ရသစုံလင် တရုတ်ဝတ္ထုတိုများ

By Iris-Lily

15.6K 1.6K 84

Original Writer : Ling Yutang Translated by Ma Hnin Pwint More

ချန်နန် (အပိုင်း - ၁)
ချန်နန် (အပိုင်း - ၂)
ချန်နန် (အပိုင်း - ၃)
ချန်နန် (အပိုင်း - ၄)
မင်းကတော် မဒီ (အပိုင်း - ၁)
မင်းကတော် မဒီ (အပိုင်း - ၂)
မင်းကတော် မဒီ (အပိုင်း - ၃)
မင်းမတော် မဒီ (အပိုင်း - ၄)
မနာလိုစိတ် (အပိုင်း-၁)
မနာလိုစိတ် (အပိုင်း - ၂)
မနာလိုစိတ် (အပိုင်း - ၃)
မနာလိုစိတ် (အပိုင်း - ၄)
ရမ္မက် (အပိုင်း - ၁)
ရမ္မက် (အပိုင်း - ၃)
ရမ္မက် - အပိုင်း (၄)
မုတ်ဆိတ်နီကြီး (အပိုင်း - ၁)
မုတ်ဆိတ်နီကြီး (အပိုင်း - ၂)
မုတ်ဆိတ်နီကြီး (အပိုင်း - ၃)
မုတ်ဆိတ်နီကြီး (အပိုင်း - ၄)
လူမျောက်ဖြူ (အပိုင်း - ၁)
လူမျောက်ဖြူ (အပိုင်း - ၂)
လူမျောက်ဖြူ (အပိုင်း - ၃)
လူမျောက်ဖြူ (အပိုင်း - ၄)

ရမ္မက် (အပိုင်း - ၂)

462 55 2
By Iris-Lily


ရမ္မက် (သို့မဟုတ်) အနောက်ဆောင် လေသာခန်းက ချစ်ပုံပြင်
================================





ဒါနဲ့စွီကတော်က ယွင်ချန်ရဲ့ မျိုးရိုးနာမည်မေးပြီး အချင်းချင်းမိတ်ဆက် အသိအကျွမ်းဖွဲ့ကြတယ်။ စွီအိမ်တော်နဲ့ရင်းနှီးခွင့်ရလို့ ပျော်နေတဲ့ယွင်ချန်ဟာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ချက်ခြင်းပဲ သူ့မိတ်ဆွေယန်ဆီကို ထွက်သွားရော။ ညနေကျတော့ ယွင်ချန်ဟာ လက်နက်ကိုင် စစ်သားတကျိပ်နဲ့အတူ စွီအိမ်တော်ဟာ မြို့စောင့်တပ်မှူးရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိကြောင်း တပ်မှူးကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သတိပေးစာနဲ့အတူ ကြွားကြွားဝင့်ဝင့်ပြန်လာတယ်။ တကယ်တော့ စစ်သားတွေရဲ့ သားရေကြပ်အင်္ကျီနီနီတွေကို မြင်တာနဲ့တောင် ဘယ်တောကြောင်မှ အနားမကပ်ရဲတော့ပါဘူး ။ သူ့အစီအစဉ် အောင်မြင်လို့ပျော်နေတဲ့ယွင်ချန်ဟာ မနက်က အကူအညီတောင်းဟန်နဲ့ စကားစပြောတဲ့
မိန်းကလေးဆီကနေပြီး ကျေးဇူးတင်တဲ့ အထိမ်းအမှတ်အပြုံးလေးတပွင့်လောက်များ ရမလားလို့ မျှော်လင့်ပြီး စွီအိမ်တော်ကို ချီတက်သွားတယ်။

အဖိုးတန်ပရိဘောဂတွေနဲ့ မွမ်းမံထားတဲ့ ဧည့်ခန်းမှာ ရင်တဖိုဖိုနဲ့ထိုင်မျှော်နေတုန်း အမေကြီးပဲထွက်လာတွေ့ပြီး ကျေးဇူးတင်စကားကို အထပ်ထပ်အခါခါ ပြောပေမဲ့ မိန်းကလေးကိုတော့ အရိပ်အယောင်တောင် မတွေ့ခဲ့ရပါဘူး။ မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့ ယွင်ချန်လဲ စိတ်ပျက်လက်ပျက်နဲ့ပဲ သူ့ဧည့်ဆောင်ကို ပြန်သွားရတယ်။ နောက်ရက်အနည်းငယ် အကြာမှာတော့ ကွယ်လွန်သူစစ်မင်းနေရာကို ဆက်ခံမဲ့ စစ်မင်းအသစ်နဲ့ သူ့တပ်မကြီးတခုလုံး ပုချိန်မြို့ကိုရောက်လာလို့ အစစအရာရာ ပြန်ငြိမ်ဝပ်ပိပြားသွားတဲ့အခါမတော့ စွီအိမ်တော်ကိုစောင့်ရှောက်နေကြတဲ့ ရဲမက်တွေလဲ ပြန်ကြပြီ။ စွီသခင်မကြီးက သူတို့ကို မှဲ့တပေါက်မစွန်းအောင် ဥာဏ်ရွှင်စွာနဲ့ အကာကွယ်ပေးခဲ့တဲ့ ယွင်ချန်ကို ကျေးဇူးတင်လွန်းလို့ အတွင်းရင်ပြင်က ခမ်းမကြီးထဲမှာခေါ် ပြီး ညစာနဲ့ဧည့်ခံတယ်။ အတွင်းရင်ပြင်ဆိုတာက မိသားစုထဲကတောင် ဝါကြီးသူတွေကိုပဲ ဝင်ခွင့်ပြုတဲ့နေရာဆိုတော့ ယွင်ချန်ကို ဘယ်လောက်ကျေးဇူးတင်သလဲ ဆိုတာ ပြလိုက်တဲ့သဘောပါပဲ။

"... တို့များကို ကာကွယ်စောင့်ရှောက်ပေးတဲ့... ငါ့တူရဲ့ကျေးဇူးကြီးလှပါတယ်ကွယ်.... နောင်လဲဆွေမျိုးလို သဘောထားလို့ ဝင်ပါထွက်ပါ... ဒေါ်ဒေါ်ရဲ့မိသားစုနဲ့ အသိအကျွမ်းဖွဲ့ပေးပါရစေ...."

ပြောပြောဆိုဆိုနဲ့ ဟွန်လန်းလို့ လှမ်းခေါ်လိုက်တော့ ဆယ့်နှစ်နှစ်အရွယ် ကောင်ကလေးတယောက် ထွက်လာတယ်။ စွီသခင်မကြီးက သူ့သားလေးဟွန်လန်းကို ယွင်ချန်ရဲ့ရှေ့မှာ အရိုအသေပြုဦးညွတ်စေတယ်။

"...ဒါဒေါ်ဒေါ်ရဲ့ တစ်ဦးတည်းသောသားပဲ... ငါတူရဲ့... စွီအိမ်တော်ရဲ့ အမွေခံကိုယ်တော်လေး ဆိုပါတော့... အဲ.... သမီးကိုတော့ ဟိုနေ့မှာမြင်ဖူးလိုက်မှာပေါ့.... သမီးဆိုလို့ အင်ကြင်းဘယ်ရောက်နေပါလိမ့်... အင်ကြင်းရေ... တို့တွေကို ကူညီခဲ့တဲ့ ယွင်လူကြီးမင်းကို လာပြီး.. အရိုအသေပေး နှုတ်ဆက်ပါဦး... ငါ့သမီး..."

မိန်းကလေးက တော်တော်နဲ့ထွက်မလာပေဘူး။ အထက်တန်းလွှာ အမျိုးသမီးတွေဆိုတာ လူမြင်ခံရိုးထုံးစံမရှိတော့ လူစိမ်းယောက်ျားပျိုရှေ့ ထွက်လာရမှာ ရှက်လို့ထင်ပါရဲ့လို့ ယွင်ချန် တွေးမိတယ်။ ဒါနဲ့သူ့အမေက ထပ်ခေါ်ပေမဲ့ ပေါ်မလာတော့ စွီကတော်က စိတ်ထွက်လာဟန်နဲ့ ငေါက်ပါလေရော။

"...ဟဲ့..အင်ကြင်းရဲ့... တို့တွေရဲ့အသက်ကို ကယ်ခဲ့တဲ့လူကြီးမင်းကို ထွက်လာပြီး.. နှုတ်ဆက်ဖို့ရာ ဘာဒီလောက် ခက်ခဲနေရသလဲ... ညည်းမယ်မယ်ရဲ့ အသက်ကိုကယ်ခဲ့တဲ့ လူကြီးမင်းကို.. ညည်းကမျက်နှာပြပြီး
အရိုအသေတောင် မပေးနိုင်ရအောင်.. ဘာတွေများဒီလောက်တောင် အရှက်အကြောက် ကြီးနေရတာတုန်း. အခုလာခဲ့...."

ဒီတော့မှအင်ကြင်းဆိုတဲ့ မိန်းမပျိုက မျက်လွှာချလို့ ထွက်လာပြီး ယွင်ချန်ကိုလာဦးညွတ်ပါတယ်။ အိမ်နေရင်း ကိုယ်နဲ့အတိဝတ်စုံလေးကိုပဲ ချပ်ချပ်ရပ်ရပ်ဝတ်ထားပြီး မျက်နှာကို ဖျော့ဖျော့လေးပဲ လိမ်းခြယ်ထားတဲ့ အင်ကြင်းဟာ ယွင်ချန်ရဲ့မျက်စိထဲမှာတော့ အလှကြီးလှနေတာပဲ။ ပြီးတော့ ကောင်းကောင်း ပုံသွင်းခံထားရတဲ့ အထက်တန်းလွှာ မိန်းမပျိုတို့ရဲ့ ဓလေ့အတိုင်း မျက်လွှာတချက်မပင့်ဘဲ သူ့အမေနားမှာထိုင်နေတဲ့ အင်ကြင်းရဲ့ အမူအရာဟာ ရှင်ကျွန်မကို အခုလို တွေ့ခွင့်ရတာတောင် မဟာအခွင့်အရေးကြီးပဲလို့ ပြောနေသလိုတောင် ထင်ရလောက်အောင် အသေးအနုတ်ကို အမှုမလုပ်တဲ့ မျက်နှာထားမျိုးဖြစ်ပါတယ်။ ဒါကိုမှစွဲမိတဲ့
ယွင်ချန်ကတော့ အင်ကြင်းကို စကားစပြောချင်လှပြီဖြစ်ပေမဲ့ ဟန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုအရ သူ့အမေစွီကတော်ကိုပဲ ဦးတည်ပြီးစကားဆိုရတာပေါ့။

"...စွီကတော်ရဲ့သမီးက.. အသက်ဘယ်နှစ်နှစ် ရှိပါပြီ်လဲခင်ဗျာ..."

"...အင်း..အင်ကြင်းကို ဘုန်းတော်ကြီးဘုရား လက်ထက်မှာပဲမွေးခဲ့တာကွဲ့.... နေပါဦး.. ချီဈေနှစ်ဖွားဆိုတော့ အခုဆယ့်ခုနစ်နှစ် ရှိပြီပေါ့....."

အဲဒီညကညစာစားပွဲမှာ အင်ကြင်းက ယွင်ချန်နဲ့တခါတောင် မျက်လုံးချင်းမဆုံမိအောင် အိနြေ္ဒအပြည့်နဲ့ပဲနေတယ်။ ယွင်ချန်မှာ သွားလေသူ စွီသခင်ကြီးအကြောင်းပဲမေးမေး ၊ အင်ကြင်းရဲ့မောင် ဟွန်လန်းပညာရေးအကြောင်းပဲ စပြောပြော အင်ကြင်းကို စကားဝိုင်းထဲ ဝင်လာဖို့တော့ ဘယ်လိုမှကိုမတတ်နိုင်ခဲ့ဘူး။ ရေငုံပြီး ကျမ်းကျိန်နေသလားမှတ်ရအောင် ငြိမ်နေတဲ့အင်ကြင်းဟာ ယွင်ချန်လို ယောက်ျားပျိုတယောက်နဲ့ ညစာအတူ စားနေရခြင်းအတွက် ဘယ့်နှယ်မှလဲ နေဟန်မတူဘူး။ ဘယ်လောက်ပဲ အိနြေ္ဒရှိတဲ့မိန်းမပျိုမဆို သူစိမ်းယောက်ျားပျို တယောက်ရှေ့မှာဆိုရင် နည်းနည်းတော့ ရှက်ကိုးရှက်ကန်းနဲ့ မနေတတ်မထိုင်တတ် ရှိတတ်ကြတယ်မဟုတ်လား။ အခုတော့ယွင်ချန်ကို ဖုတ်လေသည့်ငပိရှိတယ်လို့တောင် မထင်ဘဲ ဝါတော်ရှစ်ဆယ်ရဘိက္ခူနီကြီးလို မတုန်မလှုပ်ရှိလှတဲ့ အင်ကြင်းကိုကြည့်ပြီး ယွင်ချန်ခမြာမှာ နေမထိထိုင်မသာဖြစ်ရပါတယ်။ ဒီမိန်းကလေးဟာ တကယ်ပဲရွှေပေးလို့မရတဲ့ အိနြေ္ဒရှင်လား ဒါမှမဟုတ် အေးစက်စက်မျက်နှာ
ဖုံးပဲတပ်ထားသလား၊ အထက်တန်းလွှာ မိန်းကလေးပီပီ ကွန်ဖြူးရှပ်သဘောတရားတွေနဲ့ တင်းတင်းကြပ်ကြပ်ပဲ သင်ကြားကွပ်ညှပ် ခံခဲ့ရလို့လားဆိုတာဟာ ယွင်ချန်အတွက်တော့ အဖြေမထွက်နိုင်တဲ့ ပဟေဠိတပုဒ်ပါ။ ဒါနဲ့ ညစာစားရင်း၊ စကားပြောကြရင်းနဲ့ စွီကတော်ဟာ ချိန်မျိုးနွယ်ဝင်ဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရရော။ ဖြစ်ချင်တော့ ယွင်ချန်ရဲ့အမေကလဲ ချိန်မျိုးနွယ်ဝင်ဖြစ်ခဲ့တာကိုး။ ဆိုတော့ အမျိုးစပ်လိုက်ရင် ယွင်ချန်နဲ့ စွီကတော်ဟာ တူဝရီးလို့ခေါ်လို့ရမှာပေါ့လေ။ စွီကတော်ကတော့ တူတယောက်ကောက်ရတဲ့အတွက်ကို ဝမ်းသာလို့ မဆုံးနိုင်တော့ဘူး။ ဒီတော့မှပဲ အင်ကြင်းလည်း နည်းနည်းပြုံးဖော်ရလာတော့တယ်။

ယွင်ချန်ကတော့ အင်ကြင်းရဲ့အမူအရာကြောင့် အောင့်သီးအောင့်သက်ဖြစ်ရသလို တချိန်တည်းမှာပဲ သိပ်ကိုစွဲလန်းမိတော့တာပဲ။ သူ့တသက်မှာ ဒီလောက်အိနြေ္ဒကြီးတခွဲသားနဲ့ ချဉ်းကပ်ရခက်တဲ့ မိန်းကလေးမျိုး မကြုံဖူးခဲ့ဘူးကိုး။ သူ့ကိုဟိုက အသိအမှတ် မပြုလေ၊ မရနိုင်တာကိုမှလိုချင်တတ်တဲ့ လူ့သဘာဝအတိုင်း အင်ကြင်းကိုမှ တမ်းတမ်းစွဲဖြစ်လေနဲ့ ယွင်ချန်တယောက်မှာ အရူးတပိုင်းဖြစ်ရတယ်။ အဲဒီနောက်ပိုင်းတော့ ယောက်ျားကြိုက်တော့ စိုက်စိုက်လာဆိုသလိုပဲ ယွင်ချန်တယောက် အကြောင်းအမျိုးမျိုးပြပြီး စွီအိမ်တော်ကို ချောင်းပေါက်မတတ် ဂဒီးဂဒီးသွားတာပဲ။ ပထမဆုံးတခေါက်ကတော့ သူ့ကိုညစာတည်ခင်းဧည့်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်း လာပြောရင်းနဲ့ လာလည်တယ်။ နောက်တခေါက်ကျ
ပြန်တော့အင်ကြင်းရဲ့မောင်လေး ဟွန်လန်းနဲ့ စကားပြောဖို့ဆိုပြီးလာပြန်ရော။ သူလာတိုင်းလဲ စွီကတော် အတတ်နိုင်ဆုံး စိတ်ဝင်စားစရာ အကြောင်းတွေပြောပြီးတော့ အိမ်သားတယောက်လိုပဲ နေပြတယ်။ အသီးလိုတော့ အပင်ချိုင်၊ သမီးလိုတော့ အမေတိုင်ကိုး။ တောသစ်ပွင့်ကို တောသစ်ခက်နဲ့ပဲ ချုရတော့တာပေါ့။

သူလာလည်တိုင်း အင်ကြင်းနဲ့ ဘယ်တော့မှမဆုံရပေမဲ့ အထက်တန်းလွှာ မိန်းကလေးတို့ရဲ့ထုံးစံအတိုင်း ယွန်းလိုက်ကာ မှန်ကူကွက်တွေကြားကများ ချောင်းနေခဲ့ရင် ဆိုပြီး သူ့မှာဟန်ပန်လေသံကအစ ဂရုစိုက်ရတယ်။ ဒါပေမဲ့ သူသာခြေတိုမတတ်လာရပေတဲ့ အင်ကြင်းကတော့ တောထဲက အင်မတန်လူစိမ်းတဲ့ သမင်ရိုင်းများလိုပဲ အနားတောင်သီခွင့်မရပါဘူး၊ သူ့ကိုမြင်တာနဲ့ လှစ်ကနဲနေအောင်ပြေးတာပဲ။ တညနေများ အိမ်တော်ဥယျာဉ်ထဲမှာ အင်ကြင်းတယောက် သူ့မောင်လေးနဲ့ ကစားနေတာကို သူဘုံကျောင်းဘက်ကနေ
လှမ်းတွေ့လိုက်လို့ နှုတ်ဆက်ဖို့ ခြေလှမ်းပြင်တုန်း ရှိသေး အင်ကြင်းလည်း ဖြုတ်ကနဲ အိမ်ထဲဝင်ပြီး ပျောက်သွားတာ ပြန်ကိုပေါ်မလာတော့ဘူး။ ယွင်ချန်မှာတော့ အံကြိတ်ပြီး ငှက်ရိုင်းမလေးရေ.. ပြေးနိုင်တုန်းပြေးထားဦးပေါ့.. ဆိုပြီး ကြိမ်းဝါးရုံသာ တတ်နိုင်တော့တယ်။ တစ်နေ့တော့ အင်ကြင်းရဲ့ ကျွန်မလေးကို အိမ်တော်အပြင်ဘက်မှာ တယောက်တည်း တွေ့လိုက်မိတော့ အခွင့်အရေးကို ကျားချောင်းသလို ချောင်းနေတဲ့ ယွင်ချန် ဝမ်းသာအားရနဲ့ နှုတ်ဆက်တယ်။ မလုံမလဲနဲ့ ရှက်ကိုးရှက်ကန်း မျက်နှာကြီးရဲလို့ ထစ်တီးထစ်အနဲ့ စကားစလာတဲ့ ယွင်ချန်ကိုကြည့်ပြီး ကျွန်မလေးဟွမ်နမ်က ပြုံးပါလေရော။

"...အဟမ်း.. ဟို..ဟိုဒင်း.. မင်းတို့သခင်မလေးက စေ့စပ်ပြီးသားလားကွဲ့...."

"...ဟင့်အင်း.. မစေ့စပ်ရသေးပါဘူး.. ဘာဖြစ်လို့လဲ.. သခင်လေး..."

".... ဟေ..အဟမ်း.. ဘာရယ်လို့မှ မဟုတ်ပါဘူးကွယ်.... ငါနဲ့မင်းသခင်မက တဝမ်းကွဲမောင်နှမ တော်တယ်ဆိုတော့ ကိုယ့်ဆွေမျိုးအကြောင်းကို.. မေးစမ်းကြည့်တယ် သဘောပါပဲ... ဒါနဲ့တို့တွေကို စွီဒေါ်ဒေါ်ကိုယ်တိုင်
မိတ်ဆက်ပေးခဲ့ပေမဲ့.. စကားပြောဖို့ အခွင့်အရေး တခါမှမရခဲ့ဖူးသေးတော့... အင်ကြင်းနဲ့ နှစ်ယောက်တည်းသာတွေ့ရမယ်ဆိုရင်.. ငါတော့ သိပ်ဝမ်းသာမိမှာပဲကွယ်....."

ယွင်ချန်က ဒီလိုစကားစပေမဲ့ ဟွမ်နမ်က ဘာမှပြန်မပြောဘဲ ပြုံးလို့သာကြည့်နေတယ်။

"...မင်းသခင်မလေးက.. ငါ့ကိုဘာကြောင့် ရှောင်နေရတာလဲ...."

"...ဒါတော့ ကျွန်မဘယ်လိုလုပ်သိနိုင်မလဲ.. သခင်လေးရဲ့..."

ကျွန်မလေးက ပြုံးစိစိနဲ့ပဲ ရေငုံနှုတ်ပိတ် လုပ်နေပြန်တော့ ယွင်ချန်လဲလိုရင်းကို ဖွင့်ပြောလိုက်ရတော့တယ်။

"...အင်ကြင်းက သိပ်အိနြေ္ဒကြီးပြီး ယဉ်ကျေးဖွယ်ရာတာပဲနော်... သူ့ရဲ့အဆင့်မြင့် လှပခံ့ငြားတဲ့အမူအရာတွေကို ငါတော့ သိပ်သဘောကျမိတာပဲ... ဒီလိုထူးခြားတဲ့ မိန်းကလေးရဲ့စကားပြောဟန်.. ဆိုပေါက်တွေကို ကြားဖူးချင်မိတယ်ကွယ်..."

"...သခင်လေးရယ်.. ဒါများသခင်မကြီးဆီ လာလည်ရင်းနဲ့ပဲ... သခင်မလေးကိုပါ စကားပြောရောပေါ့.... သခင်လေးလဲ တအိမ်လုံးနဲ့ခင်နေတာပဲဟာ... ကျွန်မကို လာပြောလို့တော့ ဘာထူးမှာလဲ....."

"... မဟုတ်ဘူးကွဲ့... မင်းမသိပါဘူး... အင်ကြင်းက သူ့မယ်မယ်ရှေ့မှာများဆိုရင်.. ငါ့ကိုစကားပြောဖို့နေနေသာသာ.. မျက်လွှာတောင် ပင့်မကြည့်ဘူး.... မင်းသခင်မလေးနဲ့ ငါနဲ့နှစ်ယောက်တည်း တွေ့ခွင့်ရဖို့.. မင်းများ
မကြံဆောင်နိုင်ဘူးလား... ငါ့မှာအင်ကြင်းကို တွေ့တဲ့နေ့ကစပြီး.. မအိပ်နိုင်မစားနိုင်နဲ့.. အရူးအမူးကိုဖြစ်နေရပြီ... ဟွမ်နမ်ရယ် ... မင်းငါ့ကို မကူညီနိုင်ဘူးလားဟင်..."

"....သြော်... လက်စသတ်တော့ သခင်လေးက.. သခင်မလေးကို မေတ္တာရှိနေတာကိုး...."

ဆိုပြီးကျွန်မလေးဟွမ်နမ်က တခစ်ခစ်ရယ်လို့ တချိုးတည်းပြေးဖို့ ဟန်ပြင်ပါလေရော။

"....ဟေ့..ဟေ့... နေဦးလေ..ဟွမ်နမ်ရယ်... ငါ့ကိုမင်းပဲ ကူညီမှဖြစ်မှာပါကွယ်... ငါ့မှာတကယ်ကို ခံစားနေရတာပါ..."

ယွင်ချန်က ဒီလိုဆွေးဆွေးမြည့်မြည့်ဆိုတော့ ကျွန်မလေးက ဒီတခါတော့ သူ့ကိုသနားသွားဟန်နဲ့ တည်တည်ကြည်ကြည်ဆိုတယ်။

"...အင်း... သခင်လေးကိုတော့ ကူညီချင်ပါတယ်... ဒါပေမဲ့ သခင်မလေးဆီကို စကားအသယ်အပို့တော့ ကျွန်မ.. မလုပ်ပေးရဲဘူးရှင့်... သခင်မလေးက ဒီလိုကိစ္စနဲ့ပတ်သက်လာရင်.. သိပ်ခက်ထန်ပြီး စည်းကမ်းကြီးတာ... အခုချိန်အထိတောင် ဘယ်ယောက်ျားလေးနဲ့မှ စကားမပြောဖူးသေးဘူး ဆိုရင်.. သခင်လေးယုံပါတော့ ဒါပေမဲ့ ယွင်သခင်လေးက.. လူကြီးလူကောင်း ပီသတဲ့အပြင်.. စွီအိမ်တော်ကိုလဲ ကာကွယ်ပေးခဲ့သူ ဆိုတော့ ကျွန်မ လေးစားမိပါတယ်. ဒီတော့ သခင်လေးကို လျှို့ဝှက်ချက်တခုပြောပြမယ်... ကျွန်မတို့ သခင်မလေးက ကဗျာတွေ ရေးရ.. ဖတ်ရတာကို သိပ်ကြိုက်တာရှင့်... တခါတလေဆိုရင် မအိပ်မစားဘဲ ကဗျာချည်းပဲတောင် ထိုင်ဖတ်နေတဲ့ အခါတွေရှိတယ်... ဒီတော့သခင်မလေးကို စိတ်ဝင်စားလာအောင်လုပ်ချင်ရင်.. ဒီတနည်းပဲရှိတယ်.... သခင်လေးက စာပေသမား မဟုတ်လား.... ကဗျာကောင်းကောင်းတပုဒ် ရေးပြီးသာ သခင်မလေးကို ပို့ပေတော့.. အဆင်ပြေသွားရင်လဲ ကျွန်မကို မမေ့နဲ့ပေါ့ရှင်..."

ဆိုပြီးဟွမ်နမ်က ပြုံးတုံးတုံးနဲ့ မျက်စိတဖက် မှိတ်ပြပြီးဆိုတယ်။ ဒါနဲ့နောက်နေ့လည်းကျရော ယွင်ချန်က ဒီကဗျာလေးကိုရေးပြီး အင်ကြင်းဆီကို ကျွန်မလေးကနေတဆင့် ပို့လိုက်ရော။

"... မြစိမ်းရောင်လင်းတဲ့ အခန်းကျဉ်းမှာ.. ဆိတ်ငြိမ်ခြင်းသာ ကြီးစိုးမင်းမူလို့... နှစ်ချို့ပင် အရိပ်အောက်မှာတော့.. တေးဆိုငှက် ကိုယ်ယောင်ဖျောက်စဉ်... ဥယျာဉ်ထဲက စမ်းရေအလျင်မှာ... ပွင့်ချပ်များ ငြင်ငြင်သာသာ ရွက်လွှင့်ဆဲ... တယောက်တည်း အထီးကျန်ရသူမှာ... လမ်းပျောက်ရှာသလို ခံစားရချိန်... ကွယ်လုဆဲလဝန်းမှိန်မှိန်ကို... သိုသိပ်စွာ အရုဏ်မလာခင် ငေးကြည့်ရင်း
မင်းမျက်နှာလှလှလေးကိုသာ.. ငါပြင်းပြစွာတမ်းတ မျှော်လင့်မိပါတယ်
အကြည့်တချက်.. အပြုံးလက်လက်ဆိုရင်ကို.. မောင့်ရင်မှာချိုလှပေါ့ကွယ်...."

ညနေပိုင်းမှာတော့ အင်ကြင်းဆီက "လသာည" လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာတပုဒ်ကိုကိုင်ပြီး
ယွင်ချန်ဆီကို ကျွန်မလေးဟွမ်နမ် ရောက်လာပါတယ်။

"....လရောင်ဖြာကျ ဆယ့်ခြောက်ညမှာ... အနောက်ဆောင်လေသာခန်းဆီက
တံခါးမရဲတရဲဟလို့ စောင့်မျှော်နေသူတဦး... စိတ်ကူးရင်းနဲ့ ရင်ထိတ်ပြန်ရ
ပန်းရိပ်ပြောက်ခြယ်ကာသတဲ့.. အခန်းတဖက်က အရိပ်သိမ့်ကနဲလှုပ်စဉ် မျှော်တော်ဇောနဲ့ မောလျတဲ့ခင်ဆီ... ချစ်ရတဲ့သူ လာပြီလားရှင်........."

မှတ်မှတ်ရရ အဲဒီနေ့က နှစ်လပိုင်းရဲ့ ဆယ့်လေးရက်နေ့ပါ။ ယွင်ချန်ခမြာဝ မ်းသာလုံးဆို့ပြီး ကဗျာစာပေလွှာကို အထပ်ထပ်အခါခါနမ်းရှုပ်လို့ ထိုင်ရမလိုထရမလို ဖြစ်နေတော့တယ်။ ဒီကဗျာဟာ သူတို့တွေ့ကြဖို့ အချိန်းအချက်ပေးလိုက်တဲ့စာဆိုတာ အရှင်းကြီးမဟုတ်ပါလား။ အခုတော့ အင်ကြင်းကိုတွေ့ခွင့်ရတော့မဲ့အပြင် ချိန်းဆိုတာကလဲ ညအချိန်မှာဆိုတော့ ယွင်ချန် သိကြားသားမို့လား။ ဇိတံမေကြွေးကြော်ပြီး
လက်ခမောင်း ထမခတ်ရုံတမယ်ရှိတာပဲ။ ဒါနဲ့လရောင်ရွှန်းပလှတဲ့ ဆယ့်ခြောက်ရက်နေ့မှာ ယွင်ချန်ဟာ ကဗျာထဲကသဲလွန်စအတိုင်းပဲ စွီအိမ်တော်တံတိုင်းကို မက်မုံကိုင်းတွေပေါ်က တွယ်တက်လို့ အထဲကို ကဲကြည့်ပါတယ်။ ကဗျာထဲကအတိုင်း တကယ့်ကိုပဲ အနောက်ဆောင်လေသာခန်းတံခါးဟာ မသိမသာဟထားတယ်။ ရွှေထုပ်ကြီး ကောက်ရသလို ပျော်သွားတဲ့ ယွင်ချန်လဲ တံတိုင်းတဖက်ကိုကျော်ချပြီး အနောက်ဆောင်ထဲကို လှစ်ကနဲ ဝင်ချသွားပါရော။ အထဲမှာတော့ ဟွမ်နမ်ပဲ တရှူးရှူးနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာကို တွေ့လိုက်ရတော့ ယွင်ချန်မှာ တအံ့တသြနဲ့ ကျွန်မလေးကို နှိုးရတယ်။ အတော်ကြီးကိုနှိုးယူမှ ကယောင်ကတမ်းနဲ့ ထလာတဲ့ဟွမ်နမ်လဲ ယွင်ချန်ကို သူ့အခန်းထဲမှာတွေ့လိုက်တော့ လိပ်ပြာလွင့်မတတ်ဖြစ်သွားတာပဲ။

"...အမလေး... ဘယ်သူတုန်း... ဟင်... ယွင်သခင်လေးမဟုတ်လား... ဘာလာလုပ်တာတုန်း...."

"...ဟဲ့...ဟဲ့... ဒီလိုပါ...ဟွမ်နမ်ရဲ့... မင်းသခင်မလေးက.. ဒီနေရာမှာတွေ့ကြဖို့ အချိန်းအချက်ပေးထားလို့ ငါလာတာပါကွဲ့... ငါရောက်ပြီဆိုတဲ့အကြောင်းသာ.. မင်းသခင်မလေးကို တဆိတ်သွားပြောပေး ပါလားကွယ်... ငါဒီကပဲစောင့်နေမယ်......"

ခဏကြာတော့ ဟွမ်နမ်ပြန်ရောက်လာပြီး တိုးတိုးလေးကပ်ပြောတယ်။

"......သခင်မလေးလာနေပြီ...."

ဆယ်မိနစ်လောက်ကို တစ်ကမ္ဘာလောက်ကြာသလို ဖင်တကြွကြွနဲ့စောင့်ပြီးမှ ရွက်ဝါတစ်စ လွင့်ကျလာသလို အသံမပေးဘာမပေးနဲ့ ဖျတ်ကနဲဆိုတံခါးဝမှာ အင်ကြင်းပေါ်လာတယ်။ သူ့မျက်နှာကတော့ ခါတိုင်း ယွင်ချန်ရင်းနှီးနေကျ မျက်နှာထက် နည်းနည်းသာတယ်ဆိုရုံ စိတ်လှုပ်ရှားရှုပ်ထွေးနေတဲ့ အရိပ်အယောင်
တစွန်းတစပေါ်နေပေမဲ့ အင်ကြင်းရဲ့ မျက်လုံးနက်နက်တွေကတော့ လျှို့လျှို့ဝှက်ဝှက် ရှိနေတုန်းပဲ။ ဒါနဲ့ မျက်စိတမှိတ်အတွင်းမှာဘဲ အင်ကြင်းမျက်နှာပေါ် ဖြတ်ပြေးနေတဲ့ အရိပ်တွေလုံးလုံးပျောက်သွားပြီး အလွန်ကို ဟက်ဟက်ပက်ပက်မရှိလှတဲ့လေသံနဲ့ ဆိုတယ်။

"...ယွင်လူကြီးမင်းရှင့်.. ဒီအနောက်ဆောင်ကို လာဖို့ဖိတ်ရတာကတော့... ကျွန်မကိုတွေ့ဖို့ ဆန္ဒပြင်းပြနေတယ်ဆိုလို့ပါပဲ... မယ်မယ်နဲ့အိမ်တော်ကို စောင့်ရှောက်ကာကွယ် ပေးခဲ့အတွက်.. ကျွန်မကိုယ်တိုင်ကိုယ်ကျ
ကျေးဇူးတင်စကား ပြောသင့်တယ်လို့ ထင်မိတာကြောင့်.. အခုလို ချိန်းဆိုလိုက်တာပါ... ယွင်လူကြီးမင်းလို လူတယောက်နဲ့ ဆွေမျိုးတော်ခွင့်ရတဲ့အတွက်လဲ.. ကျွန်မဝမ်းသာမိပါတယ်... ဒါပေမဲ့ ကျွန်မရဲ့ လက်ပါးစေ ဟွမ်နမ်ဆီကနေတဆင့်.. အချစ်ကဗျာပို့ပေးလာတာတော့ အံ့သြမိတယ်... မယ်မယ့်ဆီတောင် တင်ပြဖို့စဉ်းစားမိသေးပေမဲ့.. လူကြီးမင်းရဲ့ဂုဏ်သိက္ခာနဲ့ ကျေးဇူးကို ထောက်ထားပြီး.. မလုပ်ဖြစ်ခဲ့ပါဘူး... ဒီတော့ဒီလိုမျက်နှာပူစရာ မသင့်တော်တဲ့ လုပ်ရပ်မျိုးကို.. ရပ်တန်းကရပ်ဖို့.. ကျွန်မကိုယ်တိုင် လာတွေ့ပြီး.. မေတ္တာရပ်ခံချင်တာပါပဲ......"

တောက်လျှောက်ကြီး မရပ်မနားပြောနေတဲ့ အင်ကြင်းရဲ့ စကားသံဟာ သဘာဝမကျလှပဲ ကြိုတင်ပြင်ဆင်ထားတဲ့ စာစုတွေကို ရွတ်ပြနေသလိုပဲ ကြက်တူရွေး စာအံအသက်ကင်းမဲ့လှတယ်။ ဘာပဲဖြစ်ဖြစ်လေ ယွင်ချန်ရဲ့အရှိုက်ကိုတော့ လှလှကြီးထိသွားပြီး အကြာကြီးကြက်သေသေနေမိတော့တာပဲ။

"...ဒါ..ဒါပေမဲ့.. စွီမိန်းကလေးရယ်... ကိုယ်.. ကိုယ်က မင်းနဲ့စကားပြောချင်ရုံသက်သက်ပါ... ပြီးတော့ ဒီကိုလာတာကလဲ.. မင်းကဗျာလေးကနေတဆင့်.. ကိုယ့်ကို ဖိတ်ခေါ်ခဲ့တယ်လို့ထင်မိလို့ပါ......"

"....ဟုတ်ပါတယ်... ယွင်လူကြီးမင်းကို ကျွန်မကဗျာကနေတဆင့်.. ဖိတ်ခေါ်ခဲ့ပါတယ်... ဒီ့အတွက် အခုလိုပဲ အထင်အမြင် လွဲမှားတာမျိုး ရှိနိုင်တယ်ဆိုတာလဲ.. ကျွန်မနားလည်သားပဲ.. ကျွန်မပြောခဲ့တဲ့အတိုင်း အခုရှုပ်မှ နောင်ရှင်းဆိုသလို.. ရှင်းရှင်းလင်းလင်း လုပ်ချင်တာကြောင့် အရဲစွန့်ပြီး... လူကြီးမင်းကို ကျွန်မဖိတ်ခေါ်ခဲ့တာပါ... ဒီတော့ အခုတွေ့ဆုံကြတာကိုရော.. ကျွန်မရဲ့ ကဗျာကိုပါ.. လူကြီးမင်းရဲ့ စိတ်ထဲမှာ နားလည်မှုလွဲမှားပြီး တလွဲမျှော်လင့်ချက်မျိုး မထားစေချင်ပါဘူး... မအပ်မရာတွေ တွေးပြီး မဖြစ်နိုင်တာကိုလဲ.. ရှေ့ဆက်မတိုးစေချင်ပါဘူး... လူကြီးမင်း နားလည်စေချင်ပါတယ်... ဒါပါပဲ..."


















Continue Reading

You'll Also Like

346K 32.1K 31
Zawgyi Title - ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာပြန်ထားတာပါ။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာ...
8.8K 1.7K 29
ســـەردەمـــانـــێڪـــ ئـــاشـــقـــے ئـــۆقـــیـــانووســـہ شـــینـــەڪـــانـــے دەریــــــا و زەریــــــاڪانـــ بـــووم بـــەڵـــامـــ ڪـــاتـــێ چ...
757K 7.2K 21
အလွန်ရိုင်းပါတယ် ဘာဗဟုသုတမှမရှိပါဘူး ကိုယ်စိတ်ကိုနှိုင်အောင်ထိန်း wattpad ကိစ္စ wattpad မှာထားခဲ့ ဖင်မယားနဲ့ ok အသက်မပြည့်သေးရင် ဝေးဝေးဂျောင်း not for...
273K 308 11
စာရေးရမှာ ပျင်းနေသေးလို့ ရေမယ်ဆိုရင် ဘယ်လိုလေးတွေရေးပေးရမလဲ ပြောပြခဲ့နော်