ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၁၁ ( ၉ + ၁၀ )

11.1K 1K 11
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   11
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၁၁၊ အခန္း ၉။ ရီပိုင္လား

မနက္ေစာေစာစီးစီး ဒက္ဇလင္းမီဒီယာ၌ ။

ထိပ္ဆံုးအထပ္က ရံုးခန္းတြင္ အလြန္တရာထည္၀ါလွသည့္ အတြင္းပိုင္းအၿပင္အဆင္တို့ ရွိေနလ်က္။ နံရံေပၚတြင္မူ
နံရံေဆးေရး ပန္းခ်ီကားတုိ့နွင့္ တိရိစာၦန္ခ်ိဳတစ္ခုကို ခ်ိတ္ဆြဲထားၿပီး၊ စားပြဲေပၚတြင္ကား၊ ေတာက္ပထည္၀ါလွသည့္ ပန္းအိုးၾကီးတစ္လံုးသည္ ေနအလင္းေရာင္ကို ၿဖန့္ယူလက္ခံထားကာ ခံ့ထည္လွပလုိ့ေနပါ၏။

က်ိဳး၀မ္ဘင္း၊ လက္ထဲတြင္ ဘလက္ေကာ္ဖီတစ္ခြက္ကို ကိုင္ထားရင္း၊ သူ့ရဲ့လယ္သာဆိုဖာေပၚ ဇိမ္က်က်ထိုင္လဲွေနေလသည္မွာ အလြန္ပင္ သာသာယာယာရွိလုိ့ေနလ်က္။

ထိုလူသည္ကား၊ အာမန္နီ ၀တ္စံုကို ၀တ္ဆင္ထားၿပီး အကန့္အသတ္နဲ့ ထုတ္သည့္ ပတက္ခ္ဖီးလစ္ခ္ နာရီကို လက္တြင္ပတ္လို့ထားပါ၏။ သူ့ရဲ့ဆံပင္တုိ့မွာ သပ္သပ္ရပ္ရပ္ၿဖင့္ စိုရြွန္းလဲ့လုိ့ေနလ်က္။ သူသည္ကား လူလတ္ပုိင္းအရြယ္၊ အသက္ ၄၀ ေက်ာ္ကို ေ၇ာက္ေနတာေတာင္မွ သူ့ရဲ့ရုပ္ရည္ကုိ ထိန္းထားနုိင္ၿပီး အလြန္ဆံုးရွိ ၃၀ မၿပည့္တၿပည့္ဟုပင္ ထင္မိရသည္ထိပင္။

ဒီအခိုက္၊ က်ိဳး၀မ္ဘင္းရဲ့အေရွ့တြင္ တစ္စံုတစ္ေယာက္ထုိင္ေနသည္ တည့္။ ထိုသူသည္ အနညး္ငယ္ေဟာင္းႏြမ္းသည့္ တီရွပ္နွင့္ ဂ်င္းေဘာင္းဘီကို ၀တ္ဆင္ထားၿပီး အနက္ေရာင္ဆံပင္ ရုိးရိုးရွင္းရွင္းနွင့္ ဘာမိတ္ကပ္မွ အုပ္ထားၿခင္းမရွိေလသည့္ ၾကည္လင္သည့္မ်က္နွာ ရွိေနလ်က္။ သူ့ရဲ့ေက်ာၿပင္မွာ သူရိယေနမင္းၾကီးကို မ်က္နွာမူလို့ ထားေခ်လ်က္ ။

သူ့ရဲ့မ်က္၀န္းတုိ့သည္ကား မွိန္ေဖ်ာ့လုိ့ေနေခ်လ်က္၊ သူ့ရဲ့ပါးလြွာသည့္ ႏႈတ္ခမ္းလြွာတုိ့မွာ ေဖ်ာ့ေတာ့လို့ေနေခ်ၿပီး သူ့ရဲ့ကိုယ္ကေန ေအးစက္သည့္အေငြ့အသက္တုိ့ ထုတ္လြွတ္လို့ ေနပါ၏။

က်ိဳး၀မ္ဘငး္၊ သူ့ရဲ့ေကာ္ဖီကို စိမ္ေၿပနေၿပ ၊ ဇိမ္က်ပန္က်ေသာက္ကာ၊ တဖက္ေယာက်ား္ေလး၏မ်က္လံုးကို တည့္တည့္ၾကည့္ၿပီး ဆံုးၿဖတ္ခ်က္မာမာၿဖင့္ ေမးလုိက္ပါ၏။ “လ်ိဳခ်န္း ၊ ဘယ္လိုလဲ။ ဆံုးၿဖတ္ၿပီးၿပီလား”

လ်ိဳခ်န္းရဲ့ပံုဟန္သည္ကား စိတ္ယိမ္းယိုင္လို့ေနေနပါ၏။ သို့ေသာ္၊ သူ့ရဲ့ေက်ာၿပင္သည္ကေတာ့ ဆန့္္တန္းလုိ့ေနဆဲ။ သူ ဒါကို ၾကားလုိက္ သည္နွင့္၊ သူ့ရဲ့ေတာင့္တင္းေနသည့္ ေက်ာၿပင္သည္ အနညး္ငယ္ တြန့္ကနဲၿဖစ္သြားရေတာ့ၿပီး သူ့ရဲ့မ်က္လံုးတုိ့မွာ ေရခဲတမ်ွ ေအးစက္ သြားေလေတာ့၏။ ထိုေအးစက္စက္အလင္းတန္းတုိ့ကို သူ့မ်က္၀န္း ထဲက မႈန္မိႈင္းမႈတုိ့က အုပ္မိုးစိုင္သြားေခ်ေတာ့ၿပီး က်ရံႈးသြားသည့္ မူဟန္တို့ ထုတ္ေဖာ္လုိ့လာေလသည္။

ဒီအခိုက္၊ “ေဒါက္ ေဒါက္ ေဒါက္” လူတစ္ေယာက္၊ တံခါးေခါက္လာ ေခ်သည္။ အခန္းထဲရွိ အပ္က်သံမၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနသည့္ ဆိတ္ၿငိမ္ၿခင္းကို ၿဖိဳခြင္းလိုက္ေခ်သည္။

မီးခိုးေရာင္၀တ္စံုနွင့္ ၀ဖိုင့္ဖိုင့္လူၾကီးတစ္ေယာက္ ေခါင္းတြင္ ေခ်ြးတို့ ျပန္လ်က္ အထဲသို့ ေလာေလာေလာေလာနွင့္ ၀င္လာပါၿပီ။ ေနာက္၊ က်ိဳး၀မ္ဘငး္ကို ၿမင္လုိက္ေလသည္နွင့္ သူ စိုးရိမ္စြာၿဖင့္ ေၿပာလာသည္ကား။ “ဒါရိုက္တာ က်ိဳး၊ က်ြန္ေတာ္တုိ့ေတြ ဒုကၡေရာက္ၿပီ….”

ခန့္ညားၿပီး ဟန္က်ပန္က်ရွိေနသည့္ က်ိဳး၀မ္ဘင္း၊ ၀င္အေနွာင့္အယွက္ ခံလုိက္ရၿခင္းေၾကာင့္ မ်က္ေမွာင္တုိ့ ၾကဳတ္သြားမိေတာ့ေလၿပီ။
သူ စိတ္မၾကည္သာစြာၿဖင့္ ထုိသူဆီသို့ လွည့္လုိက္ၿပီး။
“မနက္မွ ေစာေစာစီးစီးရွိေသးတယ္။
ဘာေတြ ေအာ္ၾကီးဟစ္က်ယ္ေၿပာေနတာလဲ”

၀တုတ္ၾကီးသည္ စိုးရိမ္စြာၿဖင့္ ၿပန္ေၿဖလာသည္တည့္ ။
“ဒါရိုက္တာ က်ိုး၊ သူေဌးၾကီးက က်ြန္ေတာ့္တုိ့ကို အသိေတာင္မေပးဘဲနဲ့ ရုတ္တရက္ၾကီး မန္ေနဂ်ာအသစ္တစ္ေယာက္ လြွတ္လိုက္တယ္။ သူ ဒီေန့ ေရာက္လာမယ္တဲ့။ က်ြန္ေတာ္တုိ့ေတြ သူနဲဲ့အတူတူ အလုပ္လုပ္ရ မယ္တဲ့။ ဥကၠဌ ခ်ဴးက ဘာကိုဆိုလိုခ်င္တာလဲဆုိတာကို သိလား”

ဒက္ဇလင္းမီဒီယာသည္ ကမာၻကပိုင္သည့္ စာရင္းေတြထဲက ဟုိးေအာက္ဆံုးတြင္ ပါ၀င္ေနပါေသာ္လညး္၊ ဒါသည္ မည္သို့ပင္ ၿဖစ္ေနေစကာမူ ကမာၻ၏အမည္ခံေအာက္တြင္ ရွိေနေသးသည္ပင္။
“သစ္တစ္ပင္ေကာင္း ငွက္တစ္ေသာင္းနားရ” ဆုိသလို တၿခားေသာ နယ္ပယ္ေသးေသးေလးေတြနွင့္ နုႈိင္းစာပါေသာ္၊ ဒါသည္က အမ်ားၾကီး ပိုလို့ေကာင္းေနေသးဆဲပါပင္။

ဒက္ဇလင္းကို ၀င္ေရာက္နုိင္ဖို့ဆုိသည္က လြယ္လွသည့္ အလုပ္တစ္ခု မဟုတ္ေခ်သလို သရုပ္ေဆာင္တစ္ေယာက္ၿဖစ္ဖုိ့ရာ၊ မန္ေနဂ်ာ တစ္ေယာက္ ၿဖစ္လာဖုိ့ရာဆိုသည္မွာ အလုပ္အေတြ့အၾကံု၊ ပညာအရည္အခ်င္းတုိ့အေပၚလညး္ မူတည္ေနေသးၿပီး အင္တာဗ်ဴးကိုလညး္ ေကာင္းေကာငး္ေၿဖဆုိနုိ္င္ဖို့ရာ လုိအပ္ေနသည္ ပင္။ စာေမးပြဲအခ်ိဳ့ကို ေအာင္ၿမင္မွသာလ်ွင္ သင္သည္ ဒက္ဇလင္းရဲ့ တစ္ိတ္တပုိင္းအေနနဲ့ ပါ၀င္နုိင္မည္ၿဖစ္ေလရာ ဒါသည္ကား အေတာ့္ကို ၀င္ခြင့္ရခက္လွေခ်သည္ပင္။

အဓိကအခ်က္သည္ကေတာ့ က်ိဳး၀မ္ဘင္းသည္ ဘုရင္တစ္ပါးနွယ္ မငး္မူေနကာ၊ ကုမၸဏီကို ၀င္လာခ်င္သည့္မည္သူမဆို ပထမဦးဆံုး သူ့ဆီက အသိအမွတ္ၿပဳၿခင္းခံရဖို့ရာ ၾကိဳးစားၾကရသည္ပင္။ ၿပီးေနာက္မွ မန္ေနဂ်ာေတြဆီကေန ေထာက္ခံအသိအမွတ္ၿပဳခ်က္
ရဖုိ့ရာ ၾကိဳးစားၾကရၿခငး္ပါတည္း။

အသစ္အသစ္ေရာက္လာၾကေသာ မန္ေနဂ်ာတုိင္းသည္လည္းပဲ ဒါကို မေက်ာ္လြွားနုိင္ေလရာ၊ အထူးသၿဖင့္ က်ိဳး၀မ္ဘင္းလက္ေအာက္က လူတုိင္းကို မေက်ာ္နုိင္ေလရာ၊ ရုတ္ၿခည္း အရည္အခ်င္းၿပည့္၀လွသည့္ မန္ေနဂ်ာသစ္္တစ္ေယာက္ ေရာက္လာမည္္ဆုိေတာ့ရာ အာရံုစူးစုိက္လုိ့ တီးတိုးတီးတိုးၿဖစ္ေနၾကၿခင္းပါတည္း။

က်ိဳး၀မ္ဘငး္၊ မ်က္ေမွာင္ကို ၾကဳတ္လိုက္ေတာ့ၿပီး မႈန္မိႈင္းမႈတုိ့သည္ သူ့မ်က္နွာထက္ကို ၿဖန့္က်က္လာေတာ့ရင္း နွာေခါငး္ရံႈ့လုိက္ပါ၏။
“အဲဒီရီပိုင္လား”

၀တုတ္ၾကီး ေခါင္းကို တြင္ခနဲ ညိတ္ၿပလာပါ၏။
“ဟုတ္တယ္၊ ဟုတ္ပါတယ္။ သူပဲ။
ဒါရုိက္တာ က်ိဳး ၊ သိထားနွင့္ၿပီးသားလား”

က်ိဳး၀မ္ဘငး္၊ အေတြးနက္နက္ ေတြးေတာေနေလဟန္။
သူ့ရဲ့မ်က္နွာမွာ မႈန္ယိုလာေခ်ၿပီး။ “သူက တက္သစ္စေလးပဲ ရွိေသး တာ။ သူ ငါ့ရဲ့ေဘာင္ထဲမွာ ရွိေနရဲ့သားနဲ့ ငါ့ကို ေက်ာ္နုိင္မယ္လုိ့မ်ား
မင္း ထင္ေနတာလား ။ မင္း လုပ္စရာရွိတာသာ သြားလုပ္ေနစမ္း။ အေသးအဖြဲေလးေတြ တစ္ခုမက်န္ လာေၿပာၿပေနၿပီးေတာ့ အာရံုလာမေနွာက္စမ္းနဲ့”

ဟား ဟား၊ အဲဒီေကာင္စုတ္ေလး။ လူေတြရဲ့အၿမင္ ေၿပာင္းလဲသြားေစ ဖို့အတြက္ မားစ္အပတ္စဥ္က ေကာငး္ဖန္ကို အသံုးခ်ပစ္လိမ့္မယ္လုိ့ မထင္ထားခဲ့မိဘူး။ ေနာက္ဆံုးက်ေတာ့၊ ဟန္ရွန္းယြီရဲ့နာမည္ဆုိးကို ရွင္းပစ္ၿပီးေတာ့ ငါ့ရဲ့အစီအစဥ္ေတြကို ဖ်က္ဆီးပစ္ခဲ့တယ္လား….

              💖💖💖💖💖💖💖💖💖💖💖
စာစဥ္ ၁၁၊ အခန္း ၁၀။ အေၿခာက္. မ.ဟုတ္.ဘူး

အစတြင္ေတာ့၊ ဟန္ရွန္းယြီ ၿပဳတ္သြားၿပီဆုိသည္နွင့္ ကုမၸဏီသည္ ဟန္ရွန္းယြီေနရာတြင္ ကုန္ရြွီအား ေၿမေတာင္ေၿမွာက္အစားထိုး ပ်ိဳးေထာင္ေပးေပလိမ့္မည္တည္း။ သို့ေသာ္၊ ယခုေတာ့၊ ဟန္ရွန္းယြီ
သည္ ၿပဳတ္မက်သြားရံုတင္မက သူ့ရဲ့ နာမည္သည္ပါ ဟုိးအၿမင့္ၾကီးကို ထိုးတက္သြားခဲ့ေပၿပီ။

ဒီအေတြးနွင့္အတူ၊ က်ိဳး၀မ္ဘင္း နွာေခါင္းရံႈ့လုိက္ေတာ့ၿပီး။
“ရီပို္င္၊ အဟတ္…သိပ္ကိုေကာင္းတယ္။ သူက ငါ့ရဲ့အၾကံအစည္ေတြကို ဖ်က္္လိုဖ်က္္္ဆီး၀င္လုပ္ခဲ့တာ။ ငါ့ရဲ့နယ္ေၿမထဲမွာေတာင္မွ လာၿပီးေတာ့ ရဲရဲတင္းတင္း ၿပဳမူရဲေသးမယ္ဆုိရင္ေတာ့”

သူေဌး ေၿပာသည္ကို ၾကားလို္က္ရေတာ့မွ ၀တုတ္ၾကီးသည္ တည္ၿငိမ္ က်သြားေခ်ေတာ့ၿပီး ခ်က္ခ်ငး္ဆိုသလိုပင္ က်ိဳး၀မ္ဘငး္နားသို့ ကပ္သြားကာ။  “အကို ဘင္း တစ္ေယာက္လံုး ရွိေနတဲ့ဟာ၊ ဒီမွာ ဘယ္သူကမ်ား လာၿပီးေတာ့ စြာက်ယ္စြာက်ယ္ လုပ္ေနနုိင္ပါ့မလဲဗ်ာ”

၀တုတ္ၾကီးသည္ ထပ္ထပ္ခါခါ ခ်ီးမြမ္းခန္းတုိ့ ဖြင့္ၿပဳေလၿပီးသည့္ ေနာက္တြင္၊ ဆိုဖာေပၚက ေဖ်ာ့ေတာ့ေနသည့္ လူငယ္ေကာင္ေလးကို သနားစြာ ၿဖန့္က်က္ၾကည့္မိလုိက္ေခ်ေတာ့၏။

ထုိခိုက္။
“ဘာရွိေသးလို့လဲ” က်ိဳး၀မ္ဘငး္ မေပ်ာ္ရြွင္စိတ္မၾကည္သာစြာၿဖင့္ သူ့အား ၾကည့္လုိက္ေလရာ။

“မရွိ၊ မရွိေတာ့ပါဘူးခင္ဗ်ာ”

“ဘာမွမရွိေတာ့ဘူးဆုိရင္ မင္းက ဘာလုိ့ ထြက္မသြားေသးတာတုန္း။ အခုခ်က္ခ်င္း ထြက္သြားစမ္း” ၀တုတ္ၾကီး၊ လ်စ္ခနဲ ထြက္သြားေတ့ာ ့ေခ်ၿပီး တမင္တကာ ရည္ရြယ္ခ်က္ရွိရွိၿဖင့္ တံခါးအား ပိတ္ပင္ပိတ္သြား ခဲ့ေခ်သည္။

၀တုတ္ၾကီး ထြက္သြားသည္နွင့္၊ ၾကီးမားက်ယ္၀န္းလွသည့္ ရံုးခန္းၾကီးထဲတြင္ လူနွစ္ဦးသာလ်ွင္ က်န္ခဲ့ေတာ့ေခ်ၿပီ။

က်ိဳး၀မ္ဘငး္၊ စိတ္မရွည္မႈအရိပ္အေယာင္တုိ့ကို ၿပသလ်က္
စားပြဲေပၚကို သူ့လက္တုိ့နွင့္ အံုးခနဲ ဖိခ်လုိက္ေတာ့ၿပီး။ 
“လ်ိဳခ်န္း၊ င့ါရဲ့စိတ္ရွည္မႈက အကန့္အသတ္ရွိတယ္ေနာ္….”

လ်ိဳခ်န္း၊ နာက်င္၀မ္းနည္းမႈတုိ့ကို ခံစားရဟန္ေပၚေခ်သည္။ သူ့ရ့ဲမ်က္လံုးတုိ့မွာ က်ံု့ဳလုိ့ေနေခ်ၿပီး ေအးစက္လာေခ်၏။

က်ိဳး၀မ္ဘင္း ၊ ဒါကို ၿမင္လုိက္သည္နွင့္၊ သိမ္ေမြ့စြာၿဖင့္ ေၿပာဆုိလာေခ်သည္။  “ဟာကြာ၊ လ်ိဳခ်န္း၊ မငး္ကို ၾကည့္စမ္းပါဦး။ ဘာေၾကာင့္မ်ား ဒီေလာက္ထိ ေခါင္းအရမ္းမာေနရတာလဲကြာ။ ကိုယ္နဲ့ရွိေနတာက ဘာမ်ားမေကာငး္တာ ရွိလုိ့လဲ”

လ်ိဳခ်န္းဆီသို့ ေၿဖးညငး္စြာ ေလ်ွာက္လွမ္းလာေနပါသည့္ က်ိဳး၀မ္ဘငး္။ သူ ဆက္ေၿပလာသည္ကား။ “မငး္ လိမၼာေနသရ္ မငး္အေမရဲ့ေဆးဖိုး ေတြကို ရွင္းေပးမယ့္အၿပင္ကို မငး္ကို ေက်ာ္ၾကားေအာင္ပါ လုပ္ေပးဦး မွာေနာ္….”

က်ိုး၀မ္ဘငး္ နီးကပ္လာေလသည္နွင့္ လ်ိဳခ်န္းရဲ့ကိုယ္လံုးေလး ေတာင့္တင္းသြားရေတာ့ေလကာ။ သူ့ရဲ့လက္တို့ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လုိ့ထားလ်က္၊ သူကား ေနာက္တစ္စကၠန့္အလိုဆို ေပါက္ကြဲဖို့ရာ အဆင္သင့္ ၿဖစ္ေနေလသည္။

က်ိဳး၀မ္ဘငး္သည္ကား သူသည္ သူ့အား မဆန့္က်င္ဘူးဆုိသည္ကို က်ိန္းေသလုိ့ေနလ်က္။ သူ က်ိတ္ကာရယ္ေတာ့ၿပီး ပိုလုိ့ပင္ နီးကပ္လာ ေတာ့ေခ်ၿပီ။ ေနာက္၊ သူ့ရဲ့လက္ကို လ်ိဳခ်န္းရဲ့ပုခံုးသားေပၚ တင္လုိ္က္ ကာ။ “လ်ိုခ်န္း ၊ မငး္ ကိုယ့္ကို ၿငင္းေနတာ ၃ နွစ္ေတာင္ ရွိေနၿပီ။ ဆက္ၿပီးေတာ့ ေခါငး္မာခ်င္ေနေသးတုန္းပဲလား”

“သရုပ္ေဆာင္တစ္ေယာက္အတြက္ ေရြွေ၇ာင္နွစ္ေတြဆုိတာက နွစ္နည္းနညး္ေလးပဲ ရွိတာ။ ေနာက္ထပ္ ၃ နွစ္ကို ထပ္ၿပီးေတာ့ အခ်ိန္ၿဖဳန္းပစ္ဦးမလို့လား”

“မငး္ သိလား။ မငး္သာ ကိုယ္နဲ့ ပူးေပါင္းမယ္ဆုိရင္ကြာ မငး္ရဲ့ရုပ္ရည္မ်ိဳးက အခုနာမည္ရေနတဲ့ ကုန္ရြွီနဲ့ေတာင္မွ တစ္တန္းတည္း ရပ္နုိင္လိမ့္ဦးမယ္။ ဘယ္သူ သိနုိင္ပါ့မလဲေလ၊
မငး္ ဟန္ရွန္းယြီကိုေတာင္မွ ေက်ာ္ခ်င္ေက်ာ္သြားဦးမွာေပါ့”

က်ိဳး၀မ္ဘင္း ၊ မက္လံုးတို့ ေပးလုိ့ေနပါ၏ ။သို့ေသာ္ၿငား၊ လ်ိဳခ်န္း၏ပါးလြွာသည့္နႈတ္ခမ္းလြွာတုိ့သည္ကား တင္းတင္း ပိတ္ထားလို့ေနဆဲ။ သူသည္ကား စကားၿပန္လာၿခင္းမရွိပါေခ်။

ေရတစ္ေပါက္၊ ဆန္တစ္ေစ့မ်ွပင္ မ၀င္နုိင္ေလာက္ေအာင္၊ သူ့ရဲ့နႈတ္ခမး္တုိ့ိကုိ တင္းတင္းက်ပ္က်ပ္ေစ့ပိတ္ထားသည္ကို ၿမင္ရ္ေလေသာ္၊ က်ိဳး၀မ္ဘင္း နွာေခါငး္ရံႈ့လုိက္ပါေတာ့၏။ ေနာက္၊ ေလွာင္ေၿပာင္မႈအၿပည့္ပါသည့္ မေထ့တေထ့စကားလံုးတုိ့နွင့္။
“လ်ိဳခ်န္း၊ မငး္ စာခ်ဳပ္သက္တမ္းကုန္သြားတာနဲ့ ခ်က္ခ်င္း င့့ါဆီကေန ထြက္သြားဖို့ စဥ္းစားေနတယ္လုိ့ေတာ့ ငါ့ကို မေၿပာနဲ့ေနာ္”

က်ိဳး၀မ္ဘငး္၊ စာနာသနားစြာၿဖင့္ ေခါငး္ကို ခါကာခါကာ။
“မငး္က တကယ့္ကုိ ဆုိးတဲ့ ကေလးဆုိးေလးပဲကြာ….မငး္ ကမာၻမွာ ရွိေနသေရြ့ ကိုယ္ မင္းကို ကူညီေပးလုိ့ရတယ္။ အငး္၊ ဒါေပမယ့္၊ မငး္ ကမာၻကေန ထြက္သြားမယ္ဆုိရင္ေတာ့ မင္းကို ကိုယ္က ေအာင္ၿမင္ခြင့္ ၿပဳေပးလိမ့္မယ္လို့မ်ား ထင္ေနတာလား”

ေနာက္ဆံုးတြင္ေတာ့၊ လ်ိဳခ်န္းရဲ့မ်က္နွာမွာ အနည္းငယ္ လႈပ္လႈပ္ရွားရွား ၿဖစ္သြားေခ်ေတာ့ၿပီး ခါတိုင္းနွင့္မတူဘဲ ခက္ထန္ထန္အသံၿဖင့္ ေၿပာလာပါ၏။ “က်ြန္ေတာ္….ဘာ….ဘာလုပ္ေပးမွ….ခင္ဗ်ား က်ြန္ေတ္ာ့ကို လြွတ္ေပးမွာလဲ….”

က်ိဳး၀မ္ဘငး္ရဲ့လက္ေခ်ာင္းတုိ့ ၿဖည္းၿဖည္းခ်င္း၊ လ်ိဳခ်န္း၏ရွည္သြယ္ သည့္လည္တို္င္ေပၚ ဆင္းသက္လာကာ၊ အသက္ရွဴသံတုိ့္ ပိုမိုေလးနက္ လာလ်က္။ “လ်ိဳခ်န္း၊ မင္းက ဥာဏ္ေကာငး္တဲ့ေကာင္ေလးပါကြာ။
ကိုယ္ ဘာလုိခ်င္လဲဆိုတာ မင္း သိေနၿပီးသားပါ၊ ဟုတ္တယ္ဟုတ္။ က်ိဳး၀မ္ဘင္းဆိုတဲ့ ငါက ငါ လုိခ်င္တာကို ရေအာင္ယူတတ္တယ္”

“က်ြန္ေတာ္က…အေၿခာက္…မ…ဟုတ္…ဘူး”
လ်ိဳခ်န္း ၊အသံကို ၿမွင့္လုိ့ တစ္လံုးခ်င္းစီတုိင္းကို
ေသေသခ်ာခ်ာ ေၿပာလုိက္ေလသည္။

             💖💖💖💖💖💖💖💖💖💖💖
                💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

Goddess :
စာစဥ္ ၁၃ paid group ကို ၀င္လိုသူ ဒါဒါေလးမ်ား
09 402 842 937 သို႔ ၅၀၀ က်ပ္ လႊဲၿပီး ၀င္လို႔ရပါၿပီေနာ္ ။
Gp ေလးက ဒီတနလၤာေန႔ ျပန္စမယ္ျဖစ္ေၾကာင္း အေၾကာင္းၾကားလိုက္ပါရေစ 😘😘😘😘😘

........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   11
Chapter.          :  9 + 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၁၁၊ အခန်း ၉။ ရီပိုင်လား

မနက်စောစောစီးစီး ဒက်ဇလင်းမီဒီယာ၌ ။

ထိပ်ဆုံးအထပ်က ရုံးခန်းတွင် အလွန်တရာထည်ဝါလှသည့် အတွင်းပိုင်းအပြင်အဆင်တို့ ရှိနေလျက်။ နံရံပေါ်တွင်မူ
နံရံဆေးရေး ပန်းချီကားတို့နှင့် တိရိစ္ဆာန်ချိုတစ်ခုကို ချိတ်ဆွဲထားပြီး၊ စားပွဲပေါ်တွင်ကား၊ တောက်ပထည်ဝါလှသည့် ပန်းအိုးကြီးတစ်လုံးသည် နေအလင်းရောင်ကို ဖြန့်ယူလက်ခံထားကာ ခံ့ထည်လှပလို့နေပါ၏။

ကျိုးဝမ်ဘင်း၊ လက်ထဲတွင် ဘလက်ကော်ဖီတစ်ခွက်ကို ကိုင်ထားရင်း၊ သူ့ရဲ့လယ်သာဆိုဖာပေါ် ဇိမ်ကျကျထိုင်လဲှနေလေသည်မှာ အလွန်ပင် သာသာယာယာရှိလို့နေလျက်။

ထိုလူသည်ကား၊ အာမန်နီ ဝတ်စုံကို ဝတ်ဆင်ထားပြီး အကန့်အသတ်နဲ့ ထုတ်သည့် ပတက်ခ်ဖီးလစ်ခ် နာရီကို လက်တွင်ပတ်လို့ထားပါ၏။ သူ့ရဲ့ဆံပင်တို့မှာ သပ်သပ်ရပ်ရပ်ဖြင့် စိုရွှန်းလဲ့လို့နေလျက်။ သူသည်ကား လူလတ်ပိုင်းအရွယ်၊ အသက် ၄၀ ကျော်ကို ရောက်နေတာတောင်မှ သူ့ရဲ့ရုပ်ရည်ကို ထိန်းထားနိုင်ပြီး အလွန်ဆုံးရှိ ၃၀ မပြည့်တပြည့်ဟုပင် ထင်မိရသည်ထိပင်။

ဒီအခိုက်၊ ကျိုးဝမ်ဘင်းရဲ့အရှေ့တွင် တစ်စုံတစ်ယောက်ထိုင်နေသည် တည့်။ ထိုသူသည် အနည်းငယ်ဟောင်းနွမ်းသည့် တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင် ရိုးရိုးရှင်းရှင်းနှင့် ဘာမိတ်ကပ်မှ အုပ်ထားခြင်းမရှိလေသည့် ကြည်လင်သည့်မျက်နှာ ရှိနေလျက်။ သူ့ရဲ့ကျောပြင်မှာ သူရိယနေမင်းကြီးကို မျက်နှာမူလို့ ထားချေလျက် ။

သူ့ရဲ့မျက်ဝန်းတို့သည်ကား မှိန်ဖျော့လို့နေချေလျက်၊ သူ့ရဲ့ပါးလွှာသည့် နှုတ်ခမ်းလွှာတို့မှာ ဖျော့တော့လို့နေချေပြီး သူ့ရဲ့ကိုယ်ကနေ အေးစက်သည့်အငွေ့အသက်တို့ ထုတ်လွှတ်လို့ နေပါ၏။

ကျိုးဝမ်ဘင်း၊ သူ့ရဲ့ကော်ဖီကို စိမ်ပြေနပြေ ၊ ဇိမ်ကျပန်ကျသောက်ကာ၊ တဖက်ယောကျာ်းလေး၏မျက်လုံးကို တည့်တည့်ကြည့်ပြီး ဆုံးဖြတ်ချက်မာမာဖြင့် မေးလိုက်ပါ၏။ “လျိုချန်း ၊ ဘယ်လိုလဲ။ ဆုံးဖြတ်ပြီးပြီလား”

လျိုချန်းရဲ့ပုံဟန်သည်ကား စိတ်ယိမ်းယိုင်လို့နေနေပါ၏။ သို့သော်၊ သူ့ရဲ့ကျောပြင်သည်ကတော့ ဆန့်တန်းလို့နေဆဲ။ သူ ဒါကို ကြားလိုက် သည်နှင့်၊ သူ့ရဲ့တောင့်တင်းနေသည့် ကျောပြင်သည် အနည်းငယ် တွန့်ကနဲဖြစ်သွားရတော့ပြီး သူ့ရဲ့မျက်လုံးတို့မှာ ရေခဲတမျှ အေးစက် သွားလေတော့၏။ ထိုအေးစက်စက်အလင်းတန်းတို့ကို သူ့မျက်ဝန်း ထဲက မှုန်မှိုင်းမှုတို့က အုပ်မိုးစိုင်သွားချေတော့ပြီး ကျရှုံးသွားသည့် မူဟန်တို့ ထုတ်ဖော်လို့လာလေသည်။

ဒီအခိုက်၊ “ဒေါက် ဒေါက် ဒေါက်” လူတစ်ယောက်၊ တံခါးခေါက်လာ ချေသည်။ အခန်းထဲရှိ အပ်ကျသံမကြားရလောက်အောင် တိတ်ဆိတ်နေသည့် ဆိတ်ငြိမ်ခြင်းကို ဖြိုခွင်းလိုက်ချေသည်။

မီးခိုးရောင်ဝတ်စုံနှင့် ဝဖိုင့်ဖိုင့်လူကြီးတစ်ယောက် ခေါင်းတွင် ချွေးတို့ ပြန်လျက် အထဲသို့ လောလောလောလောနှင့် ဝင်လာပါပြီ။ နောက်၊ ကျိုးဝမ်ဘင်းကို မြင်လိုက်လေသည်နှင့် သူ စိုးရိမ်စွာဖြင့် ပြောလာသည်ကား။ “ဒါရိုက်တာ ကျိုး၊ ကျွန်တော်တို့တွေ ဒုက္ခရောက်ပြီ….”

ခန့်ညားပြီး ဟန်ကျပန်ကျရှိနေသည့် ကျိုးဝမ်ဘင်း၊ ဝင်အနှောင့်အယှက် ခံလိုက်ရခြင်းကြောင့် မျက်မှောင်တို့ ကြုတ်သွားမိတော့လေပြီ။
သူ စိတ်မကြည်သာစွာဖြင့် ထိုသူဆီသို့ လှည့်လိုက်ပြီး။
“မနက်မှ စောစောစီးစီးရှိသေးတယ်။
ဘာတွေ အော်ကြီးဟစ်ကျယ်ပြောနေတာလဲ”

ဝတုတ်ကြီးသည် စိုးရိမ်စွာဖြင့် ပြန်ဖြေလာသည်တည့် ။
“ဒါရိုက်တာ ကျိုး၊ သူဌေးကြီးက ကျွန်တော့်တို့ကို အသိတောင်မပေးဘဲနဲ့ ရုတ်တရက်ကြီး မန်နေဂျာအသစ်တစ်ယောက် လွှတ်လိုက်တယ်။ သူ ဒီနေ့ ရောက်လာမယ်တဲ့။ ကျွန်တော်တို့တွေ သူနဲ့အတူတူ အလုပ်လုပ်ရ မယ်တဲ့။ ဥက္ကဌ ချူးက ဘာကိုဆိုလိုချင်တာလဲဆိုတာကို သိလား”

ဒက်ဇလင်းမီဒီယာသည် ကမ္ဘာကပိုင်သည့် စာရင်းတွေထဲက ဟိုးအောက်ဆုံးတွင် ပါဝင်နေပါသော်လည်း၊ ဒါသည် မည်သို့ပင် ဖြစ်နေစေကာမူ ကမ္ဘာ၏အမည်ခံအောက်တွင် ရှိနေသေးသည်ပင်။
“သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရ” ဆိုသလို တခြားသော နယ်ပယ်သေးသေးလေးတွေနှင့် နုှိုင်းစာပါသော်၊ ဒါသည်က အများကြီး ပိုလို့ကောင်းနေသေးဆဲပါပင်။

ဒက်ဇလင်းကို ဝင်ရောက်နိုင်ဖို့ဆိုသည်က လွယ်လှသည့် အလုပ်တစ်ခု မဟုတ်ချေသလို သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ရာ၊ မန်နေဂျာ တစ်ယောက် ဖြစ်လာဖို့ရာဆိုသည်မှာ အလုပ်အတွေ့အကြုံ၊ ပညာအရည်အချင်းတို့အပေါ်လည်း မူတည်နေသေးပြီး အင်တာဗျူးကိုလည်း ကောင်းကောင်းဖြေဆိုနိုင်ဖို့ရာ လိုအပ်နေသည် ပင်။ စာမေးပွဲအချို့ကို အောင်မြင်မှသာလျှင် သင်သည် ဒက်ဇလင်းရဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်နိုင်မည်ဖြစ်လေရာ ဒါသည်ကား အတော့်ကို ဝင်ခွင့်ရခက်လှချေသည်ပင်။

အဓိကအချက်သည်ကတော့ ကျိုးဝမ်ဘင်းသည် ဘုရင်တစ်ပါးနှယ် မင်းမူနေကာ၊ ကုမ္ပဏီကို ဝင်လာချင်သည့်မည်သူမဆို ပထမဦးဆုံး သူ့ဆီက အသိအမှတ်ပြုခြင်းခံရဖို့ရာ ကြိုးစားကြရသည်ပင်။ ပြီးနောက်မှ မန်နေဂျာတွေဆီကနေ ထောက်ခံအသိအမှတ်ပြုချက်
ရဖို့ရာ ကြိုးစားကြရခြင်းပါတည်း။

အသစ်အသစ်ရောက်လာကြသော မန်နေဂျာတိုင်းသည်လည်းပဲ ဒါကို မကျော်လွှားနိုင်လေရာ၊ အထူးသဖြင့် ကျိုးဝမ်ဘင်းလက်အောက်က လူတိုင်းကို မကျော်နိုင်လေရာ၊ ရုတ်ခြည်း အရည်အချင်းပြည့်ဝလှသည့် မန်နေဂျာသစ်တစ်ယောက် ရောက်လာမည်ဆိုတော့ရာ အာရုံစူးစိုက်လို့ တီးတိုးတီးတိုးဖြစ်နေကြခြင်းပါတည်း။

ကျိုးဝမ်ဘင်း၊ မျက်မှောင်ကို ကြုတ်လိုက်တော့ပြီး မှုန်မှိုင်းမှုတို့သည် သူ့မျက်နှာထက်ကို ဖြန့်ကျက်လာတော့ရင်း နှာခေါင်းရှုံ့လိုက်ပါ၏။
“အဲဒီရီပိုင်လား”

ဝတုတ်ကြီး ခေါင်းကို တွင်ခနဲ ညိတ်ပြလာပါ၏။
“ဟုတ်တယ်၊ ဟုတ်ပါတယ်။ သူပဲ။
ဒါရိုက်တာ ကျိုး ၊ သိထားနှင့်ပြီးသားလား”

ကျိုးဝမ်ဘင်း၊ အတွေးနက်နက် တွေးတောနေလေဟန်။
သူ့ရဲ့မျက်နှာမှာ မှုန်ယိုလာချေပြီး။ “သူက တက်သစ်စလေးပဲ ရှိသေး တာ။ သူ ငါ့ရဲ့ဘောင်ထဲမှာ ရှိနေရဲ့သားနဲ့ ငါ့ကို ကျော်နိုင်မယ်လို့များ
မင်း ထင်နေတာလား ။ မင်း လုပ်စရာရှိတာသာ သွားလုပ်နေစမ်း။ အသေးအဖွဲလေးတွေ တစ်ခုမကျန် လာပြောပြနေပြီးတော့ အာရုံလာမနှောက်စမ်းနဲ့”

ဟား ဟား၊ အဲဒီကောင်စုတ်လေး။ လူတွေရဲ့အမြင် ပြောင်းလဲသွားစေ ဖို့အတွက် မားစ်အပတ်စဉ်က ကောင်းဖန်ကို အသုံးချပစ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ နောက်ဆုံးကျတော့၊ ဟန်ရှန်းယွီရဲ့နာမည်ဆိုးကို ရှင်းပစ်ပြီးတော့ ငါ့ရဲ့အစီအစဉ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်လား….

              💖💖💖💖💖💖💖💖💖💖💖
စာစဉ် ၁၁၊ အခန်း ၁၀။ အခြောက်. မ.ဟုတ်.ဘူး

အစတွင်တော့၊ ဟန်ရှန်းယွီ ပြုတ်သွားပြီဆိုသည်နှင့် ကုမ္ပဏီသည် ဟန်ရှန်းယွီနေရာတွင် ကုန်ရွှီအား မြေတောင်မြှောက်အစားထိုး ပျိုးထောင်ပေးပေလိမ့်မည်တည်း။ သို့သော်၊ ယခုတော့၊ ဟန်ရှန်းယွီ
သည် ပြုတ်မကျသွားရုံတင်မက သူ့ရဲ့ နာမည်သည်ပါ ဟိုးအမြင့်ကြီးကို ထိုးတက်သွားခဲ့ပေပြီ။

ဒီအတွေးနှင့်အတူ၊ ကျိုးဝမ်ဘင်း နှာခေါင်းရှုံ့လိုက်တော့ပြီး။
“ရီပိုင်၊ အဟတ်…သိပ်ကိုကောင်းတယ်။ သူက ငါ့ရဲ့အကြံအစည်တွေကို ဖျက်လိုဖျက်ဆီးဝင်လုပ်ခဲ့တာ။ ငါ့ရဲ့နယ်မြေထဲမှာတောင်မှ လာပြီးတော့ ရဲရဲတင်းတင်း ပြုမူရဲသေးမယ်ဆိုရင်တော့”

သူဌေး ပြောသည်ကို ကြားလိုက်ရတော့မှ ဝတုတ်ကြီးသည် တည်ငြိမ် ကျသွားချေတော့ပြီး ချက်ချင်းဆိုသလိုပင် ကျိုးဝမ်ဘင်းနားသို့ ကပ်သွားကာ။  “အကို ဘင်း တစ်ယောက်လုံး ရှိနေတဲ့ဟာ၊ ဒီမှာ ဘယ်သူကများ လာပြီးတော့ စွာကျယ်စွာကျယ် လုပ်နေနိုင်ပါ့မလဲဗျာ”

ဝတုတ်ကြီးသည် ထပ်ထပ်ခါခါ ချီးမွမ်းခန်းတို့ ဖွင့်ပြုလေပြီးသည့် နောက်တွင်၊ ဆိုဖာပေါ်က ဖျော့တော့နေသည့် လူငယ်ကောင်လေးကို သနားစွာ ဖြန့်ကျက်ကြည့်မိလိုက်ချေတော့၏။

ထိုခိုက်။
“ဘာရှိသေးလို့လဲ” ကျိုးဝမ်ဘင်း မပျော်ရွှင်စိတ်မကြည်သာစွာဖြင့် သူ့အား ကြည့်လိုက်လေရာ။

“မရှိ၊ မရှိတော့ပါဘူးခင်ဗျာ”

“ဘာမှမရှိတော့ဘူးဆိုရင် မင်းက ဘာလို့ ထွက်မသွားသေးတာတုန်း။ အခုချက်ချင်း ထွက်သွားစမ်း” ဝတုတ်ကြီး၊ လျစ်ခနဲ ထွက်သွားတေ့ာ့ချေပြီး တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် တံခါးအား ပိတ်ပင်ပိတ်သွား ခဲ့ချေသည်။

ဝတုတ်ကြီး ထွက်သွားသည်နှင့်၊ ကြီးမားကျယ်ဝန်းလှသည့် ရုံးခန်းကြီးထဲတွင် လူနှစ်ဦးသာလျှင် ကျန်ခဲ့တော့ချေပြီ။

ကျိုးဝမ်ဘင်း၊ စိတ်မရှည်မှုအရိပ်အယောင်တို့ကို ပြသလျက်
စားပွဲပေါ်ကို သူ့လက်တို့နှင့် အုံးခနဲ ဖိချလိုက်တော့ပြီး။ 
“လျိုချန်း၊ င့ါရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်….”

လျိုချန်း၊ နာကျင်ဝမ်းနည်းမှုတို့ကို ခံစားရဟန်ပေါ်ချေသည်။ သူ့ရဲ့မျက်လုံးတို့မှာ ကျုံ့လို့နေချေပြီး အေးစက်လာချေ၏။

ကျိုးဝမ်ဘင်း ၊ ဒါကို မြင်လိုက်သည်နှင့်၊ သိမ်မွေ့စွာဖြင့် ပြောဆိုလာချေသည်။  “ဟာကွာ၊ လျိုချန်း၊ မင်းကို ကြည့်စမ်းပါဦး။ ဘာကြောင့်များ ဒီလောက်ထိ ခေါင်းအရမ်းမာနေရတာလဲကွာ။ ကိုယ်နဲ့ရှိနေတာက ဘာများမကောင်းတာ ရှိလို့လဲ”

လျိုချန်းဆီသို့ ဖြေးညင်းစွာ လျှောက်လှမ်းလာနေပါသည့် ကျိုးဝမ်ဘင်း။ သူ ဆက်ပြေလာသည်ကား။ “မင်း လိမ္မာနေသရ် မင်းအမေရဲ့ဆေးဖိုး တွေကို ရှင်းပေးမယ့်အပြင်ကို မင်းကို ကျော်ကြားအောင်ပါ လုပ်ပေးဦး မှာနော်….”

ကျိုးဝမ်ဘင်း နီးကပ်လာလေသည်နှင့် လျိုချန်းရဲ့ကိုယ်လုံးလေး တောင့်တင်းသွားရတော့လေကာ။ သူ့ရဲ့လက်တို့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လို့ထားလျက်၊ သူကား နောက်တစ်စက္ကန့်အလိုဆို ပေါက်ကွဲဖို့ရာ အဆင်သင့် ဖြစ်နေလေသည်။

ကျိုးဝမ်ဘင်းသည်ကား သူသည် သူ့အား မဆန့်ကျင်ဘူးဆိုသည်ကို ကျိန်းသေလို့နေလျက်။ သူ ကျိတ်ကာရယ်တော့ပြီး ပိုလို့ပင် နီးကပ်လာ တော့ချေပြီ။ နောက်၊ သူ့ရဲ့လက်ကို လျိုချန်းရဲ့ပုခုံးသားပေါ် တင်လိုက် ကာ။ “လျိုချန်း ၊ မင်း ကိုယ့်ကို ငြင်းနေတာ ၃ နှစ်တောင် ရှိနေပြီ။ ဆက်ပြီးတော့ ခေါင်းမာချင်နေသေးတုန်းပဲလား”

“သရုပ်ဆောင်တစ်ယောက်အတွက် ရွှေရောင်နှစ်တွေဆိုတာက နှစ်နည်းနည်းလေးပဲ ရှိတာ။ နောက်ထပ် ၃ နှစ်ကို ထပ်ပြီးတော့ အချိန်ဖြုန်းပစ်ဦးမလို့လား”

“မင်း သိလား။ မင်းသာ ကိုယ်နဲ့ ပူးပေါင်းမယ်ဆိုရင်ကွာ မင်းရဲ့ရုပ်ရည်မျိုးက အခုနာမည်ရနေတဲ့ ကုန်ရွှီနဲ့တောင်မှ တစ်တန်းတည်း ရပ်နိုင်လိမ့်ဦးမယ်။ ဘယ်သူ သိနိုင်ပါ့မလဲလေ၊
မင်း ဟန်ရှန်းယွီကိုတောင်မှ ကျော်ချင်ကျော်သွားဦးမှာပေါ့”

ကျိုးဝမ်ဘင်း ၊ မက်လုံးတို့ ပေးလို့နေပါ၏ ။သို့သော်ငြား၊ လျိုချန်း၏ပါးလွှာသည့်နှုတ်ခမ်းလွှာတို့သည်ကား တင်းတင်း ပိတ်ထားလို့နေဆဲ။ သူသည်ကား စကားပြန်လာခြင်းမရှိပါချေ။

ရေတစ်ပေါက်၊ ဆန်တစ်စေ့မျှပင် မဝင်နိုင်လောက်အောင်၊ သူ့ရဲ့နှုတ်ခမ်းတို့ိကို တင်းတင်းကျပ်ကျပ်စေ့ပိတ်ထားသည်ကို မြင်ရ်လေသော်၊ ကျိုးဝမ်ဘင်း နှာခေါင်းရှုံ့လိုက်ပါတော့၏။ နောက်၊ လှောင်ပြောင်မှုအပြည့်ပါသည့် မထေ့တထေ့စကားလုံးတို့နှင့်။
“လျိုချန်း၊ မင်း စာချုပ်သက်တမ်းကုန်သွားတာနဲ့ ချက်ချင်း င့ါဆီကနေ ထွက်သွားဖို့ စဉ်းစားနေတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”

ကျိုးဝမ်ဘင်း၊ စာနာသနားစွာဖြင့် ခေါင်းကို ခါကာခါကာ။
“မင်းက တကယ့်ကို ဆိုးတဲ့ ကလေးဆိုးလေးပဲကွာ….မင်း ကမ္ဘာမှာ ရှိနေသရွေ့ ကိုယ် မင်းကို ကူညီပေးလို့ရတယ်။ အင်း၊ ဒါပေမယ့်၊ မင်း ကမ္ဘာကနေ ထွက်သွားမယ်ဆိုရင်တော့ မင်းကို ကိုယ်က အောင်မြင်ခွင့် ပြုပေးလိမ့်မယ်လို့များ ထင်နေတာလား”

နောက်ဆုံးတွင်တော့၊ လျိုချန်းရဲ့မျက်နှာမှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားချေတော့ပြီး ခါတိုင်းနှင့်မတူဘဲ ခက်ထန်ထန်အသံဖြင့် ပြောလာပါ၏။ “ကျွန်တော်….ဘာ….ဘာလုပ်ပေးမှ….ခင်ဗျား ကျွန်တေ်ာ့ကို လွှတ်ပေးမှာလဲ….”

ကျိုးဝမ်ဘင်းရဲ့လက်ချောင်းတို့ ဖြည်းဖြည်းချင်း၊ လျိုချန်း၏ရှည်သွယ် သည့်လည်တိုင်ပေါ် ဆင်းသက်လာကာ၊ အသက်ရှူသံတို့် ပိုမိုလေးနက် လာလျက်။ “လျိုချန်း၊ မင်းက ဉာဏ်ကောင်းတဲ့ကောင်လေးပါကွာ။
ကိုယ် ဘာလိုချင်လဲဆိုတာ မင်း သိနေပြီးသားပါ၊ ဟုတ်တယ်ဟုတ်။ ကျိုးဝမ်ဘင်းဆိုတဲ့ ငါက ငါ လိုချင်တာကို ရအောင်ယူတတ်တယ်”

“ကျွန်တော်က…အခြောက်…မ…ဟုတ်…ဘူး”
လျိုချန်း ၊အသံကို မြှင့်လို့ တစ်လုံးချင်းစီတိုင်းကို
သေသေချာချာ ပြောလိုက်လေသည်။

             💖💖💖💖💖💖💖💖💖💖💖
                💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Goddess :
စာစဉ် ၁၃ paid group ကို ဝင်လိုသူ ဒါဒါလေးများ
09 402 842 937 သို့ ၅၀၀ ကျပ် လွှဲပြီး ဝင်လို့ရပါပြီနော် ။
Gp လေးက ဒီတနင်္လာနေ့ ပြန်စမယ်ဖြစ်ကြောင်း အကြောင်းကြားလိုက်ပါရစေ 😘😘😘😘😘

Continue Reading

You'll Also Like

1.2M 132K 160
Both Unicode&Zawgyi Link: www.novelupdates.com Author: Jiang Li Yuan English Translation Name:I refuse to be a supporting ...
83K 8.2K 16
စာေရးသူ - Mo Ling System: Host, ေကာင္းကင္ေပၚက အဲ့ဒါႀကီးက ဘာႀကီးလဲ... Shi Sheng: စၾကဝဠာကူး အာကာသယာဥ္ System: ဒါက ထြက္ရပ္ေပါက္ေအာင္ က်င့္တဲ့ ေခတ္ႀကီး...
1.4K 304 24
ℍ𝔼 𝕀𝕊 𝕄𝕐 ℙ𝔸𝕊𝕋 𝔹𝕌𝕋 ℕ𝕆𝕋 ℍ𝔼 @A_Hlyan_Satt - It's My OwnCreation Chanbaek Fiction လွတ်လပ်စွာချည်နှောင်လိုက်ပါ အပြစ်ကြွေးရှိရင်လဲ ငါဆပ်ပါ...
39.5K 3.7K 109
စစ်နျန်နျန်ဆိုတဲ့ ကောင်မလေးက သူ့ရည်းစားဖောက်ပြန်တာကို ခံရပြီးနောက် သန်မာလာပြီး သူ့ရည်းစားဟောင်း ချန်ရှန့်ဟောင်ကို လက်စားပြန်ချေမှာလား??,ဒါမဟုတ် အရာရာ...