Unicode#
နှင်းများဖြင့်အုံ့ဆိုင်းနေသောညတစ်ည …
အိမ်ခြေဟောင်းများ စုဝေးနေသော လမ်း
ကျဉ်းကျဉ်းလေးထဲတွင် မိန်းကလေးတစ်ယောက်နဲ့ အသက် သုံးဆယ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဟာ
ခပ်သုတ်သုတ်လမ်းလျှောက်နေကြလေသည်
"အေးလိုက်တာ ဆောင်ဦးဝင်စ ကို
ဘာလို့ဒီလောက်အေးနေရတာလဲ "
"သခင်မလေးကို ကျွန်တော်ပြောခဲ့သားပဲ
ဒီမြို့ရဲ့ ဆောင်းဦးက ယိုကိုဟားမားထက်
အေးတယ်လို့ "
ခိုက်ခိုက်တုန်နေတဲ့ ကြားက လမ်းမနည်း
လျှောက်နေရင်း Yoka Tawada
ရဲ့ နှုတ်ခမ်းက တစ်တောင်လောက်ဆူထွက်နေပါပြီ
Shibuwasaက ဆူရီဘချီမြို့မှာ
လူတစ်ယောက်နဲ့တွေ့ပေးမယ်ဆိုလို့
သာ သူမလိုက်လာရခြင်းဖြစ်လေသည်
"Shibuwasa ရှင်ပြောတဲ့နေရာရောက်တော့မှာလား "
"ဟိုရှေ့နားလောက်ဆို ရောက်တော့မှာပါ "
"ရှင်အဲ့လိုပြောပြီး ဂျင်းထည့်လာတာ
နာရီဝက်ကျော်ပြီ လမ်းပျောက်နေတာ
တော့မဟုတ်ပါဘူးနော် " (;一_一)
"……"
Shibuwasa ဦးဆောင်ရာသို့ လိုက်ရင်း
ဆူရီဘချီမြို့အခြေအနေကို သူမအကဲခတ်ကြည့်မိသောအခါ
*ဒီလိုတိုးတက်နေတဲ့ဂျပန်မှာတောင် ဒီလို
အခြေအနေဆိုးတဲ့ မြို့ငယ်လေး ရှိသေး
ပါတကား * ဟု စိတ်ထဲကမှတ်ချက်ချလိုက်သည်
လွန်ခဲ့သောကိုးနစ်ခန့် က မီးတောက်နတ်ဘုရားArahabakiက
ဒီမြို့မှာ မတော်တဆမှုဖြင့် ထိန်းမရဖြစ်ခဲ့
ပြီး ဖျက်ဆီးသွားပြီးနောက်မှာ မြို့ခံလူ
တိုင်းလိုလိုဟာ အိမ်ခြေရာမဲ့တွေဖြစ်ကုန်
ပြီး ကလေးတွေဟာလည်း မိဘမဲ့တွေ
ဖြစ်ကုန်တာများလေသည်
ဒီလိုမြို့မျိုးဟာ ခိုးဆိုးလုယက်သူတွေရဲ့
မျက်စိကျစရာလည်း ဖြစ်နေပြန်တာကြောင့် ညဘက်တွင်
တစ်ယောက်ထဲ သွားဖို့ဆိုတာ အင်မတန်
မှ အန္တရယ်များလွန်းတယ်
လမ်းကျဉ်းလေးရဲ့ ညာဘက်ထောင့်ဘက်က အိမ်သို့
ရောက်လာချိန်Shibuwasa ဟာ ခြေလှမ်းရုတ်တရက်ရပ်ပစ်လိုက်တယ်
ဘုမသိဘမသိနဲ့နောက်ကထပ်ကြပ်လိုက်လာတဲ့ Yokaခမျာ Shibuwasaရဲ့
ကျောပြင်နဲ့ ဆောင့်မိသွားလေသည်
*ရောက်ပြီဆိုလည်းကြိုအကြောင်းကြား
ပါလား ရေခဲတုံးကြီးရဲ့ *
"သခင်မလေးနဲ့အခု မိတ်ဆက်ပေးမယ့်
လူကလည်း ကျွန်တော်တို့လိုစွမ်းအားရှင်တစ်ယောက်
သူကတော့ ပိုက်ဆံယူပြီး ခိုင်းတာမှန်သမျှ
လုပ်ပေးနေတဲ့ကြေးစားဆိုပါတော့ "
"ကောင်းပြီလေ အဲ့ဒါဆိုလည်း ခပ်မြန်မြန်ပဲ လက်စသတ်ပြီး ပြန်ကြတာပေါ့ "
(နာကျင်သွားသော နာခေါင်းကိုပွတ်ရင်းပြော )
***********************
"Odasakuဆိုတာဘယ်သူလဲ "
ဒီလိုတွေပြောလာတော့ Dazai
တောင်ပါးစပ်အဟောင်းသားဖြစ်သွားတယ်
Chuuyaဟာ သူ့ကို လိမ်ပြောနေတာလား တကယ်ပဲ မေ့နေတာလား
"Chuuyaဒါနောက်စရာမဟုတ်ဘူးနော်
Odasaku လေ Odasaku ငါတစ်နေ့က
ပြောဖူးတဲ့ သူငယ်ချင်းအသစ်ဆိုတာလေ"
Chuuyaကမျက်လုံးလေးကလယ်ကလယ်နဲ့ သူ့ကို
နားမလည်သလို ကြည့်နေတာမလို့
အမျိုးအမည်မသိသော ဝမ်းနည်း
ခြင်းတွေနဲ့ ရင်ထဲဆို့နင့်လာတယ်
တစ်နေ့ညက သူသာChuuyaကို
ကလပ်မခေါ်ခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး
*ငါထင်သလိုမဟုတ်ပဲ မင်း ခဏတာမေ့နေတာပဲဖြစ်ပါစေ *
"Chuuyaက တကယ်ဦးနှောက်မကောင်း
တာပဲ ဟားဟား ထားပါလေ ငါကပဲ
နောက်တစ်ခါ မိတ်ဆက်ပေးတာပေါ့"
သူအတတ်နိုင်ဆုံးစကားလွှဲရင်း ရင်ထဲက
မတင်မကျဖြစ်မှုတွေကို ဖျောက်ပစ်ဖို့
ကြိုးစားလိုက်သည်
ထို့နောက် ဇဝေဇဝါဖြစ်နေသော မျက်နှာလေးကို သူ့လက်နှစ်ဖက်နဲ့ အုပ်ကာ ဖွဖွကိုင်လိုက်လေသည်
"Dazai မင်း …ရုတ်တရက်ကြီး ဘာလုပ်
ငါ့ကိုလွှတ်စမ်း ပါ "
"Chuuya ဒီအချိန်ကစပြီး ဘာတွေပဲ
ဖြစ်လာပါစေ လည်ပင်းက Choker ကို
လုံးဝမဖြုတ်မိစေနဲ့ ဒါExecutiveတစ်ယောက်အနေနဲ့ အမိန့်ပဲ "
"ငါ့ကိုအမိန့်မပေးစမ်းပါနဲ့ "
"ငါပြောတာ ဘယ်တုန်းကများ လွဲခဲ့ဖူးလို့
လဲ Chuuya"
"ကျွတ် ငါမချွတ်ရင်ပြီးရောမလား "
"ကတိပေး "
"အေး ကတိ ကတိ "
စိတ်ကျေနပ်သွားဟန်ဖြင့် Dazaiဟာ
ကလေးတွေလိုမျိုး Chuuyaနဲ့လက်သန်းချင်းချိတ်ကာ
ပြုံးနေသည်
"Yay ဒါဆို Curryဆိုင်သွားကြမယ်နော်
Chuuya"
Chuuyaအမြင်နဲ့ဆိုDazai ရဲ့ စိတ်က ရေလိုပဲ ဘယ်သောအခါမှပုံစံအမှန်ကို
ဘယ်သူမှ မသိနိုင်ဘူး
သူကိုယ်တိုင်နားလည်ပေးဖို့ကြိုးစား
ကြည့်ချင်ရင်တောင်မှ Dazai ရဲ့ သည်းမခံနိုင်တဲ့ စနောက်မှုတွေ
ချောက်တွန်းမှုတွေကြောင့် အမြဲလိုလို
ရန်ပွဲများနှင့်သာအဆုံးသတ်လေ့ရှိတာ
ကြောင့် ထပ်မကြိုးစားချင်တာလည်းပါပါလိမ့်မယ်
***************
-ဆုရီဘချီမြို့ရှိ နှစ်ထပ်အိမ်ငယ်လေးရှေ့
"ရှင်ချိန်းထားတဲ့သူက ဘယ်မှာလဲ Shibuwasa"
တစ်ဖက်လူက Yokaရဲ့စကားကို
မတုံ့ပြန်ပဲ အိမ်ထဲသာ ဝင်ချသွားလေတော့သည်
သူလည်း ဘာမှရှည်ရှည်ဝေးဝေးမတွေး
ချင်တော့တာနဲ့ Shibuwasaနောက်သာ
လိုက်ခဲ့တယ်
မီးဖိုခန်းထဲသို့ရောက်သောအခါ
Yokaမသိသော အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းလူတစ်ယောက် က သူတို့နှစ်ယောက်ကို ကျောပေးပြီး
အလုပ်တွေရှုပ်နေတယ်
ဝတ္တရားအရ သူမ အတတ်နိုင်ဆုံး
ချိုသာစွာ နှုတ်ဆက်လိုက်တယ်
"ဟို ရှင်က Shibuwasaပြောတဲ့
စွမ်းအားရှင်မလား "
တစ်ဖက်ဆီက ဘာအသံမှမကြားရ
"ဟိုလေ …¡"
ဒါလည်းဘာမှမပြောသေး ။
သူမ အသံကိုနည်းနည်းထပ်မြှင့်ပြီး
ပြောလိုက်တယ်
"ဒီမှာဦးလေးကြီးရှင့် ကျွန်မနာမည်က Yoka Tawa… "
သူစကားမဆုံးသေးခင်မှာကျောပေးထားတဲ့သူက လက်ထဲတွင်အသင့်ပါသောဓားမြှောင်
ဖြင့်ရှေ့က Shibuwasa ဆီသို့
ပြေးဝင်သွားသည်
အင်မတန်ပင်လျင်မြန်လှတာကြောင့်
Shibuwasaတောင်ဘာမှမလုပ်နိုင်ခဲ့ ။
သို့သော်…
"ဒီမှာ ဦးလေးကြီး ရှင်ကျွန်မဘက်ကလူ
ကို ထိဖို့ဆက်ကြိုးစားရင်တော့ ရှင့်ကို
အပြတ်ရှင်းပစ်ရလိမ့်မယ်"
အရှိန်ဖြင့်ဝင်လာသော ဓားမြှောင်ကို
လက်ဗလာဖြင့်ဖမ်းဆုပ်ထားတာမလို့
Yoka Tawadaရဲ့ လက်ဖဝါးဟာ
သွေးများဖြင့် ချင်းချင်းရဲလိ့ု ။
"ကလေးမလေး နင့်လိုအရွယ်က
စာအုပ်လေးဖတ် စိတ်ကူးယဉ်နေရမှာကို
assasin တစ်ယောက်ဖြစ်နေတာနှမြောစရာပဲ "
"အဟက် ဒီလိုဖြစ်လာအောင်အခြေအနေအမျိုး
မျိုးက ဖန်တီးခဲ့တယ်ပဲဆိုပါတော့ "
"ဟားဟားနင့်သတ္တိကို ငါသဘောကျသွားပြီ ကလေးမ
ဟေ့ Shibuwasa ကျုပ်ခင်ဗျားကို
ကူညီဖို့ သဘောတူလိုက်ပြီ "
"ဘယ်လို ဘယ်လို ရှင်က သူ့ကိုသတ်ဖို့
ကြိုးစားခဲ့တာ မဟုတ်ဘူးလား "
"မင်းက ငါကူညီဖို့ထိုက်တန်တဲ့သူလား
သိချင်လို့ စာမေးပွဲစစ်တယ်ပဲဆိုပါတော့ "
"ဟင် ? "
Shibuwasaက အဖြေမပေးသေးပဲနှုတ်ခမ်းလှုပ်ရုံသာ
ပြုံးတယ်
ထို့နောက်အမည်မသိလူဟာ ဓားမြှောင်ကို ပြန်သိမ်းလိုက်တယ်
*Oi ငါအလကားကျခဲ့တဲ့ သွေးတွေပြန်လျော်ပေးစမ်း
ပါ *
"သခင်မလေးလက်ကို် ကျွန်တော်ဆေးထည့်ပေးရ
မလား "
Yokaလက်ကို ထိရန်ကြိုးစားနေသောShibuwasaကိုဖယ်ထုတ်ရင်း
"ရပါတယ် ကျွန်မဘာသာပဲကြည့်လုပ်လိုက်မယ် (;一_一)
မိနစ်အနည်းငယ်အကြာ…
"ကဲ ကျွန်မအနာလည်းဆေးထည့်ပြီးပြီဆိုတော့ အလုပ်ကိစ္စပြောကြရအောင်
ဦးလေးကြီး ကျွန်မက … "
သူမစကားကိုဦးလေးကြီးက လက်ဖြင့်ကာရင်း
"ကလေးမလေး ငါဘာလုပ်ရမလဲဆိုတာShibuwasaဆီကနေ
အကုန်ကြားပြီးပြီ ငါ့တာဝန်က အစာ
ကို မျှားခေါ်ရုံမလား "
"သြော် အင်း …"
Shibuwasaဘက်သို့လှည့်ကာ
*ရှင်ဘယ်တုန်းထဲက စီစဉ်ထားတာလဲ *
သဘောဖြင့် မေးဆတ်ပြလိုက်သည်
စကားနည်းသော Shibuwasaကတော့
နှုတ်ခမ်းတွန့်ရုံသာပြန်ပြုံးပြတယ်။
"ဦးလေးကြီး ရှင့်စွမ်းအားကို ကျွန်မကို
ပြပေးလို့ရမလား "
"ရတယ်လေ "
"ကိုကြီးက သားအရုပ်ကိုလုသွားတယ်
!!!!!!!!!
"အမေ့ "
အပေါ်ထပ်က ရုတ်တရက်ကြီး ပေါ်လာသော ကလေးငိုသံကြောင့်
Yoka ထခုန်မိမတတ် လန့်သွားသည်
"ဦးလေးကြီး ရှင်ဆီမှာကလေးတွေရှိတယ်လား "
"… "
"Shibuwasa အလုပ်ကိစ္စ ရှင့်ဆီအပ်လိုက်မယ် ကျွန်မအပေါ်ထပ်
ခဏသွားလိုက်ဦးမယ် "
~~~~~~~~~~
သူမအိမ်အပေါ်ထပ်သို့ရောက်ချိန်မှာ
အငယ်ဖြစ်ဟန်တူတဲ့ ကောင်လေးက
ငိုကြွေးနေပြီး နက်မှောင်သောဆံပင်
သာမန်ထက်အရပ်မြင့်သော ကောင်လေးကတော့အရုပ်ကို လက်မှာကိုင်ထားသည်
"ဟဲ့ကောင်လေး နင့်ညီလေးကို
အရုပ်ပြန်ပေးလိုက်ပါ "
တအီအီငိုနေတဲ့ ကလေးလေးက
အငိုတိတ်သွားပြီး သူ့ကယ်တင်ရှင်
ကိုကျေးဇူးတင် အကြည့်များဖြင့် ။
Yokaဟာ မျက်ရည်အဝဲသားနဲ့ကလေးငယ်ကို
ခေါင်းပုတ်ကာ ချော့လေတယ်
"အဆင်ပြေသွားမှာပါ ကလေး အစ်မ နင့်အကိုဆီက အရုပ်ရအောင်
တောင်းပေးမယ် " ^^
"ငါးတန်းကျောင်းသူမ ကများ ငါ့ကို
တားဦးမယ်ပေါ့ "
အရပ်မြင့်သောကောင်လေးထံမှ
နှစ်ကိုယ်ကြားပြောသောအသံသည်
Yokaရဲ့နားထဲတွင်ပြတ်ပြတ်သားသား
ကြီးကို ကြားလိုက်လေရဲ့ ။
*စိတ်ထိန်း Yoka စိတ်ထိန်းစမ်း!
မရင့်ကျက်တဲ့သူတွေပဲ ဒေါသရှေ့ထားတာ *
"ငါ့အသက် ဆယ့်ခြောက်နှစ်ပြည့်ပြီ အမြင်ကတ်စရာ
ကောင်လေး ငါ့အရပ်က ကလေး
လိုပဲထင်ရပေမယ့် နင့်ကိုအချိန်မရွေး
သတ်လို့ရတယ်"
သူမခြိမ်းခြောက်စကားကိုအလေးမထားသော
ကောင်လေးက မထီမဲ့မြင်ပြုံးကာ အရုပ်အား လက်ပေါ်မြှောက်၍
"အဲ့ဒါဆို ခင်ဗျား ကျွန်တော့်ဆီကနေ
အရုပ်ရအောင်ယူလေ "
"ကောင်းပြီလေ ငါယူနိုင်ခဲ့ရင် နောက်ဘယ်တော့မှ နင့်ညီကိုအနိုင်မကျင့်ရဘူးလို့ကတိပေးပါ "
"အိုကေလေ "
သူမ အရပ်နဲ့ဆို ဒီကောင်လေးဆီက အရုပ်ကို လှမ်းယူဖို့ရာသိပ်မဖြစ်နိုင်။
မိမိထက်အသက်ငယ်သော ကလေး
ကိုအနိုင်မကျင့်ချင်သော်လည်း
လှည့်ကွက်သုံးကာ အနိုင်ယူရတော့မည်
"ကောင်လေး နင့် နင့်နောက်မှာ …"
Yokaရဲ့ ကြောက်ရွံ့နေဟန် ပေါ်သော
လေသံကြောင့် ထိုကောင်လေးက အငိုက်မိကာ နောက်သို့ယောင်ယမ်းကြည့်မိစဉ်…
ခြေသံပင်မကြားရအောင်အင်မတန်လျင်မြန်သောနှုန်းဖြင့် ပြေးဝင်ကာ ကောင်လေးရဲ့ ခြေကျင်းဝတ်ကို သူမ
အားနဲ့ခပ်ပြင်းပြင်းကန်လိုက်လေသည်
"Haii ငါအရုပ်ရပြီ ကောင်လေး"
ဟန်ချက်ပျက်တာ ပုံလျက်သား
ကျသွားသော ကောင်လေးထံမှ အရုပ်ကို
ဆွဲယူလိုက်သည်
ထို့နောက်အငယ်ကောင်လေးထံသို့
အရုပ်လေးပစ်ပေးလိုက်တယ်
ကလေးငယ်က 'ကျေးဇူးတင်ပါတယ်' ဆိုတဲ့အပြုံးလေးနဲ့
Yokaကိုလှမ်းပြုံးပြတယ်
"ခင်ဗျား တော်တော် ဉာဏ်ကောင်းတာပဲ
ကလေးအရပ်နဲ့ အစ်မကြီး "
"နင်ကတော့ အရပ်နဲ့မလိုက်အောင်
တုံးအတာပဲနော် "
Yokaဆီက ချေပသောစကားကို
ဆံပင်နက်လေးများပင်လှုပ်ရမ်းအောင်
ကောင်လေးကရယ်မောရင်း လက်ကမ်းပေးသည်
"အစ်မကလည်း စိတ်ကြီးပဲ
ကျွန်တော်နာမည်က Shuuji တဲ့
အသက် ဆယ့်လေးနှစ်ကျော်ပြီ "
"ငါ့နာမည်က Yo… Yoshinoပါ "
သူမနာမည်အလိမ်ကို အဟုတ်မှတ်သွား
သော ကောင်လေးက လေးစားမှုများဖြင့်
လက်ဆွဲနှုတ်ဆက်ရှာလေသည်
"တွေ့ရတာဝမ်းသာပါတယ် Yoshino san "
"san ထည့်ရလောက်အောင် ငါအသက်
မကြီးသေးဘူး "(-_-)(`´)
"ဒါဆို Yoshinon non "
"အတင့်မရဲနဲ့ "
"အား ကျွန်တော့်နားရွက် Yoshino
Senpai ကျွန်တော့် နားရွက်လေး ဆွဲထားတာလွှတ်ပေး " (╥_╥)
သူမလက်ကိုလွှတ်ပေးသောအခါ
Shuujiဟုခေါ်သည့် ကောင်လေးက
သူ့နားရွက်သူ ပွတ်နေလေသည်
"Shuuji နောက်အခါကျ နင့်ညီလေးကို
အနိုင်မကျင့်ပါနဲ့ တန်ဖိုးထားပါ တစ်ခါတစ်လေကျအရေးကြီးတဲ့အရာတွေကဆုံးရှုံးသွားရင်
နောင်တစ်ချိန် ပြန်လိုချင်တောင် မရနိုင်တော့တာမလို့ပါ
ကဲ ဒါဆိုငါပြန်ပြီ "
ဘာကြောင့်ရယ်မသိ ညီအကိုနှစ်ယောက်ကို ကျောခိုင်းကာ
တရွေ့ရွေ့လျှောက်သွားသော Yoka
ရဲ့ ကျောပြင်သေးသေးလေးဟာ အင်မတန်မှဝမ်းနည်း
စရာကောင်းလွန်းတယ်လို့ Shuuji
စိတ်ထဲက အလိုလိုခံစားလိုက်ရတယ်
ဒါကြောင့်မလို့ Shuujiဟာ ဒီစကားကိုတော့
ပြောဖြစ်အောင်ပြောခဲ့သည်
"Yoshino senpai က တကယ်တော့
စိတ်နှလုံးသားနူးညံ့တဲ့သူပါ "
"ကျေးဇူးပါပဲ Shuuji နင်နဲ့နောက်တစ်ခါ
ဖြစ်နိုင်ရင် တွေ့ချင်ပါသေးတယ် "
*************
Odasaku ချိန်းထားတဲ့ Curry ဆိုင်လေး
ဟာ အရမ်းကြီးမကျယ်လှသော်လည်
အိမ်ဆိုင်လေးမလို့ သပ်သပ်ရပ်ရပ်ဖြစ်
နေသည် ဆိုင်ရှင်ဖြစ်သူ ကလည်း
သူတို့နှစ်ယောက်အား ကောင်းမွန်စွာ
ဆက်ဆံလေသည်
"ကောင်လေးတွေ ဘာစားကြမလဲ "
"ဦးလေးကြီး ဟို Odasakuဆိုတဲ့သူ
ရောက်ပြီလား ဟင် "
Dazaiအမေးစကားကိုဆိုင်ရှင်က
ခေါင်းငြိမ့်ရင်း မျက်နှာကျက်ပေါ်သို့
ကျယ်လောင်စွာ
"Oda kun မင်းပြောထားတဲ့ကောင်လေး
ရောက်နေပြီဟေ့ "
သိပ်တောင်မစောင့်လိုက်ရပါဘူး။
Dazai ရဲ့ သူငယ်ချင်းအသစ်ဟုခေါ်သော
Odasaku ဆိုတဲ့လူကအပေါ်ထပ်မှဆင်းလာကာ Chuuyaတို့ ရှေ့ကို
ရောက်လာခဲ့ပြီလေ
Dazaiရဲ့စကားများအရ ဒီလူက မာဖီးယားက လို့သာသိထားသော်လည်း
အခုမျက်မြင်တွေ့လိုက်ရသောအခါ Chuuyaထင်သလိုပုံစံမဟုတ်ခဲ့ပဲ
သာမန် လူတစ်ယောက်ကဲ့သို့ပင်
ရိုးရှှင်းစွာဝတ်ဆင်ထားပြီး
ရိုးရှင်းသော အပြုံးကို ပိုင်ဆိုင်ထား
တယ်
"Dazai မင်းသူငယ်ချင်းခေါ်လာတာ
ပြောခဲ့ရင် ငါ ဒီထက်ကျယ်တဲ့နေရာ
ခေါ်သွားပါတယ်ကွာ အခုတော့ အားနာ
စရာပဲ "
"boo Chuuyaကကျွန်တော့်ရဲ့ ခွေးကလေးဆိုတော့ အားနာစရာမလိုပါဘူး
Odasaku စိတ်ထဲမထားပါနဲ့ "(︶^︶)
"သွားသေစမ်း "
Chuuyaဆီမှ ရင်းနှီးနေသောလက်သီး
ကိုရှောင်တိမ်းရင်း Dazaiသည် Odasakuအား စကားဆက်ပြောရန်ကြိုးစားတယ်
"Chuuyaကခွေးဆိုးလေးပဲ "
"Dazai သူငယ်ချင်းကို အဲ့ဒီလို မဆက်ဆံ
ရဘူးလေ "
"ဟုတ်ပါပြီ "(  ̄っ ̄)
"ဆောရီးပဲ ကောင်လေးရေ Dazaiရဲ့ကလေးဆန်တာတွေခွင့်လွှတ်ဖို့
ငါကပဲ အစားတောင်းပန်ပါတယ် "
သူစိမ်းတစ်ယောက်ဆီ်က တောင်းပန်စကား
ကြောင့် Chuuyaက မတတ်နိုင်သော်လည်းစိတ်လျော့လိုက်လေသည်
"ကျွန်တော့်ဘက်က လည်း ဒေါသမထိန်း
နိုင်တာကြောင့် ခင်ဗျားကိုဒုက္ခပေးမိသလို
ဖြစ်သွားရင် တောင်းပန်ပါတယ်"
အဲ့ဒီနောက်Dazaiနဲ့ဝေးရာဆိုင်ရှင်နဲ့အနီးဆုံး ခုံတန်းရှည်နားသို့ Chuuyaသွားထိုင်လေသည်
နောက်မကြာပါဘူး အနှောင့်အယှက် Dazai ပါ
သူ့ဘေးတွင် ကပ်ထိုင်တယ်
Odasaku ဆိုတဲ့လူကတော့ သူနဲ့တစ်ယောက်ခြား မှှာ ပေါ့
Dazaiတမင်တကာလုပ်မှန်းသိနေပေမယ့်
စကားဖက်မပြောချင်တာနဲ့ ဥပေက္ခာ
ပြုထားလိုက်သည် ဆိုင်ရှင်လာချပေးသော
curry ကိုသာ ဆက်တိုက်စားနေလိုက်တယ်
* ငါသာ လွန်ခဲ့တဲ့တစ််နှစ်တုန်းက
……ဆီမှာအသတ်ခံလိုက်ရင် ဒီလိုဝဋ်ခံနေရမှာ မဟုတ်ဘူး
ဒါနဲ့ …အဲဒီတုန်းက ငါ့ကို သတ်ဖို့လုပ်ခဲ့တာ ဘယ်သူပါလိမ့်…
စဉ်းစားလေ ခေါင်းကိုက်လာလေ မလို့
နားထင်ကို လက်ဖြင့်ဖိလိုက်ကာ သက်သာ အောင်လုပ်လိုက်သည်
Dazaiကတော့ ရိပ်မိဟန်မတူသေးပဲ Odasakuနဲ့စကားလက်ဆုံကျလို့ကောင်းဆဲ …
"နားထောင် Odasaku
ဒီစိတ်ရှုပ်စရာ caseသာပြီးသွားရင် ကျွန်တော်လည်း
curry လုပ်ကြည့်မလားလို့ …
Odasakuကော Chuuyaကိုကော
ဆက်ဆက်စားစေချင်တယ်
အရသာရှိမယ်လို့အာမခံတယ် " (*_*)
"ငါကတော့ မကောင်းတဲ့အငွေ့အသက်တွေပဲရနေတယ် "
"Dazaiချက်တဲ့curryဆို ငါလည်းဆက်ဆက်စားချင်ပါတယ် "
Chuuyaဟာ
Odasakuအား လူထူးဆန်းကဲ့သို့
ကြည့်နေလေသည်
"ခင်ဗျား မစားတာကောင်းမယ်လို့ ထင်တယ် Dazai ကသိတဲ့အတိုင်း
ပေါက်ကရတွေလျှောက်ထည့်တာနဲ့
အခန့်မသင့်ရင် အသက်အန္တရာယ် ပါဖြစ်နိုင်တယ် "
"Dazai ကိုယ်တိုင်က အရသာရှိတယ်
ပြောမှတော့ ငါလည်းစားရတာပေါ့
ငါ Dazaiကိုယုံတယ် "
ဒီတစ်ခါတော့ အံ့သြရမယ့် အလှည့်က
Dazai ပင်ဖြစ်သည် ။ သူအတည်ပေါက်နဲ့
နောက်ပြောင်နေတာကို Odasakuက
အဟုတ်မှတ်နေတာကိုး …
"Odasakuဟာ တကယ်စိတ်ဝင်စားဖို့
ကောင်းတာပဲ "
"မင်းလောက်မဟုတ်ပါဘူး "
Dazaiဟာ ပြုံးနေခဲ့တယ် ။
စိတ်သက်သာရာရသွားတဲ့ ကလေးငယ်
တစ်ယောက်လိုမျိုးပေါ့
ဒီအပြုံးဟာ တိုတောင်းပေမယ့်
သူ့အတွက်မဟုတ်ဘူး ဆိုတာ
Chuuyaသဘောပေါက်လိုက်သည်
*ငါမင်းအတွက်ဝမ်းသာပါတယ်
Dazai နောက်ဆုံးတော့ မင်းကိုနားလည်နိုင်တဲ့သူပေါ်လာပြီပဲ
အဲဒီလူက ငါတော့မဟုတ်ခဲ့ပေမယ့်ပေါ့*
"ငါ မာဖီးယားဘက် ပြန်လိုက်ဦးမယ်
Dazai "
"ဒါဆို ငါတို့လည်း လိုက်ခဲ့မယ်လေ Chuuya "
"ရပါတယ် မင်းက Odasakuနဲ့ပဲစကားဆက်ပြောနေတော့
ငါသွားပြီ "
"Chuuya ငါ့ကိုစိတ်ဆိုးနေတာလား "
"မဟုတ်ပါဘူး ငါ မင်းအတွက် တွဲဖက်ကောင်း မဖြစ်နိုင်ခဲ့တဲ့အတွက် ဝမ်းနည်းမိရုံပါ "
ဒီစကားကိုတော့ သူအမှန်အတိုင်းပင်
ဝန်ခံခဲ့သည် ။
~~~~~~~~~~~
ဒီနေ့ကျမှပင် ယိုကိုးဟားမားမြို့ဟာ
တိမ်များအုံ့ဆိုင်းနေကာ
ငိုချင်ရက်နဲ့ ထိန်းချုပ်ထားသော
ကလေးငယ်ကဲ့သို့ပင် ။
ထိုနည်းတူစွာ Nakahara Chuuya
ရင်ထဲမှာလည်း ခံစားမှုပေါင်းစုံဖြင့်
မွန်းကြပ်လို့နေသည်
ပင်လယ်ပြင်ကဲ့သို့ လှပသော
သူ၏မျက်ဝန်းပြာများဟာလည်း
အရောင်ကင်းမဲ့စွာ သေဆုံးနေလေသည်
ယိုကိုးဟားမားရှိ တံတားတစ်ခုပေါ်အရောက်…
Chuuyaမသိစိတ်ထဲကရင်းနှီးနေသော ကီမိုနိုဝတ်ဆင်ထားသော မိန်းကလေး
တစ်ယောက် ကို ပြန်တွေ့လိုက်ရသည်
"နင်က အတော်သနားစရာကောင်းတာပဲ
Nakahara Chuuya "
*Ends*
[Author's Note…]
Yoka Tawada ရဲ့ Character ကို
နည်းနည်းလေး introduceပါမယ်နော် ^^
သူမ ရဲ့ မိဘနှစ်ပါး ဟာ Goverment
ဘက်က စွမ်းအားရှင်အဖွဲ့အစည်းအတွက်
စပိုင်လုပ်နေသူများဖြစ်ပါတယ်
Yokaဆီမှာ အင်မတန်ချစ်ရတဲ့ အမြွှာ
အစ်မ Aikaဆိုတာရှိခဲ့ပါတယ်
သူမအစ်မ မှာ တစ်ဖက်သတ်ချစ်နေရသူ
ရှိခဲ့ပါတယ်
နောက်ပိုင်းမှာ Yokaဟာ မိသားစုတစ်ခုလုံး အသတ်ခံရပြီးနောက်
Shibuwasaနဲ့ တွေ့ခဲ့ပြီး Assasinအဖြစ်
လေ့ကျင့်ခြင်းခံခဲ့ရပါတယ်
သူမ ရဲ့ အရပ်ဟာ 149cm သာရှိပါတယ် (loliလေး Xd )
သူမမုန်းတာကတော့ Dazai Osamu
ဖြစ်ပြီး ဘာကြောင့်လဲဆိုတာတော့
နောက်ကျသိရပါလိမ့်မယ် xd



Anyway,
Happy Birthday Dazai !
I wish you all the best ^^
Ends
19.6.2019 ~
Zawgyi
နွင္းမ်ားျဖင့္အုံ႔ဆိုင္းေနေသာညတစ္ည …
အိမ္ေျခေဟာင္းမ်ား စုေဝးေနေသာ လမ္း
က်ဥ္းက်ဥ္းေလးထဲတြင္ မိန္းကေလးတစ္ေယာက္နဲ႔ အသက္ သုံးဆယ္ဝန္းက်င္ရွိ အမ်ိဳးသားတစ္ဦးဟာ
ခပ္သုတ္သုတ္လမ္းေလ်ွာက္ေနႀကေလသည္
"ေအးလိုက္တာ ေဆာင္ဦးဝင္စ ကို
ဘာလို႔ဒီေလာက္ေအးေနရတာလဲ "
"သခင္မေလးကို ကြ်န္ေတာ္ေျပာခဲ႔သားပဲ
ဒီျမိဳ႕ရဲ႕ ေဆာင္းဦးက ယိုကိုဟားမားထက္
ေအးတယ္လို႔ "
ခိုက္ခိုက္တုန္ေနတဲ႔ ႀကားက လမ္းမနည္း
ေလ်ွာက္ေနရင္း Yoka Tawada
ရဲ႕ ႏႈတ္ခမ္းက တစ္ေတာင္ေလာက္ဆူထြက္ေနပါျပီ
Shibuwasaက ဆူရီဘခ်ီျမိဳ႕မွာ
လူတစ္ေယာက္နဲ႔ေတြ႔ေပးမယ္ဆိုလို႔
သာ သူမလိုက္လာရျခင္းျဖစ္ေလသည္
"Shibuwasa ရွင္ေျပာတဲ႔ေနရာေရာက္ေတာ့မွာလား "
"ဟိုေရွ႕နားေလာက္ဆို ေရာက္ေတာ့မွာပါ "
"ရွင္အဲ႔လိုေျပာျပီး ဂ်င္းထည့္လာတာ
နာရီဝက္ေက်ာ္ျပီ လမ္းေပ်ာက္ေနတာ
ေတာ့မဟုတ္ပါဘူးေနာ္ " (;一_一)
"……"
Shibuwasa ဦးေဆာင္ရာသို႔ လိုက္ရင္း
ဆူရီဘခ်ီျမိဳ႕အေျခအေနကို သူမအကဲခတ္ႀကည့္မိေသာအခါ
*ဒီလိုတိုးတက္ေနတဲ႔ဂ်ပန္မွာေတာင္ ဒီလို
အေျခအေနဆိုးတဲ႔ ျမိဳ႕ငယ္ေလး ရွိေသး
ပါတကား * ဟု စိတ္ထဲကမွတ္ခ်က္ခ်လိုက္သည္
လြန္ခဲ႔ေသာကိုးနစ္ခန္႕ က မီးေတာက္နတ္ဘုရားArahabakiက
ဒီျမိဳ႕မွာ မေတာ္တဆမႈျဖင့္ ထိန္းမရျဖစ္ခဲ႔
ျပီး ဖ်က္ဆီးသြားျပီးေနာက္မွာ ျမိဳ႕ခံလူ
တိုင္းလိုလိုဟာ အိမ္ေျခရာမဲ႔ေတြျဖစ္ကုန္
ျပီး ကေလးေတြဟာလည္း မိဘမဲ႔ေတြ
ျဖစ္ကုန္တာမ်ားေလသည္
ဒီလိုျမိဳ႕မ်ိဳးဟာ ခိုးဆိုးလုယက္သူေတြရဲ႕
မ်က္စိက်စရာလည္း ျဖစ္ေနျပန္တာေႀကာင့္ ညဘက္တြင္
တစ္ေယာက္ထဲ သြားဖို႔ဆိုတာ အင္မတန္
မွ အႏၲရယ္မ်ားလြန္းတယ္
လမ္းက်ဥ္းေလးရဲ႕ ညာဘက္ေထာင့္ဘက္က အိမ္သို႔
ေရာက္လာခ်ိန္Shibuwasa ဟာ ေျခလွမ္းရုတ္တရက္ရပ္ပစ္လိုက္တယ္
ဘုမသိဘမသိနဲ႔ေနာက္ကထပ္ႀကပ္လိုက္လာတဲ႔ Yokaခမ်ာ Shibuwasaရဲ႕
ေက်ာျပင္နဲ႔ ေဆာင့္မိသြားေလသည္
*ေရာက္ျပီဆိုလည္းႀကိဳအေႀကာင္းႀကား
ပါလား ေရခဲတုံးႀကီးရဲ႕ *
"သခင္မေလးနဲ႔အခု မိတ္ဆက္ေပးမယ့္
လူကလည္း ကြ်န္ေတာ္တို႔လိုစြမ္းအားရွင္တစ္ေယာက္
သူကေတာ့ ပိုက္ဆံယူျပီး ခိုင္းတာမွန္သမ်ွ
လုပ္ေပးေနတဲ႔ေႀကးစားဆိုပါေတာ့ "
"ေကာင္းျပီေလ အဲ႔ဒါဆိုလည္း ခပ္ျမန္ျမန္ပဲ လက္စသတ္ျပီး ျပန္ႀကတာေပါ့ "
(နာက်င္သြားေသာ နာေခါင္းကိုပြတ္ရင္းေျပာ )
***********************
"Odasakuဆိုတာဘယ္သူလဲ "
ဒီလိုေတြေျပာလာေတာ့ Dazai
ေတာင္ပါးစပ္အေဟာင္းသားျဖစ္သြားတယ္
Chuuyaဟာ သူ႔ကို လိမ္ေျပာေနတာလား တကယ္ပဲ ေမ့ေနတာလား
"Chuuyaဒါေနာက္စရာမဟုတ္ဘူးေနာ္
Odasaku ေလ Odasaku ငါတစ္ေန႔က
ေျပာဖူးတဲ႔ သူငယ္ခ်င္းအသစ္ဆိုတာေလ"
Chuuyaကမ်က္လုံးေလးကလယ္ကလယ္နဲ႔ သူ႔ကို
နားမလည္သလို ႀကည့္ေနတာမလို႕
အမ်ိဳးအမည္မသိေသာ ဝမ္းနည္း
ျခင္းေတြနဲ႔ ရင္ထဲဆို႔နင့္လာတယ္
တစ္ေန႔ညက သူသာChuuyaကို
ကလပ္မေခၚခဲ႔ရင္ ဒီလိုေတြျဖစ္လာမွာမဟုတ္ဘူး
*ငါထင္သလိုမဟုတ္ပဲ မင္း ခဏတာေမ့ေနတာပဲျဖစ္ပါေစ *
"Chuuyaက တကယ္ဦးေနွာက္မေကာင္း
တာပဲ ဟားဟား ထားပါေလ ငါကပဲ
ေနာက္တစ္ခါ မိတ္ဆက္ေပးတာေပါ့"
သူအတတ္နိုင္ဆုံးစကားလႊဲရင္း ရင္ထဲက
မတင္မက်ျဖစ္မႈေတြကို ေဖ်ာက္ပစ္ဖို႔
ႀကိဳးစားလိုက္သည္
ထို႔ေနာက္ ဇေဝဇဝါျဖစ္ေနေသာ မ်က္နွာေလးကို သူ႔လက္နွစ္ဖက္နဲ႔ အုပ္ကာ ဖြဖြကိုင္လိုက္ေလသည္
"Dazai မင္း …ရုတ္တရက္ႀကီး ဘာလုပ္
ငါ့ကိုလႊတ္စမ္း ပါ "
"Chuuya ဒီအခ်ိန္ကစျပီး ဘာေတြပဲ
ျဖစ္လာပါေစ လည္ပင္းက Choker ကို
လုံးဝမျဖဳတ္မိေစနဲ႔ ဒါExecutiveတစ္ေယာက္အေနနဲ႔ အမိန္႔ပဲ "
"ငါ့ကိုအမိန္႔မေပးစမ္းပါနဲ႔ "
"ငါေျပာတာ ဘယ္တုန္းကမ်ား လြဲခဲ႔ဖူးလို႔
လဲ Chuuya"
"ကြ်တ္ ငါမခြ်တ္ရင္ျပီးေရာမလား "
"ကတိေပး "
"ေအး ကတိ ကတိ "
စိတ္ေက်နပ္သြားဟန္ျဖင့္ Dazaiဟာ
ကေလးေတြလိုမ်ိဳး Chuuyaနဲ႔လက္သန္းခ်င္းခ်ိတ္ကာ
ျပံဳးေနသည္
"Yay ဒါဆို Curryဆိုင္သြားႀကမယ္ေနာ္
Chuuya"
Chuuyaအျမင္နဲ႔ဆိုDazai ရဲ႕ စိတ္က ေရလိုပဲ ဘယ္ေသာအခါမွပုံစံအမွန္ကို
ဘယ္သူမွ မသိနိုင္ဘူး
သူကိုယ္တိုင္နားလည္ေပးဖို႔ႀကိဳးစား
ႀကည့္ခ်င္ရင္ေတာင္မွ Dazai ရဲ႕ သည္းမခံနိုင္တဲ႔ စေနာက္မႈေတြ
ေခ်ာက္တြန္းမႈေတြေႀကာင့္ အျမဲလိုလို
ရန္ပြဲမ်ားနွင့္သာအဆုံးသတ္ေလ့ရွိတာ
ေႀကာင့္ ထပ္မႀကိဳးစားခ်င္တာလည္းပါပါလိမ့္မယ္
***************
-ဆုရီဘခ်ီျမိဳ႕ရွိ နွစ္ထပ္အိမ္ငယ္ေလးေရွ႕
"ရွင္ခ်ိန္းထားတဲ႔သူက ဘယ္မွာလဲ Shibuwasa"
တစ္ဖက္လူက Yokaရဲ႕စကားကို
မတုံ႔ျပန္ပဲ အိမ္ထဲသာ ဝင္ခ်သြားေလေတာ့သည္
သူလည္း ဘာမွရွည္ရွည္ေဝးေဝးမေတြး
ခ်င္ေတာ့တာနဲ႔ Shibuwasaေနာက္သာ
လိုက္ခဲ႔တယ္
မီးဖိုခန္းထဲသို႔ေရာက္ေသာအခါ
Yokaမသိေသာ အရပ္ျမင့္ျမင့္ ေထာင္ေထာင္ေမာင္းေမာင္းလူတစ္ေယာက္ က သူတို႔နွစ္ေယာက္ကို ေက်ာေပးျပီး
အလုပ္ေတြရႈပ္ေနတယ္
ဝတၱရားအရ သူမ အတတ္နိုင္ဆံုး
ခ်ိဳသာစြာ ႏႈတ္ဆက္လိုက္တယ္
"ဟို ရွင္က Shibuwasaေျပာတဲ႕
စြမ္းအားရွင္မလား "
တစ္ဖက္ဆီက ဘာအသံမွမႀကားရ
"ဟိုေလ …¡"
ဒါလည္းဘာမွမေျပာေသး ။
သူမ အသံကိုနည္းနည္းထပ္ျမွင့္ျပီး
ေျပာလိုက္တယ္
"ဒီမွာဦးေလးႀကီးရွင့္ ကြ်န္မနာမည္က Yoka Tawa… "
သူစကားမဆုံးေသးခင္မွာေက်ာေပးထားတဲ႔သူက လက္ထဲတြင္အသင့္ပါေသာဓားေျမွာင္
ျဖင့္ေရွ႔က Shibuwasa ဆီသို႔
ေျပးဝင္သြားသည္
အင္မတန္ပင္လ်င္ျမန္လွတာေႀကာင့္
Shibuwasaေတာင္ဘာမွမလုပ္နိုင္ခဲ႔ ။
သို႔ေသာ္…
"ဒီမွာ ဦးေလးႀကီး ရွင္ကြ်န္မဘက္ကလူ
ကို ထိဖို႔ဆက္ႀကိဳးစားရင္ေတာ့ ရွင့္ကို
အျပတ္ရွင္းပစ္ရလိမ့္မယ္"
အရွိန္ျဖင့္ဝင္လာေသာ ဓားေျမွာင္ကို
လက္ဗလာျဖင့္ဖမ္းဆုပ္ထားတာမလို႔
Yoka Tawadaရဲ႕ လက္ဖဝါးဟာ
ေသြးမ်ားျဖင့္ ခ်င္းခ်င္းရဲလ႔ို ။
"ကေလးမေလး နင့္လိုအရြယ္က
စာအုပ္ေလးဖတ္ စိတ္ကူးယဥ္ေနရမွာကို
assasin တစ္ေယာက္ျဖစ္ေနတာနွေျမာစရာပဲ "
"အဟက္ ဒီလိုျဖစ္လာေအာင္အေျခအေနအမ်ိဳး
မ်ိဳးက ဖန္တီးခဲ႔တယ္ပဲဆိုပါေတာ့ "
"ဟားဟားနင့္သတၱိကို ငါသေဘာက်သြားျပီ ကေလးမ
ေဟ့ Shibuwasa က်ဳပ္ခင္ဗ်ားကို
ကူညီဖို႔ သေဘာတူလိုက္ျပီ "
"ဘယ္လို ဘယ္လို ရွင္က သူ႔ကိုသတ္ဖို႔
ႀကိဳးစားခဲ႔တာ မဟုတ္ဘူးလား "
"မင္းက ငါကူညီဖို႔ထိုက္တန္တဲ႔သူလား
သိခ်င္လို႔ စာေမးပြဲစစ္တယ္ပဲဆိုပါေတာ့ "
"ဟင္ ? "
Shibuwasaက အေျဖမေပးေသးပဲနႈတ္ခမ္းလႈပ္ရုံသာ
ျပံဳးတယ္
ထို႔ေနာက္အမည္မသိလူဟာ ဓားေျမွာင္ကို ျပန္သိမ္းလိုက္တယ္
*Oi ငါအလကားက်ခဲ႔တဲ႔ ေသြးေတြျပန္ေလ်ာ္ေပးစမ္း
ပါ *
"သခင္မေလးလက္ကို္ ကြ်န္ေတာ္ေဆးထည့္ေပးရ
မလား "
Yokaလက္ကို ထိရန္ႀကိဳးစားေနေသာShibuwasaကိုဖယ္ထုတ္ရင္း
"ရပါတယ္ ကြ်န္မဘာသာပဲႀကည့္လုပ္လိုက္မယ္ (;一_一)
မိနစ္အနည္းငယ္အႀကာ…
"ကဲ ကြ်န္မအနာလည္းေဆးထည့္ျပီးျပီဆိုေတာ့ အလုပ္ကိစၥေျပာႀကရေအာင္
ဦးေလးႀကီး ကြ်န္မက … "
သူမစကားကိုဦးေလးႀကီးက လက္ျဖင့္ကာရင္း
"ကေလးမေလး ငါဘာလုပ္ရမလဲဆိုတာShibuwasaဆီကေန
အကုန္ႀကားျပီးျပီ ငါ့တာဝန္က အစာ
ကို မ်ွားေခၚရုံမလား "
"ေႀသာ္ အင္း …"
Shibuwasaဘက္သို့လွည့္ကာ
*ရွင္ဘယ္တုန္းထဲက စီစဥ္ထားတာလဲ *
သေဘာျဖင့္ ေမးဆတ္ျပလိုက္သည္
စကားနည္းေသာ Shibuwasaကေတာ့
နႈတ္ခမ္းတြန္႔ရုံသာျပန္ျပံဳးျပတယ္။
"ဦးေလးႀကီး ရွင့္စြမ္းအားကို ကြ်န္မကို
ျပေပးလို႔ရမလား "
"ရတယ္ေလ "
"ကိုႀကီးက သားအရုပ္ကိုလုသြားတယ္
!!!!!!!!!
"အေမ့ "
အေပၚထပ္က ရုတ္တရက္ႀကီး ေပၚလာေသာ ကေလးငိုသံေႀကာင့္
Yoka ထခုန္မိမတတ္ လန္႔သြားသည္
"ဦးေလးႀကီး ရွင္ဆီမွာကေလးေတြရွိတယ္လား "
"… "
"Shibuwasa အလုပ္ကိစၥ ရွင့္ဆီအပ္လိုက္မယ္ ကြ်န္မအေပၚထပ္
ခဏသြားလိုက္ဦးမယ္ "
~~~~~~~~~~
သူမအိမ္အေပၚထပ္သို႔ေရာက္ခ်ိန္မွာ
အငယ္ျဖစ္ဟန္တူတဲ႔ ေကာင္ေလးက
ငိုေႀကြးေနျပီး နက္ေမွာင္ေသာဆံပင္
သာမန္ထက္အရပ္ျမင့္ေသာ ေကာင္ေလးကေတာ့အရုပ္ကို လက္မွာကိုင္ထားသည္
"ဟဲ႔ေကာင္ေလး နင့္ညီေလးကို
အရုပ္ျပန္ေပးလိုက္ပါ "
တအီအီငိုေနတဲ႔ ကေလးေလးက
အငိုတိတ္သြားျပီး သူ႔ကယ္တင္ရွင္
ကိုေက်းဇူးတင္ အႀကည့္မ်ားျဖင့္ ။
Yokaဟာ မ်က္ရည္အဝဲသားနဲ႕ကေလးငယ္ကို
ေခါင္းပုတ္ကာ ေခ်ာ့ေလတယ္
"အဆင္ေျပသြားမွာပါ ကေလး အစ္မ နင့္အကိုဆီက အရုပ္ရေအာင္
ေတာင္းေပးမယ္ " ^^
"ငါးတန္းေက်ာင္းသူမ ကမ်ား ငါ့ကို
တားဦးမယ္ေပါ့ "
အရပ္ျမင့္ေသာေကာင္ေလးထံမွ
နွစ္ကိုယ္ႀကားေျပာေသာအသံသည္
Yokaရဲ႕နားထဲတြင္ျပတ္ျပတ္သားသား
ႀကီးကို ႀကားလိုက္ေလရဲ႕ ။
*စိတ္ထိန္း Yoka စိတ္ထိန္းစမ္း!
မရင့္က်က္တဲ႔သူေတြပဲ ေဒါသေရွ႕ထားတာ *
"ငါ့အသက္ ဆယ့္ေျခာက္နွစ္ျပည့္ျပီ အျမင္ကတ္စရာ
ေကာင္ေလး ငါ့အရပ္က ကေလး
လိုပဲထင္ရေပမယ့္ နင့္ကိုအခ်ိန္မေရြး
သတ္လို႔ရတယ္"
သူမျခိမ္းေျခာက္စကားကိုအေလးမထားေသာ
ေကာင္ေလးက မထီမဲ႔ျမင္ျပံဳးကာ အရုပ္အား လက္ေပၚေျမွာက္၍
"အဲ႔ဒါဆို ခင္ဗ်ား ကြ်န္ေတာ့္ဆီကေန
အရုပ္ရေအာင္ယူေလ "
"ေကာင္းျပီေလ ငါယူနိုင္ခဲ႔ရင္ ေနာက္ဘယ္ေတာ့မွ နင့္ညီကိုအနိုင္မက်င့္ရဘူးလို႕ကတိေပးပါ "
"အိုေကေလ "
သူမ အရပ္နဲ႔ဆို ဒီေကာင္ေလးဆီက အရုပ္ကို လွမ္းယူဖို႔ရာသိပ္မျဖစ္နိုင္။
မိမိထက္အသက္ငယ္ေသာ ကေလး
ကိုအနိုင္မက်င့္ခ်င္ေသာ္လည္း
လွည့္ကြက္သုံးကာ အနိုင္ယူရေတာ့မည္
"ေကာင္ေလး နင့္ နင့္ေနာက္မွာ …"
Yokaရဲ႕ ေႀကာက္ရြံ႕ေနဟန္ ေပၚေသာ
ေလသံေႀကာင့္ ထိုေကာင္ေလးက အငိုက္မိကာ ေနာက္သို႔ေယာင္ယမ္းႀကည့္မိစဥ္…
ေျခသံပင္မႀကားရေအာင္အင္မတန္လ်င္ျမန္ေသာနႈန္းျဖင့္ ေျပးဝင္ကာ ေကာင္ေလးရဲ႕ ေျခက်င္းဝတ္ကို သူမ
အားနဲ႔ခပ္ျပင္းျပင္းကန္လိုက္ေလသည္
"Haii ငါအရုပ္ရျပီ ေကာင္ေလး"
ဟန္ခ်က္ပ်က္တာ ပုံလ်က္သား
က်သြားေသာ ေကာင္ေလးထံမွ အရုပ္ကို
ဆြဲယူလိုက္သည္
ထို႔ေနာက္အငယ္ေကာင္ေလးထံသို႕
အရုပ္ေလးပစ္ေပးလိုက္တယ္
ကေလးငယ္က 'ေက်းဇူးတင္ပါတယ္' ဆိုတဲ႔အျပံဳးေလးနဲ႔
Yokaကိုလွမ္းျပံဳးျပတယ္
"ခင္ဗ်ား ေတာ္ေတာ္ ဥာဏ္ေကာင္းတာပဲ
ကေလးအရပ္နဲ႔ အစ္မႀကီး "
"နင္ကေတာ့ အရပ္နဲ႔မလိုက္ေအာင္
တုံးအတာပဲေနာ္ "
Yokaဆီက ေခ်ပေသာစကားကို
ဆံပင္နက္ေလးမ်ားပင္လႈပ္ရမ္းေအာင္
ေကာင္ေလးကရယ္ေမာရင္း လက္ကမ္းေပးသည္
"အစ္မကလည္း စိတ္ႀကီးပဲ
ကြ်န္ေတာ္နာမည္က Shuuji တဲ႔
အသက္ ဆယ့္ေလးနွစ္ေက်ာ္ျပီ "
"ငါ့နာမည္က Yo… Yoshinoပါ "
သူမနာမည္အလိမ္ကို အဟုတ္မွတ္သြား
ေသာ ေကာင္ေလးက ေလးစားမႈမ်ားျဖင့္
လက္ဆြဲႏႈတ္ဆက္ရွာေလသည္
"ေတြ႔ရတာဝမ္းသာပါတယ္ Yoshino san "
"san ထည့္ရေလာက္ေအာင္ ငါအသက္
မႀကီးေသးဘူး "(-_-)(`´)
"ဒါဆို Yoshinon non "
"အတင့္မရဲနဲ႔ "
"အား ကြ်န္ေတာ့္နားရြက္ Yoshino
Senpai ကြ်န္ေတာ့္ နားရြက္ေလး ဆြဲထားတာလႊတ္ေပး " (╥_╥)
သူမလက္ကိုလႊတ္ေပးေသာအခါ
Shuujiဟုေခၚသည္႕ ေကာင္ေလးက
သူ႔နားရြက္သူ ပြတ္ေနေလသည္
"Shuuji ေနာက္အခါက် နင့္ညီေလးကို
အနိုင္မက်င့္ပါနဲ႔ တန္ဖိုးထားပါ တစ္ခါတစ္ေလက်အေရးႀကီးတဲ႔အရာေတြကဆုံးရႈံးသြားရင္
ေနာင္တစ္ခ်ိန္ ျပန္လိုခ်င္ေတာင္ မရနိုင္ေတာ့တာမလို႔ပါ
ကဲ ဒါဆိုငါျပန္ျပီ "
ဘာေႀကာင့္ရယ္မသိ ညီအကိုနွစ္ေယာက္ကို ေက်ာခိုင္းကာ
တေရြ႔ေရြ႕ေလ်ွာက္သြားေသာ Yoka
ရဲ႕ ေက်ာျပင္ေသးေသးေလးဟာ အင္မတန္မွဝမ္းနည္း
စရာေကာင္းလြန္းတယ္လို႕ Shuuji
စိတ္ထဲက အလိုလိုခံစားလိုက္ရတယ္
ဒါေႀကာင့္မလို႔ Shuujiဟာ ဒီစကားကိုေတာ့
ေျပာျဖစ္ေအာင္ေျပာခဲ႔သည္
"Yoshino senpai က တကယ္ေတာ့
စိတ္နွလုံးသားနူးညံ႔တဲ႔သူပါ "
"ေက်းဇူးပါပဲ Shuuji နင္နဲ႔ေနာက္တစ္ခါ
ျဖစ္နိုင္ရင္ ေတြ႔ခ်င္ပါေသးတယ္ "
*************
Odasaku ခ်ိန္းထားတဲ႔ Curry ဆိုင္ေလး
ဟာ အရမ္းႀကီးမက်ယ္လွေသာ္လည္
အိမ္ဆိုင္ေလးမလို႔ သပ္သပ္ရပ္ရပ္ျဖစ္
ေနသည္ ဆိုင္ရွင္ျဖစ္သူ ကလည္း
သူတို႔နွစ္ေယာက္အား ေကာင္းမြန္စြာ
ဆက္ဆံေလသည္
"ေကာင္ေလးေတြ ဘာစားႀကမလဲ "
"ဦးေလးႀကီး ဟို Odasakuဆိုတဲ႔သူ
ေရာက္ျပီလား ဟင္ "
Dazaiအေမးစကားကိုဆိုင္ရွင္က
ေခါင္းျငိမ့္ရင္း မ်က္နွာက်က္ေပၚသို႔
က်ယ္ေလာင္စြာ
"Oda kun မင္းေျပာထားတဲ႔ေကာင္ေလး
ေရာက္ေနျပီေဟ့ "
သိပ္ေတာင္မေစာင့္လိုက္ရပါဘူး။
Dazai ရဲ႕ သူငယ္ခ်င္းအသစ္ဟုေခၚေသာ
Odasaku ဆိုတဲ႔လူကအေပၚထပ္မွဆင္းလာကာ Chuuyaတို႔ ေရွ႕ကို
ေရာက္လာခဲ႔ျပီေလ
Dazaiရဲ႕စကားမ်ားအရ ဒီလူက မာဖီးယားက လို႔သာသိထားေသာ္လည္း
အခုမ်က္ျမင္ေတြ႔လိုက္ရေသာအခါ Chuuyaထင္သလိုပုံစံမဟုတ္ခဲ႔ပဲ
သာမန္ လူတစ္ေယာက္ကဲ႕သို႔ပင္
ရုိးရွွင္းစြာဝတ္ဆင္ထားျပီး
ရုိးရွင္းေသာ အျပံဳးကို ပိုင္ဆိုင္ထား
တယ္
"Dazai မင္းသူငယ္ခ်င္းေခၚလာတာ
ေျပာခဲ႔ရင္ ငါ ဒီထက္က်ယ္တဲ႔ေနရာ
ေခၚသြားပါတယ္ကြာ အခုေတာ့ အားနာ
စရာပဲ "
"boo Chuuyaကကြ်န္ေတာ့္ရဲ႕ ေခြးကေလးဆိုေတာ့ အားနာစရာမလိုပါဘူး
Odasaku စိတ္ထဲမထားပါနဲ႔ "(︶^︶)
"သြားေသစမ္း "
Chuuyaဆီမွ ရင္းနွီးေနေသာလက္သီး
ကိုေရွာင္တိမ္းရင္း Dazaiသည္ Odasakuအား စကားဆက္ေျပာရန္ႀကိဳးစားတယ္
"Chuuyaကေခြးဆိုးေလးပဲ "
"Dazai သူငယ္ခ်င္းကို အဲ႔ဒီလို မဆက္ဆံ
ရဘူးေလ "
"ဟုတ္ပါျပီ "(  ̄っ ̄)
"ေဆာရီးပဲ ေကာင္ေလးေရ Dazaiရဲ႕ကေလးဆန္တာေတြခြင့္လႊတ္ဖို႔
ငါကပဲ အစားေတာင္းပန္ပါတယ္ "
သူစိမ္းတစ္ေယာက္ဆီ္က ေတာင္းပန္စကား
ေႀကာင့္ Chuuyaက မတတ္နိုင္ေသာ္လည္းစိတ္ေလ်ာ့လိုက္ေလသည္
"ကြ်န္ေတာ့္ဘက္က လည္း ေဒါသမထိန္း
နိုင္တာေႀကာင့္ ခင္ဗ်ားကိုဒုကၡေပးမိသလို
ျဖစ္သြားရင္ ေတာင္းပန္ပါတယ္"
အဲ႔ဒီေနာက္Dazaiနဲ႔ေဝးရာဆိုင္ရွင္နဲ႕အနီးဆုံး ခုံတန္းရွည္နားသို႔ Chuuyaသြားထိုင္ေလသည္
ေနာက္မႀကာပါဘူး အေနွာင့္အယွက္ Dazai ပါ
သူ႔ေဘးတြင္ ကပ္ထိုင္တယ္
Odasaku ဆိုတဲ႔လူကေတာ့ သူနဲ႔တစ္ေယာက္ျခား မွွာ ေပါ့
Dazaiတမင္တကာလုပ္မွန္းသိေနေပမယ့္
စကားဖက္မေျပာခ်င္တာနဲ႔ ဥေပကၡာ
ျပဳထားလိုက္သည္ ဆိုင္ရွင္လာခ်ေပးေသာ
curry ကိုသာ ဆက္တိုက္စားေနလိုက္တယ္
* ငါသာ လြန္ခဲ႔တဲ႔တစ္္နွစ္တုန္းက
……ဆီမွာအသတ္ခံလိုက္ရင္ ဒီလိုဝဋ္ခံေနရမွာ မဟုတ္ဘူး
ဒါနဲ႔ …အဲဒီတုန္းက ငါ့ကို သတ္ဖို႕လုပ္ခဲ႔တာ ဘယ္သူပါလိမ့္…
စဥ္းစားေလ ေခါင္းကိုက္လာေလ မလို႔
နားထင္ကို လက္ျဖင့္ဖိလိုက္ကာ သက္သာ ေအာင္လုပ္လိုက္သည္
Dazaiကေတာ့ ရိပ္မိဟန္မတူေသးပဲ Odasakuနဲ႔စကားလက္ဆုံက်လို႔ေကာင္းဆဲ …
"နားေထာင္ Odasaku
ဒီစိတ္ရႈပ္စရာ caseသာျပီးသြားရင္ ကြ်န္ေတာ္လည္း
curry လုပ္ႀကည့္မလားလို႔ …
Odasakuေကာ Chuuyaကိုေကာ
ဆက္ဆက္စားေစခ်င္တယ္
အရသာရွိမယ္လို႔အာမခံတယ္ " (*_*)
"ငါကေတာ့ မေကာင္းတဲ႔အေငြ႔အသက္ေတြပဲရေနတယ္ "
"Dazaiခ်က္တဲ႔curryဆို ငါလည္းဆက္ဆက္စားခ်င္ပါတယ္ "
Chuuyaဟာ
Odasakuအား လူထူးဆန္းကဲ့သို႔
ႀကည့္ေနေလသည္
"ခင္ဗ်ား မစားတာေကာင္းမယ္လို႔ ထင္တယ္ Dazai ကသိတဲ႔အတိုင္း
ေပါက္ကရေတြေလ်ွာက္ထည့္တာနဲ႔
အခန္႔မသင့္ရင္ အသက္အႏၲရာယ္ ပါျဖစ္နိုင္တယ္ "
"Dazai ကိုယ္တိုင္က အရသာရွိတယ္
ေျပာမွေတာ့ ငါလည္းစားရတာေပါ့
ငါ Dazaiကိုယုံတယ္ "
ဒီတစ္ခါေတာ့ အံ႔ႀသရမယ့္ အလွည့္က
Dazai ပင္ျဖစ္သည္ ။ သူအတည္ေပါက္နဲ႔
ေနာက္ေျပာင္ေနတာကို Odasakuက
အဟုတ္မွတ္ေနတာကိုး …
"Odasakuဟာ တကယ္စိတ္ဝင္စားဖို႔
ေကာင္းတာပဲ "
"မင္းေလာက္မဟုတ္ပါဘူး "
Dazaiဟာ ျပံဳးေနခဲ႔တယ္ ။
စိတ္သက္သာရာရသြားတဲ႔ ကေလးငယ္
တစ္ေယာက္လိုမ်ိဳးေပါ့
ဒီအျပံဳးဟာ တိုေတာင္းေပမယ့္
သူ႔အတြက္မဟုတ္ဘူး ဆိုတာ
Chuuyaသေဘာေပါက္လိုက္သည္
*ငါမင္းအတြက္ဝမ္းသာပါတယ္
Dazai ေနာက္ဆုံးေတာ့ မင္းကိုနားလည္နိုင္တဲ႔သူေပၚလာျပီပဲ
အဲဒီလူက ငါေတာ့မဟုတ္ခဲ႕ေပမယ့္ေပါ့*
"ငါ မာဖီးယားဘက္ ျပန္လိုက္ဦးမယ္
Dazai "
"ဒါဆို ငါတို႔လည္း လိုက္ခဲ႔မယ္ေလ Chuuya "
"ရပါတယ္ မင္းက Odasakuနဲ႔ပဲစကားဆက္ေျပာေနေတာ့
ငါသြားျပီ "
"Chuuya ငါ့ကိုစိတ္ဆိုးေနတာလား "
"မဟုတ္ပါဘူး ငါ မင္းအတြက္ တြဲဖက္ေကာင္း မျဖစ္နိုင္ခဲ႔တဲ႔အတြက္ ဝမ္းနည္းမိရုံပါ "
ဒီစကားကိုေတာ့ သူအမွန္အတိုင္းပင္
ဝန္ခံခဲ႕သည္ ။
~~~~~~~~~~~
ဒီေန႔က်မွပင္ ယိုကိုးဟားမားျမိဳ႕ဟာ
တိမ္မ်ားအုံ႔ဆိုင္းေနကာ
ငိုခ်င္ရက္နဲ႔ ထိန္းခ်ဳပ္ထားေသာ
ကေလးငယ္ကဲ႕သို႔ပင္ ။
ထိုနည္းတူစြာ Nakahara Chuuya
ရင္ထဲမွာလည္း ခံစားမႈေပါင္းစုံျဖင့္
မြန္းႀကပ္လို႕ေနသည္
ပင္လယ္ျပင္ကဲ့သို႕ လွပေသာ
သူ၏မ်က္ဝန္းျပာမ်ားဟာလည္း
အေရာင္ကင္းမဲ႔စြာ ေသဆုံးေနေလသည္
ယိုကိုးဟားမားရွိ တံတားတစ္ခုေပၚအေရာက္…
Chuuyaမသိစိတ္ထဲကရင္းနွီးေနေသာ ကီမိုနိုဝတ္ဆင္ထားေသာ မိန္းကေလး
တစ္ေယာက္ ကို ျပန္ေတြ႔လိုက္ရသည္
"နင္က အေတာ္သနားစရာေကာင္းတာပဲ
Nakahara Chuuya "
*Ends*
[Author's Note…]
Yoka Tawada ရဲ႕ Character ကို
နည္းနည္းေလး introduceပါမယ္ေနာ္ ^^
သူမ ရဲ႕ မိဘနွစ္ပါး ဟာ Goverment
ဘက္က စြမ္းအားရွင္အဖြဲ႔အစည္းအတြက္
စပိုင္လုပ္ေနသူမ်ားျဖစ္ပါတယ္
Yokaဆီမွာ အင္မတန္ခ်စ္ရတဲ႔ အျမႊာ
အစ္မ Aikaဆိုတာရွိခဲ႔ပါတယ္
သူမအစ္မ မွာ တစ္ဖက္သတ္ခ်စ္ေနရသူ
ရွိခဲ႕ပါတယ္
ေနာက္ပိုင္းမွာ Yokaဟာ မိသားစုတစ္ခုလုံး အသတ္ခံရျပီးေနာက္
Shibuwasaနဲ႔ ေတြ႔ခဲ႔ျပီး Assasinအျဖစ္
ေလ့က်င့္ျခင္းခံခဲ႔ရပါတယ္
သူမ ရဲ႕ အရပ္ဟာ 149cm သာရွိပါတယ္ (loliေလး Xd )
သူမမုန္းတာကေတာ့ Dazai Osamu
ျဖစ္ျပီး ဘာေႀကာင့္လဲဆိုတာေတာ့
ေနာက္က်သိရပါလိမ့္မယ္ xd
Anyway,
Happy Birthday Dazai !
I wish you all the best ^^
Ends
19.6.2019 ~