးဝအတိ မှောင်နက်လာတော့ပြီ။ သူ၏မိခင်ကသာ သူ့အား ဆွဲမထားဘူးဆိုပါလျှင် သူ့အနေဖြင့် ဒီလူတွေရဲ့ အခွက်တွေကို ပြေးထိုးပစ်မိလိမ့်ပေမည်။
💖💖💖💖💖💖💖💖💖
စာစဉ် ၁၃၊ အခန်း ၈။ လုံးဝအတိ ငြင်းပယ်ခြင်း
များမကြာမီ။ မွေးနေ့ပွဲတော် စတင်ပြီဖြစ်ရာ၊
အိမ်တော်ထိန်း ဟွမ်မင်းကွမ်သည် လူတိုင်းအား
ခန်းမထဲဆီသို့ ဦးဆောင် ခေါ်သွားလေ၏။
ခန်းမထဲတွင်ကား၊ အဓိကထိုင်ခုံကြီးပေါ် ဆံပင်ဖြူစွတ်နေသည့် အသက်ကြီးကြီး လူကြီးတစ်ဦး ထိုင်လို့နေလျက်။
သူကား ရီ ဟုန်း ေ၀ ပါတည်း။
ရီ ဟုန်းဝေသည် အသက်ကြီးရင့်နေပြီ ဆိုပါသော်လည်း၊
သူသည် အလွန်တရာမှ ကျန်းမာနေဆဲပင်။ သူ့ရဲ့မျက်လုံးထဲတွင် အလင်းရောင် တစ်ခု ရှိနေပြီး သူ့ရဲ့အပြုအမူအလှုပ်အရှားတိုင်းသည် ထိပ်သီးပုဂ္ဂိုလ်တွေ မည်သို့ မည်ပုံ ပြုမူူတတ်ကြသည်ဆိုတာကို ပြသလို့နေလျက်။ သူ့အား လှည့်ပတ်နေသည့် အာဏာအရောင်အဝါ တို့မှာ လူတိုင်းအား အလိုလို လေးစားရိုကျိုးသွားစေသည်ထိ။
သူ့ရဲ့အကြည့်တို့ လူအုပ်ထဲက ရီရှောင်ထင်းမိသားစုအား ဖြန့်ကျက်ကြည့်မိသွားသည့်အချိန်၊ ရီဟုန်းဝေ၊ မျက်ခုံးတို့ ကြုတ်လာတော့သည်။ သို့သော်၊ ဘာစကားမျှတော့ ဆိုခြင်းမရှိ ။ အေးစက်စွာဖြင့် အဝေးကို မျက်နှာလွှဲလိုက်တော့သည်တည်း။
“ဘိုးဘိုး”
များမကြာမီပင်၊ ရီယီယီနှင့် ဂူရွဲ့ကျီတို့ လူတိုင်း၏အရှေ့မျက်မှောက်သို့ ပေါ်ထွက်လာချေသည်။
သူတို့အားလုံး မြင်လိုက်ကြသည်ကား။
ထိုမိန်းကလေးထံမှ အရောင်အဝါထွက်နေသည့် နုညက်ညောသော အလှပါတည်း။ သူမရဲ့မျက်နှာမှာ ဖျော့တော့နေလျက်၊ သူမသည် ပုံမှန်ပကတိအတိုင်းပင် ရီဟုန်းဝေအား မွေးနေ့ဆုတောင်းစကား ဆိုလာလေသည်။
ရီဟုန်းဝေ၊ ရီယီယီအား ကြည့်လိုက်ပြီး၊ နောက် ချစ်ခင်မြတ်နိုးစွာဖြင့် ပြုံးပြလာချေကာ၊ ထိုစုံတွဲအား သူတို့နေရာတွင် ဝင်ထိုင်လိုက်စေ၏။
သူတို့၏စားပွဲသည်ကား ရီ မိသားစုဝင်သီးသန့် စားပွဲတည်း
ဖြစ်၏ -- အပြင်လူများအား ဝင်ထိုင်ခွင့် မပြုထားပါချေ။
ရီ ဟုန်းဝေ၊ အင်ပါရီယာ မြို့တော်ထဲက ရာထူးမြင့်မြင့်ကို ပိုင်ဆိုင်ထားကြသည့် အထင်ကရဧည့်သည်တော်တို့အား လိုက်လံနှုတ်ခွန်းဆက်နေချိန် ။
“ယီယီ မမ၊ မမက ပိုပိုပြီး လှလှလာတယ်….”
လျန်ရှီဟန်၊ ရီယီယီနား တိုးကပ်သွားပြီး သူမနံဘေးတွင် ထိုင်ချလိုက် ကာ။ ရီယီယီ၏ တောက်ပနေသည့် ရုပ်ရည်သွင်ပြင်အား အားကျစွာ ကြည့်ရင်း ပြောလာခြင်းပင်။
ရီယီယီ၊ ဣန္ဒြေရရလေး ခိုးခိုးခစ်ခစ် ရယ်မောကာ၊
နွေးထွေးပြီး နူးညံ့သည့် မျက်ဝန်းတို့ဖြင့်။
“ကျေးဇူးပဲနော်”
သူမသမီးဖြစ်သူသည် ရီယီယီနှင့် အတူတူရှိနေသည်ကို မြင်လိုက်ရပါသည့် ဖန်ရှုမင်။ သူမ၏နှလုံးသားထဲဝယ်
ကြည်နူးပီတိ ဂွမ်းဆီထိသွားလေပြီး -- ဒီ ရီယီယီက ရီမိသားစုရဲ့မျိုးဆက်သစ်တွေကြားထဲမှာဆို တက်လမ်းအရှိဆုံးပဲ။ ငါ့ရဲ့သမီးလေးသာ ရီယီယီကို အပိုင်ကပ်ထားနိုင်မယ်ဆိုရင် ဒါဆို အနာဂတ်မှာ….ငါတို့တွေ ရီမိသားစုသစ်ပင်ကြီးပေါ်က နေရာတစ်ခုကတော့ မြဲသွားတော့မှာပဲ။
အလျင်အမြန်ပင် လောဆော်ပြောလာပါသည့် ဖန်ရှုမင်။
“ရှီဟန်၊ သမီးရဲ့မမ ယီယီဆီကနေ သင်ယူရမယ်နော်၊ နားလည်လား”
“မာမီကလည်း၊ မပြောလည်း ရပါတယ်နော်။ မမ ယီယီက သမီးရဲ့အိုင်ဒေါပဲဟာ။ မမယီယီ တော်တာတွေရဲ့ တစ်ဝက်လောက် လေးပဲ လိုက်သင်နိုင်မယ်ဆိုရင် သမီးဘဝကြီးကို ကျေနပ်ပါပြီ” ရီယီယီ၏ဘေးတွင် ထိုင်နေပါသည့် လျန်ရှီဟန်သည်ကား ချွင်းချက်မရှိအောင်ပင် အပြုအမူ လိမ္မာယဉ်ကျေးလို့နေပြီး၊ ထူးခြားစွာပင် စကားချိုအီလို့ နေလေသည်။
“ရီမိသားစုရဲ့မျိုးဆက်သစ်လေးတွေထဲမှာ ယီယီက အထူးချွန်ဆုံးပဲ" သူမရဲ့မျက်လုံးတို့သည် ရီမူဖန်ပေါ်တွင် သိသိသာသာ မေးငေ့ါထိုးပြ လာကာ ကြေညာပြောဆိုလာပါသည့် ဖန်ရှုမင်ပါတည်း။
ဖန်ရှုမင်၏အကြည့်တို့အား သတိပြုမိပါသည့် ရီယီယီ။
အလွန်အမင်း နှိမ့်ချရိုးကျိုးဟန်ဆောင်လျက်
ညင်သာသိမ်မွေ့စွာ ပြုံးပြလာချေ၏။
ထိုအသံတို့သည် ရီမူဖန်နားထဲ တည့်တည့်ရောက်ရှိသွားလေရာ။ သူ့ရဲ့အမူအရာမှာ ကြောက်စရာအဟုန်ကောင်းလာတော့ချေသည်။
ရီ မိသားစု၏ မျိုးဆက်သစ်ထဲတွင် ရီ ယီယီ ပြီးလျှင်၊
ရီဝမ်ဝမ်နှင့် သူသာလျှင် ရှိတော့သည်မဟုတ်လော။
ဒီတော့ ဖန်ရှုမင် ဆိုလိုသည်မှာ….
“ယီယီ၊ အန်တီကြားတာတော့ သမီးနဲ့ ရွဲ့ကျီတို့ မကြာခင် လူသိရှင်ကြားစေ့စပ်တော့မလို့ဆို” ဖန်ရှုမင်၊ မေးလိုက်၏။
သူမရဲ့မေးခွန်းကို ကြားသည်နှင့်၊ ရီ ယီယီ၊ ခေါင်းညိတ်ပြလိုက်ပြီး။ သူမနံဘေးမှာ ရှိနေသည့် ဂူရွဲ့ကျီအား တိုက်ရိုက် ကြည့်လိုက်တော့၏။ သူမ၏မျက်ဝန်းတို့သည်ကား မမောပန်းနိုင်လောက်အောင် နူးညံ့သိမ်မွေ့လှသည့် ချစ်ခြင်းတရားတို့ ပြည့်လွှမ်းနေပုံရလျက်။
ဂူရွဲ့ကျီ၊ ရီယီယီ၏ မျက်နှာလှလှလေးအား ကြည့်လိုက်ပါပြီ။ သူ့ရဲ့မျက်လုံးတို့သည်လည်း အချစ်တို့ဖြင့် ထုံလွှမ်းလို့နေလျက်။
သူ ရယ်မောလိုက်ကာ။ “တကယ်တော့ သိပ်မကြာခင် ဖြစ်လာတော့မှာ ပါ။ ကျွန်တော့်က အဲ့ဒီလိုလုပ်ချင်တာ ဟိုးအကြာကြီးကတည်းကပဲ။ ဒါပေမယ့် ယီယီက တခြားလူတွေရဲ့အတွေးတွေကို အရမ်းကို ဂရုစိုက်နေလွန်းခဲ့တာဗျာ…”
ဉာဏ်ကောင်းတဲ့မည်သူမဆို ရီယီယီ စိုးရိမ်နေခဲ့သည်မှာ ဘယ်သူ့ကိုဆိုမှန်း ဂူရွဲ့ကျီရဲ့စကားနောက်က အဓိပ္ပာယ်ကို နားလည်နိုင်သည်တည်း။
ယနေ့တိုင်၊ ဂူရွဲ့ျကျီနှင့် ရီဝမ်ဝမ်တု့ိ၏ စေ့စပ်ထားခြင်းသည်ကား ရှိနေသေးဆဲပါပင်။ လူတိုင်း၏မျက်လုံးထဲတွင် ရီဝမ်ဝမ်သည်
ဂူရွဲ့ကျီအား သူ ချစ်မြတ်နိုးရသည့် လူထံမှ ခိုးယူဓားပြတိုက်ထားခြင်း ဖြစ်ခြိမ့်ပြီး။ သူမသည် ဒီဂုဏ်နှင့် မထိုက်တန်ပါဘဲနှင့် ဒီနေ့အထိ ပြသနာတွေ မွှေနှောက်နေခြင်းဟု။ သူမသည် ဂူရွဲ့ကျီနှင့် ထပ်တူညီသည့် ကမ္ဘာထဲတွင် ရှိမနေခြင်းပင် မဟုတ်။
သူမသည် သူ့အား အရှက်မဲ့စွာဖြင့်ပင် ကိုင်ဆွဲထားနေတုန်းဟူ၍။
ရီယီယီအတွက်သည်ကား။ သူမ၏အစ်မဖြစ်သူမှာ ဂူရွဲ့ကျီအား နင့်နင့်သီးသီး ချစ်မြတ်နိုးနေသည်တည်းမို့ ရီဝမ်ဝမ်၏ ခံစားချက်တို့ကို ထိခိုက်နာကျင်သွားစေမိမည်ကို စိုးရိမ်နေဆဲပင် ဟူ၍ ။
သူုတ့ိုနှစ်ဦးသားအား နှိုင်းယှဉ်ကြည့်ရချေသော် ၊
ရီယီယီနှင့် ရီဝမ်ဝမ်ဆိုသည်မှာ လူတိုင်း၏နှလုံးအိမ်ထဲတွင်
ဆီနဲ့ရေပမာ လုံးဝအတိ ခြားနားလို့နေချေသည်။
ရီယီယီအား ချစ်မြတ်နိုးအားကျနေမှုပမာဏသည်ပင် ရီဝမ်ဝမ်အပေါ်တွင်တော့ မုန်းတီးမှုပမာဏနှင့် တူညီပေခြိမ့်မည်။
💖💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖