For Zawgyi
တစ္ခါတစ္ေလေတာ့
Namjoonတကယ္သိခ်င္မိသည္..
တစ္ခ်ိဳ႕စံုတြဲေတြ ဘယ္လိုေျပာဆိုဆက္ဆံၾကတယ္ ဆိုတာကို...
သူတို႔ႏွစ္ဦးကေတာ့ သူငယ္ခ်င္းကေန အလိုလိုေနရင္းအူတူတူႏွင့္အဆင့္တတ္သြား၍ပဲလား ေယာက်ာ္းေလးႏွစ္ဦးျဖစ္ေန၍ပဲလားေတာ့မသိ ၾကည္ႏူးစရာဆိုတာလက္ခ်ိဳးေရ၍ရသည္...
စကားခ်ိဳခ်ိဳေလးေျပာဖို႔ျပင္လိုက္ တိုင္း
ပါးစပ္ကေကာ္ကပ္ထားသလိုမထြက္လွ..
စိတ္ပါလက္ပါေျပာမိခိုက္ေတြမွာ သေကာင့္သားက အာျပဲလ်ွာျပဲႏွင့္ထ ထရယ္တတ္ေသးသည္..
မည္သို႔ပင္အခ်ိဳးမေျပပါေစသူSeok Jinကိုခ်စ္ေသာအမွန္တရားကေတာ့ ခိုင္မာေနဆဲ...
.
.
"Joon မေန႔က မင္းကိုMo Ji yoonနဲ႔ေတြ႔လိုက္သလားလို႔"
မေက်မလည္ေမးေသာ အေမးမ်ိဳးမဟုတ္..ပံုစံက
သတိရလို႔ေမးလိုက္ေသာ ေပါ့ေပါ့ပါးပါးဟန္သြင္႐ွိသည္..
"ဟုတ္တယ္....ေက်ာင္းေပါက္ကေကာ္ဖီဆိုင္နားမွာေတြ႔တာ.."
Seok Jinတစ္ခုခုေျပာရန္ျပင္လိုက္ေသာ္လည္း ဆရာလာသျဖင့္သူတို႔စကားစျပတ္သြားခဲ့ၾကရ၏....Namjoonကေတာ့ သူျမတ္ႏုိးေပ်ာ္ဝင္ရသည့္ပါးခ်ိဳင့္တည္သည့္အျပံဳးတု႔ိကိုျပံဳးျပကာေ႐ွ႕သို႔ျပန္လွည့္သြားသည္. .
ထိုအခါမွ Seok jinသူ႔ရင္ဘတ္ေပၚသို႔လက္တစ္ဖက္ကိုတင္ကာ သက္ျပင္းခိုးခ်မိ၏....
ရင္ေတြအရမ္းပူေနတယ္.....
.
.
.
.
အတန္းၿပီးသည္ႏွင့္အားကစားပြဲေတာ္အတြက္ တိုင္ပင္ရန္ ဆရာကသူတို႔၏အတန္းေခါင္းေဆာင္ျဖစ္ေသာ Namjoonကိုေခၚသြားေလ၏..
သူလည္းတစ္ေယာက္ထဲပ်င္းလွေသာေၾကာင့္
ေက်ာင္းေ႐ွ႕က Coffeeဆိုင္ေလးဆီထြက္လာခဲ့သည္...
ရာသီဥတုေအးေသာေၾကာင့္ Coffeeဆိုင္ေလးဟာခါတိုင္းထက္ကိုပို၍လူစည္ကားေနေလသည္...လူေတြ႐ႈပ္ေနတာကိုျမင္တာေၾကာင့္ သူမဝင္ေတာ့ပဲလွည့္ထြက္မည္ျပင္ေတာ့...
"Seok Jin"
ေနာက္က ခ်ိဳေအးေအးေခၚသံႏွင့္အတူ Mo ji yoonတစ္ေယာက္ သူ႐ွိရာေလ်ွာက္လာေလ၏
ဆြယ္တာေဖြးေဖြးႏွင့္ဂ်င္းအျပာေလးနွင့္သူမကနတ္သမီးတပါးႏွယ္လွပလြန္းသည္...
ဒါေၾကာင့္လဲ ဟိုငနာေႂကြခဲ့တာျဖစ္ရမည္...
ထိုအေတြးဝင္တိုင္း သူ႔ရင္ဘတ္ကဆစ္ခနဲပူလာတတ္၏..ဘာေရာဂါမ်ားလဲ?
"အင္း..မေတြ႔တာၾကာၿပီ.."
သူအလိုက္သင့္ျပန္ႏႈတ္ဆက္ေတာ့ Mo ji yoonကျပံဳးရင္းပင္ ေခါင္းညိမ့္သည္....
"Namjoonေရာ..?"
"ဆရာနဲ႔လိုက္သြားတယ္.."
Mo Ji Yoonကဘာမွမေျပာေတာ့ပဲ
သူ႔နားေဘးခ်င္းယွဥ္ကာလွမ္းေလ်ွာက္လာသည္...လက္ေတြကိုပြတ္သပ္ကာ သူ႔အားတစ္ခုခုေျပာခ်င္ေနသည့္ဟန္....
"Seok Jin..ငါ Min Jaeနဲ႔တြဲေနတယ္..."
"အင္း...ငါတို႔သိတယ္.."
"ငါတို႔"
Mo Ji yoonက နားမလည္သလိုအေမးထုတ္လာသည္...
"ငါနဲ႔Namjoonသိတယ္"
သူ႔အေျပာတြင္ခဏမ်ွငိုင္သြားေသာ mo ji yoonက အေတာ္ၾကာမွ ထရယ္သည္.....ထိုရယ္သံကအသက္မဲ့စြာေလးလံစြာ..
"နင္ကသိပ္ေသြးေအးတာပဲေနာ္ Seok Jin..
အခု..အခုNamjoonကပါ..."
"သူနင့္အေပၚစိတ္ပူေနတာပါ"
"နင္ကေရာ...."
Seok Jinခပ္ဖြဖြရယ္ရင္း
ဆံပင္ကိုအေၾကာင္းမဲ့သပ္လိုက္သည္...
တကယ္ပဲ ေမးခြန္းေတြကမကုန္ႏုိင္လြန္းေတာ့.
"ဒီအရြယ္ေတြပဲေရာက္ေနၿပီ..."
"မေျပာင္းလဲဘူးေနာ္.. Seok Jin"
သူတို႔ၾကားစကားစကခဏႏွင့္ပင္ဆက္၍မရေအာင္ျပတ္ေတာက္သြားသည္...ခနအၾကာမွ
"ငါသြားၿပီ Seok Jin..Namjoonကို အာ ထားလိုက္ပါေတာ့"
တစ္ခုခုမွာရန္ျပင္ၿပီးမွ သူမကအျပံဳးႏွင့္စကားစျဖတ္သြား၏...အနီေရာင္အုတ္လမ္းေလးကို ျဖတ္ၿပီးတေရြ႔ေရြ႔ေလ်ွာက္သြားတဲ့ Mo Ji Yoonကိုတစ္ခ်က္ၾကည့္ၿပီး သူလည္း အတန္းထဲသို႔သာျပန္လာခဲ့လိုက္သည္...
.
.
.
"ဘယ္ေတြသြားေနတာလဲ"
သူအတန္းထဲ ျပန္ေရာက္ေတာ့ Namjoonေရာက္ေနၿပီျဖစ္သည္...Seok Jinဘာမွမေျဖေသးပဲ ခံုတြင္ဝင္ထိုင္လိုက္ၿပီးမွ....
"ပ်င္းလို႔လမ္းေလ်ွာက္တာ.."
"ဒီေလာက္ေအးေနတာကို.."
သူ႔ပါးတစ္ဖက္ေပၚသို႔က်ေရာက္လာသည့္Namjoonလက္ဖဝါးေတြကေႏြးေထြးလြန္းလွသည္...ျဖစ္ႏုိင္ရင္ထိုလက္ဖဝါးေတြကိုျပန္လည္ဖမ္းဆုပ္လိုက္ခ်င္ေသာ္လည္း မိမိတို႔႐ွိေနသည္မွာအတန္းထဲမွာမို႔..Namjoonကလည္းသတိထားမိသည့္အလား လက္ကိုျပန္႐ုတ္သြားသည္....
Mo Ji Yoonနဲ႔ေတြ႔ခဲ့တဲ့အေၾကာင္းကိုသူထုတ္ေဖာ္မေျပာမိ...
ဘာလို႔ရယ္မသိေပမဲ့ ပထမဆံုးအႀကိမ္ သူဝန္ေလးေနမိျခင္းပါ....
.
.
.....................................
ေလၾကမ္းၾကမ္းကေဝ့ခနဲတိုက္ခတ္လိုက္ခ်ိန္ Namjoonအသည္းထဲစိမ့္ေအာင္ပင္ေအးသြားရသည္..ၾကည့္လက္စစာအုပ္ကိုပိတ္ကာ အိပ္ယာထက္လွဲမ ည္ျပင္လိုက္ခ်ိန္ ဖ်တ္ခနဲသတိရသြားတာ Seok Jin....
သူဖုန္းေခၚလိုက္ေတာ့ခ်က္ခ်င္းပင္ေကာက္ကိုင္သည္.....
"မအိပ္ေသးဘူးလား?"
"ဘာလို႔ဆက္တာလဲေျပာ..ငါGameေဆာ့ေနတယ္.."
စိတ္မ႐ွည္သလိုဆိုလာတာမို႔ Namjoonေဒါသကေထာင္းခနဲထြက္သြားရသည္.....
""ဒါဆိုလဲ..ဒါပဲ""
"ေန..ေနပါအံုး..ငါကစတာကို"
ခ်က္ခ်င္းပင္ပ်ာပ်ာသလဲျဖစ္သြားေသာ Seok Jinအသံေၾကာင့္ သူခ်က္ခ်င္းပင္ျပံဳးမိသြား၏..
တစ္ေယာက္ထဲ ျပံဳးလိုက္မဲ့လိုက္ႏွင့္ အ႐ူးတစ္ေယာက္လိုပင္....
"ညနက္ေနၿပီ...အိပ္ေတာ့..
ငါကဒီအတိုင္းဆက္တာ.."
"ေအး....Goodnight "
#အား..ကန္စြန္းဥပူပူေလးစားခ်င္လိုက္တာ..
ဖုန္းခ်ခါနီး သူ႔ဟာသူ တီးတိုးေရရြတ္လိုက္ပံုရေသာ စကားေလးကို Namjoonၾကားျဖစ္ေအာင္ၾကားလိုက္ရေသး၏..
.
.
.
...............................
တတီတီထျမည္လာေသာဖုန္းသံေၾကာင့္ Seok Jinေစာင္ပံုထဲမွ အိပ္ခ်င္မူးတူးျဖင့္လူးလဲထကာ ဖုနး္ကိုကိုင္လိုက္သည္.....
မနည္းအိပ္ေပ်ာ္ေအာင္ႀကိဳးစားထားရၿပီး အခုမွေမွးခနဲ ျဖစ္သြားတာေလးကို.....
"Jin ျခံတံခါးလာဖြင့္"
အသံကခိုက္ခိုက္တုန္ေနကာ အေလာတႀကီး..
Seok Jinေမွးေတးေတးမ်က္လံုးတို႔ျပဳးက်ယ္သြားကာ အိမ္ေအာက္သို႔ အျမန္ေျပးဆင္းလာခဲ့လိုက္သည္.....
တံခါးဖြင့္လိုက္သည္ႏွင့္ ျဖန္းခနဲလာေရာက္ႏႈတ္ဆက္ေသာအေအးစကေျခာက္ျခားဖြယ္...
ပို၍ေျခာက္ျခားစရာေကာင္းသည္က ဒီလိုအခ်ိန္ႀကီးမွာ သူ႔အိမ္ေ႐ွ႕Namjoonေရာက္ေနျခင္းျဖစ္၏.......
.
.
.
.
လက္ထဲကအေငြ႔တလူလူထေနေသာ ကန္စြန္းဥျပဳတ္ အထုတ္ကို ပိုက္ကာ Seok Jin ရယ္ရခက္ငိုရခက္ျဖစ္ေနသည္...
"အဲ့ဒီေတာ့ ငါ့ကိုဒါေပးဖို႔ ဒီအခ်ိန္ႀကီး လာတာေပါ့ေလ"
Namjoonကစကားတုန္႔ျပန္မဆိုႏုိင္ေသးပဲ ေကာ္ဖီခြက္ကိုလက္ထဲတြင္လွည့္ပတ္ရင္းသာ ေအးစက္ထံုေနေသာလက္ေတြကို အပူေပးေနေလသည္...
"ငါစားခ်င္တယ္လို႔လဲ မေျပာမိပါဘူး..
အာ...မင္းၾကားသြားလို႔လား '"
Seok Jinသူ႔ဟာသူတစ္ေယာက္ထဲေရရြတ္ရင္းအလုပ္မ်ားေနေလသည္...အေငြ႔တစ္လူလူထေနေသးေသာ ကန္စြန္းဥတစ္ခုကို ထုတ္ကာစားလိုက္ၿပီး ေပ်ာ္ရႊင္စြာ ရယ္ေမာေနပံုမွအ႐ူးႏွင့္ပင္တူသလိုလို.....
"ဘယ္ကေနဝယ္လာတာလဲ"
""အိမ္နားက""
သူေျပာေသာအိမ္နားမွာဟူေသာေနရာသည္
ေလေအးေအးေတြကိုအန္တုၿပီးစက္ဘီးတစ္စီးျဖင့္သြားဝယ္ခဲ့ရေသာ ဟန္ျမစ္ကမ္းနံေဘးဆိုတာ Namjoonဘယ္ေတာ့မွဝန္ခံမည္မဟုတ္..
႐ွက္ဖို႔ေကာင္းသည္မဟုတ္ပါလား...
"Joon....ငါမင္းကိုခ်စ္လိုက္တာ"
႐ုတ္တရတ္သူ႔ထံသို႔တိုးေဝ့ဝင္ေရာက္လာသည္ ကိုယ္ေငြ႔ေႏြးေႏြးေၾကာင့္ ႏွလံုးခုန္သံေတြခနမ်ွရပ္တန္႔သြားသလိုလို...လက္ထဲေကာ္ဖီခြက္ေလးကိုစားပြဲေပၚတင္ၿပီး လစ္ဟာသြားေသာလက္ႏွစ္ဖက္ျဖင့္ Seok Jinအား ျပန္လည္ေထြးေပြ႔ထားလိုက္သည္.....
"ငါလဲမင္းကို..."
ေျပာလက္စစကားေတြကိုရပ္တန္႔ကုန္ဖို႔
အနမ္းတစ္ခုႏွင့္ပင္လံုေလာက္ပါ၏..
.
.
.
"အရမ္းေႏြးတာပဲ"
သူ႔ထံတိုးကပ္ရင္း Seok Jinကတီးတိုးဆိုလာသည္...ျခံဳလႊာတစ္ထည္ထဲအတူတူကပ္ေနရ၍ထင္သည္ အေႏြးဓာတ္ကသိသိသာသာတိုးသည္....
"ညတိုင္းလာအိပ္ပါလား Joon"
"ဘာလို႔လဲ"
"ငါေပ်ာ္လို႔"
ျမတ္ႏုိးျခင္းေပါင္းမ်ားစြာႏွင့္ Seok Jinႏွဖူးေျပေျပကို သူနမ္း႐ႈိက္လိုက္သည္...
ဘယ္ေလာက္ခ်စ္တယ္ဆိုတာမေဖာ္ျပတတ္ဘူး
ဒါေပမဲ့.....သိပ္ခ်စ္တယ္...
.
.
.....................
💙😍
.............................
For Unicode
တစ်ခါတစ်လေတော့
Namjoonတကယ်သိချင်မိသည်..
တစ်ချို့စုံတွဲတွေ ဘယ်လိုပြောဆိုဆက်ဆံကြတယ် ဆိုတာကို...
သူတို့နှစ်ဦးကတော့ သူငယ်ချင်းကနေ အလိုလိုနေရင်းအူတူတူနှင့်အဆင့်တတ်သွား၍ပဲလား ယောကျာ်းလေးနှစ်ဦးဖြစ်နေ၍ပဲလားတော့မသိ ကြည်နူးစရာဆိုတာလက်ချိုးရေ၍ရသည်...
စကားချိုချိုလေးပြောဖို့ပြင်လိုက် တိုင်း
ပါးစပ်ကကော်ကပ်ထားသလိုမထွက်လှ..
စိတ်ပါလက်ပါပြောမိခိုက်တွေမှာ သကောင့်သားက အာပြဲလျှာပြဲနှင့်ထ ထရယ်တတ်သေးသည်..
မည်သို့ပင်အချိုးမပြေပါစေသူSeok Jinကိုချစ်သောအမှန်တရားကတော့ ခိုင်မာနေဆဲ...
.
.
"Joon မနေ့က မင်းကိုMo Ji yoonနဲ့တွေ့လိုက်သလားလို့"
မကျေမလည်မေးသော အမေးမျိုးမဟုတ်..ပုံစံက
သတိရလို့မေးလိုက်သော ပေါ့ပေါ့ပါးပါးဟန်သွင်ရှိသည်..
"ဟုတ်တယ်....ကျောင်းပေါက်ကကော်ဖီဆိုင်နားမှာတွေ့တာ.."
Seok Jinတစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ဆရာလာသဖြင့်သူတို့စကားစပြတ်သွားခဲ့ကြရ၏....Namjoonကတော့ သူမြတ်နိုးပျော်ဝင်ရသည့်ပါးချိုင့်တည်သည့်အပြုံးတု့ိကိုပြုံးပြကာရှေ့သို့ပြန်လှည့်သွားသည်. .
ထိုအခါမှ Seok jinသူ့ရင်ဘတ်ပေါ်သို့လက်တစ်ဖက်ကိုတင်ကာ သက်ပြင်းခိုးချမိ၏....
ရင်တွေအရမ်းပူနေတယ်.....
.
.
.
.
အတန်းပြီးသည်နှင့်အားကစားပွဲတော်အတွက် တိုင်ပင်ရန် ဆရာကသူတို့၏အတန်းခေါင်းဆောင်ဖြစ်သော Namjoonကိုခေါ်သွားလေ၏..
သူလည်းတစ်ယောက်ထဲပျင်းလှသောကြောင့်
ကျောင်းရှေ့က Coffeeဆိုင်လေးဆီထွက်လာခဲ့သည်...
ရာသီဥတုအေးသောကြောင့် Coffeeဆိုင်လေးဟာခါတိုင်းထက်ကိုပို၍လူစည်ကားနေလေသည်...လူတွေရှုပ်နေတာကိုမြင်တာကြောင့် သူမဝင်တော့ပဲလှည့်ထွက်မည်ပြင်တော့...
"Seok Jin"
နောက်က ချိုအေးအေးခေါ်သံနှင့်အတူ Mo ji yoonတစ်ယောက် သူရှိရာလျှောက်လာလေ၏
ဆွယ်တာဖွေးဖွေးနှင့်ဂျင်းအပြာလေးနှင့်သူမကနတ်သမီးတပါးနှယ်လှပလွန်းသည်...
ဒါကြောင့်လဲ ဟိုငနာကြွေခဲ့တာဖြစ်ရမည်...
ထိုအတွေးဝင်တိုင်း သူ့ရင်ဘတ်ကဆစ်ခနဲပူလာတတ်၏..ဘာရောဂါများလဲ?
"အင်း..မတွေ့တာကြာပြီ.."
သူအလိုက်သင့်ပြန်နှုတ်ဆက်တော့ Mo ji yoonကပြုံးရင်းပင် ခေါင်းညိမ့်သည်....
"Namjoonရော..?"
"ဆရာနဲ့လိုက်သွားတယ်.."
Mo Ji Yoonကဘာမှမပြောတော့ပဲ
သူ့နားဘေးချင်းယှဉ်ကာလှမ်းလျှောက်လာသည်...လက်တွေကိုပွတ်သပ်ကာ သူ့အားတစ်ခုခုပြောချင်နေသည့်ဟန်....
"Seok Jin..ငါ Min Jaeနဲ့တွဲနေတယ်..."
"အင်း...ငါတို့သိတယ်.."
"ငါတို့"
Mo Ji yoonက နားမလည်သလိုအမေးထုတ်လာသည်...
"ငါနဲ့Namjoonသိတယ်"
သူ့အပြောတွင်ခဏမျှငိုင်သွားသော mo ji yoonက အတော်ကြာမှ ထရယ်သည်.....ထိုရယ်သံကအသက်မဲ့စွာလေးလံစွာ..
"နင်ကသိပ်သွေးအေးတာပဲနော် Seok Jin..
အခု..အခုNamjoonကပါ..."
"သူနင့်အပေါ်စိတ်ပူနေတာပါ"
"နင်ကရော...."
Seok Jinခပ်ဖွဖွရယ်ရင်း
ဆံပင်ကိုအကြောင်းမဲ့သပ်လိုက်သည်...
တကယ်ပဲ မေးခွန်းတွေကမကုန်နိုင်လွန်းတော့.
"ဒီအရွယ်တွေပဲရောက်နေပြီ..."
"မပြောင်းလဲဘူးနော်.. Seok Jin"
သူတို့ကြားစကားစကခဏနှင့်ပင်ဆက်၍မရအောင်ပြတ်တောက်သွားသည်...ခနအကြာမှ
"ငါသွားပြီ Seok Jin..Namjoonကို အာ ထားလိုက်ပါတော့"
တစ်ခုခုမှာရန်ပြင်ပြီးမှ သူမကအပြုံးနှင့်စကားစဖြတ်သွား၏...အနီရောင်အုတ်လမ်းလေးကို ဖြတ်ပြီးတရွေ့ရွေ့လျှောက်သွားတဲ့ Mo Ji Yoonကိုတစ်ချက်ကြည့်ပြီး သူလည်း အတန်းထဲသို့သာပြန်လာခဲ့လိုက်သည်...
.
.
.
"ဘယ်တွေသွားနေတာလဲ"
သူအတန်းထဲ ပြန်ရောက်တော့ Namjoonရောက်နေပြီဖြစ်သည်...Seok Jinဘာမှမဖြေသေးပဲ ခုံတွင်ဝင်ထိုင်လိုက်ပြီးမှ....
"ပျင်းလို့လမ်းလျှောက်တာ.."
"ဒီလောက်အေးနေတာကို.."
သူ့ပါးတစ်ဖက်ပေါ်သို့ကျရောက်လာသည့်Namjoonလက်ဖဝါးတွေကနွေးထွေးလွန်းလှသည်...ဖြစ်နိုင်ရင်ထိုလက်ဖဝါးတွေကိုပြန်လည်ဖမ်းဆုပ်လိုက်ချင်သော်လည်း မိမိတို့ရှိနေသည်မှာအတန်းထဲမှာမို့..Namjoonကလည်းသတိထားမိသည့်အလား လက်ကိုပြန်ရုတ်သွားသည်....
Mo Ji Yoonနဲ့တွေ့ခဲ့တဲ့အကြောင်းကိုသူထုတ်ဖော်မပြောမိ...
ဘာလို့ရယ်မသိပေမဲ့ ပထမဆုံးအကြိမ် သူဝန်လေးနေမိခြင်းပါ....
.
.
.....................................
လေကြမ်းကြမ်းကဝေ့ခနဲတိုက်ခတ်လိုက်ချိန် Namjoonအသည်းထဲစိမ့်အောင်ပင်အေးသွားရသည်..ကြည့်လက်စစာအုပ်ကိုပိတ်ကာ အိပ်ယာထက်လှဲမ ည်ပြင်လိုက်ချိန် ဖျတ်ခနဲသတိရသွားတာ Seok Jin....
သူဖုန်းခေါ်လိုက်တော့ချက်ချင်းပင်ကောက်ကိုင်သည်.....
"မအိပ်သေးဘူးလား?"
"ဘာလို့ဆက်တာလဲပြော..ငါGameဆော့နေတယ်.."
စိတ်မရှည်သလိုဆိုလာတာမို့ Namjoonဒေါသကထောင်းခနဲထွက်သွားရသည်.....
""ဒါဆိုလဲ..ဒါပဲ""
"နေ..နေပါအုံး..ငါကစတာကို"
ချက်ချင်းပင်ပျာပျာသလဲဖြစ်သွားသော Seok Jinအသံကြောင့် သူချက်ချင်းပင်ပြုံးမိသွား၏..
တစ်ယောက်ထဲ ပြုံးလိုက်မဲ့လိုက်နှင့် အရူးတစ်ယောက်လိုပင်....
"ညနက်နေပြီ...အိပ်တော့..
ငါကဒီအတိုင်းဆက်တာ.."
"အေး....Goodnight "
#အား..ကန်စွန်းဥပူပူလေးစားချင်လိုက်တာ..
ဖုန်းချခါနီး သူ့ဟာသူ တီးတိုးရေရွတ်လိုက်ပုံရသော စကားလေးကို Namjoonကြားဖြစ်အောင်ကြားလိုက်ရသေး၏..
.
.
.
...............................
တတီတီထမြည်လာသောဖုန်းသံကြောင့် Seok Jinစောင်ပုံထဲမှ အိပ်ချင်မူးတူးဖြင့်လူးလဲထကာ ဖုန်းကိုကိုင်လိုက်သည်.....
မနည်းအိပ်ပျော်အောင်ကြိုးစားထားရပြီး အခုမှမှေးခနဲ ဖြစ်သွားတာလေးကို.....
"Jin ခြံတံခါးလာဖွင့်"
အသံကခိုက်ခိုက်တုန်နေကာ အလောတကြီး..
Seok Jinမှေးတေးတေးမျက်လုံးတို့ပြုးကျယ်သွားကာ အိမ်အောက်သို့ အမြန်ပြေးဆင်းလာခဲ့လိုက်သည်.....
တံခါးဖွင့်လိုက်သည်နှင့် ဖြန်းခနဲလာရောက်နှုတ်ဆက်သောအအေးစကခြောက်ခြားဖွယ်...
ပို၍ခြောက်ခြားစရာကောင်းသည်က ဒီလိုအချိန်ကြီးမှာ သူ့အိမ်ရှေ့Namjoonရောက်နေခြင်းဖြစ်၏.......
.
.
.
.
လက်ထဲကအငွေ့တလူလူထနေသော ကန်စွန်းဥပြုတ် အထုတ်ကို ပိုက်ကာ Seok Jin ရယ်ရခက်ငိုရခက်ဖြစ်နေသည်...
"အဲ့ဒီတော့ ငါ့ကိုဒါပေးဖို့ ဒီအချိန်ကြီး လာတာပေါ့လေ"
Namjoonကစကားတုန့်ပြန်မဆိုနိုင်သေးပဲ ကော်ဖီခွက်ကိုလက်ထဲတွင်လှည့်ပတ်ရင်းသာ အေးစက်ထုံနေသောလက်တွေကို အပူပေးနေလေသည်...
"ငါစားချင်တယ်လို့လဲ မပြောမိပါဘူး..
အာ...မင်းကြားသွားလို့လား '"
Seok Jinသူ့ဟာသူတစ်ယောက်ထဲရေရွတ်ရင်းအလုပ်များနေလေသည်...အငွေ့တစ်လူလူထနေသေးသော ကန်စွန်းဥတစ်ခုကို ထုတ်ကာစားလိုက်ပြီး ပျော်ရွှင်စွာ ရယ်မောနေပုံမှအရူးနှင့်ပင်တူသလိုလို.....
"ဘယ်ကနေဝယ်လာတာလဲ"
""အိမ်နားက""
သူပြောသောအိမ်နားမှာဟူသောနေရာသည်
လေအေးအေးတွေကိုအန်တုပြီးစက်ဘီးတစ်စီးဖြင့်သွားဝယ်ခဲ့ရသော ဟန်မြစ်ကမ်းနံဘေးဆိုတာ Namjoonဘယ်တော့မှဝန်ခံမည်မဟုတ်..
ရှက်ဖို့ကောင်းသည်မဟုတ်ပါလား...
"Joon....ငါမင်းကိုချစ်လိုက်တာ"
ရုတ်တရတ်သူ့ထံသို့တိုးဝေ့ဝင်ရောက်လာသည် ကိုယ်ငွေ့နွေးနွေးကြောင့် နှလုံးခုန်သံတွေခနမျှရပ်တန့်သွားသလိုလို...လက်ထဲကော်ဖီခွက်လေးကိုစားပွဲပေါ်တင်ပြီး လစ်ဟာသွားသောလက်နှစ်ဖက်ဖြင့် Seok Jinအား ပြန်လည်ထွေးပွေ့ထားလိုက်သည်.....
"ငါလဲမင်းကို..."
ပြောလက်စစကားတွေကိုရပ်တန့်ကုန်ဖို့
အနမ်းတစ်ခုနှင့်ပင်လုံလောက်ပါ၏..
.
.
.
"အရမ်းနွေးတာပဲ"
သူ့ထံတိုးကပ်ရင်း Seok Jinကတီးတိုးဆိုလာသည်...ခြုံလွှာတစ်ထည်ထဲအတူတူကပ်နေရ၍ထင်သည် အနွေးဓာတ်ကသိသိသာသာတိုးသည်....
"ညတိုင်းလာအိပ်ပါလား Joon"
"ဘာလို့လဲ"
"ငါပျော်လို့"
မြတ်နိုးခြင်းပေါင်းများစွာနှင့် Seok Jinနှဖူးပြေပြေကို သူနမ်းရှိုက်လိုက်သည်...
ဘယ်လောက်ချစ်တယ်ဆိုတာမဖော်ပြတတ်ဘူး
ဒါပေမဲ့.....သိပ်ချစ်တယ်...
.
.
.....................
💙😍