ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၂ ( ၁၅ + ၁၆ )

9.6K 1K 3
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 12
Chapter. : 15 + 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၂၊ အခန္း ၁၅။ သူ့အား ငိုေစၿပီ

"ငါ့တစ္ဘ၀လံုး ငါ လူေတြအေပၚ ၾကင္နာေပးခဲ့တယ္။ အဲဒါေတာင္မွ လူတုိင္းက ငါ့ကို လွည့္စားေနၾကၿပီး ထိုးနွက္ေနၾကတယ္...ငါ ေကာင္းကင္နဲ့ေၿမၾကီး ကို သစၥာဆုိထားတာေတာင္ အဲဒီေကာင္းကင္ဘံု နဲ့ ေၿမၾကီးက ငါ့ကို လ်စ္လ်ဴရႈထားတယ္ ။ ငါ့ကို မုန္းေနခဲ့တယ္..."

စကားေၿပာေန၇င္းမွာပင္၊ ဆယ္ေက်ာ္သက္ေလး ။
ရုတ္တရက္ စတင္ရယ္ခ်လာပါ၏။ သူ့ရဲ့အၿပံဳးသည္ကား
ဆူးတုိ့နွင့္ ကာရံထားေလသည၊့္ ပြင့္လန္းေနေသာပန္းတစ္ပြင့္အလား ။

သူသည္ကား စတူဒီယိုကြင္းထဲတြင္ မတ္တပ္ရပ္ေနၿခင္း ၿဖစ္ပါ၏။ သို့ေသာ္၊ သူ့အား ေလမွားတုိက္သြားသလားဟုပင္ ထင္ရေပသည္။
သူ့ရဲ့သန့္ရွင္းၿပီး အၿပစ္ကင္းစင္သည့္ မ်က္နွာသည္ နူးညံံ့သည့္ ခံစားခ်က္ၾကီးတစ္ခုကို ေပးစြမ္းလုိ့ေနလ်က္။
သူသည္ လူတုိင္းရဲ့စိတ္ခံစားခ်က္တုိ့ိကုိ လႈပ္ယမ္းပစ္ခဲ့ေခ်ၿပီ။ သူ့ရဲ့မႈန္မိႈင္းေနသည့္ မ်က္၀န္းတုိ့္မွာ လွ်ံက်ေနသည့္ ရူးသြပ္မႈ၊ ေဒါသအနည္းငယ္ၿဖင့္ သူ ေၿပာလာပါ၏ ။
"ဒီေန့ကစလုိ့၊ ငါကသာ င့ါကို တားဆီးနုိင္တဲ့သူပဲ။ သတ္ပစ္မယ္ -- ဘယ္သူ့ကိုမွ အရွင္မထားဘူး။ ဒီကမာၻေပၚက လူတိုင္းကုိ အကုန္သတ္ပစ္မယ္။ ကမာၻၾကီးက ငါ့ကို ၿငင္းဆန္တယ္၊ ငါ...."

"ဒီစၾက၀ဠာၾကီးကို ဖ်က္ဆီးပစ္မယ္"

သူ ဒီေနာက္ဆံုးေသာစာသားကို ေၿပာလုိက္သည့္အခိုက္၊ ေၾကာက္စရာေကာင္းလွစြာေသာ တစ္စံုတစ္ရာသည္ အခ်ဳပ္အေနွာင္ေတြကေန ထြက္ေၿမာက္က်ိဳးက်လာသည့္အလား။ တစ္စကၠန့္ေလးအတြင္းမွာပင္ သူ့ရဲ့ခႏၶာကိုယ္ထဲကေန လြတ္ေၿမာက္လာၿပီး ဟိုးအထက္ကို တစ္ဟုန္ထိုး စုန္တက္သြားေလသည့္နွယ္။

တိတ္ဆိတ္မႈ....

စတူဒီယုိထဲက လူတုိင္း အံ့အားသင့္ေၾကာင္အမ္းေတြေ၀သြားၾကေလၿပီ။ သူတို့ေတြ တၿခားလူတစ္ေယာက္နွယ္ လံုး၀ေၿပာင္းလဲသြားဟန္တူေသာ လ်ိဳခ်န္းအား စိုက္ၾကည့္ေနၾကပါ၏ ။

သူသည္ကား ေသခ်ာေပါက္ကုိ တစ္ေယာက္တညး္ပင္ ။
သို့တို္င္ အဲဒီမ်က္နွာ။ ဘယ္လုိ...ဘယ္လိုလုပ္ၿပီး ဒီေလာက္ထိ ေၾကာက္ဖုိ့ေကာင္းသြားရတာလဲ...

အခ်ိန္ဘယ္ေလာက္မွန္းမသိ ကုန္လြန္သြားေလၿပီးသည့္ ေနာက္ဆံုး တြင္မွ လူတို္င္း အသိၿပန္၀င္သြားနုိင္ၾကေတာ့သည္။ ၿပီး၊ အခုနက လ်ိဳခ်န္းသည္ သရုပ္ေဆာင္ၿပေနၿခင္းၿဖစ္ေၾကာင္းကို နားလည္သေဘာ ေပါက္သြားၾကပါေတာ့၏ -- သူသည္ "ေၾကာက္စရာေကာင္းေသာ နဂါး" ဇာတ္၀င္ခန္းမွ အခန္းတစ္ခန္းကို ၿပန္လည္သရုပ္ေဆာင္ၿပေနၿခင္းသာ ၿဖစ္ပါ၏။

ဒါက အရမး္....အရမ္းကုိ တုန္လႈပ္စရာေကာင္းလုိက္တာ....

အရင္တုန္းက "ေၾကာက္စရာေကာင္းေသာ နဂါး" သည္ ဟစ္တုိင္ၾကီး တစ္ခုမို့ လူတိုင္းနီးပါးသည္ပင္ အဲဒါကို ၾကည့္ဖူးၾကေလရာ ။ လ်ိဳခ်န္း ၿပန္သရုပ္ေဆာင္သြားခဲ့သမ်ွတုိ့သည္ "ေၾကာက္စရာေကာင္းေသာ နဂါး" မွ အဲဒီအခန္းကို ခ်က္ခ်င္းဆုိသလိုပင္ ၿပန္လည္ အမွတ္ရသြားေစ ေတာ့ၿပီ ။

ဒီအခိုက္၀ယ္၊ အခုလက္ရွိရွိေနသည့္ လ်ိဳခ်န္းသည္
သူ့အား ဟုိးအဆံုးထိေရာက္ေအာင္ တြန္းပို့ေပးခံခဲ့ရသည့္ ဇာတ္ကြက္ထဲမွ လူငယ္ လင္းလ်ိဳခ်န္း ၿဖစ္သြားေလၿပီ။
လ်ိဳခ်န္းသည္ အခုေခတ္အ၀တ္အစားကို ၀တ္ဆင္ထားတာေတာင္မွ သူ့ရဲ့သရုပ္ေဆာင္သြားသည့္မူဟန္မွာ မူရင္းဇာတ္၀င္ခန္းေအာက္ ဘယ္လိုနည္းနဲ့မွ နိမ့္က်ေနၿခင္းမရွိပါေခ် -- အခုၾကည့္လုိက္ရသည္မွာ ပိုလုိ့ပင္ အသက္၀င္လႈပ္ရွားလုိ့ေနေလေသးသည္။

သို့ေသာ္၊ မန္ေနဂ်ာေလး၏ ရန္လုိေနမႈသည္ကား ဆက္လက္ရွိလုိ့
ေနဆဲ ၿဖစ္ရာ၊ လူတုိင္း အသံတစ္သံမွ ထြက္ၿပဳရဲၿခင္း မရွိၾကပါေခ်။ သူတို့ရဲ့မ်က္လံုးတုိ့သည္ကေတာ့ ထိုင္ခံုေပၚတြင္ တိတ္ဆိတ္စြာ ထုိင္ေနသည့္ သူထံတြင္သာ ။

လ်ိဳခ်န္း သရုပ္ေဆာင္သြားတာက ေတာ္ေတာ္ၾကီးကို ေကာင္းလြန္းေနၿပီ။ ဒါဆို သူ ေအာင္သြားနုိင္ၿပီ မွတ္လား။

လ်ိဳခ်န္း၊ အနညး္ငယ္ စိတ္ကို ၿငိမ္ေအာင္ လုပ္ၿပီးသည့္ေနာက္မွ ဇာတ္ေကာင္ထဲကေန ထြက္လုိက္ပါေတာ့သည္။ သူ့ရဲ့အနားက အေငြ့အသက္တုိ့သည္လညး္ ရုတ္ၿခည္းဆုိသလုိပင္ ေပ်ာက္ကြယ္ သြားေတာ့ၿပီး သူ့ရဲ့နဂိုပံုစံကို ၿပန္လည္ေရာက္ရွိသြားေတာ့ေလၿပီ။

သူ၊ သူ့ရဲ့မန္ေနဂ်ာအား စိတ္မေအးစြာ စိုက္ၾကည့္လုိက္ပါ၏။
သူ့၇ဲ့ ကုိယ္ခႏၶာသည္ကေတာ့ ေနရာမွာ ေတာင့္ေတာင့္ၾကီး ရပ္ေနခဲ့မိသည့္အတုိင္းသားပင္ ေတာင့္တင္းလုိ့ေနလ်က္။

ဒါသည္ကား သူ့ရဲ့ေနာက္ဆံုးေသာ တရားစီရီခ်က္အေၿဖအတြက္ ေနရာမွာတင္ မတ္တပ္ရပ္ေနရသည့္အလားပင္...

တခန တိတ္ဆိတ္သြားၿပီးသည့္ေနာက္၊
တေၿဖးေၿဖးခ်င္း မတ္တပ္ထရပ္လာပါသည့္
ရီ ၀မ္၀မ္ ။

လူတိုင္းရဲ့အၾကည့္ေအာက္မွာ သူမ၊ ေၿဖးညင္းစြာပင္ ဆယ္ေက်ာ္သက္လူငယ္ေလးဆီ ေလွ်ာက္သြားေလသည္။

သူမ နီးကပ္သြားသည္နွင့္ လူငယ္ေလးမွာ ပိုလို့ပိုလို့ပင္ စိတ္လႈပ္ရွားလာကာ ပိုလုိ့ပင္ေတာင့္တင္းသြားရပါေတာ့၏။ သူ့ရဲ့၀င္သက္ထြက္သက္တုိ့သည္ပင္ မန္ေနဂ်ာ၏ေအးစက္စက္ အမူအရာကို ၾကည့္ေနရာမွ ရပ္တန့္သြားေတာ့မည့္အလား။

ေနာက္ဆံုးတြင္ေတာ့၊ ရီ၀မ္၀မ္၊ လူငယ္ေလး၏အေရွ့တည့္တည့္တြင္ မတ္တပ္ရပ္လုိက္ပါ၏။ သူမ၏လက္ကို ဆန့္ထုတ္ကာ လူငယ္ေလး၏ နူးညံ့လွသည့္ အနက္ေရာင္ဆံပင္ကို ထိကိုင္လုိက္ၿပီး၊ အရည္ေပ်ာ္က် ေတာ့မည့္ ေရခဲတံုးအလားပမာ ေပ်ာ့ေပ်ာင္းစြာေသာ ေလသံၿဖင့္
သူမ ေၿပာလိုက္ပါ၏။
"ေတြ့လား၊ မငး္ ေကာင္းေကာငး္ လုပ္နုိင္တာပဲ"

လ်ိဳခ်န္း၏မ်က္နွာ ဗလာဟင္းလင္း ၿဖစ္သြားရေတာ့ေလသည္။ သူ့ရဲ့ေတာက္ပသည့္ မ်က္၀န္းတုိ့မွာ ၀ုိင္းစက္သြားၿပီး ေနာက္တစ္စကၠန့္၊ သူ ငံု့ခ်လိုက္သည့္ သူ့ရဲ့မ်က္နွာေခ်ာေခ်ာေလးဆီကေန မ်က္ရည္ေတြ စတင္စီးက်လာေတာ့ၿပီး တိတ္တိတ္ေလး ငိုေၾကြးလုိ့ ေနပါေတာ့၏....

ရီ၀မ္၀မ္၊ ဒီတံုံ့ၿပန္မႈကို လံုး၀ကို ေမွ်ာ္လင့္မထားခဲ့သည္တည္းမုိ့၊ လူငယ္ေလးရဲ့ဆံပင္ေပၚက သူမလက္တုိ့ပင္ ေတာင့္တင္းသြားရ ေတာ့ေလသည္။

အာ...ငါ အပိုေတြမ်ား လုပ္မိသြားတာလား။

သူက ဘာလုိ့ ငိုေနရတာလဲ။

ငါ သူ့ကို ငိုေအာင္ လုပ္လုိက္မိၿပီ။

ငါက အဲ့ေလာက္ၾကီးေတာင္မွ ေၾကာက္ဖုိ့ေကာင္းသြားလုိ့လား။

ငါ ခုနက တကယ္ၾကီး ေၾကာက္စရာေကာင္းသြားခဲ့တာလား။

ရီ၀မ္၀မ္၏နွလံုးသားေလးမွာ အက်ပ္ရုိက္လုိ့ေနေလ၏။ သို့ေသာ္၊ သူမသည္ သူမ၏ဂုဏ္သိကၡာ၊ ပံုရိပ္ကိုေတာ့ ထိန္းသိမ္းရဦးမည္တည္း ၿဖစ္ေလရာ ၊ သူမ အမူအရာမဲ့စြာၿဖင့္ပင္ သူ့ထံ လက္ကိုင္ပ၀ါတစ္ထည္ ကမ္းေပးလုိက္ပါေတာ့၏။ ေနာက္၊ ေအးစက္စြာၿဖင့္ ေၿပာလုိက္သည္ ္ကား။
"မင္းက ဘာလို့မ်ား ငိုေနရတာလဲ။ ေယာက္်ားအစစ္ေတြက ဒီလိုလြယ္လြယ္နဲ့ မငိုတတ္ၾကဘူး"

လ်ိဳခ်န္း၊ ငိုေၾကြးရင္းကေန က်ြတ္ထိုးလုိ့ေနရင္း ။
ေခါငး္ညိတ္ၿပလာကာ သူမထံကေန လက္ကိုင္ပ၀ါကို
ဂရုတစိုက္ၿဖင့္ ယူလုိက္ပါ၏။ ေနာက္၊
သူ့ရဲ့မ်က္ရည္တုိ့အား လ်င္ၿမန္စြာ သုတ္ပစ္လုိ္က္ေတာ့ၿပီး။

💖💖💖💖💖💖💖💖💖💖💖

စာစဥ္ ၁၂၊ အခန္း ၁၆။
ၿခေသၤ့တစ္ေကာင္က ဘယ္ေတာ့မွ ေခြးေဟာင္တုိင္း ထမၾကည့္ဘူး။

ရံုးခန္းထဲတြင္။

"မငး္ သုိင္းပညာသင္ယူဖူးလား"
ရီ၀မ္၀မ္ ေမးလုိက္ပါ၏။

လ်ိဳခ်န္း သူ့နႈတ္ခမ္းတုို့ကို ဖိကုိက္လိုက္ၿပီး။
"နည္းနညး္ပါ၊ ဒါေပမယ့္..."

အရင္တုန္းက သူသည္ "ေၾကာက္စရာေကာင္းေသာ နဂါး" ဇာတ္လမး္ကို ရုိက္ဖို့ရာအတြက္ အနည္းအက်ဥ္းသင္ယူထားခဲ့၇ပါ၏။ သို့ေသာ္လညး္၊ ဒါသည္ လြန္ခဲ့သည့္ ၃ႏွစ္အၾကာက ၿဖစ္ေနသည္ ။

ရီ၀မ္၀မ္၊ သူ့အား အခ်ိန္ဇယားတစ္ခုကို ကမ္းေပးလိုက္ပါ၏။
"မငး္ ေလ့လာထားတာက အခ်ိန္အရမး္ၾကီး ၾကာေနၿပီဆုိေတာ့ မင္းအတြက္ စိမ္းရင္စိမ္းေနေလာက္ၿပီ။ ငါ မင္းအတြက္ သိုင္းသင္တန္းတစ္ခ်ိဳ့ စီစဥ္ေပးထားတယ္္။ အခုရက္ပိုင္းအတြင္း သိုင္းေလ့က်င့္တာကိုပဲ အာရံုစိုက္ထား။ ဘာကုိမွ အာရံုထဲမထည့္ထားနဲ့။ အေရးၾကီးဆံုးက အဲဒီဘာမဟုတ္တဲ့လူေတြကုိ အာရံုထဲ မထည့္ထားဖို့ပဲ ။ ၿခေသ့ၤတစ္ေကာင္က ဘယ္ေတာ့မွ ေခြးေဟာင္တုိင္း ထမၾကည့္ဘူး၊ ဟုတ္ပီလား"

ေလးေလးနက္နက္ပင္ ေခါငး္ညိတ္ၿပလာပါသည့္ လ်ိဳခ်န္း။ ေမးခြန္းထုတ္ၿခင္းမရွိဘဲ အခ်ိန္ဇယားကို ယူလုိက္ပါ၏။ တၿခားေသာမန္ေနဂ်ာေတြက သူတုိ့ရဲ့သရုပ္ေဆာင္ေတြအတြက္ သီခ်င္းဆုိဖို့၊ ကဖို့ရာ သင္တန္းလုပ္ေပးေနၾကခ်ိန္မွာ သူ့ရဲ့မန္ေနဂ်ာသည္ကေတာ့ ဘာေၾကာင့္မ်ား သူ့အား သိုင္းသင္တန္းကို သြားေစသလဲဆုိသည္ကုိ သူ ေမးၿမန္းၿခင္းမၿပဳလာေခ်။

ထို့တူ ရီ၀မ္၀မ္ ယေန့ ဘာေၾကာင့္မို့ သူ့အား ဇာတ္၀င္ခန္းကို သရုပ္ေဆာင္ေစသလဲဆုိသည္ကိုလညး္ ေမးၿမန္းၿခင္းမရွိပါေခ်။

လ်ိဳခ်န္း ဘယ္ေလာက္ေတာင္ နာခံလြယ္သလဲဆုိသည္ကုိ ၿမင္လုိက္ရသည့္ခ်ိန္၊ ရီ၀မ္၀မ္ရဲ့နွလံုးသားေလး နူးညံ့ေပ်ာ့ေပ်ာင္း သြားရေတာ့ေလသည္။
"မင္းမွာ အခုေတာ့ အဖြဲ့ရနုိင္ဦးမွာ မဟုတ္ဘူး။ အခုေတ့ာ ကုမၸဏီထဲမွာပဲ ၀န္ထမ္းေတြနဲ့ အလုပ္တြဲလုပ္ရဦးမွာပဲ။ ေနာက္က်ရင္ေတာ့ မင္းမွာ မငး္ရဲ့ကိုယ္ပုိင္အသင္းအဖြဲ့တစ္ခု ရလာလိမ့္မယ္"

သူမရဲ့စကားတုို့မွာ ကတိစကားတစ္ခြန္းနွင့္ ဆင္လွပါ၏။
သုို့ေသာ္၊ ဒါသည္ အိပ္မက္ေပးသည္နွင့္ ပိုလုိ့တူလွေပသည္ --
သူ ၾကီးၾကီးမားမားလုပ္လာေစနုိင္သည့္ အိပ္မက္တစ္ခု။

အနွီသူ၏ေအးစက္ေအးခဲသည့္ မ်က္နွာကို ၾကည့္ေနပါသည့္ လ်ိဳခ်န္း၊ သူ့ရဲ့ညိႈးနြမ္းေသသြားေတာ့မည့္ နွလံုးအိမ္ထဲ၀ယ္ ေနြးေထြးမႈေလး တစ္ခုကို ခံစားလုိက္ရေတာ့ေလသည္....

....

ေနာက္တစ္ခနတြင္ကား လ်ိဳခ်န္း ။ သူ့ရဲ့မူရင္း အရင္ဘ၀ကို ၿပန္ေရာက္လို့သြားခဲ့ေခ်ၿပီ။ ေဆးရံုသုိ့ သူ့အေမဆီ သြားသြားေတြ့ သည္ကလြဲလုိ့ ကုမၸဏီက သုိင္းသင္တန္းကို သြားေနရေတာ့၏။

ကုမဏီ၌္၊ လူတုိင္းသည္ ရီပိုင္ ဘာေတြလုပ္ခ်ၿပလာလိမ့္မည္ လဲဆုိသည္ကုိ စိတ္၀င္တစားေစာင့္ၾကည့္လုိ့ေနၾကပါ၏။ အဆံုးသတ္တြင္ေတာ့၊ လ်ိဳခ်န္းသည္ ဗြီဒီယုိ ကုိ ရုိက္ၿပီးသြား သည့္ေနာက္တြင္ ေန့တုိင္းေန့တုိင္း ထရိန္နင္သင္တန္းသိုု့ သြားတက္ေနရသည္ကလြဲလုိ့ ဘာမွလုပ္ရၿခင္း မရွိပါေခ်။

ရီပုိ္င္က ဘာလို့မ်ား သူ့ရဲ့သရုပ္ေဆာင္ကို သိုင္းသင္တန္း တက္ခုိင္းေနရတာလဲ။ ဒါ အခ်ိန္ၿဖဳန္းရာမက်ဘူးလား။
သူ သိုင္းသရုပ္ေဆာင္တစ္ေယာက္ၿဖစ္ဖုိ့ ၿပင္ဆင္ေနတာမ်ားလား။

သူ ့ လုပ္ပံုေတြက တကယ္ၾကီးကို လိုက္မမွီေတာ့ဘူး...

လ်ိဳခ်န္း၊ သူ့အနားက ထူးဆန္းအံ့ၿသေနေသာ အၾကည့္ေတြ၊ အတင္းအဖ်ငး္စကားေတြကို လ်စ္လ်ဴရႈထားလုိက္ၿပီး ေန့တုိင္းေန့တိုင္း သူ လုပ္စရာရွိသည္တုိ့ကိုိသာ လုပ္ေဆာင္လုိ့ေနပါ၏။

တစ္ခ်ိန္တည္းမွာပင္၊ လင္းေဟာင္သည္ကား လူငယ္အုိင္ေဒါဒရမ္မာ ဇာတ္လမ္းတြဲတြင္ အဓိကသရုပ္ေဆာင္ေနရာကို ယူထားရေခ်သည္။

ဒီေလာကထဲ ၀င္ေရာက္လာ၊ လူထုနွင့္ ေတြ့ဆံုမိတ္ဆက္ပြဲ ၿပဳလုပ္ထား တာ သိပ္မၾကာေသးေသာ္လည္း အဓိကသရုပ္ေဆာင္ေနရာကေန ပါ၀င္သရုပ္ေဆာင္ခြင့္ ရနုိင္ၿခင္းက တက္သစ္စေလးေတြရဲ့ အားက်မႈကို ရဖုိ့ရာ လံုေလာက္ေနေပၿပီး လင္းေဟာင္ရဲ့အနာဂတ္သည္ကား သံသယ၀င္စရာမလိုေအာင္ကို ေတာက္ပလုိ့္ေနေလၿပီ။

ယေန့၊ လင္းေဟာင္သည္ ခါတိုင္းလုိပင္ သူ့ဆီက မ်က္နွာသာရဖုိ့ရာ ၾကိဳးစားေနၾကသည့္ တက္သစ္စေလးေတြ၊ အလုပ္သင္ေလးေတြ ၿခံရံလ်က္ ရံုးခန္းသုိ့ လာေနပါ၏။

သူ လ်ိဳခ်န္းအား ေက်ာ္သြားသည့္အခ်ိန္၊ လင္းေဟာင္၊ သြားေနရာကေန ရပ္လုိက္ေတာ့သည္။ ရီ၀မ္၀မ္ သူ့အား အရူးုလုပ္ခဲ့သည့္ အဲဒီေန့ကလုိ ၀မ္းနည္းသည့္စိတ္တုိ့ လားလားမ်ွပင္ မရွိေတာ့။ သူသည္ကား မူရင္းကိုယ္ဟန္ ေမာက္မာ၀ံံ့ၾကြားေထာင္လြွားမႈတုိ့ ရွိေနေခ်ၿပီး နိမ့္ပါးလွစြာေသာ ပုရြက္ဆိတ္ေလးတစ္ေကာင္ကို ၾကည့္သည့္အလား လ်ိဳခ်န္းအား မႈန္ကုတ္ကာအထင္ေသးစြာ ၾကည့့္လာပါ၏။ သူ့ရဲ့မ်က္နွာတြင္ကား သူ့ရဲ့အဆင့္အတန္းကို နွိမ့္ခ်ေနသည့္ စကားလံုးတုိ့ကို ေၿပာေနသည္က အထင္းသား။

လ်ိဳခ်န္း၏ေခ်ြးေတြက်ိဳက္ထားသည့္ ခႏၶာကိုယ္ကို ၿမင္လုိက္ရ သည့္အခ်ိန္၊ တက္သစ္စလူငယ္ေလးတစ္စု သူ့အား စတင္ နွာေခါငး္ရံႈ့ေၿပာဆုိလာၾကေတာ့ေလၿပီ။

"အာ၊ စီနီယာ လ်ိဳက တကယ္ကို သနားစရာေကာင္းလုိက္တာဗ်ာ။
သူ ေနာက္တစ္ခါ ထရိန္နင္ ဆင္းေနရၿပန္ၿပီ။ သူကေတာ့ အရမး္ကို အလုပ္ၾကိဳးစားလြန္းေနသလားေနာ္။ သူ့ရဲ့အနာဂတ္ကေတာ့ အတုိင္းအဆကုိ ရွိမွာမဟုတ္ေတာ့ဘူး"

"သူက ဥကၠဌ ခ်ဴး ကို ကပ္ထားတဲ့ ေခြးမန္ေနဂ်ာတစ္ေယာက္ေနာက္ကို လုိက္ေနရတာပဲကြာ ဒီေလာက္ေတာ့ ရွိမွာေပါ့။ အု၊ မွားလို့။
ငါ ေၿပာတာက သူက အရည္အခ်င္းရွိ ၊ စြမ္းေဆာင္နုိင္တဲ့ သခင္ေလးတစ္ေယာက္ေနာက္ကို လုိက္ေနရတာပါလို့"

"အေကာင္းဆံုးၾကိဳးစားထား၊ စီနီယာ လ်ိဳခ်န္း"

"စီနီယာ လ်ိဳခ်န္း၊ က်ြန္ေတာ့္ကို အကို့ရဲ့ ဓာတ္ပံုေလး ေပးထားပါဦး။ ေနာက္တစ္ခါ က်ြန္ေတာ္တုိ့ေတြ ထပ္ေတြ့ၾကရင္ အကို့ကို စကားေၿပာဖုိ့ က်ြန္ေတ္ာတုိ့မွာ အရည္အခ်င္းမရွိေတာ့မွာကို စုိးရိမ္မိလုိ့ပါဗ်ာ"

သူုတို့ေတြ ေလွာင္ေၿပာင္သေ၇ာ္၊ မေထ့တေထ့ေၿပာၿပီးသည္နွင့္
လူတုိင္း စတင္ ရယ္ေမာၾကေတာ့ေလသည္။

လ်ိဳခ်န္းသည္ကေတာ့ သူ့ရဲ့နဖူးၿပင္ထက္က ေခ်ြးတုိ့ကို သုတ္ပစ္လုိက္ရင္း။ စိတ္ခံစားခ်က္တစ္စံုတစ္ရာ မၿပလာေခ်ဘဲ လူတုိင္းအား ၿဖန့္က်က္ၾကည့္လုိက္ပါ၏။ ေနာက္ ၊ စကားတစ္ခြန္း ဆုိလာၿခင္း မရွိဘဲ ထြက္သြားေတာ့ေလသည္။

အေပၚထပ္၊ က်ိဳး၀မ္ဘင္း၏ရံုးခန္းထဲတြင္။

က်ိဳး၀မ္ဘငး္၊ အခုနကမွ ေရာက္ရွိလာခဲ့ပါသည့္
တေယာတစ္လက္ကို တီးခတ္ၾကည့္လုိ့ေနရင္းမွ
ေမးလာပါ၏။
"ဟုိေကာင္စုတ္ေလးအေၿခအေန ဘယ္လုိလဲ"

လူ၀ မန္ေနဂ်ာၾကီး လ်င္လ်င္သြက္သြက္ၿဖင့္ ၿပန္ေၿဖလာပါ၏။
"အကုိ ဘင္း၊ မစိုးရိမ္ပါနဲ့ဗ်ာ။ သူ ဘာမွကို မလုပ္ေနေသးဘူး --
သူ သက္သက္မဲ့ ၀ါၾကြားၿပေနတာပဲ ၿဖစ္မွာပါ။ အထူးတဆန္းေးတြ သရုပ္ေဆာင္နုိင္ေအာင္ ၾကိဳးစားေနရံုပဲ"

"သတိမေပ့ါနဲ့ဦး"
က်ိဳး၀မ္ဘငး္၊ လက္သင့္မခံနုိင္သည့္အၾကည့္တုိ့ၿဖင့္
သူ့အား ၾကည့္လာပါ၏။

လူ၀ၾကီးသည္ သူ့ရဲ့လက္တုိ့ၿဖင့္ အေလးၿပဳဟန္ၿပလာၿပီး
သူ့အား ေၿမွာက္ပင့္ေတာ့ေလသည္။
"အကုိ ဘင္း ေၿပာတဲ့အတုိင္းပါဗ်ာ။ အကုိက အကို ဘင္းပဲဟာ။ ဒီေလာကၾကီးထဲမွာ က်င္လည္လာတာ အနွစ္ ၂၀ ေတာင္ ေက်ာ္လာခဲ့ၿပီပဲ။ အကို မၿမင္ဖူးတာ မရွိသေလာက္ၿဖစ္ေနေရာေပါ့။ သူ့လုိမ်ိဳး လူငယ္ေလးတစ္ေယာက္က အကို့ကို ၿဖိဳနုိင္မွာတဲ့လား။ ဒက္ဇလင္းဆုိတာက အကုိ့အေပၚမွာ မွီခုိေနရတာဆုိတာကို
ဥကၠဌ ခ်ဴး အေနွးနဲ့အၿမန္ပဲ သိသြားရေတာ့မွာပါ"

ဒီအေၿမွာက္အပင့္စကားလံုးတုိ့ကို နားေထာင္လုိက္ရရာ
က်ိဳး၀မ္ဘင္း၏ စိတ္အေၿခအေနတုိ့ တုိးတက္သြားခဲ့ေလၿပီ။
သူ ထံုးစံအတုိင္း ေမးလာပါ၏။
"ကုန္ရြွီေရာ အခုတေလာ ဘယ္လုိေနလဲ"

"အကုိ ဘငး္၊ စိတ္မပူပါနဲ့။ ကုန္ရြွီ ေတာ္ေတ္ာေလးကို လိမၼာေနၿပီးေတာ့ ဘာၿပသနာမွ မရွာတာ ေတာ္ေတာ္ေတာင္ ၾကာေနၿပီ။ အရင္တုန္းက အရႈပ္ထုပ္ေတြလညး္ ၿငိမ္က်သြားပါၿပီ။ ဒီရက္ပုိင္းအတြင္း သူ ၿပန္ေပၚလာလို့ ရနုိင္ေလာက္ၿပီ...."

"အင္း" က်ိဳး၀မ္ဘငး္၊ သူ့လက္ထဲက တေယာကို အသာအယာခ်လိုက္ၿပီး စိတ္ေက်နပ္သြားဟန္ၿဖင့္ ေခါငး္ညိတ္ၿပလာပါ၏။

💖💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

.........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 12
Chapter. : 15 + 16
Original novel : Perfect Secret Love
Translator. : Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၂၊ အခန်း ၁၅။ သူ့အား ငိုစေပြီ

"ငါ့တစ်ဘဝလုံး ငါ လူတွေအပေါ် ကြင်နာပေးခဲ့တယ်။ အဲဒါတောင်မှ လူတိုင်းက ငါ့ကို လှည့်စားနေကြပြီး ထိုးနှက်နေကြတယ်...ငါ ကောင်းကင်နဲ့မြေကြီး ကို သစ္စာဆိုထားတာတောင် အဲဒီကောင်းကင်ဘုံ နဲ့ မြေကြီးက ငါ့ကို လျစ်လျူရှုထားတယ် ။ ငါ့ကို မုန်းနေခဲ့တယ်..."

စကားပြောနေရင်းမှာပင်၊ ဆယ်ကျော်သက်လေး ။
ရုတ်တရက် စတင်ရယ်ချလာပါ၏။ သူ့ရဲ့အပြုံးသည်ကား
ဆူးတို့နှင့် ကာရံထားလေသည၊့် ပွင့်လန်းနေသောပန်းတစ်ပွင့်အလား ။

သူသည်ကား စတူဒီယိုကွင်းထဲတွင် မတ်တပ်ရပ်နေခြင်း ဖြစ်ပါ၏။ သို့သော်၊ သူ့အား လေမှားတိုက်သွားသလားဟုပင် ထင်ရပေသည်။
သူ့ရဲ့သန့်ရှင်းပြီး အပြစ်ကင်းစင်သည့် မျက်နှာသည် နူးညံံ့သည့် ခံစားချက်ကြီးတစ်ခုကို ပေးစွမ်းလို့နေလျက်။
သူသည် လူတိုင်းရဲ့စိတ်ခံစားချက်တို့ိကို လှုပ်ယမ်းပစ်ခဲ့ချေပြီ။ သူ့ရဲ့မှုန်မှိုင်းနေသည့် မျက်ဝန်းတို့်မှာ လျှံကျနေသည့် ရူးသွပ်မှု၊ ဒေါသအနည်းငယ်ဖြင့် သူ ပြောလာပါ၏ ။
"ဒီနေ့ကစလို့၊ ငါကသာ င့ါကို တားဆီးနိုင်တဲ့သူပဲ။ သတ်ပစ်မယ် -- ဘယ်သူ့ကိုမှ အရှင်မထားဘူး။ ဒီကမ္ဘာပေါ်က လူတိုင်းကို အကုန်သတ်ပစ်မယ်။ ကမ္ဘာကြီးက ငါ့ကို ငြင်းဆန်တယ်၊ ငါ...."

"ဒီစကြဝဠာကြီးကို ဖျက်ဆီးပစ်မယ်"

သူ ဒီနောက်ဆုံးသောစာသားကို ပြောလိုက်သည့်အခိုက်၊ ကြောက်စရာကောင်းလှစွာသော တစ်စုံတစ်ရာသည် အချုပ်အနှောင်တွေကနေ ထွက်မြောက်ကျိုးကျလာသည့်အလား။ တစ်စက္ကန့်လေးအတွင်းမှာပင် သူ့ရဲ့ခန္ဓာကိုယ်ထဲကနေ လွတ်မြောက်လာပြီး ဟိုးအထက်ကို တစ်ဟုန်ထိုး စုန်တက်သွားလေသည့်နှယ်။

တိတ်ဆိတ်မှု....

စတူဒီယိုထဲက လူတိုင်း အံ့အားသင့်ကြောင်အမ်းတွေဝေသွားကြလေပြီ။ သူတို့တွေ တခြားလူတစ်ယောက်နှယ် လုံးဝပြောင်းလဲသွားဟန်တူသော လျိုချန်းအား စိုက်ကြည့်နေကြပါ၏ ။

သူသည်ကား သေချာပေါက်ကို တစ်ယောက်တည်းပင် ။
သို့တိုင် အဲဒီမျက်နှာ။ ဘယ်လို...ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ကြောက်ဖို့ကောင်းသွားရတာလဲ...

အချိန်ဘယ်လောက်မှန်းမသိ ကုန်လွန်သွားလေပြီးသည့် နောက်ဆုံး တွင်မှ လူတိုင်း အသိပြန်ဝင်သွားနိုင်ကြတော့သည်။ ပြီး၊ အခုနက လျိုချန်းသည် သရုပ်ဆောင်ပြနေခြင်းဖြစ်ကြောင်းကို နားလည်သဘော ပေါက်သွားကြပါတော့၏ -- သူသည် "ကြောက်စရာကောင်းသော နဂါး" ဇာတ်ဝင်ခန်းမှ အခန်းတစ်ခန်းကို ပြန်လည်သရုပ်ဆောင်ပြနေခြင်းသာ ဖြစ်ပါ၏။

ဒါက အရမ်း....အရမ်းကို တုန်လှုပ်စရာကောင်းလိုက်တာ....

အရင်တုန်းက "ကြောက်စရာကောင်းသော နဂါး" သည် ဟစ်တိုင်ကြီး တစ်ခုမို့ လူတိုင်းနီးပါးသည်ပင် အဲဒါကို ကြည့်ဖူးကြလေရာ ။ လျိုချန်း ပြန်သရုပ်ဆောင်သွားခဲ့သမျှတို့သည် "ကြောက်စရာကောင်းသော နဂါး" မှ အဲဒီအခန်းကို ချက်ချင်းဆိုသလိုပင် ပြန်လည် အမှတ်ရသွားစေ တော့ပြီ ။

ဒီအခိုက်ဝယ်၊ အခုလက်ရှိရှိနေသည့် လျိုချန်းသည်
သူ့အား ဟိုးအဆုံးထိရောက်အောင် တွန်းပို့ပေးခံခဲ့ရသည့် ဇာတ်ကွက်ထဲမှ လူငယ် လင်းလျိုချန်း ဖြစ်သွားလေပြီ။
လျိုချန်းသည် အခုခေတ်အဝတ်အစားကို ဝတ်ဆင်ထားတာတောင်မှ သူ့ရဲ့သရုပ်ဆောင်သွားသည့်မူဟန်မှာ မူရင်းဇာတ်ဝင်ခန်းအောက် ဘယ်လိုနည်းနဲ့မှ နိမ့်ကျနေခြင်းမရှိပါချေ -- အခုကြည့်လိုက်ရသည်မှာ ပိုလို့ပင် အသက်ဝင်လှုပ်ရှားလို့နေလေသေးသည်။

သို့သော်၊ မန်နေဂျာလေး၏ ရန်လိုနေမှုသည်ကား ဆက်လက်ရှိလို့
နေဆဲ ဖြစ်ရာ၊ လူတိုင်း အသံတစ်သံမှ ထွက်ပြုရဲခြင်း မရှိကြပါချေ။ သူတို့ရဲ့မျက်လုံးတို့သည်ကတော့ ထိုင်ခုံပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည့် သူထံတွင်သာ ။

လျိုချန်း သရုပ်ဆောင်သွားတာက တော်တော်ကြီးကို ကောင်းလွန်းနေပြီ။ ဒါဆို သူ အောင်သွားနိုင်ပြီ မှတ်လား။

လျိုချန်း၊ အနည်းငယ် စိတ်ကို ငြိမ်အောင် လုပ်ပြီးသည့်နောက်မှ ဇာတ်ကောင်ထဲကနေ ထွက်လိုက်ပါတော့သည်။ သူ့ရဲ့အနားက အငွေ့အသက်တို့သည်လည်း ရုတ်ခြည်းဆိုသလိုပင် ပျောက်ကွယ် သွားတော့ပြီး သူ့ရဲ့နဂိုပုံစံကို ပြန်လည်ရောက်ရှိသွားတော့လေပြီ။

သူ၊ သူ့ရဲ့မန်နေဂျာအား စိတ်မအေးစွာ စိုက်ကြည့်လိုက်ပါ၏။
သူ့ရဲ့ ကိုယ်ခန္ဓာသည်ကတော့ နေရာမှာ တောင့်တောင့်ကြီး ရပ်နေခဲ့မိသည့်အတိုင်းသားပင် တောင့်တင်းလို့နေလျက်။

ဒါသည်ကား သူ့ရဲ့နောက်ဆုံးသော တရားစီရီချက်အဖြေအတွက် နေရာမှာတင် မတ်တပ်ရပ်နေရသည့်အလားပင်...

တခန တိတ်ဆိတ်သွားပြီးသည့်နောက်၊
တဖြေးဖြေးချင်း မတ်တပ်ထရပ်လာပါသည့်
ရီ ဝမ်ဝမ် ။

လူတိုင်းရဲ့အကြည့်အောက်မှာ သူမ၊ ဖြေးညင်းစွာပင် ဆယ်ကျော်သက်လူငယ်လေးဆီ လျှောက်သွားလေသည်။

သူမ နီးကပ်သွားသည်နှင့် လူငယ်လေးမှာ ပိုလို့ပိုလို့ပင် စိတ်လှုပ်ရှားလာကာ ပိုလို့ပင်တောင့်တင်းသွားရပါတော့၏။ သူ့ရဲ့ဝင်သက်ထွက်သက်တို့သည်ပင် မန်နေဂျာ၏အေးစက်စက် အမူအရာကို ကြည့်နေရာမှ ရပ်တန့်သွားတော့မည့်အလား။

နောက်ဆုံးတွင်တော့၊ ရီဝမ်ဝမ်၊ လူငယ်လေး၏အရှေ့တည့်တည့်တွင် မတ်တပ်ရပ်လိုက်ပါ၏။ သူမ၏လက်ကို ဆန့်ထုတ်ကာ လူငယ်လေး၏ နူးညံ့လှသည့် အနက်ရောင်ဆံပင်ကို ထိကိုင်လိုက်ပြီး၊ အရည်ပျော်ကျ တော့မည့် ရေခဲတုံးအလားပမာ ပျော့ပျောင်းစွာသော လေသံဖြင့်
သူမ ပြောလိုက်ပါ၏။
"တွေ့လား၊ မင်း ကောင်းကောင်း လုပ်နိုင်တာပဲ"

လျိုချန်း၏မျက်နှာ ဗလာဟင်းလင်း ဖြစ်သွားရတော့လေသည်။ သူ့ရဲ့တောက်ပသည့် မျက်ဝန်းတို့မှာ ဝိုင်းစက်သွားပြီး နောက်တစ်စက္ကန့်၊ သူ ငုံ့ချလိုက်သည့် သူ့ရဲ့မျက်နှာချောချောလေးဆီကနေ မျက်ရည်တွေ စတင်စီးကျလာတော့ပြီး တိတ်တိတ်လေး ငိုကြွေးလို့ နေပါတော့၏....

ရီဝမ်ဝမ်၊ ဒီတုံံ့ပြန်မှုကို လုံးဝကို မျှော်လင့်မထားခဲ့သည်တည်းမို့၊ လူငယ်လေးရဲ့ဆံပင်ပေါ်က သူမလက်တို့ပင် တောင့်တင်းသွားရ တော့လေသည်။

အာ...ငါ အပိုတွေများ လုပ်မိသွားတာလား။

သူက ဘာလို့ ငိုနေရတာလဲ။

ငါ သူ့ကို ငိုအောင် လုပ်လိုက်မိပြီ။

ငါက အဲ့လောက်ကြီးတောင်မှ ကြောက်ဖို့ကောင်းသွားလို့လား။

ငါ ခုနက တကယ်ကြီး ကြောက်စရာကောင်းသွားခဲ့တာလား။

ရီဝမ်ဝမ်၏နှလုံးသားလေးမှာ အကျပ်ရိုက်လို့နေလေ၏။ သို့သော်၊ သူမသည် သူမ၏ဂုဏ်သိက္ခာ၊ ပုံရိပ်ကိုတော့ ထိန်းသိမ်းရဦးမည်တည်း ဖြစ်လေရာ ၊ သူမ အမူအရာမဲ့စွာဖြင့်ပင် သူ့ထံ လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်ပါတော့၏။ နောက်၊ အေးစက်စွာဖြင့် ပြောလိုက်သည် ်ကား။
"မင်းက ဘာလို့များ ငိုနေရတာလဲ။ ယောက်ျားအစစ်တွေက ဒီလိုလွယ်လွယ်နဲ့ မငိုတတ်ကြဘူး"

လျိုချန်း၊ ငိုကြွေးရင်းကနေ ကျွတ်ထိုးလို့နေရင်း ။
ခေါင်းညိတ်ပြလာကာ သူမထံကနေ လက်ကိုင်ပဝါကို
ဂရုတစိုက်ဖြင့် ယူလိုက်ပါ၏။ နောက်၊
သူ့ရဲ့မျက်ရည်တို့အား လျင်မြန်စွာ သုတ်ပစ်လိုက်တော့ပြီး။

💖💖💖💖💖💖💖💖💖💖💖

စာစဉ် ၁၂၊ အခန်း ၁၆။
ခြင်္သေ့တစ်ကောင်က ဘယ်တော့မှ ခွေးဟောင်တိုင်း ထမကြည့်ဘူး။

ရုံးခန်းထဲတွင်။

"မင်း သိုင်းပညာသင်ယူဖူးလား"
ရီဝမ်ဝမ် မေးလိုက်ပါ၏။

လျိုချန်း သူ့နှုတ်ခမ်းတို့ကို ဖိကိုက်လိုက်ပြီး။
"နည်းနည်းပါ၊ ဒါပေမယ့်..."

အရင်တုန်းက သူသည် "ကြောက်စရာကောင်းသော နဂါး" ဇာတ်လမ်းကို ရိုက်ဖို့ရာအတွက် အနည်းအကျဉ်းသင်ယူထားခဲ့၇ပါ၏။ သို့သော်လည်း၊ ဒါသည် လွန်ခဲ့သည့် ၃နှစ်အကြာက ဖြစ်နေသည် ။

ရီဝမ်ဝမ်၊ သူ့အား အချိန်ဇယားတစ်ခုကို ကမ်းပေးလိုက်ပါ၏။
"မင်း လေ့လာထားတာက အချိန်အရမ်းကြီး ကြာနေပြီဆိုတော့ မင်းအတွက် စိမ်းရင်စိမ်းနေလောက်ပြီ။ ငါ မင်းအတွက် သိုင်းသင်တန်းတစ်ချို့ စီစဉ်ပေးထားတယ်။ အခုရက်ပိုင်းအတွင်း သိုင်းလေ့ကျင့်တာကိုပဲ အာရုံစိုက်ထား။ ဘာကိုမှ အာရုံထဲမထည့်ထားနဲ့။ အရေးကြီးဆုံးက အဲဒီဘာမဟုတ်တဲ့လူတွေကို အာရုံထဲ မထည့်ထားဖို့ပဲ ။ ခြသေ့ၤတစ်ကောင်က ဘယ်တော့မှ ခွေးဟောင်တိုင်း ထမကြည့်ဘူး၊ ဟုတ်ပီလား"

လေးလေးနက်နက်ပင် ခေါင်းညိတ်ပြလာပါသည့် လျိုချန်း။ မေးခွန်းထုတ်ခြင်းမရှိဘဲ အချိန်ဇယားကို ယူလိုက်ပါ၏။ တခြားသောမန်နေဂျာတွေက သူတို့ရဲ့သရုပ်ဆောင်တွေအတွက် သီချင်းဆိုဖို့၊ ကဖို့ရာ သင်တန်းလုပ်ပေးနေကြချိန်မှာ သူ့ရဲ့မန်နေဂျာသည်ကတော့ ဘာကြောင့်များ သူ့အား သိုင်းသင်တန်းကို သွားစေသလဲဆိုသည်ကို သူ မေးမြန်းခြင်းမပြုလာချေ။

ထို့တူ ရီဝမ်ဝမ် ယနေ့ ဘာကြောင့်မို့ သူ့အား ဇာတ်ဝင်ခန်းကို သရုပ်ဆောင်စေသလဲဆိုသည်ကိုလည်း မေးမြန်းခြင်းမရှိပါချေ။

လျိုချန်း ဘယ်လောက်တောင် နာခံလွယ်သလဲဆိုသည်ကို မြင်လိုက်ရသည့်ချိန်၊ ရီဝမ်ဝမ်ရဲ့နှလုံးသားလေး နူးညံ့ပျော့ပျောင်း သွားရတော့လေသည်။
"မင်းမှာ အခုတော့ အဖွဲ့ရနိုင်ဦးမှာ မဟုတ်ဘူး။ အခုတေ့ာ ကုမ္ပဏီထဲမှာပဲ ဝန်ထမ်းတွေနဲ့ အလုပ်တွဲလုပ်ရဦးမှာပဲ။ နောက်ကျရင်တော့ မင်းမှာ မင်းရဲ့ကိုယ်ပိုင်အသင်းအဖွဲ့တစ်ခု ရလာလိမ့်မယ်"

သူမရဲ့စကားတို့မှာ ကတိစကားတစ်ခွန်းနှင့် ဆင်လှပါ၏။
သို့သော်၊ ဒါသည် အိပ်မက်ပေးသည်နှင့် ပိုလို့တူလှပေသည် --
သူ ကြီးကြီးမားမားလုပ်လာစေနိုင်သည့် အိပ်မက်တစ်ခု။

အနှီသူ၏အေးစက်အေးခဲသည့် မျက်နှာကို ကြည့်နေပါသည့် လျိုချန်း၊ သူ့ရဲ့ညှိုးနွမ်းသေသွားတော့မည့် နှလုံးအိမ်ထဲဝယ် နွေးထွေးမှုလေး တစ်ခုကို ခံစားလိုက်ရတော့လေသည်....

....

နောက်တစ်ခနတွင်ကား လျိုချန်း ။ သူ့ရဲ့မူရင်း အရင်ဘဝကို ပြန်ရောက်လို့သွားခဲ့ချေပြီ။ ဆေးရုံသို့ သူ့အမေဆီ သွားသွားတွေ့ သည်ကလွဲလို့ ကုမ္ပဏီက သိုင်းသင်တန်းကို သွားနေရတော့၏။

ကုမဏီ၌်၊ လူတိုင်းသည် ရီပိုင် ဘာတွေလုပ်ချပြလာလိမ့်မည် လဲဆိုသည်ကို စိတ်ဝင်တစားစောင့်ကြည့်လို့နေကြပါ၏။ အဆုံးသတ်တွင်တော့၊ လျိုချန်းသည် ဗွီဒီယို ကို ရိုက်ပြီးသွား သည့်နောက်တွင် နေ့တိုင်းနေ့တိုင်း ထရိန်နင်သင်တန်းသို့ သွားတက်နေရသည်ကလွဲလို့ ဘာမှလုပ်ရခြင်း မရှိပါချေ။

ရီပိုင်က ဘာလို့များ သူ့ရဲ့သရုပ်ဆောင်ကို သိုင်းသင်တန်း တက်ခိုင်းနေရတာလဲ။ ဒါ အချိန်ဖြုန်းရာမကျဘူးလား။
သူ သိုင်းသရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်နေတာများလား။

သူ့ လုပ်ပုံတွေက တကယ်ကြီးကို လိုက်မမှီတော့ဘူး...

လျိုချန်း၊ သူ့အနားက ထူးဆန်းအံ့သြနေသော အကြည့်တွေ၊ အတင်းအဖျင်းစကားတွေကို လျစ်လျူရှုထားလိုက်ပြီး နေ့တိုင်းနေ့တိုင်း သူ လုပ်စရာရှိသည်တို့ကိုသာ လုပ်ဆောင်လို့နေပါ၏။

တစ်ချိန်တည်းမှာပင်၊ လင်းဟောင်သည်ကား လူငယ်အိုင်ဒေါဒရမ်မာ ဇာတ်လမ်းတွဲတွင် အဓိကသရုပ်ဆောင်နေရာကို ယူထားရချေသည်။

ဒီလောကထဲ ဝင်ရောက်လာ၊ လူထုနှင့် တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်ထား တာ သိပ်မကြာသေးသော်လည်း အဓိကသရုပ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခွင့် ရနိုင်ခြင်းက တက်သစ်စလေးတွေရဲ့ အားကျမှုကို ရဖို့ရာ လုံလောက်နေပေပြီး လင်းဟောင်ရဲ့အနာဂတ်သည်ကား သံသယဝင်စရာမလိုအောင်ကို တောက်ပလို့်နေလေပြီ။

ယနေ့၊ လင်းဟောင်သည် ခါတိုင်းလိုပင် သူ့ဆီက မျက်နှာသာရဖို့ရာ ကြိုးစားနေကြသည့် တက်သစ်စလေးတွေ၊ အလုပ်သင်လေးတွေ ခြံရံလျက် ရုံးခန်းသို့ လာနေပါ၏။

သူ လျိုချန်းအား ကျော်သွားသည့်အချိန်၊ လင်းဟောင်၊ သွားနေရာကနေ ရပ်လိုက်တော့သည်။ ရီဝမ်ဝမ် သူ့အား အရူးုလုပ်ခဲ့သည့် အဲဒီနေ့ကလို ဝမ်းနည်းသည့်စိတ်တို့ လားလားမျှပင် မရှိတော့။ သူသည်ကား မူရင်းကိုယ်ဟန် မောက်မာဝံံ့ကြွားထောင်လွှားမှုတို့ ရှိနေချေပြီး နိမ့်ပါးလှစွာသော ပုရွက်ဆိတ်လေးတစ်ကောင်ကို ကြည့်သည့်အလား လျိုချန်းအား မှုန်ကုတ်ကာအထင်သေးစွာ ကြည့်လာပါ၏။ သူ့ရဲ့မျက်နှာတွင်ကား သူ့ရဲ့အဆင့်အတန်းကို နှိမ့်ချနေသည့် စကားလုံးတို့ကို ပြောနေသည်က အထင်းသား။

လျိုချန်း၏ချွေးတွေကျိုက်ထားသည့် ခန္ဓာကိုယ်ကို မြင်လိုက်ရ သည့်အချိန်၊ တက်သစ်စလူငယ်လေးတစ်စု သူ့အား စတင် နှာခေါင်းရှုံ့ပြောဆိုလာကြတော့လေပြီ။

"အာ၊ စီနီယာ လျိုက တကယ်ကို သနားစရာကောင်းလိုက်တာဗျာ။
သူ နောက်တစ်ခါ ထရိန်နင် ဆင်းနေရပြန်ပြီ။ သူကတော့ အရမ်းကို အလုပ်ကြိုးစားလွန်းနေသလားနော်။ သူ့ရဲ့အနာဂတ်ကတော့ အတိုင်းအဆကို ရှိမှာမဟုတ်တော့ဘူး"

"သူက ဥက္ကဌ ချူး ကို ကပ်ထားတဲ့ ခွေးမန်နေဂျာတစ်ယောက်နောက်ကို လိုက်နေရတာပဲကွာ ဒီလောက်တော့ ရှိမှာပေါ့။ အု၊ မှားလို့။
ငါ ပြောတာက သူက အရည်အချင်းရှိ ၊ စွမ်းဆောင်နိုင်တဲ့ သခင်လေးတစ်ယောက်နောက်ကို လိုက်နေရတာပါလို့"

"အကောင်းဆုံးကြိုးစားထား၊ စီနီယာ လျိုချန်း"

"စီနီယာ လျိုချန်း၊ ကျွန်တော့်ကို အကို့ရဲ့ ဓာတ်ပုံလေး ပေးထားပါဦး။ နောက်တစ်ခါ ကျွန်တော်တို့တွေ ထပ်တွေ့ကြရင် အကို့ကို စကားပြောဖို့ ကျွန်တေ်ာတို့မှာ အရည်အချင်းမရှိတော့မှာကို စိုးရိမ်မိလို့ပါဗျာ"

သူုတို့တွေ လှောင်ပြောင်သရော်၊ မထေ့တထေ့ပြောပြီးသည်နှင့်
လူတိုင်း စတင် ရယ်မောကြတော့လေသည်။

လျိုချန်းသည်ကတော့ သူ့ရဲ့နဖူးပြင်ထက်က ချွေးတို့ကို သုတ်ပစ်လိုက်ရင်း။ စိတ်ခံစားချက်တစ်စုံတစ်ရာ မပြလာချေဘဲ လူတိုင်းအား ဖြန့်ကျက်ကြည့်လိုက်ပါ၏။ နောက် ၊ စကားတစ်ခွန်း ဆိုလာခြင်း မရှိဘဲ ထွက်သွားတော့လေသည်။

အပေါ်ထပ်၊ ကျိုးဝမ်ဘင်း၏ရုံးခန်းထဲတွင်။

ကျိုးဝမ်ဘင်း၊ အခုနကမှ ရောက်ရှိလာခဲ့ပါသည့်
တယောတစ်လက်ကို တီးခတ်ကြည့်လို့နေရင်းမှ
မေးလာပါ၏။
"ဟိုကောင်စုတ်လေးအခြေအနေ ဘယ်လိုလဲ"

လူ၀ မန်နေဂျာကြီး လျင်လျင်သွက်သွက်ဖြင့် ပြန်ဖြေလာပါ၏။
"အကို ဘင်း၊ မစိုးရိမ်ပါနဲ့ဗျာ။ သူ ဘာမှကို မလုပ်နေသေးဘူး --
သူ သက်သက်မဲ့ ဝါကြွားပြနေတာပဲ ဖြစ်မှာပါ။ အထူးတဆန်းေးတွ သရုပ်ဆောင်နိုင်အောင် ကြိုးစားနေရုံပဲ"

"သတိမပေ့ါနဲ့ဦး"
ကျိုးဝမ်ဘင်း၊ လက်သင့်မခံနိုင်သည့်အကြည့်တို့ဖြင့်
သူ့အား ကြည့်လာပါ၏။

လူဝကြီးသည် သူ့ရဲ့လက်တို့ဖြင့် အလေးပြုဟန်ပြလာပြီး
သူ့အား မြှောက်ပင့်တော့လေသည်။
"အကို ဘင်း ပြောတဲ့အတိုင်းပါဗျာ။ အကိုက အကို ဘင်းပဲဟာ။ ဒီလောကကြီးထဲမှာ ကျင်လည်လာတာ အနှစ် ၂၀ တောင် ကျော်လာခဲ့ပြီပဲ။ အကို မမြင်ဖူးတာ မရှိသလောက်ဖြစ်နေရောပေါ့။ သူ့လိုမျိုး လူငယ်လေးတစ်ယောက်က အကို့ကို ဖြိုနိုင်မှာတဲ့လား။ ဒက်ဇလင်းဆိုတာက အကို့အပေါ်မှာ မှီခိုနေရတာဆိုတာကို
ဥက္ကဌ ချူး အနှေးနဲ့အမြန်ပဲ သိသွားရတော့မှာပါ"

ဒီအမြှောက်အပင့်စကားလုံးတို့ကို နားထောင်လိုက်ရရာ
ကျိုးဝမ်ဘင်း၏ စိတ်အခြေအနေတို့ တိုးတက်သွားခဲ့လေပြီ။
သူ ထုံးစံအတိုင်း မေးလာပါ၏။
"ကုန်ရွှီရော အခုတလော ဘယ်လိုနေလဲ"

"အကို ဘင်း၊ စိတ်မပူပါနဲ့။ ကုန်ရွှီ တော်တေ်ာလေးကို လိမ္မာနေပြီးတော့ ဘာပြသနာမှ မရှာတာ တော်တော်တောင် ကြာနေပြီ။ အရင်တုန်းက အရှုပ်ထုပ်တွေလည်း ငြိမ်ကျသွားပါပြီ။ ဒီရက်ပိုင်းအတွင်း သူ ပြန်ပေါ်လာလို့ ရနိုင်လောက်ပြီ...."

"အင်း" ကျိုးဝမ်ဘင်း၊ သူ့လက်ထဲက တယောကို အသာအယာချလိုက်ပြီး စိတ်ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြလာပါ၏။

💖💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Continue Reading

You'll Also Like

111K 9K 22
Villain Girl( Arc-1) ရဲ့အဆက် Arc-2 ပါနော်။ အားပေးကြပါဦး။ Own creation Unicode only
565K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...
1.2M 132K 160
Both Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting ...