စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ - Se...

By MayKingMK119

107K 9.7K 910

စစ္နတ္ဘုရားရဲ႕ အခ်စ္ဥယ်ာဥ္ Season 1+2 တစ္မေအထဲက ေမြးဖြားလာေပမယ့္ ႀကီးျပင္းရသည့္ ပတ္ဝန္းက်င္ေပၚ မူတည္ျပီး ညီအစ... More

စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္ Season (2) - Episode (1) (Z+U)
Episode (2) - နဂါးေလး၏ ေဝဒနာ (Z+U)
Season (2) - Episode (3) (Z+U)
Season (2) - Episode (5)(Z+U)
Season (2) _ Chapter (6) (Z+U)
Season (2) - Chapter (7) (Z+U)
Season (2) - Episode (8) (Z+U)
Season (2) - Chapter (9) (z+U)
Season (2) - Episode (10) (Z+U)
Season (2) - Chapter (11) 🚫Warning🚫
Season (2) - Chapter (12) ( Zawgyi+Unicode)
Chapter (13) 🔞🔞🔞 ( Zawgyi+Unicode)
Chapter (14) (zawgyi+Unicode)
Chapter (15) (Zawgyi+Unicode)
Season (2) - Chapter (16)
Season (2) - Chapter (17) (zawgyi+Unicode)
Chapter (18) (zawgyi+unicode)
Chapter ( 19 ) (zawgyi+Unicode)
Season (2) - Chapter (20)
Chapter (21) (Zawgyi+Unicode)
ဇာတ္ေကာင္မ်ားအေႀကာင္း
Chapter (22) - ႏွစ္ဆင့္ ေထာင္ေခ်ာက္ထဲ က်ဆင္းျခင္း (Zawgyi+Unicode)
Chapter (23)- ေနာက္ထပ္တဖန္ ေတြ႕ဆံုျခင္း
Chapter (24) - ဒုတိယ အဆိပ္သခင္ (Zawgyi+Unicode)
Chapter (25) - မီဒယ္၏ကံတရား ( zawgyi+unicode)
Chapter (26) - ယြမ္ခ်ဴးခန္ရဲ႕ေနာက္ထပ္ ေျခတလွမ္း ( zawgyi+unicode)
Chapter (27) - ငါက မင္းကို ရဖို႕ အင္အားႀကီးေအာင္ ႀကိဳးစားခဲ့တာပါ။🔞🔞
Chapter (28) - ခ်ဴလူလူႏွင့္ ခ်ိဳနန္
Chapter (29) - ကုလန္နွင့္ ယြမ္ခ်ဴးခန္
Chapter (30) - နဂါးနက္၏ ေဒါသကို နိႈးဆြျခင္း/ နဂါးနက်၏ ဒေါသကို နှိုးဆွခြင်း
Chapter (31) - စစ္ေႀကျငာျခင္း/စစ်ကြေငြာခြင်း
Chapter (32) - ဝူျပည္နွင့္ ထန္ျပည္ တုိက္ပြဲ/ဝူပြည်နှင့် ထန်ပြည် တိုက်ပွဲ
Chapter (33)- နဂါးျဖဴ၏ ရန္စျခင္း အႏုပညာ (Z+U)
Chapter (34)- ခ်ဳိနန္၏ ေထာင္ေခ်ာက္ (Z+U)
Chapter (35)- နဂါးျဖဴ လက္ဦးမႈ ယူျခင္း (Z+U)
Chapter (35) - လမ္းဆံုးသို႕ တြန္းပို႕ခံရျခင္း (Z+U)
Chapter (36) _ဆူမီရာကို လာေရာက္ကယ္တင္ေသာ စစ္နတ္ဘုရား ကုလန္ (Z+U)
Chapter (37) _ဝကၤပါျမိဳင္ကို ထိုးစစ္ဆင္ျခင္း (Z+U)
Chapter (38) _ဘက္ေပါင္းစံုမွ ထိုးစစ္မ်ား စတင္ျခင္း (Z+U)
Chapter (39)_ ေတာင္းပိုင္းနယ္မွ တိုက္ပြဲမ်ား (Z+U)
Chapter (40)_တထန္ျပည္ကို ခ်ီတက္ တိုက္ခိုက္ျခင္း (Z+U)
Season II_ Chapter (41) _ (U+Z)
Season 2- Chapter (42)_ နဂါးဖြူနှင့် နဂါးနက်တို့ဆုံတွေ့ချိန်
Season 2 _ Chapter (43) _🚫 ဇာတ်သိမ်း
Behind The Love Story

Season (2) - Episode (4) (Z+U)

3.2K 294 34
By MayKingMK119

စစ္နတ္ဘုရား၏ အခ်စ္ဥယ်ာဥ္

Season (2) – Episode (4)

ထန္လိုခိသည္ ညီမဝမ္းကြဲျဖစ္သူ ဟီဒယ္ကိုစိုက္ၾကည့္ကာ ညင္သာစြာ ကတိေပးလိုက္သည္။

"ကိုယ့္ရဲ႕ကိုယ္လုပ္ေတာ္ေတြက ဘယ္လိုလုပ္ၿပီး ညီမေတာ္ရဲ႕ မိဖုရားေနရာကို ယွဥ္ၿပိဳင္လို႔ရမလဲ.. ဟီဒယ္က ခလ်ံတိုင္းျပည္ရဲ႕ အိမ္ေရွ႕မင္းသမီး ဆက္ခံသူတစ္ေယာက္ မဟုတ္လား.. ၿပီးေတာ့ ညီမေတာ္က ကိုယ့္ႏွလံုးသားကိုသိမ္းပိုက္ထားတဲ့ ဘုရင္မတစ္ပါးပဲ.. မယ္မယ့္ကိုသက္ေသထားၿပီး ကတိေပးပါတယ္.. ညီမနဲ႔လက္ဆက္ၿပီးရင္ မိဖုရားငယ္နဲ႔ကိုယ္လုပ္ေတာ္ လံုးဝမထားေတာ့ပါဘူး.. ကိုယ့္ရဲ႕လက္ထပ္ခြင့္ကို လက္ခံေပးပါ.."

ဟီဒယ္သည္ မထင္မွတ္ထားေသာစကားေၾကာင့္ ဘာေျပာရမွန္းမသိ ျဖစ္သြားေတာ့သည္။ မိမိခမည္းေတာ္ကြယ္လြန္ၿပီး ဘယ္ေလာက္မွမၾကာေသး ညီမျဖစ္သူက လက္ထပ္ၿပီး ထြက္ခြာသြားမည့္အျပင္ အစ္ကိုေတာ္ကပါ မိမိကို လက္ထပ္ခြင့္ေတာင္းေနသည္။

"အစ္ကိုေတာ္.. တဆိတ္ မလြန္လြန္းဘူးလားဟင္.. ညီမရဲ႕ခမည္းေတာ္က အစ္ကိုေတာ္နဲ႔ ဦးရီးေတာ္အရင္းေခါက္ေခါက္ပါ.. ဝမ္းနည္းျခင္းေစာင့္ထိန္းမယ့္အစား ဘယ္လိုမ်ား ညီမကို လက္ထပ္ခြင့္ေတာင္းဝံ့တာလဲ.."

ဟီဒယ္ ထိုစကားကိုေျပာရင္း ရင္ထဲမွ ဝမ္းနည္းစိတ္၊ ေဒါသစိတ္တို႔ေၾကာင့္ မ်က္ရည္တို႔စို႔တက္လာၿပီး ရင္ဝတြင္ အလံုးႀကီးလာဆို႔ေနသည္။ ကိုယ့္မင္းကိုယ့္ခ်င္းဘဝမွ တိုင္းျပည္ေပ်ာက္ကာ လက္ေအာက္ခံျဖစ္ရသည့္ သိမ္ငယ္စိတ္၊ ခမည္းေတာ္ နတ္ရြာစံသြားေသာေၾကာင့္ျဖစ္သည့္ ဝမ္းနည္းစိတ္၊ ညီမငယ္ႏွင့္ သူမမယ္ေတာ္ ကိုယ္လြတ္ရုန္းသြားသျဖင့္ ခံစားရသည့္ နာက်င္မႈတို႔အျပင္ ယခုလို အစ္ကိုေတာ္၏ ဖိႏွိပ္ေစာ္ကားမႈက ဟီဒယ္၏ခံႏိုင္ရည္ကို အရွိန္အဟုန္ႏွင့္ တိုက္စားေနသလိုပင္။

ထန္လိုခိသည္ လက္သီးကိုတင္းတင္းဆုပ္ကာ အံႀကိတ္ၿပီး ေမးလိုက္သည့္ ႏွမေတာ္ဟီဒယ္ကို ေတာင္းပန္ဟန္ၾကည့္ကာ ေလသံေပ်ာ့ႏွင့္ ေျပာလိုက္သည္။

"အစ္ကိုေတာ္ကို ဟီဒယ္ႀကိဳက္သလို အျပစ္ေပးလို႔ရတယ္.. ဒီလက္ထပ္ပြဲကို အစ္ကိုေတာ္ ဇြတ္အတင္းစီစဥ္ရလိမ့္မယ္ ညီမေတာ္.."

ဟီဒယ္သည္ အစ္ကိုေတာ္ကိုစိုက္ၾကည့္ရင္း ရင္ထဲတြင္ ငယ္ကတည္းက မိမိကိုခ်စ္လြန္းကာ အလိုလိုက္ေသာအစ္ကိုေတာ္ေနရာတြင္ စစ္အာဏာရွင္တစ္ပါးကို ေတြ႕ေနရသလို ခံစားလိုက္ရၿပီးေနာက္ ဆို႔တက္လာသည့္ခံစားခ်က္ကို ဖိႏွိပ္ကာ ေအးစက္စက္ေျပာလိုက္သည္။

"ေကာင္းၿပီ.. ညီမ ဘယ္လိုမွ ေတာင္ပန္လို႔မရေတာ့ဘူးဆိုရင္ ဒီလက္ထပ္ပြဲကို လက္ခံပါ့မယ္.. ဒါေပမယ့္ ညီမဘက္က ေတာင္းဆိုခ်က္ကို လိုက္ေလ်ာေပးရမယ္.."

ထန္လိုခိသည္ ဟီဒယ္၏မ်က္ဝန္းထဲမွ ေအးစက္သည့္အရိပ္ကိုေတြ႕သျဖင့္ စိတ္မေကာင္းျဖစ္ေသာ္လည္း သူမေလး လက္ထပ္ပြဲကို လက္ခံသည့္အတြက္ ဝမ္းသာသြားၿပီး ခ်က္ခ်င္း ကတိေပးလိုက္သည္။

"ညီမရဲ႕ေတာင္းဆိုခ်က္ကိုေျပာပါ.. အစ္ကို႔ခမည္းေတာ္ဆီကေန ရေအာင္ ေတာင္းဆိုေပးပါ့မယ္.."

"ေကာင္းၿပီ.. ဒါဆိုရင္ မယ္မယ့္ကို မဂၤလာကိစၥကို အစဥ္အလာအတိုင္း လာေရာက္အေၾကာင္းၾကားေပးပါ.. ညီမက မဟာထန္ႏိုင္ငံရဲ႕ သံု႔ပန္းတစ္ေယာက္ျဖစ္ေပမယ့္ လ်ံတိုင္းျပည္ရဲ႕ မင္းသမီးတစ္ပါးအျဖစ္ ရွိေနဆဲပါ.."

ဟီဒယ္သည္ ထိုစကားကိုေျပာၿပီးေနာက္ အရီးေတာ္ကိုအရိုအေသေပးကာ ခြင့္ေတာင္းၿပီး ျပန္လာခဲ့သည္။ ထန္လိုခိသည္ ဟီဒယ္က စိတ္ဆိုးသည္ထက္ ေအးစက္စြာဆက္ဆံလာသည္ကိုေတြ႕ေသာ္ အေနာက္မွလိုက္ေခ်ာ့မည္အျပဳ မယ္ေတာ္ျဖစ္သူက လက္ကိုဆြဲကာ တားလိုက္သည္။

ထန္လိုခိသည္ နန္းေဆာင္ထဲမွ ဘုရင္မတစ္ပါး၏ ခန္႔ညားျခင္းျဖင့္ လွည့္ထြက္သြားေသာ ဟီဒယ္ကိုေငးၾကည့္ကာ မယ္မယ့္ကို အကူအညီေတာင္းလိုက္သည္။

"မယ္မယ္.. ညီမေလး ကြ်န္ေတာ့္ကို မုန္းသြားၿပီထင္တယ္.. သူ႔ကို ဘယ္လိုေခ်ာ့ရမလဲ.."

"ေလာေလာဆယ္ မရႏိုင္ေသးဘူး သားေတာ္.. ဟီဒယ္ေလးခံစားေနရတာကို မယ္မယ္ နားလည္တယ္.. ဒါေပမယ့္ လုပ္ၾကံသူေတြက တထန္ေနျပည္ေတာ္မွာ ခိုေအာင္းေနၿပီး ဟီဒယ္နဲ႔သားေတာ္ၾကား ေသြးထိုးခ်င္ေနတာ.. ဒါေၾကာင့္ ဟီဒယ့္ကို ဘယ္လိုျဖစ္ျဖစ္ မယ္မယ္တို႔ ရေအာင္သိမ္းသြင္းထားရမယ္.. အေကာင္းဆံုးနည္းကေတာ့ မိသားစုထဲ သြတ္သြင္းလိုက္တာပဲ.."

ထန္လိုခိက ေခါင္းညိတ္ကာ မယ္မယ့္စကားကို ေထာက္ခံလိုက္သည္။

"ဒါေၾကာင့္ ကြ်န္ေတာ္ စိတ္မေကာင္းေပမယ့္ ဟီဒယ့္ကို ဖိအားေပးရတာပဲ..ဟီဒယ္ ကြ်န္ေတာ့္ကိုမုန္းတဲ့ဒဏ္ကို ကြ်န္ေတာ္ ခံႏိုင္ပါ့မလား.."

မဟာစစ္သူႀကီး ထန္လိုခိက လူပ်ိဳေပါက္ေလးပမာ တုန္လႈပ္စြာျဖင့္ မယ္ေတာ္ကို ေျပာရွာသည္။ မယ္ေတာ္က သားေတာ္၏ပံုစံကို သေဘာက်စြာ ျပံဳးကာေျပာလိုက္သည္။

"သားသမီးရလာရင္ သမီးေတာ္က သားေတာ္ကို အလိုလို ခြင့္လႊတ္လာလိမ့္မယ္.."

ထိုစကားကိုၾကားေတာ့မွ ထန္လိုခိ သက္ျပင္းခ်ႏိုင္ေတာ့သည္။

"ဟီဒယ္ေရ.. ကိုယ္ ညီမကို စိတ္ခ်မ္းသာေအာင္ထားပါ့မယ္.."

ထန္လိုခိ ကတိစကားျပဳစဥ္ ဟီဒယ္က မိမိတို႔နန္းေဆာင္္ကိုျပန္ကာ မယ္ေတာ့္ကို တည္ၿငိမ္စြာျဖင့္ ျဖစ္သမွ်ကို ေျပာျပလိုက္သည္။ လ်ံမိဖုရားေခါင္ႀကီးက သမီးေတာ္ဟီဒယ္ကို ရင္ခြင္ထဲဆြဲသြင္းကာ ဖက္ထားရင္း ႏွစ္သိမ့္သည္။

"သမီးရဲ႕အရီးေတာ္တို႔မွာ မလႊဲသာတဲ့အေၾကာင္းအရင္းရွိလို႔ ဒီလိုလုပ္တာ ျဖစ္ပါလိမ့္မယ္ သမီးေတာ္ရယ္.."

ဟီဒယ္က ၿငိမ္သက္ေနၿပီးမွ မယ္မယ့္ကိုေျပာလိုက္သည္။

"ခမည္းေတာ္အတြက္ သမီးေတာ္ သားသမီးဝတ္မေက်ပြန္တာ စိတ္မေကာင္းဘူး မယ္မယ္.."

"သမီးေတာ္ရဲ႕ခမည္းေတာ္က နားလည္မွာပါ.. သမီးေတာ္ကို က်ဥ္းထဲက်ပ္ထဲ အစဥ္လာကို မေစာင့္ထိန္းမေနရဆိုတဲ့စိတ္ ရွိမွာမဟုတ္ပါဘူး.. အဓိကကေတာ့ ခမည္းေတာ္ကိုလုပ္ၾကံသြားတဲ့ လူသတ္သမားကို စံုစမ္းရမယ္မဟုတ္လား.."

ဟီဒယ္သည္ မယ္မယ့္စကားကိုၾကားေတာ့မွ မ်က္ရည္တို႔စီးက်လာၿပီးေနာက္ တည္ၿငိမ္စြာေျပာလိုက္သည္။

"သမီး အစ္ကိုေတာ္ကို ေတာင္းဆိုမယ့္အရာကို မယ္မယ္ကတစ္ဆင့္ ေျပာေပးပါ.."

ဟီဒယ္က မိမိျဖစ္ခ်င္သည္ကို ေျပာျပလိုက္ၿပီး ေရွ႕ဆက္ရမည့္ခရီးၾကမ္းအတြက္ စိတ္ကို တင္းလိုက္ေတာ့သည္။

••••••••••••••••••••••••••••••

မီဒယ္သည္ အစ္မေတာ္ဟီဒယ္ကိုေျပာၿပီး ဂ်ဴဒါအမ္းမင္းသားေနာက္ကို ခ်က္ခ်င္းလိုက္လာေတာ့သည္။

"ႏွမရဲ႕အစ္မေတာ္နား ေနရစ္ခဲ့ခ်င္ရင္ ကိုယ့္ခမည္းေတာ္ကို ေလွ်ာက္တင္ေပးပါ့မယ္.."

"ဟင့္အင္း.. ႏွမေတာ္က ေမာင္ေတာ့္တိုင္းျပည္ကို ေရာက္ခ်င္လွၿပီ.. မဟာထန္ႏိုင္ငံမွာေနရတာ ႏွမေတာ္ သိမ္ငယ္စိတ္ဝင္လို႔ ေသေတာ့မယ္.."

ဂ်ဴဒါအမ္းသည္ မီဒယ္၏စကားေၾကာင့္ ဘာမွဆက္မေျပာေတာ့ဘဲ ထန္ဘုရင္ႏွင့္သြားေတြ႕ကာ မိမိတို႔တိုင္းျပည္ကို ျပန္ေတာ့မည့္အေၾကာင္း ေလွ်ာက္တင္လိုက္သည္။ ထန္ဘုရင္က ခ်က္ခ်င္းခြင့္ျပဳသျဖင့္ တစ္ရက္၊ ႏွစ္ရက္အတြင္း ထြက္ခြာႏိုင္ရန္ စီစဥ္လိုက္သည္။

ဂ်ဴဒါအမ္းသည္ နန္းေတာ္မွအျပန္ ဟီဒယ္ကိုဝင္ေတြ႕ကာ ဝမ္းနည္းစကားေျပာရင္း ေတာင္းပန္လိုက္သည္။

"အစ္ကိုေတာ္က ဘာေၾကာင့္ ေတာင္းပန္ရတာလဲ.."

"မီဒယ္ကို သားသမီးဝတ္ မေက်ပြန္ေစလို႔ ေတာင္းပန္ပါတယ္.."

ဟီဒယ္သည္ စိတ္သေဘာထားႏူးညံ့ေသာ အစ္ကိုေတာ္ဂ်ဴဒါအမ္းကို ျပံဳးၾကည့္ကာ တီးတိုးေျပာလိုက္သည္။

"ညီမလည္း အတူတူပါပဲ.. ဒါေၾကာင့္ မီဒယ္အတြက္ အစ္ကိုေတာ္ မေတာင္းပန္ပါနဲ႔.. အစ္ကိုေတာ္တို႔ မဂၤလာပြဲကို ကြ်န္မ လာႏိုင္မွာမဟုတ္လို႔ အခုကတည္းက ေတာင္းပန္ပါတယ္.."

ဂ်ဴဒါအမ္းသည္ မထင္မွတ္ထားေသာစကားေၾကာင့္ ေၾကာင္အမ္းကာ အံ့အားသင့္စြာေမးလိုက္သည္။

"ညီမ ဆိုလိုတာက...."

"ဟုတ္ပါတယ္ အစ္ကိုေတာ္..."

ဂ်ဴဒါအမ္းသည္ နန္းေတာ္ထဲၾကားေနသည့္စကား မွန္ေနသျဖင့္ စိတ္မသက္မသာျဖစ္သြားၿပီး ဟီဒယ္ကို ၾကင္နာစြာၾကည့္ကာ ေမးလိုက္သည္။

"ကိုယ္ ဟီဒယ့္ကို ကူညီလို႔ရတာ တစ္ခုခုရွိရင္ေျပာပါ.. ကူညီေပးပါရေစ.."

ဟီဒယ္သည္ မိမိငယ္စဥ္ကတည္းက အထင္ႀကီးေလးစားကာ သေဘာက်ခဲ့သည့္ အစ္ကိုေတာ္ဂ်ဴဒါအမ္း၏ စကားကိုၾကားေသာ္ ရင္ထဲ တင္းက်ပ္သည့္ခံစားခ်က္တခ်ိဳ႕ ေျပေလ်ာ့သြားသလို ခံစားလိုက္ရစဥ္ အေဆာင္ထဲလွမ္းဝင္လာေသာ လူတစ္ဦး၏စကားေၾကာင့္ မ်က္ႏွာပ်က္သြားသည္။

"ေက်းဇူးတင္ပါတယ္ ဝူမင္းသား.. မဟာထန္ႏိုင္ငံရဲ႕ အိမ္ေရွ႕မိဖုရားတစ္ပါးက သူ႔ခင္ပြန္းကိုေက်ာ္ၿပီး သူစိမ္းဆီက ဘာအကူအညီကိုမွ မလိုပါဘူး.."

ထန္လိုခိသည္ ညီလာခံၿပီးသည္ႏွင့္ ဟီဒယ္ကိုေတြ႕ရန္ဝင္လာစဥ္ အေဆာင္ဝကတည္းက ဂ်ဴဒါအမ္း၏စကားသံကို ၾကားကတည္းက တစ္ကိုယ္လံုး လူသတ္ခ်င္စိတ္တို႔ ျမင့္တက္လာစဥ္ ထိုစကားကိုၾကားေတာ့ ဘယ္လိုမွမထိန္းႏိုင္ေတာ့ဘဲ ျပတ္သားစြာေျပာကာ ဟီဒယ့္ထံေလွ်ာက္သြားၿပီး ထိုင္ေနေသာသူမကိုဆြဲေပြ႕ကာ ေျပာလိုက္သည္။

"ညီမ.. ကိုယ္တို႔မဂၤလာဝတ္စံု ရလာၿပီတဲ့.. မယ္မယ္က ဝတ္ၾကည့္ဖို႔ အေခၚလႊတ္ေနတာ.. လာ.. သြားၾကစို႔.."

ဟီဒယ္သည္ အစ္ကိုေတာ္ဂ်ဴဒါအမ္းေရွ႕တြင္ တမင္သက္သက္ မိမိကိုေပြ႕ဖက္ကာ ပါးကိုအသာပြတ္ရင္း ေျပာေနသည့္ အစ္ကိုေတာ္ေၾကာင့္ ရွက္ရြံ႕ကာထူပူသြားၿပီး သူ႔ရင္ဘတ္ကို တြန္းလိုက္သည္။ သို႔ေသာ္ သူ႔လက္မ်ားက သံမဏိပမာ တင္းက်ပ္စြာဖက္ထားၿပီး သူမကို မလႊတ္တမ္းခ်ဳပ္ကာ ဂ်ဴဒါအမ္းမင္းသားကို လွမ္းေျပာလိုက္သည္။

"စိတ္မရွိရင္ ကြ်န္ေတာ္မ်ိဳးဇနီးေလာင္းကို ေခၚသြားေတာ့မယ္ မင္းသား.."

ဂ်ဴဒါအမ္းသည္ မိမိေရွ႕ ဟီဒယ္ကို အရုပ္ေလးလိုေပြ႕ဖက္ကာ ေခၚသြားသည့္ ျမင္ကြင္းကိုၾကည့္ၿပီး ရင္ထဲ လစ္ဟာသြားေတာ့သည္။

"ဒါ မျဖစ္သင့္ဘူး.."

ဂ်ဴဒါအမ္း၏ ရင္ထဲမွစကားလံုးက အမွတ္တမဲ့ ႏႈတ္မွ ပြင့္အံက်လာခဲ့သျဖင့္ ထန္လိုခိ၏မ်က္လံုးထဲ လူသတ္လိုရိပ္တို႔ ျဖတ္ေျပးသြားၿပီး လွမ္းလက္စေျခလွမ္းတို႔ တန္႔သြားကာ ေနာက္ျပန္လွည့္ဟန္ျပင္စဥ္ ဟီဒယ္ ရင္ထိတ္သြားသည္။ ငယ္စဥ္ကတည္းက လက္ပြန္းတတီးေနလာေသာ အစ္ကိုေတာ္အေၾကာင္းကို သိသူပီပီ သူ႔လက္ကိုဆုပ္ကိုင္ကာ သတိေပးလိုက္သည္။

"အရီးေတာ္ ေစာင့္ေနလိမ့္မယ္ အစ္ကိုေတာ္.."

ထန္လိုခိ၏မ်က္လံုးထဲ အရိပ္မ်ိဳးစံု ျဖတ္ေျပးသြားၿပီးေနာက္ ခပ္ေလွာင္ေလွာင္အျပံဳးေပၚလာၿပီး ဂ်ဴဒါအမ္းဘက္လွည့္ကာ ေျပာလိုက္သည္။

"ကြ်န္ေတာ့္ဇနီးေလးကို မဂၤလာဝတ္စံုဝတ္ဖို႔ ပို႔ၿပီးရင္ ဆက္ေဆြးေႏြးၾကတာေပါ့.."

ဂ်ဴဒါအမ္းသည္ ထန္လိုခိဘက္ကိုမ်က္ႏွာမူကာ ေရွ႕ဆက္တိုးေျပာလိုက္သည္။

"ခင္ဗ်ား ညီမေတာ္ ဘယ္ေလာက္ခံစားေနရတယ္ဆိုတာ တစ္ခ်က္ေလးမွ ထည့္မတြက္ေတာ့ဘူးလား ထန္လိုခိမင္းသား.."

ဟီဒယ္သည္ ဂ်ဴဒါအမ္း၏စကားေၾကာင့္ အလန္႔တၾကားလွည့္ၾကည့္လိုက္စဥ္ မိမိကို စာနာစြာၾကည့္ေနေသာမ်က္ဝန္းတစ္စံုေၾကာင့္ ဒီလူကိုကာကြယ္မည္ဟု ဆံုးျဖတ္ခ်က္ခ်ကာ လူသတ္လိုရိပ္လႊမ္းျခံဳေနေသာ အစ္ကိုေတာ္ကို ေျပာလိုက္သည္။

"အစ္ကိုေတာ္က ကြ်န္မကိုကာကြယ္ေပးခ်င္လို႔ အေစာတလ်င္လက္ထပ္တာကို ကြ်န္မ သိၿပီးသားပါ အစ္ကိုေတာ္ဂ်ဴဒါအမ္း.. ကြ်န္မတို႔အေျခအေနကို ဘာမွမသိဘဲ ဝင္မေျပာပါနဲ႔လို႔ ေတာင္းဆိုပါရေစ.. အစ္ကိုေတာ္ အခုလို ကြ်န္မကိုဂရုစိုက္ေပးတာ ေက်းဇူးတင္ပါတယ္.. ကြ်န္မတို႔မဂၤလာကိစၥ စီစဥ္စရာရွိလို႔ ဆက္ၿပီး ဧည့္ခံမေပးႏိုင္တာ ခြင့္လႊတ္ပါ.. အစ္ကိုေတာ္.. သြားၾကစို႔.. ကြ်န္မတို႔လုပ္စရာေတြ အမ်ားႀကီးရွိေသးတယ္.."

ထန္လိုခိသည္ ညီမေတာ္ဟီဒယ္၏ ရည္ရြယ္ခ်က္ကိုသိေသာ္လည္း ဂ်ဴဒါအမ္း၏ ပ်က္ယြင္းသြားေသာမ်က္ႏွာကို တစ္ခ်က္ၾကည့္ကာ ဟီဒယ္၏ပုခံုးကိုဖက္ကာ အေဆာင္ထဲမွ ထြက္လာၾကသည္။

"ကိုယ္နဲ႔လက္ထပ္တာ ညီမအတြက္ ေနာင္တမရေစရပါဘူး.."

"ေနာင္တရေတာ့ေကာ ဘာတတ္ႏိုင္မွာလဲ.. ကိုယ္ဖန္တီးလို႔မွ မရတာ.. အားလံုးက ကံတရားအတိုင္းပါပဲ.."

ဟီဒယ္ ထိုမွ်သာေျပာၿပီး မိမိပုခံုးေပၚက အစ္ကိုေတာ္၏လက္ကို ျဖဳတ္ခ်ကာ အရီးေတာ္၏အေဆာင္ကို ခပ္သြက္သြက္ ေလွ်ာက္လွမ္းသြားေတာ့သည္။

ထန္လိုခိသည္ က်ားမေလးပမာ ရဲရင့္လွေသာ ညီမေတာ္ကို ေက်နပ္စြာၾကည့္ကာ ေနာက္မွ အမွီလိုက္လာေတာ့သည္။

••••••••••••••••••••••••••••••

နန္ေက်ာင္ေနျပည္ေတာ္

နန္းတြင္းသမားေတာ္ႀကီးသည္ မိဖုရားတစ္ပါး၏ လက္ေကာက္ဝတ္ေသြးေၾကာကို စမ္းသပ္ၿပီးေနာက္ ဧကရီေဟာ္သြန္းကို အရိုအေသေပးကာ ေလွ်ာက္တင္လိုက္သည္။

"ဂုဏ္ယူပါတယ္ အရွင္မိဖုရားႀကီး.. မုမင္းသမီးေလးက အိမ္ေရွ႕မင္းသားရဲ႕ မ်ိဳးဆက္ကို လြယ္ထားပါၿပီ.."

ေဟာ္သြန္းသည္ ျပံဳးကာ မုမင္းသမီးေလး၏လက္ကို ဆုပ္ကိုင္ကာ ဂုဏ္ျပဳစကားဆိုၿပီး သမားေတာ္ႀကီးကို ဆုလာဘ္ခ်ီးျမႇင့္ၿပီး မိမိအေဆာင္ေတာ္ကို ျပန္လာခဲ့သည္။

ကိုယ္ဝန္လြယ္ထားေသာ သားေတာ္၏တတိယေျမာက္မိဖုရား၏သတင္းကို သားေတာ္ရွိသည့္ ေက်ာက္ေတာအုပ္ထံ ပို႔လႊတ္လိုက္သည္။ ထို႔ေနာက္ ကိုယ္ဝန္ေစာင့္ေရွာက္ရန္ အဖြဲ႕တစ္ဖြဲ႕ကို ဖြဲ႕စည္းေစၿပီး မုမင္းသမီးေလးအေဆာင္ကို ပို႔လႊတ္လိုက္သည္။

မိဖုရားသံုးပါးစလံုး ေရွ႕ဆင့္ေနာက္ဆင့္ ကိုယ္ဝန္ရွိလာၾကသျဖင့္ နန္းေတာ္တစ္ခုလံုး ေပ်ာ္တျပံဳးျပံဳး ျဖစ္ေနၾကၿပီး မင္းသမီးသံုးပါး၏ဖခင္မ်ားက ဂုဏ္ျပဳပြဲမ်ားအၿပိဳင္က်င္းပရန္ စိုင္းျပင္းေနၾကသည္။ မိမိတို႔သမီးေတာ္ထဲက သားေယာက္်ားေလး ေမြးဖြားလာလွ်င္ မိမိတို႔တန္ခိုးဩဇာ တက္လာေပေတာ့မည္ကိုေတြးကာ ယြမ္ခ်ဴးခန္မင္းသားကို ဆထက္တပိုးတိုးကာ ေထာက္ပံ့ေပးရန္ ဆံုးျဖတ္လိုက္ၾကသည္။

ကိုယ္ဝန္မရွိေသးေသာ မင္းသမီးႏွစ္ပါးကလည္း မိမိတို႔ဖခင္မ်ားထံ လူလႊတ္ကာ ကိုယ္ဝန္ကပ္ညိေစမည့္ေဆးကို ျပင္ဆင္ေပးရန္ မွာၾကားသကဲ့သို႔ မိမိတို႔သခင္ အိမ္ေရွ႕စံမင္းသား ေက်ာက္ေတာအုပ္မွျပန္လာလွ်င္ မိမိတို႔ထံ ဦးစားေပးလာေစရန္ မိန္းမစိုးမ်ားကို လာဘ္ထိုးထားၾကသည္။

ထိုအခ်ိန္တြင္ ေက်ာက္ေတာအုပ္၌ရွိေနေသာ ယြမ္ခ်ဴးခန္က မိမိ၏စစ္တပ္ကို ေလ့က်င့္ေပးေနရာမွ တတိယမိဖုရား၏ ကိုယ္ဝန္သတင္းကိုၾကားေသာ္လည္း ထူးမျခားဟန္ျဖင့္ အသင့္ေရးခိုင္းထားေသာ စာလႊာတစ္ေစာင္ကို တံဆိပ္ခတ္ႏွိပ္ကာ မုမိဖုရားလက္ထဲကို ပို႔ေဆာင္ေစသည္။ ထို႔ေနာက္ မင္းသား၏အာရံုက လက္နက္သစ္စမ္းသပ္သည့္ဘက္ကို ျပန္ေရာက္သြားေတာ့သည္။

မင္းသားေလး၏လူယံုေတာ္က ေသြးေအးေသာ မင္းသား၏လုပ္ရပ္ကိုၾကည့္ကာ သက္ျပင္းသာရႈိက္လိုက္ေတာ့သည္။ မင္းသား၏ ေမတၱာရိပ္ထံုမႊမ္းေသာစာကိုရလွ်င္ မုမင္းသမီး ဝမ္းသာေနမည္ကိုေတြးကာ ေခါင္းကိုယမ္းမိသည္။ တကယ္ေတာ့ မင္းသားက လက္ေရးတုပညာရွင္ကို မိဖုရားတစ္ပါးခ်င္း ကိုယ္ဝန္ရွိလွ်င္ အားေပးဂုဏ္ျပဳစာလႊာကို ႀကိဳတင္ေရးခိုင္းထားၿပီး ျဖစ္သည္။ ဒီစာသားကို မိမိကပင္စဥ္းစားၿပီး မင္းသားတံဆိပ္ကို မိမိပင္ခတ္ႏွပ္ကာ သိမ္းဆည္းထားရသည္။ မိဖုရားမ်ား ကိုယ္ဝန္ရွိေၾကာင္း သတင္းပို႔လာလွ်င္ သက္ဆိုင္ရာမိဖုရားဆီ စာတစ္ေစာင္စီပို႔ဖို႔ မွာၾကားထားသျဖင့္ ယခု သတင္းပို႔ခ်က္ေရာက္လာေတာ့ မင္းသားအမိန္႔အတိုင္း စာကို ယူေပးလိုက္ျခင္းျဖစ္သည္။

ႏိုင္ငံေရးအရ လက္ထပ္ထားေသာ္လည္း၊ မိဖုရားမ်ားက မင္းသားကို ခ်စ္ခင္ဟန္ရွိေသာ္လည္း မင္းသားကေတာ့ ဘာလုပ္မည္ကို ႀကိဳတင္တြက္ခ်က္ထားသည့္အတိုင္း လုပ္ေဆာင္ေနသည္ကို အနီးကပ္လူယံုေတာ္မိမိက အသိဆံုးျဖစ္သည္။

အာနန္မင္းသား၏ စစ္သည္အင္အားႏွင့္စြမ္းရည္ကို သိရွိၿပီးေနာက္ ခ်စ္ရေသာေငြေတာင္မင္းသားကို လက္လႊတ္ဆံုးရႈံးလိုက္ရၿပီး မိမိတို႔နန္ေက်ာင္မင္းသားေလးက လူသစ္တစ္ေယာက္လို ေျပာင္းလဲသြားသည္ကိုသိေတာ့ တိုင္းျပည္အတြက္ ဝမ္းသာဂုဏ္ယူမိသည္။ ၿပီးေတာ့ မင္းသားေလးက ယခင္ကထက္ လွ်ိဳ႕ဝွက္ကာ ရည္မွန္းခ်က္ႀကီးလာပံုက မိမိကို တစ္ေန႔တျခား ေၾကာက္စိတ္ပင္ဝင္လာေစသည္။

"စစ္သူႀကီး.. မင္းသားေလးက လက္နက္သစ္ကို စမ္းသပ္ဖို႔ ေခၚေနပါတယ္.."

ယြမ္ခ်ဴးခန္ထံမွ အေခၚလႊတ္လာသျဖင့္ စစ္သူႀကီး ကပ်ာကယာ ထြက္လာခဲ့သည္။

ယြမ္ခ်ဴးခန္သည္ စမ္းသပ္မႈကို စစ္သူႀကီးႏွင့္အတူၾကည့္ေနစဥ္ လွ်ိဳ႕ဝွက္အေထာက္ေတာ္ထံမွ သတင္းေရာက္လာသျဖင့္ သြားေတြ႕ဆံုၿပီး တင္ျပခ်က္ကိုနားေထာင္ကာ ေခါင္းညိတ္လိုက္ၿပီး ဝူတိုင္းျပည္သို႔လိုက္ပါသြားေသာ မီဒယ္မင္းသမီးထံသို႔ ေရႊေသတၱာတစ္လံုးကို လက္ဖြဲ႕ေပးပို႔ေစလိုက္သည္။ ေလာဘႀကီးကာ ဟီဒယ္ကို မနာလိုစိတ္ရွိေသာ မီဒယ္က မိမိရည္ရြယ္ခ်က္ ေအာင္ျမင္ေအာင္ ကူညီေပးႏိုင္လိမ့္မည္။

ယြမ္ခ်ဴးခန္သည္ စမ္းသပ္မႈကို စိတ္တိုင္းက်ေတာ့မွ လက္နက္သစ္ကို တပ္သားမ်ားျဖင့္ ေလ့က်င့္ေပးရန္ကိစၥကို စစ္သူႀကီးႏွင့္လႊဲအပ္ကာ ေနျပည္ေတာ္ကို ျပန္လာခဲ့သည္။ မိမိ၏ က်န္သည့္မိဖုရားႏွစ္ပါးကို ကုိယ္ဝန္ရေအာင္ လုပ္ေပးရမည့္ဝတၱရား ရွိေသးသည္။

ယြမ္ခ်ဴးခန္ နန္းေတာ္ကို ျပန္ေရာက္ေၾကာင္းၾကားသည္ႏွင့္ မိဖုရားႏွစ္ပါးလံုး အလွဆံုးျပင္ဆင္ကာ လာေတြ႕ၾကသည္။ ႏွစ္ဦးလံုးက မင္းသားကို အဓိပၸါယ္ပါပါၾကည့္ကာ မိမိတို႔အေဆာင္ကိုလာဖို႔ ဆြဲေဆာင္ေနစဥ္ ယြမ္ခ်ဴးခန္က မိဖုရားႏွစ္ပါးလံုးကို ဝိုင္တစ္ခြက္စီ ငွဲ႔ေပးလိုက္သည္။

"ကဲ.. မိဖုရားတို႔.. ဒီဝိုင္ကိုေသာက္ၿပီး ကိုယ့္ရင္ေသြးေလးသံုးဦးကို ဂုဏ္ျပဳေပးၾကပါဦး.."

မိဖုရားႏွစ္ပါးက မင္းသား၏ ေခ်ာေမာေသာရုပ္ရည္ေအာက္ မိန္းေမာကာ အမိန္႔ေပးသည့္အတိုင္း ေမာ့ေသာက္လိုက္ၾကသည္။ လည္ေခ်ာင္းထဲမွတစ္ဆင့္ အစာအိမ္ထဲေရာက္သည္ႏွင့္ မိဖုရားႏွစ္ပါးလံုး၏ပါးျပင္မ်ား နီရဲတက္လာၿပီး ရင္ထဲမွ တလွပ္လွပ္ျဖစ္ကာ ေရငတ္လာသလို ခံစားလိုက္ရသည္။

"ရာသီဥတုက ပူလာတယ္ေနာ္ အရွင္မင္းသား.."

မိဖုရားတစ္ပါးက ေျပာရင္း မိမိကိုယ္ေပၚမွ အေပၚရံုကို ခြ်တ္ခ်လိုက္သည္။ က်န္မိဖုရားလည္း ကိုယ္ရံုကိုျဖည္ေလွ်ာ့ကာ ႏႈတ္ခမ္းေလးကို လွ်ာရဲရဲေလးႏွင့္သပ္္ကာ မင္းသားကို မြတ္သိပ္စြာျဖင့္ ေတာင္းဆိုလိုက္သည္။

"ကြ်န္ေတာ္မ်ိဳးမတို႔ကိုလည္း သားေတာ္ေလးတစ္ေယာက္ ေပးသနားေတာ္မူပါ.."

ယြမ္ခ်ဴးခန္က မ်က္လံုးတစ္ဖက္ပင့္ကာ ျပံဳးလိုက္ၿပီး မိဖုရား၏ပါးျပင္ကို ဖြဖြပြတ္ေပးရင္း ေျပာလိုက္သည္။

"မိဖုရားႏွစ္ပါးလံုး ကိုယ္ေတာ့္ကို တစ္ခ်ိန္တည္းျပဳစုေပးမယ္ဆိုရင္ ဒီဆႏၵ မျပည့္မခ်င္း ျဖည့္ဆည္းေပးမယ္.."

က်န္မိဖုရားက မိမိတို႔ႏွစ္ေယာက္ႏွင့္တစ္ၿပိဳင္တည္း ခန္းစက္ရာေဆာင္ ဝင္မည္ကိုၾကားေသာ္ လက္မခံခ်င္ေသာ္လည္း မိမိကိုယ္က ေတာင့္တလွၿပီျဖစ္လို႔ မတ္တပ္ရပ္ကာ ရင္စည္းအတြင္းခံကို ခြ်တ္ခ်ရင္း မင္းသားေျခရင္းကိုဒူးေထာက္ကာ ေပါင္ေပၚမ်က္ႏွာအပ္ရင္း ေျပာလိုက္သည္။

"အရွင့္သား ဆႏၵအတိုင္းပါ.."

ယြမ္ခ်ဴးခန္က မိဖုရားႏွစ္ပါးလံုးကိုဖက္ကာ စက္ရာေဆာင္ကို ဝင္ခဲ့ေတာ့သည္။ လူငယ္တစ္ေယာက္၏သက္လံုႏွင့္ ေဆးအစြမ္းေၾကာင့္ မိဖုရားႏွစ္ပါးလံုး၏ ေက်နပ္စြာေအာ္ညည္းသံမ်ားက တစ္ညလံုး လြင့္ပ်ံလို႔ေနေတာ့သည္။

မိုးလင္းခါနီးမွ မိဖုရားႏွစ္ပါးလံုး သတိလက္လြတ္ အိပ္ေမာက်သြားေတာ့သည္။

ယြမ္ခ်ဴးခန္သည္ မိဖုရားႏွစ္ပါး၏ ကုတ္ရာ၊ နမ္းထားသည့္အရာမ်ား ပြထားေနသည့္ မိမိကိုယ္ေပၚ အေပၚရံုတစ္ထည္ထပ္ကာ လွ်ိဳ႕ဝွက္တံခါးမွတစ္ဆင့္ ေျမေအာက္ေရကန္ရွိရာ ဆင္းလာခဲ့သည္။ ႏြားႏို႔ျဖင့္ျဖည့္ထားေသာ ေရပူပူထဲကို ဆင္းစိမ္လိုက္ၿပီး ကိုယ္ေပၚမွအညစ္အေၾကးမ်ားကို ဖယ္ရွားလိုက္သည္။

မိမိကိုယ္ေပၚမွ အရာမ်ားကို စက္ဆုပ္ရြံရွာစြာၾကည့္ၿပီး နာၾကည္းစြာ ရယ္ေမာလိုက္သည္။

"ကုလန္... ခင္ဗ်ားေၾကာင့္ မိန္းမေတြရဲ႕ရမၼက္ႏြံနဲ႔ ရြံစရာအမွတ္အသားေတြ က်ဳပ္ကိုယ္မွာ ထင္ေနရၿပီ.. ခင္ဗ်ားလုသြားတဲ့ က်ဳပ္ခ်စ္သူကို ျပန္ရတဲ့တစ္ေန႔ ခင္ဗ်ား ဒီအရာေတြ ျပန္ခံစားေစရမယ္.."

ယြမ္ခ်ဴးခန္၏စကားသံက ေအးစက္စြာ ထြက္ေပၚလာခဲ့သည္။

================

စစ်နတ်ဘုရား၏ အချစ်ဥယျာဉ်

Season (2) – Episode (4)

ထန်လိုခိသည် ညီမဝမ်းကွဲဖြစ်သူ ဟီဒယ်ကိုစိုက်ကြည့်ကာ ညင်သာစွာ ကတိပေးလိုက်သည်။

"ကိုယ့်ရဲ့ကိုယ်လုပ်တော်တွေက ဘယ်လိုလုပ်ပြီး ညီမတော်ရဲ့ မိဖုရားနေရာကို ယှဉ်ပြိုင်လို့ရမလဲ.. ဟီဒယ်က ခလျံတိုင်းပြည်ရဲ့ အိမ်ရှေ့မင်းသမီး ဆက်ခံသူတစ်ယောက် မဟုတ်လား.. ပြီးတော့ ညီမတော်က ကိုယ့်နှလုံးသားကိုသိမ်းပိုက်ထားတဲ့ ဘုရင်မတစ်ပါးပဲ.. မယ်မယ့်ကိုသက်သေထားပြီး ကတိပေးပါတယ်.. ညီမနဲ့လက်ဆက်ပြီးရင် မိဖုရားငယ်နဲ့ကိုယ်လုပ်တော် လုံးဝမထားတော့ပါဘူး.. ကိုယ့်ရဲ့လက်ထပ်ခွင့်ကို လက်ခံပေးပါ.."

ဟီဒယ်သည် မထင်မှတ်ထားသောစကားကြောင့် ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။ မိမိခမည်းတော်ကွယ်လွန်ပြီး ဘယ်လောက်မှမကြာသေး ညီမဖြစ်သူက လက်ထပ်ပြီး ထွက်ခွာသွားမည့်အပြင် အစ်ကိုတော်ကပါ မိမိကို လက်ထပ်ခွင့်တောင်းနေသည်။

"အစ်ကိုတော်.. တဆိတ် မလွန်လွန်းဘူးလားဟင်.. ညီမရဲ့ခမည်းတော်က အစ်ကိုတော်နဲ့ ဦးရီးတော်အရင်းခေါက်ခေါက်ပါ.. ဝမ်းနည်းခြင်းစောင့်ထိန်းမယ့်အစား ဘယ်လိုများ ညီမကို လက်ထပ်ခွင့်တောင်းဝံ့တာလဲ.."

ဟီဒယ် ထိုစကားကိုပြောရင်း ရင်ထဲမှ ဝမ်းနည်းစိတ်၊ ဒေါသစိတ်တို့ကြောင့် မျက်ရည်တို့စို့တက်လာပြီး ရင်ဝတွင် အလုံးကြီးလာဆို့နေသည်။ ကိုယ့်မင်းကိုယ့်ချင်းဘဝမှ တိုင်းပြည်ပျောက်ကာ လက်အောက်ခံဖြစ်ရသည့် သိမ်ငယ်စိတ်၊ ခမည်းတော် နတ်ရွာစံသွားသောကြောင့်ဖြစ်သည့် ဝမ်းနည်းစိတ်၊ ညီမငယ်နှင့် သူမမယ်တော် ကိုယ်လွတ်ရုန်းသွားသဖြင့် ခံစားရသည့် နာကျင်မှုတို့အပြင် ယခုလို အစ်ကိုတော်၏ ဖိနှိပ်စော်ကားမှုက ဟီဒယ်၏ခံနိုင်ရည်ကို အရှိန်အဟုန်နှင့် တိုက်စားနေသလိုပင်။

ထန်လိုခိသည် လက်သီးကိုတင်းတင်းဆုပ်ကာ အံကြိတ်ပြီး မေးလိုက်သည့် နှမတော်ဟီဒယ်ကို တောင်းပန်ဟန်ကြည့်ကာ လေသံပျော့နှင့် ပြောလိုက်သည်။

"အစ်ကိုတော်ကို ဟီဒယ်ကြိုက်သလို အပြစ်ပေးလို့ရတယ်.. ဒီလက်ထပ်ပွဲကို အစ်ကိုတော် ဇွတ်အတင်းစီစဉ်ရလိမ့်မယ် ညီမတော်.."

ဟီဒယ်သည် အစ်ကိုတော်ကိုစိုက်ကြည့်ရင်း ရင်ထဲတွင် ငယ်ကတည်းက မိမိကိုချစ်လွန်းကာ အလိုလိုက်သောအစ်ကိုတော်နေရာတွင် စစ်အာဏာရှင်တစ်ပါးကို တွေ့နေရသလို ခံစားလိုက်ရပြီးနောက် ဆို့တက်လာသည့်ခံစားချက်ကို ဖိနှိပ်ကာ အေးစက်စက်ပြောလိုက်သည်။

"ကောင်းပြီ.. ညီမ ဘယ်လိုမှ တောင်ပန်လို့မရတော့ဘူးဆိုရင် ဒီလက်ထပ်ပွဲကို လက်ခံပါ့မယ်.. ဒါပေမယ့် ညီမဘက်က တောင်းဆိုချက်ကို လိုက်လျောပေးရမယ်.."

ထန်လိုခိသည် ဟီဒယ်၏မျက်ဝန်းထဲမှ အေးစက်သည့်အရိပ်ကိုတွေ့သဖြင့် စိတ်မကောင်းဖြစ်သော်လည်း သူမလေး လက်ထပ်ပွဲကို လက်ခံသည့်အတွက် ဝမ်းသာသွားပြီး ချက်ချင်း ကတိပေးလိုက်သည်။

"ညီမရဲ့တောင်းဆိုချက်ကိုပြောပါ.. အစ်ကို့ခမည်းတော်ဆီကနေ ရအောင် တောင်းဆိုပေးပါ့မယ်.."

"ကောင်းပြီ.. ဒါဆိုရင် မယ်မယ့်ကို မင်္ဂလာကိစ္စကို အစဉ်အလာအတိုင်း လာရောက်အကြောင်းကြားပေးပါ.. ညီမက မဟာထန်နိုင်ငံရဲ့ သုံ့ပန်းတစ်ယောက်ဖြစ်ပေမယ့် လျံတိုင်းပြည်ရဲ့ မင်းသမီးတစ်ပါးအဖြစ် ရှိနေဆဲပါ.."

ဟီဒယ်သည် ထိုစကားကိုပြောပြီးနောက် အရီးတော်ကိုအရိုအသေပေးကာ ခွင့်တောင်းပြီး ပြန်လာခဲ့သည်။ ထန်လိုခိသည် ဟီဒယ်က စိတ်ဆိုးသည်ထက် အေးစက်စွာဆက်ဆံလာသည်ကိုတွေ့သော် အနောက်မှလိုက်ချော့မည်အပြု မယ်တော်ဖြစ်သူက လက်ကိုဆွဲကာ တားလိုက်သည်။

ထန်လိုခိသည် နန်းဆောင်ထဲမှ ဘုရင်မတစ်ပါး၏ ခန့်ညားခြင်းဖြင့် လှည့်ထွက်သွားသော ဟီဒယ်ကိုငေးကြည့်ကာ မယ်မယ့်ကို အကူအညီတောင်းလိုက်သည်။

"မယ်မယ်.. ညီမလေး ကျွန်တော့်ကို မုန်းသွားပြီထင်တယ်.. သူ့ကို ဘယ်လိုချော့ရမလဲ.."

"လောလောဆယ် မရနိုင်သေးဘူး သားတော်.. ဟီဒယ်လေးခံစားနေရတာကို မယ်မယ် နားလည်တယ်.. ဒါပေမယ့် လုပ်ကြံသူတွေက တထန်နေပြည်တော်မှာ ခိုအောင်းနေပြီး ဟီဒယ်နဲ့သားတော်ကြား သွေးထိုးချင်နေတာ.. ဒါကြောင့် ဟီဒယ့်ကို ဘယ်လိုဖြစ်ဖြစ် မယ်မယ်တို့ ရအောင်သိမ်းသွင်းထားရမယ်.. အကောင်းဆုံးနည်းကတော့ မိသားစုထဲ သွတ်သွင်းလိုက်တာပဲ.."

ထန်လိုခိက ခေါင်းညိတ်ကာ မယ်မယ့်စကားကို ထောက်ခံလိုက်သည်။

"ဒါကြောင့် ကျွန်တော် စိတ်မကောင်းပေမယ့် ဟီဒယ့်ကို ဖိအားပေးရတာပဲ..ဟီဒယ် ကျွန်တော့်ကိုမုန်းတဲ့ဒဏ်ကို ကျွန်တော် ခံနိုင်ပါ့မလား.."

မဟာစစ်သူကြီး ထန်လိုခိက လူပျိုပေါက်လေးပမာ တုန်လှုပ်စွာဖြင့် မယ်တော်ကို ပြောရှာသည်။ မယ်တော်က သားတော်၏ပုံစံကို သဘောကျစွာ ပြုံးကာပြောလိုက်သည်။

"သားသမီးရလာရင် သမီးတော်က သားတော်ကို အလိုလို ခွင့်လွှတ်လာလိမ့်မယ်.."

ထိုစကားကိုကြားတော့မှ ထန်လိုခိ သက်ပြင်းချနိုင်တော့သည်။

"ဟီဒယ်ရေ.. ကိုယ် ညီမကို စိတ်ချမ်းသာအောင်ထားပါ့မယ်.."

ထန်လိုခိ ကတိစကားပြုစဉ် ဟီဒယ်က မိမိတို့နန်းဆောင်ကိုပြန်ကာ မယ်တော့်ကို တည်ငြိမ်စွာဖြင့် ဖြစ်သမျှကို ပြောပြလိုက်သည်။ လျံမိဖုရားခေါင်ကြီးက သမီးတော်ဟီဒယ်ကို ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားရင်း နှစ်သိမ့်သည်။

"သမီးရဲ့အရီးတော်တို့မှာ မလွှဲသာတဲ့အကြောင်းအရင်းရှိလို့ ဒီလိုလုပ်တာ ဖြစ်ပါလိမ့်မယ် သမီးတော်ရယ်.."

ဟီဒယ်က ငြိမ်သက်နေပြီးမှ မယ်မယ့်ကိုပြောလိုက်သည်။

"ခမည်းတော်အတွက် သမီးတော် သားသမီးဝတ်မကျေပွန်တာ စိတ်မကောင်းဘူး မယ်မယ်.."

"သမီးတော်ရဲ့ခမည်းတော်က နားလည်မှာပါ.. သမီးတော်ကို ကျဉ်းထဲကျပ်ထဲ အစဉ်လာကို မစောင့်ထိန်းမနေရဆိုတဲ့စိတ် ရှိမှာမဟုတ်ပါဘူး.. အဓိကကတော့ ခမည်းတော်ကိုလုပ်ကြံသွားတဲ့ လူသတ်သမားကို စုံစမ်းရမယ်မဟုတ်လား.."

ဟီဒယ်သည် မယ်မယ့်စကားကိုကြားတော့မှ မျက်ရည်တို့စီးကျလာပြီးနောက် တည်ငြိမ်စွာပြောလိုက်သည်။

"သမီး အစ်ကိုတော်ကို တောင်းဆိုမယ့်အရာကို မယ်မယ်ကတစ်ဆင့် ပြောပေးပါ.."

ဟီဒယ်က မိမိဖြစ်ချင်သည်ကို ပြောပြလိုက်ပြီး ရှေ့ဆက်ရမည့်ခရီးကြမ်းအတွက် စိတ်ကို တင်းလိုက်တော့သည်။

••••••••••••••••••••••••••••••

မီဒယ်သည် အစ်မတော်ဟီဒယ်ကိုပြောပြီး ဂျူဒါအမ်းမင်းသားနောက်ကို ချက်ချင်းလိုက်လာတော့သည်။

"နှမရဲ့အစ်မတော်နား နေရစ်ခဲ့ချင်ရင် ကိုယ့်ခမည်းတော်ကို လျှောက်တင်ပေးပါ့မယ်.."

"ဟင့်အင်း.. နှမတော်က မောင်တော့်တိုင်းပြည်ကို ရောက်ချင်လှပြီ.. မဟာထန်နိုင်ငံမှာနေရတာ နှမတော် သိမ်ငယ်စိတ်ဝင်လို့ သေတော့မယ်.."

ဂျူဒါအမ်းသည် မီဒယ်၏စကားကြောင့် ဘာမှဆက်မပြောတော့ဘဲ ထန်ဘုရင်နှင့်သွားတွေ့ကာ မိမိတို့တိုင်းပြည်ကို ပြန်တော့မည့်အကြောင်း လျှောက်တင်လိုက်သည်။ ထန်ဘုရင်က ချက်ချင်းခွင့်ပြုသဖြင့် တစ်ရက်၊ နှစ်ရက်အတွင်း ထွက်ခွာနိုင်ရန် စီစဉ်လိုက်သည်။

ဂျူဒါအမ်းသည် နန်းတော်မှအပြန် ဟီဒယ်ကိုဝင်တွေ့ကာ ဝမ်းနည်းစကားပြောရင်း တောင်းပန်လိုက်သည်။

"အစ်ကိုတော်က ဘာကြောင့် တောင်းပန်ရတာလဲ.."

"မီဒယ်ကို သားသမီးဝတ် မကျေပွန်စေလို့ တောင်းပန်ပါတယ်.."

ဟီဒယ်သည် စိတ်သဘောထားနူးညံ့သော အစ်ကိုတော်ဂျူဒါအမ်းကို ပြုံးကြည့်ကာ တီးတိုးပြောလိုက်သည်။

"ညီမလည်း အတူတူပါပဲ.. ဒါကြောင့် မီဒယ်အတွက် အစ်ကိုတော် မတောင်းပန်ပါနဲ့.. အစ်ကိုတော်တို့ မင်္ဂလာပွဲကို ကျွန်မ လာနိုင်မှာမဟုတ်လို့ အခုကတည်းက တောင်းပန်ပါတယ်.."

ဂျူဒါအမ်းသည် မထင်မှတ်ထားသောစကားကြောင့် ကြောင်အမ်းကာ အံ့အားသင့်စွာမေးလိုက်သည်။

"ညီမ ဆိုလိုတာက...."

"ဟုတ်ပါတယ် အစ်ကိုတော်..."

ဂျူဒါအမ်းသည် နန်းတော်ထဲကြားနေသည့်စကား မှန်နေသဖြင့် စိတ်မသက်မသာဖြစ်သွားပြီး ဟီဒယ်ကို ကြင်နာစွာကြည့်ကာ မေးလိုက်သည်။

"ကိုယ် ဟီဒယ့်ကို ကူညီလို့ရတာ တစ်ခုခုရှိရင်ပြောပါ.. ကူညီပေးပါရစေ.."

ဟီဒယ်သည် မိမိငယ်စဉ်ကတည်းက အထင်ကြီးလေးစားကာ သဘောကျခဲ့သည့် အစ်ကိုတော်ဂျူဒါအမ်း၏ စကားကိုကြားသော် ရင်ထဲ တင်းကျပ်သည့်ခံစားချက်တချို့ ပြေလျော့သွားသလို ခံစားလိုက်ရစဉ် အဆောင်ထဲလှမ်းဝင်လာသော လူတစ်ဦး၏စကားကြောင့် မျက်နှာပျက်သွားသည်။

"ကျေးဇူးတင်ပါတယ် ဝူမင်းသား.. မဟာထန်နိုင်ငံရဲ့ အိမ်ရှေ့မိဖုရားတစ်ပါးက သူ့ခင်ပွန်းကိုကျော်ပြီး သူစိမ်းဆီက ဘာအကူအညီကိုမှ မလိုပါဘူး.."

ထန်လိုခိသည် ညီလာခံပြီးသည်နှင့် ဟီဒယ်ကိုတွေ့ရန်ဝင်လာစဉ် အဆောင်ဝကတည်းက ဂျူဒါအမ်း၏စကားသံကို ကြားကတည်းက တစ်ကိုယ်လုံး လူသတ်ချင်စိတ်တို့ မြင့်တက်လာစဉ် ထိုစကားကိုကြားတော့ ဘယ်လိုမှမထိန်းနိုင်တော့ဘဲ ပြတ်သားစွာပြောကာ ဟီဒယ့်ထံလျှောက်သွားပြီး ထိုင်နေသောသူမကိုဆွဲပွေ့ကာ ပြောလိုက်သည်။

"ညီမ.. ကိုယ်တို့မင်္ဂလာဝတ်စုံ ရလာပြီတဲ့.. မယ်မယ်က ဝတ်ကြည့်ဖို့ အခေါ်လွှတ်နေတာ.. လာ.. သွားကြစို့.."

ဟီဒယ်သည် အစ်ကိုတော်ဂျူဒါအမ်းရှေ့တွင် တမင်သက်သက် မိမိကိုပွေ့ဖက်ကာ ပါးကိုအသာပွတ်ရင်း ပြောနေသည့် အစ်ကိုတော်ကြောင့် ရှက်ရွံ့ကာထူပူသွားပြီး သူ့ရင်ဘတ်ကို တွန်းလိုက်သည်။ သို့သော် သူ့လက်များက သံမဏိပမာ တင်းကျပ်စွာဖက်ထားပြီး သူမကို မလွှတ်တမ်းချုပ်ကာ ဂျူဒါအမ်းမင်းသားကို လှမ်းပြောလိုက်သည်။

"စိတ်မရှိရင် ကျွန်တော်မျိုးဇနီးလောင်းကို ခေါ်သွားတော့မယ် မင်းသား.."

ဂျူဒါအမ်းသည် မိမိရှေ့ ဟီဒယ်ကို အရုပ်လေးလိုပွေ့ဖက်ကာ ခေါ်သွားသည့် မြင်ကွင်းကိုကြည့်ပြီး ရင်ထဲ လစ်ဟာသွားတော့သည်။

"ဒါ မဖြစ်သင့်ဘူး.."

ဂျူဒါအမ်း၏ ရင်ထဲမှစကားလုံးက အမှတ်တမဲ့ နှုတ်မှ ပွင့်အံကျလာခဲ့သဖြင့် ထန်လိုခိ၏မျက်လုံးထဲ လူသတ်လိုရိပ်တို့ ဖြတ်ပြေးသွားပြီး လှမ်းလက်စခြေလှမ်းတို့ တန့်သွားကာ နောက်ပြန်လှည့်ဟန်ပြင်စဉ် ဟီဒယ် ရင်ထိတ်သွားသည်။ ငယ်စဉ်ကတည်းက လက်ပွန်းတတီးနေလာသော အစ်ကိုတော်အကြောင်းကို သိသူပီပီ သူ့လက်ကိုဆုပ်ကိုင်ကာ သတိပေးလိုက်သည်။

"အရီးတော် စောင့်နေလိမ့်မယ် အစ်ကိုတော်.."

ထန်လိုခိ၏မျက်လုံးထဲ အရိပ်မျိုးစုံ ဖြတ်ပြေးသွားပြီးနောက် ခပ်လှောင်လှောင်အပြုံးပေါ်လာပြီး ဂျူဒါအမ်းဘက်လှည့်ကာ ပြောလိုက်သည်။

"ကျွန်တော့်ဇနီးလေးကို မင်္ဂလာဝတ်စုံဝတ်ဖို့ ပို့ပြီးရင် ဆက်ဆွေးနွေးကြတာပေါ့.."

ဂျူဒါအမ်းသည် ထန်လိုခိဘက်ကိုမျက်နှာမူကာ ရှေ့ဆက်တိုးပြောလိုက်သည်။

"ခင်ဗျား ညီမတော် ဘယ်လောက်ခံစားနေရတယ်ဆိုတာ တစ်ချက်လေးမှ ထည့်မတွက်တော့ဘူးလား ထန်လိုခိမင်းသား.."

ဟီဒယ်သည် ဂျူဒါအမ်း၏စကားကြောင့် အလန့်တကြားလှည့်ကြည့်လိုက်စဉ် မိမိကို စာနာစွာကြည့်နေသောမျက်ဝန်းတစ်စုံကြောင့် ဒီလူကိုကာကွယ်မည်ဟု ဆုံးဖြတ်ချက်ချကာ လူသတ်လိုရိပ်လွှမ်းခြုံနေသော အစ်ကိုတော်ကို ပြောလိုက်သည်။

"အစ်ကိုတော်က ကျွန်မကိုကာကွယ်ပေးချင်လို့ အစောတလျင်လက်ထပ်တာကို ကျွန်မ သိပြီးသားပါ အစ်ကိုတော်ဂျူဒါအမ်း.. ကျွန်မတို့အခြေအနေကို ဘာမှမသိဘဲ ဝင်မပြောပါနဲ့လို့ တောင်းဆိုပါရစေ.. အစ်ကိုတော် အခုလို ကျွန်မကိုဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်.. ကျွန်မတို့မင်္ဂလာကိစ္စ စီစဉ်စရာရှိလို့ ဆက်ပြီး ဧည့်ခံမပေးနိုင်တာ ခွင့်လွှတ်ပါ.. အစ်ကိုတော်.. သွားကြစို့.. ကျွန်မတို့လုပ်စရာတွေ အများကြီးရှိသေးတယ်.."

ထန်လိုခိသည် ညီမတော်ဟီဒယ်၏ ရည်ရွယ်ချက်ကိုသိသော်လည်း ဂျူဒါအမ်း၏ ပျက်ယွင်းသွားသောမျက်နှာကို တစ်ချက်ကြည့်ကာ ဟီဒယ်၏ပုခုံးကိုဖက်ကာ အဆောင်ထဲမှ ထွက်လာကြသည်။

"ကိုယ်နဲ့လက်ထပ်တာ ညီမအတွက် နောင်တမရစေရပါဘူး.."

"နောင်တရတော့ကော ဘာတတ်နိုင်မှာလဲ.. ကိုယ်ဖန်တီးလို့မှ မရတာ.. အားလုံးက ကံတရားအတိုင်းပါပဲ.."

ဟီဒယ် ထိုမျှသာပြောပြီး မိမိပုခုံးပေါ်က အစ်ကိုတော်၏လက်ကို ဖြုတ်ချကာ အရီးတော်၏အဆောင်ကို ခပ်သွက်သွက် လျှောက်လှမ်းသွားတော့သည်။

ထန်လိုခိသည် ကျားမလေးပမာ ရဲရင့်လှသော ညီမတော်ကို ကျေနပ်စွာကြည့်ကာ နောက်မှ အမှီလိုက်လာတော့သည်။

••••••••••••••••••••••••••••••

နန်ကျောင်နေပြည်တော်

နန်းတွင်းသမားတော်ကြီးသည် မိဖုရားတစ်ပါး၏ လက်ကောက်ဝတ်သွေးကြောကို စမ်းသပ်ပြီးနောက် ဧကရီဟော်သွန်းကို အရိုအသေပေးကာ လျှောက်တင်လိုက်သည်။

"ဂုဏ်ယူပါတယ် အရှင်မိဖုရားကြီး.. မုမင်းသမီးလေးက အိမ်ရှေ့မင်းသားရဲ့ မျိုးဆက်ကို လွယ်ထားပါပြီ.."

ဟော်သွန်းသည် ပြုံးကာ မုမင်းသမီးလေး၏လက်ကို ဆုပ်ကိုင်ကာ ဂုဏ်ပြုစကားဆိုပြီး သမားတော်ကြီးကို ဆုလာဘ်ချီးမြှင့်ပြီး မိမိအဆောင်တော်ကို ပြန်လာခဲ့သည်။

ကိုယ်ဝန်လွယ်ထားသော သားတော်၏တတိယမြောက်မိဖုရား၏သတင်းကို သားတော်ရှိသည့် ကျောက်တောအုပ်ထံ ပို့လွှတ်လိုက်သည်။ ထို့နောက် ကိုယ်ဝန်စောင့်ရှောက်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းစေပြီး မုမင်းသမီးလေးအဆောင်ကို ပို့လွှတ်လိုက်သည်။

မိဖုရားသုံးပါးစလုံး ရှေ့ဆင့်နောက်ဆင့် ကိုယ်ဝန်ရှိလာကြသဖြင့် နန်းတော်တစ်ခုလုံး ပျော်တပြုံးပြုံး ဖြစ်နေကြပြီး မင်းသမီးသုံးပါး၏ဖခင်များက ဂုဏ်ပြုပွဲများအပြိုင်ကျင်းပရန် စိုင်းပြင်းနေကြသည်။ မိမိတို့သမီးတော်ထဲက သားယောက်ျားလေး မွေးဖွားလာလျှင် မိမိတို့တန်ခိုးဩဇာ တက်လာပေတော့မည်ကိုတွေးကာ ယွမ်ချူးခန်မင်းသားကို ဆထက်တပိုးတိုးကာ ထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်ကြသည်။

ကိုယ်ဝန်မရှိသေးသော မင်းသမီးနှစ်ပါးကလည်း မိမိတို့ဖခင်များထံ လူလွှတ်ကာ ကိုယ်ဝန်ကပ်ညိစေမည့်ဆေးကို ပြင်ဆင်ပေးရန် မှာကြားသကဲ့သို့ မိမိတို့သခင် အိမ်ရှေ့စံမင်းသား ကျောက်တောအုပ်မှပြန်လာလျှင် မိမိတို့ထံ ဦးစားပေးလာစေရန် မိန်းမစိုးများကို လာဘ်ထိုးထားကြသည်။

ထိုအချိန်တွင် ကျောက်တောအုပ်၌ရှိနေသော ယွမ်ချူးခန်က မိမိ၏စစ်တပ်ကို လေ့ကျင့်ပေးနေရာမှ တတိယမိဖုရား၏ ကိုယ်ဝန်သတင်းကိုကြားသော်လည်း ထူးမခြားဟန်ဖြင့် အသင့်ရေးခိုင်းထားသော စာလွှာတစ်စောင်ကို တံဆိပ်ခတ်နှိပ်ကာ မုမိဖုရားလက်ထဲကို ပို့ဆောင်စေသည်။ ထို့နောက် မင်းသား၏အာရုံက လက်နက်သစ်စမ်းသပ်သည့်ဘက်ကို ပြန်ရောက်သွားတော့သည်။

မင်းသားလေး၏လူယုံတော်က သွေးအေးသော မင်းသား၏လုပ်ရပ်ကိုကြည့်ကာ သက်ပြင်းသာရှိုက်လိုက်တော့သည်။ မင်းသား၏ မေတ္တာရိပ်ထုံမွှမ်းသောစာကိုရလျှင် မုမင်းသမီး ဝမ်းသာနေမည်ကိုတွေးကာ ခေါင်းကိုယမ်းမိသည်။ တကယ်တော့ မင်းသားက လက်ရေးတုပညာရှင်ကို မိဖုရားတစ်ပါးချင်း ကိုယ်ဝန်ရှိလျှင် အားပေးဂုဏ်ပြုစာလွှာကို ကြိုတင်ရေးခိုင်းထားပြီး ဖြစ်သည်။ ဒီစာသားကို မိမိကပင်စဉ်းစားပြီး မင်းသားတံဆိပ်ကို မိမိပင်ခတ်နှပ်ကာ သိမ်းဆည်းထားရသည်။ မိဖုရားများ ကိုယ်ဝန်ရှိကြောင်း သတင်းပို့လာလျှင် သက်ဆိုင်ရာမိဖုရားဆီ စာတစ်စောင်စီပို့ဖို့ မှာကြားထားသဖြင့် ယခု သတင်းပို့ချက်ရောက်လာတော့ မင်းသားအမိန့်အတိုင်း စာကို ယူပေးလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးအရ လက်ထပ်ထားသော်လည်း၊ မိဖုရားများက မင်းသားကို ချစ်ခင်ဟန်ရှိသော်လည်း မင်းသားကတော့ ဘာလုပ်မည်ကို ကြိုတင်တွက်ချက်ထားသည့်အတိုင်း လုပ်ဆောင်နေသည်ကို အနီးကပ်လူယုံတော်မိမိက အသိဆုံးဖြစ်သည်။

အာနန်မင်းသား၏ စစ်သည်အင်အားနှင့်စွမ်းရည်ကို သိရှိပြီးနောက် ချစ်ရသောငွေတောင်မင်းသားကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး မိမိတို့နန်ကျောင်မင်းသားလေးက လူသစ်တစ်ယောက်လို ပြောင်းလဲသွားသည်ကိုသိတော့ တိုင်းပြည်အတွက် ဝမ်းသာဂုဏ်ယူမိသည်။ ပြီးတော့ မင်းသားလေးက ယခင်ကထက် လျှို့ဝှက်ကာ ရည်မှန်းချက်ကြီးလာပုံက မိမိကို တစ်နေ့တခြား ကြောက်စိတ်ပင်ဝင်လာစေသည်။

"စစ်သူကြီး.. မင်းသားလေးက လက်နက်သစ်ကို စမ်းသပ်ဖို့ ခေါ်နေပါတယ်.."

ယွမ်ချူးခန်ထံမှ အခေါ်လွှတ်လာသဖြင့် စစ်သူကြီး ကပျာကယာ ထွက်လာခဲ့သည်။

ယွမ်ချူးခန်သည် စမ်းသပ်မှုကို စစ်သူကြီးနှင့်အတူကြည့်နေစဉ် လျှို့ဝှက်အထောက်တော်ထံမှ သတင်းရောက်လာသဖြင့် သွားတွေ့ဆုံပြီး တင်ပြချက်ကိုနားထောင်ကာ ခေါင်းညိတ်လိုက်ပြီး ဝူတိုင်းပြည်သို့လိုက်ပါသွားသော မီဒယ်မင်းသမီးထံသို့ ရွှေသေတ္တာတစ်လုံးကို လက်ဖွဲ့ပေးပို့စေလိုက်သည်။ လောဘကြီးကာ ဟီဒယ်ကို မနာလိုစိတ်ရှိသော မီဒယ်က မိမိရည်ရွယ်ချက် အောင်မြင်အောင် ကူညီပေးနိုင်လိမ့်မည်။

ယွမ်ချူးခန်သည် စမ်းသပ်မှုကို စိတ်တိုင်းကျတော့မှ လက်နက်သစ်ကို တပ်သားများဖြင့် လေ့ကျင့်ပေးရန်ကိစ္စကို စစ်သူကြီးနှင့်လွှဲအပ်ကာ နေပြည်တော်ကို ပြန်လာခဲ့သည်။ မိမိ၏ ကျန်သည့်မိဖုရားနှစ်ပါးကို ကိုယ်ဝန်ရအောင် လုပ်ပေးရမည့်ဝတ္တရား ရှိသေးသည်။

ယွမ်ချူးခန် နန်းတော်ကို ပြန်ရောက်ကြောင်းကြားသည်နှင့် မိဖုရားနှစ်ပါးလုံး အလှဆုံးပြင်ဆင်ကာ လာတွေ့ကြသည်။ နှစ်ဦးလုံးက မင်းသားကို အဓိပ္ပါယ်ပါပါကြည့်ကာ မိမိတို့အဆောင်ကိုလာဖို့ ဆွဲဆောင်နေစဉ် ယွမ်ချူးခန်က မိဖုရားနှစ်ပါးလုံးကို ဝိုင်တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။

"ကဲ.. မိဖုရားတို့.. ဒီဝိုင်ကိုသောက်ပြီး ကိုယ့်ရင်သွေးလေးသုံးဦးကို ဂုဏ်ပြုပေးကြပါဦး.."

မိဖုရားနှစ်ပါးက မင်းသား၏ ချောမောသောရုပ်ရည်အောက် မိန်းမောကာ အမိန့်ပေးသည့်အတိုင်း မော့သောက်လိုက်ကြသည်။ လည်ချောင်းထဲမှတစ်ဆင့် အစာအိမ်ထဲရောက်သည်နှင့် မိဖုရားနှစ်ပါးလုံး၏ပါးပြင်များ နီရဲတက်လာပြီး ရင်ထဲမှ တလှပ်လှပ်ဖြစ်ကာ ရေငတ်လာသလို ခံစားလိုက်ရသည်။

"ရာသီဥတုက ပူလာတယ်နော် အရှင်မင်းသား.."

မိဖုရားတစ်ပါးက ပြောရင်း မိမိကိုယ်ပေါ်မှ အပေါ်ရုံကို ချွတ်ချလိုက်သည်။ ကျန်မိဖုရားလည်း ကိုယ်ရုံကိုဖြည်လျှော့ကာ နှုတ်ခမ်းလေးကို လျှာရဲရဲလေးနှင့်သပ်ကာ မင်းသားကို မွတ်သိပ်စွာဖြင့် တောင်းဆိုလိုက်သည်။

"ကျွန်တော်မျိုးမတို့ကိုလည်း သားတော်လေးတစ်ယောက် ပေးသနားတော်မူပါ.."

ယွမ်ချူးခန်က မျက်လုံးတစ်ဖက်ပင့်ကာ ပြုံးလိုက်ပြီး မိဖုရား၏ပါးပြင်ကို ဖွဖွပွတ်ပေးရင်း ပြောလိုက်သည်။

"မိဖုရားနှစ်ပါးလုံး ကိုယ်တော့်ကို တစ်ချိန်တည်းပြုစုပေးမယ်ဆိုရင် ဒီဆန္ဒ မပြည့်မချင်း ဖြည့်ဆည်းပေးမယ်.."

ကျန်မိဖုရားက မိမိတို့နှစ်ယောက်နှင့်တစ်ပြိုင်တည်း ခန်းစက်ရာဆောင် ဝင်မည်ကိုကြားသော် လက်မခံချင်သော်လည်း မိမိကိုယ်က တောင့်တလှပြီဖြစ်လို့ မတ်တပ်ရပ်ကာ ရင်စည်းအတွင်းခံကို ချွတ်ချရင်း မင်းသားခြေရင်းကိုဒူးထောက်ကာ ပေါင်ပေါ်မျက်နှာအပ်ရင်း ပြောလိုက်သည်။

"အရှင့်သား ဆန္ဒအတိုင်းပါ.."

ယွမ်ချူးခန်က မိဖုရားနှစ်ပါးလုံးကိုဖက်ကာ စက်ရာဆောင်ကို ဝင်ခဲ့တော့သည်။ လူငယ်တစ်ယောက်၏သက်လုံနှင့် ဆေးအစွမ်းကြောင့် မိဖုရားနှစ်ပါးလုံး၏ ကျေနပ်စွာအော်ညည်းသံများက တစ်ညလုံး လွင့်ပျံလို့နေတော့သည်။

မိုးလင်းခါနီးမှ မိဖုရားနှစ်ပါးလုံး သတိလက်လွတ် အိပ်မောကျသွားတော့သည်။

ယွမ်ချူးခန်သည် မိဖုရားနှစ်ပါး၏ ကုတ်ရာ၊ နမ်းထားသည့်အရာများ ပွထားနေသည့် မိမိကိုယ်ပေါ် အပေါ်ရုံတစ်ထည်ထပ်ကာ လျှို့ဝှက်တံခါးမှတစ်ဆင့် မြေအောက်ရေကန်ရှိရာ ဆင်းလာခဲ့သည်။ နွားနို့ဖြင့်ဖြည့်ထားသော ရေပူပူထဲကို ဆင်းစိမ်လိုက်ပြီး ကိုယ်ပေါ်မှအညစ်အကြေးများကို ဖယ်ရှားလိုက်သည်။

မိမိကိုယ်ပေါ်မှ အရာများကို စက်ဆုပ်ရွံရှာစွာကြည့်ပြီး နာကြည်းစွာ ရယ်မောလိုက်သည်။

"ကုလန်... ခင်ဗျားကြောင့် မိန်းမတွေရဲ့ရမ္မက်နွံနဲ့ ရွံစရာအမှတ်အသားတွေ ကျုပ်ကိုယ်မှာ ထင်နေရပြီ.. ခင်ဗျားလုသွားတဲ့ ကျုပ်ချစ်သူကို ပြန်ရတဲ့တစ်နေ့ ခင်ဗျား ဒီအရာတွေ ပြန်ခံစားစေရမယ်.."

ယွမ်ချူးခန်၏စကားသံက အေးစက်စွာ ထွက်ပေါ်လာခဲ့သည်။




Continue Reading

You'll Also Like

141K 16.5K 99
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
973K 184K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
1.9M 337K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...
998K 137K 95
သာမန်ရိုးရှင်းတဲ့အိမ်ထောင်သည်ဘဝဟာသဘာသာပြန်လေးပါ.. All Credit original authors & translators. Fan translation and offlline purpose .