The Mystery Between Us 💗 (...

By Lauren_B_Moon

319K 26.5K 4.4K

ေရာင္ျပန္ဟပ္မႈတစ္စံုတစ္ရာထဲမွာ အခ်စ္တစ္ခုေမြးဖြားေပးခဲ့တာမို႕ အသက္ရွင္ေနတဲ့ စကၠန္႕တိုင္းမွာ ခ်စ္ေနခြင့္ေပးပါ... More

Prologue 🔮
One 🔮
Two 🔮
Three 🔮
Four 🔮
Five 🔮
Six 🔮
Seven 🔮
Eight 🔮
Nine 🔮
Ten 🔮
Eleven 🔮
Twelve +🔮
Thirteen 🔮
Fourteen 🔮
Fifteen 🔮
Sixteen + 🔮
Seventeen 🔮
Eighteen + 🔮
Twenty 🔮
Twenty-One 🔮
Twenty-Two 🔮
Twenty-Three 🔮
Twenty-Four 🔮
Twenty-Five 🔮
Twenty-Six 🔮
Twenty-Seven 🔮
Twenty-Eight 🔮
Twenty-Nine 🔮
Thirty 🔮
Thirty-One 🔮
Thirty-Two 🔮
Thirty-Three + 🔮
Thirty-Four 🔮
Thirty-Five 🔮
Final 🔮💗🔮
🌈 Season Two 🌈

Nineteen 🔮

6.8K 603 122
By Lauren_B_Moon

The Mystery Between Us✨
.
.
.
.
.
.
.
.
.
.
.
.
.🌚
.
'' ကို အကုန္ထည့္လိုက္ရမွာလား ''

'' အြန္း~~~''

Chanyeol ကို ေက်ာေပးထိုင္ေနေသာ
ဆံႏြယ္ဝါဝါေလးေတြရဲ႕ ပိုင္ရွင္သည္
ေပ်ာ္ရႊင္အူျမဴးစြာပဲ ေခါင္းကေလး
လႈပ္ကာလႈပ္ကာျဖင့္ သူ႕ဗိုက္ေအာက္ပိုင္းက
ပူေႏြးေႏြးအထိအေတြ႕ကို အရသာခံရင္း
ေျခေထာက္ေလးႏွစ္ေခ်ာင္းကိုလည္း
ေကြးလိုက္ဆန္႕လိုက္လုပ္ေနေလသည္

'' အကုန္လံုးဆို မ်ားေနမွာေပါ့...
တဝက္ပဲ ထည့္မယ္ေလေနာ္ ''

'' ဟ့...တြန္႕တိုလွခ်ည္လားကြ!!
အကုန္ထည့္ဆို ထည့္ေပးလိုက္တာမဟုတ္ဘူး ငါက အထဲမွာေစးကပ္စီးပိုင္ေနျပီး အျပင္ကို
ေဖြးခနဲ ထြက္လာတာမွၾကိဳက္တာ...
ထည့္.!! အရည္ေတြတစက္မွမက်န္ေအာင္
အကုန္ညွစ္ထည့္ေပး''

'' အိုင္းဂူးးးး ဒီေလာက္အမ်ားၾကီးထည့္ထား
ေတာ့ ဘယ္နားကဘယ္လို စလုပ္ေပးရမွန္း
ေတာင္မသိေတာ့ဘူး ...
ကို နဲနဲျပန္ထုတ္လိုက္မယ္ ေနာ္ ''

သူ႕ အေနာက္က အူတူတူေကာင္ၾကီးကုိ
မ်က္လံုးေလးေစြေစာင္းကာလွည့္ၾကည့္လိုက္သူ
ငေျဗာင္သည္ေအာက္ႏႈတ္ခမ္းကို စိတ္တိုတိုနဲ႕
ကိုက္ထားရင္း ခ်က္ခ်င္းပင္ရန္ထသတ္ခ်င္
ေသာ ဒီဇိုင္းကာလာအေနအထားနဲ႕...

'' ဘာလို႕ကပ္ေစးနဲေနတာလဲ...
ရွိတာအကုန္ထည့္ေပးလိုက္ေတာ့
မင္းအသား ပဲ႔ပါသြားတာ က်ေနတာပဲ ''

'' ဒီေလာက္အမ်ားၾကီးကို တခါထဲအကုန္
လုပ္ပစ္လိုက္ေတာ့ ကုန္ျပီေပါ့။
သဲငယ္ေလးဟာေလ ...
ေခြ်တာရေကာင္းမွန္းကိုမသိဘူး ''

'' ဒါအလကားရတာေလ။
ေခြ်တာစရာ လိုလို႕လား''

'' ေအာေဟာ...ေလာကၾကီးထဲမွာ
ဘယ္အရာမွအလကားမရဘူးကြဲ႕...
ကို႕သဲေလးဟာ တကယ္ပဲ
ေျပာေလကဲေလ...''

'' ျမန္ျမန္လုပ္စမ္းပါကြာ...
ကေလးေတြ အေအးပတ္ေနမယ္ ''

'' က်စ္~~သူေျပာလို႕မႏိုင္ရင္ ကေလးေတြနဲ႕
ကိုင္ေပါက္ျပီ Jinja~~~
ေနာက္ကေန ကုတ္ဆြဲပစ္လိုက္ရ... ''

'' ဆြဲရဲဆြဲၾကည့္ေလ...ဒီကလည္း
အေရခြံႏႊာေပးဖို႕ အသင့္ပဲ ''

ကက္ကက္လန္ရန္ေတြ႕လာေသာ သာလိကာ
အျဖဴလံုးေလးရဲ႕လည္ဂုတ္ကို စိတ္ရွိတိုင္းသာ
ဆြဲကိုက္ပစ္လိုက္ရရင္ေတာ့

'' သဲငယ္ေနာ္...
ေခါင္းေလွ်ာ္ရင္း ရန္မျဖစ္ခ်င္ဘူး
ကို ဒီေလာက္လုပ္ေပးတာေတာင္
ကုိယ္နဲ႕ဆန္႕က်င္ဖက္ေတြ လိုက္ေျပာေနရတာ
သိပ္ေပ်ာ္ဖို႕ေကာင္းလားဟင္ ''

'' သြား !! မေလွ်ာ္ေပးခ်င္လဲေန...
ကြကိုယ္ေလွ်ာ္လို႕ရတယ္...
ေျပာေတာ့ျဖင့္ ...ကို႕ တကိုယ္လံုးကို
ငယ္ပိုင္တယ္ေလး ဘာေလးနဲ႕
ေခါင္းေလးေလွ်ာ္ခိုင္းတာေတာင္
ကဂ်ီကေဂ်ာင္နဲ႕... သြားစမ္းပါ!!!
အဲ႔ လက္ၾကီးနဲ႕ လာမကိုင္နဲ႕
က်က္သေရတံုးလြန္းလို႕...''

'' Byun Baekhyunnnn !!''

ေျဗာင္ဘတ္၏နားပူနားဆာလုပ္မႈေၾကာင့္
မလိုအပ္ပါပဲတထုပ္လံုးေဖာက္ထည့္ျခင္း
ခံရေသာေခါင္းေလွ်ာ္ရည္မ်ားသည္
ဆံႏြယ္ဝါေဖ်ာ့ေဖ်ာ့ေပၚမွာ ပ်စ္ခြ်ဲေစးကပ္ျပီး
အျမွဳပ္ေတြမတရားထြက္ကာ ေရေဆးခ်ဖို႕
အခ်ိန္ၾကာေတာ့မွာမို႕အလုပ္ျမန္ျမန္ျပီးခ်င္တဲ႕
ပတ္ခ်န္းတို႕ စိတ္ေတာ္ေတာ္တိုေနျပီ

မေန႕ညက ဟိုတယ္ေအာက္ထပ္မွာ
ဘူေဖးစားျပီးျပန္လာေတာ့ အခန္းထဲက
ဆိုဖာေပၚမွာ သံုးေလးခ်ီေလာက္ အခ်စ္တိုက္ပြဲ ထပ္ဆင္ႏႊဲလိုက္ရေသးတာမို႔ ည သံုးနာရီ
ေလာက္မွ ႏွစ္ေယာက္သားအိပ္ရရွာေလသည္

မိုးစင္စင္လင္းျပီးတာေတာင္
ကုလားေသကုလားေမာ အိပ္ေကာင္းေနေသာ
ပတ္ခ်န္းသည္ ဗိုက္ဆာမွ အိပ္ရာက ထလာ
တတ္တဲ႕သူပီပီ သြားျမန္ျမန္တိုက္ျပီး
မနက္စာ ျမန္ျမန္သြားစားမည္ဟု
ေၾကြးေၾကာ္ကာ ေရခ်ိဳးခန္းထဲဝင္မိစဥ္

ေရေႏြးတဝက္ေလာက္ထည့္ထားေသာ
အေငြ႕တေထာင္းေထာင္းထေနတဲ့ Bathtubထဲဝင္စိမ္ေနရင္းသူ႕ကုိ
ေခါင္းေလွ်ာ္ေပးပါလို႕ အမိန္႕ေပးလာသူ
ေျဗာင္ဘတ္ေၾကာင့္...

မ်က္လံုးမပြင့္တပြင့္ျဖစ္ေနတဲ့ ပတ္ခ်န္းဟာ
အိပ္ရာႏိုးႏိုးခ်င္း ဗိုက္ဆာေနတဲ႕ သူ႕အျဖစ္ကို
ခနေမ့ထားျပီး Bathtub ေခါင္းရင္းမွာ
ေဆာင့္ေၾကာင့္ထိုင္ကာေခါင္းေလွ်ာ္ေပးဖို႕
ျပင္ရေလသည္

ဟိုတယ္ကေပးထားတဲ႕ greentea
ရွန္ပူထုပ္နဲ႕မွေလွ်ာ္ခ်င္ပါတယ္လို႕ေျပာလာတဲ႕
ရစ္လံုးကေလးဟာ သူ႕ဆံပင္ေသးေသးေလး
ေလွ်ာ္ဖို႔ရာ အထုပ္တဝက္နဲ႕အားမရေသးဘဲ
တထုပ္လံုးေဖာက္ထည့္ခိုင္းျပီး အျမွဳပ္ေတြ
အမ်ားၾကီးနဲ႕ေလွ်ာ္ေပးဖို႕ ဂ်ီက် ဂ်စ္တိုက္ေနတာက ဗိုက္တဂြီဂြီဆာေနတဲ႕သူအတြက္
စိတ္ရွည္ခ်င္စရာေကာင္းလားေျပာ...

'' ေခါင္းငံု႕ထား...ေရေဆးခ်ေပးမလို႕ ''

'' စိတ္တိုတဲ႕အသံၾကီးနဲ႕ လာေျပာေန
တာလား ''

'' မဟုတ္ပါဘူးကြာ...ငယ္ကလဲ ကိုယ့္ဆို
အေကာင္းဘယ္ေတာ့မွမျမင္ဘူး...
ငယ္က်ေတာ့ အခုမွႏိုးတဲ႕သူကို
သြားေလးေတာင္ မတိုက္ခိုင္းပဲ
ခိုင္းစားေနျပီးေတာ့ ''

ေရပန္းက ေရေႏြးေႏြးတို႕သည္ အေငြ႔
တေထာင္းေထာင္းထြက္ရင္း Baekhyun
ဆံစမ်ားထက္မွ Shampoo အျမွဳပ္တို႕ကို
တျဖည္းျဖည္းေပ်ာက္ကြယ္ေစခ်ိန္မွာ ဘာစကားမွမေျပာပဲ ထရပ္လိုက္သူေၾကာင့္ Chanyeol မွာ ေၾကာင္ေတာင္ေတာင္

'' ညက လက္ေတြေထာက္ထားရတာ
နာလို႕ေဟ့ ။ လက္ႏွစ္ဖက္စလံုးေခါင္းေပၚ
မေျမွာက္ႏိုင္လို႕ ေလွ်ာ္ခိုင္းရတာသိျပီလား
စားျပီးနားမလည္ၾကီးရဲ႕ ...''

'' ငယ္...ေန...ေနဦးေလ ''

Bathrobe ေလးပတ္ကာ ကုန္းကုန္းကြကြနဲ႕
ေရခ်ိဳးခန္းအျပင္ထြက္သြားသူကိုၾကည့္ရင္း
ညကျပစ္မႈအၾကီးအေသးမ်ိဳးစံုတို႕သည္
ေခါင္းထဲအစီအရီျပန္ေပၚလာသည္

သြားျမန္ျမန္တိုက္ျပီး မနက္စာအခန္းထဲလာ
ပို႕ေပးဖို႕ ဖုန္းဆက္ျပီးတဲ႕ေနာက္မွာ မေန႕က
တဝၾကီးအႏွိပ္ခံခဲ႔ရသူ ပတ္ခ်န္းသည္
ပေရာ္ဖက္ရွင္နယ္ အႏွိပ္သည္ၾကီးအျဖစ္
ဘဝေျပာင္းသြားေလသည္

'' ဘယ္နားလဲငယ္...လက္ေမာင္းလား
လက္ဖ်ံလား ''

'' ေတာ္ပါ...အခုမွလာျပီးေတာ့ ''

'' ကို မသိလိုက္လုိ႕ပါကြာ...
ဒီေကာင္ၾကီးဟာေလ ကို႔ ခ်စ္သူေလး
ဘာျဖစ္လို႕ျဖစ္ေနမွန္းကိုမသိတဲ႕ ေသာက္တံုး
ေသာက္အ... ေသာက္ပိန္း...''

လက္ေမာင္းအိအိေလးႏွစ္ဖက္ေပၚ
ပိုင္ပိုင္ႏိုင္ႏိုင္ႏွိပ္ေပးလာသူေၾကာင့္
Baekhyun တဖက္လွည့္ကာျပံဳးမိေပမယ့္
သူစိတ္ဆိုးေျပေနတာကို ပတ္ခ်န္းမသိေစရ

ႏွိပ္တဲ႕ေနရာမွာ သူ႕ထက္ အမ်ားၾကီးကြ်မ္း
က်င္ေသာ ပတ္ခ်န္းေၾကာင့္ ေနလို႕
ေတာ္ေတာ္ေကာင္းလာစဥ္ စာေမးပြဲခန္းထဲမွာ
ပထမဆံုးအၾကိမ္ အႏွိပ္ခံခဲ႔ရျခင္းကိုေတာင္
ျပန္သတိရလာသလိုလိုရွိေလသည္

အဲ႕အခ်ိန္တုန္းက ဒီလိုေတြျဖစ္လာမယ္ဆိုတာ အိပ္မက္ေတာင္မမက္ခဲ႔ဖူးေပမယ့္ လူတိုင္းကုိ
အေပၚစီးကဆက္ဆံ၍ ထိန္းမႏိုင္သိမ္းမႏိုင္
ဆိုးသြမ္းခဲ႔ေသာ Chanyeol သည္
သူတေယာက္ထဲကိုမွကြက္ျပီး အားတံု႕အားနာ
ျဖစ္ကာ လက္ကေလးတဖက္နဲ႕ႏွိပ္ေပးလာတဲ႕
အခ်ိန္ကတည္းက သူ႔ရင္ေတြ အဆမတန္
ခုန္ေပါက္ခဲ႔ျခင္းဆိုတာ သူဝန္ခံပါသည္

'' သက္သာလား ငယ္ ''

'' အင္း...ေတာ္ျပီ...မႏွိပ္နဲ႕ေတာ့ ''

ေစာင္ေခါင္းျမီးျခံဳကာ အိပ္ခ်င္ေယာင္ေဆာင္
လိုက္ေသာ္လည္း ေစာင္ေအာက္က
သြားေတြကို မစိႏုိင္...

'' မနက္စာစားျပီးရင္ ေဆးေသာက္ရေအာင္
ေနာ္...Tao hyung ဆီက
ကို ေဆးေတာင္းလာတယ္ ''

Tao hyung ကို ဘယ္နည္းနဲ႕သိမ္းသြင္း
လိုက္မွန္းမသိေသာ ပတ္ခ်န္းသည္
အဟြာျပဳျပီးေသာက္ဖို႕ ေဆးပါ ရေအာင္
ေတာင္းခဲ႔တယ္တဲ႔လား...

Park Chanyeol power is no joke
ဆိုတာ ေျဗာင္ဘတ္ေလးသိတာ
ၾကာလွေပါ့

'' ဘယ္သြားမလို႕လဲ ''

မနက္စာစား ေဆးေသာက္ျပီးေနာက္မွာ
အိပ္ရာေပၚဝင္ေခြေနတဲ႕အခ်ိန္...

Baekhyun ျပန္အိပ္ေပ်ာ္သြားျပီအထင္နဲ႕
ေအာက္ထပ္ကိုဆင္းဖို႕ျပင္ေနသူ ပတ္ခ်န္းမွာ
ေစာင္ထုပ္ထဲက ေမးသံေၾကာင့္
ဘယ္လိုျပန္ေျဖရမွန္းမသိ

'' ေအာက္ထပ္မွာ ဖတ္စရာေလးတခုခု
သြားယူမလို႕...ငယ္ ဘာမွာဦးမလဲ ''

'' ျမန္ျမန္ျပန္လာ...''

'' ယူျပီးခ်က္ခ်င္းျပန္လာခဲ့မယ္... ေနာ္ ''

တံခါးဖြင့္ျပန္ပိတ္သံၾကားလိုက္ရျပီး
အိပ္ခ်င္မူးတူးနဲ႕ကုတင္ေပၚထထိုင္လိုက္
ေသာေျဗာင္ဘတ္သည္ ေဆးအရွိန္ေၾကာင့္
ပိတ္က်ခ်င္ေနေသာ မ်က္လံုးမ်ားကို
က်ိန္ဆဲရင္း Hoodie တထည္နဲ႕
ဦးထုပ္တလံုးကို အျမန္ေကာက္ဝတ္ကာ
အခန္းထဲမွ တေရြ႕ေရြ႕ထြက္သြားေလသည္

~ ဆိုးလ္နဲ႕နီးတဲ႕ ကမ္းေျခေတြအမ်ားၾကီး
ရွိတာကို ဒီေလာက္ေဝးတဲ့ေနရာကိုမွ
လာလည္ခ်င္ပါတယ္ဆိုတဲ႔ ငခ်န္းကုိ
ေျဗာင္ဘတ္ေလး မသကၤာျဖစ္တာ
အဆန္းမဟုတ္ဘူးမလားဟင္

သူမသိတဲ႕ တခုခုေတာ့ရွိေနရမယ္
ဒီတခုခုကိုေဖာ္ထုတ္ဖို႕ ကိုယ္ေတြလက္ေတြ
နာေနေပမယ့္ အံက်ိတ္ခံရင္းပဲ
ပတ္ခ်န္းသြားေလရာကို ေနာက္ေယာင္ခံ
လိုက္သြားရေတာ့မွာေပါ့ေလ...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.🔮✨🔮
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
'' အဟားဟား...Noona သိထားတာေတြ
ေတာ္ေတာ္မ်ားတာပဲ...
Appa က က်ေနာ့အေၾကာင္းေတြ
ဖုန္းဆက္ျပီးအတင္းတုပ္ထားတာမဟုတ္လား
မွန္မွန္ေျပာစမ္း...''

ဟိုတယ္ Restaurant မွာ ႏွစ္ေယာက္သား
ေဘးခ်င္းကပ္ ထုိင္ရင္း Chanyeol ပုခံုးေပၚ
ေခါင္းမွီထားေသာ မိန္းကေလးတေယာက္ကို
Baekhyun မျမင္ဖူးပါ

ေပါင္လည္ေလာက္ရွည္တ့ဲၾကိဳးတေခ်ာင္း
ဂါဝန္အဝါႏုေလးေအာက္မွာ ေဒါက္ဖိနပ္
ခြ်န္ခြ်န္ေလးစီးထားျပီး သြယ္လွေသာ
ေပါင္တံျဖဴျဖဴေလးနဲ႕ ေျခသလံုးသားဝင္းဝင္း
ေလးေတြကို လွစ္ဟျပထားေသာမိန္းမပ်ိဳေလး
သည္ ျမင္ရသူအေပါင္းရဲ႕ မ်က္စိပသာဒျဖစ္မႈကိုေပးစြမ္းႏိုင္ေအာင္ပဲ ေခ်ာေမာေျပျပစ္ကာ
ခ်စ္စဖြယ္ေကာင္းလွေသာ္လည္း

ပန္းအုိုးၾကီးတလံုးနားတြင္ တကိုယ္လံုးကြယ္ျပီး
ေခ်ာင္းေျမာင္းၾကည္႔ရႈေနေသာ
ေျဗာင္ဘတ္အတြက္ေတာ့ ထိုမိန္းကေလးသည္
သူ႕ဘဲကို အတင္းဝင္ႏိႈက္ေနေသာ
ပုပ္ပြသိုးယိုးျပီး နံေစာ္ ေလာက္တက္ေနတဲ႕
စႏိုက္ေက်ာ္မွလြဲ၍ အျခားျဖစ္ႏိုင္ဖြယ္မရွိ

ဟို ေတခ်င္းဆိုးကလဲ မ်က္ႏွာၾကီးကိုၿပံဳးျဖီးလိို႕
ေနမေကာင္းတဲ႕သူကို အခန္းထဲ
ပစ္စလတ္ခတ္ထားျပီး ဒီမိန္းမနဲ႕
ပြတ္သီးပြတ္သပ္ေတြလာလုပ္ေနရသလား

ခက္တာက သူတို႕ေျပာေနတာေတြ တခုမွ
ေျဗာင္ဘတ္ေလး မၾကားရတာပဲ

ဒီပန္းအိုးကလြဲလို႕ ပုန္းဖို႕ေကာင္းတဲ့
ေနာက္တေနရာလည္း ရွာမေတြ႕တာမို႕
အျမင္အာရံုကိုသာ အားထားေနရသည္

'' ခ်န္းေလး ဘယ္လိုေတြလိမ္မာတယ္ဆိုတာ Noona သိျပီးသား ...
Company အလုပ္မွာလဲ ဝိုင္းကူတယ္...
ဆိုင္ကိုလည္း ေရာင္းအားတက္ေအာင္
တျခားဆိုင္ေတြကိုပါသြားေလ့လာျပီး
အမ်ားၾကီးၾကိဳးစားေပးတယ္... ေနာက္လဲ
US က ရံုးခြဲအထိလာျပီး Noona ဆီမွာ
တပည့္ခံေတာ့မယ္ဆိုတာကုိပါ ခ်န္းေလး
Appa ကေျပာျပီးသား ...''

ပတ္ခ်န္းရဲ႕ ႏွာတံစင္းစင္းေပၚထိကပ္လိုက္
ေသာ လက္ညွိဳးသြယ္သြယ္ေလး
တေခ်ာင္းသည္ Baekhyun ႏွလံုးသားကို
ထုတ္ခ်င္းေပါက္သြားေစသည္

ဘာေတြေျပာျပီးၾကည္ႏူးေနၾကလို႕
တေလာကလံုးကိုေမ့ျပီးႏွစ္ေယာက္သား
ပူးကပ္ေနၾကတာပါလိမ့္

~ ငါနဲ႕ ကေလးေတြရဲ႕တည္ရွိမႈကို
ေမ့သြားရေအာင္ပဲ အဲ႔မိန္းမကျပဳစားႏိုင္လြန္းတာလား ...ခ်န္း

ဒါမွမဟုတ္...

မင္းဟာ ေယာက္်ားတေယာက္ပဲမို႕
ေယာက္်ားေလးတေယာက္ရဲ႕ ခ်စ္သူျဖစ္ရတာ
ထက္ မိန္းကေလးတေယာက္ရဲ႕
အထိအေတြ႕ကို ပိုျပီးလိုခ်င္တပ္မက္ေနတာမ်ားလားဟင္

မင္းတို႕ေျပာတာေတြမၾကားရေပမယ့္
မင္းသူ႕ကို ၾကည့္တဲ့ မ်က္လံုးထဲမွာ
သံေယာဇဥ္ေတြျပည့္ေနသလိုပဲ...

ပါးခ်ိဳင့္ေလးခြက္ဝင္ေအာင္ ၿပံဳးေနရင္းကေန
တခ်က္တခ်က္ထရယ္လိုက္တဲ႔အခါ
ငါနဲ႕အတူရွိတဲ့အခ်ိန္မွာ ဒီလိုမ်ိဳး
လြတ္လြတ္လပ္လပ္ ေအာ္ဟစ္ရယ္တာမ်ိဳး
သိပ္မရွိခဲ႔တာကို ငါျပန္စဥ္းစားမိလာတယ္
ခ်န္း...

'' US အထိေတာ့မလာပါရေစနဲ႕
Noona ရယ္...ေနာက္ခုႏွစ္လေနရင္
Noona ေမာင္ ပတ္ခ်န္းက
ကေလးႏွစ္ေယာက္အေဖၾကီးျဖစ္ေတာ့မွာ...
ေယာက္်ားနဲ႕ကေလးေတြကို ပစ္ျပီး အေဝးၾကီး
သြားဖို႕ တိုက္တြန္းလာရင္ေတာ့
ကုမၸဏီေတြ ဘာေတြမက္မေနဘူး...
အိမ္ေပၚကဆင္းဖို႕ အဆင္သင့္ပဲ ''

'' အိုင္းဂူးးးးး ငါတို႕ခ်န္းေလးကို သတၲိေတြ
ဒီေလာက္ရွိေအာင္ ေျပာင္းလဲေပးလိုက္တာ
ဘယ္သူမ်ားပါလိမ့္...Noona ေတာ့
ေတြ႕ခ်င္လြန္းလို႕ မေစာင့္ႏိုင္ေတာ့ဘူးေနာ္ ''

'' ဒီညေတြ႕ရမယ္ေလ Noona ရဲ႕...
ခုလာေတြ႕တာလဲ ဒီညအတြက္
ေဆြးေႏြးမလို႕ပဲ...အရင္တပတ္က
က်ေနာ္မွာထားတာေတြ ယူလာတယ္မလား
ဟင္ ''

'' ပါ ပါတယ္ရွင္... ေဟာဒီ နားရြက္ကေလး
ေတြကားေနလို႕ အႀကံေကာင္းဥာဏ္ေကာင္း
ေတြ ထြက္ေနတာလားမသိဘူး...
ခ်န္းေလးေျပာတာ စၾကားတဲ႕အခ်ိန္က
Noonaတုိ႕ ညီအမေတြ
သေဘာက်လြန္းလို႕ ရင္ေတြေတာင္ခုန္တယ္ ''

'' ရင္ခုန္တယ္ဆိုတဲ႕စကားကို အပ်ိဳၾကီးေတြ
ေျပာရင္ သံုးႏွစ္သံုးမိုး ေရၾကီးတတ္တယ္တဲ႕
ဟ့...မလုပ္ ...အား~~~ နာတယ္လို႕ ''

'' ေနာက္တခါလူကို မထီေလးစားလုပ္ရင္
နားရြက္ေတြျပတ္ထြြက္သြားမယ္မွတ္ ''

~ အဲ႔နားရြက္ေတြက ငါ့အပိုင္ဆိုျပီး
သူ႕လက္ဖ်ားထဲ ဘာလို႕ေရာက္ေနရတာလဲ
ခ်န္း...

အဲ႔ ပုခံုးက်ယ္ၾကီးႏွစ္ဖက္က ငါ့အတြက္ဆိုျပီး
သူ႕ေခါင္းမွီဖို႕ ဘာလို႕ခြင့္ျပဳထားရတာလဲ

အဲ႔ လက္ေမာင္းႏွစ္ဖက္က ငါ့အတြက္
အားကိုးရာတခုျဖစ္ေနမွန္းသိရက္နဲ႕
သူ႕လက္ေခ်ာင္းေတြနဲ႕ ဆုပ္ကိုင္ေနတာကို
ဘာလို႕မ်ား ဒီအတိုင္းလႊတ္ေပးထားရတာလဲ

ပါးျပင္ေပၚလိမ့္ဆင္းလာတဲ႕ မ်က္ရည္စေတြဟာ အေတာမသတ္ႏိုင္ေပမယ့္ ေျခလွမ္းေတြ
မမွားေအာင္မနည္းဂရုစိုက္ရင္း
ဟိုတယ္ခန္းထဲျပန္ေရာက္တဲ႕အခ်ိန္မွာ
ေရခ်ိဳးခန္းထဲအရင္ဝင္ျပီး မွန္ထဲက
ကိုယ့္ကိုယ္ကို ျပန္ၾကည့္မိတယ္

ရံႈးနိမ့္လာတဲ႕ေကာင္...
အလိမ္ခံေနရတဲ႔ေကာင္...
တန္ဖိုးမရွိတဲ႕ အမိႈက္သရိုက္တခုလို
ပစ္ပယ္ခံရေတာ့မယ့္ ေကာင္...

ဘဝတခုလံုးကို ပံုအပ္ေပးထားတဲ႕သူကိုမွ
အခ်ိဳရည္စုပ္လို႕ ကုန္သြားတဲ႕ပီေကလိုမ်ိဳး
လမ္းေဘးတေနရာကို ထြီခနဲေထြးပစ္လိုက္
မယ့္ အခ်ိန္ဟာတေန႕ေန႕ေတာ့ ေရာက္လာ
မွာပဲဆိုတာကို Baekhyun ၾကိဳသိခဲ႔မယ္ဆို
ရင္...

'' နာဘီတို႔ Appa ဆီမလာသင့္ဘူး ''

Hoodie အမဲေလးေအာက္က
လူမျဖစ္ေသးတဲ႕ ကေလးႏွစ္ေယာက္ဟာ
အိပ္ေမာက်ေနတုန္း...

ခ်စ္သူရဲ႕ အလိုဆႏၵကိုျဖည့္ေပးခ်င္လို႕
မိုးလင္းေပါက္လႈပ္ရွွားရုန္းကန္ရင္းနဲ႕
နာက်င္စြာေပးဆပ္ခဲ႕ရတဲ႕ ခႏၲာကိုယ္ဟာ
အထိမခံႏိုင္ေအာင္ က်ိန္းစပ္ကိုက္ခဲေန
ေပမယ့္ ရင္တခုလံုး အစိတ္စိတ္အမႊာမႊာ
ျဖစ္ေအာင္ ဆုတ္ၿဖဲခံထားရတဲ႕
ခံစားခ်က္တခုက ကိုယ္ေပၚက နာက်င္မႈေတြအားလံုးကိုေက်ာ္လြန္ျပီး လူကုိေသမတတ္
ညွင္းပန္းႏွိပ္စက္ေနလိုက္တာ...

'' ကို ျပန္လာျပီ သဲငယ္ေရ႕...
ကို႕ သဲေလး ႏိုးေနျပီလား...အေတာ္ပဲ
ကို ဘာေတြယူလာလဲၾကည့္စမ္း ''

အိပ္ရာေပၚ တင္ပ်င္ေခြထိုင္ေနေသာ
Baekhyunရဲ႕ မ်က္ႏွာေပၚမွာ မဲ့ၿပံဳးေလး
တခု...

''သဲငယ္ ေနေကာင္းသြားျပီလား ''

'' ......''

Baekhyun ေဘးမွာကပ္ထိုင္လိုက္တဲ႕
ပတ္ခ်န္းရဲ႕လက္ထဲမွာ အထုပ္တထုပ္...

'' ေခ်ာကလက္ေလ...US က သူငယ္ခ်င္း
တေယာက္ပို႕လိုက္တာ...ကို အိမ္မွာမရွိဘူး
ေျပာထားေတာ့ ဟိုတယ္ reception ထိ
တန္းပို႕ေပးလိုက္တာနဲ႕အေတာ္ပဲ ''

ေရႊေရာင္ခဲပတ္စကၠဴကိုခြာရင္း ေလးေထာင့္ပံု
ေခ်ာကလက္တံုးေလးအား
ပါးစပ္ထဲထည့္ေပးဖို႕ဟန္ျပင္လာသူကို
နီရဲစိုစြတ္ေသာ မ်က္ဝန္းေတြနဲ႕
စိုက္ၾကည့္ေပးလိုက္တဲ့ Baekhyun

'' ဘယ္ေလာက္ၾကာျပီလဲ ''

'' ဟင္!! သဲငယ္ ငို...ငိုထားတာလား
ဘာျဖစ္လို႕လဲဟင္
အထဲမွာ နာေနေသးလို႕လား
ကို ေဆးရံုလိုက္ပို႕ေပးရမလားဟင္ ''

'' ငါ...ေမးေနတာ ေျဖဦး ''

အသက္မရွိတဲ႕ေက်ာက္ရုပ္ကေလးဟာ
မ်က္လံုးအၾကည့္ေတြကို
Chanyeol မ်က္ႏွာေပၚကမေရႊ႔႕

'' သဲငယ္ ဘာေမးလိုက္တာလဲ ''

'' သဲငယ္ တဲ႕လား''

ႏႈတ္ခမ္းပါးေလးေတြ တဆတ္ဆတ္တုန္ယင္
လာခ်ိန္မွာ ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ရင္း
မ်က္ႏွာလႊဲလိုက္မိသည္

'' ေအးေလ...သဲငယ္ကို သဲငယ္လို႕မေခၚေတာ့ ကုိယ္ကဘာေခၚရမလဲ။ မဟုတ္မွလြဲေရာ
ငယ့္ကို နာဘီ႔အေဖလို႕ေခၚေစခ်င္ေန
တာလား ''

Baekhyun မ်က္ႏွာနဲ႕ထိကပ္သြားတဲ႕
ရင္ခြင္က်ယ္ၾကီးဟာ ေႏြးေထြးမႈေတြေပးလာ
မယ့္အစား မ်က္ရည္ေတြ တသြင္သြင္စီးက်
လာေစျပန္တယ္

'' နာဘီနဲ႕ လိုရီသာ ရွိမလာေသးရင္
ငါ...ငါတို႕ဘာျဖစ္ေနမွာလဲ ခ်န္း ''

'' အင္း...ကေလးေတြ မရွိေသးဘူးဆိုရင္
အိမ္မွာစာေခၚသင္မေနပဲ ေက်ာင္းတက္ေနရ
မယ္ထင္တာပဲ ''

အရိုးသားဆံုးေျဖလိုက္ေပမယ့္ တပါးသူရဲ႕
ရင္ထဲမွာ သံရည္ပူေတြလို ေလာက္ျမိဳက္
စီးဆင္းသြားမယ္ဆိုတာမသိခဲ႕

ေက်ာင္းတက္ေနရမယ္ဆိုတာထက္
ခ်စ္သူေတြအျဖစ္ဆက္ျပီးရွိေနႏိုင္မလားဆိုတဲ႕
အခ်က္ကို သူမေျဖခဲ႕ဘူးေလ

ကေလးေတြေၾကာင့္သာ Baekhyun ကို
ေရြးခ်ယ္လိုက္ရတာဆိုရင္ေတာ့
Chanyeol တကယ္ခ်စ္ျမတ္ႏိုးတာက
ဟိုမိန္းကေလးမ်ား ျဖစ္ေနတာလား

Baekhyun နဲ႕လူခ်င္းလဲသြားတဲ႕ကိစၥၾကီး
မျဖစ္ခင္တုန္းကMira Noona ကို
အေသအလဲ ပိုးပန္းခဲ႕ဖူးတဲ႕သူက
ေနာက္မိန္းကေလးတေယာက္အေပၚ
စိတ္ညႊတ္သြားးမိႏိုင္တယ္ဆိုတာ
ျဖစ္ႏိုင္ေခ်မ်ားတဲ႕တြက္ခ်က္မႈတခုပဲ
မဟုတ္လား

'' ကေလးေတြေရာက္လာေတာ့
ေက်ာင္းမတက္ရေပမယ့္လဲ
ငယ္နဲ႕ တမိုးေအာက္မွာအတူတူေနရတာပဲေလ
ကို႕ အတြက္ဘာမွ ထပ္မလိုေတာ့ဘူး''

~အဲ႔စကားေတြသာ အမွန္တရားဆိုရင္ေလ
ငါ့ရင္ထဲ ကမ႓ာပ်က္ေနစရာေတာင္မလိုဘူး

'' လာ...ကိုတို႕ သားအဖေလးေယာက္
တစ္ေရးေလာက္ျပန္ႏွပ္ၾကရေအာင္ေနာ္ ''

ဘယ္တုန္းက ပါးစပ္ထဲေရာက္သြားမွန္းမသိ
တဲ႕ ေခ်ာကလက္ကို အလိုက္သင့္ေလး
ငံုထားရင္းနဲ႕ပဲ သူလွဲခ်ေပးလိုက္တဲ႕အတိုင္း
လက္ေမာင္းၾကီးကို ေခါင္းအံုးလိုက္ခ်ိန္မွာ
Baekhyun အၾကိဳက္ဆံုးသူ႕ေရေမႊးနံ႕ဟာ
ေခါင္းအံုးေပၚမွာ တရစ္ဝဲဝဲ...

~အိပ္မက္ပဲ ျဖစ္ပါေစလား ဘုရားသခင္...

အဝါေရာင္အက်ၤီနဲ႕မိန္းကေလးရယ္...
သူ႕စကားေတြၾကား အားပါးတရရယ္ေမာ
ေနခဲ့တဲ႕ ကိုကိုရယ္...

အာခံတြင္းထဲက ေမႊးပ်ံ႕ေနတဲ႕ ခါးဆိမ့္ဆိမ့္
အရသာေလးတခုရယ္...

လက္လႊတ္ဆံုးရံႈးခံရေတာ့မွာ ေတြးပူေနရွာတဲ႕
အကာအကြယ္မဲ႔ ခ်စ္ျခင္းတရားတစ္စံုရယ္...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.🔮✨🔮
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ညေနေလးနာရီမွ ႏိုးလာတဲ႕ပတ္ခ်န္းသည္
အက်င့္ပါေနက်အတိုင္း အိပ္ရာဘယ္ဖက္
ျခမ္းကိုစမ္းမိစဥ္မွာ ေအးစက္စက္အထိ
အေတြ႕ေၾကာင့္ Baekhyun အိပ္ရာထသြား
တာၾကာျပီဆိုတာ သိလိုက္သည္

''သဲငယ္ ...''

ျပန္ထူးသံမၾကားလို႕ တခန္းလံုးပတ္ရွာေတာ့လဲ မေတြ႕...ေရခ်ိဳးခန္းထဲမွာလဲမရွိ...

ဖုန္းဆက္ၾကည့္ေတာ့လဲ မကိုင္တာမို႕
ပတ္ခ်န္းတို႕ ေမ်ာက္မီးခဲကိုင္ေနသလို
စိတ္ေတြပူလာျပီ

'' သဲငယ္ေရ႕ !!! ''

ဟိုတယ္ထဲမွာလည္းမေတြ႕တာမို႕ ပင္လယ္
ကမ္းစပ္ကိုထြက္မိစဥ္မွာ ေအးခနဲတိုက္လာတဲ႕
ေဆာင္းဦးေလေၾကာင့္ ရင္ဘတ္ေပၚက
အေႏြးထည္စကို ဆြဲစိလိုက္မိသည္

အရမ္းေအးေနလို႕ ဒီေန႕ကမ္းေျခမဆင္းဘူး
လုပ္ထားတာကိုမွ အိပ္ေနတုန္း
ေျခရာလက္ရာေဖ်ာက္ကာ ထြက္သြားတဲ႕
သဲငယ္ေၾကာင့္ သူဘာမ်ားအမွားလုပ္မိသလဲ
လို႕စဥ္းစားမိေသာ္လည္း ေခါင္းထဲေရာက္မလာ

ဒီလိုအေအးဒဏ္္မ်ိဳးကို ပတ္ခ်န္းလိုေယာက္်ား
ရင့္မာၾကီးေတာင္မခံႏိုင္တာ ...
ေသြးသားႏုနယ္ျပီး ကေလးႏွစ္ေယာက္
လြယ္ထားရတဲ႕ သဲငယ္ေလးသာဆို
ဘယ္လိုေနမယ္မသိ...

'' Baekhyunnna !!!''
Byun Baekhyunnnn !!!

ကမ္းစပ္ကို ရိုက္ခတ္လာတဲ႕ တေဝါေဝါ
လိႈင္းပုတ္သံေတြကလြဲလို႕ ျပန္ထူးသံ
တစံုတရာမၾကားရတာေၾကာင့္ ကမ္းစပ္မွာ
မီးလံႈေနတဲ႕ လူတခ်ိဳ႕ဆီကို ခပ္သြက္သြက္ေလး
အေျပးသြားရင္း ငယ့္ပံုပန္းသဏၭာန္ကို
ေျပာျပကာေမးမိေတာ့ ေက်ာင္ေဆာင္ေလး
တခုနားက အျဖဴေရာင္အရိပ္ကေလးကို
လက္ညိွဳးညႊန္ျပသည္...

အရိပ္ကေလးဆီ အေျပးသြားမိေတာ့
ေလတခ်က္အေဝွ႕မွာ တုန္ယင္စြာ ဆိုညည္းေနတဲ့ သံစဥ္ေလးတပိုင္းတစဟာ
ပတ္ခ်န္းနားထဲ လြင့္ေမ်ာလာတဲ႕အခါ
အိမ္မွာငယ္ဆိုေနက် သူသိပ္ၾကိဳက္တဲ႕သီခ်င္း
မွန္း Chanyeol မွတ္မိသြားျပီ

Universe ရဲ႕ ဒုတိယအပိုဒ္...

'' Useumgwa nunmuri sangcheowa chiyuga

Jilmungwa haedapdeuri
ni ane da inneun geol

Naye sesangeul gajin
naye jageun ujuga

Somyeolhaneun sungan
nado sarajigetji ''
.
.
.
.
.

(Laughter and tears, scars and healing
Questions and answers, they're all in you
You have my world, you're my small universe
The moment it vanishes, I will disappear as well )
.
.
.
.
.

ျဖဴစြတ္ေနတဲ႕ Padding အက်ီၤေလးနဲ႕
အေအးဒဏ္ကိုအံတုဖို႕
ႏွစ္ထပ္ဝတ္ထားပံုရတဲ႕ ေဘာင္းဘီ
ကာကီေရာင္ေလး ဆင္ျမန္းထားသူဟာ
ေက်ာက္ေဆာင္ေလးေပၚ ေခါင္းကေလးေစာင္း
မွီရင္း...သဲျပင္ေအးေအးေပၚ ေျခဆင္းထိုင္ကာ
ေအးစက္ကြဲအက္ေနရွာတဲ႕
အသံတုန္ယင္ယင္ေလးနဲ႕ဆိုလက္စသီခ်င္းကို
အဆံုးထိသီဆိုေနျပန္တယ္
.
.
.
.
.

'' I'll search the universe
Neol dashi chajeul ttaekkaji

Nochi aneul kkeoya tikkeul gateun gieokdo

Gyejeore saegyeojin
Uriye chueogeun dashi

Myeot beonigo dorawa neol bureul tenikka ''
.
.
.
.
.

(I'll search the universe...
Until I can find you again
I won't let go, even the smallest memories
Memories engraved in the seasons
They come and go several times
But I will still call out to you)
.
.
.
.
.
.
.
.

'' သဲငယ္...''

မ်က္လံုးေမွးေမွးေတြ ခပ္ျဖည္းျဖည္း
ပြင့္လာတဲ့အခ်ိန္...

Beanie အနီေလးေဆာင္းထားတဲ႕
ေခါင္းေသးေသးေလးဟာ
သူ႕ဖက္ကိုလွည့္ၾကည့္လို႕...

ႏႈတ္ခမ္းပါးေလးေတြ ေကြးညြတ္ကာ
သြားေလးေတြေပၚေအာင္ လိႈက္လိႈက္လွဲလွဲ
ၿပံဳးျပလာတဲ႕အခ်ိန္...

သိုးေမႊးလက္အိတ္အနီေလးစြပ္ထားတဲ႕
လက္ကေလးတဖက္က ပတ္ခ်န္းလက္ကို
ဆုပ္ကိုင္ရင္း သူ႕ေဘးမွာ ထိုင္ခ်ေစလိုက္တယ္

'' ခ်စ္တယ္ Park Chanyeol ...''

ပုခံုးတဖက္ေပၚမွီခ်လိုက္တဲ႔ သဲငယ္ရဲ႕
စိတ္ထဲမွာ မတင္မက်ျဖစ္ေနတာ
တခုခုရွိေနျပီလို႕ ပတ္ခ်န္းသတိထား
လိုက္မိသည္...

သဲငယ္ စိတ္အလိုမက်ျဖစ္ေနလို႕ မျဖစ္ဘူး

ဒီညေတာ့ မျဖစ္ဘူးငယ္...

ဒီညဟာ ငယ့္အတြက္မို႕...

'' ကိုလဲ ခ်စ္တယ္ Byun...''

'' ေန...ေနဦး မေျပာနဲ႕ဦး ''

ပါးစပ္ေပၚလက္ဝါးနဲ႕လာအုပ္သူေၾကာင့္
ေျပာမယ့္စကားေတြသည္
အာေခါင္ထဲမွာ ေပ်ာက္ရွလို႕...

'' ငါ ေမးတာ အရင္ေျဖေပးႏိုင္မလား ''

ေခါင္းညိတ္ျပမိေတာ့ ရွက္ရြံ႕တြန္႕ဆုတ္ေန
သလိုျဖစ္ေနတဲ႕ မ်က္ႏွာေလးေပၚက
ႏွာေခါင္းလံုးလံုးနဲ႕ ပါးမို႕မို႕ေလးေတြဟာ
ေဆာင္းေလေအးေတြၾကားမွာ နီရဲစုိစြတ္လို႕...

'' ကိုတို႕ ဟိုတယ္ျပန္သြားရေအာင္လား ငယ္...
အခန္းထဲျပန္ေရာက္မွ ေမးပါလား
ဒီမွာဆက္ထိုင္ေနရင္
ငယ္အေအးပတ္လိမ့္မယ္ ''

'' ခနပဲေမးမွာ...တကယ့္ခနေလးရယ္ ''

'' ဒါဆိုလဲျမန္ျမန္ေျပာ...''

'' ကို႕မွာ...ငယ့္...အျပင္္...
တျခားတေယာက္မ်ား...ရွိေနလား လို႕ ''

'' Borr!!! ငယ္ ဘာေတြေျပာေနတာလဲ ''

ရင္ထဲတိုးဝင္ျပီးဖက္ထားလိုက္သူရဲ႕ ေမးခြန္း
ခပ္ဆန္းဆန္းေၾကာင့္ သူ႕နားကို
သူမယံုႏုိင္ေအာင္ ျဖစ္သြားရသူက
Chanyeol...

'' ငါ့ကို အမွန္အတိုင္းေျပာပါ...
မင္းကို နားလည္ဖို႕ ငါၾကိဳးစားေပးမယ္ ''

'' ဘာကိုအမွန္အတိုင္းေျပာရမွာလဲ
ငယ္ေမးတဲ႕ေမးခြန္းက အေျခအျမစ္မွမရွိတာ
ကို ဒီေလာက္ ခ်စ္ေပး ဂရုစိုက္ေပးေနတာကို
ငယ္ဘာသာ ငယ္ ထင္ခ်င္တာထင္ေနလို႕
ဒီလိုၾကီးေမးရက္တာေပါ့''

'' ထင္တာမဟုတ္ဘူး ငါ့မ်က္စိနဲ႕ျမင္ခဲ႔တာ...''

Chanyeol အေသြးအသားမ်ား
ေအးစက္ေတာင့္ခဲသြားသည္

'' မင္းေအာက္ဆင္းေတာ့ ငါေနာက္က
လိုက္လာေသးတယ္...စားေသာက္ဆိုင္ထဲမွာ
ေကာင္မေလးတေယာက္နဲ႕မင္း...
ငါ အကုန္ျမင္တယ္လို႕''

အခန္းထဲမွာ Baekhyun အိပ္ေမာက်ေန
တယ္ထင္ျပီး ေအာက္ဆင္းကာ
ဒီညplan အတြက္Noona နဲ႕တိုင္ပင္ေနတာ
ကို ေနာက္ေက်ာလံုလွျပီမွတ္ေနေသာ
ပတ္ခ်န္းတေယာက္မွာေျဖရွင္းစရာစကားေတြ
ေပ်ာက္ဆံုးသြားတဲ႕အခ်ိန္...

'' ခ်စ္စရာေလးေနာ္...မင္း ေနရာမွာ
ငါဆိုရင္လည္း ဒီလိုပဲလုပ္မိမလားမသိဘူး ''

ေလသံခပ္ေအးေအးနဲ႕ေျပာေနေပမယ့္
အတြင္းစိတ္ထဲက ပူေလာင္ေမာဟုိက္ေနမႈ
သည္ ဖံုးဖိမရစြာပဲ ႏွလံုးခုန္သံအခ်က္တိုင္းမွာ
ထင္ဟပ္ေနခဲ့သည္

'' ငယ္...ကို ရွင္းျပတာနားေထာင္ဦး ''

'' တကယ္ေတာ့ငါ ေဒါသထြက္ခ်င္တယ္
သိလား...ေအာ္ဟစ္ငိုယိုျပီး တစံုတေယာက္ကို
တုိင္တည္လိုက္ခ်င္ေပမယ့္ မင္းမွာ
အျပစ္ရွိတယ္လို႕ သူမ်ားေတြပါးစပ္ကေျပာ
လာမယ့္ ေဝဖန္ရံႈ႕ခ်မႈေတြကို
ငါ မခံစားႏိုင္ေလာက္ဘူး ''

သူ႕ခါးေလးကိုတင္းက်ပ္ေနေအာင္ဖက္ထား
တဲ႕အခ်ိန္...ရင္ခြင္ထဲက ေခါင္းေလး
တဆတ္ဆတ္လႈပ္ရွားလာတာကိုေတြ႕ရသည္

ငယ္သူ႕ကို Sera Noona နဲ႕အထင္လြဲေနတာပဲ...

ဘယ္ေလာက္ပဲအထင္လြဲလြဲ ငယ့္ေရြးခ်ယ္မႈက
သူေဘးမွာ ဆက္ေနဖို႕ပဲ ျဖစ္တာေၾကာင့္
Chanyeol ရင္ထဲမွာ သိမ့္ခနဲ...

'' ကို ေသခ်င္တယ္သိလား ''

'' ဟင္!! ဘာလို႕ ''

လန္႕ဖ်ပ္သြားတဲ႕ အျဖဴလံုးေလးသည္
သူ႔ရင္ခြင္ထဲကထြက္ရင္း လက္ကေလး
ႏွစ္ဖက္က သူ႕လက္ေမာင္းတဖက္စီေပၚ
တင္းက်ပ္စြာဆုပ္ကုိင္လာသည္

'' ငယ္ ခ်စ္သလို ကို မခ်စ္ႏိုင္ေသးလို႕ ''

နီရဲစိုစြတ္ေနတဲ႕ ႏႈတ္ခမ္းပါးေလးေတြကုိ
ၾကည္ႏူးဝမ္းနည္းမႈေတြေရာယွက္ေနတဲ႕
အနမ္းေတြနဲ႕ သိမ္းပိုက္မိသည္

'' ငယ္ ေမးတာကိုေျဖဦးေလ...
အဲ႕ ေကာင္မေလးနဲ႕ ကိုနဲ႕က...''

'' အဲတာေကာင္မေလးမဟုတ္ဘူး ငယ္ရဲ႕
ႏွစ္ဆယ့္ေျခာက္ႏွစ္ရွိျပီ...ငယ့္ထက္
ေျခာက္ႏွစ္ေက်ာ္ေလာက္ၾကီးတယ္ ''

'' Borrya!!! Jinja ? ''

'' ေၾသာ္...ဟုတ္ပါတယ္ဆို...
နာမည္ေလးပါမွတ္ထား...Park Sera တဲ႕''

'' P...Park Sera ဆိုေတာ့ ...''

'' ကို႕ အမတဝမ္းကြဲေလ ...US က
ျပန္လာေတာ့ ဒီကိုလာလည္ရင္းေတြ႕တာ ''

ပါးစပ္ေဟာင္းေလာင္းပြင့္သြားသူေလးကို
ေမးဖ်ားေလးက ကိုင္ျပီး ပါးစပ္ျပန္ပိတ္ေပး
လိုက္သည္

'' ညစာစားရင္ ငယ့္ကိုသူနဲ႕ေတြ႕ေပးမယ္ေနာ္
အခုေတာ့ အခန္းျပန္ရေအာင္...လာ ''

ေၾကာင္တက္တက္ေလးစိုက္ၾကည့္ေနသူသည္
ပတ္ခ်န္းမတ္တပ္ထသည့္ေနာက္
လုိက္မထႏိုင္ေသး...

'' ေျခေထာက္ေတြ က်င္ေနျပီနဲ႕တူပါတယ္ကြာ
လာ...ကို ခ်ီမယ္...
ငယ့္လက္ေတြဒီကိုေပး''

Bridal style ခ်ီထားရင္းနဲ႕ သူ႕ကို
မျမင္ဖူးသလိုေမာ့ၾကည့္ေနတဲ႕သဲငယ္ေၾကာင့္
ပါးခ်ိဳင့္ၾကီးတဖက္အလိုလိုေပၚလာေလသည္

'' ငါ...ငါေလ ''

'' ေျပာေလငယ္... ''

'' ေတာင္း...ေတာင္းပန္တယ္လို႕''

'' အထင္လြဲမိတာအတြက္လား ''

'' အင္း~~~''

'' ငယ္ ေတာင္းပန္စရာမလိုပါဘူး
ကိုတို႕ ေမာင္ႏွမႏွစ္ေယာက္ကငယ္ငယ္ထဲက
ထိပ္ေခါက္ ကုန္းပိုး နားရြက္လိမ္ဆြဲနဲ႕
တရင္းတႏွီးေနလာၾကတာဆိုေတာ့
ငယ္ အထင္လြဲရင္လည္း လြဲခ်င္စရာပါ''

ေျခတခ်က္လွမ္းမိတိုင္း ခ်ီရတာေလးမွာ
စိုးလို႕ သူ႕ကိိုယ္သူ ကိုယ္ေဖာ့ေပးထားပံုေပါက္
ေသာ သဲငယ္သည္ အသက္ပါေအာင့္ထား
သလားမသိ...

'' ဒါေပမယ့္ ေနာက္အဲ့လိုမေနရဘူး...
ငယ္ကလြဲလို႕ ဘယ္သူ႕အသားနဲ႕မွမထိေစနဲ႕
ဘယ္သူ႕ကိုမွ မၿပံဳးျပနဲ႕... ဘယ္သူ႕ေရွ႕မွာမွ
မရယ္နဲ႕...ဘယ္သူနဲ႕မွ စကားေတြအၾကာၾကီး
မေျပာနဲ႕... ''

သူေျပာကာမွ ေျခလွမ္းတို႕ရပ္တန္႕ျပီး
တဟဲဟဲထရယ္္မိေသာ ပတ္ခ်န္း၏
နားရြက္သည္ ေျဗာင္ဘတ္ရဲ႕လက္ထဲမွာ
သံုးရာ့ေျခာက္ဆယ္ ဒီဂရီ လည္ထြက္သြား
ေလသည္

'' အား!!! နာတယ္လို႕ ''

'' အေကာင္းေျပာေနတာကို ဘာရီတာလဲ
ဒီမွာေတာ့ တေနလံုးမအိပ္ႏိုင္ပဲ
အမ်ိဳးမ်ိဳးေတြးပူေနလိုက္ရတာ...
အထဲမွာျပည့္က်ပ္လာတဲ႕အဆံုး
တေယာက္ေယာက္ကိုေတာ့ ရင္ဖြင့္မွျဖစ္
မယ္ဆိုျပီး ကမ္းေျခကိုဆင္းလာတာ''

ေျခလွမ္းနဲနဲထပ္ေလွ်ာက္မိစဥ္မွာ ဟိုတယ္ Lobby ထဲေရာက္သြားတာမို႕ ငယ့္ကို
ေအာက္ျပန္ခ်ေပးလိုက္သည္

'' ဘယ္သူ႕ကို ရင္ဖြင့္လိုက္တာလဲ ငယ္ ''

'' မေျပာျပဘူးကြာ ''

'' ဟ့...ကိုယ့္က်ေတာ့ မယံုသကၤာျဖစ္ျပီး
ငယ္က်ေတာ့ ရင္ဖြင့္လို႕ရတဲ႕လူေတြဘာေတြနဲ႕
အဲ့တာ ဘယ္သူလဲ !! ဒီမွာေတြ႕တဲလူလား
ဘယ္ဟိုတယ္မွာတည္းတဲ႕ ေကာင္လဲ ''

နီရဲတြတ္လာေသာ နားရြက္ခြ်န္တို႕၏
ပိုင္ရွင္ဟာ ေဂ်အေတာင့္လိုက္ဝင္ေနျပီ
ဆိုတာေျဗာင္ဘတ္ေလး သိျပီးသား

'' ဒီေရာက္မွေတြ႕တာေတာ့ ဟုတ္တယ္...
ဟိုတယ္မွာေတာ့ မေနဘူး ''

'' အဲ့တာဆို နယ္ခံေပါ့...
ကို႕ မျမင္ကြယ္ရာမွာ ငယ္ ေတြ႕ခ်င္တဲ႕သူနဲ႕
ေတြ႕ေနလို႕ျဖစ္မလား...ဟင္...
ကို ေမးတာေျဖဦးဆို ''

'' နာဘီနဲ႔ လိုရီက ဗိုက္ဆာတယ္တဲ႕ ''

ဗိုက္ကေလးပုတ္ရင္းေျပာေတာ့မွ
ေလပူအၾကီးၾကီးတခ်က္မႈတ္ထုတ္ျပီး Baekhyun လက္ကိုဆြဲကာ
ဟိုတယ္ စားေသာက္ဆိုင္ထဲ ဝင္ေလသည္

'' ငယ့္လိုမ်ိဳး ကုိသေဘာထားမၾကီးႏိုင္ဘူးေနာ္
နားလဲလည္မေပးႏိုင္ဘူး...ကုိမဟုတ္တဲ႕
တျခားတေယာက္ ဆီကိုမ်ား...ဖြဟဲ႕ လြဲပါေစ
ဖယ္ပါေစ...ငယ္ စိတ္ေျပာင္းသြားမယ္ဆိုရင္
ဒီေကာင္က လူလဲ သတ္ရဲတယ္
ေထာင္ထဲလဲဝင္ရဲတယ္ဆိုတာ မွတ္ထား...''

ေၾကာက္စရာေကာင္းလွေသာ ျခိမ္းေျခာက္
စကားၾကီးေတြနားေထာင္ရင္း
ပန္းကန္ထဲအျပည့္အေမာက္ထည့္မိေသာ
ပင္လယ္စာမ်ားေၾကာင့္ ေျဗာင္ဘတ္မ်က္ႏွာ
ေလး ငယ္ေနရာမွ ဝင္းပၾကည္ေတာက္လာ
ေလသည္

ခ်န္းနဲ႕ပတ္သက္တဲ႕ရင္တြင္းခံစားခ်က္ေတြကို
နားေထာင္ေပးသူဟာ ခ်န္း သတ္လို႕
မေသႏိုင္တဲ႕ ပင္လယ္ၾကီးျဖစ္တယ္ဆိုတာ
ေတာ့ မေျပာျဖစ္ေတာ့ပါဘူးေလ
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.🔮✨🔮
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ည ေျခာက္နာရီ...

'' ကို ေအာက္ထပ္ခန ဆင္းလိုက္ဦးမယ္ေနာ္''

ကုတင္ေပၚထိုင္ရင္း သိုးေမြးထိုးေနသူသည္
ပတ္ခ်န္းကို မေက်မခ်မ္းဟန္ျဖင့္
ေမာ့ၾကည့္ျပန္သည္

''Noona နဲ႕တိုင္ပင္စရာေလးရွိလို႕ပါကြာ
ကုမၸဏီကိစၥ ''

'' ဒါဆို ငါလဲလိုက္မယ္ ''

လက္ထဲက ကေလးဝတ္အေႏြးထည္ေလးပံု
တျဖည္းျဖည္းေပါက္လာျပီျဖစ္ေသာ
သိုးေမြးထည္ေလးကိုခ်ရင္း သူ႕ေနာက္ကို
လိုက္ဖို႕ျပင္သူကို ျပာျပာသလဲတားလိုက္သူ
ပတ္ခ်န္း...

'' အခုက Business partner
တေယာက္နဲ႕ပါေတြ႕ရမွာ...သူက လူပိုေတြေခၚလာတာ မၾကိဳက္ဘူး ''

'' ငါက လူပိုလား ''

ကုတင္ေပၚျပန္ထိုင္လိုက္တဲ့ သဲငယ္ဟာ
ႏႈတ္သီးအေတာင့္လိုက္စူထြက္ေနျပန္ျပီ

'' အဲ႕ လူၾကီးက သိပ္စည္းစနစ္ၾကီးတာ
ကိုယ္ေတာင္ သူနဲ႕စကားေျပာခ်င္လို႕
Noona ကေနတဆင့္ မနည္းခြင့္ေတာင္းထား
ရတယ္...သဲငယ္လိုက္လာရင္...''

'' အင္းပါ...သေဘာေပါက္ျပီ
ျမန္ျမန္ျပန္လာခဲ႕ ''

'' ခ်စ္တယ္ေနာ္ ...ျပြတ္စ္''

ႏွဖူးေပၚက်လာေသာ အနမ္းပြင့္တို႕သည္
ၾကာၾကာစိတ္ေကာက္ခ်င္တဲ႕ ေျဗာင္ဘတ္ကို
ေကာက္ခ်င္သေလာက္ ေကာက္ခြင့္မေပး...

အနားယူဖို႕လာပါတယ္ဆိုမွ သူ႕အမနဲ႕ေတြ႕ျပီး
အလုပ္ေတြလုပ္ေနသူကို ေဒါသထြက္ခ်င္
ေသာ္လည္း ေျဗာင္ဘတ္နဲ႕ ကေလး
ႏွစ္ေယာက္အနာဂတ္ အတြက္ပဲဆိုျပီး
နားလည္ေပးရျပန္ေရာ

Chanyeol ထြက္သြားျပီးေတာ္ေတာ္ၾကာမွ
Baekhyun ဆီဖုန္းဆက္သည္

''အလုပ္ေတြ ျပီးသြားျပီလား ခ်န္း ''

'' ျပီးျပီ သဲငယ္...
ဝရန္တာကို ထြက္လာေပးပါလားဟင္
တံခါးေသာ့က ခန္းဆီးေနာက္မွာ ''

စကားတခြန္းပဲေျပာျပီးဖုန္းခ်သြားသူေၾကာင့္
ပေဟဋိျဖစ္ကာ သူေျပာသလို ဝရန္တာတံခါး
ေသာ့ဖြင္႔ျပီး အျပင္ထြက္ၾကည့္လိုက္စဥ္
သဲေသာင္ျပင္ေပၚက ျမင္ကြင္းတခု...
.
.
.
.
.
.
.
.
.
.

.
.
.
.
.

အတိုင္းမသိဝမ္းသာမႈေၾကာင့္
လဲျပိဳက်မတတ္ေသာ ေျခေထာက္တို႕ကို
ဝရန္တာလက္ရန္းနဲ႕ အားျပဳကာေထာက္ထား
ရင္း လက္ဝါးတဖက္ကလည္း ပြင့္က်လာေသာ
ႏႈတ္ခမ္းပါးတစံုေပၚ အုပ္ထားမိသည္

'' သဲငယ္...''

ဟိုတယ္သံုးလႊာက တအံ့တၾသရပ္ၾကည့္ေန
သူကို သစ္ပင္အကြယ္တေနရာမွ ထြက္လာျပီး
ၿပံဳးျပလိုက္သူ Chanyeol ...
လက္ထဲမွာ ကိုင္ထားတာက ႏွင္းဆီနီရဲရဲ
တစည္းနဲ႕ လက္စြပ္ဗူး အနီေရာင္ေလး...

'' ကိုယ့္ကို လက္ထပ္ပါ ...
Byun Baekhyun''

တားဆီးမရေအာင္ က်ဆင္းလာျပန္ေသာ
မ်က္ရည္တို႕ၾကားမွာ ဝရန္တာကေနအခန္း
ထဲျပန္ဝင္ျပီး ေအာက္ထပ္ကို ဝုန္းဒိုင္းက်ဲဆင္း
ဖို႕ျပင္လိုက္တဲ႕အခ်ိန္...

''ငယ္...အေႏြးထည္ဝတ္လာဦးေနာ္ !!! ''

သဲေသာင္ျပင္ေပၚကေနသံုးထပ္ကအခန္းထဲထိ
ၾကားေအာင္ ေအာ္ႏိုင္တဲ႕ ပတ္ခ်န္းတို႕
ဒီေလာက္အသံေအာင္မွန္း
သူမသိခဲ႕ရိုးအမွန္ပါ

ဓာတ္ေလွကားသည္ ေႏွးေကြးလြန္းသည္...
ေျခလွမ္းေတြသည္ ဘယ္လိုပင္လွမ္းလွမ္း
ခရီးမေပါက္သလိုပင္...

'' Excuse me...နဲနဲေလာက္...က်ေနာ္
အေရးၾကီးေနလို႕ ''

ဟိုတယ္ထြက္ေပါက္မွာ
ေျဗာင္ဘတ္၏ ဝင္တိုက္ျခင္းခံရေသာ
ႏိုင္ငံျခားသားစံုတြဲသည္ လံုးဝမေက်နပ္

'' Watch where you going ...
Dummy!!!''

ငတံုးလို႕ေခၚျပီးရန္စလာသူကို ၿပံဳး၍
လွည့္ၾကည့္လိုက္ေသာ ေျဗာင္ဘတ္၏
ေျခေထာက္မ်ားသည္ ေျမၾကီးနဲ႕မထိခ်င္...

'' I know where I'm going...Man''

'' Excuse me ! ''

'' I'm going to my universe ''
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.#TBC
.🔮✨🔮✨🔮✨🔮✨🔮✨
.✨💗✨💗✨💗✨💗✨💗
.
.
.
.
.
.
.
.
.
.

Proposal ကို အမ်ားၾကီးေရးခ်င္လို႕
ေနာက္တပိုင္းေရးပါအူးမယ္ေနာ္ 😘
.
.
.
ပ်င္းလားဟင္😒
.
.
္.
.
မပ်င္းရင္ေတာ့ ဆက္ေရးေမ ...
ခုတေလာ အလုပ္ေတြမ်ားေနလို႕
တရက္ျခားေလာက္ေတာ့
ၾကိဳးစားအပ္ေပးပါ့မယ္ 😚

Daily လဲျဖစ္ခ်င္ျဖစ္မွာပါ
Vote နဲ႕ဖိဘက္ေတြမ်ားရင္မ်ားသလိုေပါ့
အဟီးးးဟီးးးး 😁

❤️❤️❤️

The Mystery Between Us✨
.
.
.
.
.
.
.
.
.
.
.
.
.🌚
.
'' ကို အကုန်ထည့်လိုက်ရမှာလား ''

'' အွန်း~~~''

Chanyeol ကို ကျောပေးထိုင်နေသော
ဆံနွယ်ဝါဝါလေးတွေရဲ့ ပိုင်ရှင်သည်
ပျော်ရွှင်အူမြူးစွာပဲ ခေါင်းကလေး
လှုပ်ကာလှုပ်ကာဖြင့် သူ့ဗိုက်အောက်ပိုင်းက
ပူနွေးနွေးအထိအတွေ့ကို အရသာခံရင်း
ခြေထောက်လေးနှစ်ချောင်းကိုလည်း
ကွေးလိုက်ဆန့်လိုက်လုပ်နေလေသည်

'' အကုန်လုံးဆို များနေမှာပေါ့...
တဝက်ပဲ ထည့်မယ်လေနော် ''

'' ဟ့...တွန့်တိုလှချည်လားကွ!!
အကုန်ထည့်ဆို ထည့်ပေးလိုက်တာမဟုတ်ဘူး ငါက အထဲမှာစေးကပ်စီးပိုင်နေပြီး အပြင်ကို
ဖွေးခနဲ ထွက်လာတာမှကြိုက်တာ...
ထည့်.!! အရည်တွေတစက်မှမကျန်အောင်
အကုန်ညှစ်ထည့်ပေး''

'' အိုင်းဂူးးးး ဒီလောက်အများကြီးထည့်ထား
တော့ ဘယ်နားကဘယ်လို စလုပ်ပေးရမှန်း
တောင်မသိတော့ဘူး ...
ကို နဲနဲပြန်ထုတ်လိုက်မယ် နော် ''

သူ့ အနောက်က အူတူတူကောင်ကြီးကို
မျက်လုံးလေးစွေစောင်းကာလှည့်ကြည့်လိုက်သူ
ငဗြောင်သည်အောက်နှုတ်ခမ်းကို စိတ်တိုတိုနဲ့
ကိုက်ထားရင်း ချက်ချင်းပင်ရန်ထသတ်ချင်
သော ဒီဇိုင်းကာလာအနေအထားနဲ့...

'' ဘာလို့ကပ်စေးနဲနေတာလဲ...
ရှိတာအကုန်ထည့်ပေးလိုက်တော့
မင်းအသား ပဲ့ပါသွားတာ ကျနေတာပဲ ''

'' ဒီလောက်အများကြီးကို တခါထဲအကုန်
လုပ်ပစ်လိုက်တော့ ကုန်ပြီပေါ့။
သဲငယ်လေးဟာလေ ...
ချွေတာရကောင်းမှန်းကိုမသိဘူး ''

'' ဒါအလကားရတာလေ။
ချွေတာစရာ လိုလို့လား''

'' အောဟော...လောကကြီးထဲမှာ
ဘယ်အရာမှအလကားမရဘူးကွဲ့...
ကို့သဲလေးဟာ တကယ်ပဲ
ပြောလေကဲလေ...''

'' မြန်မြန်လုပ်စမ်းပါကွာ...
ကလေးတွေ အအေးပတ်နေမယ် ''

'' ကျစ်~~သူပြောလို့မနိုင်ရင် ကလေးတွေနဲ့
ကိုင်ပေါက်ပြီ Jinja~~~
နောက်ကနေ ကုတ်ဆွဲပစ်လိုက်ရ... ''

'' ဆွဲရဲဆွဲကြည့်လေ...ဒီကလည်း
အရေခွံနွှာပေးဖို့ အသင့်ပဲ ''

ကက်ကက်လန်ရန်တွေ့လာသော သာလိကာ
အဖြူလုံးလေးရဲ့လည်ဂုတ်ကို စိတ်ရှိတိုင်းသာ
ဆွဲကိုက်ပစ်လိုက်ရရင်တော့

'' သဲငယ်နော်...
ခေါင်းလျှော်ရင်း ရန်မဖြစ်ချင်ဘူး
ကို ဒီလောက်လုပ်ပေးတာတောင်
ကိုယ်နဲ့ဆန့်ကျင်ဖက်တွေ လိုက်ပြောနေရတာ
သိပ်ပျော်ဖို့ကောင်းလားဟင် ''

'' သွား !! မလျှော်ပေးချင်လဲနေ...
ကွကိုယ်လျှော်လို့ရတယ်...
ပြောတော့ဖြင့် ...ကို့ တကိုယ်လုံးကို
ငယ်ပိုင်တယ်လေး ဘာလေးနဲ့
ခေါင်းလေးလျှော်ခိုင်းတာတောင်
ကဂျီကဂျောင်နဲ့... သွားစမ်းပါ!!!
အဲ့ လက်ကြီးနဲ့ လာမကိုင်နဲ့
ကျက်သရေတုံးလွန်းလို့...''

'' Byun Baekhyunnnn !!''

ဗြောင်ဘတ်၏နားပူနားဆာလုပ်မှုကြောင့်
မလိုအပ်ပါပဲတထုပ်လုံးဖောက်ထည့်ခြင်း
ခံရသောခေါင်းလျှော်ရည်များသည်
ဆံနွယ်ဝါဖျော့ဖျော့ပေါ်မှာ ပျစ်ချွဲစေးကပ်ပြီး
အမြှုပ်တွေမတရားထွက်ကာ ရေဆေးချဖို့
အချိန်ကြာတော့မှာမို့အလုပ်မြန်မြန်ပြီးချင်တဲ့
ပတ်ချန်းတို့ စိတ်တော်တော်တိုနေပြီ

မနေ့ညက ဟိုတယ်အောက်ထပ်မှာ
ဘူဖေးစားပြီးပြန်လာတော့ အခန်းထဲက
ဆိုဖာပေါ်မှာ သုံးလေးချီလောက် အချစ်တိုက်ပွဲ ထပ်ဆင်နွှဲလိုက်ရသေးတာမို့ ည သုံးနာရီ
လောက်မှ နှစ်ယောက်သားအိပ်ရရှာလေသည်

မိုးစင်စင်လင်းပြီးတာတောင်
ကုလားသေကုလားမော အိပ်ကောင်းနေသော
ပတ်ချန်းသည် ဗိုက်ဆာမှ အိပ်ရာက ထလာ
တတ်တဲ့သူပီပီ သွားမြန်မြန်တိုက်ပြီး
မနက်စာ မြန်မြန်သွားစားမည်ဟု
ကြွေးကြော်ကာ ရေချိုးခန်းထဲဝင်မိစဉ်

ရေနွေးတဝက်လောက်ထည့်ထားသော
အငွေ့တထောင်းထောင်းထနေတဲ့ Bathtubထဲဝင်စိမ်နေရင်းသူ့ကို
ခေါင်းလျှော်ပေးပါလို့ အမိန့်ပေးလာသူ
ဗြောင်ဘတ်ကြောင့်...

မျက်လုံးမပွင့်တပွင့်ဖြစ်နေတဲ့ ပတ်ချန်းဟာ
အိပ်ရာနိုးနိုးချင်း ဗိုက်ဆာနေတဲ့ သူ့အဖြစ်ကို
ခနမေ့ထားပြီး Bathtub ခေါင်းရင်းမှာ
ဆောင့်ကြောင့်ထိုင်ကာခေါင်းလျှော်ပေးဖို့
ပြင်ရလေသည်

ဟိုတယ်ကပေးထားတဲ့ greentea
ရှန်ပူထုပ်နဲ့မှလျှော်ချင်ပါတယ်လို့ပြောလာတဲ့
ရစ်လုံးကလေးဟာ သူ့ဆံပင်သေးသေးလေး
လျှော်ဖို့ရာ အထုပ်တဝက်နဲ့အားမရသေးဘဲ
တထုပ်လုံးဖောက်ထည့်ခိုင်းပြီး အမြှုပ်တွေ
အများကြီးနဲ့လျှော်ပေးဖို့ ဂျီကျ ဂျစ်တိုက်နေတာက ဗိုက်တဂွီဂွီဆာနေတဲ့သူအတွက်
စိတ်ရှည်ချင်စရာကောင်းလားပြော...

'' ခေါင်းငုံ့ထား...ရေဆေးချပေးမလို့ ''

'' စိတ်တိုတဲ့အသံကြီးနဲ့ လာပြောနေ
တာလား ''

'' မဟုတ်ပါဘူးကွာ...ငယ်ကလဲ ကိုယ့်ဆို
အကောင်းဘယ်တော့မှမမြင်ဘူး...
ငယ်ကျတော့ အခုမှနိုးတဲ့သူကို
သွားလေးတောင် မတိုက်ခိုင်းပဲ
ခိုင်းစားနေပြီးတော့ ''

ရေပန်းက ရေနွေးနွေးတို့သည် အငွေ့
တထောင်းထောင်းထွက်ရင်း Baekhyun
ဆံစများထက်မှ Shampoo အမြှုပ်တို့ကို
တဖြည်းဖြည်းပျောက်ကွယ်စေချိန်မှာ ဘာစကားမှမပြောပဲ ထရပ်လိုက်သူကြောင့် Chanyeol မှာ ကြောင်တောင်တောင်

'' ညက လက်တွေထောက်ထားရတာ
နာလို့ဟေ့ ။ လက်နှစ်ဖက်စလုံးခေါင်းပေါ်
မမြှောက်နိုင်လို့ လျှော်ခိုင်းရတာသိပြီလား
စားပြီးနားမလည်ကြီးရဲ့ ...''

'' ငယ်...နေ...နေဦးလေ ''

Bathrobe လေးပတ်ကာ ကုန်းကုန်းကွကွနဲ့
ရေချိုးခန်းအပြင်ထွက်သွားသူကိုကြည့်ရင်း
ညကပြစ်မှုအကြီးအသေးမျိုးစုံတို့သည်
ခေါင်းထဲအစီအရီပြန်ပေါ်လာသည်

သွားမြန်မြန်တိုက်ပြီး မနက်စာအခန်းထဲလာ
ပို့ပေးဖို့ ဖုန်းဆက်ပြီးတဲ့နောက်မှာ မနေ့က
တဝကြီးအနှိပ်ခံခဲ့ရသူ ပတ်ချန်းသည်
ပရော်ဖက်ရှင်နယ် အနှိပ်သည်ကြီးအဖြစ်
ဘဝပြောင်းသွားလေသည်

'' ဘယ်နားလဲငယ်...လက်မောင်းလား
လက်ဖျံလား ''

'' တော်ပါ...အခုမှလာပြီးတော့ ''

'' ကို မသိလိုက်လို့ပါကွာ...
ဒီကောင်ကြီးဟာလေ ကို့ ချစ်သူလေး
ဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိတဲ့ သောက်တုံး
သောက်အ... သောက်ပိန်း...''

လက်မောင်းအိအိလေးနှစ်ဖက်ပေါ်
ပိုင်ပိုင်နိုင်နိုင်နှိပ်ပေးလာသူကြောင့်
Baekhyun တဖက်လှည့်ကာပြုံးမိပေမယ့်
သူစိတ်ဆိုးပြေနေတာကို ပတ်ချန်းမသိစေရ

နှိပ်တဲ့နေရာမှာ သူ့ထက် အများကြီးကျွမ်း
ကျင်သော ပတ်ချန်းကြောင့် နေလို့
တော်တော်ကောင်းလာစဉ် စာမေးပွဲခန်းထဲမှာ
ပထမဆုံးအကြိမ် အနှိပ်ခံခဲ့ရခြင်းကိုတောင်
ပြန်သတိရလာသလိုလိုရှိလေသည်

အဲ့အချိန်တုန်းက ဒီလိုတွေဖြစ်လာမယ်ဆိုတာ အိပ်မက်တောင်မမက်ခဲ့ဖူးပေမယ့် လူတိုင်းကို
အပေါ်စီးကဆက်ဆံ၍ ထိန်းမနိုင်သိမ်းမနိုင်
ဆိုးသွမ်းခဲ့သော Chanyeol သည်
သူတယောက်ထဲကိုမှကွက်ပြီး အားတုံ့အားနာ
ဖြစ်ကာ လက်ကလေးတဖက်နဲ့နှိပ်ပေးလာတဲ့
အချိန်ကတည်းက သူ့ရင်တွေ အဆမတန်
ခုန်ပေါက်ခဲ့ခြင်းဆိုတာ သူဝန်ခံပါသည်

'' သက်သာလား ငယ် ''

'' အင်း...တော်ပြီ...မနှိပ်နဲ့တော့ ''

စောင်ခေါင်းမြီးခြုံကာ အိပ်ချင်ယောင်ဆောင်
လိုက်သော်လည်း စောင်အောက်က
သွားတွေကို မစိနိုင်...

'' မနက်စာစားပြီးရင် ဆေးသောက်ရအောင်
နော်...Tao hyung ဆီက
ကို ဆေးတောင်းလာတယ် ''

Tao hyung ကို ဘယ်နည်းနဲ့သိမ်းသွင်း
လိုက်မှန်းမသိသော ပတ်ချန်းသည်
အဟွာပြုပြီးသောက်ဖို့ ဆေးပါ ရအောင်
တောင်းခဲ့တယ်တဲ့လား...

Park Chanyeol power is no joke
ဆိုတာ ဗြောင်ဘတ်လေးသိတာ
ကြာလှပေါ့

'' ဘယ်သွားမလို့လဲ ''

မနက်စာစား ဆေးသောက်ပြီးနောက်မှာ
အိပ်ရာပေါ်ဝင်ခွေနေတဲ့အချိန်...

Baekhyun ပြန်အိပ်ပျော်သွားပြီအထင်နဲ့
အောက်ထပ်ကိုဆင်းဖို့ပြင်နေသူ ပတ်ချန်းမှာ
စောင်ထုပ်ထဲက မေးသံကြောင့်
ဘယ်လိုပြန်ဖြေရမှန်းမသိ

'' အောက်ထပ်မှာ ဖတ်စရာလေးတခုခု
သွားယူမလို့...ငယ် ဘာမှာဦးမလဲ ''

'' မြန်မြန်ပြန်လာ...''

'' ယူပြီးချက်ချင်းပြန်လာခဲ့မယ်... နော် ''

တံခါးဖွင့်ပြန်ပိတ်သံကြားလိုက်ရပြီး
အိပ်ချင်မူးတူးနဲ့ကုတင်ပေါ်ထထိုင်လိုက်
သောဗြောင်ဘတ်သည် ဆေးအရှိန်ကြောင့်
ပိတ်ကျချင်နေသော မျက်လုံးများကို
ကျိန်ဆဲရင်း Hoodie တထည်နဲ့
ဦးထုပ်တလုံးကို အမြန်ကောက်ဝတ်ကာ
အခန်းထဲမှ တရွေ့ရွေ့ထွက်သွားလေသည်

~ ဆိုးလ်နဲ့နီးတဲ့ ကမ်းခြေတွေအများကြီး
ရှိတာကို ဒီလောက်ဝေးတဲ့နေရာကိုမှ
လာလည်ချင်ပါတယ်ဆိုတဲ့ ငချန်းကို
ဗြောင်ဘတ်လေး မသင်္ကာဖြစ်တာ
အဆန်းမဟုတ်ဘူးမလားဟင်

သူမသိတဲ့ တခုခုတော့ရှိနေရမယ်
ဒီတခုခုကိုဖော်ထုတ်ဖို့ ကိုယ်တွေလက်တွေ
နာနေပေမယ့် အံကျိတ်ခံရင်းပဲ
ပတ်ချန်းသွားလေရာကို နောက်ယောင်ခံ
လိုက်သွားရတော့မှာပေါ့လေ...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.🔮✨🔮
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
'' အဟားဟား...Noona သိထားတာတွေ
တော်တော်များတာပဲ...
Appa က ကျနော့အကြောင်းတွေ
ဖုန်းဆက်ပြီးအတင်းတုပ်ထားတာမဟုတ်လား
မှန်မှန်ပြောစမ်း...''

ဟိုတယ် Restaurant မှာ နှစ်ယောက်သား
ဘေးချင်းကပ် ထိုင်ရင်း Chanyeol ပုခုံးပေါ်
ခေါင်းမှီထားသော မိန်းကလေးတယောက်ကို
Baekhyun မမြင်ဖူးပါ

ပေါင်လည်လောက်ရှည်တဲ့ကြိုးတချောင်း
ဂါဝန်အဝါနုလေးအောက်မှာ ဒေါက်ဖိနပ်
ချွန်ချွန်လေးစီးထားပြီး သွယ်လှသော
ပေါင်တံဖြူဖြူလေးနဲ့ ခြေသလုံးသားဝင်းဝင်း
လေးတွေကို လှစ်ဟပြထားသောမိန်းမပျိုလေး
သည် မြင်ရသူအပေါင်းရဲ့ မျက်စိပသာဒဖြစ်မှုကိုပေးစွမ်းနိုင်အောင်ပဲ ချောမောပြေပြစ်ကာ
ချစ်စဖွယ်ကောင်းလှသော်လည်း

ပန်းအိုးကြီးတလုံးနားတွင် တကိုယ်လုံးကွယ်ပြီး
ချောင်းမြောင်းကြည့်ရှုနေသော
ဗြောင်ဘတ်အတွက်တော့ ထိုမိန်းကလေးသည်
သူ့ဘဲကို အတင်းဝင်နှိုက်နေသော
ပုပ်ပွသိုးယိုးပြီး နံစော် လောက်တက်နေတဲ့
စနိုက်ကျော်မှလွဲ၍ အခြားဖြစ်နိုင်ဖွယ်မရှိ

ဟို တေချင်းဆိုးကလဲ မျက်နှာကြီးကိုပြုံးဖြီးလို့
နေမကောင်းတဲ့သူကို အခန်းထဲ
ပစ်စလတ်ခတ်ထားပြီး ဒီမိန်းမနဲ့
ပွတ်သီးပွတ်သပ်တွေလာလုပ်နေရသလား

ခက်တာက သူတို့ပြောနေတာတွေ တခုမှ
ဗြောင်ဘတ်လေး မကြားရတာပဲ

ဒီပန်းအိုးကလွဲလို့ ပုန်းဖို့ကောင်းတဲ့
နောက်တနေရာလည်း ရှာမတွေ့တာမို့
အမြင်အာရုံကိုသာ အားထားနေရသည်

'' ချန်းလေး ဘယ်လိုတွေလိမ်မာတယ်ဆိုတာ Noona သိပြီးသား ...
Company အလုပ်မှာလဲ ဝိုင်းကူတယ်...
ဆိုင်ကိုလည်း ရောင်းအားတက်အောင်
တခြားဆိုင်တွေကိုပါသွားလေ့လာပြီး
အများကြီးကြိုးစားပေးတယ်... နောက်လဲ
US က ရုံးခွဲအထိလာပြီး Noona ဆီမှာ
တပည့်ခံတော့မယ်ဆိုတာကိုပါ ချန်းလေး
Appa ကပြောပြီးသား ...''

ပတ်ချန်းရဲ့ နှာတံစင်းစင်းပေါ်ထိကပ်လိုက်
သော လက်ညှိုးသွယ်သွယ်လေး
တချောင်းသည် Baekhyun နှလုံးသားကို
ထုတ်ချင်းပေါက်သွားစေသည်

ဘာတွေပြောပြီးကြည်နူးနေကြလို့
တလောကလုံးကိုမေ့ပြီးနှစ်ယောက်သား
ပူးကပ်နေကြတာပါလိမ့်

~ ငါနဲ့ ကလေးတွေရဲ့တည်ရှိမှုကို
မေ့သွားရအောင်ပဲ အဲ့မိန်းမကပြုစားနိုင်လွန်းတာလား ...ချန်း

ဒါမှမဟုတ်...

မင်းဟာ ယောက်ျားတယောက်ပဲမို့
ယောက်ျားလေးတယောက်ရဲ့ ချစ်သူဖြစ်ရတာ
ထက် မိန်းကလေးတယောက်ရဲ့
အထိအတွေ့ကို ပိုပြီးလိုချင်တပ်မက်နေတာများလားဟင်

မင်းတို့ပြောတာတွေမကြားရပေမယ့်
မင်းသူ့ကို ကြည့်တဲ့ မျက်လုံးထဲမှာ
သံယောဇဉ်တွေပြည့်နေသလိုပဲ...

ပါးချိုင့်လေးခွက်ဝင်အောင် ပြုံးနေရင်းကနေ
တချက်တချက်ထရယ်လိုက်တဲ့အခါ
ငါနဲ့အတူရှိတဲ့အချိန်မှာ ဒီလိုမျိုး
လွတ်လွတ်လပ်လပ် အော်ဟစ်ရယ်တာမျိုး
သိပ်မရှိခဲ့တာကို ငါပြန်စဉ်းစားမိလာတယ်
ချန်း...

'' US အထိတော့မလာပါရစေနဲ့
Noona ရယ်...နောက်ခုနှစ်လနေရင်
Noona မောင် ပတ်ချန်းက
ကလေးနှစ်ယောက်အဖေကြီးဖြစ်တော့မှာ...
ယောက်ျားနဲ့ကလေးတွေကို ပစ်ပြီး အဝေးကြီး
သွားဖို့ တိုက်တွန်းလာရင်တော့
ကုမ္ပဏီတွေ ဘာတွေမက်မနေဘူး...
အိမ်ပေါ်ကဆင်းဖို့ အဆင်သင့်ပဲ ''

'' အိုင်းဂူးးးးး ငါတို့ချန်းလေးကို သတ္တိတွေ
ဒီလောက်ရှိအောင် ပြောင်းလဲပေးလိုက်တာ
ဘယ်သူများပါလိမ့်...Noona တော့
တွေ့ချင်လွန်းလို့ မစောင့်နိုင်တော့ဘူးနော် ''

'' ဒီညတွေ့ရမယ်လေ Noona ရဲ့...
ခုလာတွေ့တာလဲ ဒီညအတွက်
ဆွေးနွေးမလို့ပဲ...အရင်တပတ်က
ကျနော်မှာထားတာတွေ ယူလာတယ်မလား
ဟင် ''

'' ပါ ပါတယ်ရှင်... ဟောဒီ နားရွက်ကလေး
တွေကားနေလို့ အကြံကောင်းဥာဏ်ကောင်း
တွေ ထွက်နေတာလားမသိဘူး...
ချန်းလေးပြောတာ စကြားတဲ့အချိန်က
Noonaတို့ ညီအမတွေ
သဘောကျလွန်းလို့ ရင်တွေတောင်ခုန်တယ် ''

'' ရင်ခုန်တယ်ဆိုတဲ့စကားကို အပျိုကြီးတွေ
ပြောရင် သုံးနှစ်သုံးမိုး ရေကြီးတတ်တယ်တဲ့
ဟ့...မလုပ် ...အား~~~ နာတယ်လို့ ''

'' နောက်တခါလူကို မထီလေးစားလုပ်ရင်
နားရွက်တွေပြတ်ထွက်သွားမယ်မှတ် ''

~ အဲ့နားရွက်တွေက ငါ့အပိုင်ဆိုပြီး
သူ့လက်ဖျားထဲ ဘာလို့ရောက်နေရတာလဲ
ချန်း...

အဲ့ ပုခုံးကျယ်ကြီးနှစ်ဖက်က ငါ့အတွက်ဆိုပြီး
သူ့ခေါင်းမှီဖို့ ဘာလို့ခွင့်ပြုထားရတာလဲ

အဲ့ လက်မောင်းနှစ်ဖက်က ငါ့အတွက်
အားကိုးရာတခုဖြစ်နေမှန်းသိရက်နဲ့
သူ့လက်ချောင်းတွေနဲ့ ဆုပ်ကိုင်နေတာကို
ဘာလို့များ ဒီအတိုင်းလွှတ်ပေးထားရတာလဲ

ပါးပြင်ပေါ်လိမ့်ဆင်းလာတဲ့ မျက်ရည်စတွေဟာ အတောမသတ်နိုင်ပေမယ့် ခြေလှမ်းတွေ
မမှားအောင်မနည်းဂရုစိုက်ရင်း
ဟိုတယ်ခန်းထဲပြန်ရောက်တဲ့အချိန်မှာ
ရေချိုးခန်းထဲအရင်ဝင်ပြီး မှန်ထဲက
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတယ်

ရှုံးနိမ့်လာတဲ့ကောင်...
အလိမ်ခံနေရတဲ့ကောင်...
တန်ဖိုးမရှိတဲ့ အမှိုက်သရိုက်တခုလို
ပစ်ပယ်ခံရတော့မယ့် ကောင်...

ဘဝတခုလုံးကို ပုံအပ်ပေးထားတဲ့သူကိုမှ
အချိုရည်စုပ်လို့ ကုန်သွားတဲ့ပီကေလိုမျိုး
လမ်းဘေးတနေရာကို ထွီခနဲထွေးပစ်လိုက်
မယ့် အချိန်ဟာတနေ့နေ့တော့ ရောက်လာ
မှာပဲဆိုတာကို Baekhyun ကြိုသိခဲ့မယ်ဆို
ရင်...

'' နာဘီတို့ Appa ဆီမလာသင့်ဘူး ''

Hoodie အမဲလေးအောက်က
လူမဖြစ်သေးတဲ့ ကလေးနှစ်ယောက်ဟာ
အိပ်မောကျနေတုန်း...

ချစ်သူရဲ့ အလိုဆန္ဒကိုဖြည့်ပေးချင်လို့
မိုးလင်းပေါက်လှုပ်ရှားရုန်းကန်ရင်းနဲ့
နာကျင်စွာပေးဆပ်ခဲ့ရတဲ့ ခန္တာကိုယ်ဟာ
အထိမခံနိုင်အောင် ကျိန်းစပ်ကိုက်ခဲနေ
ပေမယ့် ရင်တခုလုံး အစိတ်စိတ်အမွှာမွှာ
ဖြစ်အောင် ဆုတ်ဖြဲခံထားရတဲ့
ခံစားချက်တခုက ကိုယ်ပေါ်က နာကျင်မှုတွေအားလုံးကိုကျော်လွန်ပြီး လူကိုသေမတတ်
ညှင်းပန်းနှိပ်စက်နေလိုက်တာ...

'' ကို ပြန်လာပြီ သဲငယ်ရေ့...
ကို့ သဲလေး နိုးနေပြီလား...အတော်ပဲ
ကို ဘာတွေယူလာလဲကြည့်စမ်း ''

အိပ်ရာပေါ် တင်ပျင်ခွေထိုင်နေသော
Baekhyunရဲ့ မျက်နှာပေါ်မှာ မဲ့ပြုံးလေး
တခု...

''သဲငယ် နေကောင်းသွားပြီလား ''

'' ......''

Baekhyun ဘေးမှာကပ်ထိုင်လိုက်တဲ့
ပတ်ချန်းရဲ့လက်ထဲမှာ အထုပ်တထုပ်...

'' ချောကလက်လေ...US က သူငယ်ချင်း
တယောက်ပို့လိုက်တာ...ကို အိမ်မှာမရှိဘူး
ပြောထားတော့ ဟိုတယ် reception ထိ
တန်းပို့ပေးလိုက်တာနဲ့အတော်ပဲ ''

ရွှေရောင်ခဲပတ်စက္ကူကိုခွာရင်း လေးထောင့်ပုံ
ချောကလက်တုံးလေးအား
ပါးစပ်ထဲထည့်ပေးဖို့ဟန်ပြင်လာသူကို
နီရဲစိုစွတ်သော မျက်ဝန်းတွေနဲ့
စိုက်ကြည့်ပေးလိုက်တဲ့ Baekhyun

'' ဘယ်လောက်ကြာပြီလဲ ''

'' ဟင်!! သဲငယ် ငို...ငိုထားတာလား
ဘာဖြစ်လို့လဲဟင်
အထဲမှာ နာနေသေးလို့လား
ကို ဆေးရုံလိုက်ပို့ပေးရမလားဟင် ''

'' ငါ...မေးနေတာ ဖြေဦး ''

အသက်မရှိတဲ့ကျောက်ရုပ်ကလေးဟာ
မျက်လုံးအကြည့်တွေကို
Chanyeol မျက်နှာပေါ်ကမရွှေ့

'' သဲငယ် ဘာမေးလိုက်တာလဲ ''

'' သဲငယ် တဲ့လား''

နှုတ်ခမ်းပါးလေးတွေ တဆတ်ဆတ်တုန်ယင်
လာချိန်မှာ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း
မျက်နှာလွှဲလိုက်မိသည်

'' အေးလေ...သဲငယ်ကို သဲငယ်လို့မခေါ်တော့ ကိုယ်ကဘာခေါ်ရမလဲ။ မဟုတ်မှလွဲရော
ငယ့်ကို နာဘီ့အဖေလို့ခေါ်စေချင်နေ
တာလား ''

Baekhyun မျက်နှာနဲ့ထိကပ်သွားတဲ့
ရင်ခွင်ကျယ်ကြီးဟာ နွေးထွေးမှုတွေပေးလာ
မယ့်အစား မျက်ရည်တွေ တသွင်သွင်စီးကျ
လာစေပြန်တယ်

'' နာဘီနဲ့ လိုရီသာ ရှိမလာသေးရင်
ငါ...ငါတို့ဘာဖြစ်နေမှာလဲ ချန်း ''

'' အင်း...ကလေးတွေ မရှိသေးဘူးဆိုရင်
အိမ်မှာစာခေါ်သင်မနေပဲ ကျောင်းတက်နေရ
မယ်ထင်တာပဲ ''

အရိုးသားဆုံးဖြေလိုက်ပေမယ့် တပါးသူရဲ့
ရင်ထဲမှာ သံရည်ပူတွေလို လောက်မြိုက်
စီးဆင်းသွားမယ်ဆိုတာမသိခဲ့

ကျောင်းတက်နေရမယ်ဆိုတာထက်
ချစ်သူတွေအဖြစ်ဆက်ပြီးရှိနေနိုင်မလားဆိုတဲ့
အချက်ကို သူမဖြေခဲ့ဘူးလေ

ကလေးတွေကြောင့်သာ Baekhyun ကို
ရွေးချယ်လိုက်ရတာဆိုရင်တော့
Chanyeol တကယ်ချစ်မြတ်နိုးတာက
ဟိုမိန်းကလေးများ ဖြစ်နေတာလား

Baekhyun နဲ့လူချင်းလဲသွားတဲ့ကိစ္စကြီး
မဖြစ်ခင်တုန်းကMira Noona ကို
အသေအလဲ ပိုးပန်းခဲ့ဖူးတဲ့သူက
နောက်မိန်းကလေးတယောက်အပေါ်
စိတ်ညွှတ်သွားးမိနိုင်တယ်ဆိုတာ
ဖြစ်နိုင်ချေများတဲ့တွက်ချက်မှုတခုပဲ
မဟုတ်လား

'' ကလေးတွေရောက်လာတော့
ကျောင်းမတက်ရပေမယ့်လဲ
ငယ်နဲ့ တမိုးအောက်မှာအတူတူနေရတာပဲလေ
ကို့ အတွက်ဘာမှ ထပ်မလိုတော့ဘူး''

~အဲ့စကားတွေသာ အမှန်တရားဆိုရင်လေ
ငါ့ရင်ထဲ ကမ္ဘာပျက်နေစရာတောင်မလိုဘူး

'' လာ...ကိုတို့ သားအဖလေးယောက်
တစ်ရေးလောက်ပြန်နှပ်ကြရအောင်နော် ''

ဘယ်တုန်းက ပါးစပ်ထဲရောက်သွားမှန်းမသိ
တဲ့ ချောကလက်ကို အလိုက်သင့်လေး
ငုံထားရင်းနဲ့ပဲ သူလှဲချပေးလိုက်တဲ့အတိုင်း
လက်မောင်းကြီးကို ခေါင်းအုံးလိုက်ချိန်မှာ
Baekhyun အကြိုက်ဆုံးသူ့ရေမွှေးနံ့ဟာ
ခေါင်းအုံးပေါ်မှာ တရစ်ဝဲဝဲ...

~အိပ်မက်ပဲ ဖြစ်ပါစေလား ဘုရားသခင်...

အဝါရောင်အင်္ကျီနဲ့မိန်းကလေးရယ်...
သူ့စကားတွေကြား အားပါးတရရယ်မော
နေခဲ့တဲ့ ကိုကိုရယ်...

အာခံတွင်းထဲက မွှေးပျံ့နေတဲ့ ခါးဆိမ့်ဆိမ့်
အရသာလေးတခုရယ်...

လက်လွှတ်ဆုံးရှုံးခံရတော့မှာ တွေးပူနေရှာတဲ့
အကာအကွယ်မဲ့ ချစ်ခြင်းတရားတစ်စုံရယ်...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.🔮✨🔮
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ညနေလေးနာရီမှ နိုးလာတဲ့ပတ်ချန်းသည်
အကျင့်ပါနေကျအတိုင်း အိပ်ရာဘယ်ဖက်
ခြမ်းကိုစမ်းမိစဉ်မှာ အေးစက်စက်အထိ
အတွေ့ကြောင့် Baekhyun အိပ်ရာထသွား
တာကြာပြီဆိုတာ သိလိုက်သည်

''သဲငယ် ...''

ပြန်ထူးသံမကြားလို့ တခန်းလုံးပတ်ရှာတော့လဲ မတွေ့...ရေချိုးခန်းထဲမှာလဲမရှိ...

ဖုန်းဆက်ကြည့်တော့လဲ မကိုင်တာမို့
ပတ်ချန်းတို့ မျောက်မီးခဲကိုင်နေသလို
စိတ်တွေပူလာပြီ

'' သဲငယ်ရေ့ !!! ''

ဟိုတယ်ထဲမှာလည်းမတွေ့တာမို့ ပင်လယ်
ကမ်းစပ်ကိုထွက်မိစဉ်မှာ အေးခနဲတိုက်လာတဲ့
ဆောင်းဦးလေကြောင့် ရင်ဘတ်ပေါ်က
အနွေးထည်စကို ဆွဲစိလိုက်မိသည်

အရမ်းအေးနေလို့ ဒီနေ့ကမ်းခြေမဆင်းဘူး
လုပ်ထားတာကိုမှ အိပ်နေတုန်း
ခြေရာလက်ရာဖျောက်ကာ ထွက်သွားတဲ့
သဲငယ်ကြောင့် သူဘာများအမှားလုပ်မိသလဲ
လို့စဉ်းစားမိသော်လည်း ခေါင်းထဲရောက်မလာ

ဒီလိုအအေးဒဏ်မျိုးကို ပတ်ချန်းလိုယောက်ျား
ရင့်မာကြီးတောင်မခံနိုင်တာ ...
သွေးသားနုနယ်ပြီး ကလေးနှစ်ယောက်
လွယ်ထားရတဲ့ သဲငယ်လေးသာဆို
ဘယ်လိုနေမယ်မသိ...

'' Baekhyunnna !!!''
Byun Baekhyunnnn !!!

ကမ်းစပ်ကို ရိုက်ခတ်လာတဲ့ တဝေါဝေါ
လှိုင်းပုတ်သံတွေကလွဲလို့ ပြန်ထူးသံ
တစုံတရာမကြားရတာကြောင့် ကမ်းစပ်မှာ
မီးလှုံနေတဲ့ လူတချို့ဆီကို ခပ်သွက်သွက်လေး
အပြေးသွားရင်း ငယ့်ပုံပန်းသဏ္ဌာန်ကို
ပြောပြကာမေးမိတော့ ကျောင်ဆောင်လေး
တခုနားက အဖြူရောင်အရိပ်ကလေးကို
လက်ညှိုးညွှန်ပြသည်...

အရိပ်ကလေးဆီ အပြေးသွားမိတော့
လေတချက်အဝှေ့မှာ တုန်ယင်စွာ ဆိုညည်းနေတဲ့ သံစဉ်လေးတပိုင်းတစဟာ
ပတ်ချန်းနားထဲ လွင့်မျောလာတဲ့အခါ
အိမ်မှာငယ်ဆိုနေကျ သူသိပ်ကြိုက်တဲ့သီချင်း
မှန်း Chanyeol မှတ်မိသွားပြီ

Universe ရဲ့ ဒုတိယအပိုဒ်...

'' Useumgwa nunmuri sangcheowa chiyuga

Jilmungwa haedapdeuri
ni ane da inneun geol

Naye sesangeul gajin
naye jageun ujuga

Somyeolhaneun sungan
nado sarajigetji ''
.
.
.
.
.

(Laughter and tears, scars and healing
Questions and answers, they're all in you
You have my world, you're my small universe
The moment it vanishes, I will disappear as well )
.
.
.
.
.

ဖြူစွတ်နေတဲ့ Padding အကျီင်္လေးနဲ့
အအေးဒဏ်ကိုအံတုဖို့
နှစ်ထပ်ဝတ်ထားပုံရတဲ့ ဘောင်းဘီ
ကာကီရောင်လေး ဆင်မြန်းထားသူဟာ
ကျောက်ဆောင်လေးပေါ် ခေါင်းကလေးစောင်း
မှီရင်း...သဲပြင်အေးအေးပေါ် ခြေဆင်းထိုင်ကာ
အေးစက်ကွဲအက်နေရှာတဲ့
အသံတုန်ယင်ယင်လေးနဲ့ဆိုလက်စသီချင်းကို
အဆုံးထိသီဆိုနေပြန်တယ်
.
.
.
.
.

'' I'll search the universe
Neol dashi chajeul ttaekkaji

Nochi aneul kkeoya tikkeul gateun gieokdo

Gyejeore saegyeojin
Uriye chueogeun dashi

Myeot beonigo dorawa neol bureul tenikka ''
.
.
.
.
.

(I'll search the universe...
Until I can find you again
I won't let go, even the smallest memories
Memories engraved in the seasons
They come and go several times
But I will still call out to you)
.
.
.
.
.
.
.
.

'' သဲငယ်...''

မျက်လုံးမှေးမှေးတွေ ခပ်ဖြည်းဖြည်း
ပွင့်လာတဲ့အချိန်...

Beanie အနီလေးဆောင်းထားတဲ့
ခေါင်းသေးသေးလေးဟာ
သူ့ဖက်ကိုလှည့်ကြည့်လို့...

နှုတ်ခမ်းပါးလေးတွေ ကွေးညွတ်ကာ
သွားလေးတွေပေါ်အောင် လှိုက်လှိုက်လှဲလှဲ
ပြုံးပြလာတဲ့အချိန်...

သိုးမွှေးလက်အိတ်အနီလေးစွပ်ထားတဲ့
လက်ကလေးတဖက်က ပတ်ချန်းလက်ကို
ဆုပ်ကိုင်ရင်း သူ့ဘေးမှာ ထိုင်ချစေလိုက်တယ်

'' ချစ်တယ် Park Chanyeol ...''

ပုခုံးတဖက်ပေါ်မှီချလိုက်တဲ့ သဲငယ်ရဲ့
စိတ်ထဲမှာ မတင်မကျဖြစ်နေတာ
တခုခုရှိနေပြီလို့ ပတ်ချန်းသတိထား
လိုက်မိသည်...

သဲငယ် စိတ်အလိုမကျဖြစ်နေလို့ မဖြစ်ဘူး

ဒီညတော့ မဖြစ်ဘူးငယ်...

ဒီညဟာ ငယ့်အတွက်မို့...

'' ကိုလဲ ချစ်တယ် Byun...''

'' နေ...နေဦး မပြောနဲ့ဦး ''

ပါးစပ်ပေါ်လက်ဝါးနဲ့လာအုပ်သူကြောင့်
ပြောမယ့်စကားတွေသည်
အာခေါင်ထဲမှာ ပျောက်ရှလို့...

'' ငါ မေးတာ အရင်ဖြေပေးနိုင်မလား ''

ခေါင်းညိတ်ပြမိတော့ ရှက်ရွံ့တွန့်ဆုတ်နေ
သလိုဖြစ်နေတဲ့ မျက်နှာလေးပေါ်က
နှာခေါင်းလုံးလုံးနဲ့ ပါးမို့မို့လေးတွေဟာ
ဆောင်းလေအေးတွေကြားမှာ နီရဲစိုစွတ်လို့...

'' ကိုတို့ ဟိုတယ်ပြန်သွားရအောင်လား ငယ်...
အခန်းထဲပြန်ရောက်မှ မေးပါလား
ဒီမှာဆက်ထိုင်နေရင်
ငယ်အအေးပတ်လိမ့်မယ် ''

'' ခနပဲမေးမှာ...တကယ့်ခနလေးရယ် ''

'' ဒါဆိုလဲမြန်မြန်ပြော...''

'' ကို့မှာ...ငယ့်...အပြင်...
တခြားတယောက်များ...ရှိနေလား လို့ ''

'' Borr!!! ငယ် ဘာတွေပြောနေတာလဲ ''

ရင်ထဲတိုးဝင်ပြီးဖက်ထားလိုက်သူရဲ့ မေးခွန်း
ခပ်ဆန်းဆန်းကြောင့် သူ့နားကို
သူမယုံနိုင်အောင် ဖြစ်သွားရသူက
Chanyeol...

'' ငါ့ကို အမှန်အတိုင်းပြောပါ...
မင်းကို နားလည်ဖို့ ငါကြိုးစားပေးမယ် ''

'' ဘာကိုအမှန်အတိုင်းပြောရမှာလဲ
ငယ်မေးတဲ့မေးခွန်းက အခြေအမြစ်မှမရှိတာ
ကို ဒီလောက် ချစ်ပေး ဂရုစိုက်ပေးနေတာကို
ငယ်ဘာသာ ငယ် ထင်ချင်တာထင်နေလို့
ဒီလိုကြီးမေးရက်တာပေါ့''

'' ထင်တာမဟုတ်ဘူး ငါ့မျက်စိနဲ့မြင်ခဲ့တာ...''

Chanyeol အသွေးအသားများ
အေးစက်တောင့်ခဲသွားသည်

'' မင်းအောက်ဆင်းတော့ ငါနောက်က
လိုက်လာသေးတယ်...စားသောက်ဆိုင်ထဲမှာ
ကောင်မလေးတယောက်နဲ့မင်း...
ငါ အကုန်မြင်တယ်လို့''

အခန်းထဲမှာ Baekhyun အိပ်မောကျနေ
တယ်ထင်ပြီး အောက်ဆင်းကာ
ဒီညplan အတွက်Noona နဲ့တိုင်ပင်နေတာ
ကို နောက်ကျောလုံလှပြီမှတ်နေသော
ပတ်ချန်းတယောက်မှာဖြေရှင်းစရာစကားတွေ
ပျောက်ဆုံးသွားတဲ့အချိန်...

'' ချစ်စရာလေးနော်...မင်း နေရာမှာ
ငါဆိုရင်လည်း ဒီလိုပဲလုပ်မိမလားမသိဘူး ''

လေသံခပ်အေးအေးနဲ့ပြောနေပေမယ့်
အတွင်းစိတ်ထဲက ပူလောင်မောဟိုက်နေမှု
သည် ဖုံးဖိမရစွာပဲ နှလုံးခုန်သံအချက်တိုင်းမှာ
ထင်ဟပ်နေခဲ့သည်

'' ငယ်...ကို ရှင်းပြတာနားထောင်ဦး ''

'' တကယ်တော့ငါ ဒေါသထွက်ချင်တယ်
သိလား...အော်ဟစ်ငိုယိုပြီး တစုံတယောက်ကို
တိုင်တည်လိုက်ချင်ပေမယ့် မင်းမှာ
အပြစ်ရှိတယ်လို့ သူများတွေပါးစပ်ကပြော
လာမယ့် ဝေဖန်ရှုံ့ချမှုတွေကို
ငါ မခံစားနိုင်လောက်ဘူး ''

သူ့ခါးလေးကိုတင်းကျပ်နေအောင်ဖက်ထား
တဲ့အချိန်...ရင်ခွင်ထဲက ခေါင်းလေး
တဆတ်ဆတ်လှုပ်ရှားလာတာကိုတွေ့ရသည်

ငယ်သူ့ကို Sera Noona နဲ့အထင်လွဲနေတာပဲ...

ဘယ်လောက်ပဲအထင်လွဲလွဲ ငယ့်ရွေးချယ်မှုက
သူဘေးမှာ ဆက်နေဖို့ပဲ ဖြစ်တာကြောင့်
Chanyeol ရင်ထဲမှာ သိမ့်ခနဲ...

'' ကို သေချင်တယ်သိလား ''

'' ဟင်!! ဘာလို့ ''

လန့်ဖျပ်သွားတဲ့ အဖြူလုံးလေးသည်
သူ့ရင်ခွင်ထဲကထွက်ရင်း လက်ကလေး
နှစ်ဖက်က သူ့လက်မောင်းတဖက်စီပေါ်
တင်းကျပ်စွာဆုပ်ကိုင်လာသည်

'' ငယ် ချစ်သလို ကို မချစ်နိုင်သေးလို့ ''

နီရဲစိုစွတ်နေတဲ့ နှုတ်ခမ်းပါးလေးတွေကို
ကြည်နူးဝမ်းနည်းမှုတွေရောယှက်နေတဲ့
အနမ်းတွေနဲ့ သိမ်းပိုက်မိသည်

'' ငယ် မေးတာကိုဖြေဦးလေ...
အဲ့ ကောင်မလေးနဲ့ ကိုနဲ့က...''

'' အဲတာကောင်မလေးမဟုတ်ဘူး ငယ်ရဲ့
နှစ်ဆယ့်ခြောက်နှစ်ရှိပြီ...ငယ့်ထက်
ခြောက်နှစ်ကျော်လောက်ကြီးတယ် ''

'' Borrya!!! Jinja ? ''

'' သြော်...ဟုတ်ပါတယ်ဆို...
နာမည်လေးပါမှတ်ထား...Park Sera တဲ့''

'' P...Park Sera ဆိုတော့ ...''

'' ကို့ အမတဝမ်းကွဲလေ ...US က
ပြန်လာတော့ ဒီကိုလာလည်ရင်းတွေ့တာ ''

ပါးစပ်ဟောင်းလောင်းပွင့်သွားသူလေးကို
မေးဖျားလေးက ကိုင်ပြီး ပါးစပ်ပြန်ပိတ်ပေး
လိုက်သည်

'' ညစာစားရင် ငယ့်ကိုသူနဲ့တွေ့ပေးမယ်နော်
အခုတော့ အခန်းပြန်ရအောင်...လာ ''

ကြောင်တက်တက်လေးစိုက်ကြည့်နေသူသည်
ပတ်ချန်းမတ်တပ်ထသည့်နောက်
လိုက်မထနိုင်သေး...

'' ခြေထောက်တွေ ကျင်နေပြီနဲ့တူပါတယ်ကွာ
လာ...ကို ချီမယ်...
ငယ့်လက်တွေဒီကိုပေး''

Bridal style ချီထားရင်းနဲ့ သူ့ကို
မမြင်ဖူးသလိုမော့ကြည့်နေတဲ့သဲငယ်ကြောင့်
ပါးချိုင့်ကြီးတဖက်အလိုလိုပေါ်လာလေသည်

'' ငါ...ငါလေ ''

'' ပြောလေငယ်... ''

'' တောင်း...တောင်းပန်တယ်လို့''

'' အထင်လွဲမိတာအတွက်လား ''

'' အင်း~~~''

'' ငယ် တောင်းပန်စရာမလိုပါဘူး
ကိုတို့ မောင်နှမနှစ်ယောက်ကငယ်ငယ်ထဲက
ထိပ်ခေါက် ကုန်းပိုး နားရွက်လိမ်ဆွဲနဲ့
တရင်းတနှီးနေလာကြတာဆိုတော့
ငယ် အထင်လွဲရင်လည်း လွဲချင်စရာပါ''

ခြေတချက်လှမ်းမိတိုင်း ချီရတာလေးမှာ
စိုးလို့ သူ့ကိုယ်သူ ကိုယ်ဖော့ပေးထားပုံပေါက်
သော သဲငယ်သည် အသက်ပါအောင့်ထား
သလားမသိ...

'' ဒါပေမယ့် နောက်အဲ့လိုမနေရဘူး...
ငယ်ကလွဲလို့ ဘယ်သူ့အသားနဲ့မှမထိစေနဲ့
ဘယ်သူ့ကိုမှ မပြုံးပြနဲ့... ဘယ်သူ့ရှေ့မှာမှ
မရယ်နဲ့...ဘယ်သူနဲ့မှ စကားတွေအကြာကြီး
မပြောနဲ့... ''

သူပြောကာမှ ခြေလှမ်းတို့ရပ်တန့်ပြီး
တဟဲဟဲထရယ်မိသော ပတ်ချန်း၏
နားရွက်သည် ဗြောင်ဘတ်ရဲ့လက်ထဲမှာ
သုံးရာ့ခြောက်ဆယ် ဒီဂရီ လည်ထွက်သွား
လေသည်

'' အား!!! နာတယ်လို့ ''

'' အကောင်းပြောနေတာကို ဘာရီတာလဲ
ဒီမှာတော့ တနေလုံးမအိပ်နိုင်ပဲ
အမျိုးမျိုးတွေးပူနေလိုက်ရတာ...
အထဲမှာပြည့်ကျပ်လာတဲ့အဆုံး
တယောက်ယောက်ကိုတော့ ရင်ဖွင့်မှဖြစ်
မယ်ဆိုပြီး ကမ်းခြေကိုဆင်းလာတာ''

ခြေလှမ်းနဲနဲထပ်လျှောက်မိစဉ်မှာ ဟိုတယ် Lobby ထဲရောက်သွားတာမို့ ငယ့်ကို
အောက်ပြန်ချပေးလိုက်သည်

'' ဘယ်သူ့ကို ရင်ဖွင့်လိုက်တာလဲ ငယ် ''

'' မပြောပြဘူးကွာ ''

'' ဟ့...ကိုယ့်ကျတော့ မယုံသင်္ကာဖြစ်ပြီး
ငယ်ကျတော့ ရင်ဖွင့်လို့ရတဲ့လူတွေဘာတွေနဲ့
အဲ့တာ ဘယ်သူလဲ !! ဒီမှာတွေ့တဲလူလား
ဘယ်ဟိုတယ်မှာတည်းတဲ့ ကောင်လဲ ''

နီရဲတွတ်လာသော နားရွက်ချွန်တို့၏
ပိုင်ရှင်ဟာ ဂျေအတောင့်လိုက်ဝင်နေပြီ
ဆိုတာဗြောင်ဘတ်လေး သိပြီးသား

'' ဒီရောက်မှတွေ့တာတော့ ဟုတ်တယ်...
ဟိုတယ်မှာတော့ မနေဘူး ''

'' အဲ့တာဆို နယ်ခံပေါ့...
ကို့ မမြင်ကွယ်ရာမှာ ငယ် တွေ့ချင်တဲ့သူနဲ့
တွေ့နေလို့ဖြစ်မလား...ဟင်...
ကို မေးတာဖြေဦးဆို ''

'' နာဘီနဲ့ လိုရီက ဗိုက်ဆာတယ်တဲ့ ''

ဗိုက်ကလေးပုတ်ရင်းပြောတော့မှ
လေပူအကြီးကြီးတချက်မှုတ်ထုတ်ပြီး Baekhyun လက်ကိုဆွဲကာ
ဟိုတယ် စားသောက်ဆိုင်ထဲ ဝင်လေသည်

'' ငယ့်လိုမျိုး ကိုသဘောထားမကြီးနိုင်ဘူးနော်
နားလဲလည်မပေးနိုင်ဘူး...ကိုမဟုတ်တဲ့
တခြားတယောက် ဆီကိုများ...ဖွဟဲ့ လွဲပါစေ
ဖယ်ပါစေ...ငယ် စိတ်ပြောင်းသွားမယ်ဆိုရင်
ဒီကောင်က လူလဲ သတ်ရဲတယ်
ထောင်ထဲလဲဝင်ရဲတယ်ဆိုတာ မှတ်ထား...''

ကြောက်စရာကောင်းလှသော ခြိမ်းခြောက်
စကားကြီးတွေနားထောင်ရင်း
ပန်းကန်ထဲအပြည့်အမောက်ထည့်မိသော
ပင်လယ်စာများကြောင့် ဗြောင်ဘတ်မျက်နှာ
လေး ငယ်နေရာမှ ဝင်းပကြည်တောက်လာ
လေသည်

ချန်းနဲ့ပတ်သက်တဲ့ရင်တွင်းခံစားချက်တွေကို
နားထောင်ပေးသူဟာ ချန်း သတ်လို့
မသေနိုင်တဲ့ ပင်လယ်ကြီးဖြစ်တယ်ဆိုတာ
တော့ မပြောဖြစ်တော့ပါဘူးလေ
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.🔮✨🔮
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ည ခြောက်နာရီ...

'' ကို အောက်ထပ်ခန ဆင်းလိုက်ဦးမယ်နော်''

ကုတင်ပေါ်ထိုင်ရင်း သိုးမွေးထိုးနေသူသည်
ပတ်ချန်းကို မကျေမချမ်းဟန်ဖြင့်
မော့ကြည့်ပြန်သည်

''Noona နဲ့တိုင်ပင်စရာလေးရှိလို့ပါကွာ
ကုမ္ပဏီကိစ္စ ''

'' ဒါဆို ငါလဲလိုက်မယ် ''

လက်ထဲက ကလေးဝတ်အနွေးထည်လေးပုံ
တဖြည်းဖြည်းပေါက်လာပြီဖြစ်သော
သိုးမွေးထည်လေးကိုချရင်း သူ့နောက်ကို
လိုက်ဖို့ပြင်သူကို ပြာပြာသလဲတားလိုက်သူ
ပတ်ချန်း...

'' အခုက Business partner
တယောက်နဲ့ပါတွေ့ရမှာ...သူက လူပိုတွေခေါ်လာတာ မကြိုက်ဘူး ''

'' ငါက လူပိုလား ''

ကုတင်ပေါ်ပြန်ထိုင်လိုက်တဲ့ သဲငယ်ဟာ
နှုတ်သီးအတောင့်လိုက်စူထွက်နေပြန်ပြီ

'' အဲ့ လူကြီးက သိပ်စည်းစနစ်ကြီးတာ
ကိုယ်တောင် သူနဲ့စကားပြောချင်လို့
Noona ကနေတဆင့် မနည်းခွင့်တောင်းထား
ရတယ်...သဲငယ်လိုက်လာရင်...''

'' အင်းပါ...သဘောပေါက်ပြီ
မြန်မြန်ပြန်လာခဲ့ ''

'' ချစ်တယ်နော် ...ပြွတ်စ်''

နှဖူးပေါ်ကျလာသော အနမ်းပွင့်တို့သည်
ကြာကြာစိတ်ကောက်ချင်တဲ့ ဗြောင်ဘတ်ကို
ကောက်ချင်သလောက် ကောက်ခွင့်မပေး...

အနားယူဖို့လာပါတယ်ဆိုမှ သူ့အမနဲ့တွေ့ပြီး
အလုပ်တွေလုပ်နေသူကို ဒေါသထွက်ချင်
သော်လည်း ဗြောင်ဘတ်နဲ့ ကလေး
နှစ်ယောက်အနာဂတ် အတွက်ပဲဆိုပြီး
နားလည်ပေးရပြန်ရော

Chanyeol ထွက်သွားပြီးတော်တော်ကြာမှ
Baekhyun ဆီဖုန်းဆက်သည်

''အလုပ်တွေ ပြီးသွားပြီလား ချန်း ''

'' ပြီးပြီ သဲငယ်...
ဝရန်တာကို ထွက်လာပေးပါလားဟင်
တံခါးသော့က ခန်းဆီးနောက်မှာ ''

စကားတခွန်းပဲပြောပြီးဖုန်းချသွားသူကြောင့်
ပဟေဋိဖြစ်ကာ သူပြောသလို ဝရန်တာတံခါး
သော့ဖွင့်ပြီး အပြင်ထွက်ကြည့်လိုက်စဉ်
သဲသောင်ပြင်ပေါ်က မြင်ကွင်းတခု...
.
.
.
.
.
.
.
.
.
.

.
.
.
.
.

အတိုင်းမသိဝမ်းသာမှုကြောင့်
လဲပြိုကျမတတ်သော ခြေထောက်တို့ကို
ဝရန်တာလက်ရန်းနဲ့ အားပြုကာထောက်ထား
ရင်း လက်ဝါးတဖက်ကလည်း ပွင့်ကျလာသော
နှုတ်ခမ်းပါးတစုံပေါ် အုပ်ထားမိသည်

'' သဲငယ်...''

ဟိုတယ်သုံးလွှာက တအံ့တသြရပ်ကြည့်နေ
သူကို သစ်ပင်အကွယ်တနေရာမှ ထွက်လာပြီး
ပြုံးပြလိုက်သူ Chanyeol ...
လက်ထဲမှာ ကိုင်ထားတာက နှင်းဆီနီရဲရဲ
တစည်းနဲ့ လက်စွပ်ဗူး အနီရောင်လေး...

'' ကိုယ့်ကို လက်ထပ်ပါ ...
Byun Baekhyun''

တားဆီးမရအောင် ကျဆင်းလာပြန်သော
မျက်ရည်တို့ကြားမှာ ဝရန်တာကနေအခန်း
ထဲပြန်ဝင်ပြီး အောက်ထပ်ကို ဝုန်းဒိုင်းကျဲဆင်း
ဖို့ပြင်လိုက်တဲ့အချိန်...

''ငယ်...အနွေးထည်ဝတ်လာဦးနော် !!! ''

သဲသောင်ပြင်ပေါ်ကနေသုံးထပ်ကအခန်းထဲထိ
ကြားအောင် အော်နိုင်တဲ့ ပတ်ချန်းတို့
ဒီလောက်အသံအောင်မှန်း
သူမသိခဲ့ရိုးအမှန်ပါ

ဓာတ်လှေကားသည် နှေးကွေးလွန်းသည်...
ခြေလှမ်းတွေသည် ဘယ်လိုပင်လှမ်းလှမ်း
ခရီးမပေါက်သလိုပင်...

'' Excuse me...နဲနဲလောက်...ကျနော်
အရေးကြီးနေလို့ ''

ဟိုတယ်ထွက်ပေါက်မှာ
ဗြောင်ဘတ်၏ ဝင်တိုက်ခြင်းခံရသော
နိုင်ငံခြားသားစုံတွဲသည် လုံးဝမကျေနပ်

'' Watch where you going ...
Dummy!!!''

ငတုံးလို့ခေါ်ပြီးရန်စလာသူကို ပြုံး၍
လှည့်ကြည့်လိုက်သော ဗြောင်ဘတ်၏
ခြေထောက်များသည် မြေကြီးနဲ့မထိချင်...

'' I know where I'm going...Man''

'' Excuse me ! ''

'' I'm going to my universe ''
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.#TBC
.🔮✨🔮✨🔮✨🔮✨🔮✨
.✨💗✨💗✨💗✨💗✨💗
.
.
.
.
.
.
.
.
.
.

Proposal ကို အများကြီးရေးချင်လို့
နောက်တပိုင်းရေးပါအူးမယ်နော် 😘
.
.
.
ပျင်းလားဟင်😒
.
.
်.
.
မပျင်းရင်တော့ ဆက်ရေးမေ ...
ခုတလော အလုပ်တွေများနေလို့
တရက်ခြားလောက်တော့
ကြိုးစားအပ်ပေးပါ့မယ် 😚

Daily လဲဖြစ်ချင်ဖြစ်မှာပါ
Vote နဲ့ဖိဘက်တွေများရင်များသလိုပေါ့
အဟီးးးဟီးးးး 😁

Continue Reading

You'll Also Like

96.8K 7.3K 29
Keep To Believe , What you believe Then~ Your heart will more meaningful>> ChanBaek About a girl who believe in a pair of beautiful hearts♡
468K 38.8K 37
Cover by Windi_622❤ Official_ ခ်စ္သူႏွစ္ေယာက္ၾကားမွာ အေရးႀကီးတဲ့ အရာတစ္ခု ကြၽန္ေတာ့္ အတြက္ေတာ့ အေရးမႀကီးဘူးထင္တာပဲ ဒါေပမယ့္ ကြၽန္ေတာ္မွားသြားတယ္ တကယ္...
102K 11.9K 36
ငယ္ငယ္တုန္းကအရမ္းသေဘာက်ခဲ့တဲ့cartoonတစ္ခုကို Live actionအျဖစ္ျပန္ျမင္ရမယ္ဆိုရင္ေရာ ငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မ...
93.3K 13.8K 40
ခင်ဗျားရဲ့ အနမ်းတွေကို အပိုင်ရတဲ့လူက ကျွန်တော်ပဲ ဖြစ်ချင်တယ် ChanBaek Unicode + Zawgyi