ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

1.3M 135K 2K

စာစဥ္ ၆ မွ စျပီး ဖတ္႐ႈႏိုင္ပါသည္ စာစဉ် ၆ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၆ ( ၁ )
စာစဥ္ ၆ ( ၂ )
စာစဥ္ ၆ ( ၃ + ၄ + ၅ + ၆ )
စာစဥ္ ၆ ( ၇ )
စာစဥ္ ၆ ( ၈ )
စာစဥ္ ၆ ( ၉ )
စာစဥ္ ၆ ( ၁၀ )
စာစဥ္ ၆ ( ၁၁ )
စာစဥ္ ၆ ( ၁၂ )
စာစဥ္ ၆ ( ၁၃ )
စာစဥ္ ၆ ( ၁၄ )
စာစဥ္ ၆ (၁၅ +၁၆ +၁၇+၁၈+၁၉+၂၀)
စာစဥ္ ၆ ( ၂၁ + ၂၂ + ၂၃ )
စာစဥ္ ၇ ( ၁ + ၂ + ၃ + ၄ + ၅ )
စာစဥ္ ၇ ( ၆ + ၇ + ၈ + ၉ + ၁၀)
စာစဥ္ ၇ (11+12+13+14+15)
စာစဥ္ ၇ (၁၆+၁၇+၁၈+၁၉+၂၀)
စာစဥ္ ၇ ( ၂၁ + ၂၂ )
စာစဥ္ ၈ ( ၁ + ၂ + ၃ + ၄ + ၅ + ၆ + ၇ + ၈ + ၉ + ၁၀ )
စာစဥ္ ၈ ( ၁၁ + ၁၂ )
စာစဥ္ ၈ ( ၁၃ + ၁၄ )
စာစဥ္ ၈ ( ၁၅ + ၁၆ )
စာစဥ္ ၈ ( ၁၉ + ၂၀ )
စာစဥ္ ၈ ( ၂၁ + ၂၂ )
စာစဥ္ ၉ ( ၁ + ၂)
စာစဥ္ ၉ ( ၃ + ၄ )
စာစဥ္ ၉ ( ၅ + ၆ )
စာစဥ္ ၉ ( ၇ + ၈ )
စာစဥ္ ၉ ( ၉ + ၁၀ )
စာစဥ္ ၉ ( ၁၁ + ၁၂ )
စာစဥ္ ၉ ( ၁၃ + ၁၄ )
စာစဥ္ ၉ ( ၁၅ + ၁၆ )
စာစဥ္ ၉ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁ + ၂ )
စာစဥ္ ၁၀ ( ၃ + ၄ )
စာစဥ္ ၁၀ ( ၅ + ၆ )
စာစဥ္ ၁၀ ( ၇ + ၈ )
စာစဥ္ ၁၀ ( ၉ + ၁၀ )
စာစဥ္ ၁၀ ( ၁၁ + ၁၂ )
စာစဥ္ ၁၀ ( ၁၃ + ၁၄ )
စာစဥ္ ၁၀ ( ၁၅ + ၁၆ )
စာစဥ္ ၁၀ ( ၁၇ + ၁၈ )
စာစဥ္ ၁၀ ( ၁၉ + ၂၀ )
စာစဥ္ ၁၁ ( ၁ + ၂ )
စာစဥ္ ၁၁ ( ၃ + ၄ )
စာစဥ္ ၁၁ ( ၅ + ၆ )
စာစဥ္ ၁၁ ( ၇ + ၈ )
စာစဥ္ ၁၁ ( ၉ + ၁၀ )
စာစဥ္ ၁၁ ( ၁၁ + ၁၂ )
စာစဥ္ ၁၁ ( ၁၃ + ၁၄ )
စာစဥ္ ၁၁ ( ၁၅ + ၁၆ )
စာစဥ္ ၁၁ ( ၁၇ + ၁၈ )
စာစဥ္ ၁၁ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၁ + ၂ )
စာစဥ္ ၁၂ ( ၃ + ၄ )
စာစဥ္ ၁၂ ( ၅ + ၆ )
စာစဥ္ ၁၂ ( ၇ + ၈ )
စာစဥ္ ၁၂ ( ၉ + ၁၀ )
စာစဥ္ ၁၂ ( ၁၁ + ၁၂ )
စာစဥ္ ၁၂ ( ၁၃ + ၁၄ )
စာစဥ္ ၁၂ ( ၁၅ + ၁၆ )
စာစဥ္ ၁၂ ( ၁၇ + ၁၈ )
စာစဥ္ ၁၂ ( ၁၉ + ၂၀ )
စာစဥ္ ၁၂ ( ၂၁ + ၂၂ )
စာစဥ္ ၁၃ ( ၁ + ၂ )
စာစဥ္ ၁၃ ( ၃ + ၄ )
စာစဥ္ ၁၃ ( ၅ + ၆ )
စာစဥ္ ၁၃ ( ၇ + ၈ )
စာစဥ္ ၁၃ ( ၉ + ၁၀ )
စာစဥ္ ၁၃ ( ၁၁ + ၁၂ )
စာစဥ္ ၁၃ ( ၁၃ + ၁၄ )
စာစဥ္ ၁၃ ( ၁၅ + ၁၆ )
စာစဥ္ ၁၃ ( ၁၇ + ၁၈ )
စာစဥ္ ၁၃ ( ၁၉ + ၂၀ )
စာစဥ္ ၁၃ ( ၂၁ + ၂၂ )
စာစဥ္ ၁၄ ( ၁ + ၂ )
စာစဥ္ ၁၄ ( ၃ + ၄ )
စာစဥ္ ၁၄ ( ၅ + ၆ )
စာစဥ္ ၁၄ ( ၇ + ၈ )
စာစဥ္ ၁၄ ( ၉ + ၁၀ )
စာစဥ္ ၁၄ ( ၁၁ + ၁၂ )
စာစဥ္ ၁၄ ( ၁၃ + ၁၄ )
စာစဥ္ ၁၄ ( ၁၅ + ၁၆ )
စာစဥ္ ၁၄ ( ၁၇ + ၁၈ )
စာစဥ္ ၁၄ ( ၁၉ + ၂၀ )
စာစဥ္ ၁၄ ( ၂၁ + ၂၂ )
စာစဥ္ ၁၅ ( ၁ + ၂ )
စာစဥ္ ၁၅ ( ၃ + ၄ )
စာစဥ္ ၁၅ ( ၅ + ၆ )
စာစဥ္ ၁၅ ( ၇ + ၈ )
စာစဥ္ ၁၅ ( ၉ + ၁၀ )
စာစဥ္ ၁၅ ( ၁၁ + ၁၂ )
စာစဥ္ ၁၅ ( ၁၃ + ၁၄ )
စာစဥ္ ၁၅ ( ၁၅ + ၁၆ )
စာစဥ္ ၁၅ ( ၁၇ + ၁၈ )
စာစဥ္ ၁၅ ( ၁၉ + ၂၀ )
စာစဥ္ ၁၅ ( ၂၁ + ၂၂ )
စာစဥ္ ၁၆ ( ၁ + ၂ )
စာစဥ္ ၁၆ ( ၃ + ၄ )
စာစဥ္ ၁၆ ( ၅ + ၆ )
စာစဥ္ ၁၆ ( ၇ + ၈ )
စာစဥ္ ၁၆ ( ၉ + ၁၀ )
စာစဥ္ ၁၆ ( ၁၁ + ၁၂ )
စာစဥ္ ၁၆ ( ၁၃ + ၁၄ )
စာစဥ္ ၁၆ ( ၁၅ + ၁၆ )
စာစဥ္ ၁၆ ( ၁၇ + ၁၈ )
စာစဥ္ ၁၆ ( ၁၉ + ၂၀ )
စာစဥ္ ၁၆ ( ၂၁ + ၂၂ )
စာစဥ္ ၁၇ ( ၁ + ၂ )
စာစဥ္ ၁၇ ( ၃ + ၄ )
စာစဥ္ ၁၇ (၅ + ၆)
စာစဥ္ ၁၇ ( ၇ + ၈ )
စာစဥ္ ၁၇ ( ၉ + ၁၀ )
စာစဥ္ ၁၇ ( ၁၁ + ၁၂ )
စာစဥ္ ၁၇ ( ၁၃ + ၁၄ )
စာစဥ္ ၁၇ ( ၁၅ + ၁၆ )
စာစဥ္ ၁၇ ( ၁၇ + ၁၈ )
စာစဥ္ ၁၇ ( ၁၉ + ၂၀ )
စာစဥ္ ၁၇ ( ၂၁ + ၂၂ )
Announcement

စာစဥ္ ၈ ( ၁၇ + ၁၈ )

11.6K 1K 28
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  8
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၈၊ အခန္း ၁၇။ က်ြန္မ ရွင့္ကို အခ်စ္ဆံုးပဲ

ၿပသနာေမြွဖု့ိရာ ဆံုးၿဖတ္ထားပါေသာ္ၿငား စကားပင္ တုိးမေပါက္သည္ကို စိတ္ပ်က္လုိ့ေနေလမိသည့္ စီရွား။ ရီ၀မ္၀မ္ ေၿပာသည္ကို ၾကားလိုက္ သည္နွင့္ သေဘာတူဟန္ၿဖင့္ အထပ္ထပ္အခါခါ ေခါင္းညိတ္ၿပလုိက္ ပါေတာ့၏ ။ “ဟုတ္တယ္၊ ဟုတ္တယ္။ မင္း ေတြ့လား။ သူက သိပ္ကို စိတ္ညစ္ဖုိ့ေကာငး္တာပဲ။ မငး္ကို ဟုိဟာမလုပ္ရ၊ ဒီဟာမလုပ္ရနဲ့ လုိက္လုိ္က္ၿပီးေတာ့  ခ်ဳပ္ခ်ယ္ေနတာ။ သူ့ထက္ပုိၿပီးေတာ့ စိတ္ညစ္စရာေကာငး္တဲ့သူကို ဘယ္သူမွမရွိေသးဘူး”

စီရီဟန္၊ ထူးေဖာက္ေတာ့မတတ္ ေအးစက္လွသည့္ မ်က္၀န္းတစ္စံုနွင့္ စီရွားဆီ လွည့္ၾကည့္လုိက္ေလရာ။

“အၿမဲတမ္းကိုပဲ ဒီလုိ…..” စီရွား၊ ထိုမ်က္၀န္းတုိ့ၿဖင့္ အစိုက္ၾကည့္ခံလုိက္ရၿခင္းေၾကာင့္ ဆက္ေၿပာေနရင္းကေန သုူ့ရဲ့အသံမွာ တိိမ္၀င္ေပ်ာက္ကြယ္လုိ့ သြားရေတာ့ေခ်ၿပီ။

ထူးဆန္းၿပီး ေသေလာက္ေအာင္ ဆိတ္ၿငိမ္ေနမႈသည္
ေလထုၾကီးကို ၿဖည့္စြမး္လို႔ေနလ်က္။

အခ်ိန္တစ္ခုေလာက္ ကုန္လြန္လာၿပီးသည့္ေနာက္၊ ေနာက္ဆံုးတြင္ စီရီဟန္၊ စကားေၿပာလာေတာ့ေလၿပီ။ “ဒီေန့ကစၿပီး ကုိယ္ မငး္ကုိ လြတ္လြတ္လပ္လပ္ သြားခြင့္ေပးလုိ့္ ရတယ္။ မင္းရဲ့လြတ္လပ္ပိုင္ခြင့္ကို မကန့္သတ္ထားဘဲ မင္းလုပ္ခ်င္တာလုပ္ခြင့္ ေပးလုိ့ရတယ္။ မင္း ကို ၀င္မစြက္ဘူး မငး္ စိတ္ၾကိဳက္လုပ္ခ်င္တာလုပ္ခြင့္ ေပးလုိ့ရတယ္။ ဒီနွစ္ခုသာ မၿဖစ္ခဲ့ရင္….”

ေနာက္ဆံုးစကားလံုးသံုးလံုးကို ၾကားလုိက္ရသည့္အခ်ိန္၊ ရီ၀မ္၀မ္၊ မယုံမၾကည္ ၿဖစ္သြားရေတာ့ေခ်ၿပီ။ သုူမေလး စိတ္အားထက္သန္စြာၿဖင့္ လက္သီးဆုပ္ထားလုိက္ေခ်ေတာ့ၿပီး။ “ဘယ္နွစ္ခုလဲ”

စီရီဟန္။ “ပထမ၊ မင္း ကိုယ့္ကုိ စိတ္ပါလက္ပါ ေတာင္းပန္ရမယ္”

ေလးေလးနက္နက္ေတြးေတာလုိက္ၿပီးသည့္ေနာက္၊ စိတ္အားထက္သန္စြာၿဖင့္ ေၿပာဆုိလာပါသည့္ ရီ၀မ္၀မ္။
“ဒါဆို က်ြန္မလမး္မွာ ပိတ္မရပ္ေတာ့ဖို့ ရွင္ ကတိေပးလား”

စီရီဟန္၊ သူမအား တစ္ခ်က္ၾကည့္လုိက္ပါေတာ့၏။
သူမလမး္မွာ ပိတ္မရပ္ဘူးဆုိတာကို အေသခ်ာၾကီး
သူမအား ထုတ္ေဖာ္ၿပသေပးလုိ့ေနလ်က္။ “ကတိေပးတယ္”

ရီ၀မ္၀မ္၊ စီရီဟန္အား သံသယရွိစြာၿဖင့္ ၾကည့္ုလိုက္ေခ်ေတာ့ၿပီး။

စီရီဟန္က ကတိေပးထားၿပီးရင္ ညာတတ္တဲ့ လူမ်ဳိးမဟုတ္ဘူး ။

ဒါေပမယ့္ သူက ဘာကိုဆုိလုိတာလဲ။

သူု ငါ့ကို အထင္ေသးတာလား။ ငါ့စြမး္ငါစနဲ့ ၾကိဳးစားေတာ့မယ္ဆုိရင္
ငါ ၿပသနာေတြ့တာနဲ့ပဲ သူဆီၿပန္လာၿပီးေတာ့ ကူညီေပးပါလုိ့ ေတာင္းေတာင္းပန္ပန္နဲ့ ေၿပာလာရလိမ့္မယ္လုိ့ သူ ေတြးထားတာလား။

“ဒုတိယတစ္ခုကေရာ”
ရီ၀မ္၀မ္ အသက္ ရွဴေအာင့္ကာ ေမးလုိက္္ေတာ့ၿခင္း။

စီရီဟန္။ “ဒုတိယက မင္း နာက်င္ရရင္”

ထုိစကားကို ၾကားလုိက္သည္နွင့္၊ ရီ၀မ္၀မ္
တခနေလာက္ ၿငိမ္သက္သြားမိေတာ့ေလ၏။
“ဒါ….ဘယ္ထိေလာက္ နာက်င္တာလဲ”

စီရီဟန္အတြက္သည္ကား၊ သူမေလးသည္ သူ့၏အဖိုးတန္ဆံုးေသာ ပုိင္ဆိုင္ပစၥည္းၿဖစ္ေလရာ၊ သဘာ၀က်က်ပင္ ဘယ္လုိနညး္နဲ့မွ သူမေလးအား နာက်င္ခြင့္ေပးမွာ မဟုတ္ပါေခ်။

စီရီဟန္၊ ဗလာၿဖင့္ ေၿပာလာေခ်သည္။
“ဒါက ကုိယ္ဆံုးၿဖတ္မယ္”

ရီ၀မ္၀မ္၊ တစ္မ်ိဳးဘာသာ ဆြံ့အသြားမိေတာ့ေခ်ၿပီ ။
“ဒါက အရမး္ၾကီး မမ်ားလြန္းဘူးလား…..ဒါဆို ရွင့္သေဘာအတုိင္းပဲ မဟုတ္ေတာ့ဘူးလား… က်ြန္မကို အေကာင္ေလးတစ္ေကာင္ ကုိက္သြားၿပီး က်ြန္မရဲ့အေရၿပားေလး ပြန့္ပဲ့သြားရင္ေတာင္မွ
ဒါကုိ နာက်င္သြားၿပီလုိ့ ေၿပာလုိ့ရေနၿပီဟာကို”

စီရီဟန္။ “ကိုယ့္စိတ္အေၿခအေနေပၚ မူတည္တယ္”

ေကာင္းၿပီ၊ ေကာင္းၿပီ။ ရွင္က ေဘာ့စ္ပဲ၊ ရွင္ ေၿပာတဲ့အတုိင္းပဲေပါ့…..

ေက်းဇူးတင္စရာေကာင္းစြာၿဖင့္ သူမ၏ေၿမွာက္ေၿပာတတ္သည့္ စေကးနွင့္ ေခ်ာ့ၿမွဴတတ္သည့္ စေကးတုိ့မွာ အေတာ္ေလးကို ေကာငး္ေနေလၿခင္းပင္မို့သာ။

ရီ၀မ္၀မ္၊ သူမရဲ့စိတ္လႈပ္ရွားေနမႈကို ၿမဳိခ်လုိက္ေတာ့ၿပီး.
အသက္ကို ၿပင္းၿပင္းရွဴရိႈက္လုိက္ကာ ေၿပာလုိက္ပါ၏။
“ဒါဆုိ၊ က်ြန္မမွာ အရာရာတုိင္းကို ကိုင္တြယ္နုိင္စြမ္းရွိၿပီးေတာ့ က်ြန္မကိုယ္က်ုြန္မ ကာကြယ္နုိင္တယ္ဆုိတာကုိ သက္ေသၿပ
နုိင္သေရြ့ အဆင္ေၿပတယ္ေပါ့ေနာ္”

စီရီဟန္၊ သုူမေလးအား တားၿမစ္သည့္ အၾကည့္ၿဖင့္ စုိက္ၾကည့္လုိက္ ေခ်ၿပီ။ “မင္း မလုပ္နုိင္ဘူးဆိုတာနဲ့ အားလံုးက အရင္တုိင္း ၿပန္ၿဖစ္သြားလိမ့္မယ္။ မင္းမွာ ေနာက္ထပ္အခြင့္အေရး မရွိဘူး”

ရီ၀မ္၀မ္၊ အံၾကိတ္လုိက္ေခ်ေတာ့ၿပီး။
“ေကာင္းၿပီ၊ သေဘာတူတယ္”

ငါ သခင္ၾကီး ၿဖစ္လာမယ့္ေန့က ေရာက္ကိုေရာက္လာလိမ့္မယ္။

စီရီဟန္၊ အနွီမိန္းမငယ္ေလး၏မ်က္၀န္းေတြထဲမွ ေတာက္ပရြွန္းေ၀ ေနသည့္ ၾကယ္ေရာင္ေလးေတြကို ၾကည့္ေနလ်က္။ “မေလာနဲ့ဦး၊ ကုိယ့္မွာ အခ်က္နည္းနညး္ ရွိေသးတယ္”

“ဘာအခ်က္ေတြလဲ”
ရီ၀မ္၀မ္၊ ဂရုတစိုက္ၿဖင့္ ေမးလုိက္ေလသည္။

ဒီေလာက္ မလြယ္ေလာက္ဘူးဆိုတာ ငါ သိေနသားပဲ။

စီရီဟန္၊ စာရြက္စာတမး္တစ္ခုကို ထုတ္ယူုလို္က္ေတာ့ၿပီး
သူမေလးေရွ့ ပုိ့လုိက္ကာ ေၿပာလာပါ၏။
“ဒီအခ်က္ေတြ ၊ ကုိယ္ ဒီမွာ စာရင္းမွတ္ထားတယ္။
မငး္ ဘယ္အခ်က္ကိုပဲၿဖစ္ၿဖစ္ ေဖာက္ဖ်က္လုိက္တာနဲ့
ကိုယ္အရင္က ေၿပာထားခဲ့သမ်ွတုို့က ၿပက္ၿပယ္သြားလိမ့္မယ္”

ရီ၀မ္၀မ္၊ စာရြက္ကို ေကာက္ယူလုိက္ၿပီး အက်ဥ္းခ်ံုဳးၾကည့္လုိက္ပါ၏။ သေဘာတူညီခ်က္ထဲတြင္ ေဖာ္ၿပထားသည္ကား။
ေဆးလိပ္မေသာက္ရ၊ အရက္မေသာက္ရ၊ ရန္မၿဖစ္ရ၊ အိမ္ကို ညဥ့္နက္မွ ၿပန္မလာရ၊ သူစိမ္းေတြကို စကားမေၿပာရ၊ မက္ေဆ့ခ်္ေတြအားလံုးကို စာၿပန္ရမည္၊ သေရစာ မစားရ၊ ဆန့္က်င္ဘက္ေယာက်ာ္းေလးကို မၾကည့္ရ၊ ပုိေခ်ာတဲ့တစ္ေယာက္ေယာက္ကို မရွာေဖြရ…..

ရွင္ ဒါကို အခ်က္နည္းနညး္ေလးလုိ့ ေခၚတယ္လား။
ဒါေတြက အနညး္ဆံုး ၁၀၀ ေလာက္ကို ရွိေနတဲ့ဟာကို။ ဒီေလာက္အခ်က္ေတြအမ်ားၾကီး သူ ဘယ္လုိလုပ္ၿပီးေတာ့ ထြက္လာတာပါလိမ့္။

သူမ ၿမင္ေနရသည္ကား။ “အရက္မေသာက္ရ” ဆုိသည္ကို အထူးအေလးေပးၿပီး ေရးထားၿခင္းပါတည္း။ ဒီစကားလံုး ၅ လံုးကို ဘာလုိ့မ်ား စကားလံုးအမညး္ၾကီးေတြနဲ့ စာလံုးအၾကီးၾကီး ေရးေပးထားလဲဆုိသည္ကိုေတာ့ သူမ မေသခ်ာပါေခ်။

စာရုိက္တာမွာ တစ္ခုခုမ်ား မွားရုိက္လုိက္မိတာမ်ားလား။
ဒီစကား ၅ လံုးကို သူ ဘာၿဖစ္လုိ့မ်ား စကားလံုးအမညး္ၾကီးနဲ့ စာလံုးအၾကီးၾကီး ေရးေပးထားတာပါလိမ့္။

“ပုိေခ်ာတဲ့တစ္ေယာက္ေယာက္ကို မရွာေဖြရ” ဆိုတာကိုပဲ စကားမညး္ၾကီးနဲ့ အၾကီးၾကီး သူ ေရးထားသင့္တာမဟုတ္ဘူးလား။

ၿပီးေတာ့လည္း၊ ရန္မၿဖစ္ရ ဆိုတာၾကီးက ဘာအဓိပၸာယ္ၾကီးတုန္း။
ငါ့လုိမ်ိဳး အားနြဲ့တဲ့မိန္းကေလးက ရန္ၿဖစ္တတ္တဲ့ပံု ေပါက္ေနလုိ့လား။

သူမရဲ့ မ်က္လံုးတို့ပင္ မႈန္၀ါးသြားရေလာက္ေအာင္ ၊ အခ်က္ေပါင္း ေၿမာက္ၿမားစြာ ရွိေနပါေသာ္လညး္၊ သူမ လြတ္လပ္ခြင့္သာ ရမည္ဆိုလ်ွင္ ဘာမဆို ထုိက္တန္ေနသည့္ပံု ေပါက္လုိ့ေနပါ၏။

အစဦးတြင္ကေတာ့၊ သူမသည္ ေပါက္ကြဲပစ္ဖုိ့ရာ အဆင္သင့္ၿဖစ္ေနပါ ေသာ္ၿငားလညး္၊ ဒီေန့ရလဒ္သည္ကား သူမ ေမွ်ာ္လင့္လုိ့ရတာထက္ပင္ အေကာငး္ဆံုးၿဖစ္လုိ့ေနေခ်သည္ ၿဖစ္ေလရာ။

“ရတာေပါ့၊ ရတာေပ့ါ၊ ရတာေပါ့။ ရွင္ ေၿပာသမွ် အကုန္ၿဖစ္ေစရမယ္။ ရွင္ကသာ အေကာငး္ဆံုး၊ က်ြန္မ ရွင့္ကို အခ်စ္ဆံုးပဲ” ခုနေလးကတင္၊ သူ့ကို ကုိက္လုိက္ပါသည့္ ရီ၀မ္၀မ္၊ သူ့ကို မုန္းပါသည္ဟု ေၿပာခဲ့ပါသည့္ ရီ၀မ္၀မ္၊ ရုတ္တရက္ပင္ သူမ၏သေဘာထားအၿမင္တုိ့ ၁၈၀ ဒီဂရီ ေၿပာင္းလဲသြားေတာ့ေလၿပီ။

ၿပသနာေမြွေနွာက္ဖို့ရာ သူ့ရဲ့တာ၀န္ၾကီးကို ဆုိးဆိုး၀ါး၀ါး ရံႈးနိမ့္သြားခဲ့ ပါသည့္ စီရွား၊ လံုး၀အတိကို ၾကက္ေသေသလုိ့ သြားရေတာ့ေလၿပီ။

ဘာလုိ့လဲ…..

ဘယ္လုိလုပ္ၿပီးေတာ့ ဒီလုိမ်ိဳး အဆံုးသတ္သြားရတာလဲ။

              💖💖💖💖💖💖💖💖💖💖💖

စာစဥ္ ၈၊ အခန္း ၁၈။ ခ်စ္သူရဲ့ စာေမးပြဲ

ေရွာ့ရေနမိသည္မွာ စီရွားသည္သာလ်ွင္ မဟုတ္။
ေဘးနားမွာရပ္ေနသည့္ ရြွီရီသည္ပင္ ေရွာ့ရသြားရၿခင္းပင္။
နွစ္နွစ္လံုးလံုး ရွိခဲ့ၿပီ -- ရီ၀မ္၀မ္ ဘယ္ေလာက္ပဲ ဆိုးဆိုး၀ါး၀ါး ေပါက္ကြဲေဒါသထြက္ေနပါေစ၊ သူမကို သူ ဘယ္တုန္းကမွ လြွတ္ေပးခဲ့ၿခင္း မရွိပါေခ်။ သူမရဲ့လြတ္လပ္မႈသည္ ယခုတြင္ တန္ဖိုးတစ္ခုအေနနဲ့ ေရာက္လာေနပါေသာ္ၿငားလညး္
သခင္ၾကီးသည္ ပုိပုိၿပီး နူးညံ့လာပံုရသည္တည္း။

သူမလိုမ်ိဳး၊ အထက္တန္းေက်ာင္းပင္ မၿပီးေသးသည့္
မိန္းကေလး တစ္ေယာက္၊ အိမ္မွာ သူမရဲ့ဆက္ဆံေရးေတြ ရႈပ္ယွပ္ခတ္လို့ေနေလသည့္ မိန္းကေလးတစ္ေယာက္၊
ၿပီးခဲ့တဲ့ နွစ္နွစ္အတြင္းမွာ အက်ီၤေတြနဲ့အစားအေသာက္ေတြအတြက္ ပူစရာမလုိခဲ့တဲ့ မိန္းမငယ္ေလးတစ္ေယာက္ အၿမဲတမ္း အေရမတြက္ ႏိုင္စြာေသာ အေၿခြအရံမ်ား၊ ေဘာ္ဒီဂတ္မ်ားနွင့္ ေနခဲ့ရသည့္ မိန္းမ ငယ္ေလး -- ဒီလိုရုတ္္တရက္ၾကီး လြွတ္ထားေပးလိုက္ေတာ့မယ္
ဆိုရင္ သူမေလး ဘယ္လိုမ်ားအသက္ရွင္နုိင္ပါလိမ့္မည္နည္း။

သခင္ေလးက ေလာကၾကီးက ဘယ္ေလာက္ခက္ခဲသလဲဆိုတာကို သူမကို ေကာငး္ေကာငး္သိသြားေစခ်င္ၿပီးေတာ့ သူ့ေဘးမွာ စိတ္လုိလက္ရေနေပးလာေစဖို့ုအတြက္ သူ့ရဲ့ဗ်ဴဟာေတြကို ေၿပာငး္လုိက္တာမ်ားလား။

ရုတ္တရက္၊ စီရွား ထရပ္လာေခ်ၿပီ။
“ရီ၀မ္၀မ္၊ မင္း ဦးေနွာက္ ၀က္စားသြားတာလား။
ဒီလုိမမွ်မတ က်ြန္ၿပဳတဲ့အေပးအယူမ်ိဳးကိုမ်ား သေဘာတူခ်င္စိတ္ရွိေနေသးတယ္လား”

ရီ၀မ္၀မ္၊ သူမသည္ သူမ ခက္ခက္ခဲခဲ အေၿခခ်ထားခဲ့ရသည့္
ကိစၥကို စီရွားေနွာင့္လုိဖ်က္ဆီးလုပ္ပစ္မည္ကို စုိးရိမ္သြားမိေတာ့ကာ ခ်က္ခ်င္းဆုိသလိုပင္ သူ့ဆီ အၾကည့္တစ္ခ်က္ ပစ္လြွတ္လုိက္ပါ ေတာ့၏။ “ငါက ငါ့ရဲ့ေဘဘီေလးဆီကို ငါ့ကုိယ့္ငါ ေရာင္းစားရတာကို ခ်စ္လို႔ေပါ့၊ အဲ့ေတာ့ ဘာၿဖစ္သလဲ”

သေတာင္းစား။ ငါ့ကို အၿမဲပဲ ၿပသနာၿဖစ္ေအာင္ လာလာေမြွ
ေပးေနတယ္။ သူ တကယ္ပဲ အရိုက္ခံခ်င္ေနတာပဲ။

စီရီဟန္ ၊ သူမအား ၾကည့္လာပါ၏။ “ဘယ္သူက မင္းေဘဘီလဲ”
ခ်က္ခ်င္းပင္ ခ်ိဳခ်ိဳသာသာေလး ၿပန္ေၿဖလာေလသည့္ ရီ၀မ္၀မ္။ “ေသခ်ာေပါက္ကို က်ြန္မရဲ့ေဘဘီေလးက ရွင္ေပါ့။
ဒါက ခ်စ္သူရညး္စားေတြအတြက္ ေပးထားတဲ့နာမည္ေလးေတြေလ”

“…”
ဒီအခိုက္၊ ဆယ္ေက်ာ္သက္ေကာင္ေလး စိတ္ရႈပ္ေထြးသြားရေတာ့ေခ်ၿပီ။

ၿပသနာေမြွတဲ့ေနရာမွာ ငါ က်ရံႈးသြားခဲ့ရံုတင္မဟုတ္ဘဲနဲ့ သူမရဲ့ အၾကဴဇယားအတြက္ပါ ကူၿပီးေတာ့ အားၿဖည့္ေပးလုိက္ေသး
တယ္လုို့္ ငါ ဘာလို့မ်ား ခံစားေနမိတာပါလိမ့္။

စီရွား၊ သြားၾကိတ္လိုက္မိေခ်ၿပီး ေလးစားခ်င္စရာမေကာငး္သည့္ ခ်စ္သူရညး္စားနွစ္ဦးအား ၾကားၿဖတ္ေၿပာလုိက္ပါေတာ့၏။
“က်ြန္ေတာ္ ေဖာင္ၿဖည့္လုိ့ၿပီးသြားၿပီ။ အခု သြားလုိ့ရၿပီလား”

“ရၿပီ” စီရီဟန္ စိတ္ေကာင္းတုိ့၀င္ေနေခ်သည္မို့ ေနာက္ဆံုး
တြင္ေတာ့ သူ့အား လြွတ္ေပးလိုက္ေတာ့သည္တည့္။

စီရွား၊ ေၿခလွမ္းအနည္းငယ္ေလာက္ လွမ္းထြက္သြားလိုက္ရံုရွိေသး၊ အေရာင္ေတာက္ေတာက္၀တ္ဆင္ထားသည့္ လူတစ္ေယာက္ အိမ္ထဲသုိ့ ၀င္လာေလၿပီ။ “အား၊ စီရွား၊ မငး္လညး္ ဒီကို ေရာက္ေနတာလား။ ဘာၿဖစ္ခဲ့တာလဲ၊ ေကာင္ေလး။
ဘယ္လုိၿဖစ္ၿပီး ဒီပံုေပါက္ေနရတာလဲ”

ဒီအမူအရာသည္ကား အေတာ္ေလးကို ရင္းနွီးလွေခ်သည္….

စီရွား၊ သူနဲ့စကားေၿပာဖို့ပင္ စိတ္ၾကည္မေနသည္ၿဖစ္ေလရကား၊ ေမွာင္မုိက္သည့္အမူအရာၿဖင့္သာ ထြက္သြားေတာ့ေလ၏။

ရီ၀မ္၀မ္၊ အေရာင္ေတာက္ေတာက္ေၿပာင္ေၿပာင္၀တ္ဆင္ထားသည့္ လင္းေခ်ြ့ကို ၿမင္လုိက္သည္နွင့္ သူမရဲ့နႈတ္ခမ္းေထာင့္စြန္းတုိ့ တြန့္ေကြးသြားရေတာ့သည္ -- သူ့ရဲ့အလွအပခံစားတတ္မႈက တစ္ခုခုေတာ့ တစ္ခုခုပဲ။

သူရုပ္ေခ်ာေနတာေၾကာင့္သာ မဟုတ္ဘူးဆိုရင္၊ လူေတြေတာ့ အဲဒီ၀တ္စံုၾကီးေၾကာင့္ မ်က္စိေတြ ကန္းသြားၾကေလာက္ၿပီ။

“အစ္ကိုေတာ္ ၉၊ က်ြန္ေတာ္မ်ိဳး  မင္းကုိ အၾကိမ္ရွစ္ရာမကေတာ့ဘူး ေၿပာေနတာ။ ငါ့ကို တစ္ခ်က္ေလးေတာင္မွ အဖက္မလုပ္ဘူး။ ငါ့ကုိ မ်က္နွာသာမေပးေတာ့ဘူးလား”

လင္းေခ်ြ့သည္ကား စီရီဟန္နွင့္ ေတြ့ဆံုဖို့ရာ စီစဥ္လုိ့မရနုိ္င္ၿဖစ္ေန ၿခင္းေၾကာင့္ သူကုိယ္တုိင္ ေရာက္ခ်လာကာ ေတာင္းဆိုေနၿခင္း ၿဖစ္ဟန္တူသည္။

လင္းေခ်ြ့ စိတ္ဆိုးစြာနဲ့ ကြန္ပလိန္းတက္လာသည္။ “တၿခားအခ်ိန္ေတြကို ေမ့ထားလိုက္ပါဦး။ ဒါေပမယ့္ ဒီေန့လည္းပဲ
မင္း ေပၚမလာခဲ့ဘူး။ ဒီေန့က မင္းတုိ့ေကာင္ေတြကို ငါ ့ခ်စ္သူကို မိတ္ဆက္ေပးမယ့္ ေန့ထူးေလကြာ။ ဘယ္လုိလုပ္ၿပီးေတာ့ မင္း
ဒီလုိမ်ိဳး ငါ့ကို လ်စ္လ်ဴရႈထားနုိင္ရတာလဲ -- ငါတုိ့ေတြ ညီအစ္ကိုခန္း ၿပတ္ၾကတာေပါ့။ ဒီမွာပဲ ၿပီးၿပီ”

လက္ကို နဖူးၿပင္ေပၚတင္ကာ သူ့ကို ၾကည့္လာပါသည့္ စီရီဟန္။ “ေကာင္းၿပီ”

ေအးစက္စက္ေလတစ္ခ်က္ တုိက္ခတ္သြားေခ်ၿပီ….

လင္းေခ်ြ့ ။ “…”

ရီ၀မ္၀မ္သည္ေတာင္မွ လင္းေခ်ြ့အား သနားသြားေတာ့ေလသည္။

သုိ့ေသာ္၊ သူ့ခ်စ္သူကို ေခၚထုတ္ၿပဖုိ့က အေရးၾကီးတယ္လုိ့ ယူဆထားတာလား။ သူသည္ကား အ၀တ္အစားလဲသလိုပင္ မၾကာခနဆိုသလုိ ရညး္စားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေၿပာင္းေနရကား…..

လင္းေခ်ြ့ ၊ နာက်င္သြားေလဟန္၊ မ်က္ရည္တုိ့ ပိုးပိုးေပါက္ေပါက္ က်လာေခ်ေတာ့သည္။ “မင္းက အသည္းနွလံုးမရွိဘူး၊ ၿပီးေတာ့ အရွက္မရွိဘူးပဲ။ မင္း ငါ့ကို ဘယ္လုိလုပ္ၿပီးေတာ့ ဒီလုိမ်ိဳး ဆက္ဆံနုိင္ရတာလဲ။ တစ္လလံုးလံုး မင္း င့ါကုိ ပစ္ထားခဲ့တယ္။ အဲဒီတစ္ခ်ိန္လံုး မင္း ဘာေတြမ်ား အဲ့ေလာက္အလုပ္ရႈပ္ေနတာလဲ”

စီရီဟန္၊ ေခါင္းပင္ ေမာ့လာၿခင္းမရွိပါေခ်။ သူ့လက္ထဲက မင္နီေဘာပင္ ္ၿဖင့္သာ ေလ့က်င့္ခန္းစာအုပ္ကို ဆက္လက္အမွတ္ၿခစ္လုိ့ေနေလ၏။ “င့ါခ်စ္သူက စာေမးပြဲၾကီးေၿဖရေတာ့မွာ။ ဒီေတာ့ အခုတေလာ ဘာလူမႈေရးကိစၥကိုမွ ငါ တက္ၿဖစ္မွာ မဟုတ္ဘူး”

လင္းေခ်ြ့ ေၾကာင္အမိသြားေတာ့ေလၿပီ။ ေနာက္မွ၊ စီရီဟန္ ဘာကိုင္ထားသလဲဆုိသည္ကို သေဘာေပါက္သြားေတာ့၏။ သခ်ာၤေလ့က်င့္ခန္းစာအုပ္ရယ္၊ အနီေရာင္အမွတ္ၿခစ္ေတြရယ္၊ မွတ္ခ်က္စကားတုိ့အားလံုးသည္ကား စီရီဟန္၏ လက္ေရးမူ ၿဖစ္လုိ့ေနေခ်သည္။

အခ်ိန္အၾကာၾကီးၾကာေအာင္ ဆြံ့အေနမိၿပီးေတာ့မွ က်ိန္ဆဲေလေတာ့သည့္ လင္းေခ်ြ့။
“….ေသာက္က်ိဳးနဲ”

ေနာက္ဆံုးတြင္ေတာ့ ဘာေၾကာင့္မုိ့ စီရွားရဲ့အမူအရာသည္ ဒီေလာက္ေတာင္မွ ရင္းနွီးက်ြမ္း၀င္ေနသလဲဆုိသည္ကုိ
သူ သိသြားမိေတာ့ေလၿပီ။ ဒီတစ္ေခါက္တြင္၊ အရင္တုန္းက
သူ အနုိင္က်င့္ခံထားခဲ့ရၿခင္းေၾကာင့္ သူသည္ လက္စားေခ်ဖို့အတြက္ ရညး္စားတစ္ေယာက္ရွာခဲ့ၿခင္းၿဖစ္ၿပီး စီရီဟန္ရဲ့အေရွ့တြင္ အနည္းငယ္ ဂုဏ္ပုဒ္ထုတ္ၿပခဲ့လုိၿခင္းပါပင္။

ထုတ္ၿပစရာ ရညး္စားရွိေနရဲ့သားေတာင္မွ ဒီေလာက္ဆုိးဆုိး၀ါး၀ါးၾကီး အနို္င္က်င့္ ခံရဦးမည္ဆုိသည္ကိုေတာ့ ဘယ္သူ သိပါလိမ့္မလဲ……

              💖💖💖💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
မနက္ျဖန္ ဒီအခ်ိန္ေလးမွာ ျပန္ဆံုေတြ႕ၾကရေအာင္ေနာ္ 💖💖💖

..........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  8
Chapter.          :  17 + 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၈၊ အခန်း ၁၇။ ကျွန်မ ရှင့်ကို အချစ်ဆုံးပဲ

ပြသနာမွှေဖု့ိရာ ဆုံးဖြတ်ထားပါသော်ငြား စကားပင် တိုးမပေါက်သည်ကို စိတ်ပျက်လို့နေလေမိသည့် စီရှား။ ရီဝမ်ဝမ် ပြောသည်ကို ကြားလိုက် သည်နှင့် သဘောတူဟန်ဖြင့် အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက် ပါတော့၏ ။ “ဟုတ်တယ်၊ ဟုတ်တယ်။ မင်း တွေ့လား။ သူက သိပ်ကို စိတ်ညစ်ဖို့ကောင်းတာပဲ။ မင်းကို ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရနဲ့ လိုက်လိုက်ပြီးတော့  ချုပ်ချယ်နေတာ။ သူ့ထက်ပိုပြီးတော့ စိတ်ညစ်စရာကောင်းတဲ့သူကို ဘယ်သူမှမရှိသေးဘူး”

စီရီဟန်၊ ထူးဖောက်တော့မတတ် အေးစက်လှသည့် မျက်ဝန်းတစ်စုံနှင့် စီရှားဆီ လှည့်ကြည့်လိုက်လေရာ။

“အမြဲတမ်းကိုပဲ ဒီလို…..” စီရှား၊ ထိုမျက်ဝန်းတို့ဖြင့် အစိုက်ကြည့်ခံလိုက်ရခြင်းကြောင့် ဆက်ပြောနေရင်းကနေ သုူ့ရဲ့အသံမှာ တိမ်ဝင်ပျောက်ကွယ်လို့ သွားရတော့ချေပြီ။

ထူးဆန်းပြီး သေလောက်အောင် ဆိတ်ငြိမ်နေမှုသည်
လေထုကြီးကို ဖြည့်စွမ်းလို့နေလျက်။

အချိန်တစ်ခုလောက် ကုန်လွန်လာပြီးသည့်နောက်၊ နောက်ဆုံးတွင် စီရီဟန်၊ စကားပြောလာတော့လေပြီ။ “ဒီနေ့ကစပြီး ကိုယ် မင်းကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးလို့် ရတယ်။ မင်းရဲ့လွတ်လပ်ပိုင်ခွင့်ကို မကန့်သတ်ထားဘဲ မင်းလုပ်ချင်တာလုပ်ခွင့် ပေးလို့ရတယ်။ မင်း ကို ဝင်မစွက်ဘူး မင်း စိတ်ကြိုက်လုပ်ချင်တာလုပ်ခွင့် ပေးလို့ရတယ်။ ဒီနှစ်ခုသာ မဖြစ်ခဲ့ရင်….”

နောက်ဆုံးစကားလုံးသုံးလုံးကို ကြားလိုက်ရသည့်အချိန်၊ ရီဝမ်ဝမ်၊ မယုံမကြည် ဖြစ်သွားရတော့ချေပြီ။ သုူမလေး စိတ်အားထက်သန်စွာဖြင့် လက်သီးဆုပ်ထားလိုက်ချေတော့ပြီး။ “ဘယ်နှစ်ခုလဲ”

စီရီဟန်။ “ပထမ၊ မင်း ကိုယ့်ကို စိတ်ပါလက်ပါ တောင်းပန်ရမယ်”

လေးလေးနက်နက်တွေးတောလိုက်ပြီးသည့်နောက်၊ စိတ်အားထက်သန်စွာဖြင့် ပြောဆိုလာပါသည့် ရီဝမ်ဝမ်။
“ဒါဆို ကျွန်မလမ်းမှာ ပိတ်မရပ်တော့ဖို့ ရှင် ကတိပေးလား”

စီရီဟန်၊ သူမအား တစ်ချက်ကြည့်လိုက်ပါတော့၏။
သူမလမ်းမှာ ပိတ်မရပ်ဘူးဆိုတာကို အသေချာကြီး
သူမအား ထုတ်ဖော်ပြသပေးလို့နေလျက်။ “ကတိပေးတယ်”

ရီဝမ်ဝမ်၊ စီရီဟန်အား သံသယရှိစွာဖြင့် ကြည့်ုလိုက်ချေတော့ပြီး။

စီရီဟန်က ကတိပေးထားပြီးရင် ညာတတ်တဲ့ လူမျိုးမဟုတ်ဘူး ။

ဒါပေမယ့် သူက ဘာကိုဆိုလိုတာလဲ။

သူု ငါ့ကို အထင်သေးတာလား။ ငါ့စွမ်းငါစနဲ့ ကြိုးစားတော့မယ်ဆိုရင်
ငါ ပြသနာတွေ့တာနဲ့ပဲ သူဆီပြန်လာပြီးတော့ ကူညီပေးပါလို့ တောင်းတောင်းပန်ပန်နဲ့ ပြောလာရလိမ့်မယ်လို့ သူ တွေးထားတာလား။

“ဒုတိယတစ်ခုကရော”
ရီဝမ်ဝမ် အသက် ရှူအောင့်ကာ မေးလိုက်တော့ခြင်း။

စီရီဟန်။ “ဒုတိယက မင်း နာကျင်ရရင်”

ထိုစကားကို ကြားလိုက်သည်နှင့်၊ ရီဝမ်ဝမ်
တခနလောက် ငြိမ်သက်သွားမိတော့လေ၏။
“ဒါ….ဘယ်ထိလောက် နာကျင်တာလဲ”

စီရီဟန်အတွက်သည်ကား၊ သူမလေးသည် သူ့၏အဖိုးတန်ဆုံးသော ပိုင်ဆိုင်ပစ္စည်းဖြစ်လေရာ၊ သဘာဝကျကျပင် ဘယ်လိုနည်းနဲ့မှ သူမလေးအား နာကျင်ခွင့်ပေးမှာ မဟုတ်ပါချေ။

စီရီဟန်၊ ဗလာဖြင့် ပြောလာချေသည်။
“ဒါက ကိုယ်ဆုံးဖြတ်မယ်”

ရီဝမ်ဝမ်၊ တစ်မျိုးဘာသာ ဆွံ့အသွားမိတော့ချေပြီ ။
“ဒါက အရမ်းကြီး မများလွန်းဘူးလား…..ဒါဆို ရှင့်သဘောအတိုင်းပဲ မဟုတ်တော့ဘူးလား… ကျွန်မကို အကောင်လေးတစ်ကောင် ကိုက်သွားပြီး ကျွန်မရဲ့အရေပြားလေး ပွန့်ပဲ့သွားရင်တောင်မှ
ဒါကို နာကျင်သွားပြီလို့ ပြောလို့ရနေပြီဟာကို”

စီရီဟန်။ “ကိုယ့်စိတ်အခြေအနေပေါ် မူတည်တယ်”

ကောင်းပြီ၊ ကောင်းပြီ။ ရှင်က ဘော့စ်ပဲ၊ ရှင် ပြောတဲ့အတိုင်းပဲပေါ့…..

ကျေးဇူးတင်စရာကောင်းစွာဖြင့် သူမ၏မြှောက်ပြောတတ်သည့် စကေးနှင့် ချော့မြှူတတ်သည့် စကေးတို့မှာ အတော်လေးကို ကောင်းနေလေခြင်းပင်မို့သာ။

ရီဝမ်ဝမ်၊ သူမရဲ့စိတ်လှုပ်ရှားနေမှုကို မြိုချလိုက်တော့ပြီး.
အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ကာ ပြောလိုက်ပါ၏။
“ဒါဆို၊ ကျွန်မမှာ အရာရာတိုင်းကို ကိုင်တွယ်နိုင်စွမ်းရှိပြီးတော့ ကျွန်မကိုယ်ကျုွန်မ ကာကွယ်နိုင်တယ်ဆိုတာကို သက်သေပြ
နိုင်သရွေ့ အဆင်ပြေတယ်ပေါ့နော်”

စီရီဟန်၊ သုူမလေးအား တားမြစ်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက် ချေပြီ။ “မင်း မလုပ်နိုင်ဘူးဆိုတာနဲ့ အားလုံးက အရင်တိုင်း ပြန်ဖြစ်သွားလိမ့်မယ်။ မင်းမှာ နောက်ထပ်အခွင့်အရေး မရှိဘူး”

ရီဝမ်ဝမ်၊ အံကြိတ်လိုက်ချေတော့ပြီး။
“ကောင်းပြီ၊ သဘောတူတယ်”

ငါ သခင်ကြီး ဖြစ်လာမယ့်နေ့က ရောက်ကိုရောက်လာလိမ့်မယ်။

စီရီဟန်၊ အနှီမိန်းမငယ်လေး၏မျက်ဝန်းတွေထဲမှ တောက်ပရွှန်းေ၀ နေသည့် ကြယ်ရောင်လေးတွေကို ကြည့်နေလျက်။ “မလောနဲ့ဦး၊ ကိုယ့်မှာ အချက်နည်းနည်း ရှိသေးတယ်”

“ဘာအချက်တွေလဲ”
ရီဝမ်ဝမ်၊ ဂရုတစိုက်ဖြင့် မေးလိုက်လေသည်။

ဒီလောက် မလွယ်လောက်ဘူးဆိုတာ ငါ သိနေသားပဲ။

စီရီဟန်၊ စာရွက်စာတမ်းတစ်ခုကို ထုတ်ယူုလိုက်တော့ပြီး
သူမလေးရှေ့ ပို့လိုက်ကာ ပြောလာပါ၏။
“ဒီအချက်တွေ ၊ ကိုယ် ဒီမှာ စာရင်းမှတ်ထားတယ်။
မင်း ဘယ်အချက်ကိုပဲဖြစ်ဖြစ် ဖောက်ဖျက်လိုက်တာနဲ့
ကိုယ်အရင်က ပြောထားခဲ့သမျှတို့က ပြက်ပြယ်သွားလိမ့်မယ်”

ရီဝမ်ဝမ်၊ စာရွက်ကို ကောက်ယူလိုက်ပြီး အကျဉ်းချုံုးကြည့်လိုက်ပါ၏။ သဘောတူညီချက်ထဲတွင် ဖော်ပြထားသည်ကား။
ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ၊ ရန်မဖြစ်ရ၊ အိမ်ကို ညဉ့်နက်မှ ပြန်မလာရ၊ သူစိမ်းတွေကို စကားမပြောရ၊ မက်ဆေ့ချ်တွေအားလုံးကို စာပြန်ရမည်၊ သရေစာ မစားရ၊ ဆန့်ကျင်ဘက်ယောကျာ်းလေးကို မကြည့်ရ၊ ပိုချောတဲ့တစ်ယောက်ယောက်ကို မရှာဖွေရ…..

ရှင် ဒါကို အချက်နည်းနည်းလေးလို့ ခေါ်တယ်လား။
ဒါတွေက အနည်းဆုံး ၁၀၀ လောက်ကို ရှိနေတဲ့ဟာကို။ ဒီလောက်အချက်တွေအများကြီး သူ ဘယ်လိုလုပ်ပြီးတော့ ထွက်လာတာပါလိမ့်။

သူမ မြင်နေရသည်ကား။ “အရက်မသောက်ရ” ဆိုသည်ကို အထူးအလေးပေးပြီး ရေးထားခြင်းပါတည်း။ ဒီစကားလုံး ၅ လုံးကို ဘာလို့များ စကားလုံးအမည်းကြီးတွေနဲ့ စာလုံးအကြီးကြီး ရေးပေးထားလဲဆိုသည်ကိုတော့ သူမ မသေချာပါချေ။

စာရိုက်တာမှာ တစ်ခုခုများ မှားရိုက်လိုက်မိတာများလား။
ဒီစကား ၅ လုံးကို သူ ဘာဖြစ်လို့များ စကားလုံးအမည်းကြီးနဲ့ စာလုံးအကြီးကြီး ရေးပေးထားတာပါလိမ့်။

“ပိုချောတဲ့တစ်ယောက်ယောက်ကို မရှာဖွေရ” ဆိုတာကိုပဲ စကားမည်းကြီးနဲ့ အကြီးကြီး သူ ရေးထားသင့်တာမဟုတ်ဘူးလား။

ပြီးတော့လည်း၊ ရန်မဖြစ်ရ ဆိုတာကြီးက ဘာအဓိပ္ပာယ်ကြီးတုန်း။
ငါ့လိုမျိုး အားနွဲ့တဲ့မိန်းကလေးက ရန်ဖြစ်တတ်တဲ့ပုံ ပေါက်နေလို့လား။

သူမရဲ့ မျက်လုံးတို့ပင် မှုန်ဝါးသွားရလောက်အောင် ၊ အချက်ပေါင်း မြောက်မြားစွာ ရှိနေပါသော်လည်း၊ သူမ လွတ်လပ်ခွင့်သာ ရမည်ဆိုလျှင် ဘာမဆို ထိုက်တန်နေသည့်ပုံ ပေါက်လို့နေပါ၏။

အစဦးတွင်ကတော့၊ သူမသည် ပေါက်ကွဲပစ်ဖို့ရာ အဆင်သင့်ဖြစ်နေပါ သော်ငြားလည်း၊ ဒီနေ့ရလဒ်သည်ကား သူမ မျှော်လင့်လို့ရတာထက်ပင် အကောင်းဆုံးဖြစ်လို့နေချေသည် ဖြစ်လေရာ။

“ရတာပေါ့၊ ရတာပေ့ါ၊ ရတာပေါ့။ ရှင် ပြောသမျှ အကုန်ဖြစ်စေရမယ်။ ရှင်ကသာ အကောင်းဆုံး၊ ကျွန်မ ရှင့်ကို အချစ်ဆုံးပဲ” ခုနလေးကတင်၊ သူ့ကို ကိုက်လိုက်ပါသည့် ရီဝမ်ဝမ်၊ သူ့ကို မုန်းပါသည်ဟု ပြောခဲ့ပါသည့် ရီဝမ်ဝမ်၊ ရုတ်တရက်ပင် သူမ၏သဘောထားအမြင်တို့ ၁၈၀ ဒီဂရီ ပြောင်းလဲသွားတော့လေပြီ။

ပြသနာမွှေနှောက်ဖို့ရာ သူ့ရဲ့တာဝန်ကြီးကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့ ပါသည့် စီရှား၊ လုံးဝအတိကို ကြက်သေသေလို့ သွားရတော့လေပြီ။

ဘာလို့လဲ…..

ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ။

              💖💖💖💖💖💖💖💖💖💖💖

စာစဉ် ၈၊ အခန်း ၁၈။ ချစ်သူရဲ့ စာမေးပွဲ

ရှော့ရနေမိသည်မှာ စီရှားသည်သာလျှင် မဟုတ်။
ဘေးနားမှာရပ်နေသည့် ရွှီရီသည်ပင် ရှော့ရသွားရခြင်းပင်။
နှစ်နှစ်လုံးလုံး ရှိခဲ့ပြီ -- ရီဝမ်ဝမ် ဘယ်လောက်ပဲ ဆိုးဆိုးဝါးဝါး ပေါက်ကွဲဒေါသထွက်နေပါစေ၊ သူမကို သူ ဘယ်တုန်းကမှ လွှတ်ပေးခဲ့ခြင်း မရှိပါချေ။ သူမရဲ့လွတ်လပ်မှုသည် ယခုတွင် တန်ဖိုးတစ်ခုအနေနဲ့ ရောက်လာနေပါသော်ငြားလည်း
သခင်ကြီးသည် ပိုပိုပြီး နူးညံ့လာပုံရသည်တည်း။

သူမလိုမျိုး၊ အထက်တန်းကျောင်းပင် မပြီးသေးသည့်
မိန်းကလေး တစ်ယောက်၊ အိမ်မှာ သူမရဲ့ဆက်ဆံရေးတွေ ရှုပ်ယှပ်ခတ်လို့နေလေသည့် မိန်းကလေးတစ်ယောက်၊
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အကျီၤတွေနဲ့အစားအသောက်တွေအတွက် ပူစရာမလိုခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက် အမြဲတမ်း အရေမတွက် နိုင်စွာသော အခြွေအရံများ၊ ဘော်ဒီဂတ်များနှင့် နေခဲ့ရသည့် မိန်းမ ငယ်လေး -- ဒီလိုရုတ်တရက်ကြီး လွှတ်ထားပေးလိုက်တော့မယ်
ဆိုရင် သူမလေး ဘယ်လိုများအသက်ရှင်နိုင်ပါလိမ့်မည်နည်း။

သခင်လေးက လောကကြီးက ဘယ်လောက်ခက်ခဲသလဲဆိုတာကို သူမကို ကောင်းကောင်းသိသွားစေချင်ပြီးတော့ သူ့ဘေးမှာ စိတ်လိုလက်ရနေပေးလာစေဖို့အတွက် သူ့ရဲ့ဗျူဟာတွေကို ပြောင်းလိုက်တာများလား။

ရုတ်တရက်၊ စီရှား ထရပ်လာချေပြီ။
“ရီဝမ်ဝမ်၊ မင်း ဦးနှောက် ဝက်စားသွားတာလား။
ဒီလိုမမျှမတ ကျွန်ပြုတဲ့အပေးအယူမျိုးကိုများ သဘောတူချင်စိတ်ရှိနေသေးတယ်လား”

ရီဝမ်ဝမ်၊ သူမသည် သူမ ခက်ခက်ခဲခဲ အခြေချထားခဲ့ရသည့်
ကိစ္စကို စီရှားနှောင့်လိုဖျက်ဆီးလုပ်ပစ်မည်ကို စိုးရိမ်သွားမိတော့ကာ ချက်ချင်းဆိုသလိုပင် သူ့ဆီ အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပါ တော့၏။ “ငါက ငါ့ရဲ့ဘေဘီလေးဆီကို ငါ့ကိုယ့်ငါ ရောင်းစားရတာကို ချစ်လို့ပေါ့၊ အဲ့တော့ ဘာဖြစ်သလဲ”

သတောင်းစား။ ငါ့ကို အမြဲပဲ ပြသနာဖြစ်အောင် လာလာမွှေ
ပေးနေတယ်။ သူ တကယ်ပဲ အရိုက်ခံချင်နေတာပဲ။

စီရီဟန် ၊ သူမအား ကြည့်လာပါ၏။ “ဘယ်သူက မင်းဘေဘီလဲ”
ချက်ချင်းပင် ချိုချိုသာသာလေး ပြန်ဖြေလာလေသည့် ရီဝမ်ဝမ်။ “သေချာပေါက်ကို ကျွန်မရဲ့ဘေဘီလေးက ရှင်ပေါ့။
ဒါက ချစ်သူရည်းစားတွေအတွက် ပေးထားတဲ့နာမည်လေးတွေလေ”

“…”
ဒီအခိုက်၊ ဆယ်ကျော်သက်ကောင်လေး စိတ်ရှုပ်ထွေးသွားရတော့ချေပြီ။

ပြသနာမွှေတဲ့နေရာမှာ ငါ ကျရှုံးသွားခဲ့ရုံတင်မဟုတ်ဘဲနဲ့ သူမရဲ့ အကြူဇယားအတွက်ပါ ကူပြီးတော့ အားဖြည့်ပေးလိုက်သေး
တယ်လို့် ငါ ဘာလို့များ ခံစားနေမိတာပါလိမ့်။

စီရှား၊ သွားကြိတ်လိုက်မိချေပြီး လေးစားချင်စရာမကောင်းသည့် ချစ်သူရည်းစားနှစ်ဦးအား ကြားဖြတ်ပြောလိုက်ပါတော့၏။
“ကျွန်တော် ဖောင်ဖြည့်လို့ပြီးသွားပြီ။ အခု သွားလို့ရပြီလား”

“ရပြီ” စီရီဟန် စိတ်ကောင်းတို့ဝင်နေချေသည်မို့ နောက်ဆုံး
တွင်တော့ သူ့အား လွှတ်ပေးလိုက်တော့သည်တည့်။

စီရှား၊ ခြေလှမ်းအနည်းငယ်လောက် လှမ်းထွက်သွားလိုက်ရုံရှိသေး၊ အရောင်တောက်တောက်ဝတ်ဆင်ထားသည့် လူတစ်ယောက် အိမ်ထဲသို့ ဝင်လာလေပြီ။ “အား၊ စီရှား၊ မင်းလည်း ဒီကို ရောက်နေတာလား။ ဘာဖြစ်ခဲ့တာလဲ၊ ကောင်လေး။
ဘယ်လိုဖြစ်ပြီး ဒီပုံပေါက်နေရတာလဲ”

ဒီအမူအရာသည်ကား အတော်လေးကို ရင်းနှီးလှချေသည်….

စီရှား၊ သူနဲ့စကားပြောဖို့ပင် စိတ်ကြည်မနေသည်ဖြစ်လေရကား၊ မှောင်မိုက်သည့်အမူအရာဖြင့်သာ ထွက်သွားတော့လေ၏။

ရီဝမ်ဝမ်၊ အရောင်တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားသည့် လင်းချွေ့ကို မြင်လိုက်သည်နှင့် သူမရဲ့နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားရတော့သည် -- သူ့ရဲ့အလှအပခံစားတတ်မှုက တစ်ခုခုတော့ တစ်ခုခုပဲ။

သူရုပ်ချောနေတာကြောင့်သာ မဟုတ်ဘူးဆိုရင်၊ လူတွေတော့ အဲဒီဝတ်စုံကြီးကြောင့် မျက်စိတွေ ကန်းသွားကြလောက်ပြီ။

“အစ်ကိုတော် ၉၊ ကျွန်တော်မျိုး  မင်းကို အကြိမ်ရှစ်ရာမကတော့ဘူး ပြောနေတာ။ ငါ့ကို တစ်ချက်လေးတောင်မှ အဖက်မလုပ်ဘူး။ ငါ့ကို မျက်နှာသာမပေးတော့ဘူးလား”

လင်းချွေ့သည်ကား စီရီဟန်နှင့် တွေ့ဆုံဖို့ရာ စီစဉ်လို့မရနိုင်ဖြစ်နေ ခြင်းကြောင့် သူကိုယ်တိုင် ရောက်ချလာကာ တောင်းဆိုနေခြင်း ဖြစ်ဟန်တူသည်။

လင်းချွေ့ စိတ်ဆိုးစွာနဲ့ ကွန်ပလိန်းတက်လာသည်။ “တခြားအချိန်တွေကို မေ့ထားလိုက်ပါဦး။ ဒါပေမယ့် ဒီနေ့လည်းပဲ
မင်း ပေါ်မလာခဲ့ဘူး။ ဒီနေ့က မင်းတို့ကောင်တွေကို ငါ့ချစ်သူကို မိတ်ဆက်ပေးမယ့် နေ့ထူးလေကွာ။ ဘယ်လိုလုပ်ပြီးတော့ မင်း
ဒီလိုမျိုး ငါ့ကို လျစ်လျူရှုထားနိုင်ရတာလဲ -- ငါတို့တွေ ညီအစ်ကိုခန်း ပြတ်ကြတာပေါ့။ ဒီမှာပဲ ပြီးပြီ”

လက်ကို နဖူးပြင်ပေါ်တင်ကာ သူ့ကို ကြည့်လာပါသည့် စီရီဟန်။ “ကောင်းပြီ”

အေးစက်စက်လေတစ်ချက် တိုက်ခတ်သွားချေပြီ….

လင်းချွေ့ ။ “…”

ရီဝမ်ဝမ်သည်တောင်မှ လင်းချွေ့အား သနားသွားတော့လေသည်။

သို့သော်၊ သူ့ချစ်သူကို ခေါ်ထုတ်ပြဖို့က အရေးကြီးတယ်လို့ ယူဆထားတာလား။ သူသည်ကား အဝတ်အစားလဲသလိုပင် မကြာခနဆိုသလို ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေရကား…..

လင်းချွေ့ ၊ နာကျင်သွားလေဟန်၊ မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျလာချေတော့သည်။ “မင်းက အသည်းနှလုံးမရှိဘူး၊ ပြီးတော့ အရှက်မရှိဘူးပဲ။ မင်း ငါ့ကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ဆက်ဆံနိုင်ရတာလဲ။ တစ်လလုံးလုံး မင်း င့ါကို ပစ်ထားခဲ့တယ်။ အဲဒီတစ်ချိန်လုံး မင်း ဘာတွေများ အဲ့လောက်အလုပ်ရှုပ်နေတာလဲ”

စီရီဟန်၊ ခေါင်းပင် မော့လာခြင်းမရှိပါချေ။ သူ့လက်ထဲက မင်နီဘောပင် ်ဖြင့်သာ လေ့ကျင့်ခန်းစာအုပ်ကို ဆက်လက်အမှတ်ခြစ်လို့နေလေ၏။ “င့ါချစ်သူက စာမေးပွဲကြီးဖြေရတော့မှာ။ ဒီတော့ အခုတလော ဘာလူမှုရေးကိစ္စကိုမှ ငါ တက်ဖြစ်မှာ မဟုတ်ဘူး”

လင်းချွေ့ ကြောင်အမိသွားတော့လေပြီ။ နောက်မှ၊ စီရီဟန် ဘာကိုင်ထားသလဲဆိုသည်ကို သဘောပေါက်သွားတော့၏။ သချာၤလေ့ကျင့်ခန်းစာအုပ်ရယ်၊ အနီရောင်အမှတ်ခြစ်တွေရယ်၊ မှတ်ချက်စကားတို့အားလုံးသည်ကား စီရီဟန်၏ လက်ရေးမူ ဖြစ်လို့နေချေသည်။

အချိန်အကြာကြီးကြာအောင် ဆွံ့အနေမိပြီးတော့မှ ကျိန်ဆဲလေတော့သည့် လင်းချွေ့။
“….သောက်ကျိုးနဲ”

နောက်ဆုံးတွင်တော့ ဘာကြောင့်မို့ စီရှားရဲ့အမူအရာသည် ဒီလောက်တောင်မှ ရင်းနှီးကျွမ်းဝင်နေသလဲဆိုသည်ကို
သူ သိသွားမိတော့လေပြီ။ ဒီတစ်ခေါက်တွင်၊ အရင်တုန်းက
သူ အနိုင်ကျင့်ခံထားခဲ့ရခြင်းကြောင့် သူသည် လက်စားချေဖို့အတွက် ရည်းစားတစ်ယောက်ရှာခဲ့ခြင်းဖြစ်ပြီး စီရီဟန်ရဲ့အရှေ့တွင် အနည်းငယ် ဂုဏ်ပုဒ်ထုတ်ပြခဲ့လိုခြင်းပါပင်။

ထုတ်ပြစရာ ရည်းစားရှိနေရဲ့သားတောင်မှ ဒီလောက်ဆိုးဆိုးဝါးဝါးကြီး အနိုင်ကျင့် ခံရဦးမည်ဆိုသည်ကိုတော့ ဘယ်သူ သိပါလိမ့်မလဲ……

              💖💖💖💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
မနက်ဖြန် ဒီအချိန်လေးမှာ ပြန်ဆုံတွေ့ကြရအောင်နော် 💖💖💖

Continue Reading

You'll Also Like

565K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.2M 51.5K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
83K 8.2K 16
စာေရးသူ - Mo Ling System: Host, ေကာင္းကင္ေပၚက အဲ့ဒါႀကီးက ဘာႀကီးလဲ... Shi Sheng: စၾကဝဠာကူး အာကာသယာဥ္ System: ဒါက ထြက္ရပ္ေပါက္ေအာင္ က်င့္တဲ့ ေခတ္ႀကီး...
333K 33.7K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *