နှင်းဆီမိုးစက်
အပိုင်း (၉)
#နှင်းဆီမိုးစက်
"ကိုလွင်ကျော် နဲ့တောင် မတွေ့တာ ကြာပြီ.."
"အင်း...ကျွန်တော့် အစ်ကိုကြီးက အဲလိုပဲ လူပျိုလေး ဆိုတော့ သိပ်ရှက်တက်တာဗျ.."
"အမယ်..ပြောပုံက...သူ့အစ်ကိုကြီးက လူပျိုဆိုတော့ တို့က.."
"အဲလို မဟုတ်ပါဘူး..."
"ထားပါတော့..ထားပါတော့...နေပါဦး..တို့ မိန်းမ နောက်ပိုးများ ဖြစ်နေမလား.."
"အိုး..မဟုတ်ပါဘူး..."
"အစ်ကို မရရင်တော့ တို့အရှက်ကွဲမှာ..ညီကို ယူပြမယ်.."
"ဟုတ်ပြီ....တကယ်နော်..."
မော့် ပါးကို ဆွဲပြီး ပြောနေတဲ့ ကူးကူး ရဲ့ လက်ကို အုပ်ကိုင်ပြီး ခပ်တည်တည် ပြောပစ်လိုက်သည်...။
ကူးကူးလို ခပ်လန်းလန်း ကောင်မလေးနဲ့ ကိုလွင်ကို သဘောတူပါသည်..။
ဒါပေမဲ့ ရေခဲတုံးကြီးက လုံးဝကို မလှုပ်မယှက် ဖြစ်နေတာ ကောင်မလေးကလည်း စိတ်ဆိုးချင်နေပြီ..။
ဟူး...အဖေ့ကို ပြောရင်လည်း သား သဘောပဲ လုပ်မှာပါပဲ...။
ဘယ်လို နီးအောင် လုပ်ပေးရမလည်း..။
"ဟိုတလောက ပါတီတစ်ခုတက်ရတာ..မော့်ကို ခေါ်ဦးမလို့သိလား.."
"ခေါ်လိုက်...ပြီးရော.."
"ဟော..ယောက်ျားလေးလို ၀တ်စားပြီးတက်ရတာ ရယ်ချင်တယ်ဆို.."
"အင်း...အကျင့်ဖြစ်သွားရင်တော့ မရယ်ချင်တော့ပါဘူး.."
"နေပါဦး...တကယ် ဘ၀ ပြောင်းမှာလား..."
"စဉ်းစားနေတာပဲ..."
"ဟား...ဟား....တကယ်ဆိုရင် ကူး ကို အဓိကထား စဉ်းစားပေးနော်...ကူး က မော့်ကို အရမ်းချစ်တာ သိလား.."
"ရှက်လိုက်တာဗျာ..."
မော် ခေါင်းငုံ့ပြီး ပြောတော့ ကူး က ခေါင်းငုံ့ကာလိုက်ကြည့်ရင်း စနေပြန်သည်..။
လမ်းမပေါ်မှာ နှစ်ယောက်သား စ လိုက် စကားများလိုက် လမ်း လျှောက်နေတာ ပတ်ဝန်းကျင်ကိုတောင် သတိမထားမိခဲ့ပါ..။
ဒါပေမဲ့..တစ်စုံတစ်ယောက် သတိထား၍ စောင့်ကြည့်နေတာကို နောက်နေ့မှ သိတော့သည်..။
"အကြင်နာတွေ ပေးတိုင်း အကြင်ပြန်ရမယ်...ယုံမှတ်ပြီး🎼...အရာရာပုံပေးပြီး...ဒါဟာ ကိုယ်အမှားလေ....ကြုံဖူးပြီ...ထာဝစဉ် သိပ်ချစ်တက်လို့ မှားတက်သူမှာ...ရင်ခုန်သင်ရိုး🎼 ညွှန်းတမ်းတ...ဒဏ်ရာ သင်ခန်းစာပဲကွယ်...ဟိုစဉ် ဘ၀ရဲ့ကျောင်းထဲ ချစ်ဖတ်စာကို သေချာ မကျေညက်ခဲ့တော့လည်း...ဒဏ်ရာတွေပဲ ကိုယ်ရတယ်...မှားပြန်တယ်... 🎼..."
"ဟလို..."
".........."
ဖုန်းနံပါတ်ကို ကြည့်ကတည်းက သူ့နာမည်ပေါ်နေတော့ ကိုင်လိုက်မိသည်..။
တစ်ဖက်က အရင် စကား စ မပြောတော့ ဖုန်းခေါ်ပြီး အမြဲတမ်း အဲလို လုပ်တာ စိတ်တိုချင်လာသည်..။
"ပြောလေကွာ..."
"မော်...မင်း ကို တကယ်လို့ ငါ မထင်ဘူးသိလား.."
"ဘာတွေလည်း.."
"ကျစ်....ငါ အရမ်းစိတ်ညစ်တာပဲကွာ...."
"....."
"အား.....ဒုန်း....."
"ခွမ်း..."
ဖုန်းထဲက တစ်ခုခု ကွဲသံကြားတော့ မော် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်..။
နာရီကြည့်လိုက်တော့ မနက် ဆယ်တစ်နာရီပဲ ရှိသေးသည်..။
ဘာဖြစ်လို့ မနက်ပိုင်းကြီး သောက်နေရတာလည်း..။
"ဟေ့...မိုး...မင်း...ဘယ်မှာလည်း..."
"ဘာလုပ်မလို့လည်း..."
"မင်း...အရက်သောက်နေတာလား.."
"ဘာဖြစ်လို့လည်း..."
"ကျစ်...ဘာတွေ ရိုက်ခွဲပြီး ပြဿနာရှာနေတာလည်းကွာ..."
"ဘာလည်း..စိုးရိမ်လို့လား...မပူပါနဲ့ ငါ အိမ်မှာ သောက်နေတာ....ဒါပေမဲ့ ငါ သေချင်သလိုလို ဖြစ်နေပြီ...မင်း သိလား...မင်း က ဘယ်သိမလည်း...မင်းက ဘယ်တုန်းကမှ မသိဘူး...မင်း က ငါ့ကို ထားပြီး ထွက်သွားနိုင်တယ်...မင်း က ရက်စက်တဲ့ မိန်းမ...အဲ...ယောက်ျား....မင်း ကြောင့်ပဲ ငါ အကြိမ်ကြိမ် ခံစားရတာပဲလေ...မင်းက...ခွမ်း..အ..."
ဖုန်းချလိုက်ချိန် တစ်ခုခု ကွဲပြီး သူ့ရဲ့ ညီးတွားသံက မော့် ခေါင်းထဲမှာ စွဲထင်နေတော့သည်..။
အိမ်မှာဆိုရင် ဘယ်သူမှ ရှိမှာ မဟုတ်ဘူး..။
ဟိုတစ်ခါ သူ့အခန်းကို သွားတော့ သူ တစ်ယောက်တည်း နေတာ တွေ့ထားသည်မို့ စိတ်ညစ်ရသည်..။
ဘာတွေ ကွဲပြီး ဘာတွေ ဖြစ်ကုန်ပြီလည်း..။
မော် ကြာကြာမစဉ်းစားနိုင်ပဲ အကျီ င်္ထပ်ဝတ်ကာ အခန်းထဲက အပြေးအလွှားထွက်လာခဲ့ရသည်..။
"စုစုရေ...."
"ရှင်..."
"ငါ အပြင်သွားလိုက်ဦးမယ်...ဦးအောင်သိန်း လာရင် စောင့်နိုင်ရင် စောင့် မစောင့်နိုင်ရင် စာရင်းထားခဲ့ပါလို့..."
"ဟုတ်..."
"အဲ...မစောင့်ခိုင်းနဲ့တော့ ငါ အိမ်ကို ပြန်ရဦးမယ်...မနက်ဖြန်မှ သူ့ဆီလာမယ်လို့ ပြောလိုက်..."
"ဟုတ်ကဲ့..."
အရောင်းဝန်ထမ်း ကောင်မလေးကို မှာပြီး ဆိုင်တံခါးကို အလောတကြီးဖွင့်ပြီးမှ ကားသော့ မယူလာခဲ့တာ သတိရသည်..။
ကျစ်...ရှုပ်လိုက်တာ...တက္ကစီနဲ့ပဲ သွားတော့မယ်...။
တက္ကစီ ပေါ်ရောက်တော့လည်း ဖုန်းထပ်ခေါ်တာ မကိုင်ပြန်ဘူး..။
သူနဲ့ ပတ်သက်လာရင် မော့်မှာ အမြဲပူလောင်နေရတာပါပဲလား..။
"တင်...တင်...တင်...."
တံခါးက လူခေါ် ဘဲလ်ကို ဖိနှိပ်နေပေမဲ့ လေးငါးချက် နှိပ်ပြီးလည်း ဖွင့်မပေးသေးလို့ လက်နဲ့ထုမိသည်..။
သုံးလေးချက် တံခါးကိုထုမှ လျှပ်ခနဲ့ ပွင့်သွားပြီး ရီဝေေ၀ နဲ့ စိုက်ကြည့်သည်..။
"ဘာလည်း..."
"........"
မော် ဘာမှ မပြောပဲ မျက်နှာထား တည်တည် ဖြင့်ပင် အခန်းတံခါးကို ဆွဲဖွင့်ပြီး ၀င်လိုက်သည်..။
ဧည့်ခန်းက ဆိုဖာ ရှေ့မှာ ပုလင်းထောင်ထားပြီး တီဗွီ ရှိတဲ့ ဘက်ခြမ်းမှာ ဖန်ကွဲစတွေ ပြန့်ကျဲနေသည်..။
"ဘာဖြစ်နေတာလည်း...မင်း ဘာဖြစ်နေတာလည်း..မိုး..."
"ငါလား...မသိဘူး..ပူလောင်နေတာပဲကွာ...ထိုင်... ကော်ဖီသောက်မလား..."
"ဘာမှ မသောက်ဘူး...မင်း ဘာဖြစ်နေလည်း သိချင်လို့ လာခဲ့တာလေ...အခုချိန်က မင်း အလုပ် လုပ်နေရမှာ မဟုတ်ဘူးလား..."
"အလုပ်လား..တစ်ခါတလေ မလုပ်လည်း ကိစ္စ မရှိပါဘူးကွာ...လာ...ထိုင်.."
မော့် ပခုံးကို ဖိချပြီး ဆိုဖာ မှာ ထိုင်ခိုင်းကာ မျက်နှာချင်းဆိုင် ခုံမှာ ၀င်ထိုင်လိုက်တော့ ခပ်စူးစူး ကြည့်မိသည်..။
အရက်မူးနေတဲ့ ပုံစံ မဟုတ်ပဲ တစ်ခုခု ကို ဒေါသထွက်နေတဲ့ သူ့စိတ်ကို ထိန်းချုပ်ထားတဲ့ ပုံဖြစ်နေသည်..။
အခုချိန် ပြောလည်း အဆင်ပြေမှာ မဟုတ်လို့ ဆိုဖာကနေ ပြန်ထလိုက်သည်..။
အကျီ င်္လက်ကို မ တင်ပြီး ဖန်ကွဲစတွေကို သိမ်းဖို့ လှည်းကျင်းစရာ တစ်ခုခု ရှာရသည်..။
ဧည့်ခန်းထဲမှာ ဘာမှ မတွေ့တော့ လှမ်းမြင်နေရတဲ့ မီးဖိုခန်းနဲ့ တူတဲ့ အခန်းဆီကို လျှောက်သွားလိုက်သည်..။
မီးဖိုခန်းမှာလည်း သပ်ရပ်သန့်ရှင်းနေပြီး သန့်ရှင်းရေး လုပ်တဲ့ ပစ္စည်းတစ်ခုမှ မတွေ့..။
ဟုတ်သားပဲ...သူ့လို လူက တံမြတ်စည်း ဂေါ်ပြား ထိုးထိုး ထောင်ထောင် ဘယ်ထားလိမ့်မလည်း..။
မီးဖိုခန်း ထောင့်က ရေချိုးခန်းလို့ ယူဆရတဲ့ တံခါးကို ဖွင့်ကြည့်တော့ စတိုခန်း ဖြစ်နေသည်..။
အထဲမှာ ရှိနေတဲ့ တံမြတ်စည်းကို ယူပြီး ဧည့်ခန်းကို ပြန်ထွက်လာခဲ့သည်..
တီဗွီရှေ့မှာ ပြန့်ကျဲနေတဲ့ ဖန်ခွဲစတွေကို သတိထားပြီး ရှောင်ထိန်းလိုက်ကာ တံမြတ်စည်းဖြင့် လိုက်စုလှည်းရတော့သည်..။
ကလေး မဟုတ် ဘာမဟုတ်...ဖန်ခွက်ကို ခွဲစရာလား..။
မော် ဖန်ခွဲစတွေကို ကုန်အောင် လိုက်လှည်းကျင်းနေချိန် သူ့ကို သတိရပြီး လှည့်ကြည့်တော့ လက်ပိုက်ကာ မော့်ကို စိုက်ကြည့်နေသည်..။
တံမြတ်စည်းကို အကြည့်ပြန်ရွေ့လိုက်ရင်း တစ်ဖက် က လည်း သတင်းစာ တစ်ရွက်ကို ကိုင်ထားရသည်..။
"ပေး.."
ဆိုဖာကနေ ရုတ်တရက် ထလာပြီး မော့်လက်ထဲက တံမြတ်စည်း ကို ဆွဲယူတော့ နောက်ကို ရွေ့ပေးလိုက်သည်..။
မော့်လက်ထဲက သတင်းစာကို ဆွဲယူကာ တံမြတ်စည်းရှေ့မှာ ချတော့ ပြန့်မသွားအောင် ဖိကိုင်၍ ဖန်ကွဲစတွေ ထိုးခံပေးရသည်..။
"အထဲမှာ ခလုတ်နှိပ်ရင် သူ့ဟာသူ အကုန်သိမ်းတဲ့ တံမြတ်စည်းရှိတယ်..."
"ဟင်.."
မော် မော့ကြည့်လိုက်တော့ သူက တံမြတ်စည်းကို ပစ်ချကာ မီးဖိုခန်းထဲကို ၀င်သွားသည်..။
အခုကျတော့လည်း လူကောင်း တစ်ယောက် ဖြစ်နေပြန်ပြီ..။
"ဒီမှာ..တွေ့လား.."
ကလေး တစ်ယောက်ရဲ့ ကြွားတက်တဲ့ ဟန်ပန်နဲ့ အတူ တံမြတ်စည်းကို မြှောက်ပြတော့ မော် နှုတ်ခမ်းမဲ့လိုက်သည်..။
တက်လည်းတက်နိုင်တယ်....အမျိုးမျိုးကောင်...။
"ထိုင်နေ...ငါ လုပ်လိုက်မယ်..."
မော် ဆိုဖာ မှာ ပြန်ထိုင်လိုက်တော့ သူ့ဟာသူ အစအဆုံး လုပ်ကာ တံမြတ်စည်းတွေ သတင်းစာတွေက အစအကုန်ပြန်သိမ်းနေသည်..။
သူ့အိမ်ကို ဒုတိယ အကြိမ် ရောက်လာခဲ့ချိန် ပထမတုန်းကလို ကောင်မလေး တစ်ယောက်နဲ့ တွေ့ရလေမလား ဆိုတဲ့ နာကျင်စိုးရိမ်မျိုး မရှိတော့လို့ တော်ပါသေးသည်..။
သူ သန့်ရှင်းရေး လုပ်နေချိန် စကားမပြောချင်သေးလို့ အနားမှာတွေ့တဲ့ ရီမုကောက်ကာ တီဗွီ ဖွင့်လိုက်တော့
ဖက်ရှင် ရှိုးပွဲလာနေသည်..။
တစ်ချိန်တုန်းကလည်း..ဖက်ရှင်ရှိုးတွေကို ကြည့်ပြီး စိတ်ကူးယဉ်သေးသည် မဟုတ်လား...။
"ဆိုင်က လာတာလား..မော်..."
"အင်း..."
"ဘာလည်း ငါ့ကို စိတ်ပူလို့လား.."
တီဗွီ မျက်နှာပြင်ပေါ်က ဂါဝန်အ၀ါလေးတွေကို မကြည့်တော့ပဲ သူ့ဘက်ကို လှည့်ကြည့်ချိန် မုန်းစရာ ကောင်းအောင် နှုတ်ခမ်းတွန့်ပြုံးသည်..။
"မင်း..ဘာဖြစ်တာလည်း...မိုး...ငါ တကယ်နားမလည်ဘူး...ဒီအောင်မြင်မှုနဲ့ ဒီ အလုပ်တွေကို မင်း လွယ်လွယ် လုပ်ခွင့်ရခဲ့တာ မဟုတ်ဘူး..အလုပ်တွေကို ဘာလို့ ပစ်ထားတာလည်း...အလုပ်ကို မင်း သစ္စာမရှိရင် အလုပ်ကလည်း မင်း ကို သစ္စာ ရှိမှာမဟုတ်ဘူး.."
"ဟား..ဟား...ဒါကြောင့်..မင်း က ငါ့ကို သစ္စာ ကလဲ့စားချေနေတာပေါ့လေ..."
"မင်းတော့...ရူးနေပြီ ထင်တယ်..."
"ဟုတ်တယ်...ရူးတယ်..."
အနားမှာ ချထားတဲ့ လက်ကျန်ပုလင်းကို ခွက်ထဲတောင် မထည့်တော့ပဲ ပုလင်းထောင်ကာ မော့ချတော့ မော် စိတ်ပျက်စွာဖြင့် ငေးကြည့်နေမိသည်..။
ဘာပြောပြော အဆင်ပြေမှာ မဟုတ်ဘူး..။
ပုလင်းကုန်ရင်တော့ အိပ်ပျော်သွားမယ် ထင်ပါရဲ့...။
မော် ပိုက်ဆံအိတ်ကို ကောက်ယူလိုက်ပြီး ဖွင့်ထားတဲ့ တီဗွီကို လှမ်းပိတ်လိုက်ကာ အခန်းကို တစ်ချက်ဝေ့ကြည့်ရသည်..။
လွယ်လွယ်ကွဲစရာ ရှစရာ မတွေ့တော့မှ သက်ပြင်းချလိုက်သည်..။
"ဟင်.."
သူ့လက်ဖျံနားမှာ စီးကျနေတဲ့ သွေးတွေကိုတွေ့တော့မှ မျက်လုံးပြူးသွားကာ အနားကို အလိုလို ပြန်ရောက်သွားသည်..။
သူ့ဘေးမှာ ကပ်ထိုင်ချလိုက်ပြီး လက်ကို ဆွဲယူကာ ကြည့်လိုက်ချိန် သွေးတွေက ခြောက်တောင်နေပြီ..။
"ဆေးဘူး ဘယ်မှာထားလည်း..."
"........"
"မိုး..."
"ခုံအောက်က ဘုံးထဲမှာ..."
မော် အနားက ဘုံးကို ဖွင့်ကြည့်တော့ ဆေးပုလင်းတွေ အများကြီး တွေ့ပေမဲ့ အရက်ပြန်နဲ့ ဂွမ်းပဲထုတ်လိုက်သည်..။
ဂွမ်းနဲ့ သုတ်လိုက်တော့မှ လက်ဖျံမှာ အရေပြားလန်ရုံလေးမို့ စိတ်သက်သာသွားသည်..။
ပလက်စတာ ကပ်လိုက်ပြီး အရက်ပြန်ပုလင်းကို ပြန်သိမ်းရင်း သက်ပြင်းဖွဖွ ချမိသည်..။
"ငါ ပြန်တော့မယ်..."
"......"
"ပြီးရင် ခေါင်းကိုက်လိမ့်မယ်...ကော်ဖီဖျော်သောက်လိုက်..."
"......."
မော် ပိုက်ဆံအိတ်ကို နေရာချကာ ထဖို့ လုပ်တော့ လက်ကို ဆွဲကိုင်ထားသည်..။
သူ့လက်ကို ပြန်ရုန်းရင်း အားပါလာတာ သတိထားမိတော့ ရင်တွေ တဒိတ်ဒိတ် ခုန်လာသည်..။
"မင်း မနေ့က ဘယ်ကို သွားလည်း.."
မော့် မျက်လုံးကို စူးစိုက်ကြည့်ရင်း လက်ကို ပိုဖိကိုင်ထားတာ တရားခံ တစ်ယောက်ကို ဖမ်းထားတဲ့ ပုံစံမျိုး ဖြစ်နေသည်..။
"မနေ့က..."
အခုမှ အဓိက စကားကြားရတာမို့ မော် မြန်မြန်စဉ်းစားရသည်..။
မနေ့က အပြင်သွားတာ ကူးကူးနဲ့ပဲလေ...။
"ဘာဖြစ်လို့လည်း.."
"မင်း ပြောတော့ တစ်နေကုန် အလုပ်ရှိတယ် မအားဘူးဆို..."
အိုး..သူဒါကို သိသွားတာပဲလား..။
သူ့ကို လိမ်ပြီး တခြားတစ်ယောက်နဲ့ တွေ့လို့ စိတ်ဆိုးတာလား..။
မင်း က အရင်အတိုင်းပါပဲလား မိုးရယ်....။
မင်းဘက်က ဘာကြိုးစား အားထုတ်မှ မပါပဲ ငါ့ကို မင်းပိုင်တဲ့ အရုပ်ကလေးလို အမိန့်ပေးချင်တုန်းပါပဲလား..။
"မင်းတို့..တကယ်လား.."
"ဘာကိုလည်း..."
"အဲကောင်မလေး နဲ့ မင်းလေ..."
မော့်ကို မော့ကြည့်ငေးနေတဲ့ သူ့ရီဝေေ၀ မျက်လုံးမှာ ၀မ်းနည်း အားငယ်ရိပ်တွေ တွေ့တော့ ဘာရယ်မဟုတ်ပဲ နောက်ချင်လာသည်...။
ဟုတ်တယ်လေ....သူ ဘယ်တုန်းကများ...မော် နဲ့ ပတ်သက်ပြီး စိတ်ထိခိုက် ခဲ့ဖူးလို့လည်း..။
"ဟုတ်တယ်..."
"ဘာ..."
ရုတ်တရက်ကြီး ထရပ်လိုက်တော့မှ မော့် ထိတ်လန့်စွာ သူ့ကို ပြန်မော့ကြည့်ရသည်..။
သူ့ မျက်လုံးက ဒေါသတွေနဲ့ အနီရောင် ပြောင်းတော့မလို ထင်ရသည်..။
"ဘာ ထ ဖြစ်တာလည်း မင်း နဲ့ မဆိုင်ပါဘူးကွာ..."
"ဆိုင်တယ်..ဆိုင်တယ်ကွာ..."
"ဘာဖြစ်လို့..."
"မင်းက ငါ့မိန်းမ... မင်းကို ငါ ပိုင်တယ်..."
"ဟား..ဟား...ရူးတာကွာ...သေချာ စဉ်းစားပါဦးဟ.."
"........."
မော် သတိပေးလိုက်ချိန် နှုတ်ခမ်းတင်းတင်းစေ့ ပိတ်ကာ ရပ်တန့်သွားတော့ သူ့ဆီ လာမိတာ မှားပြီလို့ တွေးရင်း ပြန်ဖို့ ပြင်လိုက်သည်..။
"အ..."
မော့် ကို ပွေ့ချီလိုက်တာ ရုတ်တရက် မို့ ကြောင်နေရင်း သတိဝင်လာချိန် နှစ်ခုံဆက် ဆိုဖာပေါ် ရောက်နေပြီ..။
"မင်း ဘာလုပ်တာလည်း...မိုး...ဖယ်စမ်း.."
မော့်အပေါ်မှာ အုပ်မိုးနေတဲ့ သူ့ရင်ဘတ်ကို တွန်းရင်း ပြောလိုက်တော့ ဆံပင်တွေကို ထိုးဖွကာ ခပ်လှောင်လှောင် ရယ်ပြန်သည်..။
ဘာတွေ ဖြစ်တာလည်း...ဘာတွေ လုပ်ဦးမလို့လည်း...။
မဖြစ်ဘူး...သူ့ကို သွားကြမ်းလို့ကတော့ ဆယ်ဆ ပြန်ကြမ်းတော့မှာ အလိုလို သိနေသည်..။
"ဖယ်လေ...မိုး...ငါ ပြန်ရမယ်..."
"......."
"ငါ ...မင်းကို စိတ်ပူလို့ လာကြည့်တာ...ငါ တို့ကြားက ရိုးသားတဲ့ သံယောဇဉ်ကိုတော့ ပျက်စီးအောင် မလုပ်ပါနဲ့..မိုးရယ်...ဖယ်ပါ..."
".........."
"ငါ တောင်းပန်ပါတယ်...ဖယ်နော်..."
မော့် မျက်လုံးကိုပဲ စိုက်ကြည့်နေတဲ့ သူ့ကို အသနားခံသလို ခပ်တိုးတိုး ပြောလိုက်ပေမဲ့ အုပ်မိုးနေတဲ့ သူ့ကိုယ်လည်း မဖယ်သလို မော့် ပခုံးက ကိုလည်း ဖိဆုပ်ကိုင်ထားဆဲပင်..။
မျက်နှာ နှစ်ခု နီးကပ်သွားချိန် ခပ်ပြင်းပြင်း အနံ့နဲ့ အတူ နှုတ်ခမ်းနေရာမှာ နွေးထွေးသွားသည်..။
အို...မဟုတ်ဘူး...မင်းတော့....ကျစ်...။
မော် ငြိမ်သက် မနေတော့ပဲ သူ့ရင်ဘတ်ကို အားထည့်တွန်းလိုက်တော့ တစ်ချက်တောင် မတွန့်ပဲ ကိုယ်က ပိုကိုင်းလာသည်..။
ခေါင်းလွဲရှောင်လို့ မရအောင် နေရာ ကျဉ်းကျဉ်းနဲ့ မော့်ခေါင်းကိုပါ ထိန်းကိုင်ထားတော့ စိတ်တွေ မွန်းကြပ်လာသည်..။
မော့် လည်ပင်းဆီကို သူ့မျက်နှာ အပ်လာပြီး လက်တွေက လည်း တစ်ချိန်တည်း လှုပ်ရှားလာတော့ လန့်ဖြတ်သွားရသည်..။
စိတ်ကိုတင်းကာ သူ့ရင်ဘတ်ကို အားကုန်တွန်းလိုက်ချိန် တစ်ချက် ယိုင်သွားသည်မို့ ကပျာကယာ ထိုင်လိုက်သည်..။
"မော်..."
"......."
မော် ဆိုဖာကနေ ထရပ်ပြီး အိတ်ကို ယူကာ အခန်းတံခါး ၀ ကို ပြေးထွက်လာခဲ့သည်..။
"မော်...မော်...နေပါဦး...ငါ..."
တံခါးကို ဖွင့်ပြီး လှေကားတွေကို ပြေးဆင်းလာချိန် ရင်ဘတ်ထဲမှာ တလှပ်လှပ်ဖြင့် အတော် နေလို့ မကောင်း ဖြစ်လာသည်..။
"မော်..."
"ဟာ..မအားဘူး..."
လမ်းဘေးမှာ ရပ်ထားတဲ့ တက္ကစီပေါ် တက်ထိုင်လိုက်တော့ ကားသမားက မျက်လုံးပြူးကာ နှင်တော့သည်..။
"ခဏပါ...ကျွန်မ နောက် လူတစ်ယောက် လိုက်လာလို့ပါ..."
မော် ပြောလိုက်တော့ တက္ကစီ သမားက မယုံသလိုလို တစ်ချက် စဉ်းစားနေသေးသည်..။
သူက မောင်းထွက်သွားတဲ့ တက္ကစီ တစ်စီးနောက်ကို ပြေးလိုက်နေချိန် မော့်မှာ အသက်ကို မနည်းရှုနေရသည်..။
"ကျေး...ကျေးဇူးတင်ပါတယ်....အစ်ကို.."
တခြား တက္ကစီ တစ်စီးပေါ် တက်ပြီး ဆိုင်ကို မသွားပဲ အိမ်ကို တန်းပြန်လာခဲ့ရသည်..။
အိမ်မှာ တိုးတိုး ပဲ ၇ှိနေလို့ တော်ပါသေးရဲ့..။
"ကျော်ကျော်...ဘယ်က ပြန်လာတာလည်း...သား က ဆိုင်မှာ ရှိမယ် ထင်လို့..."
"အဖေ ကော..."
"မရှိဘူးလေ...."
"အင်း..."
"ဘာဖြစ်လို့လည်း ကျော်ကျော်..."
မော် ခေါင်းရမ်းပြီး လှေကားကို ခပ်ဖြည်းဖြည်းတက်လာကာ အခန်းရှေ့မှာ တံခါးကို နဖူးတိုက်ပြီး မှီ၍ ခဏရပ်နေမိသည်..။
သုံးမိနစ်လောက် ကြာတော့မှ တံခါးဖွင့်ကာ အခန်းထဲက ခုတင်ဆီကို လျှောက်သွားရသည်..။
အ၀တ်အစားတွေလည်း မချွတ်တော့ပဲ ခုတင်ပေါ် ပစ်လှဲချလိုက်ကာ မျက်နှာကျက်ကို မော့ငေးရင်း အသက်ရှုသံက တဖြည်းဖြည်း နှေးကျလာသည်..။
မျက်လုံးတွေကို စုံမှိတ်ကာ မလှုပ်မယှက် ငြိမ်သက်နေမိချိန် နှာခေါင်းဝမှာ သူသုံးနေကျ ရေမွှေးနံ့ တစ်ချက်ရသည်..။
ဘယ်လောက်တောင်နီးစပ်သွားတာလည်း..။
သူ့ ကိုယ်သင်းနံ့တောင် မော့်ကိုယ်ပေါ်မှာ ကပ်ညှိပါလာပြီလေ...။
မင်း နဲ့ ဝေးအောင်ကြိုးစားနေတာလေ...။
အခုလို ဖြစ်လာရတာ ဘယ်သူ့အပြစ်လည်း..။
သူ့ကို ချစ်မိတဲ့ မော့်ရဲ့ အားနည်းချက်ကို သူ ကောင်းကောင်းသိနေတယ်..။
အဲဒါကိုပဲ သူ အမြဲ အသုံးချနေတာပဲလေ...။
မော် တစ်ချက်ပြုံးကာ ရင်ဘတ်ကို ပုတ်၍ ကိုယ့်ကိုယ်ကို သတိပေးမိသည်..။
တစ်ချိန်တုန်းကလည်း ဒီလိုပါပဲ...။
.
🌹🌧🌹🌧🌹🌧🌹
"အစ်ကိုနိုင်ဝင်း နဲ့ လိုက်သွားတာ ပိုကောင်းသေး...မုန့်လည်း ၀ယ်ကျွေးတယ်..."
မော့်ရဲ့ အစ်ကို တစ်ဝမ်းကွဲနဲ့ ရုပ်ရှင် သွားကြည့်တာ ရုပ်ရှင်ကြည့်ပြီး မုန့် နဲ့ အကျှီ င်္လည်း ၀ယ်ပေးလို့ ကိုလွင်ကို ပြန်ကြွားမိသည်..။
"ကျော်ကျော်ရေ...နင့်ဖုန်း..."
"အဲ...လာပြီ..."
"အမယ်...ငါ့ ညီမတောင် ဖုန်းတွေ ဘာတွေ ပြောစရာ ရှိနေပြီပေါ့..."
"အာ...ဟုတ်ပါဘူး...ခုမှ လာတာ..."
"ဘာ အခုမှလည်း...အခုတလော မှ ငြိမ်နေတာလေ..."
ကိုလွင်က ၀င်ပြောတော့ မော် ရယ်ကြဲကြဲဖြင့်ပင် အိမ်ရှေ့ကို ပြေးထွက်လာခဲ့ရသည်..။
အိမ်ရှေ့က ဖုန်းကို ကောက်ကိုင်လိုက်တော့ အဖေ က တစ်ချက် ကြည့်ပြီး ကားကြီး အနားမှာ လိုအပ်တာ သွားလုပ်နေသည်..။
"ဟလို..."
"ဟလို...ကျော်ကျော်လား..."
"ဟင်...မိုး...မင်း အဆင်ပြေလား..."
ဟိုနေ့က ဝေယံနဲ့ တွေ့ချိန် မိုး တစ်ယောက် အလဲအကွဲ ဖြစ်နေတယ်တဲ့လေ..။
သူနဲ့ ဖုန်းမပြော ရတာ ကြာနေပေမဲ့ သူ့အသံကြားတာနဲ့ သူ့ကို စိတ်ပူနေရပြီ...။
ကောင်မလေး နဲ့ ပြဿနာတက်ထားတော့ သူ စိတ်ညစ်နေမှာပေါ့...။
"ဘာဖြစ်ရမှာလည်း...သူ့ကောင်မလေး ထားသွားလို့ပေါ့.."
"အိုး..ဒါကြောင့်လား...အသစ်ထပ်ရမှာပဲ...ဘာဖြစ်လည်း..."
"အေး...ငါတို့လည်း ပြောတာပဲ...ဒါပေမဲ့...သူက သူ့ကို ထားပြီး နောက်ဘဲနောက် လိုက်သွားတာ ခံပြင်းနေတာ ဟေ့ကောင်..."
"ဖြစ်ရတာကွာ...အခုကော..."
"မကျေမနပ် ဖြစ်နေတာပေါ့...သူ အရင် မထားခဲ့ရလို့ အတော်တင်းနေတယ်.."
ဝေယံ ပြောပုံ အရဆိုရင် သူ့ရည်းစားက သူ့ကို ထားသွားလို့ ခံပြင်းနေတယ်တဲ့လေ..။
အခုလည်း မော့်ကို ရင်ဖွင့် ဖို့ ဖုန်းဆက်တာ နေမှာပါ...။
မော် စိတ်မသက်သာစွာ သက်ပြင်းချလိုက်မိသည်..။
"ဟလို..."
တစ်ဖက်က အသံမကြားရတော့ ထပ်မေးလိုက်ချိန် သက်ပြင်းချသံ သဲ့သဲ့ ကြားရသည်..။
ဘာတွေ ဖြစ်နေပြန်ပြီလည်း..။
ဘာပဲ ဖြစ်ဖြစ် နားထောင်ပေးမှာပေါ့...။
"ဟလို...ပြောလေ...မိုး...ဘာဖြစ်လို့လည်း..."
"မင်း ...မင်း ..ငါ့ကို မေ့သွားပြီလား.."
"ဟမ်..."
သူ့ရည်းစားဟောင်းနဲ့များ မှားနေတာလား..။
မိုးစက်တို့ မူးရူးနေပြီ ထင်ပါတယ်လေ..။
"မင်း နဲ့ အခုပြောနေတာ ကျော်ကျော်ဟ..."
"သြော်...ဟုတ်လား...ငါ မရူးသေးပါဘူး..."
"အိုး...ငါက မင်း..မူးပြီး..လူမှားပြောနေတယ်လို့ ထင်လို့ပါ..."
"ဘာမှ မမှားဘူး..."
"ကဲပြောလေ...ဘာဖြစ်လို့လည်း.."
"မင်း နဲ့ ဘဲကြီး တစ်ကောင်ကို ရုပ်ရှင်ရုံမှာတွေ့တယ်..."
"ဟမ်..."
မော် အခုပဲ ပြန်ရောက်တာမို့ စဉ်းစားရင်း ကိုနိုင်ဝင်း နဲ့ တွဲတွေ့ပြီးအထင်လွဲနေပြီလို့ သိလိုက်သည်..
အိုး အထင်လွဲစရာ ဘာလိုလည်း..။
သူ နဲ့ မော် ဘာမှ မဟုတ်ဘူးလေ...။
"အင်း...ခုပဲ ပြန်ရောက်တယ်...မင်း တွေ့လိုက်လို့လား.."
"ဘယ်က ကောင်လည်း...မင်း နဲ့ ဘယ်လို ပတ်သက်လည်း.."
"အိုး...မင်း အဲတုန်းကသာ ခေါ်လိုက်ရင် မိတ်ဆက်ပေးမှာပေါ့ဟ...ခုမှ ဘာလို့ လာမေးနေတာလည်း.."
"မင်း...ငါ မေးတာကိုပဲဖြေ..ကျော်ကျော်..."
ဒေါသ တစွန်းတစ ပါနေသည့် ခပ်ကြိတ်ကြိတ် လေသံဖြင့် အမိန့်ပေးသလို ပြောတော့ မော် ပခုံးတွန့်မိသည်..။
"ရူးတာကွာ...ငါ က ဘာဖြစ်လို့ မင်းမေးတာကို ဖြေရမှာလည်း..."
"ကျော်ကျော်..."
ဖုန်းထဲကနေ ဒေါသနဲ့ အတူ ဆောင့်အော်လိုက်တဲ့ အသံကြောင့် မော် မျက်လုံးဝိုင်းသွားမိကာ ခိုးရယ်မိသည်..။
အထင်ကြီး ခံရကော နည်းသလား..။
ဒါတောင် ကိုနိုင်ထူးက အတင်းခေါ်လို့ လိုက်သွားတာ...အ၀တ်အစားအသစ်လဲ မျက်နှာကိုလည်း နည်းနည်း ပြင်ဆင်ပြီးမှ သွားမိလို့ တော်ပါသေးရဲ့...။
အိုး..သူတွေ့မယ်သာ သိရင် အခုလို ရှပ်နဲ့ ထဘီ ဘယ်တွဲဝတ်မလည်း ဝမ်းစက် အရောင်နုနုလေး ၀တ်သွားပါတယ်...။
မော် နောင်တရရင်း ကိုယ့်ကိုယ်ကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့မိသည်။
"မင်းကို ငါ မေးနေတယ်လေ...ဘယ်သူလည်းလို့.."
အသံက တစ်ခုခုကို ကြိတ်မနိုင်ခဲမရ ဖြစ်တဲ့ လေသံမို့ မော် ပခုံးတွန့်လိုက်ကာ ခဏ ငြိမ်သက်နေမိသည်..။
ဒေါသ ထွက်ရလောက်အောင် ဘာ အပြစ်မှလည်း မလုပ်မိပါဘူး..။
"ကျော်ကျော်..."
"အိုး....ဘာဖြစ်လို့ အော်တာလည်း...နားအူသွားပြီ....မင်းနဲ့ ငါ သူငယ်ချင်း ဆိုရင်တော့ ...ငါ မဖြေလည်း ရပါတယ်...ဟုတ်တယ်မလား မိုး.."
"ကျစ်...တောက်..."
"မင်း ဘာလို့ ဒီလောက် ဒေါသထွက်နေတာလည်း...မဟုတ်မှ...မင်းရည်းစားပေါ် မကျေနပ်တာတွေကို ငါ့ဆီမှာ ပေါက်ကွဲချင်လို့ ဖုန်းဆက်ပြီး ပြဿနာ ရှာနေတာလား..."
"ဂျွမ်းထိုးသေလိုက်..."
"ဟုတ်တယ်လေ...မင်းက ကောင်းကောင်း မမေးပဲ ဒေါသတွေ ထွက်ပြနေတာကိုးကွ..."
"မင်း ဘယ်က ကောင်နဲ့ တွဲနေတာလည်း..ကျော်ကျော်..အဲလို ပေါက်လွှတ်ပဲစား မနေနဲ့ ငါမကြိုက်ဘူး..."
"အေး...ပေါက်လွှတ် ပဲစား ဆိုလည်း လွှတ်ထားလေ...ဒါ ငါ့စတိုင်လ်ပဲ မင်း က ဘာလို့ ကြားထဲက ဒေါသ၀င်ဖြစ်နေတာလည်း.."
"တောက်.."
"မင်း မှာလည်း လွတ်လပ်ခွင့် ရှိသလို ငါ့မှာလည်း ရှိတာပဲ..ငါလည်း တွဲချင်တဲ့သူနဲ့ တွဲလို့ရတယ်..."
"မရဘူး..."
"ဘာဖြစ်လို့လည်း.."
"..........."
ဖုန်းချသွားတော့ မော် နားမလည် နိုင်စွာဖြင့် ဖုန်းကို ငေးကြောင်ကြည့်ရင်း စိတ်တိုလာသည်။
လူကို ပြောသွားတာ တကယ့်ကို နှစ်ပြားမတန်တော့ဘူး..။
ကျစ်...ကိုယ့်ဟာကို နေချင်သလို နေ သူနဲ့ ဘာဆိုင်လည်း..။
အခု သူငယ်ချင်းတောင် မဟုတ်တော့ပဲ လိုက်ချုပ်ချယ်နေရအောင် မော်က သူ့အတွက် ဘာလည်း..။
အမြဲတမ်း နိုင်စားပြီး မိန်းကလေး တစ်ယောက်ကို ရင့်ရင့်သီးသီး ပြောတက်တဲ့ သူ့ကို ဒီတစ်ခါတော့ မျက်နှာချင်းဆိုင်ကို ရှင်းချင်လာသည်..။
သူ့မျက်လုံးထဲမှာ မော်က ပြောချင်တာပြော ခိုင်းချင်တာခိုင်း ခွေးလေး တစ်ကောင်လို သခင့် အမိန့်နာခံမယ်လို့ ထင်နေတာလား..။
မော် စိတ်တိုနေချိန် ကျောင်းကို လိုက်မသွားချင်လို့ ဝေယံတို့ အခန်းရှိတဲ့ ဘက်ကိုထွက်လာခဲ့လိုက်သည်..။
"ဟာ..ဝေယံ...အတော်ပဲ.."
"ဟေ....ကျော်ကျော်...ဘာလည်း...ငါ့ကို ရှာနေတာလား.."
လမ်းမှာ ခပ်သုတ်သုတ် လျှောက်နေတဲ့ ဝေယံကို မျက်နှာချင်းဆိုင်တွေ့တော့ မော် အနားကို ရောက်သွားသည်..။
"ဟိုကောင်...မိုး ဘာဖြစ်တာလည်း...ငါ့ကို ဖုန်းဆက်ပြီး လွှတ်ဆူနေတာပဲ..."
"အေး..ဒီကောင် ခုတလော...လူတိုင်းကို ရစ်နေတာပဲ...အဲ မင်းလည်း သူ့ကို ရှာနေတာလား.."
"အင်း..တွေ့ရင် ရှင်းစရာ ရှိတယ်...ငါ့ကို ဘလိုင်းကြီး ပြောဆိုသွားတာ...တွေ့ဦးမယ်..."
"ကောင်းတယ်...အေးအေးသာ ရှင်း..ရော့ ဒီမှာ...သူ့အတွက် ထမင်းကြော် ပြန်ပို့မလို့ မင်းယူသွားလိုက်နော်...ငါ သွားစရာ ရှိလို့.."
"ဟ...နေပါဦး...သူက ဘယ်မှာလည်း.."
"ငါတို့ အခန်းကို ရောက်နေတယ်လေ...စောစော ကတော့ အိမ်ပြန်ဦးမယ်လို့ ပြောတယ်...ငါထွက်လာချိန် နန္ဒနဲ့ သူ့ညီမလေး သုံးယောက်လည်း ရှိတယ်...ကြည့်လိုက်ကွာ အခန်းသော့ပိတ်ထားရင်တော့ အဲဒီ့ ထမင်းကြော် မင်းပဲ စားလိုက်..."
ဝေယံက လိုအပ်တာများ မှာကြား ဖြည့်ဆည်း ဆောင်ရွက်၍ ခပ်သုတ်သုတ် ပင် ပြန်ထွက်သွားတော့ မော် ဖော့ဘူးအိတ်ကို လွဲရမ်းရင်း သူတို့ အခန်းဆီကို ရောက်လာသည်..။
မတွေ့ခင်တုန်းကတော့ ဘယ်လိုမျိုး ပြောလိုက်မယ် ဆိုပြီး တေးလာပေမဲ့ အခန်းရှေ့ကို ရောက်တော့ ရင်ခုန်ချင် သလိုလို ဖြစ်လာပြန်သည်။
သူနဲ့ မျက်နှာချင်းဆိုင် မတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလည်း..။
မော် ကိုယ်တိုင် ၀န်ခံခဲ့မိတာ သတိရတော့ မျက်နှာပူကာ လှည့်ပြန်ချင်လာသည်..။
အိုး..အခုချိန်ဆို ရည်းစားနဲ့တောင် ပြန်ကွဲ သွားပြီ ဖြစ်တဲ့ အသည်းကွဲနေသူကြီးလည်း မေ့နေလောက်ပါပြီ..။
အရင်အတိုင်း သူငယ်ချင်းလို နေခွင့်လေး ပြန်ရရင်တော့ ပိုအဆင်ပြေဦးမည်..။
"ဒေါက်...ဒေါက်..."
မော် သက်ပြင်းချရင်း တံခါးကို ခေါက်လိုက်ပေမဲ့ တုန့်ပြန်မှု မရှိလို့ နှစ်ချက်ထပ်ခေါက်လိုက်သည်.။
ဘာသံမှ မကြားရတော့ ဖော့ဘူးကို ငုံ့ကြည့်ကာ ပြန်လှည့်လာခဲ့ရတော့သည်..။
"ဟေ့..."
"ဟင်.."
မော် လှေကားကနေ မော့ကြည့်လိုက်တော့ တီရှပ်အနီရဲနဲ့ ပုဆိုးကြမ်း ၀တ်ထားတဲ့ သူက မျက်နှာ တည်တည်ကြီးဖြင့် ကြည့်နေသည်..။
လှေကားတွေကို ပြန်တက်သွားလိုက်ကာ လက်ထဲက ဖော့ဘူးကို လှမ်းပေးလိုက်တော့ ဆွဲယူပြီး အိမ်ထဲ ၀င်သွားသည်..။
"၀င်ဦး"တောင် မခေါ်ဘူး..။
သူ ပြောသလို အထင်ကြီးစရာကို မရှိတာလေ..။
မော် မခံချင်စိတ်ဖြင့် အိမ်တံခါးကို တွန်းကာ အိမ်ထဲကို လိုက်ဝင်သွားလိုက်သည်...။
တစ်ခါတုန်းက သူတို့နဲ့ အတူ လိုက်လာခဲ့ဖူးတဲ့ အိမ်မို့ အပြင်အဆင်တွေက သိပ်မစိမ်းတော့ပါ..။
ယောက်ျားလေး သုံးယောက် စုနေတဲ့ တိုက်ခန်းမှာ အခန်း သုံးခန်းဖွဲ့ထားပြီး..သူကတော့ တစ်ခါတလေ အိမ်နဲ့ အဆင်မပြေ ဖြစ်မှ ဝေယံ့ အခန်းထဲ လာနေတက်သည်..။
မော် အိမ်ထဲရောက်တော့ သူ့ အရိပ်အယောင်တောင် မတွေ့ရတော့လို့ ခဏရပ်နေမိသည်...။
တစ်ဖက် အခန်းမှာ နန္ဒနဲ့ သူ့ညီမလေးတွေ ရှိနေရင် အပြင်မှာတော့ သူ စကားပြောချင်မှာ မဟုတ်ဘူးလေ...။
ဝေယံ့ အခန်းတံခါးကို တွန်းဖွင့် ကြည့်လိုက်တော့ ပြတင်းပေါက်မှန်ကို မျက်နှာမူပြီး ရပ်နေသည်..။
"မိုး.."
"မင်း...မင်း...ငါ့ကို ဘယ်လို ပြောသွားတာလည်း...မင်းသိလား..."
အခန်းတံခါးဝ နားမှာ ရပ်နေတဲ့ မော့်ဆီကို ရုတ်တရက် ရောက်လာပြီး ပခုံးကို ကိုင်၍ လှုပ်ရမ်းကာ မေးတော့ စိတ်တိုရသည်..။
သူ့လက်တွေကို ပုတ်ချပစ်လိုက်ပြီး သူ့ကိုယ်ကိုတွန်းပစ်ကာ မျက်နှာထား တည်တည် ဖြင့်ပင် ပြန်ခံကြည့်မိသည်..။
"ပြောလေ...မင်း... ပြောသွားတာ မမှတ်မိတော့ဘူးလား.."
မော့်ကို ရုတ်တရက်အော်လိုက်တော့ လန့်သွားကာ ကြောင်နေပြီးမှ စကားပြန်ပြောဖို့ သတိရတော့သည်..။
"မှတ်မိတယ်..မင်း နဲ့ ငါ နဲ့ ဘာဆိုင်လည်း..ငါ ပြောတာ ဘာမှားလို့လည်း...မင်း လည်း မင်း ကြိုက်တဲ့ သူနဲ့ တွဲခွင့်ရှိတယ်...ငါ လည်း ငါ ကြိုက်တဲ့ သူနဲ့ တွဲခွင့်ရှိတယ်..."
"တောက်...မင်း က အမြဲတမ်း ငါ့စေတနာကို နားမလည်ဘူး..ကျော်ကျော်...မင်း..."
"ဘာ စေတနာလည်း...ငါတော့..မင်းရည်းစား က မင်းကို ထားပြီး နောက်တစ်ယောက်နောက် ပါသွားလို့ မင်းပေါက်ကွဲနေတာပဲ...မင်း ရည်းစားကို ပြောခွင့်မရှိတော့လို့...ပြောလို့လည်း မရတော့လို့..မင်းရဲ့ ဒေါသတွေက ငါ့ဆီ ရောက်လာတာမလား...မင်းကို နွားလုပ်သွားတာ မင်းရည်းစားလေ...ငါ မဟုတ်ဘူး...မင်း လူမှားနေပြီ..."
"........."
မော် အနားမှာ ရပ်နေရင်း ငုံ့မိုးကြည့်နေတဲ့ စူးရှရှ သူ့မျက်လုံးတွေနဲ့ ဒေါသကြောင့် အရောင်ပြောင်းချင်နေတဲ့ မော့မျက်လုံးတွေ ဆုံသွားသည်..။
မော် လွန်သွားတဲ့ စကားတွေကြောင့် မျက်လွှာချလိုက်ကာ ပြောစရာ စကားတွေကို ပြန်တွေးယူရင်း တံတွေးတစ်ချက် မြိုချမိသည်..။
"ငါပြန်မယ်..."
"နေဦး.."
မော့်လက် ကို ရုတ်တရက် ဆွဲကာ တားဆီးလိုက်တော့ ကြောင်သွားသည်..။
သတိဝင်ကာ ပြန်ရုန်းတော့ သူက ပိုဖိဆွဲသည်မို့ စိတ်ထဲ ကြောက်ချင်သလိုလို ဖြစ်လာသည်..။
ဘာမှတော့ မဖြစ်လောက်ပါဘူး...ဟိုဘက်အခန်းမှာလည်း လူတွေနဲ့ပဲလေ...။
"အို....."
"..........."
မော့်ကို ခုတင်ပေါ် တွန်းပစ်လိုက်ကာ လက်နှစ်ဖက်ကို ချုပ်၍ နမ်းတော့ ခေါင်းကိုသာ တွင်တွင်ရမ်းရင်း ငြင်းဆန်နေမိသည်..။
ဘာတွေ ဖြစ်ကုန်တာလည်း...။
စိမ်းသက်လွန်းပြီး နူးညံ့တဲ့ အထိအတွေ့မှာ မော် ရင်တလှပ်လှပ် ဖြစ်လာကာ မောလျလာတော့သည်..။
မဟုတ်ဘူး...ငါ..တာယာတွေကိုတောင် တစ်ယောက်တည်း နိုင်တယ်လေ...။
တွန်းလိုက်စမ်း...သူ့ကိုယ်ကြီးကို အားထည့်ပြီး တွန်းပစ်ရမယ်...။
ဒီလိုသာ သူ အခွင့်အရေး ရသွားရင် နင့်ကို တစ်သက်လုံး အထင်သေးသွားတော့မှာပေါ့..။
သူ့အမြင်မှာ နင့်တန်ဖိုးက ခပ်ပေါပေါ မိန်းမ ဖြစ်သွားလိမ့်မယ်...။
မော် အားကုန်တွန်းပစ်ပြီး အလန့်တကြား ထရပ်ကာ အခန်းတံခါးဝဆီသို့ ပြေးဖို့ ပြင်လိုက်ချိန် ခါးကို ဆွဲဖက်ခံလိုက်ရသည်..။
တံတောင်ဆစ်နဲ့ မျက်နှာကို ရိုက်ချလို့ ရပေမဲ့ မလုပ်ရက်လို့ ရပ်တန့်လိုက်မိသည်..။
သူကတော့ ရက်စက်တက်သူမို့လား မသိ...။
ဘာကိုမှ မစာနာပဲ သူလိုချင်တာကို အရယူသွားသည်..။
မော့်ရဲ့ ကြမ်းတမ်းပေမဲ့ ဖြူစင်သန့်ရှင်းတဲ့ ဘ၀လေးက အခုတော့ အရောင်တွေ စွန်းပေကာ ညိုးနွမ်း ကြွေကျသွားခဲ့ပြီလေ...။
"ငါ မှားတယ် လွန်သွားတာ...တောင်းပန်ပါတယ်..မော်..."
ပြတင်းပေါက်နားမှာ ရပ်ရင်း အပြင်ကို ငေးကြည့်ကာ ခပ်တိုးတိုး ပြောလိုက်ပေမဲ့ မော့် ကြားတစ်ချက် မကြား တစ်ချက် ဖြစ်နေသည်..။
လောကကြီး တစ်ခုလုံး ဘာတွေ ဖြစ်ကုန်မှန်း မသိအောင်ကို ပြောင်းလဲသွားပြီလို့ ခံစားရသည်..။
ခုတင်အနားမှာ မတ်တက်ရပ်လျက် ရှပ်အင်္ကျီ လက်အနားစကို လိတ်လိုက်ဖြန့်လိုက်ဖြင့် အချိန် အတော်ကြာသွားသည်...။
ဘာလုပ်ရမလည်း မသိ..ဘာဖြစ်လာမလည်း မသိ...။
ဘာတွေ ပြောင်းလဲကုန်မလည်း မသိ ....ဘယ်လို ရှေ့ဆက်ရမလည်း မတွေးတက်...။
မော် က ခပ်ပေါ့ပေါ့ နေတက်ပေမဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘ၀ကို ကိုယ်ချစ်မြတ်နိုးပြီး တစ်သက်တာ တာဝန်ယူထားတဲ့ ခင်ပွန်းကိုပဲ ပေးအပ်ရမယ်ဆိုတာ သိပါသည်..။
ဒါဆို...အခုကျတော့ ဘာတွေ ဖြစ်ကုန်တာလည်း..။
မော့် စိတ်ထဲ အခကြေးငွေနဲ့ အလုပ်လုပ်တဲ့ လမ်းထဲက မိန်းမ တစ်ယောက်ကို မြင်ယောင်လာသည်..။
ထိုသို့ယှဉ်ကြည့်လိုက်တော့မှ ကြောင်တောင်တောင် ဖြစ်နေတဲ့ မော့်စိတ်တွေက ကြောက်ရလန့်ရမှန်း သိလာကာ ကိုယ့်ဘ၀ အတွက် ၀မ်းနည်းလာတော့သည်..။
"မော်..."
ဟင့်အင်း...ဒီမှာ ငိုချလိုက်လို့ မဖြစ်ဘူး..။
ဒါဆို သူ အထင်မကြီးတဲ့ မိန်းကလေး တစ်ယောက်က မျက်ရည်ခံ ထိုးပြီး တာဝန်ယူခိုင်းနေတယ်လို့ ထင်သွားမှာပေါ့...။
မော် အခန်းတံခါးဖွင့်ကာ အပြင်ထွက်လာချိန် နန္ဒတို့ လည်း အိမ်မှာ မရှိတာ သတိထားမိသွားသည်..။
သူ့ အမှားချည်းပဲလည်း မဟုတ်ပါဘူး..။
ယောက်ျားလေး တစ်ယောက်တည်း ရှိနေတဲ့ အခန်းထဲကို လိုက်လာတယ် ဆိုကတည်းက ခပ်လွယ်လွယ် မိန်းမ တစ်ယောက် ဖြစ်နေပါပြီ...။
"မော်....ငါတောင်းပန်ပါတယ်......ငါ့ကို စိတ်မဆိုးပါနဲ့...မော်..စိတ်မဆိုးဘူးမလား..."
လှေကားတွေကို ပြေးဆင်းလာရင်း နောက်ကလိုက်ကာ တတွတ်တွတ် ပြောနေတဲ့ သူ့စကားတွေက ခါးသီးလာသည်..။
ငိုချင်တဲ့ စိတ်ကို ထိန်းထားတော့ ရင်ဘတ်ထဲမှာလည်း တင်းကြပ်လာကာ အသက်ရှု မ၀ပင် ဖြစ်လာသည်..။
"မော်....ငါ..."
တက္ကစီပေါ် တက်တော့ သူလည်း လိုက်တက်သည်မို့ မော် ရပ်တန့်လိုက်သည်..။
"မလိုက်ပါနဲ့..မိုး...ငါ စိတ်မဆိုးပါဘူး.."
"ငါ ဖုန်းဆက်လိုက်မယ်နော်...သိလား...မော်..."
ကား နောက်မှာ ကျန်ခဲ့ပေမဲ့ မှာကြားနေတာ မပြီးနိုင်လို့ မော် နားကို လက်ဝါးနဲ့ အုပ်ကာ ပိတ်ပစ်လိုက်သည်..။
အိုး...ဘယ်လို မေးလိုက်တာလည်း...မိုးရယ်...။
ငါ့ကို ဘယ်လို ဖြေစေချင်တာလည်း..။
"ငါ စိတ်မဆိုးပါဘူး" ငါ့ရဲ့ စကားက ဒီအဖြစ်အပျက်တွေကို လိုလားသလို ဖြစ်သွားပြီလား..။
နင့်ကို အရမ်းချစ်ခဲ့ပေမဲ့ ဘ၀ပေးပြီး ပတ်သက်ဖို့တော့ မစဉ်းစားခဲ့မိပါဘူး...။
ရည်းစားများတဲ့ နင့်အတွက် ဒီလို အကြောင်းအရာတွေ ထူးဆန်းပါ့မလား..။
ငါ့အတွက်တော့ ငါ ဆိုတာ မရှိတော့သလို ပဲ...။
ငါ တစ်စုံတစ်ခု ဆုံးရှုံးလိုက်ပြီ မိုးရယ်..။
ခေါင်းစဉ်ပြောပြလို့မရအောင်ကို ကြီးကြီးမားမား ဆုံးရှုံးသွားတာပဲ...။
ငါ့ အရှက် ၊ ငါ့ဘ၀ ၊ငါ့သိက္ခာ ၊ ငါ့မာန၊ ငါ ဖြစ်တည်မှု အရာအားလုံး..။
အိုး...မေမေ့ကို သတိရလိုက်တာ...။
အိမ်မှာ ရှိတဲ့ အရင်းနှီးဆုံး မိသားစုဝင် ယောက်ျားသားသုံးယောက် ကို မော် ဘယ်လို တိုင်ပင်ရမလည်း..။
ဘယ်လို ရင်ဖွင့်ရမလည်း..။
လှလှကို ပြောရင်လည်း ကိုလွင့်ကို ပြန်တိုင်မှာပဲ..။
မေမေရယ်...မေမေသာ ရှိရင်...ဘယ်လောက်ကောင်းမလည်း..။
အိုး...အခုလို အပြင်သွားခွင့်တောင် မေမေ ပေးမှာ မဟုတ်ဘူး..။
ဒါဆို မော်က အိနြေ္ဒသိက္ခာ ရှိတဲ့ မိန်းကလေး တစ်ယောက် ဖြစ်မှာပေါ့..။
အခုတော့ သူ့အမြင်မှာ မော်က ခပ်ပေါပေါ မိန်းမ တစ်ယောက် အထင်ကြီးစရာ မရှိတဲ့ မိန်းမ တစ်ယောက် အဆင့်ထက် မပိုဘူး..။
ဒါကြောင့်လည်း...သူ မချစ်ပဲ ခုအခြေအနေထိ ပတ်သက်ခဲ့တာပေါ့လေ...အခုဆို ပိုတောင် နှိမ့်ကျသွားပြီ..။
"လမ်းထိပ်တင် ရပ်ပါ...ဦးလေး..."
တက္ကစီနဲ့ ပြန်လာတာ တွေ့ရင် ကိုလွင် မေးစစ်နေမှာစိုးလို့ ရပ်ခိုင်းလိုက်ရသည်.။
ခြေလှမ်းတွေက အားမပါသလို ရပ်ကွက်ထဲ ခြေချဖို့တောင် မ၀ံ့မရဲ ဖြစ်နေသည်..။
အရင်တုန်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ နေချင်သလို ခပ်ကြမ်းကြမ်း နေခဲ့တဲ့ မော်က အခုတော့ ဘာမှမသိတဲ့ ပတ်ဝန်းကျင်ရဲ့ သာမန် အကြည့်တွေကိုတောင် သိမ်ငယ်စရာ အဖြစ်တွေးကြောက်မိသည်..။
"မော်.."
"ဟင်..မိုး.."
"လာ...ခဏ..ခဏလေးပဲ...လိုက်ခဲ့..စကားပြောချင်လို့ကွာ... ပြောမှ ဖြစ်မှာမို့...လာပါ.."
သူ ဘယ်တုန်းကလည်း က အရင်ရောက်နေတာလည်း..။
မော့် လက်ကို ဆွဲခေါ်နေတော့ ခပ်ဖြည်းဖြည်း တွန်းဖယ်လိုက်ကာ သူ့ခေါ်ရာ နောက်ကို တဖန် လိုက်သွားမိပြန်သည်..။
ဟုတ်တယ်လေ...မလိုက်လို့လည်း မဖြစ်အောင်...သူ နဲ့ ကိုယ် ရင်းနှီး ပတ်သက်ခဲ့ကြပြီ မဟုတ်လား..။
ခုချိန် မှာ ဘာလုပ်ရမလည်း မဝေခွဲတက်......ဖြစ်နိုင်ရင် ပျောက်ဆုံးသွားချင်တာပဲ သိတော့သည်..။
"အင့်.."
"ဘာလည်း.."
"ဆေးလေ...သောက်လိုက်..."
"ဟင်.."
"မတော်မဆ ကိုယ်ဝန် ရှိသွားမှာ စိုးလို့...သောက်လိုက်နော်..."
သူ့ရဲ့ စကားကြောင့် မော် ကြက်သီးထကာ ဆံပင်တွေပါ ထောင်ထ ကုန်သည်..။
ကိုယ်ဝန်တဲ့...။
သူရဲ့လက်ထဲက ဖောက်ပြီးသား ဆေးကို ခပ်မြန်မြန် ဆွဲယူကာ ပါးစပ်ထဲ ပစ်ထည့်ပြီး မျက်လုံးပြူး မြိုချမိသည်..။
ရေဘူး လှမ်းပေးပေမဲ့ ရေမလိုအောင်ကို ထိတ်လန့်နေမိသည်မို့ ဆေးက ၀မ်းထဲ ရောက်သွားမှ ရေထပ်သောက်ရသည်..။
မော် သေချာ မသိတဲ့ ကိစ္စတွေက များလိုက်တာ..။
ကိုလွင် ပြောသလို "ညီမလေးက ကားထဲက စက်ပစ္စည်းတွေ အကြောင်းသိပေမဲ့ လူတွေ အကြောင်းမသိပါဘူး"တဲ့လေ...။
သူကျတော့ ဘာဖြစ်လို့ ဒီကိစ္စတွေ သိနေတာလည်း..။
မိန်းကလေး ဘယ်နှယောက်နဲ့ များ ဒီလိုတွေ ပတ်သက်ခဲ့ဖူးလို့လည်း..။
မဟုတ်မှ ဆရာဝန်လောင်းမို့လို့ သိနေတာလည်း ဖြစ်နိုင်တာပဲလေ..။
မော် အားကိုးတကြီး ဖြစ်နေတဲ့ စိတ်တွေ တည်ငြိမ်လာတော့ မျက်နှာချင်းဆိုင် ရပ်နေရတာကိုပဲ ရှက်စရာ သိမ်ငယ်စရာ ဖြစ်လာပြန်သည်..။
"ငါ ပြန်တော့မယ်..."
"မော်.."
"........"
"မော်...မင်း စိတ်ဆိုးနေလား...
ငါ့ကို မမုန်းပါနဲ့နော်....မင်းကို ငါ တကယ်လိုအပ်တာပါ..."
လမ်းထဲကို ၀င်လာပေမဲ့ မော့်နှုတ်ခမ်းတွေက ပြုံးကာ မျက်လုံးမှာတော့ ခပ်ဝါးဝါးရယ်...။
မင်း မချစ်ဘူး...မင်း အချစ်ခံရလောက်အောင် ငါ က မထိုက်တန်ဘူး..။
မင်း လိုအပ်တဲ့ အခါ အသုံးဝင်ဖို့လောက်ပဲ ငါ ဆိုတာ ရှိသင့်တာလား..။
ဘာပဲ ဖြစ်ဖြစ် ငါ ကျေနပ် ကြည်ဖြူပါတယ်...မိုး..။
ဖြစ်သမျှ ကိစ္စတိုင်းမှာ ငါ ယူကြုံးမရ ဖြစ်ပြီး ၀မ်းနည်းရင် ၀မ်းနည်းမယ်...ငိုကြွေးရင် ငိုကြွေးမယ်..။
ဒါပေမဲ့ မင်းကိုတော့ မမုန်းပါဘူး...။
မင်း မချစ်ရင်တောင် မင်း ငါ့ကို လိုအပ်တယ်ဆိုတဲ့ စကားလေး တစ်ခွန်းက ငါ့ကို ကောင်းကောင်း ဖြေသိမ့်ပေးပါတယ်ကွာ...။
16'03'25-06'20
**•̩̩͙✩•̩̩͙*˚ ˚*•̩̩͙✩•̩̩͙*˚***•̩̩͙✩•̩̩͙*˚ ˚*•̩̩͙✩•̩̩͙*˚*
စာတွေက ရှုပ်နေလားဟင်
အတိတ် နဲ့ လက်ရှိ အခြေအနေ ယှဉ်ရေးပေမဲ့ ခွဲဖတ်လို့ ရပါ့မလား မသိဘူး
စပိုက်ကာ တော့ ကိုယ့်ဟာကိုယ် ပြန်ဖတ်ပြီး ရှုပ်ခတ်နေသလို ခံစားရတယ်
ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ကြပါနော် 🙏
အရေးအသား အဆင်မပြေ စာလုံးပေါင်း မမှန်ရင် ခွင့်လွှတ်ပါနော်။
အခုလို ခပ်ညံ့ညံ့ အရေးအသားကို အချိန်ပေး ဖတ်ပေးခဲ့တာ ကျေးဇူးအထူးတင်ပါတယ်
Love U All ❤
#စပိုက်ကာ 🌹