ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

god-dess11 által

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ Több

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၉ ( ၅ + ၆ )

10.2K 949 7
god-dess11 által

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   9
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၉၊ အခန္း ၅။ မင္းမွာ ဘာအခြင့္အေရးရွိလဲ

ရီမူဖန္ရဲ့အသံမွာ ေအးခဲသြားေတာ့ေခ်ၿပီ။
“ကို္ယ့္ဟာကိုယ္ေနစမ္း။ ဒါက ငါ့ရဲ႕ကိစၥ”

ရီ၀မ္၀မ္ရဲ့ မ်က္လံုးထဲတြင္ မီးေတာက္တုိ့ ၿမင့္တက္သြားေတာ့ေခ်ၿပီ။ “နင္က အသံုးမက်ဘူး၊ နင့္ရဲ့အခ်ိ္န္ေတြကို ေလာင္းကစားလုပ္ၿပီး
ေတာ့ဘဲ ၿဖဳန္းတီးပစ္ေနတယ္ဆုိတာကို ရွန္းမန္ခ်ီ သိရဲ့လား”

သူသည္ကား ေရြွဇြန္းကိုက္ေမြးဖြားလာခဲ့သည့္အၿပင္ မိသားစုထဲက တစ္ဦးတည္းေသာ ေၿမးဦးေလးလည္း ၿဖစ္ခဲ့ရေလရာ။ ရီမူဖန္၊
သူသည္ အလုပ္ၾကိဳးစားဖို့ရာ စိတ္မ၀င္စားခဲ့ေခ်သည္ပင္။ သူသည္ တစ္ခ်ိန္လံုးလံုး ေတေလဂ်ပိုးတုိ့နွင့္ ေလ်ွာက္လည္ေပ်ာ္ပါးေနရင္း သာယာေနခဲ့ၿပီး ဒါ့အၿပင္ ရန္ပြဲ၊ ၿပိဳင္ပြဲ၊ ေလာင္းကစား၊ မိန္းမေတြနဲ့ ေပြရႈပ္ၿခင္း နွင့္ ဘ၀ကို သာသာယာယာ ၿဖတ္သန္းေပ်ာ္ပါးခဲ့သူတည္း ၿဖစ္ပါ၏။

သို့ေသာ္၊ သူသည္ အလြန္တရာ ေခ်ာေမာေခ်ၿပီး ပ်ားသကာနွယ္ စကားေၿပာခ်ိဳသည္ကိုေတာ့ ၿငင္းလုိ့မရနုိ္င္ပါေခ်။ သူသည္ကား ပံုမွန္အားၿဖင့္ သူ့ရဲ့ဒီညီမငယ္ေလးအေပၚမွာ အလြန္တရာပင္ ၾကင္နာတတ္သူတည္း ၿဖစ္ေခ်ပါ၏ -- သူ ဘယ္ကိုပင္ သြားခဲ့ပါေစ၊ သူမေလးအတြက္ အထူးလက္ေဆာင္ၿပင္ေပးဖုိ့ကို ဘယ္ေသာအခါမွ မေမ့တတ္သူပင္။ သူမေလး သူ့ဆီ ဖုန္းတစ္ခ်က္ေခၚၿပီး အကူအညီေတာင္းလုိက္ၿပီဆုိသည္နွင့္ သူ ဘာေတြပဲ လုပ္ေနပါေစဦး၊ အားလံုးကို လြွတ္ခ်လုိက္ေတာ့ၿပီး သူမေလးကို ကူညီေပးခဲ့သည္ပင္။

သူမ၏အတိတ္ဘ၀တုန္းက၊ သူမသည္ သူ့အား ရည္ရြယ္ခ်က္ပန္းတိုင္ မရွိေခ်ၿခင္းေၾကာင့္ မုန္းတီးခဲ့မိပါ၏--သူမ၏မိသားစု က်ရံႈးေနသည့္ခ်ိန္ တြင္ သူသည္ လက္ေလ်ွာ့လုိ့ သူု့ရဲ့အေၿခအေနကို ပိုေကာင္းမြန္ေအာင္ အလုပ္လုပ္ဖုိ့ရာ ၿငင္းဆန္ခဲ့ေပသည္တညး္မုိ့။ ရီမူဖန္နွင့္ သူမ၏ ဆက္ဆံေရးသည္ သူမရဲ့ဂုဏ္သိကၡာတုိ့ ပ်က္ၿပားခံၿပီး ဂူရြဲ့က်ီအတြက္ အရာရာၿဖည့္ဆည္းေပးေနၿခင္းေၾကာင့္ ဆက္ဆံေရးမွာ တၿဖည္းၿဖည္း ခ်ဥ္သထက္ခ်ဥ္လာေပသည္။ သူတုိ့ေတြ တစ္ေယာက္နဲ့တစ္ေယာက္ ေတြ့လုိက္မိသည္နွင့္ တစ္ေယာက္နဲ့တစ္ေယာက္ စကားေကာင္းေၿပာလုိ့ မရဘဲ အၿမဲလုိလုိ ရန္ၿဖစ္ၿပီးသာ အဆံုးသတ္သတ္သြားခဲ့ရသည္ခ်ည္း ပင္။ အဆံုးတြင္ေတာ့၊ သူတု့ိိနွစ္ေယာက္ စကားေၿပာဆုိၾကၿခင္းပင္ မရွိၾကေတာ့သည္ထိ။

ေမ်ုွာ္လင့္ထားသည့္အတုိင္းပင္၊ ရီ၀မ္၀မ္ရဲ့ စကားတုိ့ကို ၾကားသည့္ ေနာက္ ရီမူဖန္ရဲ့အသံမွာ ပုိလုိ့ပင္ ေအးစက္လာေခ်ၿပီ။ “ငါ့ကို ၿခိမ္းေၿခာက္ဖုိ့အတြက္နဲ့ ရွန္းမန္ခ်ီကို ဆြဲဆြဲထည့္မေနစမ္းနဲ့။ ဘာပဲၿဖစ္ၿဖစ္၊ မငး္တုို့အားလံုးအတြက္ ငါက အသံုးမက်တဲ့ အမိႈက္တစ္စသာသာပဲ။ မန္ခ်ီက မငး္နဲ့ မတူဘူး။ သူမက
င့ါကို ဘာအတြက္နဲ့မွ မေ၀ဖန္ဘူး။ ငါ့အေပၚမွာ ဘယ္ေတာ့မွ အထင္မေသးဖူးဘူး”

“ဒါကေတာ့ သူက နင့္ကုိ ဂရုမွမစိုက္တာကိုး။ ငတံုးေကာင္ရဲ့” ရီ၀မ္၀မ္၊ ထပ္မံ သည္းခံနုိင္ၿခင္းမရွိေတာ့ဘဲ ေအာ္ေၿပာလုိက္ၿခင္းပါတည္း။

ရီ၀မ္၀မ္၏စကားတုိ့ေၾကာင့္ ခ်က္ခ်ငး္ဆိုသလုိပင္ လႈပ္လႈပ္ရွားရွား ၿဖစ္သြားရေလေတာ့သည့္ ရီမူဖန္၊ နွာေခါင္းရႈံ့လုိက္ပါေတာ့၏။
“အဟတ္၊ ငါက ငတံုးတဲ့လား။ ငါ့ကို တစ္ေနကုန္ ေလာင္းကစားေတြပဲ လုပ္ေနတဲ့ အသုံုးမက်တဲ့ေကာင္လုိ့ ထင္ေနတယ္လား။ ရီ၀မ္၀မ္၊ ငါ့ကို ေ၀ဖန္ရေအာင္ မင္းမွာ ဘာအခြင့္အေရးရွိလို့လဲ။ ငါ့တုိ့ရဲ့မိသားစု ဒီလုိ အေၿခအေနမ်ိဳးနဲ့ ဘယ္လုိမ်ိဳး အဆံုးသတ္သြားခဲ့ရသလဲဆုိတာကို
မင္း သိလား။ အရွက္မရွိတဲ့ ေခြးတစ္ေကာင္လုိမ်ိဳး မင္း လုိက္ပုိးေနခဲ့တဲ့ ဂူရြဲ့က်ီက ဘယ္လုိအမႈိက္ေကာင္မ်ိဳးလဲဆုိတာကို မင္း သိလို့လား။ ငါတုိ့ထဲက ဘယ္သူကမွ အသံုးမက်ၿပီးေတာ့ နွလံုးသားမရွိတဲ့သူလဲ”

ရီမူဖန္ရဲ့စကားတုိ့ေၾကာင့္ ေဒါသတုို့ၿဖင့္ တုန္ရီသြားရေလေတာ့သည့္ ရီ၀မ္၀မ္။ သူမရဲ့လက္သည္းတုိ့ကို လက္ဖ၀ါးကို ထိုးဆြေနမိေခ်ေတာ့ ၿပီး။ “အဲဒါ ညီမေလးပဲ…..တံုးအေနခဲ့တဲ့သူက ညီမေလး။ အသံုးမက် တဲ့သုူက ညီမေလး။ တစ္ခ်ိန္လံုး အဓိပၸာယ္မရွိတာေတြခ်ည္း ေလ်ွာက္
လုပ္ေနခဲ့တဲ့သူက ညီမေလး။ ညီမေလးကသာ ရီ မိ္သားစုကို ဖ်က္ဆီး မိခဲ့တဲ့သူ။ ညီမေလးကသာ ေဖေဖနဲ့ေမေမတုိ့ကို သံေယာဇဥ္ၿဖတ္ပစ္ခဲ့ တဲ့နွလံုးသားမရွိတဲ့သူတစ္ေယာက္ပါ။

ဒါေပမယ့္ ညီမေလးလည္းပဲ မွားယြင္း စြပ္စြဲခံ၊ ေခ်ာက္ခ်ခံခဲ့ရတာပါ။ ညီမေလး လံုး၀ကို ေဆးမသံုးခဲ့ဘူး။ အဲ့လူအုပ္ၾကီးနဲ့ ေရာက်မသြား ခဲ့ဘူး။ ကိုကို ညီမေလးကို ယံုခဲ့လား။

ညီမေလး အဲဒီေနရာကို ေၾကာက္ေၾကာက္လန့္လန့္နဲ့ အပို့ခံခဲ့ရတယ္။ အၿပင္ဘက္ကမာၻနဲ့ အဆက္အသြယ္အၿဖတ္ခံခဲ့ရတယ္။ ေဖေဖ၊ ေမေမ နဲ့ ကိုကို့ကို လံုး၀ကို ဆက္သြယ္လုိ့ မရခဲ့ဘူး။ ေနာက္ဆံုးမွာ ညီမေလး လြတ္ေၿမာက္လာနုိ္င္ခဲ့တဲ့အခါက်ေတာ့ ညီမေလးဘ၀ၾကီးက တစ္စစ ီၿဖစ္ေနခဲ့ၿပီ -- ညီမေလးရဲ့သူငယ္ခ်င္းေတြက ညီမေလးကို ထားသြားၾက တယ္။ ခင္ပြန္းေလာင္းက ထားသြားခဲ့တယ္။ မိသားစုနဲ့ ေဆြမ်ိဳးေတြ၊ ဘိုးဘိုးနဲ့ဘြားဘြားေတာင္မွပဲ ေဖေဖ့ကို ၀ိုင္းဆူပူခဲ့ၾကတယ္။ ၿပီးေတာ့ ကိုကုိေရာ ကိုကိုေရာ ညီမေလးကို ဘယ္လုိမ်ိဳး ဆက္ဆံေပးခဲ့သလဲ။ ကိုကို ညီမေလးကို ေတာက္ေလ်ွာက္မရပ္မနား က်ိန္ဆဲေ၀ဖန္ေန ခဲ့တယ္။ အဲ့တုန္းက ပါးရုိက္ခဲ့တာကို မေျပာေသးဘူး။

ဒါေပမယ့္ ကိုကို…. ညီမေလး အခန္းတံခါးပိတ္ခံေနရတဲ့အခ်ိန္မွာ ကုိကို ဘယ္ေရာက္ေနတာလဲ။ ရီယီယီက ညီမေလးကို ေဆးေတြ ထိုးသြင္းေနခဲ့တုန္းက ကိုကို ဘယ္ေရာက္ေနခဲ့လဲ။

ညီမေလးတစ္ေယာက္ထဲ ဒီကမာၻေပၚမွာ နွစ္နွစ္လံုးလံုး တစ္ေယာက္ထဲ ထဲ ေနေနခဲ့ရတယ္။ ညီမေလး ဘယ္လုိၿဖတ္သန္းေနရသလဲဆိုတာကို ကိုကို တစ္ခ်ိန္ေလးေတာင္မွ စဥ္းစားမိဖူးရဲ့လား။ ကိုကို တစ္ခ်က္ေလး ေတာင္မွ ဂရုစိုက္ခဲ့ဖူးရဲ့လား။ ကုိကို….ဒါၿဖင့္ ကိုကို့မွာေရာ ညီမေလးကို ေ၀ဖန္ဖုိ့ ဘာအခြင့္အေရးရွိလုိ့လဲ”

ေနာက္ဆံုးေသာတစ္ခြန္းကို ေၿပာလုိက္သည့္အခ်ိန္တြင္ေတာ့ သူုမေလးရဲ့အသံမွာ စတင္တိမ္၀င္လို့ သြားေတာ့ေခ်ၿပီ။

အခ်ိန္အၾကာၾကီးၾကာေအာင္ တိတ္ဆိတ္သြားမိၿပီးသည့္ေနာက္၊ သူ့၏စိုးရိမ္သြားသည့္အသံ ေပၚထြက္လာေခ်သည္။ “မင္း….မငး္ သိေနတယ္….”

ရီ၀မ္၀မ္၊ သူုမ၏တုန္ရီေနသည့္အသံကို ဖိနွိပ္ထားလုိက္ၿပီး ဆက္လက္ ေၿပာလုိက္ပါ၏။ “ညီမေလး သူတုိ့ရဲ့ေထာင္ေခ်ာက္ထဲ က်သြားမိတဲ့ အတြက္ အရမး္ကို အၿပစ္ရွိတယ္…..ေဖေဖနဲ့ေမေမရဲ့အသည္းကို ခြဲမိတဲ့အတြက္လညး္ အရမး္ကို ေနာင္ၾကဥ္မိရပါတယ္….ညီမေလးကို ကာကြယ္ေပးဖို့အတြက္နဲ့ သူတို့ေတြ အမ်ားၾကီး အနစ္နာခံခဲ့ၾကရ တယ္….

ညီမေလးေၾကာင့္ သူတုိ့ရဲ့ဂုဏ္သိကၡာေတြ ပ်က္စီးခဲ့ၾကရတာ။ ညီမေလးကို ကာကြယ္ေပးဖို့အတြက္နဲ့ သူတို႔ေတြ အနစ္နာခံထားခဲ့ ၾကရတယ္….ညီမေလးေၾကာင့္နဲ႔ သူတို့ေတြ တၿခားတစ္ေယာက္ရဲ့ အမိုးေအာက္မွာ မွီခုိေနရၿပီး နာက်င္စရာေတြ၊ ေလွာင္လံုးေထ့လံုးေတြကို ခံစားေနၾကရတယ္….

အဓိကမေကာင္းဆုိး၀ါးမၾကီးၿဖစ္တဲ့ ညီမေလးကက်ေတာ့
ဘာဆိုဘာကိုမွ မသိဘဲ ဆက္ၿပီးအသက္ရွင္ေနေနရတယ္….

ဒါေပမယ့္ ညီမေလး မသိခဲ့ရဘူး….ဘာဆုိဘာမွကို မသိခဲ့ရဘူး.... ဘယ္သူကမွ ေၿပာမၿပခဲ့ၾကဘူး…. ညီမေလးရဲ့မသိနားမလည္မႈ၊ တံုးအမႈက ညီမေလးအနားက လူေတြက္ို ဒီေလာက္ဆုိးဆုိး၀ါး၀ါးၾကီး ထိခုိက္ေစလိမ့္မယ္လုိ့ မထင္ထားခဲ့မိဘူး….”

ရီမူဖန္ ေရွာ့ရစြာၿဖင့္ ေၿပာလာေတာ့သည္ကား။
“ညီမေလး ဘယ္လုိလုပ္ၿပီးေတာ့ သိသြားခဲ့တာလဲ။ ေမေမနဲ့ေဖေဖတုိ့ ေၿပာၿပခဲ့တာလား။ မဟုတ္ဘူး….မၿဖစ္နုိင္ဘူး….သူတုိ့ေတြ ညီမေလးကို ဘယ္ေတာ့မွ ေၿပာၿပၾကမွာ မဟုတ္ဘူး….”

“ညီမေလး ဘယ္လုိရွာေတြ့ခဲ့သလဲဆုိိတာက အေရးမၾကီးပါဘူး။
ရီမူဖန္၊ ကိုကိုရဲ့ဘ၀ကို ဒီတုိင္းပဲ ဆက္သြားၿပီး ဆက္အခ်ိန္ၿဖဳန္းခ်င္ တယ္ဆုိလည္း ရတယ္။ ကိုကို အၿပင္လူကို ယံုမယ္ဆုိလည္း ကုိကို့သေဘာပဲ။ ေနာက္တစ္ခ်ိန္က်ရင္ ညီမေလးကေတာ့ ေမေမနဲ့ေဖေဖကို ကာကြယ္ေပးမယ့္သူ ၿဖစ္လာေစရမယ္။ ညီမေလးကေတာ့ ရီ မိသားစုအတြက္ ၿပန္လက္စားေခ်မွာပဲ”

ရီမူဖန္၏စကားၿပန္ေၿပာသည္ကို ေစာင့္မေနေတာ့ဘဲ
ရီ၀မ္၀မ္၊ ဖုန္းခ်လုိက္ေတာ့ေလၿပီ။

          💖💖💖💖💖💖💖💖💖💖💖💖

စာစဥ္ ၉၊ အခန္း ၆။ ရွင့္ခ်စ္သူက ဘယ္ေလာက္ေတာင္မွ လွလိုက္သလဲ

ဖုန္းေၿပာၿပီးသည့္ေနာက္၊ ရီ၀မ္၀မ္၊
သူမအေတြးတုိ့ကို ရုတ္သိမ္းကာ
က်င္းဥယ်ာဥ္သိ့ု ၿပန္သြားလုိက္ပါ၏။

သူမ ဖုန္းေၿပာေနစဥ္အတြင္းမွာပင္၊ သူမသည္ အနညး္ငယ္ စိတ္လႈပ္လႈပ္ရွားရွား ၿဖစ္နွင့္ေနၿပီးသားပင္။ သို့ေသာ္၊ အခုတြင္မူ ၊ သူမ၏နွစ္ဘ၀စာ ကုိယ့္ကုိယ္ကို အၿပစ္ရွိသလုိခံစားသြားရမႈအၿပင္ အတိတ္တုန္းက သူမအား ဒီေလာက္ထိခက္ခက္ထန္ထန္ ဘယ္တုန္းကမွွ်မေၿပာဆုိခဲ့ဖူးသည့္ သူမအစ္ကုိေတာ္ဆီမွ ေ၀ဖန္စကားၾကားလုိက္ရသည္ၿဖစ္ေလရာ၊ သူမ ဘယ္လိုမွ ေတာင့္မထားနုိင္ေခ်ေတာ့။

ရီ၀မ္၀မ္၊ အသက္ကို ခပ္ၿပင္းၿပင္းရွဴရိႈက္လုိက္ၿပီး သူမရဲ႕ခံစားခ်က္တုိ့ကို ထိန္းခ်ဳပ္ဖို့ရာ အေကာင္းဆံုး ၾကိဳးစားလုိက္ပါေတာ့၏။

ဒီအခုိက္၊ သူမရဲ့ဖုန္းတြင္ “ဒင္” ခနဲ ၿမည္လာကာ အနုပညာသတင္းတစ္ပုဒ္ ေပၚထြက္လာေခ်ၿပီ။

ရီ၀မ္၀မ္၊ ေဆာင္းပါးကိုဖြင့္ၾကည့္လုိက္ရာ သတင္းမီဒီယာကုမၸဏီတစ္ခု က ထုတ္လြွတ္ထားသည့္ သတင္းၾကီးတစ္ခုကို ေတြ့လုိက္ရေတာ့ေလၿပီ -- ဟန္ရွန္းယြီ သတင္းေထာက္တစ္ေယာက္အား ေဒါသတၾကီး ထိုးၾကိတ္ၿခင္း။ အင္တာနက္သံုးသူေတြအားလံုး သူ့အား ဆူဆဲေနၾကၿပီး အေၿခအေနတစ္ခုလံုုးသည္ ဟန္ရွန္းယြီကို ပုိလုိ့ပုိလို့ မလုိမုန္းထားၿဖစ္ လာၾကေတာ့ေလၿပီ။

ဒီရုတ္ရုတ္သဲသဲအေၿခအေနေတြေၾကာင့္ အနုပညာရွင္သည္ သူ့ရဲ့ရုိးသားမႈကို အခ်ိန္တစ္ခုအတြင္းမွာ သက္ေသၿပေပးနုိင္မွ ၿဖစ္ေပလိမ့္မည္ပင္။ ထိုအမႈသည္ အခ်ိန္အၾကာၾကီးၾကာေအာင္ မေၿဖရွင္းနုိင္ၿဖစ္ေနမည္ဆုိပါက အနွီၾကယ္ပြင့္သည္ ေနာက္ဆံုးတြင္
သူ အၿပစ္ကင္းစင္ေၾကာင္း သက္ေသၿပနုိင္မည္ဆုိရင္ေတာင္မွ လူထုအၿမင္တြင္ မေကာင္းသည့္အၿမင္သာ က်န္ရွိေနေပလိမ့္မည္။

ငါ အခ်ိန္အရမး္ မေနွာင္းေသးခင္ ဟန္ရွန္းယြီရဲ့လူေတြနဲ့ ၿမန္ၿမန္စကားေၿပာမွ ၿဖစ္မယ္……

ဒါေပမယ့္၊ ငါ ကိစၥေတြကို မေၿဖရွင္းေပးေသးခင္မွာ
ငါ့အတြက္ သင့္ေတာ္တဲ့နာမည္တစ္ခု ရွိထားဖို့ လုိလိမ့္မယ္။

ထိုအေတြးနွင့္အတူ။ ရီ၀မ္၀မ္ စိတ္ဓာတ္က်သြားမ္ိရေတာ့ေခ်ၿပီ။

တကယ္တြင္ေတာ့၊ သူမ ဒီၿပသနာထဲ ၀င္မပါေသးဘူးဆုိသည္မွာ သူမရဲ့လြတ္လပ္ခြင့္အတြက္ စီရီဟန္ အလဲအလွယ္လုပ္ေပးခဲ့သည့္ အရမး္တင္းက်ပ္သည့္ စည္းမ်ဥ္းတို့ေၾကာင့္ ၿဖစ္ေနေခ်သည္။ ဆန့္က်င္ဘက္ေယာက္်ားကို မဆြဲေဆာင္ရ။

ငါ ဘယ္လုိလုပ္ၿပီးေတာ့ အဲဒါကို လုိက္ၿဖည့္ဆည္းေပးနုိင္ပါ့မလဲ။

ငါ အနုပညာရွင္တစ္ေယာက္မလုပ္ဖို့ ဆံုးၿဖတ္ထားမိိလု့ိ ေတာ္ေသး တယ္။ မဟုတ္လုိ့ကေတာ့ ဒီစာတစ္ေၾကာင္းထဲနဲ့တင္ကို ငါ ဘာမွ ဆက္လုပ္လုိ့ရမွာမဟုတ္ေတာ့ဘူး။

သို့ေသာ္၊ ရုိက္ကူးေရးေနာက္ကြယ္ကေန အလုပ္လုပ္ေနမယ္ဆုိရင္ ေတာင္မွ သူမ၏ဒီမ်က္နွာနွင့္ဆုိလ်ွင္ လံုး၀ကိုပဲ ဘယ္ေတာ့မွ လံုၿခံဳေတာ့မွာ မဟုတ္ပါေခ်။

သူမသည္ သူမ၏အလြန္တရာထူလပ်စ္ မိတ္ကပ္ၾကီးကို ၿပန္အသံုးၿပဳသင့္သလားဆုိသည္ကိုပင္ ေတြးလုိက္မိပါေတာ့၏။ သို့ေသာ္လည္း၊ ဒါသည္ကား လက္ေတြ့မက်ၿပန္ေပ။ အနုပညာေလာကသည္ကား ေက်ာင္းကဲ့သုိ့မဟုတ္ -- ပိုလုိ့အမ်ားၾကီး ရက္စက္ကာ ပုိလုိ့အမွန္တကယ္လက္ေတြ့က်သည္ပင္။ ဒါ့အၿပင္၊ အနုပညာေလာကသည္ကား အေရးၾကီးဆံုးအရာေတြ ရွိေနၾကသည့္အရာေတြ ရွိေနသည့္ေနရာ ၿဖစ္ေလသည္။

အဲဒီေၾကာက္စရာေကာငး္လွသည့္ မ်က္နွာနွင့္ဆုိလ်ွင္ သူမသည္ အလုပ္အေၾကာင္း စကားစမေၿပာနုိင္ခင္မွာပင္ လူေတြကို လန့္ေၿပးေအာင္ လုပ္မိသြားေပလိမ့္မည္။

ရီ၀မ္၀မ္၊ သူမရဲ့ဦးေနွာက္ကို အရည္ထြက္ေအာင္ ဖ်စ္ညွစ္ကာ စဥ္းစားအေၿဖရွာေနစဥ္မွာပင္ သူမရဲ့အေနာက္ဆီကေန ရင္းနွီးသည့္ ေၿခလွမ္းသံေတြနွင့္ ၾကည္လင္ရွင္းလင္းသည့္ အသံတစ္သံကို ၾကားလုိက္ရေခ်ၿပီ။ “စာေမးပြဲၿပီးသြားၿပီလား”

ရီ၀မ္၀မ္၊ ခ်က္ခ်င္းဆုိသလုိပင္ သူမ၏ဦးေခါင္းေလးကို လွည့္လုိက္ေလ ရာ လံုး၀အတိ အနက္ေရာင္၀တ္စံုကို ၀တ္ဆင္ထားပါသည့္တစ္ေယာက္ ေသာသူကို ၿမင္လုိက္ေတာ့ေခ်ၿပီ။ ထိုသူမွာ ခါတုိင္းလိုပင္ မ်က္စိပသာဒ ကို ဆြဲေဆာင္လုိ့ေနလ်က္။ “ရွင္ ၿပန္လာၿပီလား။ အေစာၾကီးပဲ။ ဒီေန့ အစည္းအေ၀းရွိတယ္လုိ့ ရွင္ ေၿပာခဲ့သလားလုိ့”

“ၿပီးခဲ့ၿပီ”

“ေအာ္”

စီရီဟန္၊ သူမေလးအား စကန့္အနညး္ငယ္ေလာက္ စိုက္ၾကည့္ေနၿပီး ေနာက္ ရုတ္တရက္ ေမးလာပါ၏။ “စာေမးပြဲ မေၿဖနုိင္ဘူးလား”

ရႈပ္ေထြးသြားစြာၿဖင့္ မ်က္၀န္းတုိ့ကို မွိတ္ခတ္မွိတ္ခတ္ ၿပဳလာပါသည့္ ရီ၀မ္၀မ္။ “အာ။ မဟုတ္ပါဘူး။ ဒီတစ္ေခါက္ ေတာ္ေတာ္ၾကီးကို ေၿဖနုိင္တာ ။ ေနာက္ဆံုးသခ်ာၤေမးခြန္းက အရမ္းကို ခက္တယ္လုိ့ကို လူတုိင္းက ေၿပာေနၾကတယ္၊ ဒါေပမယ့္ က်ြန္မကေတာ့ ေၿဖနုိင္ခဲ့တယ္။ ဒါနဲ့ ေနပါဦး။ စာေမးပြဲ မေၿဖနုိင္ဘူးလားလုိ့ ဘာလုိ့ ရုတ္တရက္ၾကီး ထေမးရတာလဲ”

စီီရီဟန္ ၿပန္ေၿဖလာသည္ကား။
“မင္း ၀မ္းနညး္ေနလုိ့”

“အမ္…” ရီ၀မ္၀မ္၊ အနညး္ငယ္ ဆြံ့အသြားမိရေတာ့ေလၿပီ။
ငါ အိမ္ၿပန္ေရာက္လာတုန္းက မ်က္နွာသစ္ပစ္လုိက္ပါတယ္။ ငါ့ရဲ့ခံစားခ်က္ေတြ ၿငိမ္သြားေအာင္လုိ့ကို အခ်ိန္အၾကာၾကီးကို ယူထားလုိက္ခဲ့ရေသးတာ၊ ဒါေတာင္မွ ငါ ၀မ္းနညး္ေနတာကို သူ ေၿပာနုိင္ေသးတုန္းပဲလား။

ရီ၀မ္၀မ္ အနည္းငယ္ ေခ်ာင္းဟမ့္လုိက္မိေတာ့ေခ်ၿပီ။ “၀မ္းနညး္လုိ့မဟုတ္ပါဘူး။ က်ြန္မက ဒီတုိင္း မေၿဖရွင္းနုိင္တဲ့ ၿပသနာတစ္ခု ရွိေနလုိ့….”

“ဘာၿပသနာလဲ” စီရီဟန္၊ သူ့ရဲ့အက်ီၤေကာ္လံေပၚက နက္ခ္တုိင္ကို ေၿဖလုိက္ၿပီး ဆုိဖာေပၚ ထိုင္ခ်လိုက္ေတာ့ေလၿပီ။

ရီ၀မ္၀မ္၊ ေၿပာၿပဖုိ့ရာ အေကာငး္ဆံုးၿဖစ္မည့္စကားကို စဥ္းစားေတြးေတာ လုိက္ၿပီးေတာ့မွ သူ့အနားနား ကပ္သြားလုိက္ေတာ့ကာ။ “အဲဒါက ဒီလုိေလ ေဘဘီရဲ့။ ေဘဘီ အရင္တုန္းက သတ္မွတ္ေပးခဲ့တဲ့ သေဘာတူညီခ်က္ထဲမွာက ခ်စ္ကို ဆန့္က်င္ဘက္ေယာက်္ားေတြကို ဆြဲေဆာင္ခြင့္မၿပဳဘူးဆုိတဲ့ တစ္ခ်က္ပါတယ္ေလ။ ခ်စ္ ထင္တယ္။ အဲဒီစည္းကမ္းက အ၇မး္ၾကီး က်ိဳးေၾကာငး္မဆီေလ်ာ္ဘူးလားလုိ့”

စီရီဟန္ သူမေလးအား တစ္ခ်က္ၾကည့္လုိက္ေခ်ၿပီး။ “က်ိဳးေၾကာင္းမဆီေလ်ာ္ဘူး”

ခ်က္ခ်င္းဆိုသလုိပင္ သူမေခါင္းေလးကို ညိတ္လာပါသည့္ ရီ၀မ္၀မ္။ “အမွန္ပဲ။ အမွန္ပဲ။ စဥ္းစားၾကည့္ေလ။ ရွင့္ခ်စ္သူက ဘယ္ေလာက္ေတာင္မွ လွလိုက္ေလသလဲလုိ့၊ ရွင္ မသိလုိ့လား။ က်ြန္မရဲ့မ်က္နွာနဲ့ဆုိရင္ က်ြန္မက ဆြဲေဆာင္ေနစရာကို မလုိဘူး။ ေနာင္တစ္ခ်ိန္မွာ က်ြန္မ အနုပညာရွင္ ၿဖစ္မလာခ်င္ဘူးဆုိရင္ေတာင္မွ ေနာက္ကြယ္ကေနပဲ အလုပ္လုပ္ေနရံုနဲ့ေတာင္မွ ၁၀၀ ရာခိုင္နႈန္း လံုၿခံဳဦးမွာမဟုတ္ဘူး။ ဒီေတာ့ ရွင္ အဲဒီစည္းကမ္းခ်က္ကို ဖ်က္ေပးလိုက္ပါလား ။ ၿပီးေတာ့လည္း။ က်ြန္မဆီကို စိတ္၀င္စားမႈေတြ ေရာက္ေရာက္လာၾကတာက က်ြန္မရဲ့မ်က္နွာေၾကာင့္ေလ၊ က်ြန္မက ေယာက်ာ္းေလးေတြကို ဆြဲေဆာင္ခ်င္ေနတာေၾကာင့္ မဟုတ္ဘူးေလ ေနာ္”

စီရီဟန္၊ သူမေလး၏ အရွက္မရွိ “ရွင့္ခ်စ္သူက ဘယ္ေလာက္ေတာင္မွ လွလိုက္ေလသလဲ” ဆုိသည္ကို ၾကားလုိက္ရသည့္အခ်ိန္၊ သူမေလး အား ေစာင္းငဲ့ၾကည့္လုိက္ေတာ့ေခ်ၿပီး ၿပန္ေၿပာလာပါ၏။
“ က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိတယ္လုိ့ ကိုယ္ တစ္ခါမွ မေၿပာခဲ့ဖူးဘူး”

စီရီဟန္၏ “ဘုရင္ၾကီး-ခ်မွတ္သည့္-စည္းမ်ဥ္းေတြသည္-က်ိဳးေၾကာင္းဆီေလ်ာ္မႈရွိသည္ခ်ည္း” ဟုူသည့္ ေလသံကို ၾကားလုိက္ရေလရာ၊ ရီ၀မ္၀မ္၊ သူ့အား အၿပိဳင္ေၿပာေနၿခင္း
မၿပဳႏိုင္ေတာ့ဘဲ ထြက္သြားရေတာ့ေလၿပီ။

ေကာင္းၿပီ၊ ေကာငး္ၿပီ၊ ေကာင္းၿပီ….. ရွင့္ရဲ့အမႈေတာ္ထမ္းကပဲ  နည္းလမး္တစ္ခု ရေအာင္ စဥ္းစားေတာ့မယ္ ဟုတ္ၿပီလား။

ရီ၀မ္၀မ္၊ စိ္တ္ညစ္ညူးစြာၿဖင့္ သူ့မရဲ့ေခါင္းကုိ ကုတ္လုိက္မိေတာ့ၿပီး။
“က်ြန္မရဲ႕ဒီမ်က္နွာကို မိတ္ကပ္အထူၾကီးနဲ့ အုပ္ထားလုိ့ကေတာ့ ရပါတယ္။ ဒါေပမယ့္ အနုပညာနယ္ပယ္မွာက ရုပ္ဆုိးေနရင္ အက်ိဳးရွိေတာ့မွာ မဟုတ္ဘူးေလေနာ္ ။ ဘာကမ်ား က်ြန္မကို ဆန့္က်င္ဘက္ေယာက်ာ္းေလးေတြ စိတ္၀င္စားလာၾကတာကို ကာကြယ္နုိင္လိမ့္မလဲဆိုၿပီးေတာ့ က်ြန္မ စဥ္းစားခဲ့ေသးတယ္၊ စဥ္းစားၿပီးရင္းကို အထပ္ထပ္အခါခါ စဥ္းစားခဲ့တယ္…..
အေၿဖတစ္ခုပဲ ထြက္လာတယ္….”

စီရီဟန္၊ အေၿဖအား စိတ္၀င္တစားသိလုိစြာၿဖင့္
သူမေလးအား ၾကည့္လာေလၿပီ။

ဒီေတာ့ကာ၊ ရီ၀မ္၀မ္၊ ခနတန့္နားလုိက္ၿပီး ေတာက္ပရြွန္းစားသည့္ မ်က္၀န္းတုိ့နွင့္ စီရီဟန္အား ၾကည့္လုိက္ကာ။ “အေၿဖက….
ေယာက္်ားတစ္ေယာက္လို ၀တ္စားဖုိ့….”

အဲဒါဆုိရင္ ငါ ဘယ္သူ့ကုိမွ မဆြဲေဆာင္မိေတာ့ဘူး။

အေဟးေဟး ငါေလးက လံုး၀ကို ဥာဏ္ၾကီးရွင္ေလးပါ့လား။

            💖💖💖💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   9
Chapter.          :  5 + 6
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၉၊ အခန်း ၅။ မင်းမှာ ဘာအခွင့်အရေးရှိလဲ

ရီမူဖန်ရဲ့အသံမှာ အေးခဲသွားတော့ချေပြီ။
“ကိုယ့်ဟာကိုယ်နေစမ်း။ ဒါက ငါ့ရဲ့ကိစ္စ”

ရီဝမ်ဝမ်ရဲ့ မျက်လုံးထဲတွင် မီးတောက်တို့ မြင့်တက်သွားတော့ချေပြီ။ “နင်က အသုံးမကျဘူး၊ နင့်ရဲ့အချိန်တွေကို လောင်းကစားလုပ်ပြီး
တော့ဘဲ ဖြုန်းတီးပစ်နေတယ်ဆိုတာကို ရှန်းမန်ချီ သိရဲ့လား”

သူသည်ကား ရွှေဇွန်းကိုက်မွေးဖွားလာခဲ့သည့်အပြင် မိသားစုထဲက တစ်ဦးတည်းသော မြေးဦးလေးလည်း ဖြစ်ခဲ့ရလေရာ။ ရီမူဖန်၊
သူသည် အလုပ်ကြိုးစားဖို့ရာ စိတ်မဝင်စားခဲ့ချေသည်ပင်။ သူသည် တစ်ချိန်လုံးလုံး တေလေဂျပိုးတို့နှင့် လျှောက်လည်ပျော်ပါးနေရင်း သာယာနေခဲ့ပြီး ဒါ့အပြင် ရန်ပွဲ၊ ပြိုင်ပွဲ၊ လောင်းကစား၊ မိန်းမတွေနဲ့ ပွေရှုပ်ခြင်း နှင့် ဘဝကို သာသာယာယာ ဖြတ်သန်းပျော်ပါးခဲ့သူတည်း ဖြစ်ပါ၏။

သို့သော်၊ သူသည် အလွန်တရာ ချောမောချေပြီး ပျားသကာနှယ် စကားပြောချိုသည်ကိုတော့ ငြင်းလို့မရနိုင်ပါချေ။ သူသည်ကား ပုံမှန်အားဖြင့် သူ့ရဲ့ဒီညီမငယ်လေးအပေါ်မှာ အလွန်တရာပင် ကြင်နာတတ်သူတည်း ဖြစ်ချေပါ၏ -- သူ ဘယ်ကိုပင် သွားခဲ့ပါစေ၊ သူမလေးအတွက် အထူးလက်ဆောင်ပြင်ပေးဖို့ကို ဘယ်သောအခါမှ မမေ့တတ်သူပင်။ သူမလေး သူ့ဆီ ဖုန်းတစ်ချက်ခေါ်ပြီး အကူအညီတောင်းလိုက်ပြီဆိုသည်နှင့် သူ ဘာတွေပဲ လုပ်နေပါစေဦး၊ အားလုံးကို လွှတ်ချလိုက်တော့ပြီး သူမလေးကို ကူညီပေးခဲ့သည်ပင်။

သူမ၏အတိတ်ဘဝတုန်းက၊ သူမသည် သူ့အား ရည်ရွယ်ချက်ပန်းတိုင် မရှိချေခြင်းကြောင့် မုန်းတီးခဲ့မိပါ၏--သူမ၏မိသားစု ကျရှုံးနေသည့်ချိန် တွင် သူသည် လက်လျှော့လို့ သူု့ရဲ့အခြေအနေကို ပိုကောင်းမွန်အောင် အလုပ်လုပ်ဖို့ရာ ငြင်းဆန်ခဲ့ပေသည်တည်းမို့။ ရီမူဖန်နှင့် သူမ၏ ဆက်ဆံရေးသည် သူမရဲ့ဂုဏ်သိက္ခာတို့ ပျက်ပြားခံပြီး ဂူရွဲ့ကျီအတွက် အရာရာဖြည့်ဆည်းပေးနေခြင်းကြောင့် ဆက်ဆံရေးမှာ တဖြည်းဖြည်း ချဉ်သထက်ချဉ်လာပေသည်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့လိုက်မိသည်နှင့် တစ်ယောက်နဲ့တစ်ယောက် စကားကောင်းပြောလို့ မရဘဲ အမြဲလိုလို ရန်ဖြစ်ပြီးသာ အဆုံးသတ်သတ်သွားခဲ့ရသည်ချည်း ပင်။ အဆုံးတွင်တော့၊ သူတု့ိနှစ်ယောက် စကားပြောဆိုကြခြင်းပင် မရှိကြတော့သည်ထိ။

မျေုှာ်လင့်ထားသည့်အတိုင်းပင်၊ ရီဝမ်ဝမ်ရဲ့ စကားတို့ကို ကြားသည့် နောက် ရီမူဖန်ရဲ့အသံမှာ ပိုလို့ပင် အေးစက်လာချေပြီ။ “ငါ့ကို ခြိမ်းခြောက်ဖို့အတွက်နဲ့ ရှန်းမန်ချီကို ဆွဲဆွဲထည့်မနေစမ်းနဲ့။ ဘာပဲဖြစ်ဖြစ်၊ မင်းတို့အားလုံးအတွက် ငါက အသုံးမကျတဲ့ အမှိုက်တစ်စသာသာပဲ။ မန်ချီက မင်းနဲ့ မတူဘူး။ သူမက
င့ါကို ဘာအတွက်နဲ့မှ မဝေဖန်ဘူး။ ငါ့အပေါ်မှာ ဘယ်တော့မှ အထင်မသေးဖူးဘူး”

“ဒါကတော့ သူက နင့်ကို ဂရုမှမစိုက်တာကိုး။ ငတုံးကောင်ရဲ့” ရီဝမ်ဝမ်၊ ထပ်မံ သည်းခံနိုင်ခြင်းမရှိတော့ဘဲ အော်ပြောလိုက်ခြင်းပါတည်း။

ရီဝမ်ဝမ်၏စကားတို့ကြောင့် ချက်ချင်းဆိုသလိုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားရလေတော့သည့် ရီမူဖန်၊ နှာခေါင်းရှုံ့လိုက်ပါတော့၏။
“အဟတ်၊ ငါက ငတုံးတဲ့လား။ ငါ့ကို တစ်နေကုန် လောင်းကစားတွေပဲ လုပ်နေတဲ့ အသုံးမကျတဲ့ကောင်လို့ ထင်နေတယ်လား။ ရီဝမ်ဝမ်၊ ငါ့ကို ဝေဖန်ရအောင် မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ။ ငါ့တို့ရဲ့မိသားစု ဒီလို အခြေအနေမျိုးနဲ့ ဘယ်လိုမျိုး အဆုံးသတ်သွားခဲ့ရသလဲဆိုတာကို
မင်း သိလား။ အရှက်မရှိတဲ့ ခွေးတစ်ကောင်လိုမျိုး မင်း လိုက်ပိုးနေခဲ့တဲ့ ဂူရွဲ့ကျီက ဘယ်လိုအမှိုက်ကောင်မျိုးလဲဆိုတာကို မင်း သိလို့လား။ ငါတို့ထဲက ဘယ်သူကမှ အသုံးမကျပြီးတော့ နှလုံးသားမရှိတဲ့သူလဲ”

ရီမူဖန်ရဲ့စကားတို့ကြောင့် ဒေါသတို့ဖြင့် တုန်ရီသွားရလေတော့သည့် ရီဝမ်ဝမ်။ သူမရဲ့လက်သည်းတို့ကို လက်ဖဝါးကို ထိုးဆွနေမိချေတော့ ပြီး။ “အဲဒါ ညီမလေးပဲ…..တုံးအနေခဲ့တဲ့သူက ညီမလေး။ အသုံးမကျ တဲ့သုူက ညီမလေး။ တစ်ချိန်လုံး အဓိပ္ပာယ်မရှိတာတွေချည်း လျှောက်
လုပ်နေခဲ့တဲ့သူက ညီမလေး။ ညီမလေးကသာ ရီ မိသားစုကို ဖျက်ဆီး မိခဲ့တဲ့သူ။ ညီမလေးကသာ ဖေဖေနဲ့မေမေတို့ကို သံယောဇဉ်ဖြတ်ပစ်ခဲ့ တဲ့နှလုံးသားမရှိတဲ့သူတစ်ယောက်ပါ။

ဒါပေမယ့် ညီမလေးလည်းပဲ မှားယွင်း စွပ်စွဲခံ၊ ချောက်ချခံခဲ့ရတာပါ။ ညီမလေး လုံးဝကို ဆေးမသုံးခဲ့ဘူး။ အဲ့လူအုပ်ကြီးနဲ့ ရောကျမသွား ခဲ့ဘူး။ ကိုကို ညီမလေးကို ယုံခဲ့လား။

ညီမလေး အဲဒီနေရာကို ကြောက်ကြောက်လန့်လန့်နဲ့ အပို့ခံခဲ့ရတယ်။ အပြင်ဘက်ကမ္ဘာနဲ့ အဆက်အသွယ်အဖြတ်ခံခဲ့ရတယ်။ ဖေဖေ၊ မေမေ နဲ့ ကိုကို့ကို လုံးဝကို ဆက်သွယ်လို့ မရခဲ့ဘူး။ နောက်ဆုံးမှာ ညီမလေး လွတ်မြောက်လာနိုင်ခဲ့တဲ့အခါကျတော့ ညီမလေးဘဝကြီးက တစ်စစ ီဖြစ်နေခဲ့ပြီ -- ညီမလေးရဲ့သူငယ်ချင်းတွေက ညီမလေးကို ထားသွားကြ တယ်။ ခင်ပွန်းလောင်းက ထားသွားခဲ့တယ်။ မိသားစုနဲ့ ဆွေမျိုးတွေ၊ ဘိုးဘိုးနဲ့ဘွားဘွားတောင်မှပဲ ဖေဖေ့ကို ဝိုင်းဆူပူခဲ့ကြတယ်။ ပြီးတော့ ကိုကိုရော ကိုကိုရော ညီမလေးကို ဘယ်လိုမျိုး ဆက်ဆံပေးခဲ့သလဲ။ ကိုကို ညီမလေးကို တောက်လျှောက်မရပ်မနား ကျိန်ဆဲဝေဖန်နေ ခဲ့တယ်။ အဲ့တုန်းက ပါးရိုက်ခဲ့တာကို မပြောသေးဘူး။

ဒါပေမယ့် ကိုကို…. ညီမလေး အခန်းတံခါးပိတ်ခံနေရတဲ့အချိန်မှာ ကိုကို ဘယ်ရောက်နေတာလဲ။ ရီယီယီက ညီမလေးကို ဆေးတွေ ထိုးသွင်းနေခဲ့တုန်းက ကိုကို ဘယ်ရောက်နေခဲ့လဲ။

ညီမလေးတစ်ယောက်ထဲ ဒီကမ္ဘာပေါ်မှာ နှစ်နှစ်လုံးလုံး တစ်ယောက်ထဲ ထဲ နေနေခဲ့ရတယ်။ ညီမလေး ဘယ်လိုဖြတ်သန်းနေရသလဲဆိုတာကို ကိုကို တစ်ချိန်လေးတောင်မှ စဉ်းစားမိဖူးရဲ့လား။ ကိုကို တစ်ချက်လေး တောင်မှ ဂရုစိုက်ခဲ့ဖူးရဲ့လား။ ကိုကို….ဒါဖြင့် ကိုကို့မှာရော ညီမလေးကို ဝေဖန်ဖို့ ဘာအခွင့်အရေးရှိလို့လဲ”

နောက်ဆုံးသောတစ်ခွန်းကို ပြောလိုက်သည့်အချိန်တွင်တော့ သူုမလေးရဲ့အသံမှာ စတင်တိမ်ဝင်လို့ သွားတော့ချေပြီ။

အချိန်အကြာကြီးကြာအောင် တိတ်ဆိတ်သွားမိပြီးသည့်နောက်၊ သူ့၏စိုးရိမ်သွားသည့်အသံ ပေါ်ထွက်လာချေသည်။ “မင်း….မင်း သိနေတယ်….”

ရီဝမ်ဝမ်၊ သူုမ၏တုန်ရီနေသည့်အသံကို ဖိနှိပ်ထားလိုက်ပြီး ဆက်လက် ပြောလိုက်ပါ၏။ “ညီမလေး သူတို့ရဲ့ထောင်ချောက်ထဲ ကျသွားမိတဲ့ အတွက် အရမ်းကို အပြစ်ရှိတယ်…..ဖေဖေနဲ့မေမေရဲ့အသည်းကို ခွဲမိတဲ့အတွက်လည်း အရမ်းကို နောင်ကြဉ်မိရပါတယ်….ညီမလေးကို ကာကွယ်ပေးဖို့အတွက်နဲ့ သူတို့တွေ အများကြီး အနစ်နာခံခဲ့ကြရ တယ်….

ညီမလေးကြောင့် သူတို့ရဲ့ဂုဏ်သိက္ခာတွေ ပျက်စီးခဲ့ကြရတာ။ ညီမလေးကို ကာကွယ်ပေးဖို့အတွက်နဲ့ သူတို့တွေ အနစ်နာခံထားခဲ့ ကြရတယ်….ညီမလေးကြောင့်နဲ့ သူတို့တွေ တခြားတစ်ယောက်ရဲ့ အမိုးအောက်မှာ မှီခိုနေရပြီး နာကျင်စရာတွေ၊ လှောင်လုံးထေ့လုံးတွေကို ခံစားနေကြရတယ်….

အဓိကမကောင်းဆိုးဝါးမကြီးဖြစ်တဲ့ ညီမလေးကကျတော့
ဘာဆိုဘာကိုမှ မသိဘဲ ဆက်ပြီးအသက်ရှင်နေနေရတယ်….

ဒါပေမယ့် ညီမလေး မသိခဲ့ရဘူး….ဘာဆိုဘာမှကို မသိခဲ့ရဘူး.... ဘယ်သူကမှ ပြောမပြခဲ့ကြဘူး…. ညီမလေးရဲ့မသိနားမလည်မှု၊ တုံးအမှုက ညီမလေးအနားက လူတွေကို ဒီလောက်ဆိုးဆိုးဝါးဝါးကြီး ထိခိုက်စေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး….”

ရီမူဖန် ရှော့ရစွာဖြင့် ပြောလာတော့သည်ကား။
“ညီမလေး ဘယ်လိုလုပ်ပြီးတော့ သိသွားခဲ့တာလဲ။ မေမေနဲ့ဖေဖေတို့ ပြောပြခဲ့တာလား။ မဟုတ်ဘူး….မဖြစ်နိုင်ဘူး….သူတို့တွေ ညီမလေးကို ဘယ်တော့မှ ပြောပြကြမှာ မဟုတ်ဘူး….”

“ညီမလေး ဘယ်လိုရှာတွေ့ခဲ့သလဲဆိုတာက အရေးမကြီးပါဘူး။
ရီမူဖန်၊ ကိုကိုရဲ့ဘဝကို ဒီတိုင်းပဲ ဆက်သွားပြီး ဆက်အချိန်ဖြုန်းချင် တယ်ဆိုလည်း ရတယ်။ ကိုကို အပြင်လူကို ယုံမယ်ဆိုလည်း ကိုကို့သဘောပဲ။ နောက်တစ်ချိန်ကျရင် ညီမလေးကတော့ မေမေနဲ့ဖေဖေကို ကာကွယ်ပေးမယ့်သူ ဖြစ်လာစေရမယ်။ ညီမလေးကတော့ ရီ မိသားစုအတွက် ပြန်လက်စားချေမှာပဲ”

ရီမူဖန်၏စကားပြန်ပြောသည်ကို စောင့်မနေတော့ဘဲ
ရီဝမ်ဝမ်၊ ဖုန်းချလိုက်တော့လေပြီ။

          💖💖💖💖💖💖💖💖💖💖💖💖

စာစဉ် ၉၊ အခန်း ၆။ ရှင့်ချစ်သူက ဘယ်လောက်တောင်မှ လှလိုက်သလဲ

ဖုန်းပြောပြီးသည့်နောက်၊ ရီဝမ်ဝမ်၊
သူမအတွေးတို့ကို ရုတ်သိမ်းကာ
ကျင်းဥယျာဉ်သိ့ု ပြန်သွားလိုက်ပါ၏။

သူမ ဖုန်းပြောနေစဉ်အတွင်းမှာပင်၊ သူမသည် အနည်းငယ် စိတ်လှုပ်လှုပ်ရှားရှား ဖြစ်နှင့်နေပြီးသားပင်။ သို့သော်၊ အခုတွင်မူ ၊ သူမ၏နှစ်ဘဝစာ ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုခံစားသွားရမှုအပြင် အတိတ်တုန်းက သူမအား ဒီလောက်ထိခက်ခက်ထန်ထန် ဘယ်တုန်းကမျှမပြောဆိုခဲ့ဖူးသည့် သူမအစ်ကိုတော်ဆီမှ ဝေဖန်စကားကြားလိုက်ရသည်ဖြစ်လေရာ၊ သူမ ဘယ်လိုမှ တောင့်မထားနိုင်ချေတော့။

ရီဝမ်ဝမ်၊ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူမရဲ့ခံစားချက်တို့ကို ထိန်းချုပ်ဖို့ရာ အကောင်းဆုံး ကြိုးစားလိုက်ပါတော့၏။

ဒီအခိုက်၊ သူမရဲ့ဖုန်းတွင် “ဒင်” ခနဲ မြည်လာကာ အနုပညာသတင်းတစ်ပုဒ် ပေါ်ထွက်လာချေပြီ။

ရီဝမ်ဝမ်၊ ဆောင်းပါးကိုဖွင့်ကြည့်လိုက်ရာ သတင်းမီဒီယာကုမ္ပဏီတစ်ခု က ထုတ်လွှတ်ထားသည့် သတင်းကြီးတစ်ခုကို တွေ့လိုက်ရတော့လေပြီ -- ဟန်ရှန်းယွီ သတင်းထောက်တစ်ယောက်အား ဒေါသတကြီး ထိုးကြိတ်ခြင်း။ အင်တာနက်သုံးသူတွေအားလုံး သူ့အား ဆူဆဲနေကြပြီး အခြေအနေတစ်ခုလုံးသည် ဟန်ရှန်းယွီကို ပိုလို့ပိုလို့ မလိုမုန်းထားဖြစ် လာကြတော့လေပြီ။

ဒီရုတ်ရုတ်သဲသဲအခြေအနေတွေကြောင့် အနုပညာရှင်သည် သူ့ရဲ့ရိုးသားမှုကို အချိန်တစ်ခုအတွင်းမှာ သက်သေပြပေးနိုင်မှ ဖြစ်ပေလိမ့်မည်ပင်။ ထိုအမှုသည် အချိန်အကြာကြီးကြာအောင် မဖြေရှင်းနိုင်ဖြစ်နေမည်ဆိုပါက အနှီကြယ်ပွင့်သည် နောက်ဆုံးတွင်
သူ အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်မည်ဆိုရင်တောင်မှ လူထုအမြင်တွင် မကောင်းသည့်အမြင်သာ ကျန်ရှိနေပေလိမ့်မည်။

ငါ အချိန်အရမ်း မနှောင်းသေးခင် ဟန်ရှန်းယွီရဲ့လူတွေနဲ့ မြန်မြန်စကားပြောမှ ဖြစ်မယ်……

ဒါပေမယ့်၊ ငါ ကိစ္စတွေကို မဖြေရှင်းပေးသေးခင်မှာ
ငါ့အတွက် သင့်တော်တဲ့နာမည်တစ်ခု ရှိထားဖို့ လိုလိမ့်မယ်။

ထိုအတွေးနှင့်အတူ။ ရီဝမ်ဝမ် စိတ်ဓာတ်ကျသွားမိရတော့ချေပြီ။

တကယ်တွင်တော့၊ သူမ ဒီပြသနာထဲ ဝင်မပါသေးဘူးဆိုသည်မှာ သူမရဲ့လွတ်လပ်ခွင့်အတွက် စီရီဟန် အလဲအလှယ်လုပ်ပေးခဲ့သည့် အရမ်းတင်းကျပ်သည့် စည်းမျဉ်းတို့ကြောင့် ဖြစ်နေချေသည်။ ဆန့်ကျင်ဘက်ယောက်ျားကို မဆွဲဆောင်ရ။

ငါ ဘယ်လိုလုပ်ပြီးတော့ အဲဒါကို လိုက်ဖြည့်ဆည်းပေးနိုင်ပါ့မလဲ။

ငါ အနုပညာရှင်တစ်ယောက်မလုပ်ဖို့ ဆုံးဖြတ်ထားမိလု့ိ တော်သေး တယ်။ မဟုတ်လို့ကတော့ ဒီစာတစ်ကြောင်းထဲနဲ့တင်ကို ငါ ဘာမှ ဆက်လုပ်လို့ရမှာမဟုတ်တော့ဘူး။

သို့သော်၊ ရိုက်ကူးရေးနောက်ကွယ်ကနေ အလုပ်လုပ်နေမယ်ဆိုရင် တောင်မှ သူမ၏ဒီမျက်နှာနှင့်ဆိုလျှင် လုံးဝကိုပဲ ဘယ်တော့မှ လုံခြုံတော့မှာ မဟုတ်ပါချေ။

သူမသည် သူမ၏အလွန်တရာထူလပျစ် မိတ်ကပ်ကြီးကို ပြန်အသုံးပြုသင့်သလားဆိုသည်ကိုပင် တွေးလိုက်မိပါတော့၏။ သို့သော်လည်း၊ ဒါသည်ကား လက်တွေ့မကျပြန်ပေ။ အနုပညာလောကသည်ကား ကျောင်းကဲ့သို့မဟုတ် -- ပိုလို့အများကြီး ရက်စက်ကာ ပိုလို့အမှန်တကယ်လက်တွေ့ကျသည်ပင်။ ဒါ့အပြင်၊ အနုပညာလောကသည်ကား အရေးကြီးဆုံးအရာတွေ ရှိနေကြသည့်အရာတွေ ရှိနေသည့်နေရာ ဖြစ်လေသည်။

အဲဒီကြောက်စရာကောင်းလှသည့် မျက်နှာနှင့်ဆိုလျှင် သူမသည် အလုပ်အကြောင်း စကားစမပြောနိုင်ခင်မှာပင် လူတွေကို လန့်ပြေးအောင် လုပ်မိသွားပေလိမ့်မည်။

ရီဝမ်ဝမ်၊ သူမရဲ့ဦးနှောက်ကို အရည်ထွက်အောင် ဖျစ်ညှစ်ကာ စဉ်းစားအဖြေရှာနေစဉ်မှာပင် သူမရဲ့အနောက်ဆီကနေ ရင်းနှီးသည့် ခြေလှမ်းသံတွေနှင့် ကြည်လင်ရှင်းလင်းသည့် အသံတစ်သံကို ကြားလိုက်ရချေပြီ။ “စာမေးပွဲပြီးသွားပြီလား”

ရီဝမ်ဝမ်၊ ချက်ချင်းဆိုသလိုပင် သူမ၏ဦးခေါင်းလေးကို လှည့်လိုက်လေ ရာ လုံးဝအတိ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပါသည့်တစ်ယောက် သောသူကို မြင်လိုက်တော့ချေပြီ။ ထိုသူမှာ ခါတိုင်းလိုပင် မျက်စိပသာဒ ကို ဆွဲဆောင်လို့နေလျက်။ “ရှင် ပြန်လာပြီလား။ အစောကြီးပဲ။ ဒီနေ့ အစည်းအဝေးရှိတယ်လို့ ရှင် ပြောခဲ့သလားလို့”

“ပြီးခဲ့ပြီ”

“အော်”

စီရီဟန်၊ သူမလေးအား စကန့်အနည်းငယ်လောက် စိုက်ကြည့်နေပြီး နောက် ရုတ်တရက် မေးလာပါ၏။ “စာမေးပွဲ မဖြေနိုင်ဘူးလား”

ရှုပ်ထွေးသွားစွာဖြင့် မျက်ဝန်းတို့ကို မှိတ်ခတ်မှိတ်ခတ် ပြုလာပါသည့် ရီဝမ်ဝမ်။ “အာ။ မဟုတ်ပါဘူး။ ဒီတစ်ခေါက် တော်တော်ကြီးကို ဖြေနိုင်တာ ။ နောက်ဆုံးသချာၤမေးခွန်းက အရမ်းကို ခက်တယ်လို့ကို လူတိုင်းက ပြောနေကြတယ်၊ ဒါပေမယ့် ကျွန်မကတော့ ဖြေနိုင်ခဲ့တယ်။ ဒါနဲ့ နေပါဦး။ စာမေးပွဲ မဖြေနိုင်ဘူးလားလို့ ဘာလို့ ရုတ်တရက်ကြီး ထမေးရတာလဲ”

စီရီဟန် ပြန်ဖြေလာသည်ကား။
“မင်း ဝမ်းနည်းနေလို့”

“အမ်…” ရီဝမ်ဝမ်၊ အနည်းငယ် ဆွံ့အသွားမိရတော့လေပြီ။
ငါ အိမ်ပြန်ရောက်လာတုန်းက မျက်နှာသစ်ပစ်လိုက်ပါတယ်။ ငါ့ရဲ့ခံစားချက်တွေ ငြိမ်သွားအောင်လို့ကို အချိန်အကြာကြီးကို ယူထားလိုက်ခဲ့ရသေးတာ၊ ဒါတောင်မှ ငါ ဝမ်းနည်းနေတာကို သူ ပြောနိုင်သေးတုန်းပဲလား။

ရီဝမ်ဝမ် အနည်းငယ် ချောင်းဟမ့်လိုက်မိတော့ချေပြီ။ “ဝမ်းနည်းလို့မဟုတ်ပါဘူး။ ကျွန်မက ဒီတိုင်း မဖြေရှင်းနိုင်တဲ့ ပြသနာတစ်ခု ရှိနေလို့….”

“ဘာပြသနာလဲ” စီရီဟန်၊ သူ့ရဲ့အကျီၤကော်လံပေါ်က နက်ခ်တိုင်ကို ဖြေလိုက်ပြီး ဆိုဖာပေါ် ထိုင်ချလိုက်တော့လေပြီ။

ရီဝမ်ဝမ်၊ ပြောပြဖို့ရာ အကောင်းဆုံးဖြစ်မည့်စကားကို စဉ်းစားတွေးတော လိုက်ပြီးတော့မှ သူ့အနားနား ကပ်သွားလိုက်တော့ကာ။ “အဲဒါက ဒီလိုလေ ဘေဘီရဲ့။ ဘေဘီ အရင်တုန်းက သတ်မှတ်ပေးခဲ့တဲ့ သဘောတူညီချက်ထဲမှာက ချစ်ကို ဆန့်ကျင်ဘက်ယောကျ်ားတွေကို ဆွဲဆောင်ခွင့်မပြုဘူးဆိုတဲ့ တစ်ချက်ပါတယ်လေ။ ချစ် ထင်တယ်။ အဲဒီစည်းကမ်းက အရမ်းကြီး ကျိုးကြောင်းမဆီလျော်ဘူးလားလို့”

စီရီဟန် သူမလေးအား တစ်ချက်ကြည့်လိုက်ချေပြီး။ “ကျိုးကြောင်းမဆီလျော်ဘူး”

ချက်ချင်းဆိုသလိုပင် သူမခေါင်းလေးကို ညိတ်လာပါသည့် ရီဝမ်ဝမ်။ “အမှန်ပဲ။ အမှန်ပဲ။ စဉ်းစားကြည့်လေ။ ရှင့်ချစ်သူက ဘယ်လောက်တောင်မှ လှလိုက်လေသလဲလို့၊ ရှင် မသိလို့လား။ ကျွန်မရဲ့မျက်နှာနဲ့ဆိုရင် ကျွန်မက ဆွဲဆောင်နေစရာကို မလိုဘူး။ နောင်တစ်ချိန်မှာ ကျွန်မ အနုပညာရှင် ဖြစ်မလာချင်ဘူးဆိုရင်တောင်မှ နောက်ကွယ်ကနေပဲ အလုပ်လုပ်နေရုံနဲ့တောင်မှ ၁၀၀ ရာခိုင်နှုန်း လုံခြုံဦးမှာမဟုတ်ဘူး။ ဒီတော့ ရှင် အဲဒီစည်းကမ်းချက်ကို ဖျက်ပေးလိုက်ပါလား ။ ပြီးတော့လည်း။ ကျွန်မဆီကို စိတ်ဝင်စားမှုတွေ ရောက်ရောက်လာကြတာက ကျွန်မရဲ့မျက်နှာကြောင့်လေ၊ ကျွန်မက ယောကျာ်းလေးတွေကို ဆွဲဆောင်ချင်နေတာကြောင့် မဟုတ်ဘူးလေ နော်”

စီရီဟန်၊ သူမလေး၏ အရှက်မရှိ “ရှင့်ချစ်သူက ဘယ်လောက်တောင်မှ လှလိုက်လေသလဲ” ဆိုသည်ကို ကြားလိုက်ရသည့်အချိန်၊ သူမလေး အား စောင်းငဲ့ကြည့်လိုက်တော့ချေပြီး ပြန်ပြောလာပါ၏။
“ ကျိုးကြောင်းဆီလျော်မှုရှိတယ်လို့ ကိုယ် တစ်ခါမှ မပြောခဲ့ဖူးဘူး”

စီရီဟန်၏ “ဘုရင်ကြီး-ချမှတ်သည့်-စည်းမျဉ်းတွေသည်-ကျိုးကြောင်းဆီလျော်မှုရှိသည်ချည်း” ဟုူသည့် လေသံကို ကြားလိုက်ရလေရာ၊ ရီဝမ်ဝမ်၊ သူ့အား အပြိုင်ပြောနေခြင်း
မပြုနိုင်တော့ဘဲ ထွက်သွားရတော့လေပြီ။

ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ….. ရှင့်ရဲ့အမှုတော်ထမ်းကပဲ  နည်းလမ်းတစ်ခု ရအောင် စဉ်းစားတော့မယ် ဟုတ်ပြီလား။

ရီဝမ်ဝမ်၊ စိတ်ညစ်ညူးစွာဖြင့် သူ့မရဲ့ခေါင်းကို ကုတ်လိုက်မိတော့ပြီး။
“ကျွန်မရဲ့ဒီမျက်နှာကို မိတ်ကပ်အထူကြီးနဲ့ အုပ်ထားလို့ကတော့ ရပါတယ်။ ဒါပေမယ့် အနုပညာနယ်ပယ်မှာက ရုပ်ဆိုးနေရင် အကျိုးရှိတော့မှာ မဟုတ်ဘူးလေနော် ။ ဘာကများ ကျွန်မကို ဆန့်ကျင်ဘက်ယောကျာ်းလေးတွေ စိတ်ဝင်စားလာကြတာကို ကာကွယ်နိုင်လိမ့်မလဲဆိုပြီးတော့ ကျွန်မ စဉ်းစားခဲ့သေးတယ်၊ စဉ်းစားပြီးရင်းကို အထပ်ထပ်အခါခါ စဉ်းစားခဲ့တယ်…..
အဖြေတစ်ခုပဲ ထွက်လာတယ်….”

စီရီဟန်၊ အဖြေအား စိတ်ဝင်တစားသိလိုစွာဖြင့်
သူမလေးအား ကြည့်လာလေပြီ။

ဒီတော့ကာ၊ ရီဝမ်ဝမ်၊ ခနတန့်နားလိုက်ပြီး တောက်ပရွှန်းစားသည့် မျက်ဝန်းတို့နှင့် စီရီဟန်အား ကြည့်လိုက်ကာ။ “အဖြေက….
ယောက်ျားတစ်ယောက်လို ဝတ်စားဖို့….”

အဲဒါဆိုရင် ငါ ဘယ်သူ့ကိုမှ မဆွဲဆောင်မိတော့ဘူး။

အဟေးဟေး ငါလေးက လုံးဝကို ဉာဏ်ကြီးရှင်လေးပါ့လား။

            💖💖💖💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Olvasás folytatása

You'll Also Like

334K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
22.3K 1.7K 12
Short story ​ေလး​ေတြပါ​ေနာ္​ ဘာသာျပန္မဟုတ္ပါ Tmnkhon ပိုင္ဆိုင္သည့္ story မ်ားသာျဖစ္သည္။
106K 13.7K 54
႐ိုး႐ိုးေလးနဲ႔ေအးခ်မ္းစြာေနတတ္ေသာ အိုးရန္ေျမာင္ေျမာင္တစ္ေယာက္ အသစ္ေျပာင္းလာေသာ ေက်ာင္းသားသစ္ေလးတစ္ေယာက္ေၾကာင့္ ဘယ္လိုအဆီအေငၚမတည့္ျဖစ္ၿပီး ျပသနာေတြ ျ...
2.9M 314K 199
Myanmar Translation of ❛ Young Master Mo, Are You Done Kissing?❜ Author:青青谁笑 《Qingqing Who Laughs》 Native Title:暖风不及你情深『墨景深VS季暖』 CP. Mo Jingshen VS J...