In A Relationship With My Ant...
By GoldenGreen9
10.5K 1.2K 224
(Unicode) Ashhhhh အာလာဒင်သာရှိရင် ပထမ ဆုတောင်းက ဒီ idol 2 ယောက်ကို လေဆင်နှာမောင်းထဲ ထည့်ဖမ်းပစ်မယ်။ ဒုတိယ ဆုတ... More
Intro
💚 Episode ㅡ 1 🙅
💚 Episode ㅡ 2 🙅
💚 Episode ㅡ 3 🙅
💚 Episode ㅡ 4 🙅
💚 Episode ㅡ 5 🙅
💚 Episode ㅡ 6 🙅
💚 Episode ㅡ 7 🙅
💚 Episode ㅡ 8 🙅
💚 Episode ㅡ 9 🙅
💚 Episode ㅡ 10 🙅
💚 Episode ㅡ 11 🙅
💚 Episode ㅡ 12 🙅
💚 Episode ㅡ 13 🙅
💚 Episode ㅡ 14 🙅
💚 Episode ㅡ 15 🙅
ေက်းဇူးတင္လႊာ / ကျေးဇူးတင်လွှာ
Final
606 63 6
By GoldenGreen9
(Unicode)
At SM Ent.
*ဒေါက် ဒေါက်*
Taeyeon - ' Appa သားရောက်ပါပြီ '
Mr.Kim - ' အေး အမြန်ဝင်ခဲ့ Taengoo '
Taeyeon သူ့ အဖေ ရုံးခန်းထဲ ဝင်လိုက်တော့ ကွန်ပြူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ Mr.Kim မှာ သူ့သားကို ခေါ်ကာ ကွန်ပြူတာကို Taeyeon ရှေ့တွန်းပို့ပေးရင်း.........
Mr.Kim - ' Taengoo မင်း Kev Nish ကို သိလား? '
ဆိုင်းမဆင့် ဗုံမဆင့် သူ့ သူငယ်ချင်းနာမည်တပ်ကာ မေးလိုက်တဲ့ စကားကြောင့် Taeyeon လည်း Laptop ကို ယူကြည့်ကာ.........
Taeyeon - ' Nae Appa သူက သား သူငယ်ချင်းပါ ဟို...ဟိုလေ Anti Tiffany page တုန်းက သားခန့်ထားတဲ့ Admin တစ်ယောက်......... '
Taeyeon ပြောလက်စ စကားများရပ်တန့်သွားလေတယ်။ အကြောင်းမှာ KeV ဆိုသော fb acc တစ်ခုမှာ သူ အရင်က Tiffany ကို ဘယ်လို ပြောဆိုထားတာတွေ / Anti Tiffany page အတွက် ဘာတွေ တင်ပြီး ပြောရမလည်းဆိုတဲ့ သူနဲ့ Chat ထားတဲ့ ss တွေကို * တကယ်တော့ Anti Tiffany Page ရဲ့ admin တွေက ကျွန်တော်နဲ့ Taeyeon ပါ။ အခုမှ ဝန်ခံမိလို့ တောင်းပန်ပါရစေ * ဟူသော Caption ဖြင့် တင်ထားလေသည်။ သွားပြီ သူ ယုံကြည်ခဲ့မိတဲ့ သူ့ သူငယ်ချင်းအရင်းကြီးက နောက်ကျောကို ဓားနဲ့ ထိုးခဲ့လေပြီ။
Taeyeon - ' ဘာ...ဘာလို့လည်း ဘာလို့ အကုန် အဆင်ပြေသွားချိန်မှလည်း အားးးး Kev မင်း မင်း '
Mr.Kim - ' အဲ့တာ သင်ခန်းစာယူတော့ Taengoo လူတွေကို အယုံမလွယ်နဲ့ ။ နောက်ပြီး appa စုံစမ်းမိသလောက် အဲ့ Kev ဆိုတဲ့လူက Anti Tiffany မဟုတ်ဘူး Tiffany ရဲ့ Saesang Fan တဲ့။ '
Taeyeon - ' ashhhhh ဘယ်လိုလုပ်ရမလည်း appa? သား Tiffany နဲ့ မခွဲချင်ဘူး ဒီနေ့မှ သားတို့ရဲ့ 1st Day လေးပဲ ရှိသေးတာ '
Mr.Kim - ' ဟေ ဘယ်လိုပြောလိုက်တယ် Taengoo? မင်း ဆိုလိုတာက? '
Mr.Kim မျက်ခုံး တစ်ဖက်ပင့်ကာ မေးလိုက်တော့ Taeyeon တစ်ယောက် မျက်လွှာချကာ သက်ပြင်းရှိုက်ရင်း.........
Taeyeon - ' huu ဟုတ်တယ် appa သား Tiffany ကို ချစ်မိသွားပြီ '
Taeyeon ရဲ့ ရဲရဲဝံ့ဝံ့ ဝန်ခံမှုကြောင့် Mr.Kim ပထမဆုံးအနေနဲ့ သူ့သားကို စိတ်ထဲမှာ ချီးမွမ်းမိသွားလေတယ်။ထို့နောက် သူ့ရှေ့က ဖုန်းကို ကောက်ကာ အတွင်းရေးမှူး Nam ကို ဖုန်းဆက်လိုက်ပြီး.........
Mr.Kim - ' အေး Yoohae လား ငါပါ။ အေး အခု Lotte world က CEO နဲ့ သွားတွေ့ပေးပါလား ။ အင်း ပြီးရင် ဒီနေ့ သူတို့ ကစားကွင်းတစ်ခုလုံး ရိုက်ကူးထားတဲ့ CCTV တွေကို ဝယ်ပေးပါ။ ပြီးရင် Program တစ်ခုလုပ်ပြီး မနက် ၉ နာရီလောက်ကျ Channel SM မှာ ပြပေးနိုင်အောင် လုပ်ပေးပါ။ အေး သူတို့ထဲလည်း ရှယ်ယာဝင်ခဲ့လိုက် အင်း နောက်ပြီး အာ ခဏနော် မင်း အဲ့ ကိစ္စသာ အရင်သွားညှိုလိုက်ဦး။ အဲ့ video တွေ ရလာမှ ဘာလုပ်ရမလည်းဆိုတာ ငါ ဆက်ပြောမယ်။ '
Taeyeon သူ့ အဖေပြောနေတာတွေကို နားမလည်ပေမယ့် ရပ်ကာ ကြည့်နေမိလေသည်။ ထ့ု့ိနောက် Mr.Kim က ဖုန်းပြောပြီး ချလိုက်ကာ သူ့ကို ကြည့်၍.........
Mr.Kim - ' ဒီနေ့က မင်းတို့ 1st Day ဆိုတော့ Tiffany လေးကို Propose လုပ်ခဲ့လား? '
Taeyeon - ' Na...Nae Appa '
Mr.Kim - ' ချစ်ခွင့်ပန်တာလား? လက်ထပ်ခွင့်တောင်းခဲ့တာလား? '
Taeyeon - ' အာ Appa ကလည်း ချစ်ခွင့်ပန်တာပေ့ါ။ အခုမှ ဖွင့်ပြောပြီး လက်ထပ်ခွင့်တောင်းရအောင် ဘဝကြီးက Mr.ခင်ယောင်မင်း စီစဉ်တာမှ မဟုတ်တာ '
Mr.Kim သူ့သား စကားကြောင့် တစ်ချက် ရယ်မိသွားလေတယ်။ ဒီ ကောင်လေးကတော့ ငါနဲ့ တစ်ထေရာတည်းပဲ.........
Mr.Kim - ' ဘယ်လို ချစ်ခွင့် ပန်ခဲ့တာလည်း? '
Taeyeon - ' Appa တစ်ကယ်ကြီး ပြောခိုင်းနေတာလား? နောက်နေတာလား? '
Mr.Kim - ' ဟာ မင်းနဲ့ ငါပဲ ရှိတာ ဘာရှက်နေတာလည်း Taengoo ရ ကဲပါ ငါ့ကို Tiffany လိ့ု သဘောထားပြီး ပြန်ပြောပြ '
Taeyeon - ' Whatta !! ကျွန်တော် မေ့သွားပြီ နောက်ပြီး Tiffany က နှုတ်ခမ်းမွှေးမှ မရှိတာ '
Mr.Kim - ' aww ဒီ ကောင်တော့လား ငါ့ လက်စာမိတော့မယ်။ အရေးကြီးနေလို့ မေးနေတာကွ ချီးထုပ်ရ '
Taeyeon - ' အဲ့ဆို Appa ဟိုဘက်လှည့် သား ပြောပြမယ် '
Mr.Kim လည်း သူ့သားကို မနိုင်ဘူးဟူသော သဘောဖြင့် လက်မြှောက်ကာ ခုံကို နောက်လှည့်၍ သူ့သားကို ကျောပေးလိုက်လေတယ်။ ထို့နောက် Taeyeon မှာ သူ Tiffany ကို ဘယ်လို ချစ်စကား ပြောခဲ့သလဲဆိုတာကို တစ်လုံး မကျန် ပြန်ပြောပြလေတယ်။ ပြီးလည်း ပြီးသွားကော Mr.Kim မှာ မေးစေ့ကို ပွတ်ရင်း သူ့သားဘက် ပြန် လှည့်လာကာ.........
Mr.Kim - ' Taengoo မင်း ညကျ Nam Yoohae ဆီ အသံတွေ သွင်းပြီး ပို့ပေးလိုက်ဦး '
Taeyeon - ' ဘာကို အသံသွင်းပြီး ပို့ပေးရမှာလည်း appa '
Mr.Kim - ' လိုက်ရေးပြီးမှတ်ထားနော် Taengoo။ အခု ဒီနေ့ မင်းက Tiffany ကို ချစ်ခွင့်ပန်တာ မဟုတ်ပဲ လက်ထပ်ခွင့်တောင်းခဲ့သလို ပြင်ရမယ်။ အဟမ်း စပြောမယ် * Tae ကတော့ ချစ်သူ ဖြစ်ခွင့်ရတဲ့အထိ လောဘမကြီးဘူး။ Fany အချစ်မရလည်း Fany သိသွားပြီဆိုတဲ့ အချက်နဲ့တင် အခု သေဆိုလည်း သေပွဲဝင်ရဲသွားပြီ။ * အဲ့နေရာမှာ edit ဖို့ ဒီလို အသံသွင်းပြီး ပို့ပေးလိုက် * Tae ကတော့ Fany ကို ပိုင်ဆိုင်ရမယ်ဆိုတဲ့အထိ လောဘမကြီးဘူး။ Fany ကို လက်ထပ်ဖို့မဖြစ်နိုင်ခဲ့ဘူးဆိုရင်တောင် Fany နဲ့ လုံလုံလောက်လောက် အချိန်အကြာကြီး ချစ်ခဲ့ရတယ်ဆိုတဲ့ အချက်နဲ့တင် အခု သေဆိုလည်း သေပွဲဝင်ရဲသွားပြီ။ အဲ့တစ်ချက်ရယ် နောက်တစ်ခုက * Can you be my Lover? * နေရာမှာ *Will you marry me? * ဆိုတာကို အသံသွင်းလိုက်တော့။ ခဏနေရင် Yoohae က Edit တော့မှာမလို့ အချိန်မဆွဲနဲ့နော် မနက် ၉ နာရီလွှင့်ရမှာ ကဲ သွားတော့ ။ နောက်ပြီး မနက် ၉ နာရီမတိုင်ခင် ဘာမှမပြော ဘာမှမလုပ်နဲ့ဦး။ ohh မေ့တော့မလို့ သတင်းထောက်တွေကို သတိထားဦး။ နောက်ပြီး saesang fan တွေကိုရောပဲ '
Taeyeon လည်း သူ့ကို ဗွေမယူခဲ့တဲ့ အပြင် ပြန်ပြီး အလုပ်ရှုပ်ခံပြီး ဖြေရှင်းပေးနေတဲ့ သူ့ appa အား မျက်ရည်ဝဲ၍ ကြည့်မိကာ ဦးညွှတ်ပြီး ပြန်ထွက်လာလေသည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
Taeyeon အိမ်ပြန်ရောက်တော့ သူ့ အဖေမှာတဲ့ အတိုင်း အတွင်းရေးမှူး Nam ဆီ အသံဖိုင် ပို့ပေးပြီး ရေမိုးချိုးကာ အခု အပြင် ပြန်ရောက်နေခြင်းပင်။Yoona က တစ်ခွက်လောက် သွားသောက်ရအောင် ခေါ်သော်လည်း သူ့တွင် လုပ်စရာရှိ၍ Jessica တို့နဲ့ ချိတ်ပေးလိုက်လေသည်။အခုလည်း သူ ရောက်နေတာကတော့ တခြား မဟုတ် JTY ရဲ့ Dorm ရှေ့မှာပင်။ Taeyeon Dorm အပေါ်ကို တစ်ချက်လှမ်းကြည့်ပြီး ဖုန်းကို ထုတ်ကာ facebook ထဲ ဝင်လိုက်လေတယ်။ ထို့နောက် Search box မှာ KeV ဆိုသော စာလုံးကို ရိုက်ကာ wall ထဲဝင်ပြီး KeV acc ကို unfollow လုပ်ပြီး ပြန်ထွက်ကာ * write something * ကို နှိပ်ပြီး သူ့ ဘဝမှာ ပထမဆုံးသော live လွှင့်လေတယ်။
* Hi အားလုံးပဲ မင်္ဂလာပါ ကျွန်တော် Love Rose အဖွဲ့ဝင် LoVe ပါ *
Taeyeon သူ့ကိုယ်သူ မိတ်ဆက်နေတုန်းရှိသေး သူ့ အဖေ Mr.Kim  နှင့် Taeyeon ကို မုန်းတီးနေတဲ့ KeV အပြင် တခြားသူ့သူငယ်ချင်းတွေအများကြီးနှင့် blue mark နဲ့ အနုပညာရှင်အချို့ရယ် live ဝင်ကြည့်နေတယ်ဆိုတဲ့ noti ment အပြင် ပရိတ်သတ်တွေရဲ့ ဆဲဆိုနေတဲ့ comment တွေက တက်လာလေတယ်။ Taeyeon လည်း comment ကို မကြည့်တော့ပဲ သက်ပြင်း မသိမသာ ချလိုက်ကာ.........
* စောနက Anti Tiffany page နဲ့ ပက်သက်ပြီး သိလိုက်ရလို့ အကုန်လုံး shock ရသွားမယ်ထင်တယ်။ ကျွန်တော် အခုလို နောက်ကျမှ ဖွင့်ပြောဖြစ်လို့ ဗွေမယူပါနဲ့။ ကျွန်တော်လည်း အတိတ်က ကျွန်တော့် အမှား တစ်ခုကြောင့် ကျွန်တော်နဲ့ Tiffany Young ရဲ့ Relationship ကို မထိခိုက်စေချင်လို့ အခုလို ဖုံးကွယ်ခဲ့တာပါ။ Tiffany ကတော့ အစကတည်းက ကျွန်တော်က သူ့ Anti fan မှန်း သိပါတယ်။ အဲ့တာကြောင့် ကျွန်တော် ဖွင့်ပြောခဲ့တုန်းကဆို သူမ တော်တော် shock ရခဲ့တယ်။ *
Taeyeon ပြောနေတုန်း Tiffany က သူ့ live ဝင် ကြည့်နေတယ်ဆိုတဲ့ noti  လေးမြင်တော့ ပြုံးမိသွားလေတယ်။
* ကျွန်တော် ဘယ်က စပြီး ရှင်းပြရမလည်းဆိုတာ သေချာ မသိတော့ဘူး။ အခု ကျွန်တော် live လွှင့်တဲ့ ရည်ရွယ်ချက်က အားလုံးကို တောင်းပန်ချင်တဲ့ အချက်ကြောင့်ပါ။ တောင်းပန်ပါတယ် ကျွန်တော့်ရဲ့ အသစ်စက်စက် Gardener တွေရော GNS တွေကိုရော အားလုံး အားလုံးကို တောင်းပန်ပါတယ်။ အထူးသဖြင့် အခု live ဝင်ကြည့်နေတဲ့ Tiffany ဆိုတဲ့ မင်းကို ပိုပြီး တောင်းပန်ပါတယ်။ ပြီးတော့ အရမ်းချစ်တယ်။ အဟမ်း အချစ်ဆိုတဲ့ အရာကို ခင်ဗျားတို့ ကြုံဖူးပြီလားတော့ မသိဘူး။ မကြုံဖူးသေးတဲ့ သူတွေကတော့ ကျွန်တော့်အဖြစ်ကို နားလည်ဦးမယ် မထင်ဘူး။ အချစ်ဆိုတဲ့ အရာကလေ ကောင်းနေတဲ့ လူကို ရူးသွားစေနိုင်သလို / ရူးနေတဲ့သူကိုလည်း ပြန်ကောင်းလာစေနိုင်တဲ့ အစွမ်းရှိတယ်ဆိုတဲ့ အမှန်တရားကိုတော့ ကျွန်တော် ခင်ဗျားတို့ကို တပ်အပ်ပြောပါရစေ။ ကျွန်တော် အရင်က Appa ဂုဏ်နဲ့ မောက်ပြီး အသိစိတ် လွတ်နေတဲ့ အရူးတစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်တော် ခင်ရတဲ့ သူငယ်ချင်း အချို့ကလွဲရင် ကျန်တဲ့သူကို လူလို့ကို မသတ်မှတ်ခဲ့တဲ့အထိ ဆိုးရွားခဲ့တာ။ ဒါပေမယ့် ကျွန်တော့် ဘဝထဲကို အလင်းရောင် တစ်ခုက ရောက်လာခဲ့တယ်။ ကျွန်တော် မုန်းတီးခြင်းလို့ ခေါင်းစဉ်တပ်ထားတဲ့ အလင်းရောင်လေးပေါ့။အဲ့အတောအတွင်းတုန်းက ကျွန်တော် သူ့ကို မုန်းလိုက်တာ တစ်ခွန်းပြောတိုင်း အချစ်တွေက ဆယ်ဆ ပြန်ရောက်လာခဲ့တယ်။ အဲ့လိုနဲ့ ကျွန်တော့်ရဲ့ ရူးသွပ်နေတဲ့ ဘဝကြီးတစ်ခုလုံးကို အဲ့ဒီ အလင်းရောင်လေးက လွှမ်းခြုံသွားခဲ့တဲ့အချိန် ကျွန်တော့်ရဲ့ ခံစားချက်အစုံ ပွင့်ထွက်သွားခဲ့တယ်။ ကျွန်တော် ထင်ခဲ့တာ သူမကို ချစ်မိတာ နောက်ကျသွားပြီ / အချိန်လွန်ခဲ့ပြီ / သူမ မမုန်းရင်တောင် ကျွန်တော့်ကို ကြည့်မရတဲ့အထဲ ပါနေလောက်တယ် ထင်ခဲ့ပေမယ့် ဒီ နတ်ဘုရားမကို ပိုင်ဆိုင်ရဖို့အတွက် ဘုရားသခင်က ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တယ်။ Ha ha အဲ့လိုနဲ့ ကျွန်တော် ရူးသွပ်နေရာကနေ လူကောင်းဖြစ်ခဲ့တယ်။ ဒီနေရာမှာ ပြောချင်တာက အချစ်ဆိုတာ အမြဲတစေ ပူလောင်နေတာ မဟုတ်ပါဘူးလို့ အချစ်စစ်မှန်ရင် ဘယ်လို အခက်အခဲရှိရှိ အေးချမ်းမှုကို အများဆုံးယူဆောင်ပေးပါတယ်။ ကျွန်တော်လည်း အသိတရားရခဲ့ပါပြီ အားလုံးလည်း ကျွန်တော့်ကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး Appa  ကျေးဇူးအများကြီး တင်ပါတယ်။ သားကို အခုထိ အချစ်မလျော့ပေးပဲ ကာကွယ်ပေးလို့။ ကျွန်တော် ဒီက ရှေ့လျောက် Appa အတွက် သားကောင်းတစ်ယောက်ဖြစ်ပေးပါ့မယ်။ နောက်ပြီး ဒုတိယ ကျေးဇူးတင်ရမယ့် Yoona ငါ့ရဲ့BFF လေး ကျေးဇူးပါ။ နင်သာ မရှိရင် ငါ အခုထိ အသိတရားရမှာ မဟုတ်ဘူး haha။ နောက်ပြီး KeV အင်း မင်း ဘယ်လိုလူဖြစ်နေပါစေ မင်းကိုလည်း ငါ ကျေးဇူးတင်ပါတယ်ကွာ။ နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော့်ကို ဒုတိယအကြိမ် အခွင့်အရေးလေး ပေးကြဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော် Tiffany အတွက် ချစ်သူကောင်းတစ်ယောက် / ယောကျာ်းကောင်းတစ်ယောက်အဖြစ် ပြန်လာခဲ့ပါမယ်။ အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျ………
* Live is end *
Tiffany အခု Taeyeon Live ကို ကြည့်ပြီးမှ အနည်းငယ် ပျော်ရွှင်သွားလေတယ်။ သူမ ကစားကွင်းကနေ Dorm ကို ပြန်ရောက်တုန်းက Jessica ပြတဲ့ Taeyeon သတင်းကို ကြားပြီး စိတ်တွေပူကာ စောနကထိ မှိုင်တွေနေသည်က Jessica နဲ့ Yuri တို့ တစ်ခွက်လောက်သွားသောက်ကြမယ် ပြောတာတောင် မလိုက်သွားနိုင်သည်အထိပင်။ သူမလည်း ဖုန်းက internet ကို ပိတ်ကာ စိတ်ရှင်းသွားအောင် ပြတင်းပေါက်ဖွင့်ကာ ကောင်းကင်ကြီးကို ငေးနေလေတယ်။
Tiffany - ' Tae Tae အဆင်မှ ပြေပါမလား ဟူးးး ဒါနဲ့ ခုန Tae Tae live လွှင့်နေတုန်းက ကားအတွင်းထဲကနေမြင်နေရတဲ့ နောက်ခံ နေရာကို မြင်ဖူးနေသလိုပဲ '
Tiffany သူမ ဘာသာ တတွတ်တွတ်ပြောရင်း အိမ်အောက်ထပ်ကို ကြည့်မိတော့ ကားအမည်းရောင်တစ်စီးရပ်ထားလေသည်။သူမလည်း ရင်းနှီးနေသလိုလိုပဲ ဆိုပြီး ထိုကားကို ကြည့်နေတုန်း ကားထဲမှ Taeyeon ထွက်လာကာ သူမကို လက်လှမ်းပြလေတယ်။
Taeyeon - ' Omo Tae Tae ကြီးပဲ ဘယ်လိုလုပ် ဒီရောက်… whatta အဲ့ဆို ခုန live လွှင့်တာ ငါတို့ အိမ်ရှေ့မှာပေါ့ ashhh matha ဟိုမှာ ချယ်ရီပင်ကြီးကို ashh ကိုယ်နေတဲ့ နေရာတောင် မမှတ်မိတဲ့ Tiffany လေးပါလား '
သူမလည်း ကိုယ့်ဘာသာ အထင်တွေကြီးသွားကာ အပေါ် အကျီၤဝတ်လိုက်ပြီး အောက်ထပ် ပြေးဆင်းခဲ့လေတယ်။ Tiffany သူ့နားရောက်လာတော့ Taeyeon ကားကို မှီထားရာမှ မတ်မတ်ရပ်ကာ နွေးထွေးစွာ ပြုံးပြလေတယ်။
Tiffany - ' Tae Tae ဘယ်လိုလုပ် ဒီ အချိန်ကြီးကို ဒီရောက်နေတာလည်း '
Taeyeon - ' အင်း Tae live လွှင့်ဖို့ background လှမယ့်နေရာကို နှလုံးသား search box မှာ ရှာပြီး မောင်းရင်း Tae မသိလိုက်ခင် ဒီ ရောက်လာတာ။ ဒီနေရာမှာ နတ်သမီးတွေ စံမြန်းတယ်ဆိုလားပဲ ha ha '
Tiffany - ' အာ Tae Tae ကလည်း '
Taeyeon - ' wae? အမှန်အတိုင်းပြောတာကို '
Taeyeon ရှက်ပြီး ခေါင်း ငုံ့ထားတဲ့ Tiffany ရဲ့ လက် ၂ ဖက်ကို ဆွဲယူလိုက်ကာ နမ်းလိုက်ပြီး Tiffany ကို အပေါ်မော့စေကာ………
Taeyeon - ' Tae တစ်ခု ပြောပါရစေ။ အတိတ်က Tae အမှားတွေအတွက် တောင်းပန်ပါတယ် Fany ။အဲ့ အမှားတွေကို ခွင့်လွှတ်ပေးတဲ့ Fany ကို အားလည်း နာသလို ကျေးဇူးလည်း တင်ပါတယ်။ အရင်က အချစ်ကြီးရင် အမုန်းကြီးတယ်ဆိုတာပဲ သိခဲ့တဲ့ Tae က အခု Fany နဲ့မှ အမုန်းကြီးရင် အချစ်ကြီးတယ် ဆိုတာကို ထပ်သိခဲ့ရတယ်။ Tae တို့ ၂ ယောက်ရဲ့ ဇာတ်လမ်းက နိဒါန်း မကောင်းခဲ့ပေမယ့် အခုကစပြီး နိဂုံးထိ Tae အချစ်တွေကို ဇာတ်ညွှန်းလုပ်ပြီး ပုံဖော်သွားပါရစေ။ ချစ်တယ် Tiffany Young ။ ဒါဟာ Tae ဝိဉာဉ်ကြီး ဒီ ခန္ဓာကိုယ်ကို စွန့်ခွာမသွားခင်အထိ Fany ကို ပြောနေမယ့် စကား တစ်ခွန်းပါ။ Fany ကတော့ ဒီ စကားကို ကြားရတာ ရိုးမသွားမယ့် အဓိက ဇာတ်ကောင်နေရာမှာ ပါဝင်ပေးပေါ့။ '
Taeyeon စကားကြောင့် Tiffany ပြုံးရင်း ခေါင်းညိမ့်ပြလေတယ်။ ၂ ယောက်သား အကြည်စိုက်ကာ ပြုံးနေကြတုန်း အနီးနားမှာ အသက်ရှူသံလား ငြီးသံလား မသဲကွဲတဲ့ ခပ်ပြင်းပြင်းအသံတစ်ချက် ကြားလိုက်တော့ သူတို့လည်း လူလား ဘာလားဆိုပြီး လှည့်ပတ်ရှာရာ နောက်ဆုံး ချယ်ရီပင်နားမှာ အကြည့် ရပ်သွားလေသည်။ အကြောင်းမှာ Taeyeon ရဲ့ Jinggu ကြီး YoonA မှာ အပင်ကို မှီထားပြီး သူ့ အရှေ့မှာတော့ Tiffany ရဲ့ bff Kwon Yuri က Yoona ခေါင်းကို ကိုင်ကာ ပယ်ပယ်နယ်နယ် နမ်းနေ၍ပင်။နမ်းရုံတင် မထင်လိုက်နဲ့ Yuri လက်များမှာ Yoona အကျီၤအောက်ထိ ရောက်နေလေပြီ။ TaeNy၂ ယောက်လည်း မျက်လုံး အစုံတို့ ပြူးကျယ်သွားကာ Tiffany မှာ Yuri အဆင့်မတက်ခင် တားနိုင်ရန် သူတု့ိနား အပြေးသွားလေတယ်။
Taeyeon - ' WTF !! ငါ့ live background ထဲ သူတို့ ပါသွားလောက်လား Oh Goddddd ဘုရားရေ ငါ့ရဲ့ နတ်သမီး background လေးကို သူတို့တွေ 18+ background မပြောင်းလိုက်ပါစေနဲ့ '
Taeyeon ခေါင်းနပမ်းကြီးသွားကာ သူ့ ဖုန်းကို ဖွင့်ပြီး live ပြန်ကြည့်တော့ သူပြောနေတဲ့ တစ်ဝက်လောက်ကတတည်းက YoonYul တို့ အဲ့ သစ်ပင်ကြီးနား ရောက်လာခြင်းပင်။ သူလည်း မပါပါ့စေနဲ့ဟု ဆုတောင်းရင်း ကြည့်နေရာ နောက်ဆုံးသူပြောတဲ့ * ဒုတိယအကြိမ် အခွင့်အရေးပေးပါ * ဆိုတဲ့ နားလည်းရောက်ကော Yoona မှာ Yuri ကို ဆွဲပြီး နမ်းလိုက်ခြင်းပင်။
Taeyeon - ' UGHHH လက်စသတ်တော့ ဒင်းက တရားခံကိုးး မယ် Yoon မယ် Yoon နင်တော့ ashh။ တော်သေးတာပေါ့ Live ရပ်လိုက်လို့ မဟုတ်ရင် HD တွေရော SD တွေရော live ထဲ ပါသွားမှာ၊အမလေးလေး တွေးရင်း ကြက်သီးထတယ်။ သူတို့မှန်း ပရိတ်သတ်တွေ မသိပါစေနဲ့ '
Taeyeon လက်မောင်း ၂ ဖက်ကို ပွတ်ဟန်လုပ်ကာ ချက်ချင်းပဲ မူးရူးနေတဲ့ ဟို နှုတ်ခမ်း စတစ်ကာ ၂ ခုကို မနည်းခွာယူနေသည့် Tiffany နား ပြေးကာ သူပါ ကူပေးလေတယ်။ နောက်ဆုံး YoonYul ၂ ယောက်သား နှုတ်ခမ်းချင်း ကွာသွားမှ Taeyeon တစ်ယောက် Yoona ကို ကုန်းပိုးပြီး သူ့ကားထဲ အရင်သွားထည့်ကာ သူ့ အပေါ် အကျၤီ ချွတ်၍ ခြုံပေးထားခဲ့ပြီး လော့ခ်ချပေးခဲ့လေတယ်၊ ကျန်တဲ့ Yuri ကိုလည်း ကုန်းပိုးပြီး Tiffany လမ်းပြပေးမှုနဲ့အတူ Yuri အခန်းထဲ ပို့ပေးလိုက်လေတယ်။ Tiffany သူ့ သူငယ်ချင်းကို ဖိနပ်ချွတ်ကာ စောင် ခြုံပေးလိုက်ပြီး ၂ ယောက်သား Yuri အခန်းထဲကနေ ပြန်ထွက်ခဲ့လေတယ်။ ထို့နောက် Tiffany တစ်ယောက် ချွေးတွေထွက်နေတဲ့ Taeyeon ကို ဆိုဖာမှာထိုင်စေပြီး မီးဖိုခန်းမှ ရေတစ်ခွက် သွားယူကာ Taeyeon ရှေ့ချပေးလိုက်ပြီး………
Tiffany - ' အားနာလိုက်တာ Yuri က နည်းနည်း လေးမယ်ထင်တယ်။ '
Tiffany ပြောလိုက်တော့ ရေကို ကျားလိုက်သလို မော့သောက်နေတဲ့ Taeyeon မှာ လက်ခါပြကာ………
Taeyeon - ' ဘယ်ကသာ Yuri က မလေးပါဘူး Fany ရယ် လေးတာက Yoona ။ arigooo လေးလည်း လေးချင်စရာပဲလေ သူ မစားတဲ့ အချိန်ဆိုလို့ တစ်နေ့မှာ Toilet ဝင်တဲ့ အချိန်နဲ့ အိပ်တဲ့အချိန် နှစ်ချိန်ပဲ ရှိတာကိုး ashh '
၂ ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ပြိုင်တူရယ်မိကြလေတယ်။ ထို့နောက် TaeNy တို့ ဟိုစပ်စပ် ဒီစပ်စပ် စကားပြောနေကြပြီး ခဏကြာတော့မှ Taeyeon က အပြင်မှာ Yoona တစ်ယောက်တည်း ကျန်ခဲ့တာကို သတိရပြီး………
(ချစ်ဖို့ကောင်းလိုက်တဲ့ bff :") )
Taeyeon - ' Tae ပြန်တော့မယ်နော် Fany။ လိုက်မပို့နဲ့တော့ တံခါးလည်း သေချာ ပိတ်ဦး ချစ်တယ် Tiffany Young '
Tiffany - ' Nae Tae Tae ကားကို ဂရုစိုက်မောင်းနော် အာညော် Nado Sarahae '
Taeyeon ခေါင်းညိမ့်ပြ၍ Tiffany ကို ဆွဲ ဖက်လိုက်ကာ နဖူးလေးကို အရင် နမ်းပြီးမှ Tiffany ရဲ့ နှုတ်ခမ်းဖူးဆီ ဦးတည်ကာ ပြင်းရှတဲ့ အနမ်းတွေအကြား ၂ ယောက်သား အချိန်တော်ကြာ စည်းချက်ကျကျ လှုပ်ရှားပြီးမှ တက်ကြွတဲ့ ခြေလှမ်းနဲ့အတူ အိမ်ပြန်ခဲ့လေသည်။
(အကျီၤလေး ခြုံပေးထားခဲ့လို့ တော်သေးတာပေါ့ :") မဟုတ်ရင် အရက်သောက်ထားတဲ့အပြင် လက်ပြတ်လေး ဝတ်ထားတဲ့ Yoona တစ်ယောက် ကားထဲက လေအေးပေးစက်နဲ့တင် အအေးပတ်ပြီး သေမယ့်ကိန်း)
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
At Morning | 7:02 AM………
Taeyeon တစ်ယောက် SBS ရုပ်သံဌာနသို့ သွားရန် Tiffany အိမ်ရှေ့ ရောက်နေလေတယ်။ ဒီနေ့ သူတို့ *Love Rose* group ရဲ့1st stage ဖျော်ဖြေမှုလေးကို သူ့ရဲ့ ကောင်မလေး မြင်စေချင်တဲ့အတွက် လာခေါ်ခြင်း ဖြစ်လေသည်။ သူ ကားထဲ စောင့်နေရင်း Tiffany Dorm ကနေ ထွက်လာတာကိုမြင်တော့ ဆင်းကာ အပြေးလေး Tiffany နား သွားရပ်လေတယ်။
Taeyeon - ' ဝါးး ဒီနေ့ မနက်ခင်းမြင်ကွင်းက အရင်နေ့တွေကထက်ပို လှနေသလိုပဲ '
Taeyeon စကားကြောင့် Tiffany မနက်စောစောစီးစီး ရှက်သွေး ဖြာရပြန်လေသည်။သူတို့လည်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြုံးပြပြီး ကားပေါ်တက်ရန်ပြင်စဉ် ရုတ်တရက် Tiffany ခေါင်းကို လာမှန်တဲ့ ကြက်ဥအစိမ်း
Taeyeon - ' WTF !! '
ဆက်တိုက်ဆိုသလို ထပ်ရောက်လာတဲ့ ကြက်ဥပျံ ၂ လုံးကြောင့် Taeyeon Tiffany ရှေ့က ကွယ်ကာ ဖက်ထားလိုက်လေသည်။ထို့နောက် နောက်လှည့်ကာ ဘယ်သူ ပစ်တာလည်း ကြည့်လိုက်တော့ shock ရနေတဲ့ မျက်နှာတွေနဲ့ ကျောင်းသူ ၂ ဦးပင်။ Taeyeon လည်း စိတ်ဆိုးဆိုးနဲ့ သူ့ နောက်စေ့က ကြက်ဥအနှစ်တွေကိုလက်နဲ့ သပ်ချကာ သွားမယ်လုပ်တော့ Tiffany က စကားဖြစ်ဖြစ် အပြုအမူဖြစ်ဖြစ် လက်လွန်မှာစိုး၍ ဆွဲထားကာ
Tiffany - ' လွှတ်ထားလိုက်ပါ Tae Tae သူတို့လည်း ကလေးရှိသေးတော့ အမှားမှန်း မသိပဲ လုပ်ချင်တာကိုလုပ်မိမှာပေါ့ '
Taeyeon - ' No လွှတ်ထားတာများရင် သူတု့ိ ပိုဆိုးလာတာပဲ ရှိမှာ။ နားဝင်အောင် ဆုံးမပေးမှ အမှန်ကို ဆုံးဖြတ်နိုင်မှာပေါ့ Fany ရ '
Tiffany လည်း ဆွဲထားတဲ့ လက်ကို လွှတ်လိုက်တော့ ဟိုက ကောင်မလေးတွေရှေ့ သွားရပ်လေတယ်။ သူမလည်း Taeyeon နား သွား ရပ်လိုက်ပြီး ဘာပြောမလို့လည်း နားထောင်နေလေတယ်။သူတို့ နောက်မှာတော့ ကြက်ဥနဲ့ပေါ်က်တဲ့ ကောင်မလေး ၂ ယောက်ရဲ့ သူငယ်ချင်းက သူတို့ သူငယ်ချင်းတွေ live လွှင့်ပြီးတင်ခိုင်းထားသဖြင့် စောနကတည်းက ရိုက်နေသည်မှာ အခုထိ မပိတ်မိပေ………
Taeyeon - ' ကြက်ဥနဲ့ ပစ်ပေါက်တာ မင်းတို့လား? '
ဟို ကျောင်းသူ ၂ ယောက်မှာတော့ ခေါင်းကို ငုံ့ထားလေသည်။
st1 - ' J…Jaw တို့က Oppa က ကျောပေးထားတော့ ဟို မိန်းမ… ahhh Tiffany ရဲ့ မန်နေဂျာ ထင်နေတာ O…Oppa မှန်း မသိလို့ပါ mi…miyang '
Taeyeon - ' ဟမ် ! Oppa မှန်း မသိလို့ ဟုတ်လား? အဲ့ဆို Tiffany ကို ပစ်တာပေါ့? Why? သူက ဘာအပြစ်လုပ်ထားလို့လည်း? Oppa ကို ရှင်းပြပါဦး '
st2 - ' အဲ…အဲတာက ညီမတို့က Gardener တွေလေ ကိုယ့် idol နား ကပ်နေတဲ့ သူ့ကို မုန်းလိ့ု ပစ်တာ။ ညီမတို့ မမှားဘူး ညီမတို့က ကိုယ့် idolအပေါ် ရူးသွပ်လို့ ချစ်လွန်းလို့ ကိုယ့် Idol ကို protect ဖို့.… '
Taeyeon - ' stop stop ကလေးတို့ မင်းတို့ လမ်းမှားကို ရောက်နေပြီ။ သူ့ကို မုန်းမှ Fan စစ်မယ်ဆိုတဲ့ အစွဲကြီးကို ခေါင်းထဲ စွဲနေရင် မှားမယ်။ နောက်ပြီး idol လည်း လူပဲလေ ကလေးတို့ရ ချစ်ခြင်းလည်း ရှိမယ် မုန်းခြင်းလည်း ရှိမယ်။ သူ့ကို တစ်ကယ်ချစ်ရင် သူ ဘာလုပ်နေနေ လက်ခံပေးရမယ်လေကွာ။ အဲ့တာမှ ချစ်တာ ခေါ်တာ။ နောက်ပြီး Oppa ဆိုတာကလည်း ဝါရင့် သမာရင့်လည်း မဟုတ်ဘူး။ မနေ့တစ်နေ့ကမှ တက်လာတဲ့သူ။ ကျေးဇူးပြုပြီး Oppa ကို ချစ်ရင် အရင်က အကြောင်းတွေကော လက်ရှိ အဖြစ်အပျက်တွေကိုရော လက်ခံပြီး အရာအားလုံးကို ချစ်ပေးပါ။ Oppa ပြောတာ နားလည်မယ် မျှော်လင့်ပါတယ်။အမုန်းတရားဆိုတာ မကောင်းဘူး၊ Oppa အဖေပြောတာကို တဖြည်းဖြည်းနားလည်လာကတည်းက oppa တောင် မကောင်းမှန်းသိလို့ စွန့်လွှတ်လိုက်တာ ကဲ နောက်ဆို အခုလို မကောင်းတဲ့ အပြုအမူမျိုး မလုပ်တော့ပါဘူးလို့ ကတိပေး……… '
ကောင်မလေး ၂ ယောက် သက်ပြင်း ပြိုင်တူချကာ ပြုံးပြနေတဲ့ Taeyeon လက်သန်း ၂ ဖက်ကိုတစ်ဖက်ဆီ ချိတ်လိုက်ပြီး ပြန်လည် ပြုံးပြကာ Tiffany ကိုလည်း တောင်းပန်ပါတယ်ဟု ပြောပြီး ပြန်သွားကြလေတယ်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
Taeyeon တို့ SBS က ပြန်လာတော့ 9 နာရီထိုးနေလေပြီ။ ပရိတ်သတ်တွေကလည်း TaeNy သတင်းကို ဘယ်ဟာက ယုံရမှန်း မသိ ဖြစ်နေစဉ်မှာပဲ။စောနက ကလေးမလေးရဲ့ live အပြင် Channel SM က လာနေတဲ့ " Behind The Secret " ဆိုတဲ့ အစီအစဉ်က TaeNy တို့ ၂ ယောက်ရဲ့ Scence များကြောင့် Tiffany အပေါ်ထားတဲ့ Taeyeon ရဲ့ အချစ် မေတ္တာတွေကို လက်ခံ သွားကြလေသည်။ Kev မှာလည်း သူက မီးမွှေးပေးပြီး အခုတော့ သူက နှစ်ယောက်စာ ဝိုင်းဆဲနေရလေသည်။
YoonA ကတော့ Yuri နဲ့ အတူတူ ညက ရိုက်ကူးထားတဲ့ Kiss scence ကို Fan တစ်ယောက်ရဲ့ ကောင်းမှုကြောင့် သူမတို့မှန်း သိသွားသဖြင့် SBS Stage က ပြန်ကတည်းက ရှက်ပြီး အိမ်တွင်း အောင်းနေလေရဲ့။ အိမ်တွင်းတောင် ရိုးရိုး မဟုတ်ဘူး အခန်းထဲက မထွက်ပဲအောင်းနေလေတယ်။ အကြောင်းမှာ သူမ ဖခင်ကြီးက တောင်ကစလိုက် မြောက်ကစလိုက် စနေ၍ပင်။
ယခုဆို TaeNy ဆိုတဲ့ Couple မှာတော့ internet ပေါ်မှာ trending အဖြစ်ဆုံးနဲ့ အ ro ဆုံး အတွဲဟုပင် သတ်မှတ်နေကြလေသည်။သူတို့ အချစ်တွေကတော့ မြင်ရတဲ့သူတိုင်း အားကျသွားရလောက်အောင် လေးနက်လွန်းကြလေသည်။
ဒီ…
လို…
နဲ့…
ရက်တွေကနေ လတွေ၊ လတွေကနေ နှစ်တွေ ပြောင်းသွားတာ ၂ နှစ်လောက်အကြာမှာတော့ SeoSic တို့က လက်ထပ်သွားကြချိန်မှာ " Love Rose " အဖွဲ့ကနေ Taeyeon ထွက်သွားလေသည်။ ထို့နောက် သိပ်မကြာခင်မှာပဲ YoonYul တို့်လည်း ချေလိုက်/သတ်လိုက်နဲ့ နောက်ဆုံး လက်ထပ် ဖြစ်သွားကြလေသည်။ YoonA ကတော့ solo တွေ movie တွေ ရိုက်ဖြစ်ပေမယ့် ။ Taeyeon မှာတော့ အနုပညာလောကကနေ နှုတ်ထွက်သွားကာ "TY" ဆိုတဲ့ ရေမွှေး ကုမ္ပဏီတစ်ခုထောင်ထားရင်း အရင်က Tiffany Anti Fanboy ကနေ ယခု Tiffany Lover Fanboy လုပ်နေလေတယ်။သို့ပေမယ့် သူတို့ရဲ့ Idol Vs Anti ဇာတ်လမ်းလေးကတော့ ယခုအထိ လူတွေကြား အိပ်ယာဝင် ပုံပြင်တစ်ပုဒ်လို ရိုးမသွားပဲ အမြဲပြောနေကြလေတယ်။Gardener တွေကတော့ Taeyeon ကို ယခု အချိန်ထိ အချစ်မလျော့ကာ လေးစား/အားပေးနေမြဲပင်။ အခြေအနေတွေ တည်ငြိမ်အပြီး နောက်ထပ် ၂ နှစ်အကြာမှာတော့ TaeNy တို့လည်း ဖာသာရှေ့မှာ သစ္စာတိုင်တည်ပြီး အချစ်တွေကို အရင်းပြုကာ နှလုံးသား သော့ခလောက်ကို လက်ထပ် လက်စွပ် ၂ ကွင်းနဲ့ ခတ်ကာ ဘယ်သူမှ ဖွင့်မရအောင် သိမ်းဆည်းလိုက်ကြလေသည်။ သည်လိုနှင့် ဘယ်လိုမှ မဖြစ်နိုင်တဲ့ idol နဲ့ anti တစ်ယောက်ကြားက ချစ်ခြင်းတွေကိုTaeyeon နဲ့ Tiffany က ပုံဖော်ကာ သက်သေပြခဲ့ကြလေသည်။
In
A
Relationship
With
My
Anti Fan
The End
Kim So Won_Golden Green 9
*
***********************
(Zawgyi)
At SM Ent.
*ဒေါက် ဒေါက်*
Taeyeon - ' Na...Nae Appa '
Mr.Kim - ' ဟာ မင်းနဲ့ ငါပဲ ရှိတာ ဘာရှက်နေတာလည်း Taengoo ရ ကဲပါ ငါ့ကို Tiffany လို့ သဘောထားပြီး ပြန်ပြောပြ '
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
* Live is end *
(အကျီင်္လေး ခြုံပေးထားခဲ့လို့ တော်သေးတာပေါ့ :") မဟုတ်ရင် အရက်သောက်ထားတဲ့အပြင် လက်ပြတ်လေး ဝတ်ထားတဲ့ Yoona တစ်ယောက် ကားထဲက လေအေးပေးစက်နဲ့တင် အအေးပတ်ပြီး သေမယ့်ကိန်း)
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
At Morning | 7:02 AM………
Taeyeon - ' WTF !! '
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဒီ…
လို…
နဲ့…
In
A
Relationship
With
My
Anti Fan
The End
Continue Reading
You'll Also Like
1M 38.7K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.1M 61.6K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
90.3M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
52.9M 1.3M 70
after a prank gone terribly wrong, hayden jones is sent across country to caldwell academy, a school for the bitchy, the dangerous and the rebellious...