ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၇ + ၁၈ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၉ ( ၁ + ၂)

11.3K 898 11
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   9
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၉၊ အခန္း ၁။ အတုပဲ ၿဖစ္ရမယ္

ဟန္ရွန္းယြီ ဆိုသည္မွာ လက္ရွိတြင္ ကမာၻ့အင္တာတိန္းမန့္၏ အေက်ာ္ၾကားဆံုး၊ ၀င္ေငြအရဆံုး ေယာက်ား္ေလးသရုပ္ေဆာင္ ၿဖစ္ေခ်ၿပီး ဆယ္ေက်ာ္သက္မိန္းကေလး ေတြရဲ့ “အာရွ၏အေက်ာ္ၾကားဆံုးေသာမင္းသားေလး” ဆိုသည့္ ဘြဲ့ထူးေပးအပ္ထားၿခင္းကို ခံထားရၿခငး္ ၿဖစ္ပါ၏။

သူ့ရဲ့ ၾကည့္ေကာငး္လြန္းတဲ့ ရုပ္ရည္၊ ခပ္ေအးေအးကိုယ္က်င့္စရိုက္ တုိ့ေၾကာင့္ သူ့ရဲ့ပထမဆံုးလူထုမိတ္ဆက္ပြဲလုပ္ၿပီဆုိကတညး္က မ်ားစြာေသာနွလံုးသားတုိ့ကို ခိုးယူထားနိုင္ခဲ့သူ ၿဖစ္ကာ အရာရာသည္ အလြန္တရာေခ်ာေခ်ာေမြ့ေမြ့ၿဖင့္ ဟစ္တုိင္ၾကီးတစ္ခုပင္ ၿဖစ္လာခဲ့သူပါ တည္း။ သူသည္ကား အင္ပါယာစကုိင္းမွ အေဟာ့ဆံုးဆိုသည့္ သရုပ္ေဆာင္ လင္းေရွာင္က်ဲ့ ထက္ပင္ ပုိေက်ာ္ၾကားေအာင္ၿမင္လာခဲ့ သူပါတည္း။

သူတုိ့နွစ္ဦးသည္ကား အၾကမး္ဖ်င္းအားၿဖင့္ဆုိရေသာ္ သက္တူရြယ္တူ ၀န္းက်င္ေလာက္ ရွိေနသည္မို့ သူုတုိ့ရဲ့အေနအထားမွာ အလြန္တရာပင္ နီးကပ္လုိ့ေနၿပီး သူတုိ့သည္ အၾကီးစားၿပိဳင္ဘက္ေတြ ၿဖစ္ၾကေလသည္။

သိပ္မၾကာေသးခင္က၊ ဟန္ရွန္းယြီသည္ သန္းေပါင္းမ်ားစြာ ရင္းနွီးၿမွဳပ္နွံ ထားခဲ့ၾကသည့္ ရုပ္ရွင္ထုတ္လုပ္ေရးၾကီးတစ္ခုကို လက္ခံလုိက္ရေလ သည္။ ေဟာလီး၀ုဒ္ရဲ့ စပယ္ရွယ္ရုပ္သံတည္းၿဖတ္အသင္းအဖြဲ့နွင့္ ထိပ္တန္းၾကယ္ပြင့္ေတြ ပါ၀င္ေပၚထြက္လာမႈန့ဲဆိုလ်ွင္ ဒါသည္ ရံုတင္ၿပသလုိက္ၿပီဆုိသည္နွင့္ ေသခ်ာေပါက္ကုိ ေပါက္ေၿမာက္သြားၿပီး သူ့အား နယ္ပယ္တြင္္ ေနာက္ထပ္အၿမင့္ဆံုးေနရာကို ေရာက္သြားေစနုိင္ လိမ့္မည္ပင္။ ဒီလုိမ်ိဳး အေရးၾကီးအေၿခအေနမ်ိဳးမွာ သူ့ဆီမွာ ဒီလုိမ်ိဳး ၿဖစ္လာလိမ့္မည္ဟုေတာ့ ဘယ္သူသိပါလိမ့္မည္နညး္။

ဟန္ရွန္းယြီရဲ့ အသက္ေမြး၀မ္းေၾကာင္းလုပ္ငန္း ပ်က္စီးသြားၿပီဆုိလ်ွင္ သူ့လက္ထဲမွာရွိေနသည့္ ရုပ္ရွင္ဇာတ္လမး္ေတြအားလံုး ေသခ်ာေပါက္ လင္းေရွာင္က်ဲ့ဆီ ေရာက္သြားကုန္ေပလိမ့္မည္။ သူပိုင္ဆိုင္ထားခဲ့သည့္ ေနာက္ခံေငြေၾကးပံ့ပုိးေပးသူတို့ပါ အပါအ၀င္ပါတည္း -- သူတို့ေတြ သည္ကား ပုိက္ဆံေတြခြဲယူကာ ထြက္သြားၾကေပလိမ့္မည္။

က်န္းယန္ရန္ ငို္ေၾကြးလာပါ၏။
“ၿပိဳင္ဘက္ကုမၸဏီမွာ တာ၀န္ရိွတယ္။ သူတို့ေတြ
ရွန္းရွန္းကို တမင္သက္သက္ ေခ်ာက္ခ်ေနၾကတာပဲ”

နူးညံ့ေပ်ာ့ေပ်ာင္းစြာ ဆုိလာပါသည့္ ခ်ဴဖုန္း။
“ဒါေပမယ့္ ေကာင္မေလးနဲ့ သူမမိဘေတြရဲ့
မ်က္ၿမင္သက္ေသေတြက ရွိေနေသးတယ္…..”

ခ်က္ခ်င္းဆုိသလုိပင္ ရီ၀မ္၀မ္ရဲ့ရင္ခြင္ထဲကေန ေမာ့ၾကည့္လာကာ သူ့အား စုိက္ၾကည့္လိုက္ပါေတာ့သည္ က်န္းယန္ရန္။  “မ်က္ၿမင္သက္ေသေတြ ရွိေနေတာ့ေရာ ဘာၿဖစ္လဲ။
သူတုိ့ကေရာ ညာေနၾကတာ မၿဖစ္နုိင္ဘူးလား”

ခ်ဴဖုနး္ရဲ့အသံသည္ကား တိုး၀င္ေပ်ာက္ကြယ္လုိ့လာေခ်ၿပီ။ “ဒါေပမယ့္လညး္ အဲ့ကေလးရဲ့ကိုယ္ထဲမွာ အိပ္ေဆးေတြ ေတြ့ထားတယ္ေလ….”

က်န္းယန္ရန္ရဲ့ မ်က္၀န္းတုိ့သည္ကား မီးေတာက္ေတာ့မည့္ပမာ ၿဖစ္လုိ့ေနေခ်ၿပီ။ “ဒါေလာက္နဲ့ ငါ့ေယာက်ာ္းက သူမကို အိပ္ေဆးခတ္ခဲ့ ပါတယ္လုိ့ သက္ေသၿပလုိ့မရနုိင္ေသးဘူး။ တၿခားသက္ေသ ရွိလုိ့လား။ ဘယ္သူက အဲဒါကို မ်က္ၿမင္ေတြ့ခ့ဲတာ ရွိသလဲ”

ခ်ဴဖုန္း၊ ခ်က္ခ်င္းပင္ အဆက္မၿပတ္အတီးခံထားရေလသည့္
ဗံုပမာ ေခါင္းကို တဆတ္ဆတ္ ညိတ္ၿပလာေခ်ေတာ့ၿပီ။
“ဟုတ္တယ္၊ ဟုတ္တယ္၊ ဟုတ္တယ္။ အဲဒါ အတုပဲ ၿဖစ္ရမယ္။ ခ်စ္ေလးရဲ့ေယာက္်ားက အရမး္ကို ေနြးေထြးတတ္ၿပီးေတာ့ ပရဟိတထက္သန္တာ။ သူက ကေလးေလးေတြအေပၚမွာေတာင္မွ အရမး္ေဖာ္ေဖာ္ေရြေရြရွိတဲ့ဟာ ဒိလုိဟာမ်ိဳး သူ ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူး”

က်န္းယန္ရန္နွင့္ခ်ဴဖုန္း၏ အေသးစားရန္ၿဖစ္ေနၾကတာကို ၾကားေနရသည့္အခါ ရီ၀မ္၀မ္ ရယ္ခ်မိေတာ့ေလၿပီ။

တကယ္ေတာ့ က်န္းယန္ရန္ ခုနက ေၿပာသြားတာေတြက လံုး၀ကို မမွားဘူး။ အဲဒီၿဖစ္ရပ္ၾကီးတစ္ခုလံုးက အရမး္ကို ညစ္တီးညစ္ပတ္ ေထာင္ေခ်ာက္ဆင္ထားတာၾကီးနဲ့ ပုိတူတယ္။

ပုိက္ဆံေတြ ေၿမာက္ၿမားစြာကုိ ညွစ္ယူနုိင္ေစဖုိ့ရာအတြက္ မိန္းကေလး ငယ္ေလး၏မိဘေတြသည္ ကေလးငယ္ေလးအား ေဆးေတြေပးထား ကာ ဟန္ရွန္းယြီသည္ လိင္ပိုင္းဆုိင္ရာေစာ္ကားခဲ့ပါသည္ဟုပင္ မုသား ထြက္ဆုိရန္ သင္ၾကားေပးခဲ့ၿပီး ဟန္ရွန္းယြီအား ေခ်ာက္ခ်ေနၿခင္းပါ တည္း။

သူမ၏အတိတ္ဘ၀တုန္းက မိန္းကေလးမိဘေတြ ဆင္ခဲ့သည့္ ေထာင္ေခ်ာက္သည္ သိပ္မၾကီးမားပါေသာ္ၿငား ထုိေထာင္ေခ်ာက္ကို ၿဖည္ဖုိ့ရာ သက္ေသရွိမေနခဲ့ၿခင္းေၾကာင့္ ဟန္ရွန္းယြီသည္ ထိုရန္စမႈကုိ မေၿဖရွင္းနုိင္ခဲ့ေလၿပီ။ သို့ေသာ္ ဒီလုိအမႈၿဖစ္ရပ္မ်ိဳးနွင့္ မိဘေတြသည္ အမွန္တကယ္သာ ကိစၥကို ဆက္ခ်ဲ့ေနမည္ဆုိပါက ရလဒ္သည္ကား မေတြး၀ံ့စရာ ၿဖစ္သြားေပလိမ့္မည္။ အဆိုးဆံုးသည္က ဒါသည္ နွစ္ေပါင္းမ်ားစြာၾကာေအာင္ကို သူ့အား ဆြဲခ်ပစ္ေနလိမ့္မည္ပင္။

လူထုအၿမင္နွင့္ ဖိအားတုိ့ေၾကာင့္ တရားရံုးသည္လညး္ သိသိသာသာကို ဘက္လိုက္ေပးလုိက္ရကာ ကုမၸဏီသည္ ၾကယ္ပြင့္ေလးအတြက္ ဒီကိစၥကို တရားရံုးလက္ကေန လြတ္ေစဖုိ့ရာ စီစဥ္ေပးခဲ့ပါ၏။

သုိ့ေသာ္၊ နွစ္အနညး္ငယ္ၾကာၿပီးသည့္ေနာက္၊ ကေလးမေလးမွာ ကိုယ့္ကိုယ္ကို အၿပစ္ရွိသေယာင္ ခံစားလာခဲ့ရေလဟန္ တူသည္။ သူမေလးသည္ အမွန္တရားကို ထုတ္ေၿပာလာၿပီး ေနာက္ဆံုးတြင္ ဟန္ရွန္းယြီရဲ့ အရိပ္မည္းၾကီးကို ရွင္းလင္းေပးလုိက္ခဲ့ပါ၏။

သို့ေသာ္ၿငား။ ဒီအမႈကိစၥေၾကာင့္ သူ့၏အသက္ေမြး၀မ္းေၾကာင္းအလုပ္ မွာ ေဇာက္ထိုးက်သြားၿပီးနွင့္ေနၿပီၿဖစ္ေလရာ၊ ေတာက္ပေနခဲ့သည့္ ၾကယ္ပြင့္ေလးတစ္လက္သည္ ဒီလိုမ်ိဳး ထိုုးက်သြားနွင့္ၿပီးေနေလေခ် ၿပီ……

ဟန္ရွန္းယြီသည္ ၿပိဳင္ဘက္ကုမၸဏီမွ သရုပ္ေဆာင္တစ္ေယာက္ ျဖစ္ေနပါေသာ္လည္း ရီ၀မ္၀မ္၏ သူ့အေပၚအၿမင္သည္ကား
အရမး္ၾကီး မဆုိးလွပါေခ်။ ရုပ္ရည္ေခ်ာေမာၿပီး သရုပ္ေဆာင္လညး္ ေကာငး္လွသည့္ နာမည္ၾကီး တက္သစ္စတစ္လက္ကို ရွာေတြ့ဖုိ့ ဆုိသည္မွာ ရွားလွသည္တည္းမုိ့ -- သူမအေဖကိုယ္၌သည္ပင္
သူ့အား ခ်ီးမြမ္းထားခဲ့ဖူးပါ၏။

တကယ္တြင္ေတာ့ သူမသည္ ဒီကိစၥၿဖစ္မလာခင္က သူ့အား သတိေပးဖို့ရာ ေတြးဆမိခဲ့ဖူးပါ၏။ သုိ့ေသာ္လညး္ အဲဒါသည္
အရမ္းၾကီးသဘာ၀မဆန္လြန္းဘူးဟု ေတြးမိသြားခဲ့သည္ေၾကာင့္သာ။ ၿပီးေတာ့လည္း သူမသည္ အနာဂတ္ကေန ၿပန္လည္လာသူၿဖစ္တာ ေၾကာင့္သာလ်ွင္ ဒီကိစၥကို သိေနခဲ့ၿခင္းၿဖစ္ေလသည္တည္း မဟုတ္ပါ ေလာ။ တၿခားသူေတြသည္ ဒီအေၾကာင္းကုိ မသိထားခဲ့ၾကဘူးဆုိမွ ေတာ့ သူမအေနၿဖင့္ သူ့အား အမွန္တကယ္ သတိေပးလုိက္မိမည္ဆုိမွ သာလ်ွင္ အဲဒါသည္ ပုိလုိ့မသကာၤစရာ ၿဖစ္သြားေပေရာ့မည္။

က်န္းယန္ရန္ တုန္လႈပ္ထိတ္လန့္စြာၿဖင့္။ “ငါတုိ့ေတြ ဘာလုပ္ၾကမလဲ ဟင္။ လူေတြအမ်ားၾကီးက အဲဒီေကာင္မေလးနဲ့ သူမမိဘေတြ ေၿပာ ၾကတာကို ယံုေနၾကတယ္။ ရွန္းရွန္းက ပရဟိတကို ဗန္းၿပၿပီးေတာ့ ကေလးငယ္ေလးေတြကို လက္ယတ္ေခၚၿပီး လုိက္အဓမၼ က်င့္ေနတာ ပါလုိ့ေတာင္မွ သူတုိ့ေတြ ေၿပာေနၾကတယ္။ သူတုိ့ေတြ ဘယ္လုိိလုပ္ၿပီး ေတာ့ ဒီေလာက္ေစာ္ေစာ္ကားကား ေၿပာရက္ရဲၾကတာလဲ။ အရမး္ကို လြန္တယ္”

         💖💖💖💖💖💖💖💖💖💖💖💖

စာစဥ္ ၉၊ အခန္း ၂။ လမး္ဖယ္ေပးၾကပါ

ရီ၀မ္၀မ္၊ ၀ဘ္ဆုိက္ေပၚက ကြန္မန့္ေတြကို ဖတ္ၾကည့္လုိက္သည္နွင့္၊ ၿမင္လုိက္မိသည္ကား၊ လူအမ်ားစုသည္ ဒါ အမွန္လား၊ အမွားလား ဆိုသည္ကို ေမးခြန္းထုတ္ထားၿခင္းမရွိၾကဘူးဆုိသည္ကို။ သူတို့ေတြအားလံုးသည္ သူ့အား က်ိန္ဆဲေနၾကၿပီး သူ့အား အယုတ္တမာေကာင္ဟုသာ ဆဲဆုိထားၾကရင္း။
အနုပညာ နယ္ပယ္ၾကီးတစ္ခုလံုး ရႈပ္ေထြးလုိ့ေနေလသည္။ အင္ပါရီယာစကိုင္းသည္ ေသခ်ာေပါက္ကုိ ဒီအခြင့္အေရးကုိ အသံုးခ်ကာ သူ့ကို ေခ်မႈန္းပစ္ဖုိ့ လုပ္ၾကေပလိမ့္မည္။

နာရီပုိင္းေလးအတြင္းမွာပင္၊ သတင္းသည္ ေခါင္းၾကီးပိုင္းေနရာကို ေရာက္သြားေခ်ေတာ့ၿပီး အနုပညာ၀ဘ္ဆုိက္ေတြရဲ့ အေဟာ့ဆံုး သတင္းေခါငး္စဥ္ေတြ ၿဖစ္သြားခဲ့ၾကေခ်ၿပီ။

ရီ၀မ္၀မ္ သက္ၿပင္းခ်လုိက္မိေတာ့ၿပီး။
“တၿခားတဖက္က သူ့ဆီကေန ပုိက္ဆံေတြအမ်ားၾကီးခ်ဴနုိင္ဖို့အတြက္ ညာေၿပာေနခဲ့တာပါလုိ့ ၀န္ခံမလာဘူးဆုိရင္ ၊ အဲဒါဆိုရင္ေတာ့….”

က်န္းယန္ရန္ ေဖ်ာ့ေတာ့လုိ့သြားေတာ့ေခ်ၿပီ။ “သူတု့ိရဲ့တကယ့္ရည္ရြယ္ခ်က္ကိုက သူ့ကို ေခ်ာက္ခ်ဖုိ့ပဲဆုိရင္
ဘာလို့ သူတို့ုေတြ ၀န္ခံလာၾကပါ့မလဲ”

အမွန္ပဲ။ ဒါကမွ တကယ့္ၿပသနာအရင္းအၿမစ္ပဲ။

တၿခားတဖက္ကို အမွန္ကို ထုတ္ေၿပာလာေအာင္
နင္ ဘယ္လုိလုပ္မလဲ။

မိန္းကေလးငယ္ေလးရဲ့ အမွန္ကို ထုတ္ေၿပာလာတဲ့အထိသာ သူမ နွစ္နညး္နညး္ေလာက္ ေစာင့္ေနလုိက္မယ္ဆုိရင္ အဲဒီအခါက်မွဆုိ ဘာမွအသံုး၀င္ေတာ့မွာမဟုတ္ဘူး။

“က်ြန္ေတာ္တုိ့ေတြ သူတုို့ကို နည္းနည္းေလာက္ေၿခာက္လွန့္ေပး လုိက္ၿပီး ရက္ရက္စက္စက္ လုပ္ၿပေပးလုိက္ရင္ေကာ။ သုူုတုိ့ကို အတင္းအမွန္ကို ေၿပာခိုင္းလုိက္ၾကမယ္ေလ”
ခ်ဴဖုန္း အၾကံၿပဳလာၿခင္းပါတည္း။

ရီ၀မ္၀မ္၊ သူမေခါင္းေလးကို ခါယမ္းၿပလုိက္ပါ၏။
“အခုက ဟန္ရွန္းယြီက အက်ိန္ဆဲခံေနရတဲ့သူ -- သူ ဘယ္လုိလုပ္ၿပီး ေတာ့ အဲ့လိုဗ်ဴဟာမ်ိဳး သံုးလုိ့ၿဖစ္ပါ့မလဲ။ ၿပီးေတာ့လဲ၊ အင္ပါယာစကိုင္း က ကမာၻကုိ မ်က္စိေဒါက္ေထာက္ၾကည့္ၿပီး အမွားရွာေနတဲ့အခ်ိန္။ ဟန္ရွန္းယြီ ဒီလုိအၾကမ္းဖက္တာကို သူတုိ့ေတြ ေတြ့သြားမယ္ဆုိလို့ ကေတာ့ သူ့မွာ ေမွွ်ာ္လင့္ခ်က္ကုိ ရွိေတာ့မွာမဟုတ္ဘူး”

တကယ္တြင္ေတာ့၊ သူမ၏အတိတ္ဘ၀တြင္ ဒီၿဖစ္ရပ္မ်ိဳး ၿဖစ္လာခဲ့စဥ္တုန္းက ဒီၿပသနာကို သူမေလး နက္နက္နဲနဲ စဥ္းစားေတြးေတာခဲ့ဖူးပါ၏။ ၿပီးေတာ့ အဲဒါအတြက္ အေၿဖကိုပါ ရွာေတြ့ထားခဲ့ပါ၏။

သို့ေသာ္၊ သုူ့မရဲ့အရည္အခ်င္းကို သုိ၀ွက္ထားရမည္ၿဖစ္ေလသည္ တည္းမို့ လံုး၀အတိ သူစိမ္းတစ္ေယာက္အေနနဲ့ သူ့အား ကူညီဖို့ ဆုိသည္မွာ လံုး၀ကို မၿဖစ္နုိင္ခဲ့ၿခင္းပါတည္း။

ခ်ဴဖုနး္၊ အဲဒီအေၾကာင္းကို ေတြးေတာၾကည့္လုိက္ၿပီး မွန္းမွန္းဆဆၿဖင့္။
“ေၿပာၾကတာကေတာ့ သူေတာ္ေကာငး္ နတ္ေကာငး္မပါတယ္တဲ့။ တစ္ေန့က်ရင္ အၿဖစ္မွန္ ေပၚလာေလာက္ပါတယ္ေလေနာ္”

က်န္းယန္္ရန္ အသည္းကြဲစြာၿဖင့္ ေခါင္းညိတ္ၿပလုိက္ေခ်ၿပီး။ “အဲ့လိုၿဖစ္လာပါေစလုိ့ပဲ ေမ်ွာ္လင့္ရမွာပဲ။ ဘာပဲၿဖစ္ၿဖစ္ အမွန္တရား ေပၚမလာေသးခင္ ခ်စ္ေတာ့ လူအုပ္ၾကီးအတုိင္း မုိက္မိုက္ကန္းကန္း လုိက္မယံုေပးနုိင္ဘူး။ ခ်စ္ သူ့ကို ယံုတယ္”

ခ်ဴဖုန္း ေထာက္ခံလာပါ၏။
“ရွန္းရွန္းကို အတူတူ အားေပးလုိက္ၾကရေအာင္ေနာ္”

က်န္းယန္ရန္ ဟတ္ထိသြားေခ်ေတာ့ၿပီး
ခ်ဴဖုန္းအား ဖက္လိုက္ပါေတာ့၏။
“ခ်ဴဖုန္း၊ ေက်းဇူးပဲ……”

ခ်ဴဖုန္းရဲ့ခႏၶာကိုယ္ေလး ရုတ္ၿခည္းပင္ ေအးစက္သြားရေခ်ေတာ့သည္ -- သူ့ရဲ့မ်က္နွာမွာ လံုး၀အတိ နီၿမန္းေနကာ ေၾကာင္ေၾကာင္အမ္းအမ္း ၿဖင့္ ၿပန္ေၿဖလာပါ၏။ “ဘာ….ဘာလုိ့ ကုိယ့္ကို ေက်းဇူးတင္ေနတာလဲ။ ခ်စ္ရဲ့အိုင္ေဒါက ကိုယ့္ရဲ့အုိင္ေဒါပဲေပါ့”

သူတုိ့သမီးရည္းစားအတြဲေလး ခ်ိဳအီေနသည္ကုိ ေစာင့္ၾကည့္ေနမိေလသည့္ ရီ၀မ္၀မ္။ “…”

အား၊ က်လိက်လိ ၿဖစ္လုိက္တာေနာ္။

အင္ပါရီယာၿမိဳ့ေတာ္က အိမ္၀န္းၾကီးတစ္ခုက ၀င္ေပါက္တြင္ ။

ဟန္ရွန္းယြီနွင့္သူ့မန္ေနဂ်ာတုိ့ ကားထဲမွ ထြက္လာေလသည့္အခုိက္ သတင္းေထာက္တၿပံဳတမၾကီးသည္ ၀ုိင္းအံုလာၾကေတာ့ေလၿပီ။

“ဟန္ရွန္းယြီ၊ မစၥတာ နွင့္ မစၥစ္ ေက်ာက္ရဲ့ စကားေတြက အမွန္ပဲလား။ ရွင္ တကယ္ပဲ သူတို့ရဲ့ ဆယ္နွစ္အရြယ္သမီးေလးကို အဓမၼက်င့္ခဲ့တာ လား”

“ဒီနွစ္ေတြမွာ ေနမေကာင္းတဲ့ ကေလးေလးေတြအတြက္ ရည္ရြယ္ေပးခဲ့ တဲ့ ပရဟိတေတြဆုိတာက ကေလးေတြကို ရွင့္ဆီကို ေရာက္လာေအာင္ လုပ္ၿပီး ရွင့္ရဲ့ အာသီသၿပည့္ေအာင္ လုပ္ဖုိ့ ဆြဲေဆာင္တဲ့နည္းေတြပဲလား ဆုိတာ ေၿဖေပးပါဦး”

“ဟန္ရွန္းယြီ၊ ခင္ဗ်ားက တကယ္ပဲ မုဒိမ္းေကာင္ၾကီးလား။
ခင္ဗ်ားဆီမွာ စိတ္ေရာဂါမ်ားရွိေနသလားခင္ဗ်ာ”

ဟန္ရွန္းယြီသည္ကား အနက္ေရာင္၀တ္စံုၿပည့္ၿဖင့္ ရွိေနပါ၏။ သူ့ရဲ့မ်က္နွာတစ္၀က္ကို ေခါငး္စြပ္ၿဖင့္ ဖံုးကြယ္ထားၿပီး စကားတစ္ခြန္းမွ ေၿပာဆုိလာၿခင္းမရွိ။ သူ တစ္လွမ္း လွမ္းလုိက္ေလတုိင္း သူ့မန္ေနဂ်ာနွင့္ သူ့ေဘာ္ဒီဂတ္တုိ့သည္ ၀ိုင္းကာကြယ္ေပးထားၾကပါ၏။

သူ့ရဲ့မန္ေနဂ်ာမွာ ဟန္ရွန္းယြီရဲ့မ်က္နွာနား ထုိးထုိးေပးလာသည့္ မိုက္ကရိုဖုန္းတုို့ိကုိ သူ့လက္ေမာင္းၿဖင့္ ကာတားေပးေနွရင္းမွ
အသံကို ၿမွင့္ကာ ၿမွင့္ကာ။ “ေက်းဇူးၿပဳၿပီး လမး္ဖယ္ေပးၾကပါ။ အားလံုးပဲ လမး္ဖယ္ေပးၾကပါဦး။ သူ ဘာမွ မလုပ္ထားဘူးဆုိတာကို ဘုရားသိပါတယ္။ အမွန္တရား ထြက္လာၿပီဆိုတာနဲ့ က်ြန္ေတာ္တုိ့ေတြ ေမးခြန္းေတြအားလံုးအတြက္ ေက်နပ္စရာအေၿဖတစ္ခုကို ေပးေပးပါမယ္ခင္ဗ်ာ”

ဒီအခိုက္၊ သတင္းေထာက္ထဲက တစ္ေယာက္သည္ ဓာတ္ပံုၾကီးတစ္ပံု ကို ေဒါသတၾကီး ဆြဲထုတ္ၿပကာ ခက္ခက္ထန္ထန္အသံၿဖင့္ ေအာ္ဟစ္ လာပါ၏။
“သူ ဘာမွ မလုပ္ထားဘူးဆုိတာကို ဘုရားသိတယ္ ဟုတ္လား။ ဒီ္ဓာတ္ပံုေတြကိုေရာ ခင္ဗ်ားတုိ့ ဘယ္လိုရွင္းၿပမလဲ။ ခင္ဗ်ားရဲ့အိပ္ခန္း ထဲမွာ ကေလးေတြတပံုၾကီးပဲ။ ခင္ဗ်ားရဲ့အိပ္ရာေပၚမွာ လွဲေနၾကတယ္။ ခင္ဗ်ားက ကေလးတစ္ေယာက္ထဲကိုပဲ အၾကမး္ဖက္ၿပီး လိင္ပုိင္းဆိုင္ရာ ေစာ္ကားခဲ့တာမဟုတ္ဘဲနဲ့ တၿခားကေလးေတြအမ်ားၾကီးကိုလညး္ အဲ့လုိလုပ္ခဲ့ပါတယ္လုိ့ က်ြန္ေတာ္တုိ့ ေၿပာလုိ့ရမလား။”

အမွန္တြင္ေတာ့၊ သတင္းေထာက္ ဆြဲထုတ္လုိုက္သည့္ ဓာတ္ပံုသည္ကား လ်ိဳ့၀ွက္ဓာတ္ပံုပင္ ဟုတ္မေနပါေခ် -- ကုမၸဏီကုိယ္တုိင္ကပင္ မီဒီယာကုိ ၿဖန့္ခ်ိေပးထားခဲ့သည့္ ပံုၿဖစ္ပါ၏။

          💖💖💖💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

.........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   9
Chapter.          :  1 + 2
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၉၊ အခန်း ၁။ အတုပဲ ဖြစ်ရမယ်

ဟန်ရှန်းယွီ ဆိုသည်မှာ လက်ရှိတွင် ကမ္ဘာ့အင်တာတိန်းမန့်၏ အကျော်ကြားဆုံး၊ ဝင်ငွေအရဆုံး ယောကျာ်းလေးသရုပ်ဆောင် ဖြစ်ချေပြီး ဆယ်ကျော်သက်မိန်းကလေး တွေရဲ့ “အာရှ၏အကျော်ကြားဆုံးသောမင်းသားလေး” ဆိုသည့် ဘွဲ့ထူးပေးအပ်ထားခြင်းကို ခံထားရခြင်း ဖြစ်ပါ၏။

သူ့ရဲ့ ကြည့်ကောင်းလွန်းတဲ့ ရုပ်ရည်၊ ခပ်အေးအေးကိုယ်ကျင့်စရိုက် တို့ကြောင့် သူ့ရဲ့ပထမဆုံးလူထုမိတ်ဆက်ပွဲလုပ်ပြီဆိုကတည်းက များစွာသောနှလုံးသားတို့ကို ခိုးယူထားနိုင်ခဲ့သူ ဖြစ်ကာ အရာရာသည် အလွန်တရာချောချောမွေ့မွေ့ဖြင့် ဟစ်တိုင်ကြီးတစ်ခုပင် ဖြစ်လာခဲ့သူပါ တည်း။ သူသည်ကား အင်ပါယာစကိုင်းမှ အဟော့ဆုံးဆိုသည့် သရုပ်ဆောင် လင်းရှောင်ကျဲ့ ထက်ပင် ပိုကျော်ကြားအောင်မြင်လာခဲ့ သူပါတည်း။

သူတို့နှစ်ဦးသည်ကား အကြမ်းဖျင်းအားဖြင့်ဆိုရသော် သက်တူရွယ်တူ ဝန်းကျင်လောက် ရှိနေသည်မို့ သူုတို့ရဲ့အနေအထားမှာ အလွန်တရာပင် နီးကပ်လို့နေပြီး သူတို့သည် အကြီးစားပြိုင်ဘက်တွေ ဖြစ်ကြလေသည်။

သိပ်မကြာသေးခင်က၊ ဟန်ရှန်းယွီသည် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ ထားခဲ့ကြသည့် ရုပ်ရှင်ထုတ်လုပ်ရေးကြီးတစ်ခုကို လက်ခံလိုက်ရလေ သည်။ ဟောလီးဝုဒ်ရဲ့ စပယ်ရှယ်ရုပ်သံတည်းဖြတ်အသင်းအဖွဲ့နှင့် ထိပ်တန်းကြယ်ပွင့်တွေ ပါဝင်ပေါ်ထွက်လာမှုနဲ့ဆိုလျှင် ဒါသည် ရုံတင်ပြသလိုက်ပြီဆိုသည်နှင့် သေချာပေါက်ကို ပေါက်မြောက်သွားပြီး သူ့အား နယ်ပယ်တွင် နောက်ထပ်အမြင့်ဆုံးနေရာကို ရောက်သွားစေနိုင် လိမ့်မည်ပင်။ ဒီလိုမျိုး အရေးကြီးအခြေအနေမျိုးမှာ သူ့ဆီမှာ ဒီလိုမျိုး ဖြစ်လာလိမ့်မည်ဟုတော့ ဘယ်သူသိပါလိမ့်မည်နည်း။

ဟန်ရှန်းယွီရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ပျက်စီးသွားပြီဆိုလျှင် သူ့လက်ထဲမှာရှိနေသည့် ရုပ်ရှင်ဇာတ်လမ်းတွေအားလုံး သေချာပေါက် လင်းရှောင်ကျဲ့ဆီ ရောက်သွားကုန်ပေလိမ့်မည်။ သူပိုင်ဆိုင်ထားခဲ့သည့် နောက်ခံငွေကြေးပံ့ပိုးပေးသူတို့ပါ အပါအဝင်ပါတည်း -- သူတို့တွေ သည်ကား ပိုက်ဆံတွေခွဲယူကာ ထွက်သွားကြပေလိမ့်မည်။

ကျန်းယန်ရန် ငိုကြွေးလာပါ၏။
“ပြိုင်ဘက်ကုမ္ပဏီမှာ တာဝန်ရှိတယ်။ သူတို့တွေ
ရှန်းရှန်းကို တမင်သက်သက် ချောက်ချနေကြတာပဲ”

နူးညံ့ပျော့ပျောင်းစွာ ဆိုလာပါသည့် ချူဖုန်း။
“ဒါပေမယ့် ကောင်မလေးနဲ့ သူမမိဘတွေရဲ့
မျက်မြင်သက်သေတွေက ရှိနေသေးတယ်…..”

ချက်ချင်းဆိုသလိုပင် ရီဝမ်ဝမ်ရဲ့ရင်ခွင်ထဲကနေ မော့ကြည့်လာကာ သူ့အား စိုက်ကြည့်လိုက်ပါတော့သည် ကျန်းယန်ရန်။  “မျက်မြင်သက်သေတွေ ရှိနေတော့ရော ဘာဖြစ်လဲ။
သူတို့ကရော ညာနေကြတာ မဖြစ်နိုင်ဘူးလား”

ချူဖုန်းရဲ့အသံသည်ကား တိုးဝင်ပျောက်ကွယ်လို့လာချေပြီ။ “ဒါပေမယ့်လည်း အဲ့ကလေးရဲ့ကိုယ်ထဲမှာ အိပ်ဆေးတွေ တွေ့ထားတယ်လေ….”

ကျန်းယန်ရန်ရဲ့ မျက်ဝန်းတို့သည်ကား မီးတောက်တော့မည့်ပမာ ဖြစ်လို့နေချေပြီ။ “ဒါလောက်နဲ့ ငါ့ယောကျာ်းက သူမကို အိပ်ဆေးခတ်ခဲ့ ပါတယ်လို့ သက်သေပြလို့မရနိုင်သေးဘူး။ တခြားသက်သေ ရှိလို့လား။ ဘယ်သူက အဲဒါကို မျက်မြင်တွေ့ခဲ့တာ ရှိသလဲ”

ချူဖုန်း၊ ချက်ချင်းပင် အဆက်မပြတ်အတီးခံထားရလေသည့်
ဗုံပမာ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလာချေတော့ပြီ။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒါ အတုပဲ ဖြစ်ရမယ်။ ချစ်လေးရဲ့ယောက်ျားက အရမ်းကို နွေးထွေးတတ်ပြီးတော့ ပရဟိတထက်သန်တာ။ သူက ကလေးလေးတွေအပေါ်မှာတောင်မှ အရမ်းဖော်ဖော်ရွေရွေရှိတဲ့ဟာ ဒိလိုဟာမျိုး သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး”

ကျန်းယန်ရန်နှင့်ချူဖုန်း၏ အသေးစားရန်ဖြစ်နေကြတာကို ကြားနေရသည့်အခါ ရီဝမ်ဝမ် ရယ်ချမိတော့လေပြီ။

တကယ်တော့ ကျန်းယန်ရန် ခုနက ပြောသွားတာတွေက လုံးဝကို မမှားဘူး။ အဲဒီဖြစ်ရပ်ကြီးတစ်ခုလုံးက အရမ်းကို ညစ်တီးညစ်ပတ် ထောင်ချောက်ဆင်ထားတာကြီးနဲ့ ပိုတူတယ်။

ပိုက်ဆံတွေ မြောက်မြားစွာကို ညှစ်ယူနိုင်စေဖို့ရာအတွက် မိန်းကလေး ငယ်လေး၏မိဘတွေသည် ကလေးငယ်လေးအား ဆေးတွေပေးထား ကာ ဟန်ရှန်းယွီသည် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ပါသည်ဟုပင် မုသား ထွက်ဆိုရန် သင်ကြားပေးခဲ့ပြီး ဟန်ရှန်းယွီအား ချောက်ချနေခြင်းပါ တည်း။

သူမ၏အတိတ်ဘဝတုန်းက မိန်းကလေးမိဘတွေ ဆင်ခဲ့သည့် ထောင်ချောက်သည် သိပ်မကြီးမားပါသော်ငြား ထိုထောင်ချောက်ကို ဖြည်ဖို့ရာ သက်သေရှိမနေခဲ့ခြင်းကြောင့် ဟန်ရှန်းယွီသည် ထိုရန်စမှုကို မဖြေရှင်းနိုင်ခဲ့လေပြီ။ သို့သော် ဒီလိုအမှုဖြစ်ရပ်မျိုးနှင့် မိဘတွေသည် အမှန်တကယ်သာ ကိစ္စကို ဆက်ချဲ့နေမည်ဆိုပါက ရလဒ်သည်ကား မတွေးဝံ့စရာ ဖြစ်သွားပေလိမ့်မည်။ အဆိုးဆုံးသည်က ဒါသည် နှစ်ပေါင်းများစွာကြာအောင်ကို သူ့အား ဆွဲချပစ်နေလိမ့်မည်ပင်။

လူထုအမြင်နှင့် ဖိအားတို့ကြောင့် တရားရုံးသည်လည်း သိသိသာသာကို ဘက်လိုက်ပေးလိုက်ရကာ ကုမ္ပဏီသည် ကြယ်ပွင့်လေးအတွက် ဒီကိစ္စကို တရားရုံးလက်ကနေ လွတ်စေဖို့ရာ စီစဉ်ပေးခဲ့ပါ၏။

သို့သော်၊ နှစ်အနည်းငယ်ကြာပြီးသည့်နောက်၊ ကလေးမလေးမှာ ကိုယ့်ကိုယ်ကို အပြစ်ရှိသယောင် ခံစားလာခဲ့ရလေဟန် တူသည်။ သူမလေးသည် အမှန်တရားကို ထုတ်ပြောလာပြီး နောက်ဆုံးတွင် ဟန်ရှန်းယွီရဲ့ အရိပ်မည်းကြီးကို ရှင်းလင်းပေးလိုက်ခဲ့ပါ၏။

သို့သော်ငြား။ ဒီအမှုကိစ္စကြောင့် သူ့၏အသက်မွေးဝမ်းကြောင်းအလုပ် မှာ ဇောက်ထိုးကျသွားပြီးနှင့်နေပြီဖြစ်လေရာ၊ တောက်ပနေခဲ့သည့် ကြယ်ပွင့်လေးတစ်လက်သည် ဒီလိုမျိုး ထိုးကျသွားနှင့်ပြီးနေလေချေ ပြီ……

ဟန်ရှန်းယွီသည် ပြိုင်ဘက်ကုမ္ပဏီမှ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပါသော်လည်း ရီဝမ်ဝမ်၏ သူ့အပေါ်အမြင်သည်ကား
အရမ်းကြီး မဆိုးလှပါချေ။ ရုပ်ရည်ချောမောပြီး သရုပ်ဆောင်လည်း ကောင်းလှသည့် နာမည်ကြီး တက်သစ်စတစ်လက်ကို ရှာတွေ့ဖို့ ဆိုသည်မှာ ရှားလှသည်တည်းမို့ -- သူမအဖေကိုယ်၌သည်ပင်
သူ့အား ချီးမွမ်းထားခဲ့ဖူးပါ၏။

တကယ်တွင်တော့ သူမသည် ဒီကိစ္စဖြစ်မလာခင်က သူ့အား သတိပေးဖို့ရာ တွေးဆမိခဲ့ဖူးပါ၏။ သို့သော်လည်း အဲဒါသည်
အရမ်းကြီးသဘာဝမဆန်လွန်းဘူးဟု တွေးမိသွားခဲ့သည်ကြောင့်သာ။ ပြီးတော့လည်း သူမသည် အနာဂတ်ကနေ ပြန်လည်လာသူဖြစ်တာ ကြောင့်သာလျှင် ဒီကိစ္စကို သိနေခဲ့ခြင်းဖြစ်လေသည်တည်း မဟုတ်ပါ လော။ တခြားသူတွေသည် ဒီအကြောင်းကို မသိထားခဲ့ကြဘူးဆိုမှ တော့ သူမအနေဖြင့် သူ့အား အမှန်တကယ် သတိပေးလိုက်မိမည်ဆိုမှ သာလျှင် အဲဒါသည် ပိုလို့မသကာၤစရာ ဖြစ်သွားပေရော့မည်။

ကျန်းယန်ရန် တုန်လှုပ်ထိတ်လန့်စွာဖြင့်။ “ငါတို့တွေ ဘာလုပ်ကြမလဲ ဟင်။ လူတွေအများကြီးက အဲဒီကောင်မလေးနဲ့ သူမမိဘတွေ ပြော ကြတာကို ယုံနေကြတယ်။ ရှန်းရှန်းက ပရဟိတကို ဗန်းပြပြီးတော့ ကလေးငယ်လေးတွေကို လက်ယတ်ခေါ်ပြီး လိုက်အဓမ္မ ကျင့်နေတာ ပါလို့တောင်မှ သူတို့တွေ ပြောနေကြတယ်။ သူတို့တွေ ဘယ်လိုလုပ်ပြီး တော့ ဒီလောက်စော်စော်ကားကား ပြောရက်ရဲကြတာလဲ။ အရမ်းကို လွန်တယ်”

         💖💖💖💖💖💖💖💖💖💖💖💖

စာစဉ် ၉၊ အခန်း ၂။ လမ်းဖယ်ပေးကြပါ

ရီဝမ်ဝမ်၊ ဝဘ်ဆိုက်ပေါ်က ကွန်မန့်တွေကို ဖတ်ကြည့်လိုက်သည်နှင့်၊ မြင်လိုက်မိသည်ကား၊ လူအများစုသည် ဒါ အမှန်လား၊ အမှားလား ဆိုသည်ကို မေးခွန်းထုတ်ထားခြင်းမရှိကြဘူးဆိုသည်ကို။ သူတို့တွေအားလုံးသည် သူ့အား ကျိန်ဆဲနေကြပြီး သူ့အား အယုတ်တမာကောင်ဟုသာ ဆဲဆိုထားကြရင်း။
အနုပညာ နယ်ပယ်ကြီးတစ်ခုလုံး ရှုပ်ထွေးလို့နေလေသည်။ အင်ပါရီယာစကိုင်းသည် သေချာပေါက်ကို ဒီအခွင့်အရေးကို အသုံးချကာ သူ့ကို ချေမှုန်းပစ်ဖို့ လုပ်ကြပေလိမ့်မည်။

နာရီပိုင်းလေးအတွင်းမှာပင်၊ သတင်းသည် ခေါင်းကြီးပိုင်းနေရာကို ရောက်သွားချေတော့ပြီး အနုပညာဝဘ်ဆိုက်တွေရဲ့ အဟော့ဆုံး သတင်းခေါင်းစဉ်တွေ ဖြစ်သွားခဲ့ကြချေပြီ။

ရီဝမ်ဝမ် သက်ပြင်းချလိုက်မိတော့ပြီး။
“တခြားတဖက်က သူ့ဆီကနေ ပိုက်ဆံတွေအများကြီးချူနိုင်ဖို့အတွက် ညာပြောနေခဲ့တာပါလို့ ဝန်ခံမလာဘူးဆိုရင် ၊ အဲဒါဆိုရင်တော့….”

ကျန်းယန်ရန် ဖျော့တော့လို့သွားတော့ချေပြီ။ “သူတု့ိရဲ့တကယ့်ရည်ရွယ်ချက်ကိုက သူ့ကို ချောက်ချဖို့ပဲဆိုရင်
ဘာလို့ သူတို့တွေ ဝန်ခံလာကြပါ့မလဲ”

အမှန်ပဲ။ ဒါကမှ တကယ့်ပြသနာအရင်းအမြစ်ပဲ။

တခြားတဖက်ကို အမှန်ကို ထုတ်ပြောလာအောင်
နင် ဘယ်လိုလုပ်မလဲ။

မိန်းကလေးငယ်လေးရဲ့ အမှန်ကို ထုတ်ပြောလာတဲ့အထိသာ သူမ နှစ်နည်းနည်းလောက် စောင့်နေလိုက်မယ်ဆိုရင် အဲဒီအခါကျမှဆို ဘာမှအသုံးဝင်တော့မှာမဟုတ်ဘူး။

“ကျွန်တော်တို့တွေ သူတို့ကို နည်းနည်းလောက်ခြောက်လှန့်ပေး လိုက်ပြီး ရက်ရက်စက်စက် လုပ်ပြပေးလိုက်ရင်ကော။ သုူုတို့ကို အတင်းအမှန်ကို ပြောခိုင်းလိုက်ကြမယ်လေ”
ချူဖုန်း အကြံပြုလာခြင်းပါတည်း။

ရီဝမ်ဝမ်၊ သူမခေါင်းလေးကို ခါယမ်းပြလိုက်ပါ၏။
“အခုက ဟန်ရှန်းယွီက အကျိန်ဆဲခံနေရတဲ့သူ -- သူ ဘယ်လိုလုပ်ပြီး တော့ အဲ့လိုဗျူဟာမျိုး သုံးလို့ဖြစ်ပါ့မလဲ။ ပြီးတော့လဲ၊ အင်ပါယာစကိုင်း က ကမ္ဘာကို မျက်စိဒေါက်ထောက်ကြည့်ပြီး အမှားရှာနေတဲ့အချိန်။ ဟန်ရှန်းယွီ ဒီလိုအကြမ်းဖက်တာကို သူတို့တွေ တွေ့သွားမယ်ဆိုလို့ ကတော့ သူ့မှာ မျှော်လင့်ချက်ကို ရှိတော့မှာမဟုတ်ဘူး”

တကယ်တွင်တော့၊ သူမ၏အတိတ်ဘဝတွင် ဒီဖြစ်ရပ်မျိုး ဖြစ်လာခဲ့စဉ်တုန်းက ဒီပြသနာကို သူမလေး နက်နက်နဲနဲ စဉ်းစားတွေးတောခဲ့ဖူးပါ၏။ ပြီးတော့ အဲဒါအတွက် အဖြေကိုပါ ရှာတွေ့ထားခဲ့ပါ၏။

သို့သော်၊ သုူ့မရဲ့အရည်အချင်းကို သိုဝှက်ထားရမည်ဖြစ်လေသည် တည်းမို့ လုံးဝအတိ သူစိမ်းတစ်ယောက်အနေနဲ့ သူ့အား ကူညီဖို့ ဆိုသည်မှာ လုံးဝကို မဖြစ်နိုင်ခဲ့ခြင်းပါတည်း။

ချူဖုန်း၊ အဲဒီအကြောင်းကို တွေးတောကြည့်လိုက်ပြီး မှန်းမှန်းဆဆဖြင့်။
“ပြောကြတာကတော့ သူတော်ကောင်း နတ်ကောင်းမပါတယ်တဲ့။ တစ်နေ့ကျရင် အဖြစ်မှန် ပေါ်လာလောက်ပါတယ်လေနော်”

ကျန်းယန်ရန် အသည်းကွဲစွာဖြင့် ခေါင်းညိတ်ပြလိုက်ချေပြီး။ “အဲ့လိုဖြစ်လာပါစေလို့ပဲ မျှော်လင့်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် အမှန်တရား ပေါ်မလာသေးခင် ချစ်တော့ လူအုပ်ကြီးအတိုင်း မိုက်မိုက်ကန်းကန်း လိုက်မယုံပေးနိုင်ဘူး။ ချစ် သူ့ကို ယုံတယ်”

ချူဖုန်း ထောက်ခံလာပါ၏။
“ရှန်းရှန်းကို အတူတူ အားပေးလိုက်ကြရအောင်နော်”

ကျန်းယန်ရန် ဟတ်ထိသွားချေတော့ပြီး
ချူဖုန်းအား ဖက်လိုက်ပါတော့၏။
“ချူဖုန်း၊ ကျေးဇူးပဲ……”

ချူဖုန်းရဲ့ခန္ဓာကိုယ်လေး ရုတ်ခြည်းပင် အေးစက်သွားရချေတော့သည် -- သူ့ရဲ့မျက်နှာမှာ လုံးဝအတိ နီမြန်းနေကာ ကြောင်ကြောင်အမ်းအမ်း ဖြင့် ပြန်ဖြေလာပါ၏။ “ဘာ….ဘာလို့ ကိုယ့်ကို ကျေးဇူးတင်နေတာလဲ။ ချစ်ရဲ့အိုင်ဒေါက ကိုယ့်ရဲ့အိုင်ဒေါပဲပေါ့”

သူတို့သမီးရည်းစားအတွဲလေး ချိုအီနေသည်ကို စောင့်ကြည့်နေမိလေသည့် ရီဝမ်ဝမ်။ “…”

အား၊ ကျလိကျလိ ဖြစ်လိုက်တာနော်။

အင်ပါရီယာမြို့တော်က အိမ်ဝန်းကြီးတစ်ခုက ဝင်ပေါက်တွင် ။

ဟန်ရှန်းယွီနှင့်သူ့မန်နေဂျာတို့ ကားထဲမှ ထွက်လာလေသည့်အခိုက် သတင်းထောက်တပြုံတမကြီးသည် ဝိုင်းအုံလာကြတော့လေပြီ။

“ဟန်ရှန်းယွီ၊ မစ္စတာ နှင့် မစ္စစ် ကျောက်ရဲ့ စကားတွေက အမှန်ပဲလား။ ရှင် တကယ်ပဲ သူတို့ရဲ့ ဆယ်နှစ်အရွယ်သမီးလေးကို အဓမ္မကျင့်ခဲ့တာ လား”

“ဒီနှစ်တွေမှာ နေမကောင်းတဲ့ ကလေးလေးတွေအတွက် ရည်ရွယ်ပေးခဲ့ တဲ့ ပရဟိတတွေဆိုတာက ကလေးတွေကို ရှင့်ဆီကို ရောက်လာအောင် လုပ်ပြီး ရှင့်ရဲ့ အာသီသပြည့်အောင် လုပ်ဖို့ ဆွဲဆောင်တဲ့နည်းတွေပဲလား ဆိုတာ ဖြေပေးပါဦး”

“ဟန်ရှန်းယွီ၊ ခင်ဗျားက တကယ်ပဲ မုဒိမ်းကောင်ကြီးလား။
ခင်ဗျားဆီမှာ စိတ်ရောဂါများရှိနေသလားခင်ဗျာ”

ဟန်ရှန်းယွီသည်ကား အနက်ရောင်ဝတ်စုံပြည့်ဖြင့် ရှိနေပါ၏။ သူ့ရဲ့မျက်နှာတစ်ဝက်ကို ခေါင်းစွပ်ဖြင့် ဖုံးကွယ်ထားပြီး စကားတစ်ခွန်းမှ ပြောဆိုလာခြင်းမရှိ။ သူ တစ်လှမ်း လှမ်းလိုက်လေတိုင်း သူ့မန်နေဂျာနှင့် သူ့ဘော်ဒီဂတ်တို့သည် ဝိုင်းကာကွယ်ပေးထားကြပါ၏။

သူ့ရဲ့မန်နေဂျာမှာ ဟန်ရှန်းယွီရဲ့မျက်နှာနား ထိုးထိုးပေးလာသည့် မိုက်ကရိုဖုန်းတို့ိကို သူ့လက်မောင်းဖြင့် ကာတားပေးနှေရင်းမှ
အသံကို မြှင့်ကာ မြှင့်ကာ။ “ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ။ အားလုံးပဲ လမ်းဖယ်ပေးကြပါဦး။ သူ ဘာမှ မလုပ်ထားဘူးဆိုတာကို ဘုရားသိပါတယ်။ အမှန်တရား ထွက်လာပြီဆိုတာနဲ့ ကျွန်တော်တို့တွေ မေးခွန်းတွေအားလုံးအတွက် ကျေနပ်စရာအဖြေတစ်ခုကို ပေးပေးပါမယ်ခင်ဗျာ”

ဒီအခိုက်၊ သတင်းထောက်ထဲက တစ်ယောက်သည် ဓာတ်ပုံကြီးတစ်ပုံ ကို ဒေါသတကြီး ဆွဲထုတ်ပြကာ ခက်ခက်ထန်ထန်အသံဖြင့် အော်ဟစ် လာပါ၏။
“သူ ဘာမှ မလုပ်ထားဘူးဆိုတာကို ဘုရားသိတယ် ဟုတ်လား။ ဒီ်ဓာတ်ပုံတွေကိုရော ခင်ဗျားတို့ ဘယ်လိုရှင်းပြမလဲ။ ခင်ဗျားရဲ့အိပ်ခန်း ထဲမှာ ကလေးတွေတပုံကြီးပဲ။ ခင်ဗျားရဲ့အိပ်ရာပေါ်မှာ လှဲနေကြတယ်။ ခင်ဗျားက ကလေးတစ်ယောက်ထဲကိုပဲ အကြမ်းဖက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာမဟုတ်ဘဲနဲ့ တခြားကလေးတွေအများကြီးကိုလည်း အဲ့လိုလုပ်ခဲ့ပါတယ်လို့ ကျွန်တော်တို့ ပြောလို့ရမလား။”

အမှန်တွင်တော့၊ သတင်းထောက် ဆွဲထုတ်လိုက်သည့် ဓာတ်ပုံသည်ကား လျို့ဝှက်ဓာတ်ပုံပင် ဟုတ်မနေပါချေ -- ကုမ္ပဏီကိုယ်တိုင်ကပင် မီဒီယာကို ဖြန့်ချိပေးထားခဲ့သည့် ပုံဖြစ်ပါ၏။

          💖💖💖💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Continue Reading

You'll Also Like

39.9K 3.7K 109
စစ်နျန်နျန်ဆိုတဲ့ ကောင်မလေးက သူ့ရည်းစားဖောက်ပြန်တာကို ခံရပြီးနောက် သန်မာလာပြီး သူ့ရည်းစားဟောင်း ချန်ရှန့်ဟောင်ကို လက်စားပြန်ချေမှာလား??,ဒါမဟုတ် အရာရာ...
106K 13.7K 54
႐ိုး႐ိုးေလးနဲ႔ေအးခ်မ္းစြာေနတတ္ေသာ အိုးရန္ေျမာင္ေျမာင္တစ္ေယာက္ အသစ္ေျပာင္းလာေသာ ေက်ာင္းသားသစ္ေလးတစ္ေယာက္ေၾကာင့္ ဘယ္လိုအဆီအေငၚမတည့္ျဖစ္ၿပီး ျပသနာေတြ ျ...
83K 8.2K 16
စာေရးသူ - Mo Ling System: Host, ေကာင္းကင္ေပၚက အဲ့ဒါႀကီးက ဘာႀကီးလဲ... Shi Sheng: စၾကဝဠာကူး အာကာသယာဥ္ System: ဒါက ထြက္ရပ္ေပါက္ေအာင္ က်င့္တဲ့ ေခတ္ႀကီး...
1.4K 304 24
ℍ𝔼 𝕀𝕊 𝕄𝕐 ℙ𝔸𝕊𝕋 𝔹𝕌𝕋 ℕ𝕆𝕋 ℍ𝔼 @A_Hlyan_Satt - It's My OwnCreation Chanbaek Fiction လွတ်လပ်စွာချည်နှောင်လိုက်ပါ အပြစ်ကြွေးရှိရင်လဲ ငါဆပ်ပါ...