ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၂ ( ၇ + ၈ )

10.2K 1.1K 35
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   12
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၂၊ အခန္း ၇။
က်ြန္ေတာ့္ကိုေတာင္မွ ပေရာ္ပရည္လုပ္ခဲ့ေသးတယ္

ရီ၀မ္၀မ္၊ ဟန္ရွန္းယြီလက္ထဲက အိတ္ငယ္အသြယ္သြယ္တုိ့ကို ၾကည့္လုိက္ေခ်၇င္း သူ့အား သံသယအ၀င္ခံမလုိရကား၊ မ်က္နွာကို တည္တံ့လုိက္ပါေတာ့၏။ ေနာက္၊ တံခါးအား ဆြဲဖြင့္လွစ္ေပးလိုက္ၿပီး သူ့အား အထဲ၀င္ခုိင္းလုိက္ေတာ့သည္တည့္။
“ေက်းဇူးဗ်ာ ။ မငး္ ခြင့္ရက္ယူထားတာကို ဘာလုိ့မ်ား ဒီေလာက္အေစာၾကီး အိပ္ရာထရတာလဲ”

“အမ္…”
ဟန္ရွန္းယြီ ၊ ဘာေၿဖရမွန္းမသိေတာ့။
သူ့ရဲ့ထိုထုိနွာေခါငး္အားသာ ပြတ္သပ္မိေတာ့ရင္း ။

ငါ့မွာ နံရံမွာ နားကပ္ထားၿပီးေတာ့ နားစြင့္ေနခဲ့မိလုိ့
တစ္ညလံုးလံုး လံုး၀ကို မအိပ္ခဲ့ရေသးဘူးဆုိတာကို
ငါ သူ့ကုိ ဘယ္လိုမ်ား ေၿပာရမွာလဲ။

ဒီနွစ္ေယာက္မွာကေတာ့ ဘာမွလည္း မၿဖစ္ပ်က္ခဲ့ဘူး၊ ဟုတ္ပီလား…

ေတြးေန၇ငး္နဲ့ ဟန္ရွန္းယြီ၊ အထဲ၀င္လိုက္သည္ႏွင့္ ၊
ခ်က္ခ်င္းဆိုသလို ေတြ့လိုက္ရေတာ့သည္ကား။
ထမင္းစားပြဲမွာ ေအးခဲခဲ႐ႈတည္တည္မ်က္နွာေပးၾကီးနွင့္ ၊ ရႈပ္ပြေနေလသည့္ အက်ီၤေကာ္လံၿဖင့္ ထိုင္ေနေလသည့္ အနွီလူသားၾကီး။
ဟန္ရွန္းယြီ၊ ခ်က္ခ်င္းဆုိသလုိပင္ ေ၀ခြဲမရသည့္အမူအရာၿဖင့္ ရီ၀မ္၀မ္ဘက္သို့ လွည့္လုိက္ေတ့ာကာ သူမနားနားသုိ့ တုိးကပ္
သြားကာ တုိးတုိးေလးေမးၿမန္းလုိက္ပါ၏။
“ဟုိဟြာေလ၊ ရီပုိင္၊ မေန့ညတုန္းကေလ….မင္း မငး္ရဲ့သူငယ္ခ်ငး္ကို ဘာမွ မလုပ္ခဲ့ဘူးမလား”

ရီ၀မ္၀မ္၊ စိတ္ရႈပ္ေထြးသြားေတာ့သည္။
“က်ြန္ေတာ့္သူငယ္ခ်င္း ? 
အားက်ိဳကို ေၿပာေနတာလား။
က်ြန္ေတာ္က သူ့ကို ဘာလုပ္ရမွာလဲ”

ဟန္ရွန္းယြီ၊ သူမသည္ မေန့ညတုန္းက ၿဖစ္ပ်က္ခဲ့သမ်ွတုိ့ကို
လံုး၀အတိ ေမ့ေပ်ာက္သြားခဲ့ၿပီဆုိသည္ကို သတိၿပဳမိသြားေတာ့ၿပီး ဆြံ့အသြားပါေတာ့၏။
“မင္း မမွတ္မိဘူးလား။ မင္း မေန့ညတုန္းက မူးၿပီးေတာ့ သူ့ကို လုိက္ၿမွဴစြယ္ေနခဲ့တာေလ။ သူ့ကို အလွေလးလို့ ေခၚလို့ေခၚ၊ ကိုကိုေလးလုိ့ ေခၚလုိ့ေခၚနဲ့၊ အတင္းကိုပဲ သူ့ရဲ့လကၡဏာကို ဖတ္ၿပလုိက္ေသးတယ္။ သူ့လက္ကုိ ဆြဲထားၿပီးေတာ့ အၾကာၾကီးပဲ ၾကည့္ေနလုိက္တာ။ ၿပီးေတာ့မွ မငး္ ေၿပာလာတာက ။ သူ့ရဲ့ဘ၀မွာ အထီးက်န္က်န္ ေနရမယ့္လကၡဏာပါလာတယ္တဲ့။ အဲဒါက သူ့ရဲ့ဘ၀ ထဲမွာ မင္း မရိွေနလို႔ ။ သူ မင္းနဲ့ အိပ္လုိက္မွပဲ အဲဒီကံၾကမၼာက ပ်က္ၿပယ္သြားပါလိမ့္မယ္တဲ့။ အဲ့လုိေၿပာၿပီးတာနဲ့ပဲ မင္း သူ့ကို တုိက္ခန္းထဲ အတင္းဆြဲေခၚသြားခဲ့တာေလ။ ငါ မင္းကို တားလုိ့ကို မရဘူး။ မင္းတုိ့အေၾကာင္း တစ္ညလံုး ေတြးပူၿပီး စုိးရိမ္ေနခဲ့ရတာ…”

ရီ၀မ္၀မ္။ “…”

ဘာ ? !

ဟန္ရွန္းယြီ၏စကားလံုးတုိ့သည္ကား…၄၀၀ ကီလိုဂရမ္ေလးလံလွသည့္ တူၾကီးတစ္ခုအလားနွယ္…ရီ၀မ္၀မ္ရဲ့ေခါငး္ေပၚ အားၿပင္းၿပင္းနွင့္ ရုိက္ခ် ပစ္လုိက္ၿခင္းပါတည္း….သူမအား ၾကယ္ေတြလေတြ ၿမင္သြားေစေလ ၿပီ…ၿပီး ကမၻာေလာကၾကီးသည္လညး္ သူမအနားတြင္ ခ်ာလပတ္ ရမ္းသြားေစခဲ့ေလၿပီ….

အသာေလး ေခ်ာင္းဟမ့္လုိက္ပါသည့္ ဟန္ရွန္းယြီ။
“မင္း တကယ္ၾကီး မမွတ္မိတာလား၊ ဟမ္…”

ရီ၀မ္၀မ္ႏွင့္ ဟန္ရွန္းယြီတုိ့ တိုးတုိးတုိးတုိး ေရရြတ္ေၿပာဆုိေနၾက ပါေသာ္ၿငားလညး္ ၊ စီရီဟန္သည္ကား သူတုိ့ေၿပာသမ်ွတုိ့ိကုိ တစ္ခြန္းမက်န္ ရွင္းရွင္းလင္းလငး္ၾကီး ၾကားလို႔ေနပါ၏။ သူ့ရဲ့အက်ၤီေကာ္လံကို ေသသပ္သြားေအာင္ၿပဳလိုက္ၿပီးေနာက္၊ ေအးခဲလွသည့္ မ်က္လံုးတုိ့ၿဖင့္ သူ၊ သူမေလးထံ ၾကည့္လာသည္ႏွင့္ ။

ရီ၀မ္၀မ္၊ တံေတြးတုိ့သာ တဂြပ္ဂြပ္ၿမိဳခ်ေနမိေတာ့ၿပီး
စီရီဟန္၏အၾကည့္တုိ့အား ရင္ဆုိင္နုိင္ၿခင္း မရွိေပေတာ့။
သူမေလး၊ ဟန္ရွန္းယြီကုိသာ ဆက္စိုက္ၾကည့္ေနေတာ့ၿပီး ေၿပာလုိက္ပါေတာ့၏။
“ဟာ မၿဖစ္နုိင္တာဗ်ာ။ က်ြန္ေတာ္က ဘယ္လိုလုပ္ၿပီးေတာ့ ဒီလုိမ်ိဳး လုပ္ရမွာလဲ။ က်ြန္ေတာ့္ရဲ့နွလံုးသားထဲမွာ က်ြန္ေတာ့္ေကာင္မေလး တစ္ေယာက္ထဲပဲ ရွိတယ္။ မဟုတ္တာေတြ ေလ်ွာက္မေၿပာေနနဲ့”

သူမအား မတတ္နုိင္စြာၿဖင့္ ၾကည့္လာပါသည့္ ဟန္ရွန္းယီြ။
“မဟုတ္တာေတြ ေလွွ်ာက္ေၿပာေနတယ္ဟုတ္လား။
မင္း မေန့ညတုန္းကေလ မငး္ရဲ့သူငယ္ခ်င္းကိုပဲ ပေရာပရည္ေတြ လုပ္ေနခဲ့တာမဟုတ္ဘူး။ အစ္မ ရွင္း ကိုေတာင္မွ လုပ္လုိက္ေသးတယ္။ မငး္ မမွတ္မိိဘူးလား”

ဟန္ရွန္းယြီ၊ ဒါကို ေၿပာလုိက္သည့္အခုိ္က္၊
စီရီဟန္၏မ်က္နွာမွာ ပိုရုပ္ဆုိးသြားပါေတာ့၏။

အို၊ ေကာငး္ေရာ….

“ရွင္း အစ္မက ဘယ္သူလဲ”
ရီ၀မ္၀မ္၊ စဥ္းစားရခက္လုိ့ေနပါ၏။

ဟန္ရွန္းယြီ။ “ေခ်ာင္ ကဲ ရွင္း”

ရီ၀မ္၀မ္။ “…!!!”

သရုပ္ေဆာင္အေကာငး္ဆံုး မငး္သမီး ေခ်ာင္….ေခ်ာင္ကဲရွင္းလား။ ငါ့ရဲ့နတ္ဘုရားမေလးလား။

ဟန္၇ွန္းယြီ၊ သူမ၏မွတ္ဥာဏ္တို့ိကုိ ၿပန္ေဖာ္ေပးေနေလသည္။
“ရွင္း အစ္မက မငး္အေပၚ ေတာ္ေတ္ာေလးကို စိတ္၀င္စားေနခဲ့တာ။ အဲဒါေၾကာင့္ အဲဒီအေၿခအေနကေန လြတ္ေၿမာက္နုိင္ေအာင္လုိ့ဆုိၿပီး မငး္မွာ ပုိင္ရွင္ရွိေနၿပီးသား ၊ ၿပီးေတာ့ မင္းက ေပြတတ္ရႈပ္တတ္တဲ့ စတုိင္မ်ိဳး မဟုတ္ဘူးလို့ သူမကုိ ေၿပာၿပလုိက္တယ္။ ဒါေပမယ့္၊ အဆံုးသတ္က်ေတာ့ မင္းက ငါ့ဘက္ကို လွည့္လာၿပီးေတာ့ အဲ့လိုစတုိင္မ်ိဳး လံုး၀ကို ဟုတ္ပါတယ္၊ မမ ရွင္းရဲ့ လကၡဏာကုိ ဖတ္ေပးခ်င္ပါတယ္ဆုိၿပီးေတာ့ မငး္ ေၿပာလာခဲ့တယ္ေလ။
မင္း ေၿပာလုိက္ေသးတယ္။ သူမက ဒီနွစ္ရဲ့ေရြွသစ္ခြအေကာင္းဆံုး မင္းသမီးသရုပ္ေဆာင္ဆုကို ရလိမ့္မယ္ဆုိၿပီး။ အဲဒါတင္ပဲ မကေသး ဘူး။ အေကာင္းဆံုးအမ်ိဳးသားသရုပ္ေဆာင္ဆု၊ အေကာငး္ဆံုး အမ်ိဳးသမီးဇာတ္ပို့ဆု၊ အေကာင္းဆံုးအမ်ိဳးသားဇာတ္ပုိ့ဆုနဲ့ တၿခားဆုေတြကိုပါ ခန့္မွန္းၿပလုိက္ေသးတယ္ ။ ၿပီးေတာ့လည္း
မငး္ သူမနဲ့ ေလာင္းေၾကးစားေၾကးပါ ထပ္လုိက္ေသးတယ္…”

“ေလာငး္ ေလာင္းတယ္….ဘာေလာင္းခဲ့တာလဲ”
၇ီ၀မ္၀မ္၊ ဒါနွင့္ပတ္သက္ၿပီး မေကာင္းလွသည့္ခံစားခ်က္တုိ့
ရေနေလၿပီ။

ဟန္ရွန္းယြီ၊ သူမအား ၾကည့္လာေခ်ၿပီး။
“မင္း ေၿပာခဲ့တာက အစ္မ ရွင္း နုိင္သြားခဲ့မယ္ဆုိရင္ သူမအေနနဲ့ မင္းအေပၚကို ၾကိဳက္သလုိလုပ္ခြင့္ရွိတယ္။ မင္း နုိင္သြားခဲ့မယ္ဆိုရင္…သူမက မငး္ကုိ နမ္းရမယ္….”

၇ီ၀မ္၀မ္။ “…”

ဒါ တကယ္ၾကီး မၿဖစ္နုိင္ဘူး။
ငါက ဘယ္လိုလုပ္ၿပီးေတာ့ ဒီလုိအရွက္မရွိတဲ့သူၾကီး ၿဖစ္နုိင္ပါ့မလဲ။

ကမာၻၾကီးတစ္ခုလံုး ရီ၀မ္၀မ္နားတြင္ ပတ္ခ်ာလည္ ခ်ာလပတ္ရမ္းေန မိရံုရွိေသး၊ ဟန္ရွန္းယြီ သူမရဲ့မ်က္လံုးေတြထဲကို စုိက္ၾကည့္လာၿပီး ဆက္ေၿပာလိုက္သည္ကား ။
“မင္း က်ြန္ေတာ့္ကိုေတာင္မွ ပေရာ္ပရည္လုပ္ခဲ့ေသးတယ္”

ရီ၀မ္၀မ္။ “…”

ရီ၀မ္၀မ္၊ စိတ္မေကာင္းၿခင္းၾကီးစြာၿဖင့္ စီရီဟန္ဘက္သို့
လွည့္ၾကည့္ လုိက္မိပါေတာ့၏ —— ဒက္ဒီ….ေက်းဇူးၿပဳၿပီးေတာ့ သမီးရဲ့ ရွင္းၿပခ်က္ေလးကို နားေထာင္ေပးပါဦး….

             💖💖💖💖💖💖💖💖💖💖💖

စာစဥ္ ၁၂၊ အခန္း ၈။ ၀မ္၀မ္က ကိုကို့ရဲ့ အခ်စ္ဆံုးေလး

ဟန္ရွန္းယြီ၊ သူ့ရဲ့စကားတု့ိသည္ ရီ၀မ္၀မ္ကို လံုး၀အတိ ထြက္ေၿပးခ်င္စိတ္ေပါက္ေနေစေလၿပီဆုိသည္ကို မသိရွာဘဲ ဆက္ကာပင္ ေၿပာလာေလသည္ ။
“မငး္က အစ္မ ရွင္းနဲ့ ငါ့ကုိ ပေရာပရည္လုပ္တာက ေတာ္ေသးတယ္။ မငး္ရဲ့သူငယ္ခ်င္းကေတာ့ ပုိၿပီးေတာ့ ဆုိးမယ္နဲ့တူတယ္။
သူ့လုိ လူအၾကီးၾကီးက မငး္ရဲ့အခြင့္အေရးယူခံေနရတယ္။
မင္း တကယ္ၾကီး သူ့ကို ဘာမွ မလုပ္ခဲ့ပါဘူးေနာ္”

ရီ၀မ္၀မ္။ “…”

ဒါဆို စီရီဟန္ရဲ့ကုိယ္ေပၚက အဲဒီအမွတ္ေတြအကုန္လံုးက
ငါ့ေၾကာင့္ ၿဖစ္ခဲ့တာလား ။

အား၊ ဆက္မေၿပာပါနဲ့ေတာ့၊ ငါ တစ္ေယာက္တည္း ေနပါရေစ….

ဟန္ရွန္းယြီ၊ တစ္ခုခုေတာ့ မူမမွန္ေတာ့ၿပီဆုိသည္ကို အာရံုခံမိသြားေလရာ သူ သူမအား မနက္စာေပးၿပီးသည္နွင့္ ထြက္သြားေတာ့ေလၿပီ။

လ်ွပ္တစ္ၿပက္အတြင္းမွာပင္၊ တုိက္ခန္းၾကီးထဲတြင္
ရီ၀မ္၀မ္နွင့္ စီရီဟန္သာလ်ွင္ က်န္ရွိၾကေတာ့ေလသည္။

ရီ၀မ္၀မ္၊ သူ့ဆီကေန ခြင့္လြွတ္မႈကို ရဖုိ့ရာ ေတာင္းပန္ရနုိးနုိး၊ မသိခ်င္ေယာင္ေဆာင္ကာ ထြက္ေၿပးပစ္ရနုိးနုိးၿဖင့္ လြန္ဆြဲလုိ့
ေနလ်က္ ။ အခ်ိန္အၾကာၾကီး ၾကာၿပီးသည့္ေနာက္တြင္ေတာ့၊
သူမ ဘာမွ မၿဖစ္ခဲ့သလိုမ်ိဳး မၿပဳ၀ံ့ေလရာ၊ စီရီဟန္ဆီသို့သာ ဂရုတစိုက္ၿဖင့္ ေလ်ွာက္သြားလုိက္ပါေတာ့၏။
“ကိုကို….ခ်စ္ေလး မွားသြားခဲ့ပါတယ္…ခ်စ္ေလးက ပတ္ေမြွေနခဲ့မိတဲ့သူပါ…ခ်စ္ေလးက လူယုတ္မာၾကီး…
ခ်စ္ေလးက မ်က္စိထဲ၀င္တဲ့အမိႈက္ၾကီးပါ…”

လခြမ္း၊ ငါ ဘာလုပ္ရေတာ့မွာလဲဟ….

“ခ်စ္ေလး သိပါတယ္။ ခ်စ္ေလးေလ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မိၿပီဆိုတာကို ခ်စ္ေလး သိပါတယ္။ ဒါေပမယ့္ေလ လူပဲေလေနာ္။ လူဆုိတာက အမွားနဲ့မွ မကင္းတာ ။
လူတုိင္းက အမွားလုပ္တတ္ၾကတာပဲ။ လူတိုင္း…”
ရီ၀မ္၀မ္၊ ေနာက္ထပ္ပိုသာေသာ စကားလံုးတုိ့ ပါးစပ္ဖ်ားမွ ထြက္အံက် လာနုိင္စြမ္း မရိွေတာ့။ ဒီေတာ့၊ သူမ ထုတ္ေၿပာခ်လာေတာ့သည္ကား။
“၀မ္၀မ္က ကိုကို့ရဲ့ အခ်စ္ဆံုးေလးမွတ္လား။ ဒါဆို ကိုကို ၀မ္၀မ့္ကုိ အခြင့္အေရးတစ္ခုေတာ့ ေပးေနာ္၊ ေနာ္ ကိုကို ေနာ္"

အနွီေယာက်ား္သည္ကား အၿပံဳးတုၿဖင့္ သူမေလးအား ေအးစက္စြာ ၾကည့္လုိ့ေနလ်က္။ သူ့ရဲ့ခံစားခ်က္တုိ့သည္ကား ဘြင္းဘြင္းရွင္းရွင္းၾကီး။

ရီ၀မ္၀မ္၊ ဒီတစ္ၾကိမ္တြင္ေတာ့ သူမ ဒုကၡအၾကီးၾကီးေရာက္ၿပီဆိုသည္ကို သိလုိ့ေနပါ၏။ သူမ သူမရဲ့လက္ေလးကို ေၿမွာက္ကာေၿမွာက္ကာၿဖင့္ ေၿပာလာပါ၏။
“ခ်စ္ေလး ရွင္းၿပပါရေစ။ မေန့ညကေလ ဟန္၇ွန္းယြီက သေဘာေကာငး္ေကာငး္နဲ့ ခ်စ္ေလးကို အနုပညာနယ္ပယ္က လူတစ္ခ်ိဳ့နဲ့ မိတ္ဆက္ေပးရေအာင္ဆုိၿပီးေတာ့ ပါတီတစ္ခုကို ခ်စ္ေလးကို ေခၚသြားေပးခဲ့တယ္။ ကုိကုိ သိပါတယ္။ ဘယ္ပါတီကမ်ား အရက္နည္းနညး္ေလးပဲ ေသာက္လုိ့ရလို့လဲလုိ့။ ခ်စ္ေလးကေလ အစကေတာ့ ဟန္ကုိယ္ဖုိ့အတြက္ ဟန္ၿပေလးပဲ ေသာက္ခဲ့ရံုပါ ။ ဒါေပမယ့္ ဒီေလာက္လြယ္လြယ္ေလးနဲ့ မူးသြားလိမ့္မယ္လုိ့ေတာ့ ခ်စ္ေလးလဲ ဘယ္သိပါ့မလဲ….ဘာဆက္ၿဖစ္ခဲ့သလဲဆုိတာကို
ခ်စ္ေလး ၿပန္စဥ္းစားလုိ့မရေတာ့ဘူး…ခ်စ္ေလးက အရက္ဒဏ္ကို မခံနုိင္ဘူးဆိုတာကို တကယ္ၾကီးကို မသိခဲ့မိလို့ပါ….”

စီရီဟန္ကား အမူအရာၿပမလာဆဲ။
ဤသည္ကုိ ၿမင္လုိက္ရသည့္အခ်ိန္တြင္ေတာ့
ရီ၀မ္၀မ္ အလြန္အမင္း ေမ်ွာ္လင့္ခ်က္မဲ့သလုိ ခံစားလာမိေတာ့ေလသည္။
“ေဘဘီကလညး္ကြာ၊ ဒီလိုလုပ္ၾကရေအာင္ေလ။ ဒီေန့ကေနစၿပီးေတာ့၊ ခ်စ္ေလးက ေဘဘီ့ရဲ့ခ်ိဳၿမိန္တဲ့ေခါငး္အံုးေလး ၿဖစ္ေပးမယ္ေလကြာ ။ ဘယ္ေနရာပဲေရာက္ေရာက္၊ ဘယ္အခ်ိန္ပဲၿဖစ္ၿဖစ္။
ေဘဘီ အိပ္ခ်င္လာတဲ့အခ်ိန္တိုင္း ခ်စ္ေလး အဲဒီေနရာကို အေရာက္လာခဲ့ေပးမယ္ေလ။ ဘယ္လိုလဲ၊ ဟင္ ဟင္လုိ့”

စီရီဟန္၊ သူမေလးအား ေစာင္းငဲ့ၾကည့္လာကာ၊
ေအးစက္စြာ ေၿပာလာပါ၏။
“ကုိယ္ ခ်စ္ကို အိပ္ရာထဲမွာ ေသာ့ခတ္ထားလုိက္တာက
ပုိၿပီးေတာ့ အဆင္မေၿပသြားဘူးလား”

ဒါကုိ ၾကားလုိက္ရသည့္အခိုက္၊
ရီ၀မ္၀မ္ရဲ့ နွလံုးသားေလး တုန္ခုိက္သြားရေတာ့ေခ်ၿပီ ။
သူမ ဥာဏ္အေၿပးအလြွားကစားလုိက္ေတာ့ၿပီး ၿပန္ေၿဖလာပါ၏။
“ဒါက…ကြာၿခားခ်က္ေလး ရွိတယ္ေလ….ကိုကိုက ခ်စ္ကို အိပ္ရာထဲမွာ ေသာ့ခတ္ထားမယ္ဆုိရင္ သိပ္ကို္ပ်င္းစရာေကာငး္သြားမွာေပါ့…. ကိုကို ေသာ့ခတ္မထားဘူးဆုိရင္…ခ်စ္တုိ့ေတြ ပံုစံမ်ိဳးစံုနဲ့ လုပ္လုိ့ရသြား မယ္...ခ်စ္တုိ့ေတြ အေဆာင္ခန္းမွာ လုပ္လုိ့ရမယ္…ရံုးခန္းထဲမွာ…အိမ္ထဲ….ကားထဲ….အၿပင္ဘက္…ခ်စ္ ေၿပာတာ မွန္လား…”

စီရီဟန္။ “…”

ရီ၀မ္၀မ္၊ ခုန္ပ်ံေက်ာ္လြွားသြားလုိက္ပါ၏။
“ဒီထပ္ပိုၿပီးေတာ့ စိတ္ဆုိးမေနနဲ့ေတာ့ေနာ္၊ ဟုတ္ၿပီလား။
ခ်စ္က နည္းနညး္ေလး မူးသြားခဲ့ၿပီးေတာ့ နညး္နညး္ေလး အထိန္းအခ်ဳပ္လြတ္သြားတယ္ဆုိေပမယ့္လည္း ခ်စ္က ကိုကို့အေပၚမွာ သစၥာရွိေနပါေသးတယ္။ ေနာက္ဆံုးက်ေတာ့၊ ကိုကိုကသာ ခ်စ္ေလး အိပ္ရာထဲကို ေခၚသြားခဲ့တဲ့သူ ၿဖစ္ေနတာပဲေလေနာ္။ ခ်စ္ေလးက အသိစိတ္လြတ္သြားတဲ့အခ်ိန္မွာေတာင္မွ ခ်စ္ရဲ့အတြင္းစိတ္ထဲက ေနေတာ့ ကိုကို႔ကိုပဲ ေရြးခ်ယ္ေနတုန္းပဲေလေနာ္။ ဒါကို ဘယ္လုိေၿပာ ရပါ့မလဲ။ အင္း ခ်စ္ေလးက ကိုကို႔အေပၚ စစ္စစ္မွန္မွန္နဲ့ ခ်စ္တယ္လုိ့ ေၿပာရမလားပဲ”

စီရီဟန္ရဲ့နႈတ္ခမ္းေထာင့္စြန္းတုိ့ အနညး္ငယ္ ၿမင့္တက္သြားေတာသည့္္။

ရီ၀မ္၀မ္၊ သူ့ရဲ့မ်က္နွာ ေၿပေလ်ာ့က်သြားသည္ကို ၿမင္လုိက္သည္နွင့္ ခ်က္ခ်င္းဆုိသလိုပင္ ေကာငး္သည့္ဘက္ကေန ယူဆပစ္လုိက္ေတာ့ၿပီး။
“ေဘဘီက အေကာင္းဆံုးပဲ”

စီရီဟန္။ “…”

သူမကို ခြင့္လြွတ္ေပးပါၿပီလုိ့ ငါ ေၿပာလုိက္မိလုိ့လား။

သူမ၏နုညက္ေခ်ာမြတ္လွသည့္ ေမးေစ့ေလးကုိ ဆြဲကိုင္လုိက္ေတာ့ၿပီး သူမအနား အႏၱရာယ္ရွိစြာ တုိးကပ္သြားကာ စကားတစ္ခြန္းခ်င္းစီတုိင္း ကို ေသေသခ်ာခ်ာ ေၿပာလာပါ၏။
“ရီ ၀မ္၀မ္။ ကုိယ္က လြယ္လြယ္ေလးနဲ့ အရူးလုပ္လုိ့ရနုိင္တယ္လုိ့မ်ား မင္း ကိုယ့္ကို ထင္ေနတာလား”

ထိုအေနအထားအတုိင္းသားၿဖင့္ပင္ ၊ ရီ၀မ္၀မ္၊ စီရီဟန္၏ပါးၿပင္ကို ရြွတ္ခနဲ နမ္းလုိက္ေတာ့ၿပီး။ “မဟုတ္ဘူး၊ မဟုတ္ဘူး။ ေဘဘီက အရမး္ကို ဥာဏ္ေကာင္းၿပီးေတာ့ အရမ္းကိုပဲ ေခ်ာတယ္။ လံုး၀ကိုပဲ လြယ္လြယ္ေလးနဲ့ အရူးလုပ္လုိ့ဘယ္ရနုိင္ပါ့မလဲ ။ ဒါက ေဘဘီက ခ်စ္ေလးကို အရမး္ၾကီး အ၇မ္းၾကီး ခ်စ္လြန္းလုိ့ ခ်စ္ေလးကို အနုိင္မက်င့္ရက္ရံုေလးပဲ”

စီရီဟန္။ “…”

၀မ္၀မ္၏အေတြးေသးေလး *** မေကာငး္ဆုိး၀ါးၾကီးနဲ့ ရင္ဆိုင္ရေတာ့ မယ္ဆုိရင္ နင္ ဒီေလာက္ေတာ့ အရွက္မရွိၿဖစ္ေနရမယ္။

              💖💖💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

Goddess : 
၀န္ဇင္းမွာ စာအုပ္လိုက္ တစ္ခါတည္းအျပတ္ဖတ္လိုသူဒါဒါေလးမ်ား အတြက္လည္း စာစဥ္ ( ၁၂ )အထိ တင္ေပးၿပီးထားလို႔ သြားေရာက္ ၀ယ္ယူအားေပးလို႔ရပါၿပီလို႔ သတင္းေကာင္းေလးပါးလိုက္ပါရေစ😘

Paid group ၀င္လိုသူဒါဒါေလးမ်ားအတြက္လည္း စာစဥ္ ( ၁၄ ) အထိ gp ၀င္လို႔ရပါၿပီေနာ္ ။ paid group ၀င္သူမ်ားအတြက္ကို စာစဥ္တစ္ခုၿပီးတိုင္း PDF ထုတ္ေပးေၾကာင္းလည္း သတင္းေကာင္း ပါးလိုက္ပါရေစေနာ့ 😘

.......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   12
Chapter.          :  7 + 8
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၂၊ အခန်း ၇။
ကျွန်တော့်ကိုတောင်မှ ပရော်ပရည်လုပ်ခဲ့သေးတယ်

ရီဝမ်ဝမ်၊ ဟန်ရှန်းယွီလက်ထဲက အိတ်ငယ်အသွယ်သွယ်တို့ကို ကြည့်လိုက်ချေရင်း သူ့အား သံသယအဝင်ခံမလိုရကား၊ မျက်နှာကို တည်တံ့လိုက်ပါတော့၏။ နောက်၊ တံခါးအား ဆွဲဖွင့်လှစ်ပေးလိုက်ပြီး သူ့အား အထဲဝင်ခိုင်းလိုက်တော့သည်တည့်။
“ကျေးဇူးဗျာ ။ မင်း ခွင့်ရက်ယူထားတာကို ဘာလို့များ ဒီလောက်အစောကြီး အိပ်ရာထရတာလဲ”

“အမ်…”
ဟန်ရှန်းယွီ ၊ ဘာဖြေရမှန်းမသိတော့။
သူ့ရဲ့ထိုထိုနှာခေါင်းအားသာ ပွတ်သပ်မိတော့ရင်း ။

ငါ့မှာ နံရံမှာ နားကပ်ထားပြီးတော့ နားစွင့်နေခဲ့မိလို့
တစ်ညလုံးလုံး လုံးဝကို မအိပ်ခဲ့ရသေးဘူးဆိုတာကို
ငါ သူ့ကို ဘယ်လိုများ ပြောရမှာလဲ။

ဒီနှစ်ယောက်မှာကတော့ ဘာမှလည်း မဖြစ်ပျက်ခဲ့ဘူး၊ ဟုတ်ပီလား…

တွေးနေရင်းနဲ့ ဟန်ရှန်းယွီ၊ အထဲဝင်လိုက်သည်နှင့် ၊
ချက်ချင်းဆိုသလို တွေ့လိုက်ရတော့သည်ကား။
ထမင်းစားပွဲမှာ အေးခဲခဲရှုတည်တည်မျက်နှာပေးကြီးနှင့် ၊ ရှုပ်ပွနေလေသည့် အကျီၤကော်လံဖြင့် ထိုင်နေလေသည့် အနှီလူသားကြီး။
ဟန်ရှန်းယွီ၊ ချက်ချင်းဆိုသလိုပင် ဝေခွဲမရသည့်အမူအရာဖြင့် ရီဝမ်ဝမ်ဘက်သို့ လှည့်လိုက်တေ့ာကာ သူမနားနားသို့ တိုးကပ်
သွားကာ တိုးတိုးလေးမေးမြန်းလိုက်ပါ၏။
“ဟိုဟွာလေ၊ ရီပိုင်၊ မနေ့ညတုန်းကလေ….မင်း မင်းရဲ့သူငယ်ချင်းကို ဘာမှ မလုပ်ခဲ့ဘူးမလား”

ရီဝမ်ဝမ်၊ စိတ်ရှုပ်ထွေးသွားတော့သည်။
“ကျွန်တော့်သူငယ်ချင်း ? 
အားကျိုကို ပြောနေတာလား။
ကျွန်တော်က သူ့ကို ဘာလုပ်ရမှာလဲ”

ဟန်ရှန်းယွီ၊ သူမသည် မနေ့ညတုန်းက ဖြစ်ပျက်ခဲ့သမျှတို့ကို
လုံးဝအတိ မေ့ပျောက်သွားခဲ့ပြီဆိုသည်ကို သတိပြုမိသွားတော့ပြီး ဆွံ့အသွားပါတော့၏။
“မင်း မမှတ်မိဘူးလား။ မင်း မနေ့ညတုန်းက မူးပြီးတော့ သူ့ကို လိုက်မြှူစွယ်နေခဲ့တာလေ။ သူ့ကို အလှလေးလို့ ခေါ်လို့ခေါ်၊ ကိုကိုလေးလို့ ခေါ်လို့ခေါ်နဲ့၊ အတင်းကိုပဲ သူ့ရဲ့လက္ခဏာကို ဖတ်ပြလိုက်သေးတယ်။ သူ့လက်ကို ဆွဲထားပြီးတော့ အကြာကြီးပဲ ကြည့်နေလိုက်တာ။ ပြီးတော့မှ မင်း ပြောလာတာက ။ သူ့ရဲ့ဘဝမှာ အထီးကျန်ကျန် နေရမယ့်လက္ခဏာပါလာတယ်တဲ့။ အဲဒါက သူ့ရဲ့ဘ၀ ထဲမှာ မင်း မရှိနေလို့ ။ သူ မင်းနဲ့ အိပ်လိုက်မှပဲ အဲဒီကံကြမ္မာက ပျက်ပြယ်သွားပါလိမ့်မယ်တဲ့။ အဲ့လိုပြောပြီးတာနဲ့ပဲ မင်း သူ့ကို တိုက်ခန်းထဲ အတင်းဆွဲခေါ်သွားခဲ့တာလေ။ ငါ မင်းကို တားလို့ကို မရဘူး။ မင်းတို့အကြောင်း တစ်ညလုံး တွေးပူပြီး စိုးရိမ်နေခဲ့ရတာ…”

ရီဝမ်ဝမ်။ “…”

ဘာ ? !

ဟန်ရှန်းယွီ၏စကားလုံးတို့သည်ကား…၄၀၀ ကီလိုဂရမ်လေးလံလှသည့် တူကြီးတစ်ခုအလားနှယ်…ရီဝမ်ဝမ်ရဲ့ခေါင်းပေါ် အားပြင်းပြင်းနှင့် ရိုက်ချ ပစ်လိုက်ခြင်းပါတည်း….သူမအား ကြယ်တွေလတွေ မြင်သွားစေလေ ပြီ…ပြီး ကမ္ဘာလောကကြီးသည်လည်း သူမအနားတွင် ချာလပတ် ရမ်းသွားစေခဲ့လေပြီ….

အသာလေး ချောင်းဟမ့်လိုက်ပါသည့် ဟန်ရှန်းယွီ။
“မင်း တကယ်ကြီး မမှတ်မိတာလား၊ ဟမ်…”

ရီဝမ်ဝမ်နှင့် ဟန်ရှန်းယွီတို့ တိုးတိုးတိုးတိုး ရေရွတ်ပြောဆိုနေကြ ပါသော်ငြားလည်း ၊ စီရီဟန်သည်ကား သူတို့ပြောသမျှတို့ိကို တစ်ခွန်းမကျန် ရှင်းရှင်းလင်းလင်းကြီး ကြားလို့နေပါ၏။ သူ့ရဲ့အင်္ကျီကော်လံကို သေသပ်သွားအောင်ပြုလိုက်ပြီးနောက်၊ အေးခဲလှသည့် မျက်လုံးတို့ဖြင့် သူ၊ သူမလေးထံ ကြည့်လာသည်နှင့် ။

ရီဝမ်ဝမ်၊ တံတွေးတို့သာ တဂွပ်ဂွပ်မြိုချနေမိတော့ပြီး
စီရီဟန်၏အကြည့်တို့အား ရင်ဆိုင်နိုင်ခြင်း မရှိပေတော့။
သူမလေး၊ ဟန်ရှန်းယွီကိုသာ ဆက်စိုက်ကြည့်နေတော့ပြီး ပြောလိုက်ပါတော့၏။
“ဟာ မဖြစ်နိုင်တာဗျာ။ ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး လုပ်ရမှာလဲ။ ကျွန်တော့်ရဲ့နှလုံးသားထဲမှာ ကျွန်တော့်ကောင်မလေး တစ်ယောက်ထဲပဲ ရှိတယ်။ မဟုတ်တာတွေ လျှောက်မပြောနေနဲ့”

သူမအား မတတ်နိုင်စွာဖြင့် ကြည့်လာပါသည့် ဟန်ရှန်းယွီ။
“မဟုတ်တာတွေ လျှောက်ပြောနေတယ်ဟုတ်လား။
မင်း မနေ့ညတုန်းကလေ မင်းရဲ့သူငယ်ချင်းကိုပဲ ပရောပရည်တွေ လုပ်နေခဲ့တာမဟုတ်ဘူး။ အစ်မ ရှင်း ကိုတောင်မှ လုပ်လိုက်သေးတယ်။ မင်း မမှတ်မိဘူးလား”

ဟန်ရှန်းယွီ၊ ဒါကို ပြောလိုက်သည့်အခိုက်၊
စီရီဟန်၏မျက်နှာမှာ ပိုရုပ်ဆိုးသွားပါတော့၏။

အို၊ ကောင်းရော….

“ရှင်း အစ်မက ဘယ်သူလဲ”
ရီဝမ်ဝမ်၊ စဉ်းစားရခက်လို့နေပါ၏။

ဟန်ရှန်းယွီ။ “ချောင် ကဲ ရှင်း”

ရီဝမ်ဝမ်။ “…!!!”

သရုပ်ဆောင်အကောင်းဆုံး မင်းသမီး ချောင်….ချောင်ကဲရှင်းလား။ ငါ့ရဲ့နတ်ဘုရားမလေးလား။

ဟန်ရှန်းယွီ၊ သူမ၏မှတ်ဉာဏ်တို့ိကို ပြန်ဖော်ပေးနေလေသည်။
“ရှင်း အစ်မက မင်းအပေါ် တော်တေ်ာလေးကို စိတ်ဝင်စားနေခဲ့တာ။ အဲဒါကြောင့် အဲဒီအခြေအနေကနေ လွတ်မြောက်နိုင်အောင်လို့ဆိုပြီး မင်းမှာ ပိုင်ရှင်ရှိနေပြီးသား ၊ ပြီးတော့ မင်းက ပွေတတ်ရှုပ်တတ်တဲ့ စတိုင်မျိုး မဟုတ်ဘူးလို့ သူမကို ပြောပြလိုက်တယ်။ ဒါပေမယ့်၊ အဆုံးသတ်ကျတော့ မင်းက ငါ့ဘက်ကို လှည့်လာပြီးတော့ အဲ့လိုစတိုင်မျိုး လုံးဝကို ဟုတ်ပါတယ်၊ မမ ရှင်းရဲ့ လက္ခဏာကို ဖတ်ပေးချင်ပါတယ်ဆိုပြီးတော့ မင်း ပြောလာခဲ့တယ်လေ။
မင်း ပြောလိုက်သေးတယ်။ သူမက ဒီနှစ်ရဲ့ရွှေသစ်ခွအကောင်းဆုံး မင်းသမီးသရုပ်ဆောင်ဆုကို ရလိမ့်မယ်ဆိုပြီး။ အဲဒါတင်ပဲ မကသေး ဘူး။ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုနဲ့ တခြားဆုတွေကိုပါ ခန့်မှန်းပြလိုက်သေးတယ် ။ ပြီးတော့လည်း
မင်း သူမနဲ့ လောင်းကြေးစားကြေးပါ ထပ်လိုက်သေးတယ်…”

“လောင်း လောင်းတယ်….ဘာလောင်းခဲ့တာလဲ”
ရီဝမ်ဝမ်၊ ဒါနှင့်ပတ်သက်ပြီး မကောင်းလှသည့်ခံစားချက်တို့
ရနေလေပြီ။

ဟန်ရှန်းယွီ၊ သူမအား ကြည့်လာချေပြီး။
“မင်း ပြောခဲ့တာက အစ်မ ရှင်း နိုင်သွားခဲ့မယ်ဆိုရင် သူမအနေနဲ့ မင်းအပေါ်ကို ကြိုက်သလိုလုပ်ခွင့်ရှိတယ်။ မင်း နိုင်သွားခဲ့မယ်ဆိုရင်…သူမက မင်းကို နမ်းရမယ်….”

ရီဝမ်ဝမ်။ “…”

ဒါ တကယ်ကြီး မဖြစ်နိုင်ဘူး။
ငါက ဘယ်လိုလုပ်ပြီးတော့ ဒီလိုအရှက်မရှိတဲ့သူကြီး ဖြစ်နိုင်ပါ့မလဲ။

ကမ္ဘာကြီးတစ်ခုလုံး ရီဝမ်ဝမ်နားတွင် ပတ်ချာလည် ချာလပတ်ရမ်းနေ မိရုံရှိသေး၊ ဟန်ရှန်းယွီ သူမရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်လာပြီး ဆက်ပြောလိုက်သည်ကား ။
“မင်း ကျွန်တော့်ကိုတောင်မှ ပရော်ပရည်လုပ်ခဲ့သေးတယ်”

ရီဝမ်ဝမ်။ “…”

ရီဝမ်ဝမ်၊ စိတ်မကောင်းခြင်းကြီးစွာဖြင့် စီရီဟန်ဘက်သို့
လှည့်ကြည့် လိုက်မိပါတော့၏ —— ဒက်ဒီ….ကျေးဇူးပြုပြီးတော့ သမီးရဲ့ ရှင်းပြချက်လေးကို နားထောင်ပေးပါဦး….

             💖💖💖💖💖💖💖💖💖💖💖

စာစဉ် ၁၂၊ အခန်း ၈။ ဝမ်ဝမ်က ကိုကို့ရဲ့ အချစ်ဆုံးလေး

ဟန်ရှန်းယွီ၊ သူ့ရဲ့စကားတု့ိသည် ရီဝမ်ဝမ်ကို လုံးဝအတိ ထွက်ပြေးချင်စိတ်ပေါက်နေစေလေပြီဆိုသည်ကို မသိရှာဘဲ ဆက်ကာပင် ပြောလာလေသည် ။
“မင်းက အစ်မ ရှင်းနဲ့ ငါ့ကို ပရောပရည်လုပ်တာက တော်သေးတယ်။ မင်းရဲ့သူငယ်ချင်းကတော့ ပိုပြီးတော့ ဆိုးမယ်နဲ့တူတယ်။
သူ့လို လူအကြီးကြီးက မင်းရဲ့အခွင့်အရေးယူခံနေရတယ်။
မင်း တကယ်ကြီး သူ့ကို ဘာမှ မလုပ်ခဲ့ပါဘူးနော်”

ရီဝမ်ဝမ်။ “…”

ဒါဆို စီရီဟန်ရဲ့ကိုယ်ပေါ်က အဲဒီအမှတ်တွေအကုန်လုံးက
ငါ့ကြောင့် ဖြစ်ခဲ့တာလား ။

အား၊ ဆက်မပြောပါနဲ့တော့၊ ငါ တစ်ယောက်တည်း နေပါရစေ….

ဟန်ရှန်းယွီ၊ တစ်ခုခုတော့ မူမမှန်တော့ပြီဆိုသည်ကို အာရုံခံမိသွားလေရာ သူ သူမအား မနက်စာပေးပြီးသည်နှင့် ထွက်သွားတော့လေပြီ။

လျှပ်တစ်ပြက်အတွင်းမှာပင်၊ တိုက်ခန်းကြီးထဲတွင်
ရီဝမ်ဝမ်နှင့် စီရီဟန်သာလျှင် ကျန်ရှိကြတော့လေသည်။

ရီဝမ်ဝမ်၊ သူ့ဆီကနေ ခွင့်လွှတ်မှုကို ရဖို့ရာ တောင်းပန်ရနိုးနိုး၊ မသိချင်ယောင်ဆောင်ကာ ထွက်ပြေးပစ်ရနိုးနိုးဖြင့် လွန်ဆွဲလို့
နေလျက် ။ အချိန်အကြာကြီး ကြာပြီးသည့်နောက်တွင်တော့၊
သူမ ဘာမှ မဖြစ်ခဲ့သလိုမျိုး မပြုဝံ့လေရာ၊ စီရီဟန်ဆီသို့သာ ဂရုတစိုက်ဖြင့် လျှောက်သွားလိုက်ပါတော့၏။
“ကိုကို….ချစ်လေး မှားသွားခဲ့ပါတယ်…ချစ်လေးက ပတ်မွှေနေခဲ့မိတဲ့သူပါ…ချစ်လေးက လူယုတ်မာကြီး…
ချစ်လေးက မျက်စိထဲဝင်တဲ့အမှိုက်ကြီးပါ…”

လခွမ်း၊ ငါ ဘာလုပ်ရတော့မှာလဲဟ….

“ချစ်လေး သိပါတယ်။ ချစ်လေးလေ သဘောတူညီချက်ကို ချိုးဖောက်မိပြီဆိုတာကို ချစ်လေး သိပါတယ်။ ဒါပေမယ့်လေ လူပဲလေနော်။ လူဆိုတာက အမှားနဲ့မှ မကင်းတာ ။
လူတိုင်းက အမှားလုပ်တတ်ကြတာပဲ။ လူတိုင်း…”
ရီဝမ်ဝမ်၊ နောက်ထပ်ပိုသာသော စကားလုံးတို့ ပါးစပ်ဖျားမှ ထွက်အံကျ လာနိုင်စွမ်း မရှိတော့။ ဒီတော့၊ သူမ ထုတ်ပြောချလာတော့သည်ကား။
“ဝမ်ဝမ်က ကိုကို့ရဲ့ အချစ်ဆုံးလေးမှတ်လား။ ဒါဆို ကိုကို ဝမ်ဝမ့်ကို အခွင့်အရေးတစ်ခုတော့ ပေးနော်၊ နော် ကိုကို နော်"

အနှီယောကျာ်းသည်ကား အပြုံးတုဖြင့် သူမလေးအား အေးစက်စွာ ကြည့်လို့နေလျက်။ သူ့ရဲ့ခံစားချက်တို့သည်ကား ဘွင်းဘွင်းရှင်းရှင်းကြီး။

ရီဝမ်ဝမ်၊ ဒီတစ်ကြိမ်တွင်တော့ သူမ ဒုက္ခအကြီးကြီးရောက်ပြီဆိုသည်ကို သိလို့နေပါ၏။ သူမ သူမရဲ့လက်လေးကို မြှောက်ကာမြှောက်ကာဖြင့် ပြောလာပါ၏။
“ချစ်လေး ရှင်းပြပါရစေ။ မနေ့ညကလေ ဟန်ရှန်းယွီက သဘောကောင်းကောင်းနဲ့ ချစ်လေးကို အနုပညာနယ်ပယ်က လူတစ်ချို့နဲ့ မိတ်ဆက်ပေးရအောင်ဆိုပြီးတော့ ပါတီတစ်ခုကို ချစ်လေးကို ခေါ်သွားပေးခဲ့တယ်။ ကိုကို သိပါတယ်။ ဘယ်ပါတီကများ အရက်နည်းနည်းလေးပဲ သောက်လို့ရလို့လဲလို့။ ချစ်လေးကလေ အစကတော့ ဟန်ကိုယ်ဖို့အတွက် ဟန်ပြလေးပဲ သောက်ခဲ့ရုံပါ ။ ဒါပေမယ့် ဒီလောက်လွယ်လွယ်လေးနဲ့ မူးသွားလိမ့်မယ်လို့တော့ ချစ်လေးလဲ ဘယ်သိပါ့မလဲ….ဘာဆက်ဖြစ်ခဲ့သလဲဆိုတာကို
ချစ်လေး ပြန်စဉ်းစားလို့မရတော့ဘူး…ချစ်လေးက အရက်ဒဏ်ကို မခံနိုင်ဘူးဆိုတာကို တကယ်ကြီးကို မသိခဲ့မိလို့ပါ….”

စီရီဟန်ကား အမူအရာပြမလာဆဲ။
ဤသည်ကို မြင်လိုက်ရသည့်အချိန်တွင်တော့
ရီဝမ်ဝမ် အလွန်အမင်း မျှော်လင့်ချက်မဲ့သလို ခံစားလာမိတော့လေသည်။
“ဘေဘီကလည်းကွာ၊ ဒီလိုလုပ်ကြရအောင်လေ။ ဒီနေ့ကနေစပြီးတော့၊ ချစ်လေးက ဘေဘီ့ရဲ့ချိုမြိန်တဲ့ခေါင်းအုံးလေး ဖြစ်ပေးမယ်လေကွာ ။ ဘယ်နေရာပဲရောက်ရောက်၊ ဘယ်အချိန်ပဲဖြစ်ဖြစ်။
ဘေဘီ အိပ်ချင်လာတဲ့အချိန်တိုင်း ချစ်လေး အဲဒီနေရာကို အရောက်လာခဲ့ပေးမယ်လေ။ ဘယ်လိုလဲ၊ ဟင် ဟင်လို့”

စီရီဟန်၊ သူမလေးအား စောင်းငဲ့ကြည့်လာကာ၊
အေးစက်စွာ ပြောလာပါ၏။
“ကိုယ် ချစ်ကို အိပ်ရာထဲမှာ သော့ခတ်ထားလိုက်တာက
ပိုပြီးတော့ အဆင်မပြေသွားဘူးလား”

ဒါကို ကြားလိုက်ရသည့်အခိုက်၊
ရီဝမ်ဝမ်ရဲ့ နှလုံးသားလေး တုန်ခိုက်သွားရတော့ချေပြီ ။
သူမ ဉာဏ်အပြေးအလွှားကစားလိုက်တော့ပြီး ပြန်ဖြေလာပါ၏။
“ဒါက…ကွာခြားချက်လေး ရှိတယ်လေ….ကိုကိုက ချစ်ကို အိပ်ရာထဲမှာ သော့ခတ်ထားမယ်ဆိုရင် သိပ်ကိုပျင်းစရာကောင်းသွားမှာပေါ့…. ကိုကို သော့ခတ်မထားဘူးဆိုရင်…ချစ်တို့တွေ ပုံစံမျိုးစုံနဲ့ လုပ်လို့ရသွား မယ်...ချစ်တို့တွေ အဆောင်ခန်းမှာ လုပ်လို့ရမယ်…ရုံးခန်းထဲမှာ…အိမ်ထဲ….ကားထဲ….အပြင်ဘက်…ချစ် ပြောတာ မှန်လား…”

စီရီဟန်။ “…”

ရီဝမ်ဝမ်၊ ခုန်ပျံကျော်လွှားသွားလိုက်ပါ၏။
“ဒီထပ်ပိုပြီးတော့ စိတ်ဆိုးမနေနဲ့တော့နော်၊ ဟုတ်ပြီလား။
ချစ်က နည်းနည်းလေး မူးသွားခဲ့ပြီးတော့ နည်းနည်းလေး အထိန်းအချုပ်လွတ်သွားတယ်ဆိုပေမယ့်လည်း ချစ်က ကိုကို့အပေါ်မှာ သစ္စာရှိနေပါသေးတယ်။ နောက်ဆုံးကျတော့၊ ကိုကိုကသာ ချစ်လေး အိပ်ရာထဲကို ခေါ်သွားခဲ့တဲ့သူ ဖြစ်နေတာပဲလေနော်။ ချစ်လေးက အသိစိတ်လွတ်သွားတဲ့အချိန်မှာတောင်မှ ချစ်ရဲ့အတွင်းစိတ်ထဲက နေတော့ ကိုကို့ကိုပဲ ရွေးချယ်နေတုန်းပဲလေနော်။ ဒါကို ဘယ်လိုပြော ရပါ့မလဲ။ အင်း ချစ်လေးက ကိုကို့အပေါ် စစ်စစ်မှန်မှန်နဲ့ ချစ်တယ်လို့ ပြောရမလားပဲ”

စီရီဟန်ရဲ့နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် မြင့်တက်သွားတောသည့်။

ရီဝမ်ဝမ်၊ သူ့ရဲ့မျက်နှာ ပြေလျော့ကျသွားသည်ကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် ကောင်းသည့်ဘက်ကနေ ယူဆပစ်လိုက်တော့ပြီး။
“ဘေဘီက အကောင်းဆုံးပဲ”

စီရီဟန်။ “…”

သူမကို ခွင့်လွှတ်ပေးပါပြီလို့ ငါ ပြောလိုက်မိလို့လား။

သူမ၏နုညက်ချောမွတ်လှသည့် မေးစေ့လေးကို ဆွဲကိုင်လိုက်တော့ပြီး သူမအနား အန္တရာယ်ရှိစွာ တိုးကပ်သွားကာ စကားတစ်ခွန်းချင်းစီတိုင်း ကို သေသေချာချာ ပြောလာပါ၏။
“ရီ ဝမ်ဝမ်။ ကိုယ်က လွယ်လွယ်လေးနဲ့ အရူးလုပ်လို့ရနိုင်တယ်လို့များ မင်း ကိုယ့်ကို ထင်နေတာလား”

ထိုအနေအထားအတိုင်းသားဖြင့်ပင် ၊ ရီဝမ်ဝမ်၊ စီရီဟန်၏ပါးပြင်ကို ရွှတ်ခနဲ နမ်းလိုက်တော့ပြီး။ “မဟုတ်ဘူး၊ မဟုတ်ဘူး။ ဘေဘီက အရမ်းကို ဉာဏ်ကောင်းပြီးတော့ အရမ်းကိုပဲ ချောတယ်။ လုံးဝကိုပဲ လွယ်လွယ်လေးနဲ့ အရူးလုပ်လို့ဘယ်ရနိုင်ပါ့မလဲ ။ ဒါက ဘေဘီက ချစ်လေးကို အရမ်းကြီး အရမ်းကြီး ချစ်လွန်းလို့ ချစ်လေးကို အနိုင်မကျင့်ရက်ရုံလေးပဲ”

စီရီဟန်။ “…”

ဝမ်ဝမ်၏အတွေးသေးလေး *** မကောင်းဆိုးဝါးကြီးနဲ့ ရင်ဆိုင်ရတော့ မယ်ဆိုရင် နင် ဒီလောက်တော့ အရှက်မရှိဖြစ်နေရမယ်။

              💖💖💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Goddess : 
ဝန်ဇင်းမှာ စာအုပ်လိုက် တစ်ခါတည်းအပြတ်ဖတ်လိုသူဒါဒါလေးများ အတွက်လည်း စာစဉ် ( ၁၂ )အထိ တင်ပေးပြီးထားလို့ သွားရောက် ဝယ်ယူအားပေးလို့ရပါပြီလို့ သတင်းကောင်းလေးပါးလိုက်ပါရစေ😘

Paid group ဝင်လိုသူဒါဒါလေးများအတွက်လည်း စာစဉ် ( ၁၄ ) အထိ gp ဝင်လို့ရပါပြီနော် ။ paid group ဝင်သူများအတွက်ကို စာစဉ်တစ်ခုပြီးတိုင်း PDF ထုတ်ပေးကြောင်းလည်း သတင်းကောင်း ပါးလိုက်ပါရစေနော့ 😘

Continue Reading

You'll Also Like

1.4K 304 24
ℍ𝔼 𝕀𝕊 𝕄𝕐 ℙ𝔸𝕊𝕋 𝔹𝕌𝕋 ℕ𝕆𝕋 ℍ𝔼 @A_Hlyan_Satt - It's My OwnCreation Chanbaek Fiction လွတ်လပ်စွာချည်နှောင်လိုက်ပါ အပြစ်ကြွေးရှိရင်လဲ ငါဆပ်ပါ...
1.1M 37.4K 55
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...
24.6K 1.8K 23
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *