"Doctor.. Doctor" ..
တစုံတဦး၏ နူးညံ့စွာသော ခေါ်သံနှင့် ပုခုံးသို့ ခပ်ဖွဖွ လှုပ်နိုးမှုကြောင့် ကျနော် အိပ်နေရာမှ နိုးလာခဲ့သည် .. ပထမဆုံး အာရုံထဲဝင်လာသည်က ဆေးရုံရဲ့ ပိုးသတ်ဆေးနံ့နဲ့ နှလုံးခုန်နှုန်း တိုင်းတာစက်ရဲ့ ' တစ် တစ်' ဆိုသည့် အသံတိုးတိုး ...
ကျနော် ဖြေးဖြေးချင်း ကိုယ်ကို ဆန့်ထုတ်လိုက်တော့ .. ခါးက အတော်နာနေသည် .. ကျနော် ထိုင်လျက်ကြီးနဲ့ ကုတင်စွန်းပေါ် မျက်နှာအပ်ပြီး အိပ်မိနေတာပဲ .. ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့သူကို အခြေအနေ တစ်ချက် ကြည့်ပြီးတော့မှ ကျနော့်ကို လာနှိုးတဲ့ သူနာပြု ဆရာမကို ပြုံးပြလိုက်ရင်း ..
"ကျနော် အိပ်ပျော်သွားတာ .. ကြာပြီလား ဆရာမ .."
"မကြာပါဘူး ... Doctor .. ဆယ်မိနစ်လောက်ပေါ့ .. ကျမတို့လည်း Doctor ကို နှိုးရကောင်း မနှိုးရကောင်းနဲ့ ချိန်နေကြတာ ..."
ဆရာမရဲ့ uniform အရောင်ကို ကြည့်မိတော့ သူက နှလုံးကုသဆောင် ဒါမှမဟုတ် အထူးကြပ်မတ်ဆောင်က သူနာပြု တစ်ဦး ဖြစ်မယ် လို့ ခန့်မှန်းမိသည် ..
'Doctor ... နားချင်ရင် ကျမတို့ Ward ထဲက တာဝန်ခံ နားနေခန်းမှာ တစ်နေရာ စီစဉ်ပေးလို့ရတယ်ရှင့် ... ဒီက တာဝန်ခံတွေကလည်း ..Duty ၀င်နေတဲ့သူရဲ့ နေရာကို ပေးလိုက်ပါတဲ့ ..."
"အာ ... ရပါတယ် ခင်ဗျာ .. ကျနော် ခဏနေ ER ဘက် ပြန်သွားရမှာပါ .."
လူနာရဲ့ လက်ကို မလွှတ်တမ်းကိုင်ထားတဲ့ ကျနော့်ကို ဆရာမက ဂရုဏာ မျက်ဝန်းကြည့်ရင်း သူ ပြောသာ ပြောရပင်မယ့် ကျနော် ငြင်းမယ်လို့ ကြိုသိနေပုံနဲ့ ပြုံးနေတော့ ကျနော် ရုတ်တရက် ရှက်ပြီး .. Tol ရဲ့ လက်လေးကို ဘေးချကာ မတ်တပ်ထရပ်လိုက်မိ၏
ပြီးမှ မလန်းဆန်းနိုင်ဖြစ်နေတဲ့ မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး .. ECG တိုင်း ... Oxygen နဲ့ Blood Pressure ထပ်စစ်ပြီးမှ Tol နားက ထွက်လာခဲ့တယ် ..
ဖုန်းထုတ်ကြည့်လိုက်တော့ Time & Date က 19 March 3.50 AM တဲ့ ... Tol ဆုံးတဲ့ ညကို ကျော်လွန်ပြီး နောက်တစ်နေ့ မနက် လင်းတော့မှာပါလား ..
ကျနော် CCU ထဲကနေ ER ဘက်သွားဖို့ ... ကော်ရီဒါကို ဖြတ်ပြီး ဓာတ်လှေကားစောင့်နေတုန်း အနီးရှိ သူနာပြု နားနေခန်းကနေ ပျံ့လွင့်လာသည့် စကားအချို့က ...
"ဟဲ့ ..ဒါနဲ့ နင်တို့ သိပြီးလား ... ကောင်လေးက Doctor Tinh ရဲ့ ချစ်သူဆို ..."
"ဟုတ်မှာပေါ့ .. Doctor သနားပါတယ် .. သူ့ လက်ထဲတင် ဖြစ်တာတဲ့ .... ER ကို ရောက်တော့လည်း စိတ်လွတ်ပြီး အော်ဟစ်နေလို့ သူ့ကို ၀ိုင်းထိန်းကြရသေးတယ်တဲ့ .."
ဟက် ..ဆရာမတွေ ဆိုသည်မှာလည်း .. အတင်းပြောချင်ရင် လူကွယ်တဲ့အထိ စောင့်ဖို့တောင် ယဉ်ကျေးမှုမရှိတာမို့ Tinh စိတ်အချဉ်ပေါက်သွားသည်
ပုံမှန်ဆို ဒင်းတို့နောင်ကျဉ်အောင် စကားနဲ့ ပညာပါပါ နှိပ်ကွပ်ဦးမှာ ဆိုပေမယ့် လောလောဆယ်တော့ နောက်ကွယ်က အပြောအဆိုတွေကို .. ရင်ဆိုင်ဖြေရှင်းနေဖို့ အင်အားမရှိသေးလို့ Tinh မသိချင်ယောင်ပဲဆောင်ကာ ဓာတ်လှေကားထဲသို့ အမြန်ဝင်လိုက်သည် ...
အထဲကိုရောက်မှ တရိပ်ရိပ်ဆင်းနေတဲ့ နံပါတ်ခလုတ်တွေကို တွေတွေငေးရင်း ညက ER သို့ ရောက်ခါစ အချိန်က ဖြစ်ရပ်တွေ မတွေးချင်ပဲ ခေါင်းထဲ ရောက်လာပြန်သည် ..
Tol ကို လူနာတင်ယာဉ်ကနေ ER ထဲ ရွှေ့ပြီးတာနဲ့ တစ်မိနစ်ကို အကြိမ် ၂၀၀ နှုန်းနဲ့ ခုန်နေတဲ့ သူ့ရဲ့ နှလုံးကို ပုံမှန်ပြန်ထိန်းဖို့ .. နှလုံးရှော့ခ်ရိုက်စက်နဲ့ ညှိပြီး တစ်ကြိမ် ကုသခဲ့ရသည် ...
ကုသမှုက အလုပ်ဖြစ်သွားပြီး Tol ရဲ့ နှလုံးခုန်နှုန်းက ပုံမှန်နီးပါး ပြန်ဖြစ်သွားခဲ့ပေမယ့် .. သေလုမျောပါး အခြေအနေနဲ့ ရင်ဆိုင်လိုက်ရတဲ့ သူ့ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုကြောင့် သတိပြန်မလည် လာရှာဘူး ..
အသက်ရှုစက် တပ်ပေးပြီးတဲ့နောက်တော့ နှလုံး Ward က အထူးကုတစ်ယောက် ဆင်းလာကြည့်ပေးဖို့ ကျနော် request လုပ်ထားလိုက်ပြီး ..CCUထဲ ပို့ဖို့ စောင့်နေခဲ့ရတယ် ...
အဲဒီအချိန် အတောအတွင်းမှာ ကြည့်နေရင်းနဲ့ ..Monitor ပေါ်က Tol ရဲ့ နှလုံးခုန်နှုန်း အတွန့်လေးဟာ ခပ်တန်းတန်း တစ်ခေါက် ဖြစ်သွားသေးတာမို့ စောစောကတင် စိတ်ဒုန်းဒုန်းချလိုက်ရတဲ့ ကျနော်ဟာ Tol ကို လက်လွှတ်လိုက်ရပြီ အထင်နဲ့ ... အော်ဟစ် သောင်းကျန်းမိသွားတာ ..
တခြားသူတွေအတွက်က သာမန်လူနာ တစ်ယောက်သာ ဆိုပေမေယ့် ကျနော့်အတွက်က တန်ဖိုးတွေ အများကြီး ပေးဆပ်လိုက်ရသလိုပဲ မဟုတ်လား ...
ကျနော် ပြာယာခတ်ပြီး ပေါက်ကွဲနေတာတွေ မြင်တော့ Sing ကို သွားခေါ်ကြပြီး ..ကျနော့်ကိုတော့ Male Nurse ၂ယောက်က ER ထဲကနေ ဆွဲထုတ်သွားကြရတာ ..
ဖြစ်ရပ်က ဒါလေးတင်ပါ .... ဆေးရုံအတွက်တော့ ယနေ့ အတင်းအဖျင်း ကဏ္ဍရဲ့ Highlights ဖစ်သွားတာပေါ့ ..
Sing ကတော့ ကျနော့်ကို အထူးအဆန်းလို တစ်ချက်ကြောင်ကြည့်ပြီး Tolရဲ့ အသက်ကိုကယ်ဖို့ ကျွမ်းကျွမ်းကျင်ကျင်ပဲ ဆက်လုပ်သွားလေ၏
Tolကို CCUထဲ ပို့လိုက်ပြီး မကြာခင်မှာပဲ သူ့ ဖေဖေနဲ့ မေမေရောက်လာပြီး မနက် ၂နာရီလောက်အထိ မအိပ်ဘဲ စောင့်နေကြရှာတော့ ကျနော်လည်း မလှမ်းမကမ်းက တာဝန်ကျ Nurse တွေ ထိုင်တဲ့ ကောင်တာမှာပဲ စောင့်ကြည့်နေလိုက်တယ်
သူတို့ ခဏပြန်သွားကြမှ .. Tolဘေးနားမှာ ကျနော် ဝင်ထိုင်ဖြစ်တော့ Tolမျက်နှာလေးမှာ အရင်အခေါက်တွေကလို သွေးစက်တွေ ခြောက်ကပ်ပေကျံမနေတာရယ် ... ကိုယ်မှာ ဒဏ်ရာဒဏ်ချက် အညိုအမဲတွေ စွဲမနေတာရယ်ကို ကျနော် သတိထားမိလိုက်တယ်
ဒါလေးကပဲ ကျနော့် ကြိုးစားမှုအတွက် တိုးတက်လာတဲ့ ရလဒ်မို့ ကျနော့် သူ့လက်လေးကို ဆုပ်ကိုင်ပြီး ရင်ထဲ နာကျင်နေတဲ့ကြားကပဲ ပီတိပြုံး ယဲ့ယဲ့လေး ပြုံးပြန်မိတယ်
Tolရဲ့ လက်ရှိအခြေအနေက ကျနော့်ကို ဘာဆက်လုပ်သင့်တယ်ဆိုတာကို မတင်မကျနဲ့ ဝေခွဲမရဖြစ်စေတယ်
ကျနော့် စိတ်ရဲ့ မိုက်ရူးရဲ အပိုင်းက Tol အခုလို အသက်ရှုစက် တန်းလန်းနဲ့ အရေးပေါ် အခြေအနေ ဖြစ်နေရတာကို ကိုယ့်အပြစ်မကင်းသလို ခံစားနေရလို့ အချိန်စက်ကွင်း အသစ်တစ်ခုကို ပြန်စ လိုက်ပြီး မှားသွား လိုအပ်သွားတာတွေကို ပြန်ပြင်ချင်နေတယ်
ဆင်ခြင်တတ်တဲ့ အပိုင်းကတော့ အခုအခြေအနေ အတိုင်းလေးပဲ ဆက်သွားပြီး ဒီကုသမှုမှာ Tolဟာ 100% ပြန်ကျန်းမာလာနိုင်သလား .. ဒါမှမဟုတ် တခြား ဆက်နွယ်နေတဲ့ ရောဂါတွေ တွေ့နိုင်သေးလားဆိုတာကို ဆရာဝန် တစ်ယောက် ပီပီ ထပ်လေ့လာချင်နေတယ်
ဓာတ်လှေကားထဲက ထွက်ပြီး ERဘက်ကို စလှမ်းမိတဲ့ အချိန်မှာတော့ ခုန အကြောင်းအရာ နှစ်ခုထက် ကျနော် ပိုသိချင်လာတာက ကျနော် အချိန်စက်ကွင်းကနေ လွတ်ပြီလား ဆိုတာပဲ
ညက Tol အသက်ရှင်နိုင်သွားပြီဆိုတော့ ခုနေ ကျနော် အိပ်လိုက်ရင် ဘယ်နေ့ ဘယ်အချိန်မှာ ပြန်နိုးလာမှာလဲ
ERရောက်တော့ အိပ်ဆေး ကောင်းကောင်း ၂လုံး ဝင်ယူလိုက်ပြီး ည မဟုတ်တော့တဲ့ မနက် ၃နာရီ ကျော်ကျော်မှာ Condoကို ပြန်ကာ အိပ်ပျော်ဖို့ ကျနော် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်တယ်
ရှုပ်ထွေးမှုတွေနဲ့ အတူ နောက်ပြန်လည်နေရတဲ့.. မနက်ခင်းတွေမှာ ကျနော် နိုးမလာရပါစေနဲ့တော့
Tol အသက်ရှင်နေတဲ့ အခုလောလောဆယ် အချိန်ကနေပဲ ဆက်သွားခွင့်ရရင်တော့ အတိုင်းထက် အလွန်ပါပဲဗျာ
#########
"ကယ်ကြပါဦး ..."
"ကယ်ကြပါဦးရှင် ..."
မိန်းမငယ်တစ်ဦးရဲ့ အကူအညီ တောင်းခံသံက ကမ်းခြေတလျှောက် ပျံ့လွင့်လာသောကြောင့် ... ရေစပ်တစ်နေရာတွင်.. သဲဖြင့် ရဲတိုက်အိမ်ကလေး အတူ ဆောက်နေကြသော .. သားအဖ နှစ်ဦးမှ .. အလန့်တကြား မော့ ကြည့်မိကြသည် ...
"ဘာဖြစ်ကြတာပါလိမ့်"....
ဖခင် ဖြစ်သူမှ စိုးရိမ်တကြီးနဲ့ အသံလာရာသို့ မျှော်ကြည့်ရင်း ... အနားမှ ထထွက်သွားတော့ ... ၁၁နှစ် အရွယ် သားငယ်သည်လည်း ..ဖခင်နောက်သို့ တကောက်ကောက်လိုက်သွားမိ၏
အနည်းငယ် ပြေးမိလာကြတော့ ... မိမိတို့ဆီ ဦးတည်ရင်း ... အမောတကောလာနေသော အမျိုးသမီးတစ်ဦး ...
ထို အမျိုးသမီးက ကမ်းခြေသို့ အလည်အပတ် ခရီးမှာ အတူလိုက်လာသော မိခင်ဖြစ်သူ၏ သူငယ်ချင်းတွေထဲက တစ်ဦးမှန်း ကလေးငယ် မှတ်မိနေ၏
"သားငယ် ... သားငယ် ရေနစ်သွားလို့ ...Dr.Tul ...
P'Oat လည်း ချက်ချင်းဆင်းဆယ်တာပဲ ... ဒါပေမယ့် ကလေးက သတိလစ်နေပြီ ... လုပ်ပါဦး ... Dr. ကြည့်ပေးပါဦးရှင် ..."
ဖခင်၏ လက်မောင်းကို ဆွဲပြီး အားကိုးတကြီး ပြောနေတဲ့ အန်တီရဲ့ မျက်နှာကို ကြည့်ရင်း သူ့ သားငယ်ဆိုတာ ဘယ်သူမှန်း ကောင်လေး ရိပ်မိသွားသည် ..
"ဟင် Nongက ခုနလေးတင် သားတို့နဲ့ လာဆော့နေသေးတာလေ ..."
မယုံနိုင်သလို အော်ဟစ်ရင်း .. ဖခင်လှမ်းတားနေမည် စိုးကာ .. လူအုပ်ရှိရာဘက်ကို တရှိန်ထိုး ပြေးထွက်ခဲ့သည် ...
အနားရောက်နေတော့ ၅နှစ်သား ကလေးငယ်လေးကို သဲပေါ်မှာ ချထားရင်း မျက်လုံးတွေ ပြူးကြောင် နေသော အန်ကယ်တစ်ယောက် ... သူ့တစ်ကိုယ်လုံးလဲ ရေတွေရွဲနစ်နေ၏
"Nong ... Nong ... ထပါဦး ... P' တို့အိမ် လိုက်ခဲ့မယ်ဆို .. P' ညီလေး လုပ်မှာဆို.."
သူ အော်နေတုန်းမှာပဲ .. ဖခင်ဖြစ်သူ Dr. Tul ရောက်လာပြီး ... ကလေးငယ်ကို ဇောက်ထိုးချီမလိုက်လေသည် ...
"ညောင် ..."
Ai' Sibra ရဲ့ အသံကြောင့် ၀မ်းနည်း မွန်းကြပ်ဖွယ် အိပ်မက်ဆီမှ Tinh ..လန့်နိုးလို့လာသည် ..
မနက်ဆို ရင်ဘတ်ပေါ်တက်ပြီး အစာတောင်းတတ်တဲ့ မိမိကြောင်မလေးရဲ့ အကျင့်ကလည်း ပင်ပန်းလွန်းလို့ Alarm သံပင် မကြားတော့တဲ့ နေ့တွေမှာ အတော်ကို အသုံးဝင်နေတတ်သည် ..
အိပ်ရာမှ ထလိုက်တော့ ... တစ်ကိုယ်လုံးလေးလံပြီး ... ခေါင်းကိုပင် မထူနိုင် ..
ညက ၄နာရီ ထိုးခါနီးမှ အိပ်ဆေးတွေ သောက်ချပြီး အိပ်လိုက်တာကြောင့်ပဲ ဖြစ်မည် ..
ခေါင်းအုံးဘေးက ဖုန်းကို ဆွဲယူကာ ကြည့်လိုက်တော့ 19 March 7am တဲ့ ...
ကျနော် ဖုန်းဆီက မျက်နှာလွှဲကာ မျက်စိကို ခပ်တင်းတင်း ပြန်မှိတ်ထားလိုက်သည် ... ခဏနေမှ ပြန်ဖွင့်ကာ ကျနော့် မြင်ကွင်းရော အာရုံပါ ကြည်ကြည်လင်လင် ဖြစ်လာသည်အထိ မျက်တောင်တွေကို ဖွင့်လိုက်ပိတ်လိုက် လုပ်ပစ်ပြီး ဖုန်းကို အားယူကာ ပြန်ကြည့်မိသည် ...
ကျနော် မမှားပါ .. ဖုန်းမှာ ပြနေတဲ့ Date က Tol ဆေးရုံသို့ ရောက်လာချိန်ရဲ့ နောက်တစ်နေ့၏ မနက် ...
အားး .... Shit ... ပြီးသွားပြီပေါ့ ...ကျနော် အချိန်စက်ကွင်းတွေကို ဖြတ်ထွက်နိုင်သွားခဲ့ပြီ...
သေချာပါတယ် .. ဒီနေ့မှာ အရင် နောက်ပြန်သွားနေကျ မနက်တွေကလို Tol အကြောင်း မေ့နေပြီးမှ ရုတ်တရက် သတိရလာခြင်းမျိုး မရှိဘဲ မနေ့ညက အကြောင်းတွေကိုသာ ရိုးရိုးတန်းတန်း မှတ်မိနေလေသည်
ပျော်နေသင့်ပါရက်နဲ့ ... ကျနော်မပျော်မိ ... သတိကောင်းကောင်းလည်မလာသေးတဲ့ .. Nong Tol ကိုသာ စိုးရိပ်နေမိသည် ..
############
ကျနော် အတော့်ကို အိပ်ရေးပျက်နေပြီး .. လမ်းလျှောက်ရင်တောင် ယိုင်ချင်နေပေမယ့် ထုံးစံအတိုင်း .. မနက် ၈နာရီမှာတော့ ER သို့ တာဝန်ချိန်လဲရန် .. အရောက်သွားခဲ့သည်
ညက ကျနော့်အစား တာဝန်ချိန်လဲပေးထားတဲ့ Ai'Sing ကို နောက်တစ်ဆိုင်း ထပ်လဲပေးခိုင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူးလေ ..
ဌာနကို ရောက်တော့ .. Ward ထဲ ရှိသမျှ ဆရာဝန် သူနာပြု အားလုံးက လုပ်လက်စတွေ ခဏရပ်ကာ ကျနော့်ကို စိုးရိမ်တကြီး လှမ်းကြည့်နေကြလို့ ခပ်ကုပ်ကုပ်ပဲ အ၀တ်လဲခန်းထဲ ၀င်ပြီး .. ER Uniform အပြာကို လဲကာ ... အပေါ်က Duty Coat အဖြူကို ထပ်ဝတ်လိုက်သည် ..
ပြန်ထွက်လာတော့ .. ဆံပင်ကို ဖရိုဖရဲ စီးထားလို့ ဖွာလန်နေပြီး ... သွေးစုတ်ဖုတ်ကောင်လို ဖြူဖျော့နေတဲ့ မိန်းကလေးတစ်ယောက် ကျနော့်နားရောက်လာပြီး ...
"P' Tinh ... အိုကေရဲ့လား ... ဟို Nong ရော သက်သာလား ..."
လက်ထောက်ဆရာဝန် Nong Kung က Ai'Sing နဲ့ တွဲရက် တာဝန်ချိန် ယူတာများပြီး ER ရောက်တာ ၂နှစ်လောက် ရှိပြီဖြစ်တဲ့ junior တစ်ယောက်ပါ ..
ညက သူလည်း Sing နဲ့ အတူ ER ထဲ ရှိနေတာမို့ ကျနော့် အဖြစ်အပျက် အားလုံးကို မျက်မြင်ကြုံသွားခဲ့သည် ..
"အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး Nong .... အခု Phi ကို ဘာCase တွေ လွှဲမလဲ .."
"Kung ၀င်ရတဲ့ အဆိုင်းက သိပ်မရှုပ်ပါဘူး .. Phi .. Case ၂ခုလောက်ပဲ Phi ဆက်ကြည့်ရမယ် ... တစ်ခုက ဟိုနားက အကို .. သူက မူးပြီး .. ကားက လမ်းဘေးထိုးဆင်းသွားတာ ... ပုခုံး အဆစ်လွဲသွားလို့ .. Kung ပြန်တည့်ပေးထားတယ် .. X-ray စစ်ထားတာ result မရသေးဘူး .."
"နောက်တစ်ခုက အဘိုးတစ်ယောက် .. အသက်က ၈၀ .. ဆီးချို သွေးတိုး အကုန် စုံတယ် .. လေဖျန်းချင်သလို ဖြစ်ပြီး ပါးစပ်ရွဲ့နေတယ် .. ဘယ်ဘက် တစ်ခြမ်း အလုပ်မလုပ်ချင်တော့ဘူး .. CT လုပ်ပြီးပြီ ... Phi က ဆေးပေးပေးပါ ..."
ကျနော် ခေါင်းညိတ်ပြလိုက်ပြီး ... "ကျေးဇူး Kong .. သွားနားလို့ရပါပြီ .."
"ဟုတ် Phi ... ဒါဆို Kung ကိုခွင့်ပြုပါဦး..."
နားနေခန်းထဲ ၀င်သွားတဲ့ Kung ကို လိုက်ကြည့်နေမိရင်း သူပြောသွားတဲ့ Case တွေက ကျနော် အခုတလော ထပ်ခါ ထပ်ခါ ပြန်ကုနေရတဲ့ Case တွေ မဟုတ်တော့လို့ ... စိတ်ထဲ ပေါ့ပါးသွားသည် ...
ER ကို ၀င်ပြီး ... ကျနော့်အတွက် ပေးထားတဲ့ လက်ထောက်ဆရာဝန် စာရင်းကို စစ်လိုက်တော့ အားလုံး ယောကျာ်းလေးတွေချည်းပဲ ... ပြင်ပ ဆရာဝန် နှစ်ယောက်နဲ့ Pong ဆိုတဲ့ လက်ထောက် ဆရာဝန်လေး ...
အရင် နှစ်ရက်နဲ့ မတူတဲ့ လူစာရင်းကြောင့်လည်း ဒီနေ့ဟာ နေ့သစ်တစ်ရက်ဆိုတာ ပိုလို့ သေချာသွားခဲ့ပြီ ..
"အသစ်ဝင်လာတဲ့ Caseတိုင်း ကို ပြင်ပဆရာဝန်တွေ အရင် ကိုင်ရမယ်နော် .. မလုပ်တတ်တာရှိမှ ... Phi နဲ့ Phi Gap ဆီ Report တင်မယ် ... "
မနက်ခင်းမို့ လူနည်းနေသေးတဲ့ ER ထဲမှာ အားလုံးကြား နိုင်လောက်တဲ့ အသံနဲ့ ပြောလိုက်တော့ Nong တွေ အားလုံးက ခေါင်းညိတ်လာကြသည် ...
ကဲ .... ဒီနေ့တော့ အပူတွေ တစ်ဝက်လောက်လျော့သွားပြီ ဆိုတော့ မင်းတို့ရဲ့ ချစ်စရာကောင်းတဲ့ P'Tinh ပြန်လုပ်ရဦးမှာပေါ့
#########
"သတိမရသေးတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ် ... Cerebral Hypoxia ၀င်ထားလို့ပဲ .. နှလုံးရပ်သွားပြီးမှ ပြန်ဆယ်ထားရတာ ဆိုတော့ ဒါကို Nong လည်း မျှော်လင့်ပြီးသားဖြစ်မှာပါ..."
Professor Pot မှ .. Tolရဲ့ ဦးနှောက်အား X-Ray ရိုက်ထားသောပုံကို ဖွင့်ပြရင်း ပြောလာသည် ..
"Phi ရဲ့ အတွေ့အကြုံနဲ့ ပြောပါ ဆိုရင်တော့ ပုံမှာမြင်နေရသလောက်ဆိုရင် ... သိပ်အခြေအနေ အဆိုးကြီးတော့ မဟုတ်ပါဘူး .. ဒါပေမယ့် .. မင်းလည်း ကြုံဖူးနေကျ အတိုင်းပဲ ... ဘာဆက်ဖြစ်မယ်ဆိုတာတော့ .. ကျိန်းသေပြောရခက်တယ် .. Phi တို့ စောင့်ကြည့်ပြီး .. လိုအပ်ရင် ECG ပါ ထပ်ရိုက်ကြည့်ကြတာပေါ့ .."
(Cerebral Hypoxia - နှလုံးရောဂါသည်တွေ အမောဖောက်သွားရင် ဖြစ်တတ်တဲ့ ဦးနှောက်မှာ oxygen မလုံလောက်တော့ခြင်း - ပြင်းထန်ရင် ဦးနှောက် Cellလေးတွေ သေသွားတတ်)
"ဟုတ်ကဲ့ Professor" ..
Monitor မှာ ပြထားတဲ့ ပုံကို ကြည့်ရင်း အသံတိုးတိုးသာ ထွက်လာတဲ့ ကျနော့်ကို ... Professor က ပုခုံးကို ဆုပ်ကိုင်လိုက်ရင်း ..
"Phi အားလုံးကြားပြီးပါပြီ ... စိတ်ဓာတ်မကျပါနဲ့ Nong ... ဒီထက် အခြေအနေဆိုးတာတွေ ပြန်ကောင်းသွားတာလည်း Phi ကြုံဖူးပါတယ် .. သူ့နားမှာ များများပိုနေပေးပေါ့ ... အနည်းဆုံးတော့ သူ့အပေါ် ဒီလောက် ကြင်နာပြီး ဂရုစိုက်တဲ့သူ တစ်ယောက် ရှိနေတာ သူသိမှာပါ ... Nong ကြောင့်ပဲ သူပြန်ပြီး သတိရလာမယ်လို့ Phi ယုံကြည်တယ် .."
Professor Pot ရဲ့ အားပေး စကား ပြောတဲ့ ပုံစံကြောင့် ကျနော့်မှာ မျက်ခုံးလှုပ်သွားရသည် ... Tol ကို ကျနော့်ကောင်လေးဆိုပြီး .. ဆေးရုံတစ်ဝန်းလုံး ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ်လိုက်ကြပုံပဲ ...
"Phi ... အဲဒါက မဟုတ်..."
"အော် ... P'Tuu လာဗျာ" ... Professor က ကျနော့် စကားကို မကြားတော့ဘဲ လူနာ report လာတင်တဲ့ သူ့ Ward ထဲက Chief nursae ဆီ အာရုံရောက်လို့သွားသည် .. ရှင်းပြဖို့ ထပ်ကြိုးစားမနေတော့ဘဲ ... Nong Tol ဆီရှာ အခန်းကိုပဲ သွားလိုက်ပြီး .. သူ့ဘေးနား ခဏထိုင်ပေးဖို့ ဆုံးဖြတ်လိုက်သည် ...
အခန်းထဲရောက်တော့ ကုတင်ဘေး ပြတင်းပေါက်မှ နေရောင်က Tol မျက်နှာကို ဟပ်နေ၏ ... ကိုယ်ပူပါ ၀င်သွားမှာ စိုးရိမ်ပြီး ... ပြတင်းပေါက် လိုက်ကာကို အရင်ပိတ်လိုက်ပြီးမှ ... Tol ဘေးမှာ ၀င်ထိုင်လိုက်သည် ...
တကယ်တော့ Professor Pot ပြောသလို ချစ်တဲ့သူရဲ့ စွမ်းအားနဲ့ ပြန်ကျန်းမာလာမယ် ဆိုရင်တောင် ... သူ့ဘေးမှာ ရှိနေရမယ့် ချစ်တဲ့သူဟာ ကျနော် မဟုတ် ..
အင်းး.. Nong Maiရော သူ့ဆီလာရဲ့လား မသိဘူး ..
ကျနော် သူများအကြောင်းတွေ တွေးပြီး စိတ်အားလျော့ မနေဖို့ ဆုံးဖြတ်လိုက်ပြီး .. Tol ရဲ့ လူနာဝတ်စုံကို ချွေးတွေ စိုနေသေးလား တစ်ချက်စမ်းကြည့်လိုက်တယ် ... ကျောအောက်မှာ ခေါက်ပြီး ထောက်နေတာမျိုးမရှိအောင် မွေ့ရာနဲ့ အိပ်ရာခင်းကိုပါ ဆန့်ဆန့်ရန့်ရန့်ဖြစ်အောင် ပြန်ပြင်ပြီး ... ချိတ်ထားတဲ့ Saline ဗူးနဲ့ အသက်ရှုစက်ကိုလည်း ပုံမှန် အလုပ်လုပ်နေသလား .. စစ်လိုက်တယ် ..
ကျနော် အဆင်ပြေပါတယ် ... သူ့ကို ကျနော့်ထက် ပိုဂရုစိုက်မယ့်သူ ... ဒါမှမဟုတ် သူက ပိုပြီး ဂရုစိုက်ခံချင်တဲ့သူ တစ်ယောက် ပေါ်မလာမချင်း ကျနော် ဒီလိုလေးပဲ ရှိပေးနေမယ် ...
ဘာလို့ဆို ... သူကသာ ... ကျနော် အပြည့်အ၀ ဂရုစိုက်ပေးချင်တဲ့ တစ်ဦးတည်းသော လူသား ဖြစ်နေလို့ပါပဲ ..
Tol မျက်နှာလေးကို ငေးရင်း ကျနော် Duty ချိန်ပြန်မစခင် သူ့အနားမှာ နေပေးနိုင်တုန်း သတိပြန်ရလာရင် .. ကောင်းမှာပဲလို့ တွေးနေတုန်း ... ကျနော့် uniform အိတ်ကပ်ထဲက ဖုန်းက vibration ၀င်လာလို့ .. ဘယ်သူခေါ်တာလဲ ကြည့်လိုက်ရင်း ...
"ဘာအရေးကိစ္စများလဲ .. Dr. Tul ..."
"Hello, Dr.Tihn ... တာဝန်ချိန်ကြီးလား ခင်ဗျ" .. တစ်ဖက်မှ အသံက ပျော်ရွှင်နွေးထွေးလျက် ...
"မဟုတ်ပါဘူး ခင်ဗျာ .. ပြောလို့ရပါတယ်" ..
အဖေက ကျနော့်ကို Dr. တပ်ပြီး နောက်သလိုလို ခေါ်တတ်တာ ကျနော် ဘွဲ့ရပြီးကတည်းက ဆိုပါတော့ .. အမှန်တော့ သူ့ရဲ့ ရွှတ်နောက်နောက် ခေါ်သံမှာ သူ့ ခြေရာအတိုင်း လိုက်တဲ့ သားတစ်ယောက်အပေါ် မြတ်နိုးမှုနဲ့ အလုပ်မှာ မခိုမကပ်တဲ့ ကျနော့်ကို လေးစားမှုပါ ပေးပြီး ခေါ်တယ်ဆိုတာ .. ကျနော် သိနေပါသည် ...
အဖေ ကျနော့်ကို Dr. လို့ ခေါ်လိုက်တိုင်းလည်း ကျနော် ခက်ခက်ခဲခဲ လျှောက်လာရတဲ့ လမ်းကြောင်းမှာ မောခဲ့သမျှတွေ အားလုံးပြေပျောက်သွားသလိုပါပဲ ...
အဖေက .. ဆေးလောက တစ်ခုလုံး ချစ်ခင်ရိုသေရတဲ့ ခွဲစိတ်ဆရာဝန်ကြီး တစ်ယောက် ဖြစ်ခဲ့သလို၊ ကျန်းမာရေး ၀န်ကြီးတစ်ယောက်လည်း ဖြစ်ခဲ့ပြန်သည် ...လက်ရှိ အငြိမ်းစားယူပြီးတော့လည်း .. ၀န်ကြီးဌာနနဲ့ ကျန်းမာရေး နယ်ပယ်မှာ ဖြေရှင်းရခက်တဲ့ ကိစ္စတွေ ရှိလာတဲ့ အခါမှာတော့ ဖေဖေ့ကို အတိုင်ပင်ခံ အနေနဲ့ တရိုတသေ ပင့်ခေါ်ကြမြဲ
အငြိမ်းစားယူပြီးနောက်ပိုင်း ဖေဖေ ပြောတတ်တာတစ်ခုက သူ အလုပ်မရှိတော့တာ မဟုတ်ပါဘူးတဲ့ ဆရာဝန်ဘ၀က နားပြီး မေမေ့ ချစ်ယောကျာ်းအဖြစ် အချိန်ပြည့် တာဝန်ယူလိုက်တာပါတဲ့ ...
"အင်း ... အားတယ်ဆိုလည်း ... တောင်းထားတဲ့ Textbook PDF လေး ပို့ပေးဦးလေ .... Doctorက ကျနော့်ဆို ဘယ်တော့မှ ဦးစားပေးမယ် မရှိဘူး" ...
"Oi, sry ပါ ကျနော် မေ့သွားတာ" ..
အဖေ့ကို တောင်းပန်နေရင်း လက်တစ်ဖက်ကတော့ Tol လက်ညိုးထိပ်မှာ တပ်ထားတဲ့ အဖျားတိုင်း ကိရိယာလေး မရှိတော့တာ သတိထားမိပြီး ဟိုစမ်းဒီစမ်းလုပ်ကာ ကုတင်ဘေးစွန်းမှာ ပြန်တွေ့တော့ Tol လက်မှာ ပြန်တပ်ပေးထားလိုက်သည် ...
"ဒါနဲ့ ... Por က ကျနော့်ကို အရာရှိ အချင်းချင်း ပြောသလိုကြီး ဘယ်အထိပြောနေမှာလဲ ..."
"ဒါက ဒီလိုပါ ... အခု Dr ကို ကျနော် လူနာကြည့်နေရင်း ဖုန်းခေါ်ရတာမို့ပါ ..
မြို့နယ် ဆေးရုံမှာ ရှားပါး အကြိတ်ရောဂါ ဖြစ်နေတဲ့ လူနာတစ်ယောက်ရှိလို့ လာကြည့်နေတာပါ ခင်ဗျာ .."
"Aww .. နောက်နေ့တွေကျရင် စကားအပြောအဆိုလည်း သိပ်ယဉ်ကျေးတဲ့ Professor Dr. Tul ဆိုပြီး Social Media မှာ ပြန့်ဦးမယ့် အကွက်တွေနော် Por ..."
"No.. No... ဒီလို ရည်ရွယ်ချက် မရှိရိုးအမှန်ပါ" ...
အဖေ့အသံက ကြိတ်ရယ်ချင်နေသလိုမို့ Tinh စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ရမ်းမိလိုက်သည် ...
ငါလေး တော်ချင်ကောင်းချင်ရဲ့သားနဲ့ ... တစ်ချက်တစ်ချက် ထဖောက်တာ ဒီအဖေဆီက မျိုးရိုးလိုက်လို့ပဲ ဖြစ်မယ် ...
"Por တောင်းတာ ပို့ဖို့ မမေ့နဲ့နော် .. Tihnလေး မကူရင် Por မှာ အများကြီး လျှောက်ရှာပြီး နောက်ဆုံး မတွေ့ရင် .. လူနာကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နည်းစနစ်နဲ့ ကုပေးနေရတော့မယ် ..."
"ဟုတ်ပါပြီ ... ဟုတ်ပါပြီ .. ညနေ အားတာနဲ့ ပို့လိုက်ပါ့မယ် ..."
"Okay ဗျာ ... အော် .. ဒါနဲ့ Tinh" ..
ကျနော် ဖုန်းချလိုက်တော့မယ့်ဆဲဆဲ အဖေက စကားဆက်လို့လာသည် ...
"Mae ရဲ့ သူငယ်ချင်း Aunty Pang နဲ့ Uncle Oat တို့ မင်းထိုင်တဲ့ ဆေးရုံမှာ ရောက်နေကြတယ်တဲ့ .."
"ဗျာ ... ဘယ်သူတွေလဲ Por"
ကျနော် သိမနေတဲ့ နာမည်တွေကြောင့် အဖေ့တို့ အသိထဲက လူတွေကို ဦးနှောက်ထဲ ချက်ချင်း ပြန်စဉ်းစားလိုက်ပေမယ့် အဖြေထွက်မလာ ..
"Er ... Tihnလေး ဘယ်မှတ်မိပါ့မလဲ ... ကြာခဲ့ပြီကိုး ...
Tihn အသက် ဆယ်နှစ်လောက်အထိ Por တို့နဲ့ နှစ်တိုင်း ခရီး အတူထွက်ဖြစ်တဲ့ မိသားစုလေ .. နောက်ပိုင်း Por နယ်မှာ တာဝန်ကျလို့ မတွေ့ဖြစ်ကြတော့တာ ...တစ်ခေါက်မှာ သူတို့သား ပိစိလေး .. ရေနစ်လို့ Por ကယ်ရသေးတယ်လေ ..."
"ရေနစ်တဲ့ ကလေးလေး ... ဟုတ်လား Por .."
Tihn စိတ်ထဲ မနက်က မက်တဲ့ အိပ်မက်ကို တွေးမိကာ .. အံ့သြသင့်သွားသည် ..
"အွန်း .. နောက်ရက်တွေ ဆေးရုံတင်ထားရတော့ .. Tihn ဆေးရုံက မပြန်ပါဘူး လုပ်သေးတယ်လေ ...
ဖုန်းခဏကိုင်ထား Tihn ... Por ကော်ရီဒါဘက် ထွက်လိုက်ဦးမယ် ..ပြောလက်စနဲ့ Por တစ်ခါတည်း မှာတော့မလို့ ..."
"ဟုတ် Por.."
ခဏနေတော့ လူရှင်းတဲ့ နေရာရောက်သွားလို့ ထင်တယ် ...အဖေက တဟက်ဟက်နဲ့ ထရယ်ပါရော
"အဲ့ဒီတုန်းကဆို ... Dr.Tihn တို့ အချစ်ရူးနေလား ထင်ရတယ် ... Por နဲ့ Mae မှာ တစ်ဖက် လင်မယားကို အားနာလိုက်ရခြင်း.. သူတို့သားကို မင်းက မိန်းကလေးထင်နေတာလေ .. ဟိုကလေးက ဆံပင်ညိုညို အသားဖွေးဖွေးလေးနဲ့ ချစ်စရာလေး ... မင်းကို သူ့နားက ခွဲထားလို့ကို မရဘူး .. ရေနစ်တော့ မင်း သေချာ မကြည့်ထားလို့ နစ်တာပါ ဆိုပြီး .. ငိုသေးတယ် ..."
Tol စိတ်ထဲမှာ အခုမှပဲ ဖြစ်ရပ်တွေ အားလုံး တရေးရေး ပေါ်လာတော့တာမို့ ...
"ဟာ... Por ... ရပ်လိုက်တော့ ... ဒီလောက်ဆို ရပြီ ..."
"မရပါဘူး ...အခုမှ တကယ်ပြောချင်တဲ့ နေရာရောက်တာ ... ကလေးလေး နေပြန်ကောင်းတော့ ပင်လယ် ကမ်းပါးပေါ်က ဘုရားကျောင်းမှာ ယတြာသွားချေကြသေးတယ် ..."
"Porrrr ....တော်ပြီဆိုဗျာ" ...
Tihn ခြေထောက်တွေပါ ဆောင့်မိသွားသလားပဲ ...
"Tihnလေးတို့များ အဲ့ကလေး လက်ကို ဆွဲပြီး .. ဆုတောင်းပြည့်ဘုရားရှေ့မှာ လူကြီးစတိုင်နဲ့ သစ္စာတွေ ဘာတွေ ဆိုသေးတာ ... ဟားဟားး..
ဘာတဲ့ ..
Nong မှာ အန္တရာယ်တွေ ကြုံလာတိုင်း Phi က အစွမ်းကုန် ကာကွယ်ပါ့မယ် ... ကြီးလာရင်လည်း Nong ကိုပဲ လက်ထပ်ပါမယ်တဲ့ ..."
Tihn အခုလေးတင် ပြန်မှတ်မိသွားတဲ့ ကိစ္စတွေက တကယ်ပဲ ဖြစ်နေတာမို့ နားရွက်ဖျားတွေပင် ပူလာသလို ဖြစ်သွားသည်အထိ ရှက်လာသည် ..
"Por .. ပြောချင်တာ ဒါပဲမှတ်လား ... ကျနော် ER ထဲ ပြန်ဝင်တော့မယ်"
"နေပါဦး ..ခဏ ...ခဏ .. Por အခု အတည်ပြောတော့မယ် ..
အဲ့ကလေးလေးပဲ ... မနေ့ညက သားတို့ ဆေးရုံမှာ အမောဖောက်လို့ အရေးပေါ် တင်ထားရတယ် ... အဲဒါ လောလောဆယ် CCU မှာလား ... နှလုံး Ward မှာလားပဲ ... သတိမေ့နေတုန်းမို့ အသက်ရှုစက်တပ်ထားရတယ်လို့ ပြောတယ် ..."
အဖေ့စကားကြောင့် ဖုန်း ပြောနေတဲ့ တလျောက် Tol ရဲ့ လက်ဖမိုးလေးကို မသိစိတ်နဲ့ ဖွဖွလေး ပွတ်သပ်မိနေသော ကျနော့် လက်ချောင်းတွေ ရပ်တန့်သွားပြီး .. ကျနော့်တစ်ကိုယ်လုံး ..ကြက်သီးတွေ ထလာသည် ...
"Por ... အဲ့ဒီ Nong ရဲ့ နာမည်က ဘာတဲ့လဲ .."
"အမ်းး ... Por ကလဲ ရှေ့နာမည်လေးပဲ မှတ်မိတယ် ... Mae ဆီ ဖုန်းပြန်ဆက်မေးပြီး ပြန်ပြောပြမယ်ကွာ..."
"ရတယ် Por ... ရှေ့နာမည်ပဲ ပြောပါ .."
Tihn ရဲ့ ရင်ဘတ်ဆီမှ .. တဒုန်းဒုန်းမြည်နေပုံက အိပ်နေတဲ့ လူနာပင် နိုးလာလို့ ရတော့မတတ်..
"Tol ...ဖြစ်လိမ့်မယ် သားး .. ဟုတ်တယ် ... Por သိတာ သူ့နာမည် Tolတဲ့ .."
###########
အမ်း .. Dr.Tihn ကြီးတော့ ပျော်နေတော့မယ် ... စွမြင်တွေကပ်ပြီ ... 😂😂😂
###########
ဒါနဲ့ ... သိပ်လာမဖတ်ကြဘူးနော် ... လေးနာရီလောက် တညောင်းထိုင်ရိုက်ပြီး ဘာမှ ပြန်မရတဲ့ Translator လေးအတွက် အားလေးတွေတော့ ပေးသွားကြ .. 🖤🖤
ချစ်တဲ့
Katherine
🖤🖤🖤🖤🖤