ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၁ ( ၁၃ + ၁၄ )

9.9K 1K 5
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   11
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၁၊ အခန္း ၁၃။ အေၿပာင္းအလဲ

ရီပိုင္၏ လ်ိဳခ်န္းအား “က်ြန္ေတ္ာ့သရုပ္ေဆာင္” ဟု သူ့မ်က္နွာ ေရွ့တည့္တည့္ထားၿပီး ေမာက္ေမာက္မာမာေၿပာလာသည္ကို ၾကားလုိက္သည္နွင့္ က်ိဳး၀မ္ဘငး္ ၊ ေဒါသတို့ ဒီဂရီေထာင္တက္ သြားၿပန္ေခ်သည္။

ဒီနွစ္ေတြတစ္ေလ်ွာက္လံုး၊ ဒက္ဇလင္းမွာရွိေနၾကသည့္ ဘယ္သူကမွ သူ့အား ရန္စရဲၿခငး္ မရွိၾကပါေခ်။ ဒီေတာ့ကာ၊ ေကာင္စုတ္ငယ္ေလး သည္က သူ့အား ဒီလိုမ်ိဳးေၿခက်ဴးလာၿပီး မေလးမစားလုပ္လာသည္ကို ဘယ္ခံပါလိမ့္မည္နည္း။ ထို့ေၾကာင့္၊ သူ ေနရာမွာတင္ ဥကၠဌ ခ်ဴး အား ဖုန္းေခၚလိုက္ေတာ့ၿခင္းပင္။ ဗြီဒီယိုကိုပင္ ဖြင့္လုိက္ေသးသည္တည့္။

က်ိဳး၀မ္ဘင္းဆုိသည္ကား ဒက္ဇလင္းတြင္ ထိပ္တန္းမန္ေနဂ်ာ တစ္ေယာက္ ၿဖစ္ေခ်၏။ ဒက္ဇလင္းရဲ့၀င္ေငြ ၉၀ ရာခုိင္နႈန္းသည္က သူ့လက္ေအာက္က သရုပ္ေဆာင္ေတြဆီကေန လာၿခင္းၿဖစ္ပါ၏။ သူ့လက္ေအာက္က ကုန္ရြွီ တစ္ေယာက္တညး္နွင့္ပင္လ်ွင္ သူ့ရဲ့ရာထူး ကို ထိန္းထားနုိင္ေလၿပီ ၿဖစ္ေလရာ၊ သူ့ရဲ့စကားတုိ့သည္ ေသခ်ာေပါက္ ရံုးခ်ဳပ္အတြက္ အရာေရာက္အေရးပါေလသည္တည္းပင္။

သူသည္ကား  ကုမၸဏီတြင္ အေတြ့အၾကံုရင့္ၾကြယ္သည့္ သူတည္း ၿဖစ္ပါ၏။ ဒီလူရြွင္ေတာ္ေလးသည္ကား ယခုမွ ၀င္ေရာက္လာသည့္ မန္ေနဂ်ာေပါက္စေလးသာ ရွိေသးေခ်သည္။ ဒီေတာ့၊ ခ်ဴးဟုန္ဂြမ္း ဘယ္သူ့ဘက္က ရပ္တည္ေပးလိမ့္မည္လဲ ဆုိသည္မွာ မွန္းဖုိ့ရာ သိပ္မခက္ခဲသည္ပင္။

ေမွ်ာ္လင့္ခ်က္ေရာင္ၿခည္ေလးတစ္ခု လ်ိဳခ်န္းဆီ ေရာက္လာေခ်ၿပီး၊ ထပ္ဖန္ ေရေအးၿဖန္းလုိက္သလုိ ေပ်ာက္ကြယ္သြားေတာ့ေလၿပီ။

“ဟယ္လုိ၊ ဥကၠဌ ခ်ဴး”

“မင္း ရီပိုင္နဲ့ ေတြ့ၿပီးၿပီလား။ လြွဲေၿပာင္းတဲ့ကိစၥ ၿပီးသြားၿပီလား” ဖုန္းဗြီဒီယိုေကာလ္တြင္၊ ခ်ဴးဟုန္ဂြမ္းသည္ သူ့ရံုးခန္းထဲက မေဟာ္ဂနီထိုင္ခံုၾကီးတြင္ ထုိင္လုိ့ေနလ်က္။

က်ိဳး၀မ္ဘငး္၊ ရီပိုင္အား ေအးစက္စြာ ၾကည့္လိုက္ၿပီး ေၿပာလုိက္ပါေတာ့၏။ “သူ အခု ဒီမွာ ရွိေနပါတယ္။
က်ြန္ေတာ္ အဲဒီကိစၥကို ေၿပာမလုိ့ပါ”

“ဘာမ်ားလဲ။ ၿပသနာရွိလုိ့လား”
ဥကၠဌ ခ်ဴးသည္လညး္ ဗြီဒီယုိထဲကေန
ရီပိုင္ကို သတိၿပဳမိသြားခဲ့သည္တည္းပင္။

“ဥကၠဌ ခ်ဴး၊ လြွဲေၿပာင္းတဲ့စာခ်ဳပ္ကို က်ြန္ေတာ္ ၾကည့္ၿပီးသြားပါၿပီ။ အဲဒါက သူ ေရြးခ်ယ္ထားတဲ့သရုပ္ေဆာင္က က်ြန္ေတာ့္လက္ေအာက္ ္က ၿဖစ္ေနတယ္။ သူက က်ြန္ေတ္ာနဲ့ ၃ နွစ္ေတာင္ ရွိလာခဲ့တာ။ ၿပီးေတာ့ က်ြန္ေတ္ာတုိ့ရဲ့စာခ်ဳပ္ကလညး္ သက္တမ္းမၿပည့္ေသးဘူး။ ဒါက စညး္ကမ္းကို ခ်ိဳးေဖာက္ရာမ်ားက်ေနမလားလုိ့ က်ြန္ေတာ္ စိုးရိမ္မိလုိ့”

ခ်ဴးဟုန္ဂြမ္း၊ တခနေလာက္ ေတြးေတာလိုက္ေခ်ၿပီ။
“လ်ိဳခ်န္း မွတ္လား။ အင္း သူက မထင္မရွားသရုပ္ေဆာင္ေလး တစ္ေယာက္ပဲဟာ။ လြွဲသာလြွဲေပးလိုက္။ ဒါက ဘယ္လုိလုပ္ၿပီးေတာ့ စည္းကမ္းကို ခ်ိဳးေဖာက္ရာက်ေနရမွာတုန္း”

က်ိဳး၀မ္ဘင္း၊ အမူအရာယြငး္သြားၿခင္းမရွိဘဲ ၿပန္ေၿပာလာပါ၏။
“သူ့လုိမ်ိုး ဘာမွမဟုတ္တဲ့ သရုပ္ေဆာင္တစ္ေယာက္အတြက္နဲ့ ကုမၸဏီရဲ့ေငြေတြ ဆံုးရႈံးရမယ္ဆုိရင္ သက္သက္မဲ့နစ္နာပါတယ္။ က်ြန္ေတာ္က ရီပုိင္ရဲ့အေတြးကိုပဲ သေဘာမတူနုိင္ရံုပါ”

က်ိဳး၀မ္ဘငး္ရဲ့စကားတုိ့ကို ၾကားလုိက္ရသည့္အခ်ိန္တြင္။ လ်ိဳခ်န္းရဲ့ေဖ်ာ့ေတာ့ၿပီး ပါးလ်သည့္နႈတ္ခမး္တု့ိသည္ တင္းတင္းေစ့ ထားေခ်ေတာ့ၿပီ။ သို့တုိင္၊ ရီပိုင္သည္ကေတာ့ သူ့မ်က္နွာထက္တြင္ ေပါ့ေပါ့ပါးပါးအမူအရာတုိ့ ရွိေနေလဆဲ။ သူသည္ကား
က်ိဳး၀မ္ဘင္းအား ေအးစက္စြာသာ ၾကည့္ေနေလကာ၊ သူ့မ်က္လံုးထဲတြင္ေတာ့ အနညး္အက်ဥ္းေသာ ေလွာင္ေၿပာင္ရိပ္တုိ့ၿဖင့္။

“သူက လ်ိုခ်န္းကို ေရြးထားတယ္။ ငါလညး္ပဲ သေဘာတူေပးထား ၿပီးသား” ခ်ူးဟုန္ဂြမ္းသည္ကား သူ့ရဲ့စိတ္ကို ေၿပာင္းလဲပစ္လုိမည့္ အရိပ္အေယာင္တုိ့ ရွိမေနပါေခ်။ သူသည္ ေငြနညး္နညး္ေလာက္ ဆံုးရႈံးရမည္ကို အေရးမထားသည္မွာကား သိသိသာသာ။

ေမွာင္မိုက္မႈအေငြ့အသက္ေလးတစ္ခု က်ိဳး၀မ္ဘင္း၏မ်က္လံုးတို့ထဲ ၿဖတ္ေၿပးသြားေတာ့ၿပီး သူ့ရဲ့ရင္ဘတ္ကို ၿမားတစ္ေခ်ာင္းၿဖင့္ အပစ္ခံ လိုက္ရသလုိ ၿဖစ္သြားေတာ့ေလၿပီ။ သူသည္ကား သူ့ရဲ့သူေဌးကို ဆက္ဆြယ္လုိ့ေနလ်က္။
“ဥကၠဌ ခ်ူး၊ ရီပိုင္က ကုမၸဏီရဲ့စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ၿပီး တၿခားအလားအလာရွိေနတဲ့သရုပ္ေဆာင္ေတြကို ခါးခါးသီးသီး စိတ္ပ်က္သြားေအာင္ လုပ္မိသြားလိမ့္မယ္။ဒါရိုက္တာတစ္ေယာက္ အေနနဲ့။ က်ြန္ေတာ္ ဒီလို ၿဖစ္လာခြင့္မၿပဳနုိင္ဘူးခင္ဗ်ာ”

က်ိဳး၀မ္ဘင္းသည္ကား၊ သူသာ အလြန္တရာ နားလည္မႈရွိေနေလဟန္၊ ဒီကိစၥကို အေကာင္းဆံုးေၿဖရွင္းေပးနုိင္ဖုိ့ ၾကိဳးစားေနေလဟန္ မ်က္နွာဖံုး တုိ့ကို စြပ္လုိ့ထားလ်က္။ “ဥကၠဌ ခ်ဴး၊ က်ြန္ေတာ္တုိ့ ဒီလိုလုပ္ၾကရင္ ေရာ။ က်ြန္ေတာ္ သူ့ကို လင္းေဟာင္ကို ေပးလုိက္မယ္ေလ။ လင္းေဟာင္ကလညး္ပဲ ၿပီးခဲ့တဲ့ ဇာတ္ကားမွာတုန္းက ဇာတ္ပို့ေနရာ ကေန ထူးထူးခ်ြန္ခ်ြန္ သရုပ္ေဆာင္နိုင္ခဲ့တယ္။ သူက နာမည္လည္း နည္းနညး္ ရထားတယ္ခင္ဗ်။ ဆက္ၾကိဳးစားမယ္ဆုိရင္ ၊ သူ့အတြက္
B အဆင့္သရုပ္ေဆာင္တစ္ေယာက္ၿဖစ္လာနုိင္တယ္….”

က်ိဳး၀မ္ဘင္း၏ေၿပာဟန္တုိ့သည္ကား မသိလ်ွင္
ကုမၸဏီ၏ အက်ိဳးစီးပြားတို့ိကုိ ရင္ထဲထားထားသလုိ။
အလြန္တရာပင္ ရက္ေရာသလို။
သူ့မွာ တကယ္ရွိေနသည့္မေကာင္းတဲ့ ရည္ရြယ္ခ်က္တုိ့ိကုိ
ဘယ္သူမွ သံသယ၀င္မိလိမ့္မည္ မဟုတ္ပါေခ်။

ဒီ ရီပုိင္ေကာင္၊ ဒင္း ငါ့ဆီကေန လိုခ်င္တာဆုိရင္
လြယ္လြယ္နဲ့ ရစရာလား။

“ရီပုိ္င္၊ ၀မ္ဘင္းက မင္းကို လင္းေဟာင္ကို ေပးခ်င္ေနတယ္။
မင္း ဘယ္လုိထင္လဲ” ခ်ဴးဟုန္ဂြမး္၊ ရီပုိင္အား ၾကည့္လုိက္ပါ၏။

“အေၿပာင္းအလဲလား။ ရတာေပါ့”
အံ့အားသင့္စရာေကာင္းလွစြာပင္၊
ရီ၀မ္၀မ္ရဲ့စိတ္သေဘာထားသည္
အလြန္တရာပင္ ေၿပာဆုိရလြယ္ေနေလသည္။

က်ိဳး၀မ္ဘင္း၊ သူ့ရဲ့မ်က္လံုးတို့ က်ဥ္းေၿမာင္းသြားေတာ့ေလၿပီ --
သူ ဒီေလာက္လြယ္လြယ္ေလးနဲ့ သေဘာတူလိုက္တယ္လား။

သုူ ထင္ထားခဲ့မိသည္ကား ၊ ရီပိုင္သည္ ဥကၠဌ ခ်ဴးအား ဒီကိစၥနွင့္ ပတ္သက္လုိ့ မ်က္ကလဲဆန္ၿပာ ၿငင္းဆန္ေၿပာဆုိလိမ့္မည္ဟု။

ရီပိုင္ရဲ့စကားတုိ့ကို ၾကားလုိက္ရၿပီးသည့္ေနာက္၊ လ်ိဳခ်န္းရဲ့မ်က္နွာမွာ မည္းက်သြားရေတာ့ေလသည္။ ဒါသည္ကား သူ့ရဲ့နွလံုးသား အေဆာက္အဦးဟုိးအၿမင့္ၾကီးကေန ၿပဳတ္က်သြားေလသည့္ပမာ….

              💖💖💖💖💖💖💖💖💖💖💖

စာစဥ္ ၁၁ ၊ အခန္း ၁၄။ ကုန္ရြွီနွင့္ လဲလွယ္ၿခငး္

သံုးနွစ္သံုးမိုးတာကာလတြင္ မည္သည့္အစီအစဥ္ထဲမွာမွ ပါ၀င္ခဲ့ရၿခင္း မရွိေလသည့္၊ ၾကာလာလ်ွင္ လူတုိင္း ေမ့ေမ့ေပ်ာက္ေပ်ာက္ ၿဖစ္သြားၾက ေတာ့မည့္ လ်ိဳခ်န္း ဆိုသည္နွင့္ နိႈင္းစာပါေသာ္၊ လင္းေဟာင္ဆုိသည္ မွာကား ေတာက္ပေနသည့္ အေငြ့တလူလူနွင့္ ၾကယ္ပြင့္ပင္ ၿဖစ္ေခ်ရ ကား…

မည္သူ့ကို ေရြးခ်ယ္သည္က မွန္ကန္သည့္ေရြးခ်ယ္မႈၿဖစ္မည္ ဆုိသည္ကို မည္သူမဆုိပင္ သိၾကေပသည္ပင္….

ငါ သိထားရမွာ…သိေနသင့္တာ…

က်ိဳး၀မ္ဘင္း ေၿပာတာမွန္တယ္…ဘယ္သူမွ မရွိဘူး…ကမာၻျကီးတစ္ခု လံုးမွာ….ငါ့ကို လိုခ်င္တဲ့သူ ဘယ္သူမွမရွိဘူး….ဘယ္သူမွကို…

ငါ့ရဲ့တစ္ဘ၀လံုး….ဟုိးကတည္းက ၿပီးသြားခဲ့ၿပီ….

ရီပိုင္ လက္ခံလိုက္သည္ကို ၿမင္လုိက္ရသည့္အခ်ိန္တြင္ေတာ့ က်ိုး၀မ္ဘငး္ ၊ ညစ္က်ယ္က်ယ္ အမူအရာေလးတစ္ခ်က္ တိတ္တိတ္ေလး ေပၚထြက္လာေခ်သည္။

ငါ သရုပ္ေဆာင္ေလးကိစၥကို ခ်က္ခ်ငး္ပဲ ေၿဖရွင္းလုိ့ရသြားတယ္လား။ ဒီရီိပိုင္က ေတာ္ေတာ္ေလးကို အေတြ့အၾကံုမရင့္က်က္တာပဲ။

က်ိဳး၀မ္ဘငး္၊ အလြန္တရား ရက္ေရာထက္သန္ဟန္
ၿပုၿပေနခဲ့ရင္း ဂုဏ္ယူစြာၿဖင့္ ေၿပာဆုိလာပါ၏။
“မန္ေနဂ်ာ ရီ ဘက္က သေဘာတူေနၿပီဆိုမွေတာ့ ဒီကိစၥက အတည္ ျဖစ္ၿပီ။ လငး္ေဟာင္ကို လြွဲေၿပာင္းေပးဖို့အတြက္ စာခ်ဳပ္စာတမ္းကို က်ြန္ေတ္ာ့ဘက္ကေန တစ္ေယာက္ေယာက္နဲ့ လြွတ္္ၿပီး ပို့ေပးခို္င္း လိုက္ပါ့မယ္”

“ခနေလး”
ရီ၀မ္၀မ္၊ က်ိဳး၀မ္ဘငး္အား ၾကားၿဖတ္ေၿပာလုိက္ၿခင္း။

က်ိုး၀မ္ဘငး္၊ သူ့မ်က္ခံုးတို့ တြန့္ေကြးတက္သြားေတာ့ၿပီး စိတ္မေက်နပ္သြားဟန္ ေပၚလာကာ။ “ဘာလဲ။ မငး္မွာ တၿခားေတာင္းဆိုခ်င္တာမ်ား ရွိေသးလို့လား”

ရီ၀မ္၀မ္၊ မထီၿပံုးၿပံုးလာကာ က်ိဳး၀မ္ဘင္းအား ၾကည့္လုိက္ပါ၏။ သူမမ်က္လံုးထဲတြင္ကား အလိုမက်မႈအရိပ္အေယာင္တုိ့ ၿဖတ္ေၿပး သြားၿပီး စကားေၿပာလာေခ်သည္။ “က်ြန္ေတ္ာတုိ့ေတြ လူလဲလုိ့
ကေတာ့ ရပါတယ္။ ဒါေပမယ့္၊ ဒါရိုက္တာ က်ိုး၊ လငး္ေဟာင္က နည္းနညး္နိမ့္မေနဘူးလား။ ခင္ဗ်ား လူူစားလဲခ်င္တယ္္ဆိုရင္…
ဒါၿဖင့္ ကုန္ရြွီနဲ့ လဲေပးရမယ္”

တခနမ်ွ ဆြံ့အသြားရေတာ့သည့္ က်ိဳး၀မ္ဘင္း။
ေနာက္၊ သူ့ရဲ့မ်က္နွာအမူအရာတုိ့ ေၿပာင္းလဲသြားေတာ့ကာ
ေဒါသတၾကီး ဟစ္ေအာ္လာေတာ့ေခ်သည္။
“ရီ ပုိ္င္။ မငး္ ၊ အရမ္းကို ေထာင္လြွားလြန္းလွခ်ည္းလားကြ။
ဥကၠဌ ခ်ူး၊ သူ ေၿပာသြားတာကို ၾကားတယ္မလား။
ဒီေကာင္စုတ္က ၿပသနာေမြွဖို့ သက္သက္မဲ့ ၾကိဳးစားေနတာပဲဗ်”

ဒင္းကမ်ား လာၿပီးေတာ့ င့ါလက္ေအာက္က နာမည္အေက်ာ္ၾကားဆံုး သူနဲ့ ဘယ္သူကမွေတာင္ မၾကားဖူးၾကတဲ့ သူနဲ့ ကို လာနိႈငး္ယွဥ္ေန ေသးတယ္။

လံုး၀ကို အေၿခအၿမစ္မရွိတာပဲ။

က်ိုး၀မ္ဘငး္ကို ဆိုမေနနွင့္။ လ်ိုခ်န္းသည္ပင္လ်ွင္ ရီပုိင္ ေၿပာလုိက္ သည္ကို ၾကားလုိက္ရသည့္အခ်ိန္ ဆြံ့အသြားခဲ့ရသည္ပင္။ သူ့ရဲ့ၾကည္လင္ရွင္းလင္းသည့္ မ်က္လံုးတို့တြင္ မယံုၾကည္နို္င္မႈတုိ့ ၿပည့္လြွမး္လာမိရင္း….

ရီ၀မ္၀မ္ရဲ့အမူအရာသည္ကေတာ့ ေၿပာင္းလဲသြားၿခင္းမရွိေခ်ဘဲ၊ နွာေခါင္းရံႈ့လုိ့ ေၿပာလာေခ်သည္မွာ။ “က်ြန္ေတာ္က ၿပသနာ ေမြွေနတယ္လား။ ဥကၠဌ ခ်ဴး၊ ခင္ဗ်ားပဲ ဒက္ဇလင္းမွာရွိေနတဲ့ ဘယ္သူ့ကိုမဆို က်ြန္ေတ္ာနဲ့ ပူးေပါငး္ေဆာင္ရြက္ၾကဖုိ့ အမိန့္ေပးထားၿပီးသား မဟုတ္ဘူးလား….”

ထိုစကားနွင့္အတူ၊ ရီ၀မ္၀မ္ရဲ့မ်က္လံုးအိမ္ထဲက ထူးမၿခားနားမႈသည္ ခ်က္ခ်င္းဆုိသလုိပင္ ေပ်ာက္ကြယ္သြားေတာ့ေလၿပီ။ သူမရဲ့ ေအးစက္စက္အၾကည့္တစ္ခ်က္ က်ိဳး၀မ္ဘင္းဆီ ပစ္လြွတ္လာေခ်ၿပီး ရုတ္ၿခညး္ေၿပာခ်လာေလသည္။ “ဒါရုိက္တာ က်ိဳး၊ ခင္ဗ်ားကေရာ။ ခင္ဗ်ားက ဥကၠဌ ခ်ဴးရဲ့လက္ေအာက္က လူ၊ ဒက္ဇလင္းမီဒီယာရဲ့ အစိတ္အပိုင္းမဟုတ္ဘူးလား။ ဒါမွမဟုတ္လို့ရွိရင္ ဒက္ဇလင္းကို ခင္ဗ်ား ပုိ္င္တယ္လုိ့ ေတြးေနၿပီးေတာ့ ဥကၠဌ ခ်ဴး ရဲ့ ဆံုးၿဖတ္ခ်က္ ေတြကို လ်စ္လ်ဴရႈထားတာလား။ ဥကၠဌ ခ်ဴး ေၿပာထားသမွ်ေတြကို ဂရုကို မစိုက္တဲ့သေဘာလားခင္ဗ်”

ရီ၀မ္၀မ္ ၊ က်ိဳး၀မ္ဘငး္သည္ လ်ိဳခ်န္းအား မည္သို့မည္ပံု အၾကမ္းဖက္ အနုိင္က်င့္ေနပါသည္ဟု ထုတ္ေဖာ္ေၿပာဆုိၿခင္းေတာ့ မၿပဳပါေခ်။ အေၾကာင္းသည္ကား၊ သူမ ထိုသို့ လုပ္လ်ွင္ရင္ေတာင္မွ အက်ိဳးထူး လာနို္င္ၿခင္းမရွိမည္ကို သူမ သိထားေနၿခင္းေၾကာင့္ပါတည္း။

တစ္ေယာက္သည္ကား ေရြွသီးေစနုိင္သည့္ ေရြွမန္ေနဂ်ာတစ္ဦး ၿဖစ္ေနၿပီး တစ္ေယာက္သည္ကေတာ့ ဘာမွမဟုတ္သည့္ ရြက္ပုန္းသီး သာမန္ေညာင္ည သရုပ္ေဆာင္ေလးတစ္ဦးမ်ွသာ ရွိေလရာ၊
ခ်ဴးဟုန္ဂြမ္း မည္သည့္ဘက္တြင္ ရပ္တည္ေပးမည္ဆုိသည္က ေတြးစရာပင္ မလုိပါေခ်။ ဒါသည္ကား ဒီေလာကတြင္ က်င္လည္က်က္စားေနက် ပံုစံပင္ ၿဖစ္ေခ်သည္။
အမွားမွားအယြင္းယြင္း ၿဖစ္သြားခဲ့ရင္ေတာင္မွ
က်ိဳး၀မ္ဘငး္သည္ သူ့အား ဆြဲေဆာင္ၿဖားေယာင္းပါတယ္ဆုိၿပီး လ်ိဳခ်န္းအား ေခ်ာက္ခ်ၿပစ္တင္စြပ္စြဲနုိင္သည္တည္းပင္ ။

ဒီေတာ့၊ ခ်ဴးဟုန္ဂြမ္း တာ၀န္္္အထားဆံုးသည္က မည္သည္နည္း။

သူ့ရဲ့အာဏာနဲ့ သူ့ရဲ့အဆင့္အတန္း။

က်ိဳး၀မ္ဘငး္၏ရာထူးနွင့္သာဆုိလ်ွင္ သူ့ရဲ့ရန္သူေတြဆီကို သူ့ထီးနန္း ေရာက္မသြားေစဖို့ရာ ကာကြယ္ရငး္ ၿမိဳ့ေတာ္ကေန ေ၀းကြာလွသည့္ နယ္စြန္နယ္ဖ်ားေလးတစ္ခု၏ အုပ္ခ်ဳပ္သူတစ္ဦးအလားပမာပါပင္။

သိ့ုေသာ္လည္း၊ အနုပညာေလာကထဲတြင္ေတာ့၊ မန္ေနဂ်ာတစ္ေယာက္ အတြက္ အာဏာအလြန္ရရွိေနၿခင္းသည္က မ်က္ေမွာင္ၾကဳတ္မိစရာ ပင္။ ညတြင္းခ်င္းတြင္ ရုပ္ရွင္ကုမၸဏီေလးေတြ အသီးအသီး ေပါက္ခ် လာနုိင္သလို၊ မန္ေနဂ်ာတစ္ေယာက္သည္က မ်ားစြာေသာသရုပ္ေဆာင္ တုိ့ကို သူတုိ့ ကုုမၸဏီကေန ထြက္သြားၿပီဆုိုသည္နွင့္ တစ္ပါတည္းအပါ ေခၚေဆာင္သြားတတ္သည္တည္းမို့ပင္….

ရီပိုင္ရဲ့ ၿဖတ္ေၿပာသည့္စကားကုိ ၾကားလုိက္ရသည့္အခိုက္၊ က်ိဳး၀မ္ဘငး္၊ ခ်က္ခ်ငး္ဆိုသလိုပင္ ေဒါသတုိ့ ေထာင္းခနဲ ၿဖစ္သြားေတာ့ေလၿပီ။ သူ ေအးစက္စြာၿဖင့္။
“ရီ ပိုင္။ ငါတုိ့နွစ္ေယာက္ရဲ့ၾကားမွာ လာကုန္းတိုက္မေနစမ္းနဲ့။ အဲ့လိုစကားမ်ိဳး ငါ ဘယ္တုန္းကမ်ား ေၿပာခဲ့လုိ့လဲကြ”

ခ်ဴးဟုန္ဂြမ္းသည္ သူ့ရဲ့ထိန္းခ်ဳပ္မႈေအာက္ကေန လြတ္ထြက္ၿပီး သူ့အာဏာကို လာစိန္ေခၚလာသည့္သူကို မုန္းသည္ဆိုၿခင္းကို တစ္ေယာက္ေသာသူကေတာ့ နားလည္ထားသည္တည္းပင္။

ေမွ်ာ္လင့္ထားသလုိပါပင္၊ ခ်ဴးဟုန္ဂြမ္း၏ မ်က္နွာသည္ကား
စတင္ ေၿပာငး္လဲလာေတာ့ေခ်သည္။

                 💖💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

Goddess :
စာစဥ္ ၁၃ paid group ကို ၀င္လိုသူ ဒါဒါေလးမ်ား
09 402 842 937 သို႔ ၅၀၀ က်ပ္ လႊဲၿပီး ၀င္လို႔ရပါၿပီေနာ္ ။
Gp ေလးက ဒီတနလၤာေန႔ ျပန္စမယ္ျဖစ္ေၾကာင္း အေၾကာင္းၾကားလိုက္ပါရေစ 😘😘😘😘😘

............

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   11
Chapter.          :  13 + 14
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၁၊ အခန်း ၁၃။ အပြောင်းအလဲ

ရီပိုင်၏ လျိုချန်းအား “ကျွန်တေ်ာ့သရုပ်ဆောင်” ဟု သူ့မျက်နှာ ရှေ့တည့်တည့်ထားပြီး မောက်မောက်မာမာပြောလာသည်ကို ကြားလိုက်သည်နှင့် ကျိုးဝမ်ဘင်း ၊ ဒေါသတို့ ဒီဂရီထောင်တက် သွားပြန်ချေသည်။

ဒီနှစ်တွေတစ်လျှောက်လုံး၊ ဒက်ဇလင်းမှာရှိနေကြသည့် ဘယ်သူကမှ သူ့အား ရန်စရဲခြင်း မရှိကြပါချေ။ ဒီတော့ကာ၊ ကောင်စုတ်ငယ်လေး သည်က သူ့အား ဒီလိုမျိုးခြေကျူးလာပြီး မလေးမစားလုပ်လာသည်ကို ဘယ်ခံပါလိမ့်မည်နည်း။ ထို့ကြောင့်၊ သူ နေရာမှာတင် ဥက္ကဌ ချူး အား ဖုန်းခေါ်လိုက်တော့ခြင်းပင်။ ဗွီဒီယိုကိုပင် ဖွင့်လိုက်သေးသည်တည့်။

ကျိုးဝမ်ဘင်းဆိုသည်ကား ဒက်ဇလင်းတွင် ထိပ်တန်းမန်နေဂျာ တစ်ယောက် ဖြစ်ချေ၏။ ဒက်ဇလင်းရဲ့ဝင်ငွေ ၉၀ ရာခိုင်နှုန်းသည်က သူ့လက်အောက်က သရုပ်ဆောင်တွေဆီကနေ လာခြင်းဖြစ်ပါ၏။ သူ့လက်အောက်က ကုန်ရွှီ တစ်ယောက်တည်းနှင့်ပင်လျှင် သူ့ရဲ့ရာထူး ကို ထိန်းထားနိုင်လေပြီ ဖြစ်လေရာ၊ သူ့ရဲ့စကားတို့သည် သေချာပေါက် ရုံးချုပ်အတွက် အရာရောက်အရေးပါလေသည်တည်းပင်။

သူသည်ကား  ကုမ္ပဏီတွင် အတွေ့အကြုံရင့်ကြွယ်သည့် သူတည်း ဖြစ်ပါ၏။ ဒီလူရွှင်တော်လေးသည်ကား ယခုမှ ဝင်ရောက်လာသည့် မန်နေဂျာပေါက်စလေးသာ ရှိသေးချေသည်။ ဒီတော့၊ ချူးဟုန်ဂွမ်း ဘယ်သူ့ဘက်က ရပ်တည်ပေးလိမ့်မည်လဲ ဆိုသည်မှာ မှန်းဖို့ရာ သိပ်မခက်ခဲသည်ပင်။

မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု လျိုချန်းဆီ ရောက်လာချေပြီး၊ ထပ်ဖန် ရေအေးဖြန်းလိုက်သလို ပျောက်ကွယ်သွားတော့လေပြီ။

“ဟယ်လို၊ ဥက္ကဌ ချူး”

“မင်း ရီပိုင်နဲ့ တွေ့ပြီးပြီလား။ လွှဲပြောင်းတဲ့ကိစ္စ ပြီးသွားပြီလား” ဖုန်းဗွီဒီယိုကောလ်တွင်၊ ချူးဟုန်ဂွမ်းသည် သူ့ရုံးခန်းထဲက မဟော်ဂနီထိုင်ခုံကြီးတွင် ထိုင်လို့နေလျက်။

ကျိုးဝမ်ဘင်း၊ ရီပိုင်အား အေးစက်စွာ ကြည့်လိုက်ပြီး ပြောလိုက်ပါတော့၏။ “သူ အခု ဒီမှာ ရှိနေပါတယ်။
ကျွန်တော် အဲဒီကိစ္စကို ပြောမလို့ပါ”

“ဘာများလဲ။ ပြသနာရှိလို့လား”
ဥက္ကဌ ချူးသည်လည်း ဗွီဒီယိုထဲကနေ
ရီပိုင်ကို သတိပြုမိသွားခဲ့သည်တည်းပင်။

“ဥက္ကဌ ချူး၊ လွှဲပြောင်းတဲ့စာချုပ်ကို ကျွန်တော် ကြည့်ပြီးသွားပါပြီ။ အဲဒါက သူ ရွေးချယ်ထားတဲ့သရုပ်ဆောင်က ကျွန်တော့်လက်အောက် ်က ဖြစ်နေတယ်။ သူက ကျွန်တေ်ာနဲ့ ၃ နှစ်တောင် ရှိလာခဲ့တာ။ ပြီးတော့ ကျွန်တေ်ာတို့ရဲ့စာချုပ်ကလည်း သက်တမ်းမပြည့်သေးဘူး။ ဒါက စည်းကမ်းကို ချိုးဖောက်ရာများကျနေမလားလို့ ကျွန်တော် စိုးရိမ်မိလို့”

ချူးဟုန်ဂွမ်း၊ တခနလောက် တွေးတောလိုက်ချေပြီ။
“လျိုချန်း မှတ်လား။ အင်း သူက မထင်မရှားသရုပ်ဆောင်လေး တစ်ယောက်ပဲဟာ။ လွှဲသာလွှဲပေးလိုက်။ ဒါက ဘယ်လိုလုပ်ပြီးတော့ စည်းကမ်းကို ချိုးဖောက်ရာကျနေရမှာတုန်း”

ကျိုးဝမ်ဘင်း၊ အမူအရာယွင်းသွားခြင်းမရှိဘဲ ပြန်ပြောလာပါ၏။
“သူ့လိုမျိုး ဘာမှမဟုတ်တဲ့ သရုပ်ဆောင်တစ်ယောက်အတွက်နဲ့ ကုမ္ပဏီရဲ့ငွေတွေ ဆုံးရှုံးရမယ်ဆိုရင် သက်သက်မဲ့နစ်နာပါတယ်။ ကျွန်တော်က ရီပိုင်ရဲ့အတွေးကိုပဲ သဘောမတူနိုင်ရုံပါ”

ကျိုးဝမ်ဘင်းရဲ့စကားတို့ကို ကြားလိုက်ရသည့်အချိန်တွင်။ လျိုချန်းရဲ့ဖျော့တော့ပြီး ပါးလျသည့်နှုတ်ခမ်းတု့ိသည် တင်းတင်းစေ့ ထားချေတော့ပြီ။ သို့တိုင်၊ ရီပိုင်သည်ကတော့ သူ့မျက်နှာထက်တွင် ပေါ့ပေါ့ပါးပါးအမူအရာတို့ ရှိနေလေဆဲ။ သူသည်ကား
ကျိုးဝမ်ဘင်းအား အေးစက်စွာသာ ကြည့်နေလေကာ၊ သူ့မျက်လုံးထဲတွင်တော့ အနည်းအကျဉ်းသော လှောင်ပြောင်ရိပ်တို့ဖြင့်။

“သူက လျိုချန်းကို ရွေးထားတယ်။ ငါလည်းပဲ သဘောတူပေးထား ပြီးသား” ချူးဟုန်ဂွမ်းသည်ကား သူ့ရဲ့စိတ်ကို ပြောင်းလဲပစ်လိုမည့် အရိပ်အယောင်တို့ ရှိမနေပါချေ။ သူသည် ငွေနည်းနည်းလောက် ဆုံးရှုံးရမည်ကို အရေးမထားသည်မှာကား သိသိသာသာ။

မှောင်မိုက်မှုအငွေ့အသက်လေးတစ်ခု ကျိုးဝမ်ဘင်း၏မျက်လုံးတို့ထဲ ဖြတ်ပြေးသွားတော့ပြီး သူ့ရဲ့ရင်ဘတ်ကို မြားတစ်ချောင်းဖြင့် အပစ်ခံ လိုက်ရသလို ဖြစ်သွားတော့လေပြီ။ သူသည်ကား သူ့ရဲ့သူဌေးကို ဆက်ဆွယ်လို့နေလျက်။
“ဥက္ကဌ ချူး၊ ရီပိုင်က ကုမ္ပဏီရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ပြီး တခြားအလားအလာရှိနေတဲ့သရုပ်ဆောင်တွေကို ခါးခါးသီးသီး စိတ်ပျက်သွားအောင် လုပ်မိသွားလိမ့်မယ်။ဒါရိုက်တာတစ်ယောက် အနေနဲ့။ ကျွန်တော် ဒီလို ဖြစ်လာခွင့်မပြုနိုင်ဘူးခင်ဗျာ”

ကျိုးဝမ်ဘင်းသည်ကား၊ သူသာ အလွန်တရာ နားလည်မှုရှိနေလေဟန်၊ ဒီကိစ္စကို အကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေလေဟန် မျက်နှာဖုံး တို့ကို စွပ်လို့ထားလျက်။ “ဥက္ကဌ ချူး၊ ကျွန်တော်တို့ ဒီလိုလုပ်ကြရင် ရော။ ကျွန်တော် သူ့ကို လင်းဟောင်ကို ပေးလိုက်မယ်လေ။ လင်းဟောင်ကလည်းပဲ ပြီးခဲ့တဲ့ ဇာတ်ကားမှာတုန်းက ဇာတ်ပို့နေရာ ကနေ ထူးထူးချွန်ချွန် သရုပ်ဆောင်နိုင်ခဲ့တယ်။ သူက နာမည်လည်း နည်းနည်း ရထားတယ်ခင်ဗျ။ ဆက်ကြိုးစားမယ်ဆိုရင် ၊ သူ့အတွက်
B အဆင့်သရုပ်ဆောင်တစ်ယောက်ဖြစ်လာနိုင်တယ်….”

ကျိုးဝမ်ဘင်း၏ပြောဟန်တို့သည်ကား မသိလျှင်
ကုမ္ပဏီ၏ အကျိုးစီးပွားတို့ိကို ရင်ထဲထားထားသလို။
အလွန်တရာပင် ရက်ရောသလို။
သူ့မှာ တကယ်ရှိနေသည့်မကောင်းတဲ့ ရည်ရွယ်ချက်တို့ိကို
ဘယ်သူမှ သံသယဝင်မိလိမ့်မည် မဟုတ်ပါချေ။

ဒီ ရီပိုင်ကောင်၊ ဒင်း ငါ့ဆီကနေ လိုချင်တာဆိုရင်
လွယ်လွယ်နဲ့ ရစရာလား။

“ရီပိုင်၊ ဝမ်ဘင်းက မင်းကို လင်းဟောင်ကို ပေးချင်နေတယ်။
မင်း ဘယ်လိုထင်လဲ” ချူးဟုန်ဂွမ်း၊ ရီပိုင်အား ကြည့်လိုက်ပါ၏။

“အပြောင်းအလဲလား။ ရတာပေါ့”
အံ့အားသင့်စရာကောင်းလှစွာပင်၊
ရီဝမ်ဝမ်ရဲ့စိတ်သဘောထားသည်
အလွန်တရာပင် ပြောဆိုရလွယ်နေလေသည်။

ကျိုးဝမ်ဘင်း၊ သူ့ရဲ့မျက်လုံးတို့ ကျဉ်းမြောင်းသွားတော့လေပြီ --
သူ ဒီလောက်လွယ်လွယ်လေးနဲ့ သဘောတူလိုက်တယ်လား။

သုူ ထင်ထားခဲ့မိသည်ကား ၊ ရီပိုင်သည် ဥက္ကဌ ချူးအား ဒီကိစ္စနှင့် ပတ်သက်လို့ မျက်ကလဲဆန်ပြာ ငြင်းဆန်ပြောဆိုလိမ့်မည်ဟု။

ရီပိုင်ရဲ့စကားတို့ကို ကြားလိုက်ရပြီးသည့်နောက်၊ လျိုချန်းရဲ့မျက်နှာမှာ မည်းကျသွားရတော့လေသည်။ ဒါသည်ကား သူ့ရဲ့နှလုံးသား အဆောက်အဦးဟိုးအမြင့်ကြီးကနေ ပြုတ်ကျသွားလေသည့်ပမာ….

              💖💖💖💖💖💖💖💖💖💖💖

စာစဉ် ၁၁ ၊ အခန်း ၁၄။ ကုန်ရွှီနှင့် လဲလှယ်ခြင်း

သုံးနှစ်သုံးမိုးတာကာလတွင် မည်သည့်အစီအစဉ်ထဲမှာမှ ပါဝင်ခဲ့ရခြင်း မရှိလေသည့်၊ ကြာလာလျှင် လူတိုင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြ တော့မည့် လျိုချန်း ဆိုသည်နှင့် နှိုင်းစာပါသော်၊ လင်းဟောင်ဆိုသည် မှာကား တောက်ပနေသည့် အငွေ့တလူလူနှင့် ကြယ်ပွင့်ပင် ဖြစ်ချေရ ကား…

မည်သူ့ကို ရွေးချယ်သည်က မှန်ကန်သည့်ရွေးချယ်မှုဖြစ်မည် ဆိုသည်ကို မည်သူမဆိုပင် သိကြပေသည်ပင်….

ငါ သိထားရမှာ…သိနေသင့်တာ…

ကျိုးဝမ်ဘင်း ပြောတာမှန်တယ်…ဘယ်သူမှ မရှိဘူး…ကမ္ဘာကြီးတစ်ခု လုံးမှာ….ငါ့ကို လိုချင်တဲ့သူ ဘယ်သူမှမရှိဘူး….ဘယ်သူမှကို…

ငါ့ရဲ့တစ်ဘဝလုံး….ဟိုးကတည်းက ပြီးသွားခဲ့ပြီ….

ရီပိုင် လက်ခံလိုက်သည်ကို မြင်လိုက်ရသည့်အချိန်တွင်တော့ ကျိုးဝမ်ဘင်း ၊ ညစ်ကျယ်ကျယ် အမူအရာလေးတစ်ချက် တိတ်တိတ်လေး ပေါ်ထွက်လာချေသည်။

ငါ သရုပ်ဆောင်လေးကိစ္စကို ချက်ချင်းပဲ ဖြေရှင်းလို့ရသွားတယ်လား။ ဒီရီပိုင်က တော်တော်လေးကို အတွေ့အကြုံမရင့်ကျက်တာပဲ။

ကျိုးဝမ်ဘင်း၊ အလွန်တရား ရက်ရောထက်သန်ဟန်
ပြုပြနေခဲ့ရင်း ဂုဏ်ယူစွာဖြင့် ပြောဆိုလာပါ၏။
“မန်နေဂျာ ရီ ဘက်က သဘောတူနေပြီဆိုမှတော့ ဒီကိစ္စက အတည် ဖြစ်ပြီ။ လင်းဟောင်ကို လွှဲပြောင်းပေးဖို့အတွက် စာချုပ်စာတမ်းကို ကျွန်တေ်ာ့ဘက်ကနေ တစ်ယောက်ယောက်နဲ့ လွှတ်ပြီး ပို့ပေးခိုင်း လိုက်ပါ့မယ်”

“ခနလေး”
ရီဝမ်ဝမ်၊ ကျိုးဝမ်ဘင်းအား ကြားဖြတ်ပြောလိုက်ခြင်း။

ကျိုးဝမ်ဘင်း၊ သူ့မျက်ခုံးတို့ တွန့်ကွေးတက်သွားတော့ပြီး စိတ်မကျေနပ်သွားဟန် ပေါ်လာကာ။ “ဘာလဲ။ မင်းမှာ တခြားတောင်းဆိုချင်တာများ ရှိသေးလို့လား”

ရီဝမ်ဝမ်၊ မထီပြုံးပြုံးလာကာ ကျိုးဝမ်ဘင်းအား ကြည့်လိုက်ပါ၏။ သူမမျက်လုံးထဲတွင်ကား အလိုမကျမှုအရိပ်အယောင်တို့ ဖြတ်ပြေး သွားပြီး စကားပြောလာချေသည်။ “ကျွန်တေ်ာတို့တွေ လူလဲလို့
ကတော့ ရပါတယ်။ ဒါပေမယ့်၊ ဒါရိုက်တာ ကျိုး၊ လင်းဟောင်က နည်းနည်းနိမ့်မနေဘူးလား။ ခင်ဗျား လူူစားလဲချင်တယ်ဆိုရင်…
ဒါဖြင့် ကုန်ရွှီနဲ့ လဲပေးရမယ်”

တခနမျှ ဆွံ့အသွားရတော့သည့် ကျိုးဝမ်ဘင်း။
နောက်၊ သူ့ရဲ့မျက်နှာအမူအရာတို့ ပြောင်းလဲသွားတော့ကာ
ဒေါသတကြီး ဟစ်အော်လာတော့ချေသည်။
“ရီ ပိုင်။ မင်း ၊ အရမ်းကို ထောင်လွှားလွန်းလှချည်းလားကွ။
ဥက္ကဌ ချူး၊ သူ ပြောသွားတာကို ကြားတယ်မလား။
ဒီကောင်စုတ်က ပြသနာမွှေဖို့ သက်သက်မဲ့ ကြိုးစားနေတာပဲဗျ”

ဒင်းကများ လာပြီးတော့ င့ါလက်အောက်က နာမည်အကျော်ကြားဆုံး သူနဲ့ ဘယ်သူကမှတောင် မကြားဖူးကြတဲ့ သူနဲ့ ကို လာနှိုင်းယှဉ်နေ သေးတယ်။

လုံးဝကို အခြေအမြစ်မရှိတာပဲ။

ကျိုးဝမ်ဘင်းကို ဆိုမနေနှင့်။ လျိုချန်းသည်ပင်လျှင် ရီပိုင် ပြောလိုက် သည်ကို ကြားလိုက်ရသည့်အချိန် ဆွံ့အသွားခဲ့ရသည်ပင်။ သူ့ရဲ့ကြည်လင်ရှင်းလင်းသည့် မျက်လုံးတို့တွင် မယုံကြည်နိုင်မှုတို့ ပြည့်လွှမ်းလာမိရင်း….

ရီဝမ်ဝမ်ရဲ့အမူအရာသည်ကတော့ ပြောင်းလဲသွားခြင်းမရှိချေဘဲ၊ နှာခေါင်းရှုံ့လို့ ပြောလာချေသည်မှာ။ “ကျွန်တော်က ပြသနာ မွှေနေတယ်လား။ ဥက္ကဌ ချူး၊ ခင်ဗျားပဲ ဒက်ဇလင်းမှာရှိနေတဲ့ ဘယ်သူ့ကိုမဆို ကျွန်တေ်ာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ အမိန့်ပေးထားပြီးသား မဟုတ်ဘူးလား….”

ထိုစကားနှင့်အတူ၊ ရီဝမ်ဝမ်ရဲ့မျက်လုံးအိမ်ထဲက ထူးမခြားနားမှုသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့လေပြီ။ သူမရဲ့ အေးစက်စက်အကြည့်တစ်ချက် ကျိုးဝမ်ဘင်းဆီ ပစ်လွှတ်လာချေပြီး ရုတ်ခြည်းပြောချလာလေသည်။ “ဒါရိုက်တာ ကျိုး၊ ခင်ဗျားကရော။ ခင်ဗျားက ဥက္ကဌ ချူးရဲ့လက်အောက်က လူ၊ ဒက်ဇလင်းမီဒီယာရဲ့ အစိတ်အပိုင်းမဟုတ်ဘူးလား။ ဒါမှမဟုတ်လို့ရှိရင် ဒက်ဇလင်းကို ခင်ဗျား ပိုင်တယ်လို့ တွေးနေပြီးတော့ ဥက္ကဌ ချူး ရဲ့ ဆုံးဖြတ်ချက် တွေကို လျစ်လျူရှုထားတာလား။ ဥက္ကဌ ချူး ပြောထားသမျှတွေကို ဂရုကို မစိုက်တဲ့သဘောလားခင်ဗျ”

ရီဝမ်ဝမ် ၊ ကျိုးဝမ်ဘင်းသည် လျိုချန်းအား မည်သို့မည်ပုံ အကြမ်းဖက် အနိုင်ကျင့်နေပါသည်ဟု ထုတ်ဖော်ပြောဆိုခြင်းတော့ မပြုပါချေ။ အကြောင်းသည်ကား၊ သူမ ထိုသို့ လုပ်လျှင်ရင်တောင်မှ အကျိုးထူး လာနိုင်ခြင်းမရှိမည်ကို သူမ သိထားနေခြင်းကြောင့်ပါတည်း။

တစ်ယောက်သည်ကား ရွှေသီးစေနိုင်သည့် ရွှေမန်နေဂျာတစ်ဦး ဖြစ်နေပြီး တစ်ယောက်သည်ကတော့ ဘာမှမဟုတ်သည့် ရွက်ပုန်းသီး သာမန်ညောင်ည သရုပ်ဆောင်လေးတစ်ဦးမျှသာ ရှိလေရာ၊
ချူးဟုန်ဂွမ်း မည်သည့်ဘက်တွင် ရပ်တည်ပေးမည်ဆိုသည်က တွေးစရာပင် မလိုပါချေ။ ဒါသည်ကား ဒီလောကတွင် ကျင်လည်ကျက်စားနေကျ ပုံစံပင် ဖြစ်ချေသည်။
အမှားမှားအယွင်းယွင်း ဖြစ်သွားခဲ့ရင်တောင်မှ
ကျိုးဝမ်ဘင်းသည် သူ့အား ဆွဲဆောင်ဖြားယောင်းပါတယ်ဆိုပြီး လျိုချန်းအား ချောက်ချပြစ်တင်စွပ်စွဲနိုင်သည်တည်းပင် ။

ဒီတော့၊ ချူးဟုန်ဂွမ်း တာဝန်အထားဆုံးသည်က မည်သည်နည်း။

သူ့ရဲ့အာဏာနဲ့ သူ့ရဲ့အဆင့်အတန်း။

ကျိုးဝမ်ဘင်း၏ရာထူးနှင့်သာဆိုလျှင် သူ့ရဲ့ရန်သူတွေဆီကို သူ့ထီးနန်း ရောက်မသွားစေဖို့ရာ ကာကွယ်ရင်း မြို့တော်ကနေ ဝေးကွာလှသည့် နယ်စွန်နယ်ဖျားလေးတစ်ခု၏ အုပ်ချုပ်သူတစ်ဦးအလားပမာပါပင်။

သိ့ုသော်လည်း၊ အနုပညာလောကထဲတွင်တော့၊ မန်နေဂျာတစ်ယောက် အတွက် အာဏာအလွန်ရရှိနေခြင်းသည်က မျက်မှောင်ကြုတ်မိစရာ ပင်။ ညတွင်းချင်းတွင် ရုပ်ရှင်ကုမ္ပဏီလေးတွေ အသီးအသီး ပေါက်ချ လာနိုင်သလို၊ မန်နေဂျာတစ်ယောက်သည်က များစွာသောသရုပ်ဆောင် တို့ကို သူတို့ ကုမ္ပဏီကနေ ထွက်သွားပြီဆိုသည်နှင့် တစ်ပါတည်းအပါ ခေါ်ဆောင်သွားတတ်သည်တည်းမို့ပင်….

ရီပိုင်ရဲ့ ဖြတ်ပြောသည့်စကားကို ကြားလိုက်ရသည့်အခိုက်၊ ကျိုးဝမ်ဘင်း၊ ချက်ချင်းဆိုသလိုပင် ဒေါသတို့ ထောင်းခနဲ ဖြစ်သွားတော့လေပြီ။ သူ အေးစက်စွာဖြင့်။
“ရီ ပိုင်။ ငါတို့နှစ်ယောက်ရဲ့ကြားမှာ လာကုန်းတိုက်မနေစမ်းနဲ့။ အဲ့လိုစကားမျိုး ငါ ဘယ်တုန်းကများ ပြောခဲ့လို့လဲကွ”

ချူးဟုန်ဂွမ်းသည် သူ့ရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်ပြီး သူ့အာဏာကို လာစိန်ခေါ်လာသည့်သူကို မုန်းသည်ဆိုခြင်းကို တစ်ယောက်သောသူကတော့ နားလည်ထားသည်တည်းပင်။

မျှော်လင့်ထားသလိုပါပင်၊ ချူးဟုန်ဂွမ်း၏ မျက်နှာသည်ကား
စတင် ပြောင်းလဲလာတော့ချေသည်။

                 💖💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Goddess :
စာစဉ် ၁၃ paid group ကို ဝင်လိုသူ ဒါဒါလေးများ
09 402 842 937 သို့ ၅၀၀ ကျပ် လွှဲပြီး ဝင်လို့ရပါပြီနော် ။
Gp လေးက ဒီတနင်္လာနေ့ ပြန်စမယ်ဖြစ်ကြောင်း အကြောင်းကြားလိုက်ပါရစေ 😘😘😘😘😘

Continue Reading

You'll Also Like

199K 10.7K 18
*I DO NOT OWN THIS BOOK.* A friend of mine requested me to translate this into Burmese and I'm very new to this type of translation. မူရင္းဝတၳဳက Chi...
111K 9K 22
Villain Girl( Arc-1) ရဲ့အဆက် Arc-2 ပါနော်။ အားပေးကြပါဦး။ Own creation Unicode only
2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...
39.5K 3.7K 109
စစ်နျန်နျန်ဆိုတဲ့ ကောင်မလေးက သူ့ရည်းစားဖောက်ပြန်တာကို ခံရပြီးနောက် သန်မာလာပြီး သူ့ရည်းစားဟောင်း ချန်ရှန့်ဟောင်ကို လက်စားပြန်ချေမှာလား??,ဒါမဟုတ် အရာရာ...