ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၂ ( ၅ + ၆ )

10K 1.1K 48
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   12
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၂၊ အခန္း ၅။ ကို္ယ္နဲ့ တစ္ၾကိမ္အိိပ္ေပး

လကၡဏာကို ဖတ္ေနတာက ဘယ္လုိၾကီးလဲဟ။
ဒီေကာင္က လက္ကို ခနေလးပဲ ၾကည့္ၾကည့္လုိက္ရံုေလးပါလား…

ရီပုိင္၊ စီရီဟန္ရဲ့လကၡဏာကို ဖတ္ၿပီးသြားသည့္ေနာက္ စိ္တ္ေက်နပ္သြားေလဟန္ ေပၚထြက္လာပါ၏။ ေနာက္၊
သူ ဟန္ေဆာင္ခန့္မွန္းေပးလာသည္ကား ။
“ကုိကိုေလး၊ မင္းဆီမွာ ဘုရင္တစ္ပါးရဲ့အာဏာေတြကို က်ြန္ေတာ္ ၿမင္ေနရတယ္…ဒါေပမယ့္ သနားစရာေကာငး္တာကေတာ့ဗ်ာ… မငး္ရဲ့လက္ထပ္ကိစၥက ပါးပါးလြွာလြွာေလးျဖစ္ေနတာပဲ ။ မငး္မွာ ၾကမ္းတမ္းခက္ခဲတဲ့လက္ထပ္ပြဲတစ္ခုကို ရဖုိ့ ကံၾကမၼာပါလာတယ္။ ၿပီးေတာ့ မငး္ တစ္သက္လံုး အထီးက်န္ရလိမ့္မယ္…ဒီကံတရားကို မငး္ ေ၇ွာင္ဖယ္ခ်င္တယ္ဆုိရင္ေတာ့ နည္းလမ္းတစ္ခုပဲရွိတယ္…”

လူငယ္ေလးရဲ့မ်က္နွာသည္ကား
အလြန္ပင္ တည္တံ့ေလးနက္လုိ့ေနပါ၏။

ဟန္ရွန္းယြီ ဒါကို ၿမင္လုိက္ရသည့္အခ်ိန္၊
ရီပုိင္သည္ အမွန္တကယ္ပင္ ကံၾကမၼာကို ဖတ္နုိင္သူဟုပင္ ၿမင္လာမိေတာ့ေခ်ၿပီး ဒီကံတရားကို ေရွာင္ဖယ္ဖုိ့ရာအတြက္
အေၿဖကို စိတ္အားထက္သန္စြာၿဖင့္ နားစြင့္ေနမိခ်ိန္။

“အိုး။ ဘာမ်ားလဲ”
အနွီလူသည္ကေတာ့ အမူအ၇ာမဲ့စြာၿဖင့္ပင္ ေမးလာပါ၏။

လူငယ္ေလးသည္ သူ့ရဲ့လက္ကို ထိုးဖြလိုက္ေတာ့ရင္း တစ္ဆက္တည္းတြင္ ေၿဖလာေလသည္ကား။
“စိ္တ္မပူပါနဲ့။ စိတ္မပူပါနဲ့ ကိုကုိေလးရာ။ မင္း စိတ္လႈပ္ရွားေနစရာ မလိုပါဘူး။ မင္းရဲ့ဘ၀မွာ ကို္ယ့္ကို လုိအပ္ေနရံုေလးပဲ။ ဒီေတာ့
ကိုယ္နဲ့ တစ္ၾကိမ္ေလာက္ေလးပဲ အိပ္ေပးလုိက္၊ ဒါဆုိ အားလံုး အဆင္ေၿပသြားလိမ့္မယ္”

စီရီဟန္။ “…”

ဟန္ရွန္းယြီကား သီးလုမတတ္ ၿဖစ္သြားေတာ့ေလၿပီ။
“….”

မသိရင္ မင္းရဲ့ကေပါက္တိကေပါက္ခ်ာေတြကို ယံုမိေတာ့မလို႔။

သူတု့ိနွစ္ဦးသား အသီးသီး သူတုိ့ရဲ့တုိက္ခန္းေတြဆီ ၿပန္ေရာက္သြား ၾကသည့္ေနာက္၊ ဟန္ရွန္းယြီ၊ သူူ့ေခါင္းကုိ္ ယမ္းကာယမ္းကာၿဖင့္ သူ့ဧည့္ခန္းအား စိုးရိမ္တၾကီး ၾကည့္လုိ့ေနမိပါ၏။

အဆံုးတြင္ေတာ့၊ သူ့ရဲ့အိပ္ခန္းဆီသို့ ေလ်ွာက္သြားလုိက္ေတာ့ၿပီး သူ့ရဲ့နားကို နံရံဆီ ကပ္လုိ့၊ တစ္ဖက္တုိက္ခန္းဆီက စကားသံတုိ့ကို ၾကားရလုိၾကားရၿငား နားေထာင္ဖုိ့ ၾကိဳးစားေနမိပါေတာ့၏။ သို့ေသာ္၊ အသံလံုအားသည္ အလြန္တရာ ေကာင္းမြန္ေလသည္တည္းမုိ့
သူ ဘာဆုိဘာမွ ၾကားရၿခင္း မရွိခဲ့ပါေခ်။

သူုတို့နွစ္ေယာက္ၾကားမွာ တစ္ခုခုမ်ား ၿဖစ္သြားနုိင္မလား။

အခုမွ၊ ေနာက္ဆံုးတြင္မွ၊ သူ နားလည္မိသြားသည္ကား…ရီပုိ္င္၏သူငယ္ခ်င္းသည္ အ၇မ္းေၿဖာင့္ေနပံု မရေလဘူးဆိုတာ ။

အဲဒီေကာင္ရဲ့ပလူးပလဲနဲ့ လုိက္ၿမွဴစြယ္ေနတာေၾကာင့္
သူ့ခင္ဗ်ာ မေဂးခ်င္ဘဲ ေဂးသြားရတာမ်ားလား။

ေဘးခန္းတြင္။

ရီ၀မ္၀မ္သည္ကား ၀ံပုေလြဆုိးၾကီးတစ္ေကာင္အလားနွယ္၊
စီရီဟန္အား ဆြဲေခၚေနကာ အိပ္ခန္းထဲသုိ့ ၿဖည္းၿဖည္းခ်င္း တြန္းပို့ေပးလို႔ေနပါ၏။

“အလွေလး၊ မင္း ဘာလုိ့ ဒီလုိညေလးမွာ ကိုယ္နဲ့အတူတူ
ၾကယ္ေတြ လေတြ မၾကည့္ရတာလဲ။ ကိုယ္တုို့ ကဗ်ာေတြအေၾကာင္း၊ ဘ၀ေတြအေၾကာငး္ ေၿပာၾကမယ္ေလ…ကုိ္ယ္ ကတိေပးတယ္…
ကို္ယ္ မင္းကို ဘာဆုိဘာမွ မလုပ္ဘူး…”

သူမေလး ေၿပာရင္းဆုိရင္းမွာပင္၊ တစ္ၿပိဳင္နက္တည္း
အနွီလူၾကီးအား အိပ္ရာဆီကို ဆြဲတင္လုိ့ေနပါ၏။

စီရီဟန္သည္ကား စိတ္ၾကည္ေနေလဟန္မတူ။
သူ့ရဲ့အက်ီေကာ္လံကို လာလာထိေနေလသည့္ လက္ေလးေတြကုိ အေ၀းသို့ ဖယ္ထုတ္ပစ္ေနရင္း။ သူ့ရဲ့အသံမွာ ေနြးေထြးမႈတစ္စံုတစ္ရာ မပါေလဘဲ ေအးခဲစြာၿဖင့္ ေၿပာလာပါ၏။
“ဒီည ကို္ယ္သာမရွိေနဘူးဆုိရင္း မင္း အဲ့အေကာင္ကုိ
အိပ္ရာထဲ ဆြဲေခၚသြားမွာမလား”

ရီ၀မ္၀မ္ရဲ့လက္တုိ့ ပုတ္ခ်ခံလုိက္ရေလရာ၊
သူ ေဒါသထြက္ေနၿပီ ဆိုသည္ကုိ သူမေလး အာရံုခံမိသြားပါေတာ့၏။ ဒီေတာ့၊ သူမေလး ေခါင္းေလးကို ေမာ့လုိ့ အံကိုၾကိတ္လုိက္ကာ
သူ့အား အသာအယာပုတ္ေပးရင္း။ “မၿဖစ္နုိင္တာ…ကိုကိုေလးရာ ၊
မငး္က ကို္ယ့္အတြက္ေတာ့ တစ္ေယာက္ထဲရွိတဲ့သူပဲဥစၥာ..ကိုယ္က မင္းတစ္ေယာက္တည္းနဲ့ပဲ အိပ္မွာ….”

စီရီဟန္၊ အသက္ကို ၿပင္းၿပင္းတစ္ခ်က္ရွဴလုိက္မိေခ်ေတာ့သည္။ သူ့ ၾကည့္ရသည္ကား သူသည္ သူမေလးအား ဖိညွစ္ပစ္လိုက္ခ်င္သလုိ၊ တစ္ခ်ိန္တညး္မွာပင္ သူမေလးအား သူ့ရင္ခြင္ထဲ ၿမွဳပ္ထားလိုဟန္ ေပၚလို့ ေနပါ၏။ သူ ခါးကိုင္းခ်လာေလၿပီး သူမေလးရဲ့နႈတ္ခမ္းေလး တုိ့ေပၚ အားပါပါနဲ့ ကိုက္ခ်လုိက္ေတာ့ကာ၊ တစ္ဖက္တြင္လညး္ သူ့ရဲ့လက္ဖ၀ါးၾကီးမွာ သူမေလးရဲ့အေပၚပိုင္းအက်ီကို ေၿဖလုိ့ေနသည္ မွာ တစ္လံုးခ်င္းတစ္လံုးခ်င္း…..

သုိ့္ေသာ္၊ သူ ထိမိလုိက္သည့္တစ္ခုခုသည္ မမွန္ခဲ့ေခ်ၿပီ။

သူ ငံု့ၾကည့္လိုက္မိသည္နွင့္ နားလည္လုိက္သည္ကား ၊ သူမရဲ့ရင္ဘတ္ၾကီးတစ္ခုလံုး ခါးေနရာပါမက်န္
တင္းတင္းက်ပ္က်ပ္ စည္းေနွာင္ထားေလၿခင္းကို….

အနွီလူသည္ မ်က္ေမွာင္တုိ့ ၾကဳတ္သြားမိေခ်ေတာ့ၿပီး ၿဖည္းညင္းစြာၿဖင့္ပင္ သူမေလးအား ပူးကပ္ထားရာမွ ေၿဖေလ်ာ့ေပးလုိက္ပါေတာ့၏။

ရီ၀မ္၀မ္သည္ မူးေနၿပီၿဖစ္ပါေသာ္ၿငားလညး္ သူမသည္ကား သူမရဲ့ေယာက်ာ္းပံုစံကို ထိန္းသိမ္းထားနုိ္င္စြမ္း ရွိေနဆဲပင္။
သူမေလး လြတ္သြားၿပီဆုိသည္နွင့္ လ်င္လ်င္ၿမန္ၿမန္ၿဖင့္ပင္
စီရီဟန္အား အိပ္ရာေပၚ တြန္းခ်ပစ္လုိက္ေတာ့ေလ၏။

သူမေလး၏အရည္လဲ့ေနသည့္ မက္မြန္ပန္းပြင့္ခ်ပ္ပမာမ်က္၀န္းတုိ့မွာ မွိတ္ခတ္မွိတ္ခတ္လုပ္လာေခ်ၿပီး သူမရဲ့လက္တုိ့ကို သူ့လက္ဖ၀ါးတုိ့ေပၚ ဖိခ်လုိက္ေတာ့ရင္း။
“အာ၊ အလွေလး…မဆုိးနဲ့ေလကြာ”

သူမေလး သူ့အား လွဲသိပ္ခ်လုိက္ၿပီဆုိသည္နွင့္ သူမေလး၏
ဆံပင္တုတုိ့မွာ ၿပဳတ္က်သြားေတာ့ေလၿပီး သူမရဲ့လွပသည့္ အနက္ေရာင္ဆံေကသာတု့ိမွာ ေၿပေလ်ာ့က်လာေလသည္….

စီရီဟန္၊ သူမ၏ရွက္ေသြးၿဖာေနသည့္မ်က္နွာေလး၊ ၾကယ္ေလးေတြပမာ ေတာက္ပရြွန္းစားေနသည့္သူမရဲ့မ်က္၀န္းေလးေတြ၊ သူမရဲ့ပုခံုးသားေလး ေပၚ ေၿပေလ်ာ့က်လို့ေနေလသည့္ သူမရဲ့ဆံနြယ္ေလးေတြနဲ့ သူမရဲ့ၿမင္ေနရသည့္ ေခ်ာမြတ္လွစြာေသာ ရင္ညြန့္ရိုးေလးတု့ိကို စိုက္ၾကည့္လုိ့ေနမိရင္း ။ ခ်က္ခ်င္းဆုိသလိုပင္ သူ့ရဲ့မ်က္လံုးတုိ့ မည္းေမွာင္က်လာေခ်ေတာ့ၿပီး သူ့ရဲ့လက္ဖ၀ါးၾကီးတုိ့နွင့္ မိန္းကေလးရဲ့ခါးသိမ္ေလးအား ကိုင္လႈပ္လုိက္ေတာ့ကာ၊ အံကိုၾကိတ္ရင္း ေၿပာလာသည္ကား။
“ေသေသခ်ာခ်ာေလး ၾကည့္၊ ကို္ယ္ ဘယ္ သူ လဲ”

ရီ၀မ္၀မ္၊ စီရီဟန္ရဲ့ရင္ဘတ္ေပၚကေန လွဲလုိ့ေနရင္းကေန စၾက၀ဠာၾကီးတစ္ခုလံုးမွာ သူတစ္ေယာက္တည္းသာလ်ွင္ ရွိေလသည့္အလား သူ့အား စုိက္ၾကည့္လာေလ၏။
သူမေလးရဲ့အသံမွာ ေၿဖးညင္းစြာၿဖင့္ပင္ နဂိုမိန္းကေလးသံ ၿပန္ေပၚလာေခ်ေတာ့ၿပီး နူးညံ့ၿပီး ခ်ိဳၿမျမေလသံေလးျဖင့္
ေၿပာလာပါ၏။
"ခ်စ္ကို ရွင္းရွင္းလင္းလင္းၾကီး သိတာေပါ့လုိ့….
ခ်စ္က အလွေလးပဲ။ ခ်စ္က က်ြန္မရဲ့ကိုကိုေလး၊ က်ြန္မရဲ့ေဘဘီေလးေလ…”

သူမ သူ့ရဲ့လည္တုိင္အား အသာအယာပြတ္သပ္ေပးလာၿပီး သူမရဲ့အသံမွာ ပုိလို့ပင္ နူးညံ့ေပ်ာ့ေပ်ာင္းလာလ်က္။
“ေဘဘီက က်ြြန္မ ေအးေနတဲ့အခ်ိန္မွာဆို အ၀တ္အစားေတြ ယူလာေပးခဲ့တယ္….စြပ္ၿပဳတ္ခံြ့ေက်ြးေပးခဲ့တယ္…ေဘဘီမွာက က်ားၿဖဴတစ္ေကာင္လည္းရွိတယ္…က်ြန္မက ေဘဘ့ီကို ခ်စ္တယ္…”

သူမရဲ့မ်က္၀န္းထဲက ေနြးေထြးမႈနဲ့ နူးညံ့မႈတုိ့ကို ၿမင္လုိက္ရသည့္အခ်ိန္၊ သူ့ရဲ့လည္တုိင္တြင္ နူးညံ့မႈေလးတစ္ခုကို ခံစားလုိက္ရသည့္အခ်ိန္တြင္ ၀ယ္၊ စီရီဟန္ ဆြံ့အသြားရေတာ့ေလၿပီ။
“….”

ငါကြာ ၊ ဒီမိန္းမေတာ့ ။

မင္း ဒီလုိလုပ္တာေလာက္နဲ့ ငါ မင္းအေပၚ ေဒါသေၿပေပးလိမ့္မယ္လုိ့မ်ား ထင္ေနတာလား။

                💖💖💖💖💖💖💖💖💖💖

စာစဥ္ ၁၂၊ အခန္း ၆။ ကိုယ္ အိပ္ခဲ့တယ္

ေနာက္တစ္ေန့မနက္ခင္း။

ရီ၀မ္၀မ္၊ သူမသည္ အိပ္ရာေပၚတြင္ ေရာက္ေနေလၿပီး ညအိပ္၀တ္စံုတုိ့ လဲထားႏွင့္ကာ သူမေခါငး္ေပၚက ဆံပင္တုသည္ က်ြတ္ေနသည္ကို သိသြားပါေတာ့၏။ သူမသည္ မိန္းကေလးတစ္ေယာက္ပံုဟန္ပင္ ၿပန္ၿဖစ္ေနခဲ့ေလၿပီ။ ဒီေတာ့ သူမ ထိတ္လန့္သြားမိေတာ့ကာ ခ်က္ခ်င္းဆိုသလိုပင္ အလန့္တၾကား အိပ္ရာမွ ထခုန္ေပါက္လုိက္မိပါ ေတာ့၏။

မေန့ညတုန္းက သူမသည္ သူမရဲ့လစ္မစ္ကို ေက်ာ္ၿပီးေသာက္မိသြားခဲ့ သည္မို့ ဘာၿဖစ္ခဲ့သလဲဆုိသည္တုိ့ိကုိ ၿပန္အမွတ္မ၇ေတာ့ပါေခ်။ သူမ မွတ္မိေနသည့္အရာသည္ကား ဟန္ရွန္းယြီနွင့္ သူမ ေရကူးကန္ပါတီသို့ သြားခဲ့သည္ဆုိၿခင္းမ်ွသာ။

ဟန္ရွန္းယြီ ငါ့လ်ိဳ့၀ွက္ခ်က္ကိုမ်ား သိသြားၿပီလား။

ရီ၀မ္၀မ္ အိမ္စီးဖိနပ္ကို စီးကာ အိပ္ခန္းထဲကေန
အေၿပးဆိုသလို ေၿပးထြက္သြားလိုက္သည္ႏွင့္ ။
ေနာက္….

သူမ ၿမင္လုိက္ရသည္ကား၊
ဧည့္ခန္းထဲတြင္ ေကာ္ဖီေသာက္ေနေလသည့္ စီရီဟန္….

သူမ စီရီဟန္ကို ၿမင္လုိက္ေတာ့ေလမွ စိတ္ေအးသက္သာသြားမိေလေတာ့ၿပီး
သူမရဲ့နွလံုးသားေလးလညး္ တည္ၿငိမ္က်သြားေတာ့ေလသည္။

“ေဘဘီ၊ နုိင္ငံၿခားသြားေနတာမဟုတ္ဘူးလား။
အိုး နုိး၊ အ၇မ္းေနာက္က်ေနၿပီ.....။
က်ြန္မ ရံုးခန္းကို သြားမွၿဖစ္ေတာ့မယ္…”
ရီ၀မ္၀မ္၊ နာရီကို ၾကည့္လိုက္မိေခ်ေတာ့ၿပီး ေနာက္၊ ၿမန္ၿမန္ဆန္ဆန္ၿဖင့္ပင္ အ၀တ္လဲလိုက္ပါေတာ့၏။

သူမေလးအား စကားတစ္ခြန္းမ်ွပင္ ေၿပာၿခင္းမရွိပါသည့္ စီရီဟန္၊ သူ့ရဲ့ကိုယ္တြင္ကား စိ္တ္မေက်နပ္မႈတုိ့ အတုိင္းသားေပၚလြင္ေနလ်က္။

ဒီေလာက္နွစ္ေတြအမ်ားၾကီး သူမ ရုပ္ဖ်က္လာခဲ့ၿပီးသည္တြင္၊
ရီ၀မ္၀မ္၊ ရုပ္ဖ်က္ၿခင္းအရာ၌ အလြန္တရာ က်ြမ္းက်င္ေနေလၿပီ ။ အရင္တုန္းက သူမ ေန့စဥ္လိမ္းခဲ့သည့္ မိတ္ကပ္ထူၾကီးနွင့္ နိႈင္းစာပါေသာ္၊ ေယာက်ာ္းတစ္ေယာက္လုိ ၀တ္စားထားသည္က သူမအတြက္ အမ်ားၾကီး ပိုလုိ့ ရိုးရွင္းေနေလသည္။
သူမ လုပ္ရသည္ကား ၊ မ်က္ခံုးေမြး ထူထူထဲထဲ ဆြဲကာ သူမရဲ့မ်က္နွာတြင္ ေယာက်္ားဆန္ဆန္ လိမ္းက်ံဖုိ့တည္းပင္။

အရင္တုန္းကရွိခဲ့ဖူးသည့္ သူမရဲ့ရႈပ္ယွက္ခတ္ေနသည့္ အ၀တ္အစားေတြကို တစ္ပတ္ရစ္၀က္ဘ္ဆုိက္ေတြထဲ တစ္ေခါက္တည္းအၿပတ္တင္ေရာင္းပစ္လုိက္ကာ
အမ်ိဳးသား၀တ္ေတြနဲ႔ ေၿပာငး္လဲလုိက္ေတာ့သည္တည့္။

သူမ ရံုးကို သြားၿပီဆိုလ်ွင္ အၿဖဴေရာင္ရွပ္အက်ီနွင့္ အေနာက္တုိင္း ၀တ္စံုကို ၀တ္ဆင္ေလ့ရွိပါ၏။ ရင္ဘတ္အိပ္ကပ္ေလးေပၚတြင္ေတာ့ နွင္းဆီပန္းပံုေလးကို ထိုးထားတတ္ပါ၏။ ၿပီးေတာ့ သူမရဲ့အလြန္တရာ ေတာက္ပေနသည့္ ၊ ဆြဲေဆာင္မႈရွိလွသည့္ မ်က္၀န္းတုိ့ကို အုပ္ကာထားလိုက္ပါ၏။

သူမ အခန္းထဲက ထပ္ထြက္လာသည့္အခ်ိန္တြင္ေတာ့၊
အခုမွ နုိးထလာသည့္ မိန္းမငယ္ေလးအၿဖစ္ကေန
ဥေရာပက အထက္တန္းစားမင္းသားငယ္ေလးအသြင္ ေၿပာင္းလဲသြားေတာ့ေလၿပီ။

“အာ။ ေဘဘီ၊ က်ြန္မရဲ့ေၿခစြပ္ကို မေန့ညက ဘယ္မွာ ထားလိုက္ေသးလဲ” ရီ၀မ္၀မ္ ၊ စိုးရိမ္စြာၿဖင့္ ေမးလာၿခင္း။

သူမသည္ စီရီဟန္ရဲ့ေဘးတြင္ ရပ္ေနသည့္အခ်ိန္၊
အလြန္တရာ ေသးငယ္ေနဟန္ေေပၚေနေလသည္ ။ သို႔ေသာ္ျငား ၊
သူမသည္ တကယ္တြင္ေတာ့ အလြန္အရပ္မပုလွပါေခ်။ သိုု့ေသာ္၊ သူမ၏ေၿခစြပ္တုိ့သည္က သူမအား ပိုလုိ့ေယာက်ား္ဆန္ေစေလသည္ တည္းမို့ သူမ သူတုိ့ကို မစြပ္ဘဲ ဘယ္မွ သြားေလ့မရွိၿခင္းပါတည္း။

ရီ၀မ္၀မ္၊ သူမရဲ့ေၿခစြပ္တုိ့ကို ပတ္ပတ္လည္ေ၀့၀ိုက္ၾကည့္ေနရင္းကေန စီရီဟန္အား ၾကည့္လုိက္မိေခ်ပါၿပီ။ သူမ သတိၿပဳမိသြားသည္ကား ၊ စီရီဟန္ရဲ့ေရွ့တည့္တည့္၌ အိတ္တုိ့ရွိေနေလျခင္းပင ္။
သူမ မစဥ္းစားနုိင္ေတာ့ -- ဟမ္၊ စီရီဟန္ မေန့ညတုန္းက ေကာငး္ေကာင္း မအိပ္ခဲ့ရဘူးလား။

င့ါရဲ့အိပ္ေအာင္လုပ္တဲ့စေကးမ်ား က်သြားလို့လား။

ပိုၿပီးေတာ့ပင္ ေရွာ့ရစ၇ာေကာငး္သည္ကား…သူမရဲ့မ်က္လံုးေထာင့္ တစ္ေနရာကေန စီရီဟန္ရဲ့လည္တုိင္တြင္ တစ္စံုတစ္ရာရွိေနသည္ကို သတိၿပဳမိသြားၿခင္းပင္…
ေနာက္တစ္စကၠန့္တြင္၊ ရီ၀မ္၀မ္ အားအၿပည့္နဲ့ ခုန္တက္သြားေတာ့ကာ၊ စီရီဟန္ရဲ့ အက်ီေကာ္လံအား ဆြဲၿဖဲၾကည့္လုိက္ေတာ့ေခ်ၿပီး။
“ဘာလား။ ေဘဘီ၊ က်ြန္မရဲ့ကြယ္ရာမွာ ရွင္ တၿခားတစ္ေယာက္နဲ့ အိပ္ခဲ့တယ္ေပါ့ေလ”

စီရီဟန္ရဲ့မ်က္၀န္းထဲက ေအးစက္မႈတုိ့သည္ ေနာက္ဆံုးတြင္ေတာ့ ၿပန့္က်ဲသြားခဲ့ေခ်ၿပီ။ သူ့ရဲ့အသံသည္ပင္ အလြန္တရာ ၿခိမ္းေၿခာက္သံ ပါလာလ်က္၊ သူ စကားလံုးတစ္လံုးခ်င္းစီတုိင္းကို ၾကည္ၾကည္လင္လင္ ေၿပာလာေလသည္ကား။
“ကို္ယ္ အိပ္ခဲ့တယ္လား”

ရီ၀မ္၀မ္၊ သူ့လည္တုိင္ေပၚက အမွတ္ရာတုိ့ကို လက္ညိႈးေတာက္ေတာက္ ထိုးလာေခ်ေတာ့ၿပီး
သူ့ရဲ့ၾကယ္သီးတုိ့ကို ခ်ြတ္ပစ္လုိက္ေတာ့ကာ။
“ရွင္ ညာဖုိ့ ၾကိဳးစားေနတုန္းလား။ ရွင့္လည္ပင္းေပၚက အရာေတြကို ၾကည့္လုိက္စမး္ပါဦး။ ဒီမွာ၊ ဒီမွာ ေတြ့လား၊ ဒီေနရာမွာေရာပဲ။ ဒီမွာဆို ကိုက္ရာေတာင္မွ ရွိေနေသးတယ္။ လံုး၀ကို မ်က္စိေအာ့စရာၾကီး ။ ရွင့္ကိုေလ ဒီလုိလူစားမ်ိဳး ၿဖစ္လိမ့္မယ္လို့ က်ြန္မ ဘယ္တုန္းကမွ ထင္မထားမိခဲ့ဘူး”

စီရီဟန္ရဲ့မ်က္နွာသည္ကား အိုးဖင္အလား မည္းခ်ိတ္သြားရေတာ့ေလၿပီ။ သူ သူမရဲ့လက္ကို ဖယ္ထုတ္လိုက္ေတာ့ကာ သူ့ရဲ့အကီ်ၾကယ္သီးတို့ိကုိ ၿပန္တပ္လိုက္ေခ်ပါ၏။ စိ္တ္အပ်က္ၾကီးပ်က္ေနေလသည္ကေတာ့ အရွင္းသားပါပင္။

သူမ ဒီလုိမ်ိဳး လုပ္လာလိမ့္မယ္လုိ့ ငါ သိထားခဲ့ရင္
မေန့ညက လြယ္လြယ္နဲ့ သူမကို လြွတ္မေပးခဲ့ဘူး။

ဒီအခို္က္၊ တံခါးဘဲလ္ ရုတ္တရက္ ၿမည္လာပါ၏။

ရီ၀မ္၀မ္၊ စီရီဟန္အား အၾကည့္တစ္ခ်က္ ပစ္လြွတ္လို္က္ၿပီး။
ေနာက္၊ တံခါးဆီ သြားေတာ့ေလသည္။

တံခါးတြင္ကား ဟန္ရွန္းယြီ ရပ္လုိ့ေန၏။
ရီ၀မ္၀မ္၏အ၀တ္အစားတုိ့ကို ၿမင္လုိက္ရၿပီးသည့္ေနာက္တြင္ အံ့အားသင့္မႈအ၇ိပ္အေယာင္တုိ့ သူ့မ်က္လံုးထဲ သိသိသာသာ ၿဖတ္ေၿပးသြားေတာ့ေလၿပီး သူ့ရဲ့ေခါင္းကို အတြင္းသို့ ငဲ့ၾကည့္ကာ ေၿပာလာပါ၏။
“ေမာနင္းပါ။ က်ြန္ေတာ္ မနက္စာ ၀ယ္လာခဲ့တယ္။
မငး္ စားခ်င္မလားလို႔”

             💖💖💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

Goddess : 
၀န္ဇင္းမွာ စာအုပ္လိုက္ တစ္ခါတည္းအျပတ္ဖတ္လိုသူဒါဒါေလးမ်ား အတြက္လည္း စာစဥ္ ( ၁၂ )အထိ တင္ေပးၿပီးထားလို႔ သြားေရာက္ ၀ယ္ယူအားေပးလို႔ရပါၿပီလို႔ သတင္းေကာင္းေလးပါးလိုက္ပါရေစ😘

Paid group ၀င္လိုသူဒါဒါေလးမ်ားအတြက္လည္း စာစဥ္ ( ၁၃ ) အထိ gp ၀င္လို႔ရပါၿပီေနာ္ ။ paid group ၀င္သူမ်ားအတြက္ကို စာစဥ္တစ္ခုၿပီးတိုင္း PDF ထုတ္ေပးေၾကာင္းလည္း သတင္းေကာင္း ပါးလိုက္ပါရေစေနာ့ 😘

.........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   12
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၂၊ အခန်း ၅။ ကိုယ်နဲ့ တစ်ကြိမ်အိပ်ပေး

လက္ခဏာကို ဖတ်နေတာက ဘယ်လိုကြီးလဲဟ။
ဒီကောင်က လက်ကို ခနလေးပဲ ကြည့်ကြည့်လိုက်ရုံလေးပါလား…

ရီပိုင်၊ စီရီဟန်ရဲ့လက္ခဏာကို ဖတ်ပြီးသွားသည့်နောက် စိတ်ကျေနပ်သွားလေဟန် ပေါ်ထွက်လာပါ၏။ နောက်၊
သူ ဟန်ဆောင်ခန့်မှန်းပေးလာသည်ကား ။
“ကိုကိုလေး၊ မင်းဆီမှာ ဘုရင်တစ်ပါးရဲ့အာဏာတွေကို ကျွန်တော် မြင်နေရတယ်…ဒါပေမယ့် သနားစရာကောင်းတာကတော့ဗျာ… မင်းရဲ့လက်ထပ်ကိစ္စက ပါးပါးလွှာလွှာလေးဖြစ်နေတာပဲ ။ မင်းမှာ ကြမ်းတမ်းခက်ခဲတဲ့လက်ထပ်ပွဲတစ်ခုကို ရဖို့ ကံကြမ္မာပါလာတယ်။ ပြီးတော့ မင်း တစ်သက်လုံး အထီးကျန်ရလိမ့်မယ်…ဒီကံတရားကို မင်း ရှောင်ဖယ်ချင်တယ်ဆိုရင်တော့ နည်းလမ်းတစ်ခုပဲရှိတယ်…”

လူငယ်လေးရဲ့မျက်နှာသည်ကား
အလွန်ပင် တည်တံ့လေးနက်လို့နေပါ၏။

ဟန်ရှန်းယွီ ဒါကို မြင်လိုက်ရသည့်အချိန်၊
ရီပိုင်သည် အမှန်တကယ်ပင် ကံကြမ္မာကို ဖတ်နိုင်သူဟုပင် မြင်လာမိတော့ချေပြီး ဒီကံတရားကို ရှောင်ဖယ်ဖို့ရာအတွက်
အဖြေကို စိတ်အားထက်သန်စွာဖြင့် နားစွင့်နေမိချိန်။

“အိုး။ ဘာများလဲ”
အနှီလူသည်ကတော့ အမူအရာမဲ့စွာဖြင့်ပင် မေးလာပါ၏။

လူငယ်လေးသည် သူ့ရဲ့လက်ကို ထိုးဖွလိုက်တော့ရင်း တစ်ဆက်တည်းတွင် ဖြေလာလေသည်ကား။
“စိတ်မပူပါနဲ့။ စိတ်မပူပါနဲ့ ကိုကိုလေးရာ။ မင်း စိတ်လှုပ်ရှားနေစရာ မလိုပါဘူး။ မင်းရဲ့ဘဝမှာ ကိုယ့်ကို လိုအပ်နေရုံလေးပဲ။ ဒီတော့
ကိုယ်နဲ့ တစ်ကြိမ်လောက်လေးပဲ အိပ်ပေးလိုက်၊ ဒါဆို အားလုံး အဆင်ပြေသွားလိမ့်မယ်”

စီရီဟန်။ “…”

ဟန်ရှန်းယွီကား သီးလုမတတ် ဖြစ်သွားတော့လေပြီ။
“….”

မသိရင် မင်းရဲ့ကပေါက်တိကပေါက်ချာတွေကို ယုံမိတော့မလို့။

သူတု့ိနှစ်ဦးသား အသီးသီး သူတို့ရဲ့တိုက်ခန်းတွေဆီ ပြန်ရောက်သွား ကြသည့်နောက်၊ ဟန်ရှန်းယွီ၊ သူူ့ခေါင်းကို ယမ်းကာယမ်းကာဖြင့် သူ့ဧည့်ခန်းအား စိုးရိမ်တကြီး ကြည့်လို့နေမိပါ၏။

အဆုံးတွင်တော့၊ သူ့ရဲ့အိပ်ခန်းဆီသို့ လျှောက်သွားလိုက်တော့ပြီး သူ့ရဲ့နားကို နံရံဆီ ကပ်လို့၊ တစ်ဖက်တိုက်ခန်းဆီက စကားသံတို့ကို ကြားရလိုကြားရငြား နားထောင်ဖို့ ကြိုးစားနေမိပါတော့၏။ သို့သော်၊ အသံလုံအားသည် အလွန်တရာ ကောင်းမွန်လေသည်တည်းမို့
သူ ဘာဆိုဘာမှ ကြားရခြင်း မရှိခဲ့ပါချေ။

သူုတို့နှစ်ယောက်ကြားမှာ တစ်ခုခုများ ဖြစ်သွားနိုင်မလား။

အခုမှ၊ နောက်ဆုံးတွင်မှ၊ သူ နားလည်မိသွားသည်ကား…ရီပိုင်၏သူငယ်ချင်းသည် အရမ်းဖြောင့်နေပုံ မရလေဘူးဆိုတာ ။

အဲဒီကောင်ရဲ့ပလူးပလဲနဲ့ လိုက်မြှူစွယ်နေတာကြောင့်
သူ့ခင်ဗျာ မဂေးချင်ဘဲ ဂေးသွားရတာများလား။

ဘေးခန်းတွင်။

ရီဝမ်ဝမ်သည်ကား ဝံပုလွေဆိုးကြီးတစ်ကောင်အလားနှယ်၊
စီရီဟန်အား ဆွဲခေါ်နေကာ အိပ်ခန်းထဲသို့ ဖြည်းဖြည်းချင်း တွန်းပို့ပေးလို့နေပါ၏။

“အလှလေး၊ မင်း ဘာလို့ ဒီလိုညလေးမှာ ကိုယ်နဲ့အတူတူ
ကြယ်တွေ လတွေ မကြည့်ရတာလဲ။ ကိုယ်တို့ ကဗျာတွေအကြောင်း၊ ဘဝတွေအကြောင်း ပြောကြမယ်လေ…ကိုယ် ကတိပေးတယ်…
ကိုယ် မင်းကို ဘာဆိုဘာမှ မလုပ်ဘူး…”

သူမလေး ပြောရင်းဆိုရင်းမှာပင်၊ တစ်ပြိုင်နက်တည်း
အနှီလူကြီးအား အိပ်ရာဆီကို ဆွဲတင်လို့နေပါ၏။

စီရီဟန်သည်ကား စိတ်ကြည်နေလေဟန်မတူ။
သူ့ရဲ့အကျီကော်လံကို လာလာထိနေလေသည့် လက်လေးတွေကို အဝေးသို့ ဖယ်ထုတ်ပစ်နေရင်း။ သူ့ရဲ့အသံမှာ နွေးထွေးမှုတစ်စုံတစ်ရာ မပါလေဘဲ အေးခဲစွာဖြင့် ပြောလာပါ၏။
“ဒီည ကိုယ်သာမရှိနေဘူးဆိုရင်း မင်း အဲ့အကောင်ကို
အိပ်ရာထဲ ဆွဲခေါ်သွားမှာမလား”

ရီဝမ်ဝမ်ရဲ့လက်တို့ ပုတ်ချခံလိုက်ရလေရာ၊
သူ ဒေါသထွက်နေပြီ ဆိုသည်ကို သူမလေး အာရုံခံမိသွားပါတော့၏။ ဒီတော့၊ သူမလေး ခေါင်းလေးကို မော့လို့ အံကိုကြိတ်လိုက်ကာ
သူ့အား အသာအယာပုတ်ပေးရင်း။ “မဖြစ်နိုင်တာ…ကိုကိုလေးရာ ၊
မင်းက ကိုယ့်အတွက်တော့ တစ်ယောက်ထဲရှိတဲ့သူပဲဥစ္စာ..ကိုယ်က မင်းတစ်ယောက်တည်းနဲ့ပဲ အိပ်မှာ….”

စီရီဟန်၊ အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်မိချေတော့သည်။ သူ့ ကြည့်ရသည်ကား သူသည် သူမလေးအား ဖိညှစ်ပစ်လိုက်ချင်သလို၊ တစ်ချိန်တည်းမှာပင် သူမလေးအား သူ့ရင်ခွင်ထဲ မြှုပ်ထားလိုဟန် ပေါ်လို့ နေပါ၏။ သူ ခါးကိုင်းချလာလေပြီး သူမလေးရဲ့နှုတ်ခမ်းလေး တို့ပေါ် အားပါပါနဲ့ ကိုက်ချလိုက်တော့ကာ၊ တစ်ဖက်တွင်လည်း သူ့ရဲ့လက်ဖဝါးကြီးမှာ သူမလေးရဲ့အပေါ်ပိုင်းအကျီကို ဖြေလို့နေသည် မှာ တစ်လုံးချင်းတစ်လုံးချင်း…..

သို့်သော်၊ သူ ထိမိလိုက်သည့်တစ်ခုခုသည် မမှန်ခဲ့ချေပြီ။

သူ ငုံ့ကြည့်လိုက်မိသည်နှင့် နားလည်လိုက်သည်ကား ၊ သူမရဲ့ရင်ဘတ်ကြီးတစ်ခုလုံး ခါးနေရာပါမကျန်
တင်းတင်းကျပ်ကျပ် စည်းနှောင်ထားလေခြင်းကို….

အနှီလူသည် မျက်မှောင်တို့ ကြုတ်သွားမိချေတော့ပြီး ဖြည်းညင်းစွာဖြင့်ပင် သူမလေးအား ပူးကပ်ထားရာမှ ဖြေလျော့ပေးလိုက်ပါတော့၏။

ရီဝမ်ဝမ်သည် မူးနေပြီဖြစ်ပါသော်ငြားလည်း သူမသည်ကား သူမရဲ့ယောကျာ်းပုံစံကို ထိန်းသိမ်းထားနိုင်စွမ်း ရှိနေဆဲပင်။
သူမလေး လွတ်သွားပြီဆိုသည်နှင့် လျင်လျင်မြန်မြန်ဖြင့်ပင်
စီရီဟန်အား အိပ်ရာပေါ် တွန်းချပစ်လိုက်တော့လေ၏။

သူမလေး၏အရည်လဲ့နေသည့် မက်မွန်ပန်းပွင့်ချပ်ပမာမျက်ဝန်းတို့မှာ မှိတ်ခတ်မှိတ်ခတ်လုပ်လာချေပြီး သူမရဲ့လက်တို့ကို သူ့လက်ဖဝါးတို့ပေါ် ဖိချလိုက်တော့ရင်း။
“အာ၊ အလှလေး…မဆိုးနဲ့လေကွာ”

သူမလေး သူ့အား လှဲသိပ်ချလိုက်ပြီဆိုသည်နှင့် သူမလေး၏
ဆံပင်တုတို့မှာ ပြုတ်ကျသွားတော့လေပြီး သူမရဲ့လှပသည့် အနက်ရောင်ဆံကေသာတု့ိမှာ ပြေလျော့ကျလာလေသည်….

စီရီဟန်၊ သူမ၏ရှက်သွေးဖြာနေသည့်မျက်နှာလေး၊ ကြယ်လေးတွေပမာ တောက်ပရွှန်းစားနေသည့်သူမရဲ့မျက်ဝန်းလေးတွေ၊ သူမရဲ့ပုခုံးသားလေး ပေါ် ပြေလျော့ကျလို့နေလေသည့် သူမရဲ့ဆံနွယ်လေးတွေနဲ့ သူမရဲ့မြင်နေရသည့် ချောမွတ်လှစွာသော ရင်ညွန့်ရိုးလေးတု့ိကို စိုက်ကြည့်လို့နေမိရင်း ။ ချက်ချင်းဆိုသလိုပင် သူ့ရဲ့မျက်လုံးတို့ မည်းမှောင်ကျလာချေတော့ပြီး သူ့ရဲ့လက်ဖဝါးကြီးတို့နှင့် မိန်းကလေးရဲ့ခါးသိမ်လေးအား ကိုင်လှုပ်လိုက်တော့ကာ၊ အံကိုကြိတ်ရင်း ပြောလာသည်ကား။
“သေသေချာချာလေး ကြည့်၊ ကိုယ် ဘယ် သူ လဲ”

ရီဝမ်ဝမ်၊ စီရီဟန်ရဲ့ရင်ဘတ်ပေါ်ကနေ လှဲလို့နေရင်းကနေ စကြဝဠာကြီးတစ်ခုလုံးမှာ သူတစ်ယောက်တည်းသာလျှင် ရှိလေသည့်အလား သူ့အား စိုက်ကြည့်လာလေ၏။
သူမလေးရဲ့အသံမှာ ဖြေးညင်းစွာဖြင့်ပင် နဂိုမိန်းကလေးသံ ပြန်ပေါ်လာချေတော့ပြီး နူးညံ့ပြီး ချိုမြမြလေသံလေးဖြင့်
ပြောလာပါ၏။
"ချစ်ကို ရှင်းရှင်းလင်းလင်းကြီး သိတာပေါ့လို့….
ချစ်က အလှလေးပဲ။ ချစ်က ကျွန်မရဲ့ကိုကိုလေး၊ ကျွန်မရဲ့ဘေဘီလေးလေ…”

သူမ သူ့ရဲ့လည်တိုင်အား အသာအယာပွတ်သပ်ပေးလာပြီး သူမရဲ့အသံမှာ ပိုလို့ပင် နူးညံ့ပျော့ပျောင်းလာလျက်။
“ဘေဘီက ကျွန်မ အေးနေတဲ့အချိန်မှာဆို အဝတ်အစားတွေ ယူလာပေးခဲ့တယ်….စွပ်ပြုတ်ခွံ့ကျွေးပေးခဲ့တယ်…ဘေဘီမှာက ကျားဖြူတစ်ကောင်လည်းရှိတယ်…ကျွန်မက ဘေဘ့ီကို ချစ်တယ်…”

သူမရဲ့မျက်ဝန်းထဲက နွေးထွေးမှုနဲ့ နူးညံ့မှုတို့ကို မြင်လိုက်ရသည့်အချိန်၊ သူ့ရဲ့လည်တိုင်တွင် နူးညံ့မှုလေးတစ်ခုကို ခံစားလိုက်ရသည့်အချိန်တွင် ဝယ်၊ စီရီဟန် ဆွံ့အသွားရတော့လေပြီ။
“….”

ငါကွာ ၊ ဒီမိန်းမတော့ ။

မင်း ဒီလိုလုပ်တာလောက်နဲ့ ငါ မင်းအပေါ် ဒေါသပြေပေးလိမ့်မယ်လို့များ ထင်နေတာလား။

                💖💖💖💖💖💖💖💖💖💖

စာစဉ် ၁၂၊ အခန်း ၆။ ကိုယ် အိပ်ခဲ့တယ်

နောက်တစ်နေ့မနက်ခင်း။

ရီဝမ်ဝမ်၊ သူမသည် အိပ်ရာပေါ်တွင် ရောက်နေလေပြီး ညအိပ်ဝတ်စုံတို့ လဲထားနှင့်ကာ သူမခေါင်းပေါ်က ဆံပင်တုသည် ကျွတ်နေသည်ကို သိသွားပါတော့၏။ သူမသည် မိန်းကလေးတစ်ယောက်ပုံဟန်ပင် ပြန်ဖြစ်နေခဲ့လေပြီ။ ဒီတော့ သူမ ထိတ်လန့်သွားမိတော့ကာ ချက်ချင်းဆိုသလိုပင် အလန့်တကြား အိပ်ရာမှ ထခုန်ပေါက်လိုက်မိပါ တော့၏။

မနေ့ညတုန်းက သူမသည် သူမရဲ့လစ်မစ်ကို ကျော်ပြီးသောက်မိသွားခဲ့ သည်မို့ ဘာဖြစ်ခဲ့သလဲဆိုသည်တို့ိကို ပြန်အမှတ်မ၇တော့ပါချေ။ သူမ မှတ်မိနေသည့်အရာသည်ကား ဟန်ရှန်းယွီနှင့် သူမ ရေကူးကန်ပါတီသို့ သွားခဲ့သည်ဆိုခြင်းမျှသာ။

ဟန်ရှန်းယွီ ငါ့လျို့ဝှက်ချက်ကိုများ သိသွားပြီလား။

ရီဝမ်ဝမ် အိမ်စီးဖိနပ်ကို စီးကာ အိပ်ခန်းထဲကနေ
အပြေးဆိုသလို ပြေးထွက်သွားလိုက်သည်နှင့် ။
နောက်….

သူမ မြင်လိုက်ရသည်ကား၊
ဧည့်ခန်းထဲတွင် ကော်ဖီသောက်နေလေသည့် စီရီဟန်….

သူမ စီရီဟန်ကို မြင်လိုက်တော့လေမှ စိတ်အေးသက်သာသွားမိလေတော့ပြီး
သူမရဲ့နှလုံးသားလေးလည်း တည်ငြိမ်ကျသွားတော့လေသည်။

“ဘေဘီ၊ နိုင်ငံခြားသွားနေတာမဟုတ်ဘူးလား။
အိုး နိုး၊ အရမ်းနောက်ကျနေပြီ.....။
ကျွန်မ ရုံးခန်းကို သွားမှဖြစ်တော့မယ်…”
ရီဝမ်ဝမ်၊ နာရီကို ကြည့်လိုက်မိချေတော့ပြီး နောက်၊ မြန်မြန်ဆန်ဆန်ဖြင့်ပင် အဝတ်လဲလိုက်ပါတော့၏။

သူမလေးအား စကားတစ်ခွန်းမျှပင် ပြောခြင်းမရှိပါသည့် စီရီဟန်၊ သူ့ရဲ့ကိုယ်တွင်ကား စိတ်မကျေနပ်မှုတို့ အတိုင်းသားပေါ်လွင်နေလျက်။

ဒီလောက်နှစ်တွေအများကြီး သူမ ရုပ်ဖျက်လာခဲ့ပြီးသည်တွင်၊
ရီဝမ်ဝမ်၊ ရုပ်ဖျက်ခြင်းအရာ၌ အလွန်တရာ ကျွမ်းကျင်နေလေပြီ ။ အရင်တုန်းက သူမ နေ့စဉ်လိမ်းခဲ့သည့် မိတ်ကပ်ထူကြီးနှင့် နှိုင်းစာပါသော်၊ ယောကျာ်းတစ်ယောက်လို ဝတ်စားထားသည်က သူမအတွက် အများကြီး ပိုလို့ ရိုးရှင်းနေလေသည်။
သူမ လုပ်ရသည်ကား ၊ မျက်ခုံးမွေး ထူထူထဲထဲ ဆွဲကာ သူမရဲ့မျက်နှာတွင် ယောကျ်ားဆန်ဆန် လိမ်းကျံဖို့တည်းပင်။

အရင်တုန်းကရှိခဲ့ဖူးသည့် သူမရဲ့ရှုပ်ယှက်ခတ်နေသည့် အဝတ်အစားတွေကို တစ်ပတ်ရစ်ဝက်ဘ်ဆိုက်တွေထဲ တစ်ခေါက်တည်းအပြတ်တင်ရောင်းပစ်လိုက်ကာ
အမျိုးသားဝတ်တွေနဲ့ ပြောင်းလဲလိုက်တော့သည်တည့်။

သူမ ရုံးကို သွားပြီဆိုလျှင် အဖြူရောင်ရှပ်အကျီနှင့် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်လေ့ရှိပါ၏။ ရင်ဘတ်အိပ်ကပ်လေးပေါ်တွင်တော့ နှင်းဆီပန်းပုံလေးကို ထိုးထားတတ်ပါ၏။ ပြီးတော့ သူမရဲ့အလွန်တရာ တောက်ပနေသည့် ၊ ဆွဲဆောင်မှုရှိလှသည့် မျက်ဝန်းတို့ကို အုပ်ကာထားလိုက်ပါ၏။

သူမ အခန်းထဲက ထပ်ထွက်လာသည့်အချိန်တွင်တော့၊
အခုမှ နိုးထလာသည့် မိန်းမငယ်လေးအဖြစ်ကနေ
ဥရောပက အထက်တန်းစားမင်းသားငယ်လေးအသွင် ပြောင်းလဲသွားတော့လေပြီ။

“အာ။ ဘေဘီ၊ ကျွန်မရဲ့ခြေစွပ်ကို မနေ့ညက ဘယ်မှာ ထားလိုက်သေးလဲ” ရီဝမ်ဝမ် ၊ စိုးရိမ်စွာဖြင့် မေးလာခြင်း။

သူမသည် စီရီဟန်ရဲ့ဘေးတွင် ရပ်နေသည့်အချိန်၊
အလွန်တရာ သေးငယ်နေဟန်ေပေါ်နေလေသည် ။ သို့သော်ငြား ၊
သူမသည် တကယ်တွင်တော့ အလွန်အရပ်မပုလှပါချေ။ သို့သော်၊ သူမ၏ခြေစွပ်တို့သည်က သူမအား ပိုလို့ယောကျာ်းဆန်စေလေသည် တည်းမို့ သူမ သူတို့ကို မစွပ်ဘဲ ဘယ်မှ သွားလေ့မရှိခြင်းပါတည်း။

ရီဝမ်ဝမ်၊ သူမရဲ့ခြေစွပ်တို့ကို ပတ်ပတ်လည်ဝေ့ဝိုက်ကြည့်နေရင်းကနေ စီရီဟန်အား ကြည့်လိုက်မိချေပါပြီ။ သူမ သတိပြုမိသွားသည်ကား ၊ စီရီဟန်ရဲ့ရှေ့တည့်တည့်၌ အိတ်တို့ရှိနေလေခြင်းပင ်။
သူမ မစဉ်းစားနိုင်တော့ -- ဟမ်၊ စီရီဟန် မနေ့ညတုန်းက ကောင်းကောင်း မအိပ်ခဲ့ရဘူးလား။

င့ါရဲ့အိပ်အောင်လုပ်တဲ့စကေးများ ကျသွားလို့လား။

ပိုပြီးတော့ပင် ရှော့ရစရာကောင်းသည်ကား…သူမရဲ့မျက်လုံးထောင့် တစ်နေရာကနေ စီရီဟန်ရဲ့လည်တိုင်တွင် တစ်စုံတစ်ရာရှိနေသည်ကို သတိပြုမိသွားခြင်းပင်…
နောက်တစ်စက္ကန့်တွင်၊ ရီဝမ်ဝမ် အားအပြည့်နဲ့ ခုန်တက်သွားတော့ကာ၊ စီရီဟန်ရဲ့ အကျီကော်လံအား ဆွဲဖြဲကြည့်လိုက်တော့ချေပြီး။
“ဘာလား။ ဘေဘီ၊ ကျွန်မရဲ့ကွယ်ရာမှာ ရှင် တခြားတစ်ယောက်နဲ့ အိပ်ခဲ့တယ်ပေါ့လေ”

စီရီဟန်ရဲ့မျက်ဝန်းထဲက အေးစက်မှုတို့သည် နောက်ဆုံးတွင်တော့ ပြန့်ကျဲသွားခဲ့ချေပြီ။ သူ့ရဲ့အသံသည်ပင် အလွန်တရာ ခြိမ်းခြောက်သံ ပါလာလျက်၊ သူ စကားလုံးတစ်လုံးချင်းစီတိုင်းကို ကြည်ကြည်လင်လင် ပြောလာလေသည်ကား။
“ကိုယ် အိပ်ခဲ့တယ်လား”

ရီဝမ်ဝမ်၊ သူ့လည်တိုင်ပေါ်က အမှတ်ရာတို့ကို လက်ညှိုးတောက်တောက် ထိုးလာချေတော့ပြီး
သူ့ရဲ့ကြယ်သီးတို့ကို ချွတ်ပစ်လိုက်တော့ကာ။
“ရှင် ညာဖို့ ကြိုးစားနေတုန်းလား။ ရှင့်လည်ပင်းပေါ်က အရာတွေကို ကြည့်လိုက်စမ်းပါဦး။ ဒီမှာ၊ ဒီမှာ တွေ့လား၊ ဒီနေရာမှာရောပဲ။ ဒီမှာဆို ကိုက်ရာတောင်မှ ရှိနေသေးတယ်။ လုံးဝကို မျက်စိအော့စရာကြီး ။ ရှင့်ကိုလေ ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ ထင်မထားမိခဲ့ဘူး”

စီရီဟန်ရဲ့မျက်နှာသည်ကား အိုးဖင်အလား မည်းချိတ်သွားရတော့လေပြီ။ သူ သူမရဲ့လက်ကို ဖယ်ထုတ်လိုက်တော့ကာ သူ့ရဲ့အကျီကြယ်သီးတို့ိကို ပြန်တပ်လိုက်ချေပါ၏။ စိတ်အပျက်ကြီးပျက်နေလေသည်ကတော့ အရှင်းသားပါပင်။

သူမ ဒီလိုမျိုး လုပ်လာလိမ့်မယ်လို့ ငါ သိထားခဲ့ရင်
မနေ့ညက လွယ်လွယ်နဲ့ သူမကို လွှတ်မပေးခဲ့ဘူး။

ဒီအခိုက်၊ တံခါးဘဲလ် ရုတ်တရက် မြည်လာပါ၏။

ရီဝမ်ဝမ်၊ စီရီဟန်အား အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး။
နောက်၊ တံခါးဆီ သွားတော့လေသည်။

တံခါးတွင်ကား ဟန်ရှန်းယွီ ရပ်လို့နေ၏။
ရီဝမ်ဝမ်၏အဝတ်အစားတို့ကို မြင်လိုက်ရပြီးသည့်နောက်တွင် အံ့အားသင့်မှုအရိပ်အယောင်တို့ သူ့မျက်လုံးထဲ သိသိသာသာ ဖြတ်ပြေးသွားတော့လေပြီး သူ့ရဲ့ခေါင်းကို အတွင်းသို့ ငဲ့ကြည့်ကာ ပြောလာပါ၏။
“မောနင်းပါ။ ကျွန်တော် မနက်စာ ဝယ်လာခဲ့တယ်။
မင်း စားချင်မလားလို့”

             💖💖💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Goddess : 
ဝန်ဇင်းမှာ စာအုပ်လိုက် တစ်ခါတည်းအပြတ်ဖတ်လိုသူဒါဒါလေးများ အတွက်လည်း စာစဉ် ( ၁၂ )အထိ တင်ပေးပြီးထားလို့ သွားရောက် ဝယ်ယူအားပေးလို့ရပါပြီလို့ သတင်းကောင်းလေးပါးလိုက်ပါရစေ😘

Paid group ဝင်လိုသူဒါဒါလေးများအတွက်လည်း စာစဉ် ( ၁၃ ) အထိ gp ဝင်လို့ရပါပြီနော် ။ paid group ဝင်သူများအတွက်ကို စာစဉ်တစ်ခုပြီးတိုင်း PDF ထုတ်ပေးကြောင်းလည်း သတင်းကောင်း ပါးလိုက်ပါရစေနော့ 😘

Continue Reading

You'll Also Like

111K 9K 22
Villain Girl( Arc-1) ရဲ့အဆက် Arc-2 ပါနော်။ အားပေးကြပါဦး။ Own creation Unicode only
39.5K 3.7K 109
စစ်နျန်နျန်ဆိုတဲ့ ကောင်မလေးက သူ့ရည်းစားဖောက်ပြန်တာကို ခံရပြီးနောက် သန်မာလာပြီး သူ့ရည်းစားဟောင်း ချန်ရှန့်ဟောင်ကို လက်စားပြန်ချေမှာလား??,ဒါမဟုတ် အရာရာ...
2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...
1.2M 50.8K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...